Thursday, October 28, 2010

Upcoming new Korean dramas Which I look forward

Info and Photo Source : www.dramabeans.com

ဝတ္တုနောက်အပိုင်း၁ပိုင်း မရေးပြီးမချင်း ဘာပိုစ့်မှ မတင်ဘူးလို့ကိုယ့်ကိုကိုယ် ဒဏ်ခက်ထားပင်မဲ့လဲ လောကမှာ ကိုယ့်ကိုကိုယ်လောက် ချစ်တာ ဘယ်သူ့ကိုမှ မရှိတော့နဲနဲလျော့ပေးလိုက်တယ်... ၀တ္တုက ၁ပိုဒ်တော့ပြီးပြီ... နောက်တစ်ချက် ပိုစ့်အသစ်တင်ချင်ရချင်း အကြောင်းကတော့ အောက်က ပိုစ့်ကို ဘလော့မျက်နှာစာမှာထားရတာ သိပ်ကျက်သရေမရှိလှလို့ အောက်ပို့မလို့.... ခု လက ကုန်တော့မယ် ဒီလထဲမှာ ပိုစ့်က တစ်ပုဒ်မှ မတက်တော့ မဖြစ်ဘူး စိတ်ထဲရေးချင်တာလေးတွေ ရေးလိုက်အုံးမှ... ခုပိုစ့်လေးကတော့ နောက်လာမဲ့ ကိုရီးယားဇာတ်လမ်းတွဲအသစ်လေးတွေထဲမှာမှ ကျွန်မကြည့်ချင်တဲ့ ဇာတ်လမ်းတွဲလေးတွေကို ဝေငှမှာဖြစ်ပါတယ်...

Secret Garden
Male Lead - Hyun Bin ( My lovely Sam-Soon, Snow Queen, World Within)


Female Lead
- Ha Ji Won (Hwan Jin Yi, Hae Eun Dae tsunami)

Supporting Leads -
Yoon Sang-hyun ( My fair lady, Queen of housewives )

Kim Sa-rang (သူ့ကိုတော့ သိပ်သတိမထားမိပါဘူး... ဒါပေမဲ့ How to meet a Perfec Neighbor နဲ့ A love to kill မှာ ပါဖူးတယ်လို့ပြောပါတယ်)

Philip Lee ( A Man's story)

ဇာတ်လမ်း ...

Joo-Won အဖြစ် Hyun Bin က သရုပ်ဆောင်ပြီး သူ့ Character ကတော့ အေးဆက်ဆက်နိုင်တဲ့ အောင်မြင်တဲ့ စီးပွားရေလုပ်ငန်းရှင်တစ်ယောက်ဖြစ်တယ်... Ra-im အဖြစ် Ha Ji Won က သရုပ်ဆောင်ပြီး သူကတော့ မိန်းကလေး Stunt woman character အဖြစ် ကြမ်းကြမ်းရမ်းရမ်းသရုပ်ဆောင်မှာဖြစ်တယ်... Oscar အဖြစ် Yoon Sang-Hyun က သရုပ်ဆောင်မှာဖြစ်ပြီး သူကတော့ ဂျပန်မှာပါ အရမ်းနာမည်ကြီးတဲ့ ကိုရီးယားအဆိုတော် တစ်ယောက်ဖြစ်တယ်... ဆက်စပ်ပုံကတော့ Joo-Won နဲ့ Oscar က ညီအစ်ကို တစ်ဝမ်းကွဲတွေဖြစ်သလို အရမ်းပြိုင်တဲ့ ပြိုင်ဘက်တွေလဲ ဖြစ်ကြတယ်...

မင်းသမီးတွေဖက်မှာကျတော့ stunt woman Ra-im နဲ့ ပညာတတ် အရည်အချင်းရှိ ကြော်ငြာ ဒါရိုက်တာ Yoon Seul (Kim Sa-rang) ကိစ္စတစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် ငြိပြီး မာနတွေပြိုင်နေကြတဲ့ ၂ယောက်...

နောက်တစ်ယောက်ကတော့ Philip Lee ... သူက martial arts director ဖြစ်သလို Ra-im ရဲ့ instructor လဲ ဖြစ်တယ်... (သူက အပြင်မှာ English စကားကောင်ကောင်းပြောတတ်တဲ့အတိုင်း ) ဒီကားထဲမှာလဲ နိုင်ငံခြားမှာ ကျောင်းတက်ပြီး Hollywood system နဲ့ အလုပ်လုပ်တဲ့သူ အနေနဲ့ သရုပ်ဆောင်မှာ ဖြစ်တဲ့အတွက် သူ အင်္ဂလိပ်လိုပြောတတ်တာက အားသာချက်တစ်ခု ဖြစ်နေပါတယ်..

