Friday, April 26, 2013

2012 Best Korean Drama Lists - Part 2 (Based on my liking)

အားလုံးပဲ မင်္ဂလာနှစ်သစ်မှာ ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးပါတယ်… သင်္ကြန်တွင်းမဗေဒါတော့ တိုပါရိုးတစ်ခုပဲရောက်တယ်… မနက် ၉နာရီခွဲလောက်ရောက်သွားတာတောင် နောက်ကျပြီး လူတွေအတော်တိုးနေရတယ်… အဲဒါနဲ့ပတ်သတ်ပြီး မဗေဒါရဲ့အကြံပြုချင်တာလေးတွေရှိသေးတယ်... ဖေ့ဘွတ်ပေါ်မှာ သရုပ်ပျက်ပုံတွေဒီနှစ်သိပ်မရှယ်ကြတော့ သိပ်ကျက်သရေရှိတာပဲ… လုပ်တဲ့သူက အစကတည်းက သူ့သိက္ခာသူ ဂရုမစိုက်လို့လုပ်ပြနေတာ သွားပြောပြီး ရှယ်နေလဲ သူ့ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ ဘယ်လိုနည်းနဲ့ပဲ popular ဖြစ်ရဖြစ်ရဆိုတာကို ကိုယ်ကအားပေးသလိုဖြစ်သွားမှာပေါ့… ဒါတွေထားပါတော့လေ…  ခုအဓိကပိုစ့်ကတော့ ၂၀၁၂ရဲ့ မဗေဒါကြိုက်တဲ့ ကိုရီးယားဇာတ်လမ်းတွဲ နောက်၃ကားကို ဆက်ရေးဖို့ပါ… ပြီးခဲ့တဲ့ ၂ပတ်က သူများတွေသင်္ကြန်ပျော်နေတဲ့အချိန် မဗေဒါကတော့ Quiz 2 ခုရယ် Assignment ၁ခုရယ်နဲ့ ခေါင်းစားရင်း အလုပ်တွေကများ၊ ပြီးတော့ အလုပ်ကလဲ ခုဆို Blogspot ကြီးကို ဘလောက်လိုက်တော့ အရင်လို ဘလော့ရေးလို့ရတော့ဘူး… ခုတော့ MS Office နဲ့ပဲ ရေးနေရတယ်… စပြီနော်… ဇာတ်လမ်းအကျဉ်းတော်တော်များများကတော့ wiki မှာရေးထားတာကို မှီငြမ်းဘာသာပြန်ထားတာပါ။ 2012 Best Korean Drama list ပထမပိုစ့်မှာ Good Drama ၆ ကားလို့ပြောခဲ့တယ်... ခု ပြန်စဉ်းစားကြည့်တော့ Gentlemen's dignity ကိုလဲ Good drama list ထဲ ပြောင်းလိုက်တော့ ၇ ကားဖြစ်သွားပြီ...

၎။ The Moon that Embrace the Sun


Episode : 20
Genre: Romance, Fantasy, Historical
Cast
·         Kim Soo Hyun as Lee Hwon
·         Yeo Jin Goo as Hwon (15 years old)
·         Han Ga In as Heo Yeon Woo / Wol
·         Kim Yoo Jung as Yeon Woo (13 years old)
·         Jung Il Woo as Prince Yang Myung
·         Lee Min Ho as young Yang Myung
·         Kim Min Seo as Yoon Bo Kyung
·         Kim So Hyun as young Bo Kyung
My Rating: 5/5 

ဇာတ်လမ်းအကျဉ်း

ဇာတ်လမ်းက ပြောရမယ်ဆို နည်းနည်းရှုပ်တော့ သွားသာကြည့်လိုက်ပါလို့ပဲပြောချင်တော့တယ်… သိတဲ့အတိုင်းပဲ ကိုရီးယားနန်းတွင်းကားတွေရှုပ်ရင် ထူးဆန်းထွေလာစိတ်နယ်လွန်ဖြစ်ရပ်တွေပါ ပါလာတတ်တော့ ပြန်ပြောပြဖို့တော်တော်ခက်ပါလိမ့်မယ်… ခုကြိုးစားပြီး ပြောကြည့်မယ်နော်…
အသက် ၁၃နှစ်အရွယ်မှာ Yeon-Woo ဟာ သူမအစ်ကို အစိုးရ၀န်ထမ်းစာမေးပွဲအောင်တဲ့ပွဲကိုတက်ဖို့ သူမအမေနဲ့အတူ နန်းတော်ထဲကိုရောက်ခဲ့တယ်… (သူမဖေဖေကလဲ နန်းတော်ထဲမှာ အကောင်ကြီးကြီးအမတ်တစ်ယောက်ပဲပေါ့… ဒီတော့ သူမကလဲ Noble family ထဲက မိန်းကလေးတစ်ယောက်ပေါ့)… အဲဒိနေ့မှာ မထင်မှတ်ပဲ ဘုရင့်သားတော်အိမ်ရှေ့မင်းသား Lee Hwon ဟာ သူ့ အဖေတူ အမေကွဲ အစ်ကို မင်းသား Yang Myung (ဟိုတစ်လောက မြန်မာပြည်ကိုလာသွားတဲ့မင်းသား)  နဲ့တွေ့ဖို့ နန်းတော်ပြင်ခိုးထွက်ဖို့ကြိုးစားနေတာကို တွေ့လို့ သူခိုးထင်ပြီး စွတ်စွဲရာက သူတို့ ၂ယောက်ခင်မင်ခဲ့ကြတယ်… ဒီလိုနဲ့သူတို့ ၂ယောက် ချစ်ကြိုက်ခဲ့ကြပြီး နန်းတင်တဲ့နေ့မှာလဲ သူမကိုပဲ မင်းသားက သူ့ဇနီးလောင်း ဘုရင်ကတော်လောင်းအဖြစ်တင်မြှောက်ခဲ့တယ်… ဒါကို မနာလိုတဲ့လူတစ်စုရယ်၊ ဘုရင့်အမေကလဲ သူတို့အမျိုးဘက်က အင်အားရော့သွားမှာစိုးတာရယ်ကြောင့် သူ့အမျိုးဘက်က မိန်းကလေးနဲ့ပဲပေးစားချင်တဲ့အတွက် Yeon-Woo ကို အောက်လမ်းဆေးဝါးပညာနဲ့ အသေသတ်ခဲ့ကြတယ်… သို့သော်ကံကောင်းချင်တော့ Yeon-Woo ကို ကိုယ်ဝန်ရှိစဉ်က သူမမေမေဟာ Shaman (နန်းတွင်းစိတ်နယ်လွန်ပညာရှင်) မိန်းမတစ်ယောက်ကိုကယ်ဖူးတော့ ဒီမိန်းမက သူ့သူငယ်ချင်း Shaman ကို ဒီကလေးကိုစောင့်ရှောက်ဖို့မှာခဲ့တယ်… ဒိအတွက် ဘုရင့်အမေခိုင်းတဲ့ shaman မိန်းမဟာ မင်းသမီးကို တကယ်တန်းတော့ အသေမသတ်ပဲ၊ ခေတ္တပဲ သေအောင်လုပ်ပြီး ခေါင်းထဲကနေပြန်တူးဖော်ကာ ကျိန်စာကိုပြေအောင်လုပ်ခဲ့တယ်… ဒါပေမဲ့ Yeon-Woo ကတော့ သူမဘ၀ကိုလုံးဝပြန်သတိမရတော့ပဲ Shaman မိန်းမကြီးရဲ့ မွေးစားသမီးအဖြစ်ကြီးပြင်းခဲ့တယ်… သူမကိုချစ်တဲ့ မင်းသားလေး Lee Hwon ဟာလဲ သူ့ချစ်သူဆုံးပါးသွားပြီလို့ထင်ခဲ့တယ်… ၈ နှစ်ကြာပြီးနောက်မှာ Yeon ဟာ Wol ဆိုတဲ့ အမည်နဲ့ Shaman တစ်ယောက်အဖြစ်ပြန်လည်ရောက်လာခဲ့တယ်… နှစ်တွေကြာခဲ့ပင်မဲ့ သူမချန်ရစ်ခဲ့တဲ့သူတွေကတော့ သူမကို မှတ်မိနေပါသေးတယ်… (သို့သော် မသေမချာပေါ့နော်… အားလုံးကတော့ သေသွားပြီထင်တာကိုး)…. သူမရဲ့ မဆုံးသေးတဲ့ ရှေးရေစက်က လက်ရှိမှာဘုရင်ဖြစ်နေတဲ့ သူမရဲ့ချစ်သူ၊ သူမကိုခုလိုဖြစ်အောင်လုပ်ခဲ့တဲ့ ချစ်သူရဲ့အဖွားနဲ့ ချစ်သူရဲ့ညီမ၊ ဒါတွေအားလုံးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်သလဲ? သူမအပေါ်သစ္စာရှိပြီး စွဲလန်းလွန်းတဲ့ချစ်သူနဲ့ သူမ ရထိုက်ခဲ့တဲ့ ဘုရင်ကတော်ရာထူးကို သူမဘယ်လိုပြန်ယူမလဲဆိုတာ ဖန်သားပြင်ပေါ်မှာ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါနော်…

