Sunday, October 12, 2008

Yishun မှာမြန်မာဆိုင်ဖွင့်ပြီ...

အဟဲ.. သိတာတော့ ကြာပါပြီ ကြော်ငြာမယ်.. ကြော်ငြာမယ်နဲ့ မကြော်ငြာပေးရသေးတာပါ.. ကြော်ငြာနောက်ကျနေလိုက်တာ.. တော်တော်များများတောင် အဲဒိဆိုင်လေးမှာ စားဖူးပြီးလောက်ရောပေါ့...
ခုပြောချင်တာက ရှမ်းစာတွေကြိုက်ပြီး woodland နဲ့ Yishun မှာနေတဲ့ သူများအတွက် ပန်နီဆူလားထိသွားစရာမလိုပဲ နီးနီးနားနား လွယ်လွယ်ကူကူနဲ့ အရသာရှိရှိစားနိုင်တဲ့ ဆိုင်လေးပါ.. Loi Nine လို့ခေါ်တဲ့ မြန်မာဆိုင်လေးကို Chong Pang က Food court မှာဖွင့်လှစ်ထားကြောင်းသတင်းကောင်းပါးပရစေ...

Food stall Review

မဗေဒါ အဲဒိဆိုင်ကို ဟိုတစ်လောကသွားစားဖြစ်ပါတယ်.. တော်တော် စုံစုံလင်လင်ရပါတယ်... အဲဒိနေ့က ရှမ်းခေါက်ဆွဲစားဖြစ်ပါတယ်..
သူငယ်ချင်း ၂ယောက်မှာ တစ်ယောက်က တို့ဟူးနွေး နောက်တစ်ယောက်က ခေါက်ဆွဲကြာဇံအရောအသုတ်စားပါတယ်... အားလုံးကို မဗေဒါစုံအောင်မြည်းခဲ့ပါတယ်...
အားလုံးအရသာကောင်းပါတယ်... ၁ပွဲကို ၃ကျပ်ခွဲပါ.. သဘောလဲကောင်းပါတယ်... တော်တော်များများကတော့ တို့ဟူးနွေးကိုကြိုက်ကြပါတယ်.. မဗေဒါလဲ ကြိုက်ပါတယ်.. ဒါပေမဲ့ ရှမ်းခေါက်ဆွဲကိုပိုကြိုက်တယ်..

ဒါပေမဲ့.. အကောင်းတွေပြောပြီးနောက်ပိုင်းမှာ မဗေဒါက ပိုကောင်းစေချင်တဲ့စေတနာနဲ့ အားနည်းချက်လေးကို အကြံပေးချင်တာကတော့... စောင့်ရချိန်ကြာတာပါ... အလုပ်လုပ်တာ အလွန်မှ နှေးတယ်လို့ထင်မိပါတယ်... သူတို့ဘေးက တရုတ်ဆိုင်တွေနဲ့ ယှဉ်ပြီးကြည့်ကြည့်တာ တော်တော်လေးမှ အသည်းယားမိပါတယ်.. အထူးသဖြင့် မဗေဒါတို့လို အနီးနား ကုမ္ဗဏီမှာအလုပ်လုပ်ရင်း အားလပ်ချိန်လေးမုန့်လာစားတုန်း ဒီလိုကြာပုံမျိုးနဲ့ အလုပ်ထဲမှာ အားလပ်ချိန်ပိုယူသလိုအထင်ခံရပါတယ်.. မြန်မာဆိုင်ဖွင့်လို့အားပေးချင်လွန်းလို့ ဘတ်စ်ကားတစ်တန် ကုန်းကြောင်းတစ်တန်နဲ့လာအားပေးတာပါ..
ဒါပေမဲ့ ခုလိုကြာပုံမျိုးနဲ့ မဗေဒါ အလုပ်အားလပ်ချိန်မှာ လာရောက်အားပေးဖို့ အခက်ခဲဖြစ်ရပါတယ်... တကယ်ကိုအားပေးချင်လွန်းလို့ ခုလို FeedBack ပေးရတာပါ..
အစားအသောက်အတွက်တော့ recommend ပေးပါတယ်.. အချိန်ရမယ်ဆိုရင် သွားအားပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်...



10 comments :

ပန်းခရမ်းပြာ said...

အဲဒီနေရာက အိမ်နဲ့ နီးတယ်။ တခါမှတော့ မစားဘူးသေးဘူး။ လိပ်စာလေး မျှဝေတာ ကျေးဇူး မဗေဒါရေ။

တောင်ပေါ်သား said...

အမရေ ရှဲ့ရှဲ့ တို့ဟူးနွေးလေး သွားစားဦးမယ် မစားရတာကြာပေါ့

Anonymous said...

Could you kindly share the news if there is Myanmar Food Catering Service.

Anonymous said...

Hi anonymous,
I heard there is catering service but i don't think Loi Nine have catering service. I will let you know the news if i know something about Myanmar Food catering Service.

Anonymous said...

အေးဗျ.. ရှမ်းခေါက်ဆွဲတော့ ကြိုက်တယ်.. သွားဆွဲလိုက်အုံးမယ်.. အဲဒီဖက်ကို လမ်းကြုံတယ် :)

Unknown said...

အချိန်ကြာကြာစောင့်ပြီးစားရတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ..
ကျွန်တော့်အနေနဲ့ ပြောရရင်..
ဒီဆိုင်က ဖွင့်ကာစဖြစ်တာကတစ်ကြောင်း..
စားဖွယ်သောက်ဖွယ်စီစဉ်တဲ့ ကြီးကြီးနဲ့မမ က.. အရသာကောင်းစေချင်တာက တစ်ကြောင်း..
ဒါကြောင့် ကြာတာပါ..
နောက်ကို ဒီလို မဖြစ်အောင် ကျွန်တော်လည်း ကြိုးစားပြီး စားပွဲထိုးပေးပါ့မယ်.. အဟီး
:D

Anonymous said...

i wanna eat တို့ဟူးနွေး .. cool!!! let's go and eat together.. btw thx for sharing the add.. I heard there's myanmar restaurant but dunno where it is .. your site is very informative..haha..

Anonymous said...

Hi anonymous,
I heard there is catering service but i don't think Loi Nine have catering service. I will let you know the news if i know something about Myanmar Food catering Service.

>> Just like to inform you that I am regularly checking for it :)

mabaydar said...

hee hee.. what do you want to order from myanmar food catering service??
If nothing much i ask my mom to cook for you. That's what i can help you most for now. I said i will let you know when i heard about that service. but until now i also no clue about it. Sorry friend. I also keep waiting that news.

Anonymous said...

Good Day! Ivan Pennington . payday loans