Monday, February 06, 2012

မွေးနေ့အလှူ ဗိုက်တွေပူစေ

ဒီနေ့ မဗေဒါ အသက် ၁နှစ်ထပ်ကြီးသွားတဲ့နေ့ပါ... ဘာမှ ထွေထွေထူးထူးမလုပ်ပါဘူး... ဒါပေမဲ့ ကျေနပ်နေတယ်... မဗေဒါအတွက် အရေးပါတဲ့သူတွေဆီက ဂရုစိုက်မှုကိုရလို့ပါ... ပြီးတော့ ဒီနှစ်မှာ Facebook ကနေ မွေးနေ့ဆုတောင်းပေးတဲ့သူတွေ အများကြီးရလို့ ၀မ်းသာပါတယ်... ရှည်ရှည်ဝေးဝေးတွေ ပြောမနေချင်တော့ပါ... ဘလော့လာတဲ့သူတွေကို အိမ်မှာချက်စားလေ့ရှိတဲ့ ဟင်းနဲ့ မုန့် Collection ကို မဗေဒါ အစ်မ ဖေ့ဘွတ်ကနေယူပြီး ပြန်ဖော်ပြလိုက်ပါတယ်... ဟင်းတော်တော်များများကတော့ ဖေဖေ့လက်ယာတွေပါ...

အားမနာတမ်း ရှုစားရင်း ဗိုက်ဆာကြကုန် (အဲလေ)... အမြင်နဲ့စိတ်နဲ့ စားသွားနော်... တကယ်စားချင်ရင်တော့ ကြိုပြော အိမ်မှာချက်ကျွေးမယ်.... အိမ်လာခဲ့...

ကဲလက်ညောင်းအောင် Scroll down လုပ်ဖို့သာပြင်ထား...
(ဓာတ်ပုံများကို ပြန်လည်ဝေမျှ အသုံးပြုလိုလျှင် ပီတိဝေမျှကာ အသိလေးပေးသွားစေချင်ပါတယ်)

ဒီနေ့ ဟင်းလျာတွေကတော့....



အာလူးကပ်တလိပ်ကြော်

အမဲသားကြွပ်ကြော်

ငါးခူကောင်လုံးကြော်
ပဲကြီးဆူးပုတ်ဟင်းချိုနဲ့ ငါးခူကြော်

မြန်မာ ငါးဖယ် အချိုနှပ်

ခရမ်းချဉ်သီး မြန်မာငါးဖယ်ဟင်း..

ဝက်သား ပုန်းရည်ကြီး

ပုဇွန်နဲ့ ကညွတ်ဟင်း...

ငါးရံ့ခြောက်ဖုတ်

ဂဏန်းမဆလာ မြန်မာချက်...

ဝက်အူကြော်

အအီပြေ ချဉ်ပေါင်နဲ့ မျှစ်ချဉ်ဟင်း

ဒန့်သလွန်သီး ငါးရံ့မုန်လာဥချဉ်ဟင်း

ပုဇွန် မုန်လာဥ ချဉ်ဟင်း

အသုတ်များ....

ခရမ်းသီးမီးဖုတ်သုတ်



ငါးချဉ်သုတ်


ဆေးဘဲဥသုတ်

မြန်မာစတိုင် သရက်သီးသုတ်


ထိုင်းစတိုင် သရက်သီးသုတ်




မရမ်းသီးသုတ်


ခေါက်ဆွဲသုတ် (မေမေ့ လက်ရာ စပါယ်ရှယ် ဒါစားပြီး တခြားအသုတ်တွေ မကောင်းတော့)

ထမင်းဟင်း မစားချင်သူများအတွက်လဲ ဒီမှာ စီစဉ်ထားတယ်...


အုန်းနို့ခေါက်ဆွဲ



ကြက်သားပလာတာ


ကြာဇံချက်

မုန့်ဟင်းခါး

နန်းကြီးသုတ်

ပန်းသေးခေါက်ဆွဲ (ဓာတ်ပုံ ကျွန်ုပ်ရိုက်သည်)




တို့ဟူးနွေးနဲ့ ရှမ်းခေါက်ဆွဲ

ကြက်သားဆီချက် ခေါက်ဆွဲ


ဒီမှာက စကားစမြည်ပြောရင်းနဲ့ သရေစာစားဖို့.... မြန်မာ့မုန့်တွေ...


ဆီထမင်း


ရွှေရင်အေး (တို့ကတော့ ဒူးရင်းသီးမကြိုက်လို့ ဖယ်စားတယ်)

လက်ဖက်သုတ်နဲ့ ရေနွေးကြမ်းပူပူလေး (ပုဇွန်ခြောက်ကုန်ရင် ထပ်ထည့်ပေးအုံးမှာ)

ဖက်ထုတ်ကြော်


အားလုံးစားချင်မယ့်... မုန့်လင်မယား... (မြန်မာပြည်ကကိုး ဒယ်အိုးဝယ်လာတာ)

ပဲမြစ်ကို ထညက်လေးနဲ့စေးနေအောင် ပြုတ်ထားတာ (မတ်လရန်ကုန်ပြန်တုန်းက ၀ယ်လာတာ ခုကုန်ပြီ)


အားလုံးစားပြီးရင် အသီးလေးတွေစားသွားပါအုံး...

အားလုံးတော့ အကုန်အစုံ မစားကြနဲ့နော် ... အစာအဆိပ်သင့်ပြီး ဗိုက်အောင့်မှာစိုးလို့....

ကိုယ်အကြိုက်ဆုံးနဲ့ အလိုက်ဖက်ဆုံးလေးတွေ ရွေးစားသွားကြနော်...

ဘယ်မုန့်အကြိုက်ဆုံးနဲ့ ဘာတွေရွေးစားသွားကြလဲ အောက်ကကွန်မန့်မှာ ပြောပြနော်...

ဟောင်ကောင် ခရီးစဉ် - အပိုင်း ၁

မနက်၃နာရီခွဲလောက်မှာပဲ ကျွန်မနိုးနေပါတယ်… ညကလဲ ၁၂ကျော်လောက်မှအိပ်တော့ စုစုပေါင်း အိပ်ချိန် ၃နာရီလောက်ပဲရှိပါတယ်… ဒါပေမဲ့ ခရီးသွားမယ်ဆို စိတ်လှုပ်ရှားတတ်ကြတာပဲ မဟုတ်လား… ဒါတောင် နိုးနိုးချင်း ကွန်ပြူတာဖွင့်ပြီး ဘလော့မှာ သွားပြီဆိုတဲ့အကြောင်း ပိုစ့်ကောက်တင်လိုက်ပါသေးတယ်…

သူငယ်ချင်းကို မနက် ၅နာရီအရောက်လာခဲ့ဖို့မှာထားပင်မဲ့ ကြီးတော်က နောက်ကျပါတယ်… မနက် ၄နာရီကျော်ကျော် ကျွန်မ ရေမိုးချိုးပြီး ဖုန်းဆက်တော့မှ အိပ်ချင်မူးတူးအသံနဲ့ ငါလဲနိုးနေပြီ ပြောပါတယ်… ၅နာရီခွဲလောက်မှာရောက်ချလာပြီး လေဆိပ်ကို မနက် ၆နာရီလောက်ရောက်ပါတယ်…

Airport Check in

ကိုယ်က Luggage အပိုမ၀ယ်ထားတော့ ချက်အင်ဝင်ရုံပါပဲ… ချက်အင်ကလဲ Online check in ၀င်ပြီးသားမို့ Boarding Pass သွားယူယုံပါပဲ… ခါတိုင်း ဆို hand carry အိတ်ကို မပြလဲ ရပင်မဲ့ ခုဆို လေဆိပ်ကလဲလည်သွားပါပြီ… ပြခိုင်းပြီး တံဆိပ်အပတ်လေးတွေတတ်ပါတယ်… တံဆိပ်မတတ်ထားတာဆို အလေးချိန်မစစ်ရသေးတာ အသိသာကြီးပေါ့… ကျွန်မအိတ်ကလဲ ဘယ်လောက်လေးမှန်းမသိပေမဲ့ သေချာတာတော့ ၁၀ကီလိုတော့ နည်းနည်းကျော်လောက်ပါတယ်… ဒါတောင် သွားခါနီးမှ အကျီင်္ ၂ထည် ထပ်ထုတ်လိုက်ပါသေးတယ်… အနွေးထည်ဆိုလဲ ၁ထည်ပဲ… ဖိနပ်ဆိုလဲ စီးထားတာ တစ်ရံနဲ့ နောက်ထပ် Sandal လေး တစ်ရံပဲ ထည့်ပါတယ်…. ဒေါက်တောင်မယူပါဘူး… တိုင်းကြည့်တော့ ၁၂ ကီလိုလောက်ရှိပါတယ်… ဒါပေမဲ့ အဲလောက်ပိုတာတော့ သူပေးပါတယ်… ဘာမှမပြောပါ… နောက် သူငယ်ချင်းဝင်တော့သူ့အိပ်အလေးချိန်ကို သူမကြည့်မိလို့ မသိလိုက်ပါဘူး… ချက်အင်အောင်မြင်သွားတော့ နောက်ကျနေမှာစိုးတာနဲ့ ကျွန်မတို့ အင်မီဂရေးရှင်းကို ဖြတ်ခဲ့ပါတယ်…


အင်မီဂရေးရှင်း…

ခု အသစ်ဖြစ်သွားတဲ့ အီလက်ထရောနစ်စနစ်ကို သိပ်သဘောကျပါတယ်… မျက်နှာတည်တည်ကြီးနဲ့ အရာရှိကြီးတွေနဲ့ တွေ့စရာမလိုတော့သလို ကျွန်မတို့ရဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ပတ်စပို့စာမျက်နှာလေးတွေမှာလဲ တုံးထုစရာမလိုတော့လိုပါပဲ… ချောချောချူချူပါပဲ… ပတ်စပို့ပထမဆုံးစာမျက်နှာလေးကို မှောက်ပြီး စက်ထဲထည့်လိုက်… (၁၀ဒေါ်လာရွက်တွေ ဘာတွေတော့ ပတ်စပို့ထဲ ညက်မနေစေနဲ့နော်)… စက်က Verify လုပ်ပြီးရင် ပထမတံခါးတစ်ချက်ပွင့်သွားမယ်… အထဲဝင်လိုက်… ပြီးရင် ညာဘက်လက်မကို (ဖုန်တွေဘာတွေ ကပ်မနေစေနဲ့နော်) သေသေချာချာလေး ဖိပြီး စက်ပေါ်တင်လိုက် (အရမ်းတော့ မဖိနဲ့ပေါ့နော်)… ခဏနေရင်နောက်တံခါးတစ်ချက်ပွင့်သွားမယ်… စိတ်ကို ချမ်းသာလိုက်တာ… ဘာချောကလက် ဘာအခွန်စာရွက် ဘာ D-form မှ မလိုဘူး…


Searching for Gate to Board

အားလုံးကျော်သွားပြီဆိုတော့ ကျွန်မတို့ဂိတ်ကိုရှာရပြန်ပါပြီ… ဂိတ်နံပါတ် D47 … ဂိတ်ကလဲ ဟိုးအဝေးကြီးမှာ… သူငယ်ချင်းက ပိုက်ဆံမလောက်မှာကြောက်လို့ လေဆိပ်မှာ စကာင်္ပူဒေါ်လာ ၂၀၀ ထပ်ထုတ်တယ်… ကျွန်မကတော့ အိပ်ဆောင် ၁၅၀ လောက်ပဲ သယ်သွားတယ်… လောက်မယ်လို့ယုံတယ်…
လေယာဉ်ပေါ်မှာ ထမင်းကျွေးမကျွေးတော့ မသေချာဘူး.. မနက်တည်းက ဘာမှမစားလာတော့ စားတော့စားချင်တယ်… အဲဒါကြောင့်လဲ သူငယ်ချင်းကို ၅နာရီအရောက်လာဖို့ လောခဲ့တာ… လေဆိပ်မှာ မုန့်စားဖို့… Starbuck တွေ့တော့ စားချင်တယ်… သူငယ်ချင်းက လေယဉ်ပေါ်မှာ ကျွေးရင်လဲ ကျွေးမှာပါဆိုလို့ နောက်ကျမှာစိုးတာနဲ့ ဆက်လျှောက်လာလိုက်တယ်… နောက်မှ သူက စားချင်လဲ စားလေး မိနစ်၂၀ လောက်တော့ အချိန်ရသေးတာပဲတဲ့… ဒါပေမဲ့ ရှာရမဲ့ ဂိတ်က ဘယ်လောက်ထိဝေးသေးလဲ မသိသေးတာကြောင့် ကျွန်မ မစားချင်တော့ဘူး… ပြီးတော့ သူပြောလိုက်တဲ့အချိန်မှာ ကျွန်မက စက်လှေကားပေါ်တောင်ရောက်နေပြီ…

ကျွန်မနဲ့ သူမရဲ့ အကျင့်

ဒီခရီးအကြောင်းပြောမယ်ဆိုရင် တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တချို့မှာ ကျွန်မနဲ့ ကျွန်မသူငယ်ချင်းရဲ့ အကျင့်လေးတွေကို သိထားဖို့လိုမယ်ထင်တယ်… သူမနဲ့ ကျွန်မသိတာ ၂၀၀၂ ရန်ကုန်မှာ YUFL တက်ကတည်းကပါ… အရမ်းခင်တဲ့ သူငယ်ချင်းအုပ်စုပေါ့… ပြောင်ဖော်ပြောင်ဖက် လောင်ဖော်လောင်ဖက်တွေပါ… ဒါပေမဲ့ ခရီးတော့ မနှစ်ကအထိ တစ်ခါမှ မသွားဖူးပါဘူး… ဒီ ဟောင်ကောင်ခရီးမတိုင်ခင် အိမ်ကမိသားစုနဲ့ သူမနဲ့ Tioman resort နဲ့ Genting တော့ သွားဖူးပါတယ်… ဒါပေမဲ့ ကျွန်မအစ်မက အားလုံးစီစဉ်သူဆိုတော့ သူစီစဉ်တဲ့အတိုင်းပဲ လိုက်ကြတာပါ…

ခု ဟောင်ကောင်ခရီးစဉ်ကတော့ သူမနဲ့ ကျွန်မတိုင်တိုင်ပင်ပင် ၂ဦးသဘောတူစီစဉ်ကြတာပါ… ကျွန်မကတော့ ဘယ်နိုင်ငံသွားမယ်ဆိုတာကို စတဲ့သူပေါ့နော်…

သူမအကြောင်းနည်းနည်းပြောရရင် ပထမဆုံးပြောရမှာက သူမက ချောတယ် ချစ်စရာကောင်းတယ် ဗွီဒီယိုထဲမှာလဲ တွေ့မှာပါ (မြှောက်ထားရတယ်… အဟိ)… ပြီးတော့ စိတ်ရှည် သည်းခံတတ်တယ်… သူမက ကိစ္စတစ်ခုကို နည်းလမ်းပေါင်းစုံနဲ့ အရမ်းစဉ်းစားတယ်… သေချာမှလုပ်ချင်တယ်... တစ်ခါတစ်လေသူမ စဉ်းစားတော့မှ ကျွန်မသတိထားမိတာတွေရှိတယ်… ဥပမာ မကာအိုသွားမှာဖြစ်တဲ့အတွက် ဟောင်ကောင် ဗီဇာကို ၂ခါဝင်လို့ရအောင် လျှောက်ရမယ်ဆိုတာမျိုး… ပြီးတော့ သူမက ကြောက်တတ်တယ်… မိန်းကလေး ၂ယောက်တည်းသွားမှာဆိုတော့ ဟိုတယ်ကိုတော့ မြို့လည်ခေါင်က လူစည်ကားတဲ့နေရာမျိုးနဲ့ သန့်တဲ့ဟိုတယ်ပဲနေချင်တယ်… ဒါကြောင့် ဒီဟိုတယ်ကို ရီဗျူးတွေဖတ်ပြီး နေရာကြောင့် ရွေးဖြစ်သွားတယ်… ဒါပေမဲ့ တစ်ခါတစ်ရံမှာ သိပ်အတွေးလွန်ပြီး ဘာကိုမှ မြန်မြန်ဆန်ဆန်မဆုံးဖြတ်နိုင်တဲ့ သူမကြောင့် အချိန်တွေကုန်ပြီး အလုပ်မဖြစ်တာတွေရှိတယ်… တစ်ခုခုကိုလုပ်ပြီးလို့မှားမှာကို သူမကြောက်တယ်… မတော်လို့မှားသွားရင်လဲ ပါးစပ်ကနေ တစ်ဗြစ်တောက်တောက်နဲ့ နောင်တရလို့မဆုံးတော့ဘူး… “ငါတို့အမှန်ဆို ဒီလိုလုပ်လိုက်ရင်ကောင်းမှာ…” အဲလိုမျိုးတွေ ထပ်ကာတစ်လဲလဲပြောတတ်သလို… တစ်ခါတစ်ရံ ကိုယ်ရောက်နေတဲ့ အခြေအနေနဲ့ မဖြစ်နိုင်တဲ့ အဆင်ပြေမှုမျိုးကိုတောင် ဆွဲထည့်စဉ်းစားတတ်သေးတယ်.. “ဒီနေရာမှာ ငါတို့မှာ အသိရှိနေရင် လွယ်ကူမှာ” (အသိရှိနေတယ်ဆိုတဲ့ Scenario က ဖြစ်မှမဖြစ်နိုင်တာလဲ သူလေကုန်ခံထည့်ပြောတယ်)…

