Showing posts with label Trash. Show all posts
Showing posts with label Trash. Show all posts

Sunday, November 25, 2007

ချစ်သူ့ ဆုတောင်း

ချစ်သူရေ .......
အတူတူရှိစဉ်က ...
နှစ်ကိုယ်ကြားပြောခဲ့တုန်းက ...
တိတ်တိတ်လေးခိုးနမ်းတုန်ကငါ .......
မတွေးမိခဲ့ ဖူး ...
တမ်းတရမရ့် ဒုက္ခကိုလေ .......

နှစ်ဦးသားကြေကွဲကြရုံကလွဲပြီး အခြားရွေးချယ်စရာ ... လမ်းတစ်ခု ... ဘ၀ဆက်တိုင်းအတွက် ...
ဖန်ဆင်းပေးပါ ... ကံကြမ္မာရယ် ...

Thursday, November 22, 2007

VIP

ငါကမင်းအတွက်
ရေဆိုရင်
ရေသန့် 

ငါကမင်းအတွက်
လေဆိုရင်
pure oxygen

ငါကမင်းအတွက်
မြေဆိုရင်
မြေသြဇာ

ငါဟာမင်းအတွက်
မီးဆိုရင်
VIP လိုင်း ပဲပေါ့ ..........

အဆုံးမဲ့  ...

မင်းအတွက်ငါဟာရေပါ
သုံးချင်သလိုသုံး
အဆုံးမဲ့  ...
မင်းအတွက်ငါဟာလေပါ
ရှုချင်သလောက်ရှု
အဆုံးမဲ့ 
မင်းအတွက်ငါဟာမြေပါ
နင်းချင်သလိုနင်း
ခြေထောက်နဲ့  ........

မင်းအတွက်ငါဟာမီးပါ
တောက်လောင်ပေးပါ့မယ်
အစွမ်းရှိသလောက်ပေါ့ .......

သူရေးတဲ့ကဗျာ

အတ္တ

နင်က ... နေမင်းဆိုရင် ငါ့တစ်ယောက်ထဲကိုပဲလင်းပေးပါ ...
လမင်းဆိုရင်လဲ ငါ့တစ်ယောက်ထဲရဲ့ အမှောင်ကိုခွင်းပေးပါ ...
မိုးဆိုရင်လဲ ငါ့တစ်ယောက်ထဲကိုပဲစိုပါ ...
နွေဆိုရင်လဲငါ့တစ်ယောက်ထဲကိုပဲပူပါ
ဆောင်းဆိုရင်လဲငါ့တစ်ယောက်ထဲ အေးမြပါ ...
အတ္တတွေ အန္တနဲ့ ပြောလိုက်မယ် ...
ငါ့တစ်ယောက်ထဲကိုသာချစ်ပါတော့..