Showing posts with label ၀တၳဳတို. Show all posts
Showing posts with label ၀တၳဳတို. Show all posts

Wednesday, February 12, 2025

၂၀၂၄ My Recommended K-dramas list

2024 မှာ ကိုယ့်စာရင်းရှိ ကြည့်ဖြစ်တဲ့ ကိုရီးယားဇာတ်လမ်းတွဲ စုစုပေါင်း ၃၂ ကားရှိတယ်။ အရင်တစ်ခေါက်က ကိုယ်သိပ်မကြိုက်လို့ မပြီးတဲ့ကားတွေအကြောင်း​ရေးပြီးပြီဆိုတော့ ဒီတစ်ခေါက် ကိုယ်ကြည့်ဖြစ်တဲ့ကား ၃၂ ကားထဲက ကိုယ် recommend ပေးချင်တဲ့ ကား ၁၂ ကားကို ကိုယ်အကြိုက်ဆုံးကနေ စပြီး ranking လုပ်ထားတယ်။ ဒီ list ထဲမှာ မပါတဲ့ ကားကောင်းတွေရှိကောင်းရှိမယ်။ ဒါက ကိုယ်ကြည့်ခဲ့တဲ့ ကားတွေထဲကပဲ personal list မို့လို့။



1. A shop for Killers 

ဦးလေး Lee Dong Wook က အရမ်း cool. ဇာတ်လမ်းက ဟုတ်သော်ရှိ မဟုတ်သော်ရှိ Action full pack. ကောင်မလေးကလဲ သရုပ်ဆောင်ကောင်းချစ်ဖို့ကောင်း။ ၁၉၉၀ ခုနှစ်တွေက အက်ရှင်ကားတွေ ကြည့်ရသလိုခံစားချက်မျိုးရတယ်။ အပိုင်းအကုန် တထိုင်တည်းကြည့်ခဲ့တယ်။ Season 2 လာမဲ့ပုံရှိလို့ မျှော်နေပြီ။

2.  Blackout

တစ်ရွာလုံးနဲ့တစ်ယောက် ကိုယ်မှန်နေရင် ဆက်သာလျှောက်ပဲ။ အနာဂတ်အတွက် အညွန့်တလူလူတက်နေတဲ့ အထက်တန်းကျောင်းသားအရွယ်မှာတင် လူ Tတ်မှုနဲ့ မတရားစွပ်စွဲခံပြီး မိသားစုပျက် ထောင်ကျခဲ့တဲ့ Jung Woo တစ်ယောက် ထောင်ကလွတ်လာတဲ့အခါ အမှန်တရားကို ပြန်လည်ဖော်ထုတ်စဉ် ဝမ်းနည်းရင်နင့်ဖွယ် သစ္စာဖောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရ။ Byun Yo Han ရဲ့ မပ်ုမလို သဘာဝကျကျသရုပ်ဆောင်ချက်တွေ၊ စုံထောက်လုပ်တဲ့မင်းသားနဲ့ Bromance တွေက ပရိတ်သတ်ကြား BL fantasy တွေ ဖြစ်စေခဲ့သေးတယ်။ စလယ်ဆုံး ကောင်းတဲ့ကားလေး။

3. Highschool return of Gangster

ဒီကားကို ဘာလို့ လူပြောသိပ်မများလဲ မသိဘူး။ သူက ၂၀၂၄ ဖေဖော်ဝါရီလကထွက်တာ။ 47 နှစ်အရွယ် Gangster က သူ့ဘဝရဲ့ဆန္ဒဖြစ်တဲ့ တက္ကသိုလ်ကို ပြန်တက်ဖို့လုပ်နေချိန်မှာ မထင်မှတ်ပဲ အနိုင်ကျင့်ခံရတဲ့ အထက်တန်းကျောင်းသားလေး တံတားပေါ်က ခုန်ချ တာကို ကယ်တင်ရင်း သူ့ဝိဉာဏ်က အဲ့ကလေးကိုယ်ထဲဝင်သွားရော။ သူက BL ဝတ္ထုကို ပြန်ရိုက်တာလို့ကြားတယ်။ ဒီကားမှာတော့ friendship and bromance ပြောင်းလိုက်တာပေါ့နော်။ All of us are dead ကားထဲကမင်းသား Yoon Chan Yong နဲ့ နောက်မင်းသားငယ်ချောလေး Bong Jae Hyun တို့ ခေါင်းဆောင်ပါဝင်သရုပ်ဆောင်ထားတယ်။ ဇာတ်လမ်း flow က ဘယ်လိုသွားမယ်မှန်းလို့ရပေမဲ့ Yoon Chan Yong သရုပ်ဆောင်ကောင်းတာကို ဒီကားမှာ တော်တော်သိသိသာသာ မြင်ရတယ်။ 

4. My Dearest 2

ဒီကားကို ၂၀၂၃ နိုဝင်ဘာမှ လွှင့်ခဲ့ပေမဲ့ ကိုယ်ကြည့်ဖြစ်တာ ၂၀၂၄ နှစ်စပိုင်းထဲမှာမို့ ၂၀၂၄ ထဲ ထည့်လိုက်တာ။ ငယ်ငယ်က အဆွေးကားတွေ စိတ်ညစ်လို့ မကြိုက်သလောက် အခုနောက်ပိုင်းဆို စို့စို့နစ်နစ် တမ်းတမက်မော ခက်ခက်ခဲခဲ ခံစားရတဲ့ကားတွေက ရင်ထဲမှာကြည့်ပြီး ၂ ရက် ၃ ရက် တစ်ချို့ဆို ၁ ပတ်လောက် စွဲကျန်နေလို့ ကြည့်ရတာတန်တယ်ကွာ။ ဒီကားက part 1 ရော part 2 ရော အဲ့လိုခံစားချက်ကိုပေးတယ်။ 2024 Beaksang award မှာ Best drama ဆုရခဲ့တဲ့ကားလေးပါ။

5. No Gain No love

ကိုယ်ဒီကားကို စကြည့်တုန်းက ဘာမျှော်လင့်ချက်မှ မရှိပဲ ဒီတိုင်းဖွင့်ကြည့်လိုက်တာ။ အဲ့အချိန် ကိုယ်မျှော်လင့်ထားတဲ့ Love next door က disappointed ဖြစ်သွားတော့ ဘာမှတောင် ကြည့်ချင်စိတ်မရှိဖြစ်နေတာ ဒီကားကြည့်ပြီး မု ပြန်ဝင်လာတာ။ ဒီကားမှာ ကိုယ့်ကို မျက်ရည်ကျစေတဲ့ connection dynamic လေးက မင်းသား၊မင်းသမီးဇာတ်လမ်း မဟုတ်ဘူး၊ ဒုတိယအတွဲဇာတ်လမ်းလဲ မဟုတ်ဘူး။ မင်းသမီးနဲ့ ဒုတိယမင်းသမီးကြားက connection လေး... မိဘမဲ့ကလေးတွေရဲ့ ခံစားချက်နဲ့ မိဘမဲ့ကလေးတွေကို စောင့်လျှောက်နေတဲ့ မိခင်အရင်းရဲ့မေတ္တာငတ်ခဲ့ရတဲ့ မင်းသမီးရဲ့ ခံစားချက်လေးကို ပြတာ မျက်နှာရိပ်မျက်နှာကဲ၊ သိမ်ငယ်မှု၊ စသဖြင့် သူတို့အခန်းဆို ကိုယ်က ၂ ယောက်လုံးအတွက် Empathy ဖြစ်မိပြီး ငိုမိတယ်။ မင်းသားနဲ့ မင်းသမီးမှာလဲ အဲ့လို connection မျိုးရှိပေမဲ့ အနည်းဆုံး မင်းသားရဲ့ Guilt က ဟိုကောင်မလေးလောက် မကြီးဘူးလေ။ It's a beautiful connection. That's why I like it.

6. The Trunk

ဒီကားက ကြိုက်တဲ့သူနဲ့ ဘာကြီးမှန်းမသိဘူးဆိုပြီးလုံးဝ မကြိုက်တဲ့ သူ ၂မျိုးပဲရှိတယ်။ ကြားနေသိပ်မရှိဘူး။ ကိုယ်က ကြိုက်တဲ့အထဲပါတယ်။ အသေးစိတ်မရေးတော့ဘူး ကြည့်ကြည့်လိုက်ပြီး အမြင်လေးလာပြော။

7. What comes after Love

ဂျပန်ကြီးရဲ့ အပြုံးတွေမှာ ရှုမော၊ ပါးချိုင့်ကြီးထဲ လက်ပစ်ကူးပြီး ပထမ ၂ ပိုင်းမှာ အပျိုဘော်ဝင်စ မိန်ူကလေးလို့ သွားကြီးဖြဲပြီး ကြည်နူးမှုတွေပေးပြီး နောက်ပိုင်းတွေကျ ဆွေးကွာဆိုပြီး မျက်လုံးရွဲကြီးတွေနဲ့ မခို့မရို့ကြည့်တတ်သူကြီး။ အဲ့ကားပြီးတော့ ကိုယ်တွေတော်တော်များများ နီဟွန်းပြည်ကြီးဘက် ခဏလောက် ဟန်းနီးမွန်းတွေထွက်ဖြစ်ကြသေးတာ။ အချစ်ကားကွာ။ ဆက်မပြောတော့ဘူး။ မင်းသားနဲ့တင် တန်ပါတယ်။

8. Squid Game 2

ဒါကတော့ ထွေထူးပြောမနေတော့ဘူး တစ်ကမ္ဘာလုံးပြောနေကြတာဆိုတော့... ကောင်းတယ်ကွာ။ ထုံးစံအတိုင်း Brutal တော့ဖြစ်တာပေါ့။ Season 3 က ချန်သေးတာ။ တန်းလန်းကြီးနော်...

9. Good Partner

ကိုယ်က အဆုံးထိ မကြည့်ရသေးပေမဲ့ ကောင်းမှန်ူသိတယ်ကွာ။ အချိန်မရတာနဲ့ ကြည့်လက်စကားတွေ ဖြတ်ပြီးမှ ဆက်ကြည့်မယ်နဲ့ မကြည့်ဖြစ်လို့။

10. When the phone Ring

သူက အဆုံးပိုင်း ၂ပိုင်းလောက်မှာ နည်းနည်း ပျင်းလာသလိုခံစားရပေမဲ့ Overall တော့ မဆိုးပါဘူး။ အစ၊ အလယ်၊ အဆုံး စောင့်ကြည့်တာတောင် အပြီးထိကြည့်ဖြစ်ခဲ့တယ်ဆိုတော့။

11. Marry My Husband

သူက ၂၀၂၄ ဖေဖော်ဝါရီကထွက်တာ။ သူ့ဟာနဲ့သူကြည့်လို့ကောင်းတယ်။ အဆုံးမှာ စိတ်ပုတ်မဇာတ်ကောင်က ထောင်ထဲရောက်တဲ့အထိတောင် ပန်းနုသွေးပြီးမပြောင်းမလဲ သူ့ဇာတ်ကောင်အတိုင်း Delulu ဖြစ်နေသေးတာကိုပြသွားတာကို သဘောကျမိလို့ အခုလို top 11 ထဲ ထည့်လိုက်တာ။

12. My Happy Ending

တစ်ကားလုံး Jang Na Ra လို အသက်ရှုတွေကျပ် ဟိုလူ့လိုက် သံသယဖြစ် ဒီလူ့လိုက်သံသယဖြစ်၊ ရင်တွေကွဲ၊ မျက်ရည်တွေပေါက်ပေါက်ကျ ဒါပေမဲ့ Happy Ending လေးကြည့်ချင်ရင် ဒီကားကြည့်နော်။ ကိုယ်ဆို ဒီလိုကားမျိုး PMS ဖြစ်နေတဲ့အချိန်ကြည့်ပြီး သူနဲ့အတူ လိုက်ငိုပြီး stress ပြေသွားလို့ အိမ်ကလူတွေလိုက် ပြဿနာမရှာဖြစ်တော့ဘူး။ 🤣... ဒီကားကိုတော့ တခြားလူတွေ မကြိုက်ရင်လဲ မကြိုက်ကြလောက်ဘူး။ မဗေဒါရဲ့ recommended list ထဲပါလို့ agree မလုပ်တဲ့သူတွေလဲ ရှိမယ်။ ဒါပေမဲ့ ကိုယ့်အတွက်ကျတော့ ဇာတ်ကောင်တစ်ယောက်ချင်းစီကို ပရိသတ်တွေက အပစ်ရှိမရှိ Judge ကြတာ မတူကြဘူး။ ကွန်မန့်တွေမှာ ဆွေးနွေးကြတာတွေ ဖတ်ရတာ အရမ်းပျော်ဖို့ကောင်း။ ကိုယ်သဘောတူတာရှိသလို သဘောမတူတာလဲရှိ။ ကိုယ်လဲ ကိုယ့်အမြင်ရေးချင်အောင် လှုံ့ဆော်နိုင်တယ်။ ဘာလို့မရေးလဲဆိုတော့ ပွဲမဖြစ်ချင်လို့။ ပြီးတော့ တချို့ တောသူမ/သား တွေကို ကိုယ့်အမြင်ကို သဘောမတူရင်တောင် နားလည်အောင် ထောင့်စုံအောင်ရေးရရင် ၁၀၀၁ညပုံပြင်လိုရေးနေရမှာစိုးလို့ မရေးတော့တာ။ အခုတော့ မေ့သွားပြီ။ ပြောရရင်တော့ ဒီကားကို ဘာလို့ကြိုက်လဲဆိုရင် သူ့ယောကျ်ားလုပ်ရက်က မှန်၏ မမှန်၏ သနား၏ မသနား၏ ဆိုတာကို မတူတဲ့ ဆွေးနွေးမှုတွေပေးလို့ ကြိုက်တယ်။

2024 မှာ တခြား ကားကောင်းတွေလဲ ထွက်ပါတယ်။ ကိုယ်လွတ်သွားတာတွေလဲ ရှိတဲ့အထဲက ကြည့်ဖို့မှတ်ထားသေးတဲ့ ကားတွေလဲ ရှိတယ်။ Born to be star တို့၊ lightshop၊ Brewing Love တို့ဆို ကြည့်ဖို့ အိမ်စာတွေမှတ်ထားတယ်။ Judge from Hell လဲ ကြည့်ပျော်ပါတယ်။ ကြည့်နေတာ တန်းလန်းဖြစ်နေလို့။ 

ဤတွင် ၂၀၂၄ k dramas recommendation list ပြီးပါပြီ။

#ကြိုက်သလိုသဘောထားကွဲလွဲနိုင်ပါတယ်
#2024RecommendedKdramas

Tuesday, February 24, 2015

ကျွန်မရဲ့ MidSummer Night Dream

“ဟယ်… တော်လိုက်တာ… ဟင်းချက်တတ်တယ်ဆိုတော့… ငါတော့ သိပ်မချက်တတ်ဘူး”…

နောက်ရင်းပြောင်ရင်း ပြောပြောဆိုဆို ကျွန်မ သူ့ပါးကို ကလေးတစ်ယောက်ကို ချီးမြှောက်သည့် ပုံစံ လက်ဝါးဖြင့် လှမ်းပွတ်လိုက်သည်။

သူငယ်ချင်းတွေ စကားဝိုင်းပြောနေတုန်း သူက ဟင်းချက်တတ်သည်ဟု ပြောလိုက်သောကြောင့် ကလေးတစ်ယောက်ကို လိမ္မာသည်ဟု ပြောသည့် ပုံစံမျိုးဖြင့် နောက်လိုက်ခြင်းဖြစ်သည်။
ရုတ်တရက် ရီမောနေရင်းမှ သူမျက်နှာ ခပ်ပြုံးပြုံးဖြင့် ကျွန်မလက်ဝါးဘက် မျက်နှာအသာစောင်းလိုက်သဖြင့် နမ်း လုဆဲဆဲ အခြေအနေဖြစ်သွားသောကြောင့် ကျွန်မရှက်ရှက်ဖြင့် လက်ကို ပြန်ရုပ် မလိုအလုပ်တွင် သူက ကျွန်မလက်ကို ညင်သာစွာ စုတ်ကိုင်လျက် ကျွန်မ မျက်လုံးအစုံကို အကြည့်ရဲရဲများဖြင့် စိုက်ကြည့်ကြည့်ကာ…

“I will cook for you” တဲ့…

သူ ကျွန်မကို ချစ်တယ်ဆိုတာ သူ့မျက်လုံးတွေမှ တဆင့် အကြွင်းမဲ့ ယုံနေမိသည်။ ယုံနေတယ်ဆိုလို့ တုံး အ လိုက်တဲ့ မိန်းမ သူ့လိုလူက နင့်ကို အတည်ကြိုက်ပါ့မလားလို့ တနင့်တပိုးပြောကောင်းပြောကြလိမ့်မည်။ ဘယ်သူ့ကို ချစ်ချစ် ဖောက်ပြန်မည့်သူက ဖောက်ပြန်မည်ပင်။ ရုပ်ဆိုးသူဖြစ်စေ ရုပ်ချောသူဖြစ်စေ ချမ်းသာသူဖြစ်စေ မပြေလည်သူဖြစ်စေ ကိုယ့်ကို မချစ်လို့ ထားသွားမည်ဆိုလျှင် ကြိုးချည် ခေါ်ထားလို့မရချေ။ အဲ့ဒိအတွက် ဘယ်သူ့ကို ချစ်ချစ် ကိုယ်ရပ်တည်မှုအတွက် စိတ်ကို ပြင်ဆင်ထားရမည်ပင်။ ရုပ်ချောသူ၊ ချမ်းသာသူကတော့ သူကမပတ်သတ်ချင်လဲ လာပတ်သတ်ကြမည့်သူများသဖြင့် ဖောက်ပြန်ဖို့အတွက် အလားအလာပိုများသူဟုသာ ယူဆလို့ ရပေမည်။