ကျွန်မက ဒွိဟပွားနေတာ ဆုံးဖြတ်ဖို့ အချိန်ဆွဲနေတာကို မကြိုက်ဘူး… စိတ်မြန်လက်မြန် ဆုံးဖြတ်တတ်တယ်… အဲလိုလုပ်လို့ တစ်ခါတစ်ရံ ကံဆိုးရင် အကွက်မစေ့တာတွေဖြစ်တတ်တယ်… ထစ်ကနဲရှိ စိတ်တိုတတ်တယ် ဒါပေမဲ့ ခဏနေတော့လဲ မေ့ပြီး ပြန်ပျော်ပျော်နေတယ်… ဘာလို့လဲဆိုတော့ စိတ်တိုနေတဲ့အချိန်ကြာသွားရင် မပျော်ရပဲ နောင်တရမှာစိုးလို့… ဆုံးဖြတ်ပြီးလို့ လွန်သွားရင်လဲ နောင်တမရတော့ဘူး… လူ့ဘ၀တိုတိုလေးမှာ ဆုံးဖြတ်တာမှားလို့ နောင်တရနေရင် ပျော်ပျော်နေရမဲ့အချိန်တစ်ဝက်လျော့တယ်… ဒါပေမဲ့ သူမနဲ့သွားရင်တော့ ကျွန်မချည်းပဲ နေရာတကာဆုံးဖြတ်နေရင်မကောင်းတော့ တိုင်တိုင်ပင်ပင်လုပ်တယ်… သို့သော် သူမက အမြဲဒွိဟပွားနေတတ်တယ်… ကျွန်မက ဆုံးဖြတ်ပေးလိုက်ပြီးမှ မှားသွားပြန်ရင်လဲ သူမရဲ့ နောင်တရ ညဉ်းတွားနေသံက ကျွန်မကို အပြစ်တင်တာမဟုတ်ပင်ပဲ့ ကျွန်မက အပြစ်ရှိသလိုခံစားရတယ်… ဒီတော့ ကျွန်မကလဲ မဆုံးဖြတ်ပေးချင်ဘူး… (စိတ်ထဲတော့ တစ်ခါတစ်ခါ အတော်အသည်းယားတယ်)… စိတ်တိုရင်တော့ ကျွန်မက ရှူးရှူးရှဲရှဲဒေါသထွက်တတ်တယ်… သူမကတော့ အဲဒါကို သည်းခံနိုင်တယ်… ကျွန်မတို့ ၂ယောက်ရဲ့ မတူတဲ့ Type လေးပေါ့…

ဒါပေမဲ့ ကျွန်မတို့ ၂ယောက်လုံးရဲ့တူတဲ့အချက်လေးနဲ့ လိုက်ဖက်တဲ့အချက်လေးကတော့…
၂ယောက်လုံး အစားနှေးတယ်…
တစ်နေရာရောက်လို့ ကိုယ်ကြိုက်တယ် ပျော်တယ်ဆိုရင် နောက်လုပ်ရမှာတွေ သွားရမှာတွေ မေ့ပြီး အဲဒိနေရာမှာပဲ ပျော်ပျော်ကြီးကို အချိန်ဖြုန်းတတ်ကြတယ်…
ရှော့ပင်းလားဟေ့ဆိုရင် ၂ယောက်လုံးခေါင်းထောင်နေတာပဲ…
ဓာတ်ပုံရိုက်ပြီဟေ့ဆိုလဲ ၁နေရာတည်းမှာပဲ ၁၀ပုံလောက် မကြိုက်မချင်း မပြီးနိုင် မစီးနိုင် ရိုက်ကြတယ်…
မနက်နိုးတာနဲ့ ၂ယောက်သား အပြင်ထွက်ဖို့ ပြင်ဆင်တာ ၁နာရီခွဲလောက် အမြဲအချိန်ကြာတယ်…
ညဘက်အိပ်ရင် အခန်းထဲမှာ ၂ယောက်လုံး တီဗွီဖွင့်အိပ်တယ်… (ကျွန်မကတော့ ဇာတ်လမ်းတွေကြည့်ရတာကြိုက်လို့ ကြည့်ရင်းအိပ်ပျော်သွားတာ.. သူမကတော့ ကြောက်လို့)…
ဟောင်ကောင် မင်းသားတွေကြိုက်တယ်… (ဟိဟိ)

အချုပ်ပြောရရင်တော့ သူနဲ့ကျွန်မ ဒီခရီးစဉ်မှာ တစ်ဦးကိုတစ်ဦး စိတ်တိုတာတွေရှိခဲ့ပင်မဲ့ တစ်ဦးကိုတစ်ဦးနားလည်ပေးတယ်… သည်းခံပေးတယ်… တစ်ယောက်လုပ်ချင်တာကို နောက်တစ်ယောက်ကလိုက်လျောပေးတယ်… ဘယ်တော့မှ ပြဿနာမတတ်တဲ့ သူငယ်ချင်းဆိုတာ နှုတ်ဖျား သကာလူးပြီး ဟန်ဆောင်နေရလို့ပဲဖြစ်မယ်… မိသားစုဝင်ချင်းတောင် တစ်ခါတစ်လေ ရန်ဖြစ်တတ်သေးတာပဲ… လူတစ်ယောက်အကြောင်းသိချင် ခရီးတူတူသွားကြည့်ဆိုတဲ့အတိုင်းပဲ ခုခရီးစဉ်လေးက သူမနဲ့ ကျွန်မရဲ့ ကြာရှည်နေတဲ့ ခင်မင်မှုမှာ ကျွန်မ မသိခဲ့တဲ့ သူမရဲ့ အကြောင်းတွေ အကျင့်တွေကို ပိုသိလာပြီး သံယောဇဉ်ပိုခိုင်မာလာတယ်လို့ ယုံကြည်တယ်…
ကဲ ခရီးသွားပိုစ့်ရေးတာ သူငယ်ချင်းအကြောင်း ၀တ္တုတိုဖြစ်တော့မယ်.. လိုရင်းဆက်မယ်…

လေယာဉ်ပေါ်မှာ…

အသွားလေယာဉ်က အတော်ချောင်တယ်… နောက်ပိုင်းတွေဆို လွတ်နေလို့ သူများတွေ သွားအိပ်နေတဲ့သူတွေတောင်ရှိတယ်… ထင်တဲ့အတိုင်းပဲ ထမင်းမကျွေးဘူး … ဒီအခါ မနက်ကတည်းက မစားလာတဲ့ ဗိုက်တွေထဲ Iron Cross တီးဝိုင်းက နေရာယူနေပြီ… လေယာဉ်စီးရင် ဗိုက်ပြည့်မှ မမူးတတ်တဲ့ ကျွန်မလဲ အားမျော့မျော့ပဲရှိတော့တယ်… ဒါနဲ့ ၂ယောက်သား Manu ကိုဖွင့်ပြီး မတန်မယန် လေပေါ်က ထမင်းနဲ့ အမဲသားဟင်း နည်းနည်းလေးကို SGD 10 နဲ့ Evian ရေဗူး အသေးလေးကို SGD 5 နဲ့ ၀ယ်စားသောက်ခဲ့ရလေသတည်း…

ဟောင်ကောင်လေဆိပ်…

လေယာဉ် ၄နာရီစီးအပြီးမှာ ဟောင်ကောင်လေဆိပ်ကိုရောက်တယ်… နေ့လည် ၁၁နာရီ လောက်ရှိပြီ… ဒီတော့ သိပ်မအေးဘူး… စကာင်္ပူထက်တော့ အေးတာပေါ့နော်… လေယာဉ်ခ သက်သာလို့ဝယ်လိုက်ပင်မဲ့ အဲဒါ ဘက်ဂျက်လေယာဉ်မှန်းမသိခဲ့ဘူး… ခုတော့ ဘက်ဂျက်လေယာဉ်ဖြစ်နေတော့ မြန်မာပြည်လိုပဲ ဘတ်စ်ကားကြီးနဲ့ သွားရတယ်… မြန်မာပြည်တောင် ခုဆိုတော်တော်အဆင့်မြင့်သွားပြီ Tunnel နဲ့… (၀မ်းသာစရာ)… ဟောင်ကောင် အင်မီဂရေးရှင်းကတော့ ရောက်ခဲ့ဖူးသမျှနိုင်ငံတွေထဲမှာ မြန်မာပတ်စပိုစ့်ကို သဘောထားအကြီးဆုံး နေရာပဲ… ဘာမှ အခက်အခဲမရှိဘူး… တစ်ခြားနိုင်ငံသားတွေနဲ့ တန်းတူပဲ… ဘေးက ဥရောပကလာတဲ့ ကောင်တောင် ဘာတွေရစ်ခံနေရလဲမသိဘူး… ကိုယ်ကတော့ PASS…. ဟဲဟဲ… အောဖစ်ဆာကြီး အာဝါး………

လေဆိပ်ကကြီးတယ် လမ်းညွှန်ဆိုင်းဘုတ်တွေရှိပင်မဲ့ စကာင်္ပူလောက် များများမထားတော့ တစ်ခါတစ်လေတော့ ဘယ်သွားရမှန်းမသိဖြစ်တတ်တယ်… အင်မီဂရေးရှင်း ကာစတန်ဖြတ်ပြီး ဘယ်အပေါက်ကထွက်ရင် ဘတ်စ်ကားဂိတ်နဲ့ နီးမှန်းမသိဘူး… နည်းနည်းမေးမြန်းပြီး နောက်မှ မျှားတွေ့လို့ထွက်လိုက်တာနဲ့ပဲ အဲဒိမှာ ဘတ်စ်ကားစီးဖို့ကဒ်ရောင်းတဲ့ ကောင်တာတွေ့တယ်… စကာင်္ပူမှာ ezlink card… ဟောင်ကောင်မှာ Octopus card လို့ခေါ်တယ်… အော်တိုပတ်စ် ကဒ်က ရထားဘတ်စ်ကား အားလုံးနီးပါးစီးလို့ရသလို 7-11 တို့လို ဆိုင်မျိုးတွေနဲ့ Vending machine တွေမှာလဲ အဲဒိကဒ်နဲ့ဝယ်လို့ရတယ်… စစ၀ယ်ချင် ဟောင်ကောင်ဒေါ်လာ ၁၅၀ ပေးရတယ်… ၅၀က စရန်… ၁၀၀က အထဲကတန်ဖိုး…

အွန်လိုင်းမှာရှာပုံအရ လေဆိပ်ကနေ ရထားစီးရင် Express mtr စီးရတဲ့အတွက် ဈေးကြီးတယ်တဲ့ ဒီတော့ ဘတ်စ်ကားစီးဖို့ထွက်လာလိုက်တယ်… ပိုက်ဆံသက်သာတာ မသက်သာတာထက် ငါတို့ ဒါလေးလုပ်တတ်ပါလားဆိုတဲ့ ခံစားချက်က စိတ်လှုပ်ရှားစေတာ… ဘတ်စ်ကားစီးရင်းရှုခင်းတွေလဲ ကြည့်လို့ရမယ်လေ…

ဟိုတယ်သို့

လေဆိပ်ကနေ ကျွန်မတို့ဟိုတယ်ကို A21 ဘတ်စ်စီးရမယ်တဲ့… ဟိုတယ်ကို ဖုန်းဆက်ပြီးမေးထားတာ… မိနစ် ၅၀လောက်ကြာမယ်တဲ့… ၂ထပ်ကားမို့ အပေါ်ကတက်စီးချင်ပင်မဲ့ ပါလာတဲ့ Luggage တွေ တင်မသယ်နိုင်တာနဲ့ အပေါ်မတက်တော့ဘူး… အဲဒိတော့မှ သူများတွေ Back pack နဲ့သွားတာကို သဘောပေါက်တယ်… လွယ်လွယ်ကူကူသယ်လို့ရတယ်… (နောက်မှ Back pack ကောင်းကောင်းတစ်ခုဝယ်အုံးမယ်.. Luggage ကြီးကို အမြန်မလိုက်တာ ကျွန်မလက်ခလယ် လက်သည်းရှည်ကြီး ဟိုးအတွင်းဆုံးက ကျိုးသွားလို့ သွေးတောင်ထွက်တယ်… နာလိုက်တာ လွန်ရော)… လေဆိပ်ကထွက်တဲ့ ဘတ်စ်ကားမို့ ဘတ်စ်ကားထဲမှာ အိတ်တွေတင်ဖို့ စင်လေးတွေ အောက်ထပ်မှာလုပ်ပေးထားတယ်… အိတ်စိတ်မချလို့ကိုယ်လဲ အောက်မှာပဲထိုင်လိုက်တယ်…

လေဆိပ်က Lantau Island ဘက်မှာရှိတာ ကျွန်မတို့သွားမှာက Kowloon ဘက်… Lantau Island ဘက်ကတော့ ပင်လယ်ပြာပြာရယ်တောင်တန်းတွေရယ်နဲ့ Kowloon ဘက်ဆိုင်ရင် မြို့ပြနည်းတဲ့ ရှုခင်းတွေတွေ့ရတယ်… ပင်လယ်နဲ့ တောင်ကပါးကြားတွေမှာ တိုက်ခန်းတွေဆောက်ထားတာကလဲ ဟောင်ကောင်ရောက်နေတဲ့ အမြင်တစ်မျိုးပဲ.. တံတားကြီးဖြတ်တော့လဲ လှတယ်… (ဒါတောင် ၂ယောက်သား အိပ်ရေးပျက် ပင်ပန်းပြီး ကားပေါ်မှာ ငိုက်နေသေးတယ်)

နောက်မှ သူနဲ့ကိုယ် ဗျာများရတာက… အမှန်တော့ ဘယ်ဂိတ်ဆင်းရမှန်းမသိဘူး… မြေပုံမှာတော့ ဟိုတယ်ရှိတဲ့ လမ်းထိပ်နားပဲ သိတာ… အပြင်မှာ ဘတ်စ်ကားဂိတ်ကနေ ဟိုတယ်ကို မြင်ရချင်မှ မြင်ရမှာပေါ့… လေဆိပ်က ကိုယ်နဲ့ တူတူတက်လာတဲ့ အာမောတွေ(အဖြူကောင်တွေကို စလုံးစတိုင်နဲ့ခေါ်သည်) တောင်ဆင်းကုန်ကြပြီ… ဒီတော့မှ ၂ယောက်သား မြေပုံကြီး ဘတ်စ်ကားပေါ်ဖြန့် ဟိုကြည့်ဒီကြည့်တော့ ကျွန်မတို့ရောက်နေတာ Nathan Road ပေါ်မှာ ဆင်းရမဲ့မှတ်တိုင်ကလဲ အဲဒိလမ်းပေါ်မှာပဲ ဒါပေမဲ့ လမ်းက အရှည်ကြီး ဘယ်ဆင်းရမှန်းမသိဘူး… နောက်ဆုံးတော့ မမေးချင်ပင်မဲ့ ကားမောင်းတဲ့သူပဲသွားမေးရတာပေါ့… အင်္ဂလိပ်လိုတော့ အဲလူက သိပ်မတတ်ဘူး… ကိုယ်လဲ မြေပုံကြီးထိုးပြ တတ်သမျှ တရုတ်စကားနဲ့ပြောတော့ မရောက်သေးဘူးတဲ့… တော်သေးတယ် Mandarin တော့ နားလည်ကြပါတယ်… Cantonese လိုပဲနားလည်တယ်ဆို သွားပြီ….

