Tuesday, September 30, 2014

Introduction to Helping Hands of TP Myanmar & BPP Challenges

ဒီတစ်ခေါက်တော့ ရေးမယ်ရေးမယ်နဲ့ ဒီပိုစ့်မတင်ဖြစ်တာနဲ့ ကိုရီးယား ခရီးသွားပိုစ့်ပါမတက်လာဖြစ်နေတော့တာပါပဲ… အကြောင်းကတော့ သူကြီးမင်း တုံးဖလား ဘလော့ပိုင်ရှင် ကိုကိုမောင်UK က ဘလော့ဒေးအမှတ်တရအနေနဲ့ ဘလော့တွေ ပြန်လည်စည်ကားလာစေရန် ရည်ရွယ်ပြီး Ice-bucket Challenge လိုမျိုး Blog Post Publish Challenge (BPP challenge) ကိုစခဲ့တာပါပဲ…
ဘလော့ပိုစ့် challenge ခေါ်ခံရပြီး ၂ပတ်အတွင်း ကိုယ့်ဘလော့မှာပိုစ့်တင်ရင်တင် မတင်ရင် နှစ်သက်ရာ ပရဟိတအဖွဲ့ကို မြန်မာငွေ ၅၀၀၀ နှင့်အထက် ကြိုက်သလောက်လှူဖို့ပါ… Ice-Bucket challenge နဲ့ မတူတာကတော့ မရေးမှ လှူရမှာဖြစ်ပြီး ရေးရင်တော့ မလှူချင်လဲရပါတယ်တဲ့… သူကြီးမင်း(တုံးဖလား)ရေးထားတဲ့ အဆင့်တွေကို အောက်မှာ ဖော်ပြပေးပါအုံးမယ်…

အဲဒါနဲ့ တစ်ဆက်တည်း ပြောပြချင်တဲ့အကြောင်းလေးကတော့ မဗေဒါ လစဉ်အလှူငွေထည့်ဝင်သူတစ်ယောက်အနေနဲ့ ပါဝင်ထားတဲ့ TP Myanmar Helping Hands အဖွဲ့လေးအကြောင်းပဲဖြစ်ပါတယ်…

TP Myanmar Helping Hands ရဲ့ ဖြစ်တည်မှုအကျဉ်း



မင်္ဂလာရှိတဲ့နေ့တစ်နေ့ (၁၀ စက်တင်ဘာ ၂၀၁၁) မှာ TP ကျောင်းသူကျောင်းသား(ဟောင်း/သစ်)များ စုဝေးပြီး မြန်မာနိုင်ငံမှာ ချို့တဲ့စွာ ပညာသင်ကြားနေကြတဲ့ ကျောင်းသူကျောင်းသားလေးတွေကို တတ်နိုင်သမျှ ထောက်ပံ့ဖို့ ကြိုးစားကြမယ်လို့ သဘောတူညီခဲ့ကြပါတယ်။
မြန်မာပြည်က ချို့တဲ့ကြတဲ့ ကျောင်းသားလေးတွေ အတွက် တစ်စုံတစ်ရာ ထိရောက်တဲ့ အထောက်အပံ့ဖြစ်မယ်လို့ လက်ခံယုံကြည်မှု အပြည့်နဲ့ပါ။
(တီပီမြန်မာကျောင်းသားဟောင်းတွေနဲ့ စတင်တည်ထောင်ခဲ့ပေမဲ့ တီပီကျောင်းသားမဟုတ်တဲ့ မည်သူမဆို ပါဝင်လှူဒါန်းနိုင်ပါတယ်… မဗေဒါ မေမေတောင် လစဉ်လှူဒါန်းသူအနေနဲ့ပါဝင်ထားပါတယ်…)

အဖွဲ့ရဲ့ ရည်ရွယ်ချက် (Helping Hands of TP Myanmar Public group မှ ကူးယူဖော်ပြသည်)

• နိုင်ငံခြားတွင် ပညာသင်ကြား (သို့မဟုတ်) အလုပ်လုပ်ကိုင်နေသူများ အနေဖြင့် ပြည်တွင်းမှ ချို့ချို့တဲ့တဲ့နှင့် ကျောင်းတက်နေရရှာသော ကျောင်းသားလေးများ၏ ဘဝလေးများ လှပစေဖို့ ဝိုင်းဝန်းကူညီရန်၊
• ပညာရေးဖွံ့ဖြိုးမှုကို ဦးစားပေးသော အလှူများကို အလှူငွေရရှိမှုပေါ်မူတည်၍ လူမျိုးမရွေး ဘာသာမရွေး တတ်နိုင်သလောက် လှူဒါန်းသွားရန်၊
• TPmyanmar ကျောင်းသားကျောင်းသူများနှင့် စိတ်ပါဝင်စားသူများ၏ လစဉ်ထည့်ဝင် လှူဒါန်းငွေများကို လက်ခံရန်နှင့် ရေတိုရေရှည်လှူဒါန်းမှုများကို စည်းစနစ်တကျ စီမံဆောင်ရွက်သွားရန်၊
• လှူဒါန်းမှူများ ထိရောက်မှုရှိစေရန်နှင့် အလှူရှင်များ စိတ်ကျေနပ်မှုရစေရန် အတွက် ပွင့်လင်းမြင်သာမှု ရှိစေရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းသွားရန်၊

မဗေဒါဘာလို့ လှူဖို့ဆုံးဖြတ်လဲ

မဗေဒါဟာ တီပီကျောင်းသူဟောင်းမို့ လှူတယ်လို့ ဆုံးဖြတ်တာထက်
၁။ တီပီမြန်မာကူညီသောလက်များအဖွဲ့ရဲ့ ပွင့်လင်းမြင်သာစွာ Manage လုပ်တာကို သဘောကျလို့ လစဉ်လှူဖြစ်တာပါ။
နောက်ပြီး ဒီအဖွဲ့ဟာ တီပီက ကျွန်မတို့ လေးစားခင်မင်ရတဲ့ မြန်မာဆရာမ ဒေါ်ခင်အမ်းမွန် ကိုယ်တိုင် ကျောင်းသားဟောင်းတွေကို ကြီးကျပ်ပြီးလုပ်ပေးတဲ့အတွက် စည်းကမ်းကျနပြီး စေ့စပ်ပါတယ်။

၂။ အဖွဲ့အစည်းထဲက လူတွေအားလုံးကလဲ ကိုယ့်လိုပဲ စကာင်္ပူမှာ အခြေခိုင်နေပြီး ကိုယ့်အလုပ်နဲ့ကိုယ် ဒီအဖွဲ့ကို community အလုပ်တစ်ခုအနေနဲ့ရော သူငယ်ချင်းဟောင်းတွေ၊ သူငယ်ချင်း အသစ်တွေနဲ့ အဆက်အသွယ်ရှိနေဖို့အတွက်ရော ၀ိုင်းဝန်းပံ့ပိုးကြတဲ့သူတွေဆိုတော့ ပရဟိတဗန်းပြပြီး လုပ်စားမဲ့သူတစ်ယောက်မှ မပါဘူးဆိုတာ ယုံကြည်မှုရှိလို့ပါ။

၃။ ပြီးတော့ မိဘမဲ့ကျောင်းတစ်ခုကို လှူဖို့ရွေးတော့မယ်ဆိုရင် မိဘမဲ့ကျောင်း ၃၊ ၄ကျောင်းကို ရန်ကုန်က တီပီကျောင်းသား၊ကျောင်းသူဟောင်းတွေက အသေအချာရှာဖွေပေးပြီး အဖွဲ့ဝင်တွေအားလုံးရဲ့ မဲဆန္ဒနဲ့ မဲအများဆုံးရတဲ့ ကျောင်းတွေကို လှူတာပါ။ အဲဒိအတွက် ဒီမိုကရေစီကျကျ ကိုယ့်ရွေးချယ်မှုကို ပါဝင်စေတဲ့အတွက် သဘောကျပါတယ်။



၄။ အလှူငွေစာရင်းကောက်ခံရရှိငွေအားလုံးကို ၃လတစ်ကြိမ်စုစည်း လှူဒါန်းပြီး လှူဒါန်းသမျှစာရင်း အပြည့်အစုံကို ဖေ့ဘွတ်အဖွဲ့မှာ ပွင့်လင်းမြင်သာစွာ ပြန်လည်မျှဝေ အသိပေးပါတယ်။ (ကျွန်မသိသလောက်တော့ တစ်ခါလှူရင် အပိုငွေမထားပဲ လိုနေရင်တောင် ကမကထ လုပ်သူတွေက သူတို့ အိတ်ထဲက ထပ်စိုက်ပြီး အပြည့်အဝ လှူတာပါ)။

၅။ သွားလှူတဲ့နေရာက ကလေးတွေကို သူတို့ပြောချင်တာလေးတွေ အမှတ်တရ စာရေးခိုင်းပြီး ဖေ့ဘွတ်ပေါ်တင်ပေးပါတယ်။ ကိုယ်တိုင် ရန်ကုန်မှာမရှိလို့ မပါဝင်လိုက်နိုင်တဲ့ အလှူရှင်တွေလဲ စာလေးတွေဖတ်ပြီး ပီတိဖြစ်လို့ရပါတယ်။ (သူတို့ ရေးတဲ့ တချို့စာလေးတွေဆို ဖတ်ရကောင်းလွန်းလို့ မျက်ရည်တောင် ကျမိတာတွေရှိတယ်)။

၆။ မဗေဒါ တစ်ကြိမ်တော့ ဒလက ဘုန်းကြီးကျောင်းသွားလှူတာကို ၂၀၁၂ ဒီဇင်ဘာမှာ လိုက်ဖူးပါတယ်။ အဲကွန်းဘတ်စ်ကြီး အကြီးကြီး ငှားပြီး အားလုံး စုပေါင်းသွားကြ။ ဟိုမှာ ကလေးတွေနဲ့ ဆော့ကြနဲ့ အရမ်းကို ပျော်စရာကောင်းတဲ့ အဖွဲ့အစည်းတစ်ခုပါပဲ။
ဒီတော့ BPP-challenge နဲ့ ပြန်ဆက်ရရင်တော့။ ဘယ်မှာ လှူရမှန်းမသိဘူးဆိုရင် တီပီမြန်မာကူညီသောလက်များအဖွဲ့မှာ လစဉ်အလှူရှင်မလုပ်ချင်လဲ One time အလှူအနေနဲ့ လှူဒါန်းလို့ရကြောင်း သတင်းကောင်းပါးအပ်ပါတယ်။



ထမင်းတွေလဲ အများကြီးစားတယ်၊ ဓာတ်ပုံမရိုက်ခင် ခပ်တည်တည်နေပြီး ဖုန်းထုတ်ဓာတ်ပုံရိုက်တော့မှ ဟောသလို ချစ်စရာရုပ်လုပ်တယ်...

အားလုံးကို အအေးဗူးနဲ့ ဗလာစာအုပ်တွေ ဝေတယ်...

စောင်တွေနဲ့ တခြားလိုအပ်မဲ့ အသုံးအဆောင်တွေကို ကျောင်းကိုလှူတယ်...
ဘုန်းဘုန်းတွေကို ဆွမ်းကပ်

ကလေးတွေ ထမင်းစားနေတုန်းလေး...

သူတို့နဲ့တူတူဆော့ကြတယ်...

နှုတ်ဆက်တာကို သီချင်းလေးနဲ့နှုတ်ဆက်ကြတယ်...

သူတို့ဆီက ပေးစာ... တချို့...

Very Touching Letter from one of them...

This is one of the Heart warming letter from them...

မဗေဒါ ဒီပိုစ့်လေးနဲ့ ပြန် Challenge လုပ်လိုသူများကတော့…

၁။ Fan Fic တွေကို ဖေ့ဘွတ်မှာပဲ ရေးပြီး ဘလော့လေး လူမလာလို့ ဘလော့မှာ မတင်ဖြစ်တော့ဘူးဆိုတဲ့ ညီမလေး ယမမင်းလေး ဘလော့ပိုင်ရှင်
http://yaminohmar.blogspot.sg/ )

၂။ သူများတွေ Challenge လုပ်ပြီးပေမဲ့ ကိုယ်မလုပ်ရသေးလို့ ထပ်လုပ်လိုက်တဲ့ မဗေဒါ ဘလော့ကို အမြဲအားပေးတဲ့ HsuMyat (http://hsumyatmoe88.blogspot.sg/)

၃။ မဗေဒါကို Challenge ခေါ်ခဲ့တဲ့ ဝတ္တုတိုတွေအရေးကောင်းတဲ့ မဆွေလေးမွန် (www.whitewhitemind.blogspot.com)

၄။ BPP challenge ကို စခဲ့ပြီး မဗေဒါကို Challenge ခေါ်ခဲ့တဲ့ သူကြီးမင်း (http://kokomaunguk.blogspot.co.uk/)

၅။ မြန်မာ့ ပထဝီတွေ ပြန်လည်လေ့လာရင်း ဖေ့ဘွတ်မှာရော ဘလော့ပေါ်မှာပါ ပျောက်နေတဲ့ မေဖလားဝါးပိုး (http://33poepoe.blogspot.sg/) (မြန်မာဖောင့်မရှိရင် ခုဒေါင်းပြီးရေးပါ (သို့) မဗေဒါ sidebar က ဘားကလစ် keyboard (http://burglish.my-mm.org/latest/trunk/web/testarea.htm) နဲ့ တစ်လုံးချင်းရိုက်ရေးပါ)

၆။ တိတ်တိတ်လေး ဘလော့ရေးနေပြီး စာရေးကောင်းတဲ့ မရွှန်းမီ (http://present-of-lifetime.blogspot.sg/) (အင်္ဂလိပ်လိုရေးရေး မြန်မာလိုရေးရေး ရေးရင်ရဘီ)

၇။ ခုထက်ထိလဲ ဘလော့ရေးနေစဲ ဖေ့ဘွတ်မှာလဲ active ဖြစ်တဲ့ ကိုလင်းဦး (စိတ်ပညာ) (http://www.linoo.asia/)

၈။ ဖေ့ဘွတ်ပေါ်မှာ မုန့်တွေနဲ့ အဖြူရောင်ကြောင်ပုံပဲတင်နေတဲ့ စာရေးကောင်းတဲ့ (ခုလောလောဆယ် မမဗိုက်) ဗစ်စတာအောင် (http://vistazplanet.blogspot.sg/)

၉။ ယူနီကုတ်နဲ့ သပ်သပ်ရပ်ရပ်လေး လှနေတဲ့ ဘလော့ပိုင်ရှင် သယ်ရင်း မင်းယွန်းသစ် (http://minnyoonthit.net/)

၁၀။ ကိုယ် Challenge လုပ်လုပ် မလုပ်လုပ် စိတ်ဝင်စားစရာပိုစ့်တွေ လောလောဆယ် ကိုယ်ဝန်ဆောင်မှတ်တမ်းပိုစ့်တွေရေးနေတဲ့ နန်းညီ (http://nangnyi.blogspot.sg/)

ခုလို Challenge ခေါ်ခံရလို့ Stress လဲ မဖြစ်စေချင်သလို၊ စိတ်လဲ မဆိုးကြစေချင်ပါ။ ဟီး…. ခင်မင်ရတဲ့သူတွေလဲဖြစ်၊ စာရေးကောင်းမှန်းသိထားသူတွေလဲဖြစ်လို့ ဘလေ့ာလေးပေါ် active ဖြစ်စေချင်လို့ သတိတရ Challenge ရခြင်းသာဖြစ်ပါတယ်ရှန်….


