Saturday, September 14, 2019

တစ်ဆစ်ချိုး...

ဒီဘလော့လေးကို မရေးဖြစ်တာ ၂ နှစ်နီးပါးရှိနေပြီ။ ဒီ ၂ နှစ်အတွင်းမှာလဲ ကိုယ့်ဘဝ အတွက် အပြောင်းအလဲတွေ အများကြီးဖြစ်ခဲ့တယ်။ ဒီဘလော့လေးက ကိုယ်အိမ်ထောင်မကျခင်ကတည်းက ကိုယ့်ရဲ့ အပန်းဖြေရနေရာ၊ ရင်ဖွင့်စရာ အဖော်၊ အဖြစ်အမြဲရှိလာခဲ့တာ အခုတော့ ကိုယ် မိခင်တစ်ယောက်ဖြစ်လာတဲ့အထိပဲမို့ သံယောဇဉ်ကတော့ အတေယ်ရှိပါတယ်။

ဘလော့လေးမရေးဖြစ်တာကတော့ အပေါ်မှာပြောခဲ့သလိုပဲ ကိုယ့်ဘဝ အဆစ်အချိုး မိခင်တစ်ယောက်ဖြစ်လာလို့ မအားတာရော၊ နောက်ထပ် တဆစ်ချိုး ကတော့ ကိုယ့်တို့ တစ်မိသားစုလုံး သြစတေးလျနိုင်ငံကို ပြောင်းရွေ့နေထိုင်ပြီး ပထမ တစ်နှစ်မှာ အခြေကျအောင် လုပ်နေရတာရော၊ အရင်ကလို အိမ်အလုပ်တွေ လုပ်စရာမလို ကိုယ့်အတွက် အမြဲရှိတဲ့ ကိုယ့် မိဘတွေမရှိတော့ တစ်ယောက်တည်း လုံးချာလည်လိုက်နေတာ ပြောရရင်တော့ ကိုယ့်အတွက် တစ်အိုးတစ်အိမ်ထူထောင်တယ်ဆိုတာ အခုမှ နှဖူးတွေ့ ဒူးတွေ့ ကြုံရတာပေါ့နော်။ ရေမြေအသစ်၊ ယဉ်ကျေးမှု သစ်၊ မိသားစု သူငယ်ချင်းအဟောင်းတွေနဲ့အဝေးမှာ၊ ပတ်ဝန်းကျင်သစ် အသိုင်းဝိုင်းသစ်နဲ့ ညှိနှိုင်းနေရသေးတဲ့ အချိန်မို့ ဘလော့ကို မဝင်ဖြစ်တာ ပတ်စဝေါ့ပါ မေ့တဲ့အထိပဲ။

ဖေ့ဘွတ်ပေချ့်လေးမှာတော့ ကိုယ်ကြည့်ဖြစ်တဲ့ ရုပ်ရှင်တွေအကြောင်းတင်ဖြစ်ပါတယ်။ ဒါပေမဲ့ မဗေဒါ ဘလော့ကို မရေးတော့ဖူးလားလို့ မှတ်မှတ်ရရ လာမေးတဲ့ အစ်ကိုတစ်​ယောက်ကြောင့် ဒီပိုစ့်လေးရေးပြီး အကြောင်းကြားတာပါ။

ဒီဘလော့ပေါ်မှာရေးချင်တာတွေမှ အများကြီးပါ။ ကိုယ့်ရဲ့ တစ်နိုင်ငံပြောင်း အတွေ့အကြုံတွေ။ အခု သြစီမှာ ကိုယ်နေနေတဲ့ မြို့လေးအကြောင်း၊ နေရာသစ်တွေကြောင်း ပြောပြချင်တာ။ ဘယ်ကရေးရမှန်းတောင်မသိဘူး။

အခု ပတ်စဝေါ့ပြန်ရပြီဆိုတော့ နောက်ပိုင်းတွေ ရေးဖြစ်အောင်ကြိုးစားပါ့မယ်လို့ သတင်းပို့ရင်း......

မဗေဒါဘလော့လေးကို လာဖတ်သေးတဲ့လူများရှိရင် ကွန်မန့်လေးမှာ အားဆေးလေးကြွေးခဲ့ပါအုံးနော်...ဘလော့ဆိုတာက ဟိုးရှေးရှေးကလို့ ပြောရမဲ့ ပုံပြင်တစ်ပုဒ်လိုတောင် ဖြစ်နေပေမဲ့ ဘလော့ခေတ်က ဘလော့တွေ လိုက်ဖတ်ရတဲ့ ခံစယးချက်လေးကလဲ တစ်မျိုးကောင်းတာ ခံစားဖူးတဲ့သူပဲ သိပါလိမ့်မယ်။ ဖေ့ဘွတ်က မြန်တယ်၊ ကောင်းတယ်ဆိုပေမဲ့ လူတော်တော်များများက ဖေ့ဘွတ်နဲ့ အပြင်မှာ double life နေနေသလိုတောင်ဖြစ်နေငြတယ်။ ဘလော့ခေတ်တုန်းကပိုပြီး ရိုးသားပွင့်လင်းတယ် ခံစားရတယ်။

ဘာပဲပြောပြော "May your life be as awesome as you pretended on facebook" ဆိုတဲ့ ဆုတောင်းလေးကတော့ ခနဲ့တဲ့တဲ့နဲ့ ထိရှနေဆဲ...