နောက် ၃ဂိတ်လောက်နေတော့ သူကရောက်ပြီတဲ့… ဒီတော့ ၂ယောက်သားဆင်းလိုက်ရော… ဆင်းသာဆင်းလိုက်တယ် ၂ယောက်သား သောင်ပြင်လွှတ်တဲ့ နတ်သမီးလေး ၂ပါးလိုပဲ…. ဟတ်ဟတ်… ဘယ်ဘက်သွားရမှန်းမသိဘူး… မြေပုံကြည့်တာလဲ မသိဘူး… နောက်တော့ ထင်ရာဘက်ကို လျှောက်လိုက်တယ်… ပြီးမှ မြေပုံထပ်ကြည့်တယ်… မသိတော့လဲ မေးတယ်ပေါ့ရှင်… ဒီလိုနဲ့ ဟောတယ်ရှိတဲ့ Kimberley Road ကိုရောက်သွားပြီး ဟိုတယ်ကို ၁၂နာရီခွဲလောက်မှာ ရောက်သွားတယ်…

ဟော်တယ်ချက်အင် နဲ့ နေ့လည်စာ


လူတွေက ဟော်တယ်ထဲမှာ အများကြီးပဲ… ဟော်တယ်ကို ချက်အင်ဝင်တော့ မထင်မှတ်ထားတဲ့ အပိုကုန်စရာတွေရှိလာတယ်… အဲဒါတွေက ၁၀ ရာခိုင်နှုန်းဝန်ဆောင်ခနဲ့ HKD1000 deposit ပေးရမယ်တဲ့… ပြန်တဲ့နေ့မှ ပြန်ထုတ်ပေးမယ်တဲ့… ကျွန်မတို့က ရှော့ပင်းထွက်ဖို့ယူလာတဲ့ပိုက်ဆံတွေ ပဲ့ပါကုန်တာပေါ့… မိန်းမများထုံးစံအတိုင်း မလောက်မှာစိုးတာပေါ့… ပထမတော့ ပေးလိုက်ပြီး ချက်အင်ဝင်လိုက်တယ်… အောင့်သက်သက်ပေါ့…
အခန်းက ၂နာရီမှ ရမယ်ဆိုတော့ နေ့လည်စာကို ဟိုတယ်ရှေ့က ဆိုင်လေးမှာ သွားစားကြတယ်.. အမဲသားအာလူး ငရုပ်သီးပွအိုးပူဟင်း… မွှေးပြီးစားကောင်းတယ် အမဲသားကလဲ နူးအိနေတာပဲ… ဟင်းချည်းပဲက HKD 72… အားလုံးပေါင်းတော့ နေ့လည်စာထမင်းစားတာ HKD96 ကျတယ်… ၂ယောက်စားတာ ဟင်း၁မျိုးထဲနဲ့ ဆိုင်ကလဲ သာမာန်ဆိုင်လေးကို စကာင်္ပူဒေါ်လာ ၁၆ လောက်ကျတယ်… ဒါဆိုရင် ဟောင်ကောင်ကစားသောက်ဆိုင်တွေ စကာင်္ပူထက် နည်းနည်း ဈေးကြီးတယ်လို့ပြောလို့ရတာပေါ့နော်…


အခန်းရပြီးတော့မှ ၂ယောက်သား နည်းနည်းပါးပါး ပြင်ဆင်ပြီး နေ့လည် ၂နာရီကျော်နေပြီဆိုတော့ ပထမဆုံး The Peak ကိုသွားမယ်လို့ဆုံးဖြတ်လိုက်တယ်…

The Peak သို့

ကျွန်မတို့ ဟိုတယ်က Tsim Sha Tsui MTR နဲ့နီးတယ်… အဲဒိကနေ The Central ကိုစီးရမယ်… ရထားလိုင်းတွေကများတော့ ယောင်ဝါးဝါးပဲ… ပါးစပ်ပါရွာရောက်… မေးလိုက်တော့ ရသွားတယ်… သွားရမှာက Hong Kong station ထင်တာပဲ ဒါပေမဲ့ ရထားပြောင်းရမယ်ထင်လို့ ပထမ The Central ကိုပဲမေးလိုက်တာ…

The Central ရောက်တော့ ရထားဘယ်လိုပြောင်းရမှန်းမသိဘူး… ဒါနဲ့ Hong Kong station ဆိုပြီးထိုးထားတဲ့ မျှားအတိုင်းလျှောက်လိုက်တာ Hong Kong Station ကို ရထားပြောင်းစရာမလိုပဲ ရောက်သွားရော… ဒါပေမဲ့ The Peak ဘယ်လိုသွားရလဲ မေးတော့… Central station Exit J ကထွက်ရမယ်ဖြစ်ပြန်ရော… ဒီတော့ လာလမ်းအတိုင်း ပြန်မြန်းရတာ ချေတွေကိုညောင်းရော…

The Peak Tram



ဘူဒါကနေ အဲဒိကို ၁၅ မိနစ်လောက်လမ်းထပ်လျှောက်ရတယ်… အဲဒိရောက်တော့ လူတွေအများကြီးပဲ… ဒီဘက်က Package လိုက်ရောင်းတဲ့ရုံကတော့ ချောင်တယ်… ဖယောင်းရုပ်ထု ပြတိုက်ရယ်၊ The Peak ပေါ်ရယ်၊ တောင်တက်တဲ့ Tram အသွားအပြန်ရယ်ကို HKD220 နဲ့ရပါတယ်… တစ်ခုချင်းစီဝယ်မယ်ဆိုရင် HKD240 လောက်ရှိပါတယ်တဲ့… အဲဒိ ၃ခုပေါင်းလက်မှတ်ကို ၀ယ်ပြီး ရထားစီးဖို့လူအုပ်နောက်ကိုရောက်သွားပါတယ်… တန်းစီနေတာလား တိုးတက်ရမှာလား သေချာမသိရပါဘူး… စီနေတဲ့ တန်းလဲ သေသေချာချာမရှိသလိုပါပဲ… ဒီတော့ ရှေ့က တရုတ်အုပ်စုတိုးတဲ့နောက်ကို ကိုယ်ကအသာလေးလိုက်သွားပါတယ်… လူအုပ်ကို ၃ပုံ ၂ပုံလောက်ကျော်လာပြီးမှ ကျွန်မနည်းနည်းသတိထားမိတာက သူတို့တန်းစီနေကြတာလဲဖြစ်နိုင်ပါတယ်… တခြားနိုင်ငံခြားသားတွေလဲ အများကြီးပါပဲ… သိလိုက်တဲ့အချိန်မှာ သူငယ်ချင်းကို ရှေ့ဆက်မတိုးဖို့နဲ့ ဒီမှာပဲရပ်ပြီးတန်းစီဖို့ပြောဖြစ်သွားပါတယ်… တရုတ်အုပ်ကတော့ ဆက်ပြီး ကျော်တက်သွားပါတယ်…

ဒီလိုနဲ့ ဒုတိယမြောက်အစီးမှာ ကျွန်မတို့ပါသွားပါတယ်… ပြည်ကြီးတရုတ်တွေကတော့ ဘယ်လူမျိုးနဲ့ယှဉ်ယှဉ် သူတို့ အလုအယက်ပါပဲ… တိုးတာ တိုက်တာ အားမနာရှာမကျိုးလုပ်ရတာကို သူတို့မှာ အပြစ်ရှိတယ်လို့တောင် ယူဆပုံမရပါဘူး…
ကြိုးရထားက ၄၅ဒီဂရီမတ်တဲ့အထိ ဆွဲပြီး တောင်ပေါ်တက်တာပါ… စိတ်လှုပ်ရှားစရာတော့ကောင်းပါတယ်… တစ်ခါတစ်လေ အောက်က ဟောင်ကောင်မြို့ကို စောင်းမြင်ရပါတယ်…

ဖယောင်းရုပ်ထု ပြတိုက် (madame-tussauds)

ပထမပြခန်းထဲမှာတော့ ဟောင်ကောင် သရုပ်ဆောင်တွေ ထိုင်ဝမ်သရုပ်ဆောင်တွေနဲ့ ဟောလိဝုဒ်သရုပ်ဆောင် အနည်းငယ်ရှိပါတယ်… ဂျက်ကီချမ်းရုပ်ထုနဲ့ ရိုက်ချင်ရင်တော့ အ၀င်ဝမှာသူတို့ ကင်မရာနဲ့ရိုက်ပေးပြီး ကြိုက်ရင်ရွေးရပါတယ်… ဒီတော့ မယူခဲ့ပါဘူး… လူတွေက အထဲမှာများတော့ ဓာတ်ပုံရိုက်ဖို့ စိတ်အနှောင့်အယှက်နည်းနည်းဖြစ်ရပါတယ်… ပြီးတော့ အခန်းတွင်းမှာ နည်းနည်းမှောင်ပြီး ကိုယ်ကလည်း flash ထည့်မရိုက်ချင်တော့ အခက်နည်းနည်းတွေ့ပါတယ်… ဒီကြားထဲမှာ လူမှုရေးနားမလည်တဲ့ ပြည်ကြီးသူ ပြည်ကြီးသားများက တန်းစီရကောင်းမှန်းမသိ… သူများရိုက်နေရင် ဖြတ်မလျှောက်ပဲ နောက်ကပတ်သွားဖို့ နားလည်မှုမရှိ… ကိုယ်ရိုက်ဖို့ တစ်ဖက်မှာအိုက်တင်လုပ်နေလဲ ဟိုဘက် တစ်ဖက်ကနေ အတင်းဝင်တိုးရပ်ပြီးရိုက်လို့ ကိုယ်က အလျော့ပေးလိုက်ရတာမျိုးနဲ့ အချိန်တွေလဲ မကုန်သင့်ပဲကုန်ခဲ့ပါတယ်…

ကိုယ်ရိုက်နေတာကို ကလေးက ဖြတ်လျှောက်လို့ လူကြီးကပြောမလားလို့ကြည့်လဲ အဲဒိလူကြီးကပါ ဖြတ်လျှောက်ပြီး ကိုယ့်ကိုတောင်ပိတ်စကားရပ်ပြောနေလိုက်သေးပါတယ်… အဲဒိအချိန်မှာ ကျွန်မစဉ်းစားမိတာကတော့ လူမျိုးဂုဏ်စောင့်ဖို့ တစ်ဦးချင်းစီမှာတာဝန်ရှိတယ်ဆိုတာပါပဲ… သူတို့ ပြည်ကြီးတွေက ငါဒါလုပ်လိုက်လို့ဘာမှမဖြစ်ပါဘူးဆိုပင်မဲ့… ခုလို နိုင်ငံပေါင်းစုံ လူမျိုးပေါင်းစုံရှိတဲ့ နေရာမှာ တခြားလူမျိုးတွေအားလုံး ၀ိုင်းပြီး နှာခေါင်းရှုံ့ချင်ပါတယ်… ဟောင်ကောင်နိုင်ငံသားတွေကိုယ်တိုင်တောင် ပြည်ကြီးတရုတ်တွေကို မကြိုက်လို့ ဆန္ဒပြနေတာ လေဆိပ်ကအလာ ဘတ်စ်ကားပေါ်ကနေ လှမ်းတွေ့လိုက်ပါသေးတယ်… (ဒါနဲ့ ဒီသီတင်းလေးကို စိတ်ဝင်စားရင်ဖတ်ကြည့်လို့ရပါတယ်… ကျွန်မအပို လုပ်ကြံရေးတာမဟုတ်ကြောင်း သက်သေပါ… http://www.asiaone.com/News/AsiaOne%2BNews/Asia/Story/A1Story20120126-324108.html) ဒါတောင် ကိုယ်လဲ သူတို့အလစ်ထိကို စောင့်ပြီး ရအောင်ရိုက်ခဲ့ပါသေးတယ်….

ဒုတိယဟောခန်းမှာတော့ ဂျက်လီတို့ ဒိုင်ယာနာတို့အပြင် နိုင်ငံခေါင်းဆောင်အများအပြားနဲ့ ရှေးခေတ်နာမည်ကြီးပုဂ္ဂိုလ်တွေပုံရှိပါတယ်… အဲဒိအချိန်မှာတော့ မောကလဲမောနေ ကင်မရာကလဲအားကုန်ချင်ဖြစ်နေတာနဲ့ လျော့ရိုက်လာပါတယ်…
တတိယအခန်းမှာတော့ အားကစားသမားများ ဒေဗစ်ဘက်ဟမ်းတို့ တိုက်ဂါးဝုတို့ လေဒီဂါးဂါး မက်ဒေါနားနဲ့ တခြားအဆိုတော်တွေရှိပါတယ်… အဲဗစ်ပစ်စလီ မိုက်ကယ်ဂျက်ဆင် တော်တော်လေးတော့ များပါတယ်… ပြီးတော့ သူတို့ဟောင်ကောင်နာမည်ကြီးမင်းသမီး အဆိုတော်တွေလဲရှိပါတယ်…

များလွန်းလို့ အကုန်မရိုက်တော့ပဲ ကိုယ်သဘောကျတဲ့သူလောက်နဲ့ အိုက်တင်လုပ်လို့ကောင်းမဲ့လူပဲရိုက်ပါတယ်… အချိန်ကလဲ ပထမဟောမှာတင် အတော်ကုန်သွားတော့ နောက်ပိုင်း အမြန်ပါပဲ… ကိုယ်က The peak ပေါ်လဲ မတက်ရသေးဘူးလေ…
ဖယောင်းပြတိုက်ကို အရင်ဝင်တာကတော့ ကျွန်မသူငယ်ချင်းရဲ့ သူငယ်ချင်းက The Peak က ညဘက်ပိုလှတယ်လို့ပြောလို့ပါ… မီးတွေထွန်းတော့ ကြည့်လို့ပိုကောင်းတယ်တဲ့…

(ဗွီဒီယိုထဲမှာ မပါတဲ့ပုံတွေပဲ အသားပေးတင်ပါတော့မယ်... အိုဘားမားပုံတော့ ကြိုက်လို့ ဒီမှာလဲ ထပ်တင်လိုက်တယ်)



ဟောင်ကောင်ဆို ဘရုဆလီ မပါမဖြစ်

red carpet မှာ သူငယ်ချင်း Nicole နဲ့ အတူ

ဘေယောင်ဂျင်းကြီးတော့... ရှားရှားပါးပါး အဲဒိမှာ ၁ယောက်တည်းသော ကိုရီးယားမင်းသား

ကျွန်မကျွေးမွေးခဲ့လို့ပေါ့... :P

သိပ်တော့သဘောမကျသေးဘူး.. ထပ်ပြင်စေချင်တယ်...

အား... ထင်သလိုမဟုတ်ဘူး.. ဟီးဟီး (နောက်တာနော်)

ငါနဲ့သာတွေ့လိုက်ရင် ခုလို သေဖြစ်မှာ မဟုတ်ဘူး... သူ့အတွက် ယောကျာင်္းရှာပေးလိုက်မှာ...

