Showing posts with label Humour. Show all posts
Showing posts with label Humour. Show all posts

Tuesday, September 10, 2013

Running Man Ep 133 မှာ Bungee Jump လုပ်ခဲ့တဲ့ မင်းသား Lee Dong Wook

Running Man Ep 133 ကို ကြည့်ပြီးကြသူတွေလဲ ကြည့်ပြီးလောက်ပါပြီ... နောက်ကျနေမှန်းသိပေမဲ့ ဟိုနေ့ကမှ အဲဒိ အပိုင်းကိုကြည့်ဖြစ်ပြီး မင်းသား Lee Dong Wook ကို ပိုပြီး သဘောကျသွားလို့ ရေးဖြစ်လိုက်ပါတယ်။

အဲဒိ အပိုင်းမှာ Running Man ဟာ Macau နိုင်ငံမှာရှိတဲ့ အမြင့်ဆုံး တာဝါပေါ်ကနေ Bungee Jump လုပ်ဖို့ Mission တစ်ခုပါလာပါတယ်။ အဖွဲ့တစ်ဖွဲ့မှာ ၃ယောက်ရှိပြီး ၁ယောက်ခုန်ချရင် လုံလောက်ပြီဖြစ်ပါတယ်။ Bungee Jump ကို လုပ်ဖို့ အားလုံးက တွန့်ဆုတ်နေခဲ့ကြပြီး ဘယ်သူမှ မလုပ်ရဲပါဘူး... မင်းသား Lee Dong Wook က Running man ကို ပထမဆုံးအကြိမ် ဧည့်သည်အဖြစ်ဝင်ရောက်ပါဝင်တာဖြစ်ပါတယ်။ သူကိုယ်တိုင်လဲ ကနဦးမှာ ကြောက်ရွံ့နေခဲ့ပါတယ်။

Macau Tower ကို မသွားခင် Bungee Jump ဟာ ဘယ်လောက်ကြောက်ဖို့ကောင်းကြောင်း Running Man members တွေကို သူပြောပြနေတာ အတော်လေး ချစ်စရာကောင်းပြီး ရီရပါတယ်... အောက်က ပုံလေးတွေကိုကြည့်ပါ... အဲဒိအချိန်တုန်းကတော့ သူကိုယ်တိုင် ခုန်ရမယ်လို့ ဘယ်ထင်ခဲ့မလဲနော်...







အစီအစဉ်ခေါင်းဆောင် "Yoon Jae Suk" က "မင်းက မင်းသားပဲ မင်းခုန်ချသင့်တယ်" လို့သူ့ကိုပြောတော့ မျက်ကလူးဆန်ပြာ "ငါလဲ ဖျော်ဖြေရေးသမားပါပဲ... ဘာလို့ခုန်ရမှာလဲ" ဆိုပြီး ပြန်ပြောတာတွေ့တော့ ကျွန်မသဘောကျမိပါတယ်။ အော်... ရုပ်ရှင်ထဲမှာသာ မင်းသားတွေ Cool တာ အပြင်မှာသူတို့လဲ ကြောက်တတ်မှာပေါ့ဆိုပြီး တွေးမိလို့ သဘောကျတာပါ။

ဒါပေမဲ့ အဆုံးမှာ သူတို့အဖွဲ့ ၃ယောက်မှာ Song Ji Hyo မိန်းကလေးကို ခုန်ခိုင်းရင် ယောကျာင်္းတစ်ယောက်အနေနဲ့ မကောင်းတာနဲ့ သူပဲ ခုန်ချမယ်ဆိုပြီး ယောကျာင်္းပီသစွာ အနစ်နာခံတာတွေ့ရတော့ သူ့ကို အရင်ကထက် ပိုပိုပြီး သဘောကျသွားပါတယ်။

သူခုန်ချခါနီးမှာ ကြောက်လို့ အကြိမ်ကြိမ်နောက်ပြန်ဆုတ်ပြီးမှ တတိယတစ်ကြိမ် မကြိုးစားခင် အသက်ကို ၀၀ရှု သူ့စိတ်ကို ငြိမ်အောင်လုပ်ပြီး အောင်မြင်စွာခုန်ချရင်း သူတို့ အဖွဲ့ Mission ကို ကူညီခဲ့ပါတယ်...



ကိုယ်ကြိုက်တဲ့ Korea မင်းသား Lee Dong Wook အတွက် ဂုဏ်ယူသလို၊ ငါ့ကိုရီးယားမင်းသားတွေ မိန်းကလေးတွေထက် နုဖတ်ပြီး ချောရင်ချောနေမယ်။ ယောကျာင်္းပီပီသသ အနစ်နာခံတတ်ကြပါတယ်ဆိုပြီး ကြံဖန် ချီးမွှမ်းမိတော့တာပါပဲ...



အဲဒိ Running man episode 133 ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရိုက်ကူးခဲ့တာဖြစ်ပြီး မင်းသား Lee Dong Wook ရဲ့ Me2world account မှာ ရိုက်ကွင်းထဲမှာ သူကိုယ်တိုင်ရိုက်ထားတဲ့ပုံကို တင်ပြီး ယခုလိုရေးခဲ့ပါတယ်...

" “The 'Running Man' cast are very kind. I had lots of fun. Thank you. The Legend of the Golden Sword will air in two weeks. Please stay tuned. Who do you think will win?”


"Running Man မှာ ပါတဲ့ သရုပ်ဆောင်တွေဟာ အရမ်းသဘောကောင်းကြပါတယ်။ အရမ်းလဲ ပျော်ခဲ့ရပါတယ်။ ကျေးဇူးတင်ပါတယ်။ သမိုင်းဝင်ရွှေဓားအကြောင်းကို နောက် ၂ပတ်နေရင် လွှင့်ပါမယ်။ ဘယ်သူနိုင်မလဲဆိုတာ စောင့်မျှော်ကြည့်ရှုကြပါ" လို့ရေးသားခဲ့ပါတယ်...


ပုံထဲမှာတော့ အားလုံးဟာ ဗီယက်နမ်ရိုးရာဝတ်စုံကို ၀တ်ဆင်ထားပြီး ရိုက်ကွင်းမစခင် အနားယူနေကြပါတယ်။ Running Man Episode 133 မကြည့်ရသေးရင် ကြည့်လိုက်အုံးနော်...





Monday, June 04, 2012

Most Embarrasing Awkward Moment in my life

လူတော်တော်များများဘ၀မှာ awkward Moment လေးတွေ ရှိခဲ့ကြမှာပါ... Awkward Moment ကို မြန်မာလိုပြောရရင် ရှက်စရာလဲကောင်း၊ ကိုယ်ဆိုလိုတာက တစ်မျိုး အဓိပ္ပါယ်ပေါက်သွားတာကတစ်မျိုး တဖက်က နားလည်သွားတာက တစ်မျိုး၊ ဒါမှမဟုတ် ကြောင်အမ်းအမ်းနဲ့ ရုတ်တရက်ကြီး လူ၂ဦးကြား စကားစပြတ် တိတ်သွားပြီးတာမျိုး စသည်ဖြင့် အခြေအနေမျိုးတွေကို ပြောတာဖြစ်နိုင်ပါတယ်... Awkward Moment ဆိုတဲ့ စကားကို လူတွေက သူတို့ဘာသာ သူတို့ အရှက်ရစရာ၊ ကြောင်တောင်တောင်ဖြစ်စရာ နေရာတွေမှာ သင့်တော်သလိုသုံးတတ်ကြပါတယ်... 

ကျွန်မဘ၀ရဲ့ အရှက်ရစရာ အကောင်းဆုံး Awkward Moment အလွဲလေးကတော့ ကျွန်မ ၂၀၁၁ မတ်လ ရန်ကုန်ပြန်တုန်းကပေါ့... 

ကျွန်မက တရုတ်တန်း ၁၅လမ်းထိပ်က လိုင်လိုင်း ဟိုတယ်မှာ တည်းပါတယ်... ကိုယ်ရောက်တယ်ဆိုတဲ့ သတင်းကြားတော့ မေမေ့ မိတ်ဆွေရဲ့သား၊ ကျွန်မနဲ့ ၁၀တန်းတစ်လျှောက် ကျူရှင်တူတူတက်ခဲ့တဲ့ သူငယ်ချင်းက ထူးထူးခြားခြားတွေ့ရအောင်လို့ ဖုန်းဆက်လာပါတယ်... 

သူက ဟိန္ဒူလူမျိုးပါ.... ငယ်ငယ်က မြန်မာစာသူ့ကို သင်ရင် အမြဲရီနေခံရတဲ့သူဟာ... ခုတော့ ကျွန်မလို လခစားမဟုတ်ပဲ... စီးပွားရေးသမားကြီး ဖြစ်လို့ နေပါတယ်...

 ခါတိုင်း ကျွန်မပြန်လာရင် “အေး... တစ်ရက်တွေ့မယ်လေ” လောက်ပဲ စကားအဖြစ်ပြောဖြစ်ပင်မဲ့ ဘယ်တော့မှ မတွေ့ဖြစ်ပါဘူး... အဲဒိတစ်ခေါက်မှာတော့ သူက ဆိုက်ဆိုက်မြိုက်မြိုက် ကျွန်မတည်းတဲ့ ဟိုတယ်ကို တိုက်ဆီနဲ့ ရောက်ချလာပါတယ်... အဲဒိကတည်းက တိုက်စီသမား မျက်နှာပေးက စပ်ဖြီးဖြီးလုပ်နေလို့ ကျွန်မ မသွားချင်ခဲ့ပါဘူး... ဒါနဲ့ နီးနီးနားနား Junction မော်တင်ကိုပဲ သွားဖို့ ကျွန်မ အကြံပြုလိုက်ပါတယ်... Junction မော်တင်ရောက်တော့လဲ လူတွေက အလွန်တရာမှ ကြည့်ကြပါတယ်... တရုတ်မ မျက်နှာကျွန်မနဲ့ ဟိန္ဒူ မျက်နှာနဲ့ သူ့က သူငယ်ချင်းမို့ တူတူလာတာကို ဘာလို့ ထိုသို့သော အကြည့်မျိုးဖြင့် ကြည့်ခံရမှန်းမသိပါ... ဒါတောင် ကျွန်မတို့ ၂ယောက် စကားကို အကျယ်ကြီးပြော... ခပ်ခွာခွာလမ်းလျှောက်ပြီး သူငယ်ချင်းပုံစံအတိုင်းပဲနေတာပါ...