ထို့အတွက် သူ့လိုလူ ကျွန်မကို ချစ်သဖြင့်လဲ ကိုယ့်ကိုကိုယ် သိမ်ငယ်မည်မဟုတ်။ အချစ်ဆိုတာ ရုပ်ချောချော ရုပ်ဆိုးဆိုး ဘယ်လောက်နာမည်ကြီးကြီး ကာယကံရှင်က ကိုယ့်ကို ချစ်နေသည်ဆိုလျှင် ကိုယ်က အချစ်ခံထိုက်သူမို့ပင်ဟု ယူဆသည်။

ထိုသို့ အတွေးတွေ လွန်နေချိန် ကျွန်မလက်ကို အမြန်ပြန်ရုပ်သိမ်းလိုက်သည်။ သူ့လို ရုပ်ရှင်မင်းသားတစ်ယောက်က ကျွန်မလို သာမာန်မိန်းကလေးတစ်ယောက်ကို ချစ်နေတာ တခြားသူတွေသိလျှင် မနာလိုစိတ်ဖြင့် ကျွန်မကို ၀ိုင်းမုန်းကြလိမ့်မည်။ ရုပ်ရှင်မင်းသား၏ ချစ်သူမို့ သူ့အောင်မြင်မှုအတွက် တိတ်တိတ်လေး နေပေးသည့် ချစ်သူတော့ ကျွန်မ မဟုတ်။ အလကားနေ အရေပြားတစ်ထောက်စာသာကြည့်ပြီး ဆုံးဖြတ်တတ်တဲ့ လူ့သဘာဝကြောင့် “ဟယ် ကောင်လေးက ချောပြီး ကောင်မလေးက ရုပ်ဆိုးတယ်တော့” ဆိုတာမျိုးတွေ။ ကိုယ့်ကို သူတို့ စိတ်ထဲက မနာလိုတာကို ဝန်မခံပဲ ဘလိုင်းကြီး အမြင်ကပ်ပုဒ်မ အတပ်ခံကာ အသိုင်းအဝိုင်းတွင် သူ့ချစ်သူဖြစ်မိ၍ ဂျေကြည့်ကြည့်ခံရ ဆက်ဆံခံရမည့် ကယိကထက ကျွန်မအတွက် အလွန်မှ စိတ်ရှုပ်ဖို့ကောင်းသဖြင့် သူချစ်နေမှန်း ကျွန်မကသိသော်လည်း၊ ကျွန်မက သူ့ကို ချစ်မှန်း သူသိသော်လည်း လူသိရှင်ကြားတွဲဖို့အတွက်တော့ ကျွန်မ အဆင်သင့်မဖြစ်သေးပါ။ အတ္တကြီးတယ်ဆိုချင်ဆို … လူတစ်ယောက်ကို မှန်မှန်ကန်ကန်ချစ်တတ်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ်အရင်ဆုံးချစ်တတ်ဖို့ လိုတယ်လို့ ကျွန်မယူဆတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် မချစ်တတ် တန်ဖိုးမထားတတ်လျှင် တဖတ်လူကလဲ ကိုယ့်အပေါ် တန်ဖိုးထားမှု စိတ်ဝင်စားမှုလျော့နည်းလာပေလိမ့်မည်။

မျက်လုံးဖြင့် အရိပ်အကဲပြကာ သူငယ်ချင်းတွေရှေ့ ရဲတင်းတဲ့ သူ့အပြုအမူအတွက် ကျွန်မ မျက်စောင်းတစ်ချက်ထိုးလိုက်သည်။ သူနဲ့ ကျွန်မ တစ်ယောက်နဲ့ တစ်ယောက် ခုလို ချစ်နေကြတာကိုမဆိုထားနှင့် သူက တခြားမိန်းကလေးတွေထက် ကျွန်မကို ခုလို ထူးကဲဆက်ဆံလိုက်ရင်တောင် သူငယ်ချင်းအမည်ခံ အုပ်စုတွင်းမှ တခြားမိန်းကလေးများကပင် ကျွန်မကို ၀ိုင်း ကျင် ခံထားရဖို့မြင်နေသည်။ သူတို့မရနိုင်ပေမဲ့ မနာလိုစိတ်ဆိုတာကလဲ အဆန်းသားလား။ တခြားတခြားသော အတွဲလေးများကဲ့သို့ ယောကျာင်္းလေးနှင့် မိန်းကလေး ချစ်သည်ကိုပင် ယောကျာင်္းလေးနှင့် မိန်းကလေးဟု ပုံမှန်ကဲ့သို့ ယူဆခံရမည်မဟုတ်။ “ရုပ်ရှင်မင်းသားကို မတန်မရာ မှန်းတဲ့ ရုပ်ဆိုးမ” (သာမာန်ရုပ်ရည်ရှိပေမဲ့ ရုပ်ဆိုးမ နာမည်အတပ်ခံရအုံးမည်)။ “ကြည့်ပါ ဟိုက မော်ဒယ်အလန်းတွေနောက်ပါသွားမှ ဒူးနဲ့ မျက်ရည်သုတ်နေရလိမ့်မည်” ဟု ပြောသောစကားများကိုကြားလျှင် ပြန်ရန်မတွေ့ မစွာပဲ ကျွန်မနေနိုင်မည်မဟုတ်ပါ။ ထို့အတွက် ကျွန်မဘက်မှစကာ သူနဲ့ အကြောင်းကို မည်သူ့ကိုမှ မပြောပြချင်ခဲ့ခြင်းဖြစ်သည်။