နင်လားဟဲ့ ဂျက်လီ

ခုလို တခဲနက် အားပေးတဲ့ ပရိတ်သတ်ကြီးကို လေးစားပါတယ်

ကိုယ့်ကိုကိုယ် ကာကွယ်ဖို့

သူနဲ့သာဆိုရင်
Go get a couple of copy to pay tax at Embassy and to go back my country


The Peak

ည ၇နာရီလောက်ကျတော့မှ The Peak အပေါ်ကို တက်ခဲ့ပါတယ်… ရာသီဥတုက အရမ်းအရမ်းကို အေးပါတယ်… မြန်မာပီပီ ညှက်ဖိနပ်စီးလာတဲ့ ကျွန်မတို့ ၂ယောက်အတွက် ခြေထောက်လေးတွေက ထားရက်စရာတောင် မရှိပါဘူး… လက်တွေအေးလွန်းလို့…. ကျွန်မယူလာတဲ့ လက်အိပ်တစ်စုံကို သူငယ်ချင်း ၂ယောက် တစ်ယောက်တစ်ဖက် မျှဝတ်ထားရပါတယ်… အပူပိုင်းက လာတဲ့ ၂ယောက်မို့ ပိုမခံနိုင်ဘူးထင်ပါ့…. အပေါ်ကနေ ရသလောက် ကျွန်မ Panorama shoot ရိုက်လာပါသေးတယ်… ကြည့်လိုက်နော်…




ပြီးတော့ The peak signboard နဲ့ ဓာတ်ပုံရိုက်မလို့ သေချာ Stand လဲထောင်ထားတယ်… self timer ပေးပြီး သူငယ်ချင်း ၂ယောက်ရိုက်မယ်အလုပ်မှာ Timer ပြည့်ခါနီး ၂စက္ကန့်လောက်မှာမှ အဲဒိပြည်ကြီးကလေးတစ်ယောက်(သိပ်လဲမငယ်ပါဘူး) က ပြေးဝင်လာပြီးနောက်မှာလာရှုပ်ပါတယ်… ဘာပြောရမှန်းတောင်မသိဖြစ်ရပါတယ်… လူကြီးတွေလဲ အဲနားမှာရှိပါတယ်… ဘာမှမပြောပါဘူး.. မလုပ်သင့်မှန်းတောင် သိပုံမရပါဘူး… အဲဒိပုံကို မှတ်မှတ်ရရမို့ ဖြတ်တောင် မဖြတ်ခဲ့ပါဘူး…



The Peak ကအပြန်မှာ ဗိုက်ဆာနေလို့ အဲဒိက စားသောက်ဆိုင်မှာပဲ ညစာဝင်စားခဲ့ပါတယ်… လူကပင်ပန်းနေတော့ အီတာတွေမစားချင်တာနဲ့ ၂ယောက်သား အမဲသားခေါက်ဆွဲပြုတ်ပဲ သောက်ဖြစ်ပါတယ်… ကံဆိုးစွာပဲ စားမကောင်းပါဘူး…





အရင်က ဟောင်ကောင်ကို အာရှမှာ ၀န်ဆောင်မှုအကောင်းဆုံးနိုင်ငံလို့ နာမည်ကြီးခဲ့တာကို ကျွန်မတို့ အတွေ့အကြုံအရ သိပ်လက်မခံချင်ဖြစ်မိပါတယ်… စားသောက်ဆိုင်တွေမှာ မှာရင် အော်ဒါယူချင်သလို မယူချင်သလို… မုန့်လာချပြီး ဇွန်းမပေးပဲ နောက်မှ လာပြစ်ပေးတာမျိုးတွေကြုံခဲ့ရပါတယ်… ဒါက ကျွန်မတို့ အတွေ့အကြုံအရပြောခြင်းသားဖြစ်ပါတယ်… ကိုယ်ပဲ ကံဆိုးခဲ့လားတော့ မသေချာပါဘူး…
ဒီလိုနဲ့ပဲ ကျွန်မတို့ ၂ယောက် ဟိုတယ်ကိုပြန်ခဲ့ကြပါတယ်… ဟိုတယ်မှာရေသန့်ဈေးက အပြင်ကထက် ၅ဆလောက်ဈေးကြီးလို့ အပြန်မှာ ရေဗူးဝင်ဝယ်ပြီး အခန်းထဲရောက်တော့ ၂ယောက်သား သန့်စင်ပြီး အိပ်လိုက်ကြတာ ခလောကနဲ…


Monday, January 30, 2012

အဆင်ပြေလား phobia

Know when/who/which situation to ask

“အဆင်ပြေလား?” “အဆင်ပြေရဲ့လား?” “အဆင်ပြေပြီလား?” စတဲ့ မေးခွန်းမျိုးတွေကို သင်တို့ဘယ်လို အခြေအနေမျိုးမှာ မေးလေ့ရှိပါသလဲ? သာမာန်အားဖြင့်တော့ ဒီစကားတွေဟာ ကောင်းတဲ့ရည်ရွယ်ချက် တစ်ဦးကိုတစ်ဦး ဂရုစိုက်တဲ့ အနေနဲ့ မေးလေ့ရှိတဲ့စကားတွေပါ… သို့သော် ဒီမေးခွန်းလေးတွေကို သုံးတဲ့အခါမှာ ဘယ်သူ့အတွက်သုံးတာလဲ ဘယ်လိုအခြေအနေမျိုးမှာသုံးတာလဲ အဲဒိလိုမေးတိုင်း လူတစ်ယောက်ကို ဂရုစိုက်ရာကျသလား ဆိုတာကို ကျွန်မတွေ့ကြုံခံစားဖူးတာလေးနဲ့ ယှဉ်ပြီး ပြောပြချင်ပါတယ်…
ဒါဆို ကျွန်မဒီစကားလေးတွေကို ဘယ်လိုအချိန်မှာသုံးလဲ… ဘယ်သူ့ကိုသုံးလဲ ဆိုတာလေးကို ပြောပြဖို့လိုလာပါပြီ… ဘာလို့လဲဆိုတော့ ခုတစ်လော ကျွန်မအယူအဆများမှားနေပြီး သူတစ်ပါးကို အထင်လွဲမိနေ သလားဆိုတဲ့ ဒွိဟပွားစရာကိစ္စတွေအတွက် မိမိကိုယ်ကို သုံးသပ်ချက်တစ်ခုချမလို့ပါ…

ကျွန်မအတွက်တော့ “အဆင်ပြေလား” “အဆင်ပြေရဲ့လား?” ဆိုတဲ့ မေးခွန်းမျိုးကို ကျွန်မနဲ့ ရင်းနှီးတဲ့ ကျွန်မဂရုစိုက်တဲ့ ကျွန်မပတ်ဝန်းကျင်က လူတွေထဲမှာ လုပ်ဆောင်စရာကိစ္စတစ်ခုခုရှိတယ်ဆိုတာ သိရင် အဲဒိကိစ္စ အဆင်ပြေလား ချောချောချူချူမှပြီးရဲ့လားဆိုတဲ့ စိုးရိမ်စိတ် ဂရုစိုက်စိတ်နဲ့ မေးတဲ့အခါမှာသုံးပါတယ်… တကယ်လို့သူတို့မှာ ဘာမှ ထွေထွေထူးထူး လုပ်ဆောင်စရာကိစ္စမရှိဘူးဆိုရင် ဒီမေးခွန်းက မေးစရာမလိုဘူးလို့သတ်မှတ်ပါတယ်…
နောက်ထပ် ဒီမေးခွန်းလေးတွေကို အသုံးပြုဖို့လိုအပ်မယ်လို့ထင်တဲ့ အခြေအနေလေးတွေကတော့ ကျွန်မပတ်ဝန်းကျင်က တစ်စုံတစ်ယောက်ရဲ့ အပြုအမူတွေ ပုံမှန်မဟုတ်ပဲ ထူးခြားနေမယ်… စိတ်ဓာတ်ကျတဲ့ပုံပေါက်နေမယ် စတဲ့ အချိန်တွေမှာ ဒီလိုမေးခွန်းမျိုးမေးဖို့လိုအပ်မယ်ဆိုတာကို ကျွန်မလက်ခံပါတယ်…

မည်သို့ပင်ဆိုစေ “အဆင်ပြေလား?” “အဆင်ပြေရဲ့လား?” ဆိုသည့် မေးခွန်းဟာ အဆင်မပြေခြင်း ခက်ခဲသောကိစ္စရှိနေနိုင်ခြင်း အတွက် အဆင်မှပြေရဲ့လားဟု မေးသည့်မေးခွန်းလို့ ကျွန်မကောက်ချက်ချမည်ဆိုလျှင် ကျွန်မကို ကပ်သတ်တွေးသောသူဟု ဆိုနိုင်မည်လော… အမြဲတစေ အခက်တွေ့နေသောသူဟု ယူဆ၍လူတွေ့တိုင်း ကိစ္စထွေထွေထူးထူးမရှိပဲ အဆင်ပြေရဲ့လား ဟုမေးခြင်းလို့ရော မှတ်ယူလို့ရမည်လား...

ဒီမေးခွန်းမေးခံရခြင်းအပေါ် ကျွန်မအတွက် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ Scenario လေး ၂ခုကို ပြောပြပါမယ်… ပထမ တစ်ခုကတော့ အလုပ်က ကိုယ်နဲ့ ခင်တဲ့ မြန်မာအစ်ကိုကြီးတစ်ယောက်ရှင်းပေးလိုက်လို့ ကိုယ့်အယူအဆ မှားတာမဟုတ်လောက်ဖူးလို့ ကျွန်မယုံကြည်တယ်…

အဆင်ပြေလား ပြဿနာ (၁)

ပြောပြရရင်ဖြင့်… ကျွန်မရဲ့ အရင်အလုပ်မှာ လုပ်သက် ၃နှစ်နီးပါးရလောက်တဲ့အချိန်တုန်းကပေါ့… အလုပ်ကို မြန်မာအစ်မကြီးတစ်ယောက် အသစ်ဝင်ပါတယ်… ဖြစ်ချင်တော့ သူက ကျွန်မလုပ်ရတဲ့ စက်ကို ကိုင်ဖို့တာဝန်ကျပါတယ်… သို့သော် သူနဲ့ ကျွန်မက Shift မတူတဲ့အတွက် သူနေ့ဆို ကျွန်မက ည… သူညဆို ကျွန်မက နေ့ပါ… တစ်ဦးနဲ့တစ်ဦး အလုပ်ချိန်အပြောင်းမှာ စက်နဲ့ပတ်သတ်တဲ့ အလုပ်နဲ့ပတ်သတ်တဲ့အရာတွေကို Passdown လုပ်ရပါတယ်…

သူ့ကို အသစ်ဖြစ်တာရော သိပ်အသားမကျသေးတာရောကြောင့် အထက်အရာရှိကိုယ်တိုင်က ကျွန်မနဲ့တကွ တစ်ခြားအဟောင်းတွေကို သင်ပြပေးဖို့ပြောထားပါတယ်… သို့သော် သူမမှာ အကျင့်တစ်ခုရှိတာက ကိစ္စတစ်ခုကို မသိလို့ ကျွန်မကိုလာမေးတယ်… ပြီးရင် အဲဒိမေးခွန်းကိုပဲ နောက်တစ်ယောက်ကိုသွားမေးတယ်… လူဆိုတာ ကိစ္စတစ်ခုတည်းကိုပဲ လုပ်ဆောင်ပုံခြင်းကွဲပြားပါတယ်… ဒီအခါ အဖြေ ၂ခုမတူရင် ဟိုကဒီလိုပြောတယ် ဒီကဒီလိုပြောတယ်နဲ့ ပြောပြသင်ပြရတဲ့သူ စိတ်အနှောင့်အယှက်ဖြစ်ပါတယ်… အမှန်တော့ “ဆရာများ သားသေ” ဖြစ်နေတာပါ… မေးပြီး ကိုယ်နဲ့ အကိုက်ညီဆုံး နည်းလမ်းကိုသုံးဖို့က အဓိကပါ… လုပ်ငန်းခွင်မှာ မည်သူမှ ဇွန်း ခွံ့ (Spoon feed) မကျွေးပါဘူး… ဒါကိုပဲ ကျွန်မထက် အသက်ကြီးတဲ့ ထိုအစ်မကြီးမသိလေရော့သလား…

ကျွန်မမှာအကျင့်တစ်ခုရှိတာက သူများကို ဆရာသွားလုပ်ရမှာနဲ့ ဆရာလုပ်သလိုဖြစ်သွားမှာကိုစိုးရိမ်တာပါ… အရာရှိက သူ့ကိုဆရာလုပ်ဖို့ အမိန့်ပေးထားပင်မဲ့ ကျွန်မက အားနာပါတယ်… ကိုယ်အသစ်ဝင်စတုန်းကလဲ အဟောင်းတွေက သူတို့လုပ်တာမှ အမှန်ဆိုပြီး လာဆရာလုပ်ခဲ့တုန်းကလဲ ခေါင်းအတော်စားခဲ့ရပါတယ်… အလုပ်ကလဲ ကျွန်မအမြင်တော့ ဘာမှ ခက်ခဲနေတဲ့ အရာလဲမဟုတ်ပါဘူး… ဒီတော့ သူအဆင်မပြေရင်လာမေးပါစေ… သူသိချင်လို့မေးမှပဲ ကျွန်မပြောပြလေ့ရှိပါတယ်… နောက်တစ်ချက်ကတော့ ကျွန်မကသူနဲ့ အသင်းမတူတော့ အ၀င်အထွက်ပဲတွေ့တာပါ… သူမနဲ့ အသင်းတူတဲ့ မြန်မာတွေလဲ အများကြီးမေးစရာရှိပါတယ်…

ဒါပေမဲ့ အဲလိုအဟောင်းဖြစ်ပင်မဲ့ အစွယ်မပြတဲ့ကျွန်မကို သူမစိတ်ထဲမှာ ဘယ်လိုသဘောထားလဲတော့ကျွန်မ မသိပါ… သူမ အထင်မှာ ကျွန်မက သူ့ထက်အရင် ၁ပတ်လောက်မှ ဒီအလုပ်ကိုရောက်တဲ့သူများမှတ်နေလားမသိပါဘူး… လူကိုတွေ့ရင် “အဆင်ပြေလား ညီမ” ဆိုပြီးမေးပါတယ်… ပထမတစ်ခေါက်မေး… ကျွန်မ ဘယ်လိုမှ သဘောမထားပါဘူး… “ပြေတယ် အစ်မ” လို့ပဲ ပြုံးပြီးပြန်ဖြေပါတယ်… နောက်တစ်ခေါက်တွေ့လဲ “အဆင်ပြေရဲ့လား ညီမ” ထပ်မေးပါတယ်… ဒီအခါလဲ “အော် သူနှုတ်ဆက်ချင်တာ ပြောစရာမရှိလို့ ရှာကျန်မေးတာပါလေ”ဆိုပြီး “ပြေတယ် အစ်မ” လို့ပဲ ဖြေပါတယ်…
ဒါပေမဲ့ သူ့ရဲ့ အပြုအမူကိုမူတည်ပြီး ကျွန်မခံစားရတာက တဖြည်းဖြည်းနဲ့ သူက Senior ကျွန်မက Junior ဆိုတဲ့ပုံစံမျိုးလာပြုမူနေသလိုခံစားရပါတယ်… အထူးသဖြင့် သူမသည် အသစ်ဝင်လာသူဖြစ်ရုံမက လုပ်ငန်းခွင်ဖြင့် အချိန်အတော်ကြာသည်အထိ အံဝင်ခွင်ကျမရှိသေးသည့် သူက ကျွန်မလို ပြဿနာမလုပ်ချင်လို့ ကိုယ့်ဘာသာကိုယ်နေတဲ့ အဟောင်းကို “အဆင်ပြေရဲ့လား” လို့မေးနေတာ သိပ်တော့ မဟုတ်လှပါ… မှန်ပါသည် တစ်ခါတစ်ရံ သူမ ထားသွားသော အမှားမှားအယွင်းယွင်းဖြင့် တန်းလန်းအလုပ်များကို ဆက်လုပ်ရလျှင်တော့ အခက်အခဲများရှိပါသည်… သို့သော် ကိုယ့်ကိုယ်ကိုယ် အဆင်ပြေသလို ပြဿနာကို ကြည့်ဖြေရှင်းပါသည်… သို့သော် အောင့်သက်သက်တော့ ရှိလှသည်… ကျွန်မ၏အကျင့်သည် ရှေ့လူမှားလုပ်သွားတာ သိသော်ညား ကိုယ်တတ်နိုင်သေးလျှင် ပြင်ပေးလိုက်သည်… ထိုသူမှားသည်ဟု သွားလက်ညှိုးထိုး ဆရာလုပ်ရမှာ အလွန်မှ ပျင်းသည်… အရာရှိကိုယ်တိုင်က သူမအမှားလုပ်လျှင် ပြန်ပြောဖို့ မှာထားသော်လည်း ထောင်သလိုဖြစ်မည်ဆိုး၍တစ်ကြောင်း ကိုယ့်မြန်မာအချင်ချင်းဖြစ်သဖြင့်တစ်ကြောင်း အကြီးအကျယ်မဟုတ်လျှင် ကျွန်မသိပ်မပြောဖြစ်ချေ….