 ဒါနဲ့ အပေါ်ဆုံးထပ်က Wall ရေခဲမုန့်ဆိုင်မှာ ခဏထိုင် စကားပြော... နောက်ပြီး ကျွန်မ မောင် တစ်ဝမ်းကွဲ ၁၀တန်းတုန်းက သူနဲ့လဲ ကျူရှင်တူတူပဲ... သူ့ကို ဖုန်းလှမ်းဆက်ပြီး ခေါ်လိုက်ပါတယ်... အဲဒိအတောအတွင်းမှာတော့ ရေခဲမုန့်ဆိုင်က ၀န်ထမ်းကောင်မလေးတွေရဲ့ စူးစမ်းတဲ့ အဓိပ္ပါယ်တွေနဲ့ အကြည့်တွေကိုလဲ ခံနေရလို့ ခံပြင်းလှပါတယ်... သို့သော် အသက်တွေလဲကြီးပြီ ကိုယ်မှန်နေရင်လဲ ဒါမျိုးက ရှက်ကြောက်ကြောက်လုပ်နေစရာမလို... ကိုယ့်အကြောင်းနဲ့ကိုယ်... ကိုယ့်ကို တကူးတကလာတွေ့တဲ့ သူငယ်ချင်းကိုလဲ ပြောမထုတ်လိုက်ချင်... မိဘချင်းလဲ လုပ်ငန်းတူသည်... အမှန်တော့ အဓိက သူကျွန်မကို တွေ့ချင်တဲ့အကြောင်းက သူ့စီးပွားရေးနဲ့ ပတ်သတ်နေ၍ပင်ဖြစ်သည်... သူနှင့် စီးပွားလုပ်ထားသူကို ငွေကျွံပြီးမှ ထိုမိသားစုက စကာင်္ပူရောက်နေသောကြောင့်... ထိုမိသားစုကိုလဲ ကျွန်မက သိသောကြောင့် သူတို့သတင်း တီးခေါက်လိုခြင်းဖြစ်သည်... ဒီထက်ပိုသည့် အကူအညီတောင်းရန်လဲ သူ့စိတ်ထဲရှိကောင်းရှိမည်...

ကျွန်မ မောင်တစ်ဝမ်းကွဲကလဲ ဖုန်းခေါ်ပြီး ချက်ချင်းလာမည်ဆိုပြီး တော်တော်နှင့်ပေါ်မလာ... ဒီတော့ ကျွန်မတို့ အောက်ပြန်ဆင်းလာကြသည်... သူနှင့် ၂ယောက် ကြောင်တောင်တောင်ဖြစ်စပြုလာ၍ ကိုယ်စိတ်ဝင်စားသော အလုပ် ရှော့ပင်းသာကြည့်မိတော့သည်... အလယ်ထပ်တွင် ကျွန်မ သဘောကျသော စလင်းဘတ်အိတ်လေးတွေ့သဖြင့် ဈေးမေးနေစဉ်... အဲဒိ သူငယ်ချင်းက ဇွတ်အတင်း ပိုက်ဆံဝင်ရှင်းတော့သည်... ကျွန်မအတွေးထဲတွင် အရင်ဆုံးရောက်လာသည်က ဆိုင်ကကောင်မလေးတွေ တစ်မျိုးထင်မှာကိုပင်... မပေးပါနဲ့လို့ပြောလဲ မရ ဇွတ်အတင်းပေးတော့သည်... ဒိထက် ငြင်းလျှင် ပိုဆိုး၍ လူကြည့်မည်စိုးသဖြင့် “အေးပါ... နင့်ကို ငါမုန့်ပြန်ကျွေးပါ့မယ်/ စကာင်္ပူလာလည်ရင် လျှောက်လိုက်ပို့ပေးပါ့မယ်” စသည်ဖြင့် ကိုယ်နှင့်သူ သူငယ်ချင်းမှန်း သိသာမည့်စကားလုံးမျိုး ကိုယ်သည် သူ့ကို ချူစားနေသော သူမဟုတ်ဟု ထင်သာသော စကားများကို အရောင်းစာရေးမလေးတွေ ရှေ့ကြားအောင်ပြောရသည်... ဒီတော့မှ သူတို့ အကြည့်နည်းနည်းပြောင်းသွားသည်... သူကလဲ ကျွန်မဆီက ဘာအကူအညီတောင်းချင်၍ လက်ဆောင်ပေးသည်မသိ... သို့သော် ကျွန်မအတွက်တော့ အလွန်အနေခက်လှသည်... 

စိတ်ထဲတွင် လေးပင်လာပြီး မရောက်လာသေးသည် မောင်တစ်ဝမ်းကွဲကိုသာ ကြိမ်ဆဲနေမိသည်... ရှော့ပင်းလဲ လျှောက်မကြည့်ရဲတော့... တော်ကြာမှ ဟိန္ဒူသူဋ္ဌေးကို ချူစားနေတဲ့ ကာရာအိုကေမယ်ပုံပေါက်နေအုံးမည်... ပို၍ ပို၍ Awkward ဖြစ်လာသည်မှာ သေချာလှသည်... ကျွန်မတည်းသော ဟိုတယ်ကိုသာ ပြန်ချင်တော့သည်... ဆက်လဲ မစောင့်ချင်တော့...

 ဒီလိုနဲ့ ရှော့ပင်းစင်တာ အပြင်ဘက်ထွက်လာတော့ ကျွန်မကလဲ ရှော့ပင်းထုတ်ကြီးနဲ့ ဘေးကသူကလဲ ရပ်နေတော့ တိုက်စီတွေကလဲ ငှားမလား ငှားမလားပေါ့... Awkward ဖြစ်လာတော့ သူက “နင်ဘယ်သွားချင်သေးလဲ ဘယ်မရောက်သေးဘူးလဲ... လိုက်ပို့ပေးမယ်... ဟိုကောင်ကို အဲဒိလိုက်ခိုင်းလိုက်မယ်”တဲ့... အမှန်တော့ ကျွန်မလဲ သူနဲ့ ၂ယောက်တည်း ဆက်မသွားချင်တော့တာကြောင့် မြန်မြန်ပြတ်အာင် “မသိဘူး... ဘယ်မှ သွားစရာလဲ မရှိဘူး..." ဘူးခံညင်းတော့တာပါပဲ... 

သူကလဲ အထာမပေါက်တာလား... ယောကျာင်္းလေးမို့ ဘေးက အကြည့်တွေကို ဂရုမစိုက်တာလား... ဒါမှမဟုတ် သူလိုချင်တဲ့ အကူအညီကျွန်မကို မတောင်းရသေးလို့လား... ၃ယောက်လုံး တွေ့ပြီး စကားပြောရအောင် နောက်တစ်နေရာသွားဖို့ ပြောပါတယ်... 
သူက “ကန်တော်ကြီး နင်မရောက်သေးဘူးမှတ်လား... ကန်တော်ကြီးသွားရအောင်” ဆိုပြီး... 

ကားသမားတွေကို “ကန်တော်ကြီး ဘယ်လောက်လဲ” လို့မေးလိုက်ပါတယ်... 

အဲဒိ ကားသမားတွေရဲ့ ကွမ်းတမြုံမြုံနဲ့ ပြုံးစိစိ အကြည့်က သူတို့ ဘာကို စဉ်းစားနေလဲဆိုတာ ကျွန်မပဲ အဓိပ္ပါယ်ကောက်လွဲနေသလားမသိပါ... သို့သော် ခံရခက်လှပါတယ်.. စိတ်ထဲလဲ အရမ်းမွမ်းကြပ်ရတဲ့အထဲ... ကားသမားအမြင်မှာတော့ သူနဲ့ ၂ယောက်တည်း ကန်တော်ကြီးပန်းခြံ သွားတယ်ပဲထင်မှာပါ...

 အဲလိုထင်ခံရမှာစိုးလို့ ကျွန်မလဲ ကမန်းကတန်းပဲ သူနဲ့ လမ်းခွဲချင်တာနဲ့ ကိုယ်ပြန်ချင်တာကို ပြတ်ပြတ်သားသား အမြန်ထုတ်ပြောလိုက်ပါတော့တယ်... 

 “ဟင့်အင်း မသွားဘူး... ဟိုတယ်ပဲ သွားတော့မယ်” လို့ပါပဲ... ပြောပြီးမှ သေစမ်းဟယ်... အဲဒိနေရာမှာတင် ဟယ်ရီပေါ်တာရဲ့ ၀တ်ရုံကြီးနဲ့ ကိုယ်ဖျောက်ပြစ်လိုက်ချင်တော့တာပါပဲ... ကိုယ်ဆိုလိုတာ ကိုယ်သိတယ်.. ကိုယ့်သူငယ်ချင်းသိတယ်... သို့သော် ကွမ်းတမြုံမြုံဝါးနေသော ကားသမားများ မသိပါ... 

ကျွန်မလဲ အဲဒိအချိန်က အယောင်ယောင်အမှားမှား ဘာတွေပြန်ဖြေရှင်းလိုက်မှန်းလဲ မသိပါ.... သိတာတော့ အိညောင်အိညောင်ဆို အတွဲထင်ခံရမှာစိုးလို့...သူများတွေကြားအောင် အော်ကြီးဟစ်ကျယ် (ရှက်လေ အသံကျယ်လေ ထုံးစံ) နဲ့တော့ ဖြေရှင်းလိုက်ပါတယ်... “ငါတည်းတာ လိုင်လိုင်းမှာလေ... အဲဒါကြောင့်” ဆိုပြီး သိပြီးသား သူငယ်ချင်းကိုပြောသလိုလိုနဲ့ ဘေးက လူတွေကြားအောင် ဖြေရှင်းလိုက်ပါတယ်... 

ကျွန်မအဲလိုဖြစ်တော့မှပဲ ထိုကောင်လဲ သဘောပေါက်သလားတော့ မသိ... ဘာမှ မပြောတော့ပဲ ကျွန်မ မောင်ဝမ်းကွဲကိုသာ ဆက်စောင့်နေတော့သည်... ပြောလေဆိုးလေဖြစ်တော့မှာမို့... “တော်ပြီ ထင်ချင်သလိုသာ ထင်ကြတော့” ဆိုပြီး စိတ်ပျက်လက်ပျက်ဖြစ်တော့မှ မောင်မင်းကြီးသား ကျွန်မ မောင်ဝမ်းကွဲ ရောက်ချလာတော့သည်... သို့သော် သိပ်တော့ မထူးခြားသည်က ကျွန်မက တရုတ်ပုံ ကျွန်မမောင်ဝမ်းကွဲကလဲ ဟိုဘက်အမျိုးနှင့်တူ၍ ကုလားဆင်သည်... အမျိုးဟု ကြိမ်ပြောရမည်.... 

ကျွန်မဘ၀ရဲ့ ခုချိန်ထိကြုံရသမျှထဲမှာ အဆိုးရွားဆုံး အရှက်ကွဲမှုတစ်ခုအကြောင်းက ဒီမျှသာ.. ခုအခါမှာတော့ ဒီအဖြစ်အပျက်ကို ပြောတိုင်း ရီလဲ ရီရသည်... အထင်လွဲခံရမည်စိုး၍ ပြောလိုက်ကာမှ ပိုအထင်လွဲစရာဖြစ်သွားသော Awkward Moment တစ်ခုလည်း ဖြစ်ပေတော့သည်... စာဖတ်သူတွေမှာရော Awkward Moment လေးတွေရှိသလား... ပြောပြသွားကြပါအုံး...

Thursday, January 12, 2012

ဘောင်ဘင်ခတ်တဲ့ ဖား

ဒီပိုစ့်ကိုတော့ မေးခွန်းလေးတစ်ခုနဲ့ဖွင့်ချင်ပါတယ်... သင်တို့တွေ ဖိလစ်ပိုင်လူမျိုးအများစု အင်္ဂလိပ်လိုပြောနေတာကိုကြားတဲ့အခါ ဒါဖိလစ်ပိုင်တွေရဲ့ အင်္ဂလိပ်အသံပဲလို့ ခန့်မှန်းနိုင်လား? တနည်းအားဖြင့် ဖိလစ်ပိုင်လူမျိုးအများစုရဲ့ အင်္ဂလိပ် Accentဟာ အမေရိကန်လူမျိုးတွေပြောတဲ့ English Accent အတိုင်း တထေရာတည်းတူတယ်လို့ သူတို့ကိုယ်သူတို့ပြောနေတာကို လက်ခံလား?

အဲဒိမေးခွန်း ၂ခုလုံးအတွက် ကျွန်မရဲ့အဖြေကတော့ ဖားတွေကို(ဤနေရာမှစ၍ ဖိလစ်ပင်းလူမျိုးကို အပြင်မှာအားလုံးသုံးတဲ့အတိုင်း ဖားလို့ နာမ်စားသုံးပါမည်) လူမတွေ့ပဲ သူတို့ အင်္ဂလိပ်လိုပြောနေတဲ့အသံကိုကြားတာနဲ့ ဒါဟာ ဖားပြောနေတာပဲလို့ တန်းသိပါတယ်... ဥပမာ ဖုန်းပေါ်ကနေ ခရက်ဒစ်ကဒ် promotion လုပ်တာပဲဖြစ်ဖြစ် အာမခံရောင်းတာပဲဖြစ်ဖြစ် Customer service ကိုခေါ်လို့လာကိုင်တာက ဖားပဲဖြစ်ဖြစ် သူတို့ အင်္ဂလိပ်သံကိုကြားတာနဲ့ ဒါဟာ အမေရိကန်တစ်ယောက်ပြောနေတာမဟုတ်ပဲ ဖားလူမျိုးတစ်ဦးဆိုတာကို သိသိသာသာ ကွဲကွဲပြားပြားခွဲခြားသိပါတယ်... သင်တို့ရော ခွဲတတ်မယ်လို့ထင်ပါတယ်... သို့သော် သူတို့ကိုယ်သူတို့ယုံကြည်ထားကြတာက သူတို့ အင်္ဂလိပ် Accent ဟာ အမေရိကန်တွေပြောတဲ့အတိုင်းတစ်ထပ်တည်းရှိပါတယ်လို့ ပြောတာကို ကိုယ်တိုင်လဲတွေ့ကြုံခဲ့ရဖူးသလို အွန်လိုင်းပေါ်မှာလဲ မျက်စိစပါးမွှေးဆူးလောက်အောင် မြင်နေရတဲ့အခါ ဒီပိုစ့်လေးကိုရေးပြီး ပေါက်ကွဲလိုက်ပါတယ်...

ဒီပိုစ့်ကို ဟိုးအရင်၂၀၁၀ လောက်ကတည်းက ရေးဖို့စိတ်ကူးခဲ့ပင်မဲ့ မဗေဒါက လူမျိုးရေးခွဲခြားသလိုဖြစ်မှာ... ပြီးတော့ ၁ဦး၁ယောက်တည်းကိုကြည့်ပြီး အားလုံးကို Stereotype လုပ်ပြစ်လိုက်သလိုဖြစ်မှာစိုးလို့ပါ... သို့သော် လက်ယားလောက်အောင် ရေးချင်လွန်းစရာတွေက တစ်ခုပြီးတစ်ခုဖြစ်လာတော့ ကိုယ်လဲကိုယ့်ဘလော့မှာ မြန်မာလိုရေးပါတယ်... လူမျိုးရေးခွဲခြားပြီး Stereotype လုပ်လိုတဲ့ ဆန္ဒအလျင်းမရှိသော်လည်း အမှန်ကို လက်မခံပဲ ဖင်ပိ်တ်ငြင်းနေကြတဲ့ ဖားလူမျိုးများကို ကြည့်မရသောကြောင့် ရေးပါတယ်... ဤသို့ရေးခြင်းမှာ ဖားလူမျိုးများ အင်္ဂလိပ်စကားပြောညံ့သည်ဟု မဆိုလိုပါ... အများစုသည် အမေရိကန်တွေပြောတဲ့လေသံအတိုင်း မထွက်တာကိုပဲ ပြောလိုခြင်းဖြစ်သည်ကို ကွဲကွဲပြားပြား နားလည်စေချင်ပါသည်...

ဆရာလုပ်တဲ့ ဖားမ

အရင့်အရင် ကျောင်းသူဘဝ Part time လုပ်ကတည်းက အလွန်တရာမှ ရွပိုးထိုးသော ဖားမ အမြောက်အများနဲ့ အလုပ်လုပ်ဖူးပါတယ်... ဒီပိုစ့်မှာ ဖားမ များရွပိုးထိုးခြင်းကို ပြောလိုသောကြောင့်လဲမဟုတ်... ရွပိုးထိုးသော ဖားမများကိုလက်ညှိုးထိုးကာ ဖားမအားလုံးရွသည်ဟုလဲ လက်မခံပါ... တစ်ဦးတစ်ယောက်ချင်းပေါ်သာ မူတည်သောကြောင့် ဘာမှ မပြောလိုပါ...(စိတ်ထဲမှပြောခြင်း... ဒါပေမဲ့ တွေ့ဖူးသမျှဖားမ မရွသူမရှိ... သို့သော် သူတို့ကို ချောင်ပိတ်ရိုက်ကာ ဆုံးမသော ဦးနှောက်မဲ့ ဖားထီးများလဲ ရှိသည်ဟု မကြားမိ)... မည်သို့ပင်ဆိုစေ သူတို့အပြုအမူနှင့်ကိုယ့်အပြုအမူ မတူညီသောကြောင့် အစေးကပ်ကပ်ပေါင်းသင်း ရလှသည်တော့မဟုတ်ခဲ့ပါ... အဲဒိတုန်းကတော့ ပညာသိပ်မတတ်တဲ့ Labor နဲ့အလုပ်လုပ်လာလုပ်တဲ့ ဖားတွေမို့ ဒီလိုဖြစ်မှာပါ... ပညာတတ်အသိုင်းအဝိုင်းက ဖားမတွေကတော့ ဒီလိုမဟုတ်လောက်ပါဘူးပဲထင်ခဲ့တယ်...

ခုပြောပြမှာကတော့ မဗေဒါကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ အင်္ဂလိပ်စကားပြောနဲ့ပတ်သတ်ရင် Over confident ဖြစ်နေတဲ့ ဆရာလုပ်တဲ့ ဖားမပဲဖြစ်ပါတယ်... ကျောင်းပြီးလို့ ကျွန်မရဲ့ ဒုတိယအလုပ်မှာ ကျွန်မထက်ရာထူးကြီး Senior ကျတဲ့ ဖားမတစ်ယောက်ရှိပါတယ်... ဖြစ်ချင်တော့ အဲဒိကုမ္ဗဏီမှာ ဖားလူမျိုးအများအပြားရှိပြီး နေရာကောင်းထိပ်ပိုင်းမှာတောင် ဖားတွေက နေရာယူထားပါတယ်... ကိုယ်လဲ Part time တုန်းက စိတ်ခံတွေကိုဖျောက်ပြီး "အော် ပညာတတ်အသိုင်းအဝိုင်းကတော့ ဒီလိုမဟုတ်လောက်ပါဘူးဆိုပြီး စိတ်စွဲကိုဖျောက်ခဲ့ပါတယ်"... ဒါပေမဲ့ နေ့လည်ထမင်းစားတူတူထွက်လျှင် ပြောသမျှဟာသဖြစ်စေ ဗဟုသုတဖြစ်စေ သတင်းအချက်အလက်ဖြစ်စေ သူပြောသမျှဟာ နှာနဲ့ပတ်သတ်တာတွေချည်းပါပဲ... တစ်ဋ္ဌာနလုံးမှာ လူလွတ်မိန်းကလေးဆိုလို့ ကျွန်မတစ်ယောက်ပဲရှိတာပါ... လူလွတ်ယောကျာင်္းလေးက ၂ယောက်ပါ... ၁ယောက်က အင်ဒိုကောင်... နောက်တစ်ယောက်က မြန်မာအစ်ကိုကြီးပါပဲ... တစ်ခါတစ်လေ မျက်နှာဘယ်နားထားရမှန်းမသိအောင် ပြောတတ်ပါတယ်... ယိုသူမရှက် မြင်သူရှက်ပါ... တစ်ချို့သူပြောတဲ့ ဟာသတွေဆို ဘာတွေမှန်းတောင် ကျွန်မနားမလည်ပါဘူး... ညစ်ညမ်းမယ်ဆိုတာတော့ ခန့်မှန်းလို့ရပါတယ်... တစ်ခါတစ်လေ ကိုယ်က သဘောရိုးနဲ့ ပြောတဲ့စကားလဲ သူကနှာတွေးတွေးပြီး ဟားတတ်ပါသေးတယ်... နောက်ပိုင်း သူပါလို့ ဋ္ဌာနကလူတွေနဲ့တောင် ကျွန်မထမင်းထွက်မစားတော့ပါဘူး... (အော်.. ရှေးဟောင်းနှောင်းဖြစ်တွေ လျှာရှည်မိပြန်ပြီ... လိုရင်းက အင်္ဂလိပ်စကားပြော လေသံအကြောင်းပြောမှာ)

သူက သူများကို ဟားတိုက်ရတာ အလွန်မှ ၀ါသနာပါပုံရပါတယ်... အလုပ်ထဲက Malaysian တွေကိုဆိုရင်လဲ သူတို့ပြောတဲ့ အင်္ဂလိပ်အသံကို မေးမေးပြီး ရီတတ်ပါတယ် (ကျွန်မအမြင်တော့ လှောင်တာပါ)... ဥပမာ Malaysian တွေက Zero (ဇီးရိုး) ကို (ဂျီးရိုး)... Zebra (ဇီးဘရား)ကို (ဂျီးဘရား) စသည်ဖြင့်ထွက်တတ်ပါတယ်... Malaysian တရုတ်နဲ့ စလုံးတရုတ်ရဲ့ အင်္ဂလိပ်သံကွားခြားချက်တွေကို အဲလိုအသုံးအနှုန်းတွေမှာ သိနိုင်ပါတယ်... တရက်တော့ သူ့ကွန်ပြူတာက Window တစ်ခုက ဘာဖြစ်တာလဲမသိဘူး သူပိတ်ချင်တာ ဘယ်လိုပိတ်ရမှန်းမသိလို့ ကျွန်မကိုမေးတော့ ကျွန်မက ညာဘက်အပေါ်ထောင့်က "Red Dot" လေးကို နှိပ်လိုက်လို့ပြောတော့... သူက နားမလည်ပဲ ပြန်ပြန်မေးပါတယ်... ကျွန်မပြောတာကို ဘေးက အင်ဒိုကောင်လဲနားလည်တယ်... Malaysian တရုတ်မလဲ နားလည်တယ်... နောက်ဆုံး ကျွန်မထိုင်ရာကထပြီး လက်ညှိုးနဲ့ထောက်ပြမှ သူက "Oh..... you mean "Red dottttt" I thought you are saying "Red DOGGG" ဆိုပြီး ကျွန်မ အင်္ဂလိပ်အသံကပဲ မကောင်းလို့သူနားမလည်တာဆိုတဲ့ ပုံမျိုးနဲ့ လူကိုတောင် အသံထွက်လာပြင်ပေးနေပါသေးတယ်... ဦးနှောက်ရှိတဲ့သူတိုင်းသိပါတယ်... သူ့ကွန်ပြူတာပေါ်မှာ အနီရောင်ခွေးရှိသလား၊ အနီရောင် အစက်ရှိသလားဆိုတာပါ... ကျွန်မပြောတဲ့ အသံထွက်က အမေရိကန်တွေလို RED DOTTTTTTTT လို့ မထွက်ရင်တောင် ကျပ်ပြည့်တဲ့သူက အနီးစပ်ဆုံးဘာကိုဆိုလိုလဲဆိုတာ သိမှာပါ... ပြီးတော့ သူကရှက်ယန်းယန်းပြီး ငါတို့ ဖားလူမျိုးတွေရဲ့ အင်္ဂလိပ်အသံက အမေရိကန်အသံစစ်တယ် ဘာညာနဲ့ ပဏာဝင်ယူနေပါသေးတယ်... အဲဒိအချိန်က အရူးဘုံမြှောက်ရင် ချီးခြောက်ကောက်စားတတ်တယ်ဆိုတဲ့ စကားအတိုင်း သူ့ကို မြှောက်ပေါင်းရင်တော့ အနေချောင်မယ်ဆိုပင်မဲ့... မပြည့်တဲ့အိုး ဘောင်ဘင်ခတ်နေတဲ့ ဖားမကို မကြားချင်ယောင်ဆောင်ပြီးပဲ နေပစ်လိုက်ပါတယ်... စိတ်ထဲမတော့ နင်တို့ဖားတွေ လေသံဟလိုက်တာနဲ့ အုံးအမ်ဆိုတာ သိသာတယ်... အုံး(စ်)အမ်(စ်) မဖြစ်ဘူးလို့ ပြောပြစ်လိုက်ပါတယ်...

ကိုးရီးယား မင်းသမီးချော လီဒဟဲနဲ့ ဖားများ ပြဿနာ



ဖားတွေရဲ့ သူတို့ရဲ့ အင်္ဂလိပ်လေသံဟာ အမေရိကန်အတိုင်းပဲလို့ယုံကြည်တဲ့ သွေးနားထင်ရောက်စိတ်ဓာတ်တွေမှာ ဓားစာခံဖြစ်သွားရတဲ့ မင်းသမီးချော လီဒဟဲ (My Girl, East of Eden, Miss Ripley) ကို အစကတည်းကကြိုက်ခဲ့ပြီး ယခုဆိုရင်တော့ ကျွန်မဟာ သူ့ရဲ့ Die hard fan အဖြစ် ဂရုဏာသက်ကာ ၂ဆတိုး အားပေးချင်စိတ်ဖြစ်သွားပါတယ်... အားလုံးသိကြတဲ့အတိုင်း (မသိရင်လဲ ဆက်ဖတ်လိုက် သိလိမ့်မယ်) ကိုရီးယား မင်းသမီးတွေထဲမှာ အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တဲ့ သူဆိုတာလက်ချိုးရီလို့ရပါတယ်... ထိုအထဲမှာ မင်းသမီးချော လီဒဟဲလဲ အပါအဝင်ပါပဲ...

့ဖြစ်ပုံကတော့ လွန်ခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာလ လောက်တုန်းက KBS2TV variety show, “Sweet Night“ ဆိုတဲ့ အစီအစဉ်မှာ မင်းသမီးကို အစီအစဉ်တင်ဆက်သူက အင်္ဂလိပ်စကားပြောနဲ့ ပတ်သတ်ပြီး အသံကွဲလွဲပုံကို လုပ်ခိုင်းတော့ English, American နဲ့ Filipino အသံနဲ့ အင်္ဂလိပ်စကားကိုပြောပြပါတယ်... ဒါကို ဖားတွေက သူတို့လူမျိုးတွေက အဲလိုမပြောပါဘူး... အမေရိကန်လေသံစစ်စစ်နဲ့ ပြောတာပါ... ဒီမင်းသမီးတောင်းပန်ပါဘာညာဆိုပြီး အွန်လိုင်းမှာလဲ မင်းသမီးကို ၀ိုင်းဆဲကြဘာကြနဲ့ ရစရာမရှိအောင် တခြားအကြောင်းအရာတွေပါဆွဲထည့်ပြော... ကိုရီးယားတွေ အင်္ဂလိပ်လိုညံ့တာကို နှိမ်ပြော... ကိုရီးယားတွေ အင်္ဂလိပ်လိုမတတ်လို့ သူတို့ ဖားတွေဆီလာပြီး အင်္ဂလိပ်စာသင်ရတာကို ဂုဏ်တင်ပြီးပြောနဲ့ မပြီးနိုင်မစီးနိုင်ဖြစ်ကြပါတယ်...


နောက်ဆုံး မင်းသမီးက သူမရဲ့ Tweeter ကနေ ဖားတွေကို တောင်းပန်ပါတယ်... ဒါတောင်မှ တောင်းပန်တာကို မကျေချမ်းပဲ ဆက်လက်အပြစ်တင်နေတဲ့ သူတချို့ကိုလဲ တွေ့နိုင်ပါသေးတယ်... ပွဲလန့်တုံး ဖျာဝင်ခင်းတဲ့ ဖားတချို့ကတော့ Youtube ပေါ်မှာတောင် လီဒဟဲကို ပြောဆိုတဲ့ ဗွီဒီယိုတွေကို အတတ်နိုင်ဆုံး ဖားလေသံကိုဖျောက်ပြီး သူတို့ပြောတဲ့ အမေရိကန်လေသံနဲ့ တင်ထားတာကိုလဲ ရှာကြည့်ရင်တွေ့နိုင်ပါတယ်... အဲဒိအောက်မှာလဲ သူတို့ ဖားတွေ အင်္ဂလိပ်လေသံ ကောင်းကြောင်းကို မင်းသမီးကပဲ မဟုတ်မမှန် နှိမ်ချပါတယ်ဆိုပြီး ပြောထားကြပါတယ်... (သူတို့ ဗွီဒီယိုကို promote လုပ်သလိုဖြစ်မှာစိုးလို့ ဒီမှာ မတင်ပေးတော့ပါဘူး... ကိုယ်တို့ကတော့ ဘူးဆို ဘူးပဲ... So What?)

မင်းသမီးသူတို့ကို လှောင်ပါတယ်ဆိုတဲ့ ဗွီဒီယိုကိုတော့ Copyright claim လို့ youtube မှာ ဘယ်လိုရှာရှာ မရှိတော့ပါဘူး... သို့သော် Copyright တွေဘာတွေ Don't give a damn တဲ့ ချစ်ပေါက်ဖော်ကြီးတွေ ဝက်ဆိုဒ်မှာတော့ ဒီဗွီဒီယိုကို သွားတွေ့ပါတယ်... Embedded လုပ်တာ မလုပ်တတ်လို့ လင့်လေးကနေပဲ သွားကြည့်လိုက်ပါ...


http://www.56.com/u76/v_NTYyNDMyNDE.html


အမှန်တော့ လီဒဟဲကလဲ လှောင်ချင်တဲ့စိတ်ထက် အပျော်သဘောပြောရုံသက်သက်လို့ထင်ပါတယ်... ပြီးတော့ ဒီလိုပြဿနာကြီးသွားရတာလဲ ကိုရီးယား အနုပညာလောကဟာ ဖိလစ်ပင်းမှာ အတော်လေးလွှမ်းမိုးတယ်ဆိုတာသိသာပါတယ်... သူတို့နိုင်ငံမှာလဲ မင်းသမီးမင်းသားရှိတာပဲ ဘာလို့ ကိုရီးယားမင်းသမီးလာကြိုက်လဲ... ပြီးတော့ သူတို့က မခံနိုင်ဖြစ်ကြသေးတယ်... သဘောထားသေးသိမ်တယ်လို့ထင်တာပဲ... ပြီးတော့ ကိုရီးယားမှာပြတဲ့ ကိုရီးယားလိုပြောတဲ့ အစီအစဉ်မှာ ကိုရီးယားမင်းသမီးက ဟာသ သဘောပြောတာကို အတင်းရောကာရော စိတ်ဝင်စားပြီး ကြိုက်လို့ လိုက်နားထောင်လို့ သူတို့သိတာပေါ့... (စိတ်ထဲကပြောခြင်း... ဝတ်မှုန်ရွှေရည် အဲလိုပြောရင် သူတို့ သိမလားပြော)... တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး Make fun လုပ်ပြီး ပြောနေကျကို "အနာပေါ် ဒုတ်ကျ"ဖြစ်ပြီး ဆက်ဆက်ထိမခံနာပြနေကြတဲ့ ဘောင်ဘင်ခတ်တဲ့ဖားတွေဟာ မပြည့်ဝဘူးဆိုတာ အသေအချာပါပဲ... တဆက်တည်းပဲ မင်းသမီးကိုလဲ ပိုလို့တောင် အားပေးချင်သွားပါတယ်... သူမကိုယ်တိုင်ကလဲ ချောလဲချော သရုပ်ဆောင်လဲ ကောင်းပါတယ်...




"The Noose" Show : Leticia by Michelle Chong

စကာင်္ပူ Channel 5 ပြသမျှထဲမှာ အကြိုက်ဆုံးစာရင်းထဲပါတာ The Noose ပါ... သူဟာ စကာင်္ပူမှာဖြစ်ပျက်တဲ့ အကြောင်းအရာတွေကို ဟာသလုပ် လှောင်ပြောင်တဲ့ အစီအစဉ်ပါ... ဒီအစီအစဉ်မှာ တစ်ခါတစ်လေ သူတို့ နိုင်ငံခေါင်းဆောင်တွေကို မထိတထိလှောင်တာတွေ၊ စလုံးတွေရဲ့ အတ္တစိတ်ကို လှောင်တာတွေ၊ ပြည်ကြီးတရုတ်မတွေရဲ့ ချိုင်းမွှေးမရိတ်တာကိုလှောင်တာတွေ စသည်ဖြင့် အပြင်မှာဖြစ်နေတာတွေကို တင်ဆက်တဲ့ ဟာသအစီအစဉ်လေးပါ... အရင်က စလုံးမင်းသမီးတွေကို မကြိုက်ပင်မဲ့ အဲဒိအစီအစဉ်မှာ ပင်တိုင်ပါဝင်တဲ့ တင်ဆက်သူ စလုံးမင်းသမီး Michelle ကို အဲလို ဟာသပုံနဲ့ သူသရုပ်ဖော်ရတဲ့ ပုံစံကို မရှက်တမ်း စျာန်ပါပါလုပ်တတ်လို့ ကျွန်မသဘောကျပါတယ်... သူမဟာ လူမျိုးတော်တော်များများရဲ့ အင်္ဂလိပ်စကားပြောဟန်ကွဲပြားပုံတွေကိုလဲ တုပြီးလိုက်ပြောတတ်ပါတယ်... သူမဟာ ပြည်ကြီးတရုတ်မ KTV Hostess Lu Lu အနေနဲ့လဲ ပြည်ကြီးတရုတ်မ အသံနဲ့ ဟန်ကို လုပ်ခဲ့တုန်းက တူလွန်းလို့ ကျွန်မစပြီး သတိထားမိခဲ့တာပါ...

ဒီအစီအစဉ်မှာ Michelle ဟာ ဖားအိမ်အကူ (Maid) Leticia အနေနဲ့ သရုပ်ဆောင်တဲ့အခါမှာ ဖားတွေက သူတို့ အင်္ဂလိပ်က အဲဒိလိုမဟုတ်ပါဘူး... အဲဒိထက်သာပါတယ်... ဒါဟာ လူမျိုးရေးခွဲခြားတာပါ... ဖားတွေ ဒီလိုလေသံမျိုးနဲ့ စကားပြောရင် ဟောလိဝုတ်မှာတောင် ဖားတွေ ဒီလိုနေရာရလာမှာမဟုတ်ပါဘူး... ဖားအဆိုတော်တွေဟာ ခုဆို ဟောလိဝုတ်မှာ အဆိုတော်တွေဖြစ်နေပါပြီ...(မဆိုင်တာတွေဆွဲထည့်တာ... )

အများကို မူတည်ပြီးပြောတာ... လူနည်းစုကိုပြောတာမဟုတ်ဘူး... ဒါကို မဆိုင်တဲ့ ဖြစ်မြောက်နေတဲ့ ၁ယောက် ၂ယောက်နဲ့ လာမခြေပနဲ့... တရုတ်မအများစု မျက်နှာသာ မိတ်ကပ်နဲ့ ချိုင်းမွှေးမရိတ်တာ အဲဒိအစီအစဉ်မှာလှောင်ထားတယ်... ဒါပေမဲ့ တရုတ်မတိုင်း ချိုင်းမွှေးမရိတ်ဘူးလို့ ဘယ်သူမှမပြောဘူး... တခြားလူမျိုးတွေကို ဟာသလုပ်တာတောင် တခြားက ဘာမှမဖြစ်ရဘူး... သူတို့လူမျိုးပြောတော့မှ မခံမရပ်နိုင်တွေထဖြစ်နေတယ်... ပြည်ကြီးမတွေကို ပြောတုန်းကတော့ "ဟုတ်ပ ဟုတ်ပ" ဆိုပြီး သွား ၃၆ချောင်းပေါ်အောင်ဖြီးပြီး လက်ခုတ်တီးနေပြီးတော့များ... (စိတ်ထဲကပြောခြင်း... မြန်မာတွေကိုလဲ အဲဒိအစီအစဉ်ထဲ အပြောမခံရအောင် ဆင်ဆင်ခြင်ခြင် စည်းကမ်းရှိရှိနေစေချင်တယ်... သိပ်သိသာလာလို့ ပြောခံရရင်တော့ ဖားတွေလိုမဖြစ်အောင် အသိလေးကပ်)... သူတို့ဖားတွေလေသံ အမေရိကန်သံပေါက်လားမပေါက်လား ဟိုနေ့က စကာင်္ပူရောက်တာ မကြာသေးတဲ့ သူငယ်ချင်းကို Michelle ရဲ့ Leticia လုပ်တဲ့ ဗွီဒီယို အသံဖွင့်ပြပြီး အဲဒါ သူဘာလူမျိုးအသံနဲ့ပြောတာလဲဆိုတော့ ဖိလစ်ပင်းအသံမှတ်လားတဲ့.... ကဲ ... ရှင်းရော...

The Noose: Leticia



The Noose : Lu Lu (နောက်ဆုံး MBS နားကပုံကတော့ Malaysian တွေကို နောက်တာ)


အင်္ဂလိပ်စကားဆိုတာ ကိုယ့်စကားလဲမဟုတ်ဘူး... သူတို့ကတိုးတက်နေလို့သာ ကမ္ဘာသုံးစကားအဖြစ် ဆက်သွယ်ရေးလွယ်ကူအောင် သတ်မှတ်ထားတာ... အင်္ဂလန်မှာတောင် နယ်ပေါ်မူတည်ပြီး အင်္ဂလိပ်လေသံကွဲကြသေးတယ်... အမေရိကန်မှာလဲ ကွဲတာပဲ... အဓိကက ဆက်သွယ်ရလွယ်ကူဖို့နဲ့ မှန်ကန်ဖို့ပဲ... ဒါကို သူတို့က အမေကန်အင်္ဂလိပ်နဲ့ တူချင်ပြီး သိပ်ဘဝင်မြင့်နေတဲ့ သူတို့ဟာ ကပ်ပါးကောင်တွေလို့ပဲလို့ ကျွန်မထင်မိတယ်... အဲဒါ ဘာကိုပြသလဲဆိုရင် "မပြည့်တဲ့အိုး ဘောင်ဘင်ခတ်" တယ်ဆိုတဲ့ သဘောပဲ...
အွန်လိုင်းမှာ တွေ့တွေ့နေတဲ့ ဘောင်ဘင်ခတ်နေတဲ့ ဖားတွေလို မဖြစ်အောင် သဘောထားကြီးကြီးနဲ့ သတိရှိရမယ်...

အွန်လိုင်းမှာဆွေ့ဆွေ့ခုန်နေတဲ့ ဖားတွေကိုကြည့်ပြီး ကိုယ်က ဘာမဆိုင်ညာမဆိုင် ကိုယ့်ထမင်းကိုယ်စားပြီး အသဲယားမိတော့ မဗေဒါလဲ ကိုယ့်ဒုက္ခကိုယ်ရှာတာပဲ... သိတယ်... ဒီတော့ကိုယ်လဲ ကိုယ့်ဘလော့မှာ ကိုယ့်သဘောထားကိုယ်ရေးတယ်... ကြိုက်သလို သဘောထားကွဲလို့ရတယ်...

Friday, April 01, 2011

Crocodile attack at Zoo (ဓာတ်ပုံနှင့်တကွ)



စကာင်္ပူ တိရိစ္ဆာန်ရုံအတွင်း အလည်အပတ်ရောက်ရှိလာသော ခရီးသည်တစ်ဦးအား တိရိစ္ဆာန်ရုံအတွင်းရှိ မွေးမြူထားသော မိချောင်းက အမှတ်မထင် လွတ်မြောက်ကိုက်ဆွဲကြောင်း သိရှိရပါတယ်... တိရိစ္ဆာန်ရုံအတွင်း ယခင်က လူဝံလွတ်မြောက်ခြင်း ပြဿနာ၊ လူသားစား ကျားပြဿနာ များဖြစ်ပွားခဲ့သောကြောင့် ယခုတစ်ကြိမ်ထပ်ဖြစ်ပွားသော ကိစ္စကို တိရိစ္ဆာန်ရုံအမည်ထိခိုက်မည်စိုးရိမ်သဖြင့် ဒီသတင်းကို မပြန့်ပွားစေရန် သတင်းဋ္ဌာနများနှင့်တကွ အခြားသော မီဒီယာများကို တင်ပြခွင့်မပေးခဲ့ပေ... အဲဒိနေရာတွင် လက်ရှိရောက်ရှိနေသော ကျွန်မကသာ ဓာတ်ပုံရိုက်ယူနိုင်ခဲ့ပါသည်...
အောက်ပါ ပုံမှာ အလွန်တရာ ခြောက်ခြားဖွယ်ကောင်းသဖြင့် စိတ်မခိုင်သောသူများ မကြည့်ကြပါရန် ကြိုတင် သတိပေးလိုပါတယ်...

 ၁၀



























သေချာစွာစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ လူကို ဆွဲသော မိကျောင်းမှာ တိရိစ္ဆာန်ရုံအတွင်းရှိ အလှပြ အရုပ်ဖြစ်ကြောင်း ဧပြီလ ၁ရက်နေ့ Apirl Fool  အစီအစဉ်အနေနဲ့ တင်ဆက်လိုက်ရပါတယ်... Happy Apirl Fool.... Our new year Water Festival is coming soon.... တူးပို့ တူးပို့.... အချိန်တန် ဂိမာန်နွေဦး.... မသွေပြန်တောင်ယံလေရူး.... အချိန်အခါဝေဆာ ပွင့်လာဖူးတဲ့ အိုပိတောက်ဖူးးးးးးးးးးးးးးးးးး............



Sunday, November 08, 2009

သက်ဆိုင်သူသို့

တိုးတိုးအာလူးကြော် ထုတ်လုပ် ဖြန့်ချိမှုနှင့် သက်ဆိုင်သူများရှင့်/

အကြောင်းအရာ။ ။ တိုးတိုးအာလူးကြော် အရည်အသွေးနှင့် အရည်အတွက်များ ကျဆင်းမှုကို ပြုပြင်စေလို...

ကျမဟာ တိုးတိုးအားလူးကြော်ကို တစ်ထုတ်လျှင် မြန်မာငွေ ၇ ကျပ်ပေးရတဲ့ အချိန်ထဲက... တစ်ရက်လျှင် မုန့်ဖိုး ၅ ကျပ်သာ ရခဲ့သော်လည်း... ၁ရက်ကို တခြားဘာမုန့်မှ မစားပဲ ၂ရက်စာမုန့်ဖိုးနဲ့ စုပြီး အားပေးခဲ့တဲ့ ပရိတ်သတ်တစ်ဦးပါ... ထိုအချိန်က တိုးတိုးအားလူးကြော်ဟာဆိုရင် ပလတ်စတစ် အကြည်ထုတ်လေးထဲမှာ ပြည့်ကျပ်နေအောင်ထည့်ထားပြီး တစ်ထုတ်စားလိုက်လျှင်ပဲ ကျမအတွက် လိုချင်တဲ့ အရသာထိမိပြီး အာသာပြေလှပါတဲ့အတွက် ၂ရက်မှ ၁ခါ စားရကျိုးနပ်ပါပေတယ်... အိမ်မှ ထမင်းဟင်းမကောင်းဘူးဆိုရင်လဲ တစ်ခြားဟင်းဆိုရင်သာ ဂျီးများခဲ့ပင်မဲ့ မေမေက လမ်းထိပ်က ကုလားပဲဟင်းနဲ့ တိုးတိုးအာလူးကြော်ဝယ်ပေးလိုက်ရင် ကျမအတွက် ထမင်းမိန်စေခဲ့တာ အမှန်ပါပဲ...

မုန့်ဆိုင်ရောက်ရင် တခြားဟာဝယ်ဖို့တွေဝေပင်မဲ့ တိုးတိုးအာလူးကြော်မပါတဲ့ အခေါက်တော့ မရှိပါဘူး... ဒီလိုအားပေးလာခဲ့တာ တိုးတိုးအာလူးကြော်ဟာ ရကျပ်ကနေ ၁ဝကျပ်... ၁၀ ကျပ်က နေ ၁၅ကျပ်... ၁၅ ကျပ်ကနေ ၂၅ကျပ်... (ယခု မြန်မာပြည်တွင် တိုးတိုးအာလူးကြော် တစ်ထုတ် ဘယ်လောက်လဲမသိတော့ပါ... နောက်ဆုံး ရန်ကုန်ပြန်တုန်းကတော့ ၁၀၀ လား ၁၅ဝလားရှိပါတယ်) ကျမအသက်ကြီးလာတာနဲ့ အမျှ တိုးလာတဲ့ ကျမရဲ့ မုန့်ဖိုးတွေကလဲ တိုးတိုးအာလူးကြော်ရဲ့ တိုးလာတဲ့ စျေးနှုန်းကြောင့် ကုန်နေခဲ့တာ အမှန်ပါ... သို့သော် ကျမတစ်စက်လေးမှ မညဉ်းမငြူ ဖြတ်တောက်မပြစ်ပဲ စားသုံးခဲ့ပါတယ်...

ယခင်က တိုးတိုးအာလူးကြော်ဟာဆိုလျှင် လတ်ဆတ်ပြီးအနာအဆာကင်းတဲ့ အာလူး ကြွတ်ရွရွရယ်... တစ်ထုတ်မှာ ၁ခုပဲ အမြဲပါတတ်တဲ့ ကြက်သွန်ကြော်မွှေးမွှေးလေးရယ်... ၁ထုတ်ဆိုလျှင်ဆိုသလို အာသာပြေလောက်တဲ့ အရည်အတွက်ပါရှိတဲ့အတွက် ဒီအာလူးကြော်ကို ထုတ်လုပ်တဲ့ လူကြီးမင်းတို့ရဲ့ စေတနာကို စားသုံးသူတစ်ယောက်အနေနဲ့ အာလူးကြော် အဖတ်တိုင်း.. ငရုတ်သီးအဖတ်တိုင်း... ကြက်သွန်ကြော်မွှေးလေး တစ်ဥတိုင်းမှာ ခံစားလို့ရပါတယ်...
စားသောက်ကုန်ထုတ်လုပ်သူများဟာ တစ်ခြားအရာထုတ်လုပ်သူတွေထက် တစ်ချက်သာတာက စားသုံးသူအပေါ်ထားရှိတဲ့ စေတနာပါ... စေတနာအပြည့်နဲ့ချက်တဲ့ မိခင်လက်ရာကို ဘယ်ကမ္ဘာကြော်စားဖိုမှူးမှ အံမတုနိုင်တာဟာ အစားအသောက်ချက်တဲ့သူရဲ့ စေတနာဟာ စားသုံးသူအပေါ် ဘယ်လောက်သက်ရောက်တယ်ဆိုတဲ့ အကောင်းဆုံးဥပမာပါပဲ...

သို့သော် ယခုအခါမှာ တိုးတိုးအာလူးကြော်ဟာ ယခင်နဲ့မတူပဲ အရည်အသွေးရော အရေအတွက်ပါ လျော့ကျလာတာတွေ့ရပါတယ်... အရေအတွက်ဆိုရာမှာ ထုတ်လုပ်မှု အရေအတွက်မဟုတ်ပဲ အထုတ်တစ်ထုတ်မှာ ပါဝင်မှုအရည်အတွက်ကို ဆိုလိုပါတယ်... အာလူးကြော်တစ်ထုတ် ၂၅ကျပ်ဖြစ်တဲ့အချိန် (ကျမစိတ်ထင် ၂ဝဝဝခုနှစ်နောက်ပိုင်း) မှာ အားလူကြော်ထုတ်ပိုးမှုကို နိုင်ငံခြားအဆင့်မှီအောင် ယခုကဲ့သို့စတင်ထုတ်ပိုးခဲ့တာကို သတိထားမိခဲ့ပါတယ်... ကိုယ်စားနေကျ အာလူးကြော်တံဆိပ်လေး အဆင့်မှီထုတ်ပိုးလာတဲ့အတွက် ကျမ ထိုအချိန်က ဝမ်းသာပီတိဖြစ်ခဲ့ပါတယ်... ထို့အတွက်ကြောင့် ၂၅ကျပ်ဖြစ်သွားတာကိုလဲ မညဉ်းငြူခဲ့ပါဘူး... သို့သော် ထို ထုတ်ပိုးမှုပုံစံကို ပြောင်းပြီးနောက်ပိုင်းမှာတော့ အတွင်းပိုင်းကို မမြင်ရတာတစ်ကြောင်း လေထိုးပြီး အထုတ်ကြီးဖောင်းနေတဲ့အတွက် တစ်ကြောင်း အတွင်းပိုင်းမှ အာလူးကြော် ပါဝင်မှု အရည်အတွက်ကို ခိုသထက်ခိုလာပါတယ်... ဒီလိုဖြစ်လာတာကို ကျမလို အစဉ်အမြဲ စားသုံးသူတစ်ယောက် အနေနဲ့ ချက်ချင်း သတိထားမိသော်ညား ဆက်လက် သည်းခံကာ စားသုံးခဲ့ပါသေးတယ်...

သို့သော် ယခုအခါမှာတော့ တိုးတိုးအာလူးကြော်ထုတ်လုပ်သူရဲ့ စေတနာကို လုံးဝ လုံးဝ ခံစားလို့မရတော့တဲ့အပြင်... စားသုံးသူတွေကို တဖြည်းဖြည်းနဲ့ စော်ကားလာတယ်ဆိုတာ သတိပြုမိလာပါတယ်... စကာင်္ပူကို ရောက်တော့ ယခင် မြန်မာပလာဇာမှာ မရောင်းခင်တုန်းက အိမ်ကို အမြဲ လူကြုံနဲ့ ထည့်ခ်ိုင်းပြီးစားပါတယ်... ယခု ပင်နီဇူလာပလာဇာမှာ ၁ထုတ်ကို စကာင်္ပူ ပြား ၅၀ (မြန်မာငွေ ၃၆၅ကျပ် တန်ဖိုးရှိ) နဲ့ ဝယ်စားပါတယ်... လေယာဉ်ပျံတွေ သဘောင်္တွေစီးလာတဲ့ အာလူးကြော်မို့ ပြား ၅ဝဆိုတာကို လက်ခံနိုင်ပါတယ်... (ဟိုတစ်လောက ဆိုင်၁ဆိုင်မှာ ၁ကျပ်နဲ့ ရောင်းလို့ ဝယ်မစားခဲ့ပါဘူး...)

ယခုတိုးတိုးအာလူးကြော်ရဲ့ အရည်အသွေးဟာ မကောင်း မလတ်ဆတ် အနာအဆာပါသော အာလူးများကို အသုံးပြု၍လားမသိ အာလူးတွေဟာ ပဲ့ရွဲ့နေတာပါပဲ... ဒါကလဲ အာလူးအကြေကြော်မို့ လက်ခံလို့ရတယ်ထားအုံး... မဲတူးပြီး အာလူးကြော်အတူးတွေ ဖြစ်လာတာကတော့ သည်းခံနိုင်တဲ့ အတိုင်းအတာကို လွန်လာပါတယ်... ယခင်က ကျမအကြိုက်ဆုံး ၁ထုတ်လုံးမှာ ၁ဥပဲပါတတ်တဲ့ ကြက်သွန်ကြော်လေးဟာလဲ ဘယ်ဘဝ ဘယ်ဋ္ဌာနီကိုပြောင်းပြီး တိုးတိုးအာလူးကြော်မှာ အရင်က ကြက်သွန်ကြော်ပါပါတယ်ဆိုတာ ကျိမ်ပြောရင်တောင် ယုံကြမှာမဟုတ်တော့ပါဘူး...

အဆိုးဆုံးကတော့ အထုတ်တစ်ထုတ်မှာ ပါဝင်တဲ့ ပမာဏက ယခင်ရဲ့ ၃ပုံ ၁ပုံနီးပါးလောက်လေးသာရှိတော့တာပါ... ယခင်က ၁ထုတ်စားလိုက်ရင် တင်းတိမ်သွားပင်မဲ့... ခုမှတော့ အာလူးကြော် ၁ထုတ်စားပြီးတာတောင် ဘယ်လိုကုန်သွားမှန်းမသိလို့ အထုတ်များပေါက်နေသလားလို့ ပြန်ကြည့်ရတဲ့ အဖြစ်ကိုရောက်နေပါတယ်... အထုတ်ကြီး ကြီးနေလို့ စားသုံးသူက သတိမပြုနိုင်လောက်ဖူးမထင်ပါနဲ့... စားသုံးသူတွေက ငတုံးမဟုတ်ပါဘူး...

ထို့အတွက် အကြံပေးလိုတာက ယခင်လိုသာ စေတနာရှေ့ထားပြီးထုတ်လုပ်ပေးမယ်ဆိုရင် ကိုယ့်စေတနာ အကျိုးပေးပြီး ဒိထက်အောင်မြင် ချမ်းသာမှာပါ... သို့သော် ယခုအတိုင်းဆက်လက်ထုတ်လုပ်နေမည် ဆိုပါက ကျမကဲ့သို့ အစဉ်အမြဲအားပေးနေသော ပရိတ်သတ်များကို မျက်လုံးထဲမထား စော်ကားသည်ဟု ခံစားရသဖြင့်... တိုးတိုးအာလူးကြော် သုံးစွဲမှုကို ဖြတ်တောက်သင့် ဖြတ်တောက်ပါမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်...

လူ ၁ ယောက်မစားလို့ သင်တို့ စီးပွားရေ မထိခိုက်နိုင်ပါဘူးဆိုပြီး မထိမဲ့ပြုံး မပြုံးပါနဲ့... ကျမပြောခဲ့ သလို စားသောက်ကုန်ဟာ စေတနာပေါ်အဓိက အရင်းတည်တဲ့ လုပ်ငန်းဖြစ်တဲ့အတွက် စေတနာအကျိုးပေးပါလိမ့်မယ်... ကျမ မစားတော့ဘူးဟု ဆုံးဖြတ်သော်ငြား သင်တို့ စီးပွားရေးကို ထောက်ငံ့သောအားဖြင့် ကျမသူငယ်ချင်းများထဲတွင် စားသုံးသူရှိပါက တားမြစ်မည်တော့ မဟုတ်ကြောင်းကို စိတ်အေးစေလိုပါတယ်... သို့သော် ထိုစားသုံးသူများလည်း သင်တို့၏ စေတနာမပါရှိပဲ အမြတ်သက်သက်သာ ထုတ်လုပ်နေသော ဟန်သာရှိပြီး အဆန်မရှိတဲ့ တိုးတိုးအာလူးကြော်ကို ကျမပြောစရာမလိုပဲ သူ့တို့ဘာသာလျှင် ဆက်လက်သုံးစွဲတော့မည် မဟုတ်ကြောင်းကို သေချာတပ်အပ် သိနှင့်ပြီးသားဖြစ်ပါတယ်... အဘယ့်ကြောင့်ဆိုသော် ကျမပတ်ဝန်းကျင်တွင် တိုးတိုးအာလူးကြော် အရည်အသွေးကျမှုကို ကျမလောက် သည်းခံပြီး စားသုံးနေသူ တစ်ဦးမှ မရှိတော့ပါ... ကျမသာလျှင် ငယ်ငယ်ထဲက စားခဲ့သော... ကျမအတွက် အာလူးကြော်သက်သက်တင်မဟုတ်ပဲ အမှတ်တရ အဖြစ်အပျက်လေးတွေပါ ရှိခဲ့ဖူးသော တိုးတိုးအာလူးကြော်ကို ယခုထိစားသုံးခဲ့တာပါ...

ယခုလို စားသုံးမှုကို ဖြတ်တောက်ဖို့ ဆုံးဖြတ်ခြင်းဟာ အနှစ်နှစ်အလလ ချစ်ရတဲ့ ချစ်သူက အရောင်ပြောင်းသွားလို့ မသင့်တော်တော့ဟု ဆုံးဖြတ်လိုက်ရတဲ့ နာနာကျင်ကျင် ဆုံးဖြတ်မှုဖြစ်ပါတယ်... အကယ်၍ တိုးတိုးအာလူးကြော် အရည်အသွေးနဲ့ အရည်အတွက်ကို ပြန်လည် ပြင်ဆင်နိုင်မယ်ဆိုရင်ဖြင့် ကျမဘက်ကလဲ မှားခဲ့တာတွေကို ခွင့်လွှတ်ကာ ဒုတိယအကြိမ် အခွင့်အရေးပေးမည်ဖြစ်ပါတယ်... တိုးတိုးအာလူးကြော် အရည်အတွက် တိုးမတိုးကို ပင်နီဇူလာပလာဇာရောက်တိုင်း ဆိုင်ပေါ်က အထုတ်တွေကို လက်နဲ့ ချိန်ဆကြည့်ပြီး စောင့်ကြည့်နေမည်ဖြစ်ပါတယ်...

ပုံ/
တိုးတိုးအာလူးကြော်ကို စားသုံးခဲ့ဖူးသူ တစ်ဖြစ်လဲ မဗေဒါ

(PS... ဒီနေ့ တိုးတိုးအာလူးကြော်ဝယ်စားရင်း မခံရပ်နိုင်လွန်း၍ ဒီပေါ်မှာ ပေါက်ကွဲလိုက်ပါတယ် (နောက်ဝယ်မစားတော့ပါ)... အကယ်၍များ ဒီပိုစ့်ကို မတော်တဆ တမင်တကာ တိုးတိုးအာလူးကြော်ပိုင်ရှင် မြင်၍ အရည်အသွေး အရေအတွက်ကို ပြုပြင်မည်ဆိုလျှင် အတိုင်းထက်အလွန် ဝမ်းသာမိမည်ဖြစ်ကြောင်း)

Monday, February 02, 2009

10 Things I like about watching Movie/Drama

၁) အလိုရှိသည့်အချိန်တွင် အမြဲ အသုံးတော်ခံနိုင်ခြင်း...

၂) ကြည့်နေချိန်အတွင်း ရပ်လိုရပ် Play လိုလျှင် Play ကျမ သဘောကျ ခိုင်းလို့ရခြင်း... (နောက်ဆုံး မကြည့်ချင်တော့လျှင် ပိတ်ပြစ်နိုင်ခြင်း)

၃) ရွေးချယ်ရန် များပြားခြင်း.. ဥပမာ.. လက်ရှိတစ်ကားကို မကြိုက်လျှင် ကိုယ်ကြိုက်နှစ်သက်ရာ နောက်တစ်ကားကို ပြောင်းကြည့်နိုင်ခြင်း...

၎) ဒီကားမှာ ဒီမင်းသားကိုကြိုက်နေပြီး.. နောက်တစ်ကားကြည့်သောအခါ နောက်မင်းသားတစ်ယောက်ကို အချိန်မရွေးပြောင်းကြိုက်နိုင်ခြင်း.. အလိုရှိက ၂ယောက်လုံးကို တစ်ပြိုင်တည်း ကြိုက်နိုင်ခြင်း... မကြိုက်တော့လျှင်လဲ နာကျင်ခြင်းမရှိပဲ မေ့ပျောက်နိုင်ခြင်း...

၅) မင်းသား မင်းသမီးများမှာ ချောမောလှပကြခြင်း.. (မချောသူများ ကိုယ်မကြိုက်သူများကို ချက်ခြင်းပိတ်ပြစ်နိုင်သည်..နံပါတ် ၃ အချက်ကို မှီငြမ်းပါ)

၆) အပြင်တွင်မရှိသော ၆ပြစ်ကင်း သဲလဲစင်.. ဥစ္စာပေါ.. ရုပ်ချော.. သစ္စာစောင့်.. တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆို ပိတောက်သာကြိုက်သော မင်းသားများ၏ အချစ်ကို စိတ်ကူးယဉ်၍ စိတ်ပျော်ရွှင်ရခြင်း...

၇) တစ်စုံတစ်ယောက်အား မကြေနပ်သော်ညား ဘာမှမတတ်နိုင်သော အခြေအနေတွင်ဖြစ်စေ.. stress ဖိစီးလွန်းသော အခြေအနေတွင်ဖြစ်စေ.. ကိုယ် အမြင်ကပ်သော ရုပ်ရှင်ဇာတ်လမ်းမျိုး (ဥပမာ- အိမ်ထောင်ရေးဖောက်ပြန်ခြင်း.. မင်းသား/မင်းသမီး၂ယောက်အား ဟိုပင်ဒီပင်ကူးကြိုက်ခြင်း..)၊ ကိုယ်အမြင်ကပ်သော သရုပ်ဆောင်ပါသည့်ကားမျိုးကို ဖွင့်၍ ထိုင်ဝေဖန်အပြစ်တင်ခြင်းဖြင့် စိတ်ပေါ့ပါးစေခြင်း...

၈) နိုင်ငံအလိုက် ဘာသာစကားများ ယဉ်ကျေးမှုများ နှင့် လူနေမှု စရိုက်များ နှင့် အနုပညာ အဆင့်အတန်းများကို လေ့လာနိုင်ခြင်း...

၉) တစ်ယောက်ထဲရှိနေချိန်တွင် အချိန်ကုန်မြန်ခြင်း.. (တီဗွီထဲမှ လူများကိုကြည့်၍ အဖော်ရှိသည်ခံစားရပြီး အထီးကျန်မဆန်ခြင်း)

၁၀) နောက်ဆုံးအနေနဲ့ကတော့... မဗေဒါကိုယ်တိုင်က ရုပ်ရှင် ကြိုက်ခြင်း...


လောလောဆယ်တော့ စဉ်းစားလို့ရတဲ့ ၁၀ ချက်ပါပဲ.. ပေါ့ပေါ့ပါးပါးပေါ့နော်... မဗေဒါအတွက်ကတော့ ရုပ်ရှင်တွေက နာခံတတ်တဲ့ အစေခံတွေလို... သွေးသောက် ရဲဘော်တွေလို... သစ္စာရှိတဲ့ ချစ်သူလို... အထီးကျန်ချိန်မှာ အမြဲအဖော်လုပ်ပေးတဲ့ သူငယ်ချင်းတွေလိုပါပဲ... ကျမအပေါ်သိပ်ချစ်ပါတယ်ဆိုတဲ့ သူတောင် ဒီရုပ်ရှင်တွေ ကျမအပေါ် အနွံအတာခံသလောက် စိတ်ရှည်သည်းခံပြီး ပြန်မပြောပဲ ချစ်နိုင်မဲ့သူ ရှိမှာမဟုတ်ပါဘူး... အဟီးးးးးး.... မဗေဒါလိုပဲ ရုပ်ရှင်တွေကို ခံစားပြီး ကြည့်နိုင်ကြပါစေ.....

Tuesday, October 14, 2008

ကျနော့် စက်ကထရီမလေးကို အလုပ်ဖြုတ်ရတဲ့ အကြောင်းရင်း

သူငယ်ချင်းတစ်ယောက် ပို့လိုက်တဲ့ အီးမေးလ်ထဲကရတဲ့ အင်္ဂလိပ်ဟာသလေးပါ.. ဖတ်ပြီးရီရလွန်းလို့ ဝေမျှလိုက်ပါတယ်..
အစကတော့ မြန်မာဘာသာပြန်ပေးမလို့ပါပဲ.. ဒါပေမဲ့ အင်္ဂလိပ်လိုဖတ်ရတာ ပိုအဆင်ပြေပြီး ပိုရီရတယ်ထင်လို့ ဒီအတိုင်းပဲမျှဝေလိုက်ပါတယ်...
တစ်ချက်ပြုံးရင် တစ်ရက်အသက်ရှည်ပါတယ်တဲ့ ဂျောက်ဂျက်ကာတွန်းမှာကြားဖူးတာပါ..
ဒီပိုစ့်လေးဖတ်ပြီး အသက်ရှည်နိုင်ကြပါစေ...

ခေါင်းစဉ်လေးကတော့ .. ကျနော့် စက်ကထရီမလေးကို အလုပ်ဖြုတ်ရတဲ့ အကြောင်းရင်း တဲ့....

Last week was my Birthday and I didn't feel very well waking up on that
morning.
I went downstairs for breakfast hoping my wife would be pleasant and say…

Happy Birthday!
and possibly have a small present for me.

As it turned out, she barely even said good morning,
Let alone, 'Happy Birthday'

I thought....
Well, that's marriage, but the kids… they will remember.

My kids came bouncing downstairs for breakfast and didn't say a word.

So when I left for the office, I felt pretty low.

As I walked into my office, my secretary Jane said,

'Good Morning Boss,
by the way “Happy Birthday!'

It felt a little better that at least someone had remembered.

I worked until one o'clock, when Jane knocked on my door and said, 'You
know, it’s such a beautiful day outside, and it is your Birthday…
What do you say we go out to lunch, just you and me.'

I said, 'Thanks, Jane, that's the greatest thing I've heard all day. Let's
go!'

We went to lunch but we didn't go where we normally would go.
She chose at a quiet bistro with a private table.
We had two martinis each and I enjoyed the meal tremendously.

On the way back to the office,
Jane said, 'You know, it’s such a beautiful day. We don't need to go
straight back to the office, Do we?'

I responded, 'I guess not.
What do you have in mind?'

She said,
'Let's drop by my apartment; it's just around the corner.'

After arriving at her apartment, Jane turned to me and said,
'Boss, if you don't mind, I'm going to step into the bedroom for just a
moment, I'll be right back.'

'Ok.' I nervously replied her.
She went into the bedroom and, after a couple of minutes, she came out
carrying a huge Birthday cake ...
Followed by my wife, my kids, and dozens of my friends and co-workers…all
singing a birthday song.
And I just sat there...

On the couch...
Naked.