သူများမမြင်အောင် မျက်လုံးပြုး မျက်စောင်းမသိမသာထိုးလိုက်တော့ သူက ရယ်နေသည်။ ဘာပဲပြောပြော သူချက်ကျွေးမည့် ဟင်းက ကျွန်မအတွက်ချည်း ရည်စူးသည်မဟုတ်ပါလား…


~~~~~~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~~~~

တီ တီ တီ

အိပ်မက်မှန်းသိပေမဲ့လဲ ကျွန်မ မထချင်ပါ။ သံပတ်သံမှန်းသိပေမဲ့လဲ ဆက်ပြီး အိပ်ချင်နေသေးသည်။
အိပ်ချင်ဆို ညက Lee Jong Suk နဲ့ Park Shin Hye ကား Pinocchio ကြည့်တာ ၂နာရီခွဲမှ အိပ်ယာဝင်ခဲ့သည်ကိုး။

“ဟင့်… မထချင်ဘူးကွာ… Lee Jong Suk ဟင်းချက်ကျွေးတာလေးတော့ စားချင်သေးတာ… သံပတ်ကလဲ ကောင်းခန်းဆို အမြဲမည်ပြီ…. ကတောက်!”

ဒါပေမဲ့လဲ ဘေးက ကိုယ့် Mr. Right က သံပတ်သံကြောင့် အနှောင့်အယှက်ဖြစ်မှာစိုးလို့ အမြန်ထပိတ်ရသည်။ Lee Jong Suk က နောက်။ ကိုယ့် Mr.Right က အရင်လေ။ ညကလဲ သူအိပ်သည်အထိ အခန်းမီးမပိတ်ပဲ တော်တော်ကြာ ရုပ်ရှင်ထိုင်ကြည့်နေမိသည်လေ။ Lee Jong Suk နဲ့ ဘယ်လိုက ဘယ်လို မရည်ရွယ်ပဲ ရုပ်ရှင်တွေပဲ စိတ်စွဲပြီး အိပ်မက်ထဲ ချစ်သူဖြစ်သွားတဲ့အတွက် ယောကျာင်္ကို အားနာပါတယ်။ ဒါပေမဲ့ အိပ်ခါနီး သွားတိုက်၊ မျက်နှာသစ်ဖို့ ကြောက်လို့ လိုက်စောင့်ဖို့ သူ့ကို နှိုးတာ ထ ထိုင်ပြီး ပြန်အိပ်သွားလို့ တအိမ်လုံးမီးတွေဖွင့်ပြီး ညက တစ်ယောက်တည်း နောက်ဖေးပြေးသွားခဲ့ရတာ အမှတ်ရသွားတော့ မတတ်နိုင်ဘူး အိပ်မက်ဆိုတာ ကိုယ်က Control လို့ရတာမှ မဟုတ်တာ။ (Control လို့ရရင် Lee Jong Suk ဟင်းချက်ကျွေးတဲ့အထိ ဆက်မက်မှာပေါ့… ဟီး)…

ဒါပေမဲ့လဲ Lee Jong Suk နဲ့ အိပ်မက်ထဲ ချစ်သူဖြစ်ရသဖြင့် နိုးလာတော့ Mr. Right အတွက် အပြစ်ရှိသလိုခံစားရသည်။ သို့သော် အိပ်မက်ကို စဉ်းစားလိုက်တော့ မပြုံးပဲ မနေနိုင်။

“နင် အိပ်ယာကနိုးကတည်းက ပြုံးပြုံး ပြုံးပြုံးနဲ့ပါလား”

သူကမေးလာတော့လဲ ဘာမဟုတ်တာအတွက် လိမ်မဲ့အထဲတော့ ကိုယ်မပါ။ ဒီတော့လဲ ပြောပြလိုက်သည်။ Mr.Right က ဂျေတော့ နည်းနည်ဝင်သွားပြီး စိတ်ဆိုးတဲ့ပုံ လုပ်ကာ …

“သွား… သွား… အဲ့ ကိုရီးယားမင်းသားတွေပဲ ကြိုက်တော့”

အဲ့လို ဘာမဟုတ်တာ မဖြစ်နိုင်တာလေးကို သူနည်းနည်းသဝန်တိုလျှင် သဘောကျသည်။ ကျွန်မက ပြန်ရှင်းပြ အယူခံဝင်လျှင် သူခွင့်လွှတ်မြဲပင် မဟုတ်ပါလား။

“ဒီအပတ် အလုပ်ပိတ်ရင် ငါ့ကို ဟင့်ချက်ကျွေးနော်”…

“ကိုရီးယားမင်းသားနေရာ လာအစားထိုးတာလား? မချက်ကျွေးဘူး”

“အိပ်မက်ဆိုတာ မသိစိတ်ကဖြစ်နေတာ။ ကိုယ့်ချစ်သူ ဟင်းချက်ကျွေးတာစားချင်နေလို့ မက်တာဖြစ်မယ်။ ညက မအိပ်ခင် အဲ့မင်းသားကားကြည့်လိုက်လို့ အိပ်မက်ထဲ အဲ့မင်းသားဖြစ်သွားတာ။ ကိုရီးယားမင်းသားနေရာ အစားထိုးတာမဟုတ်ဘူး။ ကိုရီးယားမင်းသားကို မသိစိတ်က အစားထိုးသွားတာ”…

ပြောပြောဆိုဆို ကျွန်မ သူ့လက်ကို ချိတ်ကာ အိပ်ရေးမဝသော်လည်း စိတ်လက်ကြည်လင် ပျော်ရွှင်စွာ အလုပ်ကို ထွက်ခဲ့လေသည်။
စိတ်ထဲမတော့ အဲလို့ အိပ်မက်မက်တာ အပြစ်ရှိသလား မသေချာ။

~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~~~

Wednesday, May 19, 2010

ငဂျစ်လေးရဲ့ ပုံပြင်...

ကျူပ်နာမည်က ငဂျစ်... ငဂျစ်ဆိုတဲ့ နာမည်ကို ကျုပ်က ကြိုက်လှတယ်တော့ မဟုတ်ဘူး... ဒါပေမဲ့ လူကြီးတွေက ကျုပ်ကို ဂျစ်ကန်ကန်လို့ သတ်မှတ်လို့ ငဂျစ်လို့ သူတို့က ခေါ်ကြတာပေါ့...

ဒါပေမဲ့ ဗျာ... ကျုပ်ကို ဂျစ်ကန်ကန်ဖြစ်လာအောင် တွန်းပို့နေကြတာလဲ သူတို့ပဲလေ... ငယ်ငယ်က ကလေးပီပီ ဟိုအရုပ်လေးလိုချင်တယ်.. ဒီ ပွဲဈေးလေးသွားချင်တယ်... လူကြီးတွေကို တောင်းမိတယ်... ဒါမှ မရရင် တဆင့်တိုးပြီး ငိုယိုတောင်းမိတယ်... ဒီအခါမှလူကြီးတွေက သူတို့ မလုပ်ပေးချင်ရင် ပဲဖြစ်ဖြစ်... မလုပ်ပေးနိုင်ရင် ပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်းမပြောဘူး... တစ်ခုခုနဲ့ ကျုပ်ကို နှစ်သိမ့်တတ်ကြတယ်... ဒါမှ မဟုတ် ပြီးပြီးရော ညာပြောတတ်ကြတယ်...

ဥပမာဗျာ... ဟိုအရုပ်လေး မကောင်းပါဘူး.. ဒီအရုပ်လေးကို ယူဆိုပြီး ကျုပ်တောင်းဆိုတာမဟုတ်တဲ့ အရာကြီးကို အတင်းထိုးပေးတတ်ကြတယ်... ကျုပ်က ကျုပ်လိုချင်တာ မဟုတ်လို့ ဘ၀င်မကျဖြစ်မိရင် သူတို့က "ငဂျစ် မင်းကို ဒါလဲ ပေးပြီးပြီ... ဘာလို့ ခုထိ ဂျစ်တိုက်နေရတာတုံး" ဆိုပြီး ကျုပ်အမှားလုပ်ပြစ်တတ်ကြတယ်... ကျုပ်ကတော့ ကလေးပဲဗျာ... ဘာတတ်နိုင်မှာလဲ... ပြန်ပြောတော့လဲ ငဂျစ်ကို ရိုင်းတယ်ဆိုပြီး လွန်ရာကျမဲ့အပြင်... ရ ထားတာလေးတောင် မရတော့မှာကြောက်ရသေးတယ်... တကယ်ဆို ကျုပ်လိုချင်တာ မပေးနိုင်ဘူးဆိုလဲ မပေးဘူးပြောပေါ့... ဘာကြောင့် မပေးနိုင်သေးဘူးလဲဆိုတာ သေချာရှင်းပြပေါ့... ဒါမှ ကျုပ်က ငိုနေသေးရင်တော့ လွှတ်ထားလိုက်ပေါ့ဗျာ... ကျုပ်မောရင် ရပ်သွားမှာပေါ့...

နောက်တစ်မျိုးက မျှော်လင့်ချက်ပေးပြီး ညာပြောတာ... "အဲဒိ ပွဲဈေး လိုက်ပို့ပေးမယ်နော်... ခုတော့ အလုပ်များနေသေးလို့... နောက်မှ... ခု မငိုနဲ့တော့... " ကျုပ်ကတော့ အဲဒိအချိန်တုန်းက ပျော်လို့... ညညဆို စောစောအိပ်တယ်... အချိန်တွေမြန်မြန်ကုန်ပြီး နောက်နေ့ မြန်မြန်ရောက်အောင်... ဒီကြားမှာလဲ လူကြီးတွေကျေနပ်အောင် လိမ်လိမ်မာမာနေတာပေါ့ဗျာ... ကျုပ်ဘက်က ကောင်းနိုင်သမျှကောင်းပေးတယ်... ဒါမှ သူတို့တွေ ကျုပ်ကို အပစ်ရှာလို့မရပဲ ကတိအတိုင်းလိုက်ပို့ပေးရမှာလေ... ဒါပေမဲ့ဗျာ တကယ် သူတို့ လိုက်ပို့မယ်ဆိုတဲ့ နေ့က တစ်ရက်လဲ ရောက်မလာ... ၂ရက်လဲရောက်မလာ... သူတို့ကို သွားပြီး သတိပေးမိပြန်တော့လဲ...

"ငဂျစ်ရာ... ဒိထက်အရေးကြီးတာတွေ ငါ့မှာ လုပ်နေရတယ်... ဘာမဟုတ်တဲ့ ဟာကို လာဂျီမကျနဲ့" တဲ့... သူတို့ဘာလုပ်နေလဲကြည့်လိုက်တော့ စိတ်ပုတီးကြီးလည်ပင်းဆွဲပြီး ဖဲရိုက်နေတတ်တယ်... စဉ်းစားကြည့်ဗျာ ငဂျစ်ကို မျှော်လင့်ချက်ကြီးပေးပြီး တကယ်တမ်းတော့ လူကြီးတွေက နားလည်ပါးရိုက်လုပ်တတ် ကြတယ်ဗျာ... မပို့ပေးနိုင်ရင် မပို့ပေးဖူးပြော... သူတို့လူလည်ကောင်မှာ အရှက်ကွဲမှာစိုးတာနဲ့ ကလေးတစ်ယောက်ရဲ့ လူကြီးအပေါ်ထားတဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်တယ်ဗျာ...

ကျုပ်ကို ကလေးဆိုပြီး နားမလည်ဘူးများထင်နေကြလား မသိပါဘူး... ကျုပ်တို့လို ကလေးဆိုတဲ့ အရွယ်က အားလုံးကို မှတ်ယူတတ်တဲ့အရွယ်ဗျ... ဒီလိုအရွယ်လေးတွေအတွက် ရှေ့ကလူကြီးတွေက ဆင်ခြင်သင့်တယ်ဗျာ....

သူတို့က ကျုပ်တို့ကလေးတွေကိုကျတော့ တစ်ခုခုဆို ကျုပ်တို့ နားမလည်နိုင်တဲ့ စကားကြီး စကားကျယ်တွေ ပြောပြီး ဆရာကြီးအထာနဲ့ ဆုံးမတတ်သေးတယ်လေ... သူတို့အမှားကို ကလေးတွေက ပြန်ထောက်ခွင့်မရှိဘူး...
"ငါက လူကြီး"...
"ကလေးဖြစ်ပြီး ရိုင်းလိုက်တာ"

ဆိုတာက သူတို့လိုသလို ကာကွယ်လို့ရနေတဲ့ စကားလုံးတွေလေ... သူတို့မှန်မှန်မှာမှား အငယ်တွေပြောတာကို ဂရုစိုက်စရာမလိုဘူးဆိုတဲ့ပုံနဲ့ သူတို့ ထင်ရာစိုင်းတတ်ကြတယ်... အမှန်တော့ အဲဒါရှက်စရာဆိုတာ သူတို့မသိဘူး... ကျုပ်က သိလို့တော်သေးတယ်ဗျာ... တချို့ ကျုပ်သူငယ်ချင်းတွေဆို အဲဒါကိုတောင် အမှန်ထင်ပြီး ငါတို့လဲ အပြောနဲ့ အလုပ်ညီစရာမလိုဘူး ရတယ်ဆိုပြီး အတုယူကုန်ကြတာ... ခက်ပါရောလား...

ဒါပေမဲ့ဗျာ... ကျုပ်အတွက်ကတော့ ပါးစပ်က ဘုရား ဘုရားဆိုပြီး လက်က ကားယား ကားယား လုပ်တတ်တဲ့ လူကြီးတွေကို အထင်ကိုးမကြီးဘူးဗျာ... လေးလဲ မလေးစားဘူး... သူတို့ ပြောနေတဲ့ အရာတွေကလဲ ဘယ်လောက်ပဲ ကြီးကျယ်နေပါစေ... ကျုပ်ကတော့ သူတို့အစားရှက်နေရတာဗျ...

ဒီလိုမျိုး ခံရဖန်တွေများလာတော့ ငဂျစ်ကလဲ သူတို့ကို မပြောချင်တော့ဘူးဗျ... ကျုပ်က "ဒါကတော့ မဟုတ်ဘူး ဒါပါ" လို့ ပြောလဲ ကျုပ်မှန်မှန်းသိပင်မဲ့ သူတို့က လူကြီးဆိုပြီး မလိုက်နာချင်ကြဘူး... ကိုယ့်ကိုပဲ ရိုင်းတယ်ဖြစ်တယ်... သူတို့ အပြောနဲ့ အလုပ်မညီလို့ ပြောမယ်ဆိုလဲ အစကတော့ ဟုတ်တော့မလိုလိုနဲ့ အဆုံးကျရင် ဒုံရင်းပြန်ရောက်ပြီး လက်တလုံးကြားလုပ်တတ်ကြတယ်ဗျာ...

ကျုပ်တို့ ကလေးတွေအတွက် ဒါမျိုးတွေ ရိုးနေပြီဗျ... လူကြီးတွေ ပြောနေကျစကား အံတိုနေပြီဆိုတာ ကြားဖူးလား... ကျုပ်တို့ကလေးတွေကတော့ ဒါကြောင့်မို့ ဒီအရွယ်မှာ သွားတွေ အကုန်ကျိုးကုန်တာလို့ ထင်တာပဲ... လူကြီးတွေ ညာတာ၊ ၂ပေါက် ၁ပေါက်ရိုက်တာ သိလွန်းလို့ သွားတွေကျိုးကုန်တာပေါ့ ဗျာ.... သဘာဝတရားက အခွင့်အရေး နောက်တစ်ကြိမ်ပေးလို့သာ နောက်သွားပြန်ပေါက်လာတာ... ကဲပါလေ... ဒါက ကျုပ် ကလေးအတွေးနဲ့ ထင်တာ ပြောမိတာပါ...

ဒီတော့လဲ ကျုပ်က အပြောနဲ့ အလုပ်နဲ့ မညီတဲ့ လူကြီးတွေကို ဘာမှလဲဆက် မပြောချင်သလို... သူတို့ပြောသမျှ ဘာမှကိုလဲ လေးစားမှာမဟုတ်... ယုံကြည်မှာလဲ မဟုတ်ဘူးပေါ့ဗျာ... ဒီလိုနဲ့ ကျုပ်ကို လူကြီးတွေက ငဂျစ်ဆိုပြီး ခေါ်ခဲ့ကြတာပေါ့... ခေါ်ချင်သလိုသာခေါ်ပါ... နာမည်ဆိုတာလဲ ဖက်တွယ်ထားစရာမဟုတ်ဘူးလို့ ဘယ်မှာလဲ မသိဘူးကြားဖူးတယ်... ဒါလဲ လူကြီးတွေပြောတာပဲဖြစ်မှာ... ယုံရတော့ အခက်သားဗျ....

ကျုပ်ကြီးလာလို့ သားသမီးတွေရလာမယ်ဆိုရင်လေ... သူတို့ကို ကျုပ်မျှော်လင့်ချက်ပေးပြီး ညာမပြောဘူး... ကျုပ်က လူကြီးဆိုပြီးလဲ ပိတ်မပြောဘူးဗျာ... မ၀ယ်ပေးနိုင်ရင် မ၀ယ်ပေးဘူး... မလုပ်ပေးနိုင်ရင် မလုပ်ပေးဘူး... ကျုပ်မှန်တယ်ယုံကြည်တာကို ကလေးက မှားတယ်ထင်ရင်... ကျုပ်ဘက်က ကျေကျေလည်လည်ရှင်းပြမယ်... ကျုပ်တကယ်မှားနေရင်တော့ ၀န်ခံရခက်ပင်မဲ့လဲ သူတို့လေးတွေသိအောင် ကြိုးစားပြီး ပြင်မယ်ဗျာ... ပြောသာပြောနေတာပါ... ကျုပ်လဲ ဒီလို လူကြီးတွေကြားမှာ ကြီးပြင်းလာရင် တချိန်ကျ ဘယ်လိုလူကြီးမျိုးဖြစ်လာမလဲ မသေချာသေးပါဘူး...

ပြောနေကြာပါတယ်ဗျာ... ခုပဲ လူကြီးလုပ်လိုက်လို့... ကျုပ်အံသွားတစ်ချောင်းကြိုးသွားပြီး လွှတ်ပစ်ဖို့ လုပ်ရင်းက တောင်စဉ်ရေမရ စဉ်းစားမိတာပါ... ကျုပ် အတွေးတွေက တခြားလူတွေအတွက် အနှောင့်အယှက်ဖြစ်သွားရင်တော့ တောင်းပန်ပါတယ်ဗျာ... ကျုပ်ကလဲ ကလေးဆိုတော့ ခင်ဗျားတို့လောက်တော့ ဘယ်တတ်မလဲဗျ... စကားကြီးစကားကျယ်တွေလဲ မပြောတတ်ပါဘူးဗျာ... ဘာပဲဖြစ်ဖြစ်ဗျာ... ကျုပ်က ကလေးပဲ ခွင့်လွှတ်နားလည်ပေးကြပေါ့... ကဲကဲ... အရေးကြီးကိစ္စ လုပ်ရအုံးမယ်...

"ကြွက်ရေ နင့်သွား ငါ့ကိုပေး... ငါ့သွားနင်ယူ" ...

"ဟာ!!!!!!!!!!!!!!!!!!!"

ဒုက္ခပဲဗျာ ကျုပ်ကြားဖူးတာ အောက်သွားကြိုးရင် အပေါ်ကို ထောင်ပစ်ရတယ်... အပေါ်သွားကြိုးရင် အောက်ကိုပစ်ရတယ်... နောက်မို့ဆို ဘက်မှားပြီး မပေါက်တတ်ဘူးတဲ့ဗျ...

ကျုပ်အောက်သွားကြိုးတာကို အတွေးလွန်ပြီး အပေါ်ထောင်မပစ်မိလိုက်ဘူးဗျာ.... ကျုပ်တော့ ကင်းမြီးကောက်ထောင်နေမှပဲ... ဒါမှ ဘက်မှန်သွားမှာ... ဒါပေမဲ့ဗျာ... ဒါလဲ လူကြီးတွေပြောခဲ့တာပဲဗျ... ဒီတော့ ကင်းမြီးကောက်မထောင်ပဲ နေကြည့်ပြီး ကျုပ် သွားပြန်ပေါက်မပေါက် စောင့်ကြည့်လိုက်အုံးမယ်ဗျာ... ခင်ဗျားတို့လဲ လူကြီးတွေပြောတာကို လူကြီးပဲလေဆိုပြီး ယုံလိုက်ရင် ကင်းမြီးကောက်ထောင်နေရမယ်နော်ဗျ...

တကယ်တော့ လူကြီးတွေ သူတို့ အချင်းချင်း ညာချင်ညာ... ကျုပ်တို့ ကလေးတွေကို မညာသင့်ဘူးပေါ့ဗျာ... ဘာလို့လဲဆိုတော့ ကျုပ်တို့ကလဲ တွေးတတ်တဲ့ ခေါင်းရှိနေလို့ပဲ... ခုမဟုတ်တောင် တနေ့တချိန်ပေါ့...

ကဲ... ကဲ... လောလောဆယ်တော့ ရွာဦးဘုန်းကြီးကျောင်းမှာ မောင်တေတို့နဲ့ ဂေါ်လီလှိမ့်ဖို့ အရေးကြီးကိစ္စ ရှိလို့ သွားတော့မယ်ဗျာ...

ငဂျစ်
တတိယတန်း (ဘုန်းကြီးကျောင်းပညာသင်ကြားရေး)


Photo credits to Google.

Monday, December 01, 2008

ချစ်သူ့ ဆန္ဒ

ကျမနဲ့သူ စတွေ့ပုံက ရိုးစင်းလှပါသည်.. မနက်အလုပ်သွားတိုင်း စကာၤပူလို ဘဝကို အချိန် ယန္တယားလိုလည်နေသော နိုင်ငံတစ်နိုင်ငံတွင် အလုပ်ချိန်တူ စီးတဲ့ဘတ်စ်ကားတူတော့ မချိန်းထားလဲ အမြဲသူ့ကိုတွေ့နေမိသည်.. သူက အသားဖြူဖြူ နှာတံစင်းစင်း ခပ်ပိန်ပိန် ဆံပင်အရှည်နှင့် အတော်ကြည့်ကောင်းသော ယောကျာၤးတစ်ယောက်.. သူ့ကိုစတွေ့ထဲက ကျမစိတ်ထဲက ကျိတ်၍ခင်ချင်မိခဲ့သည်.. အမြဲလိုလို စာအုပ်တစ်အုပ်နှင့် ခပ်အေးအေးနေတတ်တဲ့ သူ့ကို ကျမခိုးကြည့်ခဲ့ရသော အကြိမ်မနည်းပေ.. မိုးတွေသည်းကြီးမဲကြီးရွာတဲ့တစ်နေ့ ကျမတွင် ထီးကပါမလာ.. ဒီပုံအတိုင်းဆို အလုပ်ထဲတွင် မိုးရေစက်လက်နှင့်တနေကုန်နေရမည့်ကိန်း. ဆင်းရမည့်မှတ်တိုင်ရောက်ခါနီးလေ ကျမ အကြံအိုက်နေလေသည်... မှတ်တိုင်ရောက်ခါနီးဆင်းဖို့ပြင်တော့ သူကလဲ ဆင်းဖို့အပေါက်မှာရပ်နေသည်.. အဝါရောင်ထီးလှလှလေး တစ်လက်ကိုကိုင်ထားသည်.. သူနဲ့လဲ အရင်က မျက်မှန်းတမ်းမိနေတော့ ကျမလဲ အရဲစွန့်ရီပြပြီး.. ထီးကြုံလိုက်လို့ရမလား မေးလိုက်သည်.. သူကကြည်ကြည်ဖြူဖြူ ကူညီသည်.. ကျမအလုပ်နှင့်သူ့အလုပ်က ခြံခြင်းကပ်.. ကျမအလုပ်ထိပ်ထိ သေသေချာချာလိုက်ပို့ပေးသည်.. ပျော်လိုက်သည့်ဖြစ်ခြင်း... သူ့ဆံပင်ရှည်ရှည်ဆီက ခေါင်းလျှော်ရည်နံ့မွှေးမွှေး.. ရေမွှေးန့ံ့သင်းသင်းကို ကျမအားရပါးရရှိုက်သွင်းခဲ့သည်... ဘာမဆိုင်ညာမဆိုင် ရှက်သဖြင့် ကျမခိုးကြည့်နေကျ သူ့မျက်နှာကိုပင် စေ့စေ့မကြည့်ရဲ.. သူ့ရဲ့ နုညံ့တဲ့ အမူအရာနဲ့ ပျော့ပြောင်းတဲ့ အသံက နွေးထွေးမှုအပြည့်....

ဒီလိုနဲ့ ကျမတို့ ၂ယောက် ခင်မင်ခွင့်ရခဲ့သည်.. အလုပ်သွားအတူ လာအတူအပြင်.. အလုပ်အားရက်များတွင် Shopping ထွက်ခြင်း.. ရုပ်ရှင်ကြည့်ခြင်း.. ကျမသွားချင်သမျှကို သူ မညီးမညူ အဖော်လိုက်ပေးသည်.. ကျမ အဝတ်အစားတွေ စမ်းဝတ်ကြည့်တာပဲဖြစ်ဖြစ်.. ဖိနပ်ဝယ်တာပဲ ဖြစ်ဖြစ်.. သူစိတ်လိုလက်ရ လိုက်ကြည့်ပေးတတ်သည်.. ဘယ်လောက်ကြာကြာ သူ စိတ်မဆိုး.. တခါတလေသူရွေးပေးတဲ့ အကျီၤလေးတွေက ကျမရွေးတာထက်ပင်ပိုလှသည်.. ဒီလိုနဲ့ ကျမရင်ထဲက သူ့အတွက်ခံစားချက်တွေ အမြစ်တွယ်ခဲ့ကြသည်.. ကျမလဲ သူ၏ရင်ထဲတွင် တစ်နေရာစာတော့ ရထားသည်မှာသေချာသည်..

သို့သော်.. သူတစ်ခါတစ်လေ ငေးငေးငိုင်ငိုင်ဖြစ်နေတတ်သည်.. တခါတလေလဲ အားငယ်စိတ်ဓာတ်ကျနေသည့်ပုံမျိုး... အဆိုးဆုံးက သူ့ကိုယ်သူ မနှစ်မြို့တဲ့ပုံစံ.. သူ့ရဲ့ အပူအပင်တွေကို ကျမ မျှဝေခံစားပေးချင်သည်.. သူ ကျမကို ယခုလောက်လိုက်လျောရက်နှင့် ချစ်ခွင့်မပန်သေးသည်မှာ ထိုအကြောင်းတစ်ခုခုနှင့် ပတ်သတ်မှုရှိနေရမည်.. သူ့မိသားစုအခြေအနေကြောင့်လား.. သူ့အတိတ်က အချစ်ဟောင်းကြောင့်လား ကျမသိချင်လှသည်.. မည်သို့ပင်ဆိုစေ ကျမ ယခင်ထားခဲ့ဖူးသော ရည်းစားများနှင့် ယှဉ်လျှင် သူက သိမ်မွေ့နုညံ့သူ ဂရုဏာထားတတ်သူ.. ကျမကို နားလည်မှု အပေးနိုင်ဆုံးသူ.. သူနှင့် ကျမ စိတ်တူကိုယ်တူ.. ကျမ shopping ပတ်သမျှကို ကျေကျေနပ်နပ်လိုက်ပေးသူ.. သူ့ရင်ထဲမှာ ရှိနေတဲ့ ဝမ်းနည်းမှု ဆိုတဲ့ ဆူးလေးကို ကျမ မည်သည့်နည်းနဲ့မဆို ဖယ်ရှားပေးချင်သည်.. သူ့ အချစ်ဟောင်းကိုတမ်းတနေလျှင် ကျမ အောင်သွယ်ပေးလိုက်မည်..
သူ့ရဲ့ ဟတ်ဟတ်ပတ်ပတ်အပြုံး တစ်ခုအတွက် ကျမနှလုံးသား သွေးချောင်းစီးသွားပါစေ..

"ဘာတွေပဲဖြစ်ဖြစ်.. ကိုမျိုးဘက်က နွေနှင်းအမြဲရပ်တည်ပေးမယ်.." ဘယ်လိုစိတ်ညစ်မှုမျိုးပဲဖြစ်ဖြစ် ဒီစကားနဲ့တော့ အားပေးနိုင်သည် မဟုတ်ပါလား..

~~~~~~~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီနေ့ နွေနှင်း အလှဆုံးပြင်ထားမိသည်.. အလုပ်ဆင်းလျှင် လေဆိပ်သွားကြိုစရာရှိသည်.. သူ.... သူ့ရောဂါကို ခွဲစိတ်ကုသရန်ထွက်သွားသည်မှာ ၁လပင်ရှိပြီ... သူ့ကျန်းမာရေးကြောင့် သူစိတ်ညစ်နေရခြင်းဖြစ်ပြီး ခွဲစိတ်ကုသရမည်ဖြစ်ကြောင်း ပြောခဲ့စဉ်က ကျမအားပေးခဲ့သည်.. ထိုအားပေးမှုနှင့်ပင် သူယိုးဒယားတွင် ခွဲစိတ်ခံယူဖို့ထွက်သွားခဲ့ခြင်းဖြစ်သည်..

အလုပ်ရောက်တော့.. လုပ်ဖော်ကိုင်ဖက် ချယ်ရီက ထုံးစံအတိုင်း အလုပ်ထဲကလူများအကြောင်းနှင့် သူသိသမျှသတင်းထူးများကို အတိုးချပြောတော့သည်..

