Wednesday, April 03, 2013

2012 Best Korean Drama Lists - Part 1 (Base on my liking)

ကိုယ့်ဘလော့ကို သတိထားမိသလောက် ဇာတ်လမ်းတွဲတွေနဲ့ ပတ်သတ်ပြီး မရေးဖြစ်ခဲ့တာ အတော်ကြာပြီပဲ... ၁နှစ်လောက်တောင်ရှိမယ်ထင်ပါတယ်... အကြောင်းရှာတော့ ၃ ချက်တွေ့တယ်.... ၁။ အစပိုင်းကြိုက်ပေမဲ့ အဆုံးပိုင်းခြာလို့ မရေးဖြစ်ခြင်း ၂။ သိပ်ကြိုက်လွန်းလို့ကားအဆုံးထိပြီးမှ ရေးမယ်စိတ်ကူးပြီး ကားပြီးသွားတော့ နောက်တစ်ကားဆက်ကြည့်ဖြစ်ခြင်း ၃။ Drama Review တစ်ခါတစ်ခါရေးလျှင် စိတ်ရော၊လူရော၊အချိန်ရော ပင်ပန်းကုန်လွန်လွယ်သောကြောင့် ပျင်းခြင်း(မိမိကိုယ်ကို အပစ်တင်ခြင်း) (ပိုစ့်အရှည်ကြီးတွေရေးရသလောက် စာဖတ်သူဘယ်လောက်များများက ကိုယ့်ပိုစ့်ကိုကြိုက်လဲ မသိရခြင်း (အဲဒါ သူများအပစ်ဖို့တာ :P ))တို့ကြောင့်ဖြစ်ပါတယ်... နောက်ပြီး ကိုယ်ကြည့်ပြီးတဲ့ Episode တစ်ခုစီရဲ့ ခံစားချက်ကို Facebook page မှာ ရေးဖြစ်တော့ ပိုစ့်တစ်ပုဒ်အနေနဲ့ ထွက်မလာတော့ပါဘူး... အခုတော့ ဒီပိုစ့်ထဲမှာ ၂၀၁၂ (ပြီးခဲ့တဲ့နှစ်) တုန်းက မဗေဒါကြည့်ဖြစ်သမျှ Korean Dramas list ကို Category ၄ခုခွဲပြီးရေးဖို့စိတ်ကူးတယ်...
၁။ Good Dramas (Dramas Fan မှန်ရင် ကြည့်သင့်တယ်... ဒါဗြဲ)
၂။ Just So So Dramas (ပျင်းနေတယ်၊ ကြည့်စရာတစ်ခြားကားလဲ မရှိဘူးဆိုရင်တော့ ဒီလိုကားမျိုးလေးတွေနဲ့ အချိန်ဖြုန်းရတာလဲ မဆိုးဘူး...)
၃။ Bad (မကောင်းလို့ဖြစ်စေ) or I am not interested to watch them (တွေ့ကတည်းက မကြည့်ချင်လို့ ဖြစ်စေ) or I couldn't able to finish for some reasons (အကြောင်းအမျိုးမျိုးကြောင့် အဆုံးမသတ်ခဲ့ခြင်းဖြစ်စေ) Dramas (My reasons will be stated)
၎။ Waiting List Dramas

စာဖတ်သူတို့အနေနဲ့ အထူးသိထားရမှာက ခုပြောမဲ့ကားတွေက မဗေဒါ အကြိုက်ပေါ်မူတည်ပြီးပဲရေးတာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် အကြိုက်ကွဲပြားနိုင်ပါတယ်... တကယ်လို့အကြိုက်ကွဲပြားခဲ့တယ်ဆိုရင်လဲ ကွန်မန့်လေးမှာ ၀င်ရောက်ပြီး ကိုယ့်အကြိုက်အကြောင်းကို အားရပါးရ ဆွေးနွေးနိုင်ပါတယ်... (တမင်ကွန်မန့်ရေးအောင် ပြောတာ... ဒီဂွင်မိုက်တယ် အဟိ)

၂၀၁၂ မှာ မဗေဒါကြိုက်တဲ့ Good Dramas ၆ ကားရှိပါတယ်... တစ်ကားခြင်းစီကိုရေးပါမယ်... (ပိုစ့်ကရှည်ပြီး မတက်လာမှာစိုးလို့ Good Dramas ကို ၃ကားစီ ၂ပိုင်းခွဲတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်)



၁။ Ghost 






Episode : 20
Genre: Crime, action, investigation
So Ji Sub as Kim Woo Hyun/ Park Ki Young
Lee Yeon Hee as Yoo Kang Mi
Uhm Ki Joon as Jo Hyun Min
Kwak Do Won as Kwon Hyuk Joo
Song Ha Yoon as Choi Seung Yeon