ဝေဖန်ရေး…

ဒီကားကိုကြည့်ဖြစ်တာတော်တော်ကြာပြီလို့ခံစားရပင်မဲ့ ၂၀၁၂ထဲမှာပြသခဲ့တာပါ… သူက ၂၀၁၂ အစပိုင်းမှာပြသခဲ့တဲ့ကားလေးပါ…. မင်းသား Kim Soo Hyun ပုံစံကိုအစက အထင်မကြီးခဲ့ပါဘူး.. ရုပ်ကလဲ မြင်တာနဲ့ဒီလောက်စွဲလန်းရလောက်မယ်မထင်ခဲ့လို့ပါ…. ဒါပေမဲ့ လုံးဝလုံးဝ လုံးဝ infinity ကို မှားပါတယ်… ဒီမင်းသား သရုပ်ဆောင်ကောင်းချက်က လက်လန်တယ်ပဲပြောရမှာပါ… သူရုပ်သိပ်မချောတာလုံးလုံးပျောက် သူ့ကိုတွေ့တာလဲ လှိုက်ကနဲဖိုကနဲ သူ့သရုပ်ဆောင်ချက်တွေက ကောင်းလွန်းပါတယ်… မင်းသမီး Han Ga In ကိုတော့ Bad guy နဲ့ တခြားကားတွေမှာအစကတည်းကကြည့်ဖူးပါတယ်… (မဗေဒါစိတ်ထဲမှာ တစ်ချက်တစ်ချက်သူက စိုးမြတ်သူဇာနဲ့တူတယ်လို့ခံစားရတယ်… သေချာကြည့်ပြန်တော့လဲ မတူပြန်ဘူး)… မင်းသားကိုစစချင်း ရုပ်ရှင်မကြည့်ပဲ ပိုစတာလောက်နဲ့ စိတ်မ၀င်စားခဲ့တာတောင် မင်းသမီးက မင်းသားထက်အသက်အများကြီးကြီးတာ သိသာလွန်းပါတယ်… ဒါပေမဲ့ ဒီကားမှာဇာတ်လမ်းအရ မင်းသမီးက မင်းသားနဲ့ရွယ်တူ ဒါမှမဟုတ် အနည်းငယ် ငယ်ပါတယ်…. သရုပ်ဆောင်ကတော့ ၂ယောက်လုံးကောင်းပါတယ်… ဒီကားဟာ မင်းသားရဲ့ ဒုတိယကားဖြစ်ပင်မဲ့ ၀ါရင့် မင်းသမီးကို ဦးဆောင်ပြီးသရုပ်ဆောင်သွားနိုင်ပါတယ်… (ခုချိန်ကစပြီး Kim Soo Hyun ကားထွက်သမျှကြည့်မယ်၊ ဒီကားပြီးတော့မှ သူ့ရဲ့ပထမကား Dream High 1 ကို သူ့ကြောင့်စကြည့်တာ)… မင်းသားငယ်ငယ်ကလုပ်တဲ့ ကလေးသရုပ်ဆောင်ကောင်လေး Yeo Jin Goo ကလဲ ကလေးလိုချစ်ဖို့မကောင်းပင်မဲ့ ကြီးလာရင်တော့ မင်းသားဖြစ်မှာသေချာသလောက်ပဲ… Act cool ကတော့လုပ်တတ်ပါ့… မင်းသမီးငယ်ငယ်သရုပ်ဆောင်တဲ့ကောင်မလေးကတော့ သူ့ကားတော်တော်များများကြည့်ဖူးပါတယ်… သရုပ်ဆောင်လဲ ကလေးနဲ့မလိုက်အောင်ကောင်းပါတယ်..ပဲပေးတာ ရိုးသားတဲ့မိန်းကလေးပုံစံနဲ့ကြာပစ်တတ်တာ ပိုင်လွန်းလို့ Kim Yoo Jung ကို မင်းသမီးအမြန်ဖြစ်အောင် အရွယ်ရောက်စေချင်ပြီ… ဘာလို့လဲဆိုတော့ ကလေးနဲ့တောင် မတူအောင် ချစ်ကြိုက်လွမ်းဆွေးကို သရုပ်ဆောင်နိုင်လွန်းတော့ လောလောဆယ်အချိန်မှာ မဗေဒါမျက်လုံးထဲ ကန့်လန့်ဖြစ်နေတယ်…. ဒီကောင်မလေး မြန်မြန်ကြီးမှပဲ…

သရုပ်ဆောင်တွေအကြောင်းပြီးတော့ ဇာတ်လမ်းအကြောင်းပေါ့… ဇာတ်လမ်းထဲမှာ မဗေဒါသဘောအကျဆုံးကတော့ မင်းသားက ဘုရင်ဖြစ်တော့ ပေးစားတဲ့ နောက်မင်းသမီးတစ်ယောက်ကို မိဖုရားမြှောက်လိုက်ရပင်မဲ့ အကြောင်းအမျိုးမျိုးပြပြီး လုံးဝအတူတူမနေဘူး… (အပြင်မှာတော့ ဒီလိုယောကျာင်္းရှိမယ်မထင်… ဘယ်လိုပဲဖြစ်ဖြစ်ဒါလေးကိုပဲ သဘောတွေကျနေတာ.. ခွိ ခွိ) မင်းသမီးပြန်လာတော့လဲ မင်းသမီးကို သူ့ချစ်သူနဲ့တူလို့ သတိထားမိပြီး ချစ်သွားတာ… မင်းသမီးမှ မင်းသမီးပဲ… ကားက ကြည့်ထားတာ ၁နှစ်ကျော်ပြီဆိုတော့ သိပ်တော့အသေးစိတ်မမှတ်မိတော့ပင်မဲ့… ကျောင်းစာတွေရှိတာတောင်မလုပ်ပဲ အဲဒိကားကိုပဲ ဇာတ်တိုက်မဖြတ်နိုင်ကြည့်ခဲ့တာ… (Airing လုပ်တဲ့အချိန်ကြည့်တာမဟုတ်ပဲ အားလုံးပြပြီးမှကြည့်တာဆိုတော့ သိတဲ့အတိုင်းပဲ ဘရိတ်မရှိ အပြီးထိကြည့်တော့တာ)…