"ဟဲ့.. ဟိုကောင်နဲ့.. ဟိုမိန်းကလေးနဲ့လေ ဖြစ်သွားကြပြီ.......... ....................

ငါ့အသိထဲက အကိုကြီး တစ်ယောက်လေ.. ယောင်္ကျားကနေ မိန်းမသွာပြောင်းတယ်တဲ့"

ဒီနေ့အတွက်တော့ ကျမဘာကိုမှ စိတ်မဝင်စားနိုင်.. ကျမရုံးမြန်မြန်ဆင်းချင်လှပြီ.. သူပြန်လာလျှင် သူခံစားရသမျှ ကျမကို ဖွင့်ပြောမည်ဟုလဲ ပြောခဲ့သည်.. ခင်မင်မှုပျက်ပြားမှာစိုး၍ သူမပြောပဲမြိုသိပ်ခဲ့ရသည်ဟုလဲ ပြောသည်..

"ကိုမျိုးရယ်.. ရပါတယ်.. ကိုမျိုးဘာပြောပြောစိတ်မဆိုးပါဘူး ခင်မင်မှုလဲ မပျက်ပါဘူး" ဟု ကျမ အခွင့်အရေးပေးခဲ့သည်..

ရင်တွေခုန်လိုက်တာ... ကျမစောင့်စားခဲ့ရသည့် အချိန်လေးကို ရောက်တော့မည်..

~~~~~~~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~

ချိုင်ကီလေဆိပ်တွင် သူနှင့်တွေ့ရန် ရင်ခုန်စွာစောင့်စားနေမိသည်.. ယိုးဒယားမှလာသောလေယာဉ်ဆိုက်၍ လူတော်တော်များများ အိတ်ရွေးနေသော အချိန်ထိကျမ သူ့ကိုရှာမတွေ့ခဲ့.. လူတော်တော်များများ ကုန်စပြုလာသည်.. သူ့အရိပ်ပင်မတွေ့...

"ဟိတ်.. နွေနှင်း! "

နောက်မှ ရုတ်တရက် သူ့အသံကို ကြားလိုက်ရသည်.. ကျမဝမ်းသာအားရလှည့်ကြည့်လိုက်သည်.. သူ့ကိုမတွေ့....

ဂါဝန် နက်ပြာရောင်နှင့် အရပ်မြင့်မြင့် အမျိုးသမီးတစ်ယောက်... ပိန်ပိန်ပါးပါးနှင့် အတော်လှသည့် အမျိုးသမီး...

ကျမလဲ သူမကိုကျော်၍ နောက်ကိုကြည့်သည်.. စောစောက ကိုမျိုးအသံကိုကြားလိုက်သည်မှာသေချာသည်...

"ဘယ်တွေလျှောက်ကြည့်နေတာလဲ.. မမှတ်မိဘူးလား.. " ထိုအမျိုးသမီး ထံမှ ကြားလိုက်ရသော အသံသည်.. အလွန် ရင်းရင်းနှီးနှီးရှိလှသည်..

"မျိုးအောင်လေ.. မမှတ်မိတော့ဘူးလား.. " ကျမ ကမ္ဘာကြီးပြောင်းပြန်လန်သွားသလား.. မိုးကြိုး ငယ်ထိပ်တည့်တည့်ကိုပစ်လိုက်သလား..

ထိုအမျိုးသမီး ဘာတွေလာပြောနေသနည်း.. သူ့ကိုသူ ကိုမျိုးဆိုပါလား...

"အံ့သြနေလား... ဒီကိစ္စကြောင့် တစ်ဘဝလုံး စိတ်ညစ်နေခဲ့ရတာ... လူတွေကလဲ အထင်သေး နှာခေါင်းရှုံ့ချင်ကြတယ်.. ဒါပေမဲ့.. မတတ်နိုင်ဘူးလေ.. နွေနှင်းနဲ့တွေ့မှ အားပေးမှုဆိုတာကို ရခဲ့တယ်.. ကျေးဇူးတင်ပါတယ်.. ဘာတွေပဲ ဖြစ်ဖြစ် ကိုမျိုးဘက်ကရပ်တည်ပေးမယ်လို့ နွေနှင်းပြောခဲ့တုန်းက အရမ်းကို အားတက်ခဲ့တာ.. .. နောက်ဆို နွေနှင်းနဲ့တူတူ shopping ထွက်ရင် အစ်မလဲ လွတ်လွတ်လပ်လပ်လိုက်လို့ရပြီ.. တူတူ အကျီၤစမ်းဝတ်ကြည့်လို့ရပြီ.. ခစ်.. ခစ်.... ဒီမှာကြည့်စမ်း.. ဂါဝန်လေး မလှဘူးလား....

!@#$%^..... ...... "

အဆက်မပြတ် ပြောနေသော.. ကိုမျိုးဖြစ်ခဲ့သော ထိုအမျိုးသမီး၏ မျက်လုံးသည် ပျော်ရွှင်မှုအတိ.. အားမာန်အပြည့်.. မျှော်လင့်ချက်ပေါင်းများစွာ.. စိတ်ကူးပေါင်းများစွာ...

သေချာကြည့်တော့လဲ သူမ မျက်လုံးသည်.. ကိုမျိုး၏ မျက်လုံး.. စင်းနေသော နှာတံလေးကလဲ စွဲလမ်းခဲ့ရသော ကိုမျိုးနှာတံ..

နှုတ်ခမ်းပါးလေးတွေကလဲ သိမ်မွေ့တဲ့ ကိုမျိုးရဲ့နှုတ်ခမ်း.. တုန်ခါနေသော ဆံနွယ်လေးတွေကလဲ တချိန်က ကျမခိုးရှုရှိုက်ခဲ့သော ကိုမျိုးရဲ့ ရောခ့်ကာပုံဟု ကျမယူဆခဲ့မိသော ဆံပင်ရှည်အတိုင်းပင်... ကျမ နှလုံးသားကို ဆူးစူးရုံမက ပေါက်ဆိန်နှင့် ဆက်ကနဲ တစ်ကြိမ်ထဲနှင့် အကွဲပေါက်လိုက်သည့် အတိုင်းပင်.. နာကျည်ရကောင်းမှန်းတောင် မသိတော့.... ကျမဘာမှပြန်မပြောနိုင်...

အဲဒိနေ့အတွက် ကျမတစ်ခွန်းမှသူ့ကိုစကားမပြောနိုင်ခဲ့.. သူ ကချည်း ပြောနေခဲ့သည်.. သူ့ကို အိမ်လိုက်ပို့ပြီး.. ကျမနေသိပ်မကောင်းဟုပြောကာပြန်ခဲ့သည်...

ငိုသည်... မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့သဖြင့် ကျမငိုသည်... ၁ပတ်လောက်အိမ်ပြင်မထွက်ပဲ တစ်ယောက်ထဲနေခဲ့သည်..

ထိုအတောအတွင်း ကျမမျက်လုံးထဲဝင်လာသည်က ကိုမျိုးတစ်ဖြစ်လဲ ထိုအမျိုးသမီး၏ တောက်ပသောမျက်လုံးနှင့် လှိုက်လှိုက်လှဲလှဲ ရှိလှသော အပြုံး... သူမပျော်ရွှင်နေသည်.. ကျမချစ်ခဲ့ဖူးသော ကိုမျိုးတစ်ဖြစ်လဲ သူမ ခုပျော်ရွှင်မှုအစစ်ကို တွေ့ရှိသွားပြီ.. အဲဒိအတွက် ကောင်းကျိုး ဆိုးကျိုးကိုလဲ သူမခံယူဖို့ အဆင်သင့်ဖြစ်နေသည့်ပုံ....

ဘယ်လိုပဲ ဖြစ်ဖြစ် ကျမချစ်သောသူ ပျော်ရွှင်ဖို့ အရာရာကို လိုက်လျောနိုင်သည်ဟု ကျမတစ်ချိန်က ဆုံးဖြတ်ခဲ့ဖူးသည်..

ယခု ကျမချစ်ရသူ အမှန်တကယ်ပျော်ရွှင်နေသည်.. ဒါပေမဲ့ ပတ်ဝန်းကျင်မှာ လှောင်ပြောင်ခံရမည်.. ယခုအချိန်တွင် သူ့ကို နားလည်ပေးမည့်သူတစ်ယောက်လိုသည်.. အားပေးမည့်သူတစ်ယောက်လိုသည်..

လောကမှာ အချစ်ဆိုတာ ပုံစံမျိုးစုံနှင့်ရှိနိုင်သည်.. ကျမ၏ချစ်ခြင်းသည် ပိုင်ဆိုင်လိုခြင်းမရှိ.. သန့်စင်သည်..

ထိုသန့်စင်သော ကျမအချစ်အတွက် ကျမပုံစံပြောင်းယူနိုင်သည်.. ခင်မင်မှုဆိုတာ အမြဲမပြောင်းလဲပဲ အေးချမ်းစေတဲ့ အချစ်ပဲမို့လား..

သူ.... ကျမ၏ အခင်ရဆုံး မမ....

~~~~~~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~~~~~~


ကလင်.. ကလင်...

"ဟဲလို.. "

