Saturday, October 30, 2010

Wish me luck

တစ်လလုံး ဘာမှ မရေးပဲ ခုလကုန်ခါနီးမှာ ကိုရီးယားနဲ့ ပတ်သတ်တာတွေ ဇွတ်တင်တော့တာတခြားမဟုတ်ပါဘူး... လခ၀င်တော့ ပိုက်ဆံလေးတွေ့ပြီး အားတက်... (အဲလေ.. ဘာတွေ ယောင်ပြီး လျှောက်ပြောနေပါလိမ့်)... ဒီလ စာရင်းချုပ်လိုက်တော့ ဒီတစ်နှစ်လုံးမှာ ပိုစ့်အရေအတွက် အနည်းဆုံးက ဒီလပဲဖြစ်နေတော့မှာပါ... ဒါကလဲ အမှန်တော့ ၀တ္တုဆက်ရေးဖို့ writer block ဖြစ်နေလေတော့ ကိုယ့်ကိုကိုယ် စည်းကမ်းကျပ်ပြီး ၀တ္တု မရေးမချင်း ဘာမှ မရေးရဘူးဆိုပြီး ဆန်ဇာ ပိတ်ထားလိုက်တာ ခုထိ ဘလောက်နေတုန်းပဲမို့ မဖြစ်တော့ဘူး ရေးချင်တာတွေကလဲ များနေပြီဆိုပြီး ရေးချလိုက်တာပါ... ကိုရီးယား ရုပ်ရှင်တွေနဲ့ အနုပညာသမားတွေအကြောင်းက ကိုယ်က နေ့တိုင်း ရှာဖွေမွှေနှောက်နေတော့ သူတို့အကြောင်း ဝေမျှရတာက သိပ်မခက်ဘူးလေ... မသိသေးတဲ့ ကိုရီးယားချစ်သူ စာဖတ်သူတွေအတွက် မျှလိုက်တာပါ... ၀တ္တုကို စောင့်နေတဲ့ ပရိတ်သတ်ကြီးကိုတော့ အနူးအညွတ် (ဖင်ဘူးထောင်းထောင်ပြီး ) တောင်းပန်ပါတယ်...

ဒီလအတွက်တော့ ဒီပိုစ့်က နောက်ဆုံးဖြစ်မှာပါ... ခု ည ၁၂နာရီ၄၅မိနစ်ရှိပြီ.... မနက်ကျရင် ၄နာရီထပြီး လေဆိပ်သွားတော့မယ်.... ဒီတစ်ခေါက် ခရီးစဉ်.... ဒန် တန် တန်.....
Thailand world famous resort Phuket.............. အားလုံးပဲ မဗေဒါကို ခရီးမှာ အစစ အရာရာ အဆင်ပြေအောင် ကံကောင်းအောင် ဆုတောင်းပေးကြပါနော်.... (ဆုတောင်းချင်း ဆုတောင်း ကိုယ့်ကိုကိုယ်ပဲတောင်းမှာပေါ့... သူများအတွက် ဘာလို့တောင်းပေးမလဲနော်... ဒါပေမဲ့လဲ ကိုယ့်ကိုကိုယ်ဆုတောင်းပြီးရင် Same goes to MaBayDar လို့ ပြောလိုက်ရင် ရပါပြီ.. အဟိ)... ခရီးသွားပိုစ့်ကို မျှော်ကြတော့မဲ့ ပရိတ်သတ်ကိုလဲ အားတော့နာပါတယ်... ဗွီဒီယိုကတော့ ရိုက်ဖြစ်အုံးမှာပါပဲ.. ကြည့်ရတာ ဒီတိုင်းပဲ တင်တာကောင်းပါတယ်.. ဗွီဒီယို စောင့်နေရင် တက်လာတော့မှာ မဟုတ်ဘူး... ခုတောင် ကြွေးတွေက နည်းတာမဟုတ်ဘူး... စာဖတ်သူတွေသာ ကြွေးရှင်တွေဆိုရင် မဗေဒါတော့ ထွက်ပြေးရတာ ကြာပြီထင်တယ်နော်...

ok... everyone.. good night... have a nice Dream.... Wish me luck...

စိတ်ချပါ မဗေဒါ ဒါမျိုး မ၀တ်ပါဘူး... ၀တ်ရင်လဲ သူ့လို မလှပါဘူး... ဟတ်.. ဟတ်...

7 comments :

KK said...

Have a nice trip Ma Bay Dar :-))

Vista said...

ခရီးအစစ အဆင်ပြေ ပျော်ရွှင်ပါစေ ငါးသလဲထိုး

tz said...

have a nice trip, sis!

နွေးနေခြည် said...

Have a safe trip!

ဧပရယ်လ်ပူး@ပူးတေ said...

Have a nice trip...

အနူးအညွတ် (ဖင်ဘူးထောင်းထောင်ပြီး ) တောင်းပန်ပါတယ်...

အဲလိုကြီးတော့ တောင်းပန်ပါနဲ့... အမြင်မတော်ဘူး... ဟီးဟီး :P

ShwunMi- said...

wish you best luck :)

Candy said...

ဗေဒါမမရေ... Candy လာလည်ရင်း ဒီpostလေးမြင်တော့ အရမ်းပျော်သွားတယ်..မဗေဒါရဲ့ ခရီးသွားမှတ်တမ်းလေးကို ကြည့်ချင်လှပြီ မမရေ... ^_^