(အောက်ပါ BPP-Challenge အဆင့်များကို သူကြီးမင်း(တုံးဖလား) ဆီမှ ပြန်လည်ကူးယူဖော်ပြလိုက်ပါတယ်)

သတ်မှတ်ချက်များကိုု အောက်ပါအတိုုင်း အကြမ်းဖျင်း ပြုလုုပ်ထားပါသည်။ လုုိအပ်သည်များကိုု ထပ်ဖြည့်ပေးကြရန်လည်း တောင်းခံပါသည်။


၁။ ဘလော့ဂါတစ်ယောက် တစ်ခါ BPP-Challenge လုုပ်လျှင် ဆယ်ယောက်ထက် ပုုိပြီး မလုုပ်ရ။

၂။ BPP-Challenge လုုပ်ထားကြောင်း အချိန်မီ အကြောင်းကြား၍ ရနုုိင်သည့် ဘလော့ဂါတုုိ့ကုုိသာ BPP-Challenge လုုပ်ရမည်။

၂။ BPP-Challenge အလုပ်ခံရသူသည် BPP-Challenge လုုပ်ပြီး နှစ်ပတ်အတွင်း ဘလော့ပေါ်၌ ပိုု့စ်တစ်ပုုဒ် တင်ရမည်။

၃။ BPP-Challenge အလုပ်ခံရသူသည် မိမိနှစ်သက်ရာ ခေါင်းစဉ်၊ မိမိနှစ်သက်ရာ အကြောင်းအရာတုုိ့ကိုု ရေးနိုုင်သည်။

၄။ နှစ်ပတ်ကျော်လွန်ပြီး ပုုိ့စ် မတင်နိုုင်ပါက မိမိနှစ်သက်ရာ ပညာရေးလုုပ်ငန်းသုုိ့ မြန်မာကျပ်ငွေ ၅၀၀၀ နှင့် ညီမျှသော သက်ဆုုိင်ရာငွေကြေး အလှူငွေကုုိ ပေးလှူရမည်။ (ထုုိထက်ပုုိ၍ ပေးလှူလုုိပါကလည်း လက်ခံပါသည်)။ (TP မြန်မာ Helping Hands အဖွဲ့ရဲ့လစဉ်အလှူရှင်ဝင်ပီပီ ဦးစွာအနေဖြင့် တီပီမြန်မာကူညီသောလက်များကို ပေးလှူရန်ဟုု အကြံပြုချင်သည်။)။ း)

၅။ လှူဒါန်းမှု ပြုလုုပ်ပြီးသော ဘလော့ဂါများကိုုလည်း နှစ်ပတ်ကျော်လွန်ပါက ထပ်မံ၍ BPP-Challenge လုုပ်နုုိင်သည်။

၆။-BPP-Challenge လုုပ်ခြင်းကိုု တစ်ခုုမက များစွာ ပြိုင်တူ ခံရလျှင် အားလုုံးအတွက် ပုုိ့စ်တစ်ပုုဒ် ရေးပြီးတုုန့်ပြန်ပါက အလုုပ်ပြီးမြောက်သည်ဟုု မှတ်ယူပါမည်။

၇။-မိမိ BPP-Challenge လုုပ်ထားသူများကိုု အသိပေးရာ၌ တဂ်(Tag) လုုပ်ထားသည်ဟုု မသုုံးဘဲ ချဲလင့် (Challenge) လုုပ်ထားသည်ဟုု အသုုံးပြုရန် ဖြစ်ပါသည်။

၈။ ပုုိ့စ်တင်ပြီးကြောင်း အသိပေးရာ၌ ပိုုမုုိမြန်ဆန်စွာ စာဖတ်သူထံ အချိန်နဲ့ တပြေးညီ ရောက်ရှိစေရန်https://www.facebook.com/groups/mbcdays/ သုုိ့ သွားရောက်ပြီး အသိပေးစေလုုိပါသည်။ ထုုိဖေ့စ်ဘုုတ်ကိုုလည်း မိမိတုုိ့ကိုုယ်ပိုုင် ဖေ့စ်ဘုုတ်နဲ့ ချိတ်ဆက်ထားစေလုုိပါသည်။

၉။ မိမိကတဖန် ပြန်ပြီး ချဲလင့်ပြန်လုုပ်ရာတွင် ချဲလင့်လုုပ်ခံထားရသူများ အချိန်မီ သိရှိစေနုုိင်ရန်အတွက် အထက်ပါ ဖေ့စ်ဘုုတ်၌သော်လည်းကောင်း၊ ထုုိသူတုုိ့၏ ဘလော့စီဘောက်စ်၌သော်လည်းကောင်း၊ ထုုိသူတုုိ့၏ ဘလော့နောက်ဆုုံးပုုိ့စ်၌ ကွန်မင့်ပေး၍သော်လည်းကောင်း အသိပေးကြစေလုုိပါသည်။
၁၀။=Ice-Bucket-Challenge နှင့်BPP-Challenge တုုိ့၏ ကွာခြားချက်မှာ Ice-Bucket-Challenge အလုုပ်ခံရသူသည် ပြန်လည်တုုန့်ပြန်နုုိင်လျှင် ၁၀ ဒေါ်လာ၊ မတုုန့်ပြန်နုုိင်လျှင် ဒေါ်လာ ၁၀၀ ပေးလှူရမည်ဖြစ်သော်လည်း BPP-Challenge အလုုပ်ခံရသူမှာ ပြန်လည်တုုန့်ပြန်နိုုင်လျှင် အလှူငွေ ပေးလှူရန် မလုုိပေ။ မတုုန့်ပြန်နုုိင်မှသာ ၅၀၀၀ ကျပ် ပေးလှူရန် ဖြစ်ပါသည်။

၁၁ ။ လုုိအပ်ပါက အများစုု သဘောတူညီမှုဖြင့် စည်းကမ်း အလျော့အတင်း ပြုလုုပ်နိုုင်သည်။
.....

Wednesday, September 10, 2014

Free & Easy Korea Trip Day 3 (Part 2): Everland -> Eating Street Foods and Exploring Gangnam


P.S ဒီ ပိုစ့်လေးကတော့ မဆွေလေးမွန် (www.whitewhitemind.blogspot.com) နဲ့ သူကြီးမင်း(တုံးဖလား) (http://kokomaunguk.blogspot.co.uk/) တို့ရဲ့ BPP Challenge မှာ nominate လုပ်ခံထားရလို့ ရေးလိုက်ပါတယ်... ပိုက်ဆံကိုလဲ TP Myanmar Helping Hand Organization ရဲ့ လစဉ် Contributor အဖြစ် အစကတည်းက လှူလာတာ ခုဆိုရင် နှစ်နဲ့ချီနေပါပြီ... နောက်မှ အဲဒိအကြောင်းကို သေသေချာချာရေးရင်း ထပ် Challenge မဲ့လူတွေကို ပြောပါအုံးမယ်...

၁၁ရက် ဇူလိုင်လ ၂၀၁၄ (သောင်္ကြာနေ့)
ကံမကုန်လို့ ပြန်ဆုံခဲ့တဲ့ EVERLAND



Going to Normal Ticket Counter

Everland ဂိတ်ဝကိုရောက်တော့ သာမာန်သူများတွေ လက်မှတ်ဝယ်တဲ့ကောင်တာကိုသွားရင်း ကိုယ်ထုတ်လာတဲ့ Discount Coupon ကိုပြတော့ သူတို့ဆီမှာ ဝယ်ရမှာ မဟုတ်ဘူးတဲ့… တိုးရစ်ကောင်တာ သက်သက်ရှိတယ်တဲ့ ဟိုဘက်နားအဆောင်ကို ပြတယ်… သူကလဲ အင်္ဂလိပ်လိုသိပ်မပြောတတ်ဘူး… ကိုယ်တွေလဲ ကြောင်တောင်တောင်နဲ့ သူပြတဲ့ဘက်ကို လျှောက်သွားလိုက်တယ်… တိုးရစ်ကောင်တာက အဆောင်လေးသပ်သပ်ပေါ့… အဲ့ဒိက ကောင်မလေးတွေကတော့ အင်္ဂလိပ်လို ပြောတတ်ကြတယ်… ကောင်မလေးက သဘောကောင်းတယ်… ကျွန်မတို့ ရောက်သွားတဲ့အချိန်က ၄နာရီ ၁ဝမိနစ်လောက်ရှိနေပြီဆိုတော့ သူက ၄နာရီခွဲဆိုရင် ပန်းခြံဝင်ခကို စျေးပိုချပေးတယ်တဲ့… စောင့်မလားဆိုတော့ ကိုယ်လဲ မိနစ် ၂ဝနဲ့ ဝမ်၈၀၀၀ လောက်သက်သာမယ်ဆိုတော့ Bibimbap တစ်ပွဲဖိုးလောက်ရှိတော့ စောင့်ဖို့ဆုံးဖြတ်လိုက်တယ်… မဗေဒါအစ်မကလဲ သက်တောင့်သက်သာရှိမဲ့ အကျီင်္တစ်ထည်ဝယ်ဖြစ်တယ်… မဗေဒါကလဲ အသက်ကြီးလာတော့ အဲ့ဒိ Ride တွေ ဒီလောက်မစီးနိုင်တော့ဘူး… အထူးသဖြင့် ပင်ပန်းရင်ပိုမစီးနိုင်ဘူး… နေကလဲ ပူနေတော့ ရေခဲမုန့်စားချင်စိတ်ဖြစ်သွားတယ်… ဒါနဲ့ ဟိုဘက်နားက စူပါမတ်ကတ်ဝင်ကြည့်ရင်း ရုပ်ရှင်ထဲမှာ သူတို့တွေစားနေကျ ပလပ်စတစ်ချောင်းထဲမှာ အဲဒိ ပလက်စတစ်ချောင်းခေါင်းကို ချိုးပြီးစုတ်စားရတဲ့ ရေခဲချောင်းဝယ်စားဖြစ်တယ်… အရသာက ထင်ထားတာထက် တော်တော်ကောင်းတယ်… စျေးကလဲ ချိုပါ့… ဝမ် ၃၀၀ ပဲပေးရတယ်... ကျန်တဲ့ ၂ယောက်တောင် ကြိုက်သွားလို့ လိုက်ဝယ်စားကြတယ်… ရေခဲချောင်းလေးစားလိုက်မှ လန်းဆန်းသွားတော့တယ်…



Gangnam ကိုသွားတဲ့ကား ဟုတ်လားလို့ မေးတာကိုပါ ကိုရီးယားလို ရေးပေးထားတယ်...


၄နာရီခွဲမှ ကောင်တာမှာ သွားဝယ်တော့ ကျွန်မတို့ ၁ယောက်ကို ဝင်ကြေး ဝမ် ၃သောင်းစီပဲ ပေးရတယ်… ၄နာရီခွဲ Discount ရော၊ Coupon ရော ၂ခုလုံးရတယ်… အစက မူရင်းစျေး ဝမ် ၄သောင်း ၆ထောင်ကို Discount coupon သုံးရင် ဝမ် ၃သောင်း ရထောင်နဲ့ရမှာ။ ခုတော့ ၃သောင်းပဲ။ (ခုရေးနေရင်းနဲ့မှ Everland website မှာ ထပ်သွားကြည့်တော့ Double Discount မရဘူးလို့ရေးထားတယ်… ကျွန်မတို့ ဘာလို့ရခဲ့လဲတော့ မသိ)… အဲဒါနဲ့ တစ်ခါတည်း အင်္ဂလိပ်စကားပြောတတ်တဲ့သူတွေ့တုန်း အပြန်ဘယ်လိုပြန်ရမလဲပါတစ်ခါတည်းမေးလိုက်တာပေါ့… ကောင်မလေးက သဘောကောင်းပါတယ်… ကျွန်မတို့က သူပြောတာတောင် ယောင်လည်လည်ဖြစ်နေလို့ စာနဲ့ပါ သေချာရေးပြတယ်… အမှန်တော့ Seoul ကို bus 5007 ပြန်စီးရမယ်ဆိုပေမဲ့ အဲဒိ 5007 ရပ်တဲ့ နေရာကိုသွားဖို့ Everland ထွက်ပေါက်ကနေ Carpark 5 က Shuttle bus ကို စီးရမှာ… ၂ဆင့်စီးရမယ်ဆိုတော့ ကျွန်မတို့က မျက်စိလည်သွားတာ… သူရေးပေးတဲ့ စာရွက်ပျောက်မှာစိုးလို့ တစ်ခါတည်း ဓာတ်ပုံရိုက်ထားလိုက်တယ်… ပြီးရော….


ဒီနေရာကို ထပ်ရောက်ခဲ့ပြန်ပေါ့...


ဒီအပင်ကြီးကို ထပ်ရိုက်ခဲ့ပြန်ပေါ့...


ချစ်စရာ Decoration လေးတွေ...

Everland ကတော့ ကျွန်မအတွက်ဒုတိယအကြိမ်ထပ်ရောက်ခဲ့တဲ့ နေရာပေါ့… ပထမတစ်ခေါက်ရောက်ခဲ့တာတောင် မနေ့တနေ့လိုပဲ အဲ့ဒိနေရာကိုလဲ ရင်းနှီးနေတုန်းပဲ… ဝင်ပြီး စီးစရာတွေ့တာနဲ့ ကဲ စီးကြမယ်ပေါ့… ကျွန်မအစ်မက အဲ့ဒါတွေစီးရတာ သိပ်ကြိုက်တာ… ကျွန်မသူငယ်ချင်းကတော့ ရောက်တာတန်အောင် အကုန်လုပ်တယ်… ငြင်းတာကိုးမရှိဘူး… သူက ကျွန်မထက်ခံနိုင်ရည်ရှိတယ်… ဒီတော့လဲ ကောင်းပါတယ် သူတို့ ၂ယောက်စီးကြပေါ့… ကျွန်မကတော့ နောက်ရက်တွေအတွက်ပါ ကိုယ့်ကိုကိုယ်ထိန်းရမယ်… ဒါတောင် ပထမ Ride ကို သူတို့ အဆွယ်ကောင်းလို့ တက်စီးလိုက်သေးတယ်… ဗွီဒီယိုတောင် စီးနေရင်း ရိုက်လာဖြစ်သေး… မဗေဒါက အမြင့်ကို မကြောက်ပါဘူး… ဒါပေမဲ့ လည်ရင်တော့ မူးတာကို မကြိုက်ဘူး… သူတို့ Ride တော်တော်များများက လူကို လှည့်ပြီး ဇောက်ထိုးမိုးမျှော်တာတွေက များတယ်… ခုတက်စီးတဲ့ဟာဆိုလဲ လည်လဲလည် လွှဲလဲလွှဲပေါ့… အဲဒါစီးပြီး လူက အရမ်းမဟုတ်ပေမဲ့ နည်းနည်းတော့ မူးချင်ချင်ဖြစ်သွားတယ်… နောက်တစ်ခု ထပ်စီးရင် သေချာပေါက်မူးပြီ… ကိုယ့်ကိုကိုယ်လဲ အားမရပါဘူး…


အဲဒိကနေ ရေပန်းတွေလွှတ်တယ်


T-Express ဆီက အပြန် ရေပန်း show လုပ်သွားတဲ့ နေရာ...