" " မမမျိုးလား.. နွေနှင်းပါ.. shopping သွားရအောင်လိုက်မလား""




~~~~~~~~~~~~~~~~~~~~ ပြီးပါပြီ ~~~~~~~~~~~~~~~~~~~~~~

Pictures Credit Goes to:
http://i202.photobucket.com/albums/aa190/ydoow_a/friendship.jpg
www.fijilive.com/ecards/
http://www.imeem.com/danica12/blogs/2007/09/22/rUKvpcJO/friendship_poem

(ဘတ်စ်ကားပေါ်တွင်နေ့တိုင်းဆုံတွေ့နေသော သူများကို အကြောင်းပြု၍ စိတ်ထဲပေါ်လာသော အတွေးပုံရိပ်ကို ရင်တွင်းဖြစ်ခံစားချက်များဖြင့် မဗေဒါမှ ခံစားတင်ပြသည်။)

Wednesday, July 23, 2008

အချစ်အကျဉ်းသား

လူတစ်ယောက်အသက်ရှင်ဖို့ နှလုံးသားတစ်ခု အလုပ်လုပ်နေဖို့ အဓိကကျတယ်လေ...
အဲဒိနေ့က ငါ့နှလုံးသားကို ဖြည်းဖြည်းခြင်း သေစေနိုင်တဲ့ အချစ်ဆိုတဲ့အဆိပ်တစ်ခွက် ကိုယ်တိုင်တိုက်ကျွေးခဲ့တယ်...
အဲဒိတုန်းကတော့ အဆိပ်တွေက သူ့အပြုံးနောက်ကွယ်မှာ ချိုမြိန်နေတယ်လို့ ထင်မှားခဲ့တယ်..
အဲဒီနေ့ပေါ့.. ငါ.. အပြုံးတစ်ချက်နဲ့ သူ့ရင်ခွင်ထဲမှာခိုဝင်ခဲ့တုန်းက ပုဒ်မ ၁၅ဝဝ နဲ့ငြိစွန်းတဲ့ ရာဇဝတ်မှုတစ်ခု ကျူးလွန်ခဲ့မှန်းမသိလိုက်ခဲ့ဘူး....

တကယ်တော့ ငါရထားတဲ့သူ့အချစ်ဆိုတာက china made ပစ္စည်းတွေလို အပေါစားချစ်တုတွေလေ...
သူ့အပြုံးတွေ ငါ့အတွက် expire ဖြစ်တဲ့နေ့........ ငါ့ရဲ့အချစ်ဆိပ်ဆေးပတ်လည်တဲ့နေ့မှာ ငါ့နှလုံးသားအဆိပ်သင့်ခဲ့တယ်...

ငါ့နှလုံးသားအဆိပ်သင့်မှုကို ခုံရုံးတင်စစ်ဆေးတော့.. သံသယဝင်စရာ တရားခံ၂ယောက်ရှိတယ်.... တစ်ယောက်က သူ...
နောက်တစ်ယောက်က ငါကိုယ်တိုင်ဖြစ်နေတာ ခြောက်ခြားစွာသိလိုက်ရတယ်...

ခုံရုံးတက်နေရတဲ့တစ်လျှောက် ဒီအမှုကို အပြန်ပြန်အလှန်လှန် ပြောဖြစ်တယ်.. တွေးဖြစ်တယ်...
နောက်ဆုံး ငါဆိုတဲ့ တရားသူကြီးက... နှလုံးသားသေဆုံးမှုမှာ သူ့အချစ်တုရဲ့အပြစ်မဟုတ်..
အဲဒိအချစ်တုကိုယုံစားခဲ့တဲ့ ငါ့အချစ်တွေကြောင့်သာ ငါ့နှလုံးသားအဆိပ်သင့်သေဆုံးခြင်းဖြစ်တယ်.... ငါ့ရဲ့ပြစ်မှု သိသားထင်ရှားတဲ့အတွက်...
ပုဒ်မ ၁၅ဝဝ နဲ့အညီ... ငါ့ရဲ့စိတ်ကိုထောင်ဒဏ်ချမှတ်ခဲ့တယ်... ဒါပေမဲ့ အချိန်အတိုင်းအတာမရှိ.. ဘယ်တော့ လွတ်မြောက်မယ်ဆိုတာမသိ..
လွတ်မြောက်ရက်ကတော့ ငါ့ရဲ့ပြစ်ဒဏ်ခံနေတုန်းကြိုးစားမှုပေါ်မှာ မူတည်တယ်တဲ့လေ....
မိမိကိုယ်ကိုမွမ်းမံရမယ်တဲ့...

ငါငိုနေတယ်.... ပြက္ခဒိန် ၂ရွက်၃ရွက်လှန်ပြီးတဲ့အထိ... ငါငိုနေခဲ့တယ်... ငါ့မှာဆက်သောက်စရာအဆိပ်မရှိတော့လို့...
ဒီအဆိပ်ကို ငါတမ်းတနေမိတယ်... ဒီအဆိပ်ကို ဆက်သောက်နေရင် ငါ့နှလုံးသား ဆက်ရှင်သန်ကောင်းရှင်သန်လိမ့်မယ်လို့ တွေးမိတယ်...

အကျဉ်းထောင်ထဲမှာ.. ငါ့လိုပဲ.. နှလုံးသားခမ်းခြောက်အောင် အဆိပ်သောက်ခဲ့ကျတဲ့ အကျဉ်းသားတစ်ချို့နဲ့လဲတွေ့တယ်...
သူတို့ရဲ့ပြစ်မှုကျူးလွန်ခဲ့ပုံ ဇာတ်လမ်းမျိုးစုံ ငါကြားရတယ်... အော်... ငါတစ်ယောက်ထဲမဟုတ်ပါလား.....

အဲ... သတိထားမိတာတစ်ခုက.. ဒီအကျဉ်းထောင်မှာ... မိန်းကလေးအကျဉ်းသားက ပိုများတယ်... ပိုသက်တမ်းကြာတယ်..
ယောင်္ကျားလေး အကျဉ်းသားက လာလဲခဏပဲ... သူတို့က ပြန်လည်ထူထောင်တဲ့ အချိန်မြန်တယ်...
ငါ့အထင်တော့ သူတို့ရဲ့အချစ်ဆိပ်က မိန်းကလေးတွေလောက် မပြင်းဘူးထင်ပါတယ်...
သူတို့နှလုံးသားကမသေဘူး.. အစားထိုးစရာ တစ်ခုခုနဲ့ချက်ချင်း ကုစားလိုက်တော့. ထောင်ကချက်ချင်းလွတ်ကြတာပေါ့...
တော်တော်များမျာက တတိယလူကိုအသုံးချတဲ့ အောက်တန်းကျတဲ့နည်းလမ်းနဲ့ စိတ်အကျဉ်းထောင်ကထွက်ပြေးတတ်ကြတယ်...
ဒါပေမဲ့ အဲလိုလူတွေက မကြာမကြာ ဒီထောင်ထဲကိုပဲ ပြန်ပြန်ရောက်လာတတ်တယ်....

ငါတဖြည်းဖြည်းသိလာတယ်.. ငါဒီအကျဉ်းသားဘဝက လွတ်မြောက်ချင် လွတ်မြောက်လို့ရတယ်..
တရားနည်းလမ်းကျကျ ငါလွတ်မြောက်ချင်တယ်.. ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲ လွတ်မြောက်ချင်တယ်...
ဘယ်သူ့အကူအညီမှ မလိုပဲ ငါ့ကိုငါမွမ်းမံချင်တယ်...

ငါစဉ်းစားကြည့်တယ်.. ငါဘာလို့ငိုတာလဲ....
သူ့ကိုပြန်လိုချင်လို့လား?... သူ့ကိုပြန်ရမယ်ဆိုရင် ဘာကောင်းကြိုးဆိုးကြိုးတွေရှိလဲ?...
ငါပျော်ရမှာလား?....ငါမပျော်ပါဘူး...
ဒါ့အပြင် ငါဒီအဆိပ်သံသရာက ဘယ်တော့ကလွတ်မှာ မဟုတ်ဘူး..
ရှေ့လျှောက် ပျော်စရာဆိုတာ မျှော်လင့်ချက်မရှိဘူး...

ငါ့ဘာသာငါပြန်မွမ်းမံမယ်ဆိုရင်... အချိန်တော့ကြာမယ်..
ခံစားရမယ်.. ဒါပေမဲ့ ပျော်ရွှင်ဖို့ မျှော်လင့်ချက်ရှိသေးတယ်... ဒီအတွေးနဲ့ပဲ.. ငါ့မျက်ရည်တွေခမ်းခြောက်သွားတယ်...
နောက်မှငါသိလိုက်ရတာက.. ငါငိုနေခဲ့တာဟာ... ငါ့ကိုယ်ငါသနားစရာကောင်းလှချည့်ရဲ့....
လောကမှာ အချစ်ကံအခေဆုံးလူသားလို့ ထင်လို့..
ကျတဲ့ အတ္တမျက်ရည်တွေဆိုတာ အချိန်ကြာလာတာနဲ့အမျှ သဲသဲကွဲကွဲသိလာရတယ်...
ကဲ.......... ဒါဆိုကိုယ့်ကိုကိုယ်သနားခြင်းတွေရပ်သင့်ပြီ....

ခု ငါ ဒီစိတ်အကျဉ်းထောင်ထဲက လွတ်မဲ့ရက်ကို ဖြည်းဖြည်းခြင်းစောင့်နေတယ်...
ငါ့ယုံကြည်တယ်... ငါတစ်နေ့ လွတ်မြောက်လိမ့်မယ်လို့...
အဲဒိအတွက် သူနဲ့ပတ်သတ်တဲ့ပစ္စည်းအချို့ကို ငါကိုယ်တိုင်မလွှတ်ပြစ်ရက်ပေမဲ့....
တနည်းနည်းနဲ့ဖျောက်ဖျက်ခဲ့တယ်... မေ့ဖို့ကြိုးစားနေတဲ့ကာလမှာ အဲဒိပစ္စည်းတွေကို မမြင်တာ အကောင်းဆုံးပဲ...
စိတ်ထဲက ဖျောက်ဖျက်ဖို့ကအဓိကကျပေမဲ့... မျက်စိရှေ့မှာ ပြန်မြင်မြင်နေသ၍တော့.. အဆိပ်ပြန်တက်နေမှာပဲမှတ်လား...
ဒါဆိုသံသရာပြတ်တော့မှာမဟုတ်...

ဖျောက်ဖျက်ရခက်တဲ့ ပစ္စည်းမျိုးကိုတော့.. ဒီတိုင်းပဲထားလိုက်တယ်..
ငါ့စိတ် ဘယ်လောက်ခိုင်နေပြီလဲဆိုတာကိုသိဖို့.. ဒီပစ္စည်းတွေကိုအသုံးချရမယ်...

ဒီကြားထဲ ငါ့ကိုထောင်ဝင်စာလာတွေ့ပြီး.. မကြည့်ရက်တဲ့သူငယ်ချင်းတွေကပြောတယ်...
တတိယပါတီနည်းကိုသုံးကြည့်ဖို့... ဒါပေမဲ့... ဒီတစ်ခါတော့လျှော့ချစ်ဖို့..
ငါ့အတွက်အချစ်ဆိုတာ... သုညရာခိုင်နှုန်းမဟုတ်ရင်... ၁ဝဝရာခိုင်နှုန်းပဲရှိတယ်..
ကိုယ်ပျော်ရွှင်ဖို့အတွက်နဲ့.. သူများကိုစိတ်ဒုက္ခရောက်အောင် လုပ်တတ်တဲ့ ပျော့ညံ့တဲ့စိတ်ဓာတ်ရှိတဲ့ သူတွေကို ငါအထင်အသေးဆုံးပဲ...
သူတို့ကပြောတယ်.. ဒါဆိုရင် နင်ဒီအကျဉ်းသား ဘဝကိုခဏခဏ ပြန်ရောက်နေလိမ့်မယ်တဲ့...

တချို့ကကျတော့ပြောတယ်.. သူ့ကိုတကယ်ချစ်ရင် ခွင့်လွှတ်လက်ခံပေးလိုက်ပါတဲ့...
ဝေးနေလို့ဖြစ်မှာပါ.. နီးနေရင်ဖြစ်မှာမဟုတ်ပါဘူး... ယောင်္ကျားလေးဆိုတော့လဲ.. ဒီလိုပဲပေါ့....
ကိုယ်ချစ်တဲ့ သူတစ်ယောက်ကို ဘယ်လိုနည်းနဲ့မဆို လက်မလျှော့ အဆုံးရှုံးမခံဘဲ ချစ်ပြနိုင်တာမှအချစ်တဲ့..
အဲလို မလုပ်နိုင်တာ နင်သိပ်မချစ်လို့တဲ့...
ဒါတော့ငါငြင်းတယ်.... ငါကတော့ အချစ်ကို... လောကမှာကိုယ့်အတွက် အရေးပါဆုံးလူတစ်ယောက်အတွက်...
တခြားဘယ်သူနဲ့မှအစားမထိုးဘဲ စောင့်ထိန်းနိုင်စွမ်း... သစ္စာ..ဆိုတာ နဲ့တိုင်းတာတယ်...
အကွာအဝေးနဲ့မဆိုင်.... ယောင်္ကျားမိန်းမဆိုတာ အပေါ်မမူတည်....
သူကယောင်္ကျားလေးပဲဆိုတဲ့ ဆင်ခြေက လောကမှာအဓိပ္ပါယ်မရှိဆုံးပဲ...
ဘာကြောင့် တစ်ချို့မိန်းကလေးတွေက ဒီဆင်ခြေကိုလက်ခံနေကြတာလဲ....
အဲလိုနည်းက စိတ်အကျဉ်းထောင်က လွတ်နည်းမဟုတ်....

ဝင်ခံပါတယ်.. အဲဒိတုန်းက ငါဇဝေဇဝါဖြစ်ခဲ့တယ်... သူတို့ပြောတာအမှန်လား... ငါ့အတွက် အကောင်းဆုံးလားလို့ တွေးခဲ့တယ်...
သူတို့အတွက်တော့ အကောင်းဆုံးဖြစ်ချင်ဖြစ်မယ်.. ငါ့အတွက်တော့ အမှောင်ထုထဲကို ပြန်ဝင်တဲ့လမ်းပဲဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်..
အဲဒိဆုံးဖြတ်ချက် အတွက်ငါခုထိ နောင်တမရဘူး.. နောင်လဲရမှာမဟုတ်ဘူးဆိုတာငါသိနေတယ်လေ...

ကြာလာတော့.. ငါ့စိတ်ကိုငါသွန်သင်မှုကြောင့်... ငါ့မှာ သူ့အကြောင်းထက် ပိုစိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စတွေစဉ်းစားတတ်လာတယ်..
သူဟာ... ငါဝယ်ပြီးမပေါက်လို့ လွှတ်ပြစ်ခဲ့တဲ့ ထီလက်မှတ်တစ်စောင်လိုပဲ... ငါ့အတိတ်တနေရာမှာ ကျန်ခဲ့ပြီလို့သိလာတယ်...
ဒါပေမဲ့... ငါ့မသိစိတ်တနေရာမှာတော့ သူရှိနေတုန်းပဲဆိုတာ... တစ်ခါတစ်လေ.. သူ့ကိုအိပ်မက်တဲ့ အခါငါသတိထားမိတယ်...
ဒါတွေလဲ... အချိန်ဆိုတဲ့သူနဲ့လက်တွဲပြီး ကုစားသွားလို့ရမှာပါ... ဒါလဲဒီအဆိပ်ရဲ့လက္ခဏာ တစ်ခုပဲမဟုတ်ပါလား....

ခုငါအချိန်ဆိုတာကို အဖော်ပြုပြီးနေလိုက်တာ... ငါပျော်တတ်လာပြီ... ငါသိတယ်.. ငါလွတ်ရက်နည်းလာပြီ...
ဒါပေမဲ့ ငါဒီအကျဉ်းထောင်ထဲမှာပဲ ငါပျော်နေတယ်...
ဒီနေရာမှာ... ငါ့အချစ်တွေက သုညရာခိုင်နှုန်းပဲရှိတော့ ငါ့စိတ်တွေက အေးချမ်းပေါ့ပါးနေတယ်..
နောက်ထပ်အချစ်ဆိုတဲ့ အဆိပ်ကြီးကို ထပ်သောက်မိမှာကြောက်တယ်...

ကြောက်တယ်?????????........... နောက်ထပ်ချစ်ဖို့ကိုငါကြောက်နေတယ်???
အရင်က ငါ့မှာရှိတဲ့ သုည (သို့) ၁ဝဝ ရာခိုင်နှုန်းဆိုတဲ့ အချစ်တွေက သုညမှာပဲ ရပ်တန့်နေတော့မယ်ဆိုတာ ငါသဘောပေါက်သွားတယ်...
အဲလိုငါမဖြစ်ချင်ဘူး... အရင်ကငါလို... သာမာန်လူတစ်ယောက် ပြန်ဖြစ်မှ ဒီအကျဉ်းထောင်ကငါလွတ်မှာ...
အရင်ကမိမိကိုယ်ကိုမွမ်းမံတယ်ဆိုတာ...သူ့ကိုမေ့နိုင်ရင်ရပြီထင်နေတာ...
အော်...ငါ အချစ်အကျဉ်းသား ဘဝကလွတ်မြောက်ဖို့ နှစ်တွေဘယ်လောက်ကြာအုံးမှာလဲ.....
တစ်သက်လုံးရော ငါလွတ်မြောက်ပါတော့မလား...

Monday, June 30, 2008

မရှိမဖြစ်

သူ့အကြောင်းကို ကျမ၁ဝတန်းမအောင်ခင်လောက်ကတည်းက ကြားဖူးနေခဲ့တာကြာပါပြီ.. ကြားလိုက်ရသမျှကလဲ.. သူ့ကောင်းကြောင်း တော်ကြောင်းတွေချည်းပါပဲ..ပိုက်ဆံရှိတဲ့သူငယ်ချင်းတွေဆို သူ့ကိုအားလုံးကသိကြတယ်.. ငွေတော့မက်ပုံရတယ်..
ငွေမက်ပေမဲ့သူကသူ့မာနနဲ့သူနော်... သူ့အတွက်အကုန်ခံရကြိုးနက်ရလောက်အောင်ကို တန်ရာတန်ကြေးပြန်ပေးဆပ်တတ်တယ်...ဘယ်တော့မှသစ္စာမဖောက်ဘူး..

ဒါပေမဲ့သူနဲ့ပထမဆုံးဆုံတွေ့ခဲ့ချိန်မှာတော့... ကျမတော်တော်လေးအရှက်ကွဲခဲ့တယ်.. ကျမ၁ဝတန်းစာမေးပွဲဖြေပြီးချိန် သင်တန်းတစ်ခုတက်တော့ သူနဲ့စပြီးတွေ့ခဲ့ရတာလေ...
သူကသူ့အကြော ကောင်းကောင်းမသိရင် တော်တော်ဆက်ဆံရခက်တဲ့သူပဲ...
သူ့ကိုဆက်ဆံရင် သူနားလည်တဲ့ပုံစံတိုင်း အတိအကျပြောရတယ်.. မသေမချာဆိုရင် သူက don't care ပဲ.. စိတ်တိုလို့များ သူ့ကိုထင်ရာတွေ အားလုံးစွတ်ပြီးခိုင်းလိုက်ရင်..ဘာမှမလုပ်ပေးတော့ပဲဒီတိုင်းကို ညိမ်သက်နေတော့တာ..ပြန်မပြောနားမထောင်.. တကယ်ကိုဂွစာ... သင်တန်းမှာလဲ သူကအဓိကနေရာကဖြစ်နေတော့ ကျမမှာနေ့တိုင်း သူနဲ့အခက်တွေ့နေရတော့တာပေါ့.. အတန်းထဲကလူတော်တော်များများနဲ့တော့ သူကအဆင်ပြေတယ်.. ကျမနဲ့ဆိုရင်ဘာမှကိုအဆင်မပြေဘူး... ကြာတော့အများနဲ့တစ်ယောက်ဆိုတော့ ကျမကပဲအသုံးမကျသလိုလို ဖြစ်လာတော့တာပေါ့..
