Wednesday, November 16, 2011

တောင်နံရံပေါ်က ဖန် လမ်းကြောင်း

ဒီနေ့ ဂူဂဲလ်ပလပ်စ်မှာ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်ရင်း စိတ်ဝင်စားစရာကောင်းတဲ့ နေရာလေးတစ်ခုအကြောင်း သွားတွေ့ပါတယ်… အဲဒါကတော့ တရုတ်ပြည် Hunan မှာရှိတဲ့ The Zhangjiajie National Forest Park မှာရှိတဲ့ Tianman တောင်ထိပ်ပေါ်မှာ တောင်နံရံကို ကပ်ပြီး ဖန်နဲ့ဆောက်ထားတဲ့ လမ်းကြောင်း ဓာတ်ပုံတွေဖြစ်ပါတယ်…
ဒါနဲ့ သိချင်လို့ ထပ်ရှာကြည့်တော့ ဒီလမ်းကြောင်းကို ၇ရက် ၁၁လ ၂၀၁၁ ကမှ ခရီးသွားများအတွက် စတင်ဖွင့်လှစ်လိုက်တာပါ… ပင်လယ်ရေမျက်နှာပြင်အထက် ၁၄၃၀ မီတာ (၄၇၀၀ ပေ) မြင့်ပါတယ်… ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင်တက်လမ်းထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်… စုစုပေါင်း လမ်းကြောင်း အရှည်က ၆၉မီတာ (၂၀၀ ပေ) ဖြစ်ပါတယ်… ဖန်သားအထူက ၃လက်မပါ… လာရောက်လည်ပတ်သူတွေကို ဖန်ပေါ်တွင် မချော်လဲစေရန် သင့်တော်တဲ့ဖိနပ်များကို စီးဖို့ အကြံပြုထားပါတယ်…














နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ချက်ကတော့ ၂၀၁၀ ခုနှစ်က ထွက်တဲ့ “Avatar” ဇာတ်ကားထဲမှာပါတဲ့ ကောင်းကင်ပေါ်မှာ ပျံနေတဲ့တောင်တွေ “Hallelujah Mountain” ကို ဒီဇိုင်းဖော်တဲ့အခါမှာ ဒါရိုက်တာနဲ့ ဒီဇိုင်နာတွေရဲ့ အတွေးကို စတင် အခြေခံပေးလိုက်တဲ့ တောင်တွေလို့သိရပါတယ်… ဒီတောင်တွေထဲက တစ်တောင်ကို ယခုအခါမှာ “Avatar Hallelujah Mountain” လို့တောင် တရားဝင် နာမည်ပြောင်းပေးလိုက်ပြီလို့သိရပါတယ်…


Now name as Avatar Hallelujah Mountain

ဒီ သတင်းအချက်အလက်တွေရဖို့ ဟိုရှာဒီရှာလုပ်ရင်း အများသူငှာတွေရဲ့ အမြင်ကိုလဲ ဖတ်ခဲ့ရလို့ ကျွန်မသာဆိုရင်ရောလို့တွေးဖြစ်ပါတယ်… ဟုတ်ပါတယ်… ကျွန်မကတော့ လုံခြုံမှု အသက်အန္တရာယ်ကို မယုံကြည်တဲ့အတွက် အဲဒိ ဖန်လမ်ကြောင်းပေါ်ကို တက်မလျှောက်ရဲပါဘူး… အောက်ပါလူတစ်ချို့ တွေကလဲ ဒီလိုပြောထားကြပါတယ်… http://thecornfieldonline.com ဖိုရမ်မှာ ဆွေးနွေးထားကြတာကို ကောက်နုတ်ပါတယ်…

တစ်ယောက်က ဟောဒီလိုပြောပါတယ်…
The real fear is that it was built by the Chinese. it could come down any time.

I'll stick with the ledge at the Sears, er, Willis Tower in Shitcago.
(တကယ်ကြောက်စရာကောင်းတာက တရုတ်ပြည်က ဆောက်ထားလို့ပဲ… အချိန်မရွေးပြိုကျနိုင်တယ်…
ငါကတော့ ချီကာဂိုက Sears, Willis Tower တွေပဲသွားတော့မယ်…)

နောက်တစ်ယောက်က ဒီလိုပြောတယ်…
Who the hell knows what those bolts and fasteners are made from, how they were made, and even if they were tested.

No thanks. Track record and all that.
(ဒီလက်ရမ်းတွေ ဒီမူလီတွေ ဘယ်ကနေထုတ်တာလဲ၊ ဘယ်လိုထုတ်လုပ်ခဲ့တာလဲ၊ ဒါတွေက (လုံခြုံစိတ်ချရတဲ့) စမ်းသပ်မှုတွေပြုလုပ်ခဲ့ရဲ့လား ဆိုတာ ဘယ်သူသိလဲ…
ကျေးဇူးပဲ ဒါပေမဲ့ ကျွန်မအတွက်တော့ (ဒီခရီးက) မလိုအပ်ဘူး..)