Rating : 5/5 


ဇာတ်လမ်းအကျဉ်း
ဒီဇာတ်လမ်းလေးကတော့ Cyber Investigation အဖွဲ့ကို အခြေခံပြီးရိုက်ထားတဲ့ မှုခင်းဆန်တဲ့ကားလေးပါ... ကင်ဝူဟွန်းရဲ့ အဖေဟာ အရာရှိကြီးကြီးပိုင်းတစ်ယောက်ပါ... ကင်ဝူဟွန်းကိုယ်တိုင်လဲ ရဲသင်တန်းကို ပထမဆုံးအဆင့်ကနေအောင်မြင်ခဲ့ပြီး Cyber Investigation အဖွဲ့ကိုဝင်ခဲ့ပါတယ်... သူနဲ့ ရဲသင်တန်းအတူတူတက်ခဲ့တဲ့ အခင်ဆုံးအခန်းဖော်သူငယ်ချင်း Park Ki Young ကတော့ ဘာအကြောင်းပြချက်မှမပေးပဲ ရုတ်တရက်ကြီး ရဲသင်တန်းကို တ၀က်တပျက်မှာထွက်ခဲ့ပါတယ်... ကင်ဝူယွန်း လုပ်ငန်းခွင်ဝင်အပြီးမှာ Hadaz လို့ခေါ်တဲ့ Hacker တစ်ယောက်ကို အသေအကြေလိုက်လံစုံစမ်းခဲ့သော်လည်း ဖမ်းမမိခဲ့ပါဘူး... ထိုအချိန်မှာပဲ ရုပ်ရှင်မင်းသမီးတစ်ယောက်တိုက်ပေါ်မှ ခုန်ချသေဆုံးမှုကို စတင်စုံစမ်းရပါတယ်... သို့သော် ထိုမင်းသမီးသေဆုံးမှုမှာ သွေးရိုးသားရိုး suicide မဟုတ်ပဲ လုပ်ကြံမှုဖြစ်နေပါတယ်... ထိုမင်းသမီးကို တွန်းချတဲ့သူရှိတယ်ဆိုတာ မင်းသမီးမသေခင် ဖွင့်ထားတဲ့ ကွန်ပြူတာ webcam ကနေ Hadaz က မြင်လိုက်တဲ့အတွက် ဒီ file ကို လူသိရှင်ကြား Bill board မှာ ဖြန့်ကျက်ခဲ့ပါတယ်... Kim Woo Hyun ဟာ Hadaz နောက်ကိုလိုက်ရင်း သူနဲ့ကွဲကွာခွဲတဲ့ သူငယ်ချင်း ပါ့ကီယောင်းမှန်းသိရှိခဲ့တဲ့နောက်မှာတော့ သူတို့ သူငယ်ချင်း ၂ယောက်လုံးကို ဗုံးခွဲလုပ်ကြံခံရပါတယ်... ဗုံးအတွင်းမှာ ကင်ဝူးယွန်းဟာ ပွဲချင်းပြီးသေဆုံးသွားပြီး... ပါ့ကီးယောင်းဟာ မမှတ်မိနိုင်လောက်အောင် ပုံပျက်ခဲ့သော်လည်း သူ့ရဲ့ အကျီင်္မှာ ကင်ဝူဟွန်းရဲ့ ID ကိုတွေ့တာကြောင့် ကင်ဝူဟွန်းအမှတ်နဲ့ ဆေးရုံခေါ်ပြီး Plastic Surgery လုပ်ခဲ့ပါတယ်... ပါ့ကီယောင်းကို Cyber Investigation team က Yoo Kang Mi ဆိုတဲ့ ရဲမေက အကြောင်းအမျိုးမျိုးကြောင့် ကူညီခဲ့ပါတယ်... အဲဒိနောက်မှာ လူသတ်မှုတွေအဆက်မပြတ်ဖြစ်ခဲ့တာတွေကို အတူတူစုံစမ်းရင်း ကင်ဝူဟွန်းကိုရော မင်းသမီးကိုရောသတ်တဲ့ တရားခံကို ဖော်ထုတ်ကြပါတယ်... Park Ki Young ဟာ ကင်ဝူဟွန်းအဖြစ်နဲ့ ရဲတပ်ဖွဲ့ကို ဘယ်လောက်ကြာကြာလိမ်နိုင်မလဲ၊ သူ့အတွက် ရဲအဖွဲ့ထဲမှာ ပြိုင်ဘက်တွေ၊ သလျှိုတွေကိုဘယ်လိုခွဲခြားသိမလဲ... ကင်ဝူဟွန်းရဲ့ သူမသိတဲ့အကြောင်းတွေကဘာလဲ... စသည်ဖြင့် စိတ်ဝင်စားစရာဇာတ်လမ်းတစ်ခုဖြစ်ပါတယ်...

ဝေဖန်ရေး
ဒီဇာတ်ကားကို အစက ဒီလောက်စိတ်မ၀င်စားခဲ့ပါဘူး... မှုခင်းကားဆို ဂျပန်ကားကိုကြည့်ဖြစ်တာများပါတယ်... ဒါပေမဲ့ အစပိုင်း ၁၅မိနစ်လောက်ကို ကြည့်ရင်း ကျော်သွားပြီဆိုရင်တော့ ရပ်လို့ရတော့မှာမဟုတ်ပါဘူး... တစ်ပိုင်းပြီးတိုင်း ပြီးတိုင်းမှာ နောက်တစ်ပိုင်းကို ဆက်ကြည့်ချင်အောင် အပိုင်းတိုင်းစွဲဆောင်မှုရှိပါတယ်... ပြီးတော့ ဒီခေတ်ကြီးမှာ လူတစ်ယောက်အကြောင်းသိဖို့... အားနည်းချက်ကိုရှာဖို့ ပါစင်နယ်ကွန်ပြူတာတစ်ခုကနေ ဘယ်လောက်လွယ်လွယ်ကူကူရနိုင်သလဲဆိုတာကလဲ သတိပြုစရာတစ်ခုပါပဲ... အဓိက လူသတ်ကောင်ကိုရှာရင်း ကြားကဖြစ်ပျက်တဲ့ တခြားအမှုလေးတွေကလဲ စိတ်ဝင်စားစရာကောင်းပါတယ်... မဗေဒါက ရုပ်ရှင်ထဲမှာ တစ်ခုခုပြောလို့ ကိုယ်သိပ်နားမလည်ရင် Google ပြီးရှာတတ်တဲ့ အကျင့်ရှိတော့ ကွန်ပြူတာ Hacking နဲ့ပတ်သတ်တဲ့ Virus တို့ဘာတို့ ရုပ်ရှင်ထဲက စာရေးစရာများ ဖောသလားလို့ ရိုက်ရှာကြည့်တတ်ပါတယ်... အားလုံးကဖြစ်နိုင်ပါတယ်... ဒီကားမှာ အချစ်ဇာတ်လမ်းက ပါတယ်ဆိုရုံလောက်လေးဆိုပေမဲ့ မင်းသားနဲ့ မင်းသမီးကြားမှာ လိုက်ဖက်မှုတွေရှိပါတယ်... သရုပ်ဆောင်တွေထဲမှာ မဗေဒါချီးကျူးချင်တဲ့သူကတော့ မင်းသားကို အမြဲသံသယ၀င်နေတဲ့ ရဲတပ်ဖွဲ့က MAD COW ဆိုတဲ့ ခပ်၀၀နဲ့လူပါပဲ... ဒီလူလဲ သူ့ဇာတ်ကောင်ကို ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်ပြီး မဟုတ်မခံ ဒေါသကြီး ရှူးရှူးရှဲရှဲလုပ်တတ်တဲ့ ဇာတ်ကောင်နဲ့ လိုက်ဖက်ပါတယ်... သူရော မင်းသားရောက လူဆိုးကိုရှာနေကြပြီး သူက မင်းသားကိုလုံးဝမယုံတော့ အသည်းယားစရာတွေကြားမှာအများကြီးဖြစ်ပျက်တဲ့အတွက် ဇာတ်လမ်းက ဇာတ်ရှိန်ကျသွားတယ်မရှိပါဘူး... ဒီကားက မှုခင်းကားဆိုတော့ Romantic comedy ကြိုက်တဲ့သူတွေက ကြည့်ချင်စိတ်ရှိမှာမဟုတ်ပါဘူး... ဒါပေမဲ့ ကြည့်ကြည့်ပါလို့တိုက်တွန်းပါရစေ... So Ji Sub ကို အရင်က ဒီလောက်မကြိုက်ခဲ့ပါဘူး... ဒီကားထဲမှာတော့ အတော်လေးကြိုက်ပါတယ်... သူနဲ့ တစ်ချိန်ထဲပြနေတဲ့ကားတွေထဲမှာ Ghost ကို မဗေဒါ အမျှော်လင့်ခဲ့ရဆုံးပေါ့...

