Wednesday, January 02, 2008

အထီးကျန်သမားတစ်ယောက်ရဲ့ NEW YEAR NIGHTMARE

New Year မရောက်ခင်........
New Year ရောက်ရင် ငါဘာလုပ်ရမလဲ? going out? count down? ဘယ်အရာကိုမှ သူမပါပဲတစ်ယောက်ထဲ မသွားချင်ဘူး.. အရင်ကတော့ သူနဲ့ ညလုံးပေါက်ချက်မယ်လို့ စိတ်ကူးထားတယ်.. ဒါပေမဲ့ချစ်သူက New Year မှာ ငါနဲ့အဝေးတကာ့အဝေးဆုံးကို ငါတားတဲ့ကြားက ထွက်သွားတယ်.. ငါ့မျက်ရည်နဲ့ သူ့ပျော်ရွှင်မှူကို လဲသွားတယ်..

အို.... တော်ပါပြီ.. ငါ့လိုပျော်ရွှင်ခွင့်မရှိတဲ့ သူတစ်ယောက်ကဘာလို့ ပျော်ရွှင်ခွင့်ကို မျှော်လင့်နေသေးတာလဲ? မျှော်လင့်မိတဲ့အတွက် ကိုယ့်ကိုကိုယ်အပြစ်ပေးလိုက်မယ်.. New year မှာ အလုပ်ကို overtimeဆင်းမယ်..

Dec 31 Evening...........
အလုပ်သွားဖို့ထွက်လာတယ်.. အနဲဆုံးတော့အလုပ်ကNight Shift ဆိုတော့ New Year Night မှာ အိပ်နေတာထက်ဆိုင်ရင် အဓိပ္ပာယ်ရှိအုံးမယ်.. အို.. New Year နဲ့ မဆိုင်ပါဘူး.. ငါ့ဘာသာငါ အလုပ်လုပ်ချင်လို့လုပ်တာ...

ဘာလို့ဒီလောက်အတွဲတွေများနေတာလဲ.. New Year ရောက်မှ ရည်းစားနဲ့အပြင်ထွက်ရ မှာလား? လူတွေဘာလို့ လှတပတ တွေပြင်ပြီး အပြင်ထွက်ကြ ပျော်ကြပါးကြတာလဲ?New year Night ဆိုတာကရော ဘာထူးခြားလို့လဲ? နှစ်တိုင်းရောက်နေတာပဲ.. တကယ်တော့ လူတွေအတွက် မှတ်ရလွယ်အောင် သတ်မှတ်ထားတဲ့ စာအုပ်တစ်အုပ် ကုန်လို့ နောက် တစ်အုပ် လဲတဲ့နေ့ပဲ.. ခပ်မဲ့မဲ့ အပြုံးတစ်ခုပြုံးမိတယ်.. ဒါပေမဲ့ ရင်ထဲမှာဆိုနင့်နေတယ်.. အားကျသလိုလို မနာလိုသလိုလို ...
အလုပ်မှာခါတိုင်းနေ့တွေထက် ခြောက်ကပ်နေတယ်.. Leave ယူတဲ့သူတွေ အများကြီးရှိပေမဲ့ OT လာတဲ့သူတော်တော်နဲတယ်.. Morning shift ကလူတွေကတော့ count down party အမှီသွားချင်ကြလို့ Night Shift သမားတွေအမြန်လာဖို့မျှော်နေကြတယ်.. သူတို့မျက်လုံးတွေမှာ အလုပ်ပြီးရင်ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတဲ့ စိတ်ကူးတွေနဲ့တောက်နေတယ်.. OT လာတဲ့ငါ့ကိုလဲ အံ့သြတဲ့ပုံတွေနဲ့ အကဲခပ်ကြတယ်.. တချို့ကလဲဘာလို့ OT လာတာလဲလို့ မေးကြတယ်..
လူမှုရေးနားမလည်တာလား.. ဘဝပေးဥာဏ်တိန်ကြတာလား..
"To Celebrate New year" လို့ အတတ်နိုင်ဆုံး ပြုံးပြီးဖြေလိုက်တယ်.. ရင်ထဲကလှိုက်လှိုက်လှဲလှဲ ပြုံးပြီး မဖြေနိုင်တဲ့အတွက် ကိုယ့်ကိုကိုယ် အရှုံးသမားလို့ခံစားရတယ်... ငါ့စိတ်ထဲက ငါနောက်တယောက်ရဲ့ ဟတ်ဟတ်ပတ်ပတ် လှောင်ပြောင်ရယ်သံကို ကြားလိုက်ရတယ်..