ဒီကားရဲ့Rating ဟာ ဂဏန်း ၂လုံးအောက်ကျမသွားခဲ့တဲ့အပြင် အဆုံးအပိုင်းတွေမှာဆို တစ်နိုင်ငံလုံးရဲ့ ၄၂ရာခိုင်နှုန်းကြည့်သူအရေအတွက်ရခဲ့တယ်… (အဲလိုရဖို့မလွယ်ဘူး)… ဘယ်လိုပဲဖြစ်ဖြစ် မကြည့်ရသေးရင်တော့ ဒီကားလေးကို ကြည့်ဖြစ်အောင်ကြည့်လိုက်နော်…  မဗေဒါလိုပဲ ရပ်မရဖြစ်ပြီး Kim Soo Hyun ရဲ့ ပရိတ်သတ်တစ်ယောက်ဖြစ်သွားမယ်…
မယုံရင်အောက်က ဆုတွေကြည့်လိုက်… MBC station ကပေးတာမဟုတ်ပဲ တခြား organization တွေကပေးတဲ့ဆုတွေ မင်းသားတစ်ယောက်တည်းအများကြီးရတယ်…

2012 Grime Awards
§  Best Picture Award (Kim Sun Il, Jung Seung Woo)
2012 1st K-Drama Star Awards
§  Excellence Actor Award (Kim Soo Hyun)
2012 5th Korea Drama Awards
§  Best OST Award - "Back In Time" (The Moon That Embraces the Sun OST) by Lyn
2012 39th Korea Broadcasting Prizes
§  Best Actor Award (Kim Soo Hyun)
§  Best TV Drama
2012 48th PaekSang Arts Awards
§  Best TV Drama Actor (Kim Soo Hyun)
2012 Mnet 20's Choice Awards
§  20's Drama Star (Male) (Kim Soo Hyun)

၅။ I Miss You (aka) Missing You



Episode : 21
Genre: Melodrama
Cast:
·         Park Yoo-chun as Han Jung-woo
·         Yeo Jin-goo as young Han Jung-woo
·         Yoon Eun-hye as Lee Soo-yeon/Zoe Lou
·         Kim So-hyun as young Lee Soo-yeon
·         Yoo Seung-ho as Kang Hyung-joon/Harry Borrison
·         Ahn Do-kyu as young Kang Hyung-joon
My Rating : 4/5

ဇာတ်လမ်းအကျဉ်း

Lee Soo-yeon ဆိုတဲ့ ၁၅နှစ်အရွယ်ကောင်မလေးဟာ သူမအဖေလူသတ်သမားဖြစ်ခဲ့တာကြောင့် ကျောင်းကတခြားလူတွေရဲ့ နှိပ်စက်ခြင်းကိုခံရပြီး သူငယ်ချင်းတစ်ယောက်မှမရှိတဲ့သူတစ်ယောက်ပါ။ Han Jung-woo ဆိုတဲ့ သူဋ္ဌေး (Gangster) ရဲ့သားနဲ့ အကြောင်းအမျိုးမျိုးတွေကြောင့်တွေ့ပြီး သူငယ်ချင်းဖြစ်ခဲ့ကြတယ်။ အနိုင်ကျင့်ခံရတဲ့ Lee Soo-Yeon ကို ကာကွယ်ပေးရင်း တစ်ယောက်နဲ့တစ်ယောက် စိတ်ထဲကနေချစ်နေခဲ့ကြတယ်။ တစ်နေ့မှာ Jung Woo ကို လူဆိုးတွေဖမ်းခေါ်သွားတာကို တွေ့လိုက်တဲ့ Lee Soo-Yeon ဟာ သူ့သူငယ်ချင်းကို ကူညီဖို့ကြိုးစားရင်းသူပါ ဖမ်းခေါ်သွားခံရတော့တယ်…

တကယ်တော့ သူတို့ကိုဖမ်းခေါ်သွားဖို့ စေခိုင်းတဲ့သူကတော့ Kang Hung-joon (ဒု-မင်းသား) ရဲ့ အမေဖြစ်တယ်… Kang Hyung-joon ရဲ့ အမေဟာ Jung Woo အဖိုးရဲ့ မယားငယ်ဖြစ်ပြီး Jung Woo အဖေနဲ့ အမွေလုနေကြတာဖြစ်တယ်… အဖိုးကြီးဆီကရလိုက်တဲ့ ပိုက်ဆံတွေကို Swiss Bank ကိုအောင်မြင်စွာလွှဲပြီးပင်မဲ့ သူမနဲ့ သူမသားကို Jung Woo အဖေက ဖမ်းယူထားခဲ့တယ်… ဒါကို ပြန်လွတ်မြောက်အောင် Jung Woo ကိုဖမ်းပြီး သူ့အဖေကို ပြန်အကျပ်ကိုင်တာဖြစ်တယ်…. ဒါပေမဲ့ ဘုမသိဘမသိ ဓားစာခံဖြစ်ခဲ့ရတဲ့ Jung Woo နဲ့ Lee Soo-Yeon တို့ဘ၀တွေဟာ အပြောင်းလဲကြီး ပြောင်းခဲ့တယ်… Lee Soo-Yeon ဟာ ပြန်ပေးဆွဲသူတွေရဲ့ မတရားပြုကျင့်ခံခဲ့ရတယ်… Jung Woo ဟာ ထွက်ပြေးလွတ်မြောက်သွားပေမဲ့ Lee Soo-Yeon ကို ပြန်ကယ်ဖို့အတွက် သူ့အဖေက မကူညီခဲ့တဲ့အပြင် သေပြီဆိုပြီး အမှုကို လက်ဆဖြောက်ခဲ့တယ်… ဒဏ်ရာနဲ့သေလုမြောပါး Lee Soo-Yeon ကို Kang Hyung-joon က ကယ်တင်ပြီး သူနဲ့ပဲ အတူနေစေချင်တဲ့အတွက် သူမပျောက်လို့လိုက်ရှာတဲ့ သူမ မွေးစားအဖေ ရဲအရာရှိကို သတ်ခဲ့ပြီးပြင်သစ်ကိုထွက်ပြေးကာ ဇာတ်မြုပ်နေခဲ့တယ်…

၁၄နှစ်ကြာအပြီးမှာ Jung Woo ဟာ ရာဇ၀တ်မှုတွေကိုလိုက်တဲ့ စုံထောက်ရဲတစ်ယောက်ဖြစ်နေပြီး သူ့ချစ်သူ မသေသေးတာသေချာတဲ့အတွက် Lee Soo-Yeon ကိုရှာဖွေနေခဲ့တယ်… ပြန်ပေးဆွဲခံရတဲ့ အဖြစ်အပျက်ပြီးကတည်းက သူဟာအိမ်ပေါ်ကဆင်းလာပြီး မင်းသမီးအမေတို့နဲ့ပဲ နေခဲ့တယ်… Lee Soo-Yeon ကတော့ Zoe Lou ဆိုတဲ့ နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်ခဲ့ပြီး အပြင်ပန်းမှာ ပျော်နေပုံရပင်မဲ့ အတိတ်ဆိုးတွေက တစ်ခါတစ်ရံခြောက်လှန့်နေဆဲ… ကံကြမ္မာက သူတို့ ၂ယောက်ကို ပြန်ဆုံပေးတဲ့အခါမှာ သူမကို ပြန်မကယ်ခဲ့တဲ့ Jung Woo ကို သူမခွင့်မလွှတ်နိုင်ခဲ့ဘူး… သူမနဲ့ လက်ရှိမှာ ငယ်ငယ်ကတည်းကလဲ တူတူကြီးလာတဲ့ အသက်သခင်လဲဖြစ်တဲ့ Kang Hung-joon ကိုပဲ လက်ထပ်ဖို့ ရည်ရွယ်ထားတယ်… ဒါပေမဲ့ သူမ မသိခဲ့တာက သူမကို ဒီလိုဘ၀ဖြစ်ခဲ့ရတဲ့ အကြောင်းရင်း၊ သူမ မသိတဲ့ Kang Hung-joon ရဲ့ အတွင်းစိတ်ဟာ ဘယ်လောက်သွေးအေးပြီး ကလဲ့စားခြေဖို့ပဲ ရှိတဲ့အကြောင်း၊ သူမကို မကယ်မိလို့ ၁၄ နှစ်လုံး ဘ၀ကို ဖြစ်သလိုနေ အဆက်မပြတ်ရှာဖွေပြီး ရူးရူးမူးမူးချစ်ခဲ့တဲ့ ငယ်ချစ် Jung Woo ရဲ့ အကြောင်းတွေပေါ့….