ခုပဲ Ghost ကားအကြောင်းရှာရင် ကျွန်မပြောတဲ့ အဲဒိကားထဲက ခပ်၀၀နဲ့လူကြီးဟာ ဒီကားနဲ့ ၂၀၁၂ Korean Drama Award မှာ Excellent Actor ဆုကိုရရှိခဲ့ပါတယ်... အဲဒါကြောင့်မဗေဒါပြောချင်တာက ဒီခေတ်မှာ သရုပ်ဆောင်ဖြစ်ဖို့ ရုပ်ရည်ကအဓိကကျတယ်ဆိုပေမဲ့ တကယ်တမ်းအရည်အချင်းရှိတဲ့သူတွေအတွက်တော့ ဘယ်လိုပဲနေနေထင်ပေါ်ပြီး ပရိတ်သတ်က သတိထားမိတာပါပဲ... ဒီခေတ်ပရိတ်သတ်တွေက အရင်ကထက် ပိုပြီးတော်လာကြပါပြီ...
ဒီကားရခဲ့တဲ့ ဆုတွေကတော့....
2012 SBS Drama Awards: Top Excellence Award for Drama Special, Actor (So Ji Sub)
2012 SBS Drama Awards: Special Acting Award for Drama Special, Actor (Kwak Do Won)
2012 SBS Drama Awards: Top 10 Stars Award (So Ji Sub)
2012 5th Korea Drama Awards: Excellence Actor Award (Kwak Do Won)


၂။ Nice Guy




Episode : 20
Genre: Classic Melodrama
Song Joong-ki as Kang Ma-ru
Moon Chae-won as Seo Eun-gi
Park Si-yeon as Han Jae-hee

Rating : 5/5

ဇာတ်လမ်းအကျဉ်း
ဒီဇာတ်လမ်းလေးကတော့ တကယ်ကို Classic Melodrama Theme လို့ပြောရပါမယ်... သစ္စာဖောက်မှု၊ ကလဲစားချေလိုမှု၊ စီးပွားရေး၊ အမုန်း၊ ရန်ညိုး တွေကြားမှာ ပေါက်ဖွားလာတဲ့ ခါးသက်သက် အချစ်ဇာတ်လမ်းလေးလို့ ပုံဖော်ချင်ပါတယ်... Kang Ma Roo ဆိုတဲ့ ဆင်းရဲပင်မဲ့ ထူးချွန်တဲ့ ဆေးကျောင်းသားလေးဟာ သူချစ်တဲ့ မိန်းမ Han Jae Hee အပြစ်တွေကို ခေါင်းခံရင်း ထောင်နန်းစံခဲ့ပင်မဲ့ သူပြန်ထွက်လာတဲ့အချိန်မှာတော့ ထိုအမျိုးသမီးရဲ့ တစ်ကိုယ်ကောင်းဆန် သစ္စာဖောက်မှုတွေနဲ့သာတွေ့ကြုံခဲ့ရပါတယ်... နဂိုကတည်းက အရည်အချင်းရှိတဲ့ Kan Ma Roo ရဲ့ ဘ၀လမ်းဖျက်ဆီးခံခဲ့ရလို့ အပြစ်မယူချင်ပေမဲ့ ထပ်ကာတလဲလဲ နှောင့်ယှက်စော်ကားမှုတွေက သူ့ရဲ့ မာနနဲ့ ဒေါသကို မီးမွှေးပေးခဲ့ပြီး လက်စားချေမှုကိုစတင်ခဲ့ပါတယ်... သူလက်စားချေဖို့အတွက် Han Jae Hee လက်ထပ်ခဲ့တဲ့ သူဋ္ဌေးကြီးရဲ့ လင်ပါသမီး မာနကြီးတဲ့ သူဋ္ဌေးသမီး Sun Eun Gi ကို ချဉ်းကပ်ပြီး သူမအချစ်ကို ရအောင်ယူခဲ့တယ်... ဒါပေမဲ့ Sun Eun Gi ကို သူပိုနီးစပ်ပြီး သိလာတာနဲ့အမျှ သူအရင်ကထင်ခဲ့တဲ့ မာနကြီး မောက်မာတဲ့ သူဋ္ဌေးသမီးထက် အထီးကျန်ပြီး မိထွေးမိန်းမလည်ရဲ့ လက်ဝါးကြီးအုပ်လိုမှုကိုခံနေရတဲ့ မိန်းကလေးမှန်းသူပိုသိလာတယ်... Sun Eun Gi က Kang Ma Ru ကို အချစ်စစ်နဲ့ ချစ်တဲ့အတွက် နောက်ဆုံး Kang Ma Ru က သူ့ကလဲစားချေတဲ့ လှည့်ကွက်ထဲ Eun Gi ကို မပါစေချင်တော့ပဲ ရက်စက်ကြမ်းတန်းတဲ့စကားတွေနဲ့ လမ်းခွဲဖို့ကြိုးစားတယ်... ဒီအချိန်မှာ စိတ်ထက်တဲ့ Sun Eun Gi က သူသေကိုယ်သေ ကားနဲ့ယှဉ်တိုက်ခဲ့ပြီး သူမကိုယ်တိုင် အတိတ်မေ့ဝေတနာကို ခံစားခဲ့ရတယ်... သူမနေမကောင်းဖြစ်နေစဉ်အတွင်း သူမမိဘပိုင် ကုမ္ဗဏီကို အပိုင်စီးချင်တဲ့ သူမရဲ့ မိထွေး Kang Ma Ru ရဲ့ ချစ်သူဟောင်းကို သူတို့ ၂ယောက် ဘယ်လိုတိုက်ကြမလဲ။ ဒေါသ၊ မာန၊ လောဘ၊ သံသယ၊ အထင်လွဲမှု စက်ဝန်းတွေကြားမှာ ခါးသက်သက်အချစ်တစ်ခွက်ကို  Kang Ma Ru နဲ့ Sun Eun Gi ဘယ်လိုကျော်ဖြတ်မလဲ။ သူမသိပ်မုန်းတဲ့ မိထွေးနဲ့ ပတ်သတ်ခဲ့တဲ့ သူမသိပ်ချစ်ရတဲ့ Kang Ma Ru ကို ရော Sun Eun Gi ခွင့်လွှတ်နိုင်ပါ့မလား... တစ်ဘ၀လုံးကံဆိုးတဲ့ Kang Ma Ru တစ်ယောက် အဆုံးမှာရော ပျော်ရွှင်ခွင့်ရပါ့မလား.... တစ်ဆင့်ချင်းစီကို ဒီဇာတ်လမ်းကြည့်ဖြစ်အောင်ကြည့်ရင်း အချစ်၊ အကြမ်း၊ အလွမ်းရသစုံကို Ma Ru ရယ်  Eun Gi ရယ်နဲ့အတူ ခံစားကြည့်ကြနော်...