10 comments :

Swant said...

အလွမ်းပြေလာဖတိသွားပါတယ် မဗေဒါရေ။ မဗေဒါရဲ့ ဘလော့ကို အမြဲနှစ်နှစ်ခြိုက်ခြိုက်အားပေးနေကြပါ။ comment အမြဲမရေးဖြစ်ပေမဲ့ပို့စ်တင်တိုင်းဖတ်ဖြစ်တာပါ။ ကိုယ်နှစ်သက်တဲ့ ဘလော့ပါဆိုတာ အပြင်မှာ မတွေ့ဘူးလဲ စိတ်ထဲက ရင်းနှီးနေတာမျိုးပါ။ မဗေဒါကို အပြင်မှာ အမှတ်မထင်တွေ့မိတော့လဲ ကိုယ်နဲ့ဟိုးအရင်ထဲက သိနေသူတယောက်လို ခံစားရတာ။ ရင်းရင်းနှီးနှီးမိတ်ဆွေပြန်ဖွဲ့ပေးလို့လဲအရမ်းဝမ်းသာရတာပါ။ ကိုယ်သိချင်တဲ့ drama အကြောင်းတွေ စိတ်ဝင်စားတဲ့ ခရီးသွားတော့ပစ်တွေ ကိုယ် သဘောကျတဲ့စတိုင်နဲ့ ရေးတတ်သူမို့ အရင်ကလဲ အားပေး အခုလဲ အားပေး နောင်လဲ အားပေးနေဦးမှာပါ။ ကလေးတယောက်နဲ့မအားတာတော့ ဘယ်လောက်တောင် ကိုယ်ချင်းစာလဲဆိုရင် ဒီ comment တောင် သုံးပိုင်းခွဲရေးလိုက်ရတယ်။ ��
ဆုပြည့်မေမေ

Unknown said...

❤️❤️❤️

Unknown said...

နေရာအသစ်လေးတွေ ဇာတ်ကားအကြောင်းလေးတွေ ဖတ်ပြီး သဘောကျခဲ့သူပါ ကလေးမွေးထားလို့ အလုပ်ရှုပ်နေတယ်ပဲ ထင်တာ စလုံးကနေ ပြောင်းသွားတာ ပေါ့ နေရာအသစ်ရောက်တော့ ဖတ်စရာအသစ်လေးတွေရလာတော့မယ်လို့ ယုံကြည်ပါကြောင်း ❤️

Noe Now said...

အမ blog ​တွေဖတ်ပီး အမကိုစသိတာ
အမြဲဖတ်တယ်������

Noe Now said...

အမ blog ​တွေဖတ်ပီး အမကိုစသိတာ
အမြဲဖတ်တယ်

Phyu said...

Welcome back.
I also feel blog browsing is healthier than Facebook scrolling mindlessly
I cannot wait to read your blog posts. :)

Anonymous said...

ဆက်ရေးပါအစ်မရေ။ အမြဲလိုဖတ်ဖြစ်ပါတယ်။

Anonymous said...

ဘလော့မှာ ပြန်ဖတ်ချင်တာလေးတွေ search ပြန်လုပ်လို့ရတာ တဂ်လေးတွေနှိတ်လို့ရတာပိုကြိုက်တယ်
ဖဘမှာတော့ ဖတ်တယ်ပီးပြီးရောပဲ အင်ဖို/ရီဗျူး ပြန်ရှာဖို့လည်းမလွယ် နိုင်ငံအသစ်အကြောင်းရေးဖြစ်ရင်တော့ ဘလော့မှာပဲ တင်ပါနော်

Unknown said...

အမ မရေးဖြစ်ပေမယ်postအသစ်တင်လားလို့တော့အမြဲဝင်ကြည့်ဖြစ်ပါတယ်။အားတဲ့အခါရေးပါလို့လာလည်ပြီးဖတ်ဖို့အဆင်သင့်ပါပဲလို့

rakhine nwe said...

Dear Ah Ma,
I always read your blog and every time visit your blog.Wish you new palce par.