သူနဲ့တူတူ ကျမစာလုပ်နေတဲ့အချိန်ဆိုရင် ကျမဘယ်လောက် ဗျာများနေနေ သူ့ပုံကတော့ဒီတိုင်းပဲ... ရုပ်တည်တယ်ပဲပြောရမလား.. အမှန်တော့သူက စည်းစနစ်ကျနပြီး သူကြိုက်တဲ့ပုံစံအတိုင်း ကျမခိုင်းတတ်ရင် လိုက်လိုက်လျှောလျှောကို လုပ်ပေးတတ်တဲ့သူစားမျိုးပေါ့.. ဘာပဲပြောပြော အဲဒိအချိန်တုံးကတော့ ကျမသူ့ကို မကြည့်ချင်လောက်အောင်ကို မုန်းခဲ့မိတယ်.. ဘာလို့လဲဆိုတော့ ဘယ်နေရာသွားသွား အညံ့စာရင်းမဝင်ခဲ့တဲ့ကျမ... သူနဲ့တွေ့မှလူတွေရီတာခံခဲ့ရလို့လေ...
ဒီလိုနဲ့ ကျမမြန်မာပြည်မှာ သူနဲ့တွေ့ရမယ့် သင်တန်းတွေကို ရှောင်နေခဲ့တယ်.. သူက အတော်လေးတော့နာမည်ကြီးသား.. ဒါပေမဲ့ကျမကတော့ဂရုမစိုက်ပါဘူး.. အဲဒိသင်တန်းကိုလဲအပြီးထိတတ်ပြီးရော.. နောက်ထပ်သူနဲ့တွေ့မှာဆိုးလို့.. ထပ်မတတ်တော့ဘူး..နောက်တော့ကျမစကာင်္ပူရောက်လာတယ်... အဲဒိမှာသူနဲ့ပြန်တွေ့ပါလေရော.. ထုံးစံအတိုင်း ကျမကလဲ သူ့ဆိုကြည့်မရတော့ သူ့အကြောင်းဆိုရင်ကို စိတ်ဝင်တစားနားထောင်ထားလေ့မရှိဘူးလေ..

ပြဿနာကစပါလေရော.. ကျမသွားလေရာနေရာတိုင်းနဲ့ တတ်ရတဲ့အတန်းတိုင်းလိုလိုမှာ သူနဲ့တူနေတယ်..သူနဲ့မတူတဲ့အတန်းတွေတောင်မှ ပရော့ဂျက်လုပ်ရင်သူ့အကူအညီကိုယူရတယ်.. မြန်မာပြည်မှာတောင် သူနဲ့မပတ်သတ်ပဲနေလို့ရသေးတယ်..စင်္ကာပူရောက်တော့ ကျမဘယ်လိုမှ သူ့ကိုရှောင်လို့မရတော့ဘူး.. ကျမဘယ်လောက်တောင်သူနဲ့မျက်နှာချင်းမဆိုင်ချင်လဲဆိုရင်...ပရောဂျက်အုပ်စုထဲက လူတွေက သူနဲ့သွားတွေ့ရမဲ့ကိစ္စခိုင်းလိုက်တော့.. ကျမမှာ stress တွေဖြစ်ပြီးငိုလိုက်ရတာမပြောနဲ့.. ကျမကသာ သူ့ကိုတဖက်သတ် ကြည့်မရနေတာ. သူကတော့မြန်မာပြည်ကတိုင်းပဲ. မျက်နှာကတသက်မှတ်ထဲပဲ.. သူချထားတဲ့စနစ်အတိုင်းသာလုပ် သူ့ဖက်ကအားလုံးကိုမညီးမညူပြန်လုပ်ပေးတယ်.. အဲလိုစိတ်ထားပြည့်ဝတာလေးကိုတော့ကျမသဘောကျမိတယ်...

"အင်းပေါ့လေ..သူကစည်းကမ်းစနစ်ကြီးတာပါ..ဒါကြောင့်မို့လဲသူထိပ်ရောက်ပြီး လူတိုင်းကသူ့ကိုအားကိုးနေကြတာ.. အမှန်တော့ ငါသူ့အကြောင်းလေးနဲနဲစုံစမ်းပြီး အဆင်ပြေအောင်ပေါင်းမှ...."

သူ့မှာသူ့လိုပဲတော်တဲ့ဘော်ဒါသူငယ်ချင်းတစ်ယောက်လဲရှိတယ်... သူတို့၂ယောက်ကိုအမြဲတူတူတွေ့ရတတ်တယ်... သူ့သူငယ်ချင်းကကျတော့ဖော်ဖော်ရွေရွေရှိတယ်.. အပေါင်းအသင်းများပြီးသတင်းစုံတယ်... သူ့ကိုကြိုက်တာမေး..သူသိသမျှအကုန်တန်းစီပြောတော့တာပဲ.. မှားတာတွေရော..မှန်တာတွေရော.. ကိုယ့်ဘာသာကိုယ်ချင့်ယုံ... သူကတော့ဘယ်ဟာမှားတယ်မှန်တယ်မပြောဘူး... သူသိတာအကုန်ပြောပြရင်သူ့တာဝန်ကျေတဲ့ပုံ...

ကျမကသူ့ထက်...နောက်မှတွေ့တဲ့သူ့သူငယ်ချင်းကိုပိုခင်တယ်...သူ့သူငယ်ချင်းက ကျမစိတ်ဝင်စားတဲ့အကြောင်းတွေမေးတိုင်း..မမောမပန်းပြောပြတတ်တယ်.. ဗဟုသုတပဲဖြစ်ဖြစ်..ရုပ်ရှင်အကြောင်းပဲဖြစ်ဖြစ်.. ပရောဂျက်အကြောင်းပဲဖြစ်ဖြစ်ပေါ့...ဒါပေမဲ့.. သူ့သူငယ်ချင်းနဲ့တွေ့ချင်တိုင်း... သူနဲ့အရင်တွေ့ရတယ်..သူကနေတဆင့်ပဲတွေ့လို့ရတယ်..

အဲ... ကျမ မြန်မာပြည်ပြန်တဲ့နေ့တွေဆိုရင်တော့ သူ့သူငယ်ချင်းနဲ့တွေ့ရခဲတယ်.. သူ့သူငယ်ချင်းကအပေါင်းအသင်းများတယ်ဆိုပေမဲ့..သူမရှိရင်မရပ်တည်နိုင်ဘူး.. သူ့ကိုတခါတလေတစ်ယောက်ထဲတွေ့ရတတ်ပေမဲ့..သူ့သူငယ်ချင်းကိုတွေ့တိုင်းတော့သူနဲ့အတူတူပဲတွေ့ဖူးတယ်...

သူတို့၂ယောက်လုံးကသူ့ဟာနဲ့သူထူးချွန်ကြတယ်..သူကသူ့ကိုသင်ပေးလိုက်ရင်၁ခါပဲ ချက်ခြင်းတတ်တယ်..ပြီးတော့သူ့ကိုတန်ရာတန်ကြေးပေးနိုင်တယ်ဆိုရင် အတိအကျပြန်အလုပ်အကျွေးပြုတယ်... သူ့သူငယ်ချင်းကျတော့.. အပေါင်းအသင်းများတဲ့အလျှောက်ဗဟုသုတစုံသလို.. မကောင်းတာတွေလဲသူအကုန်သိတယ်..တခါတလေမကောင်းတဲ့အပေါင်းအသင်းတွေခေါ်လာပြီး ခပ်အေးအေးနေတဲ့ သူ့ကိုတောင်ဖျက်ဆီးတတ်သေးတယ်.. ကျမနဲ့သူတို့၂ယောက်တဖြည်းဖြည်းရင်းနှီးလာပြီး... သူ့သူငယ်ချင်းကတဆင့်..တခြားသူငယ်ချင်းတွေနဲ့ခင်မင်ခွင့်ရခဲ့တယ်... အဲဒိထဲမှာ..အပေါ်ယံသူငယ်ချင်းတွေနဲ့တွေ့ခဲ့ရသလို.. ကျမအပေါ်တကယ်ခင်မင်တဲ့သူငယ်ချင်း၁ယောက်၂ယောက်လဲရခဲ့တယ်... ကျမအပေါ်လိမ်ညာသစ္စာဖောက်သွားတဲ့..ချစ်သူနဲ့လဲသူကတဆင့်တွေ့ခဲ့တယ်... ဒါပေမဲ့...ကျမသူတို့၂ယောက်ကိုအပြစ်မပြောပါဘူး.. ဘာလို့လဲဆိုတော့..သူတို့ကတဆင့်သာသိတာ.. အစထဲကဒီလူကောင်းတယ်..မကောင်းဘူးလဲမပြောဘူး.. နင်ဒီလူ့ကိုခင်နော်...စကားပြောပါနော်လို့လဲ.. တိုက်တွန်းတာမဟုတ်ဘူး..ကျမဘာသာကိုယ့်သဘောနဲ့ကိုယ်ယုံမိတာလေ.. ဒါပေမဲ့..ကျမပျော်ရွှင်နေနေ.. စိတ်ညစ်နေနေ..ကျမတွေ့ချင်တဲ့အချိန်တိုင်းမှာ.. ကျမအနားမှာ သူတို့ရှိနေပေးတယ်..ကျမစိတ်ပြေလက်ပျောက်သူနဲ့ဆော့ကစားလို့ရသလို...စိတ်ညစ်တာတွေကို သူ့သူငယ်ချင်းကိုပြောပြဖြစ်တယ်... သူ့သူငယ်ချင်းက ကျမစိတ်ပြေလက်ပျောက်ဖြစ်အောင် ကျမကိုရုပ်ရှင်တွေပြတယ်... အဖော်လုပ်ပေးတယ်... ပြီးတော့ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ နည်းပညာတချို့လဲပြောပြတယ်.. နောက်ပြီး.. ကျမ မသိသေးတဲ့ သူ့ကိုအသုံးချပြီးခိုင်းတဲ့နည်းတွေပြောပြတယ်.. သူ့သူငယ်ချင်းကတစ်ဆင့် သူ့အကြောင်းတွေကျမပိုသိလာရလေ သူ့ကိုပိုစိတ်ဝင်စားလေပဲ.. အရင်က သူ့သူငယ်ချင်းနဲ့တွေ့ချင်လို့သာ သူနဲ့တွေ့နေရတာလေ.. ခုတော့ ကျမစိတ်ဝင်စားတဲ့ နည်းပညာတွေသူ့အကူအညီနဲ့ လုပ်လို့ ရတယ်ဆိုတော့ သူ့ကိုပိုပိုပြီးသဘောကျလာတယ်..

အားလုံးထဲမှာ ကျမကငွေရှင်ကျေးရှင်ဆိုတော့ သူတို့ရဲ့သူငယ်ချင်းဆိုလဲဟုတ်.. အလုပ်ရှင်ဆိုလဲဟုတ်.. အရှင်သခင်ဆိုလဲကျမပဲလေ.. ကျမမှာငွေရှိနေသ၍တော့.. သူတို့ကျမကို ခွဲခွာသွားမှာမဟုတ်တဲ့ သစ္စာရှိလူယုံဆိုလဲဟုတ်တယ်.. သူ့အကြောင်းကောင်းကောင်းသိလာတော့...
သူနဲ့မျက်နှာချင်းဆိုင်ရမှာမကြောက်တော့ဘူး..ခုဆိုကျမဘဝရဲ့အချိန်တော်တော်များများကသူတို့၂ယောက်နဲ့ပဲကုန်လွန်နေပြီလေ.. ကျမသူတို့၂ယောက်ရဲ့အစွမ်းကိုသိလာလေ.. သူတို့၂ယောက်လုံးကိုပိုစိတ်ဝင်စားလာလေလေပဲ... ခုလဲကြည့်လေ..ကျမဒီပိုစ့်ကိုသူ့အကူအညီနဲ့ရေးနေပြီး... သူ့သူငယ်ချင်းအကူအညီနဲ့ ရှင်တို့ဖတ်လို့ရအောင်တင်ထားတာပေါ့.. ကျမရေးထားတဲ့အတိုင်း သူ့သူငယ်ချင်းက ရှင်တို့ကိုတသွေမတိမ်း... ပြန်ပြောပြနေပြီလေ.. အဲ သူတို့ကအမှားမခံတော့ ကျမအိမ်လိပ်စာ www.mabaydar.blogspot.com ဆိုတာလေးတော့ မမှားစေနဲ့ပေါ့နော်..ကျမဘဝမှာ ကျမမျက်နှာချင်းဆိုင်ရမှာ အကြောက်ခဲ့ဆုံးကွန်ပြူတာဆိုတဲ့အရာက... ခုတော့ကျမရဲ့တနေ့တာတွေမှာ..အိပ်ချိန်ကလွဲလို့.. သူပဲနေရာယူနေပြီလေ...

အင်တာနက်ကလဲ.. ကျမမပျင်းရအောင်ကျမကိုဖျော်ဖြေနေဆဲပဲ..ကျမစိတ်ညစ်တိုင်း... စိတ်ရှုပ်တိုင်း... အထီးကျန်ဖြစ်တိုင်း...ကျမရဲ့အချိန်တွေကိုဒီကွန်ပြူတာနဲ့..အင်တာနက်သုံးရင်း..မေ့ပျောက်ခဲ့ရတာချည်းပဲလေ...ခုချိန်မှာတော့သူတို့၂ယောက်ကကျမဘဝအတွက် မရှိမဖြစ် အရာစာရင်းထဲမှာ.. နံပါတ်၁နေရာကဗိုလ်ဆွဲနေပြီလေ....

Tuesday, April 15, 2008

အိပ်မက် သင်္ကြန်...

အခန်း(၁)

ဒီနှစ်သင်္ကြန် သူနဲ့တူတူပျော်ဖို့အတွက် count down လုပ်ခဲ့ရတဲ့ရက်ရောက်ပြီ.. မနှစ်က အိပ်မက်ဆိုးတွေကိုဆေးကြောဖို့ အတွက် အားဆေးတစ်ခွက် သူဆီကတောင်းဖို့ မျှော်လင့်ချက်တွေနဲ့ ၁ကပြန်စဖို့ ကျမစောင့်စားခဲ့ရတဲ့အချိန်ရောက်ပြီ... ဒီနေ့မှ စက္ကန့်လက်တန်တွေသွားတာနှေးလိုက်တာ.. သူ ၉နာရီလာခေါ်မယ်လို့ချိန်းထားပေမဲ့ ကျမ မနက်၆နာရီထဲကနိုးနေပြီ.. ၇နာရီခွဲလောက်ထဲက ကျမပြင်ဆင်ပြီးနေပြီ..


"ကလင်..."
ဖုန်းသံ၁ချက်မည်လိုက်တာနဲ့ ချက်ချင်းကောက်ကိုင်လိုက်မိတယ်...
"သဲရေ... ကိုအောက်မှာရောက်နေပြီ.." သူ့ရဲ့ သာမန်ပြောလိုက်သော စကားသံ ၁ခုသည်.. ကျမရင်ထဲက သောကအားလုံးကို တစ်စက်မကျန် လွှင့်စင်ပပျောက်သွားနိုင်စွမ်းရှိတယ်ဆိုတာ သူသိနိုင်ပါ့မလား...
ကျမနာရီကိုလှမ်းကြည့်လိုက်သည်.. ၉နာရီ တိတိ..

စိတ်ထဲကကြိတ်၍ချီးကျူးမိသည်.. သူ့ရှေ့တွင်အမြဲ ဆရာကြီးလုပ်ကာ သူ့ကိုနှုတ်ကထုတ်၍ ချီးကျူးခဲသောကျမ ထုံးစံအတိုင်း .. ခပ်ရွဲ့ရွဲ့ပြောလိုက်သည်...
"အံမယ်... ဒီနေ့တော့အချိန်မှန်သားပဲ"...

သူက "မှန်ရမယ်လေ.. ချစ်က ကို့အတွက် စင်ကာပူကတောင်ပြန်လာရတာ.."..

"တော်ပါ.. ဝတ္ဘုထဲကစကားမျိုးနဲ့ မချွဲနဲ့.." ကျမကျေနပ်စွာပြုံး၍ပြောလိုက်သည်...

အိမ်အောက်ရောက်တော့ ကားပေါ်တွင် သူ့ဖေဖေနဲ့မေမေ ပါလာ၍ စောစောက သူပြောသောစကားများအတွက် ကျမအနည်းငယ် ရှက်မိသည်.. သူ့ဖေဖေ ကျမကို အေးချမ်းတည်ကြည်စွာ ပြုံးပြနှုတ်ဆက်သည်.. သူ့မေမေကတော့ "သမီးရေ မတွေ့တဲ့၁နှစ် အတွင်း ဝလာပြီး ပိုချစ်ဖို့ကောင်းလာလိုက်တာ" ... လို့ ဟတ်ဟတ်ပတ်ပတ်နှုတ်ဆက်သည်..

ဒီလိုနဲ့ကျမတို့ကို အင်းလျားလမ်းမပို့ခင် ရေကျော်၌ ဓာတ်ဆီဝင်ထည့်ကာ မနက်စာကို ၄၆လမ်းထိပ်က ရှမ်းခေါက်ဆွဲစားဖြစ်သည်..

စားရင်းလည်း သူ့မေမေမှ အပျော်မလွန်ရန် အရက်မသောက်ရန် စသည်ဖြင့် ဆုံးမသည်..
"သမီး.. သူ့ကို သိပ်မကဲစေနဲ့နော်"

"ဟုတ်ကဲ့ပါ.. သူကအစထဲက မသောက်တတ်တာ အန်တီလဲသိတာပဲ"

"အင်းပါ.. စိတ်ပူလို့ပြောတာပါ.. ညနေကျရင် အဲဒိမှာပဲစောင့်နေ ပြန်လာကြိုမယ်"

"ဟုတ်ကဲ့" ၂ရောက်လုံးပြိုင်တူဖြေမိသည်.. သူ့မေမေကို ကျမက ရေထည့်ပေးတော့ သူက ကျမကြားရုံလောက်လေသံဖြင့် "ဖားနေတယ်.. ဖားထား" ဟု လှမ်းနောက်သည်.. ရှက်ရှက်ဖြင့် သူ့ကို "ဘာဖြစ်လဲ" ဟုပြန်ပြောလိုက်သည်.. စိတ်ထဲမှာတော့ ပျော်ရွှင်မှုတွေနဲ့.... မျှော်လင့်ခဲ့ရတဲ့ အိပ်မက်လေး.. မက်ခွင့်ရတော့မည်.. သူရဲ့ဟန်ဆောင်မှုမရှိတဲ့ အပြုံး တစ်ချက်နဲ့တင် ကျမအတွက် အရာရာပြည့်စုံနေခဲ့သည်..

ပြည်လမ်းတွင်ကားကိုရပ်ကာ အင်းယားလမ်းအတွင်းသို့ ဝင်ခဲ့ကြသည်.. သင်္ကြန်တွင်းအင်းယားလမ်းကို တစ်ခါမှမရောက်ဖူးတဲ့ကျမ အရမ်းအံ့အားသင့်သွားသည်..လူတွေကများလွန်း၍ ခပ်ရွေ့ရွေ့သာသွားနိုင်သည်.. အရက်သမားနဲ့ ခါးပိုက်နှိုက်များကိုလဲသတိထားရသည်.. သူ့ဖေဖေကရှေ့ဆုံးမှဖောက်သည် သူ့မေမေက ကျမဘယ်ဘက်လက်ကိုကျစ်ကျစ်ပါအောင်ဆွဲထားသည်.. ကျမနောက်လက်တစ်ဘက်ကိုသူကိုင်ထားသည်... အဲဒိတွဲလက်တွေက ကျမကိုဘယ်အရာမှမကြောက်အောင်အားတွေပေးခဲ့သည်.. သူ့မေမေနဲ့ကျမလက်တွဲ ကို ကျမခိုးခိုးကြည့်မိတိုင်းပီတိဖြစ်ရသည်... ကျမညာလက်မှသူရဲ့ နွေးထွေးတဲ့ အချစ်တွေကို ကျမခံစားလို့ရသည်.. ကျမနားကပ်လာတဲ့ အမူးသမားတွေကို ကာလိုက် တွန်းလိုက်လုပ်ကာ ကျမကို ကာကွယ်နေတဲ့ သူ့ကို သူရဲကောင်းတစ်ယောက်လို့ထင်မိသည်... ထိုခဏအချိန်အတွင်းမှာ သူက ကျမကိုမင်းသမီးတစ်ပါးကဲ့သို့ ခံစားရအောင်လုပ်ပေးနိုင်ခဲ့သည်.. ကျေနပ်လိုက်သည့်ဖြစ်ခြင်း...