ဝေဖန်ရေး
ဒီကားဇာတ်လမ်းကို  စသိရတုန်းက မင်းသား Song Joong Ki လို Baby Face flower boy မျက်နှာမျိုးနဲ့ လိုက်ပါ့မလားလို့ စိုးရိမ်ခဲ့တယ်... သူ့ကို အပြင်မှာတွေ့ဖူးတော့ အားပေးချင်စိတ်တော့ဖြစ်မိပါတယ်... မင်းသမီး ၂ယောက်လုံးက ကိုယ်သိပ်မကြိုက်တဲ့သူတွေဖြစ်နေတယ်... ဒါပေမဲ့ Sun Eun Gi နေရာက သရုပ်ဆောင်ခဲ့တဲ့ ခေါင်းဆောင်မင်းသမီး Moon Chae Won ရဲ့ သရုပ်ဆောင်အားက အတော်ကောင်းလို့ ကြည့်ဖြစ်တဲ့အချိန်မှာ အရမ်းသဘောကျခဲ့တယ်... မင်းသားရော မင်းသမီးရော ထင်မထားလောက်အောင် အရမ်းသရုပ်ဆောင်ကောင်းတယ်... မင်းသားကလဲ သူ့မျက်နှာ နုနုလေးကို မေ့သွားလောက်အောင် စိတ်ဓာတ်မာတဲ့ ယောကျာင်္းတစ်ယောက်အနေနဲ့ Cool Character ကို ပိုင်နိုင်အောင်သရုပ်ဆောင်နိုင်တယ်... မင်းသမီးက စစချင်းမှာ မောက်မာပြီး ကြွပ်ဆပ်ဆပ်ပုံစံမျိုးလဲ သရုပ်ဆောင်နိုင်သလို၊ အတိတ်မေ့သွားပြီး နုညံ့တဲ့ ပုံစံမျိုးသရုပ်ဆောင်တော့လဲ ဂရုဏာသက်မိတယ်... သူတို့ ၂ယောက်အတွက် မျက်ရည်တွေဖြိုင်ဖြိုင်ကျခဲ့ရတဲ့ကားပေါ့... အဆုံးသက်မှာ အလွမ်းနဲ့ပဲ အဆုံးသက်တော့မယ်လို့ မှန်းခဲ့တယ်... အဲလိုအဆုံးသက်ခြင်းကပဲ ဇာတ်လမ်းရဲ့ အတိမ်အနက်အတွက် အကောင်းဆုံးဖြစ်မယ်လို့ စိတ်ကို ပြင်ဆင်ခဲ့တယ်... မင်းသား (သို့) မင်းသမီး သေလိမ့်မယ်လို့ ထင်ထားခဲ့တယ်... သူတို့ ၁ယောက်ယောက်ကို မသေပဲ ဇွတ်ပေးစားရင် ဇာတ်သိမ်းပေါ့ပျက်ပျက်ဖြစ်လိမ့်မယ်လို့ထင်ခဲ့ပင်မဲ့ ပျော်စရာဇာတ်သိမ်းကို ဇာတ်လမ်းပေါ့ပျက်ပျက်မဖြစ်ပဲ လှလှလေးသိမ်းပေးသွားတဲ့ စာရေးစရာကို သိပ်ကျေးဇူးတင်မိတယ်... ကိုယ်တောင် မတွေးမိခဲ့ဘူး... နောက်ပြီး ဒေါသတွေ လောဘတွေနဲ့ ဘယ်လောက်ပဲ ကလဲစားချေဖို့ ကြိုးစားကြိုးစား အတုံ့အလှည့်တွေနဲ့ မပြီးဆုံးနိုင်တဲ့ ရန်ပွဲကြီးကို Kang Ma Ru တစ်ယောက် အချစ်မေတ္တာနဲ့ ဖြေရှင်းလိုက်မှပဲ အားလုံးဟာ တကယ်ပြီးဆုံးခဲ့တယ်... အဆုံးပိုင်းနားမှာ သူ့ကိုသစ္စာဖောက်ခဲ့တဲ့ Han Jae Hee ကို ပြောတဲ့ Dialogue တွေကို အရမ်းသဘောကျတယ်... သူ့စကားတွေက နုညံ့တယ်၊ ဂရုဏာမျက်လုံးတွေနဲ့ ဒီမိန်းမကို သူသနားတယ်၊ ဒီမိန်းမရဲ့ အပြစ်ကို ခေါင်းခံပြီး ထောင်ထဲဝင်ခဲ့တာဟာ ဒီမိန်းမအတွက် အမှန်၊အမှားကို ဆုံးဖြတ်နိုင်တဲ့ စွမ်းရည်မရှိအောင်လုပ်ခဲ့သလိုဖြစ်ခဲ့တဲ့အတွက် သူ့ကိုယ်သူပဲ အပြစ်တင်ပါတော့တယ်လို့ပြောတဲ့စကားက တဖက်က သူ့အပေါ်အမြဲကောက်ကျစ်ခဲ့တဲ့ မိန်းမကို ခြုံးပွဲချငိုလောက်တဲ့ စကားပဲ... အဲဒိအတွက် ကျွန်တော် မမကို လက်ထပ်ပါ့မယ်... ကျွန်တော့အချစ်ကို မပေးနိုင်တော့ပင်မဲ့ မမသာ မကောင်းတာတွေမလုပ်တော့ဘူးဆိုရင် ကျွန်တော် တင့်တောင်းတင့်တယ်ထားနိုင်အောင် ကြိုးစားပါ့မယ်ဆိုတဲ့စကားကလဲ တဖက်မိန်းမကို ဘယ်လောက်ဖီးငုတ်စေလဲ... နင့်ကိုတော့ မချစ်နိုင်တော့ဘူး.. ဒါပေမဲ့ ငါချစ်တဲ့ မိန်းကလေးကို နင်ဆက်မနှောင့်ယှက်တော့အောင် ငါခန္ဓာကိုယ်နဲ့ပဲ စတေးတော့မယ်ဆိုတဲ့ အဓိပ္ပါယ်က ဘယ်လောက် အောက်မလဲ စဉ်းစားကြည့်... သူ့ကို အသေရရ အရှင်ရရ ယူချင်တဲ့ မိန်းမတောင် နောက်ဆုံးမှာ သူ့အမှားတွေကို ၀န်ခံပြီး နောက်ဆုံတ်သွားခဲ့တယ် မေတ္တာနဲ့ ဖြေရှင်းခြင်းဟာ အကောင်းဆုံးပဲလို့ သင်ခန်းစာပေးသလိုပဲခံစားရတယ်... အချစ်စစ်မှန်ရင် ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ပြန်ချစ်တယ်၊ မေ့မသွားဘူးဆိုတာကိုလဲ ဇာတ်သိမ်းလှလှလေးနဲ့ သရုပ်ဖော်သွားတယ်... ပြောရင် Spoiler ဖြစ်မှာစိုးလို့ ဒီလောက်ပဲပြောတော့မယ်... ဒီဇာတ်လမ်းကို ကြည့်ပြီးတဲ့သူတွေကတော့ ဇာတ်သိမ်းလေးက ဘယ်လိုခံစားမှုမျိုးပေးလဲ ဘယ်လိုသဘောပေါက်လဲဆိုတာ ကွန်မန့်မှာပြောသွားတာကို မဗေဒါသိချင်ပါတယ်... ဘာပဲပြောပြော ဒီဇာတ်ကားနဲ့ Song Joong Ki ရဲ့ သရုပ်ဆောင်အားကို သိနိုင်သလို... မင်းသမီး Moon Chae Won ရဲ့နောက်ထွက်မဲ့ဇာတ်ကားတွေကိုလဲ မဗေဒါစောင့်ကြည့်ဖြစ်တော့မှာပါ...