နောက်တစ်ယောက်ကဖြေတယ်…
Made by China, following Chinese "regulations". See all pics.
Pass.
(တရုတ်ကလုပ်တာလေ… တရုတ်ပြည်စည်းကမ်းတွေအတိုင်းလိုက်နာပြီးလုပ်ထားတာပေါ့… ကျွန်တော်လဲ Pass ပဲဗျာ…)

နောက်တစ်ယောက်က…
..the railing/fasteners are stainless steel. it is very obvious. not going anywhere either.
(လမ်းကြောင်းကို ပတ်ထားတာတော့ stainless စတီးဆိုတာ အသိသာကြီး… ကျွန်တော်လဲ ဘယ်မှမသွားပါဘူး…)

နောက်တစ်ယောက်တော့…
Looks perfectly safe.

I still wouldn't do it. (အမြင်အရတော့ လုံခြုံမှု အသေအချာ ရှိတယ်ဆိုတယ်လို့ ထင်ရတာပဲ… ဘာပဲဖြစ်ဖြစ် ကျွန်တော်တော့ မသွားဘူး)

Google+ က ဓာတ်ပုံတင်တဲ့သူမှာရတဲ့ ကွန်မန့်တွေမှာတော့ တချို့ကလဲ မိုက်တယ်… သွားချင်တယ်… လှလိုက်တာ … အံ့သြစရာကောင်းအောင်လှလိုက်တာ… အင်ဂျင်နီယာတွေရဲ့ အနုပညာပဲ စသည်ဖြင့် ချီးကျူးထားကြသူတွေရှိသလို တချို့သူတွေကလဲ အပေါ်က ဖိုရမ်ထဲကလူတွေလိုပဲသဘောမတူကြပါဘူး..

လူတစ်ယောက်ဟာ အတွေးအခေါ်တစ်မျိုးစီကွဲပြားကြပါတယ်… ကွဲပြားနိုင်ပါတယ်… ကျွန်မဒီဓာတ်ပုံတွေကို တွေ့တော့ ဘယ်နေရာလဲမသိဘူးဆိုပြီး ခရီးသွားဝါသနာပိုးအရ ရှာကြည့်မိပါတယ်… ဒါပေမဲ့ တရုတ်ပြည်ဆိုတာတွေ့ရတော့ ဘာကြောင့်မှန်းမသိ စိတ်ထဲအောင့်သက်သက်ကြီးဖြစ်သွားတယ်… ဒီပိုစ့်ကို ရေးဖို့ အချက်လိုက်ရှာတော့မှ သူများတွေကွန်မန့်တွေဖတ်ပြီး ကျွန်မစိတ်ထဲက အောင့်သက်သက်ဖြစ်တာကို ရှင်းသွားတော့တယ်… တရုတ်ပြည်ကဆောက်တဲ့ ၃လက်မအထူရှိ တောင်နံရံမှာကပ်ဆောက်ထားတဲ့ လမ်းကြောင်းကို လျှောက်ဖို့ဆိုတာ ယုံကြည်မှုနဲ့ အများကြီးဆိုင်ပါတယ်… ဆောက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို ယုံကြည်လား၊ ဆောက်လုပ်သူတွေကို ယုံကြည်လား၊ ဒီလမ်းကြောင်းကို ထိမ်းသိမ်းစောင့်ရှောင့်ရေး ကို ယုံကြည်လား… နောက်ဆုံးကုန်အောင်ပြောမယ်… အတူတူလမ်းလျှောက်နေတဲ့ ဘေးက လူက အဲဒိပေါ်မှာ မခုံပါဘူး မအံပါဘူး လက်မကစားပါဘူး မဖျက်စီးပါဘူးလို့ယုံကြည်လား… ဒါတွေအားလုံးကတော့ သင့်ရဲ့ ခံယူချက်ပေါ်ပဲမူတည်တယ်…