သို့သော် တစ်နေ့တစ်နေ့ လူကိုတွေ့လျှင် “အဆင်ပြေရဲ့လား ညီမ…” ဆိုသည့် မေးခွန်းသည် ကျွန်မ၏ ရိုးတွင်းချဉ်စည်ထဲရှိ မနည်းကြိုးတုတ်ထားရသော ဒေါသနဂါးကို ကလိလာလာထိုးနေသလိုဖြစ်နေသည်… ကိုယ့်ဒေါသကို ဆွဆွပေးနေသောသူကို အတတ်နိုင်ဆုံး ကျွန်မရှောင်သည်… ယခင်စိတ်ဖြင့်သာဆို ပတ်ကနဲပြန်ပြောဖြစ်ပြီး ရန်သူတစ်ယောက်ဖွဲ့မိအုံးမည်ဖြစ်သည်… ထိုအချိန်က အတတ်နိုင်ဆုံး ကိုယ့်ကိုကိုယ်သုံးသပ်ပြီး ပြုပြင်နေတဲ့အချိန်မို့ ကိုယ့်ကို ကံတရားက စမ်းသပ်ဖို့လူတစ်ယောက်လွှတ်လိုက်သည်ဟုပဲ ယူဆသည်… နောက်တစ်ချက် ကျွန်မဒွိဟပွားရသည်မှာ သူမ မေးသည့် “အဆင်ပြေလား ညီမ” ဆိုသည့်မေးခွန်းသည် သူမလုပ်သွားသမျှ တလွဲများကို ပြန်လိုက်လုပ်ရတာကို မေးသည်လော မသိပါ… “အစ်မ အမှားမလုပ်သ၍ ညီမ အဆင်ပြေပါတယ်” ဆိုသည့် အဖြေပေးလိုက်လျှင်လဲ သူမကို ထိခိုက်မည်စိုးသဖြင့် မပြောလိုပါ…

ဒီအခါ ကျွန်မနှင့်ရင်းနှီးသော အလုပ်အတွင်းမှ မြန်မာအစ်ကိုကြီးတစ်ယောက်ကို ဒီကိစ္စပြောဖြစ်သည်… သူက “အဲဒိအစ်မကြီး မမေးခင် ညီမက သူ့ကို အဆင်ပြေရဲ့လား အစ်မ လို့ အရင်မေးလိုက်ပါလား” တဲ့… ကျွန်မအယူအဆအားဖြင့် အပေါ်မှာပြောခဲ့သည့်အတိုင်း အဆင်မပြေသော ကိစ္စရှိနေသူကိုမှ အဆင်ပြေရဲ့လားဟုမေးလေ့ရှိသည်… သူမတွင် အလုပ်နှင့်ပတ်သတ်၍ အားနည်းချက်အများအပြားရှိသည်… သို့သော် အမှားလုပ်တတ်၍ အဆူခံရတတ်သော သူမကို အဆင်ပြေရဲ့လား ဟူသော မေးခွန်းဖြင့် နှိမ်မေး မမေးချင်ပါ…

နောက်နေ့ အဲဒိအစ်မကြီး အလုပ်လာတော့ ကျွန်မပြောပြခဲ့တဲ့ အစ်ကိုကြီးက သူမကို “အစ်မ ဘယ်လိုလဲ အဆင်ပြေရဲ့လား” လို့ မေးလိုက်ပါတယ်… ထိုအခါ သူမက “ဘာဖြစ်လို့လဲ…” ဆိုပြီး ခပ်ဆပ်ဆပ်ပြန်မေးပါတယ်… “အော် ဘာမှ မဟုတ်ပါဘူး… ဒီလိုပဲမေးကြည့်တာပါ အကူအညီလိုရင်ပေးရအောင်လို့ပါ” လို့ပဲ ပြန်ပြောလိုက်ပါတယ်… သို့သော် သူမ၏ မျက်ဝန်းပေါ်က မခံချင်လေးကိုတော့ ကျွန်မတို့ ၂ယောက်လုံး ကောင်းစွာသတိထားလိုက်မိပါတယ်…

ဒါတောင် ကျွန်မတို့ ၂ယောက်လုံးက သူ့ရဲ့ Senior တွေပါ… လုပ်သက်ကြာနေတဲ့သူက အသစ်ဝင်တဲ့သူကို အဆင်ပြေလား မေးတာက သဘာဝကျပါသေးတယ်… အမှားပေါင်းစုံလုပ်နေတဲ့ အသစ်က အဟောင်းကို တွေ့တိုင်း အဆင်ပြေလားမေးနေတာတော့ သိပ်မဟုတ်သေးပါ… ကျွန်မကိုယ်ကျွန်မ ပြန်သုံးသပ်ကြည့်တယ်… တကယ်တော့ တချို့နေရာတွေမှာ သင်ပြရဲတာ ဆရာလုပ်တာမဟုတ်ပါ… Leadership skill (ဦးဆောင်နိုင်စွမ်း) ဟုသာခေါ်မည်ထင်ပါတယ်… ပြဿနာမဖြစ်ချင်၍ အေးအေးနေလို့မရပါ… တစ်ခါတစ်ရံ နဂါးမှန်းသိရန် အမောက်ထောင်ပြဖို့လိုပေလိမ့်မည်…

ထိုနေ့မှစ၍ ကျွန်မသူမကို တွေ့လျှင် “အစ်မ အဆင်ပြေရဲ့လား” ကို အရင်မေးသည်… သူမ မျက်နှာပျက်သွားသည်ကို ကြည့်ခြင်းအားဖြင့် ဒီစကားအမေးခံရတာကို သူမလဲ မကြိုက်ဟု ကျွန်မယူဆသည်… မည်သို့ပင်ဆိုစေ သူမကို ဒီစကားမေးဖို့ ကျွန်မတွင်တာဝန်ရှိသည်… သူမ အမှားလုပ်သွားလျှင် ကျွန်မပြောသည်… သူမ အလုပ်များ တန်းလန်းပေးလျှင် အပြီးလုပ်ခိုင်းသည်… ကျွန်မကိုယ်ကျွန်မရသည့်သင်ခန်းစာကတော့ တစ်ခါတစ်ရံ ဦးဆောင်နိုင်စွမ်းသည် ဆရာလုပ်ခြင်းမဟုတ်…
သူမကို ကြည့်၍ရသော သင်ခန်းစာသည် အလုပ်တွင် အသစ်ဝင်လျှင် အသစ်လိုနေ အဲဒိအလုပ်က လူတွေအကြောင်းမသိခင် အမောက်မထောင်ရန်ဖြစ်ပေသည်… (လူတွေအကြောင်းကလဲ လအနည်းငယ်ဖြင့်ပင် သိနိုင်သည် မဟုတ်ခြေ)…


Is it really Okay to say I'm not bcoz of ur question "R U OK?"
အဆင်ပြေလား ပြဿနာ (၂)

ယခု ကျွန်မ အလုပ်သစ်ကိုရောက်တာ ၆လပင်ရှိခြေပြီ… ရှေ့အလုပ်က သူများတွေကို သင်ခန်းစာယူကာ တတ်နိုင်သမျှ ကွန်ပလိမ်းမများ အသစ်လိုနေသည်… အသစ်ဖြစ်၍ ကိုယ့်အလုပ်မှန်းမသိ သူများအလုပ်မှန်းမသိ လာခိုင်းသမျှကိုလဲ တတ်နိုင်သလောက်လုပ်ပေးသည်… ကျွန်မလက်ရှိရောက်နေသော ကုမ္ဗဏီသည် အရင်အလုပ်ဖြင့် ဆန့်ကျင်ဖက်… မြန်မာနည်းလှသည်… ရှားရှားပါးပါး ကျွန်မ အထပ်တွင် ကျွန်မနှင့် တခြားဋ္ဌာနမှ မြန်မာ အစ်ကိုကြီး ၂ယောက်သာရှိသည်… ကျွန်မသူဋ္ဌေးက အလုပ်စ၀င်တဲ့နေ့ကပင် ရှားပါး မြန်မာမို့ မိတ်ဆက်ပေးသည်… ကိုယ်တိုင်လဲ မြန်မာလူမျိုး တစ်ယောက်ရှိ၍ အားတက်မိသည်… သို့သော် စစချင်း စောက်နဲ့ထွင်း မေးခံရတဲ့ မေးခွန်းကတော့ “ညီမက ဒီမှာ ဘယ်လို အလုပ်ရတာလဲ” တဲ့…. ရောာာာာာာာာာာာာ…

ချဉ်စည်ထဲက ဒေါကနဂါးကို တုတ်နဲ့ လာထိုးပြန်ပါပြီ… “Jobstreet မှာတွေ့လို့ အလုပ်လျှောက်လိုက်ပြီး အင်တာဗျူးဝင်ပြီး ရတာပါ” လို့ပဲဖြေလိုက်ပါတယ်… ဟုတ်တယ်လေ… အလုပ်ဘယ်လိုရလဲဆိုတော့ ရှင်းရှင်းလေးပဲ လျှောက်လို့ရတာပေါ့… သူတစ်ယောက်ပဲ ဒီကုမ္ဗဏီမှာ အလုပ်ရလား… တခြားမြန်မာ မရရဘူးလား… သူကတော့ လုပ်ငန်းအတွေ့အကြုံတွေလဲ အတော်ရှိခဲ့သလို ဒီကုမ္ဗဏီမှာလဲ အတော်ကြာနေတဲ့ Senior Engineer ပေါ့… ကျွန်မက သူ့လောက်တော့ ရာထူးမရှိပါဘူး… ကိုယ်က ပိုလီပဲပြီးထားတယ်… သူ့လောက်လဲ လုပ်သက်မရှိသလို အသက်လဲမကြီးသေးပါဘူး…
နောက်ရက်တစ်ရက်မှာ မြန်မာအချင်းချင်းရင်းနှီးအောင် ဋ္ဌာနချင်းမတူသော်ငြား နေ့လည်စာတူတူသွားစားဖြစ်ပါတယ်… အဲဒိမှာလဲ မေးလိုက်တဲ့ မေးခွန်းတွေက ကျွန်မနဲ့ အပေါက်လမ်းသိပ်မတည့်ပါဘူး… ကျွန်မကပဲ သိပ်အတွေးလွန်ပြီး ကပ်သပ်တတ်တာလား လို့ ဝေခွဲမရဖြစ်ရပါတယ်… မှတ်မိသလောက် မေးခွန်းလေးတွေ ဥပမာပြောပြပါမယ်…

၁) ညီမက ဒီမှာ ဘာလုပ်ရတာလဲ (လတ်တလောတော့ အသစ်ဆိုတော့ သင်ယူနေတုန်းပေါ့)

၂) Techinical နဲ့ ပတ်သတ်တာတွေကို ညီမလုပ်နိုင်လို့လား

၃) ဘာစတေးနဲ့ နေနေတာလဲ
(Personal မေးခွန်း သို့သော် မြန်မာအချင်းချင်း အလိုက်မသိသူများမေးလေ့ရှိသဖြင့် စိတ်မဆိုးသေးပါ… ဖြေတော့ မယုံသည့်ပုံစံဖြင့်… ရောက်တာ ၉နှစ်ရှိတဲ့သူကိုများ… သူရောက်တာမေးကြည့်တော့ ၄နှစ်လောက်ပဲရှိပြီးတော့… )

၎) အိမ်ဝယ်ထားတယ်ဟုတ်လား၊ ဘယ်လိုလုပ်ပြီး အိမ်ဝယ်လို့ရတာလဲ…

၅) အိမ်ထောင်ကျနေပြီလား
(ကျွန်မအသက်အရွယ်မှာ အိမ်ထောင်ကျနေတဲ့ သူငယ်ချင်းတွေရှိတဲ့အတွက် ဒီမေးခွန်းကို ကျွန်မစိတ်မဆိုးပါဘူး… သို့သော် စိတ်ထဲ အမြင်မတူဖြစ်မိတာက နောက်ဆက်တွဲလာတဲ့ သူ့ရဲ့ သုံးသပ်ချက်ကိုပါ)

၆) ခုခေတ်မှာ မိန်းကလေးတွေက အိမ်ထောင်ကျစောကြတယ်လေ…
(ဘုရားရေ… ကျွန်မ မြင်တွေ့နေတဲ့ စကာင်္ပူက မိန်းကလေးတွေကတော့ ကျောင်း အလုပ် စာ စသည်ဖြင့် အနာဂတ်အတွက် ရုန်းကန်လှုပ်ရှားနေလို့ ပျမ်းမျှအားဖြင့် အသက် ၃၀ ၀န်းကျင်လောက်မှ အိမ်ထောင်ပြုကြသူများပါတယ်… သူ့ သုံးသပ်ချက်က ဘာကိုကြည့်ပြီးပြောလဲမသိပါ)

ထိုသို့ထိုသို့သော် မေးခွန်းများကိုသည်းခံကာ နေ့လည်စာတစ်နှပ်ကို ကျော်ဖြတ်ပြီးနောက် ထိုသူဖြင့် နောက်လုံးဝ ထမင်းထွက်မစားဖြစ်တော့ပါ… သို့သော် တစ်ခါတစ်ရံ သူနှင့် Office Pantry တွင်သော်လည်းကောင်း ၀င်ပေါက်တွင်သော်လည်းကောင်းတွေ့လျှင် နှုတ်ဆက်သည့်အနေဖြင့် သူကျွန်မကို မေးတတ်သည့်စကားက “အဆင်ပြေရဲ့လား” တဲ့…

တခြားစကားတွေဖြင့် အများကြီးနှုတ်ဆက်လို့ရသည်… အဘယ်ကြောင့် ဤစကားကိုမှ သုံးသနည်း… သူက အဟောင်း ကိုယ့်ထက်လဲ လုပ်ငန်းအတွေ့အကြုံ နည်းပညာအတွေ့အကြုံရှိသဖြင့် မေးခြင်းဖြစ်သည်ဟု ယူဆကာ ယခုထက်ထိဖြေသိမ့်နေသေးသည်…

သို့သော် စိတ်ထဲမှတော့ စပ်ကနဲ ပြန်မေးမိသည် “အဆင်မပြေတော့ အစ်ကိုက ဘယ်လိုကူညီပေးနိုင်မှာမို့လဲ” ဟု ဆိုလျှင် ကိုယ်က ဘုပြောသည်ဖြစ်မည်… ဟုတ်သည်… သူက ကျွန်မနှင့်လဲ ဋ္ဌာနမတူ… ကျွန်မတို့ ဋ္ဌာနဘာလုပ်သနည်းဆိုတာတောင် သူသိပုံမပေါ်… ယခုထက်ထိလဲ သူ့အကူအညီဘာမှ မလိုပဲ အဆင်ပြေနေသည်…
ကိုယ်ပဲ သိပ်အတွေးခေါင်နေသလား လူမှုရေးခေါင်းပါးနေသလား… ကိုယ်ပဲ “အဆင်ပြေရဲ့လား” ဆိုတဲ့ မေးခွန်း အသုံးပြုပုံကို သေချာမတတ်တာလား… ထိုသူပဲ တစ်ခုခုမှားနေသလား ကျွန်မဝေခွဲမရပါ… သို့သော် ထိုသူမေးသော အဆင်ပြေရဲ့လားဆိုသည့် မေးခွန်းအပေါ် ကျွန်မစိတ်ထဲ သိပ်သဘောမကျလှပေ…
တွေးမိသည်က…

၁) မြန်မာအချင်းချင်း အဆင်မပြေမှာစိုးရိမ်၍ (ဂရုစိုက်၍) မေးခြင်းလော
(သို့သော် သူ့မျက်နှာတွင် Sincere ဖြစ်သောပုံတော့ မတွေ့ချေ)

၂) ဒီကောင်မလေး ဘာမှမလုပ်နိုင်ပါဘူးဆိုပြီး အထင်သေးသဖြင့် မေးခြင်းလော

ယခုလောလောဆယ်အထိတော့ ကျွန်မ အတတ်နိုင်ဆုံးရှောင်နေပါတယ်… အ၀င်အထွက် မျက်လုံးချင်းမစုံအောင် နေပါတယ်… စုံခဲ့လျှင်လဲ သူဘာမှ မပြောခင် ပြုံးပြ ရီပြကာ အလုပ်များချင်ယောင်ဆောင်ကာ သုတ်သုတ်လျှောက်ပါတယ်…
ဤပိုစ့်ကို ရေးဖြစ်ခြင်းမှာ ဟိုနေ့က မတော်တစ်ဆ Pantry ထဲမှာ သွားဆုံတော့ မေးခံလိုက်ရတဲ့ အဆင်ပြေရဲ့လား ဆိုတာကြောင့်ပါပဲ…. ၆လရှိပြီ…

မေးလိုက်ချင်သည်က… စာဖတ်သူတွေရော “အဆင်ပြေရဲ့လား” ဆိုတဲ့ မေးခွန်းကို ဘယ်လိုနေရာတွေမှာ သုံးတတ်ပါသလဲ…


ဘယ်သူတွေကို ဘယ်လိုအခြေအနေမျိုးမှာ မေးမှာလဲ...