ကိုရီးယားကားတွေ ဘာဆုတွေရလဲ ကြည့်တဲ့နေရာမှာ မဗေဒါအနေနဲ့ သူတို့ကားပြတဲ့ TV station ကပေးတဲ့ဆုထက် တကယ့် နိုင်ငံအစည်းအရုံးတစ်ခုခုပဲဖြစ်စေ... ရုပ်ရှင် အစည်းရုံးတစ်ခုလုံးကဖြစ်စေပေးတဲ့ဆုက ပိုပြီး ဂုဏ်ယူဖို့ကောင်းတယ်လို့ မဗေဒါထင်တာပဲ... Nice Guy အတွက်ဆုတွေကတော့....
2012 KBS Drama Awards
Top Excellence Award, Actor (Song Joong Ki)
Top Excellence Award, Actress (Moon Chae Won)
Netizens' Award (Song Joong Ki and Moon Chae Won)
Best Couple Award (Song Joong Ki and Moon Chae Won)
2012 1st K-Drama Star Awards
Best Actor Award (Song Joong Ki)
2012 20th Korean Culture & Entertainment Awards
Drama Top Excellence Award, Actor (Song Joong Ki)


၃။ Bridal Mask (aka) Gaksital



Episode : 28
Genre: Period, action, drama, romance
Joo Won as Lee Kang To / Lee Young / Sato Hiroshi
Park Ki Woong as Kimura Shunji
Jin Se Yun as Oh Mok Dan / Boon Yi / Esther
Han Chae Ah as Chae Hong Joo / Ueno Rie

Rating : 4.8/5


ဇာတ်လမ်းအကျဉ်း

ကိုရီးယားကို ဂျပန် ကိုလိုနီအုပ်စိုးတဲ့ခေတ်မှာ လီခန်ဆန်းနဲ့ လီခန်တိုဆိုတဲ့ ညီအစ်ကို၂ယောက်ရှိတယ်... အငယ်ကောင် "လီခန်တို" က "ဆတိုး ဟီရိုရှိ" အမည်နဲ့ ဂျပန်ရဲစခန်းမှာ ရဲလုပ်ပြီး ဂျပန်အကြိုက်နေတယ်... သူ့အစ်ကို လီခန်ဆန်းက သာမာန်အချိန်မှာဆို ဦးနှောက်မကောင်းတဲ့သူတစ်ယောက်လို့ အားလုံးကသိထားပင်မဲ့ မတရားမှုတွေရှိလာရင် တိုက်ဖျက်ပေးတဲ့ မျက်နှာဖုံးစွပ် သူရဲကောင်းတစ်ယောက်ဖြစ်တယ်... သူ့ကို "Gaksital" လို့ခေါ်ကြတယ်... Gaksital ကို သူ့အစ်ကိုမှန်းမသိပဲ သဲကြီးမဲကြီးဖမ်းဖို့ လိုက်ရှာနေတဲ့ လီခန်တိုတစ်ယောက် သူ့အစ်ကိုကို Gaksital လို့ သိလိုက်တဲ့အချိန်မှာ သိပ်နောက်ကျသွားပြီ... ဂျပန်တွေရဲ့ သေနတ်ဒဏ်ရာကြောင့် အစ်ကိုရော အမေပါ သူ့လက်ထဲမှာသေဆုံးသွားခဲ့တယ်... အဲဒိအချိန်မှာပဲ လီခန်တိုဟာ သာမာန်အချိန်မှာ လူအများမုန်းတဲ့ ဂျပန်ရဲစခန်းမှာအလုပ်လုပ်တဲ့ ရဲဖြစ်ပြီး... မတရားမှုတွေဖြစ်လာချိန်မှာ Gaksital မသေသေးဘူးဆိုပြီး ဂျပန်တွေကိုလှည့်စားကာ ပြည်သူတွေချစ်တဲ့ ပြည်သူဘက်ကရပ်တည်တဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လာခဲ့တယ်... လီခန်တိုရဲ့ အချစ်ဆုံးသူငယ်ချင်း ကီမူရာ ရွှန်းဂျီဆိုတဲ့ ဂျပန်ဟာ သူ့အဖေရဲ့သဘောထားကိုတောင်ဆန့်ကျင်ပြီး ကိုရီးယားကလေးတွေကို စာသင်ပေးတဲ့ ဆရာအဖြစ်အလုပ်လုပ်နေတဲ့ သဘောကောင်းမနောကောင်း လူတစ်ယောက်ပါ... သူဟာ တော်လှန်ရေးခေါင်းဆောင်တစ်ယောက်ရဲ့သမီး၊ သူမကိုယ်တိုင်လဲ တော်လှန်ရေးထဲပါဝင်လှုပ်ရှားတဲ့ မုတ်ဒန်း ဆိုတဲ့ ကိုရီးယားမလေးကို မြင်မြင်ချင်းချစ်မိသူပေါ့... ဒါပေမဲ့ မုတ်ဒန်းဆိုတဲ့ ကောင်မလေးက သူသိပ်မုန်းတဲ့၊ သူ့အစ်ကိုကို သူ့မျက်စိရှေ့မှာတင်သတ်သွားတဲ့ Gaksital ဆိုသူကို ချစ်နေလေရဲ့... အကြောင်းကြောင်းကြောင့်၊ အထူးသဖြင့် အချစ်ကြောင့် အမှောင်ကမ္ဘာကိုပြောင်းသွားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်...

ဝေဖန်ရေး
ဒီကားကို Airing လုပ်တဲ့အချိန်က အပေါ်မှာပြောခဲ့တဲ့ Ghost နဲ့ တစ်ချိန်တည်းပါပဲ... ပြတဲ့ TV channel ပဲ မတူတာပါ... ဒီကားဟာ စပြတကည်းက အဆုံးအထိ Viewer Rating ထိပ်ဆုံးပိုင်းမှာရှိပါတယ်... Ghost ကတော့ သူ့နောက်က မကွာဘူးဆိုယုံလောက်ရှိပါတယ်... ဒါပေမဲ့ တချို့ အပိုင်းတွေမှာတော့ Ghost က rating ပိုကောင်းတယ်လို့သိရပါတယ်... ဘယ်လိုပဲဖြစ်ဖြစ် ဒီကားရဲ့ အပိုင်းတိုင်းက Rating digit ၂လုံးအောက်ကျသွားတယ်ဆိုတာမရှိပါဘူး... ဒါဆိုဘာဖြစ်လို့ မဗေဒါက အမှတ်ပြည့်မပေးပဲ ၀.၂ လျော့ထားရသလဲဆိုရင်တော့ဖြင့် မင်းသမီးမကောင်းလို့လို့ပဲပြောရမှာပါ... ဇာတ်လမ်းက မင်းသားအဓိကကျနေပေမဲ့ မင်းသမီးသရုပ်ဆောင်အားက နောက်ကသိပ်မလိုက်နိုင်ဘူး... လုံးလုံးမကောင်းဘူးပြောတာမဟုတ်ပါဘူး... ဒီထက်ကောင်းအောင် သရုပ်ဆောင်လို့ရသေးတာကိုပြောတာ... မင်းသား Joo Won ကို Baker King မှာတုန်းက မကြည့်ဖြစ်လိုက်ပင်မဲ့ (Baker King က နာမည်ကြီးကားဆိုပင်မဲ့ အဲလိုဇာတ်လမ်းမျိုးကို မဗေဒါက မုန်းလို့မကြည့်တာပါ)... Bridal Mask (aka) Gaksital ကားမှာတော့ အ၀တ်အစားဝတ်တာ အရမ်းစမတ်ကျပြီး မိုက်ကန်းကန်းပြောင်စပ်စပ် (ဘယ်လိုပြောရမှန်းတောင်မသိဘူး) အဲဒိလို သရုပ်ဆောင်ကောင်းလို့ စွဲညိသွားပါတယ်... ပထမမင်းသမီးထက်စာရင် ဒုတိယမင်းသမီး ဂျပန်ဂိုဏ်းရဲ့ မွေးစားသမီး အစပိုင်းက လူဆိုးမလုပ်ရတဲ့ မင်းသမီး Han Chae Ah ကမှ ပိုသရုပ်ဆောင်ကောင်းပါသေးတယ်... ဒီကားမှာ မင်းသားနဲ့အပြိုင် သရုပ်ဆောင်အားကောင်းတာကတော့ ဒုတိယမင်းသား Kimura Shunji အဖြစ်သရုပ်ဆောင်တဲ့ Park Ki Woong ပါ... သူ့ကို တခြားကားတော်တော်များများမှာ ဇာတ်ပို့အနေနဲ့ တွေ့ဖူးပါတယ်... ဒီကားကတော့ သူရဲ့ ပထမဆုံး ဒုတိယမင်းသားအနေနဲ့ပါတဲ့ကားပါ... သူတို့ရိုက်ကွင်းပေါ်ကပုံတွေကို မဗေဒါရဲ့ facebook ပေ့ခ်ျပေါ်မှာ တင်ထားပါတယ်... ဇာတ်လမ်းအရလဲ အပိုင်း ၂၈ပိုင်းဆိုပေမဲ့ အရမ်းစွဲပြတယ်လို့ မထင်ပါဘူး... တချို့အပိုင်းလေး နည်းနည်းလောက်ပဲ ခဏပျင်းတာဖြစ်ပါတယ်... နောက်ဆုံးခန်းမှာ အနည်းငယ်အဆွေးနဲ့ ဇာတ်သိမ်းပင်မဲ့ သူရဲကောင်းဆိုတာ သံယောဇဉ်တွေနဲ့ ရှုပ်မနေတာပဲကောင်းပါတယ်... (အဟိ.. မင်းသမီးမကြိုက်တော့ ဒီလိုပဲ)... ခုမှစဉ်းစားကြည့်တော့ နောက်ဆုံးခန်းလေးက နည်းနည်းပေါ့ပျက်ပျက်ဆန်တယ်လို့ ခံစားရတယ်... မြန်မာကားအထာလိုဖြစ်သွားတယ်... အဲဒါကြောင့် အမှတ်နည်းနည်းလျော့သွားတာ... ဒါပေမဲ့ overall ဆိုရင်တော့ အချိန်ပေးကြည့်သင့်တဲ့ ဆက်ပြီးရင်း ဆက်ချင်နေတဲ့ ကားလေးတစ်ကားပါပဲ...

Bridal Mask (aka) Gaksital အတွက်ရခဲ့တဲ့ ဆုတွေကတော့....
2013 13th Republic of Korea National Assembly Awards
Drama of the Year
2012 KBS Drama Awards
Excellence Award for Serial Drama, Actor (Joo Won)
Supporting Actor Award (Park Ki Woong)
Newcomer Actress Award (Jin Se Yun)
Popularity Award (Joo Won)

2012 20th Korean Culture Entertainment Awards
Drama Excellence Actor (Kim Eung Soo)
Drama Excellence Actor (Jun Noh Min)
Drama Newcomer Award (Ban Min Jung)


ဆက်ရေးနေရင် အကြာကြီးစောင့်နေရမှာစိုးတာနဲ့ ဒီသုံးကားအရင်တင်လိုက်ပါတယ်.... ရေးပြီဟေ့ဆိုရင်လဲ ဇာတ်လမ်းနဲ့ပတ်သတ်တဲ့ ပြောချင်တာမှန်သမျှရေးမိတော့ ပိုစ့်တွေက ရှည်ပြီး ရေးရတဲ့သူလဲ ပင်ပန်း ပေးရတဲ့အချိန်လဲများပါတယ်... ဇာတ်ကားတွေက မနှစ်က ကားတွေဆိုတော့ လူက အသေးစိတ်ကို ခပ်မေ့မေ့ဖြစ်နေတော့ ပြန်ပြီးရှာရဖွေရ ဖတ်ရတာကလဲ အချိန်ပေးရသေးပါတယ်... ဖေ့ဘွတ်ပေ့ခ်ျမှာ Like 20 ပြည့်ရင် ကား ၂၀ ရေးမယ်လို့ပြောလိုက်တော့ တကယ်ပဲ လာ Like ကြတဲ့ ကိုရီးယား Drama ချစ်သူငယ်ချင်း စာဖတ်သူတွေတာဝန်ကျေခဲ့သလို မဗေဒါလဲ ရေးပါ့မယ်... စောင့်မျှော်ဖတ်ရှုကြပါနော်...