သူတို့ကတော့ T-Express ကို ဆီကိုသွားတဲ့လမ်းမှာ Roller Coaster တစ်ခု ဝင်စီးလိုက်သေးတယ်… သူတို့စီးတဲ့အချိန်ကိုယ်လဲ စောင့်ရင်းနားရတာပေါ့… နောက်တစ်ခု သူတို့စီးတဲ့ Double Rock Spin ဆို လူတွေက အသားကင် (kebab) ကျနေတာပဲ ထိုင်ခိုင်းထားပြီးတော့ လှည့်တာ လှည့်တာဆိုတာ ပြောမနေနဲ့တော့… ကိုယ်မစီးပဲ ကြည့်တာနဲ့တင် အဲဒါကြီး မစီးချင်တာ… ကိုယ်လဲ ငယ်ငယ်က အားလုံးနီးပါး စီးဖူးပြီးပြီဆိုတော့ အရသာသိနေပြီ… အဲဒါစီးပြီးတော့ သူတို့ ၂ယောက် နည်းနည်းတော့ မူးသွားပုံရတယ်… T-Express Wooden Roller Coaster ဘက်အသွားမှာ Parade လိုမျိုး ဝတ်စုံတွေနဲ့ အလှပြယာဉ်တွေနဲ့ ကပြနေတာတွေ့လိုဝင်ကြည့်လိုက်တော့မှ သူတို့က ရေတွေနဲ့ပါ ပရိတ်သတ်ကိုတကယ်ပက်တာ… တချို့တွေကတော့ မိုးကာအကျီဝတ်ထားပြီးသားတွေ… ကိုယ်ကတော့ ကိုယ်စိုတာ ကိစ္စမရှိ… ရိုက်နေတဲ့ ကင်မရာကို ကာကွယ်ရတယ်… ဒါပေမဲ့ ရေနဲ့ပက်ခံလိုက်ရတော့မှ ခေါင်းမူးပြီး အီလည်လည် နုံးတုန်းတုန်း ဖြစ်နေတာ ပျောက်ပြီး ပြန်လန်းသွားတယ်… ပြီးတော့ သူတို့ ၂ယောက်စီးတဲ့ T-Express မှာ ထပ်စောင့်ရပြန်ရော တော်တော်ကြာကြာစောင့်ရတယ်… Everland က ဟိုဘက်မှာ အကျယ်ကြီးရှိသေးတယ်… တိရိစ္ဆာန်ရုံလို ဟာမျိုးလဲရှိတယ်ဆိုတာသိပေမဲ့ ကိုယ်ရောက်တဲ့အချိန်ကလဲ နောက်ကျနေတော့၊ သူတို့ စီးချင်တာတွေပဲ ပေးစီးလိုက်တော့တယ်… အနှံ့တော့ မရောက်မှာ သေချာနေပြီလေ…. အနှံ့သွားချင်ရင်တော့ မနက်ကတည်းကလာပြီး တစ်နေကုန်နေမှရမယ်ထင်တယ်… အဲဒါပြီးတော့မှ စောစောကလာလမ်းအတိုင်းပြန်လျှောက်ပြီး စောစောက ရေဖြန်းတဲ့နေရာရဲ့ တစ်ဖက်မှာတော့ ပန်းခင်းကြီးရှိတယ်… Running man episode 65-66 မှာ သူတို့ လူတွေကို စုပြီးခေါ်လာရတဲ့ နေရာပေါ့… အဲဒိမှာ ပန်းတွေက ရာသီလိုက် အမြဲပြောင်းစိုက်တယ်ထင်တယ်… အရမ်းလဲ လှတယ်… ကာတွန်း ရုပ်လေးတွေကို ပန်းနဲ့ပုံဖော်ထားတာတွေလဲရှိတယ်… အစုံပါပဲ… Amusement Park ကိုတော့ လူတိုင်းရောက်ဖူးကြမယ်ဆိုတော့ အသေးစိတ်ပြောမနေတော့ပါဘူး… ဒါပေမဲ့ Amusement Park ရောက်တိုင်း ဘယ်သွားသွားကြားနေရတဲ့ စိတ်ချမ်းသာစရာကောင်းတဲ့ တီးလုံးလေးတွေနဲ့ ပျော်စရာပတ်ဝန်းကျင်လေး ဖန်တီးပေးထားတော့ ကလေးဆန်တယ်ပဲဆိုဆို ကိုယ့်ကိုကိုယ် Fairy Tale ထဲရောက်သွားသလိုပဲ ခံစားရတဲ့ ခံစားချက်ကိုကြိုက်တယ်… ကိုယ်သာ ၁ဝကျော်သက်အရွယ်ဆို ကိုယ့်ဖူးစာရှင် မင်းသားလေးကို တွေ့လို့တွေ့ညား လိုက်ရှာကြည့်ချင်မိမှာပဲ…



ရေထိလိုက်တော့ လန်းဆန်းသွားတယ်...


Running Man ပြိုင်တဲ့ ပန်းခင်းကြီး

အားလုံးက ကာတွန်းကမ္ဘာထဲရောက်နေ သလို...

My Secret Garden... Will I meet with Hyun Bin?

ကိုယ်မရိုက်ခင်က ဘယ်သူမှ မရှိဘူး ကိုယ်ရိုက်မယ်လဲဆိုရော လုယက်ရောက်လာကြတယ်... မနည်းအမြန်ရိုက်ခဲ့ရတယ်...
Young at our heart... We enjoyed fullest...

အဲဒိနေရာရောက်တော့ ညမှောင်သွားပြီ… အဲဒိကနေ ညဘက် မီးရှူးမီးပန်းဖောက်တာကို မစောင့်တော့ပဲ ပြန်မယ်အလုပ်မှာပဲ ညဘက် အလှပြ မီးတွေဆင်ထားတဲ့ ကားကြီးတွေနဲ့ Parade စတော့တာပဲ… အဲဒါရပ်ကြည့်ဖြစ်သေးတယ်… မဗေဒါအစ်မက အဲဒါမျိုးတွေ သိပ်ကြိုက်တာ… မဗေဒါက နိုင်ငံခြားလာတာ နိုင်ငံတကာက မင်းသားတွေအပြင်မှာ မြင်ဖူးချင်တဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်ရှိသလို… သူနိုင်ငံခြားလာတာလဲ Amusement Park ကောင်းကောင်းကို လျှောက်လည်ချင်တဲ့ ရည်ရွယ်ချက်လဲပါတယ်… ဒါပေမဲ့ သူစကာင်္ပူကို ရောက်ခါစက Amusement Park ဆိုလို့ ကချောက်ကြီး ကချောက်ချက် Escape Theme Park ဆိုတဲ့ သေးသေးလေးပဲရှိတာ။ ခုနောက်ပိုင်းမှသာ Universal Studio ပေါ်လာတာလေ… သူအဲဒိ အလှပြကားတွေကြည့်နေတာတောင် ဗွီဒီယိုရိုက်ထားသေးတယ်… ခွိ…
သြစီသွားတုန်းကလဲ Gold Coast က Movie World မှာလဲ Parade ကြုံခဲ့ပါသေးတယ်… ဒါပေမဲ့ သိတဲ့အတိုင်း သြစီက မိုးမချုပ်ခင် ပန်းခြံပိတ်တာလေ…

Fairy Tale come true..

ကားကြီးတွေ လှတယ်... မီးဝတ်စုံလေးတွေ ကလေးလေးတွေက ကြိုက်ပြီး ချစ်စရာကောင်းပေမဲ့ ဝတ်ထားရပြီး ကနေရတဲ့ ဝန်ထမ်းတွေကတော့ အတော်ပူမယ်...

ဒီလိုနဲ့ ကျွန်မတို့ ပြန်တော့ ချောချောချူချူပါပဲ… ပထမ ဘတ်စ်ကားက ကျပ်ပြီးနေရာမရတော့ ကျွန်မတို့ မလိုက်တော့ပဲ နောက်ကားပဲစောင့်စီးလိုက်တယ်… တိုက်စီနဲ့ Korean Folk Village ကလာတောင် တော်တော်စီးရတာ ဘတ်စ်ကားနဲ့ Gangnam အထိရပ်စီးရမယ်ဆို စဉ်းစားသာကြည့်တော့လေ… နောက်ကားလာတော့မှ နေရာအေးဆေးရတယ်…

Everland ရဲ့ Discout Coupon Print ထုတ်ချင်ရင်ပဲဖြစ်ဖြစ်၊ Everland ကို ဘယ်လိုသွားရမလဲ၊ Everland မှာ ဘာတွေစီးစရာ လုပ်စရာတွေရှိလဲ၊ ဘယ်အချိန်ထိဖွင့်လဲ ပိတ်လဲဆိုတဲ့ အချက်အလက်တွေအားလုံးကို
 Everland website  မှာ တွေ့ရှိနိုင်ပါတယ်နော်…

Bus Timetable

ဒီဗီြဒီယိုေလးကေတာ့ Everland မွာ စီးခဲ့တာကို ရုိက္ထားတာပါ...


Eating Dukbokki at Gangnam

Bus 5002 က ကျွန်မတို့ မနက်က Korean Folk Village ကိုစီးတဲ့ ကားမှတ်တိုင်ကိုပဲ ပြန်ရောက်တာပါ။ Gangnam က မနက်ကလဲ လူရှုပ်သလို ညဘက်ကျတော့လဲ လူက စည်ကားနေတာပါပဲ… စကာင်္ပူက Orchard လိုမျိုးပေါ့။ လမ်းတစ်ခုကို ဖြတ်အလျှောက် လမ်းဘေးစျေးသည်လှည်းတန်းတွေတွေ့တာနဲ့ ဝင်မြည်းချင်စိတ်ပေါက်သွားတယ်.. ကိုရီးယားရောက်မှတော့ လမ်းဘေး Dukbokki (Korean Rick Cake) ကို စားခဲ့ရမှာပေါ့… လှည်းပေါ်က တုတ်နဲ့ ထိုးထိုးထောင်ထောင်တွေလဲ စားရမယ်လေ… ဘူဆန်းမှာတုန်းကမစားဖြစ်ခဲ့ဘူး… ဒီနေ့တော့ အခြေအနေပေးတယ်.. ကိုယ်တွေလဲ ဒစ်နာမစားရသေးတော့ အစာပြေဒါအရင်စားမယ်ပေါ့။ Gangnam မို့လို့ထင်တယ် လမ်းဘေးဆိုင်တွေက တခြားနေရာတွေထက် ပိုသားနားတယ်…. ကျွန်မတို့ လူရှင်းတဲ့ ဆိုင်ပဲဝင်လိုက်တယ်… ဆိုင်ရှင်အမျိုးသမီးက အင်္ဂလိပ်လို မဆိုးဘူး ပြောတတ်တယ်… ဝမ်း တူး သရီးဖိုး ပြောတတ်ရင်ကို တော်တော်အလုပ်ဖြစ်နေပြီလေ…

ကောင်းမှကောင်း

ကိုရီးယားမှာ Dukbokki စားကြည့်တော့ စကာင်္ပူက ထက်ပိုစားလို့ကောင်းတယ်။ စကာင်္ပူမှာ စားဖူးသမျှက မကောင်းတော့ Dukbokki ဆိုတာ ကိုရီးယားမှာလဲ ဒီလို အရသာမျိုးပဲဖြစ်မယ်ထင်ခဲ့ပေမဲ့ တကယ်တန်းကျတော့ စားကောင်းနေတယ်။ စကာင်္ပူက Dukbokki နဲ့ ကိုရီးယားက Dukbokki အရသာကွာတာကဘာလဲဆိုတော့ အနှစ်အရသာက အဲဒိ Rice Cake ထဲကို ထဲထဲဝင်ဝင်ဖြစ်နေတယ်။ စကာင်္ပူက Dukbokki တွေက ပါးစပ်ထဲရောက်လိုက်တာနဲ့ ဆန်လုံးကတခြား ဟင်းနှစ်က တခြားဖြစ်ပြီး ပါးစပ်ထဲမှာ ထမင်းချည်းစားနေရသလိုဖြစ်နေတာ။ နောက်ပြီး တုတ်နဲ့ထိုးထားတဲ့ ဝက်အူလိုလိုဘာလိုလိုကြီးက တကယ်တော့ ပဲလိပ်ထင်တယ်။ သူက စျေးလဲတော်တော်ပေါတယ်။ စားလို့လဲ ကောင်းတယ်… ၀ါးလို့ကောင်းတယ်ဆိုပိုမှန်မယ်… Dukbokki တစ်ပွဲနဲ့ အဲဒိ ပဲလိပ်ချောင်းတွေဘာတွေ သုံးယောက် ဗိုက်အဆာပြေဆိုပြီးစားတာ စုစုပေါင်း ဝမ် ၄၄၀၀ ပဲကျပါတယ်... ဒါပေမဲ့ ကျွန်မတို့နောက်ထပ် ညစာထပ်မစားဖြစ်တော့ပါဘူး... အပြည့်အတင်းမဟုတ်ပေမဲ့ အနေတော်လေး ဗိုက်ပြည့်သွားပါတယ်...

စားလဲစား ရိုက်လဲရိုက်

Let’s explore Gangnam

အဲဒိဆိုင်မှာ စားသောက်နေတုန်းကတော့ ဘေးက ဖြတ်သွားဖြတ်လာလူတွေကို အရမ်းကြီး သတိမထားမိပါဘူး... စကာင်္ပူက အော့ချက်လိုပဲ သားသားနားနားတွေဝတ်စားပြီးသွားလာနေကြတယ်ဆိုတာလောက်ပဲ စိတ်ထဲရှိပါတယ်... စားပြီးသောက်ပြီးတော့လဲ ဖုန်းကိုကြည့်လိုက်တော့ Wifi မိနေတာနဲ့ တစ်နေကုန် အဆက်ပြတ်ခဲ့သမျှတွေကို ပြန်ကြည့် ဓာတ်ပုံရိုက်လာတာ တစ်ပုံ နှစ်ပုံ ဖေ့ဘွတ်ပေါ်ကောက်တင်... သုံးယောက်သား လှည်းနဲ့ဆိုင်တွေအဆုံးနားလေးမှာ လမ်းဘေးလေးကပ်ပြီး wifi ကိုသုံးတာ သုံးတာဆိုတာ... သုံးလို့ နည်းနည်းဝပြီး သတိလေးပြန်ဝင်တော့မှ ကိုယ်တွေရပ်နေတာ အမှိုက်အိတ်တွေစုထားတဲ့ အမှိုက်ပုံဘေးဖြစ်နေတယ်... (သေချာထုတ်ထားတော့ အန့ံက မရဘူးလေ)... အင်တာနက်ကလဲ ဂန်နမ်မှာ မြန်သလားမမေးနဲ့... ဒါတောင် Free Public wifi နော်... စကာင်္ပူကတော့ အော့ချက်မှာ အဲလို ၀ိုင်ဖိုင်ပေးနိုင်ဖို့ အတော်လိုက်ယူရအုံးမယ်...