Dinnerချိန် အလုပ်ကလူတွေနဲ့ အနီးဆုံး shopping mall တခုသွားဖြစ်တယ်.. လူတွေများကြီး ရှုပ်ရှက်ခပ်နေတယ်.. ပျော်နေကြပုံပဲ.. "What's a big deal about new year?" လို့ရေရွတ်မိတယ်.. ချစ်သူလဲဒီအချိန် သူ့သူငယ်ချင်းတွေနဲ့ပျော်နေရောပေါ့.. ဘာလို့ငါကြတော့ ငါ့သူငယ်ချင်းတွေနဲ့မပျော်တာလဲ? တော်ပြီကွာ.. မေ့ထားချင်တဲ့အကြောင်းတွေက ဘာလို့ငါ့ခေါင်းထဲရောက်ရောက်လာတာလဲ..

ငါပေးဆပ်သလောက် အမြဲငါ့ကို တန်ရာတန်ကျေးပြန်ပေးဆပ်တတ်တဲ့ ငါရှာထားတဲ့ ပိုက်ဆံတောင်ဒီနေ့ငါ့ကိုသစ္စာဖောက်ပြီး အလုပ်က locker ထဲမှာကျန်ခဲ့တယ်.. ဒါပေမဲ့ သူကချစ်သူလိုမဟုတ်ဘူး.. ကြိုက်တဲ့သူဆီကနေအစားထိုးလို့ရတယ်.. အတူထွက်လာတဲ့ လုပ်ဖော်ကိုင်ဖက်ဆီက ယူပြီးသုံးလိုက်တယ်.. ဘာမှသိတ်မစဉ်းစားဘဲ သူများကောင်းတယ်ပြောတာ ဝယ်ပြစ်လိုက်တယ်.. အနဲဆုံးတော့ ပတ်ဝန်းကျင်ကိုခဏမေ့နေနိုင်တယ်လေ..

အလုပ်ကိုပြန်ရောက်တော့ 12နာရီထိုးပြီ.. ph ထဲကို New Year msg တွေသူငယ်ချင်းတွေဆီက ခဏ ခဏရောက်တယ်.. Happy New year လို့ wish ပေးနေလိုက်ကြတာ.. သူတို့ wishes တွေကငါ့အသဲကို blade ဓားလေးနဲ့ပါးပါး မွှမ်းနေသလိုဆိုတာ သူတို့သာ သိနိုင်မယ်ဆိုရင်လေ.....

ခါတိုင်းနှောက်ယှက်နေကျ ph သရဲကလဲ ဇွဲကြီးပါ့.. ဒီလောက်အချိန်ကြာကြီး ph မကိုင် msg မပြန်ပဲနေတာတောင်.. ဒင်းက အငိုက်ဖမ်း ပြီး pfingo နဲ့ခေါ်တယ်.. ဒီလောက် ဥာဏ်မှီမယ်လို့ တွက်မထားမိဘူး.. ထင်မိတာက ချစ်သူများ သူရောက်နေတဲ့နေရာမှာ internet ဆိုင်ရှိလို့ ph ခေါ်တာလား.. ငါကန့်ကွက်တဲ့ ခရီးကို ထွက်သွားတဲ့ ချစ်သူကို အနဲဆုံး ၁ပတ်လောက်တော့ မခေါ်ပဲနေမယ်လို့ စိတ်ကူးထားတဲ့ငါ.. pfingo no. နဲ့ ph မည်တော့ မစဉ်းစားပဲကိုင်မိတယ်..

