မနေ့ကပဲ ဒီကားကို ရုံမှာ သွားကြည့်ဖြစ်ပါတယ်.. ရုံစတင်ကတည်းက ကြည့်မလို့ပါပဲ.. ဒါပေမဲ့ မအားတာနဲ့ ခုမှပဲ ကြည့်ဖြစ်တော့တာပါ.. တင်တာကြာတာရော ကြားရက်ကြည့်တာရောကြောင့်ထင်တယ်.. လူတော့ ပါးနေတယ်.. ရုပ်ရှင်ချိန်က ၇နာရီ၂၀မိနစ် ပြမှာကို အချိန်မှားပြီး.. ၇နာရီခွဲမှ ၀င်လိုက်မိလို့.. အရှေ့ပိုင်းနဲနဲလေးလွတ်သွားသေးလို့ .. စိတ်ထဲ ကသိကအောက်ဖြစ်မိတယ်..
အဲဒိရုပ်ရှင် အကြောင်းကို အွန်လိုင်းမှာ ရှာကြည့်တုန်းက တော်တော်များများက Jumper, Heros, X-man စသည်ဖြင့်ပေါ့.. အဲဒိကားတွေနဲ့ နှိုင်းယှဉ်ပြီး ပြောကြတယ်.. အပေါ်က သုံးကားလုံးကို သိပေမဲ့ တစ်ကားမှ ကောင်းကောင်းမကြည့်ဘူးပါဘူး..
Jumper ကို အွန်လိုင်းကနေ quality ခပ်ညံ့ညံ့ အသံတိုးတိုးနဲ့ အလုပ်မှာတုန်းက ခဏကြည့်ပြီး ဘာမှမကြားရတော့ ဘာမှနားမလည်ပဲ ဟိုခုန်ဒီခုန်နဲ့ နေရာမျိုးစုံရောက်နေလို့ စိတ်မပါတော့တာနဲ့ ဆက်မကြည့်ဖြစ်ခဲ့ပါဘူး..
Heros ကတော့ တီဗွီကနေ ဇာတ်လမ်းရှည်အနေနဲ့ ပြနေတာ အတော်ကြာပါပြီ... စစပြချင်းကတော့ အဆက်ဆက်ရှိပြီး ကြည့်ဖြစ်ပင်မဲ့.. နောက်ပိုင်း အလုပ်ရှိတဲ့ရက်တွေမှာ အဆက်ပြတ်သွားတော့ ဆက်နားမလည်တော့တာရော.. သူရဲကောင်းတွေများပြီး ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ လိုက်မမှီတော့တာကြောင့်ရော.. ကြည့်ဖို့ စိတ်မပါခဲ့ပြန်ပါဘူး...
X-man ကတော့ အဲဒိထဲက ပုံစံတွေကြည့်တာနဲ့ ကြည့်ချင်စိတ်ကုန်ခဲ့တာပါ.. အရမ်းခေတ်လွန်ကားတွေကို မကြိုက်ပါဘူး...
ခုဒီကားကိုလဲ ကြည့်တဲ့အချိန်နားမလည်မှာစိုးလို့ အင်တာနက်မှာတော့ ဇာတ်လမ်းအကျဉ်းချုပ်ကို ဖတ်တော့. ကျမအထင်တော့ Heros နဲ့ ခပ်ဆင်ဆင်တူပါတယ်..
အဓိက စွမ်းအားရှင်တွေကတော့... Watcher အနာဂတ်ကို ဟိုနဲနဲဒီနဲနဲ ကြိုမြင်နိုင်တဲ့သူရယ်..
Mover - ပစ္စည်းတွေကို စိတ်စွမ်းအင်နဲ့ ရွေ့နိုင်တဲ့သူရယ်..
Pusher - သူများရဲ့စိတ်ကို munipulate လုပ်နိုင်တဲ့သူရယ်.. က အဓိကဖြစ်မယ်ထင်ပါတယ်..
Mover က မင်းသား.. Pusher က မင်းသမီး.. Watcher လဲ ကလေးမင်းသမီး... အားလုံးချောပါတယ်..
သူတို့မှာသာ အစွမ်းရှိတာမဟုတ်ပါဘူး.. တကားလုံးမှာ ပါတဲ့ လူအားလုံးလိုလိုမှာ အဲလို ထူးထူးဆန်းဆန်းအစွမ်းတွေရှိကြပါတယ်.. စွမ်းရည်တူနေတာတွေလဲ ရှိပါတယ်.. ရုပ်ရှင်ကိုတော့ ဟောင်ကောင်မှာ အခြေခံပြီးရိုက်ထားတာပါ. ဇာတ်လမ်းလဲ အကြမ်းပြင်းလောက်နားလည်ရင်တော့.. အုံးအုံးဒိုင်းဒိုင်းချတာတွေ effect တွေ မင်းသား မင်းသမီးချောချောလေးတွေကြည့်ရတော့ တန်တယ်ထင်ပါတယ်.. အဲလို ဇာတ်ကားမျိုးကို ကြိုက်တဲ့သူတွေအတွက်တော့ ကားကောင်းလေးတစ်ကားပါ..
WATCHER
9 comments :
လက်မှတ်ပါဝယ်ပေးပါလားဟင် ...
ကြားရက်ကြည့်လို့ net နဲ့ပေးရင် ၆ကျပ်ပဲရှိပါတယ်.. ကိုဒီဘီရယ်.. သူဋ္ဌေးကလဲ..
2.5/5
Thank u so much ma baydar for ur meaningful comment...
ဗေဒါ ရုပ်ရှင် အကြောင်းတွေချည်း ရေးနေတယ် အဟီး ဒါက ကိုယ်လဲ ဝါသနာပါ စာရေးစရာလဲ ရကိုးဟ နော် ...
ငါတောင် အဲလိုနဲ့ ပိုစ့်တွေ သုံးလေးပုဒ်လောက် ရေးဖူးတယ် ဟိ
ကျနော်ကတော့ အစမ်းသပ်ခံလူသားတွေရဲ့ ဘ၀ဆိုတာကို စာနာမိသွားတယ်။ ပြီးတော့ မျိုးဆက်အမွေဆက်ခံခြင်းပေါ့။ လူသားအချင်းချင်း လှည့်ပတ်ချင်းကင်းရှင်းကြပါစေလို့ ဆုတောင်းရင်း ဒီဇာတ်ကားကို ကြည့်ခဲ့မိတယ်
ဟုတ်တယ် ကိုလင်းထက်.. ရုင်ရှင် ပို့စ်တွေနဲ့ ဆားချက်ကြည့်နေတာ.. ဟီး.. ဟီး..
အော် မယ်လုပ်ရင် မျက်မှန်ချွတ်ပြီး မျက်လုံးပြူးသည်အထိ အော်တဲ့ တရုတ်ငတိတွေကိုတော့ တော်တော်စိတ်ကုန်သွားသည်။ lol
တူတူပဲ.. အော်တဲ့ တရုတ်ကြီး ၂ယောက်ကိုအရမ်းမုန်းတာပဲ.. လူဆိုးမို့မုန်းတာမဟုတ်ဘူး.. သူတို့ပုံစံကိုက စိတ်ကုန်ဖို့ကောင်းတာ..
Post a Comment