ဒါနဲ့ ကဲပါလေ အင်တာနက်သုံးတာရပ်ပြီး ဂန်နမ်လေးကို ပတ်လိုက်ဖို့ ပြင်ဆင်လိုက်တာပေါ့... ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် Psy ပြောသလို Gangnam Style ဆိုတာ "Dress Classy, dance cheesy" ပဲထင်တယ်... သူတို့ Dance တာတော့ ကလပ်ဝင်ကြည့်မှ တွေ့မှပဲ... ဒါပေမဲ့ လမ်းပေါ်မှာ ဝတ်ထားကြတာတွေကတော့ အလန်းတွေချည်းပဲ... လူငယ်တွေချည်းပဲ လူကြီးတောင် မတွေ့ခဲ့ဘူး... ကောင်မလေးတွေ ကောင်လေးတွေဆိုတာလဲ ပိန်ပါး သန့်ပြန့် လန်ထွက်ပေါ့... ကျွန်မတို့သုံးယောက်ကတော့ မနက်ကတည်းက လက်လက်စင်အောင် လျှောက်သွားထားတော့ ကြောင်ချီးရုပ်နဲ့ သုံးယောက်ဖြစ်နေတာ... မတတ်နိုင်ဘူးလေ သူတို့ အဲလောက်လန်အောင်ဝတ်ပြီးမှ ဂန်နမ်လာမှန်း ကိုယ်မှ မသိတာ.. ကိုယ်လဲ ကိုယ့်ကိုကိုယ် သတိမထားမိခင်မှာတောင် ကိုရီးယား ကောင်လေးတွေ ကောင်မလေးတွေ လန်ထွက်ချောမောနေတာတွေကို လိုက် ငမ်း (အဲလေ) လိုက်ငေးရင်း လျှောက်နေမိသေးတာ... နောက်မှ ကိုယ့်ကိုကိုယ် ၀ိဉာဏ်ကောင်လိုပဲ လူတွေက ကိုယ့်ကိုရှိမှန်းတောင် သိရဲ့လားမသိဘူး.. (ဟောင်ကောင် Lang Kwai Fong သွားတုန်းကလိုပဲ) ... အသိဝင်တော့မှ သုံးယောက်သား အချင်းချင်းကြည့်ပြီး ရီမိကြတယ်... ဒါနဲ့ပဲ ဒီမှာကြာကြာနေရင် Depression ပါဖြစ်သွားနိုင်တယ်... ကိုယ့်လောက်ခန္ဓာကိုယ်တောင် တစ်ယောက်မှမရှိဘူး.. ပိန်လှပ်နေကြတာ... Gangnam ဆိုတာ ဒါပါလားသိသွားပြီဆိုတော့ တော်သေးပြီပေါ့... ဒီလိုနဲ့ပဲ Myeongdong ကို ရထားပြန်စီးပြီး မနက်ကလာတဲ့ လမ်းအတိုင်း တမျှော်တစ်ခေါ်ကြီး ကုန်းပေါ်ပြန်တက်... တည်းခိုခန်းရှိတဲ့ ကုန်းအောက်ပြန်ဆင်းပြီး တည်းတဲ့နေရာကို သွားဖြစ်ခဲ့ကြတယ်... အဲဒိနေ့ကတောင် လမ်းမှာ ဖြတ်လမ်းတွေ့လို့တွေ့ညားဆိုပြီး လမ်းတစ်ခုကို ဝင်ကြည့်သေးတယ်... ဒါပေမဲ့ လမ်းက မှောင်ပြီး လမ်းဆုံးက အပိတ်ကြီးဖြစ်နေလို့ ပြန်လျှောက်လာရတယ်... (PS. နောက်မှ ကိုရီးယားက စက်ရုံကထုတ်တဲ့အတိုင်း ဆရာဝန်တစ်ယောက်ထဲလက်က ထွက်တဲ့အတိုင်း တူနေတဲ့ရုပ်လေးတွေနဲ့ ကောင်မလေးတိုင်းလိုလိုရဲ့ မျက်ခွံပေါ်က အမာရွတ်လေးတွေအကြောင်းပြောပြအုံးမယ်)

Gangnam က လမ်းတစ်ခု... လူတွေကိုကျ ဓာတ်ပုံလျှောက်ရိုက်လို့မကောင်းတော့ မရိုက်ခဲ့မိဘူး...

တည်းခိုခန်းပြန်ရောက်တော့ ရေမိုးချိုး တစ်နေ့ကုန်သွားပြန်ပါပေါ့လေ... ဒါနဲ့ ညကျတော့ ကိုဖေစစ်နိုင်က ဖုန်းဆက်ပြီးနောက်နေ့ အစီအစဉ်ကိုမေးပါရော... သူနဲ့ စနေနေ့တွေ့မယ်ချိန်းထားတာကိုး... ဒါပေမဲ့ ကိုယ်ကလဲ Seoul အတွက်ကျတော့ သေချာ Itinerary ဆွဲမလာခဲ့မိတော့ ဘယ်သွားမလဲ မစဉ်းစားရသေးဘူး... ဒါပေမဲ့ သူဖုန်းခေါ်မေးတာကို ကျေးဇူးတင်ရမယ်... မစဉ်းစားချင်လဲ စဉ်းစားရတော့မယ်လေ... မဗေဒါက အဲလို့ မီးထိုးပေးနေမှ အိမ်စာလုပ်တာ... ဟဲ... ဒါပေမဲ့ ဖြစ်ချင်တော့ ကျွန်မတို့ ကိုရီးယားရောက်နေတာ ဖေ့ဘွတ်ကနေ ကျွန်မတို့နဲ့ စကာင်္ပူမှာသိခဲ့တဲ့ အစ်မကြီးတစ်ယောက်ကတွေ့ပြီး တွေ့ဖို့လဲဆက်သွယ်ထားတော့ သူနဲ့ မနက်ဖြန်တွေ့ဖို့ချိန်းထားသေးတယ်... Schedule တွေ တိုက်ကုန်တော့မယ်... ဟိ... ဒါပေမဲ့ အဲ့အစ်မကြီးကတော့ မနက်ပိုင်းပဲ တည်းခိုခန်းကိုလာတွေ့မယ် စကားလေးဘာလေးပြောမယ်တဲ့... မဗေဒါ အစ်မကလဲ သူနဲ့ ဖုန်းပြောရင်းချိန်နေတာ... ကိုဖေစစ်နိုင်က သွားချင်တဲ့နေရာတွေကဘာတွေလဲပြောကြည့်ဆိုတော့... ကိုယ်က Petite France နဲ့ Nami Island လဲ တစ်ရက်အချိန်ပေးသွားရမယ်... မြို့လယ်ခေါင်မှာ ချောင်းလိုလို မြောင်းလိုလို ရုပ်ရှင်တွေထဲပါတတ်တဲ့နေရာလဲ (Cheongyecheong stream) သွားချင်တယ်၊ မြို့လည်ခေါင်မှာ ထိုင်နေတဲ့ ဘုရင်ရုပ်ကြီးနေရာကိုကျတော့ မဗေဒါအစ်မရဲ့ Must go စာရင်းထဲပါနေတော့သွားချင်တယ်၊ Dongdaemung တို့ တခြား မြို့ထဲကနေရာတွေလဲ သွားချင်တယ်ဆိုတော့... အစ်ကိုက မြို့ထဲက သူလိုက်ပို့ပေးမယ်တဲ့... Petite France နဲ့ Nami Island (Winter Sonata ရိုက်တဲ့ ကျွန်း) ကိုတော့ သူ မလိုက်တော့ဘူးတဲ့... ဒါဆို မနက်ဖြန်ကို တခြားချိန်းထားတဲ့ အသိအစ်မကြီးလဲ လာမယ်ဆိုတော့ သူမလာတော့ဘူးတဲ့ မနက်ဖြန်ကို Nami Island ဘက်သွားလို့ သူက ဆုံးဖြတ်ပေးလိုက်တယ်... အဲ့ကျမှပဲ အိမ်စာပြီးသွားတော့တယ်... လူတောင် စဉ်းစားလိုက်ရတာ ခေါင်းတော်တော်မူးသွားတယ်။ ဒီလိုနဲ့ မနက်ဖြန် ဆက်ရမဲ့ ခရီးကိုလဲ ဆုံးဖြတ်ပြီးပြီဆိုတော့ စိတ်ချလက်ချ အိပ်လို့ရသွားတာပေါ့...

အောက်က ဗွီဒီယိုလေးကတော့ Bonus အနေနဲ့ပေါ့နော်.... Double Rock Spin သူတို့ စီးနေတုန်းရိုက်ထားတာ... ပြီးတော့ အဲ့ဒိနေ့က Vlog လေးပေါ့...

Bonus Video of a ride at Double Rock Spin

Thursday, September 04, 2014

ပိတ်ကားနောက်ကွယ်က ဘီလူးခေါင်းနဲ့ မင်းသားလေး Kim Hyung Joong



Boy Over flower ကားနဲ့ လူသိပိုများလာတဲ့ မင်းသား Kim Hyung Joong တစ်ယောက် သူ့တိတ်တိတ်ပုန်းချစ်သူကို ရိုက်နှက် နှိပ်စက်လို့ သူ့ချစ်သူကောင်မလေးက စခန်းမှာ အမှုဖွင့်တိုင်ကြားတဲ့ သတင်းကို တွေ့တော့ စိတ်ထဲမယုံချင်သလိုဖြစ်မိပေမဲ့ လူဆိုတာ ရုပ်ချောချော ရုပ်ဆိုးဆိုး မကောင်းမှုဆိုတာလုပ်ဖို့ ဖြစ်နိုင်တယ်လို့တွေးမိပြန်တော့ သတင်းတစ်ခုအနေနဲ့ပဲဖတ်ပြီး အံ့သြမိတယ်…
၂၀၁၄ သြဂုတ် ၂၂ရက်နေ့ လောက်မှာ သတင်းတွေစတင်ထွက်လာခဲ့တာကတော့….

သူနဲ့ တိတ်တိတ်လေးချစ်သူဖြစ်နေကြတဲ့ ကောင်မလေးက Songpa ရဲစခန်းမှာ သူ့ကို Kim Hyung Joong က ပြီးခဲ့တဲ့ မေလကနေ ဇူလိုင်လလည်လောက်အထိ ကိုယ်ထိလက်ရောက် ရိုက်နှက် နှိပ်စက်ခဲ့တဲ့အကြောင်း တိုင်ကြားခဲ့ပါတယ်… ကောင်မလေးက သူနဲ့ ကင်ဟွန်ဂျွန်း ချစ်သူတွေဖြစ်ခဲ့ပါတယ်ဆိုတဲ့ သက်သေတွေနဲ့တကွ သူမ ရိုက်နှက်ခံရစဉ်က ဆေးမှတ်တမ်းတွေကိုပါ သက်သေအဖြစ် တင်ပြခဲ့ပါတယ်တဲ့…

သူမရဲ့ သူငယ်ချင်းတစ်ယောက်က ပြောကြားချက်အရ “သူတို့ ၂ယောက် စကြိုက်တာ ၂၀၁၂ကပေါ့။ မေလမှာ မိန်းမပြဿနာတစ်ခုစဖြစ်ပြီး ကင်ဟွန်ဂျွန်းက သူ့ကို စပြီး ရိုက်နှက် နှိပ်စက်တော့တာပဲ”
ကောင်မလေးဟာ ကင်ဟွန်ဂျွန်းနေထိုင်တဲ့ တိုက်ခန်းမှာ ထိုးခံ၊ ကန်ခံ ခဲ့ရပါတယ်။ သူမ မျက်နှာ၊ ရင်ဘတ်၊ လက်မောင်းနဲ့ တင်ပါးတွေမှာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံမှာ ၂ပတ် ကျော် ဆေးကုသခံခဲ့ရတယ်လို ဆိုပါတယ်…

ဂျူလိုင်လမှာတော့ သူမရဲ့ နံရိုးတစ်ချောင်းကြိုးခဲ့ပြီး ၆ ပတ်ကြာ ဆေးကုသမှုခံယူခဲ့ရတယ်ဆိုပါတယ်…
ရဲက ကင်ဟွန်ဂျွန်းကို ခေါ်ယူစစ်ဆေးဖို့ ရှိတယ်လို့ပြောကြားခဲ့ပါတယ်…
(Above news is Translated from: Koreaboo )

သြဂုတ်လ ၂၃ရက်နေမှာတော့ ကင်ဟွန်ဂျွန်းရဲ့ အေးဂျင့်စီ KeyEast ကနေပြီး ဒီကိစ္စနဲ့ပတ်သတ်ပြီး ထုတ်ပြန်ချက်တစ်ခုချက်ချင်းထွက်လာပါတယ်…


“ပထမဆုံးအနေနဲ့ ဒီကိစ္စနဲ့ပတ်သတ်ပြီး သေချာတိကျအောင် မေးမြန်းနေရလို့ ဒီထုတ်ပြန်ချက်ကို ထင်ထားတာထက် နောက်ကျပြီးမှ ကြေငြာတဲ့အတွက် တောင်းပန်ပါတယ်… ဘာမှ မပြောခင် ကင်ဟွန်ဂျွန်းကို ဂရုစိုက်ကြတဲ့ သူတွေကို တောင်းပန်တဲ့အနေနဲ့ ဦးညွန့်ပါတယ်… ကျွန်တော်တို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပြီ။

သူနဲ့ အသေးစိတ်ကို မေးမြန်းအပြီးမှာ သူတို့ ၂ယောက် သိကျွမ်းခဲ့ကြတာ ၂၀၁၂ ကတည်းကဆိုပေမဲ့ သူတို့ ချစ်သူတွေဖြစ်တာတော့ လွန်ခဲ့တဲ့ လအနည်းငယ်မှပါ… ဒီအတောအတွင်းမှာ သူတို့ ၂ဦးဟာ အပြင်းအထန် စကားများခဲ့ကြပြီး တစ်ခါတစ်လေမှာ ကိုယ်ထိလက်ရောက်ရန်ဖြစ်ကြတဲ့အထိ ဖြစ်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ၂လအတွင်းမှာ သူဟာ ကြိမ်ဖန်များစွာ ရိုက်နှက်ခဲ့တယ်ဆိုတာကတော့ မှားယွင်းတဲ့ စွဲချက်ဖြစ်ပါတယ်။

သူတို့ချင်း ကိုယ်ထိလက်ရောက် ရန်ဖြစ်ကြပေမဲ့ နံရိုးကြိုးတာဟာ ရန်ဖြစ်ရာက ရတဲ့ ဒဏ်ရာမဟုတ်ပါဘူး။ အဲဒါဟာ ရန်မဖြစ်ခင်က သူတို့ ၂ယောက် စရင်းနောက်ရင်း ရတဲ့ ဒဏ်ရာပါ။ အဲဒါဖြစ်ပြီး နောက်နေ့မှာ သူမဟာ သူမ သူငယ်ချင်းတွေနဲ့တောင် အပြင်ကို ပုံမှန်ထွက်နေပါသေးတယ်။ သူမ ဒဏ်ရာရခဲ့တယ်ဆိုတာတောင် သူ သတိမထားမိခဲ့ပါဘူး။” လို့ ထုတ်ပြန်ခဲ့ပါတယ်…
KeyEast က သတင်းတွေနဲ့ပတ်သတ်လို့ ပုံကြီးချဲ့ကားပြီး ရေးနေကြတာကို စိတ်မကောင်းတဲ့အကြောင်းပြောပါတယ်။ သူတို့လဲ အမှန်တရားကို ဖော်ထုတ်နိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေကို စိတ်ရောကိုယ်ပါ ကူညီသွားမယ်လို့ဆိုပါတယ်…

နောက်သတင်းတစ်ခုမှာတော့ ကင်ဟွန်ဂျွန်းဟာ အဲဒိနေ့မှာပဲ ဘန်ကောက်ကို သူ့စတိတ်ရှိုး 2014 Kim Hyung Joong World Tour – Fantasy in Bangkok”
လုပ်ဖို့ ထွက်ခွာသွားတယ်လို့ဆိုပါတယ်။
(Above news is Translated from : Koreaboo)

ဘယ်သူက အမှန်ပြောနေတာလဲ?



သြဂုတ်လ ၂၅ ရက်နေ့မှာတော့ ကိုရီးယား Dispatch မဂ္ဂဇင်းက သူတို့ ၂ယောက်ရဲ့ မတ်စေ့ တွေနဲ့ အပြန်အလှန်ပြောထားတဲ့ စာတွေကို ထုတ်ဖော်ခဲ့ပါတယ်။ အေးဂျင့်ကပြောတော့ ကြိုက်တာ လပိုင်းပဲရှိသေးတယ်။ ဒါပေမဲ့ ဟိုမိန်းကလေးကပြောတော့ ကြိုက်တာ ၂ နှစ်ရှိပြီတဲ့...