ဝေဖန်ရေး…

ဒီကားကို Good drama စာရင်းထဲ ထည့်ရင်ကောင်းမလား မထည့်တာကောင်းမလားလို့ စဉ်းစားရနည်းနည်းကျပ်ခဲ့ပါတယ်… ဘာလို့လဲဆိုတော့ ကျွန်မပတ်ဝန်းကျင်က ၀ါသနာတူ Drama ချစ်ပရိတ်သတ်တော်တော်များများက သိပ်မကြိုက်ကြပါဘူး… အကြောင်းကတော့ ဒုတိယမင်းသားကို ပိုသနားလို့ပါတဲ့… ဒုတိယမင်းသားရဲ့ ဇာတ်ကောင်ကအမှန်တော့ လူဆိုးပါ။ ဒါပေမဲ့ သူ့ရင်ထဲက အတိတ်ရဲ့ နာကျင်မှုတစ်ခုကြောင့်ဖြစ်ရတဲ့ လူဆိုး၊ ဒီလူဟာသနားစရာလဲကောင်းတယ်၊ တကယ်လို့ သူ့အမေနဲ့ Jung Woo အဖေသာပိုက်ဆံပြိုင်မလုကြရင် သူဟာလဲ ဒီလိုခါးသီးမှုတွေခံစားခဲ့ရမှာမဟုတ်ဘူးလေ။ သူ့ဘ၀မှာ သူနက်နက်နဲနဲချစ်တဲ့ သူ့အတွက် ၁ယောက်တည်းရှိတဲ့ Lee Seo Yeon ကို လက်လွှတ်မခံနိုင်ဘူး။ ဒီခံစားချက်တွေအကုန်လုံးကို ပိုင်နိုင်အောင် သရုပ်ဆောင်သွားနိုင်တဲ့ အသက် ၁၉နှစ်အရွယ်မင်းသားချော Yoo Seung-Ho ကြောင့်ပါပဲ။ သူဟာသူ့ဇာတ်ကောင်ကို ပုံဖော်တဲ့နေရာမှာ သူ့ဇာတ်ကောင်ဘက်က ခံစားချက်တွေကို ပေါ်လွင်အောင် ပရိတ်သတ်ဆီအရောက်ပို့ပေးနိုင်တယ်။ 

အဲ ဒါပေမဲ့ တစ်ချိန်ထဲမှာပဲ ပထမမင်းသားဖြစ်တဲ့ Micky Yoo Chun ဟာ Melodrama လို ခံစားချက်ကို အရမ်းသရုပ်ဖော်ရတဲ့ ဇာတ်လမ်းတွေအတွက် သူ့သရုပ်ဆောင်အားက မကောင်းသေးဘူးလို့ မဗေဒါထင်တယ်… Micky Yoo Chun ကို ကြိုက်တဲ့ ပရိတ်သတ်ထဲမှာ ကျွန်မပါပါတယ်… သူ့ထွက်သမျှကားတိုင်းလဲ ကျွန်မကြည့်ပြီးပါပြီ… ကားတိုင်းလဲ သူက ပထမမင်းသားချည်းပါပဲ… ဒါပေမဲ့ သူ့သရုပ်ဆောင်အရည်အသွေးဟာ Comedy Drama လောက်ကိုသာ နိုင်ရင်နိုင်မယ်။ Melodrama အထိတော့ မရောက်သေးပါဘူး။ ကျွန်မအစ်မက အစကတည်းက သူ့ကိုမကြိုက်တဲ့ အခံရှိတော့ ဒီဇာတ်လမ်းကိုလုံးဝ သည်းမခံနိုင်တော့ဘူးပေါ့။
ဒါပေမဲ့ ဒီဇာတ်လမ်းကို သရုပ်ဆောင်တဲ့ လူတွေကိုမကြည့်ပဲ။ ဇာတ်လမ်းကျောရိုးကိုပဲ စဉ်းစားမယ်ဆိုရင်တော့ ကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်သလို။ Lee Seo Yeon နဲ့ Jung Woo ငယ်ချစ် အတွဲကို၊ Zoe Lou နဲ့ Harry Borrison ၊ ဖက်ရှင်ဒီဇိုင်နာနဲ့ သူဋ္ဌေးငယ်ငယ်လေး အတွဲထက်ပိုသင့်တော်တယ်လို့ မဗေဒါကတော့ ထင်ပါတယ်။

ဒီကားမှာ မင်းသားသရုပ်ဆောင် မကောင်းတာကို သူငယ်ငယ်က ကလေးသရုပ်ဆောင် Yeo Jin-goo နဲ့ နှိုင်းယှဉ်ကြည့်ရင်တောင် ကလေးသရုပ်ဆောင်က ပိုကောင်းတာကိုတွေ့ရမှာပါ။ လူပျိုပေါက်ကလေးသရုပ်ဆောင်လဲဖြစ်၊ ရုပ်ရည်ကလဲ Micky Yoo Chun လောက်မရှိပါပဲ ကြည့်နေတဲ့ပရိတ်သတ်ကို ဒီကောင်လေးက Cool သားပဲဆိုတဲ့ ခံစားချက်ပေးနိုင်ပါတယ်။ ကလေးသရုပ်ဆောင်ချည်းပဲ ပထမ အပိုင်း ၄ပိုင်းပါ၊ ၅ပိုင်းရောက်မှ အသက်ကြီးသွားပြီး Yoo Chun နဲ့ Yoon Eun Hye ဖြစ်သွားတာပါ။ အသက်လဲကြီးသွားရော ဇာတ်လမ်းက မင်းသားသရုပ်ဆောင်နည်းနည်းလိုတာနဲ့ပဲ ပေါ့သွားတော့တာပဲ။ ပြောရမယ်ဆို ဒီကားဟာ မင်းသမီး Yoon Eun Hye ရဲ့ ပထမဆုံး Melodrama ပါပဲ။ သူမကောင်းမွန်ပြေပြစ်စွာ သရုပ်ဆောင်သွားခဲ့ပါတယ်။ Yoo Chun ကို သရုပ်ဆောင်မကောင်းဘူး ညံ့တယ်လို့ မပြောသင့်ပါဘူး။ သူ့ပြိုင်ဘက်တွေက အရမ်းအားကောင်းသွားပြီး သူသိပ်မလိုက်နိုင်ဖြစ်သွားတယ်လို့ပဲ ကျွန်မထင်ပါတယ်။ 

သူရှေ့ဆက်ဒိထက်ကြိုးစားဖို့လိုနေပြီ။ “Sung Kyung Kwan’s scandal” ကားမှာ ခေါင်းဆောင်မင်းသားဖြစ်ခဲ့တဲ့ Yoo Chun နဲ့ အဲဒိကားထဲက တတိယမင်းသား (မင်းသမီးနဲ့တောင် မတွဲရတဲ့ မင်းသား) Soong Jong Ki ရဲ့ “Nice Guy” ကားက ရှေ့ဆင့်နောက်ဆင့်ပြခဲ့တော့ ဇာတ်လမ်းတစ်ခုမှာ အဓိကသရုပ်ဆောင်တစ်ယောက်ရဲ့ အရည်အချင်း စကားပြောပုံကို စဉ်းစားသာကြည့်ကြပေတော့။ ပတ္တမြားမှန်ရင် နွံမနစ်ဘူး။ သရုပ်ဆောင်ကောင်းရင် ပရိတ်သတ်ကလက်ခံမှာပဲ။ (မြန်မာအနုပညာရှင်တွေကို စောင်းပြီး အသိပေးခြင်းဖြစ်ပါတယ်)။
ဘယ်လိုပဲဖြစ်ဖြစ် မဗေဒါကတော့ Yoo Chun ကို ကြိုက်လို့ကို သူဒိထက်သရုပ်ဆောင်ကောင်းလာဖို့ဆုတောင်းရင်း သူ့နောက်ထွက်မဲ့ကားတွေလဲ စောင့်ကြည့်ဖို့ အသင့်ပါပဲ။

