ဒီတစ်ခါတော့ မဗေဒါ မိတ်ဆက်ပေးချင်တဲ့ ကိုရီယားရှေးကားလေးတစ်ကားရှိပါတယ်.. တော်တော်ကောင်းတဲ့ကားလေးပါ.. 
မဗေဒါလို အရင်က သိုင်းကား ရှေးခေတ်ကားဆိုသိပ်မကြိုက်တဲ့သူတောင်တော်တော်လေးကြိုက်သွားပါတယ်... 
မဗေဒါမပြောနဲ့ ဖေဖေနဲ့မေမေတောင်စွဲသွားတဲ့ကားလေးပါ...အီလ်ဂျီမန်(iljimae) လို့အမည်ရပါတယ်..
မြန်မာပြည်က ငတက်ပြားလိုဇာတ်ကောင်မျိုးပါ.. ဇာတ်လမ်းအကျဉ်းလေးကို အောက်မှာ dramawiki ကို မှီးပြီးရေးထားပါတယ်...
 ဇာတ်လမ်းအကျဉ်း
ဇာတ်လမ်းအကျဉ်းဇာတ်လမ်းလေးကို Joseon ဘုရင်လက်ထက်မှာတည်ထားပါတယ်..  
 Yong
Yong ဟာနေ့ဘက်မှာ ဈေးသည်တွေကို အစိုးရအတွက် 
ဈေးကောက်လိုက်ကောက်တဲ့ လူမိုက်အဖွဲ့ထဲက အသုံးမကျတဲ့ လူမိုက်ယောင် ဟန်ဆောင်နေပေမဲ့.. 
ညဘက်မှာတော့ မတရားလာဘ်စားတဲ့ အစိုးရ အရာရှိတွေ အိမ်ကို ဝင်ခိုးပြီး ဆင်းရဲနွမ်းပါးသူတွေကို ပြန်ပေးတဲ့ သူရဲကောင်းတစ်ယောက်ပါ... 
သူခိုးပြီးတိုင်း မက်မန်းပန်းခိုင်ပုံလေးကို သူ့အမှတ်တံဆိပ်အနေနဲ့ ချန်ခဲ့လေ့ရှိပါတယ်... 
သူ့ကို အများပြည်သူတွေကတော့ မက်မန်းပန်ခိုင်သူရဲကောင်း (ကိုရီးယားလို အီလ်ဂျီမန်) 
iljimae လို့ခေါ်ကြပါတယ်.. 
အမှန်တော့ ဒီသူရဲကောင်းလေးရဲ့ အတိတ်မှာ နာကျည်းဆွေးမြေ့ဖွယ် အဖြစ်အပျက်တွေနဲ့  
တော်ဝင်သွေးတွေစီးဆင်းနေတယ်ဆိုတာကို ဘယ်သူမှသတိမထားမိခဲ့ကြပါဘူး...
 Bong Soon (ဘုံစွန်း)
Bong Soon (ဘုံစွန်း) ဆိုတာက သူမမွေးစားအဖေ ဘုန်းကြီးယောင်ဆောင် ဓားသမားကြီးနဲ့ မြို့တကာလှည့်ပြီး ပစ္စည်းလိမ်ရောင်းနေတဲ့ ပျော်ပျော်နေတတ်တဲ့ မိန်းကလေးတစ်ယောက်ပါ... 
သိုင်းပညာကို သူမမွေးစားအဖေမသိအောင် ခိုးပြီးသင်ထားလို့ မတောက်တစ်ခေါက်တတ်တဲ့မိန်းကလေးပါ.. 
သူမကလဲ့စားခြေရမဲ့သူဟာ သူမသိပ်ချစ်တဲ့ မွေးစား အဖေဆိုတာတော့ သူမမမှတ်မိခဲ့ပါဘူး.. 
သူမဟာ Yong ကိုချစ်လွန်းလို့ သူမဘဝတစ်ခုလုံးကို စွန့်လွှတ်ပြီး Yong ကို ကာကွယ်ပေးခဲ့သူပါ...
 Eun Chae (အွန်ချွဲ)
Eun Chae (အွန်ချွဲ) ဟာ လာဘ်စားတတ်ပြီး မမှန်ကန်တဲ့ အစိုးရအရာရှိတစ်ယောက်ရဲ့ သမီးပါ.. 