Dispatch က ထုတ်ဖော်လိုက်တဲ့ ကင်ဟွန်ဂျွန်းနဲ့ သူမကြားက ပြောထားတဲ့ စကားတွေနဲ့ သူမနဲ့ သူမသူငယ်ချင်းကြားပြောထားတဲ့ စကားတွေရဲ့ နေ့စွဲအရ သူတို့ ၂ယောက်ဟာ တကယ်ကိုပဲ ၂နှစ်ကြာ ချစ်ကြိုက်နေကြတာဖြစ်ပြီး သူမ ဒဏ်ရာရတာကိုလဲ ကင်ဟွန်ဂျွန်းဘက်က သိတယ်ဆိုတာ သိသာပါတယ်လို့ ဆိုပါတယ်။




(Above pic and news is Referred and translated from: Koreaboo)

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ မင်းသား ကင်ဟွန်ဂျွန်းဟာ စက်တင်ဘာ ၂ရက်နေ့မှာ စစ်ဆေးခံဖို့ Songpa ရဲစခန်းကို ည ၉နာရီအချိန်မှာ ရောက်ရှိခဲ့ပါတယ်။
ရဲစခန်းကို အလာ မီဒီယာရဲ့ မေးခွန်းတွေအစုံနဲ့ မေးခွန်းထုတ်ခံခဲ့ရပြီး သူက မီဒီယာတွေကို “ကျွန်တော် စိတ်မကောင်းပါဘူး။ ဒီစစ်ဆေးမှုကို ကျွန်တော် ရိုးသားစွာ ဖြေကြားမှာပါ” လို့ပဲ ပြောခဲ့ပါတယ်။
၎နာရီကြာ စစ်ဆေးမှုအတွင်းမှာ ကင်ဟွန်ဂျွန်း ပြောခဲ့တာကတော့

“သူနဲ့ ရန်ဖြစ်တဲ့အချိန်မှာ စိတ်လိုက်မာန်ပါ သူ့ကို ၁ခါ ရိုက်လိုက်ဖူးပေမဲ့ ကျန်တဲ့ စွဲချက်တွေကတော့ အမှားတွေပဲဖြစ်ပါတယ်” တဲ့။

ရဲတွေက မီဒီယာကိုပေးတဲ့ ကောက်ချက်ကတော့ --

“ကင်ဟွန်ဂျွန်းဟာ စွဲချက် ၄ခုမှာ ၁ချက်ကို ၀င်ခံပြီး ကျန်တာတွေကို ငြင်းဆိုခဲ့ပါတယ်။ နံရိုးကျိုးတာနဲ့ပတ်သတ်ပြီး သူတို့တွေ စရင်း နောက်ရင်းဖြစ်သွားခဲ့တဲ့အတွက် အဲဒိအချိန်က သူတို့တောင် သတိမထားမိလိုက်ပါဘူးလို့ပဲပြောသွားပါတယ်”

ရဲက ဆက်လက်ပြီးပြောကြားတာကတော့ “တရားလိုနဲ့ တရားခံရဲ့ ထွက်ချက်တွေက မညီညာတဲ့အတွက် လိုအပ်လျှင် အဆိုပါ မိန်းကလေးကိုလဲ ထပ်မံခေါ်ဆိုပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမယ်” လို့ ဆိုပါတယ်။
(Above news is Translated from: Allkpop)

နောက်ထပ်ရဲက ပြောကြားတာကတော့ “ကျွန်တော်တို့ ဒီကိစ္စကို စစ်ဆေးနေတုန်းပါပဲ။ တရားခံဟာ အပြစ်ရှိပါတယ်လို့ သုံးသပ်လို့ မရသေးပါဘူး” လို့ဆိုပါတယ်။
တကယ်လို့ သူဟာ အပြစ်ရှိတယ်ဆိုရင် ထောင်ကျနိုင်သလို $10,000 ဒဏ်ငွေဆောင်ရနိုင်ဖွယ်ရှိပါတယ်။
(Above news is Translated form : kdramastars)

Kim ကို စစ်ဆေးခဲ့တဲ့ ရဲအရာရှိ Chung က “ကိုယ်ထိလက်ရောက် ရန်ဖြစ်ကြတာ ၂ဦးစလုံးပါ။ (မိန်းကလေးကလဲ ပြန်လုပ်တယ်ဆိုတဲ့ သဘော)။ ဒါပေမဲ့ သူက သူမကို ဘယ်နှကြိမ်ရိုက်မိလဲ ဘယ်ကိုရိုက်မိလဲဆိုတာတော့ မမှတ်မိတော့ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ဒါဟာ တစ်ဦးတစ်ယောက်ထဲက ဒေါသအလျှောက် နောက်တစ်ယောက်ကို ရိုက်နှက်တာမျိုးမဟုတ်ပါဘူး။ ဒီအဖြစ်အပျက်က အဲဒိထက် ပြင်းထန်ပါတယ်” လို ဆိုပါတယ်။

Chung က ပြစ်မှုဆိုတာ ဖြစ်နိုင်ချေရှိတယ်ဆိုရင် Prosecutors တွေဆီကို ပို့သင့်မပို့သင့် မဆုံးဖြတ်ခင် Kim ရော ထိုအမျိုးသမီးရောကို ထပ်မံစစ်ဆေးမည် ဟုဆိုပါတယ်။
ကင်ဟွန်ဂျွန်းဟာ ၂၀၀၅ ခုနှစ်မှာစပြီး SS501 အဖွဲ့ဖြင့် နာမည်ကျော်ခဲ့ပြီး ၂၀၀၉ ခုနှစ် နာမည်ကြီး ဇာတ်လမ်းတွဲ “Boy Over Flowers” မှာလဲ (ဒုတိယမင်းသား အဖြစ်) ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူဟာ အာရှနိုင်ငံတွေမှာ နာမည်ရ မင်းသားတစ်လက်ဖြစ်ပါတယ်။
(Translated from : 680news )





ကျွန်မ အမြင်

သူ့ကို အစွဲလန်းကြီး ကြိုက်တဲ့အထဲမပါပေမဲ့ ရုပ်ရည်ချောပြီး သရုပ်ဆောင် မဆိုးတဲ့ မင်းသားတစ်ယောက်အနေနဲ့ လက်ခံထားပါတယ်။ သူသာ တကယ်အပြစ်ရှိတယ်ဆိုရင်တော့ သူကြိုးစားခဲ့သမျှနဲ့ သူ့ရဲ့ အရည်အချင်းတွေ သဲထဲရေသွန်ဖြစ်တော့မှာပေါ့။ ခုတောင် နာမည်ပြန်ရဖို့ဆိုတာ တော်တော်မလွယ်တော့ပါဘူး။ သရုပ်ဆောင်ကောင်းတာ မင်းသားတစ်ယောက်ရဲ့ အရည်အချင်းပြည့်စုံရင် မင်းသားဖြစ်ထိုက်တယ် အပြင်က သူဘာဖြစ်ဖြစ်နဲ့မှ မဆိုင်တာဆိုတာ ဟောလိဝုဒ်က မင်းသားမင်းသမီးတွေအတွက် မှန်ရင်မှန်မယ် အာရှက ပရိတ်သတ်တွေကတော့ သူတို့ အနုပညာသမားတွေကို ပိုပြီး တင်းကျပ်လေ့ရှိပါတယ် (မြန်မာပြည်က ပရိတ်သတ်ကလွဲလို့… :P)။ အဲ့ဒိအတွက်ကြောင့်လဲ သူတို့ကို ပရိတ်သတ်က အချစ်ပိုကြ လက်ဆောင်တွေပို့ကြလုပ်သလို သူတို့ကို အားကျ စံထားနေတဲ့ လူငယ်လေးတွေ အတုခိုးမှားမှာကိုလဲ စိုးကြတယ်ထင်ပါတယ်။ (it’s complicated) ။

ဒီကိစ္စမှာ စစချင်း သတင်းတွေ့တော့ မီးမရှိပဲ မီးခိုးထွက်မလာဘူး၊ မျက်နှာလေးချောနေ ဖန်သားပြင်ပေါ်မှာ ကြင်နာတတ်နေပေမဲ့ အပြင်မှာ နှိပ်စက်အနိုင်ကျင့်တတ်သူ ဖြစ်နိုင်တာပဲ ပြီးတော့ သူ့ကို စကာင်္ပူမှာ မြင်ဖူးတုန်းကတည်းက နည်းနည်းကြီးကျယ်တယ် ဆောင့်ကြွားကြွားနိုင်တယ်လို့ ကိုယ်ရော ကိုယ့်အမေရောက သုံးသပ်ခဲ့ကြတာလေ။ မေမေဆို သူ့ကို အစကတည်းက သိတာပဲရှိတော့ အပြင်မှာမြင်ပြီး မကြိုက်တော့ဘူး။

ဒါပေမဲ့ တစ်ဖက်က ပြန်တွေးကြည့်တော့လဲ ခုနောက်ပိုင်း မီဒီယာတွေကလဲ သိပ်ယုံရတာမဟုတ်ဘူးလေ။ (ကိုယ့်နိုင်ငံ သတင်းတွေဖတ်ရင် ကိုယ်တွေ့ဆိုတော့) သေးသေးကို ကြီးကြီး လူစိတ်မ၀င်စား ၀င်စားအောင်လုပ်တတ်ကြသေးတာ။ ပြီးတော့ Kang Ji Hwan တုန်းကလို သူ့ဟာသူ ဖိလစ်ပင်းမှာ ဓာတ်ပုံရိုက်ပြီးအပြန် ပင်ပန်းလို့ အိပ်နေတာကို သူ့ တိုးဂိုက်အေးဂျင့်ရဲ့ မိန်းမက ဘေးကနေ ဓာတ်ပုံတူတူရိုက်ပြီး သူနဲ့ အိပ်နေပါတယ်ဆိုပြီးအထင်ခံရအောင် လုပ်သလိုလဲ ဖြစ်တတ်သေးတယ်။ နောက်ခုတစ်လောမှ Lee Byung Hoon လို စကားပြောတာကို အသံသွင်းပြီး ငွေညှစ်တာမျိုးပေါ့။ တစ်ခါတစ်လေ နာမည်ကြီးဖြစ်ရတာလဲ သူများထက် အနေအထိုင်ဆင်ချင်ရတယ်။ ဒါပေမဲ့ ဒါသူတို့ရွေးတဲ့လမ်းပဲ ဒါသူတို့ရဲ့ လုပ်ငန်းလိုအပ်ချက်ပဲလေ ခါးစည်းခံကြပေါ့လို့ ထင်တယ်။ လူတွေအားလုံးကိုတော့ သူတို့ကလဲ လူပါပဲ သူတို့ကိုလဲ လူလိုဆက်ဆံပါလို့ လိုက်ပြောလို့ဘယ်ရမလဲ။ သူတို့က သာမာန်လူတွေမရတဲ့ အခွင့်ထူးတွေကိုလဲ ခံစားရတယ်လေ။ အပေးအယူပေါ့။

ဒါပေမဲ့ ကင်ဟွန်ဂျွန်းက ၁ခါတော့ရိုက်မိပါတယ်ဝန်ခံကတည်းက ကိုယ်ကတော့ တော်တော် စိတ်ကုန်သွားတယ်။ ရန်ဖြစ်ရင် လက်ပါတာကိုးက မဟုတ်တာ။ ယောကျာင်္ပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ရန်ဖြစ်ရင် လက်ပါတာ မကောင်းဘူး။ ဒါပေမဲ့ မိန်းမနဲ့ ယောကျာင်္းဖြစ်ကြပြီဆို ယောကျာင်္းလက်ပါရင်ပို ကြည့်မရဘူး။ ဒီမှာပြောစရာဖြစ်လာတယ်။ “ဟင်… တန်းတူအခွင့်အရေးဆို? မိန်းမက လက်ပါတာ ရတယ်။ ယောကျာင်္းလက်ပါတာကျ မရဘူး ဟုတ်လား” လို့ပြောချင်ကြမယ်။ ဟုတ်တယ် ယောကျာင်္းနဲ့ မိန်းမ တန်းတူအခွင့်အရေးရှိသင့်တယ်လို့ ယုံကြည့်တယ်။ အဲ့ဒါကြောင့် မိန်းမကို နှိမ်ချပြီးသုံးနှုန်းတဲ့ စကားလုံးမျိုး “မိန်းမဖြစ်ပြီး” တို့၊ “မိန်းမလို မိန်းမရ” စတဲ့ အသုံးအနှုန်းမျိုးတွေကို ငယ်ငယ်က သုံးရင် သုံးဖူးမယ် ခုနောက်ပိုင်း နားလည်လာတော့ ဒါဟာ အမျိုးသမီးတွေကို နှိမ်ချဆက်ဆံတာလို့ ယူဆလို့ ကျွန်မကလဲ မွေးလာကတည်းက ဘ၀ကပေးတဲ့အတိုင်း အမျိုးသမီးမို့ ကျွန်မကိုယ်တိုင်က မသုံးသင့်တဲ့ မှားယွင်းတဲ့ ခိုင်းနှိုင်းမှုလို့ထင်လို့ နောက်ပိုင်း မသုံးဘူး။

ဒါဆိုရင် ရန်ဖြစ်ကြတဲ့အခါ ယောကျာင်္းတွေ လက်ပါသင့်ဘူးဆိုတာက သဘာဝအားဖြင့် ယောကျာင်္းတွေဟာ မိန်းမတွေထက် အားကြီးတယ်။ မိန်းမတစ်ယောက် ကိုယ်ထိလက်ရောက်လုပ်တယ်ဆိုရင်တော့ ယောကျာင်္းခွန်အားနဲ့ ဟန့်တားလို့ရတယ်။ ပုံမှန်အားဖြင့် ယောကျာင်္းတစ်ယောက်ရဲ့ အားကို မိန်းမတစ်ယောက်က မယှဉ်နှိုင်ဘူး။ အဲ့ဒါကို အခွင့်ကောင်းယူပြီး အမျိုးသမီးတွေကို မနှိမ်ချသင့်သလို အနှိုင်မယူသင့်ဘူးလို့ထင်တယ်။ ယူချင်လဲယူပေါ့ “ဒါဟာ ယောကျာင်္းမပီသဘူး” လို့ မသုံးနှုန်းဘူး “ဒါဟာ လူမဆန်ဘူး။ အားနည်းသူကို အနိုင်ကျင့်လိုစိတ်ရှိတယ်။” လို့ပဲ သုံးနှုန်းရင် ပိုမှန်မယ်။ ဒီလိုလူမျိုးက မိန်းကလေးကိုမှ မဟုတ်ဘူး သူ့ထက်အားနည်းတဲ့ လူတိုင်းကို အနိုင်ကျင့်မှာပဲလေ။ ဒါဟာ ယောကျာင်္းမိန်းမနဲ့ မဆိုင်ပါဘူး။ လူတစ်ယောက်ရဲ့ အကျင့်နဲ့ပဲဆိုင်ပါတယ်။