ဇာတ်လမ်းကို ဝေဖန်ရရင်ဖြင့် တစ်ကားလုံးကောင်းပါရဲ့ နောက်ဆုံးအပိုင်းလေးတွေကျမှ နည်းနည်ချာသွားတယ်။ အဲဒါကြောင့် 4/5 ပဲပေးတာပါ။ ခြေဆာနေတဲ့ လူတစ်ယောက် စက်ဘီးနဲ့ထွက်ပြေးတာကို ရဲတပ်ဖွဲ့တစ်ခုလုံးက မမိလိုက်ဘူးဆိုတော့ “မင်းတို့ကိုပြည်သူ့ရဲတွေ ၀ိုင်းထားကြပြီ” ဆိုပြီး နောက်ဆုံးမှရောက်လာတတ်တဲ့ မြန်မာ့ရဲတပ်ဖွဲ့နဲ့များကွာပါ့…
ဒီကားဟာ သူ့ကိုပြတဲ့ MBC station ကပေးတဲ့ ဆုကလွဲလို့ တခြားကပေးတဲ့ဆုတွေမရခဲ့ပါဘူး..

၆။ Wild Romance



Episode : 16
Genere : Romance/ Comedy/ Sports/ Suspense
Cast
Lee Dong-wook as Park Mu-yeol
Lee Si-young as Yoo Eun-jae
Jessica Jung as Kang Jong-hee, Mu-yeol's ex-girlfriend
My Rating : 4/5


ဇာတ်လမ်းအကျဉ်း

Red Dreamer Baseball အသင်းက နာမည်ကြီး ကစားသမား Park Mu-yeol ဟာ တော်လို့နာမည်ကြီးလို သူ့ရဲ့ စိတ်ဆပ်မှုကြောင့်လဲလူသိအတော်များပါတယ်… Red Dreamer အသင်းရဲ့ ပြိုင်ဘက် Blue Seagull အသင်းကို မိသားစုလိုက်အားပေးတဲ့ Yoo Eun-jae ဟာ အကြောင်းအမျိုးမျိုးကြောင့် Park Mu-yeol ရဲ့ ကိုယ်ရံတော်အဖြစ် တာဝန်ထမ်းဆောင်ရပါတယ်… မတည့်တဲ့သူ ၂ယောက် ရန်ဖြစ်ကြရင်း အတူတူနေလာရင်း တစ်ယောက်ပျော့ကွက်တစ်ယောက်က စောင့်ကြည့်နေခဲ့တာပေါ့။ ဒါပေမဲ့ အဲဒိအတောအတွင်းမှာပဲ တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာသလို Mu-yeol ကို လုပ်ကြံချင်နေတဲ့သူ၊ အမြဲချိန်းခြောက်နေတဲ့သူ Mu-yeol နဲ့ ပတ်သတ်တဲ့ သူ့ချစ်သူဟောင်း (SNSD Jessica) ကိုလဲ ခြောက်လှန့်နေတဲ့အဖြစ်တွေကြုံလာခဲ့တယ်။ အဲဒါဘယ်သူလဲ။ ဘာလို့ဒီလိုလုပ်တာလဲ။ Eun Jae သိပ်မုန်းတဲ့ ပြိုင်ဘက်အသက် ကစားသမား Mu-yeol ကို သူမ ဘယ်လိုကာကွယ်မလဲ။ သိချင်ရင်ကြည့်လိုက်နော်…

ဝေဖန်ရေး

ဒီကားကပြောရမယ်ဆိုရင်တော့ တချို့ Comedy Romance ကားလေးတွေလိုပါပဲ။ Heavy emotion တွေပါတဲ့ melodrama type တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ Mu-Yeol ကို လုပ်ကြံချင်တဲ့သူက သူ့အနီးနားကလူတွေထဲက ဘယ်သူဖြစ်မလဲ။ Mu-Yeol တကယ်ချစ်တဲ့သူက ဘယ်သူလဲ။ သူ့အနီးနားမှာရှိတဲ့ မိန်းကလေး ၂ယောက်ထဲက သူ့စိတ်ထဲက တကယ်ချစ်တာဘယ်သူလဲဆိုတာကို အသက်အန္တရာယ်ကြုံလာတော့ သူဘယ်သူ့ကိုကယ်လဲဆိုတာကို စိတ်ဝင်စားအောင်ပြထားတယ် အစက မင်းသားကယ်လိုက်တဲ့လူကို စိတ်ထဲနဲနဲထင့်သွားပင်မဲ့ နောက်ဆုံးအပိုင်းမှာ မင်းသားက ပြန်ရှင်းပြတော့လဲ သူဂရုစိုက်ရှာသားပဲလို့တွေးမိတယ်… ဒီကားကံဆိုးချက်က ဒီကားပြတဲ့အချိန်မှာ ဟိုဘက် TV station က “The moon embrace the sun” ကိုပြနေတယ်… သိတဲ့အတိုင်း ဟိုကားက အရမ်း Rating ကောင်းတော့ ဒီကားက Rating သိပ်မကောင်းတော့ဘူးပေါ့…. ဟိုကားကတော့ တကယ့် History, melodrama ဆန်ဆန်ဆိုတော့ ဇာတ်လမ်းကပို serious ဖြစ်တာပေါ့… ဒီတော့ Comedy Romance တွေက သိပ်မယှဉ်နိုင်ဘူးပေါ့… ဒါပေမဲ့ ဒီကား Airing လုပ်နေတုန်းက မဗေဒါ တစ်ပတ်၁ခါကို စောင့်စောင့်ကြည်ဖြစ်ခဲ့ပါတယ်။ ဘာလို့ကြည့်ဖြစ်လဲဆိုတော့ မင်းသား မင်းသမီးကြိုက်လို့ပါ… အထူးသဖြင့် မင်းသမီး Lee Si Young ကို အရင်က စိတ်ပုတ်မ လုပ်တဲ့ကားတွေမှာကတည်းက သူ့မျက်နှာလေးကို ချစ်တာပါ။ သူခေါင်းဆောင်မင်းသမီးဖြစ်ပြီဆိုတော့ အားပေးတဲ့သဘောပါ။ အားပေးရကြိုးလဲနပ်ပါတယ်။ သူသရုပ်ဆောင်ကောင်းပါတယ်။ သူက ဒီကားမတိုင်ခင်ကတော့ Super Junior ထဲက Choi Si Won နဲ့တစ်ကားထွက်ပါသေးတယ်။ စုံထောက်ကားပါ။ Choi Si Won သရုပ်ဆောင်တာသိပ်မကောင်းလို့ မကြည့်ဖြစ်ဘူး။ (Sorry! Choi Si Won fan… I know he is handsome)… ဒီကားမှာ မင်းသားကလဲ Lee dong Wook (My girl ထဲကမင်းသား) ဆိုတော့ ကြိုက်တယ်လေ။ မင်းသားက ဒီကားမှာ နှုတ်ခမ်းမွှေးနဲ့ဆိုတော့ စတိုင်ပြောင်းနေတယ်။ စစကြည့်ချင်းတော့တမျိုးကြီးပဲ။ နောက်တော့ မျက်လုံးယဉ်သွားတော့လဲ ကြည့်ကောင်းသွားပါတယ်… Anyway, မဗေဒါကြိုက်တဲ့ ကားစာရင်းထဲတော့ ထည့်ထားလိုက်တယ်။ ၀ါသနာတူတွေကြည့်ရင်လဲ အပျင်းပြေမဲ့ကားလေးတစ်ကားပါပဲ။ ဒါပေမဲ့ ဘာဆုမှမရဘူးထင်တယ်။ ရှာလို့မတွေ့ဘူး။

