Showing posts with label movie review. Show all posts
Showing posts with label movie review. Show all posts

Friday, October 24, 2025

You and Everything Else - Kdrama review

Name: You and Everything Else 

Language: Korean 

 Episode: 15 

Casting: Kim Go-eun, Park Ji-hyun 

Genre: Romance, Friendship, coming-of-age 

 Airing: Sep 2025 

 Date I watched: 20 Oct-23 Oct 2025 

 My rating: 4.5/5

 ဇာတ်လမ်းအကျဉ်း
 မတူညီတဲ့ မိသားစုနောက်ခံတွေနဲ့ ကြီးပြင်းလားတဲ့ မိန်းကလေး ၂ ယောက် ရန်သူကနေ သူငယ်ချင်းတွေဖြစ်သွားကြပြီး မထင်မှတ်တဲ့ ဘဝအပြောင်းအလဲတွေကြောင့် မခေါ်မပြောတော့တဲ့ သူတွေဖြစ်သွားခဲ့ပေမဲ့ တစ်နေ့မှာတော့ သူ့ဘဝရဲ့နောက်ဆုံးခရီးစဉ်ကို အဖော်ပြုပေးဖို့ တောင်းဆိုချက်နဲ့ ပြန်လည်တွေ့ဆုံကြပြန်တယ်။ 

 ဝေဖန်ရေး

 ကိုရီးယားကားတွေ ကိုယ့်ကို မစွဲဆောင်နိုင်တာ အတော်ကြာပြီ။ ဒီကားလေးတော့ ကိုယ့်ကို တွေးစရာတွေရော၊ ဇာတ်ကောင်တစ်ယောက်ချင်းစီကို ဘာကြောင့်သူတို့ ဒီလိုဖြစ်သလဲ၊ Eun Jung (မင်းသမီးဇာတ်ကောင်) ကရော ဘာလို့ အဲ့လိုဆုံးဖြတ်သလဲ၊ ပြီးတော့ လူတိုင်းမှာ မကောင်းတဲ့ စိတ်ခံစားချက်လေးတွေ၊ သူတပါးကို အားကျအထင်ကြီးတာ၊ မနာလိုတာ၊ ကိုယ့်ကိုကိုယ်အားမရတာ စတဲ့ စိတ်ထားလေးတွေရှိကြပေမဲ့ စိတ်ကောင်းရှိတဲ့သူက အဲ့ စိတ်တွေကို သတိမူမိပြီး ခဏလေးနဲ့ပျောက်သွားတယ်။ သူ့ဟာသူ Move on တယ်။ တကယ့်အတွင်းထဲက အငုံစိတ်ရှိနေသူကျတော့ ကိုယ်တိုင်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုတောင် သတိမမူမိတော့ပဲ ကိုယ့်ကိုကိုယ်ပဲ ပိုပြီး ပျက်စီးအောင်လုပ်တယ်။ အငုံစိတ်က ဘယ်လောက်ဆိုးလဲဆိုရင် ထုတ်တောင်မပြောပြနိုင်လောက်အောင်ဆိုးတယ်ဆိုတာ သူတို့ကိုယ်တိုင်လဲသိတော့ အဲ့လိုလူတွေက မြုံစေ့စေ့တွေဖြစ်လာတယ်။ တစ်ဦတည်းသော သူငယ်ချင်းဘဝကို အားကျရာက မနာလိုဖြစ်ပြီး သူ့ကိုကျ ဘယ်သူမှမချစ်ကြဘူးထင်ပြီး သူ့ကိုချစ်တဲ့ သူငယ်ချင်းရဲ့ဘဝကိုဖျက်စီးတာ ကိုယ်တိုင်ကတကယ်တော့ မသိစိတ်က သူ့ကိုယ်သူအပစ်ပေးနေတာလို့ ထင်တယ်။ ကိုယ်ကတော့ နောက်ဆုံးပိုင်း တရွှဲရွှဲငိုလိုက်ရတယ်။ ဇာတ်ကောင်တစ်ဦးတစ်ယောက်ကို သနားလို့ငိုတာမျိုးမဟုတ်ပဲ၊ ဖြစ်နေတဲ့ အခြေအနေကြီးအတွက် ဇာတ်ကောင်တွေအားလုံးကို သူတို့ဘာလို့ဒီလို ပြုမူဆုံးဖြတ်လဲဆိုတာကို နားလည်ပြီး ကိုယ်ချင်းစာလို့ ငိုမိတာ။ 

 Cinematography တွေ၊ ဇာတ်ဝင်တေးတွေရယ်၊ ဇာတ်လမ်း Pace သွားပုံကလဲ draggy သိပ်မဖြစ်ဘူး၊ မင်းသားတော့ သိပ်မကြိုက်ဘူး၊ ဒါပေမဲ့ သူကလဲ အဓိကမဟုတ်တော့ ထားလိုက်ပါတော့။ ကလေးသရုပ်ဆောင်တွေအားလုံးကောင်းကြတယ်။ အသေးစိတ်မျက်နှာအမူအရာလေးတွေရော၊ ထည့်ထားတဲ့ ဇာတ်ကောင်နေရာက ကလေးတွေနဲ့ လိုက်ဖက်နေတာရော။ ခေါင်းဆောင် မင်းသမီး ၂ ယောက်လုံးလဲတော်ကြတယ်။ Kim Go-eun သရုပ်ဆောင်ကောင်းတာက သိပြီးသားဆိုတော့ စိတ်ထဲမှာ Park Ji Hyun သရုပ်ဆောင်ကောင်းတာကို ချီးကျူးမိတယ်။ ခပ်ပါးပါးလေး၊ ပျော့ပျော့လေး နူးနူးညံ့ညံ့လေး အပြင်မှာတွေ့ဖူးနေကျ အတွင်းပုတ် အမြုံသူငယ်ချင်းပုံစံမျိုး။ 

 လုပ်ငန်းခွင်ဝင်တဲ့အရွယ်မှာ သူ့ဇာတ်ကောင်ကို မဟုတ်တာလုပ်တယ်ဆိုပြီး ကိုယ့်အနေနဲ့ စပြီး ယူဆဖြစ်တယ်။ တက္ကသိုလ်တက်တုန်းက သူများရည်းစားကြားဝင်တာ မင်းသမီးဘဲနဲ့ ပြတ်တာတွေကိုတောင် သူ့ကို သိပ်အပစ်မမြင်သေးဘူး။ 

မင်းသမီးပြောသလိုပဲ အပြင်လူကြောင့်ပြတ်တာမဟုတ်ဘူး။ သူ့ဘဲကြောင့်ပြတ်တာ၊ သူ့ဘဲကို ဆက်တွဲနေရင် ဖြစ်လာမဲ့ Insecure အမျိုးသမီး၊ သံသယတွေနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှု လေးစားမှု မရှိတော့မဲ့ အမျိုးသမီးဖြစ်လာအောင် ခံစာချက်ပေးလို့ ပြတ်တာ။ ဟုတ်တယ်လေ... ကိုယ့်အပေါ် သစ္စာမရှိတဲ့လူကို ဖက်တွယ်ထားဖို့အတွက် ကိုယ့် Self-esteen ကို ပစ်ပယ်သင့်လား? အဲ့လောက်အထိ Eun Jung ဇာတ်ကောင်ရဲ့ စိတ်ထားက ခိုင်မာတယ်၊ Sang Yeon က အဲ့ဘဲကို ရသွားရင်တောင် Eun Jung က move on နိုင်တယ်ဆိုတဲ့ စိတ်ဓါတ်ကွာဟမှုကြီးကို ပြထားတာ Sang Yeon ဇာတ်ကောင်က တကယ်တော့ ပွဲတိုင်းရှုံးပဲ။ 

 ☠️Spoiler Alert☠️

 မင်းသမီး (Eun Jung) ဇာတ်ကောင်က နောက်ဆုံးမှာ Sang Yeon ဇာတ်ကောင်ကို ဘာလို့ ခွင့်လွှတ်တာလဲဆိုတာကို တချို့က ဘဝင်မကျပေမဲ့ ကိုယ်ကတော့ နားလည်ပေးလို့ရတယ်။ ဒါဟာ Sang Yeon အားကျ မနာလိုရဖြစ်ရတဲ့အထိကောင်းတဲ့ Eun Jung ရဲ့ ကိုယ်ရည်ကိုယ်သွေးလို့ယူဆတယ်။ Eun Jung ဆီက Project ကို ခိုးခံလိုက်ရလို့ သူနာမည်ကြီးမဖြစ်သွားလဲ သူ့ကိုယ်သူ ဘယ်လောက် Secure ဖြစ်ပြီး ဘဝမှာ စိတ်သန့်သန့်နဲ့ နေနိုင်လဲ။ Project ကို မနာလိုစိတ်နဲ့ ခိုးယူသွားပြီး အများအမြင်မှာ အောင်မြင်ပြီး အားလုံးပြည့်စုံနေတယ်လို့ ထင်ခံရတဲ့ Sang Yeon ကတော့ Eun Jung ရဲ့ 'နင့်အတွက် ဘဝမှာ ဘယ်သူမှရှိမှာ မဟုတ်ဘူး၊ နင်အမြဲ အထီးကျန်နေမှာ' လို့ ပြောသွားတဲ့ စကားထဲမှာပဲ နစ်ပြီး မဟုတ်ကြောင်းသက်သေပြချင်တာနဲ့ ပြည့်စုံတဲ့ဘဝကြီးမှာ အပေါ်ယံဘယ်လောက်နေပြပြ တစ်ဘဝလုံး သူစိတ်သန့်သန့်နဲ့ မရှင်သန်ခဲ့ရဘူး။ 

 'I don't hate her. I just dislike her' ဆိုတာကို Eun Jung က သူ့အမေကိုရှင်းပြတာလေး ကိုယ်နဲ့ အယူအဆချင်းတူလို့ တော်တော်လေး သဘောကျမိတယ်။ ကိုယ့်ဘဝကိုယ် ကျေနပ်ပျော်ရွှင်မှုဆိုတာ ကိုယ့်အတွင်းထဲကလာတာ၊ ကိုယ့်ရွေးချယ်မှုတိုင်းအတွက် ကိုယ့်အပေါ် အကျိုးသက်ရောက်မှုရှိလို့ မျက်ကွယ်ရာမှာပင် မကောင်းမှု မပြုခြင်းဆိုတဲ့ အရည်အသွေးက တန်ဖိုးကြီးတာ။

 Eun Jung က နောက်ဆုံးမှာ ခွင့်လွှတ်ပေးတာ ဇွတ်ကြီး ရုပ်ရှင်ဆန်တယ်လို့ Reddit မှာ တစ်ယောက်ရေးထားတာတွေ့တယ်။ ကိုယ်ကတော့ Eun Jung ဘာကြောင့်ခွင့်လွှတ်နိုင်လဲဆိုတာကို နောက်ဆုံး ၂ ပိုင်းမှာ သေသေချာချာလေး တင်ဆက်ထားတယ်လို့ထင်တယ်။ သတိမူရမှာက ကိုယ်တွေကသာ ၁ရက် ၂ ရက်နဲ့ တစ်ကားလုံးကြည့်လို့ Sang Yeon လုပ်ထားတာကို ပူပူနွေးနွေး စိတ်ဆိုးမပြေသေးတာ။ ရုပ်ရှင်ထဲမှာလို ဆယ်စုနှစ်တစ်ခုခြားသွားပြီး၊ Eun Jung ဘဝကလဲ ဟန်ဟန်ပန်ပန်ဖြစ်နေသေးတယ်ဆိုတာကို ထည့်စဉ်းစားပေးရမယ်။ 

 ကိုယ်တွေဘဝမှာလဲ အခုလို နောက်ကျော Dah နဲ့ထိုးတဲ့ သူငယ်ချင်းမျိုး၊ ကိုယ်က တကယ်ခင်ပေမဲ့ ကိုယ့်ကို အပေါ်ယံ လိုသုံးခင်တာကို နောက်မှ သိလိုက်ရတဲ့ သူငယ်ချင်းမျိုးတွေ ကြုံခဲ့ဖူးပါတယ်။ တစ်ယောက်စီတိုင်းသာ လိုက်မုန်းနေရရင် ကိုယ့်ဘဝကြီးတော်တော်ဆိုးနေမှာ။

 သူသာ terminal illness မရှိရင် တောင်းပန်မှာ မဟုတ်ဘူးဆိုတဲ့ ဆွေးနွေးမှုမျိုးလဲ reddit မှာတွေ့တယ်။ အဲ့စကားအတိုင်း Eun Jung လဲ Sang Yeon ကို ဒဲ့ရှင်းပြီးမေးခဲ့တယ်လေ။ Sang Yeon လောက် Eun Jung ကို ဘဝမှာ အနိုင်ယူချင်ခဲ့ပေမဲ့ သူဘာလို့မနိုင်ခဲ့လဲ၊ သေခါနီးမှ နောင်တရပြီး တောင်းပန်ရတာလဲဆိုတာ ၂ ယောက်ရဲ့ ဘဝခံယူချက် အတွင်းစိတ်တွေနဲ့ဆိုင်တယ်။ ကိုယ့်အနေနဲ့ကတော့ မျိုးရိုးလိုက်တာရော သူ့ရဲ့အတွင်းစိတ်တွေကြောင့်ရော ဒီလိုမျိုး Terminal illness ဖြစ်ပြီး စောစောထ့က်ခွာရတာ၊ နေခဲ့ရတဲ့ ဘဝတစ်လျှောက်လုံး အငုံစိတ်နဲ့ သူများစကားကို မဟုတ်ကြောင်းပြချင်တာနဲ့ မချစ်တဲ့သူနဲ့ လက်ထပ်၊ တဖက်က သူ့ကိုချစ်တာတောင် သူကအိမ်ထောင်သက်တန်းတစ်လျှောက် perfect wife၊ ချစ်ဟန်ဆောင်ပြရတာ ဘယ်လောက် စိတ်ပင်ပန်းလိုက်တဲ့ ဘဝလဲ? အလုပ်ထဲတင် Stress များမှာ မဟုတ်ဘူး၊ သူ့ဘဝက အိမ်ပြန်ရောက်လဲ အလုပ်ထဲကလို စိတ်ပဲ ဖြစ်နေမှာ၊ အပြင်လူကတော့ မသိနိုင်ဘူးပေါ့၊ ဒါပေမဲ့ ထဲထဲဝင်ဝင်စဉ်းစားကြည့်ရင် သူရသင့်တဲ့ အပစ်ဒဏ် တသက်လုံး သူခံနေရပြီးသား။

 တကယ်တော့ လောကကြီးမှာ အဖိုးတန်ဆုံးလက်ဆောင်ဟာ ကြင်နာမှုပါပဲ။ ဒါပေမယ့် ဒီကြင်နာမှုကို အပြည့်အဝပေးနိုင်ဖို့ဆိုတာ ကိုယ့်ဘဝကို ကိုယ်ကျေနပ်ပျော်ရွှင်နေမှ၊ စိတ်ထဲမှာ လုံခြုံငြိမ်းချမ်းနေမှသာ ဖြစ်နိုင်တယ်။ 

 လူတစ်ယောက် စိတ်နှလုံးပြည့်ဝနေမှသာ... တစ်ပါးသူကိုစာနာထောက်ထားနိုင်မယ်။ ကြင်နာစွာလက်လှမ်းပေးနိုင်မယ်။ သူ့အပေါ်မကောင်းကြံခဲ့သူကိုတောင် ခွင့်လွှတ်နိုင်မယ်။ 

 ဒီလို ခွင့်လွှတ်နိုင်တာဟာ... တစ်ဖက်လူရဲ့လုပ်ရပ်တွေကြောင့် ကိုယ့်စိတ်နှလုံးပျက်စီးမသွားတော့ဘူးဆိုတဲ့ စိတ်ဓာတ်ရဲ့ကြံ့ခိုင်မှုကြောင့်ပါပဲ။ ဒီတော့ ကြင်နာမှုဆိုတာ စိတ်ချမ်းသာမှုကနေပေါက်ဖွားလာတဲ့ စိတ်ဓာတ်ကြီးမျိုး။ ပစ္စည်းဥစ္စာနဲ့ ဝယ်ယူလို့မရဘဲ၊ ကိုယ့်အတွင်းစိတ်ရဲ့ ပြည့်ဝမှုကနေသာ ရရှိနိုင်တဲ့ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် Eun Jung ရဲ့ ခွင့်လွှတ်နိုင်မှုက Sang Yeon အပေါ် အကြီးမားဆုံး အနိုင်ရမှုလို့ ကိုယ်က ယူဆတယ်။ 

 တော်သေးပြီ... သဘောထားကွဲလွဲမှုတွေကို Personal attack မပါပဲ ရေးသားနိုင်မဲ့သူမျိုးတွေသာ အဖတ်လုပ်ပါမယ်။ အပြင်ဘဝတွေဆိုးတိုင်း အင်တာနက်ပေါ်လိုက်အပစ်ရှာနေသူများအတွက်လဲ ဘဝအမောတွေပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ #2025KoreanDrama #KdramaReview #YouandEverythingElse

Wednesday, February 12, 2025

၂၀၂၄ My Recommended K-dramas list

2024 မှာ ကိုယ့်စာရင်းရှိ ကြည့်ဖြစ်တဲ့ ကိုရီးယားဇာတ်လမ်းတွဲ စုစုပေါင်း ၃၂ ကားရှိတယ်။ အရင်တစ်ခေါက်က ကိုယ်သိပ်မကြိုက်လို့ မပြီးတဲ့ကားတွေအကြောင်း​ရေးပြီးပြီဆိုတော့ ဒီတစ်ခေါက် ကိုယ်ကြည့်ဖြစ်တဲ့ကား ၃၂ ကားထဲက ကိုယ် recommend ပေးချင်တဲ့ ကား ၁၂ ကားကို ကိုယ်အကြိုက်ဆုံးကနေ စပြီး ranking လုပ်ထားတယ်။ ဒီ list ထဲမှာ မပါတဲ့ ကားကောင်းတွေရှိကောင်းရှိမယ်။ ဒါက ကိုယ်ကြည့်ခဲ့တဲ့ ကားတွေထဲကပဲ personal list မို့လို့။



1. A shop for Killers 

ဦးလေး Lee Dong Wook က အရမ်း cool. ဇာတ်လမ်းက ဟုတ်သော်ရှိ မဟုတ်သော်ရှိ Action full pack. ကောင်မလေးကလဲ သရုပ်ဆောင်ကောင်းချစ်ဖို့ကောင်း။ ၁၉၉၀ ခုနှစ်တွေက အက်ရှင်ကားတွေ ကြည့်ရသလိုခံစားချက်မျိုးရတယ်။ အပိုင်းအကုန် တထိုင်တည်းကြည့်ခဲ့တယ်။ Season 2 လာမဲ့ပုံရှိလို့ မျှော်နေပြီ။