အတိုချုံး သိထားသလောက်တော့ မာနကြီးတဲ့ သူဋ္ဌေးလေး Joo Won နဲ့ ကြမ်းကြမ်းရမ်းရမ်း Stunt Woman အလုပ်ကို လုပ်တဲ့ Ra-im တို့ရဲ့ ၀ိညာဉ်ချင်း မှားသွားတာဖြစ်ပါတယ်... ဒါကိုမှ ကျန်တဲ့ Character တွေနဲ့ ဆက်စပ်ပြီး ဘယ်လို စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြမလဲမသိပါဘူး....

ဒီကားကို ခု ရိုက်ကူးနေပြီဖြစ်ပြီး SBS ကပြနေတဲ့ Life is Beautiful ကားအပြီး November ၁၃ ရက်နေ့မှာ စတင်ပြသမှာဖြစ်ပါတယ်... ဒီတော့ အွန်လိုင်းပေါ်ကို အမြန်ဆုံးဆိုရင် ၂ရက်လောက်တော့ နောက်ကျပြီး ရောက်လာပါလိမ့်မယ်...

The Reason Why I want to watch "Secret Garden"

ဒီကားကို ကျွန်မကြည့်ချင်ရတဲ့ အဓိက အကြောင်းရင်းကတော့ မင်းသမီး မင်းသားကို ကြိုက်လို့ပါ... Hyun Bin နဲ့ Ha Ji Won ရဲ့ ဇာတ်လမ်းတွဲမှန်သမျှ အားလုံးကြည့်ပြီးပါပြီ... သူတို့ကားတွေ ထပ်ကြည့်ချင်နေတာ ခုတော့ သူတို့ ၂ယောက်တွဲမှာဆိုတော့ အတိုင်းထက် အလွန်ကြည့်ချင်တော့တာပါပဲ... ဇာတ်အိမ်ကလဲ အရင့် အရင်က ခုလို စိတ်ချင်းလဲသွားတဲ့ ကားတွေ အင်္ဂလိပ်တို့ ကိုရီးယားမှာလဲ ရှိခဲ့ဖူးပင်မဲ့... ရှိပြီးသားတွေကြားကမှ မတူထူးအောင် သူတို့ဘယ်လို ဖန်တီးမလဲလို့ သိချင်တာပါ... Philip Lee ကိုလဲ A Man's Story မှာထဲက အရပ်ရှည်ပြီး အင်္ဂလိပ်လိုပြောတာ ကျွမ်းလို့ သဘောကျ သတိထားမိခဲ့ပါတယ်... ခု သူလဲ ပြန်ပါမယ်ဆိုတော့ အတော်လေးကို မျှော်လင့်တကြီး စောင့်နေပါတယ်....


Mary Stayed Out All Night

Male Lead - Jang Keun Suk ( My all time favorite actor , You're Beautiful, Hwan Jin Yi )

Female Lead - Moon Geun Yoon ( Cinderella's sister, Autumn Tale )


Supporting leads -
Kim Jae-Wook ( Coffee Prince, Bad Guy )

Moon Jung Hee (Oh My Lady)

ဇာတ်လမ်း...
ချစ်ရေး ချစ်ရာတွေကို လက်လျော့ထားတဲ့ မိန်းကလေးတစ်ယောက် ရုတ်တရက် Metal band vocalist တစ်ယောက်နဲ့ Contract Marriage အဖြစ် ဆုံတွေ့ခဲ့သလို... တချိန်တည်းမှာပဲ မိန်းကလေးတိုင်း စိတ်ကူးယဉ်လိုချင်တဲ့ ရုပ်ရည်... ဥစ္စာ... မိသားစု Background အကုန်ကောင်းတဲ့ နောက်ကောင်လေးတစ်ယောက်ကို တွေ့ပြီး သုံးပွင့်ဆိုင် ချစ်ဇာတ်လမ်းလေးလို့ သိရပါတယ်... ဒုတိယမင်းသမီးကတော့ ဂျန်ဂမ်ဆပ်ရဲ့ အရင် ရည်းစားခုမှ သူ့ဆီပြန်လာချင်တဲ့ နေရာက သရုပ်ဆောင်မယ်လို့ကြားရပါတယ်...
I used to like what she wear but I am disappointed with this style... Both JKS and MGY, I don't really like how they wear here...