ကဲပါလေ… ကင်ဟွန်ဂျွန်းကိစ္စကနေ ယောကျာင်္း၊ မိန်းမ အခွင့်အရေးကိစ္စကို ရွေ့သွားပြန်ပြီ။ (အဲ့ဒါပဲ မဗေဒါ စာက လေကြောရှည်တယ်ဆိုတာ… သည်းခံပါရှင်) ဘာဆက်ဖြစ်ကြမလဲဆိုတာတော့ စောင့်ကြည့်ကြတာပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် မင်းသားကတော့ မင်းသား အနေနဲ့ ဆက်လက် ရပ်တည်ဖို့တောင် တော်တော်ခက်ခဲသွားပြီ။ ဒါပေမဲ့ သူ့ပရိတ်သတ်တစ်ချို့ကလဲ အစကတော့ သူ့ဘက်က ယုံကြည်တယ်တို့ ဘာတို့ပြောနေကြပြီး နောက် သူက၁ခါလုပ်တာဝန်ခံတော့လဲ အနုပညာတွေ နှမြောစရာမို့ နားလည်ခွင့်လွှတ်နေသေးကြတဲ့ အမာခံတွေလဲရှိပါသေးတယ်။ (ကျွန်မလဲ အနုပညာတော့ နှမြောပါတယ်။ ဒါပေမဲ့ ကိစ္စမရှိပါဘူး ငါဘာလုပ်လုပ် ပရိတ်သတ်က လက်ခံပါတယ်။ လူတွေက ချစ်ကြပါတယ်ဆိုတဲ့ အတွေးမျိုးဖြစ်သွားမှာတော့ မလိုလားဘူး)။ ယိုးဒယား ပရိတ်သတ်တွေကဆို ကင်ဟွန်ဂျွန်းဘက်က အားပေးနေတုန်းဆိုတာ သတင်းထဲတောင် ပါပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စမှာ ကင်ဟွန်ဂျွန်းတစ်ယောက်ထဲရဲ့ အမှားချည်းပဲတော့ မဟုတ်ဘူး။ လက်ခုတ်ဆိုတာ ၂ဘက်တီးမှ မြည်တာလေ။ ဒီလို နာမည်ကြီးတဲ့ မင်းသားကို ရည်းစားတော်မိရင် အနည်းနဲ့အများတော့ သည်းခံရမယ်။ သ၀န်တိုလို့မရဘူး။ ဖောက်ပြန်ဖို့ အခွင့်အလန်းကလဲ များတယ်။ သူက ဖောက်ပြန်သွားလဲ ခံရမှာပဲ။ (ဒါကတော့ မင်းသားမှ မဟုတ်ဘူး ဘယ်စုံတွဲမဆိုပဲ။ ကိုယ့်မချစ်တော့ဘူးဆိုလဲ ဘာတတ်နိုင်မလဲ)။ Relationship တစ်ခုမှာ အရေးကြီးတာက ကိုယ့်စိတ်ကိုယ်ကိုယ်နိုင်ဖို့ပဲ။ Self-confidence ရှိပြီး ကိုယ့်ကိုကိုယ်ပိုချစ်ဖို့ပဲ။ ကိုယ့်ကိုကိုယ်ချစ်တယ်ဆိုတာမှာ အတ္တကြီးပြီး “သူဟာ ငါ့ဟာ ငါလုပ်ချင်တိုင်းလုပ်မယ်” ဆိုတဲ့ စိတ်ဓာတ်မျိုးမဟုတ်ပဲ။ သူလဲ သူ့လွတ်လပ်ခွင့် နဲ့သူ အတိုင်းတာ တစ်ခုထိပေး။ သူမရှိလဲ ကိုယ့်ဟာကိုယ် ရပ်တည်တတ်တဲ့ စိတ်ကို မွေး။ သူက ကိုယ့်ရည်းစားဆိုတာနဲ့ ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတစ်ခုလို သတ်မှတ်လို့မရဘူး။ သူက အပျော်အပါး အပေါင်းအသင်းကြိုက်တယ်၊ အလုပ်ကို ဦးစားပေးတယ်၊ ဂိမ်းမက်တယ်၊ စတာတွေကို အစကတည်းက လက်ခံနိုင်ရင် ကြိုက်။ မကြိုက်တာရှိရင်တော့ ကောင်းကောင်းမွန်မွန်ပြောကြည့်။ ကိုယ့်ကို ချစ်တဲ့သူက ကိုယ်စိတ်ညစ်တယ်၊ ကိုယ်မကြိုက်ဘူးဆို သူ့ဟာသူ ပြင်လာလိမ့်မယ်။ သွားပြင်ခိုင်းလို့မရဘူး။ မပြင်ဘူးဆိုရင်တော့ ရှင်းရှင်းလေးပဲ သူလုပ်နေတာတွေလောက် ကိုယ့်ကို မချစ်လို့ပဲ။ နောက်ထပ် ရွေးစရာ ၂ခုရှိမယ်။ ကိုယ်သည်းခံနိုင်မလား။ ခံနိုင်ရင် သူ့အဲ့ဒိအကျင့်ကို လက်ခံပြီး ဆက်ချစ်။ လက်မခံနိုင်ရင်တော့ Say Goodbye ပေါ့။

ပြောရင်းနဲ့ Relationship အကြံပေးဖြစ်သွားပြန်ပြီ။ ဒါနဲ့ အိမ်တွင်းအကြမ်းဖက်မှုလုပ်တဲ့သူတွေက သူတို့လုပ်ပြီးရင်လဲ တောင်းပန်ဖို့ ၀န်မလေးတတ်ဘူးဆိုတာ ရုပ်ရှင်တွေထဲမှာတွေ့ဖူးတယ်။ ခု ကင်ဟွန်ဂျွန်းရဲ့ မတ်စေ့တွေကို ဖတ်ရတော့ သူ့ရဲ့ အပြောအဆို အပြုအမူက အဲဒါနဲ့ ကိုက်တယ်။ သူလုပ်ချင်တိုင်းလုပ်ပြီးမှ “ကိုယ်ဘာလို့ လုပ်လိုက်မိမှန်းမသိဘူးကွာ။ သိပ်လွမ်းတာပဲ။ ကိုယ့်ကို မပြစ်သွားပါနဲ့” စသည်ဖြင့် ကူလီကူမာလုပ်တတ်ကြတယ်။ သူတို့က စိတ်ရောဂါလို့တောင် ပြောရမလိုပဲ။ သူတို့လုပ်ပြီးလဲ သူတို့ကို စွန့်ခွာထားခံရမှာကြောက်ကြတယ်။ အဲလိုလူမျိုးတွေက အမှန်တော့ ကိုယ်နဲ့အရမ်းမပတ်သတ်ခင် မြန်မြန်ခွာတာကောင်းတယ်။ နောက်မို့ဆို လူသတ်တဲ့အထိတောင်ဖြစ်ရင်ဖြစ်မှာ။ မဗေဒါအရင်က ရေးဖူးတဲ့ “Last Friend” ဂျပန်ကားလိုပေါ့။ ချစ်တာ မဟုတ်တော့ဘူး ရူးသွပ်စွာစွဲလန်းခြင်း (Obsessed) ဖြစ်သွားတာ။

အဲဒါကြောင့် တစ်ခါတစ်လေ ရုပ်ရှင်တွေထဲမှာ အမေက နောက်အိမ်ထောင်ပြုလိုက်လို့ အရင်အိမ်ထောင်က ကလေးတွေကို ပထွေးက နှိပ်စက်တယ်။ သူ့အမေကိုလဲ ရိုက်နှက်နှိပ်စက်တယ် (ဥပမာ ခုပြနေတဲ့ It’s okay, It’s love) ကားထဲကလိုပေါ့။ အဲလိုမျိုးတွေတွေ့ရင် အမေလုပ်တဲ့ သူကို မဗေဒါက အပြစ်တင်မိတယ်။ သူ့ဟာသူ တစ်ပင်လဲလို တစ်ပင်ပဲထူထူ။ ကိုယ်လုပ်တဲ့ကိစ္စကြောင့် ကိုယ့်ကို မှီခိုနေတဲ့ သားသမီးတွေပါ ဒုက္ခရောက်တယ်။ ရှာကြွေးနေလို့။ ဒီလူဟာ ကိုယ့်မိသားစုရပ်တည်ဖို့ လိုအပ်နေလို့ဆိုတစ်မျိုး (ဒါတောင် ဒီလူရှာမကြွေးလဲ ကိုယ့်ဘာသာကိုယ် ရှာမစားတတ်ဘူးဆိုတာကိုးက မဟုတ်သေးတာ)။ အိမ်ထောင်ထပ်ပြုတယ်ဆိုတာ ချစ်လို့လဲပါချင်ပါမယ်။ အားကိုးရှာချင်တာလဲဖြစ်ချင်ဖြစ်မယ်။ ချစ်လို့ယူတယ်ဆို ဒီလူက ကိုယ့်ကို ရိုက်နှက်နေပါတယ်ဆိုမှ ချစ်သေးလို့ရသလား။ ဒီလူကရော ကိုယ့်ကိုချစ်လို့လား။ အားကိုးရှာချင်တယ်ဆိုရအောင်လဲ အားမကိုးရတဲ့အပြင် တစ်ပူပေါ်နှစ်ပူဆင့်။ ကိုယ့်ကို ရပ်တည်နေရင်တောင် ပိုက်ဆံရှာရတဲ့ အပူပဲရှိမယ်။ ခုတော့ ကိုယ်လဲရိုက်ခံရ။ ကိုယ့်သားသမီးလဲ ရိုက်ခံရ။ It’s okay, It’s love မှာဆို ရူးတောင်နေတာ (သနားပါတယ် နာ့ Jo In Sung လေး… အာ့လာပြောတာ)…

ရောက်သွားပြန်ပြီ တလွဲ… မဗေဒါကတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ကိုယ့်အတွေးတွေကို ပုံကြီးချဲ့ ရောက်တတ်ရာရာတွေးဖြစ်တာပါ။


ဒါနဲ့ စာဖတ်သူရော ဘယ်လိုမြင်လဲ။ တကယ်လို့ ကင်ဟွန်ဂျွန်းပြောသလို ၁ခါပဲရိုက်တာပါဆိုရင်တောင် သူ့ကို မင်းသားအဖြစ် လက်ခံနိုင်မလား? (သူ့အနုပညာ အရည်အချင်းကတော့ နှမြောစရာကိုး) ဒါပေမဲ့လဲ ခုလို အပြင်မှာ ရုပ်လေး နုပြီးချောတဲ့သူက အကြမ်းဖက်တတ်တယ်ဆိုတာကြီးသိထားတော့ ရုပ်ရှင်ထဲမှာ မင်းသမီးတွေကို ကြင်နာသနား တန်ဖိုးထား သဘောကောင်းဆိုတဲ့ ဇာတ်ကောင်ကိုကြည့်ရင် လက်ခံနိုင်ပါ့မလား (ဒါတွေ မသိခဲ့ရင်တော့ တစ်မျိုးပေါ့)... ဘယ်လိုပဲဖြစ်ဖြစ် အနုပညာလမ်းကို ဆက်လျှောက်မယ်ဆိုရင်တော့ သူယခင်ထက် ၁၀ဆတိုးပြီး ကြိုးစားရတော့မယ်။

ထင်မြင်ယူဆချက်လေးတွေပြောသွားအုံး… မဗေဒါရဲ့ အတွေးတွေနဲ့ပတ်သတ်ပြီး စာဖတ်သူကရော ဘယ်လိုထင်သလဲ မဗေဒါလိုပဲ လေရှည်ရှည်နဲ့ ဖလှယ်သွားကြနော်…
ကွန်မန့်မှာ မြန်မာလိုရိုက်ရင် စာလုံးအမှားကြီးတွေဖြစ်နေတာ သိတယ်… ဒါပေမဲ့ မလုပ်တတ်ဘူး… ဒါပေမဲ့ မန့်ချင်တဲ့သူအတွက်ကတော့ Force နေစရာမလိုပါဘူးနော်… မဗေဒါစာကို တကယ်ကြိုက်တယ် (မဗေဒါလေးကို ချစ်ကြတယ်) ဆိုရင် မြန်ဂလိပ်နဲ့ပဲဖြစ်ဖြစ် အင်္ဂလိပ်လိုပဲဖြစ်ဖြစ် Microsoft word မှာစာရိုက်ပြီးပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ရေးပေးသွားကြမှာပဲလေ… ကွန်မန့်မရှိလဲ ကိုယ့်ဘလော့လေးကို ဆက်ရပ်တည်နေနိုင်အောင် ခွန်အားတွေ မွေးနေပါတယ်လေ….

Monday, September 01, 2014

Blog Day 2014: I love All my Readers




ဒီနေ့က Blog Day လို့ ဖေ့ဘွတ်ပေါ်မှာ သူများတွေပြောတာတွေ့လို့ အမှတ်တရပိုစ့်လေး တစ်ပုဒ်ရေးဖို့ စိတ်ကူးပေါ်မိပါတယ်… 2008 တုန်းကတော့ စကာင်္ပူမှာရှိတဲ့ မြန်မာဘလော့ဂါတွေ Pasir Ris မှာ BBQ လုပ်စားကြတာ မှတ်မိသေးတယ်… အဲဒိတုန်းကတော့ ဘလော့တွေ စခေတ်စားခါစ ဘလော့ဂါ ပထမ Batch လို့တောင် ပြောရမဲ့သူတွေပေါ့… ဒါပေမဲ့ မဗေဒါက နေ့စွဲတွေဆို မမှတ်မိတတ်လွန်းလို့ (ကိုယ့်မွေးနေ့တောင် ရက်နဲ့ လနဲ့ကို ငယ်ငယ်က သိပ်ကွဲတာမဟုတ်ဘူး… :P ) Blog Day ဆိုတာကိုလဲ အမှတ်မဲ့ပါပဲ…

ဖေ့ဘွတ်ပေါ်မှာ ဘလော့ဂါတစ်ချို့နဲ့ ဘလော့တွေ ဖတ်နေကျသူတစ်ချို့က Blog Day အထိမ်းအမှတ်နဲ့ ဟိုတစ်ချိန် ဘလော့ခေတ်စားစဉ်အချိန်တွေကို ပြန်ပြောကြ၊ သူတို့ကြိုက်တဲ့ ဘလော့တွေ လူသိများ စာရေးကောင်းတဲ့ ဘလော့တွေအကြောင်းပြောကြတော့ ကိုယ်လဲပြောချင်လာတယ်… ဒါပေမဲ့ သိတဲ့အတိုင်းပဲ စာဖတ်ပျင်းသလို ဘလော့လည်လဲ ပျင်းတဲ့ မဗေဒါအတွက် ဘယ်ဘလော့ကို အမြဲလည်ဖြစ်တယ်ဆိုတာ ရှားပါတယ်… တစ်ခါတစ်လေလောက် သွားလည်ဖြစ်တယ်ဆိုရင်တော့ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းရေးတဲ့ ဘလော့တွေဆို ပိုစ့်တွေ အများကြီး တစ်ခါတည်းဖတ်လေ့ရှိပါတယ်… ဘလော့ဂါအစွဲနဲ့ ကြိုက်တာထပ် ရေးတဲ့ အကြောင်းအရာပေါ်မူတည်ပြီး ကြိုက်တယ် မကြိုက်ဘူးကို ဆုံးဖြတ်လေ့ရှိပါတယ်… (ဒါပေ့ါ ကိုယ်ကြိုက်တဲ့ ပုံစံမျိုး အမြဲရေးတတ်တဲ့ ဘလော့ဂါဆိုရင်တော့ ဦးစားပေးလည်ဖြစ်တာရှိတာပေါ့)….