2.  Blackout

တစ်ရွာလုံးနဲ့တစ်ယောက် ကိုယ်မှန်နေရင် ဆက်သာလျှောက်ပဲ။ အနာဂတ်အတွက် အညွန့်တလူလူတက်နေတဲ့ အထက်တန်းကျောင်းသားအရွယ်မှာတင် လူ Tတ်မှုနဲ့ မတရားစွပ်စွဲခံပြီး မိသားစုပျက် ထောင်ကျခဲ့တဲ့ Jung Woo တစ်ယောက် ထောင်ကလွတ်လာတဲ့အခါ အမှန်တရားကို ပြန်လည်ဖော်ထုတ်စဉ် ဝမ်းနည်းရင်နင့်ဖွယ် သစ္စာဖောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရ။ Byun Yo Han ရဲ့ မပ်ုမလို သဘာဝကျကျသရုပ်ဆောင်ချက်တွေ၊ စုံထောက်လုပ်တဲ့မင်းသားနဲ့ Bromance တွေက ပရိတ်သတ်ကြား BL fantasy တွေ ဖြစ်စေခဲ့သေးတယ်။ စလယ်ဆုံး ကောင်းတဲ့ကားလေး။

3. Highschool return of Gangster

ဒီကားကို ဘာလို့ လူပြောသိပ်မများလဲ မသိဘူး။ သူက ၂၀၂၄ ဖေဖော်ဝါရီလကထွက်တာ။ 47 နှစ်အရွယ် Gangster က သူ့ဘဝရဲ့ဆန္ဒဖြစ်တဲ့ တက္ကသိုလ်ကို ပြန်တက်ဖို့လုပ်နေချိန်မှာ မထင်မှတ်ပဲ အနိုင်ကျင့်ခံရတဲ့ အထက်တန်းကျောင်းသားလေး တံတားပေါ်က ခုန်ချ တာကို ကယ်တင်ရင်း သူ့ဝိဉာဏ်က အဲ့ကလေးကိုယ်ထဲဝင်သွားရော။ သူက BL ဝတ္ထုကို ပြန်ရိုက်တာလို့ကြားတယ်။ ဒီကားမှာတော့ friendship and bromance ပြောင်းလိုက်တာပေါ့နော်။ All of us are dead ကားထဲကမင်းသား Yoon Chan Yong နဲ့ နောက်မင်းသားငယ်ချောလေး Bong Jae Hyun တို့ ခေါင်းဆောင်ပါဝင်သရုပ်ဆောင်ထားတယ်။ ဇာတ်လမ်း flow က ဘယ်လိုသွားမယ်မှန်းလို့ရပေမဲ့ Yoon Chan Yong သရုပ်ဆောင်ကောင်းတာကို ဒီကားမှာ တော်တော်သိသိသာသာ မြင်ရတယ်။ 

4. My Dearest 2

ဒီကားကို ၂၀၂၃ နိုဝင်ဘာမှ လွှင့်ခဲ့ပေမဲ့ ကိုယ်ကြည့်ဖြစ်တာ ၂၀၂၄ နှစ်စပိုင်းထဲမှာမို့ ၂၀၂၄ ထဲ ထည့်လိုက်တာ။ ငယ်ငယ်က အဆွေးကားတွေ စိတ်ညစ်လို့ မကြိုက်သလောက် အခုနောက်ပိုင်းဆို စို့စို့နစ်နစ် တမ်းတမက်မော ခက်ခက်ခဲခဲ ခံစားရတဲ့ကားတွေက ရင်ထဲမှာကြည့်ပြီး ၂ ရက် ၃ ရက် တစ်ချို့ဆို ၁ ပတ်လောက် စွဲကျန်နေလို့ ကြည့်ရတာတန်တယ်ကွာ။ ဒီကားက part 1 ရော part 2 ရော အဲ့လိုခံစားချက်ကိုပေးတယ်။ 2024 Beaksang award မှာ Best drama ဆုရခဲ့တဲ့ကားလေးပါ။

5. No Gain No love

ကိုယ်ဒီကားကို စကြည့်တုန်းက ဘာမျှော်လင့်ချက်မှ မရှိပဲ ဒီတိုင်းဖွင့်ကြည့်လိုက်တာ။ အဲ့အချိန် ကိုယ်မျှော်လင့်ထားတဲ့ Love next door က disappointed ဖြစ်သွားတော့ ဘာမှတောင် ကြည့်ချင်စိတ်မရှိဖြစ်နေတာ ဒီကားကြည့်ပြီး မု ပြန်ဝင်လာတာ။ ဒီကားမှာ ကိုယ့်ကို မျက်ရည်ကျစေတဲ့ connection dynamic လေးက မင်းသား၊မင်းသမီးဇာတ်လမ်း မဟုတ်ဘူး၊ ဒုတိယအတွဲဇာတ်လမ်းလဲ မဟုတ်ဘူး။ မင်းသမီးနဲ့ ဒုတိယမင်းသမီးကြားက connection လေး... မိဘမဲ့ကလေးတွေရဲ့ ခံစားချက်နဲ့ မိဘမဲ့ကလေးတွေကို စောင့်လျှောက်နေတဲ့ မိခင်အရင်းရဲ့မေတ္တာငတ်ခဲ့ရတဲ့ မင်းသမီးရဲ့ ခံစားချက်လေးကို ပြတာ မျက်နှာရိပ်မျက်နှာကဲ၊ သိမ်ငယ်မှု၊ စသဖြင့် သူတို့အခန်းဆို ကိုယ်က ၂ ယောက်လုံးအတွက် Empathy ဖြစ်မိပြီး ငိုမိတယ်။ မင်းသားနဲ့ မင်းသမီးမှာလဲ အဲ့လို connection မျိုးရှိပေမဲ့ အနည်းဆုံး မင်းသားရဲ့ Guilt က ဟိုကောင်မလေးလောက် မကြီးဘူးလေ။ It's a beautiful connection. That's why I like it.

6. The Trunk

ဒီကားက ကြိုက်တဲ့သူနဲ့ ဘာကြီးမှန်းမသိဘူးဆိုပြီးလုံးဝ မကြိုက်တဲ့ သူ ၂မျိုးပဲရှိတယ်။ ကြားနေသိပ်မရှိဘူး။ ကိုယ်က ကြိုက်တဲ့အထဲပါတယ်။ အသေးစိတ်မရေးတော့ဘူး ကြည့်ကြည့်လိုက်ပြီး အမြင်လေးလာပြော။

7. What comes after Love

ဂျပန်ကြီးရဲ့ အပြုံးတွေမှာ ရှုမော၊ ပါးချိုင့်ကြီးထဲ လက်ပစ်ကူးပြီး ပထမ ၂ ပိုင်းမှာ အပျိုဘော်ဝင်စ မိန်ူကလေးလို့ သွားကြီးဖြဲပြီး ကြည်နူးမှုတွေပေးပြီး နောက်ပိုင်းတွေကျ ဆွေးကွာဆိုပြီး မျက်လုံးရွဲကြီးတွေနဲ့ မခို့မရို့ကြည့်တတ်သူကြီး။ အဲ့ကားပြီးတော့ ကိုယ်တွေတော်တော်များများ နီဟွန်းပြည်ကြီးဘက် ခဏလောက် ဟန်းနီးမွန်းတွေထွက်ဖြစ်ကြသေးတာ။ အချစ်ကားကွာ။ ဆက်မပြောတော့ဘူး။ မင်းသားနဲ့တင် တန်ပါတယ်။

8. Squid Game 2

ဒါကတော့ ထွေထူးပြောမနေတော့ဘူး တစ်ကမ္ဘာလုံးပြောနေကြတာဆိုတော့... ကောင်းတယ်ကွာ။ ထုံးစံအတိုင်း Brutal တော့ဖြစ်တာပေါ့။ Season 3 က ချန်သေးတာ။ တန်းလန်းကြီးနော်...

9. Good Partner

ကိုယ်က အဆုံးထိ မကြည့်ရသေးပေမဲ့ ကောင်းမှန်ူသိတယ်ကွာ။ အချိန်မရတာနဲ့ ကြည့်လက်စကားတွေ ဖြတ်ပြီးမှ ဆက်ကြည့်မယ်နဲ့ မကြည့်ဖြစ်လို့။

10. When the phone Ring

သူက အဆုံးပိုင်း ၂ပိုင်းလောက်မှာ နည်းနည်း ပျင်းလာသလိုခံစားရပေမဲ့ Overall တော့ မဆိုးပါဘူး။ အစ၊ အလယ်၊ အဆုံး စောင့်ကြည့်တာတောင် အပြီးထိကြည့်ဖြစ်ခဲ့တယ်ဆိုတော့။

11. Marry My Husband

သူက ၂၀၂၄ ဖေဖော်ဝါရီကထွက်တာ။ သူ့ဟာနဲ့သူကြည့်လို့ကောင်းတယ်။ အဆုံးမှာ စိတ်ပုတ်မဇာတ်ကောင်က ထောင်ထဲရောက်တဲ့အထိတောင် ပန်းနုသွေးပြီးမပြောင်းမလဲ သူ့ဇာတ်ကောင်အတိုင်း Delulu ဖြစ်နေသေးတာကိုပြသွားတာကို သဘောကျမိလို့ အခုလို top 11 ထဲ ထည့်လိုက်တာ။

12. My Happy Ending

တစ်ကားလုံး Jang Na Ra လို အသက်ရှုတွေကျပ် ဟိုလူ့လိုက် သံသယဖြစ် ဒီလူ့လိုက်သံသယဖြစ်၊ ရင်တွေကွဲ၊ မျက်ရည်တွေပေါက်ပေါက်ကျ ဒါပေမဲ့ Happy Ending လေးကြည့်ချင်ရင် ဒီကားကြည့်နော်။ ကိုယ်ဆို ဒီလိုကားမျိုး PMS ဖြစ်နေတဲ့အချိန်ကြည့်ပြီး သူနဲ့အတူ လိုက်ငိုပြီး stress ပြေသွားလို့ အိမ်ကလူတွေလိုက် ပြဿနာမရှာဖြစ်တော့ဘူး။ 🤣... ဒီကားကိုတော့ တခြားလူတွေ မကြိုက်ရင်လဲ မကြိုက်ကြလောက်ဘူး။ မဗေဒါရဲ့ recommended list ထဲပါလို့ agree မလုပ်တဲ့သူတွေလဲ ရှိမယ်။ ဒါပေမဲ့ ကိုယ့်အတွက်ကျတော့ ဇာတ်ကောင်တစ်ယောက်ချင်းစီကို ပရိသတ်တွေက အပစ်ရှိမရှိ Judge ကြတာ မတူကြဘူး။ ကွန်မန့်တွေမှာ ဆွေးနွေးကြတာတွေ ဖတ်ရတာ အရမ်းပျော်ဖို့ကောင်း။ ကိုယ်သဘောတူတာရှိသလို သဘောမတူတာလဲရှိ။ ကိုယ်လဲ ကိုယ့်အမြင်ရေးချင်အောင် လှုံ့ဆော်နိုင်တယ်။ ဘာလို့မရေးလဲဆိုတော့ ပွဲမဖြစ်ချင်လို့။ ပြီးတော့ တချို့ တောသူမ/သား တွေကို ကိုယ့်အမြင်ကို သဘောမတူရင်တောင် နားလည်အောင် ထောင့်စုံအောင်ရေးရရင် ၁၀၀၁ညပုံပြင်လိုရေးနေရမှာစိုးလို့ မရေးတော့တာ။ အခုတော့ မေ့သွားပြီ။ ပြောရရင်တော့ ဒီကားကို ဘာလို့ကြိုက်လဲဆိုရင် သူ့ယောကျ်ားလုပ်ရက်က မှန်၏ မမှန်၏ သနား၏ မသနား၏ ဆိုတာကို မတူတဲ့ ဆွေးနွေးမှုတွေပေးလို့ ကြိုက်တယ်။

2024 မှာ တခြား ကားကောင်းတွေလဲ ထွက်ပါတယ်။ ကိုယ်လွတ်သွားတာတွေလဲ ရှိတဲ့အထဲက ကြည့်ဖို့မှတ်ထားသေးတဲ့ ကားတွေလဲ ရှိတယ်။ Born to be star တို့၊ lightshop၊ Brewing Love တို့ဆို ကြည့်ဖို့ အိမ်စာတွေမှတ်ထားတယ်။ Judge from Hell လဲ ကြည့်ပျော်ပါတယ်။ ကြည့်နေတာ တန်းလန်းဖြစ်နေလို့။ 

ဤတွင် ၂၀၂၄ k dramas recommendation list ပြီးပါပြီ။

#ကြိုက်သလိုသဘောထားကွဲလွဲနိုင်ပါတယ်
#2024RecommendedKdramas

Friday, September 27, 2024

Officer Black Belt (Kmovie) Review

Name: Officer Black Belt
ဘယ်မှာကြည့်ရမလဲ: Netflix 
Starring: Kim Woo Bin နဲ့ Kim Seong Gyoon
My rating: 4/5
ဇာတ်လမ်းအကျဉ်း 

 အဖေ့ ကြက်ကြော်ဆိုင်မှာ Delivery man အနေနဲ့ပဲ ကူလုပ်နေတဲ့ Lee Jung Do ဟာ ကြည့်ရင်တော့ သူငယ်ချင်းတွေနဲ့ ဂိမ်းဆော့လိုက် အိမ်စီးပွားရေးကူလိုက် သာမာန်လူငယ်တစ်ယောက်လို့ ထင်ရပေမဲ့ သူဟာ တိုက်အခိုက် ကိုယ်ခံပညာမှာ ဝါသနာအရ လေ့ကျင့်ရင်း တိုက်ကွန်ဒို၊ ဂျူဒိုနဲ့ Kendo တို့မှာ ခါးပတ်နက်ရရှိထားသူတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာ မထင်မှတ်ပဲ Martial arts officer တစ်ယောက်ကို လမ်းကြားထဲမှာ Electronic ခြေကျင်းဝတ် မှုခင်းတရားခံတစ်ယောက်က ရိုက်နှက်နေတာကို ဝင်ကယ်တင်ပေးရင်း အဲ့ဒိ officer ပြန်မကောင်းခင်ကြား အစားထိုးအလုပ်လုပ်ပေးဖို့ offer တစ်ခုရလာပါတယ်။ ဘာလုပ်ရလုပ်ရ စိတ်လှုပ်ရှားရရင် လုပ်မယ်ဆိုပြီး ပေါ့ပေါ့ပဲ စခဲ့တဲ့ ထောင်ထွက်တရားခံများစောင့်ကြပ်ကြည့်ရှုရေး အဖွဲ့ရဲ့ Officer တစ်ယောက်ဘဝကို သူတဖြည်းဖြည်း ဝါသနာပါလာပြီး လေးစားရတဲ့ အရာရှိရဲ့အောက်မှာ ဒီလို မွန်မြတ်အရေးပါပြီး မှုခင်းပေါင်းများစွာကို စောင့်ကြပ်တားဆီးရတာကို ဆက်လက်လုပ်ဆောင်ချင်ခဲ့ပါတယ်။ ဒီရာထူးမှာ သူဘယ်လို အန္တရာယ်များတဲ့ တရားခံတွေနဲ့ ကြုံရမလဲဆိုတာ.... 

 စာရေးသူအမြင်
ကားအစပိုင်းမှာ ပေါ့ပေါ့ပါးပါးလေးနဲ့ စထားပေမဲ့ နောက်ပိုင်း မှာ သွေးထွက်သံယိုချခန်းတွေ အတော်များပါတယ်။ ကိုရီးယားကားထုံးစံအတိုင်း Action ချည်းပဲ မဟုတ်ပဲ Heart warming drama လေးတွေလဲ ထည့်ထားတာတွေ့ရတယ်။ သူငယ်ချင်းတွေ စုပြီး မင်းသားကို ကူညီတာ ဘာညာမျိုးပေါ့။ ပြီးတော့ မင်းသားနဲ့ သူ့အရာရှိဇာတ်ကောင်ကြားက သံယောဇဉ် လေးစားမှုနဲ့ Chemistry ကလဲ ထိမိပါတယ်။ ပြီးတော့ မင်းသားက သူ့ရဲ့ Passion အလုပ်ကို ရှာတွေ့သွားတာလေးကလဲ ကိုယ့်လို ကိုယ်ဘာ passion ရှိမှန်း ရှာမတွေ့သေးတဲ့လူအတွက် အားရအားကျစရာလေးတစ်ခုမို့ ကိုယ်က သဘောကျရပါတယ်။ 

Kim Woo Bin ကတော့ ထုံးစံအတိုင်း သရုပ်ဆောင်ချက်တွေကို ပရိတ်သတ်ရင်ထဲရောက်အောင်ပို့နိုင်ပါတယ်။ အစပိုင်းမှာ လူဆိုးဖမ်းတုန်းက Teaser သုံးဖူးကြည့်ချင်တဲ့ အခန်းဆို ရီစရာလဲကောင်းပါတယ်။ ကိုယ်က တစ်ကိုယ်ရည်အရ အရမ်းချပြီး သွေးထွက်သံယိုတွေ မကြည့်ချင်ပေမဲ့ သူတို့ရဲ့ အချခန်း Choreography က သဘာဝကျကျနဲ့ သေချာအဆင့်တန်းမှီ လုပ်ထားတာကို တွေ့ရပါတယ်။ Choreography က Realistic ဖြစ်လို့လဲ ကိုယ့်အတွက် ကြည့်ရတာ အအီမသာဖြစ်တာပါ။ Action ကောင်းကောင်းကြိုက်တဲ့သူတွေအတွက်တော့ ကားကောင်းတစ်ခုလို့လဲ ဆိုလို့ရပါတယ်။ (ကိုယ်က အချကားဆို ဂျက်ကီချန်းလိုမျိုး တကယ်လဲ ချတယ်၊ နာလဲနာပေမဲ့ ဟာသလေးတွေ ရောပေးထားမှ ကြည့်ရဲတာ။ 😎) တစ်ကားလုံးကို စဖွင့်ကတည်းကနေ အဆုံးထိ ကြည့်နေတဲ့ကိုယ်ရော #MrRight ကိုရော ဆွဲဆောင်သွားနိုင်တဲ့အတွက် Overall ကောင်းတဲ့ movie တစ်ခုလို့ ဆိုနိုင်ပါတယ်။ နောက်ထပ် Officer Black belt 2 တွေ 3 တွေတောင် တစ်မှုကို တစ်ကားထပ်ထွက်လို့ရတဲ့ ဇာတ်လမ်းမျိုးပါ။ ဒီတစ်ကားမှာ အသေးအမှုလေးတွေအပြင် အဓိက ကလေးသူငယ်တွေ မတရားကျင့်ပြီး ကလေးသူငယ်ကာမ video တွေ လုပ်တဲ့ ထောင်ထွက်လူဆိုးနဲ့ဖိုက်တာကိုပဲ ပြထားပါတယ်။

Plot hole လေးကိုပြောရရင်တော့ ဒီ martial art officer တွေက Probation criminal တွေရဲ့ Electronic ခြေကျင်းနေကနေတဆင့် သူတို့လှုပ်ရှားမှုတွေကို စောင့်ကြည့်ရတဲ့တာဝန်ပါ။ တစ်ခါတစ်လေ မလိုက်နာသူတွေကို ဖမ်းဆီးရတာမျိုးရှိပါတယ်။ ရဲဆိုတာကလဲ သက်သက်ရှိပါတယ်။ ဥပမာမြို့နယ်ရဲစခန်းလို လူဆိုးဖမ်းတဲ့ ရဲ တွေလဲရှိပါတယ်။ရုပ်ရှင်ထဲမှာ Martial art officer တွေ ခံနေရပြီဆို ဘယ်သူမှက ရဲမခေါ်ကြသလို၊ Back up ဆိုတာကလဲ မင်းသားဆီကိုသာ အလူးအလဲ ခံရပြီးမှ ရောက်လာတတ်ပါတယ်။ မင်းသားမဟုတ်တဲ့သူဆီကျတော့ ရောက်မလာသလို အခြေအနေမဟန်ရင် Back up ခေါ်လို့ရတဲ့ management မျိုး ဘာလို့ မရှိတာလဲဆိုတာပါ။ ဒါက ကိုယ်တွေ ကြည့်နေတုန်းလဲ Mr.Right က ထောက်ပြခဲ့သလို IMDB က critics တွေမှာလဲ ဒီအချက်လေးကို Plot hole အနေနဲ့ ထောက်ပြထားပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ကို Drama ပိုများ​အောင် လုပ်ထားတာပါလေဆိုပြီး ကြည့်လိုက်လို့ရတဲ့အတွက် အဆင်ပြေပါတယ်။ #OfficerBlackBelt #Kmovie #Review

Monday, February 29, 2016

Japanese Movie - Time Trip App (review)




English Title: Time Trip App
Romanji title: Bakumatsu Kokosei
Language: Japanese
Genre: Time Travel/ Sci-fi
Episodes: 1
Runtime: 108 min.