The reason why I want to watch "Mary Stayed out all night"


ဒီကားကို ဘာကြောင့်ကြည့်ချင်တာလဲဆိုတော့ ရှင်းပါတယ်... မင်းသားတွေကြောင့်ပါ... မင်းသမီး Moon Geun Yoon ကလဲ သရုပ်ဆောင်ကောင်းတယ်ဆိုတော့ အစထဲက ကြိုက်ပါတယ်... ဒါပေမဲ့ ဒီကားကို အစက မင်းသား မင်းသမီးတွေကြောင့် သိပ်ကြည့်ချင်ခဲ့ပင်မဲ့.. ခုတော့ သိပ်ပြီး ပြင်းပြင်းပြပြ မကြည့်ချင်လှတော့ပါဘူး... ဇာတ်လမ်းကြီးက မင်းသားချော ၂ယောက်ကြားမှာ သူက ဗျာများမဲ့ပုံပေါက်နေတော့ သိပ်မတရားသလိုပါပဲ... မနာလိုဘူးပဲပြောပြော... အဲလိုမျိုး ဟိုဟိုဒီဒီိဆို မကြိုက်ဘူး... Moon Geun Yoon ကို ဒီကားကြည့်ပြီး မုန်းမသွားပါစေနဲ့ ဆုတောင်းတယ်... သူ သိပ် act cute မလုပ်ပဲ ပုံမှန် ကောင်းကောင်းသရုပ်ဆောင်ပါစေလို့လဲ မျှော်လင့်တယ်... ဒါပေမဲ့ ဒီကားထဲက သူရဲ့ style ဆံပင် ဘုတ်သိုက်နဲ့ အကျီင်္ဘုတ်သိုက် ငပျင်းမလိုလို ပုံစံကိုတော့ ဓာတ်ပုံတွေကြည့်ပြီး သိပ်မကြိုက်ဘူး... နောက်ပြီး ဂျန်ဂမ်ဆပ်ကလဲ You are My pet ကားအတွက် ၀ိတ်လျော့ထားပြီး မရိုက်ဖြစ်သေးတော့ အတော်လေး ပိန်ကပ်နေပြီး ဆံပင်ရှည်နဲ့ဆိုတော့ မိန်းကလေးဆန်ဆန်ချောနေတယ်.... မင်းသမီးနဲ့ ယှဉ်လိုက်တော့ ချောချော ညီအစ်မ ၂ယောက်လိုတောင် ဖြစ်နေတယ်... သူ့ကို ၀ိတ်ပြန်တက်စေချင်တယ်... ဇာတ်လမ်းကို ကြားရတာ သိပ်မကြိုက်ပင်မဲ့ ကိုယ်လဲ အသေးစိတ်မသိသေးတော့ စောင့်ကြည့်ရမှာပေါ့... တကယ်ပြတဲ့ အချိန်ကျရင် စိတ်မပျက်ပါစေနဲ့ပဲ ဆုတောင်းမိတော့မယ်...

နောက်ဆုံးတစ်ချက် သိပ်မမျှော်တော့တဲ့ အကြောင်းရင်းကတော့ Mary Stayed out all Night ကားဟာ ယခုလက်ရှိပြနေတဲ့ ကျွန်မသိပ်ကြိုက်တဲ့ Sung Kyun Kwan Scandal အပြီး နိုဝင်ဘာ ၈ ရက်နေ့မှာ ပြသမယ်လို့ မှန်းထားပါတယ်... SungKyunKwan Scandal ကို ကြိုက်တော့ မပြီးစေချင်သေးဘူး...

All My Love
မင်းသားနဲ့ မင်းသမီးရဲ့ လတ်တလော လူသိများတဲ့ ဇာတ်ကောင်ပုံလေးကို တင်မှ ပရိတ်သတ်မှတ်မိမှာမို့ ဒီပုံလေးတွေ ပြလိုက်ပါတယ်...