၇။ Gentleman’s dignity



Episode : 20
Genere : Romance/ Comedy/ Drama
Cast
Jang Dong-gun as Kim Do-jin
Kim Ha-neul as Seo Yi-soo

Kim Min-jong as Choi Yoon
Yoon Jin-yi as Im Meari

Kim Soo-ro as Im Tae-san
Yoon Se-ah as Hong Se-ra

Lee Jong-hyuk as Lee Jung-rok
Kim Jung-nan as Park Min-sook

Lee Jong-hyun as Colin

My Rating : 4/5

ဇာတ်လမ်းအကျဉ်း

ဒီကားဟာ ယောကျာင်္း version “Sex and the city” လို့ပြောရမယ်ထင်ပါတယ်… အသက် ၁၈နှစ်ကတည်းကခင်ခဲ့ကြတဲ့ ယောကျာင်္းလေးသူငယ်ချင်း ၄ယောက် အသက် ၄၀အထိ အချစ်၊ အလွမ်း၊ အောင်မြင်မှုနဲ့ ရှုံးနှိမ့်မှုတွေကို ခင်မင်မှုနဲ့ အတူတွေ့ကြုံဖြတ်သန်းခဲ့တဲ့အကြောင်းကို ရိုက်ကူးထားတာပါ။

မိန်းမနဲ့ပတ်သတ်ရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိပြီး ပွေရှုပ်တတ်တဲ့၊ ရုပ်ရည်၊ စီးပွားအခြေအနေ၊ ပညာအားလုံးနဲ့ပြည့်စုံတဲ့ Kim Do-Jin တစ်ယောက် Seo Yi-Soo ကို ချစ်မိခဲ့တယ်… 

သူကိုအံ့သြသွားစေတာက အဲဒိမိန်းကလေးက သူ့ကို စိတ်မ၀င်စားဘူး… သူစိတ်ဝင်စားတာက Kim Do Jin ရဲ့သူငယ်ချင်း Im Tae-San ကိုဖြစ်နေတယ်… ဒီလိုနဲ့ Kim Do Jin တစ်ယောက် သူ့ဘ၀ရဲ့ ပထမဆုံး တစ်ဖတ်သတ်အချစ်ဇာတ်လမ်းကို စတင်ခဲ့ပြီး Seo Yi  Soo နှလုံးသားကိုရဖို့ကြိုးစားတော့တယ်..
Im Tae-San ကတော့ Seo Yi-Soo ရဲ့ အခန်းဖော်သူငယ်ချင်း Hong Se-ra နဲ့ ချစ်သူတွေဖြစ်နေလေရဲ့။ ဒါပေမဲ့ Yi Soo က သူ့ကိုကြိုက်နေတာ ပေါ်သွားပြီး Sera ကလဲ လက်ထပ်ချင်စိတ်မရှိတဲ့အခါ သူ့မှာပြဿနာတွေတက်လေရဲ့… ဒီကြားထဲ သူ့သူငယ်ချင်း Choi Yoon ကို အသေအကြေလိုက်ကြိုက်နေတဲ့ ညီမငယ် Im Meari ကြောင့်လဲ စိတ်ညစ်နေရသေးပေါ့…
Choi Yoon ကတော့ လွန်ခဲ့တဲ့ ၄နှစ်ကမှ ဇနီးသည်ကွယ်လွန်သွားတဲ့ မုဆိုးဖို ရှေ့နေတစ်ယောက်ပေါ့။ ဒါပေမဲ့ သူ့ကို ငယ်ငယ်ကတည်းက အတင်းလိုက်ကြိုက်ပြီး သံယောဇဉ်ရှိခဲ့တဲ့ သူ့သူငယ်ချင်း Im Tae-San ရဲ့ ညီမလေး Maeri ကို စိတ်ထဲကချစ်နေပင်မဲ့ အသက်အရွှယ်ကွားခြားမှုကြောင့်ရော သူ့သူငယ်ချင်းနဲ့ အခင်အမင်မပျက်ချင်တာကြောင့်ရော သူ့စိတ်ကိုဖုံးကွယ်ပြီး ကောင်မလေးကို အမြဲငြင်းဆန်နေရသူပေါ့..
Lee Jung-rok ကတော့ သိပ်ချမ်းသာတဲ့ မမကြီး Park Min-Sook နဲ့ လက်ထပ်ထားပင်မဲ့ တွေ့သမျှမိန်းမတွေနဲ့ ပွေရှုပ်လို့ အိမ်ထောင်ရေး မှာ ယုံကြည်မှုမခံရပဲ ပြဿနာအမြဲရှိသူပေါ့…. (အဲဒိနေရာမှာသရုပ်ဆောင်တဲ့လူရော၊ အဲဒိ ဇာတ်ကောင်ကိုရော ကြည့်လို့မရ)
ဒီလိုဒီလို သူတို့ချင်းတောင်ပတ်ရှုပ်နေတဲ့ ဘ၀ထဲကို Colin ဆိုတဲ့ကောင်လေးတစ်ယောက် ကိုရီးယားကိုရောက်လာပြီး သူတို့ သူငယ်ချင်း ၄ယောက်ထဲက ၁ယောက်ဟာ သူ့အဖေပါလို့ လာရှာတဲ့အခါ………..

ဝေဖန်ရေး

ဒီကားကို အစက မဗေဒါရဲ့ Good Drama ထဲမှာထည့်မတွက်ထားဘူး။ Mabaydar's Page ဖေ့ဘွတ်မှာလဲ ၃.၅မှတ်ပဲ ပေးထားတယ်။ ဘာလို့လဲဆိုတော့ကားအလည်နားလောက်မှာ နည်းနည်းလေးပျင်းသွားလို့။ ပြီးတော့ ဒီလောက်ဝါရင့်သရုပ်ဆောင်တွေပါလို့ ဒိထက်ပိုပြီး မှန်းထားလို့လဲဖြစ်မှာပေါ့။ ခုတော့ ၄မှတ်လောက်တော့ရသင့်တယ်ထင်လို့ ပြောင်းပေးလိုက်တယ်။  ဒါပေမဲ့ “Wild Romance”ကိုတောင် Good Drama စာရင်းထဲထည့်ထားတော့ ဒီကားလဲ good drama ထဲပါသင့်တယ်လို့ စဉ်းစားမိလို့ထည့်လိုက်တာပါ။ ပထမ 2012 Drama review အပိုင်း (၁) ပိုစ့်မှာ ကောင်းတဲ့ကား ၆ကားလို့ပြောထားတာ ဒီကားကို So So drama ထဲ ထည့်တွက်ထားလို့။

ဒါပေါ့နော်… ခေါင်းဆောင်မင်းသား Jung Dong Gun ကတော့ အမှတ်ပြည့်ရပါတယ်။ သူမပါရင်လဲ ဒီကားက ဒီလောက် rating ကောင်းကောင်းရမယ်မထင်ပါဘူး။ မင်းသမီး Kim Ha Neul တစ်ယောက် Jung Dong Gun နဲ့တွဲရတာတော်တော်ပျော်နေတယ်ထင်တယ်။ Act Cute ကလဲ လုပ်သလားမမေးနဲ့။ သူ့ဇာတ်ကောင်က အသက် ၃၅၀န်းကျင်လောက်ရှိမယ်။ ဆရာမအလုပ်လုပ်နေတာ။ ပြီးတော့ မင်းသားတွေနဲ့ဆို ကလေးလိုလို ဘာလိုလို act cute လုပ်တာ။ ဒါပေမဲ့လဲ အကောင်းဘက်ကနေပြန်နားလည်ပေးမယ်ဆိုရင်တော့။ ၁အချက် သူနဲ့ ကျူနေတဲ့ ယောကျာင်္းက သူ့ထက်အသက်ကြီးတဲ့အတွက် သူက ကလေးလို ချွဲနွဲ့လို့ရတယ်။ ၂အချက် လူတွေက အသက်ဘယ်လောက်ကြီးကြီး အချစ်နဲ့တွေ့ရင် ငယ်ရွယ်နုပျိုသွားကြတယ်။ အဟိ….. ဒီတော့ မင်းသမီးကို ခွင့်လွှတ်လိုက်ပါ့မယ်။

