Monday, March 19, 2012

John Carter - movie review

ကြော်ငြာတွေ့တုန်းက ကြည့်ချင်ခဲ့ပင်မဲ့ နောက်ပိုင်း ပိုစတာကြည့်ပြီး ဘာလို့မှန်းမသိ သိပ်မကြည့်ချင်ဖြစ်နေလို့ တင်တာကြာနေပင်မဲ့ မနေ့ကမှ JOHN CARTER သွားကြည့်ဖြစ်တယ်… အမှန်တော့ ခုနောက်ပိုင်း GRAPHIC တွေကောင်းလာတိုင်း အဲလိုကားမျိုးတွေချည်းရိုက်နေလို့ အရင်ခေတ်က ACTION ကားလိုမျိုးတွေကို ပြန်တောင့်တနေတဲ့စိတ်ဖြစ်နေလို့ပါ… ဒါပေမဲ့ တကယ်သွားကြည့်လိုက်တော့ ကြည့်ရတာ တန်တဲ့ ရုပ်ရှင်တစ်ခုဖြစ်နေတယ်…

ဇာတ်လမ်းအကျဉ်းက

၁၈၈၁ခုနှစ်မှာ ယခင်စစ်မှုထမ်းဟောင်း ယခု သူဋ္ဌေးဖြစ်နေတဲ့ JOHN CARTER ရုတ်တရက်သေဆုံးပြီး သေတမ်းစာမှာသူ့အလောင်းကို ဘာလုပ်ရမယ်ဆိုတာကို အသေအခြာမှာကြားခဲ့တယ်… သူ့တူကို အမွေတွေပေးခဲ့ပြီး အိမ်ထိန်းကြီးက JOHN CARTER ရဲ့ မှတ်စုစာအုပ်ကိုပေးကာ ရုတ်တရက်သေဆုံးမှုနဲ့ ထူးခြားတဲ့ သေတမ်းစာအတွက် သဲလွန်စရလို့ရညားဖတ်ခိုင်းခဲ့တယ်…
စာအုပ်ထဲကအကြောင်းတွေက ၁၈၆၈ ခုနှစ်ကို ပြန်ခေါ်ဆောင်သွားတယ်… ရွှေရှာဖွေရေးလုပ်နေတဲ့ ဂျွန်ကာတာဟာ လူရိုင်းအုပ်နဲ့ ရဲလက်ကနေ သီသီလေးလွတ်မြောက်အပြီး ရွှေဂူကြီးတစ်ခုထဲရောက်သွားတယ်… အဲဒိမှာ ထူးဆန်းတဲ့လူတစ်ယောက်က သူ့ကို ATTACK လုပ်တာကြောင့် အဲဒိလူကို သားနတ်နဲ့ ပစ်သတ်လိုက်တယ်… သူ့လက်ထဲက ထူးခြားတဲ့ သတ္ထုပြားစလေးနဲ့ကို ကိုင်ကြည့်ရင်း အဲလူ မသေခင်ပြောသွားတဲ့စကားကို မတော်တဆလိုက်ရွတ်လိုက်ရင်က သူ့အတွက် ထူးဆန်းတဲ့ နေရာတွေကိုရောက်သွားစေခဲ့တယ်…

သူရောက်သွားတဲ့နေရာဟာ MARS ဂြိုလ်ဆိုတာ နောက်မှသူသိခဲ့တယ်… သူ့ရဲ့ အရိုးအနေအထားနဲ့ လေဖိအားနည်းမှုကြောင့် သူဟာအဲဒိမှာအမြင့်ကြီးကို ခုန်ပျံနိုင်တယ်… သူလက်သီးတွေက အားအရမ်းကောင်းနေတယ်… အဲဒိဂြိုလ်ပေါ်မှာလဲ အချင်းချင်းစစ်ဖြစ်သိမ်းပိုက်မှုတွေရှိနေတဲ့ ကြားမှာ JOHN CARTER ဟာ သူရဲကောင်းတစ်ဦးဖြစ်လာခဲ့တယ်… နောက်ဆုံး John Carter ဟာ Mars ဂြိုလ်ပေါ်က Helium နိုင်ငံက မင်းသမီးလေးနဲ့ သက်ဆုံးတိုင်နေတော့မယ်ဆုံးဖြတ်ပြီးကာမှ ကမ္ဘာပေါ်ကို လူဆိုးတွေရဲ့လုပ်ရပ်ကြောင့်ပြန်ရောက်လာတဲ့ အချိန်ကစပြီး MARS ဂြိုလ်ပေါ်ကို ပြန်သွားဖို့အတွက် သူ့ရဲ့ ကြီးမားတဲ့ အကြံအစည်ကို စခဲ့တယ်... John Carter ရဲ့ အကြံစည်မအောင်မြင်ခင် သေဆုံးသွားသလား... ဒါမှမဟုတ် သူ့ရဲ့ ရုတ်တရက်သေဆုံးမှုရဲ့ နောက်ကွယ်က အကြောင်းအရာဘာလဲဆိုတာတော့ ဖန်သားပြင်မှာ ရှုစားလိုက်နော်...