Male Lead - Jeon Tae-soo (SungKyunKwan Scandal (student President, bad ass))

Female Lead
- Yoon Seung-ah (Playful Kiss (Actress's friend))

Supporting Leads
- Jo Kwan (2am's leader) , Ga-In (from Brown Eyed Girls idol group) and Yoon Doo-joon (Beast)
Jo-Kwon (2am) & Ga-in (Brown Eyed Girls)
Yoon Doo-Joon from Beast
ဇာတ်လမ်း ကတော့ ဆင်းရဲပြီး သနားကြင်နာတတ်တဲ့ Kong-ji family နဲ့ ချမ်းသာပြီး တကိုယ်ကောင်းဆန်တတ်တဲ့ Pat-Ji family ၂ခုကြားက အဖြစ်အပျက်နဲ့ ပတ်သတ်မှုအကြောင်းလေးလို့ အကြမ်းမျဉ်းသိထားရပါတယ်... Kong-ji and Pat-Ji ဆိုတာကတော့ ကိုရီးယား စင်ဒရဲလားပုံပြင်ဆန်ဆန်ထဲက ညီအစ်မနှစ်ယောက်ကို အမှီပြုပြီး ခေါ်ထားတာလို့ သိရပါတယ်...

ဒီဇာတ်လမ်းကိုတော့ နိုဝင်ဘာ ၈ရက်နေ့မှာ စပြမှာဖြစ်ပါတယ်...

The reason why I want to watch "All My Love"

ဒီကားက သရုပ်ဆောင်တွေအားလုံးက အသစ်နီးပါး သရုပ်ဆောင်တွေပါ... အဓိကဇာတ်ဆောင် ၂ယောက်မှာ မင်းသားက လက်ရှိပြနေတဲ့ SungKyunKwan Scandal မှာ လူဆိုးမင်းသားလုပ်ရပင်မဲ့ ခုတော့ သူက ခေါင်းဆောင်မင်းသားဖြစ်ပါပြီ.. ဒါဟာ သူ့ရဲ့ ဒုတိယကားပါ.. မင်းသား Jeon Tae-Soo ဟာ အပြင်မှာ နာမည်ကြီးမင်းသမီး Ha Ji-Won (အပေါ်ကပြောသွားတဲ့ Secret Garden ထဲက မင်းသမီး) ရဲ့ မောင်လို့ သိရပါတယ်...(မောင်နှမ ၂ယောက်လုံး ချောချက်ကတော့...)... မင်းသမီး Yoon Seung-ah ကလဲ လတ်တလောကမှ ပြီးသွားတဲ့ Playful Kiss မှာ မင်းသမီး သူငယ်ချင်းအဖြစ် သရုပ်ဆောင်သွားတယ်လို့ သိရပါတယ်... (Playful Kiss ဇာတ်လမ်းကို အရမ်းကြိုက်ပင်မဲ့ ကိုရီးယားပြန်ရိုက်တဲ့ မင်းသမီးကို လုံးဝမကြိုက်သောကြောင့် လုံးဝမကြည့်ဟု ဆုံးဖြတ်ထားပါတယ်)...
သူတို့ တွေအားလုံးထက် ကျွန်မ အကြည့်ချင်ဆုံးကတော့ ဇာတ်ပို့အဖြစ် သရုပ်ဆောင်မဲ့ Jo-Kwon (2am) နဲ့ Ga-in (Brown Eyed Girls) တို့ပဲ ဖြစ်ပါတယ်... သူတို့ ၂ယောက်ဟာ MBC ကလုပ်တဲ့ Variety show "We got married (season 2)" မှာ လင်မယားအဖြစ် နေရပြီး ပရိတ်သတ်ကလဲ အလွန်မှ လိုက်ဖတ်တဲ့ အတွဲလို့ အသိအမှတ်ပြုထားခြင်းခံရတဲ့ ၂ယောက်ပါ... ဒါပေမဲ့ ဒီကားမှာ သူတို့ ၂ယောက်ဟာ အမွှာမောင်နှမ အဖြစ် သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်... Jo Kwon နဲ့ Ga-in ဟာ အဆိုရော အကရောမှာ ထူးချွန်သူ နာမည်ရ idol group များမှ ဖြစ်ပြီး သူတို့ ၂ယောက်လုံး သရုပ်ဆောင်မှာ ကောင်းမလားမဆိုတာကို ကျွန်မစိတ်ဝင်စားမိပါတယ်... Jo-Kwon ရဲ့ အသံနဲ့ သူ့ရဲ့ funny ဖြစ်တဲ့ အပြင်က character ကြောင့် သူ့ရုပ်သိပ်မချောပင်မဲ့ အရည်အချင်းရှိတဲ့အတွက် ကျွန်မသူ့ပရိတ်သတ်ဖြစ်ခဲ့ပါတယ်... စကာင်္ပူကိုလာရင် ကျွန်မသွားအားပေးမဲ့ သူထဲမှာ Jo-Kwon အဖွဲ့ 2am လဲ ပါပါတယ်...