ကျိုက်ထီးရိုးမှာ မနှစ်ကရောက်တဲ့ထိတော့ INTERNET ဆိုင်မရှိဘူး.. ဒီနှစ်များရှိမလားဆိုတဲ့ ရူးနှမ်းတဲ့အတွေးကြောင့် ဘယ်သူမှ မသိပေမဲ့ တစ်ယောက်ထဲ အရှက်ကွဲခဲ့တယ်..

အလုပ် လာတဲ့သူတွေလဲ အလုပ်လုပ်ရင်း ငိုက်တဲ့သူငိုက် GAME နှိပ်တဲ့သူနှိပ် INTERNET SURF တဲ့သူ SURF နဲ့ တိတ်ဆိတ်နေတယ်.. ဘေးမှာလူတွေရှိနေရက်နဲ့ ဘာလို့ငါတစ်ယောက်ထဲလို့ ခံစားနေရတာလဲ?

ငါ့ကိုအမြဲအဖော်လုပ်ပေးနေကြ online ကရုပ်ရှင်တွေလဲ ကြည့်လွန်းလို့ ခေါင်းတောင်မူးနေပြီ.. English sub တွေတောင် အရင်လို ဦးနှောက်က အလျှင်မီဘာသာမပြန်နိုင်တော့ဘူး...

ONLINE တက်ကြည့်တယ် စကားပြောစရာအဖော်ရှိမလားလို့.... တစ်ယောက်မှ မရှိဘူး.. ရှိတဲ့ 2 ယောက်ကလဲ STATUS က "Fucking new year.." ဆိုတာတွေ.. သူတို့တွေရောဘာလို့ new year ကိုမုန်းတာလဲ.. အကြောင်းတခုခုတော့ ရှိမှာပေါ့.. ဒါပေမဲ့ စကားပြောဖို့ ကောင်းမဲ့ပုံတော့ မပေါ်.. online လာပြီး သူငယ်ချင်းတယောက်ယောက်နဲ့ စကားပြောဖို့ စဉ်းစားမိတဲ့ ကိုယ့်ကိုကိုယ် သတိပေး status လေး တခုရေးလိုက်မိတယ်..

"New Year တွင် စိတ်ညစ်သူများသာ online ရောက်ကြသည်"

ခဏနေတော့ သူငယ်ချင်းတယောက် online ရောက်လာတယ်.. သူလဲဘယ်မှသွားစရာမရှိဘူးတဲ့ တယောက်ထဲပဲတဲ့.. ဒီလိုနဲ့ သူနဲ့ချက်ဖြစ်တယ်.. စိတ်ညစ်စရာတွေ တိုင်ပင်လိုက် ဆွေးနွေးလိုက် အလုပ်လုပ်လိုက် အချိန်ကုန်မြန်သွားတယ်.. သူငယ်ချင်းရေ ကျေးဇူးပဲနော်..

