ကျွေးမွေးသုတ်သင်၊ သက်ဆုံးပင်
ချစ်ခင်ရှာပေ၊ တို့မေမေ။
ငယ်စဉ်ကာလ၊ စည်းကမ်းပြ
ဆုံးမခဲ့ပေ၊ တို့မေမေ။
အရွယ်ရောက်လာ၊ ကျောင်းအပ်ကာ
ပညာပေးပေ၊ တို့မေမေ။
ကျန်းမာဖို့ရေး၊ သင့်ရာကျွေး
လေးစားအပ်ပေ၊ တို့မေမေ။
ဝတ်စားဆင်ယင်၊ မြတ်နိုးကြင်
ချစ်ခင်အပ်ပေ၊ တို့မေမေ။
A mother is she who can take the place of all others but whose place no one else can take. -Cardinal Mermillod
အမေဆိုတာ ကျန်တဲ့အရာတွေ အားလုံးနေရာဝင်ယူနိုင်တယ်…. ဒါပေမဲ့ ကျန်တဲ့ဘယ်အရာမှ အမေ့နေရာကို ၀င်မယူနိုင်ဘူးဆိုတဲ့ စာသားလေးက မေမေ့မွေးနေ့အတွက် ပိုစ့်ရေးဖို့ inspiration လိုက်ယူနေတဲ့ ကျွန်မအတွက်တော့ ကျွန်မ စိတ်ကို အထိမိဆုံးစကားလေးတစ်ခွန်းပါပဲ…
အပေါ်က တို့မေမေ ကဗျာထဲက အချက်တွေနဲ့ အားလုံးနဲ့ ကျွန်မမေမေ ညီတယ်ဆိုတာကတော့ အထူးတလည်ပင် ပြောနေစရာမလိုတော့ပါဘူး…
ဒါလောက်များ ပျင်းသေး… ဒိထက်တောင် ပိုသေးလို့ပဲ ပြောလိုက်ချင်ပါတော့တယ်…
အပေါင်းအသင်း သူငယ်ချင်းတွေ ဘယ်လောက်ကောင်းကောင်း ကိုယ်လိုအပ်ချိန်မှာ အမြဲတမ်း အဖော်ရှိနေတတ်တာ ကျွန်မ မေမေပါ…
နှလုံးသားရေးရာ ကိစ္စတွေ အဆင်မပြေချိန်မှာ ကိုယ်စကားတစ်ခွန်းမှ မပြောပင်မဲ့ နားလည်ပေးနိုင်တာ ကျွန်မမေမေပါ…
သမီးတွေနဲ့ အဖေနဲ့ အကြိုက် အမြင်မတူတာတွေကြားမှာ ညှိနှိုင်းပေးနေတတ်တာ ကျွန်မမေမေပါ…
ဘုရားသိပ်မရှိခိုးဖြစ်တဲ့ ကျွန်မတို့အတွက် အရေးကြီးတဲ့ ရက်တွေမှာ လိုအပ်တဲ့ ရတြာတွေနဲ့ ကျွန်မတို့တစ်ယောက်ချင်းစီအတွက် မမောနိုင်မပန်းနိုင် ဆုတောင်းပေးတတ်တာ ကျွန်မတို့မေမေပါ…
ကျွန်မတို့ သမီးတစ်ယောက်ချင်းဆီရဲ့ အကြိုက်နဲ့ အညီ လိုက်ဖက်အောင် ဟင်းစီစဉ်တတ်တာ ကျွန်မမေမေပါ…
ညီအစ်မလို တိုင်ပင်နိုင်ပြီး ရီစရာတွေပြောလို့ရတာ ကျွန်မတို့မေမေပါ…
အသုတ်အစုံ ရှယ်ကောင်းတာ ကျွန်မတို့ မေမေပါ…
အိမ်မှာ အလုပ်များနေလို့ တစ်ယောက်နဲ့တစ်ယောက်မတွေ့ဖြစ်ရင်တောင် အိမ်သားတွေအချင်းချင်းအကြောင်း update ဖြစ်နိုင်တာ ကျွန်မတို့ အိမ်ရဲ့ အင်ထရာနက် မေမေရှိလို့ပါ…
စာဖတ်ရမှာ ပျင်းသော်လည်း (ကျွန်မနဲ့ တူတာ) ကျွန်မရေးသမျှ (မဖြစ်လောက်တဲ့) စာများကို Die hard fan အဖြစ် မှန်မှန်ဖတ်အားပေးတတ်တာ မေမေပါ…
အချိုအစိမ့်တွေ အချိုရည်တွေ မတည့်လို့ မစားပါနဲ့ လို့ အတန်တန်တားသော်လည်း သနားစရာမျက်နှာနှင့်တစ်မျိုး ကျွန်မတို့ မသိလိုက်ချိန်တမျိုး ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်စား၍တစ်မျိုး ပြောလို့မရတာလဲ ကျွန်မတို့ မေမေပါ…
ပြောရမယ်ဆိုရင် ပြောမကုန်နိုင်ဖြစ်နေမှာစိုးလို့ အချုပ် တင်စားရရင် အိမ်မှာ ပျင်းခြောက်ခြောက်မဖြစ်စေပဲ eventful ဖြစ်နေနိုင်တဲ့ မေမေ့ကို အိမ်ရဲ့ ဆည်းလည်းလို့ချစ်စနိုးနဲ့ တစ်ဖန်ပြန်တင်စားချင်ပါတော့တယ်…
ဒီပိုစ့်လေးနဲ့အတူ မေမေ့မွေးနေ့အတွက် ဆုတောင်းပေးချင်တာကတော့ မေမေ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းသာသာနဲ့ ဒီလင် ဒီသမီးတွေနဲ့ အသက်ရာကျော်ရှည်နေနိုင်ပါစေ… မြေးတွေ ခုချက်ချင်း ဘယ်သမီးကမှ မပေးနိုင်သေးလို့ ကျန်းမာရေးကို အထူးသတိပြုလိုက်စားဖို့ ရှောင်သင့်တာရှောင်ပြီး ဆောင်သင့်တာဆောင်ဖို့ မှာချင်ပါတယ်...
မေမေ့ မွေးနေ့အတွက် ဘာလက်ဆောင် ပေးရင်ကောင်းမလဲ စဉ်းစားရင်း ကျွန်မတို့ကိုယ်တိုင် ကိတ်မုန့်ကို decoration ဆင်လို့ရတဲ့ ဆိုင်လေးကနေ ဒုတိယအသေးဆုံး ကိတ်မုန့် ၆လက်မအကျယ်ကိတ်မုန့်လေးကို ၀ယ်ပြီး surprise လုပ်ခဲ့တယ်... ကိုယ်တိုင် ပုံဖော်တော့ သိပ်တော့မလှဘူး... ဒါပေမဲ့ လုပ်ဆောင်ချက်သာ အဓိကပဲလေ... ပြီးတော့ မေမေ့ မွေးနေ့အတွက် ဗွီဒီယိုလေး လုပ်ပေးဖြစ်တယ်... ဗွီဒီယို ကြည့်လို့မရင် ကိတ်မုန့်ကို ဓာတ်ပုံကြည့်သွားနော်... (ခု ရေးနေတဲ့ အချိန်မှာ ဗွီဒီယိုက upload လုပ်တုန်း) ပြီးရင်တင်မယ်...
Monday, November 14, 2011
Friday, November 04, 2011
ထူးခြားတဲ့ သြစီပြန်လက်ဆောင်...
သိပြီးသားလူတွေအတွက်ကတော့ ထူးချင်မှထူးမယ်... မဗေဒါကတော့ တစ်ခါမှ မတွေ့ဖူးလို့ ထူးခြားတယ်လို့ပြောတာ... ဟိုရက်က အလုပ်က လုပ်ဖော်ကိုင်ဖက်တစ်ယောက် သြစတေးလျသွားပြီး အပြန်မှာ အားလုံးစားဖို့ ထူးခြားတဲ့ အသားတွေကို လက်ဆောင်အဖြစ်ဝယ်လာပါတယ်... ကျွန်မ တစ်သက်နဲ့တစ်ကိုယ်မှာ ဒီအသားတွေဟာ စားလို့သင့်တဲ့အရာလို့ မထင်ခဲ့ပါဘူး... ဒါတွေကတော့ သားပိုက်ကောင်သား၊ မိချောင်သား နဲ့ Emu (မြန်မာလို အဲငှက်ကို ဘယ်လိုခေါ်လဲ မသိပါ)လို့ခေါ်တဲ့ သြစတေးလျက ငှက်တစ်မျိုးရဲ့ အဆင်သင့်စားဖို့ထုတ်ပိုးထားတဲ့ အသားခြောက်တွေပါ...
အစကတော့ အထုတ်တွေကိုကြည့်ပြီး မယုံသေးပါဘူး... အဖုံးပေါ်က မိချောင်းပုံကို မျက်လုံးနဲ့ တပ်အပ်မြင်တာတောင် အထဲက မိချောင်းသားမဟုတ်လောက်ပါဘူး... အထူးအဆန်းလုပ်ထားပင်မဲ့ အထဲက တစ်ခြားဟာဖြစ်မှာပါလို့ ထင်ခဲ့တယ်... သေချာအောင် နောက်က ပါဝင်ပစ္စည်းကို စစ်လိုက်တော့ မိချောင်းသား၊ သားပိုက်ကောင်သား၊ Emu သားဆိုပြီးတော့ကို ရေးထားတာ လန့်သွားတာပဲ...
ဂျပန်တွေကတော့ စားကြတယ်... စလုံးတွေနဲ့ ကျွန်မကတော့ မစားရဲပါဘူး... သူတို့စားတာကို ကိုယ်က ကြောက်တယ်ပြောတော့ သူတို့က သိပ်မကြိုက်ချင်ဘူး... စားကြည့်ပါ... မိချောင်းသားက အရမ်းကောင်းတယ်ပြောကြတယ်... ကိုယ်ကလဲ အသစ်ဆိုတော့ အထက်ကလူတွေနဲ့လဲ တည့်အောင် နေရမယ်လေ... ပြီးတော့ ကျွန်မက အရာရာ(ဆူရှီးတို့ ဆာရှီမီးတို့ smoke salmon တို့ လဲ လုံးဝမကြိုက်) အတော်လေး ဂျေးများဆိုတော့ မစားကြည့်ပဲနဲ့ မကြိုက်ဘူးပြောလို့မကောင်းဘူးလေ... ဒါနဲ့ ဟန်ဆောင်ပန်းဆောင် Emu အသားလေး သေးသေးတစ်ဖဲ့စားကြည့်တယ်... ကိုယ့်စိတ်ပဲ မသတီလို့လားမသိဘူး နဲနဲလေးညှီတယ်... ကိုယ့်ကို အဲဒိပုံမပြပဲ ဆပ်သားခြောက်လို့ပြောကျွေးရင်တော့ စားနိုင်ချင်စားနိုင်မယ်... ဒါပေမဲ့ ယူလိုက်တဲ့ အသေးဆုံး တစ်ဖဲ့တောင် မကုန်နိုင်လို့ ခပ်တည်တည် Pantry ထဲသွားပြီး သူတို့မမြင်အောင် လွှတ်ပြစ်လိုက်ရတယ်... ပြီးတော့ ရေတွေအများကြီးသောက်ချလိုက်တယ်...
နောက် နေ့ကျတော့ သူတို့က မိချောင်းသားထုတ်ကို ဖောက်ပြီးစားနေပြန်ရော... ပြီးတော့ အားလုံးက မိချောင်းသားက အကောင်းဆုံးပဲလို့ပြောတယ်... ကျွန်မလဲ မစားရဲတော့လို့ မစားတော့ဘူး... ဒါပေမဲ့ အားလုံးက စမ်းစားကြည့်ပါ... Emu သားထက်ကောင်းတယ် ဘာညာနဲ့ သူတို့လဲစားရင် ၀ိုင်းပြောကြပြန်ရော... ဒါနဲ့ ဒီတစ်ခေါက်တော့ အရင်တစ်ခေါက်ကထက် သေးတဲ့ အပိုင်း သေးသေးလေးကိုပဲလက်သည်းလေးနဲ့ စိတ်ပြီး စားကြည့်တော့... အမလေး... ညှီလိုက်တာ... ရေသတ္တ၀ါဆိုတော့ ရေနဲ့ညှီတာပေါ့... ကျွန်မက အစကတည်းက ငါးတို့ ပုဇွန်တို့တောင် အနံ့နည်းနည်းလေးကျန်တာနဲ့ မစားနိုင်တာ... ကျွန်မအတွက်တော့ တော်တော်လေး ညှီတယ်လို့ခံစားရတယ်... ဒါပေမဲ့ ငါးကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့ သိပ်ညှီမယ်မထင်ပါဘူး... ကျွန်မလဲ ဘယ်လိုမှ ဟန်မဆောင်နိုင်တော့ပဲ ကိုယ့် စားပွဲဘေးက အမှိုက်ပုံးထဲကို ထွေးချလိုက်မိရော... ရေတွေသောက်ချလိုက်တယ်... စိတ်ထဲ မသန့်လို့ မျက်ရည်တောင်ဝဲချင်ချင် မနည်းပြန်ထိန်းရတယ်... ဒါလေး ကျွေးတာ ဖြစ်နေလိုက်တာလို့ ထင်ကြမှာစိုးလို့...
နောက်နေ့ကျတော့ သားပိုက်ကောင်သားထုတ်ကို ဖောက်ကြရော... ဒီတစ်ခါကျတော့ ၀ယ်လာတဲ့သူ ကိုယ်တိုင်က အနံ့နမ်းကြည့်ပြီး ဒီအသားက အနံ့ရှိတယ်တဲ့... ဒီကတည်းက ကျွန်မဒီနေ့တော့ လာမကျွေးနဲ့ လုံးဝမစားတော့ဘူးလို့ ပြင်လိုက်ပြီ... သူတို့လို့ လူအတွက်တောင် အနံ့ရှိတယ်ဆိုတော့ ကျွန်မအတွက်ဆိုရင်တော့ သေလောက်မယ်... ဘလောက်မှာရေးချင်လို့ အနံ့သွားရှုကြည့်တော့ အခြောက်မို့ပေပဲ... အသားစိမ်းအနံ့... ဈေးသွားလို့ သားသတ်ရုံတန်းရောက်ရင် အဲဒိမှာ ချိတ်ထားတဲ့ အသားစိမ်းတွေ အနံ့ကို သိလားတော့ မသိဘူး.... အဲဒိလို အနံ့မျိုး... မဗေဒါကိုတော့ စားကြည့်ပါလားလို့ သူတို့ မကျွေးတော့ပါဘူး... ဒီတစ်ခါကျွေးရင် ရုံးမှာ အန်ချမိလိမ့်မယ်ထင်တယ်...
ခုတော့ အဲဒိအသား ၃မျိုးမှာ မိချောင်းသားကတော့ ကုန်လုနီးပါးပဲ... သားပိုက်ကောင်သားက အများဆုံးကျန်တယ်... အဲဒိအထုတ်တွေကြည့်ပြီး ဘာကြောင့်မှန်းတော့ မသိဘူး ကျွန်မကတော့ သက်ပြင်းပဲချမိနေတယ်... နောက်ဆို ကျားသားတို့ ခြင်္သေ့သားတို့ ဆင်သားတို့ပါ လူတွေစားတော့မလားမသိဘူး... ဘုရားတားထားတဲ့ မစားအပ်တဲ့ အသား ဘယ်နှစ်မျိုးလဲ မသိဘူးရှိတယ်... အဲဒါပြန်ရှာရမှာ ပျင်းတာနဲ့ ဒီမှာပဲ မေးလိုက်တော့မယ်... သိရင် မဗေဒါကို သင်ပြသွားကြပါအုံး... ဆရာတင်တယ်နော့်...
![]() |
| Emu ငှက် |

Wednesday, November 02, 2011
Cute and nice idea for photoshoot in bed
ဘယ်အရာမဆို အိုင်ဒီယာကောင်းဖို့က အရေးကြီးပါတယ်... တချို့အရာလေးတွေကို ကိုယ်ဘယ်လောက်စဉ်းစား စဉ်းစား ဘယ်လို အကုန်ကျခံထား ခံထား နောက်ဆုံးကျရင် အိုင်ဒီယာကောင်းတဲ့သူကပဲ ကုန်ကျစရိတ်နည်းနည်းနဲ့ပဲရိုက်အုံး လူကြိုက်ပိုများတတ်ကြပါတယ်... မဗေဒါလဲ ကျောင်းက ဓာတ်ပုံ assignment တွေလုပ်မှ ကိုယ်တော်တော် အိုင်ဒီယာမထွက်လို့ အတော်လေးစိတ်ပျက်ရပါတယ်... တစ်ခါတစ်လေ အွန်လိုင်းမှာ references တွေရှာကြည့်ရင် သူများတွေလုပ်ထားတွေတွေ့မှ အော် ဒါလေးက ဒီလိုလုပ်ရင် လွယ်လွယ်လေးပဲဆိုပြီး ဖြစ်ရတဲ့အခါတိုင်း "ဒါကိုဘာလို့ ငါ့ဘာသာငါမသိပဲ သူများလုပ်တာကြည့်ပြီးမှ နားလည်တာလဲ" ဆိုပြီး မခံချိ မခံသာနဲ့ ကိုယ့်ကိုကိုယ် စိတ်ပျက်ရပါတယ်...
ပရိုဂရမ်းမင်း ဘာသာကို မဗေဒါ အရင်က လက်လျှော့လိုက်တဲ့ အထဲမှာ အဲဒိပြဿနာကြောင့်လဲပါပါတယ်... ကိုယ့်ဘာကိုယ်ရေးဆိုရင် concept တွေ command တွေ အားလုံးသိပါရဲ့ ဘယ်က စရေးရမှန်းကို မသိဘူး... သူများရေးပြီးသွားရင်တော့ ဖတ်ကြည့်ရင် နားလည်တယ်... စိတ်ဓာတ်ကို ကျရော... မဗေဒါလို ခံစားဖူးတဲ့သူရှိကြလားတော့ မသိဘူး... ဒါပေမဲ့ ပရိုဂရမ်းမင်းကို ကြိုက်တဲ့သူတွေကျတော့လဲ အဲလို ထိုင်စဉ်းစားနေရင်း အဖြေကို နည်းအမျိုးမျိုးနဲ့ကြိုးစားရတာကို ကြိုက်တာတဲ့... အင်းပေါ့လေ... အဖြေရသွားရင်တော့ အရမ်းကို ပျော်ရတာသိပါတယ်... မဗေဒါမှာ ပါရမီမပါလို့လားတော့ မသိပါဘူး... ကျောင်းမှာ နောက် semester ကျရင် C++ ယူရတော့မယ်... ညစ်တယ်... ဆီပရိုဂရမ်းမင်း တတ်တဲ့သူတွေရှိရင် ဆရာတင်ပါတယ်နော်... ကူညီကြပါ...
ကဲ... ပြောချင်တာကတခြား ရောက်သွားတာက ပရိုဂရမ်းမင်းအကြောင်း... လိုရင်းကို ပြန်ဆွဲရရင်... ဒီနေ့ အင်တာနက်မှာ ဟိုကြည့်ဒီကြည့်နဲ့ ကောင်မလေးတစ်ယောက် ရှိတဲ့ ခန်းတွင်းပစ္စည်းတွေနဲ့ပဲ တန်ဆာဆင်ပြီး အိပ်ယာပေါ်မှာ အိုက်တင်အမျိုးမျိုးနဲ့ ရိုက်ထားတာလေးက စိတ်ဝင်စားစရာကောင်းနေလို့ပါ... ပြီးတော့ အိုင်ဒီယာလေးကောင်းလိုက်တာဆိုပြီး သဘောကျလို့ အားလုံးကြည့်ရအောင် ဝေမျှလိုက်ပါတယ်...