Stormy Lovers

Male Lead
- Hwan Hee (Over the Rainbow)

Female Lead
- Choi Eun-seo (Personal Taste,the girl cling on LMH)

Supporting Leads - Cha Soo-yeon (The world they live in)& Choi Won-young (Neighbor Enemies)


ဇာတ်လမ်း ---

စိတ်ထားဖြူစင်ပင်မဲ့ Disabled ဖြစ်နေတဲ့ မိန်းကလေးတစ်ယောက် ကျော်ဖြတ်ရတဲ့ ဘ၀မှာ တွေ့ဆုံခဲ့ရတဲ့ အချစ်နဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို အခြေခံထားတယ်လို့ သိရပါတယ်...
Disabled Shim Eun-Hye အဖြစ် Choi Eun Seo က သရုပ်ဆောင်ထားပြီး ဇာတ်လမ်းတလျှောက် သူ့ဝေတနာ တဖြည်းဖြည်း ပြန်ကောင်းလာတာကို သရုပ်ဆောင်မှာဖြစ်ပါတယ်... ဒီ ဇာတ်ကောင်ဟာ သူ့အတွက် ပထမဆုံး အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ရတာဖြစ်ပါတယ်...

HwanHee ကတော့ မိသားစု Background ကြောင့် ထူးချွန်ပင်မဲ့ တိုးတက်သင့်သလောက် မတိုးတက်ရတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရမှာပါ... သူ့အောင်မြင်ခဲ့တဲ့ ၂၀၀၆ ခုနှစ်တုန်းက Over The Rainbow ဇာတ်လမ်းတွဲမှာ ဘ၀င်မြင့်တဲ့ အဆိုတော်အနေနဲ့ သရုပ်ဆောင်ခဲ့ရပြီး ၂၀၀၈ မှာ အချစ်ကား "I Love You" (မကြည့်ရသေးပါ... ရှာကြည့်ပါအုံးမယ်)

ဒုတိယမင်းသမီး Cha Soo-Yeon ကတော့ အချစ်ဦးကို Santiago အသွားမှာ Accident ဖြစ်ပြီး ဆုံးသွားကတည်းက စိတ်ကျရောဂါ ဖြစ်ချင်နေတဲ့ သူအနေနဲ့ သရုပ်ဆောင်မှာပါ... HwanHee's PD character က သူမဘ၀အကြောင်းကို "Undying Love From Santiago" ဆိုပြီး ရုပ်ရှင်ရိုက်ချင်တဲ့ အတွက် သူတို့ Character တွေရဲ့ ဆက်စပ်မှုကတော့ ဒီလိုပါ...

Choi Won-Young ရဲ့ Character ကတော့ ရီရသလို အနည်းငယ်လဲ ထူးခြားပါတယ်... သူက မိန်းမရှုပ်တဲ့ Plastic Surgeon တစ်ယောက်ဖြစ်ပြီး အမြဲတမ်း ပြဿနာနဲ့ မကင်းသူတစ်ယောက်လဲ ဖြစ်ပါတယ်... သူဟာ အကုန်အကျများတဲ့ရုပ်ရှင်တွေကို ထုတ်လုပ်သူလုပ်လေ့ရှိပြီး အမြဲတမ်း ကြွေးရှင်တွေလိုက်တာ ခံနေရသူပါတဲ့...

ဇာတ်ကောင်တွေရဲ့ ဆက်စပ်မှုကို အသေးစိတ်မသိရသေးပင်မဲ့ တစ်ယောက်ချင်းစီအကြောင်းကို ဒီလောက်တော့ သိရပါတယ်...

ဒီကားကို နိုဝင်ဘာလ လယ်လောက်မှာ ပြသဖို့ ယာထားပါတယ်...

The reason why I want to watch "Stormy Lovers"