12 comments :

Swant said...

Very satisfied after reading your post and thanks so much too. I haven't watched the first and last one yet. I finished Nice Guy and same feeling as you of seeing the ending. For some reason, I want both of them to be together. I feel life is so unfair when Maru is dying. At least he should live. This is one of the dramas I didn't upset of the ending. Yokkata!
SST

Anonymous said...

Mad Cow deserved to win. I like his acting so much in Ghost.

SPP

mabaydar said...

@SST - yeah... I also think if Maru were to die, the drama would make me think, no matter how innocent and clever you are, if you are not rich, you still loose at the end... But the drama wrap up nicely... Thanks to the writer.

@SPP - I know you are Mad cow's fan... :P

Anonymous said...

Nice guy ကိုကြည့်တုန်း ကြည့်ရင်းနဲ့ ဇာတ်က နာသလို ခံစားရလို့ ရပ်ထားတယ် song joon ki ကိုကြိုက်လို့  မင်းသမီး ၂ယောက်မှာ မိထွေးနေရာက သူကို သိပ်မကြိုက်ဘူး မျက်နှာက မရှင်းလို့ (ကျန်တဲ့နှစ်ကားကိုတော့ ကြည့်ရသေးဝူး) ဟီးဟီး ဇာတ်ကားထက်ကို မင်းသား မင်းသမီးကို အစွဲပိုကြီးတယ်
အစ်မ Review ဖတ်ရတော့ပြန်ကြည့်လိုက်ပါဦးမယ် ရေးထားတာ ဂွတ်တယ် ရှာကြည့်ဦးမယ်
AMT

Anonymous said...

Mayflower Poe ကြိုက်တယ် အကုန်ရှာပီးကြည့်မယ် နောက်လည်းဇာတ်လမ်းကောင်း၂လေးတွေများများရီဗျူးရေး ခရီးသွားပိုစ့်လည်း မေ့မနေနဲ့ ဦးနော်

mabaydar said...

@AMT - ဟုတ်တယ်... မဗေဒါလဲ မိထွေးလုပ်တဲ့ မင်းသမီး အင်္ဂါရုပ်ကိုသိပ်မကြိုက်ဘူး... ဒါ့ကြောင့်လဲ သူရုပ်ရှင်လောကထဲဝင်တာကြာပြီ ခုထက်ထိခေါင်းဆောင်မင်းသမီးလုပ်ရတဲ့ကားဆိုလို့ သိသမျှထဲမှာ Coffee House ပဲရှိသေးတယ်.. ဒါတောင် ဒုမင်းသမီးနဲ့ မတိမ်းမယိမ်းနေရာ... သူက ဘယ်နှစ်ကလဲမသိဘူး Ms.Korea ရထားတာနော်... Nice Guy မှာ မင်းသားနဲ့ မင်းသမီးက ဇာတ်အရမ်းနာတယ်ထင်ရပင်မဲ့ သေချာစဉ်းစားကြည့်ရင် သူတို့ကမှ ချစ်သူနဲ့ ပျော်ရတဲ့ အချိန်လေးရှိခဲ့သေးတယ်… ဟိုမိန်းမက ချစ်သူနဲ့လဲ မနေရ… မချစ်မနှစ်သက်သူတွေနဲ့ ဆက်ဆံရ.. အမြဲစိုးရိမ်ပူပန်ပြီးနေရတယ်လေ… သူ့သားလေးတောင် သူ့ကြောင့် ကျောင်းမှာနှိမ်ခံရတယ်လေ… ဒီတော့ အမုန်းတွေနဲ့ တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်လုပ်နေသမျှတော့ ၂ဦး၂ဘက်လုံးခံစားရမှာပါပဲ… ဒါပေမဲ့ အဆုံးမှာ မင်းသားကို သတ်လိုက်မယ်ဆိုရင်တော့ မဗေဒါလဲ ခံရတဲ့သူက အဆုံးထိမနိုင်ဘူးဆိုပြီး စိတ်ခုမိမှာပဲ… ဒါပေမဲ့ သူက အမုန်းနဲ့ဇာတ်မသိမ်းပဲ မေတ္တာနဲ့ ဇာတ်သိမ်းလိုက်တော့ ဇာတ်သိမ်းလေးကလှတယ်… ပြီးတော့ မင်းသားကို လုံးလုံး အတိတ်မေ့တဲ့သူလုပ်လိုက်တော့ သူ့ရဲ့ခါးသီးတဲ့အတိတ်နဲ့ ယုတ်မာတဲ့အချစ်ဟောင်းကိုလဲ မမှတ်မိတော့ပဲ ရိုးသားတဲ့ သူလိုချင်တဲ့ သာမာန်အချစ်လေးနဲ့ပဲ ပျော်မွေ့သွားတာက ရင်ထဲမှာ တမျိုးလေးပဲတွေးလေ ကြည်နူးလေပဲ… အဆုံးထိကြည့်လိုက်… ကောင်းတယ်….

@Mayflower Poe - ခရီးသွားပိုစ့်တွေရဲ့ အမာခံပရိတ်သတ်လဲဖြစ်သလို အားပေးနေကြောင်းလဲ အမြဲအသိပေးတတ်တဲ့ ပိုးပိုးတို့လို စာဖတ်သူတွေကြောင့်မဗေဒါလဲ စာဆက်ရေးဖို့အားရှိရပါတယ်…

နွေးနေခြည် said...