Monday, October 31, 2011
ဂျင် ကစားမလို့ (သို့) စကာင်္ပူရောက် အလွဲများ ၁၁
ကျွန်မ ဖေဖေက သားသမီးတွေနဲ့ ပျော်ပျေုာ်ပါးပါးနေတတ်ပြီး အလိုလိုက်တဲ့ အခါတွေရှိသလို သူပြင်းပြင်းထန်ထန်တားမြစ်ထားတဲ့ အရာတွေလဲ ရှိပါတယ်... ဥပမာ ဖဲရိုက်ခြင်း လောင်းကစားလုပ်ခြင်း အရက်သေစာ ဘီယာသောက်ခြင်း နဲ့ ငယ်ငယ်ကဆိုရင် အချစ်ဝတ္တုဖတ်ခြင်းစတာတွေပါ... အချစ်ဝတ္တုဆိုတာကို မဗေဒါ အစအဆုံး မနေ့တနေ့ကမှ ဖတ်ဖူးတာပါ... ဒါကြောင့် မဗေဒါကို အချစ်ဝတ္တုနဲ့ပတ်သတ်လို့ လာပြောရင် ဘာမှမသိသလို စာဖတ်လဲ နှေးလှပါတယ်... ငယ်ငယ်က ရှားလော့ဟုမ်းတို့ ရွှေဥဒေါင်းတို့တော့ဖတ်ပါတယ်... အချစ်ဝတ္တုတွေဖတ်ပြီး အတုယူမှား စိတ်ကစားမှာစိုးရိမ်လို့ပါတဲ့... ဒါပေမဲ့ ခုလိုရင့်ကျက်လာတဲ့အရွယ်မှာတော့ အချစ်ဝတ္တုဖတ်ခြင်းကို မတားမြစ်တော့ပါဘူး...
သို့သော် အရက်သေစာ ဘီယာ မူးယစ်စေတဲ့အရာမှန်သမျှ သောက်သုံးခြင်းနဲ့ ဖဲရိုက်ခြင်း လောင်းကစားခြင်းကိုတော့ ပြင်းပြင်းထန်ထန်တားမြစ်ထားပါသေးတယ်... ဥပမာဆိုရင် ခုခေတ်ကြီးမှာ မိန်းကလေးတွေ ဘီယာ အရက်သောက်တာနဲ့ပတ်သတ်လို့ ကျွန်မအနေနဲ့ ကိုယ့်တာဝန်ကိုယ်ယူနိုင်လို့ သောက်ကြတာကို ဘာမှ အပြစ်ပြောစရာမရှိဘူးလို့ အိမ်မှာပြောမိတာတောင်... ဖေဖေက ကျွန်မက ကိုရီးယားကား ဂျပန်ကားတွေကြည့်ပြီး မိန်းမအရက်သောက်တာကို အတုယူချင်လို့ သွေးထိုးဆန်းပြီး ပြောတယ်လို့ ထင်လိုထင်... ဒါနဲ့ ပတ်သတ်ရင် အဲဒီလောက် စပ်စပ်ထိမခံဘူး... ကျွန်မလို အသက်အရွယ်ရောက်နေသူအတွက် အရက် ဘီယာကို မိဘတားမြစ်ထားလို့ မသောက်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး... ဘယ်ကမှလဲ အတုယူတာမဟုတ်ပါဘူး... တကယ်လို့ ကျွန်မသောက်ချင်စိတ်ရှိရင် ကိုယ့်လုပ်တာကို ကိုယ်တာဝန်ယူနိုင်ရင် သောက်ချင်သောက်မှာပါပဲ... သို့သော် ၁ အချက်က ဘာသာရေးအရတွေးလဲ ဘုရားကတောင်တားမြစ်ထားတဲ့အရာ အဲဒါသောက်မှ ပျော်ရရွှင်ရတယ်ဆိုတာကို လက်မခံပါဘူး... နောက်တစ်ချက်က ဒီလောက် ခါးတူးနံစော်နေတဲ့ အရည်တွေကို Coke တို့ Sprite တို့တောင် မသောက်နိုင်တဲ့ ကျွန်မက ဘယ့်နှယ့်လာ သောက်နိုင်မတုံး... ကိုယ်ကိုတိုင်ကိုက မကြိုက်လို့ မသောက်ဖြစ်ပါဘူး... ဒိအတွက် ဘယ်အပေါင်းအသင်း သူငယ်ချင်းမှကလဲ "ဒီအရွယ်ထိ အိမ်ကြောက်တုန်း" တို့ဘာတို့နဲမြှောက်ပင့်ပေးလို့ မရပါဘူး... သူငယ်ချင်းတွေထဲမှာ သောက်နေတဲ့သူတွေရှိလဲ ကျွန်မကတော့ အထင်သေးခြင်း ရှုံ့ချခြင်းရှိမှာ မဟုတ်ပါဘူး... အားလုံး ကိုယ့်တာဝန်ကိုယ်ယူနိုင်တဲ့ လူကြီးတွေပဲ...
ထိုနည်းလည်းကောင်းပါပဲ... အိမ်မှာ ကလေးကစားစရာ ကဒ်ဂိမ်းလေးတွေနဲ့ ကစားရင်တောင် တစ်ချို့ ဂိမ်းလေးတွေက ဖဲနဲ့ ကစားပုံခြင်းတူတယ်လို့ ဆိုပြီး တစ်ခါတစ်လေ စိတ်တိုင်းမကျတတ်ပြန်ပါဘူး... သို့သော် မဆော့ရဟုတော့မတားပါ... ဖဲဆိုလျှင်လဲ ဖဲထုတ်ကိုသာ မြင်ဖူးပြီး ဖဲရိုက်နည်းဆို၍ ယခုချိန်ထိ တစ်နည်းမျှပင်မတတ်ပါလေ... ထိုသို့သော ကျွန်မနှင့် ကျွန်မ၏ဖေဖေတို့ ၁ရက် လွဲကြပုံကတော့ဖြင့်....
ကျွန်မဟာ အလုပ်ပြီးရင် တစ်ခါတစ်လေ အလုပ်က Gym မှာ အားကစားသွားလုပ်လေ့ရှိပါတယ်... အဲလိုလုပ်မယ်ဆို အိမ်ပြန်နောက်ကျတတ်တော့ အိမ်ကို အလုပ်မသွားခင်ကြိုပြောသွားပါတယ်... ပုံမှန်ဆိုရင်တော့ ကျွန်မက "အလုပ်ပြီးရင် အားကစားလုပ်မလို့ နောက်ကျမယ်" လို့ပဲ ပြောလေ့ရှိလား... "အလုပ်ပြီးရင် Gym သွားကစားမယ်" လို့ပဲ ပြောလေ့ရှိလား ကျွန်မလဲ သတိမထားမိပါဘူး... များသောအားဖြင့်တော့ မေမေ့ကိုပဲ ပြောသွားလေ့ရှိတယ်ထင်ပါတယ်...
၁ရက်တော့ ကျွန်မက အလုပ်သွားဖို့ ပြင်ဆင်ရင်း ဖေဖေက ဧည့်ခန်းမှာထမင်းစားနေတာတွေ့တော့ "သမီး အလုပ်ပြီးရင် အလုပ်ကလူတွေနဲ့ ဂျင်သွားကစားမယ်" လို့ ခါတိုင်းလိုပဲ ပြောလိုက်ပါတယ်...
အဲဒါကိုလဲ ကြားရော ကျွန်မဖေဖေက ဒေါသအမြတ်ထွက်နေတဲ့ မျက်လုံးတွေနဲ့ လေသံကလဲ မာပြီး ကျွန်မကို ပြန်ပြောတယ်... "ဘာပြောတယ်! ဘာသွားကစားမယ်?!"
ကျွန်မကလဲ အစထဲက အသံက ကျယ်ကျယ် ပြီးတော့ ကိုယ့်အဖေက ကိုယ်လဲ ဘာမှအမှားမလုပ်ပဲနဲ့ အသားလွတ်ကြီး လာအော်တော့ နည်းနည်းလေးတင်းသွားပြီး...
"ဂျင်သွားကစားမယ် ပြောတာလေ... ဘာဖြစ်လို့လဲ" လို့ခပ်စပ်စပ်မေးမိတာပေါ့... ကျွန်မစိတ်ထဲ ဖေဖေ ဘယ်ကိစ္စနဲ့ ကျွန်မကို အမြင်မကြည်ဖြစ်နေလဲလို့ပဲထင်တာပေါ့...
ဖေဖေက ပိုဒေါသထွက်လာပြီး ထမင်းပန်းကန်တွေပါတွေ စားပွဲပေါ်တင်ပြီး "ဘာပြောတယ်?!" ဆိုပြီး အခြေတင်ဖြစ်ခါနည်း ဆဲဆဲမှ မေမေက နောက်ဖေးကထွက်လာပြီး ကျွန်မတို့ရဲ့ ပြဿနာအလုံးစုံကို ဖြေရှင်းပေးလိုက်ပါတော့တယ်...
"မဟုတ်ဘူး... သူက အလုပ်ပြီးရင် အားကစားသွားလုပ်မယ်ပြောတာ... လောင်းကစား လေးကောင်ဂျင်တို့ဘာတို့ သွားကစားမှာ မဟုတ်ဘူး..."
ကျွန်မဘက်ကိုလှည့်ကာ "နင့်အဖေက Gym ဆိုတာကို လေးကောင်ဂျင်တို့ဘာတို့ စတဲ့ လောင်းကစားသွား ကစားမယ်ထင်နေတာ" လို့ ဖြေရှင်းလိုက်မှပဲ ကျွန်မလဲ ရယ်မိပါတော့တယ်... နောက်မို့ဆို Gym ကစားမယ်ပြောမိလို့ အရိုက်ခံရမဲ့ အပေါက် လွဲချက်က...
ဒိထက်ရီရတာရှိသေးတယ်... ဖေဖေက မေမေ့ကို မင်းက ဘယ်လိုသိလဲလို့မေးတော့... ကျွန်မမေမေက သူ့ရဲ့ Story ကို ပြောပြတော့ ပို၍ပင် ရီချင်စရာကောင်းနေပါတော့တယ်...
လွန်ခဲ့တဲ့ ၂နှစ်လောက်က ကျွန်မတို့ အိမ်မှာ ကျောင်းသူ အိမ်ငှားကောင်မလေးတစ်ယောက်ရှိပါတယ်... မေမေတို့က မိဘနဲ့ဝေးပြီး ကျောင်းလာတက်နေတဲ့ ကလေးတွေကို သနားတတ်တော့ အိမ်မှာနေတဲ့သူလဲ ကိုယ့်သားသမီးလိုပဲ ကိုယ်ချက်တဲ့ ထမင်းကျွေးပါတယ်...
တစ်ရက် အဲဒိကောင်မလေးက ညနေပိုင်း အပြင်ထွက်ဖို့ ဖိနပ်စီးနေတဲ့ အချိန်မှာ မေမေက...
"သမီး ဘယ်သွားမလို့လဲ... ထမင်းစားသွားအုံးလေ" လို့ပြောတော့
သူက "သမီး ကျောင်းမှာ ဂျင် "Gym" သွားဆော့မလို့ " လို့ဖြေတော့...
မေမေက ထမင်းတောင်မစားနိုင်ပဲ လောင်းကစားသွားလုပ်မဲ့ ကလေးတစ်ယောက်အတွက် စိတ်ပူပြီး ဆုံးမပါတော့တယ်...
"ကလေးရယ် လောင်းကစားဆိုတာ မကောင်းပါဘူး... သမီးတို့ကျောင်းမှာ လောင်းကစားလုပ်လို့ရတယ်ဟုတ်လား? ဒုက္ခပါပဲ... "
အဲဒိတော့မှ အိမ်ငှားကောင်မလေးလဲ ခေါင်းထဲက Question mark မျိုးစုံထွက်သွားပုံရတယ်...
"အန်တီ သမီးပြောတာ အားကစားသွားလုပ်မလို့... Gymnasium ကိုပြောတာ" ဆိုတော့မှ
ကျွန်မမေမေလဲ... "အော် သိပါဘူးကွယ်... လေးကောင်ဂျင်တို့ဘာတို့ လောင်းကစားသွားလုပ်မယ်ထင်လို့ပါ" ဆိုပြီး ရှက်ရှက်နဲ့ ပြန်ပြောလိုက်ရဖူးတော့ Gym ဆိုတာ လောင်းကစားမဟုတ်မှန်း အဲဒိကတည်းက ကောင်းကောင်းကြီးသိသလို ကျွန်မနဲ့ ကျွန်မဖေဖေကြားက နားလည်မှု လွဲမှားခြင်းကိုလဲ ဘာဖြစ်နေသလဲဆိုတာ ကောင်းကောင်းကြီး သဘောပေါက်ခဲ့သကိုး...
Friday, October 28, 2011
David Archuleta ပရိတ်သတ်တွေအတွက်
American Idol runner-up David Archuleta တစ်ယောက် နောက်လထဲမှာ ဆန်တိုဇာ Resorts world မှာရှိတဲ့ Hard Rock hotel မှာ လာရောက်ဖျော်ဖြေမယ်လို့ သိရပါတယ်...
၂၀၀၈ ခုနှစ် အမေရိကန်အိုင်ဒိုးမှာ ဒုတိယနေရာနဲ့ နာမည်ကြီးလူကြိုက်များခဲ့တဲ့ အသံအားကောင်းကောင်း ကောင်လေးဟာ နိုဝင်ဘာ ၁၉ရက်နေ့မှာ Hotel ရဲ့ "The Coliseum" စင်မြင့်ပေါ်မှာ ဖျော်ဖြေမှာဖြစ်ပါတယ်....
အမေရိကန် အိုင်ဒိုးပြိုင်ပွဲအပြီး ထုတ်လုပ်ခဲ့တဲ့ သူနာမည်ကြီးခဲ့တဲ့ Crush သီချင်းဟာ ခွေပေါင်း ၂,၀၀၀,၀၀၀ (၂သန်း) နီးပါးရောင်းရခဲ့ပါတယ်...
၂၀၁၀ခုနှစ် သူ့နောက်ဆုံးထွက် စီးရီး "The Other Side of Down" မှာ သူ့ရဲ့ သီချင်းရေး အရေအချင်းကို စီးရီးတစ်ဝက်စာလောက် ပူးပေါင်းရေးပြီး ပြသခဲ့ပါတယ်...
ခု သူ့ရှိုးပွဲလက်မှတ် တန်ဖိုးတွေကတော့ ရိုးရိုးတန်း $၁၀၈ နဲ့ VIP $၁၄၈ (ပထမ အစောင် ၂၀၀ သာ၊ အနီးကပ် နှုတ်ဆက်ခွင့်ရမည်) တို့ဖြစ်ပါတယ်...
ဝယ်ယူချင်ရင်တော့ www.gatecrash.com.sg, TicketCube နဲ့ စကာင်္ပူစာတိုက်များ... SAM စက်များမှ ၀ယ်ယူနိုင်ပါတယ်... မနေ့က ဖေ့ဘွတ်မှာတွေ့တဲ့အထိတော့ VIP ticket အနည်းငယ်ကျန်သေးတယ်လို့တွေ့ပါတယ်...
ကဲ David Archuleta ရဲ့ ပရိတ်သတ်တွေ မသိလိုက်ရ မရှိရလေအောင် ဒီကနေ ဝေမျှလိုက်ပါတယ်...
Source from AsiaOne Sunday, Oct 23, 2011.
Thursday, October 27, 2011
ရုံး cubical လေးကို Jang Keun Suk calender နဲ့ အလှဆင်မယ်...
ရုံးမှာ meeting အတွက်ပဲဖြစ်ဖြစ်... ကိုယ်မှာထားတဲ့ ပစ္စည်းရောက်မဲ့နေ့ပဲဖြစ်ဖြစ်... သူဋ္ဌေးရဲ့ အချိန်ဇယားပဲဖြစ်ဖြစ်... ကိုယ့်ကျောင်း စာမေးပွဲ၊ assignment dead line နေ့ပဲဖြစ်ဖြစ် မှတ်ဖို့လိုနေပါတယ်... ရုံးသုံး ပြက္ခဒိန်ရှိပင်မဲ့ ကိုယ်ထိုင်တဲ့ cubical လေးကို ကိုယ့်စိတ်ကြိုက်လေးလဲ ပြင်ဆင်ချင်ပါတယ်... ဒါမှလဲ အလုပ်မှာ စိတ်သက်တောင့်သက်သာရှိမှာပါ... ကျွန်မတို့တွေ တော်တော်များများဟာ အိမ်မှာနေရတဲ့ အချိန်ထက် ရုံးမှာနေရတဲ့အချိန်က ပိုများနေတတ်တဲ့အတွက် ကိုယ်ထိုင်တဲ့ နေရာကို ကိုယ့်အတွက် စိတ်ရွှင်လန်းစေမယ့် အပြင်အဆင်မျိုးထားသင့်ပါတယ်... ရာသီချိန်အလိုက် decoration ပြောင်းပေးခြင်းမျိုးလုပ်ပေးခြင်းဖြင့်လည်း ကိုယ်နဲ့ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကြား ပြောစရာစကားပိုမိုများပြားလာပြီး ရင်းနှီးမှုကို ပိုစေပါတယ်... (မှတ်ချက် ကိုယ့်ရုံးရဲ့ စည်းကမ်းချက်တွေမှာ အတိုင်းအတာဘယ်လောက်ထိ ခွင့်ပြုလဲဆိုတာ ကြိုတင်လေ့လာရန် လိုအပ်ပါတယ်)...
မဗေဒါရဲ့ ခုရုံးအသစ်မှာ ကိုယ်ပိုင် Cubicalလေး ပထမဆုံးအကြိမ်ရဖူးတော့ လှလှလေးပြင်ချင်ပင်မဲ့ ဘယ်လိုပြင်ရမလဲ စဉ်းစားမရသေးပါဘူး... ခုတော့ အိမ်က မဗေဒါမွေးနေ့အတွက် အစ်မအလတ် လုပ်ပေးထားတဲ့ scrapbook လေးကို တင်ထားပါတယ်... ဓာတ်ပုံတွေအဲဒိထဲ ကပ်ရအုံးမယ်...
ဒီနေ့တော့ ကိုယ့်စာမေးပွဲအချိန်ဇယားတွေ မေ့တတ်တာတစ်ကြောင်း... သူဋ္ဌေးက ဟိုကိစ္စ ဒီကိစ္စ မေးရင် ဘယ်နေ့လဲဆိုတာကို မေးလ်ထဲမှာ ပြန်ပြန်စစ်နေရတာ ရှုပ်တာတစ်ကြောင်းကြောင့် နေ့တွေကို အမြဲမေ့တတ်တဲ့ ကျွန်မအတွက် အမြဲကြည့်ဖို့ မှတ်ဖို့ ပြက္ခဒိန်လေးလိုလာပါတယ်... ကုမ္ဗဏီကပေးတဲ့ ပြက္ခဒိန်က ရုံးပိတ်ရက် public holiday တွေပါပေမဲ့ ရိုးရိုးကြီး ဖြစ်နေတာကြောင့် ပြက္ခဒိန်လှလှလေး လိုချင်လာပါတယ်... ဒါပေမဲ့လဲ နှစ်က ကုန်ခါနီးပြီဆိုတော့ အသစ်လဲ မ၀ယ်ချင်ပြန်ပါဘူး... ဘာပုံလေး ယူရင်ကောင်းမလဲစဉ်းစားတော့ ခေါင်းထဲကို ဘာရယ်ညာရယ်မဟုတ် အရင်ဆုံး သူက ရောက်လာပါတယ်... ဒါနဲ့ ရိုက်ရှုာလိုက်တော့ ပထမ ၂၀၁၁ အတွက် သူ့ပုံနဲ့ ၁နှစ်စာ ပြက္ခဒိန် ၃ခုထွက်လာပါတယ်... သူအရင်က ဆံပင်တိုနဲ့ပုံရယ်... ခုတစ်လောက ဆံပင်ရှည်နဲ့ပုံရယ်... နောက်တစ်ပုံက မျက်မှန်နဲ့ ကလေးလိုလို မျက်လုံးကို ပွတ်နေတဲ့ ပုံရယ်ပါ... မဗေဒါ အကြိုက်ဆုံး အလယ်ပုံကို ရွေးပြီး colour printer နဲ့ စာမျက်နှာ ၁မျက်နှာလောက် အလွဲသုံးစားလုပ်လိုက်တယ်... (အမှန်တော့လဲ လိုအပ်လို့ထုတ်တာပါ... ပြက္ခဒိန်က ကိုယ်အမြဲကြည့်ပြီး မှတ်မိနေဖို့ ကိုယ်ကြည့်ချင်မဲ့ ဆွဲဆောင်မှုတစ်ခုရှိဖို့ အရေးကြီးတယ်မှတ်လား... ဟတ်... ဟတ်)...
ဟောဒီမှာ မဗေဒါထုတ်လိုက်တဲ့ ပြက္ခဒိန်လေးကို ဒီလို ချိတ်ထားတယ်... ဒီပြက္ခဒိန်က ၁၂လလုံးပါတယ်... (ချိတ်ပြီးတာနဲ့ ရုံးက မန်နေဂျာက လာမေးတယ်... အဲဒါ ယောကျာင်္းလား မိန်းမလားတဲ့.... ဗြဲ.... JKS လေးကို လှောင်တယ်... အဟင့်... အော် မိန်းမနဲ့ တူလဲ ကိစ္စမရှိပါဘူး... ကိုယ်ကြိုက်ရင်ပြီးတာပါပဲ... သူတို့အတွက်လဲ ကောင်မလေးလို့ သဘောထားပြီးကြည့်လို့ရတာပေါ့...)
ဒါနဲ့ ၂၀၁၂ အတွက် ဟိုရှာဒီရှာထပ်ရှာတော့ ပြက္ခဒိန်က မထွက်သေးဘူး... ပိုက်ဆံနဲ့ရောင်းတာတွေပဲ တွေ့တယ်... ဒါပေမဲ့ ၂၀၁၁ အတွက် လအလိုက် သူ့ပုံလေးတွေနဲ့ ပြက္ခဒိန်ကို နှစ်လဲကုန်ခါနီးပြီဆိုတော့ ဝေငှထားတာလေးတွေရှိတယ်... အဲဒိပုံလေးတွေလဲလှတယ်... ဒါနဲ့ပဲ ဒေါင်းလုပ်လုပ်ပြီး laptop monitor wallpaper အဖြစ်ထားလိုက်တယ်.... ကျွန်မလိုပဲ JKS fan တွေအတွက် ကွန်ပြူတာဖွင့်လိုက်တာနဲ့ အထီးကျန်မဆန်ရအောင် နေ့ရက်တွေနဲ့ လုပ်စရာတွေကို မှတ်မိနေအောင် စောင့်ကြပ်ပေးမဲ့ မင်းသားလေး JKS ပြက္ခဒိန် wallpaper Nov နဲ့ Dec ကို ဝေမျှလိုက်ပါတယ်...

| JKS ပြက္ခဒိန် နဲ့ my scrapbook and mirror (mirror to watch who's coming from behind :P) |
ဒါနဲ့ ၂၀၁၂ အတွက် ဟိုရှာဒီရှာထပ်ရှာတော့ ပြက္ခဒိန်က မထွက်သေးဘူး... ပိုက်ဆံနဲ့ရောင်းတာတွေပဲ တွေ့တယ်... ဒါပေမဲ့ ၂၀၁၁ အတွက် လအလိုက် သူ့ပုံလေးတွေနဲ့ ပြက္ခဒိန်ကို နှစ်လဲကုန်ခါနီးပြီဆိုတော့ ဝေငှထားတာလေးတွေရှိတယ်... အဲဒိပုံလေးတွေလဲလှတယ်... ဒါနဲ့ပဲ ဒေါင်းလုပ်လုပ်ပြီး laptop monitor wallpaper အဖြစ်ထားလိုက်တယ်.... ကျွန်မလိုပဲ JKS fan တွေအတွက် ကွန်ပြူတာဖွင့်လိုက်တာနဲ့ အထီးကျန်မဆန်ရအောင် နေ့ရက်တွေနဲ့ လုပ်စရာတွေကို မှတ်မိနေအောင် စောင့်ကြပ်ပေးမဲ့ မင်းသားလေး JKS ပြက္ခဒိန် wallpaper Nov နဲ့ Dec ကို ဝေမျှလိုက်ပါတယ်...
![]() |
| My Laptop wallpaper |
![]() |
| November Calender |
![]() |
| December Calender |
Sunday, October 23, 2011
တို့ဖေဖေ
တို့ဖေဖေ
စားဝတ်နေရေး ငွေရှာပေး
ကျေးဇူးကြီးပေ တို့ဖေဖေ။
ကိစ္စများဖြင့် ပေါ်ပေါက်လျှင်
စီရင်တက်ပေ တို့ဖေဖေ။
အိမ်ထောင်အရေး စီမံပေး
လေးစားလောက်ပေ တို့ဖေဖေ။
စဉ်းစားမြော်မြင် ဥာဏ်နှင့်ယှဉ်
ပဲ့ပြင်တတ်ပေ တို့ဖေဖေ။
နိုင်ငံအကျိုး တို့အကျိုး
သယ်ပိုးနိုင်ပေ တို့ဖေဖေ။
"ဟာ... နေ့တိုင်း ထမင်းဗူးယူလာတယ်... ချွေတာလှချည်းလား..." အိမ်မှ အလုပ်ကို ထမင်းဗူးယူလေ့ရှိသော ကျွန်မကို အသိမြန်မာတစ်ယောက်ကကောက်ချက်ချ နှုတ်ဆက်လိုက်ခြင်းဖြစ်သည်... ထိုသူကို ကျွန်မ အပြုံးတစ်ပွင့်သာပေးလိုက်သည်... ဘာမှဖြေရှင်းပြမနေချင်တော့ပါ... တချို့အရာများသည် ဖြေရှင်းပြနေစရာပင်မလိုတော့ပေ... လူတစ်ဦး၏ခံယူချက်ပေါ်တွင်သာ မူတည်ပေသည်...
အမှန်တော့ ထိုသူမမြင်လိုက်သည်မှာ ထမင်းဗူးထဲတွင် သေသပ်စွာထည့်ပေးထားသော ကျွန်မဖေဖေ၏ စေတနာနှင့် ထိုထမင်းဗူးကို စားသုံးခြင်းဖြင့် ကျွန်မရရှိသော စိတ်ဓာတ်ခွန်အား ပီတိ လုံခြုံမှုတို့ကို ထိုသူ မခံစားဖူးသောကြောင့် ထိုသို့ကောက်ချက်ချခြင်း သာဖြစ်ကြောင်း ကျွန်မယူဆလို့ရသည်... ကျွန်မသည် အိမ်ထမင်း အိမ်ဟင်းကို ခုံမင်သူဖြစ်သည်... အပြင်စာကို ၁ပတ်လောက် ဆက်တိုက်စားနေရလျှင်ပင် နောက်နေ့ အဲဒိ food court တို့ hawker center တို့ကို အကြိမ်ကြိမ်ပတ်သော်လည်း စားချင်တာ ရှာမတွေ့တတ်သော သူဖြစ်သည်... အလွန်တရာမှ အစားဂျီးများသော ကျွန်မအတွက် အိမ်မှ ကျွန်မအကြိုက် မေမေစီစဉ်ကာ ဖေဖေ ချက်ပြုတ်ပေးတတ်သောအိမ်ထမင်း အိမ်ဟင်းက အသင့်တော်ဆုံးဖြစ်သည်...
ထိုထမင်းဗူးကိုစားတိုင်း ကျွန်မဖေဖေ၏ ကျွန်မတို့ အပေါ်ထားသော မေတ္တာနှင့် စေတနာကို ခံစားလို့ရသည်...
ထိုထမင်းစားတိုင်း ကျွန်မတို့ မိသားစုဘ၀လေး မပြိုကွဲမပျက်စီးပဲ သိုက်သိုက်ဝန်းဝန်းရှိအောင် စောင့်ရှောက်ဖန်တီးပေးခဲ့သော ဖေဖေ့ကို လေးစားသည်...
ထိုထမင်းစားတိုင်း ကျွန်မတို့ သားသမီးတွေနှင့် ခင်ခင်မင်မင် ပျော်ပျော်ပါးပါးနေတတ်ကာ ပျော်ရွှင်တဲ့ မိသားစုလေးကို ထူထောင်ပေးခဲ့သော ဖေဖေ့ကို ကျေးဇူးတင်သည်...
ထိုထမင်းစားတိုင်း ကျွန်မတို့ငယ်စဉ်အခါမှ စ၍ ယခုအချိန်အထိ ဖခင်တစ်ယောက်ရဲ့တာဝန်ကို ရရာနေရာကနေ အတတ်နိုင်ဆုံး ကျေပွန်အောင် လုပ်ပေးနေတဲ့ ဖေဖေ့ကို အားကိုးသည်...
ထိုထမင်းဗူးသည် ကမ္ဘာပေါ်တွင် မည်သူ့အတွက်မှ ပိုက်ဆံမည်မျှနှင့်မှ အဖိုးဖြတ်လို့မရပဲ ကျွန်မအတွက်သီးသန့်ဖြင့်သာ စီမံထားသော အထူးစပ္ပါယ်ရှယ် ထမင်းဗူးဖြစ်သည်...
အထူးသဖြင့် ထိုထမင်းဗူးကို စားတိုင်း ကျွန်မ၏ မိဘနှစ်ပါးလုံး ကျန်းကျန်းမာမာဖြင့် သက်ရှိထင်ရှား မိသားစု တသိုက်တ၀န်းထဲရှိနေတဲ့ အဖြစ်ကို သိရတိုင်း ကျွန်မစိတ်အေးရသည်...
ယခုအချိန်အထိ ကျွန်မဘာသာ မည်မျှပင် ရပ်တည်ရှာဖွေနိုင်ပါစေ ကျွန်မ မိဘများမရှိတော့လျှင်ဆိုသည့်အတွေးသည် ကျွန်မကို တစ်ထိုင်တည်း မျက်ရည်ကျ ချောက်ချားကာ အားအငယ်ဆုံးခံစားချက်ကို ပေးနိုင်စွမ်းရှိသည်... ကျွန်မ အကြောက်ဆုံးဖြစ်သည်...
ကျွန်မစာဖတ်ပျင်းသော်လည်း ယခုကဲ့သို့ စာတွေ အနည်းနဲ့ အများရေးနိုင်နေခြင်းသည် ကျွန်မ ဖေဖေ ဖတ်သောစာများကို ပြန်လည် ဝေငှပြောပြတတ်သောကြောင့်ဖြစ်သည်...
သူငယ်ချင်းများအလည်တွင် အရင်ခေတ်က သမိုင်းကြောင်းများ အထ္တုပတ္တိများနှင့် ပတ်သတ်၍ အသိရှိကာပြောနိုင်နေခြင်းမှာလဲ ဖေဖေစာဖတ်ကာ ပြန်ပြောပြလေ့ရှိသောကြောင့်ဖြစ်သည်...
မြန်မာပြည်အတွင်း နေရာဒေသတော်တော်များများနှင့် ပတ်သတ်၍ ခရီးသွားနှင့်ပတ်သတ်၍ ကျွန်မတွင် ဝေငှစရာများရှိနေခြင်းမှာလဲ ငယ်ငယ်ကတည်းက နေရာတော်တော်များများကို ဖေဖေနှင့်မေမေတို့ လိုက်ပို့ပေးခဲ့ကြ၍ဖြစ်သည်...
ကျွန်မ ရှေးသီချင်းတွေ (တွံတေးသိန်းတန်၊ ပြည်လှဖေ၊ မေရှင်၊ မမြရင်၊ သုမောင်၊ ကိုမြကြီး၊ စန္ဒရားချစ်ဆွေ၊ စသည်ဖြင့်)သီချင်းတွေကို ထန်ကတိုင်းကျကျ သီဆိုတတ်ခြင်းသည်လည်း ကျွန်မဖေဖေ၏ အလွန်အကျူး သီချင်းကြိုက်တတ်ကာ တနေကုန်ဖွင့်ထားသော (တနည်းအားဖြင့်) ကျွန်မတို့အား နားဒုက္ခပေးတတ်သော သီချင်းများကို ကြိမ်ဖန်များစွာကြားနေရခြင်းကြောင့်ဖြစ်သည်...
ကျွန်မရံဖန်ရံခါ ဖေဖေနှင့် သဘောထားကွဲလွဲသော အချိန်များရှိသော်လည်း ကျွန်မဘ၀ရဲ့ အဓိက အရေးကြီးဆုံး နေ့စဉ်လည်ပတ်မှုများတွင် ကျွန်မ ဖေဖေနှင့် မေမေက မရှိမဖြစ်သာဖြစ်သည်... သူတို့ မြန်မာပြည် ခေတ္တပြန်သွားလျှင်ပင် အိမ်ပြန်လာတိုင်း ကြိုသူမရှိသောကြောင့် ကိုယ့်ဘာသာကိုယ် တံခါးဖွင့်ဝင်ရကာ တိတ်ဆိတ် မှောင်မဲနေသော အိမ်ထဲကို ၀င်ရတာပင် ကျွန်မအတွက် လစ်ဟာချက်တစ်ခုပင်... နေ့တိုင်း နားဒုက္ခမခံနိုင်၍ ငြူစူဖြစ်သော ဖေဖေ့၏ သီချင်းကြီး သီချင်းခံ အသံများမကြားတော့လဲ အိမ်ကြီးက ခြောက်သွေ့လွန်းလှသည်... နေ့တိုင်း မြန်မာပြည်နှင့်ပတ်သတ်သော သတင်းများကို ဖွင့်မည့်သူမရှိတော့ ကျွန်မတို့ မြန်မာပြည်တွင် ဖြစ်ပျက်နေသည့် သတင်းများ အဆက်ပျက်ရသည်...
ဒီနေ့ဟာ ကျွန်မချစ်လှစွာသော ဖေဖေရဲ့ မွေးနေ့ဖြစ်တယ်... ကိုယ်လက်လှုပ်ရှားမှုနဲ့ အားကစားသိပ်မရှိတဲ့ ကျွန်မ ဖေဖေအတွက် ကျန်းမာရေးကို အနည်းနဲ့ အများလိုက်စားဖြစ်အောင် သူ့အတွက် Wii game စက်လေး မွေးနေ့လက်ဆောင်အဖြစ်ဝယ်ပေးလိုက်တယ်... စက်ပစ္စည်းအသစ်အဆန်းပဲဖြစ်ဖြစ် ဂိမ်းပဲဖြစ်ဖြစ် ၀ါသနာပါတတ်တဲ့ ဖေဖေ့အတွက် ကျန်းမာရေးအရလဲ လှုပ်ရှားဖြစ်အောင်တစ်ကြောင်း စင်္ကာပူရောက်ကာ ပျင်းနေသော ဖေဖေအတွက် အပျင်းပြေစရာ အသစ်တစ်ခုရသွားစေရန် ကျွန်မ စီစဉ်ဝယ်ပေးခဲ့တာဖြစ်တယ်... နောက်တစ်ချက်ကတော့ အလုပ်က ပြန်လာတာနဲ့ အခန်းထဲဝင် ရတဲ့အချိန်ကို ကွန်ပြူတာရှေ့ထိုင်တတ်တဲ့ ကျွန်မတို့တွေလဲ ဖေဖေနဲ့ အနည်းနဲ့ အများအချိန်တူတူသုံးကာ မိသားစုကြိုးပိုမိုခိုင်မြဲစေရန်ဖြစ်သည်... ဒါပေမဲ့ ခုဝယ်လာတဲ့ ဂိမ်းခွေက Mario sport Mix ထဲမှာ ကျွန်မထင်သလောက် ကိုယ်လက်လှုပ်ရှားစရာသိပ်မလိုဘူးဖြစ်နေတယ်... လက်ထဲက wii remote လေး နည်းနည်းလှုပ်ရုံနဲ့တင်လုံလောက်နေတယ်... အဲဒါ ဘာဂိမ်းက ကောင်းလဲ သိရင် အကြံပေးသွားကြပါအုံး...
ဂိမ်းတွေကို အရမ်း စိတ်မ၀င်စားခဲ့တဲ့ ကျွန်မ ဒီနေ့ဝယ်လာပြီးမှ ဟိုကြည့်ဒီကြည့်တော့ Wii က Function
အတော်လေးစုံသဗျို့.... လတ်တလော Wii Channels ပါပြီးသားတွေက Wii နဲ့ Nintendo GameCube games တွေ ကစားလို့ရတယ်... Mii channel ဆိုတာမှာ ကိုယ်ကြိုက်တဲ့ အကောင်ကို Customize လုပ်လို့ရတယ်... Photo Channel ဆိုတာမှာ SD card က ဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို တီဗွီမှာ တခါတည်းကြည့်လို့ရတယ်... အင်တာနက်နဲ့ ဆက်လိုက်ရင် Wii Shop Channel မှာ channel အသစ်တွေနဲ့ တခြားဟာတွေ Download လုပ်လုပ် ရှော့ပင်းပဲလုပ်လုပ်ရတယ်... Forecast Channel မှာ ကမ္ဘာအနှံ့က ရာသီဥတု အခြေအနေတွေကို ကြည့်လို့ရတယ်... News channel မှာ ကမ္ဘာအနှံ့က သတင်းတွေကြည့်လို့ရတယ်... function တွေကတော့ အများကြီးပဲ ဒါပေမဲ့ အကုန်တော့လုပ်မကြည့်ရသေးဘူး... သိပ်မလုပ်တတ်သေးတာလဲပါတယ်... သိတဲ့သူများ အကြံပေးသွားကြပါအုံး...
ဒါနဲ့ လိုရင်းကိုပြန်သွားရရင်... ဒီနှစ် ဖေဖေ့မွေးနေ့အတွက် သမီးစိတ်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးချင်တာကတော့ ဖေဖေ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ ချစ်မေမေရယ် သမီးတွေရယ်နဲ့အတူ နှစ်ပေါင်းများစွာနေထိုင်နိုင်ပါစေလို့...

Thursday, October 20, 2011
Interview with Real Steel Child star Dakota Goyo
လက်ရှိ ရုံတင်ပြသနေတဲ့ Real Steel ရုပ်ရှင် ဇာတ်ကားရဲ့ နှလုံးအိမ်ဖြစ်တဲ့ သရုပ်ဆောင် Dakota Goyo နဲ့ တွေ့ဆုံမေးမြန်းထားတာလေးတွေကို ဖော်ပြချင်ပါတယ်... ဒီဇာတ်ကားရဲ့ မင်းသားဟာ နာမည်ကျော် သရုပ်ဆောင် Hugh Jackman ဆိုသော်ညား ဒီဇာတ်ကားမှာ ကလေးငယ်ရဲ့ အဖေကို ရင့်ကျက်လာအောင် တွန်းအားပေးရတဲ့ အဓိကအခန်းက ပါဝင်နေရတာပါ... သူဟာ အရင်က အသံသရုပ်ဆောင်အဖြစ် ကလေးအစီအစဉ် "Arthur"... ဟိုတစ်လောက ရုံတင်သွားတဲ့ "Thor" ဇာတ်ကားမှာ Thor ငယ်ငယ်က ကလေးသရုပ်ဆောင်အနေနဲ့ သရုပ်ဆောင်သွားခဲ့ပါတယ်... သူ၈နှစ်သားမှာ Resurrecting the Champ (၂၀၀၇)ဆိုတဲ့ဇာတ်ကားမှာ Young Artist Award for Best Performance in a Feature Film - Young Actor Age Ten or Younger ဆုကို Nominated စာရင်းထဲပါဝင်ခဲ့ပါတယ်... သို့သော် ယခု Real Steel ကားမှာ အဧိက သရုပ်ဆောင် နေရာကို ပထမဆုံး ခုန်တက်သွားနိုင်ခဲ့တာပါ...
မေး။ ။ သားမှာ တီဗွီ အစီအစဉ်ပဲဖြစ်ဖြစ် ရုပ်ရှင်ပဲဖြစ်ဖြစ် ခုထက်ထိ သရုပ်ဆောင်လာသမျှထဲမှာ အကြိုက်ဆုံး ဇာတ်ကောင်ရှိလား?
Goyo။ ။တကယ်တမ်းပြောရရင် ကျွန်တော် သရုပ်ဆောင်လာသမျှ ရုပ်ရှင်တွေနဲ့ သရုပ်ဆောင်လာသမျှ ဇာတ်ကောင်တွေအားလုံးကို ကြိုက်ပါတယ်... ဒါပေမဲ့ ခုကားမှာ Max က သူ့အဖေ ချားလီး(စ်) ကို ခပ်ရိုင်းရိုင်း စကားပြောတယ်... ဒါပေမဲ့ အဲဒါက တမျိုးတော် ပျော်ဖို့ကောင်းတယ်... အပြင်မှာ ကျွန်တော့ အဖေနဲ့ အမေကို အဲလို ဘယ်တော့မှ ပြောမှာ မဟုတ်ဘူးလေ...
မေး။ ။ ချားလီး(စ်)က လူအရိပ်အခြေ နဲ့ အလိုက်မသိတတ်ဘူး... အဲလိုမျိုး ဇာတ်ကောင်မျိုးနဲ့ ဆန့်ကျင်ပြီးအလုပ်လုပ်ရတာ ဘယ်လို ခံစားရလဲ?
Goyo။ ။ တကယ်တော့ သူတို့ relationship မှာ Max ကတောင် အုပ်ထိန်းသူ (မိဘ) လိုဖြစ်နေတယ်... ချားလီး(စ်) က Max ကို ကလေးနေရာကနေ အဖေပုံစံရောက်အောင် လုပ်လိုက်တာ... သူ့အမေက သေသွားပြီ သူဟာ အရမ်းဝမ်းနည်းပြီး စိတ်ဓာတ်ကျနေမှာ အသိသာကြီး ဒါပေမဲ့ သူ့ အဖေကို သူပြန်ရလိုက်တယ်... အရင်က အဖေမပီသတဲ့ သူ့အဖေကို အဖေတစ်ယောက်လို ပြုမူနိုင်အောင် သူလုပ်နိုင်ခဲ့တယ်...
မေး။ ။ သားမှာရော Max လို personality ရှိလား?
Goyo။ ။ လုံးဝပဲ... ကွန်ပြူတာနဲ့ စက်ပစ္စည်းတွေ စိတ်ဝင်စားတာကလွဲလို့ သူနဲ့တူတာ ဘာမှမရှိဘူး... ကျွန်တော်က PS3 ကစားရတာ အရမ်း ကြိုက်တယ်... UFC တို့ Call of Duty တို့ ကစားရတာ ကြိုက်တယ်...
မေး။ ။ စက်ရုပ်တွေနဲ့ အလုပ်လုပ်ရတော့ ဘယ်လိုနေလဲ?
Gayo။ ။ စက်ရုပ်တွေနဲ့ အလုပ်လုပ်တဲ့ အချိန်ကြာလာရင် သူတို့ဟာ တကယ့်လူတွေဖြစ်သွားတယ်... သူတို့မှာ personality ရှိတယ်... ခံစားချက်ရှိတယ် ဒီတော့ သူတို့နဲ့ အကြာကြီး အလုပ်လုပ်လိုက်ရင် သူတို့ဟာ တကယ်ဖြစ်သွားတယ်... နောက်ပြီး ကျွန်တော်က စက်ရုပ်တွေကို ချစ်တယ်... သူတို့နဲ့ အလုပ်တူတူလုပ်ရဖို့ဆိုတာ အရင်က တခါမှ မစဉ်းစားမိခဲ့ဖူးဘူး...
မေး။ ။ Rise of the Guardians ဆိုတဲ့ ရုပ်ရှင်ကားမှာ အသံ သရုပ်ဆောင်အနေနဲ့ သရုပ်ဆောင်ခဲ့တာ ဘယ်လိုနေလဲ?
Goyo။ ။ အဲဒါက တကယ်ကြီးတဲ့ action ဇာတ်ကားပဲ Ewan McGreger နဲ့ အလုပ်လုပ်ရတာ ကောင်းတယ်... သူက အတော်လေး ရီရတယ်...
မေး။ ။ ဒါဆို အဲဒိ နောက်ခံစကားပြောတဲ့ အလုပ်ကို လုပ်တုန်းက စတီဒီယိုထဲမှာ တစ်ယောက်တည်းလား တခြားသူတွေနဲ့လား?
Goyo။ ။ ကျွန်တော် တွေ့ကြုံဖူးသမျှ အသံဖမ်း စတီဒီယိုတွေမှာတော့ ကျွန်တော် တစ်ယောက်ပဲပြောရတာပါ... ဇာတ်ကားအားလုံးပြီးသွားတော့ ကျွန်တော်တို့ တစ်ယောက်ချင်းပြောထားတာတွေကို ပေါင်းလိုက်တာ ကြည့်ရတော့ အရမ်းမိုက်တယ်...
မေး။ ။ Real Steel ဇာတ်ကား အောင်မြင်လာမယ်လို ထင်လား?
Goyo။ ။ သေချာတာကတော့ အဲဒိကားမှာ အားလုံးအတွက် တစ်ခုခုတော့ ပေးခဲ့ဖို့ ပါတယ်... အဲဒိကားက ကြည်နူးစေတယ်... ဒိအပြင် action - ထိုးနှက်မှု၊ အော်ဟစ်မှု၊ အငိုခန်း၊ ပျော်စရာအခန်း စတဲ့ စိတ်ခံစားမှုတွေ ပြည့်နေတဲ့ ဇာတ်ကားဖြစ်တယ်... သင်တို့ ကြည့်မယ်ဆိုရင် ခံစားချက်တွေ အပြည့်နဲ့ ကိုယ်တိုင် လက်ဝှေ့ထိုးနေရလိမ့်မယ်...
မေး။ ။ သားဒီကားကို ကြည့်တော့ နောက်ဘာလာမယ်ဆိုတာ သိနေတာတောင် စိတ်ထဲမှာ ခံစားပြီး ၀မ်းနည်းတာတွေ ရှိလား..?
Goyo။ ။ ကျွန်တော်တို့ရဲ့ စာရေးဆရာ John Gaden ရေးထားတာ ဒီထက်ကောင်းတာ မရှိလောက်တော့ပါဘူး... ကျွန်တော် ဒီကားကို ၅ ခါကြည့်ပြီးပြီ... ကြည့်တိုင် ကျွန်တော် အားမပေးတဲ့ မငိုတဲ့ မရီတဲ့ အခါမရှိပါဘူး... ဒီဇာတ်ကားရဲ့ မိနစ်တိုင်းကို ကျွန်တော်ကြိုက်ပါတယ်... ကျွန်တော့ သွေး၊ ချွေး၊ မျက်ရည်တွေက ဒီကားထဲမှာပါ... ကျွန်တော့အတွက်တော့ ဒါဟာ ကြီးမားတဲ့ ရလာဒ်တစ်ခုဖြစ်ပြီး ကျွန်တော့ကိုယ်ကျွန်တော်လဲ ဂုဏ်ယူပါတယ်...
မေး။ ။ အနာဂတ်မှာ ဘယ်လို ဇာတ်ကောင်စရိုက်မျိုးတွေ သရုပ်ဆောင်ချင်လဲ?
Goyo။ ။ ကျွန်တော်က 3:10 To Yuma လိုကားမျိုးကို ကြိုက်တယ် ပြီးတော့ Western Movies ကားမျိုးကို သရုပ်ဆောင်ချင်ပါတယ်... Western movies တွေသရုပ်ဆောင်ရတာ ပျော်စရာကောင်းမယ်ထင်တယ်... ဒါပေမဲ့ super hero ကားမျိုးတွေဆိုရင်လဲ မိုက်တာပဲ...
မေး။ ။ ဘယ် superhero ကို အကြိုက်ဆုံးလဲ?
Goyo။ ။ Marvel characters တွေ အကုန်လုံးကို ကြိုက်တယ်... အကြိုက်ဆုံးက ၂ယောက်ရှိတယ်... ဘယ်သူ့ကို ပိုကြိုက်လဲ ရွေးလို့မရဘူး... The Hulk ကို အရမ်းကြိုက်တယ်... အရမ်းကောင်းတဲ့ ဇာတ်ကားပဲ... The Hulk ကားတွေ အကုန်ကြည့်ပြီးပြီ... ပြီးတော့ Iron man, Iron man ကို အမြဲကြိုက်ခဲ့တာ...
မေး။ ။ ဒါဆို Jon Favreau (director of IRON MAN) နဲ့ အလုပ်တူတူလုပ်ချင်လား ?
Goyo။ ။ Iron Man! ကျွန်တော် အရမ်းကြိုက်တယ်... သူ ဒီကားကို ပြုလုပ်ရာမှာ အရမ်းတော်ခဲ့တယ်... နောက်ပြီး Cowboys and Aliens လဲ အရမ်းကောင်းတယ်... အဲဒိကားထဲက ဇာတ်ကောင်တွေလို သရုပ်ဆောင်ပြီး အရူးလိုလိုက်ပြောနေတာ အမေ့ကိုတောင် အနှောင့်အယှက်ဖြစ်တယ်... တစ်ချိန်လုံး အဲကားပဲ ကြည့်နေတာ...
မေး။ ။ တီဗွီအစီအစဉ်မှာရော ရုပ်ရှင်ရော လုပ်ဖူးသွားပြီဆိုတော့ ခု ရုပ်ရှင်မှာပဲ နေဖို့ စိတ်ကူးရှိလား?
Goyo။ ။ ရုပ်ရှင်တွေရိုက်ရတာကို ခုပျော်နေတယ်... ရုပ်ရှင်တွေဆက်ရိုက်တာ ကျွန်တော့်အတွက် ကောင်းမယ်ထင်တယ်...
မေး။ ။ တစ်နေ့မှာ ဘယ်သူနဲ့ အလုပ်လုပ်ချင်ဆုံးလဲ?
Goyo။ ။ ကျွန်တော် Spielberg နဲ့ အလုပ်တူတူလုပ်ချင်တယ် သူ့ကိုတစ်ခါမှ မတွေ့ဖူးပင်မဲ့လဲ သူ့ကောင်းကြောင်းတွေကြားတယ်... မဟုတ်ပဲတော့ လူတွေက ပြောမှာမဟုတ်ဘူး... သူက သဘောကောင်းတယ်လို့ကြားတယ်... သူနဲ့တွေ့ချင်တယ်...
Real Steel ရုပ်ရှင်ကားဟာ ခုရုံတင်ပြသနေပြီး Goyo ဟာ Personality ကောင်းပြီး Hollywood ခရီးကို အောင်မြင်စွာလှမ်းလျှောက်နေပါတယ်...
Source GeekTyrant
http://www.mcgeeks.com/exclusive-interview-real-steel-child-star-dakota-goyo
Tuesday, October 18, 2011
Real Steel - Movie review
ဒီရုပ်ရှင်ကားကို ကြော်ငြာတွေ့ကတည်းက ကြည့်ချင်ခဲ့တာပါ... ကြည့်ချင်ရတဲ့ အဓိက အချက်ကတော့ ၂ ချက်ရှိပါတယ်... ၁ ချက်က Hugh Jackman က မင်းသားဖြစ်တာ တစ်ကြောင်း... နောက် ၁ချက်ကတော့ ရုပ်ရှင်ကားတွေမှာ အဓိက ကလေးသရုပ်ဆောင်လေးတွေပါရင် ကျွန်မက သဘောကျပါတယ်... အထူးသဖြင့် သရုပ်ဆောင်ကလေးက ချစ်ဖို့ကောင်းရင် ကြည့်ချင်ပါတယ်...
ဇာတ်လမ်းကတော့ ကြော်ငြာကြည့်ကတည်းက ခန့်မှန်းလို့ရပါတယ်... သို့သော် တကယ်သွားကြည့်လျှင်လဲ ပရိတ်သတ်ကို စိတ်မပျက်စေပါဘူး... ကျွန်မကတော့ သဘောကျပါတယ်... နောက်ဆုံးခန်းမှာဆို ဘာရယ်ညာရယ်မဟုတ် ကိုယ်ပါလိုက်ငိုနေမိသေးတယ်... (အသည်းငယ်တတ်လို့ပါ)...
ဇာတ်လမ်း အကျဉ်းကတော့...
၂၀၂၀ ခုနှစ်မှာ စက်ရုပ်တွေကို လူတွေအစား boxing ကစားခိုင်းပြီး လောင်းကစားလုပ်ကြတာ ခေတ်စားလာခဲ့ပါတယ်... ချားလီး(စ်) ဟာ ယခင်က လက်ဝှေ့သမားဟောင်းတစ်ယောက်ဖြစ်ခဲ့ပြီး ခုအခါမှာတော့ တရားမ၀င် စက်ရုပ်လက်ဝှေ့ပွဲမှာ ယှဉ်ပြိုင်ရင်း အရှုံးတွေများကာ အကြွေးတွေဝိုင်းဝိုင်းလည်နေသူ တစ်ဦးဖြစ်ပါတယ်... သူပိုင်တဲ့ Ambush ဆိုတဲ့ စက်ရုပ်ကြီးဟာ Ricky ဆိုတဲ့လူပိုင်တဲ့ Black Thunder ကျွဲနဲ့ ပြိုင်တိုက်ခိုက်ရင် ရှုံးခဲ့လို့ အကြွေးတွေတင်တဲ့ အချိန်အတွင်းမှာပဲ သူ့ဆီကို သူ့ အရင် ရည်းစား ဆုံးပါးသွားကြောင်း အကြောင်းကြားခြင်းခံရတဲ့အပြင် သူ့မှာ သူမထားခဲ့တဲ့ ၁၁နှစ်အရွယ် သားတစ်ယောက်အတွက် အုပ်ထိန်းခွင့်ရှိနေတယ်လို့ သိရပါတယ်... ထိုကလေးငယ်ကို သူ့အရင်ရည်းစားရဲ့ အစ်မဖြစ်သူ (ကလေးရဲ့ အဒေါ်ဖြစ်သူ)က မွေးစားချင်သဖြင့် အုပ်ထိန်းခွင့်ကို စွန့်လွှတ်ဖို့ လာရောက် အကြောင်းကြားတာဖြစ်ပါတယ်...
ရေဆာတုန်း ရေတွင်းထဲကျသလိုဖြစ်သွားတဲ့ ချားလီး(စ်)ဟာ... သူ့ သားကို ကြည့်တောင် မကြည့်ပဲ ဒေါ်လာ $100,000 ပေးရင် ပေးမယ်ဟု အဒေါ်ရဲ့ ခင်ပွန်းဖြစ်သူနဲ့ ညှိလိုက်ပါတယ်... သို့သော် သြဂုတ်လရောက်တဲ့အထိတော့ ကလေးကို သူက ခဏကြည့်ပေးရမယ်ဖြစ်ပါတယ်...
ထိုသို့ဖြင့် သူ၏သား Max နဲ့ စတင်တွေ့ရှိခဲ့ပါတယ်... သူ့သားကလဲ သူ့ထက်ပင် ဂျစ်ကန်ကန် ခေါင်းမာတတ်ကာ ထက်မြတ်သော ကောင်လေးတစ်ယောက်ဖြစ်ပါတယ်... သူ့အဖေ သူ့ကို ငွေဖြင့်ရောင်းစားသည်ကိုလဲ ကောင်းစွာနားလည်သူဖြစ်ပါတယ်... သို့သော် အဖေတူသားပီပီ သူကလဲ ကွန်ပြူတာဂိမ်းနဲ့ စက်ရုပ်များကို ၀ါသနာထုံသူဖြစ်ပါတယ်... ချားလီး(စ်) ဟာ သူ့သား ရောင်းစားလို့ ရတဲ့ ပိုက်ဆံနဲ့ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ စက်ရုပ် Noisy Boy ကို ၀ယ်ယူကာ ထပ်မံယှဉ်ပြိုင်ခဲ့သော်လည်း ထိန်းချုပ်မှု မကျွမ်းကျင်သောကြောင့် ထပ်မံဖြတ်ဆီးခံခဲ့ရပြန်ပါတယ်...
ချာလီး(စ်)ဟာ သူ့သားနဲ့ သတ္တုတွေပစ်တဲ့ နေရာကို ခိုးဝင်ကာ အသုံးပြုလို့ရမဲ့ စက်ရုပ်အပိုင်းအစများကို ရှာဖွေဖို့ သွားခဲ့ပါတယ်... အဲဒိမှာ သူ့သား Max မတော်တဆ ချောက်ထဲပြုတ်အကျ ကမ်းပါးမှာ ထွက်နေတဲ့ စွန့်ပစ်ထားတဲ့ စက်ရုပ်ရဲ့လက်နဲ့ ငြိပြီး အသက်ချမ်းသာခဲ့ပါတယ်... Max ဟာ မြေကြီးတွေကိုဖယ်ကြည့်လိုက်တဲ့အခါ ATOM ဆိုတဲ့ စက်ရုပ်ကို ရှာတွေ့ပြီး သူ့အသက်ကို ကယ်တဲ့ စက်ရုပ်ကို ယူလာချင်ပါတယ်... ချာလီး(စ်)က သဘောမတူသော်လည်း သူ့အားသူကိုးကာ ဇွတ်ယူလာခဲ့ပါတယ်... ဒီအခါမှာတော့ ချာလီး(စ်) Max နဲ့ စက်ရုပ် ATOM တို့ရဲ့ ဂန္ဒ၀င်ခရီးလမ်း အောင်ပွဲတွေစတင်လာတဲ့အပြင်.... အဖေနဲ့ သားရဲ့ သံယောဇဉ် နားလည်မှု ဂရုစိုက်မှု တူညီမှုတွေလဲ စတင်လာပါတော့တယ်... ချားလီး(စ်)တစ်ယောက် သူ့သား Max ရဲ့ လိုအင်ကို ဖြည့်စည်းပေးနိုင်ပါ့မလား... Max ကရော သူ့အဖေကို ချစ်သလား မုန်းသလား... ဖန်သားပြင်ပေါ်မှာရှူစားကြပါရှင်... အောက်က ဝေဖန်ရေးမှာတော့ spoiler တွေပါတဲ့အတွက် spoiler alert အောက်ပိုင်းကို မကြိုက်လျှင် ဆက်မဖတ်ကြစေရန်....
ဝေဖန်ရေး...
မဗေဒါ ရေးပြီဆိုကတည်းကတော့ မဗေဒါကြိုက်တဲ့ ကားမို့ဆိုတာ သိသာပါတယ်... မဗေဒါကြည့်ချင်တဲ့ Hugh Jackman ကို အပိုစာလား ၀တ်စုံတွေ မပါပဲ သာမာန်ပုံ ကြည့်ရတယ်... ကလေးလေးကလည်း မဗေဒါထင်တာထက်ချစ်စရာကောင်းပြီး စတိုင်မိုက်သလို သရုပ်ဆောင်ကလည်း superb ပဲ... (အဲလို ချစ်ဖို့ကောင်းတဲ့ သားလေးလိုချင်တယ်)... အစက Hugh Jackman ကြည့်ချင်လို့သွားတာ ပြန်လာတော့ အဲဒိကလေးကို အသဲစွဲသွားတယ်...
Animation တွေကကောင်းတော့ တကယ့်လူနဲ့ စက်ရုပ်တွေကို ရိုက်တဲ့အတိုင်းပဲ... ဘယ်လိုလုပ်လဲ အကြမ်းဖျင်း သိချင်လို့ ရှာကြည့်လိုက်တော့... Animatronics ဆိုတဲ့ နည်းကို အသုံးပြုပြီးရိုက်သတဲ့... ရှင်းပြရင် လိုရင်းပျောက်မှာဆိုးလို့... ဒိထက်သိချင်ရင် Google လိုက်နော်... မဗေဒါလဲ ရှင်းပြရလောက်အောင် မသိလို့... လူတွေ လက်ဝှေ့ထိုးတဲ့ကားကြည့်ရင် ရင်မောရလွန်းလို့ ခုတော့ စက်ရုပ်တွေထိုးတာဆိုတော့ နည်းနည်းဖြေသာသေးတယ်... အဲဒိစနစ်အပြင်မှာထွင်လိုက်လဲကောင်းတာပဲ...
ဒီလိုကားမျိုးဟာ နောက်ဘာဖြစ်မယ်ဆိုတာကို မှန်းလို့ရတဲ့ ဇာတ်လမ်းမျိုးပါ... အဆုံးဘယ်လိုသတ်မလဲဆိုတာလဲ ခန့်မှန်းလို့ရပါတယ်... သို့သော် ဒီကားဟာ သားအဖ ၂ယောက်ကြား သံယောဇဉ်က ရင်ကိုအေးမြစေပြီး အကြမ်း အလွမ်း ဟာသ လှုပ်ရှားမှု စိတ်ခံစားမှု စတာတွေနဲ့ ပြည့်စုံတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်....
Spoiler
ဒီကားမှာ Hugh Jackman ရဲ့ ဇာတ်ကောင် ချားလီး(စ်)ဟာ တာဝန်မယူတတ်တဲ့ တဇွတ်ထိုးသမား သူ့အတွက်ပဲ သူကြည့်ကာ ဖခင်ကောင်းမပီသသူတစ်ယောက်ဖြစ်တယ်... သို့သော် သူ့ကိုအနားမှာ နားလည်ပေးတဲ့သူတွေရှိတယ်... သူ့သားလေးဟာ သူ့ထက်ငယ်ပင်မဲ့ သူ့ထက်ရင့်ကျက်တယ်လို့ ကျွန်မမြင်တယ်... ဘယ်ဟာ လုပ်သင့်တယ် မလုပ်သင့်ဖူးဆိုတာကို အခြေအနေကြည့်တတ်တယ်... ထိန်းချုပ်နိုင်စွမ်းရှိတယ်...သူ့အဖေက သူနဲ့နေရင် ဘ၀အတွက်မကောင်းလို့ သူ့အဒေါ်တွေနောက်ထည့်တော့ သူ့မှာ စက်ရုပ် ချန်ပီယံ Zeus နဲ့ စိန်ခေါ်ထားတဲ့ ပွဲကို ပြိုင်ချင်လို့ မလိုက်ချင်ပင်မဲ့ သူလိုက်သွားခဲ့တယ်... နောက်ဆုံးအချက်ကတော့ သူဟာ သူ့အဖေကို ခွင့်လွှတ်ပြီး သူ့အဖေ ထူးချွန်ထက်မြတ်တာကို ဂုဏ်ယူတဲ့ ကလေးတစ်ယောက်ဖြစ်တယ်...
နောက်ဆုံးခန်းမှာ သူ့အဖေက စက်ရုပ်ကို Shadow detection mode ကို ပြောင်းပြီး သူထိုးတဲ့ပုံအတိုင်းလိုက်ထိုးတဲ့ အခန်းမှာ... သူ့သားလေးက သူ့အဖေကိုကြည့်ပြီး ဂုဏ်ယူ ၀မ်းသာတဲ့ မျက်ရည်ကျတဲ့ အခန်းမှာ ကျွန်မတော်တော်လေး heart ထိလို့ လိုက်ငိုမိသေးတယ်... သူ့သားဟာ သူ့အဖေကို နားလည်ပေးတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ပြပါတယ်... ဒီဇာတ်လမ်းအသိမ်းမှာ သားအဖ ၂ယောက် အတူတူနေမလား... သူ့ကို မွေးစားထားတဲ့ အဒေါ်လင်မယားနဲ့ပဲနေမလားဆိုတာကတော့ ဒွိဟပွားစရာပါ... ရုပ်ရှင်သဘောအရ သားအဖ ၂ယောက်တူတူနေတယ်ဆိုပြီးဖြစ်သွားနိုင်သလို (အရင်ခေတ်က ရုပ်ရှင်ကားများ ပုံစံ)... reality အတိုင်း သူ့သားက သူ့မွေးစားမိဘ သူ့အဒေါ်တွေနဲ့ပဲနေတယ်ဆိုပြီး ဖြစ်နိုင်ပါတယ်.... spoiler ပြောရရင်တော့ ကလေးက သူ့အဒေါ်တွေနဲ့ပဲနေရမှာပါ... ဒါဟာလဲ ကျွန်မစိတ်ထင်တော့ ကလေးအတွက်ပိုကောင်းတဲ့ ရွေးချယ်မှုပါ... အဖေနဲ့တူတူမနေရလို့ စိတ်မကောင်းသလိုဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့... သူ့အဒေါ်ကလဲ ကလေးကို ချစ်ရှာပါတယ်... တိုးတက်ဖို့လမ်းရှိပါတယ်...
ဒါနဲ့ အဲဒိကားထဲက Max အဖြစ်သရုပ်ဆောင်သွားတဲ့ ကလေးလေးရဲ့ နာမည်ကတော့ Dakota Goyo လို့ခေါ်ပါတယ်... (Dakota Funning ရဲ့မောင်မဟုတ်ပါဘူး) သူ့ကို စက်ရုပ်နဲ့ တူတူ ကတဲ့ အခန်းတွေမှာ ဒီကလေးလေး တော်တော် cool ဖြစ်တယ်လို့ တွေးမိတယ်... ကြီးလာရင်တော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်တော့မယ်လို့ ထင်တာပဲ... ကြီးလာရင်လဲ မင်းသားဖြစ်ဖို့မျှော်လင့်ပါတယ်... ဒီကလေးဟာ သူ၈နှစ်သားမှာ Resurrecting the Champ (၂၀၀၇)ဆိုတဲ့ဇာတ်ကားမှာ Young Artist Award for Best Performance in a Feature Film - Young Actor Age Ten or Younger ဆုကို Nominated စာရင်းထဲပါဝင်ခဲ့ပါတယ်... အဲဒိကားရှာကြည့်အုံးမယ်...
Hugh Jackman နဲ့ Dakota Goyo ကို ဒီကားနဲ့ပတ်သတ်ပြီး အင်တာဗျူးထားတာကို နောက်ပိုစ့်နဲ့ ဆက်လက်ဖော်ပြပါအုံးမယ်...

Thursday, October 06, 2011
Shooting Starလေး လက်သည်းပေါ် ဆိုးကြရအောင်
ကိုယ့်လက်သည်းလေးပေါ်မှာ shooting Star ပုံလှလှလေး ဆိုးကြရအောင်...
ပထမဆုံး လက်သည်းမပျက်စီးအောင် နဲ့ လက်သည်းနီကြာရှည်ခံစေရန် Base coat အောက်ခံ လက်သည်းဆိုးဆေးကို ဆိုးပါ....

ဒုတိယအနေနဲ့... ကိုယ်လိုချင်တဲ့ အောက်ခံ အရောင်ကို ဆိုးပါ... အဖြူ သို့မဟုတ် အမဲ သို့မဟုတ် ကောင်းကင်ပြာရောင်လေးတွေဆိုရင် လိုက်ဖက်မယ်လို့ထင်ပါတယ်... ကျွန်မကတော့ အပေါ်မှာ ရွှေရောင်ဆိုးမှာဖြစ်တဲ့အတွက် အနက်ရောက်ကို အောက်ခံထားလိုက်ပါတယ်... ခြောက်တဲ့အထိ ခေတ္တစောင့်ပါ...

ပြီးလျှင် အပေါ်မှ ရွှေရောင်အလက် သို့မဟုတ် ငွေရောင် အလက် ကို လက်သည်းကို ဖြတ်ပြီး ကြယ်ကြွေနေတဲ့ လမ်းကြောင်းပုံအတိုင်းဆိုးပါ... အဖြူအခံဆိုးထားတဲ့သူများအတွက် အပြာရောင် သို့ ပန်းရောင်စတဲ့ ထင်ပေါ်မဲ့အရောင်များကို သုံးနိုင်ပါတယ်... ကြယ်ကြွေလမ်းကြောင်းကို အပြင်ဘက် (outward) သို့မဟုတ် အတွင်းဘက် (inward) ကိုယ် လွယ်ကူမယ်ထင်သလို ဆိုးလို့ရပါတယ်... မဗေဒါက အပြင်ဘက်ထွက်တာကို လက်သန်လို့ အဲလိုပဲဆိုးလိုက်ပါတယ်...
မှတ်ချက်။ ။ ထိုသို့ ဆိုးဖို့အတွက် အထူးထုတ်လုပ်ထားတဲ့ ဆိုးတံသေးသေးလေးပါတဲ့ stripper nail art polish ကိုသုံးရပါတယ်... အဲဒိ stripper တွေက ရိုးရိုးလက်သည်းနီတွေထက် ဈေးအနည်းငယ်ကြီးပင်မဲ့ nail art ကို စိတ်ဝင်စားတဲ့ ပျိုပျိုမေတို့အတွက် အလွန် အသုံးဝင်တဲ့အတွက် အခြေခံ ကိုယ်လိုအပ်မဲ့ထင်တဲ့အရောင်ကို ယ်ကာတခြားအရောင်များအောက်ခံထားပြီးဆိုးနိုင်ပါတယ်...ကျွန်မကတော့ ရွှေရောင်၊ ငွေရောင်နဲ့ အစိမ်းရောင်လေးကို ၀ယ်ထားပါတယ်... ဒါပေမဲ့ ခုတော့ အခြေခံရောင်ဖြစ်တဲ့ အဖြူနဲ့အနက်ကိုလဲ ထပ်ဝယ်ဖို့လိုနေပြီထင်ပါတယ်... မဗေဒါဆိုးထားတာ ကြယ်ကြွေတဲ့ လမ်းကြောင်းက အရမ်းကြီးပြီး သိပ်မလှဖူးဖြစ်နေပါတယ်... လောဘကြီးပြီး မပေါ်မှာစိုးလို့ ဆိုးလိုက်တာ အရမ်းများသွားပါတယ်.. ထိုသို့မဖြစ်အောင် သင်ခန်းစာယူပါလေ... :P
နောက်ဆုံး အဆင့်အနေနဲ့ မဗေဒါမှာ အသင့်ရှိပြီးသား ကြယ်လေးတွေပါတဲ့ လက်သည်းနီကနေ သွားကြားထိုးတံလေးနဲ့ ကြယ်တစ်လုံးစီကို ယူပြီး ကြယ်ကြွေလမ်းကြောင်းရဲ့ ထိပ်နားလေးမှာ တင်လိုက်ပါတယ်...
နောက်ဆုံးအနေနဲ့ အားလုံးခြောက်သွားပြီဆိုလျှင် ပြောင်လက်သွားစေရန်၊ ၃မျိုးလုံး ပူပေါင်းသွားဝေရန်နှင့် ဆိုးထားသောလက်သည်းများ ကြာရှည်ခံစေရန်၊ ပဲ့ထွက်ခြင်းလျော့နည်းစေရန် ကာကွယ်တဲ့အနေနဲ့ Top Coat ကို ထပ်ဆိုးပါတယ်... ဒါဆိုရင်တော့ Shooting Star လက်သည်းအနုပညာပြီးဆုံးပါပြီ... အားလုံး လက်သည်းမှာ ကြယ်ပွင့်နိုင်ကြပါစေနော်....

| ဟောဒီလို brush သေးသေးလေးပါတဲ့ လက်သည်းနီနဲ့ ဟောဒီလို ကြယ်ကြွေလမ်းကြောင်းကို ဆွဲပါ.. မဗေဒါဆွဲသလို လမ်းကြောင်း သိပ်မကြီးသွားစေရန် သတိပြုပါ... |
နောက်ဆုံး အဆင့်အနေနဲ့ မဗေဒါမှာ အသင့်ရှိပြီးသား ကြယ်လေးတွေပါတဲ့ လက်သည်းနီကနေ သွားကြားထိုးတံလေးနဲ့ ကြယ်တစ်လုံးစီကို ယူပြီး ကြယ်ကြွေလမ်းကြောင်းရဲ့ ထိပ်နားလေးမှာ တင်လိုက်ပါတယ်...
| ကြယ်လေးတင်ပြီးသွားပြီ သိပ်တော့ မမြင်ရသလိုပဲ... |
နောက်ဆုံးအနေနဲ့ အားလုံးခြောက်သွားပြီဆိုလျှင် ပြောင်လက်သွားစေရန်၊ ၃မျိုးလုံး ပူပေါင်းသွားဝေရန်နှင့် ဆိုးထားသောလက်သည်းများ ကြာရှည်ခံစေရန်၊ ပဲ့ထွက်ခြင်းလျော့နည်းစေရန် ကာကွယ်တဲ့အနေနဲ့ Top Coat ကို ထပ်ဆိုးပါတယ်... ဒါဆိုရင်တော့ Shooting Star လက်သည်းအနုပညာပြီးဆုံးပါပြီ... အားလုံး လက်သည်းမှာ ကြယ်ပွင့်နိုင်ကြပါစေနော်....
| ကုန်ပေါက်ဖြစ်နေတဲ့ မဗေဒါရဲ့ လက်သည်းနီ collection ပါ... I like it |
Tuesday, October 04, 2011
Lee Min Ho and Park Min Young တကယ် စုံတွဲ ဖြစ်မဖြစ်?
"City Hunter" ရုပ်ရှင်ကားထဲမှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော လီမင်ဟိုနဲ့ မင်းသမီးချော ပတ်(ခ်)မင်ယောင်း တို့ ၂ဦးဟာ ရုပ်ရှင်ဇာတ်ကားအပြီး ဆက်လက်တွေ့ဆုံလည်ပတ်နေကြတာကို တွေ့ရှိတဲ့ ပရိတ်သတ်အချို့နဲ့ သတင်းထောက်တွေရဲ့ မေးမြန်းချက်များ အင်တာနက်မှာဓာတ်ပုံနှင့်တကွ ပျံ့နှံ့လာပြီးနောက် သြဂုတ်လ ၂၂ ရက်နေ့မှာ သူတို့ ၂ယောက် တစ်ယောက်ကို တစ်ယောက်ခုလို ရင်းနှီးနေတာ (တနည်းအားဖြင့် ချစ်သူတွေဖြစ်နေတာ) ၁ လလောက်ရှိပြီဖြစ်ကြောင်း သူတို့ အေးဂျင့်တွေက ခုလို ပြောကြားခဲ့ပါတယ်...
လီမင်ဟိုရဲ့ အေဂျင်စီ StarHaus Entertainment Agency က ပြောရေးဆိုခွင့်ရှိသူက "သူတို့ ၂ယောက် အလုပ်အတူတူလုပ်စဉ် အချိန်အတွင်း၊ တစ်ယောက်ကို တစ်ယောက် စိတ်ဝင်မှုကို ခံစားလို့ ရခဲ့ပုံရပါတယ်... ခုဆိုရင် သူတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် ပိုနားလည်လာနိုင်တဲ့ အဆင့်ရောက်အောင် လေ့လာနေကြပါတယ်"Park Min Young ရဲ့ King Kong Entertainment Agency ကတော့ "သူတို့ ၂ယောက် ဒီရုပ်ရှင်ကားမှာ အတူတူ သူရုပ်ဆောင်တုန်းက တစ်ယောက်နဲ့ တစ်ယောက် အပေးအယူ အတော်လေး မျှပါတယ်.. ကြည့်ရတာ တစ်ယောက်နဲ့ တစ်ယောက် ရုပ်ရှင်ရိုက်နေတဲ့ အချိန်မှာ သံယောဇဉ်တွယ်ပြီး ဇာတ်ကား ရိုက်အပြီးမှာ တစ်ယောက်ကို တစ်ယောက် စိတ်ဝင်စားခဲ့ပုံရပါတယ်"
Source: www.allkpop.com
၂ဦး လုံးရဲ့ အေးဂျင့်တွေက "သူတို့ ၂ယောက် တစ်ယောက်ကို တစ်ယောက် စတင်စိတ်ဝင်စားလာတာ ၁လလောက်တော့ ရှိပါပြီ... ကျန်တာကတော့ သူတို့တွေရဲ့ကိုယ်ရေးကိုယ်တာ ဖြစ်တာကြောင့် ဒီထက်ပိုပြီးတော့ မပြောကြားနိုင်ပါဘူး" လို့ ဖြေကြားခဲ့ပါတယ်...
ထိုအဖြေကို အင်တာနက်မှ ပရိတ်သတ်များနှင့် သတင်းထောက်များက သူတို့ ၂ယောက် ချစ်သူဖြစ်နေကြပြီဟု ယူဆပါတယ်... (ကျွန်မဆိုလဲ ယူဆမှာပဲ.. ဒါပေမဲ့လဲ relationship ဆိုတာ ရှုပ်ထွေးပါတယ်... ဒီတော့လဲ အပြစ်မပြောပါဘူး)... တချို့ကလဲ ၀မ်းသာကြသလို မင်းသားပရိတ်သတ်တချို့ကတော့ စိတ်မကောင်းကြပါဘူး... (မင်းသားရည်းစားရတာနဲ့ သူတို့ စိတ်မကောင်းဖြစ်တာ နားမလည်နိုင်ပါဘူး... ဒီတစ်ယောက်နဲ့ မကြိုက်လဲ သူတို့ရမှာကျနေတာပါပဲ... ကျွန်မအတွက်ကတော့ ကိုယ်ကြိုက်တဲ့မင်းသား ပျော်ရင်ပြီးတာပါပဲ... တော်ပါသေးရဲ့ Boys over flower ထဲက မင်းသမီးကြီးနဲ့ မဟုတ်တာကိုပဲ ကျွန်မက ကျေနပ်လှပြီ... ဒီမင်းသမီးလေးနဲ့ လိုက်ဖက်တယ်လို့ ထင်တယ်)...

သို့သော် သြဂုတ်လ ၂၃ရက်နေ့မှာ လီမင်ဟိုရဲ့ အေဂျင်စီက သူတို့ ၂ယောက် ချစ်သူတွေ မဟုတ်သေးပါဘူးဆိုတာကို သတိရှိရှိ ပြန်လည် ငြင်းဆန်လိုက်ပါတယ်... ပြောရေးဆိုခွင့်ရှိသူက "သူတို့၂ယောက် သိတာ တော်တော်လေးကြာပြီဖြစ်တဲ့အတွက် ခုဆိုရင် သူငယ်ချင်းတွေဖြစ်နေကြပါပြီ... City Hunter ဇာတ်ကားအပြီးမှာ သူတို့ ၂ယောက် အပြင်မှာ တွေ့ဖြစ်ကြပါတယ်... ဒါကို ချိန်းတွေ့တယ်လို့ ပြောဖို့ ခက်ပါတယ်... သူတို့၂ယောက် ခုမှ တစ်ယောက်ကို တစ်ယောက် စိတ်ဝင်စားရုံပဲရှိပါသေးတယ်... တစ်ယောက်အကြောင်း တစ်ယောက် ပိုသိတဲ့အချိန်ကျမှ သူတို့တွေ ချစ်သူဖြစ်ကောင်းဖြစ်လာပါလိမ့်မယ်... ဒါကြောင့် သူတို့ ချစ်သူတွေဖြစ်နေပြီဆိုတာကို ပြောဖို့ စောပါသေးတယ်... သူတို့ရဲ့ ကိုယ်ရေးကိုယ်တာဖြစ်တဲ့အတွက်ကြောင့် ဒီထက်ပိုပြီး ကျွန်တော်တို့ မပြောချင်တော့ပါဘူး..." လို့ ပြောကြား ငြင်းဆိုခဲ့ပါတယ်...
ကျွန်မအတွက်တော့ ဘယ်မင်းသား၊ မင်းသမီး ရည်းစားရသွားပြီ ကြိုက်နေကြပြီဆိုတာက သတင်းအချက်အလက်တစ်ခု အနေနဲ့ စိတ်ဝင်စားလို့ ဖတ်တာလောက်ပဲရှိပါတယ်... မင်းသားရည်းစားရလို့ အသဲကွဲတာတို့ မင်းသမီးကို မုန်းတဲ့ ပရိတ်သတ်များလာတာတို့ မဖြစ်သင့်ပါဘူး... အဲဒိမင်းသမီးနဲ့ မကြိုက်လဲ သူက ကိုယ့်လာကြိုက်မှာမှ မဟုတ်တာ... ၂ဦး ၂ဖက်ကျေနပ်နေရင်ပြီးတာပါပဲ... အဓိကက ကိုယ်ကြိုက်တဲ့ မင်းသား မင်းသမီး ပျော်ရင်ပြီးတာပါပဲ... ဘာပဲဖြစ်ဖြစ် သူတို့ ၂ယောက်က ကိုယ်ကြိုက်တဲ့ မင်းသား မင်းသမီးဖြစ်တာတစ်ကြောင်း .. အသက်အရွယ်မတိမ်းမရိမ်းနဲ့ ၂ယောက်လုံးကို လိုက်ဖက်တာတစ်ကြောင်းကြောင့် ကျွန်မကတော့ သူတို့ တစ်ကယ်ကြိုက်မယ်ဆိုရင် သူတို့အတွက် ၀မ်းသာပါတယ်လို့.... သတင်းကို သိတာ ၁လကျော်နေပင်မဲ့ မအားလို့ မတင်ဖြစ်တာ... ခုမှ တင်ဖြစ်တော့ သိတဲ့သူတွေတောင် တော်တော်များနေလောက်ပြီ...
Source: www.allkpop.com
Friday, September 30, 2011
Changes VS Thinking VS My LIFE
ဘဝမှာ သေချာတဲ့ အရာကို ပြပါလို့ဆိုရင် ပြောင်းလဲခြင်းသဘောတရားကိုပဲ လက်ညှိုးထိုးပြရမှာဖြစ်ပါတယ်... လူ့ဘဝဟာ တစ်သက်မတ်တည်းသွားနေတဲ့ လမ်းဖြောင့်တစ်ခုမဟုတ်ပါဘူး... အခြေအနေတွေ အချိန်အခါတွေအလိုက် ကျွန်မတို့တွေ ရွေးချယ်ရတယ်... ဆုံးဖြတ်ချက်တွေချရတယ်... လိုအပ်တဲ့ ပြောင်းလဲမှုတွေ ပြုလုပ်ရပါတယ်... အပြောင်းအလဲဆိုတဲ့ နေရာမှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုတွေကနေ ကျွန်မတို့တွေဟာ သင်ယူကြတယ် ညှိုနှိုင်းကြတယ် တွေးခေါ်နားလည်ကြပါတယ်...
ကျွန်မတို့ရဲ့ အတွေးအခေါ်တွေ ပြောင်းလဲမှု
ကျွန်မတို့ရဲ့ အနေအထိုင် ပြောင်းလဲမှု
ကျွန်မတို့ရဲ့ ဘဝအပေါ်ထားတဲ့ အမြင်နဲ့ ယုံကြည်မှုတွေပြောင်းလဲမှု
အဲဒိ အမြင်ပေါ်မူတည်ပြီး ကျွန်မတို့ရဲ့ အမူအကျင့်တုံ့ပြန်မှုတွေ ပြောင်းလဲမှု တွေဖြစ်ပေါ်နေတာပါ...

ယနေ့ ကျွန်မရောက်နေတဲ့ ကျွန်မရပ်တည်နေတဲ့ နေရာ အတွေးအခေါ် ယုံကြည်မှုဟာ လွန်ခဲ့တဲ့ ၁ နှစ်ကနဲ့ တူချင်မှတူတော့မယ်... ကောင်းလာတာလဲ ရှိမယ်... ဆိုးသွားတာလဲရှိမယ်.... ဒါပေမဲ့ ကောင်းတယ်ဆိုးတယ်ဆိုတာတွေကို ဘာပေတံနဲ့မှ အသေအချာတိုင်းလို့မရဘူး... အားလုံးက တစ်ယောက်စီရဲ့ အမြင်ပေါ်မှာမူတည်တယ်... (စာကြွင်း... များသောအားဖြင့်တော့ ကောင်းတယ်ဆိုတယ်ဆိုတာကို အများက လက်ခံထားတဲ့ စံနဲ့တိုင်းတတ်ကြတယ်... ဒါပေမဲ့ လူတစ်ယောက်ရဲ့ဘဝထဲက သူ့ရွေးချယ်မှုဟာ ဘယ်သူ့ကိုမှ မထိခိုက်ဖူးဆိုရင်တော့ သူ့စံနဲ့ပဲ တိုင်းသင့်တယ်လို့ ကျွန်မထင်တယ်... )...
လူတစ်ယောက်ဟာ ကိုယ့်ဘဝမှာ ဘာတွေပြောင်းလဲသွားလဲ အဲဒိပြောင်းလဲမှုတွေက ကိုယ့်ကို ဘယ်လို သက်ရောက်မှုရှိလဲဆိုတာကို သတိထားဆင်ခြင်နေသင့်တယ်... ဒီလိုမှ ကိုယ့်ကိုကိုယ် ပိုနားလည်လာစေနိုင်တယ်... ကျွန်မဘဝရဲ့ ပြောင်းလဲမှုတွေ အတွေးအခေါ်တွေကို ကျွန်မအတွေ့အကြုံပေါ်မူတည်ပြီး ဒီဘလော့ပေါ်မှာ ချရေးခြင်းဖြင့် မတွေ့ကြုံဖူးသေးတဲ့သူတွေကိုလဲ ကျွန်မ အတွေးတွေကို မျှဝေသလို စာဖတ်သူတွေရဲ့ ဘဝအတွေ့အကြုံ အပြောင်းအလဲတွေကိုလဲ သတိထားဆင်ခြင်ဖြစ်အောင် အားပေးဖို့ ရည်ရွယ်တယ်...
နိဒါန်းတွေကို ရှည်ရှည်ဝေးဝေး ကြီးကြီးကျယ်ကျယ်ရေးနေတာ ဘာမှ မဟုတ်ပါဘူး... ကျွန်မဘဝအတွက် အထိုက်အလျှောက်ကြီးမားတဲ့ အပြောင်းအလဲတွေကို ကျွန်မ ဒီနှစ်ထဲမှာ လုပ်ဖြစ်ခဲ့တယ်... ၁ ခုက ကျွန်မယခင်က တက်ခဲ့တဲ့ အင်ဂျင်းနီးယားရင်းမေဂျာကနေ ယခု ကျွန်မ စိတ်ပါဝင်စားတဲ့ Multimedia Technologies and Design ဆိုတဲ့ မေဂျာကို ကျွန်မရဲ့ ရှေ့ဆက်ပညာရေးအတွက် ရွေးချယ်လိုက်တယ်... နောက်တစ်ခုက ကျွန်မ ၄နှစ်နီးပါး အလုပ်လုပ်လာတဲ့ အလုပ်ကနေပြီး နောက်အလုပ်တစ်ခုပြောင်းလိုက်တယ်...ဒီလို အပြောင်းအလဲတစ်ခုကို ရွေးချယ်ဖို့ ကျွန်မအတွက် မလွယ်ကူတဲ့ ဆုံးဖြတ်ချက်ပါ... ယခင်က စိတ်နဲ့ဆိုရင်တော့ ဒီအပြောင်းအလဲကို လုပ်ဖြစ်မှာမဟုတ်ပါဘူး... ခုလို လုပ်ဖြစ်သွားဖို့ ကျွန်မရဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု အတွေးအခေါ်နဲ့ ယုံကြည်ချက်ပြောင်းလဲမှု တွေအများကြီးမူတည်ပါတယ်...
၁) ပညာရေးလမ်းကြောင်း အပြောင်းအလဲ
ဒါဆို ဘယ်လို အတွေးအခေါ်တွေ ပြောင်းလဲမှုက ကျွန်မကို ဒီလိုင်းကို ရွေးစေခဲ့တာလဲ... လူငယ်တော်တော်များများရဲ့ ရွေးချယ်မှုကို သူတို့ရဲ့ အုပ်ထိန်းသူတွေ ပတ်ဝန်းကျင်တွေ လူတွေသတ်မှတ်ထားတဲ့ ကောင်းတယ် မကောင်းဘူးဆိုတာတွေက ဘောင်ခတ်ထားလေ့ရှိတယ်... ဒါကလဲ လုံးလုံးမှားတယ်လို မဆိုနိုင်ပါဘူး... ကိုယ်ဘာလုပ်ချင်မှန်း ရေရေရာရာ ဘာကို စိတ်ဝင်စားမှန်း မသိသေးခင်မှာ လူကြီးတွေရဲ့ လမ်းပြမှုနဲ့ လမ်းမှန်ပေါ်ရောက်သွားတဲ့သူတွေလဲ အများကြီးပါပဲ... ကျွန်မလဲ လူကြီးတွေရဲ့ စီမံလမ်းပြမှုကြောင့် ယနေ့ရောက်နေတဲ့ နေရာကို ရောက်လာတဲ့အတွက် အင်ဂျင်နီးယားရင်းရွေးချယ်ခဲ့ရမှုကို နောင်တတော့ မရပါဘူး... (အဲဒိအချိန်က အခြေအနေနဲ့ အချိန်အခါက ဒီလမ်းက အကောင်းဆုံးဖြစ်နေတာတစ်ကြောင်း ကျွန်မကိုယ်တိုင်လဲ ဘာကို စိတ်ဝင်စားမှန်း သေသေချာချာမသိတာကတစ်ကြောင်း ကြောင့်ပါ)...
အင်ဂျင်နီးယားရင်းကို မမုန်းဘူးဆိုပေမဲ့ ကျွန်မ စိတ်ဝင်တစားနဲ့ အားတက်သရော ဖြစ်လှတယ်တော့ မဟုတ်လှပါဘူး... (personally... ဆရာဝန်ထက်စာရင်တော်ပါသေးတယ်... ကျွန်မအတွက်ကိုပြောတာနော်)... အချိန်တန်စာမေးပွဲအောင် လူတန်းစေ့ အလုပ်ရ၊ ပိုက်ဆံရှာ ဒါတွေအားလုံးကို သူများတန်းတူ ကျွန်မလိုက်လုပ်နိုင်ပါတယ်... ဒါပေမဲ့ ကျွန်မဘာကို သွားသတိထားမိလဲဆိုတော့ ကျွန်မ အလုပ်လုပ်နေတာ ပိုက်ဆံရရုံသက်သက်ပါပဲ... အလုပ်အတွက် ဘာခံစားချက်မှမရှိပါဘူး... ရှင်းရှင်းပြောရရင် စိတ်ဝင်စားမှုလဲမရှိဘူး... ကြိုးစားချင်စိတ်လဲမရှိဘူး... ငါ့ ရာထူးနဲ့ ဒီလောက်လခနဲ့ ကျေနပ်တယ်... ပိုခိုင်းရင်လဲမကြိုက်ဘူး... အလုပ်ဆင်းချိန် ဒေါင်ဆိုတာနဲ့ ပြန်ချင်တယ်... အလုပ်ထဲက လူတွေကိုလဲ ခင်လှတယ်မရှိပါဘူး... ဒါတွေက ကျွန်မကျောင်းပြီးစ အသက် ၂၁ အရွယ်က ခံယူချက်တွေပါ...
အချိန်နဲ့ ဒီရေဟာလူကို မစောင့်ဆိုတဲ့အတိုင်းပဲ အဲဒိစီးကြောင်းထဲ မျောနေလိုက်တာ ၁နှစ်ပြီး ၁နှစ် သတိမထားမိလိုက်ခင်မှာပဲ ကုန်ဆုံးသွားတယ်... ဒီအချိန်မှာ ကျွန်မ ပတ်ဝန်းကျင်က သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေက ပညာရေးတွေ ရှေ့ဆက်ရင်း ကျောင်းပြီးတဲ့သူကပြီး ကိုယ့်နောက်မှ စကာင်္ပူမှာ ကျောင်းတက်တဲ့သူက ခုဆို ဆက်လုပ်ရင်းနဲ့ ကျောင်းပြီးခါနီးတွေဖြစ်လာ... ဒီတော့ ကျွန်မ ရှေ့ဆက်ဖို့ စစဉ်းစားရပြီ... ဒီတစ်ခါတော့ ကျွန်မအချိန်ပေးပြီး စဉ်းစားတယ်... အဲဒိအချိန်မှာ ကျွန်မ အလုပ်လုပ်ခဲ့တဲ့ သက်တမ်းနဲ့ တွေ့ကြုံခဲ့ရတာတွေကို ပြန်သုံးသပ်ကြည့်တယ်... ကိုယ့်ကိုကိုယ်အားမရဘူး.... ဟိုယောင်ဝါးဝါး ဒီယောင်ဝါးဝါး... ဘယ်အရာမှ အညံ့စာရင်းထဲ မပါခဲ့ပင်မဲ့ ထူးချွန်တဲ့ စာရင်းထဲလဲ မပါခဲ့ဘူး... သူများတွေ ရွေးလို့ သူများတွေလုပ်လို့... ဒါကတော့ ကျောင်းပြီးရင် အလုပ်ပေါလို့ လခကောင်းလို့... ဆိုတဲ့ သူများတွေတိုင်းတဲ့ စံနဲ့ ကျွန်မဘဝကိုလိုက်တိုင်းတယ်... ဘာလို့လဲဆိုတော့ တစ်ခုခုဖြစ်ရင် အများပဲလေ... အားလုံး ဒီလိုလုပ်မှတော့ ကိုယ်လိုက်မလုပ်ရင် ကျန်ခဲ့မှာပေါ့ဆိုတဲ့ ကြောက်စိတ်နဲ့ ပဲ ဘဝကို လျှောက်လှမ်းခဲ့တယ်...
သူများစံနဲ့ ကိုယ်ရွေးတဲ့လမ်း...ဒါပေမဲ့ ကျောင်းပြီးတော့ အလုပ်ရှာတော့လဲ ကိုယ်တစ်ယောက်တည်းပဲ... လခကောင်းသလား မကောင်းဘူးလားဆိုတော့လဲ တစ်ယောက်ချင်းစီရဲ့ ရတဲ့ အလုပ်ပေါ်ပဲ မူတည်တာပဲ... ကိုယ်ယူခဲ့တဲ့ မေဂျာနဲ့ တစ်ထပ်တည်းကျတဲ့ အလုပ် မရလဲ ဝင်လုပ်ရတာပဲ... လုပ်ငန်းခွင်ဝင်တော့ ထိတွေ့ရတာလဲ ကိုယ်ပဲ... လုပ်ငန်းမှာ ကိုယ်ပျော်လား မပျော်လားဆိုတာလဲ ကိုယ့်ရဲ့ ခံစားချက်ပဲ... ပြသနာဖြစ်လဲ ကိုယ်ပဲရှင်းရတာပဲ... ဘယ်အရာမဆို ဘဝဆိုတဲ့ လမ်းမကြီးပေါ်မှာ သူများသတ်မှတ်ခဲ့တဲ့ စံတွေနဲ့ ကိုယ်တစ်ယောက်ထဲ ခါးစည်းခံရတာပဲ.... သူများတွေ စံနောက်လိုက်လဲ ကိုယ်က ရွေးချယ်ခဲ့တဲ့သူမို့ ဒီတာဝန်ဟာ ကိုယ့်ပေါ်မှာပဲရှိတယ်... မိဘတွေက ဒါကောင်းတယ်ဆိုပြီး ဒါလိုက်လုပ်ပင်မဲ့ ကိုယ့်ဘဝဖြစ်တဲ့အတွက် ကိုယ်ပဲ ရင်ဆိုင်ရမှာပဲ... တစ်ကယ်တမ်းကျတော့ မိဘတွေ အပေါင်းအသင်းတွေဆိုတာ ဘေးကနေ စိတ်ပိုင်းဆိုင်ရာ အားပေးဖော်ပဲရှိတာ... ကိုယ်ကသာ ကိုယ့်ဘဝကို ရင်ဆိုင်နေရတာ... အဲဒိအခါမှာ သူများစံနဲ့ ကိုယ်ရွေးခဲ့တယ်ဆိုတဲ့ အချက်ကို ကျွန်မ နောင်တရတယ်... နောင်တဆိုတာ နောင်မှရတယ်ဆိုပေမဲ့ နောက်ဖြစ်မဲ့အတွက်တော့ ပြင်ဆင်ဖို့ အချိန်ရှိသေးတယ်... ပြောင်းလဲဖို့ဆိုတာ နောက်ကျတယ်မရှိဘူး....
စိတ်ဝင်စားမှုကို ရှာဖွေခြင်း...
လူတစ်ယောက်ဟာ သူစိတ်ဝင်စားတဲ့ အလုပ်ကို လုပ်ကိုင်တဲ့အခါမှာ ပိုပြီး ထိထိရောက်ရောက် အကျိုးရှိရှိလုပ်ဆောင်နိုင်တယ်... ကျွန်မဝါသနာပါတာ... ကျွန်မကြိုက်တာ ငယ်ငယ်က ဘာဖြစ်ချင်လဲဆိုရင် သေသေချာချာ မသိဘူး... ဒါပေမဲ့ အိမ်မှာ တီဗွီစောင့်နတ်လို့ နာမည််ရလောက်အောင် ငယ်ငယ်ကတည်းက ကြည့်တယ်... စကာင်္ပူစရောက်ပြီး ကျောင်းတက်တော့လဲ စာကျက်ရင်တောင် တီဗွီဖွင့်ပြီး တီဗွီရှေ့ထိုင်ကျက်လို့ အိမ်မှာအတူနေတဲ့ အခန်းဖော်တွေက စာမေးပွဲမရှိဘူးလားလို့ မေးခံရတဲ့ အထိပဲ... ရုပ်ရှင်တွေကြည့်ရင်း Behind the scene တွေပြရင် "အော် ဒီလိုရိုက်တာပါလား... လုပ်တာပါလား" ဆိုပြီး ကျွန်မစိတ်ဝင်စားတယ် သဘောကျတယ်... အဲဒိထိလဲ ကျွန်မဘာလုပ်ချင်လဲ ဘာဖြစ်ချင်လဲဆိုတာကို ထုတ်ပြောရမှာ ရှက်တယ်... မဖြစ်နိုင်တာကို ပြောတယ်ဆိုပြီး ၀ိုင်းလှောင်ကြမှာ ဝိုင်းရီကြမှာကို ကြောက်တယ်...
ဒါပေမဲ့ ကမ္ဘာပေါ်မှာ ဒါရိုက်တာ အလုပ်က မဖြစ်နိုင်ပါဘူးလို့ လူတွေကထင်နေရင် ခု ဒါရိုက်တာဖြစ်နေတဲ့ သူတွေက မွေးကတည်းက တံဆိပ်တပ်ခံထားလို့လား... ဥပမာ ကိုရီးယားက အဆိုတော် မင်းသား Rain ဟာ စစချင်းမှာ ရုပ်ဆိုးလို့ မဖြစ်နိုင်ပါဘူးဆိုပြီး ဘယ် Entertainment agency ကမှ လက်မခံခဲ့ပင်မဲ့ ခုတော့ ကမ္ဘာအဆင့်ထိတက်နိုင်တဲ့ ကိုရီးယား ဂုဏ်ဆောင်မင်းသားဖြစ်နေတာပဲ... ကိုယ်ဖြစ်ချင်တာ ၀ါသနာပါတာကို လုပ်ဖို့တော့ ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ကြိုးစားအားထုတ်မှုတော့လိုတယ်...
ကြောက်စိတ်...
ဒီအခါကျပြန်တော့ ကျွန်မမှာ နောက်ထပ်ကြောက်စိတ်တစ်ခုဝင်လာတယ်... ငါ့မှာ အဲလောက် ပြင်းပြတဲ့ ဆန္ဒနဲ့ ကြိုးစားအားထုတ်ချင်စိတ်ရှိရဲ့လား... အလုပ်တစ်ခုကို စပြီးရင် အဆုံးမသတ်တတ်တဲ့ အကျင့်ဆိုးတစ်ခု ကျွန်မမှာရှိနေတာကိုလဲ ကိုယ့်ကိုကိုယ်သေချာသိပါတယ်... (ဒါပေမဲ့ ပြင်နိုင်အောင် ကြိုးစားနေပါတယ်...) ကိုယ်တစ်ခါမှ မလုပ်ကြည့်ဖူးတော့ ဒီလိုင်းဟာ ကိုယ်နဲ့ ကိုက်လား မကိုက်လား... ကိုယ့်အတွက် တကယ် အဆင်ပြေတဲ့ အလုပ်ဖြစ်ပါ့မလား... သေချာတာကတော့ ဒီလိုင်းကို လုပ်မယ်ဆိုရင် အရင်ဆုံး ရင်ဆိုင်ရမှာက ကိုယ့်မိဘတွေကို... ပြီးတော့ ကိုယ်ရောက်နေတဲ့ အသိုင်းအဝိုင်းကို... ပြီးတော့ မမြင်တွေ့ရသေးတဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်း... အပြိုင်အဆိုင်များတဲ့ အချိန်နဲ့အမျှ အမြဲနီးပါး အလောတကြီးလုပ်ကိုင်ရတဲ့ လုပ်ငန်း သဘာဝ... အချိန်အတိအကျ သတ်မှတ်မှုမရှိတဲ့ လုပ်ငန်းသဘာဝ... စစချင်း ဝင်လာသူအတွက် လခလုပ်စားနည်းပြီး အလုပ်အခွင့်အလန်းနည်းတဲ့ သဘောသဘာဝရှိတဲ့ လုပ်ငန်းတစ်ခုနောက်ကို လိုက်ဖို့ ကျွန်မကြောက်မိပြန်တယ်...

"နင်လုပ်နိုင်ပါ့မလား" လို့ ဘယ်သူမှမမေးခင် "ငါလုပ်နိုင်ပါ့မလား" လို့ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ရင်တောင် ကျောထဲ ချမ်းစိမ့်သွားတယ်... ဒီလိုင်းကို ယူပြီး ဖြစ်သမျှ အကျိုးအပြစ်အတွက် တစ်ယောက်တည်း ခေါင်းညိမ့်တာဝန်ယူဖို့ အသင့်ဖြစ်ပြီလား... ဘာမှ ဖြစ်မလာတဲ့အခါ မိဘတွေက အပြစ်တင်ရင်ပဲ ဖြစ်ဖြစ်... ပတ်ဝန်းကျင်က လက်ညှိုးထိုး လှောင်ပြောင်တာတာပဲဖြစ်ဖြစ် ဖြစ်လာခဲ့ရင် ကျွန်မခံနိုင်မှာလား... ကျွန်မ မချင့်မရဲပါပဲ...
စဉ်းစားနေတုန်းမှာပဲ အချိန်တွေကလဲ ကုန်နေတယ်... နေရမဲ့ လူ့သက်တန်းပျမ်းမျှ ၇၀-၈၀ လောက်မှာ သူများတိုင်းတဲ့ စံနဲ့ပဲ ကျွန်မဘဝကိုဖတ်နေတာ တစ်စိတ်ကြိုးသွားပြီ... မကြိုးစားကြည့်ပဲနဲ့ "ငါလုပ်ခဲ့လိုက်ရင် ဖြစ်မှာ" "လုပ်ကြည့်ခဲ့ရင်ကောင်းသား" ဆိုတဲ့ စကားတွေနဲ့ ဘဝတစ်လျှောက်လုံး ဒွိဟပွား လိပ်ခဲတည်းလည်း ဖြစ်နေမဲ့အစား ကြိုးစားကြည့်လိုက်တာက ပိုပြီး အဓိပ္ပါယ်ရှိရှိ စိတ်ကျေနပ်နပ်နေရမယ်လို့ ကျွန်မထင်တယ်... ဖြစ်မလာခဲ့ရင်တောင် အနည်းဆုံး ကိုယ်ကြိုးစားခဲ့ပြီးပြီပဲဆိုပြီး စိတ်ဒုံးဒုံးချလိုက်နိုင်တယ်...
ဆုံးဖြတ်ချက်ချပြီး ကျောင်းတွေ လျှောက်ကြည့်တယ်... Entrance project တွေ လုပ်ဖို့လိုတော့ လုပ်ပြီးတင်တယ်... ပန်းချီတွေ ဒီဇိုင်းတွေ ဝတ္တုတွေရေးခိုင်း ဆွဲခိုင်းပြီးတင်ရတယ်... ဒါပေမဲ့ reject တွေထိတယ်... ကိုယ်တက်ချင်တဲ့ မေဂျာကို ခေါ်တဲ့ အချိန်စောင့်ရ... တင်ပြီး reject ထိလို့ ထပ်စောင့်ရနဲ့ အချိန်တွေဖြုန်းနေသလိုများဖြစ်နေလားလို့ တွေးမိသလို... reject ထိလိုက်တိုင်းမှာ ငါဟာ ဒီလိုင်းနဲ့ သင့်တော်ရဲ့လား ငါ့မှာ ဒီလိုင်းနဲ့ ပတ်သတ်တဲ့ ပါရမီရောရှိရဲ့လားဆိုတဲ့ အတွေးတွေဝင်မိတယ်... မိဘတွေက ကျောင်းတက်ခိုင်းနေတာရော၊ သူများတွေကျောင်းဆက်တက်နေကြပြီ ကိုယ်ကတော့ ကျန်ခဲ့ပြီဆို တဲ့ဖိအားတွေရှိနေပင်မဲ့ ကျွန်မသူငယ်ချင်းတစ်ယောက်က "ကိုယ်လုပ်ချင်တာ ကိုယ်ဖြစ်ချင်တာ တစ်ခုကို စောင့်နေတာဟာ အချိန်ဖြုန်းနေတယ်လို့ မခေါ်ဘူး" ဆိုတဲ့ အားပေးစကားကြောင့် စိတ်ဖြေသာခဲ့တယ်... ကျွန်မ မိဘတွေကလဲ နောက်ပိုင်းမှာ ကျွန်မကို စိတ်ပိုင်းဆိုင်ရာ အားပေး ပံ့ပိုးခဲ့တယ်... အဲဒိအတွက်လဲ ကျွန်မ အများကြီး စိတ်သက်သာရာရသွားတယ်...
ဆုံးဖြတ်ချက်ကို ရင်ဆိုင်ချိန်...
ခုဆိုရင် ကျွန်မ စိတ်ဝင်စားတဲ့ ပညာရပ်ကို သင်ယူဖို့ ကျောင်းစတင်တက်နေပြီ... ပထမဆုံးပဲ ကျွန်မရင်ဆိုင်ရတာက ကျွန်မ သိပ်ညံ့တဲ့ ပန်းချီပညာ... ပန်းချီဆိုတာ Multimedia ရဲ့ အခြေခံပဲ... ဂိမ်းပဲဖြစ်ဖြစ်.... ကြော်ငြာပဲဖြစ်ဖြစ်... ရုပ်ရှင်ပဲဖြစ်ဖြစ်... Storyboarding လို့ခေါ်တဲ့ တကယ်ပုံမပေါ်ခင် အားလုံးကို မြင်အောင် ဆွဲပြရတဲ့ အကြမ်းပန်းချီဆိုတာ မရှိမဖြစ်ပဲ... အဲဒိမှာတင် ကျွန်မ စတင်ပြီး ရုန်းကန်ရပြီ... ခဲတံတွေ ရောင်စုံခဲတံတွေနဲ့ လက်မှာလဲ ခဲတွေပေပွပြီး... အတန်းထဲမှာ ဆွဲဆိုတာနဲ့ ကိုယ်က ဘယ်က စဆွဲရမှန်းမသိ... ဘယ်လိုဆွဲရမှန်းမသိ... တစ်ချို့တွေကျတော့လဲ ဘယ်တုန်းကတည်းက တတ်ထားလဲမသိ တော်လိုက်တာ... ဒါပေမဲ့ အတန်းထဲမှာ ကိုယ်တစ်ယောက်တည်း ရုန်းကန်နေရတာ မဟုတ်ပါဘူး... တခြားလူတွေလဲ မပြောရင်သာရှိမယ် သူ့ဟာနဲ့ သူ ရုန်းကန်နေကြတာတွေရှိပါတယ်... ဆွဲတတ်တဲ့သူဆိုတာ အနည်းအကျဉ်းပါ... အတန်းထဲမှာ အသက် ၄၀ ကျော်အရွယ် ကျောင်းသားကျောင်းသူ အနည်းစုကိုလဲတွေ့ရတော့"အော် သူတို့လဲ သူတို့လိုချင်တာ လုပ်ချင်တာကို ခုလုပ်တာပဲ ... နောက်ကျတယ်ဆိုတာ မရှိဘူး" ဆိုတဲ့ ကျွန်မအတွေးလိုပဲ သူတို့တွေးကြလို့ နေမယ်... ကျွန်မကတော့ အဲဒိအတွေးကို သူတို့ အရွယ်မရောက်ခင်မှာ အကောင်အထည်ဖော်ဖြစ်ခဲ့လို့ အားပိုရှိသွားပါတယ်...
ကိုယ်သိချင်တဲ့ လိုင်းကို ကိုယ့်ဘာသာကိုယ်ရွေးချယ်ခဲ့လို့ ကျောင်းသွားရမှာ အတန်းတက်ရမှာကို ကျွန်မ မပျင်းပါဘူး... အတန်းထဲမှာလဲ ကျွန်မ အိပ်မငိုက်တာ ကိုယ့်ကိုကိုယ်ထူးထူခြားခြား သတိထားမိပါတယ်... အတန်းထဲမှာ ငိုက်တတ်တယ်ဆိုတာ အမြဲတမ်း အမှန်တရားလို့ အရင်က ထင်ခဲ့တာပါ... ခုမှ အတန်းထဲမှာ အိပ်ငိုက်တယ်ဆိုတာ ကိုယ်စိတ်ဝင်စားမှု နည်းလို့ဆိုတာ သဘောပေါက်သွားပါတယ်... အဲဒိကျောင်းက ဆရာတွေ ဆရာမတွေပြောသလို ပညာရပ်တစ်ခုမှာ ပါရမီရှိရင် အဲဒိလူက သင်ယူရလွယ်ကူပြီး ထူးချွန်တယ်... ဒါပေမဲ့ ပါရမီမရှိတဲ့သူက မဖြစ်မြောက်ဖူးဆိုတာတော့ မဟုတ်ပါဘူးတဲ့... ပါရမီဆိုတာမှာ အကြိမ်ကြိမ် အဖန်ဖန်လေ့ကျင့်မှုဆိုတာလဲ ပါပါတယ်တဲ့... အဲဒိအတွက် အားလုံးဟာ ဖြစ်နိုင်ပါတယ်တဲ့...
ခု ကျောင်းမှာလဲ ကျွန်မဟာ အတော်ကြီးထဲမပါပါဘူး... တစ်ချို့ကလဲ တတ်ပြီးသား တစ်ချို့ကလဲ ပါရမီရှိပြီးသားတွေ ကိုယ့်ရှေ့မှာတစ်ပုံကြီးပါ... ကျောင်း result မှာ ကျွန်မဟာ ကောင်းချင်မှကောင်းမယ်... ဒါပေမဲ့ ကျွန်မ အဓိပ္ပါယ်ရှိရှိဖြတ်သန်းနေတယ်လို့ ထင်တယ်... ကျွန်မရဲ့စံဟာ တစ်ချို့တွေရဲ့ စံမှာ တိုးတက်မှုမရှိတဲ့ လမ်းကို တိုးနေသလိုဖြစ်ကောင်းဖြစ်မယ်... ဒီအသက်ရောက်မှ ရူးရူးမိုက်မိုက် လုပ်ချင်တာ လုပ်နေတယ်တယ်လို့ မြင်ကောင်းမြင်မယ်... ဒါပေမဲ့ သူများစံနဲ့ ရွေးတဲ့လမ်းလျှောက်ပြီး တစ်ခုခုဖြစ်တော့လဲ ကိုယ်ပဲ ရင်ဆိုင်ရမဲ့အတူတူ ကိုယ်ရွေးတဲ့လမ်းကို ကိုယ်ပဲရင်ဆိုင်ပြီး တာဝန်ယူ ရင်ဆိုင်ရတာက ပိုပြီး အဓိပ္ပါယ်နဲ့ ပြည့်စုံတယ်လို့ ကျွန်မအတွေးတွေ ပြောင်းလဲခဲ့ပါတယ်...
၂) အလုပ်အကိုင်အပေါ် အမြင် အပြောင်းအလဲ
လုပ်ငန်းခွင်ဟာ အိမ်မဟုတ်ဘူး...
ကျွန်မ အပေါ်မှာပြောခဲ့တဲ့အတိုင်း လုပ်ငန်းခွင်ကို စတင်ဝင်ချိန်က ကျွန်မရဲ့ စိတ်ဓာတ်ဟာ သူများတွေတန်းတူ အလုပ်အကိုင်လေးရပြီး လခလေးယူနေဖို့ပါပဲ... ရာထူးတိုးဖို့လဲ မတောင့်တသလို ကြိုးစားချင်စိတ်လဲမရှိပါဘူး... အဓိက ကျွန်မရဲ့ ပြဿနာနောက်တစ်ခုကတော့ အိမ်မှာ အငယ်ဆုံးဖြစ်တဲ့ အတိုင်း လုပ်ငန်းခွင်စဝင်တုန်းကလဲ အလုပ်ထဲမှာ အငယ်ဆုံး ဖြစ်တာကြောင့် အိမ်က မိသားစုတွေလိုပဲ ကိုယ့်ကို ငှဲ့ညှာမယ်လို့ ထင်တဲ့ စိတ်က အမှားကြီးမှားတာပါပဲ... လုပ်ငန်းခွင်မှာ အသက်ငယ်တယ် ကြီးတယ် မရှိပါဘူး... အားလုံးက လခစားအလုပ်လုပ်နေတဲ့ လူကြီးတွေလို့ပဲ သတ်မှတ်ပါတယ်...
လုပ်ငန်းခွင်မှာ အသစ်တွေကို အထားမကျသေးခင် အဟောင်းတွေ လှည့်သမျှ ခံရတတ်တာလဲ အလုပ်လုပ်ဖူးတဲ့ လူတိုင်း တွေ့ကြုံခံစားဖူးမှာပါ... လုပ်ငန်းခွင်မှာ လူတိုင်းက စိတ်ကောင်းရှိ သဘောကောင်း ခွင့်လွှတ်နားလည်နေမှာ မဟုတ်ပါဘူး... စိတ်ကောင်းရှိ နားလည်တဲ့သူရှိအုံး သူကလဲ သူ့အလုပ်နဲ့ သူပါ... ကိုယ်တကယ် ပြဿနာဖြစ်ပြီဆိုရင် ဘယ်သူမှ ကိုယ့်ဘက်က ရပ်တည်ပေးမှာ မဟုတ်ပါဘူး... အလွန်ဆုံး သူတို့ ကူညီနိုင်ရင် ထမင်းတူတူထွက်စားတုံး "နင့်အတွက် ငါစိတ်မကောင်းပါဘူး" ဆိုပြီး အားပေးစကားပြောနိုင်ရုံပါ... တစ်ခုခုဖြစ်လို့ ကိုယ်မတရားအပြောအဆို ခံရတာပဲဖြစ်ဖြစ် စွပ်စွဲခံရတာပဲဖြစ်ဖြစ် ကိုယ့်ဘက်ကဘာမှ အဖြူအမဲ သက်သေမရှိပဲ သူကတော့ သိနေတယ်ဆိုပြီး... သူ့ကို ကိုယ့်ဘက်ပါမယ်ထင်ပြီး ရှေ့နေသွားငှားလို့မရပါဘူး... အားလုံးက နှာစေးနေကြတာပါ...
အသစ်ဖြစ်ရခြင်း... အငယ်ဆုံးဖြစ်ရခြင်း အတွက် လုပ်ငန်းခွင်မှာ ညှာတာခြင်းမခံရပေမဲ့... အဟောင်းသမားတွေရဲ့ အသေးအဖွဲ သူတို့အတွက် မိတ္တုကူးပေးရခြင်း သူတို့ အကြိုက်လိုက် စကားပြောရခြင်း... သူ့တို့အလုပ်ကို ကိုယ့်အလုပ်လိုလိုနဲ့ ဘောလီဘောပုတ်ခံရခြင်း... စတာတွေကို သိသိကြီးနဲ့ ခံနေရတဲ့့အခါမှာ မခံချင်စိတ်နဲ့ကိုယ်က အမူအယာအားဖြင့်သော်လည်းကောင်း နှုတ်အားဖြင့်သော်လည်းကောင်း ပြမိလို့သူတို့နဲ့ လူမှုရေး အဆင်မပြေတွေဖြစ်ခြင်း... တိုင်းတပါးမှာ အလုပ်လုပ်နေသူတွေ ရင်ဆိုင်ရတဲ့ လူမျိုးရေးခွဲခြားမှု ဘက်လိုက်မှုတွေကိုလဲ ရင်ဆိုင်ရပါတော့တယ်... (ကျွန်မအတွေ့အကြုံအရ လူမျိုးရေးခွဲခြားသူဆိုရာဝယ် စလုံးများကို ပြောခြင်းမဟုတ်ပါ... များသောအားဖြင့် ဘက်လိုက် လူမျိုးရေးခွဲခြားသူများမှာ တခြားနိုင်ငံမှ စကာင်္ပူမှာ လာရောက်လုပ်ကိုင်တဲ့ အထက်လူကြီးနဲ့ လူမျိုးချင်းတူတဲ့သူက ဦးစားပေးခံရတာပါ... သူတို့ချင်းပြန်ကြည့်တဲ့သဘောပေါ့... )...
အဆင်မပြေမှုတွေရှိရင် ကိုယ့်ကိုကိုယ် အရင်သုံးသပ်ကြည့်သင့်တယ်...
ခုချိန်မှာ ကျွန်မကိုယ်ကျွန်မ ပြန်လည်သုံးသပ်ကြည့်မိတော့... သူများဘက်ကချည်းမှားပြီး ကိုယ့်ဘက်ကချည်း မှန်နေတယ်ဆိုတာတော့ မဖြစ်နိုင်ပါ... ကိုယ့်မှာ စပ်စပ်ထိမခံတတ်တဲ့ အကျင့်ရှိနေတာကိုတော့ သတိထားမိပါသည်... ကျန်တဲ့သူတွေအားလုံးက သည်းခံနိုင်ပြီး ကျွန်မကဘာကြောင့် သည်းမခံနိုင်ပဲ အဆင်မပြေဖြစ်သနည်း... ထိုအခါတွင် လူတွေမှာ သူတို့အကျင့် သူတို့စရိုက်ရှိကြပြီး အလုပ်လုပ်ရာတွင် အထိုက်အလျောက် မသိချင်ယောင်ဆောင်တန်ဆောင် လျစ်လျှူရှူတန်ရှူဖြင့်နေသင့်ကြောင်း သဘောပေါက်ခဲ့သည်...
Work Smart နဲ့ Interpersonal Skills ဆိုတဲ့အထဲမှာ သူဋ္ဌေးရှေ့ပဲ အလုပ်လုပ်ပြတာ ပါလား...
ကျွန်မမှာ အကျင့်တစ်ခုရှိတာက အလုပ်တစ်ခုကို ကျွန်မအတတ်နိုင်ဆုံး သူဋ္ဌေးရှေ့ရော နောက်ကွယ်ပါ ပုံစံတူလုပ်ပါတယ်... အဓိကက ကျွန်မလုပ်ရတဲ့ တာဝန်ပြီးဖို့ပါ... ဆိုလိုတာက သူဋ္ဌေးရှေ့မို့ ပိုမကြိုးစားပြသလို နောက်ကွယ်မို့ အချောင်ခိုမနေပါဘူး... အလုပ်ရှိရင် ရှိသလိုလုပ်ပါတယ်... သို့သော် တော်တော်များများကတော့ သူဋ္ဌေးရှေ့တွင် အလုပ်လုပ်ပြကြပြီး သူဋ္ဌေးနောက်ကွယ်တွင် လုပ်ချင်ရာလုပ်ကာ ခိုနေကြသူတွေလဲ တွေ့ကြုံခဲ့ပါတယ်... အလုပ်လုပ်လျှင် အလုပ်လုပ်တဲ့သူကို ပိုခိုင်းသည်... လုပ်နေကျအတိုင်း မလုပ်တော့လျှင် ထိုသူအမှား... အစထဲက ခိုသောသူကိုတော့ ခွင့်လွှတ်သည်... စနစ်ကျသော ကြီးကျပ်အုပ်ချုပ်မှုမျိုးမရှိသော အလုပ်မျိုးကို ရောက်လျှင် ကိုယ်ကြိုးစားသမျှအရာမထင်သလို... အထက်ဖား အောက်ဖိပတ်ဝန်းကျင်တွင် အလုပ်လုပ်နေရသူများအတွက် ဖြောင့်မတ်ခြင်းဟာလဲ အရေးမပါလှသော်လည်း လိုက်လျောညီထွေနေတတ်ခြင်း တနည်းအားဖြင့် ဖားတတ်ခြင်းဟာလဲ Interpersonal Skill လို့ သတ်မှတ်လို့ ရသလိုလို ကျွန်မသဘောပေါက်ခဲ့ပါတယ်...
ရီမောနေသူတိုင်း လူကောင်းမဟုတ်...
အလုပ်တစ်ခုတွင် ရီမောပျော်ရွှင်နေသူတိုင်း စိတ်ကောင်းမရှိပါ... ခင်ဖို့မကောင်းပါ... အစက ကိုယ်ကကောင်းတယ်ထင်ပြီး ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း အားကိုးလောက်မည်ထင်၍ အဆင်မပြေမှုများကို တင်ပြလျှင် အိုကေ အိုကေ ငါကြည့်လုပ်ပေးမယ်ဟု ပြောကာ ဘာမှမလုပ်သော အုပ်ချုပ်သူ... သူတို့ပါးစပ်ထဲမှာပင် အမျိုးမျိုးပြောင်းနေသော စည်းကမ်းချက်များနှင့် ခွင့်လွှတ်ခြင်းခံထားရသော စည်းကမ်းဖောက်ဖျက်သူများ... မကျေနပ်လျှင်လာရောက် ပြောကြားနိုင်သည်ဟုဆိုကာ တကယ်တမ်းလာရောက်ပြောကြားသူကို အတိုင်အတောထူသူဟု သတ်မှတ်ခံခဲ့ရခြင်များ... စတာတွေကို တွေ့ကြုံလာတဲ့အခါမှာ ကျွန်မ သင်ခန်းစာရခဲ့သည်... လူတွေသည် အပေါ်ယံချည်းများသည်... သူတို့ အကျိုးမရှိပဲ သူတို့တာဝန်ဖြစ်စေကာမူ ကိုယ့်အတွက်ဖြင့် တဖက်လူအမုန်းမခံ... ကိုယ့်ဘက်က မည်မျှမှန်မှန် မှားသောသူများသောနေရာရောက်နေသောအခါ ကိုယ်လိုက်မမှားချင်လျှင်တောင် မျက်စိပိတ် နားပိတ် ပါးစပ်ပိတ်ကာ တတ်နိုင်သမျှ သည်းခံ ကိုယ့်အလုပ်ကိုယ်လုပ် သူများက သူတို့အလုပ်လာပေးလဲ ပါးစပ်လေး ချိုချိုဖြင့် "လုပ်ပေးမယ် လုပ်ပေးမယ်... " ဟုဆိုကာ နောက်မှ "ငါလဲ ဒါလေးနဲ့ အလုပ်များနေလို့ မလုပ်ပေးနိုင်ဘူးဟယ်" ဟု အသာလေး အချိုသွေးပြန်ငြင်းထုတ်ခြင်းများ စတဲ့ အခြေခံလူမှုရေးမျိုး အရင်က ကျွန်မမှာ မရှိခဲ့သော်လည်း တဖြည်းဖြည်းနှင့် ကျင့်ယူခဲ့ရသည်...
ကျွန်မအရင်က အတွေးကတော့ လာပေးလို့ ကိုယ်လက်ခံလိုက်လျှင် ကိုယ့်တာဝန်ဖြစ်သွားသည့်အပြင် ကိုယ်လုပ်မပေးနိုင်ပဲ လုပ်ပေးမယ်ဆိုပြီး သူများရဲ့အချိန်တွေကို မယူချင်တာကြောင့်ဖြစ်သည်... အစပိုင်းတွင် တော်တော်လေး ဟန်မဆောင်နိုင်သေးတဲ့အတွက် လူမှုရေးအခက်ခဲလေးတွေရှိပေမဲ့ နောက်ပိုင်းမှာတော့ မပတ်သတ်လို့ရရင် မပတ်သတ်ဘူး (ခုထက်ထိတော့ ကိုယ် မနှစ်မျို့သူများကို ရီမောပြီး လောကွတ်မချော်တတ်သေးပါ)... ပတ်သတ်ရမယ်ဆိုရင်တော့ အတတ်နိုင်ဆုံး ပုံမှန် ကောင်းကောင်းမွန်မွန် ချိုသာတန်သလောက်ချိုသာပြီး အပေါ်ယံသုံးတတ်လာတဲ့အခါ ဘဝက အတော်ချောင်လည်ခဲ့ပါတယ်...
မောင်နှမလို ခင်တာပါတဲ့..
ရိုးသားသော သွေးမတော် သားမစပ် ယောကျာင်္း မိန်းမ ၂ယောက်၏ခင်မင်မှုတွင် Minimum distance (personal space) ရှိရှိ ဆက်ဆံကြသည်... စကားပြောတိုင်း ခါးတို့လိုက် ပခုံးပေါ်လက်ကာ သားပြောမယားပြော ဟာသများပြောဆိုနေခြင်းသည် မောင်နှမလို့ခင်မင်၍ဖြစ်သည်ဆိုခြင်းကို လိုက်လျောသော မိန်းကလေးများက လိုက်လျောနေသော်လည်း ကျွန်မမည်သို့မျှ လက်မခံနိုင်သေးပါ... အထူးသဖြင့် အိမ်ထောင်သည်ယောကျာင်္းများနှင့် ပို၍ပင် ဆင်ခြင်သင့်သည်... (မောင်နှမအစစ်များ တစ်ယောက်နှင့်တစ်ယောက် ပုခုံးပေါ်လက်တင်၍သော်လည်းကောင်း ခါးဖက်၍သော်လည်းကောင်း စကားမပြောကြဟု ကျွန်မကတော့ယုံကြည်သည်)

မနာလိုခြင်း = အတိုင်းထက်အလွန် အားကျခြင်း
ကိုယ့်အပေါ် မနာလိုသူများနှင့် ကြုံတွေ့လျှင်တော့ အရင်ကလို ရန်ပြိုင်မလုပ်ချင်တော့ပါ... ကိုယ့်ကိုကိုယ် အပင်ပန်းမခံပါ... ထိုသူအတွက်သာ စိတ်မကောင်းဖြစ်မိသလို သနားမိသည်... ကျွန်မအလွန်မှ စိတ်ပျက်သောသူကို ဥပက္ခောနည်းဖြင့် ဖြေရှင်းတတ်သည်... သနားမိခြင်းဆိုတာကတော့ မနာလိုဖြစ်ခြင်းဆိုသည်မှာ ကျွန်မနားလည်သလောက် "ကိုယ့်မှာမရှိတာ... သို့မဟုတ် ကိုယ်လိုချင်တဲ့အရာကို သူတစ်ပါးကရရှိနေသဖြင့် မသိစိတ်မှ အားကျကာ သိစိတ်မှမလိုမုန်းထားခံစားရသော စိတ်ဖြစ်သည်" ဟုအဓိပ္ပါယ်ပြန်သည်... မနာလိုဖြစ်ခံရပြီဆိုပင်လျှင် သူ့တို့ကို ရန်ပြိုင်မလုပ်ပဲ "အော်... ငါ့မှာ သူများ အားကျ လိုချင်စရာအချက်တွေရှိနေတာပဲ" ဆိုပြီးသာ ကျေနပ်နေလိုက်တာ ကိုယ့်အတွက် ယုံကြည့်မှုလဲတိုးသလို သက်လဲသက်သာပါတယ်...
ပြောင်းလဲမှုကို မကြောက်သင့်...
သို့သော် ကျွန်မ ကျောင်းတက်ဖို့ဆုံးဖြတ်ပြီးနောက်ပိုင်းတွင် အလုပ်ကိုကျောင်းတက်ခွင့်လျှောက်သည်... အလုပ်ထဲတွင်တော်တော်များများကျောင်းတက်နေကြသည်... ထို့ကြောင့် quater မကျန်တော့ဟုဆိုသောကြောင့် ၁နှစ်တိတိ နောက်ရွှေ့ခဲ့သည်... သို့သော် ၁ နှစ်ပြည့်ပြီးလို့ ထပ်ပြောသောအခါတွင်လည်း နောက်ထပ် ၆လလောက်ထပ်စောင့်ခိုင်းသည်... ၂၀၁၂ ဇန်နဝါရီကျလျှင်ပေးတတ်မည်ဟုဆိုသည်...

ဒီအချိန်တွင် ကျွန်မတွေးမိသည်က ထိုအလုပ်သည် သက်သာသည်... stress နည်းသည်... ဘလော့ရေးနေလို့ရသည်... youtube ကြည့်နေလို့ရသည်... Fb game ကစားနေလို့ရသည်... အရင်အတွေးနှင့်ဆိုလျှင် ကျွန်မ ပျော်ပျော်ကြီးလုပ်နေအုံးမည် ဖြစ်သည်... သို့သော် ကျွန်မရဲ့အတွေးအခေါ်တွေ အချိန်နဲ့အလိုက်ပြောင်းလဲလာခဲ့သည်... ထိုအလုပ်တွင် အနာဂါတ်အတွက် တိုးတက်မှုမရှိသည့်အပြင် စိတ်ဓာတ်ရေးရာအရလဲ လူဖျင်းလူညံ့ဖြစ်လာနိုင်သည်... ကြိုးစားချင်စိတ်မရှိဖြစ်ကာ ဘယ်လို အချောင်ခိုရလျှင်ကောင်းမလဲကိုသာ စဉ်းစားနေမိမည်... ထိုသို့သော စိတ်ထားမျိုး တစ်စတစ်စဖြစ်လာနေသော personality ကို ကျွန်မသဘောမကျ... stress များသောငြား လူမှုပတ်ဝန်းကျင်ကောင်းကာ အနာဂတ်အတွက် ပညာရပ်များ သို့မဟုတ် အတွေ့အကြုံကောင်းများ သို့မဟုတ် ကျွန်မစိတ်ဝင်စားသော အလုပ်ဖြစ်ခြင်း စတဲ့ အချက်တွေနဲ့ကိုက်ညီလျှင် ကျွန်မလုပ်ချင်သည်...
ကျောင်းတက်မည်ဖြစ်သဖြင့် သာမာန်ရုံးချိန်နှင့် အိမ်နှင့်နီးသော အလုပ်ကိုသာ ကျွန်မရှာသည်... ပြောင်းလဲမှုကိုလဲ ကျွန်မကြောက်သည်... ပတ်ဝန်းကျင်အသစ် လူအသစ် အလုပ်အသစ်များနှင့်ရော ကျွန်မ အဆင်ပြေ ဝင်ဆံ့ပါ့မလားဆိုတာကလဲ ၅၀-၅ဝရာခိုင်နှုန်းသာဖြစ်သည်... "တရွာမပြောင်း သူကောင်းမဖြစ်" ဆိုတဲ့ စကားပုံရှိသလို "သေချင်တဲ့ ကျားတောပြောင်း" ဆိုတာလဲရှိသည်... လူတော်တော်များများ ကိုယ်တော်တော်ကြာကြာလုပ်လာသော အလုပ်တစ်ခုမှ အလုပ်ပြောင်းရမည်ဆိုလျှင် တွန့်ဆုတ်တတ်ကြသည်... ကျွန်မလည်းထိုနည်းလည်းကောင်းဖြစ်ခဲ့သည်... အရင်က ရုံးအလုပ်ကို အရှုံးပေး ထွက်ပြေးခဲ့သဖြင့် အရှုံးသမားကဲ့သို့ ကိုယ့်ကိုကိုယ်ခံစားနေရသော စိတ်ကိုလဲ ပြန်လည် စိန်ခေါ်ချင်သည်... ခုတော့ ကျွန်မအလုပ်သစ်မှာ ၁ လပြည့်ပါပြီ... ကျွန်မကြောက်ရွံ့စိုးရိမ်ခဲ့တာတွေကို ယခုထက်ထိတော့ မကြုံတွေ့ရသေးပါ... အလုပ်ပြောင်းမည်ဆိုတုန်းက ဘေးက အကြံပေးခဲ့ကြသော အမျိုးမျိုးသော အကြံများက ကျွန်မကို ဒွိဟဖြစ်စေခဲ့သည်... တယောက်ကအားပေးသလို တစ်ယောက်က "ဟုတ်မှလဲလုပ်နော်" ဟုပြောသည်... မည်သို့ပင်ဆိုစေ အားလုံးက ကျွန်မအတွက် စေတနာထားသူများဟု သတ်မှတ်သည်...
ထို့အတွက် ကျွန်မပေးခြင်းတဲ့ အကြံလေးကတော့ အလုပ်တစ်ခုကို လုပ်မည်ဆိုလျှင် information နဲ့ consequences အတွက်သာ ကိုယ့်ပတ်ဝန်ကျင်က အရေးပါသူတွေနဲ့တိုင်ပင်ပြီး... ဆုံးဖြတ်ချက်ကတော့ ကိုယ့်ခံယူချက် ကိုယ့်ခံစားချက် ကိုယ့်အတွေး ကိုယ့်စိန်ခေါ်မှုနဲ့ သာ ပြုလုပ်သင့်ပေသည်... အဘယ်ကြောင့်ဆိုသော် သူများရွေးပေးသော လမ်းကို ကိုယ်လျှောက်လို့ လဲကျလျှင်လဲ မည်သူမျှလာထူပေး နိုင်မည်မဟုတ်... ကိုယ့်စိတ်ကြိုက်လမ်းကို ကိုယ်ရွေးလျှောက်သော် မှားခဲ့ရင်တောင် နောင်တမရ အချိန်မရွေး ပြန်လည်စတင်ဖို့ စိတ်ဓာတ်ခွန်အားများ ရှိနေသေးပေသည်...
မှတ်ချက်။ ။ မဗေဒါ အတွေးနှင့် တိုက်ဆိုင်မှုမရှိပါက ကြိုက်သလို သဘောထားကွဲလွဲနိုင်ပါတယ်ရှင်...
Subscribe to:
Posts
(
Atom
)