Monday, November 14, 2011

It's the day, a girl was born to be My MUM

ကျွေးမွေးသုတ်သင်၊ သက်ဆုံးပင်
ချစ်ခင်ရှာပေ၊ တို့မေမေ။

ငယ်စဉ်ကာလ၊ စည်းကမ်းပြ
ဆုံးမခဲ့ပေ၊ တို့မေမေ။

အရွယ်ရောက်လာ၊ ကျောင်းအပ်ကာ
ပညာပေးပေ၊ တို့မေမေ။

ကျန်းမာဖို့ရေး၊ သင့်ရာကျွေး
လေးစားအပ်ပေ၊ တို့မေမေ။

ဝတ်စားဆင်ယင်၊ မြတ်နိုးကြင်
ချစ်ခင်အပ်ပေ၊ တို့မေမေ။






A mother is she who can take the place of all others but whose place no one else can take. -Cardinal Mermillod
အမေဆိုတာ ကျန်တဲ့အရာတွေ အားလုံးနေရာဝင်ယူနိုင်တယ်…. ဒါပေမဲ့ ကျန်တဲ့ဘယ်အရာမှ အမေ့နေရာကို ၀င်မယူနိုင်ဘူးဆိုတဲ့ စာသားလေးက မေမေ့မွေးနေ့အတွက် ပိုစ့်ရေးဖို့ inspiration လိုက်ယူနေတဲ့ ကျွန်မအတွက်တော့ ကျွန်မ စိတ်ကို အထိမိဆုံးစကားလေးတစ်ခွန်းပါပဲ…

အပေါ်က တို့မေမေ ကဗျာထဲက အချက်တွေနဲ့ အားလုံးနဲ့ ကျွန်မမေမေ ညီတယ်ဆိုတာကတော့ အထူးတလည်ပင် ပြောနေစရာမလိုတော့ပါဘူး…

ဒါလောက်များ ပျင်းသေး… ဒိထက်တောင် ပိုသေးလို့ပဲ ပြောလိုက်ချင်ပါတော့တယ်…
အပေါင်းအသင်း သူငယ်ချင်းတွေ ဘယ်လောက်ကောင်းကောင်း ကိုယ်လိုအပ်ချိန်မှာ အမြဲတမ်း အဖော်ရှိနေတတ်တာ ကျွန်မ မေမေပါ…
နှလုံးသားရေးရာ ကိစ္စတွေ အဆင်မပြေချိန်မှာ ကိုယ်စကားတစ်ခွန်းမှ မပြောပင်မဲ့ နားလည်ပေးနိုင်တာ ကျွန်မမေမေပါ…

သမီးတွေနဲ့ အဖေနဲ့ အကြိုက် အမြင်မတူတာတွေကြားမှာ ညှိနှိုင်းပေးနေတတ်တာ ကျွန်မမေမေပါ…

ဘုရားသိပ်မရှိခိုးဖြစ်တဲ့ ကျွန်မတို့အတွက် အရေးကြီးတဲ့ ရက်တွေမှာ လိုအပ်တဲ့ ရတြာတွေနဲ့ ကျွန်မတို့တစ်ယောက်ချင်းစီအတွက် မမောနိုင်မပန်းနိုင် ဆုတောင်းပေးတတ်တာ ကျွန်မတို့မေမေပါ…

ကျွန်မတို့ သမီးတစ်ယောက်ချင်းဆီရဲ့ အကြိုက်နဲ့ အညီ လိုက်ဖက်အောင် ဟင်းစီစဉ်တတ်တာ ကျွန်မမေမေပါ…

ညီအစ်မလို တိုင်ပင်နိုင်ပြီး ရီစရာတွေပြောလို့ရတာ ကျွန်မတို့မေမေပါ…

အသုတ်အစုံ ရှယ်ကောင်းတာ ကျွန်မတို့ မေမေပါ…

အိမ်မှာ အလုပ်များနေလို့ တစ်ယောက်နဲ့တစ်ယောက်မတွေ့ဖြစ်ရင်တောင် အိမ်သားတွေအချင်းချင်းအကြောင်း update ဖြစ်နိုင်တာ ကျွန်မတို့ အိမ်ရဲ့ အင်ထရာနက် မေမေရှိလို့ပါ…