Ghost ကို ဖေ့ဘွတ်မှာ rating 5/5 ပေးထားကတည်းက ကြည့်မယ်ဆိုပြီး မကြည့်ဖြစ်သေးဘူး။

Nice guy ကတော့ စကြည့်ကတည်းက မင်းသား သံယောဇဉ်နဲ့ကြည့်တာ... ပထမဆုံးသော တယောက်တည်းသော အပြင်မှမြင်ဖူးတဲ့မင်းသားလေး) မဗေဒါနဲ့သွားကြိုတာ အမှတ်တရပဲ ... ထောက်ခံတယ် မဗေဒါပြောသလိုပဲ ဒီလောက်ကြီး သရုပ်ဆောင်ကောင်းလိမ့်မယ်မထင်ထားဘူး။ သူလုပ်နိုင်မယ် ဇတ်ရုပ်လည်း မဟုတ်ဘူးလို့ ထင်ထားတာ။ လွဲတာပဲ။ မင်းသားရော မင်းသမီးရော သရုပ်ဆောင် အရမ်းကောင်းတယ်။ မင်းသမီးကို ကြိုက်သွားလို့ princess man တောင် ပြန်ရှာကြည့်လိုက်သေးတယ်။ princess man မှာ အဲ့ကမင်းသားကိုကြိုက်သွားလို့ Cheongdamdong Alice ကို ထပ်စွဲပြန်ရော..း)) သံသရာကို လည်နေတာပဲ။ ခုတော့ အဲ့မင်းသား မဒိန်းမှုနဲ့ တရားစွဲခံနေရတယ် (ပြောရင်း လမ်းကြောင်းတွေ လွဲကုန်ပြီ)

Bridal Mask တော့ အစပိုင်း ၃-၄ ပိုင်းကြည့်ပြီး ဆက်မကြည့်ဖြစ်တော့ဘူး။ မင်းသားက အပြင်က အသိတယောက်နဲ့ ရုပ်ဆင်တယ် ခံစားရလို့ သူ့တွေ့တိုင်း ရီချင်နေတယ်။ အဲ့ဒါကို မေ့ထားရင်တော့ ကြိုက်တဲ့မင်းသားထဲ ပါပါတယ်။ အရမ်းကြီးတော့ မကြိုက်ဘူး။

mabaydar said...

@နွေးနေခြည် - Princess man ကို အိမ်က အမေစွဲပြီး အဲမင်းသားကို ကြိုက်တာတော့ သတိထားမိတယ်... အဲတုန်းက မင်းသမီးကို အထင်မကြီးတာနဲ့ပဲ မကြည့်ဖြစ်ဘူး... အဲကားကောင်းလား... Cheongdamdong Alice review လဲ နောက်ပိုင်းရေးတဲ့ထဲပါမယ်... တကယ်ပဲ အဲမင်းသား မဒိန်းမှုနဲ့ တရားစွဲခံရတယ်??? မနာလိုသူတွေက ထောင်ဖမ်းတာလဲဖြစ်နိုင်တယ်... သူ့လောက်ချောတာ မဒိန်းကျင့်စရာတောင်မလိုဘူး မိန်းကလေးတွေဝိုင်းနေမှာ...
Bridal mask မင်းသား Joo Won မျက်နှာက အချောကြီးထဲမှာမပါဘူး... သူနဲ့တူတဲ့သာမာန်လူတွေရှိနိုင်တယ်... ဒါပေမဲ့သူက အ၀တ်အစားဝတ်ရင် စမတ်ကျပြီး ဂျစ်ကန်ကန်ပုံလုပ်ရင်အရမ်းလိုက်တယ်... အစက Baker King မှာတုန်းကလဲ သူ့ကို မချောဘူးလို့ကိုသတ်မှတ်ထားတာ... နောက်တော့ Gaksital မှာတော့ သူသရုပ်ဆောင်ကောင်းပြီး ဆွဲဆောင်မှုရှိတာ လက်ခံသွားတယ်...

နွေးနေခြည် said...

Princess man ကြည့်လို့ကောင်းတယ်။ ကြည့်ရင်း မင်းသားကို စွဲလန်းသွာတာက အဓိကပေါ့လေ .. ဟဲဟဲ
တကယ်တရားစွဲခံရတာ... ဘားမှာဆုံကျရင်း ၃ယောက်လုံး (မင်းသားကို အဲ့ကောင်မလေးနဲ့ မိတ်ဆက်ပေးတဲ့ နောက်ထပ် နာမည် မဖော်ပြထားတဲ့ မင်းသားတယောက်ပါသေးတယ်) အရက်မူးပြီး ကောင်မလေးရော၊ ကြားက မိတ်ဆက်ပေးတဲ့ တယောက်ရော Cheongdamdongက မင်းသားအိမ် လိုက်အိပ်တယ်။ နောက်ရက်တွေကျတော့ ကောင်မလေးက သူ့ကို ၂ခါ rape လုပ်ပါတယ်ဆိုပြီး တရားစွဲတာ။ ကောင်မလေးက ငွေလိုချင်လို့ တရားစွဲတယ်လို့လည်း ပြောကြတယ်။ မူးနေကြတယ် အိမ်မှာလည်း အတူအိပ်ခဲ့တယ်ဆိုတော့ ဘယ်သူမှန်တယ် မှားတယ် မပြောတတ်ပါဘူး။ ကောင်မလေး ကလည်း မင်းသားမီးပေါက်စလို့လည်း တချို့က ထင်ကြတယ်။ ဘယ်သူဆိုတာ မဖော်ပြထားဘူး။

Unknown said...

အဲဒီ့မင်းသားက park si hoo မလား.စိတ်မကောင်းလိုက်တာ.တို့ကြိုက်တဲ့မင်းသားပဲ.တို့ကြားဘူးတာကတော့ဒီလူတကယ်ကျုးလွန်လားမကျူးလွန်းဆိုတာ ဆေးပညာနဲ့ဖော်ထုတ်လို့ရတယ်လို့ကြားဘူးတယ်.မဗေဒါတို့ကမိန်းမပျိုလေးတွေဆိုတော့အသေးစိတ်မပြောပြတော့ဘူး.အများကြီးသိလို့တော့မဟုတ်ပါဘူး.ပတ်ဝန်းကျင်မှာအဲဒီအမူ့ဖြစ်ရင်ဒီလိုစစ်ကြတယ်လို့ကြားဘူးလို့ပါ.

ဝိ၀ိ said...

Ghostကားဆိုတော့ တစ်ပိုင်းနှစ်ပိုင်းပဲကြည့်ဖူးတယ်
Bridal Maskကိုတော့ အတော်ကြိုက်တယ်
တခြားဇာတ်လမ်းတွဲတွေကော မရှိတော့ဘူးလား??

mabaydar said...

@yati maung မဗေဒါလဲ ဒါတော့ သေချာမသိ။ မင်းသားကိုယ်တိုင်လဲ သွားပတ်သတ်ခဲ့လို့တော့ ခုလို စွတ်စွဲလို့ရတယ်ထင်တာပဲ။ ပြေလည်သွားမှာပါ။
@၀ိဝိ အင်း... ရေးနေတယ်... လာမယ်....