Jan 1st 2008 morning 7:30am..........
မိုးလဲလင်းပြီ အလုပ်လဲဆင်းပြီ.. အလုပ်ပြီးရင်သွားစရာ လူမှုရေးကိစ္စတခုရှိတယ်.. အရင်အလုပ်က ကိုယ့်အပေါ်ကောင်းခဲ့တဲ့ အင်ဂျင်နီယာမ ကလေးမွေးလို့ သူ့အိမ်က အလုပ်နဲ့နီးလို့ တခါထဲဝင်မယ်စိတ်ကူးတယ်.. ဒါပေမဲ့ သူက 10amမှလာပါတဲ့.. ဒီကြားထဲ ငါဘယ်မှာသွားနေရမလဲ.. ညကဝယ်ထားတဲ့ အထုတ်တွေရော လက်ဆောင်ပေးဖို့ ယူလာတာတွေရော သယ်လိုက်ရတာ အများကြီး.. အလုပ်နားမှာနေတဲ့ သူငယ်ချင်းတယောက် ရှိတယ်.. သူနဲ့မတွေ့တာလဲကြာပြီ.. သူ့အိမ်သွားမယ်.. ph ခေါ်ကြည့်တော့.. အိပ်ချင်မူးတူးအသံနဲ့ သူမနေ့က 4am မှအိပ်တာတဲ့.. လာချင်ရင်တော့လာပေါ့ ဒါပေမဲ့ သူ့ကိုနှောက်ယှက်သလို ဖြစ်မှာစိုးလို့ ညကသွားတဲ့ shopping mall ပဲထပ်ပတ်နေတော့မယ် စိတ်ကူးနဲ့ သွားတော့ shopping mall ကလဲမဖွင့်သေး.. အော်.. ငါ့ဘ၀ ပိုက်ဆံသုံးချင်တာတောင် သုံးလို့မရပါလားနော်..

နောက်ဆုံး breakfast စားနေကြမဟုတ်ပေမဲ့ ထိုင်စရာရအောင် အနားမှာရှိတဲ့ Burger King ထဲဝင်ပြီး breakfast စားပစ်လိုက်တယ်.. တစတစနဲ့ 8နာရီလောက်ကျတော့ လူသွားလူလာ အတော်လေးများလာသည်.. အသက် ၁၄ ၁၅ နှစ်လေးတွေကလဲ အတွဲလေးတွေနဲ့ သူတို့ကိုယ်သူတို့ လူကြီးဂိုက်ဖမ်းပြီး ဖြတ်လျှောက်သွားတတ်တယ်.. ဘေးစားပွဲက အတွဲက ယောကျာင်္းကလဲ သူ့ကောင်မလေးကိုအလွန်ဂရုစိုက်ပုံရတယ်.. ခပ်လှမ်းလှမ်းက အဖိုးကြီးတွေကလဲ ဘော်ဒါတွေစုပြီးဘာတွေပြောနေကြမှန်းမသိ.. တယောက်ထဲလျှောက်လာတဲ့ လူတယောက်တွေ့တော့.. ငါ့လိုပဲတစ်ဃောက်ထဲသမားရှိပါသေးလားဆိုပြီး အားတက်မယ်ကျန်တုန်း ခပ်လှမ်းလှမ်းကလူကို လက်ပြပြီးတူတူထွက်သွားကြသည်.. ဒီတော့မှသေချာ သတိထားမိလိုက်တော့ တစ်ယောက်ထဲရှိတာငါတစ်ယောက်ထဲပါလား.. ပတ်ဝန်းကျင်ကလူတွေကို ခံပြင်းတယ်.. ကိုယ့်ကိုကိုယ် ဝိဥာဏ်တစ်ကောင်လိုခံစားရသည်.. ငါရှိနေတာရောဒီလောကမှာ သတိထားမိတဲ့သူရှိရဲ့လား? ခါတိုင်း new year တွေ ဒီလိုမခံစားရဘူး ဒီနှစ်မှဘာလို့ခံစားရတာလဲ? ချစ်သူကတော့ငါမပါလဲပျော်နေနိုင်မှာပါ..

ဖြတ်လျှောက်သွားတဲ့ သူတချို့မှာ ချစ်သူနဲ့တူတဲ့သူတွေတော်တော်များသလိုပဲ.. ချစ်သူမျက်နှာကိုပဲ သေချာမမှတ်မိတော့လို့လား.. ဒါမှမဟုတ် ရုပ်ရှင်တွေထဲကလို မျက်စိကပဲလှည့်စားပြီး ကြည့်လိုက်တိုင်းသူ့ကိုမြင်နေတာလား? ကိုယ့်ကိုကိုယ် မညှာတမ်း ခပ်ရိုင်းရိုင်းပြောရရင် ဟိုအရူးတမျိုးများဖြစ်နေပြီလား.. ကဗျာဆန်ဆန်ပြောရရင်တော့ အချစ်ရူးလို့ခေါ်မယ်ထင်တယ်...