ဇာတ်လမ်းက အဆိုးကြီးမဟုတ်ပင်မဲ့ မင်းသား Jung Dong Gun သာမဟုတ်ရင်တော့ မဗေဒါအတွက် အတော်ကိုပျင်းစရာကောင်းတဲ့ကားဖြစ်မယ်ထင်တယ်။ ပြီးတော့ ကားနာမည်ကိုက gentleman’s Dignity ဆိုတော့လဲ ယောကျာင်္းသားများကို ဦးစားပေးရိုက်ထားတာပေါ့နော်။ မင်းသားဇာတ်ကောင်က မင်းသမီးကိုသာတဖက်သက်ကြိုက်တာ သူကလဲ အကြောကြီးဆက်ဆံတာနော်။ သူတို့ ၂ယောက်ကြိုက်ခါနီးမှာ သူကပဲ မင်းသမီးကို ကောက်ပြီး မခေါ်တာ မင်းသမီးက ပြန်လိုက်ရတယ်။ JDG မို့လို့ ခွင့်လွှတ်နိုင်တာ ဟွန်း။

ဒါပေမဲ့ အပိုင်း ၁ပိုင်းစတိုင်းမှာ သူတို့ သူငယ်ချင်း ၄ယောက်ငယ်ငယ်တုန်းက အကြောင်းတွေကို ဟာသနှောပြီး ပြတဲ့ စတိုင်သစ်လေးကိုတော့ သဘောကျပါတယ်။ ဒီကားကို မဗေဒါက ၅မှတ်မှာ ၄မှတ်ပေးတာကတော့။ ၁မှတ်ကို ဇာတ်လမ်းအတွက်နှုတ်တယ်။ ၃မှတ်က Jung Dong Gun အတွက် ၁မှတ်က ကျန်တဲ့သူတွေအတွက်ပေါ့။ အဟိ….

ဒီကားအတွက် ဒီကားပြတဲ့ SBS  တီဗွီ Station ကပေးတာမဟုတ်ပဲ တခြားကရတဲ့ ဆုတွေကတော့...

2013 22nd High1 Seoul Music Awards
  • Best OST: "My Love" (A Gentleman's Dignity OST Part 5) by Lee Jong Hyun

2012 Grime Awards
2012 20th Korean Culture Entertainment Awards
2012 1st K-Drama Star Awards
2012 5th Korea Drama Awards


ဒီ Drama Review နဲ့ Rating တွေက မဗေဒါရဲ့ အကြိုက်ပေါ်လိုက်ပြီးပေးထားတဲ့အတွက် စာဖတ်သူတွေနဲ့ အမြင်ချင်းတူချင်မှတူမယ်။ မတူဘူးဆိုရင်လဲ စာဖတ်သူတွေရဲ့ အကြိုက်ကို ကွန်မန့်မှာ ဆွေးနွေးသွားနိုင်တယ်နော်…. 

12 comments :

Unknown said...

တို့လည်း park yoo chan ကိုကြိုက်တယ်.ဘယ်လိုပဲသရုပ်ဆောင်၂.

Anonymous said...

The moon ကို ကြည့်တော့ကြည့်တယ် ပြီးသေးဘူး မင်းသမီးက အသက်ကြီးနေတယ်ဆိုတာ စိတ်ထဲကဖျောက်လို့ မရဘူးဖြစ်နေတယ် Miss you ကတော့မကြည့်ရသေးဘူး micky yoochan ကို sungkyunkwan နဲ့ Rooftop Prince ဆိုရင်ချက်ချင်းဆိုပေမဲ့ Muss ripley တုန်းကလည်းမင်းသမီးဇာတ်ကနာလို့ (အမှန်တော့သု့ ကို ဂျိုဆန်ခေတ် မင်းသားပုံစံကိုဘဲ ကြိုက်နေတာ ဟီးး) Wild romance ထဲက မင်းသမီးကို တခြားကားကြိုက်တယ် ဒီထဲမှာတော့ ယေင်္ကျားလျာဆိုပေမဲ့ မိန်းကလေးပုံစံ လုပ်လည်း ဆွဲဆောင်မှု့ မရှိသလိုဘဲ gentleman ကိုတော့ ဇာတ်လမ်းကိုမကြိုက်ဘူး ပြချင်တာတွေများပြီး ရစ်နေတယ်လို့ ခံစားရတယ် နောက်ဆုံးကတော့The moon ကို အစကနေ ပြန်ကြည့်တော့မယ်
AMT

NNC said...

၎။ ဇတ်လမ်းတောင်မေ့တေ့တေ့ ဖြစ်နေပြီ။ လာနေတုန်းကတော့ စွဲစွဲမြဲမြဲ စောင့်ကြည့်ဖြစ်တယ်။
၅။ အဆုံးထိ မကြည့်ဖြစ်။ Yoo Chun ကတော့ သူခေါင်းဆောင်တဲ့ ကားတိုင်းလိုလို ပေါက်တယ်နော်.. စန်းပဲ ထင်တယ်။ SKKS ထဲက မင်းသားတွေရော မင်းသမီးရော နောက်ကားတွေမှာ ဆက်အောင်မြင်နေတာမြင်တော့ ဝမ်းသာတယ်။ Yoo Ah In က Fashion King မှာလည်းသရုပ်ဆောင်ကောင်းတယ်။ ဒါမယ့် အဲ့ကားက သိပ်မအောင်မြင်လိုက်ဘူး။ ခု သူ့ကား Jan Ok Jung ကတော့ လူကြိုက်များတယ် Kim Tae Hee ကြောင့်လည်းပါမယ်ထင်တယ်။
၆။ မကြည့်ဖူးဘူး။
၇။ JDG ကြောင့်ကြည်ဖြစ်တာ။ ပေါ့ပေါ့ပါးပါးနဲ့ ရီရတဲ့ကားလေး။ သဘောကျတယ်။

Anonymous said...

မင်းသမီး ထဲ မှာ Lee Si Young က ကြိုက်ဆုံး List မှာပါ တယ်။ Wild Romance မှာ ဒီလောက် မလှအောင်လုပ်ထားတာတောင် ချစ်စရာကောင်းတုန်းပဲ။ အိုက်တင်လဲ မပိုဘူး Tomboy လိုလုပ်ထားပင်မဲ့။ Micky Yoo Chun ကတော့ မကြိုက်တဲ့ List မှာ ပါတယ်။ I Miss U မှာ သူမဟုတ် ပဲ Kim Soo Hyun သာ ဆိုဘယ်လောက်ကောင်းလိုက်မလဲ။

RS

shin said...

The Moon that Embrace the Sun ကို ကြည့်ကြည့်မှပဲ။ မဗေဒါ review ကိုဖတ်ကြည့် ပြီး စိတ်ဝင်စားသွားပြီ။ :D

Anonymous said...