ဘလော့ဂါဒေးမှာ တခြား ဘလော့တွေကို သိပ်မလည်ဖြစ်တဲ့ ကျွန်မ ဘာလို့များပိုစ့်ရေးနေသေးလဲလို့ မေးမယ်ဆိုရင်တော့… ဘလော့ဂါဆိုတာ ကနဦးမှာ ဖတ်သူရှိရှိမရှိရှိ ကိုယ်ဝါသနာပါလို့ စပြီး စာရေးကြတယ်ဆိုပေမဲ့… ငါ့ဘလော့လေးနဲ့ ငါ့စာလေးကို ဖတ်နေတဲ့သူရှိနေပါလားဆိုတဲ့ အတွေးနဲ့ ပျော်ရွှင်မှုကြောင့်သာ ဆက်လက်တည်ရှိနေတာများတယ်… အွန်လိုင်းပေါ်မှာ ချက်တင်တက်ရင်း ASL please ဆိုတာတွေနဲ့ စခဲ့တဲ့ Friendship တွေဟာ နောက်ပိုင်းကျရင် ပြောစရာမရှိ ပျင်းပြီး ရေရှည်ခင်မင်ဖြစ်တယ်ဆိုတဲ့ မိတ်ဆွေက ရှားတယ်… ဒါပေမဲ့ ဘလော့ကျတော့ အဲ့လိုမဟုတ်ဘူး… ကိုယ်ရေးထားတဲ့ စာတွေကို ဖတ်တဲ့သူကလဲ လာဖတ်ပြီး သူတို့ အမြင်တွေကို ပြန်ပြောတဲ့အတွက် အမြဲ မရိုးတဲ့ စကားဝိုင်းတစ်ခုရတယ်။ အဲဒိအတွက် စာရေးသူကလဲ စာဖတ်သူနဲ့ ဆက်နွယ်နေတယ်လို့ခံစားရတယ်… စာဖတ်သူဘက်ကလဲ၊ ရေးတဲ့သူရဲ့ စာတွေ (ဆိုပါတော့ ကိုယ်ရေးကိုယ်တာပဲရေးရေး၊ အတွေးအခေါ် ရသပဲရေးရေး) စာရေးသူရဲ့ စိတ်နေစိတ်ထားနဲ့ တွေးခေါ်မှု အရေးအသားစတိုင် စတာတွေကို တနည်းနည်းနဲ့တော့ ရင်းနှီးမှုရှိနေတော့ လူမမြင်ဖူးပေမဲ့ သူ့အကြောင်းသိနေသလိုခံစားရတော့ ရင်းနှီးမှုက ပိုလေးနက်တယ်လို့ထင်တယ်…

အရင်က ပြောဖူးပါတယ်… မဗေဒါ ဘလော့စရေးတုန်းက ကိုယ့်ဘလော့ကို လူတွေဒီလို လာဖတ်လို့ရမှန်း မသိခဲ့ဘူး… ဒါပေမဲ့ မဗေဒါရဲ့ ဘလော့လေးဟာ မဗေဒါကို အမာခံအားပေးနေတဲ့ သူတွေမရှိရင် ဒီနေ့ထိတောင် ရှင်သန်နေအုံးမှာ မဟုတ်ဘူး… ဘလော့လေးကနေ ပတ်သတ်ပြီး ကိုယ့်မှာ စာပေ အသိုင်းအဝိုင်း မိတ်ဆွေ နယ်ပယ်တစ်ခုရတယ်… အဲ့ဒါလေးကလဲ ပိုက်ဆံနဲ့ တန်ဖိုးဖြတ်လို့မရတဲ့ အရာလေးတစ်ခုပဲ… အဖေကပြောတယ် အပေါင်းအသင်း မိတ်ဆွေဆိုတာ အုပ်တစ်ချပ်ချင်းစီ ထပ်ထပ်ပြီး အချိန်နဲ့ တပြေးညီ တဖြေးဖြေးတည်ဆောက်ရတဲ့ နန်းတော်တစ်ခုလိုပဲတဲ့… တစ်ရက်ထဲနဲ့ လိုချင်တယ်ဟေ့ဆိုပြီး ကိုယ့်ကို အပြိုင် နန်းတော်ကြီးတစ်ခု မတည်ဆောက်နိုင်ဘူးတဲ့…ဟုတ်ပါတယ်… မိတ်ဆွေဆိုတာ အချိန်၊ ခွန်အားနဲ့ စိတ်ထား စတာတွေ အရင်းတည်ပြီး အချိန်ကြာလာတာနဲ့အမျှ မမျှော်လင့်လေ အမြတ်ရလေဖြစ်တဲ့ ရင်းနှီးမြုပ်နှံမှု တစ်ခုဆိုတာ အသက်ကြီးလာတာနဲ့ အမျှ ကျွန်မသဘောပေါက်လာတယ်…

ကျွန်မကို တစ်ချို့ အပြင်က လူတွေက သိပ်ပြီး အသိမိတ်ဆွေများတယ်နော်တဲ့… (ကျွန်မကတော့ အဲ့လိုမထင်ပါဘူး) ဒါပေမဲ့ သူတို့ပြောတော့လဲ ဟုတ်နေသလိုလို… ဘယ်ခရီးသွားသွား ဒေသခံ သူငယ်ချင်းတစ်ယောက်ရှိရှိနေတော့ သူတို့ဒီလိုထင်မှာပေါ့… အမှန်တော့ အဲဒိ ခင်မင်မှုတွေက သူတို့ဆီက ဘာမှ မမျှော်လင့်ပဲ စိတ်ရင်းနဲ့ ခင်လို့ သူတို့မေတ္တာ ယောင်ပြန်တယ်ပဲမှတ်ပါတယ်… ဒါဟာလဲ ဒီဘလော့လေးရဲ့ ကျေးဇူးတွေပါပဲ… သူတို့ကလဲ ကိုယ့်အကြောင်းသိချင် ဘလော့ဖတ်လိုက်တာနဲ့ ကိုယ်ဘာလဲဆိုတာ အနည်းနဲ့အများ သိထားတော့ တစ်ဦးနဲ့တစ်ဦး သံသယပွားနေစရာသိပ်မရှိဘူးလေ…
ဒီနေ့ Blog Day မှာ သူများတွေက သူတို့ စစချင်းဖတ်ဖြစ်တဲ့ အမှတ်ရတဲ့ အထင်ကရဘလော့ တွေအကြောင်းပြောကြတယ်။ မဗေဒါကလဲ ဘလော့ဒေးမှာ မဗေဒါ ဘလော့ပေါ်က အမှတ်တရ စာဖတ်သူတွေအကြောင်းရေးရမယ်...

သူတို့မရှိရင် မဗေဒါဘလော့ဆိုတာ ဆက်လက်ရပ်တည်ဖို့ မဖြစ်နိုင်တဲ့အတွက် ဒီပိုစ့်မှာ မဗေဒါဘလော့ကို အားပေးကြတဲ့ ချစ်တဲ့ စာဖတ်သူ သူငယ်ချင်းတွေကို တန်းစီကျေးဇူးတင်ဖို့ ဒီပိုစ့်ကို ရေးပါတယ်…
(မှတ်ချက်။ မဗေဒါရဲ့ ကျေးဇူးတင်တဲ့ List မှာ နာမည်နဲ့ တကွ မပါလာခဲ့ရင်လဲ မဗေဒါကို နားလည်ခွင့်လွှတ် ဗွေမယူကြပါနဲ့လို့ တောင်းပန်ပါရစေ…. မဗေဒါလဲလူသားပဲ ပေမို့ အမှားအယွင်း မေ့လျော့မှုဆိုတာက မလွှဲရှောင်နိုင်ဘူးလေ)

ပထမဆုံး ကိုယ့်ရဲ့ Biggest Silent Readers အဖေနဲ့ အမေကို ကျေးဇူးတင်ပါတယ်… ဟိုးအရင်ကတော့ ဖေဖေက ကျွန်မ ရုပ်ရှင်မင်းသားတွေအကြောင်းရေးရင် သိပ်မကြိုက်ခဲ့ပေမဲ့ ခုတော့
 ဒီပိုစ့်ရေးလိုက်ပြီးရှင်းပြတယ်  ကျွန်မရဲ့ အမြင်ကို သေချာပြောပြတော့ သူနားလည်သွားပါပြီ… သူမကြိုက်တော့လဲ အဲ့ပိုစ့်တွေ မဖတ်နဲ့ပေါ့နော်… ပြောရရင် ဘလော့စရေးတုန်းက အိမ်ကလူတွေ၊ ကိုယ်နဲ့ အပြင်မှာ သိတဲ့သူတွေတစ်ယောက်မှကို အသိပေးခဲ့တာမဟုတ်ဘူး… အဲဒါကြောင့် မဗေဒါ ဘလော့ရဲ့ နာမည်က အစက မဗေဒါရဲ့ လျှို့ဝှက်ချက်လို့ပေးခဲ့တာ။ အဖေက နောက်မှ သူဖတ်နေကျ သတင်းဝက်ဆိုဒ်မှာ ကျွန်မဘလော့ကိုတွေ့လို့ စဖတ်ဖြစ်တာ… အဲ့တုန်းက ကိုယ်က ဘလော့လိပ်စာတောင် သူ့ကို မပေးလို့ သူ့ခမျာဖတ်ချင်ရင် အဲ့ဝက်ဆိုဒ်ကို သွားပြီး ကျွန်မလင်ခ့်ကို ရှာဖတ်ရတယ်… ခုတော့ သူလဲ အင်တာနက်ကျွမ်းသွားပြီဆိုတော့ လိပ်စာသိသွားပြီ… :P ။ မေမေဆို ကျွန်မလိုပဲ စာဖတ်သိပ်ပျင်းတာ။ ဗေဒင်စာအုပ်ကလွဲလို့ သူက သိပ်ဖတ်တာမဟုတ်ဘူး… ဖေဖေဖတ်ပြတာပဲ နားထောင်တာ… ဒါပေမဲ့ ကျွန်မဘလော့ကိုတော့ ဒိုင်ခံအားပေးတာ… အရင်က သူတို့ဖတ်တယ်ဆိုတော့ နည်းနည်းလေး စိတ်ကျဉ်းကျပ်သလိုလို၊ ရှက်သလိုလိုဖြစ်လို့ အရေးကျဲသွားသေးတယ်… ခုတော့ သူတို့ ၂ယောက်လုံးက ဖတ်ဖြစ်နေရင်တောင် ကျွန်မရှေ့ဆို မဖတ်သယောင် မသိချင်ယောင်ဆောင်နေကြသေးတာ… ခုတော့ ကျွန်မလဲ ရိုးသွားပါပြီ… သူတို့ကို အရင်က မဖတ်စေချင်တာကလဲ ဘလော့ပေါ်မှာ ဘာမဆိုင်ညာမဆိုင် အပြောခံရရင် မိဘဆိုတော့ ကိုယ့်သားသမီးပြောခံရတယ်ဆိုပြီး သူတို့က စိတ်မကောင်းတွေဖြစ်၊ ကျွန်မကိုလဲ တစ်ခါတစ်လေ ဆူချင်သေးတာ။ အိမ်မှာဆို အပြင်မှာ ရန်မဖြစ်ရလို့ အွန်လိုင်းပေါ်တက် ရန်ဖြစ်တယ်လို့ သတ်မှတ်ခံရသေး… ဖေဖေတောင် စာရေးချင်စိတ်တွေပေါ်ပြီး ကျွန်မဘလော့မှာ Contributor အနေနဲ့ လက်ငင်း နဲ့ လူသားဂေဟ မဗေဒါဘလော့ စစချင်းဖြစ်တည်လာတုန်းက မြန်မာဘလော့ရေးတဲ့သူမဟုတ်ပဲ အင်္ဂလိပ်ဘလော့ဖြစ်စေ၊ တစ်ချို့ကျတော့လဲ မဗေဒါ Identity တောင် လိုက်ရှာလို့မရပေမဲ့ ကိုယ့်ဘလော့တွေကို အမြဲလာအားပေးတယ်ဆိုတာသတိထားမိတဲ့စာဖတ်သူတွေကို သတိတရဖြစ်မိတယ်… ဒီစာရင်းထဲက လူတစ်ချို့က ခုနောက်ပိုင်းတော့ လာဖတ်သေးလာ မဖတ်သေးလားတော့မသိဘူး… ကွန်မန့်တွေ မတွေ့တော့လို့… ဒါပေမဲ့ မဗေဒါက ကွန်မန့်တွေပုံမှန်ပေးဖူးလို့ မှတ်မှတ်ရရ သိနေတဲ့သူတွေပေါ့နော်… အမြဲ ကနဦးကတည်းက မဗေဒါဘက်ကနေ အားပေးတတ်တဲ့ စာဖတ်သူတွေကတော့… FFOX, Kiwi, :P , Life is for success, (သူတို့တွေ လာမဖတ်တော့ဘူးထင်တယ်)။ ဟိုးအရင်ကတည်းက မဗေဒါ ဘလော့ပေါ်မှာ အားပေးစကားတွေလဲပြောခဲ့ အမြဲလဲရပ်တည်ပေးခဲ့ ခုထက်ထိလဲ ဖေ့ဘွတ်ပေါ်မှာ အဆက်အသွယ်ရှိနေတဲ့ မ Shwun Mi, မဗေဒါရဲ့ မဆုံးသော ဇာတ်လမ်းတွဲဝတ္တုကြီးကို စိတ်မဆိုးပဲ နှစ်ပေါက်အောင် ထိုင်စောင့်နေတဲ့ Than Yaw Zin, ခရီးသွားပိုစ့်တွေ ရေးပါဟဲ့ ရေးပါဟဲ့ဆိုပြီး မဗေဒါကို အစဉ်မြဲ အားပေးနေတဲ့ (သူနောက်က မီးမထိုးရင် မဗေဒါရဲ့ ဟောင်ကောင်နဲ့ သြစီပိုစ့်တွေ ပြီးခဲ့ပါ့မလားမသိ) Mayflower poe, စကားနည်းပေမဲ့ အမြဲ အားပေးနေတယ်ဆိုတာကို ခံစားလို့ရတဲ့ Khine Su Hlaing (Sweet Sweet), facebook ပေါ်မှာလဲ အမြဲ Active ဖြစ်တယ် စာတွေလဲ အများကြီး ဖတ်နိုင်တဲ့ Thant Swe, ဂျပန်က မဗေဒါဘလော့ကို တောက်လျှောက်အားပေးလာတဲ့ စာဖတ်သူ စစ်စစ် မSwe Swe Thant (ဆုံတွေ့ဖို့ ကံပါတော့ မနှစ် ဒီဇင်ဘာလတုန်းက ပြင်ဦးလွင်က ကန်တော်ကြီးပန်းခြံထဲမှာ ဆုံဖြစ်ကြတယ်၊ What a surprise, right? We are fated to meet), ခရီးသွားပိုစ့်တွေမှာရော ကိုရီးယားရုပ်ရှင်တွေကို အမြင်တွေရော ဖလှယ်တတ်တဲ့ မLotus Phyu, အမြဲအားပေးနေတာ သေချာတဲ့ Nang YN Yumm … blog စရေးကတည်းက သူတို့ ၂ယောက်ချစ်သူမဖြစ်ခင်ကတည်းက ကိုTin Maung Htay blog နဲ့ ရင်းနှီးခဲ့ပြီး နောက်ပိုင်း လင်မယား ၂ယောက်လုံးနဲ့လဲ ဘလော့ကနေ ရင်းနှီးကာ သူတို့ မင်္ဂလာဆောင်အထိပါ Emcee လုပ်ပေးခွင့်ရခဲ့တဲ့ Naychi Maung နဲ့ Tin Maung Htay...  နောက်ပြီး အများကြီးကျန်ပါသေးတယ်…
ခု တစ်ခေါက်တော့ မဗေဒါကို ကွန်မန့်တွေ အမြဲမပေးပေမဲ့ (တချို့ဆို Silent Readers စစ်စစ်ကြီးတွေပေမဲ့) မဗေဒါကို ဖေ့ဘွတ်မှာ လာအက်တော့ မဗေဒါက ကိုယ့်ဘလော့ reader တွေကိုပဲ လက်ခံချင်တော့ မတ်စေ့ပို့ပြီးမေးလိုက်ရင် မဗေဒါရဲ့ ဘလော့ကို လာဖတ်လေ့ရှိပါတယ်လို့ သူတို့က ပြောပြကြတာ… ခုလို အသိပေးကြတဲ့ ချစ်လှစွာသော စာဖတ်သူ သူငယ်ချင်းတွေပါ… တစ်ချို့ဆို သူတို့ ဘယ်ပိုစ့်ကိုတော့ မှတ်မှတ်ရရ ကြိုက်ပါတယ်လို့တောင်ပြောတယ်… အဲ့လိုဆို ကိုယ့်မှာ ကြည်နူးရတာ မပြောပါနဲ့တော့… သူတို့တွေကတော့…