သူမမှာ ရမ်းကားတတ်တဲ့ အစ်ကိုအရင်းတစ်ယောက်နဲ့ မောက်မာတဲ့ အမေရှိပါတယ်... 
အမြဲအနှိမ်ခံရတဲ့ အဖေတူ အမေကွဲ အစ်ကိုတစ်ယောက်လဲရှိပါတယ်...
ဒါပေမဲ့ သူမကတော့ တစ်အိမ်လုံးနဲ့မတူပဲ အလွန်မှ စိတ်ထားဖြူစင်ပြီး ဆင်းရဲနွမ်းပါးသူတွေကို သနားကြင်နာတတ်တဲ့ သူတစ်ယောက်ပါ.. 
သူမနဲ့ iljimae ဆုံတွေ့ပြီး မေတ္တာမျှခဲ့ကြပါတယ်.. 
ဒါပေမဲ့ သူမတို့ ချစ်ချင်းဟာ iljimae အတွက် အလွန်အန္တရာယ်များတဲ့ အခြေအနေကို ဖန်တီးခဲ့ပါတယ်...
 Shi hoo(ရှီဟို)
Shi hoo(ရှီဟို) ဟာ Eun Chae နဲ့ အဖေတူအမေကွဲ အစ်ကိုပါ.. တကယ်တမ်းတော့ shi hoo အမေဟာသူ့သားအသက်ဘေးလွတ်အောင် 
ညာပြောလိုက်ခြင်းဖြစ်ပြီး.. Shi hoo ဟာ အမှန်စင်စစ် Eun Chae နှင့်ဘာမှမတော်ပါ.. 
အထက်တမ်းစားအိမ်တွင် ငယ်စဉ်ထဲက တိတ်တိတ်ပုန်းရခဲ့သောကလေးဆိုပြီး အနှိမ်ခံခဲ့ရသောကြောင့် အထက်ကို အရမ်းရောက်ချင်သူ.. အလွန်ကြိုးစားသူတစ်ယောက်လဲဖြစ်ပါတယ်.. 
သို့သော် တိတ်တိတ်ပုန်းကလေးများကို ရာထူးကြီးမပေးဟူသော စည်းမျဉ်းအရ တက်လမ်းများပိတ်နေရသူဖြစ်သည်.. 
iljimae အားဖမ်းနိုင်သူမည်သူမဆို ရာထူးကြီးပေးမည်ဟု ထုတ်ပြန်ပြီးနောက်ပိုင်းတွင်တော့..  
iljimae ကို မရမနေလိုက်ဖမ်းနေသော သူတစ်ယောက်လဲဖြစ်သည်.. 
တကယ်တော့  iljimae မှ သူနဲ့ အဖေတူ အမေကွဲ ညီအစ်ကိုတော်သည်ဆိုတာကိုတော့ မသိရှာပေ..
Iljimae Reviewဒီကားဟာ အပိုင်း ၂ဝ ရှိပေမဲ့ ပျင်းစရာအကွက်တစ်ကွက်မှမပါပါဘူး... 
အာဏာရှင်ဘုရင်တွေရဲ့ အာဏာမက်မောမှု.. ညှင်းပန်းနှိပ်စက်မှု.. မတရားမှု(အထက်ဖား အောက်ဖိ)တွေကိုလဲ ဒီကားမှာ ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်...
ဇာတ်လမ်းရဲ့ အစကိုသေချာအာရုံစိုက်ပြီးကြည့်စေချင်ပါတယ်.. ဘာလို့လဲဆိုတော့... ဇာတ်လမ်းအစနေရာနဲ့ အဆုံးနေရာကအတူတူပါပဲ..
ဇာတ်လမ်းအစကို သေချာကြည့်ထားမှ အဆုံးဘာဖြစ်လဲသေချာဝေခွဲလို့ရမှာပါ..
ဇာတ်လမ်းအပိုင်း(၂)ကလဲ  iljimae ဇာတ်ကားတစ်တွဲလုံးရဲ့ ပျိုးတဲ့နေရာပါ..  iljimae ရဲ့ငယ်ဘဝမှာ သူ့မိသားစုဘယ်လိုခြောက်ချခံခဲ့ရတယ်ဆိုတာရယ်..
အပေါ်မှာပြောခဲ့သမျှဇာတ်ကောင်တွေနဲ့  iljimaeနဲ့ ငယ်ငယ်ထဲက ဘယ်လို ပတ်သတ်ခဲ့တယ်ဆိုတာရယ်.. 
