Monday, May 02, 2011

လီမင်ဟို သရုပ်ဆောင်တဲ့ ဇာတ်လမ်းတွဲသစ် City Hunter

boy over flower ဇာတ်ကားမှာ ပန်းလေးတွေနဲ့ နှိုင်းယှဉ်ခံရတဲ့... F4 အဖွဲ့ခေါင်းဆောင်အဖြစ် သရုပ်ဆောင်ပြီး နာမည်ကျော်လူသိများလာခဲ့တဲ့ မင်းသားချော လီမင်ဟိုတစ်ယောက်ဟာ ယခုဆိုရင် ဆန့်ကျင်ဘက် Character ဖြစ်တဲ့ City Hunter ဆိုတဲ့ Action ဇာတ်လမ်းတွဲတစ်ကားကို ရိုက်ကူးနေတယ်ဆိုတာ သိရှိရပါတယ်...

ကျွန်မအတွက် ဒီကားကို ပိုကြည့်ချင်ရတဲ့ အကြောင်းအရင်းကတော့ Songkyunkwan Scandal ထဲက မင်းသမီးချော Park Min Young က ခေါင်းဆောင်မင်းသမီးအဖြစ် တွဲဖတ်ပါဝင်သရုပ်ဆောင်ထားပါတယ်...

ဇာတ်လမ်းအရ Blue House(ကိုရီးယား သမ္မတ အိမ်တော်) National Communications Team မှာ အလုပ်လုပ်ပြီး အဘက်ဘက်မှာ ထူးချွန်တဲ့ သူ Lee Yoon Sung အဖြစ် လီမင်ဟိုက သရုပ်ဆောင်ထားပါတယ်... Lee Yoon Sung ဟာ အလွန်ပင် ဥာဏ်ကောင်းရုံမကပဲ ကိုယ်ခံပညာအတတ်ကို ထူးချွန်စွာတတ်မြောက်တဲ့ MIT Graduate တစ်ယောက်ဖြစ်ပါတယ်...

ယခင်က ဂျူဒိုပညာရှင်ဖြစ်ပြီး နောက်ပိုင်းတွင် သမ္မတသမီးရဲ့ ကိုယ်ရံတော်ဖြစ်လာတဲ့ Kim Na Na အဖြစ် မင်းသမီးချော Park Min Young ကသရုပ်ဆောင်ထားပါတယ်...

နာမည်ကျော် အဆိုတော်အဖွဲ့ KARA ထဲက Goo HaRa ကလဲ သမ္မတ သမီးတော်အဖြစ် ပထမဆုံးအကြိမ် ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်...

ဒုတိယမင်းသားအဖြစ် Lee Jun-Hyuk (Three Borthers တွင်ပါဝင်ပြီး Secret Garden ဇာတ်ကားတွင် Seul ကိုလိုချင်သောကြောင့် ဂုံးတိုက်သောသူအဖြစ် ဧည့်သည်သရုပ်ဆောင်ပါဝင်ပါတယ်) က ရည်မှန်းချက်ကြီးသော တာဝန်ကိုအလေးထားသော Prosecutor အဖြစ်ပါဝင်ပါတယ်.... သူဟာ အချစ်ရေးကို စိတ်မ၀င်စားသလို ရည်ရွယ်ချက်ကြီးသူပီပီ Background ကောင်းကောင်းရှိတဲ့ မိန်းကလေးကို လိုချင်သူဖြစ်တယ်... သို့သော် သူ့အဖေအကြောင်းကို စုံစမ်းရင်း Blue House မှာအလုပ်လုပ်တဲ့ Kim NaNa ကို စွဲလန်းခဲ့တဲ့အခါ... အဘက်ဘက်မှာ ထူးချွန်တဲ့ ကျွန်မတို့ သူရဲကောင်း Lee Yoon Sung (လီမင်ဟို)နဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းစတင်မှာဖြစ်ပါတယ်... နောက်မင်းသမီးတစ်ယောက်လဲ ပါသေးတယ်ပြောပါတယ်... ဆရာဝန်မအနေနဲ့ သရုပ်ဆောင်မယ်ဆိုလား ဖတ်လိုက်ရပါသေးတယ်... မသေချာလို့မရေးတော့ပါဘူး...