မဗေဒါရဲ့ ဘလော့ကို Subscribe ထားတယ်ဆိုတဲ့ Kyaw San Win, Kyaw Zaw Khant, I hear Your voice Drama Review ကတည်းက ကြိုက်လို့ ဖေ့ဘွတ်ပေါ်မှာ လာအက်တဲ့ Moh Moh Htay Aung, စကာင်္ပူရောက်အလွဲများမှာ မcut ကို မှတ်မှတ်ရရရှိနေတဲ့ Soe Yu New, “Even though your writing style is not catchy but the story line itself is quite interesting.” ဆိုပြီး သေသေချာချာ ဝေဖန်ပေးတဲ့ Hinthar ဟင်္သာ, ကိုယ်ဘလော့ပေါ်မှာ ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုမှာ ကိုယ့်ဘက်ကနေ စိတ်တိုပေးခဲ့တဲ့ Aye MyaThandar Swe, ဘောင်ဘင်ခတ်တဲ့ဖားကို ကြိုက်လို့ facebook ပေါ် ရှယ်ဖြစ်တယ်ဆိုတဲ့ Phyo Thu, သူ့ဖေ့ဘွတ်အကောင့်ကတော့ Deactivated ဖြစ်သွားပေမဲ့ အရင်က မတ်စေ့ပို့ပြီး ပြောခဲ့တဲ့ Na HNa, ကိုရီးယား မင်းသားတွေအကြောင်းနဲ့ မဗေဒါရဲ့ Emcee အတွေ့အကြုံလေးကို ဖတ်တယ်ဆိုတဲ့ Aye Nyein Aung, ဘလော့မှာရေးထားတာတွေကို ဖေ့ဘွတ်မှာ ပြန်တင်ပါလား ရှယ်ဖို့လွယ်တာပေါ့လို့ အကြံပေးတဲ့ Win Min Oo Comet, ခရီးသွားပိုစ့်တွေနဲ့ ရုပ်ရှင် review တွေကြိုက်တယ် မဗေဒါထပ် ၈လ ငယ်တယ်ဆိုတဲ့ Ayenb Ae'ae', ဘလော့လဲဖတ်တယ် မဗေဒါလုပ်တဲ့ ဗွီဒီယိုတွေလဲ အားပေးတယ်ဆိုတဲ့ ကို Mya Soe, Videos နဲ့ ဟော်တယ် ရီဗျူးတွေကို ကြည့်ရတာကြိုက်တယ်၊ ခရီးသွား ၀ါသနာတူတဲ့ Yan Paing Oo, မဗေဒါဘလော့ဖတ်တယ်လို့ အသိပေးတဲ့ Sandar Hlaing, Phu Ngone, Yin Min Htwe, Yamin Ohmar, 心王 နဲ့ မဗေဒါ ဖေ့ဘွတ်လစ်ထဲမှာ ရှိနေတဲ့ Silent Readers တွေအားလုံးကို ကျေးဇူးတင်ပါတယ်…





အမှန်အတိုင်း မရှက်တန်းဝန်ခံရရင် ဒီနေ့ Blog Day မှာ သူများတွေက သူတို့ ဖတ်တဲ့ ဘလော့တွေအကြောင်းပြောတော့ ကိုယ့်ဘလော့ကိုများ တစ်ဦးတစ်ယောက်က မှတ်မှတ်ရရရှိလေမလားလို့ မျှော်လင့်မိတယ်… ဒါပေမဲ့ ကိုယ့်ဘလော့က First Class Blog တွေလို တန်းမဝင်သေးဘူးထင်ပါတယ်… မဗေဒါဘလော့ကို အမှတ်တရဖြစ်တဲ့သူ မရှိပါဘူး… ဒါဟာ ကိုယ်လိုနေသေးလို့ပဲ… ကိုယ့်အရေးအသား တိုးတက်ဖို့ လိုနေသေးလို့ပဲလို့ ယူဆပါတယ်… ဒါပေမဲ့ ဘယ်သူမှ ကိုယ့်ဘလော့ကို အရင်ဆုံးသတိမရလဲ ဖတ်ဖြစ်နေသေးတဲ့ ကိုယ့်စာဖတ်သူတွေရှိနေသေးတယ်လေ… ဒါနဲ့ ဗြောင်ဗြောင်ပဲ ဒီစတေးတပ်လေးကို ဖေ့ဘွတ်မှာ တင်မိတယ်…

“blog day တဲ့ မဗေဒါရဲ့ တန်းမဝင်တဲ့ ဘလော့လေးကို သတိရဖြစ်တယ်ဆို လက်ညိုးထောင်။” ဆိုပြီးပေါ့…

ဒီလိုဆိုတော့ သတိတရ အသိပေးတဲ့ ကျွန်မရဲ့ အပျံစား အမာခံစာဖတ်သူတွေက လာအားပေးကြပါတယ်…
ပထမဆုံး စတေးတပ်ကို Like လုပ်တဲ့ မြန်မာပြည်က နာမည်ကျော် Presenter, Producer Ye Wint Thu (သူကဟိုးတုန်းကတည်းက မဗေဒါဘလော့ကို ဖတ်တာ သိတယ်), မဗေဒါကို စိတ်ပျော်အောင်ပြောပြီး တန်းဝင်တဲ့ ဘလော့ပါလို့ ပြောသွားတဲ့ ကိုလင်းဦး စိတ်ပညာ, ဗေဒါပန်းပုံတွေ ရိုက်လာပြီး ပို့ပေးတဲ့ May Thwe Khin, တကယ်ဖတ်ဖြစ် မဖတ်ဖြစ်တော့ မသိဘူး တခြားစတေးတပ်တွေ Like လုပ်ခဲတယ် ဒါပေမဲ့ ဒီစတေးတပ်ကိုတော့ Like လုပ်သွားတဲ့ ကျွန်မ အချစ်ဆုံးသူငယ်ချင်းရဲ့ မောင်လေး Tin Htut Win Naing, တကယ်ဖတ်မဖတ်တော့ မသိ (ဖတ်ရင်တောင် ကိုရီးယားခရီးပိုစ့်လောက်ပဲဖတ်မယ်ထင်တယ်) ကိုရီးယားက အရမ်းဧည့်ဝတ်ကျေပြီး အရမ်း ဗွီဒီယိုရိုက်တာ တော်တဲ့ ကိုPhay Sist Naing, ဟောင်ကောင်က ဝတ္တုတိုလေးတွေ သူ့ဘလော့မှာရေးလေးရှိတဲ့ မSwe Lay Mon, ဟိုးအရင်ကတည်းက မဗေဒါ ဘလော့ပေါ်မှာ ကွန်မန့်တွေပေးဖူးတဲ့ April PuuTay, ကွန်မန့်မှာ လက်ညှိုးတကယ်ထောင်သွားတဲ့Thiri Han, မဗေဒါ စာတွေကို တကယ်ဖတ်တယ်လို့ စိတ်ထဲက ခံစားရတဲ့ Kyawthetlatt Maung, မဗေဒါဘလော့ကို တစိုက်မတ်မတ် အားပေးလာတာ သေချာတဲ့ ကိုAung Myo Kyaw, ခရီးသွားဗဟုသုတတွေနဲ့ movies review တွေကို မဗေဒါရဲ့ BLOG မှာ အခုထိ သတိတရ ရှာဖတ်နေရတုန်းပဲလေ ဆိုတဲ့ New Ni, ဖေ့ဘွတ်ပေါ်မှာတော့ အမြဲ interact ဖြစ်တဲ့ မစုစုအေး, မKhine Phyu Zaw, မAye Phyo, Hnin Nu, Phyu Phyu, Mar Mar Thet, Vista Aung, Hmwe Ma, Moe MyatMon Win, Mady June (Thida Linn), Waing Sunny, May Zin, Myo Min Tun, Naw Phaw, Bo Bo, Warso aung, Nu War Hsan, Pyi Phyo Sei, Min Win Kyaw Kyaw, Duwun Duwun, Ei Ei cho, Htike Htike Aung… ဒီပိုစ့်ကို ရေးပြီးမှ ထို Status ကို Like လုပ်ပြီး အားပေးဖြစ်သော သူငယ်ချင်းများအားလုံးကို အရမ်းအရမ်း ကျေးဇူးတင်မိပါတယ်… (ကျန်ခဲ့တယ်ဆိုရင်လဲ ကျေးဇူးမတင်လို့မဟုတ်ပဲ လူသားတစ်ဦးရဲ့ အမှားမကင်းတဲ့ အဖြစ်ကြောင့်သာဖြစ်ပါတယ်…)

ကွန်မန့်ရေးတဲ့သူတွေပဲ ကျေးဇူးတင်သလား? Silent Readers တွေလဲရှိပါတယ်နော်လို့ ဆိုတဲ့ Khin Sandar Ko, မဗေဒါရဲ့ ဆုတောင်းကဗျာက Heart ထိတယ်ဆိုတဲ့ Taw Thu Ma, ဖေ့ဘွတ်ပေါ်မှာ မဗေဒါဘလော့ Reader တစ်ယောက်လို့ မဗေဒါ ယူဆတဲ့ Feng Yun, ကိုရီးယားကားတွေအကြောင်းနဲ့ ကျန်ခဲ့လို့မဖြစ် Facebook ပေါ်မှာလဲ အမြဲ ဆက်သွယ်ဖြစ်တဲ့ SandaKuu Kuu, မှတ်မှတ်ရရ သိနေတဲ့ Nandar Myo Lwin, ခင်မီမီသိန်း, Daw Soe Sandy Lin, KuKu Dosmin, May Oo, Soe Yu Htet, Avo Ca Do, ကိုရီးယား အဆိုတော်တွေ Idols တွေကို ကိုယ့်ထက်တောင် မှန်မှန်ကန်ကန်အားပေးတဲ့ Si Mon, Htay Thu Lwin, ကိုရီးယားဇာတ်လမ်းတွဲ Review တွေ ဒိုင်ခံအားပေးလို့ ကိုယ်က ယောကျာင်္းလေးနာမည်နဲ့ မိန်းကလေးသုံးနေတာလို့ ထင်မိလို့ မေးမိတော့ သူလဲ အားရင် ကိုရီးယားကားကြည့်ပါတယ်ဗျာ ဆိုတဲ့ ကိုZayar Kyaw, သူ့ Movie Review လေးတွေလဲ ကိုယ်ဖတ်ဖြစ် ကိုယ့် Movie Review တွေဆိုလဲ အမြဲ Like နေကျ Zwel Lwin, အရင်ကတည်းက မဗေဒါဘလော့ကို ဖတ်တဲ့ Ya Min Nwe, စကားပြောရင် ခင်ဖို့လဲကောင်းတယ် ပြီးတော့ မဗေဒါက တစ်ခါတစ်လေ စိတ်တိုလို့ ပြောမှားဆိုမှားရှိလဲ ဗွေမယူတတ်တဲ့ အလွန်တရာမှ လျှို့ဝှက်တတ်သော မဗေဒါရဲ့ ခရီးသွားပိုစ့်တွေဖတ်တယ်ဆိုတဲ့ Silent Readers စစ်စစ် Nay Phyo Aung, Page မှာရော Friendlist မှာရော အားပေးတဲ့ Lavender WM, ဟိုးအရင်ကတည်းက ဖတ်တဲ့ SweetPo Dinn, မဗေဒါရဲ့ Drama Review တွေဖတ်တာ ၂နှစ်လောက်ရှိပြီ မဗေဒါ Recommend တာတွေပဲ လိုက်ကြည့်တာလို့ ချစ်စရာကောင်းအောင်ပြောတဲ့ Mya Thinzar Kyaw, ဖေ့ဘွတ်ပေါ်မှာလဲ interactive ဖြစ်တဲ့ Amy You, Ar Thin Zi, Khine Nyein, Thinzar Khaing, Aye Thet Maw Win, Jang Keun Suk ရဲ့ fan တွေမို့ သူ့အကြောင်းရေးထားတဲ့ မြန်မာဘလော့ရှိတာကို ဝမ်းသာပြီး ပိုစ့်လေးတွေ ရှယ်ပေးတဲ့ Khine Yin Mon, Mya Thandar Htay, Yin Min Htwe.

အထူးသဖြင့် မဗေဒါနဲ့ Friend မအက်ထားပေမဲ့ Personally မဗေဒါနဲ့ မသိပေမဲ့ Page ကို Like လုပ်ပြီး အမှန်အကန် အားပေးသူများဖြစ်ကြလို့ အရမ်းအရမ်းကို တန်ဖိုးထားတဲ့ Khine Lin, ZuZu May, Monday July, Pyae Phyo Aye, Mae Lwin, Hsu Mon, Khine Thinzar Soe, Khin Cho Lwin, May Tun, Kyaw Bo, Khin Khin Ei, Moe Thu Kha နဲ့ Page ကို Like ထားသူများ အားလုံးကို ကျေးဇူးတင်ပါတယ်…
နောက်ပြီး မဗေဒါဘလော့မှာ ကွန်မန့်ချန်သွားတတ်သော Anonymous များ၊ မဗေဒါဘလော့ကို အလိုလို ရှာဖွေတွေ့ရှိပြီး အားပေးကြသော အပြင်မှ သူငယ်ချင်းများ၊ အပြင်မှာ နောက်ပိုင်း သိရင်းမှ မဗေဒါဘလော့ကို ခင်လို့မင်လို့ အားပေးကြသော သူငယ်ချင်းများ၊ မဗေဒါကို ခင်လို့ မင်လို့ပဲဖြစ်စေ၊ စပ်စုဖို့ စောင့်ကြည့်ဖို့ပဲဖြစ်စေ၊ ချီးကျူးဖို့ အတင်းခုပ်ဖို့ပဲဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် မျက်စိလည် လမ်းမှားရောက်လာတဲ့သူပဲဖြစ်စေ… ဘယ်လိုအကြောင်းမျိုးနဲ့ဖြစ်ဖြစ် မဗေဒါဘလော့ကို ဖတ်ရှုနေသူအားလုံး အားလုံးကို Blog Day ပိုစ့်ကို အခွင့်ကောင်းယူပြီး ကျေးဇူးတင်လိုက်ပါတယ်…

မှတ်ချက်။ တကယ်လို့များ မဗေဒါက နာမည်တပ်ဖို့ ကျန်ခဲ့သူများလဲ စိတ်မဆိုးကြပဲ မဗေဒါကို အောက်က ကွန်မန့်မှာ မေ့ကျန်ခဲ့ရကောင်းလားဆိုပြီး ရန်တွေ့သွားကြပါလို့…. Love you all and appreciate it.