Wednesday, November 02, 2011

Cute and nice idea for photoshoot in bed

ဘယ်အရာမဆို အိုင်ဒီယာကောင်းဖို့က အရေးကြီးပါတယ်... တချို့အရာလေးတွေကို ကိုယ်ဘယ်လောက်စဉ်းစား စဉ်းစား ဘယ်လို အကုန်ကျခံထား ခံထား နောက်ဆုံးကျရင် အိုင်ဒီယာကောင်းတဲ့သူကပဲ ကုန်ကျစရိတ်နည်းနည်းနဲ့ပဲရိုက်အုံး လူကြိုက်ပိုများတတ်ကြပါတယ်... မဗေဒါလဲ ကျောင်းက ဓာတ်ပုံ assignment တွေလုပ်မှ ကိုယ်တော်တော် အိုင်ဒီယာမထွက်လို့ အတော်လေးစိတ်ပျက်ရပါတယ်... တစ်ခါတစ်လေ အွန်လိုင်းမှာ references တွေရှာကြည့်ရင် သူများတွေလုပ်ထားတွေတွေ့မှ အော် ဒါလေးက ဒီလိုလုပ်ရင် လွယ်လွယ်လေးပဲဆိုပြီး ဖြစ်ရတဲ့အခါတိုင်း "ဒါကိုဘာလို့ ငါ့ဘာသာငါမသိပဲ သူများလုပ်တာကြည့်ပြီးမှ နားလည်တာလဲ" ဆိုပြီး မခံချိ မခံသာနဲ့ ကိုယ့်ကိုကိုယ် စိတ်ပျက်ရပါတယ်...



ပရိုဂရမ်းမင်း ဘာသာကို မဗေဒါ အရင်က လက်လျှော့လိုက်တဲ့ အထဲမှာ အဲဒိပြဿနာကြောင့်လဲပါပါတယ်... ကိုယ့်ဘာကိုယ်ရေးဆိုရင် concept တွေ command တွေ အားလုံးသိပါရဲ့ ဘယ်က စရေးရမှန်းကို မသိဘူး... သူများရေးပြီးသွားရင်တော့ ဖတ်ကြည့်ရင် နားလည်တယ်... စိတ်ဓာတ်ကို ကျရော... မဗေဒါလို ခံစားဖူးတဲ့သူရှိကြလားတော့ မသိဘူး... ဒါပေမဲ့ ပရိုဂရမ်းမင်းကို ကြိုက်တဲ့သူတွေကျတော့လဲ အဲလို ထိုင်စဉ်းစားနေရင်း အဖြေကို နည်းအမျိုးမျိုးနဲ့ကြိုးစားရတာကို ကြိုက်တာတဲ့... အင်းပေါ့လေ... အဖြေရသွားရင်တော့ အရမ်းကို ပျော်ရတာသိပါတယ်... မဗေဒါမှာ ပါရမီမပါလို့လားတော့ မသိပါဘူး... ကျောင်းမှာ နောက် semester ကျရင် C++ ယူရတော့မယ်... ညစ်တယ်... ဆီပရိုဂရမ်းမင်း တတ်တဲ့သူတွေရှိရင် ဆရာတင်ပါတယ်နော်... ကူညီကြပါ...

ကဲ... ပြောချင်တာကတခြား ရောက်သွားတာက ပရိုဂရမ်းမင်းအကြောင်း... လိုရင်းကို ပြန်ဆွဲရရင်... ဒီနေ့ အင်တာနက်မှာ ဟိုကြည့်ဒီကြည့်နဲ့ ကောင်မလေးတစ်ယောက် ရှိတဲ့ ခန်းတွင်းပစ္စည်းတွေနဲ့ပဲ တန်ဆာဆင်ပြီး အိပ်ယာပေါ်မှာ အိုက်တင်အမျိုးမျိုးနဲ့ ရိုက်ထားတာလေးက စိတ်ဝင်စားစရာကောင်းနေလို့ပါ... ပြီးတော့ အိုင်ဒီယာလေးကောင်းလိုက်တာဆိုပြီး သဘောကျလို့ အားလုံးကြည့်ရအောင် ဝေမျှလိုက်ပါတယ်...








5 comments :

TZH1985 said...

Wow! Impressive.. Thanks for sharing Sis...

Anonymous said...

programming ဆို..
အသံကြားတာနဲ့တင်..လန့်ပြေးတာ.အစ်မရေး)
ပထမနှစ်တုန်းကတော့..ကျောင်းမှာ.သင်ခဲ့ရဘူးတယ်
အဆင်ပြေခဲ့ပါတယ်..
အော်ကျက်ခဲ့တာကိုးးP
အစ်မလည်း..ဒီနည်းကြိုက်ရင်.သုံးကြည့်ပေါ့း))
ပုံလေးတွေလည်း..ကြည့်သွားပါတယ်ရှင်
ကားစီးနေတဲ့ပုံလေး..သဘောကျတယ်ရှင့်း)
အစစ..အောင်မြင်ပါစေအစ်မရေ
ချစ်ခင်စွာဖြင့်
မိစံ

စန္ဒကူး said...

Cameraman must be a spiderman... Just a thought!! Love the ideas... Need spiderman :)))

ချော(အစိမ်းရောင်လွင်ပြင်) said...

Dip in IT တက်တုန်းက ပရိုဂရမ်းမင်း သင်ခဲ့ရသေးတယ်။ ရှုပ်ထွေးပြီး စိတ်ညစ်စရာကောင်းတာမို့ စာမေးပွဲအောင်ရုံလောက်သာ လေ့လာခဲ့မိတယ်
ခုနေခါမှာ တစ်လုံးတောင် ပြန်သတိမရတော့ဘူး။ စိတ်ဝင်စားတာ အဲသလို.. အိပ်ရာပေါ်က အိုင်ဒီယာလေးတွေ သဘောကျတယ် ရိုးရိုးရှင်းရှင်းလေးနဲ့ စိတ်ဝင်စားဖို့ ကောင်းနေတယ်.။. စိတ်ကူးကောင်းလေးတွေဘဲနော်
ကိုယ်တွေကျတော့ အဲသလိုစိတ်ကူးကို မထွက်တား)

Yin Sue said...

ပရိုဂရမ်းမင်းလည်း မသိပါဘူး.....မဗေဒါတင်ပေးလို့..အိုင်ဒဒီယာလေးတော့ ချီးကျူးမိတယ်.....တော်တော် ကောင်းတဲ့ညဏ်ဘဲ...ကျေးကျေးမဗေဒါ.....