စာဖတ်ရမှာ ပျင်းသော်လည်း (ကျွန်မနဲ့ တူတာ) ကျွန်မရေးသမျှ (မဖြစ်လောက်တဲ့) စာများကို Die hard fan အဖြစ် မှန်မှန်ဖတ်အားပေးတတ်တာ မေမေပါ…



အချိုအစိမ့်တွေ အချိုရည်တွေ မတည့်လို့ မစားပါနဲ့ လို့ အတန်တန်တားသော်လည်း သနားစရာမျက်နှာနှင့်တစ်မျိုး ကျွန်မတို့ မသိလိုက်ချိန်တမျိုး ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်စား၍တစ်မျိုး ပြောလို့မရတာလဲ ကျွန်မတို့ မေမေပါ…

ပြောရမယ်ဆိုရင် ပြောမကုန်နိုင်ဖြစ်နေမှာစိုးလို့ အချုပ် တင်စားရရင် အိမ်မှာ ပျင်းခြောက်ခြောက်မဖြစ်စေပဲ eventful ဖြစ်နေနိုင်တဲ့ မေမေ့ကို အိမ်ရဲ့ ဆည်းလည်းလို့ချစ်စနိုးနဲ့ တစ်ဖန်ပြန်တင်စားချင်ပါတော့တယ်…

ဒီပိုစ့်လေးနဲ့အတူ မေမေ့မွေးနေ့အတွက် ဆုတောင်းပေးချင်တာကတော့ မေမေ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းသာသာနဲ့ ဒီလင် ဒီသမီးတွေနဲ့ အသက်ရာကျော်ရှည်နေနိုင်ပါစေ… မြေးတွေ ခုချက်ချင်း ဘယ်သမီးကမှ မပေးနိုင်သေးလို့ ကျန်းမာရေးကို အထူးသတိပြုလိုက်စားဖို့ ရှောင်သင့်တာရှောင်ပြီး ဆောင်သင့်တာဆောင်ဖို့ မှာချင်ပါတယ်...



မေမေ့ မွေးနေ့အတွက် ဘာလက်ဆောင် ပေးရင်ကောင်းမလဲ စဉ်းစားရင်း ကျွန်မတို့ကိုယ်တိုင် ကိတ်မုန့်ကို decoration ဆင်လို့ရတဲ့ ဆိုင်လေးကနေ ဒုတိယအသေးဆုံး ကိတ်မုန့် ၆လက်မအကျယ်ကိတ်မုန့်လေးကို ၀ယ်ပြီး surprise လုပ်ခဲ့တယ်... ကိုယ်တိုင် ပုံဖော်တော့ သိပ်တော့မလှဘူး... ဒါပေမဲ့ လုပ်ဆောင်ချက်သာ အဓိကပဲလေ... ပြီးတော့ မေမေ့ မွေးနေ့အတွက် ဗွီဒီယိုလေး လုပ်ပေးဖြစ်တယ်... ဗွီဒီယို ကြည့်လို့မရင် ကိတ်မုန့်ကို ဓာတ်ပုံကြည့်သွားနော်... (ခု ရေးနေတဲ့ အချိန်မှာ ဗွီဒီယိုက upload လုပ်တုန်း) ပြီးရင်တင်မယ်...





8 comments :

Anonymous said...