Wednesday, January 25, 2012

Ep 1 of Hong Kong trip - Preparation for trip

ကျွန်မရဲ့ ခရီးသွား ဗွီဒီယိုမှတ်တမ်းလေးရဲ့ အစ ဗီဇာလျှောက်ခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ အထုတ်အပိုးပြင်ခြင်း ဗွီဒီယိုလေးပါ... ခရီးမသွားခင် ရိုက်ထားခဲ့တာပါ... ခုမှ အက်ဒစ်လုပ်ပြီးတင်ဖြစ်ပါတယ်... youtube မှာတင်တာ သီချင်းက copyright ငြိလို့ အသံ ဖျောက်ခံထားရပါတယ်... အဲဒါကြောင့် Vimeo ကနေတင်လိုက်ပါတယ်...


Untitled from mabaydar on Vimeo.

အပေါ်ကဗွီဒီယို ကြည့်မရသူများအတွက်... ဘလော့မှာ တင်လိုက်တယ်...


Tuesday, January 17, 2012

Away from Blog Massage

တစ်နေ့ရောက်အောင် ဖူးမယ်ဆိုတဲ့ ဘုရားကြီးကို သွားဖူးပါပြီ...
I will be away from this blog from Next 3 hours later and will return as soon as I am back to home. During my leave, I have phone access but that was provided only for business matter. Therefore, I will probably turn it off the phone unless otherwise I want to use it. So in other words, you can not contact me.

But if I can easily access internet from my hotel, I might be online once in a while, so you may write in English at the comment session below as there will not be Myanmar Font.

For urgent matter, there's always another person who could easily replace me as I know clearly about the fact that I am not irreplaceable in every place. I am sometime disappointed with myself for being like that. But well anyway, don't think I am sad... I am very happy with my life and where I am now.

I am sure I will be taking a lot of photos and videos which I am not sure I will edit them and put them on blog. (I am such a lazy person, aren't I?) But I will try my best for the travel post about Hong Kong for my lovely readers who would be waiting for the travel post. (မယုံနဲ့ မျှော်လင့်ချက်တွေ ပေးနေပြန်ပြီ)

Well anyway, while you are reading this post, I am happily enjoying every good things of Hong Kong and over spending the bonus thinking myself like Billionaire. Don't get JEALOUS OF ME. COZ LIFE IS TOO SHORT TO BE JEALOUS OF OTHERS. WA HA HA

By MaBayDar

Friday, January 13, 2012

Friday, 13th but I am happy



International wide, Friday 13th is told to be a day with bad Luck.

According to Wikipedia, in the Gregorian calendar, this day occurs at least once, but at most three times a year. Any month's thirteenth day will fall on a Friday if the month starts on a Sunday. That's something interesting which I just found out.

Especially, this year 2012 has most numbers of Friday, 13th which occurs 3 times.
Whatever as I am Theravada Buddhism I am not really serious about Friday the 13th. I am feeling happy coz there are people from my country, Myanmar (last time known as Burma) who I don't know personally outside has got their freedom. Freedom which mean freedom from Jail which they were kept due to their believes.

Whatever, I am really happy for them. But I am sad for those few numbers of political prisoners who still being kept in the prison.

Somehow, the first Friday the 13th of year 2012 has bring some good news to whole Burmese community. I wish all the best for my country and people.

Thursday, January 12, 2012

ဘောင်ဘင်ခတ်တဲ့ ဖား

ဒီပိုစ့်ကိုတော့ မေးခွန်းလေးတစ်ခုနဲ့ဖွင့်ချင်ပါတယ်... သင်တို့တွေ ဖိလစ်ပိုင်လူမျိုးအများစု အင်္ဂလိပ်လိုပြောနေတာကိုကြားတဲ့အခါ ဒါဖိလစ်ပိုင်တွေရဲ့ အင်္ဂလိပ်အသံပဲလို့ ခန့်မှန်းနိုင်လား? တနည်းအားဖြင့် ဖိလစ်ပိုင်လူမျိုးအများစုရဲ့ အင်္ဂလိပ် Accentဟာ အမေရိကန်လူမျိုးတွေပြောတဲ့ English Accent အတိုင်း တထေရာတည်းတူတယ်လို့ သူတို့ကိုယ်သူတို့ပြောနေတာကို လက်ခံလား?

အဲဒိမေးခွန်း ၂ခုလုံးအတွက် ကျွန်မရဲ့အဖြေကတော့ ဖားတွေကို(ဤနေရာမှစ၍ ဖိလစ်ပင်းလူမျိုးကို အပြင်မှာအားလုံးသုံးတဲ့အတိုင်း ဖားလို့ နာမ်စားသုံးပါမည်) လူမတွေ့ပဲ သူတို့ အင်္ဂလိပ်လိုပြောနေတဲ့အသံကိုကြားတာနဲ့ ဒါဟာ ဖားပြောနေတာပဲလို့ တန်းသိပါတယ်... ဥပမာ ဖုန်းပေါ်ကနေ ခရက်ဒစ်ကဒ် promotion လုပ်တာပဲဖြစ်ဖြစ် အာမခံရောင်းတာပဲဖြစ်ဖြစ် Customer service ကိုခေါ်လို့လာကိုင်တာက ဖားပဲဖြစ်ဖြစ် သူတို့ အင်္ဂလိပ်သံကိုကြားတာနဲ့ ဒါဟာ အမေရိကန်တစ်ယောက်ပြောနေတာမဟုတ်ပဲ ဖားလူမျိုးတစ်ဦးဆိုတာကို သိသိသာသာ ကွဲကွဲပြားပြားခွဲခြားသိပါတယ်... သင်တို့ရော ခွဲတတ်မယ်လို့ထင်ပါတယ်... သို့သော် သူတို့ကိုယ်သူတို့ယုံကြည်ထားကြတာက သူတို့ အင်္ဂလိပ် Accent ဟာ အမေရိကန်တွေပြောတဲ့အတိုင်းတစ်ထပ်တည်းရှိပါတယ်လို့ ပြောတာကို ကိုယ်တိုင်လဲတွေ့ကြုံခဲ့ရဖူးသလို အွန်လိုင်းပေါ်မှာလဲ မျက်စိစပါးမွှေးဆူးလောက်အောင် မြင်နေရတဲ့အခါ ဒီပိုစ့်လေးကိုရေးပြီး ပေါက်ကွဲလိုက်ပါတယ်...

ဒီပိုစ့်ကို ဟိုးအရင်၂၀၁၀ လောက်ကတည်းက ရေးဖို့စိတ်ကူးခဲ့ပင်မဲ့ မဗေဒါက လူမျိုးရေးခွဲခြားသလိုဖြစ်မှာ... ပြီးတော့ ၁ဦး၁ယောက်တည်းကိုကြည့်ပြီး အားလုံးကို Stereotype လုပ်ပြစ်လိုက်သလိုဖြစ်မှာစိုးလို့ပါ... သို့သော် လက်ယားလောက်အောင် ရေးချင်လွန်းစရာတွေက တစ်ခုပြီးတစ်ခုဖြစ်လာတော့ ကိုယ်လဲကိုယ့်ဘလော့မှာ မြန်မာလိုရေးပါတယ်... လူမျိုးရေးခွဲခြားပြီး Stereotype လုပ်လိုတဲ့ ဆန္ဒအလျင်းမရှိသော်လည်း အမှန်ကို လက်မခံပဲ ဖင်ပိ်တ်ငြင်းနေကြတဲ့ ဖားလူမျိုးများကို ကြည့်မရသောကြောင့် ရေးပါတယ်... ဤသို့ရေးခြင်းမှာ ဖားလူမျိုးများ အင်္ဂလိပ်စကားပြောညံ့သည်ဟု မဆိုလိုပါ... အများစုသည် အမေရိကန်တွေပြောတဲ့လေသံအတိုင်း မထွက်တာကိုပဲ ပြောလိုခြင်းဖြစ်သည်ကို ကွဲကွဲပြားပြား နားလည်စေချင်ပါသည်...

ဆရာလုပ်တဲ့ ဖားမ

အရင့်အရင် ကျောင်းသူဘဝ Part time လုပ်ကတည်းက အလွန်တရာမှ ရွပိုးထိုးသော ဖားမ အမြောက်အများနဲ့ အလုပ်လုပ်ဖူးပါတယ်... ဒီပိုစ့်မှာ ဖားမ များရွပိုးထိုးခြင်းကို ပြောလိုသောကြောင့်လဲမဟုတ်... ရွပိုးထိုးသော ဖားမများကိုလက်ညှိုးထိုးကာ ဖားမအားလုံးရွသည်ဟုလဲ လက်မခံပါ... တစ်ဦးတစ်ယောက်ချင်းပေါ်သာ မူတည်သောကြောင့် ဘာမှ မပြောလိုပါ...(စိတ်ထဲမှပြောခြင်း... ဒါပေမဲ့ တွေ့ဖူးသမျှဖားမ မရွသူမရှိ... သို့သော် သူတို့ကို ချောင်ပိတ်ရိုက်ကာ ဆုံးမသော ဦးနှောက်မဲ့ ဖားထီးများလဲ ရှိသည်ဟု မကြားမိ)... မည်သို့ပင်ဆိုစေ သူတို့အပြုအမူနှင့်ကိုယ့်အပြုအမူ မတူညီသောကြောင့် အစေးကပ်ကပ်ပေါင်းသင်း ရလှသည်တော့မဟုတ်ခဲ့ပါ... အဲဒိတုန်းကတော့ ပညာသိပ်မတတ်တဲ့ Labor နဲ့အလုပ်လုပ်လာလုပ်တဲ့ ဖားတွေမို့ ဒီလိုဖြစ်မှာပါ... ပညာတတ်အသိုင်းအဝိုင်းက ဖားမတွေကတော့ ဒီလိုမဟုတ်လောက်ပါဘူးပဲထင်ခဲ့တယ်...

ခုပြောပြမှာကတော့ မဗေဒါကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ အင်္ဂလိပ်စကားပြောနဲ့ပတ်သတ်ရင် Over confident ဖြစ်နေတဲ့ ဆရာလုပ်တဲ့ ဖားမပဲဖြစ်ပါတယ်... ကျောင်းပြီးလို့ ကျွန်မရဲ့ ဒုတိယအလုပ်မှာ ကျွန်မထက်ရာထူးကြီး Senior ကျတဲ့ ဖားမတစ်ယောက်ရှိပါတယ်... ဖြစ်ချင်တော့ အဲဒိကုမ္ဗဏီမှာ ဖားလူမျိုးအများအပြားရှိပြီး နေရာကောင်းထိပ်ပိုင်းမှာတောင် ဖားတွေက နေရာယူထားပါတယ်... ကိုယ်လဲ Part time တုန်းက စိတ်ခံတွေကိုဖျောက်ပြီး "အော် ပညာတတ်အသိုင်းအဝိုင်းကတော့ ဒီလိုမဟုတ်လောက်ပါဘူးဆိုပြီး စိတ်စွဲကိုဖျောက်ခဲ့ပါတယ်"... ဒါပေမဲ့ နေ့လည်ထမင်းစားတူတူထွက်လျှင် ပြောသမျှဟာသဖြစ်စေ ဗဟုသုတဖြစ်စေ သတင်းအချက်အလက်ဖြစ်စေ သူပြောသမျှဟာ နှာနဲ့ပတ်သတ်တာတွေချည်းပါပဲ... တစ်ဋ္ဌာနလုံးမှာ လူလွတ်မိန်းကလေးဆိုလို့ ကျွန်မတစ်ယောက်ပဲရှိတာပါ... လူလွတ်ယောကျာင်္းလေးက ၂ယောက်ပါ... ၁ယောက်က အင်ဒိုကောင်... နောက်တစ်ယောက်က မြန်မာအစ်ကိုကြီးပါပဲ... တစ်ခါတစ်လေ မျက်နှာဘယ်နားထားရမှန်းမသိအောင် ပြောတတ်ပါတယ်... ယိုသူမရှက် မြင်သူရှက်ပါ... တစ်ချို့သူပြောတဲ့ ဟာသတွေဆို ဘာတွေမှန်းတောင် ကျွန်မနားမလည်ပါဘူး... ညစ်ညမ်းမယ်ဆိုတာတော့ ခန့်မှန်းလို့ရပါတယ်... တစ်ခါတစ်လေ ကိုယ်က သဘောရိုးနဲ့ ပြောတဲ့စကားလဲ သူကနှာတွေးတွေးပြီး ဟားတတ်ပါသေးတယ်... နောက်ပိုင်း သူပါလို့ ဋ္ဌာနကလူတွေနဲ့တောင် ကျွန်မထမင်းထွက်မစားတော့ပါဘူး... (အော်.. ရှေးဟောင်းနှောင်းဖြစ်တွေ လျှာရှည်မိပြန်ပြီ... လိုရင်းက အင်္ဂလိပ်စကားပြော လေသံအကြောင်းပြောမှာ)

သူက သူများကို ဟားတိုက်ရတာ အလွန်မှ ၀ါသနာပါပုံရပါတယ်... အလုပ်ထဲက Malaysian တွေကိုဆိုရင်လဲ သူတို့ပြောတဲ့ အင်္ဂလိပ်အသံကို မေးမေးပြီး ရီတတ်ပါတယ် (ကျွန်မအမြင်တော့ လှောင်တာပါ)... ဥပမာ Malaysian တွေက Zero (ဇီးရိုး) ကို (ဂျီးရိုး)... Zebra (ဇီးဘရား)ကို (ဂျီးဘရား) စသည်ဖြင့်ထွက်တတ်ပါတယ်... Malaysian တရုတ်နဲ့ စလုံးတရုတ်ရဲ့ အင်္ဂလိပ်သံကွားခြားချက်တွေကို အဲလိုအသုံးအနှုန်းတွေမှာ သိနိုင်ပါတယ်... တရက်တော့ သူ့ကွန်ပြူတာက Window တစ်ခုက ဘာဖြစ်တာလဲမသိဘူး သူပိတ်ချင်တာ ဘယ်လိုပိတ်ရမှန်းမသိလို့ ကျွန်မကိုမေးတော့ ကျွန်မက ညာဘက်အပေါ်ထောင့်က "Red Dot" လေးကို နှိပ်လိုက်လို့ပြောတော့... သူက နားမလည်ပဲ ပြန်ပြန်မေးပါတယ်... ကျွန်မပြောတာကို ဘေးက အင်ဒိုကောင်လဲနားလည်တယ်... Malaysian တရုတ်မလဲ နားလည်တယ်... နောက်ဆုံး ကျွန်မထိုင်ရာကထပြီး လက်ညှိုးနဲ့ထောက်ပြမှ သူက "Oh..... you mean "Red dottttt" I thought you are saying "Red DOGGG" ဆိုပြီး ကျွန်မ အင်္ဂလိပ်အသံကပဲ မကောင်းလို့သူနားမလည်တာဆိုတဲ့ ပုံမျိုးနဲ့ လူကိုတောင် အသံထွက်လာပြင်ပေးနေပါသေးတယ်... ဦးနှောက်ရှိတဲ့သူတိုင်းသိပါတယ်... သူ့ကွန်ပြူတာပေါ်မှာ အနီရောင်ခွေးရှိသလား၊ အနီရောင် အစက်ရှိသလားဆိုတာပါ... ကျွန်မပြောတဲ့ အသံထွက်က အမေရိကန်တွေလို RED DOTTTTTTTT လို့ မထွက်ရင်တောင် ကျပ်ပြည့်တဲ့သူက အနီးစပ်ဆုံးဘာကိုဆိုလိုလဲဆိုတာ သိမှာပါ... ပြီးတော့ သူကရှက်ယန်းယန်းပြီး ငါတို့ ဖားလူမျိုးတွေရဲ့ အင်္ဂလိပ်အသံက အမေရိကန်အသံစစ်တယ် ဘာညာနဲ့ ပဏာဝင်ယူနေပါသေးတယ်... အဲဒိအချိန်က အရူးဘုံမြှောက်ရင် ချီးခြောက်ကောက်စားတတ်တယ်ဆိုတဲ့ စကားအတိုင်း သူ့ကို မြှောက်ပေါင်းရင်တော့ အနေချောင်မယ်ဆိုပင်မဲ့... မပြည့်တဲ့အိုး ဘောင်ဘင်ခတ်နေတဲ့ ဖားမကို မကြားချင်ယောင်ဆောင်ပြီးပဲ နေပစ်လိုက်ပါတယ်... စိတ်ထဲမတော့ နင်တို့ဖားတွေ လေသံဟလိုက်တာနဲ့ အုံးအမ်ဆိုတာ သိသာတယ်... အုံး(စ်)အမ်(စ်) မဖြစ်ဘူးလို့ ပြောပြစ်လိုက်ပါတယ်...