"အို.. တစ်ယောက်ထဲဆိုတော့ရောဘာဖြစ်လဲ.. ပိုတောင်လွတ်လပ်သေး.. စားချင်တာလဲ သူများနဲ့ညှိစရာမလို ဝယ်ချင်တာဝယ် အကုန်ကိုယ့်အတွက်ပဲစဉ်းစားစရာလိုတယ်.. မွေးကထဲကလည်း တစ်ယောက်ထဲပဲ.. ဘာလို့အသက်ကြီးမှ မွေးခါစကလေးလောက်တောင် သတ္တိမရှိတာလဲ.. " အိတ်ထဲမှာပါတဲ့ မိတ်ကပ်တွေ lipstick တွေထုတ်လိမ်းမိတယ်.. အဲလိုဆို confident လေးများပိုရလာမလားလို့.. လိမ်းနေရင်း ဘယ်ကမှန်းမသိ ဘာကြောင့်မှန်းမသိ မျက်ရည်တွေဝိုင်းလာတယ်.. ဪ.. ငါဟာ သနားစရာ သတ္တဝါ တစ်ကောင်ပါလား..

မိတ်ဆွေအိမ်ကလည်းလမ်းမှား လျှောက်ပြီးရှာမတွေ့တော့ ပတ်ဝန်းကျင်ကလူတစ်ယောက်မေးကြည့်မှ တော်တော်ဝေးနေမှန်းသိရတယ်.. taxi တွေကလဲ ဟိုတလောကမှ rule ပြောင်းပြီးဈေးတက်တာရော Jan 1 public holiday ဖြစ်နေတော့ ဈေးပိုပေးရမှာရောဆိုတော့ မစီးချင်ပေမဲ့ စီးလိုက်ပါတယ်.. taxi စီးတာ တောင် ဒီ new year ကြောင့် ပိုက်ဆံပိုပေးရတယ် တကယ်ဆိုးတဲ့ new year... သတင်းလေးဘာလေးမေးပြီးပြန်တော့ အပြန် bus ကဂိတ်စ ဂိတ်ဆုံး ၁နာရီလောက်အကြာကြီးစီးရတာ.. high way လမ်းကသွားတဲ့ကားဆိုတော့ တကယ့်ကို မြန်မာပြည်မှာ ခရီးထွက်နေရသလို ခံစားရလို့ အဲဒိကားစီးရတာကို အရင်က နှစ်သက်တယ်.. အမြဲထိုင်နေကျ driver နောက်တည့်တည့်က သီးသန့်အကန့်လေးလိုဖြစ်နေတဲ့၂ယောက် ခုံမှာ ၁ခုံပစ္စည်းတင် ၁ခုံမှာဝင်ထိုင်လိုက်တယ်.. လျှောက်စဉ်းစားမိမှာစိုးလို့ ph ထုတ်ပြီး သီချင်းနားထောင်မိလိုက်တယ်.. ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးတာလား အဆွေးဓာတ်ခံရှိတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရမလား.. ဟိုနေ့ကမှ ph ထဲက သီချင်းတွေ ramdomly အသစ်ထည့်ထားမိသမျှက ကိုယ့်ကိုစောင်းဆိုနေသလိုလို..