ထိုအချိန်တွင် မဏ္တွပ်ပေါ်မှ မီးသတ်ပိုက်က ကျမကို အငြိုးကြီးစွာမဲ၍ထိုးသည်.. ဝတ်လာမိသည့်အင်္ကျီက ဆွဲသား.. သာမာန်ဆိုလျှင်ရင်သိပ်မဟိုက်.. ရေစိုသောအခါ အင်္ကျီသားက ပျော့တွဲ၍ လေးကျလာသည်.. မီးသတ်ပိုက်ကလဲ တမင်ကျောအဟိုက် မဖြစ်ဖြစ်အောင်ထိုးသည်.. ကျမလက် ၂ဖက်လုံးကမအား.. သူ့မေမေကလဲ ကျမလက်ကိုဆွဲကာ ရှေ့ကိုသာတိုးနေသည်.. သူကလဲ ဘေးကလူတွေကိုသတိထားနေရသည်.. ကျမ မျက်နှာမော့၍စကားပြောလို့မရ.. ရေမွန်းလှသည်.. ကျမအင်္ကျီကလဲ မီးသတ်ပိုက်အရှိန်ဖြင့် လျှောသထက်လျှောလာသည်.. ကျမစိတ်ထဲမှ သူ့ကို အားကိုးတကြီးကျယ်လောင်စွာ အော်ခေါ်နေမိသည်..

ခဏတွင်းမှာပင် ရုတ်တစ်ရက် ကျမနောက်မှ သူနွေးထွေးစွာအုပ်၍ကာလိုက်သည်.. လျောနေသော ကျမအင်္ကျီကိုလဲ ပြန်ဆွဲတင်ပေးသည်.. ကျမသူကို လှည့်ကြည့်ခွင့်မရ.. ဒါပေမဲ့ ကျမအတွက်တော့ သူဟာ ထိုအချိန်တွင် စစ်ပွဲပေါင်းများစွာတိုက်လာသည့် နပိုလီယန်ထက်ခန့်ညားသည်.. အလောင်းမင်းတရားထက် သူရဲကောင်းပိုဆန်သည်..

ထိုအခိုက်အတန့်လေးသည် ကျမအတွက်တော့...
ရိုမီရို ဂျုးလီးယက်ဇာတ်လမ်းထက် ပို romantic ဖြစ်သည်.. ရှင်မွေးနွမ်း မင်းနန္ဒာထက် ပိုရင်ခုန်ဖို့ကောင်းသည်...
ခွန်ဆန်လော နန်းဦးပြင် ထက်စိတ်ဝင်စားဖို့ကောင်းသည်..

ဒီလောက် ရင်ခုန်ကြည်နူးမှုမျိုး ရှိတ်စပီးယားဝတ္တုထဲမှာပင် မဖတ်ဖူး..
ကိုရီးယားဇာတ်လမ်းကြည့်၍မခံစားဖူးဖူး...

အကယ်၍ ဒီအခိုက်အတန့်လေးဟာ သူနဲ့ကျမ သရုပ်ဆောင်တဲ့ ဇာတ်ဝင်ခန်းတစ်ခုဖြစ်ခဲ့မယ်ဆိုလျှင်.. ကျမထို အခန်းကို ခဏခဏပြန်ရစ်ကြည့်မည်.. pause ၍ထားမိမည်.. ကျမဘဝမှာ ကိုယ့်ကိုကိုယ် ကံကောင်းတယ်ဟု တစ်ခါမှမထင်မိ.. ဒါပေမဲ့ သူနဲ့ချစ်သူဖြစ်ရခြင်းသည် ကျမအတွက်ကံအကောင်းဆုံးဟု ထင်မိသည်..

အခန်း(၂)

ကျမအတွေးများဖြင့် ကြည်နူးမဆုံးဖြစ်နေချိန်မှာပင်.. ရုတ်တရက်ကျမ သတိထားမိလိုက်ချိန်တွင်.. ကျမညာဘက်၌ဆုတ်ထားသော သူ့ရဲ့လက်တွေသည်အေးဆက်၍မာကြောနေသော သံမဏိလက်တုကြီးတစ်ခုဖြစ်နေသည်ကို သတိထားလိုက်မိသည်.. အဲဒိ လက်တွေမှတဆင့် တဖြည်းဖြည်း သူ့ကို မော့ကြည့်မိသည်.. သူ့မျက်နှာက ခက်ထန်မာကျောနေသည်...

"ကို.. ဘာဖြစ်လို့လဲဟင်?".....ကျမအားငယ်စွာမေးလိုက်သည်..

ဒါပေမဲ့သူပြန်မဖြေ.. တစ်ဖက်သို့မျက်နှာလှည့်သွားသည်.. သူ့ အသွင်အပြင်က သောနတ္တရမုဆိုးထက် ခက်ထန်လွန်းလှသည်...

ကျမလက်တွဲကိုဖြုတ်ရန်သူကြိုးစားနေသည်..

"ကို.. ဘာဖြစ်လို့လဲ.. ချမ်းလို့လား?" သူ့လက်ကို ကျမလွှတ်မပေး.. ပြောနေရင်းပင်.. ကျမလက်၂ဖက်ဖြင့် အေးစက်တဲ့ သူ့ရဲ့လက်တွေကို နွေးအောင် ပွတ်ပေးလိုက် အာငွေ့ပေးလိုက်ဖြင့်.. နွေးထွေး နူးညံ့တဲ့ လက်လေးပြန်ဖြစ်အောင် ကျမအစွမ်းကုန်ကြိုးစားနေသည်.. ဒါပေမဲ့ ဘယ်လိုမှမရ...

"မင်းလိုချင်တဲ့ နွေးထွေးနူးညံ့တဲ့ လက်တွေပြန်ရမှာမဟုတ်ဘူးကွ.. " ...အေးစက်စက် စိတ္တဇ လူသတ်သမားလေးသံမျိုးဖြင့်သူပြောသည်..

" ဘာလို့လဲဆိုတော့ အစထဲက ငါမင်းကိုကမ်းခဲ့တဲ့လက်က အစစ်မှမဟုတ်တာ..."

"ဟင့်အင်း.. မယုံဘူး.. မယုံဘူး.. အရင်က ကို့လက်တွေက နွေးထွေးတာပဲ... " ကျမပြောပြောဆိုဆို သူ့လက်တွေကို ဒိထက်မြန်မြန်ဆက်ပွတ်သည်..

"အဲဒါ.. မင်းရဲ့နှလုံးသွေး တစ်ခုထဲနဲ့ နွေးထွေးနေခဲ့တာကွ.. မင်းမယုံချင်ရင်တော့ ငါ့ရဲ့ သံမဏိလက်ကိုဆက်တွဲချင်တွဲပေါ့.. ငါဘက်ကရတယ်.. ဒါပေမဲ့ ငါ့လက်အစစ်ကတော့ မအားဘူး.. ဒီမှာကြည့်...." သူ့စကားအဆုံးတွင် သူလက်အစစ်ကိုမြှောက်ပြသည်.. ဒါပေမဲ့ သူ့လက်အဆုံးတွင် သူနဲ့လက်တွဲထားသောမိန်းကလေးတစ်ယောက်.......

"တွေ့လား... ဒီမှာ.. ငါ့လက်အစစ်ကမအားဘူးဟ.. သူနဲ့လက်တွဲထားတာ ၃နှစ်ရှိပြီ...မင်းကမင်းကိုမင်း သိပ်အထင်ကြီးလွန်းတာကိုး..."

သူ၏ အကြင်နာမဲ့ အေးစက်စက်စကားလုံးများက ကျမနှလုံးသားကို ထုံဆေးမပေးပဲ ဆေးမှင်စုတ်ထိုးနေသလိုနာကျင်လှသည်... စောစောကကဲ့သို့ရေမွန်း မနေပင်မဲ့ ကျမအသက်ရှူရကျပ်လာသည်... အိပ်မက်သာဆိုရင် ခုချက်ချင်းနိုးရပါလို၏...

"ဒါ... ဒါဆို.. ဘာလို့....?" ကျမ စကားလုံးတွေ လည်ချောင်းဝမှာတစ်နေ၏.. ရင်ထဲရှိသမျှ.. ခံစားရသမျှ.. သိလိုသမျှကို စကား ၁ခွန်း ၂ခွန်းထဲနှင့်ပြည့်စုံအောင်ပြောရန် ကျမအတွက်စကားလုံးတွေ မရှိ... ကျမအားအင်တွေချိနဲ့လာပြီး မတ်မတ်ရပ်ဖို့ပင်အားမရှိတော့....

ကျမစိတ်ထဲမှ မေးခွန်းပေါင်းများစွာ မေးနေမိရင်း လက်တုကြီးကိုဆွဲထားတဲ့လက်တွေကို သေချာကြည့်မိတော့.. ဟုတ်သည်.. သူနဲ့ချစ်သက်တန်းတစ်လျှောက် ကျမကသာ ဒီလက်ကို ဘာတွေပဲဖြစ်ဖြစ်ကြိုးစားဆုတ်ကိုင်နေခဲ့သူဖြစ်သည်.. ကျမတို့၂ယောက်၏တွဲလက်သည် ကျမနှလုံးသွေးတစ်ခုထဲနှင့်သာ နွေးထွေးနေခဲ့သည်.. အနာကျင်ဆုံးအရာကတော့ စိတ်ဆိုးစိတ်ကောက်၍ သူ့ကိုကျမထားသွားတော့မည်ဟု ပြောမိတိုင်း သူကျမကိုမတားခဲ့ခြင်းပင်...

အတွေးများနှင့်နယ်လွန်နေသော ကျမ လက်တုကြီးကိုကျစ်ကျစ်ဆက်ကိုင်ဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိကာ.. အနည်းငယ်အားရော့သွားချိန်မှာပင်... သူကျမကို ကျောခိုင်း၍ သူ့ချစ်သူဟူသောကောင်မလေးနှင့် ထွက်ခွာသွားပြီ..

ကျမအသံကုန်အော်ခေါ်သည်... သူမကြားနိုင်တော့...
ကျမရဲ့မျက်ရေတွေက သူ့အတွက်တော့ တန်ဖိုးမဲ့လွန်းသွားပြီ..

ကျမသူ့နောက်ကိုပြေးလိုက်သွားမည်လုပ်လိုက်တော့ ကျမဘယ်ဘက်လက်ကို သူ့မေမေကဆွဲထားသည်..

"ဟာ.. အန်တီ.. လွှတ်ပါ.. သူထွက်သွားပြီ.. သမီးလိုက်ခေါ်မလို့" ကျမ အလျှင်စလိုပြောလိုက်သည်..

"အို... မလွှတ်ပါဘူး.. ငါ့သားအတွဲကို ညဉ်းနှောက်ယှက်မှာစိုးလို့ တမင်ဆွဲထားတာ.. ဟိုမိန်းကလေးက ချမ်းသာတယ်.. မိဘတွေလဲမရှိတော့ဘူး.. ညဉ်းနေခဲ့တော့ဟယ်.." ပြောပြောဆိုဆို ကျမကိုတွန်း၍ ထွက်သွားသည်...

ကျမရဲ့ အတိတ်တွေကိုသူစိုးမိုးခဲ့သည်..
ကျမရဲ့ အနာဂတ်စီမံကိန်းတွေထဲသူပါသည်..
ဒါပေမဲ့ ကျမရဲ့ ပစ္စုပန်မှာ သူကျမကိုကျောခိုင်းသွားပြီ...

သူဖြေးဖြေးချင်းလျှောက်နေသောခြေလှမ်းတွေကို.. ကျမ အားကုန်ပြေးလိုက်သော်လည်း ဘယ်လိုမှမမှီနိုင်တော့ပါ..

တဖြေးဖြေး... ဝေး၍.. ဝေး၍....


အခန်း(၃)

"သမီး.. သမီး... ထတော့လေ.. ဘာဖြစ်နေတာလဲ.. ရော့ရေသောက်လိုက်" ကျမ မေမေအသံ ကြားတော့မှ ကျမ အသိဝင်လာသည်.... မျက်လုံးဖွင့်ကြည့်လိုက်တော့ စင်္ကာပူ တိုက်ခန်းအိပ်ယာပေါ်တွင်...

"ရေသောက်ပြီး အိပ်ရာထတော့.. ဒီနေ့နှစ်ဆန်းတစ်ရက်နေ့ ဘုရားရေသပ္မါယ် အိမ်ရှင်း ဘုန်းကြီးကျောင်းလဲလိုက်ပို့ပေးအုံး.."
ပြောပြောဆိုဆို မေမေအခန်းပြင်ပြန်ထွက်သွားသည်...

အခန်းပြင်၌ ဖေဖေဖွင့်ထားသော "ချမ်းမြေ့ပါစေ" သီချင်းကိုခပ်သဲ့သဲ့ကြားနေရသည်..

ဒီနှစ်သင်္ကြန် ၅ရက်ကို ကျမ စင်္ကာပူမှာ ကြိုးစားပြီးမသိချင်ယောင်ဆောင်နေလို့ရပေမဲ့.. ကျမ မသိစိတ်ကဒဏ်ရာက အိပ်မက်ထဲထိ ခြောက်လှန့်နေခဲ့သည်..

ချစ်သူ ဖြစ်ခါစက သူပြောခဲ့သော စကားလေးကို ရေရွတ်မိသည်... "ပျော်အောင်ထားပါ့မယ်... တဲ့လား ကိုရယ်..."

ကျမကိုနားအလည်ဆုံး နဲ့ အချစ်ဆုံး ဖေဖေနဲ့မေမေက ဒီသင်္ကြန်တတွင်းလုံး မအားရလေအောင် ကျမအတွက်စီစဉ်ပေးခဲ့သည်.. ကျမကိုဂရုစိုက်တဲ့.. ကျမကိုလိုအပ်တဲ့.. ကျမ မိသားစုအတွက် ကျမဆက်၍အသက်ရှင်သန်ရအုံးမည်.. ကျမကြောင့် ကျမ မိသားစု စိတ်မဆင်းရဲစေရ.. ကျမ အိပ်မက်ဆိုးက နိုးထခဲ့သလို.. အတိတ်ဆိုးက လွတ်မြောက်နိုင်အောင် အစွမ်းကုန်ကြိုးစားသွားမည်...

နှစ်သစ်အတွက် ကျမ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ချင်တာကတော့.....

"လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ...."

Wednesday, January 02, 2008

အထီးကျန်သမားတစ်ယောက်ရဲ့ NEW YEAR NIGHTMARE

New Year မရောက်ခင်........
New Year ရောက်ရင် ငါဘာလုပ်ရမလဲ? going out? count down? ဘယ်အရာကိုမှ သူမပါပဲတစ်ယောက်ထဲ မသွားချင်ဘူး.. အရင်ကတော့ သူနဲ့ ညလုံးပေါက်ချက်မယ်လို့ စိတ်ကူးထားတယ်.. ဒါပေမဲ့ချစ်သူက New Year မှာ ငါနဲ့အဝေးတကာ့အဝေးဆုံးကို ငါတားတဲ့ကြားက ထွက်သွားတယ်.. ငါ့မျက်ရည်နဲ့ သူ့ပျော်ရွှင်မှူကို လဲသွားတယ်..

အို.... တော်ပါပြီ.. ငါ့လိုပျော်ရွှင်ခွင့်မရှိတဲ့ သူတစ်ယောက်ကဘာလို့ ပျော်ရွှင်ခွင့်ကို မျှော်လင့်နေသေးတာလဲ? မျှော်လင့်မိတဲ့အတွက် ကိုယ့်ကိုကိုယ်အပြစ်ပေးလိုက်မယ်.. New year မှာ အလုပ်ကို overtimeဆင်းမယ်..

Dec 31 Evening...........
အလုပ်သွားဖို့ထွက်လာတယ်.. အနဲဆုံးတော့အလုပ်ကNight Shift ဆိုတော့ New Year Night မှာ အိပ်နေတာထက်ဆိုင်ရင် အဓိပ္ပာယ်ရှိအုံးမယ်.. အို.. New Year နဲ့ မဆိုင်ပါဘူး.. ငါ့ဘာသာငါ အလုပ်လုပ်ချင်လို့လုပ်တာ...

ဘာလို့ဒီလောက်အတွဲတွေများနေတာလဲ.. New Year ရောက်မှ ရည်းစားနဲ့အပြင်ထွက်ရ မှာလား? လူတွေဘာလို့ လှတပတ တွေပြင်ပြီး အပြင်ထွက်ကြ ပျော်ကြပါးကြတာလဲ?New year Night ဆိုတာကရော ဘာထူးခြားလို့လဲ? နှစ်တိုင်းရောက်နေတာပဲ.. တကယ်တော့ လူတွေအတွက် မှတ်ရလွယ်အောင် သတ်မှတ်ထားတဲ့ စာအုပ်တစ်အုပ် ကုန်လို့ နောက် တစ်အုပ် လဲတဲ့နေ့ပဲ.. ခပ်မဲ့မဲ့ အပြုံးတစ်ခုပြုံးမိတယ်.. ဒါပေမဲ့ ရင်ထဲမှာဆိုနင့်နေတယ်.. အားကျသလိုလို မနာလိုသလိုလို ...
အလုပ်မှာခါတိုင်းနေ့တွေထက် ခြောက်ကပ်နေတယ်.. Leave ယူတဲ့သူတွေ အများကြီးရှိပေမဲ့ OT လာတဲ့သူတော်တော်နဲတယ်.. Morning shift ကလူတွေကတော့ count down party အမှီသွားချင်ကြလို့ Night Shift သမားတွေအမြန်လာဖို့မျှော်နေကြတယ်.. သူတို့မျက်လုံးတွေမှာ အလုပ်ပြီးရင်ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတဲ့ စိတ်ကူးတွေနဲ့တောက်နေတယ်.. OT လာတဲ့ငါ့ကိုလဲ အံ့သြတဲ့ပုံတွေနဲ့ အကဲခပ်ကြတယ်.. တချို့ကလဲဘာလို့ OT လာတာလဲလို့ မေးကြတယ်..
လူမှုရေးနားမလည်တာလား.. ဘဝပေးဥာဏ်တိန်ကြတာလား..
"To Celebrate New year" လို့ အတတ်နိုင်ဆုံး ပြုံးပြီးဖြေလိုက်တယ်.. ရင်ထဲကလှိုက်လှိုက်လှဲလှဲ ပြုံးပြီး မဖြေနိုင်တဲ့အတွက် ကိုယ့်ကိုကိုယ် အရှုံးသမားလို့ခံစားရတယ်... ငါ့စိတ်ထဲက ငါနောက်တယောက်ရဲ့ ဟတ်ဟတ်ပတ်ပတ် လှောင်ပြောင်ရယ်သံကို ကြားလိုက်ရတယ်..