ကိုးရီးယား မင်းသမီးချော လီဒဟဲနဲ့ ဖားများ ပြဿနာ



ဖားတွေရဲ့ သူတို့ရဲ့ အင်္ဂလိပ်လေသံဟာ အမေရိကန်အတိုင်းပဲလို့ယုံကြည်တဲ့ သွေးနားထင်ရောက်စိတ်ဓာတ်တွေမှာ ဓားစာခံဖြစ်သွားရတဲ့ မင်းသမီးချော လီဒဟဲ (My Girl, East of Eden, Miss Ripley) ကို အစကတည်းကကြိုက်ခဲ့ပြီး ယခုဆိုရင်တော့ ကျွန်မဟာ သူ့ရဲ့ Die hard fan အဖြစ် ဂရုဏာသက်ကာ ၂ဆတိုး အားပေးချင်စိတ်ဖြစ်သွားပါတယ်... အားလုံးသိကြတဲ့အတိုင်း (မသိရင်လဲ ဆက်ဖတ်လိုက် သိလိမ့်မယ်) ကိုရီးယား မင်းသမီးတွေထဲမှာ အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တဲ့ သူဆိုတာလက်ချိုးရီလို့ရပါတယ်... ထိုအထဲမှာ မင်းသမီးချော လီဒဟဲလဲ အပါအဝင်ပါပဲ...

့ဖြစ်ပုံကတော့ လွန်ခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာလ လောက်တုန်းက KBS2TV variety show, “Sweet Night“ ဆိုတဲ့ အစီအစဉ်မှာ မင်းသမီးကို အစီအစဉ်တင်ဆက်သူက အင်္ဂလိပ်စကားပြောနဲ့ ပတ်သတ်ပြီး အသံကွဲလွဲပုံကို လုပ်ခိုင်းတော့ English, American နဲ့ Filipino အသံနဲ့ အင်္ဂလိပ်စကားကိုပြောပြပါတယ်... ဒါကို ဖားတွေက သူတို့လူမျိုးတွေက အဲလိုမပြောပါဘူး... အမေရိကန်လေသံစစ်စစ်နဲ့ ပြောတာပါ... ဒီမင်းသမီးတောင်းပန်ပါဘာညာဆိုပြီး အွန်လိုင်းမှာလဲ မင်းသမီးကို ၀ိုင်းဆဲကြဘာကြနဲ့ ရစရာမရှိအောင် တခြားအကြောင်းအရာတွေပါဆွဲထည့်ပြော... ကိုရီးယားတွေ အင်္ဂလိပ်လိုညံ့တာကို နှိမ်ပြော... ကိုရီးယားတွေ အင်္ဂလိပ်လိုမတတ်လို့ သူတို့ ဖားတွေဆီလာပြီး အင်္ဂလိပ်စာသင်ရတာကို ဂုဏ်တင်ပြီးပြောနဲ့ မပြီးနိုင်မစီးနိုင်ဖြစ်ကြပါတယ်...


နောက်ဆုံး မင်းသမီးက သူမရဲ့ Tweeter ကနေ ဖားတွေကို တောင်းပန်ပါတယ်... ဒါတောင်မှ တောင်းပန်တာကို မကျေချမ်းပဲ ဆက်လက်အပြစ်တင်နေတဲ့ သူတချို့ကိုလဲ တွေ့နိုင်ပါသေးတယ်... ပွဲလန့်တုံး ဖျာဝင်ခင်းတဲ့ ဖားတချို့ကတော့ Youtube ပေါ်မှာတောင် လီဒဟဲကို ပြောဆိုတဲ့ ဗွီဒီယိုတွေကို အတတ်နိုင်ဆုံး ဖားလေသံကိုဖျောက်ပြီး သူတို့ပြောတဲ့ အမေရိကန်လေသံနဲ့ တင်ထားတာကိုလဲ ရှာကြည့်ရင်တွေ့နိုင်ပါတယ်... အဲဒိအောက်မှာလဲ သူတို့ ဖားတွေ အင်္ဂလိပ်လေသံ ကောင်းကြောင်းကို မင်းသမီးကပဲ မဟုတ်မမှန် နှိမ်ချပါတယ်ဆိုပြီး ပြောထားကြပါတယ်... (သူတို့ ဗွီဒီယိုကို promote လုပ်သလိုဖြစ်မှာစိုးလို့ ဒီမှာ မတင်ပေးတော့ပါဘူး... ကိုယ်တို့ကတော့ ဘူးဆို ဘူးပဲ... So What?)

မင်းသမီးသူတို့ကို လှောင်ပါတယ်ဆိုတဲ့ ဗွီဒီယိုကိုတော့ Copyright claim လို့ youtube မှာ ဘယ်လိုရှာရှာ မရှိတော့ပါဘူး... သို့သော် Copyright တွေဘာတွေ Don't give a damn တဲ့ ချစ်ပေါက်ဖော်ကြီးတွေ ဝက်ဆိုဒ်မှာတော့ ဒီဗွီဒီယိုကို သွားတွေ့ပါတယ်... Embedded လုပ်တာ မလုပ်တတ်လို့ လင့်လေးကနေပဲ သွားကြည့်လိုက်ပါ...


http://www.56.com/u76/v_NTYyNDMyNDE.html


အမှန်တော့ လီဒဟဲကလဲ လှောင်ချင်တဲ့စိတ်ထက် အပျော်သဘောပြောရုံသက်သက်လို့ထင်ပါတယ်... ပြီးတော့ ဒီလိုပြဿနာကြီးသွားရတာလဲ ကိုရီးယား အနုပညာလောကဟာ ဖိလစ်ပင်းမှာ အတော်လေးလွှမ်းမိုးတယ်ဆိုတာသိသာပါတယ်... သူတို့နိုင်ငံမှာလဲ မင်းသမီးမင်းသားရှိတာပဲ ဘာလို့ ကိုရီးယားမင်းသမီးလာကြိုက်လဲ... ပြီးတော့ သူတို့က မခံနိုင်ဖြစ်ကြသေးတယ်... သဘောထားသေးသိမ်တယ်လို့ထင်တာပဲ... ပြီးတော့ ကိုရီးယားမှာပြတဲ့ ကိုရီးယားလိုပြောတဲ့ အစီအစဉ်မှာ ကိုရီးယားမင်းသမီးက ဟာသ သဘောပြောတာကို အတင်းရောကာရော စိတ်ဝင်စားပြီး ကြိုက်လို့ လိုက်နားထောင်လို့ သူတို့သိတာပေါ့... (စိတ်ထဲကပြောခြင်း... ဝတ်မှုန်ရွှေရည် အဲလိုပြောရင် သူတို့ သိမလားပြော)... တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး Make fun လုပ်ပြီး ပြောနေကျကို "အနာပေါ် ဒုတ်ကျ"ဖြစ်ပြီး ဆက်ဆက်ထိမခံနာပြနေကြတဲ့ ဘောင်ဘင်ခတ်တဲ့ဖားတွေဟာ မပြည့်ဝဘူးဆိုတာ အသေအချာပါပဲ... တဆက်တည်းပဲ မင်းသမီးကိုလဲ ပိုလို့တောင် အားပေးချင်သွားပါတယ်... သူမကိုယ်တိုင်ကလဲ ချောလဲချော သရုပ်ဆောင်လဲ ကောင်းပါတယ်...




"The Noose" Show : Leticia by Michelle Chong

စကာင်္ပူ Channel 5 ပြသမျှထဲမှာ အကြိုက်ဆုံးစာရင်းထဲပါတာ The Noose ပါ... သူဟာ စကာင်္ပူမှာဖြစ်ပျက်တဲ့ အကြောင်းအရာတွေကို ဟာသလုပ် လှောင်ပြောင်တဲ့ အစီအစဉ်ပါ... ဒီအစီအစဉ်မှာ တစ်ခါတစ်လေ သူတို့ နိုင်ငံခေါင်းဆောင်တွေကို မထိတထိလှောင်တာတွေ၊ စလုံးတွေရဲ့ အတ္တစိတ်ကို လှောင်တာတွေ၊ ပြည်ကြီးတရုတ်မတွေရဲ့ ချိုင်းမွှေးမရိတ်တာကိုလှောင်တာတွေ စသည်ဖြင့် အပြင်မှာဖြစ်နေတာတွေကို တင်ဆက်တဲ့ ဟာသအစီအစဉ်လေးပါ... အရင်က စလုံးမင်းသမီးတွေကို မကြိုက်ပင်မဲ့ အဲဒိအစီအစဉ်မှာ ပင်တိုင်ပါဝင်တဲ့ တင်ဆက်သူ စလုံးမင်းသမီး Michelle ကို အဲလို ဟာသပုံနဲ့ သူသရုပ်ဖော်ရတဲ့ ပုံစံကို မရှက်တမ်း စျာန်ပါပါလုပ်တတ်လို့ ကျွန်မသဘောကျပါတယ်... သူမဟာ လူမျိုးတော်တော်များများရဲ့ အင်္ဂလိပ်စကားပြောဟန်ကွဲပြားပုံတွေကိုလဲ တုပြီးလိုက်ပြောတတ်ပါတယ်... သူမဟာ ပြည်ကြီးတရုတ်မ KTV Hostess Lu Lu အနေနဲ့လဲ ပြည်ကြီးတရုတ်မ အသံနဲ့ ဟန်ကို လုပ်ခဲ့တုန်းက တူလွန်းလို့ ကျွန်မစပြီး သတိထားမိခဲ့တာပါ...

ဒီအစီအစဉ်မှာ Michelle ဟာ ဖားအိမ်အကူ (Maid) Leticia အနေနဲ့ သရုပ်ဆောင်တဲ့အခါမှာ ဖားတွေက သူတို့ အင်္ဂလိပ်က အဲဒိလိုမဟုတ်ပါဘူး... အဲဒိထက်သာပါတယ်... ဒါဟာ လူမျိုးရေးခွဲခြားတာပါ... ဖားတွေ ဒီလိုလေသံမျိုးနဲ့ စကားပြောရင် ဟောလိဝုတ်မှာတောင် ဖားတွေ ဒီလိုနေရာရလာမှာမဟုတ်ပါဘူး... ဖားအဆိုတော်တွေဟာ ခုဆို ဟောလိဝုတ်မှာ အဆိုတော်တွေဖြစ်နေပါပြီ...(မဆိုင်တာတွေဆွဲထည့်တာ... )

အများကို မူတည်ပြီးပြောတာ... လူနည်းစုကိုပြောတာမဟုတ်ဘူး... ဒါကို မဆိုင်တဲ့ ဖြစ်မြောက်နေတဲ့ ၁ယောက် ၂ယောက်နဲ့ လာမခြေပနဲ့... တရုတ်မအများစု မျက်နှာသာ မိတ်ကပ်နဲ့ ချိုင်းမွှေးမရိတ်တာ အဲဒိအစီအစဉ်မှာလှောင်ထားတယ်... ဒါပေမဲ့ တရုတ်မတိုင်း ချိုင်းမွှေးမရိတ်ဘူးလို့ ဘယ်သူမှမပြောဘူး... တခြားလူမျိုးတွေကို ဟာသလုပ်တာတောင် တခြားက ဘာမှမဖြစ်ရဘူး... သူတို့လူမျိုးပြောတော့မှ မခံမရပ်နိုင်တွေထဖြစ်နေတယ်... ပြည်ကြီးမတွေကို ပြောတုန်းကတော့ "ဟုတ်ပ ဟုတ်ပ" ဆိုပြီး သွား ၃၆ချောင်းပေါ်အောင်ဖြီးပြီး လက်ခုတ်တီးနေပြီးတော့များ... (စိတ်ထဲကပြောခြင်း... မြန်မာတွေကိုလဲ အဲဒိအစီအစဉ်ထဲ အပြောမခံရအောင် ဆင်ဆင်ခြင်ခြင် စည်းကမ်းရှိရှိနေစေချင်တယ်... သိပ်သိသာလာလို့ ပြောခံရရင်တော့ ဖားတွေလိုမဖြစ်အောင် အသိလေးကပ်)... သူတို့ဖားတွေလေသံ အမေရိကန်သံပေါက်လားမပေါက်လား ဟိုနေ့က စကာင်္ပူရောက်တာ မကြာသေးတဲ့ သူငယ်ချင်းကို Michelle ရဲ့ Leticia လုပ်တဲ့ ဗွီဒီယို အသံဖွင့်ပြပြီး အဲဒါ သူဘာလူမျိုးအသံနဲ့ပြောတာလဲဆိုတော့ ဖိလစ်ပင်းအသံမှတ်လားတဲ့.... ကဲ ... ရှင်းရော...

The Noose: Leticia



The Noose : Lu Lu (နောက်ဆုံး MBS နားကပုံကတော့ Malaysian တွေကို နောက်တာ)


အင်္ဂလိပ်စကားဆိုတာ ကိုယ့်စကားလဲမဟုတ်ဘူး... သူတို့ကတိုးတက်နေလို့သာ ကမ္ဘာသုံးစကားအဖြစ် ဆက်သွယ်ရေးလွယ်ကူအောင် သတ်မှတ်ထားတာ... အင်္ဂလန်မှာတောင် နယ်ပေါ်မူတည်ပြီး အင်္ဂလိပ်လေသံကွဲကြသေးတယ်... အမေရိကန်မှာလဲ ကွဲတာပဲ... အဓိကက ဆက်သွယ်ရလွယ်ကူဖို့နဲ့ မှန်ကန်ဖို့ပဲ... ဒါကို သူတို့က အမေကန်အင်္ဂလိပ်နဲ့ တူချင်ပြီး သိပ်ဘဝင်မြင့်နေတဲ့ သူတို့ဟာ ကပ်ပါးကောင်တွေလို့ပဲလို့ ကျွန်မထင်မိတယ်... အဲဒါ ဘာကိုပြသလဲဆိုရင် "မပြည့်တဲ့အိုး ဘောင်ဘင်ခတ်" တယ်ဆိုတဲ့ သဘောပဲ...
အွန်လိုင်းမှာ တွေ့တွေ့နေတဲ့ ဘောင်ဘင်ခတ်နေတဲ့ ဖားတွေလို မဖြစ်အောင် သဘောထားကြီးကြီးနဲ့ သတိရှိရမယ်...

အွန်လိုင်းမှာဆွေ့ဆွေ့ခုန်နေတဲ့ ဖားတွေကိုကြည့်ပြီး ကိုယ်က ဘာမဆိုင်ညာမဆိုင် ကိုယ့်ထမင်းကိုယ်စားပြီး အသဲယားမိတော့ မဗေဒါလဲ ကိုယ့်ဒုက္ခကိုယ်ရှာတာပဲ... သိတယ်... ဒီတော့ကိုယ်လဲ ကိုယ့်ဘလော့မှာ ကိုယ့်သဘောထားကိုယ်ရေးတယ်... ကြိုက်သလို သဘောထားကွဲလို့ရတယ်...

Tuesday, January 10, 2012

ကိုယ်လာမည် ဟောင်ကောင်ဆီ...