ကျွန်မအတွက်ကတော့ မြန်မာပြည်မှာခေတ်စားနေတဲ့ စကားတစ်ခွန်းကို သွားသတိရတယ်… “တရုတ်စက်၊ တရက်စုတ်” တဲ့… တရုတ်ကထုတ်တဲ့စက် ၁ရက်ထဲနဲ့ စုတ်တယ်လို့တောင် တဘောင်ထွက်သတဲ့… ကိုယ်ကိုတိုင် တရုတ်ပြည် ရှန်ဟိုင်းကို အလည်အပတ်ရောက်တုန်းကလဲ တန်းစီရမဲ့နေရာတန်းမစီတာတို့ ကျော်တက်တာတို့… ဂိုက်ကလဲ ခရီးသည်ကို ဂရုမထားတဲ့အပြင် ငွေညှစ်ဖို့ပဲ ကြိုးစားနေတာတို့ စတဲ့စတဲ့ မကောင်းတဲ့ အတွေ့အကြုံတွေ ၀န်ဆောင်မှုတွေနဲ့ ကြုံခဲ့ရတော့ ကိုယ်သွားချင်တဲ့ တရုတ်ပြည် ဂရိတ်ဝေါလေးသွားဖို့တောင် ခုထိ ခြေတုံချတုံနဲ့ စိတ်ကို တော်တော်လေးပြင်ဆင်နေရတယ်….
ဒါ့အပြင် ဖြစ်သမျှကြည့်လိုက်… လူသားချင်းမစာနာမှုတွေ (ကလေးကို ကား ၂ဆင့်တက်ကြိတ်တာတောင် မသိချင်ယောင်ဆောင်နေတဲ့ သူတွေ)၊ အာဏာအလွဲသုံးစားလုပ်မှုတွေ (လူငယ် ၂ယောက်ကို ကားနဲ့တိုက်လို့ ၁ယောက်သေတာတောင် ဘေးကလူတွေကို “တိုင်ရဲရင်တိုင်လိုက် ငါ့အဖေက ဘယ်သူ” ဆိုပြီး စိန်ခေါ်သွားတာတွေ)၊ လူကို အန္တရာယ်ပြုမဲ့ စံချိန်မမှီတဲ့ အစားအသောက်တွေ (ကလေးနို့မုန့်တွေနဲ့ စားသုံးကုန်တွေမှာ မယ်လမင်းတွေထည့်ထုတ်တာ)၊ စတဲ့ တခြားသော ပြဿနာများကလဲ ဖြစ်လိုက်ရင် တရုတ်ကချည်းပဲ… လူမျိုးရေး နိုင်ငံရေး ပုတ်ခတ်ခြင်းမဟုတ်ရပါ… ကြောက်မယ်ဆိုရင်တော့ ကြောက်စရာတွေ အများကြီးလို့လဲ ကပ်ပြောနိုင်ပါတယ်… သို့သော် ကိုယ်သွားချင်တဲ့ နေရာတစ်ခုနဲ့ ပတ်ဝန်းကျင်ရဲ့ သမိုင်းနဲ့ အလေ့အထကိုတော့ ဆင်ခြင်သင့်တယ်ထင်လို့ပါ… ဖန်လမ်းကြောင်းခြင်းအတူတူ USA Grand Canyon ကိုပဲ ကျွန်မ သွားဖြစ်မယ်ထင်ပါတယ်…

ကဲ… စာဖတ်သူတို့ရော ဘယ်လိုသဘောရကြလဲ… လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်နော်…

Grand Canyon, USA
Glass walk at Grand Canyon, USA

Source : http://www.amusingplanet.com/2010/06/zhangjiajie-national-forest-park.html

http://www.echinacities.com/china-media/chinese-mountain-that-inspired-avatar-renamed-after-the.html

http://sightbywalk.blogspot.com/2011/11/worlds-highest-glass-trail-zhangjiajie.html

8 comments :

Anonymous said...

ဟင့်အင်း မသွားဘူး မယုံလို့

Hart

Anonymous said...

ကွယ်..
အမြင့်ကြောက်ပါတယ်ဆိုမှ
သွားရဲပါဘူးးD
made in china ဆိုတော့
သာလို့တောင်.ဆိုးသေးး)
ပြည်တွင်းဖြစ်ကိုပဲအားပေးမယ်
မြန်မာပြည်မှာပေါ်လာခဲ့ရင်ပေါ့း)))
(အဲလိုပြောလိုက်ရင်..
မိုက်မဲရာများကျသွားလေမလားနော်အစ်မး)
လေးစားလျှက်.
မိစံ

ကြယ်စင်အလင်း said...

စဖတ်ကတည်းက တရုတ်ပြည်မှာဆိုတော့ သွားရဲဘူးပဲ။
လူတွေကလဲ MIC Phobia ရှိကြတယ်နဲ့တူတယ်။း)
ဆောက်လုပ်ထားတာကတော့ အံ့မခန်းပါပဲ။

ချော(အစိမ်းရောင်လွင်ပြင်) said...

အရင်တုန်းကတော့ ရိုးရိုး လျှောက်လမ်းကလေး
ခုတော့ ဖန်တံတားဖြစ်သွားပါလား..
Zhangjiaji က သဘာဝရှုခင်းတွေ တအားလှတော့ သွားကြည့်ချင်တယ်..
ဖန်လျှောက်လမ်းလေးလည်း စွန့်စွန့်စားစားလျှောက်ကြည့်ချင်ပါတယ်
ကိုယ့်အလှည့်မှ ဖြစ်သွားရင် ကိုယ့်ကံလို့ပဲ မှတ်တော့မယ်. :P

TZH1985 said...

အတွေးကတော့ တူတယ်။ သို့သော်လည်း ကိုယ့်အတွေးနဲ့ကို ကယ်စမ်ကွေကာပေါ့လေ။

Anonymous said...

အမ်မလေး ကြောက်စရာလန့်စရာ ချားရဟတ်တောင်စီးဖူး လန့်ပြီးရှုးထွက်ကျမှာစိုးလို့ ငယ်တုန်းဆိုအကြောင်းလား ကြီးကာမှထွက်ကျရင် ရှက်စရာမို့ အမြင့်ဆိုကြောက်တယ်

မောင်ဘကြိုင်

aung myo thet said...

ဟုတ်ပါတယ်နော်

Sweet Sweet said...

ပိုပြီးကြောက်စရာကောင်းအောင် မှန်နဲ့များဆောက်သလားနော်