Dinnerချိန် အလုပ်ကလူတွေနဲ့ အနီးဆုံး shopping mall တခုသွားဖြစ်တယ်.. လူတွေများကြီး ရှုပ်ရှက်ခပ်နေတယ်.. ပျော်နေကြပုံပဲ.. "What's a big deal about new year?" လို့ရေရွတ်မိတယ်.. ချစ်သူလဲဒီအချိန် သူ့သူငယ်ချင်းတွေနဲ့ပျော်နေရောပေါ့.. ဘာလို့ငါကြတော့ ငါ့သူငယ်ချင်းတွေနဲ့မပျော်တာလဲ? တော်ပြီကွာ.. မေ့ထားချင်တဲ့အကြောင်းတွေက ဘာလို့ငါ့ခေါင်းထဲရောက်ရောက်လာတာလဲ..

ငါပေးဆပ်သလောက် အမြဲငါ့ကို တန်ရာတန်ကျေးပြန်ပေးဆပ်တတ်တဲ့ ငါရှာထားတဲ့ ပိုက်ဆံတောင်ဒီနေ့ငါ့ကိုသစ္စာဖောက်ပြီး အလုပ်က locker ထဲမှာကျန်ခဲ့တယ်.. ဒါပေမဲ့ သူကချစ်သူလိုမဟုတ်ဘူး.. ကြိုက်တဲ့သူဆီကနေအစားထိုးလို့ရတယ်.. အတူထွက်လာတဲ့ လုပ်ဖော်ကိုင်ဖက်ဆီက ယူပြီးသုံးလိုက်တယ်.. ဘာမှသိတ်မစဉ်းစားဘဲ သူများကောင်းတယ်ပြောတာ ဝယ်ပြစ်လိုက်တယ်.. အနဲဆုံးတော့ ပတ်ဝန်းကျင်ကိုခဏမေ့နေနိုင်တယ်လေ..

အလုပ်ကိုပြန်ရောက်တော့ 12နာရီထိုးပြီ.. ph ထဲကို New Year msg တွေသူငယ်ချင်းတွေဆီက ခဏ ခဏရောက်တယ်.. Happy New year လို့ wish ပေးနေလိုက်ကြတာ.. သူတို့ wishes တွေကငါ့အသဲကို blade ဓားလေးနဲ့ပါးပါး မွှမ်းနေသလိုဆိုတာ သူတို့သာ သိနိုင်မယ်ဆိုရင်လေ.....

ခါတိုင်းနှောက်ယှက်နေကျ ph သရဲကလဲ ဇွဲကြီးပါ့.. ဒီလောက်အချိန်ကြာကြီး ph မကိုင် msg မပြန်ပဲနေတာတောင်.. ဒင်းက အငိုက်ဖမ်း ပြီး pfingo နဲ့ခေါ်တယ်.. ဒီလောက် ဥာဏ်မှီမယ်လို့ တွက်မထားမိဘူး.. ထင်မိတာက ချစ်သူများ သူရောက်နေတဲ့နေရာမှာ internet ဆိုင်ရှိလို့ ph ခေါ်တာလား.. ငါကန့်ကွက်တဲ့ ခရီးကို ထွက်သွားတဲ့ ချစ်သူကို အနဲဆုံး ၁ပတ်လောက်တော့ မခေါ်ပဲနေမယ်လို့ စိတ်ကူးထားတဲ့ငါ.. pfingo no. နဲ့ ph မည်တော့ မစဉ်းစားပဲကိုင်မိတယ်..

ကျိုက်ထီးရိုးမှာ မနှစ်ကရောက်တဲ့ထိတော့ INTERNET ဆိုင်မရှိဘူး.. ဒီနှစ်များရှိမလားဆိုတဲ့ ရူးနှမ်းတဲ့အတွေးကြောင့် ဘယ်သူမှ မသိပေမဲ့ တစ်ယောက်ထဲ အရှက်ကွဲခဲ့တယ်..

အလုပ် လာတဲ့သူတွေလဲ အလုပ်လုပ်ရင်း ငိုက်တဲ့သူငိုက် GAME နှိပ်တဲ့သူနှိပ် INTERNET SURF တဲ့သူ SURF နဲ့ တိတ်ဆိတ်နေတယ်.. ဘေးမှာလူတွေရှိနေရက်နဲ့ ဘာလို့ငါတစ်ယောက်ထဲလို့ ခံစားနေရတာလဲ?

ငါ့ကိုအမြဲအဖော်လုပ်ပေးနေကြ online ကရုပ်ရှင်တွေလဲ ကြည့်လွန်းလို့ ခေါင်းတောင်မူးနေပြီ.. English sub တွေတောင် အရင်လို ဦးနှောက်က အလျှင်မီဘာသာမပြန်နိုင်တော့ဘူး...

ONLINE တက်ကြည့်တယ် စကားပြောစရာအဖော်ရှိမလားလို့.... တစ်ယောက်မှ မရှိဘူး.. ရှိတဲ့ 2 ယောက်ကလဲ STATUS က "Fucking new year.." ဆိုတာတွေ.. သူတို့တွေရောဘာလို့ new year ကိုမုန်းတာလဲ.. အကြောင်းတခုခုတော့ ရှိမှာပေါ့.. ဒါပေမဲ့ စကားပြောဖို့ ကောင်းမဲ့ပုံတော့ မပေါ်.. online လာပြီး သူငယ်ချင်းတယောက်ယောက်နဲ့ စကားပြောဖို့ စဉ်းစားမိတဲ့ ကိုယ့်ကိုကိုယ် သတိပေး status လေး တခုရေးလိုက်မိတယ်..

"New Year တွင် စိတ်ညစ်သူများသာ online ရောက်ကြသည်"

ခဏနေတော့ သူငယ်ချင်းတယောက် online ရောက်လာတယ်.. သူလဲဘယ်မှသွားစရာမရှိဘူးတဲ့ တယောက်ထဲပဲတဲ့.. ဒီလိုနဲ့ သူနဲ့ချက်ဖြစ်တယ်.. စိတ်ညစ်စရာတွေ တိုင်ပင်လိုက် ဆွေးနွေးလိုက် အလုပ်လုပ်လိုက် အချိန်ကုန်မြန်သွားတယ်.. သူငယ်ချင်းရေ ကျေးဇူးပဲနော်..

Jan 1st 2008 morning 7:30am..........
မိုးလဲလင်းပြီ အလုပ်လဲဆင်းပြီ.. အလုပ်ပြီးရင်သွားစရာ လူမှုရေးကိစ္စတခုရှိတယ်.. အရင်အလုပ်က ကိုယ့်အပေါ်ကောင်းခဲ့တဲ့ အင်ဂျင်နီယာမ ကလေးမွေးလို့ သူ့အိမ်က အလုပ်နဲ့နီးလို့ တခါထဲဝင်မယ်စိတ်ကူးတယ်.. ဒါပေမဲ့ သူက 10amမှလာပါတဲ့.. ဒီကြားထဲ ငါဘယ်မှာသွားနေရမလဲ.. ညကဝယ်ထားတဲ့ အထုတ်တွေရော လက်ဆောင်ပေးဖို့ ယူလာတာတွေရော သယ်လိုက်ရတာ အများကြီး.. အလုပ်နားမှာနေတဲ့ သူငယ်ချင်းတယောက် ရှိတယ်.. သူနဲ့မတွေ့တာလဲကြာပြီ.. သူ့အိမ်သွားမယ်.. ph ခေါ်ကြည့်တော့.. အိပ်ချင်မူးတူးအသံနဲ့ သူမနေ့က 4am မှအိပ်တာတဲ့.. လာချင်ရင်တော့လာပေါ့ ဒါပေမဲ့ သူ့ကိုနှောက်ယှက်သလို ဖြစ်မှာစိုးလို့ ညကသွားတဲ့ shopping mall ပဲထပ်ပတ်နေတော့မယ် စိတ်ကူးနဲ့ သွားတော့ shopping mall ကလဲမဖွင့်သေး.. အော်.. ငါ့ဘ၀ ပိုက်ဆံသုံးချင်တာတောင် သုံးလို့မရပါလားနော်..

နောက်ဆုံး breakfast စားနေကြမဟုတ်ပေမဲ့ ထိုင်စရာရအောင် အနားမှာရှိတဲ့ Burger King ထဲဝင်ပြီး breakfast စားပစ်လိုက်တယ်.. တစတစနဲ့ 8နာရီလောက်ကျတော့ လူသွားလူလာ အတော်လေးများလာသည်.. အသက် ၁၄ ၁၅ နှစ်လေးတွေကလဲ အတွဲလေးတွေနဲ့ သူတို့ကိုယ်သူတို့ လူကြီးဂိုက်ဖမ်းပြီး ဖြတ်လျှောက်သွားတတ်တယ်.. ဘေးစားပွဲက အတွဲက ယောကျာင်္းကလဲ သူ့ကောင်မလေးကိုအလွန်ဂရုစိုက်ပုံရတယ်.. ခပ်လှမ်းလှမ်းက အဖိုးကြီးတွေကလဲ ဘော်ဒါတွေစုပြီးဘာတွေပြောနေကြမှန်းမသိ.. တယောက်ထဲလျှောက်လာတဲ့ လူတယောက်တွေ့တော့.. ငါ့လိုပဲတစ်ဃောက်ထဲသမားရှိပါသေးလားဆိုပြီး အားတက်မယ်ကျန်တုန်း ခပ်လှမ်းလှမ်းကလူကို လက်ပြပြီးတူတူထွက်သွားကြသည်.. ဒီတော့မှသေချာ သတိထားမိလိုက်တော့ တစ်ယောက်ထဲရှိတာငါတစ်ယောက်ထဲပါလား.. ပတ်ဝန်းကျင်ကလူတွေကို ခံပြင်းတယ်.. ကိုယ့်ကိုကိုယ် ဝိဥာဏ်တစ်ကောင်လိုခံစားရသည်.. ငါရှိနေတာရောဒီလောကမှာ သတိထားမိတဲ့သူရှိရဲ့လား? ခါတိုင်း new year တွေ ဒီလိုမခံစားရဘူး ဒီနှစ်မှဘာလို့ခံစားရတာလဲ? ချစ်သူကတော့ငါမပါလဲပျော်နေနိုင်မှာပါ..

ဖြတ်လျှောက်သွားတဲ့ သူတချို့မှာ ချစ်သူနဲ့တူတဲ့သူတွေတော်တော်များသလိုပဲ.. ချစ်သူမျက်နှာကိုပဲ သေချာမမှတ်မိတော့လို့လား.. ဒါမှမဟုတ် ရုပ်ရှင်တွေထဲကလို မျက်စိကပဲလှည့်စားပြီး ကြည့်လိုက်တိုင်းသူ့ကိုမြင်နေတာလား? ကိုယ့်ကိုကိုယ် မညှာတမ်း ခပ်ရိုင်းရိုင်းပြောရရင် ဟိုအရူးတမျိုးများဖြစ်နေပြီလား.. ကဗျာဆန်ဆန်ပြောရရင်တော့ အချစ်ရူးလို့ခေါ်မယ်ထင်တယ်...

"အို.. တစ်ယောက်ထဲဆိုတော့ရောဘာဖြစ်လဲ.. ပိုတောင်လွတ်လပ်သေး.. စားချင်တာလဲ သူများနဲ့ညှိစရာမလို ဝယ်ချင်တာဝယ် အကုန်ကိုယ့်အတွက်ပဲစဉ်းစားစရာလိုတယ်.. မွေးကထဲကလည်း တစ်ယောက်ထဲပဲ.. ဘာလို့အသက်ကြီးမှ မွေးခါစကလေးလောက်တောင် သတ္တိမရှိတာလဲ.. " အိတ်ထဲမှာပါတဲ့ မိတ်ကပ်တွေ lipstick တွေထုတ်လိမ်းမိတယ်.. အဲလိုဆို confident လေးများပိုရလာမလားလို့.. လိမ်းနေရင်း ဘယ်ကမှန်းမသိ ဘာကြောင့်မှန်းမသိ မျက်ရည်တွေဝိုင်းလာတယ်.. ဪ.. ငါဟာ သနားစရာ သတ္တဝါ တစ်ကောင်ပါလား..

မိတ်ဆွေအိမ်ကလည်းလမ်းမှား လျှောက်ပြီးရှာမတွေ့တော့ ပတ်ဝန်းကျင်ကလူတစ်ယောက်မေးကြည့်မှ တော်တော်ဝေးနေမှန်းသိရတယ်.. taxi တွေကလဲ ဟိုတလောကမှ rule ပြောင်းပြီးဈေးတက်တာရော Jan 1 public holiday ဖြစ်နေတော့ ဈေးပိုပေးရမှာရောဆိုတော့ မစီးချင်ပေမဲ့ စီးလိုက်ပါတယ်.. taxi စီးတာ တောင် ဒီ new year ကြောင့် ပိုက်ဆံပိုပေးရတယ် တကယ်ဆိုးတဲ့ new year... သတင်းလေးဘာလေးမေးပြီးပြန်တော့ အပြန် bus ကဂိတ်စ ဂိတ်ဆုံး ၁နာရီလောက်အကြာကြီးစီးရတာ.. high way လမ်းကသွားတဲ့ကားဆိုတော့ တကယ့်ကို မြန်မာပြည်မှာ ခရီးထွက်နေရသလို ခံစားရလို့ အဲဒိကားစီးရတာကို အရင်က နှစ်သက်တယ်.. အမြဲထိုင်နေကျ driver နောက်တည့်တည့်က သီးသန့်အကန့်လေးလိုဖြစ်နေတဲ့၂ယောက် ခုံမှာ ၁ခုံပစ္စည်းတင် ၁ခုံမှာဝင်ထိုင်လိုက်တယ်.. လျှောက်စဉ်းစားမိမှာစိုးလို့ ph ထုတ်ပြီး သီချင်းနားထောင်မိလိုက်တယ်.. ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးတာလား အဆွေးဓာတ်ခံရှိတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရမလား.. ဟိုနေ့ကမှ ph ထဲက သီချင်းတွေ ramdomly အသစ်ထည့်ထားမိသမျှက ကိုယ့်ကိုစောင်းဆိုနေသလိုလို..

Lဆိုင်းဇီက "အရှုံးနဲ့အမုန်းငါ့အတွက်ပဲလား? အချစ်တွက် ကံမကောင်းတဲ့သူပါ"တဲ့

မျိုးကြီးက "နင်ရယ်ငါရယ်ခုတလောထဲ အဆင်မပြေတာတွေသိပ်များတယ်.."တဲ့

ဧကရီကလဲ "မင်းနဲ့ဝေးနေတဲ့အချိန်ငါ့မှာ တစ်ယောက်ထဲ လွမ်းဆွတ်လို့ကျေကွဲ" တဲ့

Aero smithကလဲ "I don't wanna miss a thing" တဲ့

Lလွန်းဝါကလဲ "ခွင့်လွှတ်ရင်းအမြဲ ဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ.."တဲ့ ဒီသီချင်းကကောင်းပါတယ် အဲဒိသီချင်းထဲကကောင်မလေးလိုလဲ ချစ်သူကိုချစ်ချင်တယ်.. ဒါပေမဲ့ သူ့ကို ခွင့်မလွှတ်ပေးနိုင်သေးဘူး..

မှတ်ထားတဲ့သူနဲ့ အမှတ်ခံရတဲ့သူမှာ မှတ်ထားတဲ့သူက ပိုပင်ပန်းပါတယ်.. အမှန်တော့မှတ်ထားတဲ့သူက သူကိုယ်သူ အရှုံးသမားလို့ မသိစိတ်ကခံစားရလို့ မှတ်မိနေတဲ့ အရှုံးသမားအစစ်တွေပါ.. ကျမအမြင်တော့ ခွင့်လွှတ်ပေးတယ်ဆိုတာ ချစ်သူကိုအရမ်းချစ်လို့လဲဖြစ်နိုင်သလို .. ကိုယ့်ကိုကိုယ်ပိုချစ်လို့ သူ့အတွက် သိပ်မခံစားပေးလို့လဲဖြစ်နိုင်ပါတယ်.. ဆိုလိုတာကတော့ "he means nothing to me" or "he doesn't mean much to me" ပေါ့..

စိတ်ထဲမှာ အားမလိုအားမရဖြစ်မှုနဲ့သိမ်ငယ်မှု ခံစားရတိုင်း သူ့ကိုခွင့်မလွှတ်ဘူးလို့ ကျမပြောမိတယ်.. တကယ်တမ်းတော့ ခွင့်မလွှတ်နိုင်သေးတာလဲ "he means everything to me" မို့ပါ..

ချစ်သူကပြောဖူးတယ်.. ဘလော့ထဲမှာရေးမဲ့အစား သူနဲ့ chat ရင်ပြောပါလားတဲ့..
chat မှာစိတ်ထဲရှိသမျှ မကျေနပ်ချက်တွေထုတ်ပြောရင် ချစ်သူမုန်းသွားမှာကြောက်တယ်.. မပြောပဲ ကိုယ့်စိတ်ထဲမှာပဲထားပြီး မွန်းကျပ်လာရင် ချစ်သူကိုမုန်းမိသွားမှာစိုးတယ်.. သူ့ကိုမမုန်းချင်ဘူး.. ကိုယ့် blogမှာရေးချင်တာရေးချလိုက်ရတော့ စိတ်ပေါ့သွားတယ်..

နှစ်တစ်နှစ်ရဲ့ ပထမဆုံးနေ့မှာ ဖြစ်ပျက်တဲ့အရာတွေကတနှစ်လုံး အဲလိုမျိုးတွေဖြစ်နေတတ်တယ်လို့ ကြားဖူးတယ်.. အဲဒါကြောင့် ဒီလိုနေ့မျိုးမှာ ချစ်သူနဲ့ အတူမရှိတောင် online လေးတော့တွေ့ချင်ခဲ့တာ.. ဘာလို့ နှစ်သစ်ကူးတိုင်း ချစ်သူနဲ့အတူမရှိရတာလဲ.. မြန်မာနှစ်ကူးပဲ ဖြစ်ဖြစ် New Year ပဲဖြစ်ဖြစ်.. ဘာလို့ချစ်သူနဲ့အတူတူ happy memory မရှိတာလဲ?

သင်္ကြန်တုန်းကလဲ သင်္ကြန်အလျှောက် ရေစိုစိုမှာ ချစ်သူကိုစောင့်ရင်း ငိုခဲ့ရဖူးတယ်.. ခုလဲ ပါးပြင်ပေါ်ကိုမျက်ရည်တွေပူကနဲ စီးကျလာမှ ဒီရောက်တတ်ရာရာအတွေးစတွေကို ဖြတ်ပြစ်ဖို့ကြိုးစားတယ်..

New Year မှာမငိုချင်ဘူး.. မြန်မာနှစ်ဆန်း၁ရက်နေ့က လည်းငိုခဲ့ရပြီးပြီ..အဲဒါကြောင့်များ ခုငိုနေရတာလား? တနှစ်လုံးငိုနေရမှာစိုးတယ်.. ကြေကွဲမျက်ရည်တွေက သုတ်လေထွက်လေပဲ.. အဲဒါကြောင့် နှစ်သစ် 2008 ကြီးကို ကြည်နူးမျက်ရည်လိုလိုအထင်လွဲအောင်.. မျက်နှာကိုအတတ်နိုင်ဆုံးပြုံးပြီး ရေရွက်မိလိုက်တယ်
"HAPPY NEW YEAR 2008".............................