မဗေဒါတစ်ယောက် ခရစ်စမတ်ပိုစ့်တွေရေးမယ်.. နှစ်သစ်ကူးဆုတောင်းတွေ မဏ္ဍိုင်တွေထားမယ်ဆိုပြီး စိတ်ကူးတွေယဉ် ဓာတ်ပုံတွေလဲ ခရစ်စမတ်မှာရိုက်ဖြစ်တယ်... ဒါပေမဲ့ ပိုစ့်တစ်ပုဒ်မှတက်မလာဘူး...

အကြောင်းကားးးးးးးးးးးးး............

ရှေ့ပိုစ့်မှာရေးခဲ့တဲ့အတိုင်းပဲ အလုပ်သစ်ကထင်မထားပဲ ဘောနက်စ်လေးလဲပေးလိုက်ရော အခြေအနေမပေးလို့ မေ့ပျောက်ထားတဲ့ရောဂါဟောင်းက ထလာတယ်... ခရီးသွားချင်တာလေ... ဒီနှစ်ရဲ့ Trip resolution ထဲမှာ တရုတ်ပြည်မဟာတံတိုင်းကြီးရှိတဲ့ ဘေဂျင်းကိုသွားချင်ခဲ့တယ်... အဲဒိကနေစပြီး ပရိုမိုးရှင်းတွေ လေယာဉ်လက်မှတ်တွေဟိုကြည့်ဒီကြည့်လုပ်ဖြစ်တာ... နောက်တော့ ဘေဂျင်းက ခုချိန်မှာ ရေခဲမှတ်အောက်အေးနေတယ်ကြားတာရော လေယာဉ်လက်မှတ်ကလဲ ဒီလောက်မသက်သာတာရောကြောင့် ဟောင်ကောင်ဖြစ်သွားတယ်...



လေယာဉ်လက်မှတ်...

မထင်မှတ်ပဲ လေယာဉ်လက်မှတ်စစ်လိုက်တော့ အဲဒိကသက်သာနေတယ်... ဒေါ်လာ၃၀၀ အောက်ပဲရှိတယ်...(ရက်ပေါ်မူတည်ပြီးဈေးကွာတယ်... ကိုယ်ကတော့ ဈေးတန်ဆုံးနဲ့ အဆင်ပြေဆုံးဖြစ်မဲ့ရက်ကိုရွေးရတာပေါ့) နောက်တော့ ဘယ်သွားသွားကျောင်းပိတ်ရက်ဆိုရင် လိုက်မယ်ဆိုတဲ့သူငယ်ချင်းကို စိတ်ဝင်စားလားလို့ အဖော်စပ်တော့ သူကရတယ်တဲ့... အသွားတော့ ကီလိုမ၀ယ်ဘူး... အပြန်တော့ ရှော့ပင်းထွက်ဖြစ်ရင်ပါလာမှာဆိုတော့ ကီလို ၂၀ပိုဝယ်လိုက်တယ်...

ဟိုတယ်...

ဒါနဲ့ ၂ယောက်သား ဟိုတယ်တွေစ စုံစမ်းရရော... Tour Package နဲ့သွားရင် ပိုလဲသက်သာတယ် အဆင်လဲပြေတယ်ဆိုပင်မဲ့ မဗေဒါရဲ့ အကြိုက်က ကိုယ့်ဟာကိုယ်သွား ကိုယ့်စိတ်ကြိုက်စီစဉ်ပြီး အဲဒိသွားမဲ့နေရာက လမ်းပန်းဆက်သွယ်ရေး သွားမဲ့နေရာရဲ့နာမည်ကြီးတဲ့နေရာတွေ ဘာကြောင့်နာမည်ကြီးလဲတွေ စတဲ့ ကိုယ်သွားမဲ့နိုင်ငံရဲ့ ဗဟုသုတကို သိရတာကို ပိုကြိုက်တယ်... အဲဒါကြောင့်ပိုက်ဆံနည်းနည်းအကုန်ခံ လူနည်းနည်းအပင်ပန်းခံပြီးလုပ်တာ... မိန်းကလေး ၂ယောက်တည်းသွားမှာဆိုတော့ နေဖို့ကအတော်လေး သတိထားရမယ်... Hostel တွေ Guesthouse တွေရှိတယ်ဆိုတာ သိပင်မဲ့ မနေရဲဘူး... တချို့ဆိုဈေးတော်တော်သက်သာပင်မဲ့ ၆ယောက်တစ်ခန်း မိန်းကလေးဆောင် ယောကျာင်္းလေးဆောင်ခွဲထားပါရဲ့.... ဒါပေမဲ့ မနေချင်ပါဘူး... ၀က်ဆိုဒ်တွေပေါ်မှာတော့ အဖြူတွေကတော့ အဲလိုနေရာတွေကို တော်တော် Recommend ပေးကြတယ်... သူတို့ကတကယ်တော့ Budget သမားတွေ...

နောက်ဆုံး ရှော့ပင်းနဲ့လည်းနီး ဘူတာရုံနဲ့လဲနီး စားသောက်ဆိုင်တွေနဲ့လဲနီး မြို့လယ်ကောင်လဲဖြစ်မဲ့... Tsim Sha Tsui, Kowloon နေရာက ဟိုတယ်ကိုရွေးလိုက်တယ်... ကျွန်မတို့က သွားမဲ့ရက်ထက် ၁လလောက်ကြိုဘွတ်ကင်တင်တော့ ပရိုမိုးရှင်းနည်းနည်းရှိတယ်... ၅ညအိပ် ၆ရက်ခရီးကို တစ်ယောက် စကာင်္ပူဒေါ်လာ ၅၀၀ လောက်နဲ့ရတယ်... (ပျမ်းမှ တညကို စကာင်္ပူဒေါ်လာ ၁၀၀ လောက်ကျတယ်)... ခုကြည့်တာ အခန်းဈေးက ၁ညကို စကာင်္ပူဒေါ်လာ ၁၅၀လောက်ဖြစ်သွားပြီ... ဒါပေမဲ့ ကျွန်မတို့ထက်သက်သက်သာသာနဲ့ရတဲ့သူလဲရှိမှာပါ... ဘွတ်ကင်လုပ်တဲ့ အချိန်နဲ့ ကိုယ်သွားမဲ့နေ့ပေါ်မူတည်ပြီးဈေးတွေက ပြောင်းတယ်...

ဗီဇာ...

မြန်မာပတ်စပိုစ့်ကိုင်ဆောင်ထားပြီး ခရီးသွားကြိုက်တဲ့ ကျွန်မ ဗီဇာယူဖို့လဲ မညှိုးလုံးပါပဲ... မြန်မာတွေတခြားနိုင်ငံကို ခရီးသွားတာ စလုံးတွေထက်ချမ်းသာမှရတာ အပိုကုန်စရာတွေရှိတယ်လေ... ကိုယ်လာမှာကို သိချင်တယ်ဆိုတော့လဲ သွားပြောရတာပေါ့... ဟောင်ကောင်ဗီဇာက တရုတ်ပြည်မကြီးနဲ့ မတူဘူး ဖောင်သက်သက်တင်ရတယ်... ဒါပေမဲ့ ခက်တာက တရုတ်သံရုံးဝက်ဆိုဒ်ပေါ်မှာကြေငြာချက်တစ်ခုတွေ့တယ်... အဲဒါကတော့ တရုတ်ဗီဇာတွေကို အေးဂျင့်ကပဲလျှောက်ခွင့်ပေးတော့မယ်ဆိုတာရယ်... နောက်ကျွန်မကို လန့်ဖြန့်သွားစေတာကတော့ ဟောင်ကောင်ဗီဇာက ၁လကြာမယ်ဆိုတာပါပဲ... ကျွန်မတို့ လေယာဉ်လက်မှတ်တွေ ဟော်တယ်တွေက ၀ယ်ပြီးပြီ refund မရှိဘူး... ၀ယ်တာမှ ဒီဇင်ဘာလလယ်လောက်မှဆိုတော့ ၁လမကျန်တော့ဘူး...

ဖေ့ဘွတ်ပေါ်ကိုယ့်ဒုက္ခတွေတက်အော်တော့ လမ်းပြကြယ်တစ်ယောက်ကိုရှာတွေ့တယ်... သူက ကျွန်မတို့မသွားခင် ရှေ့တစ်ပတ်သွားဖို့စီစဉ်ထားပြီး ဟောင်ကောင်ဗီဇာက တရုတ်သံရုံးမှာသွားလျှောက်လို့ရသေးကြောင်းနဲ့ ၃ရက် ၄ရက်ပဲကြာကြောင်း ပြောတော့မှ စိတ်အေးရတယ်... ဒါတောင် တရုတ်ဆိုတာလဲ ခုတမျိုးတော်ကြာတစ်မျိုးဆိုတော့ လန့်နေရတယ်...

ဒါနဲ့လိုအပ်တဲ့စာရွက်စာတမ်းတွေလုပ်ရတော့တာပဲ...
အွန်လိုင်းက ဒေါင်းလုပ်လုပ်လို့ရတဲ့ ဗီဇာဖောင်ဖြည့်ရန်
ပတ်စပိုစ့် မူရင်း မိတ္တူ (အနည်းဆုံး ၆လ သက်တမ်းရှိရန်လို)
ပတ်စပိုစ့် ဓာတ်ပုံ ၁ပုံ
ဟိုတယ် ဘွတ်ကင်
လေယာဉ်ပျံ ဘွတ်ကင်
ဘဏ် statement(သို့)ဘဏ်စာအုပ် ၃လစာမိတ္တူ
ကုမ္ဗဏီ ခွင့်စာ
(၀က်ဆိုဒ်ပေါ်မှာတော့ payslip ၃လစာပြရမယ်ဆိုပြီး တကယ်သွားတော့ မလိုဘူးတဲ့)
အထူးသတိပြုရန် ပီအာသက်တမ်းတိုးထားတဲ့သူများ Re-entry permit ယူသွားရန်... မဗေဒါမပါသွားလို့ ၂ခေါက်သွားလိုက်ရတယ်...

ရုံးက မနက် ၉နာရီကနေ ၁၁ခွဲထိပဲ ဗီဇာလက်ခံတယ်... ညနေပိုင်းဘာလုပ်လဲမသိ... ပြန်ယူတော့လဲ အဲဒိအချိန်ပဲ... သွားလျှောက်တဲ့နေ့ သူငယ်ချင်း ၂ယောက်လုံး ဆေးခွင့်ယူရတယ်... သူက အင်္ဂါနေ့တင်ပြီး ထူးစမ်းစွာပဲ ၃၁ရက် ဒီဇင်ဘာ စနေနေ့မနက်ပြန်ရတယ်... ကျွန်မက စနေနေ့မှ တင်ရတယ်... နောက်အပတ်စနေပြန်လာယူမယ်ပေါ့... သူက စနေဖွင့်တယ်မှတ်လို့... မဖွင့်ဘူးတဲ့ နောက်အပတ် သောကြာင်္ ၆ရက် ဇန်န၀ါရီလာယူတဲ့... ဒါနဲ့ နင်တို့ဒီနေ့ စနေနေ့တောင်ဖွင့်တာ နောက်အပတ်စနေမဖွင့်ဘူးလားဆိုတော့... မဖွင့်ဘူးတဲ့... ဒါဆို ဒီနေ့ဘာလို့ဖွင့်တာလဲဆိုတော့ အူကြောင်ကြောင်နဲ့ ဘာတွေပြန်ပြောမှန်းမသိဘူး...


နောက်သတိပြုရမှာကတော့ ဟောင်ကောင်က မကာအိုနဲ့နီးတော့ နေ့ချင်းပြန်သွားလို့ရတယ်... ဒါပေမဲ့ မကာအိုကလဲ သူ့စနစ်နဲ့သူဆိုတော့ ဗီဇာသီးသန့်လိုတယ်... ကောင်းတာက မကာအိုဗီဇာက အဲဒိကိုရောက်မှ အ၀င်မှာလျှောက်လို့ရတဲ့ Visa on arrival ဆိုတာရှိတယ်... မကာအို ပိုက်ဆံ ၁၀၀ (စကာင်္ပူ ဒေါ်လာ ၁၆)လောက်ပဲကျတယ်... သို့သော် ဟောင်ကောင်ကနေ မကာအိုကို ၁ရက်ခရီး ထွက်လိုက်ပြီးမှ ကိုယ်က ဟောင်ကောင်ကို ပြန်ဝင်မှာဆိုတော့ single entry visa လျှောက်လို့မရဘူး... Double visa လျှောက်ရမယ်ထင်တယ်ဆိုပြီး သံရုံးကလူကိုမေးတော့ ထင်တဲ့အတိုင်းပဲ Double visa လျှောက်ရမယ်တဲ့... ဗီဇာကြေးက စကာင်္ပူ ဒေါ်လာ ၅၀ ကျတယ်...

ဒီလိုနဲ့ ဗီဇာလဲရ... ဟိုတယ်လဲ သေချာ... လေယာဉ်လဲ ကွန်ဖန်းဆိုတော့မှ...

ဟောင်ကောင်က H5N1 BIRD FLU ဖြစ်လို့တဲ့... သူများသွားမယ်ဆိုပြီး ဟိုတယ်တွေ လေယာဉ်တွေအားလုံးစီစဉ်ပြီးမှ အဲဒါကထဖြစ်တယ်... ဒါပေမဲ့လဲ အရမ်း serious တော့မဟုတ်တာကတစ်ကြောင်း ဟိုရောက်ရင် အစားအသောက်ဆင်ခြင်ပြီး သန့်သန့်ရှင်းရှင်းနေဖို့ ဆုံးဖြတ်တာကတစ်ကြောင်း ဆေးမျက်နှာဖုံးလေးတွေယူသွားပြီး အုပ်ဖို့စဉ်းစားတာက တစ်ကြောင်းနဲ့ သွားတာကတော့ သွားမှာပါပဲ....


ခုတော့ ဟောင်ကောင်အကြောင်း စုဆောင်း ရထားလမ်းမြေပုံလဲ ဒေါင်းပြီး Print ပြီး... ဟောင်ကောင်မြေပုံလဲ Print ပြီး... ကိုယ်သွားချင်တဲ့နေရာတွေကတော့ ရှာလေတွေ့လေမို့ ဗျာများနေတုန်းပဲ ဘယ်သွားရမလဲဆိုတာ... သေချာတာတော့ မကာအိုက ၁ရက် ဘုရားကြီး (giant Buddha)ရှိတဲ့ ကျွန်းနဲ့ အနီးတ၀ိုက်က တစ်ရက်ပဲ... ဒါတောင် ၅ညအိပ် ၆ရက်ခရီးမို့အချိန်နည်းနည်းရလို့တော်သေး...

ဟောင်ကောင် Tourist Attraction
ဒီလိုဒီလိုတွေကြောင့် မဗေဒါတစ်ယောက် ခရစ်စမတ်မှာလဲ ခရီးသွားဖို့ ရှော့ပင်းထွက်.. နယူးရီးယားလဲ ရှော့ပင်းထွက်... ဟိုရောက်ရင်လဲ ရှော့ပင်းထွက်အုံးမှာကိုပဲ... ခု ဘာရယ်ညာရယ်မဟုတ် ရှော့ပင်းထွက်ကောင်းတာ ခရီးသွားဖို့ဆိုပြီး ၀ယ်လိုက်တာ ဖိနပ်အသစ် ၃ရံဖြစ်သွားတယ်... အိမ်မှာအစတည်းကရှိတဲ့ ဘုရှ်ကြီးကိုလဲ ယူသွားချင်သေးတယ်... လေယာဉ်ကဖြင့်ရတဲ့ ကီလိုက အသွားမှာ ၁၀ကီလိုပဲ... ခုတော့ စိတ်နာနာနဲ့ တချို့ကို ထားခဲ့မယ်...

ရတဲ့ဘောနက်စ်ကတော်တော် သုံးလိုက်တာက များများ ဘောနက်စ်မရခဲ့ရင်တောင် ဒီလောက်သုံးဖြစ်မှာမဟုတ်ဘူး... ဒါပေမဲ့လဲ သွားမဲ့သွားတော့ အတွေ့အကြုံတွေကို အပြည့်ခံစားရအောင် ကိုယ်လာခဲ့မည် ဟောင်ကောင်ဆီ.............