Lဆိုင်းဇီက "အရှုံးနဲ့အမုန်းငါ့အတွက်ပဲလား? အချစ်တွက် ကံမကောင်းတဲ့သူပါ"တဲ့

မျိုးကြီးက "နင်ရယ်ငါရယ်ခုတလောထဲ အဆင်မပြေတာတွေသိပ်များတယ်.."တဲ့

ဧကရီကလဲ "မင်းနဲ့ဝေးနေတဲ့အချိန်ငါ့မှာ တစ်ယောက်ထဲ လွမ်းဆွတ်လို့ကျေကွဲ" တဲ့

Aero smithကလဲ "I don't wanna miss a thing" တဲ့

Lလွန်းဝါကလဲ "ခွင့်လွှတ်ရင်းအမြဲ ဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ.."တဲ့ ဒီသီချင်းကကောင်းပါတယ် အဲဒိသီချင်းထဲကကောင်မလေးလိုလဲ ချစ်သူကိုချစ်ချင်တယ်.. ဒါပေမဲ့ သူ့ကို ခွင့်မလွှတ်ပေးနိုင်သေးဘူး..

မှတ်ထားတဲ့သူနဲ့ အမှတ်ခံရတဲ့သူမှာ မှတ်ထားတဲ့သူက ပိုပင်ပန်းပါတယ်.. အမှန်တော့မှတ်ထားတဲ့သူက သူကိုယ်သူ အရှုံးသမားလို့ မသိစိတ်ကခံစားရလို့ မှတ်မိနေတဲ့ အရှုံးသမားအစစ်တွေပါ.. ကျမအမြင်တော့ ခွင့်လွှတ်ပေးတယ်ဆိုတာ ချစ်သူကိုအရမ်းချစ်လို့လဲဖြစ်နိုင်သလို .. ကိုယ့်ကိုကိုယ်ပိုချစ်လို့ သူ့အတွက် သိပ်မခံစားပေးလို့လဲဖြစ်နိုင်ပါတယ်.. ဆိုလိုတာကတော့ "he means nothing to me" or "he doesn't mean much to me" ပေါ့..

စိတ်ထဲမှာ အားမလိုအားမရဖြစ်မှုနဲ့သိမ်ငယ်မှု ခံစားရတိုင်း သူ့ကိုခွင့်မလွှတ်ဘူးလို့ ကျမပြောမိတယ်.. တကယ်တမ်းတော့ ခွင့်မလွှတ်နိုင်သေးတာလဲ "he means everything to me" မို့ပါ..

ချစ်သူကပြောဖူးတယ်.. ဘလော့ထဲမှာရေးမဲ့အစား သူနဲ့ chat ရင်ပြောပါလားတဲ့..
chat မှာစိတ်ထဲရှိသမျှ မကျေနပ်ချက်တွေထုတ်ပြောရင် ချစ်သူမုန်းသွားမှာကြောက်တယ်.. မပြောပဲ ကိုယ့်စိတ်ထဲမှာပဲထားပြီး မွန်းကျပ်လာရင် ချစ်သူကိုမုန်းမိသွားမှာစိုးတယ်.. သူ့ကိုမမုန်းချင်ဘူး.. ကိုယ့် blogမှာရေးချင်တာရေးချလိုက်ရတော့ စိတ်ပေါ့သွားတယ်..

နှစ်တစ်နှစ်ရဲ့ ပထမဆုံးနေ့မှာ ဖြစ်ပျက်တဲ့အရာတွေကတနှစ်လုံး အဲလိုမျိုးတွေဖြစ်နေတတ်တယ်လို့ ကြားဖူးတယ်.. အဲဒါကြောင့် ဒီလိုနေ့မျိုးမှာ ချစ်သူနဲ့ အတူမရှိတောင် online လေးတော့တွေ့ချင်ခဲ့တာ.. ဘာလို့ နှစ်သစ်ကူးတိုင်း ချစ်သူနဲ့အတူမရှိရတာလဲ.. မြန်မာနှစ်ကူးပဲ ဖြစ်ဖြစ် New Year ပဲဖြစ်ဖြစ်.. ဘာလို့ချစ်သူနဲ့အတူတူ happy memory မရှိတာလဲ?