နံပါတ် ၃ ဇာတ်လမ်းတွဲကတော့ စိတ်ရှည်လက်ရှည်နဲ့ အွန်လိုင်းမှာ တပတ်ပြီးတပတ် စောင့်ကြည့်ရတဲ့ ပထမဆုံးကားပါပဲ... မျက်ရစ်ကျဉ်းကျဉ်းလေးနဲ့ မင်းသားကို အရမ်းသဘောကျတယ်.. သူ ငိုရင် ကိုယ်ပါလိုက်ငိုမိတဲ့အထိ :P
နံပါတ် ၇ ကတော့ တကယ့်ကို မင်းသား ဂျန်ဒေါင်ဂန်းကို ချစ်လွန်းလို့ ကြည့်မိပြီးမှ သူတို့ သူငယ်ချင်းတွေရဲ့ တဦးအပေါ်ထားတဲ့ တဦးရဲ့ အကြင်နာ မေတ္တာကို သိပ်သဘောကျတာပဲ..မင်းသမီးတွေ သရုပ်ဆောင်တာ နည်းနည်း over acting တွေ ဖြစ်နေတာကလွဲလို့ အဲ့ဒီ သူငယ်ချင်းလေးယောက်ရဲ့ မိန်းမလှလှလေးတွေ မြင်ရင် ပိုးတဲ့ပန်းတဲ့ပုံစံကို သိပ်သဘောကျတာ..
မဗေဒါရဲ့ ကိုရီးယားဇာတ်လမ်းအညွန်းလေးတွေ လာလာဖတ် ပြီးရင် အဲ့ဒီဇာတ်ကားတွေကို ရှာဖွေပြီးတော့ ပြန်ကြည့်ပါတယ်.. ကျေးဇူးလဲ တင်တယ် သိလား.. အခု ညွှန်းထားတဲ့ ကားလေးတွေ ကြည့်ကြည့်ဦးမယ်.. :D

Ma Ma Ei Ei said...

Hi Mabaydar,Could you please share the link where I can watch Korea Drama ?I used to go to dramasub.com and now not available.Thank you in advance :P

meemee said...

I Miss You တစ်ကားပဲ မကြည့်ရသေးဘူး မီကတော့ The Moon that Embrace the Sun ကို Kim Soo Hyun ကြောင့် ကြည့်ဖြစ်တာ...သူ့ကို Dream High ကတည်းက အရမ်း ကြိုက်စ်

mabaydar said...

Try checking out at www.dramacrazy.net , www.gooddrama.net and www.epdrama.net .

Ma Ma Ei Ei said...

Thank you for the link.I will check it out.
And Thanks for the drama so..so list also..

Ma Ma Ei Ei said...

Thank you for the link.I will check it out.
And Thanks for the drama so..so list also..

Anonymous said...

မဗေဒါ ညွှန်းလို့ The Moon that Embrace the Sun ကို ခုတလောမှကြည့်လိုက်တာ ပြီးသွားပြီ။ Kim Soo Hyun ကို ကြိုက်သွားတယ်။ သူ ဘုရင် သရုပ်ဆောင်တာ charming ဖြစ်တယ်။ သူငယ်ချင်းတစ်ယောက်က အဲဒီ့ကားကို စထွက်ကတည်း recommend လုပ်တာ မင်းသမီးက ကိုယ့် favorite မဟုတ်သလို မင်းသားထက် အသက်ကြီးနေလို့ မကြည့်ပဲထားထားခဲ့တာ။

Joo Won ကို Baker King တုန်းက ကြိုက်တယ်။ သူလူဆိုး သရုပ်ဆောင်တာကို သဘောကျတယ်။ ပထမမင်းသား Tak Gu ကိုမကြိုက်ဘူး။ ဒါပေမယ့် 2 days 1 night (Season 2) မှာ JW ပါကတည်းက သူကို ဆက်ကြိုက်လို့မရတော့ဘူး။ သူခေါင်းဆောင်လုပ်ရတဲ့ နောက်ကားတွေကလည်း မင်းသမီးတွေက စိတ်ပျက်စရာ။ 7th Grade Civil Servant ဆို အဆိုးဆုံး။ ChanSung ကိုကြိုက်တယ်။ မင်းသမီးကို သည်းငြီးဆက်မခံနိုင်လို့ အဆုံးထိမကြည့်တော့ဘူး။ အဲဒီ့မင်းသမီး သရုပ်ဆောင်တာကို မကြိုက်ဘူး။ သူလည်း Lee Min Jung လိုပဲ။ အစတုန်းကတော့ မဆိုးပါဘူး။ နောက်တော့ overacting တွေဖြစ်လာသလိုပဲ။

Seung Gi ကတော့ favorite always ပဲ။ သူကိုကျတော့ 2 days 1 night (Season 1) ကြောင့်ပိုကြိုက်တာ။ Drama ထဲမှာထက် variety shows တွေမှာ သူ့ကိုပိုကြိုက်တယ်။ သူ သီချင်းဆိုတာလည်းကြိုက်တယ်။ King two hearts မှာ မင်းသမီးအသံက over ဖြစ်နေလို့ ဆက်ကြည့်နိုင်စွမ်းမရှိတော့လို့ ၄ ပိုင်းနဲ့ရပ်လိုက်ရတယ်။

Gentleman’s dignity ကို လူတော်တော်များများက ကောင်းတယ်တဲ့။ ဒါပေမယ့် JDG မျက်နှာကြီးက တအားပိန်အောင် လုပ်ထားလို့လား မသိဘူး။ ပါးချောင်နားချောင် အတော်ကျနေတယ်။ သူကိုလည်း ၉ပိုင်းနဲ့ရပ်ပစ်လိုက်တယ်။

I miss you ကိုလည်းမကြည့်ဖြစ်ဘူး။ စိတ်ဆင်းရဲစရာနဲ့ ဇာတ်ကိုစပြီး ဇာတ်နာထားလို့။

Fashion King ထဲမှာ Yoo Ah In က ဒုတိယမင်းသားလောက်တော့ နေရာမရသလိုပဲ။ သူ့ character ကို ပိုကြိုက်ရမယ့်အစား ဒုတိယမင်းသား character က ပို cool ဖြစ်နေတယ်။ ဒုတိယမင်းသားကို ကြိုက်သွားလို့ အဆုံးထိကြည့်တာ။ အဲဒီ့ကားထဲက မင်းသမီးက ကိုရီးယားမနဲ့မတူဘူး။ တရုတ်မနဲ့ ပိုတူတယ်။ အွန်ဆောအငယ်မ ရဲ့ Little bride ထဲမှာ သူကမင်းသမီးရဲ့အနီးကပ်သူငယ်ချင်းလေ။ အွန်စောအငယ်မကားကိုလည်း မကြိုက်ဘူး။ သူ့ act cute က အခုနောက်ပိုင်းကားတွေမှာ အတော်ပိုလာတယ်။ JGS နဲ့ကားမှာလည်း အဲလိုပဲ။ ကြည့်ရင်းကြည့်ရင်း ကျလိကျလိနဲ့ နှစ်ယောက်စလုံးကို မုန်းလာတာ။

Drama King ကိုလည်း တ၀က်တပျက်နဲ့ရပ်လိုက်တယ်လေ။ မင်းသားက မင်းသမီးနဲ့ အချစ်ခန်းမစခင်တုန်းက ကောင်းသေးတယ်။ အချစ်ခန်းလည်းစရော သူမျက်နှာကြီး ကို ခံစားလို့ကိုမရတော့ဘူး။ တချို့သရုပ်ဆောင်တွေက အသက်ကြီးလာရင် အချစ်ကား သရုပ်မဆောင်သင့်တော့ဘူး။ သူတို့မျက်နှာနဲ့ မလိုက်တော့လို့။ တချို့ကျတော့လည်း အသက်ကြီးပေမယ့် မိုက်တယ်။

The တinter that wind blows ကိုတော့ အရမ်းကြိုက်တယ်။ မင်းသား၊ မင်းသမီး နှစ်ယောက်လုံးက perfect။ Scenes တွေကလည်း ကဗျာလေးကျနေတာပဲ လှတာ။

နိဂုံးချုပ်ရမယ်ဆိုရင် မဗေဒါရဲ့ရုပ်ရှင်ဝေဖန်ရေးတွေကိုကြိုက်ပါတယ်။ ဆက်ရေးပါ။ အားပေးနေပါမယ်နော်။ =)

Hwaiting~~~