ဒီ Action ဇာတ်ကားကိုရိုက်ဖို့ လီမင်ဟိုဟာ ကိုယ်ခံပညာအတတ် (Martial Art) ကို လပေါင်းများစွာ ဦးစွာ သင်ယူလေ့ကျင့်ခဲ့ရပါတယ်... ဒီကားအတွက် သူဟာ မတ်လတွင်းမှာ ထိုင်းနိုင်ငံကို သွားရောက် ရိုက်ကူးခဲ့ရသေးတယ်လို့ ကြားသိရပါတယ်... ကျွန်မအတွက် ဒီပိုစ့်ကိုရေးချင်လာအောင် ပိုမိုဖိအားပေးလိုက်တာကတော့ သူ့ထိုင်းနိုင်ငံက ပုံတွေအပြင် ဧပြီလဆန်းပိုင်းလောက်မှာ ရိုက်ကူးနေတဲ့ လီမင်ဟိုနဲ့ စတန့်မင်းသား ၁၂ယောက် ရွံ့ထဲမှာ ချနေတဲ့ ရိုက်ကွင်းပုံတွေကို တွေ့လို့ပါပဲ...

အဲဒိ သတင်းဆောင်းပါးအရ ချမ်းအေးလှတဲ့ ရာသီဥတုမှာ (ကိုရီးယားမှာ ဧပြီဟာ ချမ်းတုန်းပါပဲ) စွတ်ကျယ်အကျီင်္လက်ပြတ်နဲ့ ရွံ့ထဲက ချကွက်တွေကို ရိုက်ဖို့အတွက် လီမင်ဟိုဟာ လူစားထိုးမသုံးဖို့ပြောခဲ့ပါတယ်... ရိုက်ကွင်းပေါ်ရှိအဖွဲ့သားအားလုံးဟာ တခြား ၀ါရင့် စတန့်မင်းသား ၁၂ယောက်နဲ့ သူနဲ့ ချတဲ့အခန်းကို အမှားအယွင်းတစ်ခုမှမရှိပဲ ရိုက်ကူးနိုင်ခဲ့တဲ့ မင်းသားကို အံ့သြစွာမြင်တွေ့ခဲ့ရပါတယ်...

ထုတ်လုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ...."လီမင်ဟိုဟာ သူ့ရဲ့ သေသပ်လှပတဲ့လှုပ်ရှားမှုတွေနဲ့ ဒီရာသီဥတုအအေးဒဏ်ကို အရေပျော်ကျအောင် လုပ်သွားနိုင်ခဲ့ပါတယ်... သူဟာ သေချာပေါက် ရင့်ကျက်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လာတဲ့အပြင် သူ့အသွင်အပြင်တွေဟာလဲ ယောကျာင်္းပိုပီသလာပါတယ်... ပရိတ်သတ်တွေအနေနဲ့ လီမင်ဟိုဆီကနေ ထူးခြားကောင်းမွန်တဲ့ ရသတွေကို "City Hunter" ကားကနေ မျှော်လင့်နိုင်ပါတယ်" လို့ပြောကြားသွားပါတယ်..."

"City Hunter" ဇာတ်ကားဟာ "Hojo Tsukasa" ရေးတဲ့ ဂျပန် ပေါ်ပြူလာ မန်ဂါ ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်... SBS မှ မေလ ၂၅ ရက်နေ့မှာ ပထမဆုံး အပိုင်းကို စတင်ပြသမှာဖြစ်ပါတယ်... သူပြသတဲ့ အချိန်အတွင်းမှာ တခြား တီဗွီ station တွေက Best Love နဲ့ Romance Town ဇာတ်ကားသစ်တွေကို အပြိုင်ပြသမှာဖြစ်ပါတယ်... သို့သော် City Hunter က တခြား ၂ကားလို အချစ်ကို အခြေခံတာမဟုတ်ပဲ အက်ရှင်းကို အခြေခံထားလို့ အနည်းငယ်တော့ ကွဲလွဲနေပါတယ်...