သင်္ကြန်တုန်းကလဲ သင်္ကြန်အလျှောက် ရေစိုစိုမှာ ချစ်သူကိုစောင့်ရင်း ငိုခဲ့ရဖူးတယ်.. ခုလဲ ပါးပြင်ပေါ်ကိုမျက်ရည်တွေပူကနဲ စီးကျလာမှ ဒီရောက်တတ်ရာရာအတွေးစတွေကို ဖြတ်ပြစ်ဖို့ကြိုးစားတယ်..

New Year မှာမငိုချင်ဘူး.. မြန်မာနှစ်ဆန်း၁ရက်နေ့က လည်းငိုခဲ့ရပြီးပြီ..အဲဒါကြောင့်များ ခုငိုနေရတာလား? တနှစ်လုံးငိုနေရမှာစိုးတယ်.. ကြေကွဲမျက်ရည်တွေက သုတ်လေထွက်လေပဲ.. အဲဒါကြောင့် နှစ်သစ် 2008 ကြီးကို ကြည်နူးမျက်ရည်လိုလိုအထင်လွဲအောင်.. မျက်နှာကိုအတတ်နိုင်ဆုံးပြုံးပြီး ရေရွက်မိလိုက်တယ်
"HAPPY NEW YEAR 2008".............................

8 comments :

ပီကေ said...

ဖတ်ရင်း ဖတ်ရင်းနဲ့ ငိုတောင် ငိုချင်လာတယ်။
ဟုတ်တယ်ဗျ။ ရင်ထဲမှာ ရှိတာ မြိုသိပ်ထားရင် ရူးသွားလိမ့်မယ်။ တစ်ယောက်ယောက် သို့မဟုတ် အခုလို ဘလော့ဂ်မှာ ဖွင့်အန်လိုက်တော့ ဘာပဲဖြစ်ဖြစ် အတော်လေး ပေါ့ပါးသွားမယ်ထင်တယ်နော်။ နယူးရီယား ညက အဲဒီလို အလွမ်းအဆွေးတွေ မခံစားရပေမယ့် အထီးကျန်ခဲ့တာတော့ အမှန်ပဲ။ မီးက ပျက်နေတော့ ပိုဆိုးသေး။ မှောင်ကြီးမဲကြီးထဲ နှစ်သစ်ကို ကြိုဆိုခဲ့တယ်လေ။ ;P

ဂျေဂျေ said...

မေးလ်ပေးရင်ကောင်းမယ် အွန်လိုင်းမှာ ကိုယ်တယောက်ထဲ မျှော်လိုက်ရတာ ကိုယ်လိုလူမျိုးရှိတာ ဖတ်ရတော့ တအားတက်မိသေး ကိုယ်ကတော့ပျော်တယ် နစ်သစ်မှာ အ၀အိပ်ရလို့  လေ။ ဒီနစ်တော့ နစ်သစ်ရော မွေးနေ့ ရော ပျော်တယ် နောက်ဆိုရင် အဆွေးနဲ့ အပျော်နဲ့  ညှိယူလို့ ရတဲ့ သူငယ်ချင်းတွေ့ ပြီ။ စိတ်ညစ်တာ တဦးတည်းညစ်တာထက် အဖော်နဲ့ စိတ်ညစ်ရရင် စိတ်ချမ်းသာ ပျော်သွားတတ်တယ်လေ. စိတ်မညစ်နဲ့ တော့နော်

Yan said...

မဗေဒါရေ…

တကယ့်ခံစားချက်စာစုလေးပါပဲဗျာ.
ဘလော့ဂ်ပို့စ်ကောင်းလေးတွေဆိုတာ ဒါမျိုးလေးတွေကို ပြောတာပဲ. ရင်ထဲမှာ ရှိတဲ့ ခံစားချက်တွေကို အရှိအရှိအတိုင်း ဘယ်သူ့မှ ဂရုမစိုက်၊ မစော်ကားဘဲ. ဖောက်ထုတ်ဖွင့်အန်ချပြလိုက်တာ.