ဝေဖန်ရေး…

ဇာတ်လမ်းဆက်ပြောနေရမှာရှည်ပါတယ်… အဆုံးပိုင်းလေးက TWIST လေးနဲ့ သိမ်းသွားတဲ့အတွက် စိတ်ဝင်စားစရာကောင်းပါတယ်… အစပိုင်းမှာ မင်းသားကို THOR ထဲကမင်းသားလောက် COOL ဖြစ်မှာမဟုတ်ပါဘူးဆိုပြီး အထင်သေးခဲ့တယ်… (အမှန်တော့ THOR ထဲကမင်းသားကိုလဲ စစကြည့်ချင်း မချောလဲ မချောဘူးထင်ခဲ့တာပဲ ကြည့်ရင်းနဲ့မှ ချောလာတာ)… ဒီမင်းသားလဲ အဲလိုပဲ… ပထမတော့ မုတ်ဆိတ်တွေနဲ့ ပိန်သလိုလိုနဲ့ နောက်ပိုင်း MARS ပေါ်ရောက်ပြီး မုတ်ဆိတ်ရေးရေးနဲ့ ဆံပင်အရှည်နဲ့ ဗလတွေမြင်တော့မှ အတော်ဆွဲဆောင်မှုရှိသားလို့… ဟဲ… တစ်ချက်တစ်ချက် JOHNNY DEPP နဲ့ တူတယ်လို့ခံစားရတယ်… ဒါပေမဲ့ အဲဒိမင်းသား Taylor Kitsch က Johnny Depp လောက်တော့ မချောဘူး… သူ့အရင်ပုံတွေကြည့်တော့ ဒီ John Carter လောက် သိပ်ဆွဲဆောင်မှုမရှိဘူး…
မဖြစ်နိုင်တာတွေကိုအစကတည်းက စိတ်ကူးယဉ်ပြီးရိုက်ထားတယ်ဆိုတော့ တခြားလဲ အထွန့်တက်မနေချင်တော့ပါဘူး… မားစ်ပေါ်မှာ လူနေလို့ရတယ်ဆိုတာကိုက မဟုတ်သေးပါဘူးလို့ထင်တာပဲ… ဘာပဲပြောပြော ရုပ်ရှင်တစ်ခုအနေနဲ့တော့ Entertainment ဖြစ်ပြီး action ခန်းတွေကလဲ ကြည့်လို့ကောင်းပါတယ်… ဟာသလေးတွေလဲ အနည်းငယ်နှောထားတဲ့အတွက် စိတ်ဝင်စားစရာကောင်းပါတယ်… John Carter ကောင်းပါမလားလို့တွေးနေသူတွေအတွက် မဗေဒါက ကြည့်သင့်တဲ့ကားလို့ ပြောချင်ပါတယ်… (ကိုယ်ပြောတာတောင် အတော် နောက်ကျနေပြီထင်ပါတယ်)

John Carter ကားဟာ IMDB မှာ 7.1/10 rating ရရှိထားပြီး... GV မှာတော့ 4/5 rating ရရှိထားပါတယ်..

3 comments :

Mrs. Bagel said...

ok, i am gonna watch it :)

မောင်သီဟ said...

အဲလိုရုပ်ရှင်တွေဇတ်ကားတွေဆို ကြိုက်တယ်

8Yar said...

မဗေဒါရေ အရင်ကတည်းကကြည့်ချင်နေတာ မကြည့်ဖြစ်သေးဘူး။ မိတ်ဆက်ပေးလို့ ကျေးဇူးပါခင်ဗျာ။ ဒီလိုစိတ်ကူးယဉ်ဆန်တဲ့ကားတွေဆို အိပ်ယာကသိပ်ကြိုက်။ :) မဗေဒါ ဗလတောင့်မှ ချောတယ်ထင်တာလား။ ဟိ ဟိ.. :P