ကျွန်မဓာတ်ပုံတွေကို ကြည့်ပြီး စိတ်ဝင်စားတာတစ်ခုက သူတို့ ရွံ့တွေကြားမှာ ရိုက်နေတဲ့ နေရာမှာ Blue Screen ကြီးကာထားပါတယ်... တကယ်တမ်း ရုပ်ရှင်ထဲကျရင် အဲဒိ Blue Screen အစား ဘယ်လို ရှုခင်းမျိုးကို ထည့်မလဲဆိုတာကို သေချာစောင့်ကြည့်ချင်ပါသေးတယ်... ကျွန်မအနေနဲ့ကတော့ လီမင်ဟိုကို အရမ်းအကြိုက်ကြီးမဟုတ်သေးပင်မဲ့ သူ့ရဲ့ သရုပ်ဆောင်ပုံတိုးတက်မှုကို စောင့်ကြည့်ရင်း စိတ်ဝင်တစားတော့ရှိပါတယ်... သူဒီထက် သရုပ်ဆောင်အားပိုကောင်းလာတာသိရလို့ သဘောကျပါတယ်... ဒီ City Hunter ကားကို ကြည့်ပြီးရင်တော့ သူဟာ ကျွန်မအကြိုက် Top actors စာရင်းထဲ ၀င်နိုင်လောက်မယ်လို့ထင်မိပါတယ်...

ဒီပိုစ့်လေးကို ကျွန်မဘလော့မှာ လီမင်ဟိုအကြောင်းအမြဲလာမေးတတ်တဲ့ Minoz တွေအတွက် တင်ပေးလိုက်ပါတယ်.. ဓာတ်ပုံတွေကြည့်ရင်း အသက်ရှူမမှားစေနဲ့နော်... :P

ရိုက်ကွင်းပေါ်မှာ...












ထိုင်းနိုင်ငံက ရိုက်ကွင်းပေါ်မှာ...










ရွံ့ထဲမှာ လူ၁၂ ယောက်နဲ့ ချတဲ့ ရိုက်ကွင်းမှာ...




Source from Soompi and Javabeans ... Photo credits as tagged and Soompi, Javabeans

4 comments :

Anonymous said...

want to see. want to see
AMT

Anonymous said...

I like him so much aft watched Boys over flowers...Please update his news. Tks...

Anonymous said...

ခုကြည့်နေတယ် အစ်မရေ.ရီစရာကောင်းတာက သေနတ်မှန်တာတောင် ဆေးရုံမသွားဘူး (လျှို့ဝှက် ကုရတာကို နားလည်ပါတယ်)သွားတဲ့ဆေးခန်းကျတော့ တိရစ္ဆာန်ဆရာဝန်ဆီကို ဟီးး
နောက်တစ်ခုက မင်းသားက အလုပ်ရုပ်နေရင် မင်းသမီးက အနားကရစ်သီရစ်သီနဲ့ .ကူညီတာနဲ့ မတူဘဲ ပိုရှုပ်နေသလိုဘဲ Sung kyunkwan ထဲမှာ သု့ကို ကြိုက်သလောက် ခုမကြိုက်ဘူး(မင်းသားကို ပိုကြိုက်တယ် ဟီးး)
AMT

Anonymous said...

Anonymous
အစ်မကားကအ၇မ်းကောင်းတာပဲ မင်းသားေ၇ာမင်းသမီးေ၇ာကြိုက်တယ် နှစ်ယောက်စလုံးကချောတာကို