Main Cast:
Hiroshi Tamaki as Katsu Kaishu
Ishihara Satomi as Mikako Kawanabe

My Rating: 4/5

ဇာတ်လမ်းအကျဉ်း

အထက်တန်း သမိုင်းပြ အတန်းပိုင်ဆရာမ အလုပ်မှာ သိပ်အောင်မြင်မှု မရှိလှသလို ကိုယ်တိုင်လဲ အားစိုက်ထုတ်ဂရုပြုမှု မရှိတဲ့ မိကာကို ကို သူ့တပည့်တွေကလဲ သိပ်လေးစားခြင်းမရှိပါဘူး။ အထူးသဖြင့် တပည့်ဖြစ်ချင်တာကို အလေးမပေးပဲ ခပ်လွယ်လွယ်ပဲ အမှတ်ကောင်းရင် ဆရာဝန်လုပ်ရမယ်ဆိုတဲ့ ပုံသေနည်းမျိုးကို ဆွဲကိုင်ထားပြီး သူ့တာဝန်ကျေအလုပ်လုပ်နေတဲ့ သာမာန် ဆရာမတစ်ယောက်ပါပဲ။ တစ်နေ့မှာ ကျောင်းဝန်းအပြင်မှာ သူ့တပည့် ၃ယောက်နဲ့ စုံတုန်း စကားများကြရင် မတော်တဆ သူ့တပည့်တစ်ယောက် သမိုင်းဖြေတုန်း ခိုးချဖို့ download လုပ်ထားတဲ့ သမိုင်း App ကနေ အရောင်တွေလက်လာပြီး သူတို့ ၄ယောက် မသိလိုက်ခင်မှာပဲ ၁၈၆၈ ခုနှစ် Edo ခေတ်ကို ပြန်ရောက်သွားပါတယ်။

အဲ့ဒိမှာ သမိုင်းကြောင်းအရ ဂျပန် ပြည်တွင်းစစ်ဖြစ်တော့မှာကို မဖြစ်အောင် ညှိနှိုင်းဆောင်ရွက်မှုနဲ့ပဲ တားဆီးနိုင်ခဲ့တဲ့ နှလုံးရည်နဲ့ ပြည့်စုံတဲ့ (ယနေ့ခေတ် သမိုင်းဘာသာထဲမှာ သင်ရတဲ့) ဆာမူရိုင်း စစ်သူကြီးတစ်ယောက်နဲ့ သွားတွေ့ပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်ကနေ တကွဲတပြားစီ ရောက်သွားကြတဲ့ ခေတ်လူငယ်တွေကြောင့် သမိုင်းကြောင်းကြီး မှားယွင်းလုနီးပါးဖြစ်ခဲ့ပါတယ်။ အဲ့ဒိခေတ်ကသာ ဂျပန်မှာ ပြည်တွင်းစစ်ဖြစ်ခဲ့ရင် ယနေ့ခေတ်ဂျပန်လို တိုးတက်လာမှာ မဟုတ်ပဲ အနောက်တိုင်း ကိုလိုနီနိုင်ငံတစ်ခု ဖြစ်ကောင်းဖြစ်သွားနိုင်သလို သူတို့တွေရဲ့ လက်ရှိ ၂၀၁၄ခုနှစ်ရဲ့ ကံကြမ္မာလဲ ပြောင်းသွားနိုင်တဲ့အတွက် သမိုင်းအမှန်ပြန်ရအောင် အားလုံး ဆာမူရိုင်းနဲ့ တွဲပြီး စွမ်းဆောင်ကြရပါတော့တယ်။

ဝေဖန်ရေး

ဂျပန်ကားဆိုတော့ သိတဲ့အတိုင်း Inspiration အရမ်းကောင်းပါတယ်။ ပျော်စရာ ဒိုင်ယာလော့လေးတွေ၊ ရှေးခေတ်က သူရသတ္တိနဲ့ ပြည့်စုံတဲ့ သူရဲကောင်းက တကယ်တန်းတွေ့တော့ အထင်အတိုင်းမဟုတ်ပဲ ပေါ့ပျက်ပျက်လူတစ်ယောက်လို ပျော်ပျော်နေတတ်တာ စသည်ဖြင့် ကြည့်ရတာ စိတ်လက် ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားစရာကောင်းပါတယ်။ Nodame Cantabile ဇာတ်ကားထဲက မင်းသားချော Hiroshi Tamaki ကလဲ အသက်နည်းနည်းကြီးတယ်ထင်ရပေမဲ့ ဆာမူရိုင်း ၀တ်စုံနဲ့ ကြည့်ကောင်းပြီး သူ့ဇာတ်ကောင်နဲ့ လိုက်ဖက်ပါတယ်။ မင်းသမီးချော Hatomi Ishihara ကလဲ ကိုယ့်အကြိုက် ချစ်စရာကောင်း၊ သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးတစ်ယောက်ပါပဲ။

အဲ့ဒိအထဲမှာ ပြောတဲ့ စကားလုံးတွေထဲက မှတ်မှတ်ထင်ထင် သတိရနေတဲ့ စကားလုံးလေးကတော့ ကျောင်းဆရာမလေးက လက်ရှိခေတ်မှာ နည်းပညာတွေ ဘယ်လောက်တိုးတက်နေပြီး ဘယ်လိုတွေကောင်းကြောင်း ရှေးခေတ်က မမြင်ဖူးတဲ့ ဆာမူရိုင်း သူရဲကောင်းကို ပြောပြတော့ အဲ့ဒိ ဆာမူရိုင်း သူရဲကောင်းက သူ့ကို တစ်ခွန်းပဲ ပြန်မေးလိုက်တယ် “အဲ့ဒိ ခေတ်မှာ နည်းပညာတွေ တိုးတက်ကောင်းမွန်လာတာဟုတ်ပါပြီ။ လူတွေရော ဘယ်လောက် တိုးတက်ကောင်းမွန်လာသလဲ” တဲ့။

အဲ့ဒိစကားက ဆရာမအလုပ်ကို ၀တ်ကျေတန်းကျေလုပ်နေတဲ့ မိကာကို ကို သူ့လိုအပ်ချက်တွေကို မီးမောင်းထိုးပြလိုက်သလို အရှက်ရစေခဲ့တယ်။ သူဟာဘယ်တော့မှ ကောင်းမယ်ထင်တာ၊ သင့်တော်တာကို အားစိုက် မစဉ်းစားပဲ အမှတ်ကောင်းတဲ့ကျောင်းသား ဆရာဝန်လုပ်၊ စာညံ့လို့ စာမလုပ်တဲ့ကျောင်းသားဆို ၀တ်ကျေတန်းကျေ ဆူလိုက်ပြီး ဘာမှ ဆက်မလုပ်ပေးတတ်တော့တာတွေကို သူရှက်သွားတယ်။ အဲ့ဒိရှေးခေတ်က လူကို သူဘာမှ ပြန်မပြောနိုင်ခဲ့ဘူး။
သူအစက ပေါ့ပျက်ပျက်နဲ့ ဘယ်လိုသူရဲကောင်းဖြစ်ခဲ့မှန်းမသိဘူးလို့ သံသယဝင်ခဲ့တဲ့ စစ်သူကြီး Katsu ကတော့ အပေါ်ယံသာအဲလိုထင်ရပေမဲ့ သူ့စိတ်ထဲမှာ လိုချင်တာကို ဘယ်သူတွေ ဘယ်လိုထင်ထင်၊ ဘာပြောပြော၊ သူတိုင်းပြည်ကောင်းဖို့ပဲ သူလုပ်တယ်၊ အသုံးမကျတဲ့ ဘာမှအကျိုးမပြုတဲ့ ဆာမူရိုင်းမာနဖြစ်တဲ့ တစ်ခုခုဆို အသေခံပလိုက်တာတို့ ဘာတို့ကို သူအားမပေးဘူး။ သူ့တိုင်းပြည်က လူတွေကောင်းဖို့အတွက် အရေးမကြီးတဲ့ ဆာမူရိုင်းရိုးရာကို ပြောင်းဖို့လဲ သူဝန်မလေးဘူး။ သူဘာလုပ်ချင်သလဲ၊ ဘာလုပ်သင့်သလဲဆိုတဲ့ သူ့ ပန်းတိုင်အတွက် သူကြိုးစားတယ်။ အဲ့ဒိအချက်က ဆရာမလေး Mikako ကို အလင်းပြလိုက်ရုံမကဘူး ကြည့်နေတဲ့ ပရိတ်သတ်ကိုပါ ပညာပေးတယ်လို့ ခံစားရတယ်။ ပြောသာပြောတာလေ ကျွန်မဆို ကိုယ်ဘာဖြစ်ချင်လို့ ဘယ်လို့ရအောင် လုပ်ရမလဲ စမ်းတဝါးဝါးပဲ။ ပျင်းက ပျင်းသေးတာ။

ဘာပဲ ပြောပြော ဒီရုပ်ရှင်လေးက တိုတိုနဲ့ ပညာပေး၊ အတွေးပေး၊ ရီရပြီး Entertaining လဲ ဖြစ်တဲ့ ဇာတ်ကားလေး တစ်ကားမို့ အချိန်လေး ၁နာရီကျော်လောက် ပေးကြည့်ရတာ တန်ပါတယ်။ ဇာတ်လမ်းတွဲ မဟုတ်တဲ့အတွက် ၁ကားနဲ့ ပြီးပါတယ်။ ဘယ်က ကြည့်သလဲတော့ မမေးနဲ့။ မဗေဒါလဲ Google ကနေ ရိုက်ထည့်ပြီး ရှာလိုက်တာပဲ။ ကြည့်နေကျ ဆိုဒ်က malware တက်နေပြီး ကြော်ငြာတွေပဲပေါ်ပေါ်လာလို့ ကြည့်လို့ မရတော့လို့။

Monday, March 09, 2015

Kingsman, The Secret Service - English Movie Review

ပြီးခဲ့တဲ့အပတ်က ရုပ်ရှင်ရုံမှာ ဘာကားကြည့်ရကောင်းမလဲ ရွေးရင်း Jackie Chan ကား Dragon Blade နဲ့ Kingsman: The secret Service ၂ကားကြား ဝေခွဲမရဖြစ်ခဲ့ပြီးမှ Jackie Chan ကားက မကောင်းတာ မရှိပါဘူးဆိုပြီး Dragon Blade ကိုရွေးခဲ့တယ်။ နောက်မှ အလုပ်ကသူငယ်ချင်းတွေက Kingsman ကောင်းတယ်ဆိုတော့ မနေ့ကမှ ထပ်သွားကြည့်ရတယ်။ Dragon Blade က Kingsman လောက်မကောင်းဘူး။ ဒါပေမဲ့ လုံး၀မကောင်းတာကို ဆိုလိုတာ မဟုတ်ပါဘူး။ တကယ်လို့များ အဲ့ ၂ကား ဘယ်ကားရွေးရမှန်းမသိရင် Kingsman ကိုရွေးဖို့ တိုက်တွန်းချင်တာ။ ဒီတော့ Kingsman review လေး ရေးချင်မိတယ်။

Movie Name: Kingsman, The secret service
Genre: spy action comedy film
Language: English

My Rating: 4/5

Main Cast:
- Colin Firth as Harry Hart/Galahad, a veteran Kingsman agent
- Taron Egerton as Gary "Eggsy" Unwin, a delinquent young adult who undergoes training under Hart's wing
- Samuel L. Jackson as Richmond Valentine, a billionaire philanthropist who speaks with a lisp and has a weak stomach for blood and violence
- Mark Strong as Merlin, a senior Kingsman agent and trainer
- Michael Caine as Chester King/Arthur, the leader of the Kingsman organization
- Sophie Cookson as Roxy, a trainee who befriends Eggsy
- Sofia Boutella as Gazelle, Valentine's amputee henchwoman with bladed prosthetic legs




Kingsman ဇာတ်လမ်းအကျဉ်း

အရှေ့အလယ်ပိုင်း စစ်ဆင်ရေးတစ်ခုမှာ secret agent တစ်ယောက်ဟာ သူ့အသက်စတေးပြီး သူ့အဖွဲ့သားတွေအားလုံးကို ကယ်ဆယ်သွားခဲ့တယ်။ အဲ့ဒိအတွက် သူ့အဖွဲ့သား Harry Hart (အဖွဲ့၀င်နာမည် Galahad) ဟာ သူကိုယ်တိုင် ကျန်ရစ်သူမိသားစုဆီကိုသွားပြီး ရဲရင့်မှုအတွက် တံဆိပ်တစ်ခု ချီးမြှင့်ရင်း အကူအညီလိုရင် အဲဒိ တံဆိပ်နောက်က ဖုန်းနံပါတ်ကို လှို့ဝှက်စကားပြောပြီး ဆက်ဖို့ ဆုံးသွားတဲ့ သူ့သူငယ်ချင်းရဲ့သားလေးကို မှာခဲ့တယ်။

၁၇နှစ်ကြာပြီးနောက်မှာ ပရိုဖက်ဆာ James Arnold ဆိုတဲ့ သူတစ်ယောက်ကို ဘယ်ကမှန်းမသိတဲ့ အဖွဲ့အစည်းတစ်ခုက ပြန်ပေးစွဲသွားတယ်။ အဲ့ဒိအဖွဲ့အစည်ကို ဦးဆောင်သူကတော့ အပြင်ပန်းမှာ လူမှုရေးအလုပ်တွေလုပ်တဲ့ သူဌေးကြီး Valentine နဲ့ ခြေထောက်မှာ သံချွန် ၂ချောင်းတပ်ထားတဲ့ သူ့တပည့်မ Gazelle တို့ပဲဖြစ်တယ်။ Hart ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဟာ ပရိုဖက်ဆာကို ကယ်ဖို့ကြိုးစားခဲ့ပေမဲ့ Gazelle ရဲ့ လက်ထဲ အသက်ဆုံးခဲ့တယ်။ လူသားတွေကို မြတ်နိုးပြီး ဂရုစိုက်တယ်လို့ လူသိများတဲ့ သူဌေးကြီး Valentine ဟာ နာမည်ကျော်ကြားသူများနဲ့ VIPs အများစုကို ခေါ်ယူတွေ့စုံပြီး သူ့ရဲ့ စီမံကိန်းတွေကို တင်ပြတယ်။ သူ့သဘောကို လက်မခံသူတိုင်းဟာ ပျောက်ဆုံးသွားကြတယ်။ သူဟာ မကြာမီမှာလူတွေအားလုံးကို Free SIM Cards တွေပေးမယ်၊ ဖုန်းနဲ့ အင်တာနက် အလကားရစေရမယ်လို့ ကြေငြာခဲ့တယ်။

လန်ဒန်မှာ အလုပ်အကိုင်မဲ့ Eggsy ဆိုတဲ့ ကောင်လေးကတော့ ပထွေးရဲ့ အိမ်တွင်းအကြမ်းဖက်မှုနဲ့အတူကြီးပြင်းလာခဲ့တယ်။ သူ့မှာ လူမမယ်သေးတဲ့ အမေတူ အဖေကွဲညီမလေးတစ်ယောက်တော့ ရှိတယ်။ သူဟာ ဉာဏ်ကောင်းပြီး လုပ်နိုင်စွမ်းရှိပေမဲ့ သူ့ဘ၀ကို ပေပေတေတေပဲ နေခဲ့တယ်။ တစ်နေ့မှာ သူများကားခိုးယူဖြတ်စီးမှုနဲ့ ရဲစခန်းအရောက် သူဟာ ငယ်ငယ်က သူရခဲ့တဲ့ တံဆိပ်နောက်က ဖုန်းနံပါတ်ကို နှိပ်ကာ အကူအညီတောင်းခံခဲ့တယ်။ Harry က သူ့ကို ရဲစခန်းကနေ ထုတ်ယူခဲ့ပြီး Kingsman agent တစ်ယောက်လုပ်ဖို့ တိုက်တွန်းခဲ့တယ်။ အဲ့ဒိအတွက် ခက်ခဲတဲ့ အရည်အချင်စ စမ်းသပ်မှု စာမေးပွဲတွေကို သူ၀င်ပြိုင်ရမှာဖြစ်တယ်။ အဲ့ဒိမှာပဲ Agent အဖြစ်၀င်ပြိုင်ကြတဲ့ တစ်ခြားသူတွေနဲ့ စုံခဲ့တယ်။ သူတို့ကို အရည်အချင်းစစ်တဲ့သူကတော့ Merlin ဆိုသူဖြစ်တယ်။ Eggsy နဲ့ Roxy ဆိုတဲ့ ကောင်မလေး ၂ယောက်ပဲ နောက်ဆုံးအဆင့်ထိရောက်ခဲ့သော်လည်း။ Eggsy ဟာ နောက်ဆုံးအဆင့်မှာ ရှုံးခဲ့တယ်။

တစ်ချိန်တည်းမှာပဲ Kingsman ဟာ Valenting ကို စုံးစမ်းနေခဲ့တယ်။ ပြန်ပေးစွဲခံရတဲ့ ပရိုဖက်ဆာပြန်ရောက်နေတာကို သတင်းရတော့ Harry ကိုယ်တိုင်သွားရောက်စုံစမ်းခဲ့ပေမဲ့ ပရိုဖက်ဆာရဲ့ နားနောက်ထဲကို ထည့်ထားတဲ့ Chip လေး ပေါက်ကွဲပြီး ပရိုဖက်ဆာ သေဆုံးခဲ့သလို Harry လဲ ဒဏ်ရာပြင်းထန်စွာရခဲ့တယ်။ ဇွဲမလျော့တဲ့ Harry ဟာ ဘီလီယံနာယောင် ဟန်ဆောင်ပြီး Valentine နဲ့တွေ့ဆုံစကားပြောခဲ့တယ်။ Valentine ရဲ့ အတွေးကတော့ လူတွေဟာ ကမ္ဘာကြီးနဲ့ယှဉ်ရင် Virus တွေလိုပဲ။ Global warming ဆိုတာ လူတွေလိုပြောမယ်ဆိုရင် ကမ္ဘာကြီးအဖျားတက်နေတာနဲ့တူတယ်။ ကမ္ဘာကြီးပျက်စီသွားရင် Virus တွေလဲ နေစရာမရှိဖြစ်သွားမယ်။ ဒီတော့ သူ့ဘက်ပါတဲ့သူတွေကိုပဲ အသက်ရှင်သန်ခွင့်ပေးပြီး။ သူ့ဘက်မပါတဲ့ သူတွေကိုတော့ Virus တွေ သုတ်သင်တဲ့အနေနဲ့ အားလုံးကို သုတ်သင်ဖို့ဖြစ်တယ်။

Harry ဟာ Valentine ရဲ့ ဆက်စပ်မှုတွေကို လိုက်ရင်း US က အမုန်းတရားတွေဟောတဲ့ ဘုရားကျောင်းတစ်ခုကို သွားရောက်ခဲ့တယ်။ အမှန်တော့ Valentine ဟာ အဲဒိ ဘုရားကျောင်းမှာ သူ့စမ်းသပ်မှုကိုပြုလုပ်နေတာ။ သူဟာ ဘုရားကျောင်းတစ်ခုလုံးက လူတွေရဲ့ ဖုန်းတွေထဲကို သူ့ Valentine Signal လွှတ်လိုက်တာနဲ့ လူတွေအားလုံးဟာ ကြမ်းတမ်းစိတ်တွေကြွလာပြီး တစ်ယောက်နဲ့တစ်ယောက် ရက်စက်စွာ သတ်ဖြတ်ကြတော့တယ်။ Harry ကိုယ်တိုင်လဲ အဲ့ဒိ Signal ဒဏ်ကို ခံခဲ့ရပြီး ထိန်းချုပ်လို့မရတော့ပဲ ဘုရားကျောင်းတစ်ခုလုံးကို သတ်ခဲ့တယ်။ Harry ဟာ Secret agent မှန်းပေါ်သွားခဲ့တဲ့အတွက် Valentine ဟာ သူ့ကို သတ်ခဲ့တယ်။ ဘုရားကျောင်းထဲက အဖြစ်အပျက်မှန်သမျှကို Harry ရဲ့ လှို့ဝှက်မျက်မှန် ကင်မရာကနေတဆင့် Merlin, Eggsy နဲ့ Kingsman အဖွဲ့ခေါင်းဆောင် Arthur တို့တွေ့ခဲ့တယ်။

Eggsy ဟာ Kingsman အဖွဲ့ချုပ်ကို သွားရောက်ခဲ့တဲ့အချိန်မှာတော့ မမျှော်လင့်တာတွေကို တွေ့ရှိခဲ့ရတော့တယ်။
Eggsy ဟာ Kingsman agent အရည်အချင်းစစ်ပွဲတောင် အောင်မြင်ခဲ့သူမဟုတ်ပဲ Valentine ရဲ့ တစ်ဖက်စွန်းရောက် အကြံအစည်တွေနဲ့ ကမ္ဘာလုံးက လူအများစုကို သုတ်သင်တဲ့ လုပ်ရပ်ကြီးကို သူဘယ်လိုတားဆီးမလဲဆိုတာကို Action အပြည့်ပြကွက်တွေနဲ့ ဟာသလေးလဲ ရန်ဖန်ရန်ခါနှောပြီးပြသချက်တွေကို ဖန်သားပြင်ပေါ် ဆက်လက်ရှုစားကြပါလို့။

ဝေဖန်ရေး

ဒီကားဟာ ဘက်ဂျက် ၈၁ မီလီယံနဲ့ ရိုက်ကူးခဲ့ပြီး ခုဆိုရင် ရုံတင်ပြသရာမှာ ၂၄၈.၃ မီလီယံနှင့် ယခုထက်ထိ တိုးတက်နေတဲ့ အမြတ်အစွန်းကို ရရှိနေပါပြီ။ နာမည်ကြီး ရုပ်ရှင် ဝေဖန်ရေး ဝက်ဆိုဒ် Rotton Tomato မှာလဲ ပျမ်းမျှ Rating 4.1/5 ရရှိထားတဲ့ကားဖြစ်ပါတယ်။

မဗေဒါ rating ၄ ပေးထားတယ်ဆိုတော့ ကြိုက်လို့ပေါ့နော်။ ဒီကားလေးဟာ James Bond လိုကားမျိုးကြိုက်တဲ့သူတွေ ကြိုက်နှစ်သက်မဲ့ကားလေးပါပဲ။ ဒီကားထဲမှာလဲ James Bond ဇာတ်လမ်းအကြောင်းပြောတဲ့ ဟာသလေးတွေတောင် တွေ့ရမှာဖြစ်ပါတယ်။ ဒီကားလေးဟာ ပစ္စည်းအစမ်းလေးတွေနဲ့ တိုက်ကွက်လေးတွေကို ပြသွားတာမှာ ချိတ်ဆက်မိနေတဲ့အတွက် ပျင်းသွားတယ်ရယ်လို့မရှိပါဘူး။ သူတို့ အရည်အချင်းစစ်ပွဲနဲ့ နောက်ဆုံး လူဆိုးနဲ့ ချတာတွေအထိ ပရိတ်သတ်က သူ့ဟာနဲ့သူ ချိတ်ဆက်စီးမြောသွားတာပါပဲ။ တကယ်တမ်းပြောရမယ်ဆိုရင်တော့ ချကွက်တွေ လူတွေသတ်ကြတဲ့အခန်းတွေက အတော်လေး ကြမ်းတယ်လို့ မဗေဒါထင်ပေမဲ့ သူက တီးလုံးမြူးမြူးတွေနဲ့ ဟာသ သဘောနှောပြလိုက်တဲ့အတွက် အရမ်းပြင်းထန်တဲ့ သက်ရောက်မှုကို မပေးတော့ပါဘူး။ အပြင်းအထန် ဆိုးရွာစွာ သတ်ဖြတ်ပြတယ်ဆိုပေမဲ့ ပရိတ်သတ်တွေက ဟာသ သဖွယ်ဖြစ်သွားပါတယ်။ (ဒါပေမဲ့ မဗေဒါကတော့ ဘုရားကျောင်းထဲမှာ သတ်တာတွေကို ကြည့်ရတာတော့ သိပ်စိတ်မချမ်းသာလှပါဘူး)။ နောက်ဆုံးခန်းမှာ ခေါင်းတွေ ပွင့်ထွက်ပြီး ပေါက်ကွဲတာကို ပြတာတော့ သူက မီးရှူးမီးမပန်သဖွယ် တီးလုံးနဲ့လိုက်ပြီးပြတော့ ရီရပါတယ်။ သဘောတရား ကြမ်းပေမဲ့ တင်ဆက်သွားပုံကတော့ ဟာသနှောသွားလို့ တင်ဆက်မှုပိုင်းကို တော်တယ်ပြောရမှာပါပဲ။

ပါ၀င်သရုပ်ဆောင်သူတွေကလဲ သူ့နေရာနဲ့သူကြည့်လို့ကောင်းပါတယ်။ ကောင်းဆို Harry အဖြစ်သရုပ်ဆောင်တဲ့ Colin Firth ဟာ 2010 က The King’s Speech ကားနဲ့ အော်စကာအပြင် တခြား ဆုတွေ အများကြီး ဆွတ်ခူးခဲ့တဲ့သူလေ။ Eggsy လုပ်တဲ့ မင်းသားအငယ်ကလဲ တစ်ချက် တစ်ချက် Titanic တုန်းက Leonardo နဲ့ ခပ်ဆင်ဆင်တူတယ်။ ဇာတ်လမ်း ဇာတ်အိမ်နဲ့ အကွက်ချမှု အားလုံးလဲကောင်းတယ်။ နောက်ပြီး မကြည့်ရသေးတဲ့သူတွေကို မှာချင်တာက ဇာတ်လမ်းပြီးပြီးချင်း စာတမ်းတက်လာတဲ့အခါ မပြန်ပါနဲ့အုံး။ နောက်မှာ တချို့အခန်းလေးတွေ နည်းနည်းထပ်ပြပါသေးတယ်။ မဟုတ်ရင် မတ်တပ်ကြီး ကြည့်နေရအုံးမယ်။

မဗေဒါ ဒီကားကြည့်နေတဲ့အချိန်နဲ့ ယခုထက်ထိ စိတ်ထဲ ဒွိဟဖြစ်နေတဲ့ မေးခွန်းလေး ၂ခုတော့ ရှိပါတယ်။ အဲ့မေးခွန်းလေးကို သူငယ်ချင်းတို့ ကြည့်ပြီးလို့ သိရင် လာဖြေပေးကြနော်။ Spoiler မို့ နောက်ဆုံးမှာ ထားမေးတာ။


ဇာတ်ဝင်ခန်း တစ်ခု

Spoiler Alert နော်

နံပါတ် ၁ က အဲ့ဒိ Kingsman Agency ကြီးကို ဘယ်သူက စတင်တည်ထောင်ပြီး ဘယ်က ငွေကြေးထောက်ပံ့မှုနဲ့ ခုလို First class လို ရပ်တည်နေတာလဲ။ ခေါင်းဆောင် Arthur ကြီး သေးသွားပြီးတော့ ဘယ်လိုဆက်ရပ်တည်လဲ?

နံပါတ် ၂ က ကားလည်လောက်မှာ Valentine ရဲ့ သတင်းကို သူတို့ စခန်းကနေ ကြည့်တော့ Valentine ရဲ့ လက်ထောက် အမျိုးသမီး နားရွက်နောက်မှာ Chip ထည့်ထားတဲ့ အမာရွတ်ကို သူတို့တွေ့ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးခန်းမှာ Chip ကို activate လုပ်လိုက်တော့ ခေါင်းတွေပေါက်ကွဲတဲ့ အခန်းမှာ ဘာလို့ အဲ့မိန်းမခေါင်း မပေါက်ကွဲတာလဲ? ဒါမှမဟုတ် သူတို့ တီဗွီထဲမှာ ကြည့်စဉ်က တွေ့လိုက်တဲ့ အမျိုးသမီးက အဲဒိ သံခြေထောက်နဲ့ တစ်ယောက် မဟုတ်ဘူးလား?


Harry Hart အဖြစ် Colin Firth

Eggsy အဖြစ် Taron Egerton


Friday, November 22, 2013

Captain Phillips - Movie Review (with vlog in Burmese)


ရုပ်ရှင်အမည် : Captain Phillips
အမျိုးအစား : တိုက်ခိုက် သည်းထိပ်ရင်ဖို
ဘာသာစကား : အင်္ဂလိပ်၊ ဆိုမာလီ
ထုတ်ဝေသည့်နေ့ : ၁၁ရက် အောက်တိုဘာ ၂၀၁၃
Based on A Captain's Duty: Somali Pirates, Navy SEALs, and Dangerous Days at Sea by Richard Phillips
Stephan Talty

သရုပ်ဆောင်များ
Tom Hanks as Richard Phillips, captain of the MV Maersk Alabama
Barkhad Abdi as Abduwali Muse, pirate leader

My rating: 5/5

ဇာတ်လမ်းအကျဉ်း

Richard Phillips တာဝန်ယူ ဦးဆောင်တဲ့ MV Maersk Alabama ဆိုတဲ့ ကုန်တင် သဘောင်္ကြီးဟာ Oman သဘောင်္ဆိပ်ကနေ Mombasa အသွား Gulf of Aden အဖြတ်မှာ ဆိုမာလီက ပင်လယ်ဓားပြတွေရဲ့ ရန်ကိုရင်ဆိုင်ခဲ့ရပါတယ်… Captain Phillips ဟာ ဓားပြတွေသောင်းကျန်းတဲ့အတွက် သတိပေး အီးမေလ်းကိုရအပြီး အရေးပေါ်အခြေအနေကို လေ့ကျင့်နေတဲ့အချိန်မှာပဲ မင်္သကာစရာ မော်တော်ဘုတ် ၂စီးကို ရေဒါထဲမှာ မြင်ခဲ့ပါတယ်… ဒီလိုနဲ့ လေ့ကျင့်မှုကနေ တကယ့်အခြေအနေကို တဟုန်းထိုး ကူးပြောင်းသွားပါတော့တယ်… Captain Phillips ရဲ့ ဟန်ဆောင်ရေဒီယို စကားပြောကို လေလှိုင်းကြားက ခိုးနားထောင်နေတဲ့ ပင်လယ်ဓားပြတွေကြားပြီး မကြာခင်မှာ စစ်တပ်ရောက်လာတော့မည်အထင်နဲ့ မော်တော်ဘုတ် ၂စီးမှာ ၁စီးက လှည့်ပြေးသွားပါတော့တယ်… ကျန်တစ်စီးက ဆက်လက်လာနေပင်မဲ့ Captain Phillips ရဲ့ ညွှန်ကြားမှုအောက်မှာ လိုအပ်တာတွေကိုလုပ်ဆောင်ခဲ့တဲ့အတွက် ပင်လယ်ဓားပြတွေ သဘောင်္နားကို မကပ်နိုင်ခဲ့ပဲ ပထမအကြိမ်မှာလက်လျော့ခဲ့ပါတယ်… နောက်နေ့မနက်မှာတော့ Muse (Nickname: Skinny) ခေါင်းဆောင်တဲ့ ပင်လယ်ဓားပြ ၄ဦးပါ မော်တော်ဘုတ်က ထပ်မံချဉ်းကပ်လာပြန်ပါတယ်… ဘယ်လိုပဲ ကြိုးစားပြီး လွတ်မြောက်အောင်လုပ်လုပ် အဆုံးမှာတော့ လူဆိုးတွေဟာ သဘောင်္ပေါ်ကိုရောက်လာခဲ့ပါတယ်… 

တခြားသဘောင်္သားများကို အင်ဂျင်ခန်းထဲမှုာ ပုန်းခိုင်းထားပြီး လူဆိုးတွေနဲ့ မျက်နှာချင်းဆိုင်တွေ့ရတဲ့ သူကတော့ Captain Phillips နဲ့ နောက် အရာရှိ ၂ယောက်ပါပဲ… သဘောင်္ကို ပါ၀ါတွေ အကုန်ပိတ်ချလိုက်ပြီး အရေးပေါ် ပါ၀ါကိုပါ ပိတ်ချနိုင်ခဲ့တယ်… တစ်ချိန်မှာ လူဆိုးခေါင်းဆောင် Skinny ကို သူ့ သဘောင်္သားတွေ ဖမ်းဆီးနိုင်ခဲ့ပြီး သင်္ဘောပေါ်ကနေ ပိုက်ဆံ ဒေါ်လာ ၃သောင်းကိုယူကာ သဘောင်္ပေါ်က အသက်ကယ်လှေကို ယူပြီး အေးအေးဆေးဆေးဆင်းဖို့ တောင်းဆိုခဲ့တယ်… သို့သော် လူဆိုးတွေဟာ Captain Phillips ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ပြီး အာမခံကြေးငွေ ၆ မီလီယံနဲ့ ရွေးယူဖို့ ခြိမ်းခြောက်ပါတော့တယ်…
ဒီအခက်ခဲတွေကြားမှာ Captain Phillips ဘယ်လိုလွတ်မြောက်မလဲ… US Navy ရောက်ရှိလာအပြီးမှာ ဓားစာခံခေါ်ခံထားရတဲ့ Captain Phillips ကို ဘယ်လိုကယ်မလဲ… စတာတွေကိုတော့ ဖန်သားပြင်ပေါ်မှာ ကြည့်လိုက်မယ်ဆိုရင်ဖြင့် မိတ်ဆွေရဲ့ ပိုက်ဆံ အလကားဖြစ်မဲ့ ဇာတ်လမ်းတစ်ပုဒ်မဟုတ်ဘူးဆိုတာကို မဗေဒါက အတတ်ပြောရဲပါတယ်…

Captain Phillip အစစ် (၀ဲ) နဲ့ Captain Phillips အဖြစ် Tom Hank (ယာ)

ဝေဖန်ရေး

ဒီကားက ဇာတ်လမ်းအကုန်ပြောပြလိုက်လို့တောင်မှ တကယ်ကြည့်တာနဲ့ အရသာတူမှာမဟုတ်ပါဘူး… အောက်က ဗွီဒီယိုလေးကိုကြည့်ပြီးတော့လဲ မဗေဒါရဲ့ ဝေဖန်ရေးကိုနားထောင်ကြည့်လိုက်ကြပါနော်… ဒီပိုစ့်ထဲမှာတော့ ဗွီဒီယိုထဲမှာ မပြောဖြစ်ခဲ့တာလေးတွေကို ပိုအသားပေးပြီး ရေးချင်တယ်… တစ်ကားလုံးခြုံငုံပြီးကောင်းတယ်ဆိုတာကိုတော့ ထပ်ပြောမနေတော့ပဲ မှတ်မှတ်ရရ သတိထားမိတဲ့ အခန်းလေးတွေကိုပဲ တစ်ခုချင်းရေးပါတော့မယ်…

သဘောင်္နားကို ပင်လယ်ဓားပြ မော်တော်ဘုတ်ကပ်လာတော့ မီးသတ်ပိုက်ရေပန်းတွေစဖြန်းတဲ့အချိန်မှာ ကိုယ်ကပါသူ့လိုပဲ (လူဆိုးတွေ သဘောင်္ပေါ်ရောက်လာတယ်ဆိုတာ Trailer မှာကြည့်ပြီးတာတောင်မှ) စိုးရိမ်နေပါပြီ… မီးသတ်ပိုက်တစ်ခုက ကောင်းကောင်းမတတ်ထားတော့ အဲဒိနေရာမှာ ဟာနေတာကို လူဆိုးတွေတွေ့သွားပြီး အဲဒိကနေတက်လာဖို့ကြိုးစားတော့ သဘောင်္သား လက်ထောက်ကို ပြန်တပ်ခိုင်းရင်း ဒီဘက်ကလဲ လူဆိုးတွေကို Captain Phillips က ပါလာတဲ့ အချက်ပြမီးပန်းနဲ့ လှမ်းပစ်တဲ့အချိန်မှာ စိတ်ထဲ US မှာ ဒီလောက် သေနတ်ပေါတာ သဘောင်္ပေါ်မှာ သေနတ်လေးတော့ ဆောင်ထားသင့်တာပေ့ါလို့ထင်မိတယ် (ဒါပေမဲ့လဲ တစ်ခါတစ်ရံမှာ သဘောင်္သားချင်းပြန်သတ်တဲ့ ဇာတ်လမ်းတွေ အပြင်မှာကြားဖူးနေတော့လဲ သေနတ်ထားသင့်မထားသင့်က အငြင်းပွားစရာ ကိစ္စတစ်ခုပါပဲ) ခုတော့ သူက မီးရှုးနဲ့ပစ်လိုက် လွဲသွားလိုက် ဟိုဘက် သေနတ်နဲ့ ပြန်ပြစ်လိုက်… ကိုယ်က သာမာန်လူ… ဟိုဘက်က သေနတ်နဲ့ လုပ်စားနေကျ ဓားပြ… ကိုယ်သာ ဓားပြတွေနဲ့တွေ့ရင်ဆိုတဲ့ အတွေးက ဝင်လာတယ်… အဲလိုဝင်လာတာလဲ Tom Hank ရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်မှုကြောင့်လို့ မဗေဒါကတော့ ထင်တယ်… တကယ်သရုပ်ဆောင်ကောင်းတဲ့သူက ကြည့်လိုက်ရင် ဘာမှမဟုတ်သလိုလိုသာမာန်လိုလိုနဲ့ ကြည့်နေတဲ့ လူရဲ့ စိတ်ထဲကို ဇာတ်ကောင်နဲ့အတူ မြောပါသွားအောင်လုပ်နိုင်စွမ်းရှိတယ်… သူသရုပ်ဆောင်သွားတဲ့အထဲမှာ သူ့ကို Super hero ကြီးလို့ ထင်ရလောက်တဲ့ Confidence နဲ့ သူရဲကောင်းဆန်ဆန်လုပ်ပြနေတဲ့ မျက်နှာ အမူအရာမျိုးမတွေ့ရဘူး… လက်ရှိရင်ဆိုင်နေရတဲ့ ဒုက္ခကို ခေါင်းဆောင်တစ်ယောက် (သာမာန် တာဝန်ရှိသူတစ်ယောက်) အနေနဲ့ တတ်နိုင်သလောက် လုပ်နေတဲ့ပုံစံမျိုး တစ်ကယ်ပေါ်လွင်တယ်… (သဘောပေါက်မလားတော့မသိဘူး… ဇွတ်ကြီး သရုပ်ဆောင်ပြနေတယ်လို့ မထင်ရပဲ… ပရိတ်သတ်ကပါ အဲဒိထဲဝင်ခံစားလာအောင် သရုပ်ဆောင်တာကိုပြောချင်တာ)..

နောက်တစ်ခန်းက သဘောင်္စက်ပိတ်လိုက်လို့ လူဆိုးတွေက သဘောင်္သားတစ်ယောက်ကို သေနတ်နဲ့ချိန်ထားပြီး ပစ်မယ်လုပ်နေတဲ့အချိန်မှာ “မင်းတို့ပြောတော့ စီးပွားလာရှာတာဆို… မင်းတို့ ပိုက်ဆံလိုချင်ရုံသပ်သပ်ဆို… ဘာလို့ ငါ့လူတွေကို ဒုက္ခပေးရတာလဲ” ဆိုတဲ့ အခန်းမှာ သရုပ်ဆောင်တွေအပြင် ဒါရိုက်တာရဲ့ တင်ပြပုံကိုလဲ ချီးကျူးမိတယ်… ကိုယ်ပါ အသက်အောင့်နေမိတယ်… Captain လဲ ကြောက်နေမှာပဲ သူ့လက်အောက်ငယ်သားသာ ဒီလိုသေသွားရင် သူလဲ စိတ်ထိခိုက်မှာပဲ… ကြောက်ပေမဲ့ ပြောစရာရှိတာတော့ သူပြောတာပဲ… အဲဒိအချိန်မှာ ပြောတဲ့စကားက လူတစ်ယောက်ရဲ့ အသက်သေရေးရှင်ရေးအရေးကြီးနေတယ်… အဲဒိအချိန်မှာ သေနတ်နဲ့အချိန်ခံထားရတဲ့သူကိုပြလိုက်… Tom Hank ကိုပြလိုက်… Muse ကိုပြလိုက်နဲ့ စကားတွေကလဲ အပြိုင်အဆိုင် ရုံးရင်ဆန်ခတ်ပြောနေတာကို ဖြတ်ကနဲ ဖြတ်ကနဲ ပြကွက်တွေနဲ့ ဇာတ်ဝင်ခန်းကို intense ဖြစ်အောင်ရိုက်ထားတယ်…

နောက်တစ်ချက်က အသက်ကယ်သဘောင်္ပေါ်မှာ Muse (Skinny) က Captain Phillips နှဖူးကို သေနတ်နဲ့ ချိန်ထားပြီး နောက်မှ သေနတ်ပြောင်းကို ပြန်ချလိုက်တဲ့အချိန်မှာ ကျွန်မတန်းသတိထားလိုက်မိတာက Tom Hanks နှဖူးပေါ်က သေနတ်ပြောင်းရာ… အရာလေးထင်ကျန်နေခဲ့တာ… ဒီအခန်းမှာ မင်းသားကြီးမို့ မထိရ၊ မကိုင်ရ၊ မနာရ၊ သရုပ်ဆောင်အသစ်ဖြစ်တဲ့အပြင် လူကြမ်းမို့ မင်းသားကို အဲလိုမလုပ်ရဘူးဆိုတာမရှိဘူး… ဒီဇာတ်ကားကို ပေးချင်တဲ့ ရသမြောက်ဖို့ အားလုံးက သူ့နေရာကသူ ပိုင်နိုင်အောင် မင်းဘယ်သူ ငါဘယ်သူမထားပဲ အလုပ်လုပ်သွားကြတယ်… Youtube မှာ သူတို့ကို အင်တာဗျူးထားတာတွေ့တော့ အဲဒိအခန်းကို အင်တာဗျူးတဲ့သူက မေးတာတွေ့တယ်… Muse(skinny) နေရာမှာ သရုပ်ဆောင်သွားတဲ့ သူ Barkhad Abdi ကို ခုလို မင်းသားကြီးရဲ့ နှဖူးကို သေနတ်ရာထင်အောင် မင်းလုပ်ရဲတယ် ဟုတ်လား? အဲဒါ ဘယ်သူ့ Idea လဲလို့ မေးတော့… Tom Hank ကိုယ်တိုင်က ဝင်ထောက်တယ်… ငါက ဘယ်သူမှ မဟုတ်ဘူး… ဘာလို့ ငါ့လိုလူကိုလို့ သုံးရတာလဲ ဆိုပြီးတော့… ပြီးတော့ အဲဒါ Tom Hank ကိုယ်တိုင်ရဲ့ အိုင်ဒီယာပါပဲ… Tom Hank က လုပ်ခိုင်းရင်တောင်မှ မင်းက လုပ်ရဲတယ်ဟုတ်လား? ဆိုတော့ Abdi က အစကတော့ သူမလုပ်ရဲပါဘူး ဒါပေမဲ့ ရိုက်ရင်းနဲ့ ဇာတ်ကောင်ထဲကို စိတ်သွင်းလိုက်တော့လဲ လုပ်ဖြစ်သွားတာပါပဲ… လို့ ပြန်ဖြေတယ်…

Muse (Skinny) အဖြစ် သရုပ်ဆောင်တဲ့ Barkhad Abdi (ဝဲ) နဲ့ တကယ့် အပြင်က ပင်လယ်ဓားပြ Abduwali Muse (ယာ)

ကျန်တဲ့ ဇာတ်ဝင်ခန်းတွေကိုတော့ ဗွီဒီယိုထဲမှာ ပြောထားပြီးပြီမို့ မဗေဒါရဲ့ Captain Phillips Movie Review –vlog လေးကိုကြည့်ပြီး ကြိုက်တယ်ဆိုရင် မဗေဒါ Channel လေးကို Subscribe လုပ်ထားရင် နောက်မဗေဒါတင်သမျှ ဗွီဒီယိုတွေကို မလွတ်တမ်းအရင်ဆုံးကြည့်ရမှာပေါ့နော်… :D
မဗေဒါကြည့်ချင်ခဲ့တဲ့ Captain Phillps သူ့မိသားစုနဲ့ပြန်ဆုံတာကို ရုပ်ရှင်ထဲမှာ မပြတော့ပေမဲ့ အပြင်က Captain Phillips အစစ် သူ့မိသားစုနဲ့ဆုံတဲ့ပုံကိုတွေရတော့ ဝမ်းသာကြည်နူးမိပါတယ်… သူကပြောတယ်… “ကျွန်တော်က သူရဲကောင်းမဟုတ်ပါဘူး… စစ်တပ်ကသာ သူရဲကောင်းပါ… သူတို့ကိုကျေးဇူးတင်ပါတယ်”… ကျွန်မတွေးမိတယ်… ကျွန်မတို့ နိုင်ငံသားတွေရော ကျွန်မတို့နိုင်ငံ စစ်တပ်ကို သူရဲကောင်းလို ကျေးဇူးတင်ဖို့ ဘယ်အချိန်ထိစောင့်ရမလဲလို့….


2009 Apirl 17 မှာ မိသားစုနဲ့ ပြန်လည်စုံခဲ့တဲ့ Captain Phillips


Friday, November 08, 2013

Thor 2 (The Dark World) - Movie Review


ရုပ်ရှင်အမည် : Thor
အမျိုးအစား : တိုက်ခိုက်, စွန့်စားခန်း, စိတ်ကူးယဉ်
ဘာသာစကား : အင်္ဂလိပ်
ထုတ်ဝေသည့်နေ့ : ၂၂ရက် အောက်တိုဘာ ၂၀၁၃
သရုပ်ဆောင်များ
Chris Hemsworth as Thor
Natalie Portman as Jane Foster
Tom Hiddleston as Loki
Anthony Hopkins as Odin
Idris Elba as Heimdall
Stellan Skarsgård as Dr. Erik Selvig

My rating: 3/5

ဇာတ်လမ်းအကျဉ်း

လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကျော်တုန်းက ဂြိုလ်ပေါ်မှာရှိတဲ့ Dark Elves ဆိုတဲ့ အမျိုးတစ်ခုက Aether ဆိုတဲ့ လက်နက်ကိုအသုံးပြီး စင်္ကြာဝဠာကြီးတစ်ခုလုံးကို အမှောင်ဖုန်းသွားအောင်လုပ်ဖို့ ကြိုးစားခဲ့တယ်…  ဒါပေမဲ့ Asgard က စစ်သူရဲကောင်း တွေက အဲဒါကို တားဆီးနိုင်ခဲ့ပြီး လူဆိုးခေါင်းဆောင် Malekith ကတော့ လွတ်မြောက်သွားကာ နောက်ထပ်အခွင့်အလန်းကို စောင့်နေခဲ့တယ်… စစ်သူရဲကောင်းတွေဟာ Aether လက်နက်ဟာ သိပ်အင်အာကြီးလွန်းတဲ့အတွက် ဖြတ်ဆီးမရနိုင်ခဲ့ဘူး… အဲဒါကြောင့် ဘယ်လိုမှရှာမတွေ့နိုင်တဲ့ နေရာတစ်ခုမှ ၀ှက်ထားလိုက်ကြတယ်… ယခုနေ့မှာတော့ Jane Foster ဟာ သူ့ချစ်သူ Thor ပြန်လာဖို့စောင့်နေတာ ၂နှစ်ရှိသွားပြီ… သူကတော့ ဂြိုလ်ပေါ်မှာ ငြိမ်းချမ်းရေးရဖို့ ကြိုးစားနေလေရဲ့ (ငြိမ်ချမ်းရေးရအောင် စစ်တိုက်နေတာ… :P  ခွိ) … Jane ဟာ Thor ပထမအကြိမ် ကမ္ဘာပေါ်ကိုရောက်လာခဲ့တုန်းက စင်္ကြာဝဠာဖြစ်စဉ်ကို လေ့လာရင်း အရာဝတ္ထုတွေပစ်ချလိုက်ရင် အပေါ်ကနေပြန်ကျလာတဲ့ စက်ရုံပျက်ကြီးတစ်ခုအရောက်မှာ မမြင်နိုင်တဲ့ ဆွဲအားတစ်ခုဆွဲခြင်းကို ခံခဲ့ရတယ်… Thor ဟာ ကမ္ဘာက သူ့ချစ်သူဆီပြန်ချင်ပေမဲ့ သူ့အဖေ Odin က ခွင့်မပြုခဲ့ဘူး… 

သူတို့ဂြိုလ်ကနေ အားလုံးကို မြင်နိုင်တဲ့ ဂိတ်မှူး Heimdall ကနေတစ်ဆင့် Jane ပျောက်ဆုံးသွားတာကို သိရှိခဲ့တဲ့အတွက် ကမ္ဘာကို ဆင်းလာခဲ့တယ်… သူရောက်တဲ့အချိန်မှာပဲ Jane လဲ ပြန်ပေါ်လာခဲ့တယ်… ဒါပေမဲ့ Jane ကို တရားမ၀င်သုတေသနပြုတဲ့အတွက် ရဲတွေက ဖမ်းဖို့ကြိုးစားတဲ့အခါမှာ ကြီးမားတဲ့ လူသားမဆန်တဲ့ အားတစ်ခုက တုန့်ပြန်ခဲ့တယ်… Thor လဲ Jane ကို ဘာဖြစ်ခဲ့သလဲ စူးစမ်းဖို့ Asgard ကို ခေါ်လာခဲ့တယ်… သူတို့ တွေ့ရှိခဲ့တာကတော့ Jane ပျောက်ဆုံးသွားတဲ့ ခဏတာမှာ Aether လက်နက်ဆီရောက်သွားပြီး Jane ခန္ဓာကိုယ်ထဲကို ၀င်နေတယ်ဆိုတာပဲ… အဲဒိလက်နက်ပြန်ပေါ်လာတာနဲ့ တပြိုင်နက် လူဆိုးကြီး Malekith ဟာ ခံစားလို့ရပြီး ခုအချိန် တိုက်ဖို့အတွက် Aether လက်နက်ကို ရယူဖို့အကောင်းဆုံးအချိန်ဖြစ်လာတော့တယ်… ဒါကြောင့် သူနဲ့အဖွဲ့သားတွေဟာ Asgard ကို ၀င်တိုက်ရင်း Jane ကိုအကာအကွယ်ပေးနေတဲ့ Thor ရဲ့မိခင်ကို သတ်ခဲ့တယ်… Odin ဟာ Malekith ၊ Jane ကို ပြန်လာရှာမယ်ဆိုတာသိနေတဲ့အတွက် Jane ကို ချုပ်နှောင်ထားခဲ့တယ်… ဒီအကြံကို Thor ကလက်မခံပဲ Jane ကိုခေါ်ပြီး သူ့ရဲ့ တိုက်စစ်ကို စဖို့ ဆုံးဖြတ်လိုက်တယ်… အဲလို သွားတိုက်ဖို့အတွက် အဲဒိဂြိုလ်ကို သွားရာလမ်းကိုသိတဲ့ တစ်ချိန်က Thor အဖေကို သတ်ဖို့ကြိုးစားပြီး နန်းလုဖို့ကြိုးစားခဲ့တဲ့ သစ္စာဖောက်မွေးစားအစ်ကို Loki ကို ထောင်ထဲကနေခေါ်ထုတ်ပြီး လက်တွဲဖို့ ဖိတ်ခေါ်ရတော့တယ်…. ပြဿနာက Thor တစ်ယောက် Loki ကို ယုံကြည်လို့ရပါ့မလား….

ဝေဖန်ရေး

ဒီကားဟာ ရုပ်ရှင်ဝေဖန်ရေးဆိုဒ်တွေဖြစ်တဲ့ IMDB  မှာ 7.7/10 နဲ့ Rotten Tomato မှာ 70% Rating ရခဲ့တယ်… မဗေဒါအနေနဲ့ကတော့ အရမ်းအကြိုက်ကြီးမဟုတ်ဘူး… တစ်ချက်တစ်ချက် Loki ကြောင့် ရီရတာကလွဲလို့ ဇာတ်လမ်းက ဒါဒါတွေထပ်နေပြီလို့ ခံစားရတယ်… ပထမတစ်ကားမှာ Thor မင်းသားကိုကြိုက်ပေမဲ့… ခုကားမှာ Loki ကိုတောင် ပိုကြိုက်နေတယ်… ပထမကားကတည်းက Loki နေရာသရုပ်ဆောင်တဲ့ Tom Hiddleston ကို သဘောကောင်းတဲ့ပုံကြီးလို့ခံစားခဲ့ရတာ… ခုကားမှာ သူကရီရတော့ သူ့ကိုပဲ သဘောကျနေတာ… နောက်တစ်ယောက်ရီရတာက ကမ္ဘာပေါ်က သိပ္ပံပညာရှင်လုပ်တဲ့အဖိုးကြီး… ကိုယ်လုံးတည်းနဲ့ လူမြင်ကွင်းမှာ စမ်းသပ်လို့ ရဲဖမ်းခံရပြီး အရူးထောင်မှာ ထိမ်းသိမ်းခံခဲ့ရတဲ့ အဖိုးကြီးလေ..

နောက်ပိုင်း Hollywood က သူတို့ Graphic တွေ ပိုင်လာတိုင်း သာမာန်ကားတောင် မရိုက်တော့ဘူးလားမသိဘူး… တစ်ခါလာ စက်ရုပ်၊ ဂြိုလ်သား၊ အကောင်၊ ဒါဒါတွေဖြစ်လာပြီ… ဇာတ်လမ်းအရ ကျွန်မအကြိုက်မဟုတ်ပေမဲ့.. သရုပ်ဆောင်ပိုင်းနဲ့ ခန်းနားကြီးကျယ်မှု… အ၀တ်အစားဒီဇိုင်း စတာတွေကတော့ အဆင့်မြင့်တဲ့ ကားတစ်ကားလို့ပြောရမှာပါပဲ… သူ့မှာ တိုက်ခိုက်တဲ့ ချတဲ့ အခန်းတွေပါသလို ဟာသတွေလဲ ပါတဲ့အတွက်တော့ ညီညီမျှမျှ ဖြစ်အောင်ရိုက်ထားတဲ့ကားတစ်ကားပါပဲ… အဲဒါကြောင့် မဗေဒါရဲ့ rating ကို ၅မှတ်မှာ ၃မှတ်ပေးထားပါတယ်…

Thor ကြည့်ပြီးသူတွေရော ဘယ်လိုထင်လဲ ဆိုတဲ့ ထင်မြင်ချက်လေးတွေ ဘလော့ပိုစ့်အောက်မှာ ကွန်မန့်ပေးကြပါနော်..

Friday, September 27, 2013

We're The Millers (Movie) - Review


Movie Name: We’re the Millers
Genre: American Comedy film
Language : English
My rating : 3.5/5


Main Cast :
Jason Sudeikis as David Clark, a drug dealer who forms the Millers.
Jennifer Aniston as Rose, a stripper hired by David to pose as his wife.
Emma Roberts as Casey Mathis, a runaway teenage girl and thief hired by David to pose as his daughter.
Will Poulter as Kenny Rossmore, a virgin 18-year-old neighbor hired by David to pose as his son.


ဇာတ်လမ်းအကျဉ်း

အသေးစား မူးယစ်ဆေးရောင်းတဲ့ David Clark ဟာ သူ့ပိုက်ဆံတွေ ဓားပြတိုက်ခံရပြီးနောက်မှာ ဘိန်းကုန်သည် Brad Gurdlinger ရဲ့ မက်စီကိုနိုင်ငံဘက်ကနေ မူးယစ်ဆေး ကုန်ကူးဖို့ အတင်းအကျပ်ခိုင်းစေခြင်းကိုခံရပါတော့တယ်။ David ဟာ သူတစ်ယောက်တည်း နယ်စပ်ကိုဖြတ်လျှင် စစ်ဆေးခံရပြီး custom တွင်အဖမ်းခံရမည်ကိုစိုးသဖြင့် အပျော်ခရီးထွက်မိသားစုသဖွယ် ဟန်ဆောင်ကာ မူးယစ်ဆေးကို သယ်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်… နိုက်ကလပ်က Rose လို့ အမည်ရတဲ့ တိုင်ပတ်အကမယ်ကို သူ့မိန်းမ အဖြစ်ရယ်၊ အိမ်ကနေ ထွက်ပြေးလာတဲ့ Casey လို့ အမည်ရတဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးကို သမီးအဖြစ်ရယ်၊ သူနဲ့ တစ်တိုက်တည်းမှာနေတဲ့ အသက်၁၈နှစ် လူပျို (virgin) စစ်စစ် အူကြောင်ကြောင် Kenny ကို သူ့သားအဖြစ်ရယ်နဲ့ မိသားစု အတုလုပ်ဖို့ ငှားရမ်းခဲ့ပါတယ်… သူတို့ မိသားစုမျိုးရိုးနာမည်ကိုတော့ Millers လို့ ပေးခဲ့ပါတယ်… 


တကယ်တော့ Brad ယူခိုင်းတဲ့ မူးယစ်ဆေးတွေဟာလဲ သူနဲ့ တကယ် စီးဝါးရိုက်ထားတဲ့သူမဟုတ်ပဲ သူများနာမည်သုံးပြီး ညာယူခိုင်းတဲ့သဘောဖြစ်ပါတယ်… ဒီတော့ လူဆိုးတွေကလဲ သူတို့ကိုလိုက်သလို နယ်စပ်ဖြတ်ရာမှာလဲ ရဲဖမ်းမိမှာကို ကြောက်ရပြန်ပါတယ်… သူတို့တွေဟာလမ်းသွားရင် တခြားခရီးသွားဖော် စပ်စုတတ်တဲ့ မိသားတစ်စုနဲ့လဲ ရင်းနှီးခဲ့ပြန်ပါတယ်… တကယ်တော့ အဲဒိမိသားစုက ဖခင်က မူးယစ်အထူးနှိမ်နင်းရေးတပ်ဖွဲ့က အရာရှိတစ်ယောက်ဖြစ်မှန်း လမ်းသွားရင်း သိရှိခဲ့ရပါသေးတယ်… ဒီလိုအခက်အခဲတွေကြားမှာ… Millers မဟုတ်တဲ့ Millers တွေ… မိသားစုမဟုတ်တဲ့ မိသားစုအယောင်ဆောင် တစိမ်းတွေ တစ်ယောက်နဲ့တစ်ယောက် ဘယ်လို သံယောဇဉ်တွယ်ခဲ့တယ်… သူတို့ ကုန်ကူးလာတဲ့ မူးယစ်ဆေးတွေ ဘယ်လိုအဆုံးသတ်မလဲဆိုတာကို ဇာတ်ကားတစ်ကားလုံး တစ်ဟားဟားရယ်ရင်း ခံစားကြည့်လိုက်ကြပါနော်…


ဝေဖန်ရေး


ဒီကားက စကားပြောတွေဟာ အတော်လေးရီရပါတယ်… မိသားစုမဟုတ်တဲ့ မိသားစုတွေ တဖြည်းဖြည်းသံယောဇဉ်ဖြစ်လာပုံ… လူကောင်းမဟုတ်တဲ့ လူတွေတဖြည်းဖြည်းကောင်းလာပုံ ကို သေချာလေး ထိထိမိမိ ရိုက်ပြခဲ့ပါတယ်…. ဇာတ်ကောင် ဖန်တီးမှုကလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်… ကားက ဇာတ်လမ်းအကျဉ်းထဲမှာ ပြောသလောက်ဆိုပေမဲ့ လမ်းမှာ သူတို့ကြုံတွေ့ရတာတွေက ဟာသဖြစ်စေတာပါ… ဒီတော့ ပြောပြမဲ့အစား ကြည့်လိုက်တာကပိုကောင်းပါတယ်… သူက ပေါ့ပေါ့ပါးပါးနဲ့ အခန်းတိုင်းနီးပါး ရီရပါတယ်…


ကျွန်မကြိုက်တဲ့ အခန်းတွေကတော့… မင်းသား ခရီးမထွက်ခင် ဆံပင်သွားညှပ်တော့ ဆံပင်ပုံဖော်တဲ့ စကားပြောက အရမ်းရီရတယ်… ပြီးတော့ မင်းသမီး Jennifer Aniston ရဲ့ လူဆိုးတွေ မိသွားတဲ့အချိန် တိုင်ပတ်ကပြတဲ့ ကကွက်ကတော့ Bonus ပေါ့နော်… နည်းနည်းလေး အိုနေပေမဲ့ ကြည့်ကောင်းဆဲပါပဲ… နောက်ပြီး လမ်းမှာ ဟိုမိသားစုနဲ့ တစ်ညအိပ်ရတော့ ယာယီတဲထဲမှာ အထင်မှားတဲ့ကိစ္စကလဲ ဟာသက ညစ်ပတ်ပေမဲ့ ရီတော့ရီနေရတာပါပဲ… 


ကဲ ဆက်ပြောရင် မကြည့်ရသေးသူတွေအတွက် spoiler ဖြစ်နေမှာစိုးလို့ မပြောတော့ဘူးနော်… Heroine Computer Graphic ကားတွေချည်း နောက်ပိုင်းကြည့်ရတာများလာတော့ ဒီလို သာမာန်ပေါ့ပါးတဲ့ ဟာသကားလေးဟာလဲ အပြောင်းအလဲလေးတစ်ခုအနေနဲ့ နှစ်လိုဖွယ်ကောင်းပါတယ်… မကြည့်ရသေးရင် ကြည့်လိုက်ပါ…


ဒီဇာတ်ကားကို အောက်က လင့်ခ်မှာ ကြည့်လို့ရပါတယ်...
http://watch32.com/movies-online/were-the-millers-2872


Sunday, September 01, 2013

Percy Jackson: Sea of Monsters - (ဝေဖန်ရေး)


Movie Name: Percy Jackson: Sea of Monsters
Genre: fantasy-adventure
Language : English
My rating : 3.5/5

Main Cast :
Logan Lerman as Percy Jackson, the demigod son of Poseidon.
Brandon T. Jackson as Grover Underwood, Percy's best friend, a satyr.
Alexandra Daddario as Annabeth Chase, the demigod daughter of Athena and Percy's love interest.
Leven Rambin as Clarisse La Rue, the demigod daughter of Ares.
Jake Abel as Luke Castellan, the demigod son of Hermes.
Stanley Tucci as Dionysus the god of wine and director of Camp Half-Blood.
Douglas Smith as Tyson, Percy's cyclops half-brother.

ဇာတ်လမ်းအကျဉ်း

Half Blood (လူနဲ့ God တွေနဲ့ အကြောင်းပါလို့ရလာတဲ့ကလေး) တွေနေတဲ့ ရွာလေးမှာ တန်ခိုးအကြီးဆုံးနတ်ဘုရား ၃ပါးထဲက တစ်ဦးဖြစ်တဲ့ ရေနတ်ဘုရားနဲ့ လူနဲ့ရထားတဲ့ သား Percy Jackson လဲနေထိုင်တယ်။ အဲဒိရွာလေးကို သူ့နဲ့ အဖေတူ အမေကွဲ ညီအစ်ကိုတော်တဲ့ မျက်လုံးတစ်လုံးတည်း လူ့ဘီလူးအမျိုးအစား (Cyclops) တစ်ယောက်ရောက်လာတယ်။ တချိန်တည်းမှာပဲ သူတို့ရွာကို အုပ်မိုးထားတဲ့ အကာအကွယ်ပျက်စီးပြီး Luke ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်။ Luke က တစ်ချိန်မှာ Olympus တောင်ကို ဖြတ်စီးပြီး ရှေးယခင်က အရမ်းဆိုးခဲ့တဲ့ မိစ္ဆာကိုလဲ ပြန်အသက်သွင်းမယ်လို့ ချိန်းခြောက်ခဲ့တယ်။ Luke ဟာ သူတို့ရွာကို အကာအကွယ်ပေးနေတဲ့ Zeus နတ်ဘုရားရဲ့ ဆုံးပါးသွားတဲ့ သမီးတော် Thilia ရဲ့ ရုပ်ကြွင်းကနေ ပေါက်နေတဲ့ သစ်ပင်ကြီးကို အဆိပ်ခတ်ဖျက်စီးခဲ့တဲ့အတွက် ထိုသစ်ပင်ကို ပြန်လည်ကယ်တင်ဖို့ သေတဲ့ဘယ်အရာကိုမဆို ပြန်လည်ရှင်သန်အောင်လုပ်နိုင်တဲ့ ရွှေကော်ဇောကို မိစ္တာပင်လယ်ကိုဖြတ်ပြီး သွားယူဖို့လိုအပ်လာတယ်။ ရွာသူကြီးက Percy ရဲ့ ပြိုင်ဘက် Ares နတ်ဘုရားရဲ့ သမီး Clarisse ကို အဲဒိ ကိစ္စတာဝန်ပေးအပ်ခဲ့တယ်။ သို့သော် Percy နှင့် သူ့သူငယ်ချင်း ၂ယောက်ရယ်၊ သူ့ရဲ့ Cyclops အစ်ကိုရယ် ဟာလဲ သူတို့ဘာသာသူတို့ အဲဒိ ရွှေကော်ဇောကိုယူဖို့ တိတ်တိတ်လေး ထွက်ဖို့ဆုံးဖြတ်လိုက်တယ်။ ထိုသို့ မထွက်ခင်မှာပဲ Percy ကြားသိခဲ့ရတဲ့ ရှေ့ဖြစ် ဟောစတမ်းအရ တန်ခိုးကြီးနတ်ဘုရား ၃ပါးရဲ့ Half-blood ကလေးထဲက တစ်ယောက်ယောက်ဟာ Olympus တောင်ကို ကယ်ဆယ်နိုင်သည်ဖြစ်စေ ဖျက်စီးနိုင်သည်ဖြစ်စေ တစ်ခုခုဖြစ်လိမ့်မယ်ဟု ဟောပြောခဲ့တယ်။ လတ်တလော မှာ Percy တစ်ယောက်တည်းသာလျှင် ရေနတ်ဘုရားရဲ့ Half-blood သားတော်ဖြစ်တဲ့အတွက် ဒီ ဟောစတမ်းသည် သူ့ကို ရည်ညွန်းသည်ဟု မှတ်ယူခဲ့တယ်။ (စာကြွင်း Percy အစ်ကို Cyclops ဟာ ရေနတ်ဘုရားရဲ့ သားဆိုပေမဲ့ လူနဲ့မပေါင်းတဲ့အတွက် Half-blood မဟုတ်... Zeus နတ်ဘုရားရဲ့ သမီးတော် Thilia ဟာလဲ သေဆုံးပြီး အပင်ဖြစ်နေတဲ့အတွက်ကြောင့်လဲ သူလဲ မဟုတ်နိုင်ချေ)...

ဟောစတမ်းအတိုင်း Percy ဟာ Olympus တောင်ကို ကယ်ဆယ်မလား၊ ဖျက်ဆီးမလား။ ဒါမှမဟုတ် ဟောစတမ်းဟာ Percy ကို ရည်ညွန်းတာ သေချာလား။ ရွှေကော်ဇောကိုသွားယူတဲ့လမ်းတစ်လျှောက်မှာ ဘယ်လိုအခက်အခဲမျိုးတွေ၊ ဘယ်လို မိစ္ဆာမျိုးတွေနဲ့ ကြုံတွေ့ရမလာဆိုတာကို ဖန်သားပြင်ပေါ်မှာကြည့်ရှုကြပါနော်....

ဝေဖန်ရေး

Percy Jackson: The lightening thief ကို ကြိုက်ရင် ဒီဇာတ်လမ်းကိုလဲ ကြိုက်မယ်ထင်ပါတယ်။ ဒါပေမဲ့ ပထမကား Lightening thief က နည်းနည်းလေးသာတာက သူဟာ သူ့ကိုယ်သူ နတ်ဘုရားသားမှန်းမသိခဲ့တော့ ကြည့်ရတာ ပိုစိတ်ဝင်စားမှုရှိပါတယ်။ ကျွန်မ Sea of Monsters ကို သွားကြည့်တုန်းက ပထမကား Lightening Thief ကို မကြည့်ရသေးပါဘူး။ ဒါပေမဲ့ ကြည့်လို့နားလည်ပါတယ်။ သိပ်စပ်ဆက်မှု မရှိပါဘူး။ ဒီကားကို အထူးသဖြင့် ကြိုက်တာကတော့ Graphic တွေအရမ်းကောင်းပါတယ်။ ဒါပေါ့နော် ဒီလို စိတ်ကူးယဉ်ကားမျိုးကာ Graphic ဦးစားပေးကားတွေကိုးးးး။ ကြည့်နေတဲ့တစ်လျှောက်စိတ်ဝင်စားမှု ပေးပါတယ်။ လူတွေခေါ်တဲ့ ဘာမြူတာ ထရိုင်ဂယ်ဆိုတာ ဒီကားထဲမှာ တကယ်တော့ အရမ်းကြီးတဲ့ မိစ္ဆာတိရိစ္ဆာန်ကြီး တစ်ကောင်နေတဲ့နေရာပေါ့.. လာသမျှလူကို သူ့ဝမ်းထဲထည့်စားပြစ်လိုက်တယ်တဲ့။ မင်းသားတို့ အသက်ကယ်လှေလေးကို အဲဒိ အကောင်ကြီး မြိုတုန်းက ပြတဲ့ပြကွက်တွေကို ကြည့်နေတုန်းက နောက်ပိုင်း Universal Studio မှာတောင် အဲဒိ Ride ထည့်သင့်ပြီလို့ တွေးမိတယ်။ 

နောက်ပြီး အကောင်ကြီးတွေကို ဒီဇိုင်းလုပ်ရာမှာလဲ သူတို့ရဲ့ တီထွင်စဉ်းစားနိုင်စွမ်းကို အားကျတယ်။ (မဆီမဆိုင် မဗေဒါ ကျောင်းက ပရောဂျက်မှာ ကိုယ်ကြိုက်တဲ့ အကောင်တစ်ကောင်ဖန်တီးပါဆိုတာ အတော်ဦးနှောက်စားခဲ့ရတယ်)... သူတို့ လူဆိုးသဘောင်္နောက်ကို လိုက်တဲ့အခန်းမှာဆို ရေထဲက မြင်းနဲ့ ငါးနဲ့ စပ်ထားတဲ့ အကောင် ဒီဇိုင်းကို ကြည့်ပြီး ငါတစ်ခါမှ မစဉ်းစားမိပါလား။ ဒီဇိုင်းနာရဲ့ စိတ်ကူးကို မချီးကျူးပဲ မနေနိုင်ခဲ့ဘူး။ မြင်းနဲ့ငါးနဲ့ကို စပ်ထားတာများ အားလုံးက သူ့ဟာနဲ့သူ အလိုက်သင့်ပဲ။ မြင်ခေါင်းဆက်တဲ့နေရာမှာ ပါးဟပ်တွေဘာတွေနဲ့ တကယ်တော်တယ်။ မြန်မာကားတွေ သူများဆီက အိုင်ဒီယာကို ပိုစတာကအစ တိုက်ရိုက်မခိုးချပဲ ကိုယ့်ဟာနဲ့ကိုယ် လူတွေစိတ်ထဲမှာ ဟာကနဲ ဟင်ကနဲဖြစ်အောင် မလုပ်တတ်ကြဘူးလားမသိဘူး။ မြန်မာကားတွေနဲ့ ယှဉ်စဉ်းစားလေ၊ နိုင်ငံခြားကားတွေရဲ့ အသေးစိတ် ဖန်တီးမှုကို ပိုပြီး မြင်သာလေပဲ။ ဘာလို့လဲဆိုတော့ သူတို့ နိုင်ငံခြားကားမှာတောင် အချောင်ခိုပြီး Budget ကပ်စီးပြီး ရိုက်တဲ့ ကားတွေနဲ့ ယှဉ်ကြည့်ရင် ကွားခြားမှုကို သိနိုင်တယ်။

ဘာပဲပြောပြော ခုလို စိတ်ကူးယဉ် Adventure ကားတွေကြိုက်တဲ့သူတွေအတွက်တော့ Percy Jackson: The Sea of Monsters ကားလေးက ကျေနပ်မှုပေးမယ်ထင်ပါတယ်။ ကလေးတွေအတွက်လဲ ပျင်းစရာမကောင်းတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်မယ်လို့ ယုံကြည်ပါတယ်။

Thursday, August 22, 2013

Elysium - IMAX Movie Review


Movie Name: Elysium
Genre: science fiction action thriller
Language : English
My rating : 3/5

Main Cast :
Matt Damon as Max Da Costa
Jodie Foster as Secretary of Defense Jessica Delacourt
Sharlto Copley as Agent C.M. Kruger
Alice Braga as Frey Santiago
Diego Luna as Julio
Wagner Moura as Spider
William Fichtner as John Carlyle

ဇာတ်လမ်းအကျဉ်း

၂၁၅၄ ခုနှစ်မှာ လူအုပ်စု ၂စုပဲရှိတယ်… ၁စုက အရမ်းချမ်းသာလွန်းလို့ Elysium ဆိုတဲ့ ဖန်တီးထားတဲ့ ဂြိုလ်ပေါ်မှာ သီးသန့်နေတဲ့ လူနည်းစုဖြစ်တယ်။ ကျန်တဲ့ လူတွေကတော့ လူဦးရေထူထပ်ပြီး ပျက်စီးယိုယွင့်နေတဲ့ ကမ္ဘာပေါ်မှာ ဆင်းဆင်းရဲရဲနေရတဲ့ လူအုပ်စုဖြစ်တယ်။ အဲဒိလူတွေကို Elysium က ထိမ်းချုပ်ထားတဲ့ စက်ရုပ်တွေနဲ့ အုပ်ချုပ်ပြီး လုပ်အားကို မတန်တဆခိုင်းတယ်။ ဆေးပညာအရမ်းကောင်းပြီး ဘာရောဂါကိုမဆို မိနစ်ပိုင်းအတွင်းကုနိုင်တဲ့ Med pods ဆိုတဲ့ စက်ကို Elysium မှာ အိမ်တိုင်းပိုင်ပေမဲ့ ကမ္ဘာပေါ်က လူသားတွေအတွက်ကတော့ ပျက်စီးပြီး မပြည့်စုံတဲ့ ဆေးရုံပဲရှိတဲ့အတွက် ကမ္ဘာက လူတွေက Elysium ကို ခိုးသွားပြီး ဆေးကုဖို့ အမြဲအားထုတ်လေ့ရှိတယ်။ သို့သော် Elysium ရဲ့ ကာကွယ်ရေးဝန်ကြီး Jessica Delacourt က သူတို့ဆီ ချဉ်းကပ်လာသမျှ ယာဉ်တွေကို ရက်ရက်စက်စက် အမြှောက်နဲ့ပစ်သတ်ဖို့ Kruger ဆိုတဲ့ သူကို ခိုင်းစေခဲ့တယ်။ ထို့သို့ကိုင်တွယ်ပုံကို Elysium ရဲ့ သမ္မတ Patel က သဘောမတူတဲ့အတွက် Delacourt ဟာ သမ္မတကို ဖြုတ်ချပြီး သူမ အာဏာသိမ်းဖို့အတွက် Elysium ကို ထိမ်းချုပ်တဲ့ ကွန်ပြူတာပရိုဂရမ်ကို Hacked တဲ့ နောက် ပရိုဂရမ်တစ်ခုကို စက်ရုပ်တွေထုတ်တဲ့ ကုမ္ဗဏီသူဋ္ဌေး John Carlyle ကို စေခိုင်းခဲ့တယ်။
Max ဟာ အရည်အချင်းရှိသော်လည်း သူ့ဟာသူ အေးအေးဆေးဆေးသာမာန် စက်ရုံအလုပ်သမားတစ်ယောက်အဖြစ် ကမ္ဘာပေါ်မှာ ဆင်းဆင်းရဲရဲနေထိုင်တယ်။ ဒါပေမဲ့ သူဟာအလုပ်လုပ်ရင်း ရေဒီယိုသတ္တုလှိုင်းတွေထိပြီး ၅ရက်ပဲ အသက်ဆက်ရှင်ဖို့ကျန်တော့တဲ့အခါ သူ့ကို အလုပ်ထုတ်ခြင်းခံခဲ့ရတယ်။ မသေချင်တဲ့ Max ဟာ Elysium ကို အောက်လမ်းနည်းနဲ့သွားဖို့ မြေအောက်အဖွဲ့အစည်းခေါင်းဆောင် Spider နဲ့ ဆက်သွယ်ခဲ့တယ်။ အလဲအလှယ်အနေနဲ့ Spider က သူဋ္ဌေး John Carlyle ဦးနှောက်ထဲက အချက်အလက်တွေကို ခိုးယူခိုင်းတယ်။ သူမလုပ်နိုင်လောက်ဖူး သူမတတ်နိုင်ဘူးလို့ တစ်ချိန်လုံးထင်နေတဲ့ Max ဟာ အသက်ဘေးနဲ့ကြုံလာတဲ့အခါမှာတော့ ဒီလုပ်ငန်းကို လက်ခံလိုက်တယ်။ သူတို့ဝင်လုတဲ့အချိန်မှာ သူတို့ရလိုက်တာက သူဋ္ဌေးရဲ့ အချက်အလက်တွေမဟုတ်ပဲ။ Elysium system တစ်ခုလုံးကို ပြောင်းနိုင်တဲ့ ပရိုဂရမ်ဖြစ်နေတယ်။ ဒီအခါ Max အတွက် ကမ္ဘာပေါ်က လူတွေအားလုံးကို ကယ်ဖို့ တာဝန်ကျလာပြန်ပါတော့တယ်…… သူတို့ ဘယ်လိုကယ်မလဲ။ အတ္တကြီးတဲ့ လူနည်းစုကာကွယ်ရေးဝန်ကြီးချုပ်နဲ့ သူငှားထားတဲ့ လူမိုက် Kruger ကိုဘယ်လိုတိုက်ထုတ်မလဲ။ ဖန်သားပြင်မှာ ရှုစားပေါ့နော်…


ဝေဖန်ရေး

ဒီကားဟာ ဟိုးတစ်လောက ထွက်ခဲ့တဲ့ Justin Timberlake ရဲ့ In Time ဆိုတဲ့ကားနဲ့ ကျောရိုး သဘောထားချင်းတူတယ်လို့ပြောလို့ရတယ်။ သိပ်ချမ်းသာတဲ့သူတွေနဲ့ သိပ်ဆင်းရဲတဲ့ လူမျိုး ၁ရပ်ရဲ့ ကွာခြားပုံနဲ့ ဆင်းရဲသားတွေနှိပ်ကွပ်ခံရတဲ့ ဘ၀အခြေခံသဘောတူတာကိုပြောတာပါ။ ကျန်တာကတော့ ကွဲပါတယ်။ ဒီကားက In Time ထက် သွေးသံရဲရဲ နည်းနည်းပိုပါတယ်။ ဥပမာ မင်းသားကို ရေဒီယို သတ္တုကြွ ဓာတ်ငွေ့ထိပြီး လမ်းလျှောက်နိုင်အောင် သံ၀တ်စုံကြီးကို အသားနဲ့ပူးနေအောင် မူလီနဲ့ ရစ်တာတို့ ဘာတို့ပေါ့။ ဒီကားမှာဇာတ်လမ်းအခြေခံက သိပ်မရှိပေမဲ့ တိုက်ခိုက်တဲ့ Action ခန်းတွေများပါတယ်။ Visual effects တွေကို ကောင်းမွန်စွာပြုလုပ်ထားပါတယ်။ (ဥပမာ… လူဆိုးကြီးမျက်နှာပျက်စီးသွားတာကို ပြန်ကုတာတို့ဘာတို့ပေါ့)… 


နောက်ပြီး ဒီကားမှာ ပေးချင်တဲ့စကားလေးက လူတွေဟာ လူရယ်လို့ဖြစ်လာကတည်းက ကိုယ်လုပ်မှရမဲ့ တာ၀န်ဆိုတာ ကိုယ်စီရှိလာကြတာချည်းပါပဲ။ ငါမလုပ်နိုင်လောက်ပါဘူး ငါလုပ်လို့ မဖြစ်လောက်ပါဘူးလို့ထင်နေပင်မဲ့ တကယ်တမ်းတော့ တချို့အလုပ်တွေက ကိုယ်လုပ်ရင်ဖြစ်တယ်ဆိုတဲ့ သဘောလေးပြသွားတာကို သတိထားမိပါတယ်။ တစ်ခါတစ်လေ ကျွန်မတို့တွေမှာ ငါလုပ်လို့ဖြစ်ပါ့မလား၊ ဒါမျိုးက ငါမလုပ်နိုင်ပါဘူးဆိုပြီး စစ်မရောက်ခင် မျှားကုန်တတ်တဲ့ စိတ်ကြောင့် ဘာမှ စမလုပ်ဖြစ်ပါဘူး။ တကယ်တော့ ကိုယ်လုပ်ကြည့်ရင်လဲ ဖြစ်ချင်ဖြစ်နိုင်ပါသေးတယ်။ နောက်တစ်ခုက လူတွေဟာ ကိုယ့်မွေးရပ်ကို ဘယ်တော့မှ မမေ့ဖို့ သူ့အဖွားဆုံးမ စကားလေးကလဲ စိတ်ထဲတစ်ခုခုတော့ စဉ်းစားစရာဖြစ်စေပါတယ်။ 


ဒီကားဟာ တခြား နာမည်ကြီးကားတွေလောက်တော့ အသေးစိတ်စဉ်းစားရိုက်မထားဘူးလို့ခံစားရပါတယ်။ Character Development မှာလဲ ဘာလိုနေမှန်းမသိ နည်းနည်းလေးလိုနေပါတယ်။ ဥပမာ Max ရပ်ကွက်ထဲမှာ သူတစ်ယောက်ပဲအလုပ်လုပ်ပြီး ကျန်တဲ့သူတွေကျ ဘာအလုပ်မှ မလုပ်သလိုဖြစ်နေတယ်။ နောက်ပြီး သူတို့ပြတဲ့ Elysium ဆိုတဲ့ နေရာကို ကျွန်မအနေနဲ့တော့ သွားနေချင်လိုက်တာဆိုတဲ့ စိတ်မဖြစ်မိဘူး။ နေရာကျဉ်းကျဉ်းလေးမှာ စင်္ကာပူလိုမျိုး တောတောင်မရှိ ဘာမရှိနဲ့။ ပရိတ်သတ်ဖြစ်တဲ့ ကျွန်မက အသေးစိတ်ခုလိုပြောလို့ ကပ်ပြောသလိုဖြစ်ကောင်းဖြစ်မယ်… ဒါပေမဲ့ အဲဒိ သေးသေးလေးတွေက ကြည့်တဲ့ ပရိတ်သတ် အဲဒိ ဇာတ်ကားထဲကို ဘယ်လောက် ထဲထဲ၀င်၀င် ခံစားလဲဆိုတာ ဆုံးဖြတ်တယ်လို့ ထင်တယ်။ ဒီ့အတွက်ကြောင့် ဒီကားဟာ ပျင်းနေတယ် Sci-fi science fiction action တွေကားမျိုးကြည့်ချင်တယ်ဆိုရင်တော့ ကြည့်လို့ပျော်တဲ့အထဲမှာပါပင်မဲ့ အရမ်းအရမ်းကောင်းပြီး စိတ်ထဲစွဲကျန်တဲ့အထဲတော့မပါဘူး။ 


Spoiler


Spoiler ဖြစ်မှာဆိုးလို့ မပြောလိုပေမဲ့ ခုတော့ ပြောလိုက်အုံးမယ် ဇာတ်သိမ်းကို သိပ်သဘောမကျဘူး။ မင်းသားက Radiation ထိတာတောင် ဒီလောက် ဖိုက်လာနိုင်ပြီးမှ data transfer လုပ်ရင် သူသေမယ်ဆိုတဲ့ concept က ဘယ်ကရောက်လာတာလဲ။ data transfer ရုံပဲဟာ။ ပြီးတာနဲ့ ဟို Med-pods ပေါ်တင်ပြီး ကုလိုက်ပေါ့။ မျက်နှာကြီးတစ်ခုလုံးဗုံးကြောင့်ပေါက်သွားတဲ့လူဆိုးကျတော့ ဦးနှောက်မပျက်စီးလို့ဆိုပြီး ပြန်ကယ်လို့ရတယ်။ ဦးနှောက်မပျက်စီးပေမဲ့ လူသေပြီး ဘယ်နှမိနစ်နေရင်လဲမသိဘူး ဦးနှောက်လဲသေသွားတာပဲဟာ။ ပြီးတော့ အတွေးတန်းလန်းဖြစ်စေတာက Elysium ရဲ့ system ကို reboot ပြန်ချပြီး ကမ္ဘာက လူတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုလိုက်တဲ့ system ကို သွင်းလိုက်တယ်။ ဒါဆို သမ္မတက အသစ်က ဘယ်သူဖြစ်မှာလဲ။ Spider လား။ ဒါပေမဲ့ Spider ကလဲ အရင်က ပိုက်ဆံရရင် အကုန်လုပ်တဲ့ ကောင်ပဲ။ သိပ်ကောင်းတဲ့ လူမှမဟုတ်တာ။ သူအာဏာရသွားတော့ရော တစ်ချိန် အာဏာရှင်ဖြစ်ပြီး Elysium က လူတွေလိုပဲ ကိုယ့်အကျိုးအတွက် အများကို မနှိမ်တော့ဘူးဆိုတာ မဖြစ်နိုင်ဘူး။ ဒီတော့ ဇာတ်လမ်းက ကမ္ဘာက လူတွေအတွက် ဆေးပညာအကူတွေရောက်လာတယ် ဒုက္ခလွတ်သွားတယ်ပြပေမဲ့ ကျွန်မရင်ထဲတော့ ခုလို တန်းလန်းကျန်နေတဲ့ မရှင်းမရှင်းတွေကို ကျေနပ်မှုမပေးခဲ့ဘူး…


IMAX Experience


ဒီကားကို မဗေဒါက IMAX နဲ့ ကြည့်တာပါ။ IMAX ကိုပထမဆုံးစပြီး ကြည့်ဖူးတာပါ။ IMAX ဆိုတာ တကယ်တော့ ပိုကြီးတဲ့ ဖန်သားပြင်နဲ့ ပိုကြည်တဲ့ ရုပ်ပုံကို အကြီးကြီးမြင်ရတာပါ။ 3D လို မျက်မှန်တွေဘာတွေ တပ်ကြည့်စရာမလိုပါဘူး။ ဒါပေမဲ့ ကားအစပိုင်းမှာ မင်းသားလမ်းလျှောက်လာတဲ့ ဆင်းရဲသားရပ်ကွက်တစ်လျှောက် ကင်မရာကို hand held ရိုက်ကွက်မျိုးနဲ့ရိုက်ထားတော့ screen အကြီးကြီးကို အနီးကပ်မြင်ရသလိုဖြစ်ပြီး လူက မူးချင်သလိုတောင်ဖြစ်ပါတယ်။ ပုံမှန် အခန်းတွေမှာတော့ မမူးပါဘူး။ နောက်ဆုံးခန်း ကမ္ဘာပေါ်ကို ဆေးကူ ယာဉ်ကြီးဆိုက်ပြီး ယာဉ်နောက်ဖုံးတံခါးကြီးပွင့်တဲ့အခန်းမှာတော့ ကိုယ့်ရှေ့မှာ ပွင့်လာသလို တကယ်ခံစားရပါတယ်။ ဒီတော့ IMAX က တစ်ချို့ အခန်းတွေလောက်အတွက်ပဲ ကြည့်ကောင်းပြီး တော်တော်များများအခန်းတွေကတော့ သာမာန် ရုပ်ရှင်ရုံထက် Screen ပိုကြီးတာကလွဲလို့ ဘာမှ မကွာပါဘူး။ ကင်မရာတုန်ရင် ပိုလို့တောင် ခေါင်းမူးပါသေးတယ်။ မဗေဒါကတော့ ခေတ်အောက်တယ်ပဲပြောပြော 3D ရော၊ IMAX ရောကို ရိုးရိုး cinema လောက် မကြိုက်ပါဘူး… IMAX က ပေးရတော့ ရိုးရိုးထက် ၂ဆပိုပေးရပြီး ၂ဆ ထူးကဲမကောင်းဘူးလို့ပဲ ခံစားရပါတယ်…

Friday, January 18, 2013

CZ12 or Chinese Zodiac - Movie Review


Name: CZ12 or Chinese Zodiac
Cast:


Genere: Action

My rating : 4.5/5


အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ အက်ရှင်မင်းသား ဂျက်ကီချန်းကိုယ်တိုင် stunt တွေကို လူစားမထိုးပဲ သရုပ်ဆောင်တဲ့ နောက်ဆုံးကားတစ်ခုဖြစ်တဲ့ CZ12 ဇာတ်ကားလေးအကြောင်းပြောပြချင်ပါတယ်... ဒီကားဟာ ဂျက်ကီချန်းကို Guinness World Record မှာ ၂နေရာ ၀င်အောင်လုပ်ပေးလိုက်တဲ့ အမှတ်ရစေမဲ့ကားလဲဖြစ်ပါတယ်... သူဟာ သက်ရှိထင်ရှားရှိနေတဲ့ မင်းသားထဲမှာ စတန့်အများဆုံးလုပ်ခဲ့တဲ့သူတစ်ယောက် Most Stunts Performed by a Living Actor) အနေနဲ့ စာရင်းသွင်းခံရသလို့... ဇာတ်ကားတစ်ကားဖြစ်မြောက်ဖို့ ပါဝင်ဆောင်ရွက်မှု အများဆုံး သူတစ်ယောက် (Most Credits in One Movie) အဖြစ် ကမ္ဘာ့စာရင်းမှာ မှတ်သားခံရပါတယ်... 

ဇာတ်လမ်းအကျဉ်း...

ကားအစမှာ ၁၈၀၀နှစ်များအတွင်းက ဗြိတိန်လူမျိုးတွေ တရုတ်ကို ကျူးကျော်ပြီး တရုတ်ရဲ့နန်းတွင်းရတနာဖြစ်တဲ့ Chinese Zodiac အကောင် တွေရဲ့ ကြေးဦးခေါင်းတွေကိုပါယူဆောင်သွားခဲ့တာကနေ စပါတယ်... ယနေ့ခေတ်မှာတော့ အဲဒိ ကြေးသွန်းခေါင်းတွေကို လေလံပြန်တင်ပြီးရောင်းချနေခဲ့ပါတယ်... အဓိကရောင်းချတဲ့ company ကတော့ MP corporation ကပါ... Asian Hawk, JC, (ဂျက်ကီချန်း) ကို MP Corporation က ပျောက်ဆုံးနေသေးတဲ့ ကြေးဦးခေါင်းအားလုံးကို ဆက်ရှာနိုင်ရင် Bonus ၁၀ ဆပေးမယ်ဟု ခိုင်းစေခဲ့ပါတယ်... ဂျေစီ ဟာ National Geographic က သတင်းထောက် ယောင်ဟန်ဆောင်ကာ Professor Guan ကို ချဉ်းကပ်ခဲ့ပါတယ်... Professor Guan ဟာ ရှေးဟောင်းသုတေသီဖြစ်ပြီး ပညာရေးအတွက်ရည်စူးပြီး ကြေးဦးခေါင်း ၁၂ခုရဲ့ ပုံစံကို ပြုလုပ်ထားတဲ့သူပါ... အဲဒိကနေတဆင့် Professor Guan ရဲ့ ထောက်ခံမှုနဲ့ ကြေးဦးခေါင်းတွေဘယ်မှာရှိလဲ သိတဲ့ Paris က Coco ဆီကို အဆက်အသွယ်ရခဲ့ပါတယ်...