ဖေဖေနဲ့မေမေက
မွေးနေ့သိပ်မကွာဘူးပဲနော်အစ်မး)
ကိတ်မုန့်လေးကလှလိုက်တာ ;)
ဒီလိုသိတတ်လိမ္မာတဲ့
သမီးလေးတစ်ယောက်ရှိတာ
အန်တီကံကောင်းတာပေါ့း)
မွေးနေ့မှစကာ.နှစ်ပေါင်းများစွာတိုင်အောင်
ချစ်သောမိသားစု.သားသမီး
မြေးမြစ်များနဲ့အတူ..
ပျော်ရွှင်ချမ်းမြေ့ဖွယ်.နေ့ပေါင်းများစွာကို
ပိုင်ဆိုင်နိုင်ပါစေရှင်
ခင်မင်စွာဖြင့်
မိစံ

mabaydar said...

မိစံရေ အမြဲအားပေးတဲ့အတွက် ကျေးဇူးနော်... ဗွီဒီယိုရော ကြည့်သွားလား... ဘယ်လိုနေလဲ... ဟီး...

ချော(အစိမ်းရောင်လွင်ပြင်) said...

ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေလို့ မဗေဒါတို့ မေမေအတွက် ဆုတောင်းပေးပါတယ်နော်
ကိတ်မုန့်လေးက ကိုယ်တိုင်လုပ်တယ်ဆိုပေမဲ့လို့ ချစ်ခြင်းမေတ္တာတွေနဲ့ ယက်ဖောက်ပြီး လုပ်ထားတာမို့လို့ လှပ ချစ်စရာကောင်းပါတယ်..
ညီမ မေမေကျေနပ်ပျော်ရွှင်သွားမှာဘဲနော်..
ဗီဒီယိုလေးကို အပြီးအထိ သေချာကြည့်ရင်း ကိုယ်ပါရောယောင်ပြီး ပျော်ရွှင်သွားမိတယ်..
ပျော်စရာကောင်းတဲ့ မိသားစုလေးဘဲလို့ သိလိုက်ရတယ်..
ပြီးတော့ မဗေဒါတို့ မိဘတွေရဲ့ နှစ်ယောက်တွဲပုံလေးကလည်း ကြည်နူးစရာကောင်းလှတယ်.
အထူးသဖြင့် ကမ်းခြေမှာ လက်ကိုယ်စီတွဲပြီး ကျောပေးထားတဲ့ပုံကလေးက တအားကို ရိုမန်တစ် ဆန်တာပါဘဲ။
မဗေဒါမေမေ မွေးနေ့ပေါင်းများစွာကို ချစ်သော ခင်ပွန်း၊ သားသမီးများနဲ့ မြေးမြစ်တွေရတဲ့အထိတိုင် ဆင်နွဲနိုင်ပါစေလို့ဆုတောင်းပေးပါတယ်နော်..

ခိုင် said...

ညီမလေး မေမေ အပါအဝင် အမေတွေ အားလုံးစိတ်ချမ်းသာ ပျော်ရွှင်ကြပါစေ....

TZH1985 said...

Happy BD to your mum, Sis :)

Anonymous said...

မွေးနေ့ပွဲကိုကနေ့မှာလာတက်နိုင်တယ်ဗျာ
း) ဟောဟဲ မုန့်လေးများကျန်သေးရင် ကျွေးပါအုံး ဂလု ဂလု

မောင်ဘကြိုင်

mabaydar said...

ဆုတောင်းပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်...

မောင်ဘကြိုင်ရေ အဲဒိနေ့က ရှမ်းခေါက်ဆွဲတော့ ကုန်သွားပြီ ဒါပေမဲ့ ဒီနေ့ မုန့်ဟင်းခါးချက်တယ်... ကြိုက်ရင် လာစားလို့ရပါတယ်... :)

Unknown said...

မိဘကို သိတတ်တဲ့သမီးတစ်ယောက် အနေနဲ့ ဘ၀မှာ အစဉ်အမြဲ တိုးတက် ကြီးပွါးမှာပါ... အခက်အခဲ အကြပ်အတည်း ရောက်ခဲ့ရင်တောင် ကျော်လွှားနိုင်မှာပါ... မဗေဒါရဲ့မေမေ မွေးနေ့မှသည် မိသားစုနဲ့ နောင် မွေးနေ့ပေါင်းများစွာ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ...