ဇာတ်လမ်းတွဲတွေအကြောင်း မပြောတာကြာတော့ ခုတစ်လော သိပ်ကိုပြောချင်လာပါတယ်… ဘယ်လောက်တောင်ပြောချင်လာလဲဆိုရင် အလုပ်တွေ ကျောင်းစာတွေများတဲ့အထဲကတောင် အဲဒိအကြောင်းတွေပဲတွေးပြီး စိတ်ထဲ ဘလော့ရေးဖြစ်နေတယ်… (အမှန်တော့ ကျောင်းက Quiz တွေတန်းစီနေလို့ ကျောင်းသားထုံးစံအတိုင်း စာကလွဲလို့ ကျန်တာအကုန်လုပ်ချင်နေတာပါ)…
မဗေဒါလို ဇာတ်လမ်းတွဲ ပရိတ်သတ်တွေမှာ အကြိုက်ဆုံး စုံတွဲဇာတ်ကောင်နဲ့ အဲဒိဇာတ်ကောင်နေရာမှာ သရုပ်ဆောင်တဲ့ မင်းသား မင်းသမီးရဲ့ လိုက်ဖက်မှုပေါ်မူတည်ပြီး ရင်ထဲ အသဲထဲ လှိုက်ဖိုရင်ခုန်ကြည်နူးရတာမျိုး ခံစားရတာရှိလား… တနည်းအားဖြင့် ကိုယ့်ရည်းစားနဲ့ ပျော်ခဲ့တဲ့ အကြောင်းလေးတွေ ပြန်တွေးပြီး ကြည်နူးရတဲ့ ခံစားမှုမျိုးပေါ့… ပြီးတော့ ဘယ်နှစ်ခေါက်ပဲ ပြန်ကြည့် ပြန်ကြည့် အဲဒိ ဇာတ်ကောင်စုံတွဲနဲ့ သရုပ်ဆောင်တွေကို မရိုးတမ်း ကြည့်နိုင်တဲ့ ဇာတ်ကောင်စုံတွဲရှိလား…
မဗေဒါမှာတော့ ရှိတယ်… ကြည့်ဖူးသမျှ နိုင်ငံပေါင်းစုံက ဇာတ်လမ်းတွဲတွေထဲမှာ သူတို့အကြောင်းစဉ်းစားလိုက်တိုင်းဖြစ်စေ အဲဒိဇာတ်ကားကို အကြိမ်ကြိမ်ပြန်ကြည့်လို့ပဲဖြစ်စေ မဗေဒါကို သူတို့နဲ့ထပ်တူ ကြည်နူးရင်ခုန်စေတဲ့ စုံတွဲဇာတ်ကောင်တွေအကြောင်းကို မျှဝေပါရစေ…
ခုပြောမဲ့အကြောင်းက ဇာတ်ကောင်စရိုက်နော်… စာရေးဆရာ ဖန်တီးထားတဲ့ ဇာတ်ကောင်စရိုက်တွေက သိပ်လိုက်ဖက်လွန်းတာရော… ပြီးတော့ အဲဒိဇာတ်ကောင် စရိုက်ကို သရုပ်ဆောင်တဲ့မင်းသား မင်းသမီး ၂ယောက်နဲ့ အဲဒိ ဇာတ်ကောင်နဲ့ သိပ်လိုက်ဖက်တာရော ၂မျိုးလုံး ပြည့်စုံတာကိုပြောတာ… (မင်းသား မင်းသမီးတူတူပဲ ဒါပေမဲ့ တခြားကားမှာ တခြားဇာတ်ကောင်စရိုက်နဲ့ဆို သူတို့စုံတွဲကို ကြိုက်ချင်မှ ကြိုက်မယ်… ဒါကိုဆိုလိုတာ)….
ပထမဆုံး ထိုင်ဝမ်ဇာတ်လမ်းတွဲတွေကနေ စပြောမယ်…
မှတ်ချက်။ ။ ထိုင်ဝမ်းကားတွေရိုက်တဲ့ စတိုင်က ကိုရီးယားနဲ့ကွာတာတွေရှိတယ်… မလိုအပ်တဲ့ ပေါတောတော ဇာတ်ပို့ဇာတ်ရံအခန်းတွေအရမ်းများတယ်… Very cheesy ဖြစ်တဲ့ ဇာတ်ညွန်းစကားလုံးတွေ အသုံးများတယ်… အဲဒါတွေကို ဖယ်ပြီး ဇာတ်ကောင်စရိုက်နဲ့ သရုပ်ဆောင် မင်းသားမင်းသမီးရဲ့ လိုက်ဖက်မှုကိုပဲပြောချင်တာဖြစ်တယ်…
It started with a Kiss
(Jiang Zhi Shu and Yuan Xiang Qin)
အဲဒိကားကို ဂျပန် Version ရော ကိုရီးယား Version ရော ထိုင်ဝမ် Version ရောကြည့်ပြီးပြီ… ဒါပေမဲ့ ထိုင်ဝမ်က မင်းသားနဲ့ မင်းသမီးသရုပ်ဆောင်ထားတာကို ပြန်ကြည့်တိုင်း သဘောကျလို့ မျက်နှာက ပြုံးဖြီးနေမိတယ်… ဇာတ်ကောင်စရိုက်က မင်းသားက ဉာဏ်အရမ်းကောင်းပြီး ထူးချွန်တဲ့ ထိပ်ဆုံးတမ်းက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်… မင်းသမီးက စာနဲ့ပတ်သတ်လာရင် ဉာဏ်တုံးပြီး ဘိတ်ချီးတန်းက… သူစိတ်ဝင်စားတာဆိုလို့ မင်းသားပဲရှိတယ်… ဉာဏ်ရည်ချင်းကလဲ ကွာဟ… ဘာအရည်အချင်းမှလဲ မရှိ… ရုပ်ရည်ကလဲ သာမာန်မိန်းကလေး… ပြောရမယ်ဆိုရင် သူလုပ်လိုက်သမျှ အရာရာနဲ့ အကြောင်းကြောင်း… ဒါတောင် မတန်မရာ သူက ထိပ်ဆုံးတန်းက ကျောင်းသားကို သွားချစ်မိလို့ ရည်းစားစာပေးတယ်… ဒါပေမဲ့ သူမရဲ့ မလျော့သောဇွဲလုံ့လနဲ့ အချစ်ကြီးမားမှုကြောင့် နောက်ဆုံးမှာ သူမချစ်တဲ့သိပ်အလှမ်းကွာတဲ့သူရဲ့အချစ်ကိုရခဲ့တယ်…
ကောင်လေးဘက်ကကြည့်တော့လဲ… သူ့ဘဝမှာ ဘယ်အရာမဆို လွယ်လွယ်နဲ့ရတတ်လွန်းလို့ ဘဝကြီးမှာနေရတာ အဓိပ္ပါယ်မဲ့နေသလိုဖြစ်နေတယ်… ပထမတော့ အေးအေးဆေးဆေးနေရတာကြိုက်တဲ့ သူက အဲဒိမိန်းကလေးကို အရှုပ်လို့ထင်ခဲ့တယ်… ဒါပေမဲ့ နောက်ပိုင်းကျတော့ ဒီမိန်းကလေးကြောင့် သူ့ဘဝစိုပြေလာတယ်… သူ့ဟာသူဆို ဘာပြဿနာမှမရှိတဲ့သူက အဲဒိမိန်းကလေးလုပ်တဲ့ပြဿနာတွေ လိုက်ရှင်းနေရတာနဲ့ အလုပ်တစ်ခုပိုလာတယ်… ဉာဏ်တုံးတဲ့လူတွေရဲ့ ရှုထောင့်ကို သူနားလည်ပေးတတ်လာတယ်… နောက်ဆုံးသူ့အတွက် ဘေးမှာ ပြဿနာတွေလုပ်နေမဲ့ မိန်းကလေးမရှိမှာ စိုးရိမ်လာတယ်… အဲဒိမိန်းကလေး ဒုက္ခရောက်မှာ သူစိတ်ပူလာတယ်… ဒီလိုနဲ့ ဒီမိန်ကလေးဟာ သူ့အတွက်မရှိမဖြစ်လိုအပ်လာတယ်…
သူတို့၂ယောက်ရဲ့ Character ကို တည်ဆောက်ပုံမှာ အရမ်း Chemistry ရှိတယ်… အစပိုင်းမှာ မင်းသမီးကို အရမ်း Annoying ဖြစ်စရာကောင်းလို့ အမြင်ကပ်ပင်မဲ့ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့နားလည်ပေးလာနိုင်တယ်… အပေါ်က မှတ်ချက်မှာပြောခဲ့တဲ့အတိုင်း နားလည်မှုရှိဖို့လိုတယ်… ဘယ်လိုပဲဖြစ်ဖြစ် အဲဒိဇာတ်ကောင် နေရာမှာသရုပ်ဆောင်တဲ့ မင်းသား Joe Cheng ဟာ အရမ်းကြီး Act Cool လုပ်ပြနေစရာမလိုပဲ သဘာဝကျကျ Cool ဖြစ်နေတယ်… မင်းသမီးကို မသိမသာနဲ့ ချစ်တယ်လို့ သရုပ်ဆောင်ပြတဲ့နေရာမှာလဲ ပီပြင်တယ်… သူ့လိုခပ်အေးအေး ပုံစံမျိုးနဲ့ နောက်ဆုံးမင်းသမီးကို ချစ်သွားတဲ့အခါမှာ သရုပ်ဆောင်တဲ့ မျက်နှာအနေအထားတွေက သူနဲ့ ဒီဇာတ်ကောင်နဲ့ကိုလုံးဝလိုက်ဖက်စေတယ်… မင်းသမီး Ariel Lin ရဲ့ သရုပ်ဆောင်အားကောင်းမှုကလဲ အဲဒိကားကြည့်နေတုံးက အဲဒိမင်းသမီး အပြင်မှာလဲ ငတုံးမပဲထင်တယ်လို့ တွေးမိတယ်… နောက်ပိုင်း သူမရဲ့ တခြားကားတွေကြည့်တော့မှ သူမဟာတကယ်သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးဆိုတာလက်ခံခဲ့တယ်… (တချို့ကတော့ ဒီကားမှာ မင်းသမီးက နည်းနည်းပိုတယ်လို့ထင်ကောင်းထင်မယ်… မဗေဒါအတွက်တော့ Okay တယ်)
ဒီဇာတ်ကောင်ရော သရုပ်ဆောင်တဲ့လူ၂ယောက်လုံးရဲ့ အံဝင်ခွင်ကျရှိမှုရောက ထိုင်ဝမ်ကလို့ထင်တယ်… သရုပ်ဆောင်တဲ့မင်းသား မင်းသမီးစုံတွဲကိုကြိုက်တာများလားဆိုပြီး… သူတို့၂ယောက်နောက်ထွက်တဲ့ Love and Bread ကိုကြည့်တော့ ISWAK လို မကြိုက်ဘူး…
အောက်က ဗွီဒီယိုလေးကြည့်သွားနော်… ဒီကားက ထွက်ထားတာကြာပြီ ဒါပေမဲ့ မကြည့်ရသေးရင်ကြည့်လိုက်နော်… အိမ်မှာခွေပိုင်တောင် ဝယ်ထားတယ်…
Meteor Garden
(Dao Ming Si and Shan Cai)
အကြိုက်ဆုံးဇာတ်ကောင်စုံတွဲအကြောင်းပြောရင် သူတို့အတွဲက မဗေဒါအတွက် မပါအဖြစ်ပါ… ဇာတ်လမ်းတွဲတွေကို တစ်ဆုတ်နစ်နစ် စတင်ကြည့်ဖြစ်ခဲ့တာ ဒီဇာတ်ကားကစပါတယ်… သူတို့အတွဲနဲ့ တစ်ဦးချင်းစီစရိုက်ကို ဒီပိုစ့်မှာ အသေးစိတ်တင်ထားပြီးပါပြီ… ဒီကားကိုလဲ ထိုင်ဝမ်၊ ဂျပန်၊ ကိုရီးယား ၃နိုင်ငံလုံးက ရိုက်ကူးထုတ်ဝေထားပါတယ်… တော်တော်များများကတော့ ကိုရီးယားကရိုက်မှ ဒီကားကိုသိကြတာပါ… ဒီကားကို ဘယ်နိုင်ငံကထုတ်ထုတ် ပရိတ်သတ်အကြိုက်များခဲ့ပါတယ်… ဘာလို့လဲဆိုတော့ စာရေးသူဖန်တီးထားတဲ့ ဇာတ်ကောင်တွေက ပရိတ်သတ်တွေအတွက် နှစ်သက်ချင်စရာကောင်းနေလို့ပါပဲ… ဒီတော့ ဇာတ်ကောင်ကို ကြိုက်တာလား သရုပ်ဆောင်ကိုကြိုက်တာလားဆိုတာ ကွဲပြားစေချင်ပါတယ်… ဒါပေမဲ့ မဗေဒါအတွက်ကတော့ အဲဒိဇာတ်ကောင်စုံတွဲကို အရမ်းကြိုက်သလို အဲဒိနေရာမှာသရုပ်ဆောင်သွားတဲ့သူတွေထဲမှာ ထိုင်ဝမ်စုံတွဲ Jerry Yan နဲ့ Barbie Xu ကို အကြိုက်ဆုံးပါပဲ…
Jerry Yan က ကျန်တဲ့ ၂နိုင်ငံက မင်းသားတွေလောက် မချောပင်မဲ့ ဒီဇာတ်ကောင်နဲ့ အလိုက်ဖက်ဆုံးလို့ထင်တယ်… ဒီဇာတ်ကောင်က ပိုက်ဆံချမ်းသာပြီး ဘယ်သူမှ လူမထင်တဲ့ ခပ်ဆိုးဆိုး Character ၊ ပြီးတော့ အရပ်ရှည်တာ၊ ခန္ဓာကိုယ်ဖွံ့ထွားတာ၊ မိုက်ကမ်းကမ်းဖြစ်နေတာ အားလုံးက လိုက်ဖက်တယ်… အထူးသဖြင့် Jerry ရဲ့ မျက်လုံးတွေက အရမ်းစွဲဆောင်မှုရှိတယ်… ကျွန်မကြိုက်လွန်းလို့ ရူးသွပ်နေတဲ့အချိန်တုန်းက ကျွန်မအစ်မက မင်းသားရုပ်ဆိုးတယ်ဆိုပြီး စိတ်မဝင်စားဘူး… နောက်သူပြန်ကြည့်တော့မှ အဲဒိမင်းသားစွဲဆောင်မှုရှိတယ်ဆိုတာ လက်ခံသွားတယ်… မင်းသမီးလဲ ပြောစရာမရှိအောင်ကြိုက်တယ်… ဇာတ်ကောင်နဲ့ လိုက်ဖတ်တယ်… ထိုင်ဝမ်ကားကြည့်တိုင်း သူတို့အတွဲသရုပ်ဆောင်တာကိုမြင်တိုင်း ရင်ထဲမှာ သူတို့လိုပဲ လှိုက်ဖိုပြီး ရင်ခုန်တယ်… ကျန်တဲ့ ၂နိုင်ငံကရိုက်တာ အဲလိုမဖြစ်ဘူး…(Just personal opinion)…
ဒီဇာတ်ကောင်ကို ကြိုက်သလို… ဒီဇာတ်ကောင်ကို သရုပ်ဆောင်တဲ့အထဲမှာ သူတို့ ၂ယောက်က အသင့်တော်ဆုံးလို့ထင်တယ်… အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ ထိုင်ဝမ်ကားတင်ဆက်ပုံကိုတော့ နားလည်ပေးရမှာပေါ့နော်… ပြီးတော့ ထိုင်ဝမ်ကားက ၂၀၀၁ ခုနှစ်ကတည်းက ထွက်ထားတာဆိုတော့ ကျန်တဲ့ နိုင်ငံက ကားတွေထက်စာရင် သုံးတဲ့ပစ္စည်းနဲ့ ရုပ်ရှင် quality မကောင်းတာကိုလဲ နားလည်ပေးစေချင်တယ်... အဲဒိထဲက မင်းသမီး ခု အပြင်မှာ ယောကျာ်းယူသွားပြီး ဆက်မရိုက်တော့ဘူးဆိုတော့ စိတ်မကောင်းဘူး...
အကြိုက်ဆုံး ဂျပန်ဇာတ်လမ်းတွဲ ဇာတ်ကောင်စုံတွဲ
မှတ်ချက်။ ။ ဂျပန်ကားတွေကြည့်တဲ့အခါမှာလဲ အလွန်အကျွံ စိတ်ဓာတ်မြင့်မားစေတဲ့ စကားလုံးတွေပြောတာ၊ အုပ်စုလိုက်ပြေးကြလွှားကြတာ၊ တချို့နေရာတွေမှာ စကားပြောရင် ပိုပြီးအော်သလိုလို ပုံမှန်မဟုတ်တဲ့ပုံစံမျိုး စတိုင်လုပ်ပြောတတ်တာ၊ Anime character လိုမျိုးရိုက်ထားတဲ့အတွက် တစ်ခါတစ်ရံပေါတောတောဆန်ပြီး နားမလည်နိုင်တာမျိုးတွေရှိပါတယ်… ဒါတွေကို နားလည်ထားရပါမယ်..(တချို့လူတွေက ဂျပန်ကားကို အဲလိုမျိုးတွေကြောင့်မကြိုက်တာပါ… ဒါပေမဲ့ ဒါကလဲ သူတို့လူမျိုးရဲ့ Culture တစ်မျိုးလေ…)
Gokusan 1
(Sawada Shin + Yamaguchi Kumiko)
ဒီစုံတွဲက တကယ်တော့ ချစ်သူရည်းစားမဖြစ်ခဲ့ကြပါဘူး… သူတို့က ဆရာမနဲ့ တပည့်ပါ… ဆရာမက သူ့တပည့်ကို လုံးဝစိတ်မဝင်စားသလို သူ့တပည့်က သူ့ကိုချစ်နေမှန်းလဲ ကားပြီးတဲ့အထိမသိသွားတာက ပရိတ်သတ်တွေကို အားမလိုအားမရဖြစ်ပြီး ခိုးလိုးခုလု ကလိကလိဖြစ်စေတာပါ… မဗေဒါအတွက်ကတော့ နောက်ဆက်တွဲကို ကိုယ့်ဘာသာကိုယ်ပုံဖော်ပြီး အတွေးထဲ ဇွတ်အတင်းသဘောတူနေတော့တာပါပဲ…
Shirokin လို့ခေါ်တဲ့ အထက်တန်းကျောင်းမှာ ဘယ်ဆရာမှ မနိုင်တဲ့ 3-D အတန်းကို အသစ်ပြောင်းလာတဲ့ ဆရာမ Yamaguchi Kumiko ကို အဲဒိအတန်းရဲ့ ကျောင်းသားခေါင်းဆောင် Sawada Shin က စမြင်ကတည်းက ဒီဆရာမဟာထူးခြားမှန်းသိလို့ စောင့်ကြည့်ခဲ့တာပါ…
သူတို့အတန်းသားတွေ ဆရာမကို မျိုးစုံအနိုင်ကျင့် နှိပ်စက် ခြောက်လှန့်ကြပင်မဲ့ ဘယ်လိုမှ မအောင်မြင်ခဲ့တဲ့ ထူးခြားတဲ့ ဒီဆရာမဟာနောက်ဆုံးမှာ အတန်းသားတွေအားလုံးဘက်ကရပ်တည်ပေးပြီး တပည့်တွေချစ်တဲ့ ဆရာမဖြစ်ခဲ့ပါတယ်… အထူးသဖြင့်တော့ တခြားသူတွေနဲ့ မတူတဲ့ အချစ်မျိုးနဲ့ ချစ်တဲ့ Shin ပေါ့… ဆရာမက တခြားဆရာတွေနဲ့ မတူဆို သူမရဲ့ လျှို့ဝှက်ချက်က သူမဟာ Yakuza ဂိုဏ်းချုပ်ရဲ့ မြေးဖြစ်ပြီး လူမိုက်တွေကတောင် လေးစားရတဲ့ ဆက်ခံသူလဲ ဖြစ်နေလို့ပါပဲ…
ဒီဇာတ်ကားမှာ Shin က ဆရာမကို ချစ်တယ်ဆိုတာကို မသိမသာလေးပဲပြခဲ့တာပါ… သူ့ဆရာမကို အိမ်ကပေးစားတဲ့သူနဲ့ သွားတွေ့တဲ့နေ့မှာ သူတို့တပည့်တွေ တပြုံကြီးဟိုဘက်စားပွဲကနေ လှမ်းနောက်နေတာ… ကျန်တဲ့ကျောင်းသားတွေက ပုံမှန်ပဲ ဆရာမကို နောက်နေတဲ့အချိန်မှာ… သူက ဆရာမကိုကြည့်ပြီး ပေးစားမဲ့ယောကျာၤးရှေ့မှာ တလွဲတွေလုပ်တာကို ရှက်လဲရှက် ဒါပေမဲ့ စိတ်ထဲမှာလဲ ဒီတွေ့ဆုံပွဲ မအောင်မြင်ဖို့ကို မျှော်လင့်နေတဲ့ပုံစံမျိုးလေးပြတာတို့… နောက်ပိုင်းမှာ ဆရာမကို အတိုက်အခံမျိုးစုံက ကျောင်းထွက်အောင်လုပ်တော့ တပည့်တွေအားလုံးထဲမှာ သူကအဆိုးဆုံးတားဆီးတာတို့… နောက်ဆုံးဆရာမအိမ်အထိတောင်လိုက်လာပြီး… သူ့ဆရာမရဲ့ လျှို့ဝှက်ချက်ကို ပထမဆုံးသိခဲ့တဲ့ တပည့်ဟာသူပဲပေါ့… ဇာတ်လမ်းရဲ့ နောက်ဆုံးအပိုင်း နောက်ဆုံးခန်းရောက်မှ ဆရာမကို ချစ်တဲ့စာရင်းထဲမှာ သူ့ကိုလဲ ထည့်လိုက်ဖို့ ကျန်တဲ့ Love rival တွေကိုပြောလိုက်တာကို ပရိတ်သတ်ကိုပြလိုက်တော့ ရင်ထဲပိုသေချာပြီး အောင့်သက်သက်နဲ့ပြီးသွားတယ်…
Shin နဲ့ သူတို့တပည့်တွေဆရာမကို ပေးထားတဲ့နာမည်ပြောင် Yankumi ဟာ ဆရာတပည့်ဆိုပေမဲ့ အသက် ၅နှစ်ပဲကွာတာပါ… Shin တို့ Batch က Yankumi ဆရာမပေါက်စ စစဖြစ်ချင်းသင်ရတဲ့ အတန်းပေါ့… ဆရာမက အသက် ၂၃နှစ်… Shin က အသက် ၁၈ နှစ်… ပြီးတော့ Shin နေရာမှာ သရုပ်ဆောင်တဲ့ မင်းသား Matsumoto Jun ကို အဲဒိကားထဲမှာ ဇာတ်ကောင်နဲ့ အရမ်းလိုက်ဖက်တယ်လို့ထင်တယ်… Cool အရမ်းဖြစ်သလို သူ့ဆရာမကို ကြည့်တဲ့ မျက်လုံးတွေနဲ့ ရှေ့မှာတော့ ဆရာမကို ဂရုမစိုက်သလိုနဲ့ နောက်ကွယ်မှာ တိတ်တိတ်လေးပြုံးတဲ့ အပြုံးတွေသရုပ်ဆောင်တာ အရမ်းတော်တယ်… ဆရာမကို စိတ်ထဲက လေးလဲလေးစားသလို ချစ်သူလိုလဲချစ်နေတဲ့ အကြည့်မျိုးတွေ သရုပ်ဆောင်တာအရမ်းတော်တယ်…
Gogusen က ပထမတစ်ကားအောင်မြင်တော့ နောက်ထပ် ၂ကားထပ်ထွက်တယ်… ဒါပေမဲ့ ကျောင်းသားထဲမှာ Shin လိုမျိုးဆရာမကို စိတ်ဝင်စားတာမျိုးမပါတော့ဘူး… (အမြဲပါနေလဲ မကောင်းတော့ဘူးလေ)… နောက်ကားတွေမှာ Shin များလူကြီးဖြစ်ပြီးပြန်လာမလားလို့ မျှော်လင့်မိတယ်… ဒါပေမဲ့ မပါတော့ဘူး… ဒါပေမဲ့ ဝမ်းသားစရာတစ်ခုကတော့ Manga (Japan ကာတွန်းစာအုပ်) ထဲမှာတော့ Shin က အကောင်ဆုံးတက္ကသိုလ်ရဲ့ ထိပ်ဆုံးကျောင်းသားတစ်ယောက်ဖြစ်နေပြီး အလုပ်အကိုင်အတည်တကျနဲ့ တည်ငြိမ်တဲ့ဘဝကိုပိုင်ဆိုင်နေတဲ့အချိန်မှာ ဆရာမနဲ့ပြန်တွေ့ပြီး ချစ်ရေးဆိုကာ သူတို့ ၂ယောက်ချစ်သူတွေဖြစ်သွားကြတယ်လို့ပါတယ်… ဘာလို့များ ရုပ်ရှင်မှာမရိုက်တော့တာလဲမသိဘူး… ဖြစ်နိုင်တာက Matsumoto Jun က ဇာတ်ကားဆက်ရိုက်ကူးဖို့လက်မခံတော့တာများလား…. ဟင်း (သက်ပြင်းချသံ)… ဘာပဲပြောပြော သူတို့ အတွဲဟာ မဗေဒါအကြိုက်ဆုံး ဇာတ်ကောင်စုံတွဲနဲ့ အလိုက်ဖက်ဆုံး သရုပ်ဆောင် ၂ဦးအနေနဲ့ စိတ်ထဲစွဲနေပါတယ်… ခုတောင် ရေးနေရင်းနဲ့ကို စိတ်ထဲ ခုလုခုလုဖြစ်လာသလို အဲဒိကားကိုပြန်ကြည့်ချင်လာပြီ…
အောက်က MV လေးတွေကြည့်ပြီးတောင် ရင်ခုန်နေရတယ်…
Absolute Boyfriend
(Knight Tenjo + Riiko Izawa)
ဒီကားကလဲ ပရိတ်သတ်ရင်ကို စို့နစ်ပြီးကျန်စေတဲ့ ကားတစ်ကားဖြစ်မယ်လို့ မဗေဒါထင်တယ်… ဒီကားလေးကို ၂၀၀၈ တုန်းက ညဘက် အလုပ်ထဲမှာထိုင်ကြည့်ပြီး အဆုံးပိုင်းမှာ ငိုလိုက်ရတာ… ကိုယ်ငိုတာ လူမိမှာစိုးလို့ ဘေးဘီနောက် လှည့်ကြည့်တော့မှ အလုပ်ထဲက စလုံးကောင်ကလဲ နောက်မှာ ရပ်ကြည့်ပြီး မျက်ရည်တွေဝိုင်းနေတာတွေ့ရတယ်… (အဲလို အလုပ်များကြတာ…)…
ဒီဇာတ်ကားအကြောင်းလေးကိုလဲ ဒီနေရာမှာ တစ်ခါရေးပြီးပါပြီ… ...
ကိုယ်ကြိုက်တဲ့ကားတွေအကြောင်းပြောရရင် ဘယ်တော့မှ မောတယ်မရှိပါဘူး…
ဒီဇာတ်ကားမှာလဲ အရပ်အမောင်းကောင်းကောင်းနဲ့ စက်ရုပ် Knight ပုံစံသရုပ်ဆောင်တဲ့ မင်းသား Hayami Mokomichi ဟာ အဲဒိဇာတ်ကောင်စရိုက်နဲ့ အလွန်လိုက်ဖက်ပြီး ဘယ်သူမှ အစားထိုးသရုပ်ဆောင်လို့ မရလောက်ပါဘူး… စက်ရုပ်ပင်ဖြစ်လင့်ကစား နောက်ပိုင်းမှာ သူ့ပိုင်ရှင် ကောင်မလေးကို လူလိုမျိုး ခံစားချက်မျိုးနဲ့ ချစ်လာခဲ့တယ်…
Hotaru no Hikari (Takano Seiichi (aka) Bucho + Amemiya Hotaru)
ဒီဇာတ်ကားအကြောင်း ဘလော့ပေါ်မှာ မရေးဖူးပင်မဲ့ ရေးချင်ခဲ့တာကြာပြီ… ဇာတ်ကားရဲ့ အချစ်ဖြစ်တည်လာမှုက နှေးတယ်… သူတို့က သံယောဇဉ်ကနေ ချစ်သွားတဲ့ပုံမျိုးဆိုတော့ သိပ်ပြီး Romantic ဆန်တဲ့ပုံစံမျိုးတွေကို မပြထားဘူး… ပြီးတော့ ဇာတ်လမ်းအရ တချို့အရာတွေ အပိုတွေကိုလျှောက်ပြနေတတ်ပြီး တချို့အကြောင်းအရာတွေက ထပ်နေတတ်တယ်… မည်သို့ပင်ဆိုစေ ဒီဇာတ်ကားထဲက Bucho (manager) နဲ့ Hotaru ဇာတ်ကောင်ရဲ့ကြားက သံယောဇဉ်ကဖြစ်တည်လာတဲ့ အချစ်ကို သဘောကျသလို အဲဒိအတွဲကိုလဲ စိတ်ထဲက ကြိုက်တယ်…
Amemiya Hotaru ဆိုတဲ့ကောင်မလေးက ရုံးမှာဆိုရင် အလုပ်ကြိုးစားပြီး အဆင့်အတန်းမှီမှီဝတ်တတ်စားတတ်တဲ့သူဖြစ်လို့ စေ့စပ်သေချာတဲ့မိန်းကလေးလို့ အလုပ်ကလူတွေက သတ်မှတ်ထားတယ်… ဒါပေမဲ့ သူမရဲ့ အိမ်မှာနေတဲ့ပုံစံဟာ ရုံးကပုံစံနဲ့ တခြားစီကွာဟနေတယ်… သူမဟာ အိမ်က သစ်သားကပြင်လေးပေါ်မှာ ဘောင်းဘီစုတ်ကိုဝတ် သတင်းစားတွေခြုံပြီး လှဲလှောင်းနေတတ်တဲ့ အပျင်းမလေးတစ်ယောက်ဖြစ်တယ်… အိမ်ရှင်းဖို့ဝေလာဝေးစွ… အရာအားလုံးကို သူလှဲလှောင်းနေတဲ့နေရာရဲ့ လက်တကမ်းမှာထားပြီး ဖွထားတတ်တဲ့သူမျိုးဖြစ်တယ်… သူ့အကျင့်တွေအားလုံးကို သိသူကတော့ နောက်မှ သူ့အိမ်ကိုပြောင်းလာပြီး တူတူနေဖြစ်တဲ့ သူမရဲ့ အထက်အရာရှိ မန်နေဂျာ ပဲဖြစ်တယ်… (သူမနေနေတဲ့အိမ်က မန်နေဂျာအဖေပိုင်တဲ့အိမ်ကို ငှားထားတာ.. မန်နေဂျာက သူ့မိန်းမနဲ့ ကွားရှင်းပြီး အဲဒိအိမ်ကိုပြောင်းလာတာ)
မန်နေဂျာ Takano (သူမအခေါ် Bucho) လဲ အလုပ်ထဲကပုံစံနဲ့ အိမ်မှာနေတဲ့ပုံစံ အရမ်းကွားခြားတာ သိတော့ အစပိုင်းမှာ အရမ်းအံ့သြပင်မဲ့ နောက်ပိုင်းတော့ ရုံးကလူတွေရှေ့မှာ သူတို့ ၂ယောက်တူတူနေတာ မသိအောင် ဖုံးဖိရင်း အကျင့်ရသွားတယ်…
Hotaru က ရုံးက ကောင်လေးတစ်ယောက်ကို ကြိုက်နေတယ်… အဲဒိကောင်လေးနဲ့ နီးစပ်ဖို့ကို မန်နေဂျာက အကူအညီတွေပေးခဲ့ရတယ်… သူဟာ အိမ်မှာညစ်ညစ်ပတ်ပတ်နဲ့ အပျင်းကြီးတဲ့ မိန်းကလေးဆိုတာကို မသိအောင်ရော သူတို့ ၂ယောက်ဟာ အကြောင်းကြောင်းကြောင့် တူတူနေတယ်ဆိုတာကို အဲဒိကောင်လေးမသိအောင်ရော ကူညီပေးခဲ့တယ်… အတိုချုံးပြောရရင် အဲကောင်လေးကလဲ Hotaru ကို ပြန်ချစ်လို့ နောက်ဆုံး Hotaru က သူ့ရည်းစားနဲ့ တူတူနေမယ်ဆိုပြီး အိမ်ပြောင်းသွားတယ်…
အချစ်ဆိုတာ ဝေးသွားမှ ပိုသိလာတယ်ဆိုတဲ့အတိုင်း Bucho အတွက် သိသာလာတယ်… Hotaru မှ သူ့ရည်းစားနဲ့ အဆင်ပြေပါ့မလားဆိုတဲ့ သိစိတ်ကအတွေးနဲ့အတူ မသိစိတ်က Hotaru ကို သတိရနေတယ်… တဖက်က Hotaru အနေနဲ့လဲ သူ့ရည်းစားနဲ့ တူတူနေချိန်မှာ Bucho နဲ့ နေသလို အပျင်းစတိုင်မနေရပဲ မိန်းမဆန်ဆန် ပြုစုနေရတော့ အစပိုင်းပဲပျော်ပြီး နောက်ပိုင်းမှာ ကျဉ်းကျပ်လာတယ်… သူဘယ်လိုမိန်းမမျိုးလဲဆိုတာ သူ့ရည်းစားကို သိစေချင်သလို သိသွားလို့သူ့ကိုလက်မခံနိုင်မှာလဲစိုးတယ်… အဲဒိအချိန်တွေမှာပဲ သူ့ရည်းစားက သိသွားပြီး သူမကို လက်မခံနိုင်ဖြစ်သွားတယ်… ဒါပေမဲ့ နောက်ပိုင်းပြန်ရှင်းတော့ သူ့ရည်းစားက Hotaru အပျင်းမဖြစ်လို့ ဖြတ်တာမဟုတ်ပဲ… Hotaru နှလုံးသားထဲမှာ Bucho ကို ချစ်နေတာ… Bucho နဲ့ စကားပြောရင် Hotaru ဟာ သက်တောင့်သက်သာနဲ့ နေထိုင်နိုင်တာတွေကိုကြည့်ပြီး Hotaru ၊ Bucho ကို မသိစိတ်ထဲက သံယောဇဉ်တွယ်နေတာသိလို့ ဖြတ်လိုက်တာဖြစ်တယ်…
Bucho အချစ်ကို သိသိသာသာ စပြတဲ့အခန်းကတော့ ဇာတ်ကားနည်းနည်းနောက်ပိုင်းလောက်ရောက်မှ Hotaru အလုပ်ကိစ္စတစ်ခုသွားရင် မမျှော်လင့်ပဲ ဂိုဒေါင်တစ်ခုမှာ ၁ညပိတ်မိသွားတယ်… နောက်နေ့မနက်မှာ Bucho ကိုယ်တိုင်အရမ်းစိတ်ပူလို့ ရုံးကလူတွေနဲ့ လိုက်ရှာရင်း Hotaru ကိုတွေ့တော့ ရုံးကလူတွေရှေ့မှာ ဟန်မဆောင်နိုင်ပဲ ပြေးဖက်တဲ့အခန်းလေးက(Video ထဲမှာ 2:40 က အခန်းပေါ့) မဗေဒါကို “ခုမှပဲ စောင့်နေတဲ့ အခန်းကလာတော့တယ်” ဆိုတဲ့စိတ်နဲ့ ပြုံးမိတယ်… ဒါပေမဲ့ တကယ်တမ်းပြောရရင်တော့ သူတို့ ၂ယောက်အတွက် Romantic ဖြစ်တဲ့အခန်းက နည်းလွန်းတယ်…
ဇာတ်လမ်းအရ Bucho character ဟာ တစ်ခုလပ်ဖြစ်သလို အသက် ၄၁ နှစ် ဒါပေမဲ့ ရုပ်ရည်ရှိပြီး အရည်အချင်းရှိတဲ့ ယောကျာၤးတစ်ယောက်… Hotaru character က အသက် ၂၇ နှစ်… အသက်ကလဲ ကွာလွန်းတယ်… ဒါပေမဲ့ Bucho တစ်ယောက်ပဲ Hotaru ရဲ့ အကျင့်တွေအားလုံးကို နားလည်လက်ခံပေးနိုင်သလို … Hotaru အတွက်လဲ ဟန်ဆောင်စရာမလိုပဲ အရှိအတိုင်းနေထိုင်ဆက်ဆံနိုင်တာ Bucho တစ်ယောက်ပဲရှိတယ်… သူတို့ ၂ယောက်စုံတွဲက လိုက်ဖက်တယ်လို့ ခံစားရတယ်… အချစ်ဖြစ်လာတာ နှေးတယ်ဆိုပင်မဲ့ ဘယ်တော့ကြိုက်မလဲဆိုတဲ့စိတ်နဲ့ ကြည့်ကောင်းတယ်… ပြီးတော့ ရီရတယ်… အထူးသဖြင့် Hotaru no Hikari part 2 က ပိုရီရတယ်…
ဒီကားထဲက စုံတွဲCharacter ကလဲ မဗေဒါ အခါခါထပ်ကြည့်ချင်တဲ့ စုံတွဲထဲမှာပါတယ်… ကဲ ဇာတ်ကားအမြည်းလေးကြည့်သွားနော်…
နောက်ဆုံးပိတ် မဗေဒါအကြိုက်ဆုံး ဇာတ်ကောင်စုံတွဲအနေနဲ့ ကိုရီးယား ဇာတ်ကောင်စုံတွဲတွေကိုပြောပြမယ်…
Who are you? (Cha Seung Hyo + Son Young In)
ဒီကားမှာ Cha Seung Hyo ဆိုတဲ့ မင်းသား Character က အလွန်သွေးအေးတဲ့သူ လက်အောက်ငယ်သားတွေဆိုလဲ ခင်ခင်မင်မင်မရှိဘူး… အသန့်သိပ်ကြိုက်တယ်… စီးပွားပြိုင်ဘက်ချင်းဆိုလဲ လုံး၀ မညှာဘူး… လူမုန်းများတယ်… သူ ကားအက်စီဒင့်ဖြစ်ပြီးသေခါနီးဖြစ်နေတဲ့အချိန်မှာ Son Young In ရဲ့ အဖေဝိညာဉ်က မကျွတ်ခင် ၄၉ရက်အတွင်း သူ့ကိုယ်ထဲကို ၁ရက်မှာ ၃နာရီဝင်စီးပြီး သူ့သမီးကို မဖြည့်စီးပေးခဲ့သမျှတွေကို မင်းသားပိုက်ဆံတွေနဲ့ ဖြည့်စီးပေးတယ်… မင်းသားက မင်းသမီးအဖေဝင်ပူနေတုန်းတော့ အရမ်းကောင်းနေပြီး သူ့စိတ်ဖြစ်သွားတာနဲ့ မင်းသမီးကိုလဲ မမှတ်မိဘူး ပြီးတော့ မညှာမတာလဲ ဆက်ဆံတယ်… နောက်ပိုင်းမှ သူ့ကိုယ်သူဘာဖြစ်နေလဲဆိုတာ အဲဒိ ဝိဉာဉ်ကို မြင်ရလာပြီးသိတယ်…
ပထမပိုင်းတော့ ဝိဉာဉ်ဖြစ်စေချင်တဲ့အတိုင်းလိုက်လုပ်ပေးတယ်ဆိုပေမဲ့… နောက်ပိုင်း ကောင်မလေးကို သံယောဇဉ်တွယ်လာတဲ့အခါမှာ သူ့ရဲ့ အသန့်သိပ်ကြိုက်တဲ့ အကျင့်တောင် ကောင်မလေးအတွက်ပြောင်းလဲလာတယ်… ဒီကားမှာ သူနဲ့ ကောင်မလေးက အသက်အရမ်းကွာတယ်… ၁၂ နှစ်… အပြင်မှာလဲ တကယ် ၁၂နှစ်ကွာတယ်… (ဒါပေမဲ့ မင်းသားက နုတယ်လို့ပြောလို့ရတယ်နော်)…
တစ်ကောင်ကြွတ်ကျန်ခဲ့တဲ့ ကောင်မလေး Son Young In ကို တာဝန်ယူ စောင့်ရှောက်နိုင်တဲ့ စီးပွားရေး ပညာရှင် သူဋ္ဌေး Cha Seung Hyo လိုအပ်သလို… အထီးကျန်ဆန်တဲ့ ဘဝမှာ ကြီးပြင်းလာတဲ့ Cha Seung Hyo အတွက်လဲ နွေးထွေးတဲ့ အချစ်တွေပေးနိုင်တဲ့ သနားစရာ တစ်ကောင်ကြွက်မလေး Son Young In ကို လိုအပ်လာတယ်… အဲဒိ စုံတွဲလေးကို အဲဒါကြောင့် သဘောကျတယ်… နောက်ပိုင်းမှာ သူ့အဖေ မပူးနေပဲနဲ့တောင် တဖြည်းဖြည်း Cha Seung Hyo က Young In ကို သဝန်တိုလာတာ ဂရုစိုက်လာတာက ကလိကလိနဲ့ အသည်းယားဖို့ကောင်းတယ်…
မင်းသား Yoon Kye Sang က သရုပ်ဆောင်ကောင်းတယ်… ကြည့်ဖူးသမျှသူ့ကားတိုင်းမှာ သူ့ကို သဘောကျတယ်… ဒီကားကြည့်ပြီး သူ့ကိုတော်တော်လေး ရူးသွပ်လိုက်သေးတယ်… မကြည့်ရသေးရင် ကြည့်လိုက်နော်…
Dal-ja’s Spring (Kang Tae Bong + Oh Dal Ja)
ဒီဇာတ်ကားအကြောင်းကိုလဲ ဒီမှာ
ဒီကားမှာလဲ အသက် ၃၃နှစ် အူဒယ်ဂျားဆိုတဲ့ မိန်းမရဲ့ အချစ်ရေးနဲ့ပတ်သတ်တဲ့ ပြဿနာတွေကို အစပိုင်းတော့ ပိုက်ဆံရလို့ ကူညီခဲ့ပင်မဲ့ နောက်ပိုင်းမှာ သနားပြီး သံယောဇဉ်ရှိကာ ချစ်မိသွားတဲ့ ၂၇ နှစ်အရွယ် ခန်ထယ်ဗုံး ဆိုတဲ့ ကောင်လေး အချစ်ဇာတ်လမ်းလေးပေါ့…
ဒီဒယ်ဂျားခံစားရသမျှတွေအားလုံးကို စလယ်ဆုံးနားလည်ပြီး ချစ်သလို… ခန်ထယ်ဗုံးလို ခေါင်းမာပြီး ကိုယ်ထင်ရာလုပ်တတ်တဲ့ ကောင်လေးကို နားလည်ပေးနိုင်တဲ့ မမကလဲ ဒယ်ဂျားတစ်ယောက်တည်းရှိပါတယ်…
သူတို့ ၂ယောက်ရဲ့ Character က Chemistry ရှိသလို ကြည့်လို့လဲကောင်းပါတယ်… ကြည့်လိုက်ရင် အဲဒိ ခန်ထယ်ဗုံးနေရာမှာ သရုပ်ဆောင်တဲ့ မင်းသား Lee Ming Kee ကို ရုပ်ဆိုးတယ်လို့ ထင်ချင်ထင်မယ်… ဒါပေမဲ့ သူဟာ သရုပ်ဆောင်ကောင်းတဲ့သူပီပီ ကျွန်မစိတ်ကို ဆွဲဆောင်နိုင်တယ်… ဒီစုံတွဲကလဲ ကျွန်မစိတ်ကို စိုးမိုးနိုင်တဲ့ အတွဲပဲ… ဒီကားအစဆုံးကြည့်ပြီးတာ ၂ကြိမ်ရှိပြီ… အကြမ်းအမြန်ရှပ်ကြည့်တာက ၁ခါ… Youtube က MV တွေပြန်ကြည့်ဖြစ်တာတော့ ရေတွက်လို့ မရတော့ဘူး… ကြည့်လိုက်နော်…
All About Eve (Yun Hyong Chul ,ကျွန်မတို့အခေါ် “ဒါရိုက်တာရင်” + Jin Sun Mi)
အထူးတလည်ပြောနေစရာမလိုဘူးထင်ပါတယ်… ဒီကားဟာ မြန်မာပြည်မှာ ၂၀၀၃ ခုနှစ်လောက်တုန်းက “ဆည်းဆာရင်ခုန်သံ” ဆိုတဲ့ အမည်နဲ့ ပြခဲ့တုန်းက မြန်မာပြည်တလွှားပရိတ်သတ်ရင်ကို စွဲညိခဲ့တယ်လို့သိရပါတယ်…
ဒီကားရဲ့ စုံတွဲကို ကြိုက်ရတဲ့ အကြောင်းအရင်းကတော့ (ဘက်လိုက်တယ်ပဲပြောပြော) မင်းသားသရုပ်ဆောင်ရတဲ့ Character ဟာ အပြင်မှာ မရှိနိုင်တဲ့ အလွန်မှ ပြည့်စုံ ယောကျာၤးပီသတဲ့ Character ပဲဖြစ်ပါတယ်… မိန်းကလေးတိုင်းက အဲဒိကားကြည့်ပြီး ကိုယ့်ဖူးစာရှင်ရဲ့လိုအပ်ချက်အဆင့်ကို မြှင့်တင်လိုက်ချင်အောင်ကို ဇာတ်ကောင်စရိုက်က ကောင်းလွန်းနေပါတယ်… အဲဒိဇာတ်ကောင်စရိုက်ကို နာမည်ကျော်မင်းသားချော Jung Dong Gun က ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ပြသွားနိုင်တဲ့အပြင် မင်းသမီး Chae Rim ရဲ့ ဆန်းမီ ဇာတ်ကောင်ကို သရုပ်ဆောင်သွားတာကလဲ အပိုအလိုမရှိပါပဲ…
ဒီဇာတ်ကောင်စုံတွဲကို ဒီသရုပ်ဆောင်တွေထည့်ထားတာ အံဝင်ဂွင်ကျအပိုအလိုမရှိ ကောင်းလှပါတယ်… အဲဒိကားကို မဗေဒါပြန်ကြည့်တာ ၅ ခါ ၆ ခါထပ်မနည်းပါဘူး… ဘယ်အချိန်ကြည့်ကြည့်လဲ ပထမတစ်ခေါက်ရင်ခုန်စရာအခန်းက နောက်တစ်ခေါက်လဲ ရင်ခုန်အောင် သဘောကျအောင် ထပ်လုပ်နိုင်နေသေးတာကို တွေ့ရပါတယ်… ဒီကားရဲ့ နောက်ထူးခြားချက်က ဇာတ်ဝင်တေးတွေကလဲ ကောင်းပါတယ်… ကဲ ဒါဆိုရင် သိလိုက်တော့….
Secret Garden (Kim Joo-Won + Gil Ra Im)
ဒီကားအကြောင်းကိုတော့ ဘလော့ပေါ်မှာ ရေးလွန်းလို့ Label တောင် သပ်သပ်ခွဲထားရတဲ့ အထိပါပဲ… ဒီကားနဲ့ ပတ်သတ်တဲ့ ပိုစ့်တွေကို ဒီမှာကြည့်လို့ရပါတယ်…
ရှည်ရှည်ဝေးဝေးမပြောတော့ပါဘူး… ဒီစုံတွဲကို အရမ်းကြိုက်တယ်.. ဇာတ်ကောင်ကိုလဲကြိုက်တယ်… သရုပ်ဆောင် ၂ယောက်လုံးကိုလဲ ကြိုက်တယ်.. ကိုယ်ကြိုက်တဲ့ သရုပ်ဆောင် ၂ယောက်လုံး တူတူဝင်သရုပ်ဆောင်သလို သရုပ်ဆောင်အားကောင်းပြီး ဇာတ်ကောင်စရိုက်ပီပြင်တဲ့အတွက် ရင်ခုန်တယ်…
Showing posts with label Secret Garden. Show all posts

Friday, March 16, 2012
Thursday, December 23, 2010
Even Korean Celeb obsess with "Secret Garden"
Korea Drama Secret Garden ဟာ အွန်လိုင်းပေါ်မှာတင် နိုင်ငံတကာမှာ လူကြိုက်များရုံမကပဲ ကိုရီးယား နိုင်ငံတွင်းမှာလဲ လူကြိုက်များတယ်ဆိုတာကို သိရပါတယ်... ဒီဇာတ်ကားရဲ့ ကရက်ရိုက်ခက်မှုဟာ သာမာန်ပရိတ်သတ်တွေတင်မကပဲ ကိုရီးယား အနုပညာလောကသားအချင်းချင်းကိုတောင် ရူးသွပ်စေတယ်ဆိုတာကို Celebrities တွေရဲ့ twitter တွေကနေ သိနိုင်ပါတယ်... အောက်ပါ Twitter massage တွေဟာ နောက်ဆုံးတင်ထားတဲ့ Massage ကနေ အရင်အဟောင်းတွေအထိ အစဉ်လိုက်ရေးထားတာပါ...
အပိုင်း ၁၂ နဲ့ ပတ်သတ်ပြီး ဒီစာရေးဆရာရဲ့ ဇာတ်လမ်းတွေမှာ အရင်ကလဲ သရုပ်ဆောင်ဖူးတဲ့ မင်းသမီး Kim Jung Eun (ခုစာရေးဆရာရဲ့ အရင်ဇာတ်ကား Lovers in Paris နဲ့ Lovers) က ၂၀ရက် ၁၂လ ၂၀၁၀ မနက်မှာ သူမ Twitter ပေါ်မှာ ခုလိုရေးခဲ့ပါတယ်တဲ့...
"ဒီနေ့ .... SG အဆုံးသတ်တာ.... အရမ်း အရမ်း အရမ်း ကောင်းတယ်!!!!! !! .. အစ်မ Kim Eun Sook (စာရေးဆရာမ) နဲ့ ဒါရိုက်တာ Shin Woo Chul ကို ချစ်တယ်.... ㅠ ㅜ"
(အင်္ဂလိပ်လိုဖတ်ရင် ပိုဆီလျော်မှာမို့ အင်္ဂလိပ်လိုကိုလဲ ဖော်ပြပေးလိုက်ပါတယ်...)
"Today...SG's ending...is really the best best best!!!!! I! Love! You! Kim Eun Sook unni! Shin Woo Chul PD-nim!!! ㅠ ㅜ"
နောက်တစ်ယောက်ကတော့ အဲဒိ စာရေးဆရာမရဲ့ ခင်ပွန်းကိုယ်တိုင်က Joo Won ကို ဇာတ်လမ်းထဲမှာ သတ်ပစ်ရင် သူ့မိန်းမကို ကွဲမယ်လို့ရေးခဲ့ပါတယ်... အပိုင်း ၁၂ ပြသ အပြီးမှာ သူက သူ့ဇနီးအတွက် tweet ခဲ့တာကတော့...
"Joo Won သေမှာလား? အဲလိုမျိုး ရေးရဲလား? ... မင်းကို ကွာပြစ်မယ်" တဲ့...
"Will Joo Won die? You'd dare try that? I'll divorce you!" ㅋㅋ
ဟား... ဟား... တနည်းအားဖြင့်တော့ သူ့ဇနီးရေးတဲ့ ၀တ္တုကို သူဘယ်လောက် စိတ်ဝင်စားကြောင်း ပြသလိုက်တယ်လို့ ကျွန်မကတော့ထင်ပါတယ်...
နောက်တစ်ခါ Park Han Byul (Oh! My lady ဇာတ်ကားမှ ဒုတိယမင်းသမီး) ကလဲ SG ကို အလွန်မှ စွဲလန်းနေပါတယ်... သူမှမဟုတ်ဘူး ကိုရီးယားတစ်နိုင်ငံလုံးကလဲ သဘောကျကြပါတယ်.. SG ရောဂါတက်နေတဲ့ အနုပညာကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ သူမကလည်း ၁၈ရက်နေ့က ဟောဒီလို Tweet ခဲ့ပါတယ်...
"ဒီနေ့ SG ပြမဲ့နေ!.. Aigoo! လူတစ်ယောက်ကို လုံးဝစိတ်လှုပ်ရှားအောင် လုပ်နိုင်တဲ့ အမြှုပ်....!~"
"Today is SG's broadcast day! Aigoo! Foam that makes one completely excited!~"
ပြီးတော့ သူမတင်လိုက်တဲ့ ဓာတ်ပုံကတော့ Ra Im ရဲ့ အမြှုပ်နဲ့ နှုတ်ခမ်းပုံမျိုး လိုက်လုပ်ထားတဲ့ သူမပုံပါပဲ...
Via Twitter (chinese translations by Baidu's Secret Garden)
English translation by hellochloe
Burmese translation by Mabaydar
------------------------------ ။ -----------------------------------------
ခုအတောအတွင်း idol girl groups အဆိုတော်မလေးတွေအတွက် အလွန်မှ အလုပ်များနေသော်လည်း... သူတို့ရဲ့ အချိန်တစ်ချို့ကို ခြစ်ကုတ်ပြီး ဒီဇာတ်လမ်းတွဲ စွဲလန်းမှုကို ဖြေသိမ့်နေရပါတယ်...
Rainbow မိန်းကလေးအဆိုတော်အဖွဲ့က သူတို့ စီးရီးအသစ်အတွက် ပြင်ဆင်နေရတဲ့အထဲ (၂၀၁၁နှစ်ဆန်း ကျရင်ထွက်မဲ့ ခွေအသစ်) သူတို့ရဲ့ Secret Garden drama စွဲလန်းမှုဖြစ်နေကြောင်း ပြောကြားခဲ့ပါတယ်... သူတို့က "Secret Garden ရဲ့ အပိုင်းတိုင်းကို ကျွန်မတို့ကြည့်တယ်... ကျွန်မတို့အားလုံး weekend ဆိုရင် တူတူစုပြီးကြည့်ကြတယ်.. ကြည့်နေတဲ့အချိန်မှာ မအော်ကြဖို့ စည်းကမ်းသတ်မှတ်ထားပင်မဲ့ (တချို့အခန်းတွေဆို) သူ့အလိုလို အော်မိကြတယ်... Hyun Bin နဲ့ Ha Ji Won အမြှုတ်နမ်းတဲ့ အခန်းမှာ ကျွန်မတို့တွေအားလုံး လက်တွဲထားကြပြီး အော်မိကြတယ်.. သူတို့ ၂ယောက်လုံးက သရုပ်ဆောင်ကောင်းတွေဖြစ်တဲ့အပြင် ချောလဲချောကြတယ်.."
SISTAR အဖွဲ့ထဲက Bora ကလဲ သူမဟာ ဒီဇာတ်လမ်းကို စွဲလန်းနေကြောင်း ၀န်ခံခဲ့တယ်... "ပထမတစ်ပိုင်းကို ကြည့်ပြီးကတည်းက ဒီဇာတ်ကားကို ကျွန်မချစ်ခဲ့တာ... ရုပ်မြင်သံကြားမှာပြနေတဲ့အချိန်တွေမှာ ကျွန်မပုံမှန်မကြည့်ဖြစ်ဘူး... ဘာလို့လဲဆိုတော့ ကျွန်မက အဲဒိအချိန်တွေ အလုပ်လုပ်နေရတာများတယ်... ဒါပေမဲ့ ကျွန်မ အွန်လိုင်း ဒါမှမဟုတ် ဒေါင်းလုပ်ဆွဲပြီး ကြည့်ရတယ်... Hyun Bin ကို ကြိုက်တယ်... Ha Ji Won ကိုလဲ အရမ်းကြိုက်တယ်... အဲလို မျိုး သရုပ်ဆောင်ဖို့က ခက်တယ်... ဒါပေမဲ့ သူမ အရမ်းသရုပ်ဆောင်ကောင်းတယ်... သူမ နဲ့ အပြင်မှာတွေ့ချင်တယ်.."
ကြည့်ရတာ ဒီ အချစ်ဟာသ ဇာတ်လမ်းတွဲလေးက သာမာန်ပရိတ်သတ်တွေတင်မကပဲ Celebrities တွေကိုပါ စွဲလန်းအောင် ဆွဲဆောင်နိုင်နေတယ်.... သင်တို့ရော ကြည့်နေကြရဲ့လား...?
Source: Sports Chosun via Nate
Burmese translation by Mabaydar
------------------------------------။---------------------------------------
2010 Melon Music Awards မှာလဲ DJ DOC အဆိုတော်အဖွဲ့က သူတို့ရရှိတဲ့ ဆုကို Secret Garden ထဲက Hyun Bin ရဲ့ လူသိများလှတဲ့ အပြာရောင်ဘော်ကျယ်ထိုး အားကစားအကျီင်္နဲ့ တက်ရောက်ယူခဲ့တယ်....
ဒီအကျီင်္ဒီဇိုင်းဟာ Secret Garden ဇာတ်လမ်းတွဲစတဲ့အချိန်ကစတင် နာမည်ကြီးခဲ့ပြီး... အဲဒိဇာတ်လမ်းတွဲမှာ မင်းသားဟာ သူ့ရုံးသွားတဲ့ အချိန်မဟုတ်တဲ့ သာမာန်အချိန်တွေမှာ ခုရေပန်းစားနေတဲ့ အကျီင်္ကိုဝတ်ဆင်ခဲ့တယ်...
DJ DOC အဖွဲ့ရဲ့ကိုယ်စားလှယ်က "အဖွဲ့ထဲက Lee Ha Neul က ဒီဇာတ်ကားကို ခုတစ်လော ကြည့်တယ်.... သူတို့ရဲ့ Stylist က Hyun Bin ရဲ့ အ၀တ်အစားကိုတွေ့တော့ အားလုံး စိတ်လှုပ်ရှားကြပြီး စင်ပေါ်မှာ ပျော်ပျော်ကြီးဝတ်ကြတော့တာပဲ" ဆိုပြီး ပြောကြားခဲ့ပါတယ်...
DJ DOC ဟာ အဲဒိပွဲမှာ SNSD, 2AM နဲ့ တခြား နာမည်ကြီး idols အဖွဲ့တွေနဲ့ အတူ Top 10 ဆုကို ရရှိခဲ့ပါတယ်...
Source: OSEN via Nate
Burmese translation by MaBayDar

Wednesday, December 15, 2010
Secret garden interview with Hyun Bin & Ha Ji Won
Reported By Nam Ji-en
မြန်မာဘာသာပြန် မဗေဒါ...
Jo-Won, Gi Ra-im, Oscar. ခုတစ်လော ဒီနာမည်သုံးခုကို မသိတဲ့ လူတစ်ယောက်နဲ့ စကားပြောဖို့ အတော်ခက်မယ်ထင်တယ်... SBS weekend miniseries "Secret Garden" ရဲ့ ပရိတ်သတ်ကြည့်အားဟာ ခုဆို ၂၀ရာခိုင်နှုန်းကို ကျော်လွန်ခဲ့ပါပြီ... ဒါပေမဲ့ အားကြိုးမာန်တက်ကြည့်နေတဲ့ သူတွေထပ်တိုးလာအုံးမယ်ဆိုတာ စောင့်ကြည့်နေတုန်းပါပဲ.. စစချင်းလူတွေအပြောများတာကတော့ Jo-Won အဖြစ် သရုပ်ဆောင်တဲ့ Hyun Bin ရဲ့ အပြာရောင် ဘော်ကျယ်ထိုး အကျီင်္ကြောင့်ပါပဲ... နောက်တစ်ခုကတော့ ရုပ်ရှင်ထဲက စကားလုံးဖြစ်တဲ့ “lonely and alienated neighbor” ဆိုတာဟာ ခုဆိုရင် Twitter ပေါ်မှာ Tweet တဲ့သူ အတော်များနေတာ တွေ့ရပါတယ်... ပရိတ်သတ်တွေအတွက် ဒီဇာတ်လမ်းဟာ ကုမ္ဗဏီသူဋ္ဌေးက ဆင်းရဲတဲ့ stuntwoman ကို ချစ်မိတဲ့ သာမာန် ဆင်ဒရဲလားဆန်ဆန် ဇာတ်လမ်းမှာ စိတ်ချင်းလဲသွားတဲ့ ဇာတ်လမ်းဆိုတာ ကို ကြိုသိထားသော်လည်း ခုဆိုရင် ကြည့်ရှုသူ ဦးရေဟာ တစ်စတစ်စ တိုးလာနေပါတယ်... ဒီဇင်ဘာ ၈ရက် Yeoju မှာ ပြုလုပ်တဲ့ စာနယ်ဇင်းသမားတွေနဲ့ အင်တာဗျူးမှာ... The Hankyoren က မင်းသား Hyun Bin နဲ့ Ha Ji_Won ကိုတွေ့ဆုံပြီး ဒီဇာတ်ကား ပေါ်ပြူလာဖြစ်ရခြင်းရဲ့ လျှို့ဝှက်ချက်တွေကို မေးမြန်းခဲ့ပါတယ်...
Hyun: "Secret Garden" ပေါ်ပြူလာဖြစ်ရခြင်း အကြောင်းရင်းကတော့ ဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာ အချိန် ၁နာရီကို ကုန်ဆုံးနိုင်လို့လို့ ထင်ပါတယ်...
Ha: ဇာတ်လမ်းလေးက ပျော်ဖို့ကောင်းတယ်... နောက်တစ်ခု ဆွဲဆောင်တာကတော့ အဲဒိဇာတ်လမ်းလေးက စိတ်လှုပ်ရှားမှုကို ပေးတယ်... ဒီဇာတ်လမ်းအောင်မြင်မှုကို ကျွန်မ သူငယ်ချင်းတွေကတောင် ခုဆို ကျွန်မကို "Ra-Im" လို့ပဲခေါ်နေတာနဲ့တင် ခံစားလို့ရပါတယ်...
Hyun: စိတ်ချင်းလဲ သွားတဲ့ အပိုင်းက အဓိပ္ပါယ်မရှိလှဘူးလို့ထင်ခဲ့ပေမဲ့ ဇာတ်လမ်း outline ကို ကျွန်တော် မြင်အပြီးမှာ အဲဒိအကြောင်းကို ခေါင်းထဲက ထုတ်မရအောင် တွေးနေမိတယ်... ဒီလိုမျိုး ဇာတ်လမ်းမျိုးကို ကျွန်တော်တစ်ခါမှ သရုပ်မဆောင်ဖူးသေးဘူးလေ... ဒီဇာတ်လမ်းကို သရုပ်ဆောင်ခြင်းအားဖြင့် ပရိတ်သတ်ကို အသစ်အဆန်းတစ်ခု ပြနိုင်မယ်လို့ထင်တယ်... အဲဒါကြောင့် ကျွန်တော် တကယ်သဘောကျခဲ့ပါတယ်...
Ha: ဟုတ်တယ်.. ကျွန်မရောပဲ... ပထမတော့ သူတို့ ၂ဦး ဘယ်လိုမျိုး စိတ်ချင်းလဲသွားမလဲဆိုတာကို သိချင်ခဲ့တယ်.. ဘာလို့လဲဆိုတော့ ကျွန်မက Fantasy တွေကို ကြိုက်တယ်... ဒါပေမဲ့ သူတို့ ၂ယောက် စိတ်ချင်းလဲသွားတဲ့ အခန်းတွေက နောက်စရာမဟုတ်ဘူး.. တကယ်ဖြစ်တယ်...သူများတွေက ဒါကို fantasy ပါ.. စိတ်ကူးယဉ် ၀တ္တုပါလို့ ထင်နေရင်တောင်မှ ကျွန်မ Sincere ဖြစ်ဖြစ် သရုပ်ဆောင်သင့်တယ်... အပိုအလိုမရှိ သရုပ်ဆောင်သင့်တယ်လို့ ထင်မိတယ်... ဒါပေမဲ့ တကယ်လဲ သရုပ်ဆောင်ကြည့်ရော... လုံးဝမလွယ်ကူခဲ့ပါဘူး... ကျွန်မ အရမ်းစိတ်ဖိစီးတာများ အိပ်မက်ထဲမှာတောင် ယောကျာင်္းအဖြစ်ပြောင်းသွားတယ်လို့ ခဏခဏမက်တယ်... (ရီလျက်)...
Hyun: ဟုတ်တယ်.. ဟုတ်တယ်... ထင်ထားတာထက် အများကြီးခက်ခဲတယ်... ကျွန်တော် အကောင်းဆုံး မျက်နှာပေးတွေနဲ့ သရုပ်ဆောင်ခဲ့တယ်လို့ ထင်ခဲ့တဲ့ အပိုင်း ၆ ကနေ အပိုင်း ၈ က အခန်းတွေက ပြန်ကြည့်တဲ့အခါမှာ ကျွန်တော် အတွက်မှားခဲ့တယ်လို့ ထင်မိတယ်... ကျွန်တော် Ra-Im စိတ်ဖြစ်နေတဲ့ အချိန်မှာ Oscar နဲ့ အခန်းတော်တော်များများ ရိုက်ရတယ်... တကယ့် Ra-Im အစစ် Oscar နဲ့ တွေ့တဲ့ အချိန်မှာ သူမဟာ မိန်းကလေးဆန်ဆန်လေးတွေ တော်တော် ပြုမူတယ်... အဲဒါကြောင့် ကျွန်တော်လဲကြိုးစားပြီး မိန်းမဆန်ဆန်လေး သရုပ်ဆောင်ခဲ့တယ်... ဘာလို့လဲဆိုတော့ ကျွန်တော် Ra-Im အတိုင်း ခပ်ကြမ်းကြမ်းသရုပ်ဆောင်ရင် နောက်ထပ်ယောကျာင်္းတစ်ယောက်ပုံ သရုပ်ဆောင်နေသလိုပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ခဲ့တယ်... အဲဒိလို တွေးမိတာ ကျွန်တော်မှားခဲ့တာပဲ...
Ha: ကျွန်မအတွက်ကတော့ Ju-Won အဖြစ် သရုပ်ဆောင်ရတဲ့ အပိုင်းတွေအကုန်လုံးက ခက်ခဲခဲ့တာချည်းပဲ... ဒါပေမဲ့ အခြေအနေတွေက ရီလဲရီရတယ်... တခြားသူတွေက ကျွန်မတို့ စိတ်ချင်းလဲသွားတာကို မသိကြဘူးလေ... အထူးသဖြင့် ကျွန်မ A-Yeong (Yu In-na) နဲ့ အိပ်ယာတူတူ အိပ်တဲ့အခန်းရိုက်တုန်းက အရမ်း လန့်လဲလန့် A-Yeong ရဲ့ ခန္ဓာကိုယ်ကိုတွေ့တော့ ဘာလုပ်ရမှန်းမသိတဲ့ပုံမျိုးသရုပ်ဆောင်ရတာ အရမ်းရီရတယ်... ဘာလို့လဲဆိုတော့ အဲဒိ အခန်းရိုက်တုန်းက ကျွန်မက ယောကျာင်္းလေးစိတ်အဖြစ် သရုပ်ဆောင်ရတာကိုး...
Hyun: ကျွန်တော်ကတော့ Oscar နဲ့ နမ်းခဲ့ရတာကို ဘယ်တော့မှ မေ့မှာမဟုတ်တော့ဘူး (ဟား.. ဟား.. ရီလျက်) ... Ha Ji-Won က Ju-Won အဖြစ် သရုပ်ဆောင်တဲ့ အချိန်မှာ သူ့ ပါးစပ်တစ်ဖက်ကို မြင့်တင်ပြီး ရွဲ့တာကို တွေ့တယ်... တကယ်တော့ အဲဒိ မျက်နှာအမူအရာကို Ju-Won ဒေါသထွက်တဲ့ အခန်းတွေ သရုပ်ဆောင်ရင် ကျွန်တော် မထင်မှတ်ပဲ လုပ်မိတတ်တယ်... သူအဲလို သူဒီအမူအရာကို သတိထားမိပြီး လိုက်လုပ်တာတွေ့တော့... "Wow... သူ ကျွန်တော့်ကို ကျွန်တော် မသိလိုက်ပဲ တော်တော်လေး စောင့်ကြည့်နေတာပဲ" လို့ ထင်မိတယ်... (ရီလျက်)

Ha: ဟား.. ဟား... ကျွန်မ Ju-Won ဘယ်လို စကားပြောတယ် နေတယ်ထိုင်တယ်ကို တော်တော်လေး လေ့လာထားတာတောင် သရုပ်ဆောင်ရတာ ခက်ခဲသေးတယ်... အဲဒါကြောင့် တီဗွီမှာ ဒီဇာတ်လမ်းတွဲပြနေချိန်ဆို Hyun Bin ကိုပဲ ကျွန်မ အာရုံထားပြီး ကြည့်တယ်... ပြီးတော့ ကျွန်မ အားလုံးကို ပြန်လေ့ကျင့်တယ်... သူ့ မျက်နှာ အမူအရာ... သူ့ မျက်လုံး အကြည့်... သူ့ စကားပြောပုံ... သူ့လက်ကို လိမ်ပုံ.. အော်.. ပြီးတော့ Hyun Bin က Ra-Im ပုံစံ သရုပ်ဆောင်တဲ့ အချိန်မှာ ခြေချောင်းလေးတွေနဲ့ မြေကြီးကို ထောက်တာ (Ra-Im ရှက်ရင် လုပ်တတ်တဲ့ ပုံစံ) တွေ့တော့ အရမ်းရီရတာပဲ... သူ ကျွန်မ မျက်လုံး အကြည့်မျိုးကို လိုက်လုပ်တာ ကျွန်မနဲ့ အရမ်းတူတယ်လို့ ထင်မိတယ်... သူ့ကို ကြည့်ရင်း "အော်.. ဒါငါသရုပ်ဆောင်ခဲ့တဲ့ ပုံစံပါလား.. အော်.. ဒါငါစကားပြောတဲ့ ဟန်ပါလား" လို့ တွေးမိတယ်...
Hyun: ဒါပေမဲ့ အပိုင်း ၉ မှာ ကျွန်တော်တို့ ခန္ဓာကိုယ်နဲ့ စိတ်တွေ ပုံမှန်ပြန်ဖြစ်သွားတော့လဲ နောက်ပြဿနာတစ်ခုဖြစ်လာပြန်တယ်... အဲဒိအချိန်မှာ ကျွန်တော်တို့ သရုပ်ဆောင်နေတဲ့ စိတ်ချင်းလဲတဲ့ ဇာတ်ကောင်ရဲ့ ပြောပုံဆိုပုံနဲ့ သရုပ်ဆောင်ပုံကို အတော်လေး အသားကျနေပြီ... တစ်ခါတစ်လေ... Ju-Won ပြောရမဲ့ လိုင်းကို ကျွန်တော်ပြောနေပင်မဲ့ Ra-Im ပုံစံမျိုးနဲ့ ပြောမိနေတယ်... (ရီလျက်)
Ha: ကျွန်မ သူငယ်ချင်းတွေက Oscar နဲ့ Ra-Im တွေ့တဲ့ အခန်းမှာ Oscar က Ra-Im ရဲ့ မျက်လုံးတွေကို မှတ်မိရုံမကဘူး သူမနာမည်ကိုပါ မှတ်မိပြီး "You are Gil Ra-Im, Aren't you?" လို့ပြောလိုက်တော့ သူတို့တွေအားလုံး မေ့လဲမတတ်သဘောကျတယ်လို့ပြောတယ်... ကျွန်မအတွက်ကတော့ Ju-Won sit up လုပ်နေတုန်းက ပြောတဲ့ လိုင်း "Since when is Gi Ra-Im so pretty?" ဆိုတာလေးကို သဘောကျတယ်... (ရီလျက်)
Hyun: ခုဆို Gym မှာ ယောကျာင်္းတွေ အများကြီး sit up လုပ်နေကြတယ်လို့ကြားတယ်.. (ဟား.. ဟား..) Ra-Im ရဲ့ အိမ်အကြောင်းကို Oscar ကို ရှင်းပြတုန်းက ပြောတဲ့ Dialogue ကိုတွေ့တော့ ကျွန်တော် တကယ် အံ့သြသွားတယ်... “It seems like something you would see on National Geographic. There are flies buzzing around and poor children.” ဇာတ်လမ်းထဲမှာပါတဲ့ Ju-Won ရဲ့ အိမ်ကလဲ ကျွန်တော့်အတွက် အံ့သြစေတယ်... ဒီလို အိမ်လှလှ အကြီးကြီးထဲမှာ ရုပ်ရှင်ရိုက်ရတာ ကောင်းတယ်... ဒါပေမဲ့ မျက်နှာချပ်က တအားမြင့်နေတော့ echo သံဖြစ်နေတယ်... အဲဒါကြောင့်မို့ စကားတစ်ခွန်းမပြောမှီ beat တစ်ချက်လောက်စောင့်ရတယ်... အဲဒါကတော့ တော်တော်ခက်တယ်.. (ရီလျက်)...
အောက်ကပုံတွေကတော့ အဲဒိ ရုပ်ရှင်ထဲက အိမ်နဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်တချို့ပါ...
ဇာတ်ဝင်တေး That Woman နဲ့ အပိုင်း ၁ နဲ့ ၂လောက်က fan made MV.. I love this song so much...
English translation by
Please direct questions or comments to [englishhani@hani.co.kr]
မြန်မာဘာသာပြန် မဗေဒါ...
Jo-Won, Gi Ra-im, Oscar. ခုတစ်လော ဒီနာမည်သုံးခုကို မသိတဲ့ လူတစ်ယောက်နဲ့ စကားပြောဖို့ အတော်ခက်မယ်ထင်တယ်... SBS weekend miniseries "Secret Garden" ရဲ့ ပရိတ်သတ်ကြည့်အားဟာ ခုဆို ၂၀ရာခိုင်နှုန်းကို ကျော်လွန်ခဲ့ပါပြီ... ဒါပေမဲ့ အားကြိုးမာန်တက်ကြည့်နေတဲ့ သူတွေထပ်တိုးလာအုံးမယ်ဆိုတာ စောင့်ကြည့်နေတုန်းပါပဲ.. စစချင်းလူတွေအပြောများတာကတော့ Jo-Won အဖြစ် သရုပ်ဆောင်တဲ့ Hyun Bin ရဲ့ အပြာရောင် ဘော်ကျယ်ထိုး အကျီင်္ကြောင့်ပါပဲ... နောက်တစ်ခုကတော့ ရုပ်ရှင်ထဲက စကားလုံးဖြစ်တဲ့ “lonely and alienated neighbor” ဆိုတာဟာ ခုဆိုရင် Twitter ပေါ်မှာ Tweet တဲ့သူ အတော်များနေတာ တွေ့ရပါတယ်... ပရိတ်သတ်တွေအတွက် ဒီဇာတ်လမ်းဟာ ကုမ္ဗဏီသူဋ္ဌေးက ဆင်းရဲတဲ့ stuntwoman ကို ချစ်မိတဲ့ သာမာန် ဆင်ဒရဲလားဆန်ဆန် ဇာတ်လမ်းမှာ စိတ်ချင်းလဲသွားတဲ့ ဇာတ်လမ်းဆိုတာ ကို ကြိုသိထားသော်လည်း ခုဆိုရင် ကြည့်ရှုသူ ဦးရေဟာ တစ်စတစ်စ တိုးလာနေပါတယ်... ဒီဇင်ဘာ ၈ရက် Yeoju မှာ ပြုလုပ်တဲ့ စာနယ်ဇင်းသမားတွေနဲ့ အင်တာဗျူးမှာ... The Hankyoren က မင်းသား Hyun Bin နဲ့ Ha Ji_Won ကိုတွေ့ဆုံပြီး ဒီဇာတ်ကား ပေါ်ပြူလာဖြစ်ရခြင်းရဲ့ လျှို့ဝှက်ချက်တွေကို မေးမြန်းခဲ့ပါတယ်...
Hyun: "Secret Garden" ပေါ်ပြူလာဖြစ်ရခြင်း အကြောင်းရင်းကတော့ ဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာ အချိန် ၁နာရီကို ကုန်ဆုံးနိုင်လို့လို့ ထင်ပါတယ်...
Ha: ဇာတ်လမ်းလေးက ပျော်ဖို့ကောင်းတယ်... နောက်တစ်ခု ဆွဲဆောင်တာကတော့ အဲဒိဇာတ်လမ်းလေးက စိတ်လှုပ်ရှားမှုကို ပေးတယ်... ဒီဇာတ်လမ်းအောင်မြင်မှုကို ကျွန်မ သူငယ်ချင်းတွေကတောင် ခုဆို ကျွန်မကို "Ra-Im" လို့ပဲခေါ်နေတာနဲ့တင် ခံစားလို့ရပါတယ်...
Hyun: စိတ်ချင်းလဲ သွားတဲ့ အပိုင်းက အဓိပ္ပါယ်မရှိလှဘူးလို့ထင်ခဲ့ပေမဲ့ ဇာတ်လမ်း outline ကို ကျွန်တော် မြင်အပြီးမှာ အဲဒိအကြောင်းကို ခေါင်းထဲက ထုတ်မရအောင် တွေးနေမိတယ်... ဒီလိုမျိုး ဇာတ်လမ်းမျိုးကို ကျွန်တော်တစ်ခါမှ သရုပ်မဆောင်ဖူးသေးဘူးလေ... ဒီဇာတ်လမ်းကို သရုပ်ဆောင်ခြင်းအားဖြင့် ပရိတ်သတ်ကို အသစ်အဆန်းတစ်ခု ပြနိုင်မယ်လို့ထင်တယ်... အဲဒါကြောင့် ကျွန်တော် တကယ်သဘောကျခဲ့ပါတယ်...
Ha: ဟုတ်တယ်.. ကျွန်မရောပဲ... ပထမတော့ သူတို့ ၂ဦး ဘယ်လိုမျိုး စိတ်ချင်းလဲသွားမလဲဆိုတာကို သိချင်ခဲ့တယ်.. ဘာလို့လဲဆိုတော့ ကျွန်မက Fantasy တွေကို ကြိုက်တယ်... ဒါပေမဲ့ သူတို့ ၂ယောက် စိတ်ချင်းလဲသွားတဲ့ အခန်းတွေက နောက်စရာမဟုတ်ဘူး.. တကယ်ဖြစ်တယ်...သူများတွေက ဒါကို fantasy ပါ.. စိတ်ကူးယဉ် ၀တ္တုပါလို့ ထင်နေရင်တောင်မှ ကျွန်မ Sincere ဖြစ်ဖြစ် သရုပ်ဆောင်သင့်တယ်... အပိုအလိုမရှိ သရုပ်ဆောင်သင့်တယ်လို့ ထင်မိတယ်... ဒါပေမဲ့ တကယ်လဲ သရုပ်ဆောင်ကြည့်ရော... လုံးဝမလွယ်ကူခဲ့ပါဘူး... ကျွန်မ အရမ်းစိတ်ဖိစီးတာများ အိပ်မက်ထဲမှာတောင် ယောကျာင်္းအဖြစ်ပြောင်းသွားတယ်လို့ ခဏခဏမက်တယ်... (ရီလျက်)...
Hyun: ဟုတ်တယ်.. ဟုတ်တယ်... ထင်ထားတာထက် အများကြီးခက်ခဲတယ်... ကျွန်တော် အကောင်းဆုံး မျက်နှာပေးတွေနဲ့ သရုပ်ဆောင်ခဲ့တယ်လို့ ထင်ခဲ့တဲ့ အပိုင်း ၆ ကနေ အပိုင်း ၈ က အခန်းတွေက ပြန်ကြည့်တဲ့အခါမှာ ကျွန်တော် အတွက်မှားခဲ့တယ်လို့ ထင်မိတယ်... ကျွန်တော် Ra-Im စိတ်ဖြစ်နေတဲ့ အချိန်မှာ Oscar နဲ့ အခန်းတော်တော်များများ ရိုက်ရတယ်... တကယ့် Ra-Im အစစ် Oscar နဲ့ တွေ့တဲ့ အချိန်မှာ သူမဟာ မိန်းကလေးဆန်ဆန်လေးတွေ တော်တော် ပြုမူတယ်... အဲဒါကြောင့် ကျွန်တော်လဲကြိုးစားပြီး မိန်းမဆန်ဆန်လေး သရုပ်ဆောင်ခဲ့တယ်... ဘာလို့လဲဆိုတော့ ကျွန်တော် Ra-Im အတိုင်း ခပ်ကြမ်းကြမ်းသရုပ်ဆောင်ရင် နောက်ထပ်ယောကျာင်္းတစ်ယောက်ပုံ သရုပ်ဆောင်နေသလိုပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ခဲ့တယ်... အဲဒိလို တွေးမိတာ ကျွန်တော်မှားခဲ့တာပဲ...
Ha: ကျွန်မအတွက်ကတော့ Ju-Won အဖြစ် သရုပ်ဆောင်ရတဲ့ အပိုင်းတွေအကုန်လုံးက ခက်ခဲခဲ့တာချည်းပဲ... ဒါပေမဲ့ အခြေအနေတွေက ရီလဲရီရတယ်... တခြားသူတွေက ကျွန်မတို့ စိတ်ချင်းလဲသွားတာကို မသိကြဘူးလေ... အထူးသဖြင့် ကျွန်မ A-Yeong (Yu In-na) နဲ့ အိပ်ယာတူတူ အိပ်တဲ့အခန်းရိုက်တုန်းက အရမ်း လန့်လဲလန့် A-Yeong ရဲ့ ခန္ဓာကိုယ်ကိုတွေ့တော့ ဘာလုပ်ရမှန်းမသိတဲ့ပုံမျိုးသရုပ်ဆောင်ရတာ အရမ်းရီရတယ်... ဘာလို့လဲဆိုတော့ အဲဒိ အခန်းရိုက်တုန်းက ကျွန်မက ယောကျာင်္းလေးစိတ်အဖြစ် သရုပ်ဆောင်ရတာကိုး...
Hyun: ကျွန်တော်ကတော့ Oscar နဲ့ နမ်းခဲ့ရတာကို ဘယ်တော့မှ မေ့မှာမဟုတ်တော့ဘူး (ဟား.. ဟား.. ရီလျက်) ... Ha Ji-Won က Ju-Won အဖြစ် သရုပ်ဆောင်တဲ့ အချိန်မှာ သူ့ ပါးစပ်တစ်ဖက်ကို မြင့်တင်ပြီး ရွဲ့တာကို တွေ့တယ်... တကယ်တော့ အဲဒိ မျက်နှာအမူအရာကို Ju-Won ဒေါသထွက်တဲ့ အခန်းတွေ သရုပ်ဆောင်ရင် ကျွန်တော် မထင်မှတ်ပဲ လုပ်မိတတ်တယ်... သူအဲလို သူဒီအမူအရာကို သတိထားမိပြီး လိုက်လုပ်တာတွေ့တော့... "Wow... သူ ကျွန်တော့်ကို ကျွန်တော် မသိလိုက်ပဲ တော်တော်လေး စောင့်ကြည့်နေတာပဲ" လို့ ထင်မိတယ်... (ရီလျက်)

Ha: ဟား.. ဟား... ကျွန်မ Ju-Won ဘယ်လို စကားပြောတယ် နေတယ်ထိုင်တယ်ကို တော်တော်လေး လေ့လာထားတာတောင် သရုပ်ဆောင်ရတာ ခက်ခဲသေးတယ်... အဲဒါကြောင့် တီဗွီမှာ ဒီဇာတ်လမ်းတွဲပြနေချိန်ဆို Hyun Bin ကိုပဲ ကျွန်မ အာရုံထားပြီး ကြည့်တယ်... ပြီးတော့ ကျွန်မ အားလုံးကို ပြန်လေ့ကျင့်တယ်... သူ့ မျက်နှာ အမူအရာ... သူ့ မျက်လုံး အကြည့်... သူ့ စကားပြောပုံ... သူ့လက်ကို လိမ်ပုံ.. အော်.. ပြီးတော့ Hyun Bin က Ra-Im ပုံစံ သရုပ်ဆောင်တဲ့ အချိန်မှာ ခြေချောင်းလေးတွေနဲ့ မြေကြီးကို ထောက်တာ (Ra-Im ရှက်ရင် လုပ်တတ်တဲ့ ပုံစံ) တွေ့တော့ အရမ်းရီရတာပဲ... သူ ကျွန်မ မျက်လုံး အကြည့်မျိုးကို လိုက်လုပ်တာ ကျွန်မနဲ့ အရမ်းတူတယ်လို့ ထင်မိတယ်... သူ့ကို ကြည့်ရင်း "အော်.. ဒါငါသရုပ်ဆောင်ခဲ့တဲ့ ပုံစံပါလား.. အော်.. ဒါငါစကားပြောတဲ့ ဟန်ပါလား" လို့ တွေးမိတယ်...
Hyun: ဒါပေမဲ့ အပိုင်း ၉ မှာ ကျွန်တော်တို့ ခန္ဓာကိုယ်နဲ့ စိတ်တွေ ပုံမှန်ပြန်ဖြစ်သွားတော့လဲ နောက်ပြဿနာတစ်ခုဖြစ်လာပြန်တယ်... အဲဒိအချိန်မှာ ကျွန်တော်တို့ သရုပ်ဆောင်နေတဲ့ စိတ်ချင်းလဲတဲ့ ဇာတ်ကောင်ရဲ့ ပြောပုံဆိုပုံနဲ့ သရုပ်ဆောင်ပုံကို အတော်လေး အသားကျနေပြီ... တစ်ခါတစ်လေ... Ju-Won ပြောရမဲ့ လိုင်းကို ကျွန်တော်ပြောနေပင်မဲ့ Ra-Im ပုံစံမျိုးနဲ့ ပြောမိနေတယ်... (ရီလျက်)
Ha: ကျွန်မ သူငယ်ချင်းတွေက Oscar နဲ့ Ra-Im တွေ့တဲ့ အခန်းမှာ Oscar က Ra-Im ရဲ့ မျက်လုံးတွေကို မှတ်မိရုံမကဘူး သူမနာမည်ကိုပါ မှတ်မိပြီး "You are Gil Ra-Im, Aren't you?" လို့ပြောလိုက်တော့ သူတို့တွေအားလုံး မေ့လဲမတတ်သဘောကျတယ်လို့ပြောတယ်... ကျွန်မအတွက်ကတော့ Ju-Won sit up လုပ်နေတုန်းက ပြောတဲ့ လိုင်း "Since when is Gi Ra-Im so pretty?" ဆိုတာလေးကို သဘောကျတယ်... (ရီလျက်)Hyun: ခုဆို Gym မှာ ယောကျာင်္းတွေ အများကြီး sit up လုပ်နေကြတယ်လို့ကြားတယ်.. (ဟား.. ဟား..) Ra-Im ရဲ့ အိမ်အကြောင်းကို Oscar ကို ရှင်းပြတုန်းက ပြောတဲ့ Dialogue ကိုတွေ့တော့ ကျွန်တော် တကယ် အံ့သြသွားတယ်... “It seems like something you would see on National Geographic. There are flies buzzing around and poor children.” ဇာတ်လမ်းထဲမှာပါတဲ့ Ju-Won ရဲ့ အိမ်ကလဲ ကျွန်တော့်အတွက် အံ့သြစေတယ်... ဒီလို အိမ်လှလှ အကြီးကြီးထဲမှာ ရုပ်ရှင်ရိုက်ရတာ ကောင်းတယ်... ဒါပေမဲ့ မျက်နှာချပ်က တအားမြင့်နေတော့ echo သံဖြစ်နေတယ်... အဲဒါကြောင့်မို့ စကားတစ်ခွန်းမပြောမှီ beat တစ်ချက်လောက်စောင့်ရတယ်... အဲဒါကတော့ တော်တော်ခက်တယ်.. (ရီလျက်)...
အောက်ကပုံတွေကတော့ အဲဒိ ရုပ်ရှင်ထဲက အိမ်နဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်တချို့ပါ...
![]() |
| Ju-Won ရေချိုးခန်း |
![]() |
| Ju-Won အိမ်... |
![]() |
| Ju-Won ထိုင်နေကျ အိမ်ပြင် |
![]() | |
| အော်စကာအိမ်... |
![]() |
| Hyun Bin hairdo... (behind the scene) |
![]() |
| ဇာတ်ညွန်းကျက်နေတဲ့ Hyun Bin |
![]() |
| ဇာတ်ညွန်းတူတူကြည့်နေတဲ့ Hyun Bin and Ha Ji Won |
![]() |
| ဇာတ်ညွန်းမှတ်နေတဲ့ Hyun Bin |
![]() |
| Oscar and Ju-Won စကားပြောခန်း... |
![]() |
| Ra-Im နဲ့ Ju-Won action school က အခန်း... |
![]() |
| သူဘာလို့ ဒီလောက်ရီနေတာလဲ... |
![]() |
| မင်းသမီးက အနီးနားက ကလေးတွေကို လက်မှတ်ထိုးပေးနေတာထင်တယ်... |
![]() |
| Kim Sa Rang ဇာတ်ညွန်းမှတ်နေစဉ်... |
A very good fan made video of Secret Garden focus on episode 5
English translation by
Please direct questions or comments to [englishhani@hani.co.kr]
Secret Garden review As of episode 10
Warning: If you are not Korean drama addicted, Pls do not read this post. Since I am one of K-drama addicted, I am just being honest and show my feeling and just sharing what I like and dislike. If you think this post is useless and perverted Pls feel free to stay away from this post.. Do not even care to read this post... If not, you use your time to read and you use your emotion to angry with me and swear me with bad words then you are just showing your ugly self and I will not care you at all. Thank you so much in advance...
အရင်က မဗေဒါ ကြည့်ချင်တဲ့ ကိုရီးယားကားတွေ ပိုစ့်မှာ မဗေဒါ ကြည့်ချင်တဲ့ ဆန္ဒအပြင်းပြဆုံးကနေ အစဉ်လိုက် စီပြီးရေးခဲ့တယ်... ထင်ထားတဲ့အတိုင်းပဲ... ကျွန်မ အကြည့်ချင်ဆုံးကား မင်းသား Hyun Bin နဲ့ မင်းသမီး Ha Ji Won တို့ ခေါင်းဆောင် သရုပ်ဆောင်ထားတဲ့ Secret Garden က ကျွန်မကို တစ်ပတ်ပြီးတစ်ပတ် ကြည့်ချင်နေအောင် ဆွဲဆောင်နိုင်ဆုံးပါပဲ... ခုလောလောဆယ် အပိုင်း ၂ဝ ရှိတဲ့ ဇာတ်ကားကို ၁ဝပိုင်းတိတိ ပြသပြီးပါပြီ... တခြားကားတွေဆိုရင် အားလုံးပြီးမှ Review ရေးလေ့ရှိပေမဲ့... ဒီကားအကြောင်းကို ပြောချင်လွန်းလို့ ရောဂါတက်နေတုန်းလေး ရေးမှ အရသာရှိမှာမို့ပါ... ကားအဆုံးထိ ကောင်းမလား.. အဆုံးချာမလားဆိုတာကတော့ ခုထက်ထိမသိသေးပါဘူး... ဒါပေမဲ့ ခုထက်ထိ ပြခဲ့တဲ့ အပိုင်း ၁ဝ ပိုင်းလုံးကတော့ ရီစရာ... ပျော်စရာ ဝမ်းနည်းစရာ လွမ်းစရာ သနားစရာ မျက်စိအရသာခံစရာ ကလိကလိ အသည်းယားစရာ နုတ်နုတ်နုတ်နုတ် စဉ်းချင်စရာ... တစ်ချိန်ထဲမှာပဲ မုန်းဖို့ကောင်းတဲ့ အပြောအဆိုတွေပြောနေတဲ့ မင်းသားကို အသည်းယားပင်မဲ့ သဘောကျကျလာတာ... မောက်မာလွန်းတဲ့ သဋ္ဌေးသား မင်းသားကို အရှုံးကြီးရှုံးပြီး မင်းသမီးကို အနိုင်ရစေချင်တာ... တချိန်တည်းမှာပဲ သူ့ပါးစပ်နဲ့ အမူအယာကသာ မောက်မာပင်မဲ့ သူပြောနေတာနဲ့ သူ့စိတ်ထဲမှာ ရှိတာနဲ့ မတူပဲ မင်းသမီးကို ချစ်တဲ့စိတ်ကလေးကိုလဲ သဘောကျမိစရာ... ဘယ်လောက်ပဲ မာနတွေကြီးကြီး အဆင့်အတန်းတွေခွဲခွဲ သူတပါးကို နှိမ်ပြောပြော တကယ်တမ်းတော့ သူ့ တန်ဖိုးကိုချပြီး သူ့ဘဝမှာ တခါမှ မလုပ်ဖူးတဲ့ အလုပ်ဖြစ်တဲ့ ချစ်တဲ့မိန်းကလေးနောက် တစ်ကောက်ကောက်လိုက်နေတာ... သူ့ နှလုံးသားနဲ့ ဦးနှောက်ကြားမှာ သူဘာလိုချင်မှန်း ကွဲကွဲပြားပြားမသိတဲ့ စိတ်ကြောင့် သူချစ်တဲ့ မိန်းကလေးရဲ့ မာနကို အကြိမ်ကြိမ်စော်ကားသလိုဖြစ်နေခဲ့တာ...
အင်း ခုပြောခဲ့တာတွေကို ဇာတ်ကားမကြည့်ရသေးတဲ့ စာဖတ်သူတွေ နည်းနည်း ပုံဖော်လို့ရအောင် ဇာတ်လမ်းကို အကြမ်းပြောပြရမယ်ဆိုရင်... Kim Joo-Won ဟာ နာမည်ကြီး Department Store ရဲ့ CEO ဖြစ်ပြီး အလွန်တရာမှ အဆင့်အတန်းခွဲခြားတတ်တယ်.. ကြီးကျယ် မောက်မာတတ်တဲ့လူတစ်ယောက်ဖြစ်တယ်... အချစ်ဆိုတာကို လူကိုယ်ထဲက ဟိုမုန်းတွေ လှုံ့ဆော်မှုကြောင့် ခဏတဖြုတ်ရင်ခုန်တာလို့ပဲ သတ်မှတ်ထားတဲ့သူတစ်ယောက်... အိမ်ထောင်ရေးဆိုတာ စီးပွားပူပေါင်းတာပဲလို့ ခံယူထားတဲ့လူတစ်ယောက်... သူအကြောက်ဆုံးက သူ့အမေ သူ့ကို အမွေမပေးမှာကိုပဲ.. သူ့မှာ ပြိုင်ဘက်ဖြစ်တဲ့ အစ်ကို ဝမ်းကွဲတစ်ယောက်ရှိတယ်... အဲဒိအကိုက ကားဝယ်ရင် သူက ကားကုမ္ဗဏီတစ်ခုလုံးကို ဝယ်လိုက်ရမှ ကျေနပ်တယ်... အဲဒိ အစ်ကိုက စားသောက်ဆိုင်မှာ စားပွဲတစ်လုံး Reserved လုပ်ရင် သူက စားသောက်ဆိုင်တစ်ခုလုံး Reserved လုပ်တတ်တယ်... သူ့မှာ အတိတ်က အဖြစ်ဆိုးတစ်ခုခုကြောင့် ကျဉ်းကျပ်ပိတ်လှောင်တဲ့ နေရာတွေကို ကြောက်တဲ့ စိတ် claustrophobia ရှိတယ်... သူဟာ lift မစီးရဲဘူး... သူ့အလုပ်မှာ လက်အောက်ငယ်သားထဲက လူကြီးတစ်ယောက်က သူ့ကို လစ်ရင်လစ်သလို တိုက်ထုတ်ချင်နေတဲ့ရှိတယ်.. ဒါပေမဲ့ သူက စီးပွားရေးဥာဏ်ရွှင်တယ်...
သူ့အစ်ကိုတစ်ဝမ်းကွဲဆိုတာက နာမည်ကြီးအဆိုတော်... သူ့ အဆိုတော်နာမည်က Oscar ... အိမ်ခေါ်နာမည်က Choi Woo Yong... Oscar ကိုလဲ Kim Joo-Won က သူ့ ကုမ္ဗဏီ ပင်တိုင်စံ မော်ဒယ်အဖြစ် စာချုပ်ချုပ်ထားတယ်... Oscar က မိန်းမရှုပ်တယ်... သူမရှင်းနိုင်တဲ့ ပြဿနာတွေကို Kim Joo-Won က လိုက်ရှုင်းပေးတတ်ပေမဲ့ အမြဲတမ်း မတန်တဆ တောင်းဆိုမှုတစ်ခုကို အပေးအယူအဖြစ် သဘောတူမှ လုပ်ပေးလေ့ရှိတယ်...
Oscar ရဲ့ Fan ဖြစ်တဲ့ Gi Ra-Im ဆိုတဲ့ ဆင်းရဲတဲ့ တစ်ကောင်ကြွက် မိန်းကလေးတစ်ယောက်ရှိတယ်.. သူမက ရုပ်ရှင်တွေမှာ Stuntwoman အဖြစ် သရုပ်ဆောင်တယ်... သိပ်နုနုညံ့ညံ့မရှိလှဘူး... အလုပ်ကြောင့် ခန္ဓာကိုယ်မှာရတဲ့ ဒဏ်ရာ အမာရွတ်တွေလဲ မနည်းဘူး... ဒါပေမဲ့ သူက ရုပ်ချောတယ်... အောက်ခြေလူတန်းစားဖြစ်တဲ့အတွက် အမြဲတမ်း လူတွေကို ဦးညွတ်တောင်းပန်ဖို့ဝန်မလေးဘူး... လူတွေကို တောင်းပန်ခွင့်ရတဲ့ အခြေအနေကိုပဲ သူက Appreciate လုပ်တယ်လို့ ခံယူထားတဲ့သူ... သူက Joo-Won ကုမ္ဗဏီမှာ အလုပ်လုပ်တဲ့ သူ့သူငယ်ချင်းကောင်မလေးနဲ့တူတူ အိမ်ခန်း စုတ်စုတ် ကျဉ်းကျဉ်းလေးတစ်ခုမှာ ငှားနေတယ်... သူ့ဘဝက ကြမ်းတမ်းပင်မဲ့ complain မများခဲ့ဘူး.. ဒါပေမဲ့ မတရားအနိုင်ကျင့်တာကို မခံတဲ့အပြင် သူ့မာနနဲ့သူတော့ နေတတ်သူဖြစ်တယ်... (The coolest character of this drama. I love Ha Ji Won as Gi Ra-Im)
သူဋ္ဌေးသမီးလဲဟုတ်... ရုပ်ရှင်ဒါရိုက်တာလဲဟုတ်... Oscar ရဲ့ ရည်းစားဟောင်းလဲဟုတ်... Joo-Won နဲ့ မိဘချင်းသဘောတူထားသလို Joo-Won ကိုလဲ သင့်တော်တဲ့ အိမ်ထောင်ဖက်လို့ သဘောကျပြီး Oscar ကိုအရွဲ့တိုက်တဲ့သူလဲဟုတ်... Joo-Won စိတ်ဝင်စားမှု လုံးဝမရရှိတဲ့ သူလဲဟုတ်တာကတော့ Yoon Seul ဆိုတဲ့ မိန်းကလေးပဲ... အမှန်တော့ သူ့အတွေး သူ့ Character က Joo-Won နဲ့တောင် တူတယ်... ပိုက်ဆံချမ်းသာသူတွေ တွေးလေ့ရှိတဲ့ အတွေးမျိုး... မောက်မာတာလဲ Joo-Won လိုပဲ... ဒါပေမဲ့ သူက Joo-Won ထက်နည်းနည်းသာတာက သူက Oscar ကို တကယ်ချစ်ခဲ့ဖူးတယ်... အချစ်ဆိုတာကို ဘာလဲ သိတယ်... ၂ဦးကြား အထင်လွဲမှုကြောင့် ကွဲခဲ့ရပြီး...တစ်ယောက်ကိုတစ်ယောက် အညှိုးတွေထားသလို အချစ်တွေလဲ မကုန်နိုင်ကြတာကတော့ Oscar နဲ့ Yoon Seul ပဲဖြစ်တယ်...
Gi Ra-Im ရဲ့ အလုပ်ရှင် ဆရာတစ်ဆူလဲဖြစ်တဲ့ Jong Soo ကတော့ သူမကို တဖက်သတ် ကြိတ်ပြီး ချစ်နေတဲ့သူပေါ့... သူမကို အန္တရာယ်များတဲ့ stunt အလုပ်ကို မလုပ်စေချင်ပင်မဲ့ သူမရွေးချယ်မှုကို အလေးထားတဲ့အနေနဲ့ မကန့်ကွက်တဲ့ သူပေါ့... သူကတော့ ချစ်နေပင်မဲ့ Gi Ra-Im ကတော့ မသိရှာပါဘူး...
သူတို့ဇာတ်ကောင်အကြောင်းလေးတွေပြီးတော့ ဇာတ်လမ်းလေးပြောပြရင်း မဗေဒါရဲ့ ခံစားချက် ထင်မြင်ချက်လေးတွေကို ပါ တစ်ပါတည်း ရေးပါရစေ... Oscar ရဲ့ မိန်းမပြဿနာတစ်ခုကို လိုက်ရှင်းရင်း Joo-Won ဟာ Ra-Im နဲ့ မထင်မှတ်ပဲ ဆုံတွေ့ခဲ့တယ်... သူတွေ့ဖူးသမျှ တခြား သူဋ္ဌေးသမီး မိန်းမတွေနဲ့မတူပဲ သူ့ကိုလဲ စိတ်မဝင်စားတဲ့ ဓားတွေ လှံတွေကြား အလုပ်လုပ်နေတဲ့ Ra-Im ကို တွေ့တွေ့ချင်းပဲ သူစိတ်ဝင်စားခဲ့တယ်... Ra-Im လက်က ဒဏ်ရာကို ဆေးရုံလိုက်ပို့ပေးရင်း Ra-Im နဲ့လဲ နီးစပ်အောင် အထက်စီးက ကြိုးစားခဲ့တယ်... Ra-Im ဟာ သူ့အစ်ကို Oscar ရဲ့ ပရိတ်သတ်မှန်း သူသိတော့ မနာလိုဖြစ်တယ်... Ra-Im ဟာ သူဘယ်သွားသွား ဘာလုပ်လုပ် သူ့စိတ်ကူးတွေထဲမှာ ပေါ်လာတတ်တာ ဘာလို့မှန်းသူ စဉ်းစားလို့မရဘူး... ဒီလိုနဲ့ပဲ သူ Ra-Im နဲ့ နီးစပ်အောင် Ra-Im အလုပ်လုပ်တဲ့နေရာကို လိုက်တယ်... Ra-Im ဘယ်သွားသွား လိုက်တယ်... ဒါပေမဲ့ သူ့ရဲ့အကျင့်အတိုင်းပဲ အပေါ်စီးကပဲ ပြောဆို ဆက်ဆံတယ်...
သူ sit-up လုပ်တဲ့အခန်းမှာ မင်းသမီးမျက်နှာကို စိုက်ကြည့်ပြီး " Gi Ra-Im မင်းဘယ်အချိန်တုန်းက စပြီး ဒီလောက်လှလာတာလဲ... မနှစ်ကလား" လို့ ပြောတဲ့အခန်းက သူများတော့ မသိဘူး... ကျွန်မစိတ်ထဲတော့ ဆယ်ကျော်သက်ကောင်မလေးတွေလိုပဲ လှိုက်ဖိုသွားတယ်... မင်းသမီးရော မင်းသားရော ချောပြီး ၂ယောက်လုံးချစ်ဖို့အရမ်းကောင်းတယ်... အွန်စောကိုတောင် ပြတ်ပြီး အဲဒိမင်းသမီးနဲ့တောင် အပြင်မှာ ကြိုက်စေချင်တယ်.. (မသိသေးသူများအတွက် အဲဒိ မင်းသား Hyun Bin ဟာ လက်ရှိမှာ အွန်စောလို့ မြန်မာပြည်မှာ လူသိများတဲ့ မင်းသမီး Song Hye Kyo နဲ့ ကြိုက်နေပါတယ်လို့ အတိအလင်းကြေငြာထားတယ်...)
အပိုင်း ၅ သူတို့ စိတ်ချင်းမလဲခင်မှာ... Ra-Im ကို သူက "ဘယ်တော့မှ နင့်လို မိန်းကလေးကို လက်ထပ်မှာမဟုတ်ဘူး... ဒါပေမဲ့ နင်ငါ့ကို လက်ခံရင်တော့ နင့်ဘဝပြောင်းလဲသွားအောင် ငါလုပ်ပေးနိုင်တယ်" တဲ့.. ဒီတော့ Ra-Im က "နင်ချစ်တာနဲ့ ငါ့ဘဝက ဆင်ဒရဲလား လေး ဖြစ်သွားရောလား" လို့ မေးတော့... Joo-Won က "ဆင်ဒရဲလားမဟုတ်ဘူး Little mermaid တဲ့... ငါမလိုချင်တော့တဲ့ တစ်ချိန်ကျရင် နင်က ရေဗူပေါင်းလေးလို ပျောက်သွားပေးရမယ်" တဲ့.... ကဲ.. ဘယ်လောက် အမြင်ကပ်ဖို့ကောင်းလဲ.. Ra-Im ကလဲ စိတ်ဆိုးပြီး သူ့ကို ပါးရိုက်လိုက်ပါတယ်.... သူ့စိတ်ထဲမှာ ဒီလောက် ချစ်တာကိုတောင်မှ သူ့ ဦးနှောက်က လက်မခံနိုင်ဘူး... ပြီးတော့ မိန်းကလေးတစ်ယောက်အတွက် သူ့စည်းစိမ်တွေ စွန့်လွှတ်စရာမလိုဘူးလို့ပဲ သူတွေးတယ်... မင်းသမီးကို စိတ်မကောင်းဖြစ်အောင် နှိမ်ပြောပြောပြီးတိုင်းလဲ မင်းသမီးမသိအောင် လိုက်ချောင်းပြီး သူကိုယ်တိုင်လဲ စိတ်မကောင်းဖြစ်တတ်သေးတယ်... မင်းသမီးနဲ့ ပတ်သတ်တဲ့ ပစ္စည်းမှန်သမျှကို တယုတယသိမ်းထားတတ်သေးတယ်... မင်းသမီးသူ့ကိုပေးတဲ့ ပိုက်ဆံရွက်လေးတွေကို သူ့ အိပ်ယာဘေးမှာ တယုတယသိမ်းထားတယ်... မင်းသမီးမသိအောင် မင်းသမီး locker ထဲက ဓာတ်ပုံလေးတွေကို ဖုန်းနဲ့ရိုက်ယူခဲ့တယ်... မင်းသမီးကို သူချစ်ပင်မဲ့ သူလုံးဝလက်မခံနိုင်တာက ဆင်းရဲတာကိုပဲ... သူ့ဘဝမှာ အဲလို ဆင်းရဲတဲ့သူတွေ ရှိနေတယ်ဆိုတာ သိတောင် မသိခဲ့ဘူး... မင်းသမီး မသိအောင် နောက်ကွယ်မှာလုပ်ခဲ့တာလေးတွေက ပရိတ်သတ်ကိုပဲ ပေးသိခဲ့တဲ့အတွက်... ကျွန်မတို့ ပရိတ်သတ်တွေဘက်ကကြည့်တော့ Joo-Won ဟာ တကယ်တော့ Ra-Imကို အရမ်း ချစ်တဲ့သူတစ်ယောက်ဖြစ်ပြီး သူ့စိတ်ကိုသူ နားမလည်ဘူးဆိုတာကို သိတဲ့အတွက် သူ့ ဇာတ်ကောင်ဟာ မုန်းစရာမကောင်းဘူး... ဒါပေမဲ့ Ra-Im အတွက်ကတော့ သူဟာ အလွန်တရာမှ နိုင်ထက်စီးနင်း မတရားနိုင်တတ်တဲ့ အဆင့်အတန်းခွဲခြားတဲ့ သူ့ကို အပျော်သဘောလောက်သာ သဘောထားတဲ့ သူအဖြစ်ပဲ မြင်နေတယ်... အဲလိုဖြစ်အောင် သူပြုမူ ပြောဆိုနေတဲ့အတွက် ကျွန်မတို့ ပရိတ်သတ်တွေအနေနဲ့ သူ့ကို Ra-Im ဘက်က ကြည့်ပြီး မုန်းချင်သလို သူတကယ်ချစ်တာပါလားဆိုတာကို သိတဲ့အတွက် သူ့ ဇာတ်ကောင်ကို ပိုပို သဘောကျလာအောင် စာရေးဆရာက ဆွဲဆောင်နိုင်တယ်...
ဇာတ်ကောင်တစ်ယောက်ကို တစ်ချိန်ထဲမှာ ချစ်လဲ ချစ်ချင်အောင် မုန်းလဲ မုန်းချင်အောင် ဖန်တီးနိုင်တဲ့ အတွေးကို လေးစားတယ်... စာရေးဆရာတင် မကပါဘူး ဇာတ်ကောင်ကိုပေါ်လွင်အောင် သရုပ်ဆောင်တဲ့ Hyun Bin ကိုယ်တိုင်ကြောင့်လဲ ချစ်တာ... သူ့နေရာမှာ တခြားမင်းသားဆိုရင်ရော ပ၇ိတ်သတ်ချစ်အောင် သရုပ်ဆောင်နိုင်ပါ့မလား....
အပိုင်း ၅ မှာ ဇာတ်လမ်း အလှည့်အပြောင်းအရ တောထဲက ပေးလိုက်တဲ့ ဆေးအရက်ကို သောက်ပြီး သူနဲ့ Ra-Im စိတ်ချင်းလဲသွားတယ်... (တောထဲက ထူးဆန်းတဲ့ မိန်းမကြီးက တကယ်တော့ Ra-Im ရဲ့ အဖေက ရုပ်ပြောင်းရုပ်လွှဲ လုပ်ထားတာဆိုတာကို ပရိတ်သတ်ကိုတော့ ပေးသိတယ်... ဒါပေမဲ့ သူဘာလို့ စိတ်ချင်းပြောင်းအောင်လုပ်လိုက်တယ်ဆိုတာတော့ ပရိတ်သတ်လဲ မသိဘူး... ) Ra-Im စိတ်က Joo-Won ကိုယ်ထဲရောက်ပြီး Joo-Wonစိတ်က Ra-Im ကိုယ်ထဲရောက်သွားတယ်... အဲဒိမှာလဲ ရီစရာကောင်းသလို သူတို့ ၂ယောက် တစ်ယောက်ဘဝကို တစ်ယောက်နားလည်ဖို့ ပိုအခွင့်အရေးရသွားအောင် စာရေးဆရာက ဇာတ်လမ်းဆင်ခဲ့တယ်... Ra-Im ကိုယ်ထဲမှာရောက်နေတုန်း Ra-Im ဆရာက သူမကို ချစ်နေမှန်း Joo-Won သိခဲ့တယ်... အဲဒါကိုလဲ ဖျက်လိုဖျက်ဆီးလုပ်ခဲ့သေးတယ်... Ra-Im ယောင်ဆောင်ပြီး အပြီး ငြင်းပစ်ခဲ့တယ်... တခြားကားတွေက မင်းသားဇာတ်ကောင်တွေလို အမြဲတမ်း မျှမျှတတ မိန်းကလေးတစ်ယောက်ကို မပြိုင်ယူပဲ ရှိတဲ့ အခွင့်အရေးနဲ့ (ပြောရမယ်ဆိုရင်တော့ အောက်တန်းကျကျပဲ) ပြိုင်ဘက်ကို အနိုင်ပိုင်းခဲ့တယ်... အဲဒိနေရာမှာ ကျွန်မလို ပရိတ်သတ်ကို အတွေး ၂မျိုးပေးတယ်... အဲဒါကတော့ သူဟာ ဒီနည်းကို သုံးပြီး ပြိုင်ဘက်ကို ချေမှုန်းတဲ့အတွက် မလုပ်သင့်ပေမဲ့... Joo-Won အချစ်ဟာ Ra-Im ကို မရှိမဖြစ် လိုအပ်နေတဲ့အတွက် သူဘာကိုမှ မငဲ့ပဲ ပြိုင်ဘက်တွေကို လုံးဝ သဘောထားမကြီးပေးနိုင်တာလို့လဲ ယူဆလို့ရတဲ့အတွက် ကျွန်မ စိတ်ထဲမှာ သဘောကျမိတယ်...

အဲဒိ စိတ်ချင်းလဲတဲ့ အခန်းတွေမှာ မင်းသားက မိန်းကလေးလို သရုပ်ဆောင်ရတဲ့ အတွက် အစပိုင်းတွေကလောက် cool မဖြစ်တော့ပင်မဲ့ ဇာတ်လမ်းအရ ရီရတယ်.. ပြီးတော့ မဗေဒါအတွက် စိတ်ဝင်စားစရာအကောင်းဆုံးကတော့ သူတို့ ၂ယောက်လုံးရဲ့ သရုပ်ဆောင်တဲ့ အရည် အချင်းပဲ... ၂ယောက်လုံးဟာ ဝါရင့် နာမည်ကြီး သရုပ်ဆောင်တွေပီပီ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ အကျင့်ကို တော်တော်လေး ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်ကြတာကို တွေ့ရတယ်... အထူးသဖြင့် မင်းသမီး Ha Ji Won ဟာ မင်းသား Hyun Bin ရဲ့ ဟန်နဲ့ မျက်နှာ အမူအယာကို အတော်လေး သရုပ်ဆောင်နိုင်တယ်... အထူးသဖြင့် စိုက်ကြည့်တတ်တဲ့ မျက်လုံး... ပြီးတော့ သူ့သူငယ်ချင်မလေး A Yong နဲ့ ညအိပ်တဲ့အခန်းမှာ Ra-Im ကိုယ်ထဲမှာရှိနေတဲ့ Joo-Won ရဲ့ တစိမ်းမိန်းကလေးနဲ့ အိပ်ရလို့ မသက်မသာဖြစ်မှု နဲ့ ယောကျာင်္းသဘာဝ မိန်းကလေး ရင်ဘတ်ကို ကြည့်ပြီး ချွေးပြန်ခဲ့တဲ့ ပုံကို မင်းသမီး Ha Ji Won သရုပ်ဆောင် တာ အတော်ပီပြင်တယ်...

မင်းသား Hyun Bin က လဲ မင်းသမီး Ha Ji Won သရုပ်ဆောင်ခဲ့တဲ့ သနားစရား အမြဲတမ်း ဝမ်းနည်းတဲ့ အရိပ်ယောင်တွေ သန်းနေတဲ့ မျက်ဝန်းမျိုး ကို သရုပ်ဆောင်နိုင်တယ်... (အထူးသဖြင့် မင်းသား အမေက အိမ်ထဲမှာ မိန်းကလေး အကျီင်္တွေ တွေ့လို့ ဆူပြီး မတန်မရာ ပြောတဲ့အခန်းမှာ.. သူက မင်းသမီး စိတ်သူ့ကိုယ်ထဲဝင်နေတဲ့ အချိန်ဆိုတော့ ဟိုမိန်းမကြီးက Joo-Won စိတ်ဝင်နေတဲ့ Ra-Im ခန္ဓာကိုယ်ကို ကြည့်ပြီး ပြောနေပင်မဲ့ သူ့ကို ပြောနေတာဆိုတော့ ဝမ်းနည်းစိတ်မကောင်းဖြစ်ပြီး မျက်ရည်ဝဲ မျက်လွှာချပြီး ဘာမှ မပြောပဲ နေနေတဲ့ပုံက မင်းသမီး Ha Ji Won ရဲ့ပုံရိပ်ကို ကျွန်မအတွက်တော့ တကယ်ထင်ဟပ်ခဲ့တယ်... )
အပိုင်း ၈ အပြီးမှာ သူတို့ ၂ယောက် စိတ်ချင်းပြန်လဲပြီး ပုံမှန်ပြန်ဖြစ်သွားတာနဲ့ ပြီးတယ်... အပိုင်း ၉မှာ ( အပိုင်း ၉ နဲ့ ၁ဝ က ခုထိ အင်္ဂလိပ်စာတန်းထိုးနဲ့ မထွက်သေးတဲ့အတွက် နားမလည်လိုက်တဲ့သူတွေအတွက် ခုသိနိုင်မှာပါ... တခြား ဆိုဒ်တွေကနေ တွေ့တာကို သင့်တော်အောင် ဘာသာပြန်ပေးထားပါတယ်... ) စိတ်ချင်း ပုံမှန် ပြန်လဲသွားပြီးပြီးချင် အရင်ဆုံး Joo-Won လုပ်တာက Ra-Im ဆီကို လာခဲ့တယ်... Ra-Im က တခြားအရာတွေကို ပြောနေပင်မဲ့ သူက... "ငါဒီနေ့လာတာ အဲဒါတွေအတွက်မဟုတ်ဘူး.... ငါ ဒါလုပ်ဖို့လာတာ" ဆိုပြီး မင်းသမီးကို ဆွဲဖက်လိုက်တဲ့ အခန်းကို ကျွန်မ အရမ်းသဘောကျတယ်... မဖက်ခင် မင်းသမီး စကားပြောတာကို စိုက်ကြည့်နေတဲ့ မျက်လုံးက ရူးသွားလောက်တယ်... အိုမို......
အပိုင်း ၉ မှာ Joo-Won က သူ Ra-Im ကို ချစ်တယ်ဆိုတာကို သူ့ကိုယ်သူ လက်မခံဘူး.. သူ့လို သူဋ္ဌေး တစ်ယောက်အနေနဲ့ ဘာမဟုတ်တဲ့ ဆင်းရဲတဲ့ မိန်းမကို သူ အခု စိတ်ဝင်စားနေရင်တောင် ကြာလာရင် သူ ရိုးသွားမှာပဲလို့ပဲထင်နေတယ်... ထင်နေတဲ့ အတိုင်းလဲ Ra-Im ကို သူက ပြောတယ်... ဒီတော့ Ra-Im ကလဲ စိတ်ဆိုးပြီး သူ့ကို အဖြေပေးလိုက်တယ်... " နင်ပြောတဲ့ Little mermaid ပုံပြင်မှာ ငါပါမှာမဟုတ်ဘူး... ဘာလို့လဲသိလား အနည်းဆုံး Little mermaid က သူ့ချစ်သူကို ချစ်ခဲ့သေးတယ်...( ဆိုလိုတာကတော့ ငါကမှ နင့်ကို မချစ်တာပေါ့)" ဆိုပြီး ငြင်းပြီး ထွက်သွားတော့... Joo-Won ရဲ့ အံ့သြတကြီး မယုံကြည်နိုင်မှု... သူ့ကို မချစ်ဘူးပြောသွားလို့ ဝမ်းနည်းမှု တွေဝေမှုတွေနဲ့ သရုပ်ဆောင်တဲ့ မျက်နှာ အမူအယာကလဲ စိတ်ထဲမှာ အားမလိုအားမရနဲ့ ဆို့နစ်စေတယ်... ကျွန်မသာ သူ့အနားရှိလို့ကတော့ နံဘန် တစ်ချက် ၂ချက်ကျဉ်းပြီး... နင်က ဘာလို့ ကောင်မလေးကို အဲလိုပြောရတာလဲ.... နင်လဲ ချစ်ရဲ့သားနဲ့ဆိုပြီး ကိုင်ပေါက်လိုက်ချင်တယ်... ဒါမှ သူ့စိတ်ထဲက မသိသေးတာတွေ ပွင့်ထွက်သွားအောင်လို့... ဟွန်း....
သူ Ra-Im နောက်ကိုပြေးလိုက်သွားပင်မဲ့ သူ့ရဲ့ရောဂါကြောင့် သူ ဓာတ်လှေကားထဲ လိုက်မဝင်ရဲဘူး... Ra-Im ကို ပြန်ထွက်ခဲ့ဖို့ အမိန့်ပေးပင်မဲ့ Ra-Im က တံခါးကို ပိတ်ပြီး ဆင်းသွားတယ်... သနားဖို့လဲကောင်းတယ်... မုန်းဖို့လဲကောင်းတယ်... သူ ဘေးက လှေကားကနေ ပြေးဆင်းပင်မဲ့ ကောင်မလေးကို မမှီတော့ဘူး... ကိုယ်ချင်းလဲအပြီးမှာ ဖြစ်ပျက်တာလေးတွေကလဲ အတော်ရီရသေးတယ်... သူဝတ်ထားတဲ့ ခြေအိပ်ကိုပြန်ကြည့်တော့ Oscar ပုံပါတဲ့ ခြေအိပ်ဖြစ်နေတာတွေ... Ra-Im က သူ့ခြံကျယ်ကြီးမြေပုံကို ဆွဲထားတာတွေ့တော့ ကြည့်လိုက်တဲ့အခါ Oscar နေတဲ့ အဆောင်ကိုကျတော့ အသဲလေးတွေ ပြထားပြီး Joo-Won နေတဲ့ အဆောင်ကို အရိုးခေါင်းပြထားတယ်.. ပြီးတော့ Oscar ကို ဘယ်နေရာကနေ ချောင်းကြည့်ရင် မြင်ရတယ်ဆိုတာကအစ မှတ်ထားလို့ သူ စိတ်တိုတာတွေ... Ra-Im လဲ အိပ်ပြန်ရောက်တော့ Oscar ပုံတွေပေါ်မှာ မနာလိုစိတ်နဲ့ လျှောက်ခြစ်ထားတာတွေကလဲ တစ်မျိုးတစ်မည် စိတ်ကို ကြည်နူးစေတယ်...
အပိုင်း ၁ဝ အစမှာ Oscar က Ra-Im အိမ်ကို ပြန်လိုက်ပို့ရင်း သူတို့ ၂ယောက် အကြည်စိုက်နေတဲ့အချိန်မှာ Joo-Won က Ra-Im အိမ်ရှေ့မှာစောင့်နေတာတွေ့တော့ ပိုပြီး အရွဲ့တိုက်ကြတယ်... Joo-Won က သူ့ကိုကျတော့ OPPA လို့မခေါ်ပဲ Oscar ကို OPPA ခေါ်လို့ အူတိုနေတာပေါ့... အဲဒိမှာ စကားမစပ် ကျွန်မပြောချင်တာကတော့ Oscar ဟာ Ra-Im နဲ့တွေ့တိုင်း ဖော်ဖော်ရွေရွေနဲ့ ကြင်ကြင်နာနာ ဆက်ဆံတယ် ဒါပေမဲ့ သူဟာ တကယ်တန်းကျတော့ Ra-Im ကို အတည်တကျ တွဲဖို့မဖြစ်နိုင်ဘူးဆိုတာကို လုံးဝလက်ခံထားတဲ့သူ... Joo-Won ကတော့ Ra-Im ကို တွေ့တိုင်း နှိမ်တယ်.. အော်တယ်... အထက်စီးက ဆက်ဆံတယ်... Ra-Im ဆင်းရဲတာကို အပြစ်တင်တယ်... ဒါတွေအားလုံး သူဘာလို့ လုပ်နေတာလဲဆိုတော့ သူ Ra-Im ကို တကယ်အတည်တွဲချင်လို့... ဒါပေမဲ့ ဆင်းရဲတဲ့အတွက် ဘယ်လိုမှ မဖြစ်နိုင်လို့ သူ့ဟာသူ အားမရပဲ Ra-Im ကို ဇွတ်အော်နေတာဖြစ်တယ်... ရှေ့ အပိုင်းတွေမှာ Joo-Won နဲ့ Oscar စကားပြောကြတုန်းက Oscar က "မင်းက stuntwoman ကို အတည်တွဲမှာမို့လို့လား... မင်းက သူ့အတွက် ဘာစွန့်လွှတ်နိုင်လို့လဲ... အပျော်ပဲကောင်းပါတယ်" ဆိုတဲ့ သဘောမျိုး သူပြောခဲ့တယ်... အဲဒိမှာ သူတို့ရဲ့ အဆင့်အတန်း ကွာခြားမှု နဲ့ အတွေးအမြင်ကွာခြားမှုကိုလဲ ထင်ရှားအောင် ပြခဲ့တယ်....
တကယ်တော့ Ra-Im ကလဲ Joo-Won ကို စိတ်ဝင်စားပင်မဲ့ မဖြစ်နိုင်တဲ့ အခြေအနေတွေရယ် Joo-Won ရဲ့ နိုင့်ထက်စီးနင်းနိုင်တဲ့ အပြောအဆိုတွေရယ်ကြောင့် လက်မခံခဲ့တာပဲရှိပါတယ်... Joo-Won က "ငါကတော့ နင့်အကြောင်းတွေ အချိန်တိုင်းစဉ်းစားနေရတယ်... နင်ကတော့ ငါ့အတွက် ၅ မိနစ်တောင် စဉ်းစားပေးရဲ့လား" လို့ မကျေမနပ်ပြောခဲ့ဖူးတယ်... အပိုင်း ၁၀ မှာ Ra-Im က စာအုပ်တွေ Delivery နဲ့ ၀ယ်ခဲ့တယ်... သူ့သူငယ်ချင်းက နင်ဘာလို့ စာအုပ်တွေ ၀ယ်တာလဲလို့မေးတော့ သူက A-yong ကိုပြောတယ်.. သူမ လူတစ်ယောက်အိမ်ထဲမှာ အရမ်းကြီးတဲ့ စာအုပ်တွေနဲ့ ပြည့်နေတဲ့ စာကြည့်တိုက်ကြီး တွေ့ခဲ့ကြောင်း... အဲဒိလူ အဲဒိ စာအုပ်တွေအကုန်ဖတ်ဖူးလားလို့ သိချင်ကြောင်း... အဲဒိစာအုပ်တွေဖတ်နေတုန်း အဲဒိ လူဘာတွေတွေးလဲ သိချင်ကြောင်း.. တကယ်လို့ အဲဒိလူဖတ်တဲ့ စာအုပ်တွေကို သူမလိုက်ဖတ်ရင် သူမမသိသေးတဲ့ အဲဒိလူရဲ့ အကြောင်း အနည်းငယ်ကို သိလာနိုင်မလားလို့တွေးမိကြောင်း သူ့သူငယ်ချင်းကို ပြောတယ်.... ကဲ... Ra-Im ကလဲ Joo-Won ကို သဘောကျတာသေချာတယ်... အရင်က လုံးဝ ဂရုမစိုက်ရာကနေ ခုဆိုရင် သူမဟာ Joo-Won အကြောင်းကို စိတ်ဝင်စားလာတယ်... ဘာရယ်သာမဟုတ်တယ်... စိတ်ထဲက ကလိကလိနဲ့ ဒီက မဗေဒါက သဘောကျနေတာ... အဟိ... သူဝယ်လိုက်တဲ့ စာအုပ်လေးကတော့ Joo-Won စာကြည့်တိုက်ထဲမှာ တွေ့ခဲ့တဲ့ Alice in the wonder land စာအုပ်လေးဖြစ်တယ်...
အော်စကာနဲ့ Joo-Won အိမ်ပြန်ရောက်တော့ အော်စကာက Ra-Im နဲ့ ပတ်သတ်ပြီး တာဝန်မယူနိုင်ရင် မကစားသင့်ကြောင်းပြောတော့.. Joo-Won က မင်းရော အရင်က ရှုပ်ခဲ့တဲ့ မိန်းမတွေကို တာဝန်ယူခဲ့လို့လားလို့ ပြန်ပတ်တယ်... အော်စကာကလဲ ငါတာဝန်မယူခဲ့လို့ ခု ငါ့ကို အားလုံးက ၀ိုင်းကြိမ်ဆဲနေကြတာပေါ့လို့ ၀န်ခံတယ်... (အော်စကာ အခန်းလာရင်လဲ ရီရတယ်... Joo-Won နဲ့ ရန်ဖြစ်တိုင်း သူဘယ်တော့မှ မနိုင်ဘူး...) .. အော်စကာက Joo-Won ကို သူ့ကိုယ်သူ ရိုးသားဖို့ ... Joo-Won ဟာ မိန်းကလေးတစ်ယောက်အတွက် စည်းစိမ်တွေကို စွန့်လွှတ်မဲ့ လူစားမျိုးမဟုတ်ကြောင်း... Ra-Im ကိုင်တဲ့ ပင်အပ်နဲ့ ချိတ်ထားတဲ့ အိတ်စုတ်ကို တွေ့တုန်းကတောင် လက်မခံနိုင်တဲ့ Joo-Won ဟာ သူ့အမေနဲ့ တွေ့ရင် ပိုဆိုးမယ်ဆိုတဲ့အကြောင်း... ပြီးတော့ Joo-Won ဟာ လက်ထပ်တာကို စီးပွားရေးလို့ သဘောထားတဲ့ ကောင်ဖြစ်ကြောင်း အဲဒိအတွက်ကြောင့် Ra-Im ကို နှောင့်ယှက်နေမဲ့အစား Joo-Won နဲ့ ကိုက်မဲ့ မိန်းမတစ်ယောက်ကိုသာ ရှာသင့်ကြောင်း သူက ရဲရဲပဲ ထောက်ပြခဲ့တယ်... အမှန်တော့ ချမ်းသာပင်မဲ့ အမြဲတမ်း အထီးကျန်နေတယ်လို့ ကျွန်မအတွက်ခံစားရတဲ့ Joo-Won ရဲ့ အမှားကို သေချာထောက်ပြရဲတာဆိုလို့ သူ့အစ်ကို အော်စကာနဲ့ သူ့ဆရာဝန်မပဲ ရှိတယ်... အနည်းဆုံး သူ့အမှားကို ထောက်ပြမဲ့ အကောင်းဆုံး အဖော် ၂ယောက်ရှိတဲ့အတွက် Joo-Won အတွက် ကျွန်မ၀မ်းသာပါတယ်...
ပြီးတော့ အော်စကာက Yoon Seul လက်ကို ကိုင်တုန်းက (အမှန်တော့ မင်းသမီး စိတ် မင်းသားကိုယ်ထဲဝင်နေတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ) ကိစ္စကို ဆက်ပြောပြီး... အဲဒိ မိန်းကလေး ၂ယောက်စလုံးကို မကစားဖို့ Joo-Won ကို သတိပေးတယ်... "မင်းက Seul ကို လက်ထပ်ပြီး Ra-Im နဲ့ ကျတော့ ပျော်ပါးမယ်လို့တွေးထားတာလား.. Rotten bastard. Take your hands off of both of them. They’re both too good for you.” လို့ သူပြောခဲ့ပါတယ်...
အော်စကာ အဲလိုပြောလိုက်မှ Joo-Won တွေးစရာ တစ်ခုရသွားပါတယ်... သူ့အိမ်ကို ဆရာဝန်မလာပြီး ဆေးမကုန်သေးဘူးလားလို့မေးတော့... သူက ခုတစ်လော သူဆေးသောက်စရာမလိုပဲ နေလို့ရကြောင်း သတိထားမိသွားပါတယ်... (Ra-Im စိတ်နဲ့ ရောဂါတွေမေ့နေတာ...) အော်စကာပြောခဲ့တဲ့ "မင်းက အဲဒိမိန်းကလေးကို ချစ်ရင် ကျန်တာတွေ စွန့်လွှတ်နိုင်လို့လား" ဆိုတဲ့ စကားကို သူ စဉ်းစားနေရင်း ဆရာဝန်မကိုမေးပါတယ်... "if people usually need to give up something in order to get something that they really want"... ဆရာဝန်မက လိုချင်တာ တစ်ခုအတွက် ပေးဆပ်ရတာတွေရှိမှာပဲလို့ အဖြေပြန်ပေးခဲ့ပါတယ်... အထူးသဖြင့် နင့်စွမ်းဆောင်နိုင်မှုထက် ပိုမိုခက်ခဲတဲ့ အရာတွေကို လိုချင်ရင် နင်စွန့်လွှတ်ရတာတွေရှိမှာပဲလို့ ပြောပါတယ်... အဲဒိအချိန်မှာပဲ Ra-Im ဆီက ပြန်ပို့လိုက်တဲ့ အိမ်တွင်းပစ္စည်းတွေ ပြန်လက်ခံရရှိတဲ့အတွက် Joo-Won ပွစိပွစိပြောနေတာကို ကြည့်ပြီး ဆရာဝန်မက သေချာတာကတော့ အဲဒိမိန်းကလေးက နင့်စွမ်းဆောင်နိုင်မှုထက် ပိုတယ်ဆိုတာပဲ...

My favorite Cappuccino Kiss scene...
နောက်ရက်တွေမှာ Ra-Im က သူ့ကို မတွေ့ချင်ပါဘူးပြောထားပင်မဲ့ .. အကြောင်းမျိုးစုံရှာပြီး သွားတွေ့တယ်.. ပြဿနာမျိုးစုံရှာတယ်... နောက် ကျွန်မကြိုက်တဲ့ သူတို့ ၂ယောက်ရဲ့ တကယ့် first kiss လို့ သတ်မှတ်လို့ရတဲ့ (သူတို့ စိတ်ချင်းလဲနေတုန်းက နမ်းတာကို First Kiss လို့ မဗေဒါက မသတ်မှတ်ပါဘူး.. ) အခန်းလေးကတော့... သူမ Cappuccino သောက်နေတုန်း Joo-Won ရောက်လာပြီး သူတို့ စိတ်ချင်းလဲနေတုန်းက Ra-Im ထိုးလိုက်တဲ့ ဆိုင်းကြောင့် သူ့ကုမ္ဗဏီ အရှုံးပေါ်နေပြီဖြစ်ကြောင်းပြောတော့... Ra-Im က နင့် တပည့်အချက်ပြတဲ့အတိုင်း ငါထိုးလိုက်တာပဲလို့ ပြန်ဖြေတော့... သူက ဒါဆို ငါ့တပည့်ကို အလုပ်ဖြုတ်လိုက်တော့မယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်... သူများအလုပ်ပြုတ်မှာစိုးတဲ့ Ra-Im ကို Joo-Won က အပေးအယူထပ်လုပ်ပြန်ပါတယ်... အဲဒါကတော့ သူ Ra-Im ကို တွေ့ချင်တဲ့ အချိန်တိုင်း တွေ့ခွင့်ပေးဖို့... သူနဲ့တွေ့တဲ့အခါ Ra-Im က ရွှင်ရွှင်ပြပြ ကြိုဆိုဖို့ တောင်းဆိုပါတယ်... Ra-Im က အမြင်ကပ်ကပ်နဲ့ သူ့ကို ကော်ဖီနဲ့ ပတ်ဖို့ပြင်တော့ "“Get mad at ME, not the clothes!” ဆိုပြီး လက်လေးကာကာ နဲ့ ဖြစ်ပျက်သွားပုံကလဲ အသည်းယားစရာပါပဲ... ဒီတော့ Ra-Im က မပတ်တော့ပဲ Cappuccino ကို သောက်လိုက်တာမှာ အမြှုတ်တွေက နှုတ်ခမ်းပေါ်ပေသွားတော့... Joo-Won က မိန်းကလေးတွေ ယောကျာင်္းတွေကို မြူဆွယ်တဲ့ နည်းတမျိုးပဲလို့ စွတ်စွဲပြောဆိုလိုက်တယ်... Ra-Im လဲ နှုတ်ခမ်းပေါ်က အမြှုတ်ကို လက်နဲ့ သုတ်မယ်လုပ်လိုက်တော့မှ သူက လက်ကို လှမ်းဆွဲပြီး မပြောမဆို Ra-Im နှုတ်ခမ်းပေါ်က အမြှုတ်ကို နုနုညံ့ညံ့လေး သူ့ နှုတ်ခမ်းနဲ့ နမ်းလိုက်ပါတော့တယ်... ဒန်တန်တန်.... အဲဒိအခန်းက ၁ စက္ကန့်လောက်ပဲ ကြာလိုက်ပင်မဲ့ ဖိုရမ်တွေထဲမှာ ပြောနေကြတာ မဆုံးတော့ပါဘူး... အဲဒိကားကို ကျွန်မက ဒေါင်းလုပ်လုပ်ပြီး အလုပ်ထွက်သွားတယ်.. အလုပ်ရောက်တော့ ဖိုရမ်တွေထဲ ၀င်ဖက်တော့ အဲဒိ အကြောင်းတွေပြောနေကြကတည်းက ဒီမှာ ကြည့်ချင်တာမှ အလုပ်ကနေ ချက်ချင်း ထွက်ပြေးချင်တယ်... ခုထက်ထိတော့ အင်္ဂလိပ်စာတန်းထိုးနဲ့ မရသေးတော့ သူတို့ပြောတဲ့ ဟာလေးတွေနဲ့ပဲ မှန်းကြည့်နေရတယ်... အဲဒါကြောင့် ကိုယ်လို ၀ါသနာတူ နားမလည်တဲ့ ဘော်ဘော်တွေအတွက် ပြန်မျှလိုက်တာ...
နောက်တော့ Ra-Im တို့ အဖွဲ့ ရုပ်ရှင်ရိုက်ဖို့သွားတော့လဲ အတင်းလိုက်လာတယ်... သူ့ရဲ့ ရောဂါကိုတောင်မေ့ပြီး အားလုံးနဲ့တူတူ ကားကျဉ်းကျဉ်းလေးကို တိုးထိုင်တယ်... ရိုက်ကွင်းမှာ သူ့ကို အရေးမပါတဲ့ အပိုလူအနေနဲ့ပဲ သရုပ်ဆောင်ရတယ်... အဲဒိအခန်းတွေ ကြည့်ပြီးတဲ့သူ သိမှာပါ... သူဘယ်လောက်ရီရလဲဆိုတာ... သာမာန် စစ်သားဝတ်စုံမ၀တ်ချင်ပဲ စစ်ဗိုလ်ဝတ်စုံကို တောင်းသေးတယ်... ဒီလောက်လေးတောင် ကြီးကျယ်တာ... ဟား.. ဟား... သူများတွေ အားလုံး ချနေတဲ့အချိန်မှာ လှံတစ်ချောင်းနဲ့ ယောင်စိန်လုပ်နေတာ အရမ်းရီရတာပဲ... ပြီးတော့ မြှားထိပြီး သေတာတောင် မြေကြီးပေါ်လှဲမကျပဲ သူများ သေပြီးသာ နောက်တစ်ယောက်ပေါ် လှဲပြီးသေတယ်.. အဲဒိ အခန်းတွေတုန်းက မဗေဒါ ရီလိုက်ရတာ တဟားဟားပဲ.... ခု ရေးနေရင်းတောင် မျက်လုံးထဲပေါ်ပြီး ရီချင်လာတယ်... ဒီပိုစ့်ပြီးရင် ထပ်ကြည့်အုံးမယ်...

Ra-Im ဓားသိုင်းချတဲ့ အခန်းရိုက်နေတော့ သူဘေးကနေငုတ်တုတ်လေးကြည့်ရင်းနဲ့ သူတွေးမိတယ် “I must be suffering from the same thing as in Alice in the wonderland. Otherwise, why is every second with that woman, who means nothing, like a fairytale?” .. ကျွန်မသူ့ကို ပြောချင်တာကတော့ Come on Joo-Won .. wake up.. You clearly love her.. Just admit it and believe in yourself that you will never let her go....
ရိုက်ကွင်းပြီး သောက်ကြတော့လဲ Ra-Im က ၀က်အူကင်တွေကို သူများပန်းကန်တွေထဲ ထည့်ပေးပြီး သူ့ထဲ မထည့်ပေးလို့ ပြောတော့ ... "နင်မှ အရင်က ၀က်အူကင်မစားတာလို့ " Ra-Im ကပြောတော့ သူ စားစားမစားစား သူ့ကိုလဲ ပေးသင့်ကြောင်း ပြန်အထွတ်တက်နေတဲ့ အချိန်မှာပဲ ဘေးကလူတွေက ၀က်အူမစားရင် ယောကျာင်္းမဟုတ်ဘူးလို့ပြောတော့ မခံချင်ပဲ သူဝက်အူစားပါတယ်လို့ပြောနေတုန်းပဲရှိသေးတယ်.. Ra-Im က သူ့ပါးစပ်ထဲထိုးထည့်လိုက်လို့ အောင့်သက်သက်နဲ့ သူ စားလိုက်ရတယ်... ဟား.. ဟား..
အဲဒိညက Ra-Im ရဲ့ ဆရာနဲ့ သူနဲ့ အရက်ပြိုင်သောက်ကြပြီး ၂ယောက်သား မူးရင်း ပြောချင်တာတွေ ပြောကုန်ကြပါရော...
Joo-Won က နောက်နေ့ မနက်စာ Ra-Im အိမ်မှာ သူစားမယ်ဖြစ်ကြောင်း .. ဒီနေ့ည သူ Ra-Im အိမ်မှာ အိပ်မည်ဖြစ်ကြောင်း ကြွားပြောတော့... Jong Soo (Ra-Im ဆရာ) က သူလက်မခံကြောင်း ပြောပါတယ်... ဒီအခါ Joo-Won က “I’ve slept over plenty of times! You don’t even know.” (သူပြောတာက စိတ်ချင်းလဲနေတဲ့ အချိန်တုန်းကဟာကို တမင်သူများ အထင်လွဲအောင် မဏ္ဍပ်တိုင်တက်ပြတာပါ)... Ra-Im အိမ်ရှေ့ရောက်တော့လဲ “What, this is my house! I’ve lived here. I’ve worn her panties. I’ve washed her body. I brushed her teeth three times a day.” တဲ့.. သူ့ပြိုင်ဘက်ကို မခံချင်အောင်လိုက်ပြောနေတာ...
အပိုင်း ၁၀ ရဲ့ အပြီးသတ်အခန်း ပရိတ်သတ်စိတ်ကို မရိုးမရွဖြစ်အောင် တန်းလန်းထားခဲ့တဲ့အခန်းကတော့.. အားလုံး ခန့်မှန်းလို့ရတဲ့အတိုင်းပဲ မင်းသား အမေက မင်းသမီးကို မတူဘူးမတန်ဘူးခေါ်ပြောနေတဲ့ အချိန်မှာ မင်းသားဝင်လာတယ်... ဒါပေမဲ့ တခြား ကားတွေထဲက မင်းသားတွေလိုမျိုး မင်းသမီးဘက်က မားမားမတ်မတ်ရပ်တည်ပြီး မပြောပေးပဲ... အလွန်မှ မုန်းဖို့ကောင်းတဲ့ စကားကို ပြောတယ်..
Joo-won: Why? What for? There’s no reason for you to treat her this way. You’re wasting your energy on something useless. I didn’t say I was marrying this woman. Why are you dragging her here and making her the star of some third-rate drama? If I happen to hang my life or death on her, stop me when that time comes. This is only for a moment. You can’t even wait one moment?
အဲဒိမှာပဲ ပြီးသွားတယ်... ဖိုရမ်ထဲမှာ အငြင်းပွားနေကြတာတော့... Joo-Won အဲလိုပြောတာဟာ မင်းသမီးကို သူ့အမေကြီး ပြဿနာရှာတာကနေ ကင်းအောင် တမင်ဟန်ဆောင်ပြောလိုက်တာတဲ့... ဒါပေမဲ့ တချို့ကတော့ Joo-Won ဟာ တကယ်ပဲ အဲလိုခံယူထားတာ.. အဲဒိစကားပြောတာဟာ မင်းသမီးကို ကာကွယ်ဖို့ထက် သူ့စိတ်ရင်းကို ပေါ်တင်ပြောတာတဲ့.... ဒါပေမဲ့ ပြဿနာက သူဟာ သူ့စိတ်ရင်းအမှန်ဖြစ်တဲ့ Ra-Im ကို တကယ်ချစ်တယ်ဆိုတာကို သူကိုယ်တိုင် မသိသေးတဲ့အတွက် အဲလိုပြောတာဖြစ်နိုင်တယ်တဲ့.... မဗေဒါလဲ အဲလိုပဲထင်တယ်... သူဟာ ကောင်မလေးကို တကယ်ချစ်ပင်မဲ့ သူ့ကိုယ်သူ မသိသေးဘူး.. သူထင်ထားတာက အချစ်ဆိုတာ တချိန်ကျရင် ရိုးအီပြီး ပျောက်သွားမဲ့အရာ... ဒီမိန်းကလေးကို သူ တနေ့နေ့ကျရင် ရိုးသွားလိမ့်မယ်လို့ပဲ သူ့ကိုယ်သူ ယုံကြည်ထားပုံရတယ်... ကဲ မိတ်ဆွေတို့ရော ဘယ်လိုထင်လဲ.. ကြည့်ပြီးတဲ့သူတွေကို ပြောတာနော်...
မဗေဒါကတော့ Joo-Won ဖြစ်နေတာတွေကို နားလည်ပေးလို့ရတယ်... မင်းသားကို personally ကြိုက်တာထက်.. အဲဒိ ဇာတ်ကောင်ရဲ့ အခြေအနေကို နားလည်ပေးတာ... ဒီကားဟာ ဇာတ်လမ်း ဒါရိုက်တာ သရုပ်ဆောင်ကောင်းရုံတင်မကဘူး ဇာတ်ဝင်တေးဖြစ်တဲ့ "That Woman" ဆိုတဲ့ သီချင်းကလဲ ပရိတ်သတ်တွေ နှလုံးသားကို စွဲငြိစေခဲ့ပါတယ်... သီချင်းအဓိပ္ပါယ် သံစဉ် အဆိုတော်ရဲ့အသံ သီချင်းနဲ့ ဇာတ်ကွက်လိုက်ဖက်မှု... အားလုံး အစီအစဉ်ကောင်းပါတယ်... တချို့အခန်းလေးတွေမှာ အဲဒိသီချင်းလေးလာလိုက်ရင် စိတ်ထဲမှာကိုက သနားလာပြီး Mood ကို ဖန်တီးပေးပါတယ်... အဖက်ဖက်က ပြည့်စုံတဲ့ ဇာတ်လမ်းပါပဲ... သူတို့ နိုင်ငံရဲ့ ရုပ်ရှင်ဇာတ်လမ်းတွေ အောင်မြင်တာလဲ မပြောပါနဲ့... အဖက်ဖက်က အကွက်စေ့တယ်လို့ ကျွန်မမြင်ပါတယ်... ဒီရုပ်ရှင်နဲ့လိုက်ဖက်မဲ့ သီချင်းကိုလဲ တေးရေးတွေက ကိုယ်ပိုင်သံစဉ် သီချင်းတွေ ရေးနိုင်တာကိုလဲ အံ့သြတယ်... ကိုယ်ပိုင်သံစဉ်ဆိုတာတွေကို သူတို့တွေ တွင်းထဲကများ နှိုက်ယူလို့ရနေသလားလို့အောင့်မေ့မိတယ်...
ထားပါတော့ ဒီပိုစ့်မှာတော့ အပိုင်း ၉ နဲ့ ၁၀က အဓိက ပရိတ်သတ် နားလည်ချင်မဲ့ အခန်းကို ဦးစားပေးရေးထားခဲ့တယ်... စာတမ်းထိုးက ခုထိမထွက်သေးလို့.. ဒီလောက် ရှင်းပြထားရင် နည်းနည်းတော့ သိချင်စိတ်လေးကို ဖြေသိမ့်နိုင်မယ်ထင်တာပဲ... I hope it help to you guys...တကယ်လို့ အပိုင်း ၉ နဲ့ ၁၀ထဲက သိချင်တာ နားမလည်တာရှိရင်လဲ မေးလို့ရပါတယ်... အတတ်နိုင်ဆုံး သိသလောက်ပြောပြပါ့မယ် ခုတော့ ကိုယ်ကြိုက်တဲ့ အရေးပါမယ်ထင်တဲ့ အခန်းလေးတွေပဲ ရှင်းလိုက်တာပါ.. ကြည့်ရတာ ဒီကားနဲ့ ပတ်သတ်တဲ့ ပိုစ့်တွေ နောက် အပိုင်းတွေအတွက် ထပ်ရေးဖြစ်အုံးမယ်ထင်ပါတယ်... အားလုံးပဲ.. Happy drama addiction...

Subscribe to:
Posts
(
Atom
)