ပဲရစ်မှာ JC နဲ့ သူ့ အပေါင်းအပါတွေဖြစ်တဲ့ Simon (Kwan Sang Woo (ကိုရီးယားမင်းသား))၊ David နဲ့ Bonnie တို့ပူပေါင်းပြီး သူဋ္ဌေးကြီးတစ်ယောက်အိမ်ကနေ ပျောက်ဆုံးနေတဲ့ ကြေးဦးခေါင်း ၂လုံးနဲ့အတူ အခြားအဖိုးတန်ပစ္စည်းတွေကို ခိုးယူရရှိခဲ့ပါတယ်... အဲဒိထဲမှာ တန်ဖိုးကြီး ပန်းချီကား "The Rose" လဲပါပါတယ်... သို့သော် JC ကို ခိုးထုတ်ခိုးထည်နဲ့အတူ Coco ကမိခဲ့ပါတယ်... Coco ကို JC က သူဟာ တရုတ်နိုင်ငံရဲ့ ရတနာတွေကို ပြန်ယူပြီး နိုင်ငံကို ပြန်လှူမလို့ပါလို့ လိမ်ညာလိုက်ပြန်ပါတယ်...


သူတို့ မထင်မှတ်ပဲ Katherine ဆိုတဲ့ မိန်းမတစ်ယောက်နဲ့ အဆက်အသွယ်ရပြီး သူမရဲ့အိမ်ကို ဖိတ်ကြားခံခဲ့ရပါတယ်... သူမှရဲ့ အဘိုး က အရင်က တရုတ်ပြည်ကို ကျူးကျော်တဲ့ထဲမှာပါတဲ့ စစ်ဗိုလ်တစ်ယောက်ပါ... သူမ အဘိုးရဲ့ ရုပ်ကြွင်းကို ကူညီရှာဖွေပေးဖို့ အကူညီတောင်းခဲ့ပါတယ်... ပထမတော့ စိတ်မ၀င်စားသော်လည်း သူမအိမ်မှ ကြက်ခေါင်း ကြေးဦးခေါင်းကို လိုချင်တာရော... ကျန်ရှိနေတဲ့ ကြေးဦးခေါင်းတွေရဲ့ နေရာကို သဲလွန်စရနိုင်တာရောကြောင့် အကူညီပေးဖို့ သဘောတူလိုက်ပါတယ်...


ဒီလိုနဲ့ပဲ JC နဲ့ အဖွဲ့သားတွေရယ်... Coco ၊ Catherine တို့တွေ ရွက်လွှင့်ခဲ့ကြပြီး... လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်ရောက်သွားခဲ့ပါတယ်... အဲဒိမှာလဲ ပင်လယ်ဓားပြတွေရယ်၊ သူတို့နောက်ကိုလိုက်လာတဲ့ သူဋ္ဌေးကြီးအိမ်ကအစောင့်တွေရယ် ချရပါသေးတယ်... အဲဒိကျွန်းပေါ်မှလဲ သူတို့လိုချင်တဲ့ ကြေးဦးခေါင်း ၃လုံးရခဲ့ပါတယ်... သို့သော် နဂါးကြေးသွန်းခေါင်းက MP Corp ဆီမှာ အစကတည်းကရှိနေပြီးဖြစ်တဲ့အတွက် ကတိပြုထားတဲ့ အားလုံးရှာတွေ့ရင် Bonus 10 ဆပေးမယ်ဆိုတဲ့ စကားကြောင့် မျိုးမျိုးမြတ်မြတ် မရလိုက်ပါဘူး...


နောက်ပိုင်းမှာတော့ MP corp က Coco မောင်လေးနဲ့ သူငယ်ချင်း ၃ယောက်ကို ဖမ်းဆီးထားလို့ Coco အကူအညီတောင်းတာနဲ့ သွားရောက် ကယ်ဆယ်ဖြစ်ခဲ့ပါတယ်... Coco တို့အဖွဲ့အစည်းရဲ့ ဆန္ဒပြကန့်ကွက်မှုကြောင့် နဂါးကြေးသွန်းခေါင်းကို လေလံဝယ်မဲ့သူ တစ်ဦးမှမရှိပါဘူး... MP Corp က Coco တို့အဖွဲ့ကို ပညာပေးတဲ့အနေနဲ့ နေ့လည် ၁၂နာရီမှ မရောင်းရရင် "Let the dragon Fly" ဆိုတဲ့ mission ကိုလုပ်ရင် ကြေးဦးခေါင်းကို မီးတောင်ထဲ ပြစ်ချဖို့ လုပ်ကြပါတော့တယ်... ဒီအခါမှာပဲ JC ရဲ့ စွန့်စားခန်းထပ်စရပါတော့တယ်....


Source : http://en.wikipedia.org/wiki/CZ12

ဝေဖန်ရေး...

အက်ရှင်ကားဖြစ်တဲ့အတွက် တစ်ကားလုံးနည်းပါးပြောပြလဲ အရသာသိပ်ပျက်မယ်မထင်ပါဘူး... ဘာလို့လဲဆိုတော့ အနှစ်သာရက ဇာတ်လမ်းထက် သူတို့ရဲ့ Action နဲ့ ဟာသပေါ်မှာ မူတည်တဲ့အတွက်ပါပဲ... ဇာတ်ကားအဆုံးမှာ ပရိတ်သတ်အတွက် အံ့အားသင့်စေမဲ့ နာမည်ကြီး HK Star တော်တော်များများကို ဧည့်သည် သရုပ်ဆောင်အဖြစ်ထည့်ထားပါတယ်... ဧည့်သည်သရုပ်ဆောင်တွေပေါ်လာရင် ရုံထဲက ပရိတ်သတ်တွေက  မထင်မှတ်ထားတော့  ဟာကနဲဖြစ်ဖြစ်သွားပါတယ်... ကိုရီးယား မင်းသား Kwan Sang Woo တရုတ်လိုပြောတာကိုလဲ တွေ့ရမှာပါ... (ဒါတောင် သူစကားပြောနည်းပါတယ်)၊ ဂျက်ကီချန်းကားတွေရဲ့ တခြားသူတွေရဲ့ကားနဲ့ မတူတဲ့ထူးခြားချက်တစ်ခုရှိပါတယ်... အဲဒိထူးခြားချက်ကို မဗေဒါငယ်ငယ်ကတည်းက ခုံခုံမင်မင်ကြည့်ဖြစ်ပါတယ်... ဇာတ်ကားပြီးသွားပင်မဲ့ တစ်ယောက်မှ ရုံထဲကနေထ မထွက်သွားအောင်လုပ်နိုင်ပါတယ်... ဒါဆိုသိပြီဟုတ်?... ပိတ်ကားနောက်ကွယ်က သူစတေးခဲ့တဲ့ သူစွန့်စားခဲ့တဲ့ သွေးချွေးနဲ့ရင်းခဲ့တဲ့ အခန်းတွေကို ပြန်ပြတာပါ... မီးတောင်အခန်းကိုကြည့်တုန်းက ကွန်ပြူတာဂရက်ဖစ်နဲ့ ဖြတ်ညှက်ကပ် လုပ်တယ်ပဲထင်ခဲ့တာ... တကယ့်မီးတောင်မှာသွားရိုက်ထားတာတွေ့တော့ အံ့အားသင့်ခဲ့တယ်... အော် ဂျက်ကီချိန်းဆိုတဲ့သူကတော့ သူ့အလုပ်အပေါ်ထားတဲ့စိတ်က လေးစားလောက်ပါတယ်...

ဂျက်ကီချိန်းကို ဒီကားပြီးရင်နောက်ဘယ်တော့မှ ရုပ်ရှင်မရိုက်တော့ဘူးဆိုတဲ့ ကောလဟာလထွက်နေပါတယ်... အဲဒါမဟုတ်တဲ့အကြောင်း ဒီဇင်ဘာလက မလေးရှားနိုင်ငံရဲ့ သတင်းစာရှင်းလင်းပွဲမှာ သူကိုယ်တိုင်ခုလို ပြောခဲ့ပါတယ်...


"ဒါဟာမဟုတ်ပါဘူး... မီဒီယာတွေ အထင်မှားနေတာပါ။ ဒါဟာ ကျွန်တော့ရဲ့ နောက်ဆုံး Action ဇာတ်ကားကြီးတစ်ခုပါ။ ကျွန်တော် Action ကားတွေဆက်ရိုက်နေအုံးမှာပါ ဒါပေမဲ့ Stunts တွေကိုတော့ လျော့ချတော့မယ်... လူစားထိုးတာတို့ Special effects တို့ကိုပဲ သုံးကောင်းသုံးတော့မယ်။ ခုလောက်ကြီးတဲ့ Action ကားကိုရိုက်ပြီးရင်တော့ ကျွန်တော့ ဒိုင်လူကြီးများ (ပရိတ်သတ်များကို ရည်ညွန်းခြင်း) ခပ်သေးသေး Action ကားလောက်ပဲ ကျွန်တော်ရိုက်တော့မယ်ဆို ခွင့်လွှတ်ကြမယ်ထင်ပါတယ်.. လို့ပြောကြားသွားပါတယ်...
News source : http://my.news.yahoo.com/jackie-chan-never-quit-movies-035800048.html

ဒီတော့ ဂျက်ကီချန်းရဲ့ အနုပညာကို လေးစားတယ်ဆိုရင် အသက်သွေးချွေးနဲ့ရိုက်ထားတဲ့ သူ့ကားကို မှန်မှန်ကန်ကန် ရုံမှာသွားအားပေးလိုက်ကြဖို့ ၀န်လေးကြမယ်မထင်ပါဘူး...



သူ့ရုပ်ရှင်အတွက်ပေးခဲ့တဲ့ သွေးချွေး...


Shooting at Real Vocalno

Friday, December 14, 2012

Life Of Pi - Movie review


Name: Life of PI
Cast:
Irfan Khan as Piscine Molitor "Pi" Patel, adult
Suraj Sharma as Pi, age 16
Ayush Tandon as Pi, age 11/12
Gautam Belur as Pi, age 5

Genere: Fantasy, Adventure

My rating : 4.5/5




ဟိုတစ်လောက မထင်မှတ်ပဲ Life of PI ဆိုတဲ့ကားကို ရုံမှာသွားကြည့်ဖြစ်တယ်... ရေးမယ်ဆိုပြီး အလုပ်များနေတာနဲ့ ခုမှရေးဖြစ်တယ်... မင်းသားက India မင်းသားဆိုတော့ Bollywood ကရိုက်တာလို့ထင်ခဲ့ပင်မဲ့ ခု ပိုစ့်ရေးဖို့ ရှာကြည့်တော့ Bollywood ကရိုက်တာ မဟုတ်လောက်ဘူးထင်တယ်... အဲလိုရေးထားတာ မတွေ့ဘူး... (ထားပါတော့)
အစက ဒီကားကို သိပ်မမျှော်လင့်ထားပင်မဲ့ ဇာတ်လမ်းက ဖြစ်နိုင်တာ မဖြစ်နိုင်တာ အပထား ဆွဲဆောင်မှုရှိတဲ့အတွက် သဘောကျမိပါတယ်...

ဇာတ်လမ်းအကျဉ်းကတော့...

ပိုင် က ဟိန္ဒူ မိသားစုကပေါက်ဖွားလာတာ... စူးစမ်းလေ့လာချင်တဲ့စိတ်ရှိတယ်... ပိုင် အသက် ၁၂နှစ်မှာ ခရစ်ယာန်ဘာသာနဲ့ မွတ်စလင်ဘာသာကို သိလာတယ်... အဲဒိအခါမှာ သူဟာ ဘာသာအားလုံးကို ကိုးကွယ်တယ်... သူ့အဖေက "ဘာသာအားလုံးကို ယုံကြည်တာ... ဘယ်ဘာသာမှကို မယုံကြည်တာနဲ့ အတူတူပဲ... တကယ်တော့ ဘယ်အရာကိုမဆို ကိုယ့်အသိဥာဏ်နဲ့ ခွဲခြားဆုံးဖြတ်တာဟာ အကောင်းဆုံးပဲ" လို့ ဆုံးမခဲ့တယ်... သူတို့မိသားစုပိုင် တိရိစ္ဆာန်ဥယျာဉ်ထဲက ကျားနာမည်က ရစ်ချက်ပါကာ လို့ခေါ်တယ်... သူအရွယ်ရောက်လာတဲ့အခါ သူတို့မိသားစုရဲ့ တိရိစ္ဆာန်ရုံစီးပွားရေးက မကောင်းတဲ့အတွက် မြေကိုရောင်းပြီး တိရိစ္ဆာန်တွေကို ကနေဒါမှာရောင်းရင် အပြီးပြောင်းဖို့ ဂျပန်ကုန်ကူးသဘောင်္နဲ့ ထွက်လာတဲ့လမ်းမှာ မုန်တိုင်းမိပြီး သူ့မိသားစုနဲ့တကွ ကျန်တဲ့သူတွေအားလုံး သေသွားခဲ့တယ်... သူကတော့ ကံကောင်းထောက်မစွာ အသက်ကယ်လှေသေးသေးပေါ်မှာ ဒဏ်ရာရနေတဲ့ မြင်းကျားတစ်ကောင်နဲ့ လွတ်မြောက်လာခဲ့တယ်... ဒါပေမဲ့ လှေပေါ်မှာ ပြဿနာရှာတဲ့ နောက်အကောင်ရိုင်းတစ်ကောင်ပါလာတယ်... အဲဒါက ခွေးအ... သူက ပိုင့်ကိုရော မြင်းကျားကိုပါ ကိုက်ဖို့ကြိုးစားတယ်... ဒါပေမဲ့ ပိုင်က လှေဦးပိုင်းက မိုးကာဖျဉ်ကာထားတဲ့ ပေါ်လေးမှာနေတော့ ခွေးအက တက်လာလို့မရဖြစ်နေတယ်... မနက်ရောက်တော့ ငပျောခိုင်တွေပေါလောနဲ့ မျောလာတာက မျောက်မကြီးတစ်ကောင်... မျောက်မကြီးကိုလဲ သူ့လှေလေးပေါ်တင်လိုက်တယ်... ခွေးအက ကြိမ်ဖန်များစွာကိုက်တော့ ဒဏ်ရာရနေတဲ့ မြင်းကျားခမျာ အသက်ဆုံးသွားရှာတယ်... မြင်းကျားပြီးတော့ မျောက်ကိုကိုက်တယ်... မျောက်လဲဆုံးသွားတယ်... လှေပေါ်မှာ သောင်းကျန်းနေတဲ့ ခွေးအကို သူ စိတ်တိုနေတဲ့အချိန်မှာ သူတက်ထိုင်နေတဲ့ မိုးကားဖျဉ်အောက် အခန်းလေးထဲကနေ ရစ်ချက်ပါကာ (ကျား) ထွက်လာပြီး ခွေးအ ကိုကိုက်လိုက်ပါတယ်... ရစ်ချက်ပါကာ က ပိုင့်ကိုလဲ ကိုက်ဖို့ကြိုးစားပင်မဲ့ လက်သည်းတွေနဲ့ ရွက်ဖျဉ်နဲ့ ညှိတာရော လျောလျောကျတာရောကြောင့် ပိုင့်နားမလာနိုင်ဘူး... နောက်ဆုံး အသက်ကယ်လှေ သေးသေးလေးပေါ်မှာ ပိုင်နဲ့ ရစ်ချက်ပါကာ(ကျား)နဲ့ ၂ယောက်ပဲ ၁နှစ်ကျော်ကျော် ဘယ်လို ၂ပါးသွားကြသလဲဆိုတာ စိတ်ဝင်စားဖွယ် ဖန်သားပြင်ပေါ်မှာ ဆက်လက်ရှုစားကြပါ...

ဝေဖန်ရေး

ကားအစမှာ God ဆိုတာ ဘာလဲဆိုတဲ့ သဘောမျိုးနဲ့ အစချီထားတော့ ဘာသာရေးကားလို့ထင်ခဲ့တာ... သူငယ်ချင်းက ဆွဲခေါ်လို့ လိုက်ကြည့်တာဆိုတော့ အဲဒိကား ဘာကားမှန်းကို သေချာမသိခဲ့တာ... ကားရဲ့ နောက်ဆုံးမှာ ပေးချင်တဲ့ သင်ခန်းစာက ကိုယ်ဒုက္ခရောက်တဲ့အချိန် ကိုယ်ကလွဲလို့ ဘယ် God မှ မကယ်နိုင်ဘူး... အရာရာ မိမိဘာသာ စဉ်းစားဆင်ခြင်ပြီးပဲ လုပ်မှရတယ်လို့ ပြောချင်တဲ့သဘောလို့ ထင်တယ်... ဒါဆိုရင်တော့ ပိုင်ဟာ အဆုံးမှာ ဗုဒ္ဓဘာသာအယူဖြစ်သွားတယ်လို့ ကျွန်မယူဆရင် ကျွန်မဘက်လိုက်ပြောတဲ့ပုံများပေါက်နေမလားတော့ မသိ... ဒါပေမဲ့ ကျွန်မကတော့ ဒီလိုပဲယူဆပါတယ်... (ကြိုက်သလို သဘောထားကွဲလွဲနိုင်ပါတယ်)... သူက ဗုဒ္ဓဘာသာနဲ့ မထိတွေ့ခဲ့ရလို့ ဘယ်အရာမဆို ကိုယ့်ဥာဏ်နဲ့ ဆင်ခြင်ဆုံးဖြတ်ပြီးမှ ယုံပါဆိုတဲ့ အယူဟာ ဗုဒ္ဓဘာသာမှန်း မသိခဲ့တာဖြစ်မယ်... 
ဘာသာရေးကတော့ ထားပါတော့... ကျွန်မ အမြင်နဲ့ ကျွန်မ ယူလိုက်တာပဲ...

ဇာတ်လမ်းအရလဲ မပျင်းပါဘူး... ဖြစ်နိုင်တာ မဖြစ်နိုင်တာဘေးချိတ်ထားအုံး Entertaining တော့ ဖြစ်ပါတယ်... Graphic တွေလဲ အတော်လေးကောင်းတော့ ကျားနဲ့ အခန်းတွေမှာလဲ သိပ်ပြီး သိသိသာသာကြီးမဆိုးဘူး... အားလုံးကောင်းတယ်... ကားဆုံးခါနီးလောက်မှာ သူနဲ့ ကျား သူ့စည်း ကိုယ့်စည်းနဲ့ လေ့ကျင့်ဆက်သွယ်ပြီး အေးအေးလူလူ နေလို့ရသွားတာကြည့်ပြီး မြန်မာပြည်က သူတို့ကိုယ်သူတို့ အမည်ခံ ရိုဟင်ဂျာတွေကို ကျားလောက်တောင် အတူနေထိုင်လို့ မရတဲ့ဟာတွေလို့ သွားသတိရမိသေးတယ်... 

ဘယ်လိုပဲပြောပြော Life of Pi ဆိုတဲ့ကားလေးက သင်အချိန်ပေးရကြိုးနပ်တဲ့ ကားကောင်းလေးတစ်ကားပါပဲ...