Tuesday, August 16, 2011

Kim Hyun Joong in town again

Boy over flower, Playful Kiss နဲ့ ယခင်က SS501 အဖွဲ့ခေါင်းဆောင် မင်းသားချော Kim Hyunjoong The Face Shop promotion နဲ့ သူ့ Album အသစ် အရောင်းမြှင့်တင်ရေးအတွက် စကာင်္ပူကို ထပ်မံရောက်ရှိလာပြန်ပါပြီ... ဒီတစ်ခါတော့ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ စကာင်္ပူမှာနေမှာဖြစ်ပြီး ၁၉ ရက်နေ့မှာ သူ့ fan meeting ကို အောက်ပါ နေရာ နဲ့ အချိန်မှာ ကျင်းပမှာဖြစ်ပါတယ်...

Fan Meeting

Venue: The Coliseum, Hard Rock Hotel Singapore, Resorts World Singapore
Date: 19th August
Time: 3.30pm
Colour Theme: Green
Aarangement: Free standing

သူ့ fan meeting အတွက် လက်မှတ်ကို သီးသန့်မရောင်းပဲ The face shop နေ S$160 ဖိုး ၀ယ်ယူရင်ပဲ ဖြစ်ဖြစ် S$160 တန် ဘောက်ချာကို နောက်သုံးဖို့အတွက် ၀ယ်ယူရင်ပဲဖြစ်ဖြစ် ၀ယ်ယူသည့်အပြင် သူ့ရဲ့ နောက်ဆုံးထွက် Breakdowm Album ကို The Faceshop ကနေ S$15.90 ဖြင့် ၀ယ်ယူလျှင် သူ့ fan meeting pass ကို ရရှိမှာဖြစ်ပါတယ်... လက်မှတ်ပေါင်း ၁၇၀၀ ရောင်းချမှာဖြစ်တဲ့အတွက် ယခု post ရေးနေတဲ့ အချိန်အထိ လက်မှတ်တွေကျန်ရှိနေပါသေးတယ်လို့ သတင်းရရှိပါတယ်... သေချာချင်ရင်တော့ မ၀ယ်ခင် ဆိုင်သမားတွေကို အရင်မေးမြန်းပြီမှ ၀ယ်ပါ...

ထိုဝယ်ယူသူအတွင်းမှ scratch and win ကို ပေါက်တဲ့ကံထူးရှင်ကတော့ မင်းသားနဲ့ ဓာတ်ပုံတွဲရိုက်ခွင့်သော်လည်းကောင်း မင်းသားလက်မှတ်ထိုးပေးသော session ကိုလည်းကောင်း တက်ရောက်ရမှာဖြစ်ပါတယ်...

၁၁ရက်နေ့ကမှ ထပ်မံဖြည့်စွက်လိုက်တဲ့ အစီအစဉ်လေးကတော့ ကံစမ်းမဲ့မပေါက်တဲ့ပရိတ်သတ်များအတွက်လဲ သူ့ CD လေးကို ယူလာဖို့ဖြစ်ပြီး အဲဒိ နေ့မှာ TFS က ကံထူးရင် အယောက် ၂၀ကို လက်မှတ်ထိုးပွဲအတွက် ရွေးချယ်မှာဖြစ်ပါတယ်...

မင်းသားရောက်ရှိမဲ့ လေယာဉ်နဲ့ ထွက်ခွာမဲ့ လေယာဉ် ချိန်ကတော့ အောက်ပါအတိုင်းပါပဲ... အပြန်မှာ CIP လမ်းက ပြန်မလား ရိုးရိုးလမ်းက ပြန်မလားဆိုတာကတော့ မသေချာပါဘူး...

Arr via SQ877, 6.40pm (1708),
Dep via MH604, 9.50am (2008). (မဗေဒါကတော့ သူလာတဲ့နေ့မှာ အလုပ်ရှိတာတစ်ကြောင်း သူ့ကို အရင်တစ်ခေါက်က မြင်ဖူးပြီးတာတစ်ကြောင်း သူက မဗေဒါရဲ့ favorite မင်းသား မဟုတ်တာလဲတစ်ကြောင်းကြောင့် သွားမကြိုတော့ပါဘူး....)

အစက သူ ဒီကြားထဲမှာ The Faceshop ဆိုင်တစ်ဆိုင်ကို သွားမယ်ဆိုတာ ဘယ်ဆိုင်ကို သွားမယ်မှန်း သတင်းမလွှင့်ပါဘူး... ဒါပေမဲ့ ခုတော့ သတင်းထွက်လာပါပြီ... အောက်ပါ ဆိုင်ခွဲကို လာမှာပါ...

THEFACESHOP @ SG Causeway Point at 2.15PM for the shop's opening ceremony. (ဘယ်ရက်လဲတော့ ရေးမထားပါဘူး... ၁၈ ရက် ဒါမှမဟုတ် ၁၉ ရက်ဖြစ်မှာပါ)... ကျွန်မစိတ်ထင်တော့ ၁၈ ရက်ဖြစ်ဖို့များပါတယ်...

ဒီအစီအစဉ်မှာ ကောင်းတဲ့အချက်လေးကတော့ သူ့ fan meeting အတွက် သီးသန့်ပိုက်ဆံအကုန်ခံစရာမလိုပဲ The Faceshop ကနေ ကိုယ်လိုချင်တာကို ၀ယ်ယူပြီး သူ့ CD ၀ယ်ယူရုံနဲ့ ကြည့်ခွင့်ရမှာဖြစ်ပါတယ်... သူက အဆိုတော်လဲအဆိုတော် မင်းသားလဲမင်းသားဆိုတော့ ဖျော်ဖြေရေးမှာလဲ ပိုပြီး အားသာပါတယ်...

ကဲ Kim Hyunjoong ကို ချစ်တဲ့ ပရိတ်သတ်တွေအတွက် ဒီသတင်းကောင်းလေးကို မျှဝေလိုက်ပါတယ်...လိုချင်တဲ့သူ အားလုံး အချိန်မှီ ၀ယ်ယူနိုင်ကြမယ်လို့မျှော်လင့်ပါတယ်... Facebook က The face shop စာမျက်နှာမှာတော့ Black Market ဈေးကွက်စတင်ပေါ်နေပါပြီ... ဒါပေမဲ့ မဗေဒါရဲ့ အကျင့်အတိုင်း မရရင်နေပါစေ Black Market ကိုတော့ အားမပေးသင့်ဘူးလို့ထင်ပါတယ်.... Hope u enjoy flower pretty boy Kim Hyunjoong

အောက်က Kim Hyunjoong နဲ့ မင်းသမီးချော Park Min Young တို့ရဲ့ TFS BB Cream ကြော်ငြာလေးကို NG နဲ့တကွကြည့်လို့ရပါတယ်...