တစ်ခုပဲ ရှိပါတယ်.... Hwan Hee ကြောင့်ပါ... သူ့ကို Over The Rainbow စကြည့်တုန်းက အောက်က ကွန်မန့်တွေမှာ မိန်းကလေးတွေက Rex... Rex (အဲဒိကားထဲက Character နာမည်) ဆိုပြီး အရမ်းကြိုက်ကြပါတယ်... သူက အဲဒိကားမှာ ဒုတိယမင်းသားပါ... ကားစစပြချင်းမှာ သူက အရမ်းကြီးကျယ်တဲ့ အဆိုတော်အဖြစ် သရုပ်ဆောင်ထားတော့ ကျွန်မက သိပ်ကြည့်မရပါဘူး... ဒါပေမဲ့ ကားဆုံးခါနီးမှာ သူမင်းသမီးကို ကြိုက်လို့ မာနကြီးတဲ့ အဆိုတော်ကနေ တဖြည်းဖြည်းပြောင်းလဲလာပုံကို သရုပ်ဆောင်ထားတာ အတော်လေးကြည့်ကောင်းပါတယ်... ပထမ မင်းသားက မချောတော့ သူက ပိုသာနေပါတယ်... အဲဒိကားမှာ ဒုတိယမင်းသားများထုံးစံအတိုင်း မင်းသမီး လိုအပ်ချိန်မှာ သူရှိပြီး နောက်ဆုံးတော့ ကျန်ရစ်ဖြစ်ခဲ့ပါတယ်... အဲဒိကားဟာ အဆုံးသတ်မကြိုက်တဲ့ ကိုရီးယားကားတွေထဲမှာ တစ်ခုအပါအ၀င်ပါပဲ.... အကတွေအများကြီးပါလို့... စိတ်ဝင်စားရင်တော့ ကြည့်လိုက်ပါ... အဲဒိကားပြီးကတည်းက သူ့ကား အသစ်ကို စောင့်နေတာ... သူက အဆိုတော်ဆိုတော့ အသံလဲ တော်တော်ကောင်းပါတယ်... သူ့ကို "We Got Married" Variety show မှာလဲ သဘောကျပါတယ်... သူ့အကြောင်းပြောတာ များသွားပြီ... တော်သေးပြီနော်....

မဗေဒါ မကြည့်ချင်တဲ့ ကားဘာရှိသေးလဲလို့ မမေးနဲ့နော်... တခြားကားတွေကျန်သေးတယ်... ခုက ကြည့်ချင်တဲ့ကားပဲရေးထားသေးတာ...

4 comments :

နွေးနေခြည် said...

Viikii မှာ ဘာကားတွေများ လာဦးမလဲ စောင့်တော့ကြည့်နေတာပဲ ဒါပေမယ့် ဒီလို ဇတ်လမ်း အကျဉ်းတွေ ဆက်စပ်မှုတွေကို တော့ခုမှသိတယ်။ ကျေးဇူးးးးး)

Sung Kyun Kwan Scandal ကိုတော့ အရမ်းကြိုက်တယ်။ အဲဒီကားက မင်းသား ၃ယောက်လုံးကြိုက်တယ်။ ဘယ်မင်းသားကြည့်ကြည့် စိတ်ချမ်းသာတယ် (ချောလို့ ..ဟိ)

နိုဝင်ဘာမှာ ကြည့်စရာတွေ များနေပြီ... :P

SZA said...

I also want to watch all the dramas you have written above. I want to watch Hyun Bin's drama. The snow queen and world within are so boring and slow even though I like both lead actor and actress). I don't really like Ha Ji Won though. They exchange spirit? Huh, so girl becomes guy and guy become girl? lol. I want to watch Phillip Lee also, I like him, his lip is so sexy, hehe. And I like Young Sang Hyun (But didn't finish watch My fair lady with YEH) as well, I think he is a bit too old to be a singer in that drama.

May stayed out all night, I know it is contract marriage, but i read somewhere that they are virtual husband and wife? So that mean they are husband and wife at online or something. Plot is like too good for her. I liked MGY, after watching cinderella's sister. I don't like her anymore. I just want to see two actors in that drama. And she is not actress to me in my eyes (look at the last picture with two actors, she just looks like little sister to them only).

All my love, I don't really like though, I don't like that president guy :D

I didn't really know about there is upcoming drama for Hwan Hee. I love love him after watching over the rainbow also. I miss and love his old look. Now his face is changed after having plastic surgery. I love his voice as well :D I don't know female lead girl from personal taste.

mabaydar said...

Yeah.. I want to watch All My Love coz of Jo Kwon. The leads don't attract me either.. I want to know How Jo Kwon will act.
Mary Stayed out all night, I don't really have feeling for the story. But anyway i will give it a try since my favorite actor is there.

Hwan Hee all the best.... But the story line didn't really attract me either.. not my liking... He acts as REX is the best.

For Ha Ji Won, I accept she is a good actress. But i am very anticipating to Secret Garden.

MeerKat said...

I also like u sister.i don't want to end "Sung Kyun Kwan Scandal.Like it veryyy much.