ဇာတ်လမ်းထဲမှာပါသမျှဇာတ်ကောင်တွေရဲ့ ပတ်သတ်မှုကို အပိုင်း၂ကြည့်မှ နားလည်မှာပါ..
အရမ်းကိုပဲ သနားဖို့ကောင်းတဲ့အပိုင်းဖြစ်လို့ လက်ကိုင်ပဝါလေးတွေဆောင်ထားဖို့အထူးမှာချင်ပါတယ်...
 iljimae တစ်တွဲလုံးမှာ မဗေဒါ အကြိုက်ဆုံးက အပိုင်း (၂) ပါပဲ..
နောက်ပြီး မဗေဒါ မှတ်မှတ်ရရ ပြောဖို့သတိထားမိတဲ့အပိုင်းကတော့ အပိုင်း (၁၃) ပါ.. အဲဒီမှာ.. တရုတ်သံအမတ်ရဲ့သား မူးရမ်းကားပြီး ဈေးထဲမှာမြင်းလျှောက်စီးလို့
ဈေးသည်ကလေးတစ်ဦးကို မြင်းကန်မိပြီးသေဆုံးမှုနဲ့ပတ်သတ်ပြီး.. ရွာသားတွေ တရုတ်သံရုံးရှေ့မှာဆန္ဒပြတဲ့ အခန်းပါ..
အများပြည်သူဘာဖြစ်ဖြစ် သူတို့အကြိုးစီးပွားထိခိုက်မှာစိုးရိမ်၍ မတရားသူဘက်ကရပ်တည်သော အာဏာရှင်အစိုးရရဲ့ ပြည်သူတွေအပေါ်ကိုင်တွယ်ပုံပါ..
အဲဒိမှာ လက်ဗလာနဲ့ပြည်သူတွေကတဘက် စစ်သည်တွေက ဒိုင်းတွေ ဒုတ်တွေနဲ့တဘက် မြင်ကွင်းက ဆူးလေဘုရားလမ်းမှာ မြင်ဖူးသလိုပါပဲ
(ဘယ်လိုမှမရည်ရွယ်ပါဘူး.. အိမ်မက်ထဲမှာ မြင်ဘူးတာထင်ပါတယ်... ဘွာတေး ..  iljimae ပဲဆက်တော့မယ်.. လိုင်းလွဲသွားပြီ)
နောက်ပြီး ပြည်သူတွေကို ရိုက်ဖို့ ရွာကလူမိုက်အုပ်စုတွေကို ထပ်ခေါ်ပါတယ်.. ဒါလဲ မြန်မာပြည်က အဖြူအစိမ်းဝတ်တဲ့ အဖွဲ့ကလူတွေကို သွားတွေးမိတယ်..
(အဲလေ... ပါလာပြန်ပြီ... ကိုယ့်ဘာသာကိုယ် ရုပ်ရှင်ကြည့်ရင်း ကျောင်းတုန်းကဘဝလေးပြန်သတိရသွားလို့ပါ..)
ဒါပေမဲ့ ပြဿနာတွေအားလုံး  iljimae ရောက်.. အားလုံငြိမ်းသွားပါတယ်... (မြန်မာပြည်မှာဆိုရင်တော့  iljimaeတစ်ယောက်... ဟင်း.. ဟင်း.. နော်)
နောက်ဆုံးအနေနဲ့ ပြောရမယ်ဆိုရင်တော့... ဒီကားဟာ.. အချစ်.. အကြမ်း.. အလွမ်း.. မိဘနဲ့သားသမီးမေတ္တာ.. အာဏာရှင်စနစ်.. စတဲ့ ရသတွေနဲ့စုံလင်လှပြီး..
နောက်ခံသီချင်း ဂီတ.. သရုပ်ဆောင်.. အခမ်းအနားပြင်ဆင်မှု.. အဝတ်အစား.. အားလုံး ပြောစရာမရှိနီးပါးလောက်ကောင်းမွန်တယ်လို့ထင်မိပါတယ်..
အားလုံးကို မဗေဒါက ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်..
အဓိက ပါဝင်သရုပ်ဆောင်သူများ...
Lee Joon Ki as Iljimae / Yong / Lee Geom 
Han Hyo Joo as Eun Chae 
Lee Young Ah as Bong Soon 
Park Shi Hoo as Shi Hoo / Ja Dol