ဖတ်လိုက်ရတာ ရင်ထဲကို စူးခနဲ ၀င်သွားတယ်. မှတ်မှတ်ရရရှိနေမယ့် နယူးရီးယား ပို့စ်လေးတစ်ခုပါပဲ.

ကျွန်တော်လည်း သိပ်မထူးခြားပါဘူး.း)
တကယ်တော့ ကိုယ်အထီးကျန်ဖြစ်နေခဲ့တဲ့ အချိန်မှာ အဲဒါကို မဖုံးကွယ်ဘဲ ငါအထီးကျန်နေတယ်လို့ ၀န်ခံလိုက်ရင် အထီးကျန်ခံစားချက်ဟာ ကိုယ့်ကို မဖုံးလွှမ်းနိုင်တော့ပါဘူး.

ပျော်ရွှင်စရာကို မက်မက်မောမော ရှာဖွေနေကြတဲ့ လူသားတွေကြားထဲမှာ ကိုယ်နဲ့ ခံစားချက်တွေကို ဝေမျှဖို့ လူတစ်ယောက် ရှာတွေ့ဖို့ဆိုတာ ကံကောင်းခြင်းတစ်မျိုးပါပဲလေ.

ကဲ. ကော်မန့်လည်း ပို့စ်တစ်ခုဖြစ်တော့မယ် ထင်တယ်. ဟတ်ဟတ်..

၂၀၀၈ မှာ မဗေဒါ ပျော်ရွှင်ချမ်းမြေ့ အောင်မြင်ကံကောင်းပါစေဗျားးးး

ခင်မင်လေးစားလျက်

ရန်အောင်

Z said...

အမစာတွေကို အခုမှ ပထမဆုံးဖတ်ဖူးတာဖြစ်ပေမယ့်...အရမ်းဖတ်လို့ကောင်းတယ်.....တချို့ခံစားချက်တွေဆိုရင် တူတောင်တူနေသလိုခံစားရတယ်...

Anonymous said...

အမ အားတင်းထားပါး) တယောက်တည်းနေရတယ်ဆိုတလည်း ခပ်ကောင်းကောင်းပါပဲ ။ သွားချင်တာသွား ၊ လုပ်ချင်တာလုပ် ၊ တားမယ့်သူ ကိုယ့်ဘာသာပဲ ရှိတယ်း) အဲလိုဖရီးဒန်းကိုပဲ ကြည့်လိုက်ပါ ။ အထီးကျန်ခြင်းတွေကို စိတ်ထဲကမောင်းထုတ်ပြီး စကားလုံးတွေအဖြစ်ပဲ ရှင်သန်ခွင့် ပေးလိုက်ပါ ။

နှစ်သစ်မှာ ဂျစ်လည်း စာအုပ်တအုပ်ဖတ်ပြီး ၊ အိမ်မှာ အေး၂လူ၂ နေခဲ့တယ်း)

Anonymous said...

Hi,

How you plan for this coming new year?


khayayphyu

mabaydar said...

I still have to work this year.. so sad.. next time i swear i will not let my happiness gone coz of some bustard. hahahha.. but now my supervisor planned me to work on new year night.. this year my supervisor become bustard... he hee.. (shu.. don't tell him).

Anonymous said...

မဗေဒါ

NewYear ကိုတစုံတယောက်အတွက် ဝမ်:နဲမိလို့ ကိုယ်ကိုကိုယ် အပြစ်မတင်ပါနဲ့။
စိတ်ဆိုတာ ချုပ်ထားလို့မ မရတာ။

ဝမ်:နဲပီ: ရင် ဝမ်:သာတဲ့ အချိန်တွေ ရောက်လာမာနော်

ကျားရို ကျားရို :P

ခရေဖြူ