Monday, September 01, 2014

Blog Day 2014: I love All my Readers




ဒီနေ့က Blog Day လို့ ဖေ့ဘွတ်ပေါ်မှာ သူများတွေပြောတာတွေ့လို့ အမှတ်တရပိုစ့်လေး တစ်ပုဒ်ရေးဖို့ စိတ်ကူးပေါ်မိပါတယ်… 2008 တုန်းကတော့ စကာင်္ပူမှာရှိတဲ့ မြန်မာဘလော့ဂါတွေ Pasir Ris မှာ BBQ လုပ်စားကြတာ မှတ်မိသေးတယ်… အဲဒိတုန်းကတော့ ဘလော့တွေ စခေတ်စားခါစ ဘလော့ဂါ ပထမ Batch လို့တောင် ပြောရမဲ့သူတွေပေါ့… ဒါပေမဲ့ မဗေဒါက နေ့စွဲတွေဆို မမှတ်မိတတ်လွန်းလို့ (ကိုယ့်မွေးနေ့တောင် ရက်နဲ့ လနဲ့ကို ငယ်ငယ်က သိပ်ကွဲတာမဟုတ်ဘူး… :P ) Blog Day ဆိုတာကိုလဲ အမှတ်မဲ့ပါပဲ…

ဖေ့ဘွတ်ပေါ်မှာ ဘလော့ဂါတစ်ချို့နဲ့ ဘလော့တွေ ဖတ်နေကျသူတစ်ချို့က Blog Day အထိမ်းအမှတ်နဲ့ ဟိုတစ်ချိန် ဘလော့ခေတ်စားစဉ်အချိန်တွေကို ပြန်ပြောကြ၊ သူတို့ကြိုက်တဲ့ ဘလော့တွေ လူသိများ စာရေးကောင်းတဲ့ ဘလော့တွေအကြောင်းပြောကြတော့ ကိုယ်လဲပြောချင်လာတယ်… ဒါပေမဲ့ သိတဲ့အတိုင်းပဲ စာဖတ်ပျင်းသလို ဘလော့လည်လဲ ပျင်းတဲ့ မဗေဒါအတွက် ဘယ်ဘလော့ကို အမြဲလည်ဖြစ်တယ်ဆိုတာ ရှားပါတယ်… တစ်ခါတစ်လေလောက် သွားလည်ဖြစ်တယ်ဆိုရင်တော့ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းရေးတဲ့ ဘလော့တွေဆို ပိုစ့်တွေ အများကြီး တစ်ခါတည်းဖတ်လေ့ရှိပါတယ်… ဘလော့ဂါအစွဲနဲ့ ကြိုက်တာထပ် ရေးတဲ့ အကြောင်းအရာပေါ်မူတည်ပြီး ကြိုက်တယ် မကြိုက်ဘူးကို ဆုံးဖြတ်လေ့ရှိပါတယ်… (ဒါပေ့ါ ကိုယ်ကြိုက်တဲ့ ပုံစံမျိုး အမြဲရေးတတ်တဲ့ ဘလော့ဂါဆိုရင်တော့ ဦးစားပေးလည်ဖြစ်တာရှိတာပေါ့)….

ဘလော့ဂါဒေးမှာ တခြား ဘလော့တွေကို သိပ်မလည်ဖြစ်တဲ့ ကျွန်မ ဘာလို့များပိုစ့်ရေးနေသေးလဲလို့ မေးမယ်ဆိုရင်တော့… ဘလော့ဂါဆိုတာ ကနဦးမှာ ဖတ်သူရှိရှိမရှိရှိ ကိုယ်ဝါသနာပါလို့ စပြီး စာရေးကြတယ်ဆိုပေမဲ့… ငါ့ဘလော့လေးနဲ့ ငါ့စာလေးကို ဖတ်နေတဲ့သူရှိနေပါလားဆိုတဲ့ အတွေးနဲ့ ပျော်ရွှင်မှုကြောင့်သာ ဆက်လက်တည်ရှိနေတာများတယ်… အွန်လိုင်းပေါ်မှာ ချက်တင်တက်ရင်း ASL please ဆိုတာတွေနဲ့ စခဲ့တဲ့ Friendship တွေဟာ နောက်ပိုင်းကျရင် ပြောစရာမရှိ ပျင်းပြီး ရေရှည်ခင်မင်ဖြစ်တယ်ဆိုတဲ့ မိတ်ဆွေက ရှားတယ်… ဒါပေမဲ့ ဘလော့ကျတော့ အဲ့လိုမဟုတ်ဘူး… ကိုယ်ရေးထားတဲ့ စာတွေကို ဖတ်တဲ့သူကလဲ လာဖတ်ပြီး သူတို့ အမြင်တွေကို ပြန်ပြောတဲ့အတွက် အမြဲ မရိုးတဲ့ စကားဝိုင်းတစ်ခုရတယ်။ အဲဒိအတွက် စာရေးသူကလဲ စာဖတ်သူနဲ့ ဆက်နွယ်နေတယ်လို့ခံစားရတယ်… စာဖတ်သူဘက်ကလဲ၊ ရေးတဲ့သူရဲ့ စာတွေ (ဆိုပါတော့ ကိုယ်ရေးကိုယ်တာပဲရေးရေး၊ အတွေးအခေါ် ရသပဲရေးရေး) စာရေးသူရဲ့ စိတ်နေစိတ်ထားနဲ့ တွေးခေါ်မှု အရေးအသားစတိုင် စတာတွေကို တနည်းနည်းနဲ့တော့ ရင်းနှီးမှုရှိနေတော့ လူမမြင်ဖူးပေမဲ့ သူ့အကြောင်းသိနေသလိုခံစားရတော့ ရင်းနှီးမှုက ပိုလေးနက်တယ်လို့ထင်တယ်…

အရင်က ပြောဖူးပါတယ်… မဗေဒါ ဘလော့စရေးတုန်းက ကိုယ့်ဘလော့ကို လူတွေဒီလို လာဖတ်လို့ရမှန်း မသိခဲ့ဘူး… ဒါပေမဲ့ မဗေဒါရဲ့ ဘလော့လေးဟာ မဗေဒါကို အမာခံအားပေးနေတဲ့ သူတွေမရှိရင် ဒီနေ့ထိတောင် ရှင်သန်နေအုံးမှာ မဟုတ်ဘူး… ဘလော့လေးကနေ ပတ်သတ်ပြီး ကိုယ့်မှာ စာပေ အသိုင်းအဝိုင်း မိတ်ဆွေ နယ်ပယ်တစ်ခုရတယ်… အဲ့ဒါလေးကလဲ ပိုက်ဆံနဲ့ တန်ဖိုးဖြတ်လို့မရတဲ့ အရာလေးတစ်ခုပဲ… အဖေကပြောတယ် အပေါင်းအသင်း မိတ်ဆွေဆိုတာ အုပ်တစ်ချပ်ချင်းစီ ထပ်ထပ်ပြီး အချိန်နဲ့ တပြေးညီ တဖြေးဖြေးတည်ဆောက်ရတဲ့ နန်းတော်တစ်ခုလိုပဲတဲ့… တစ်ရက်ထဲနဲ့ လိုချင်တယ်ဟေ့ဆိုပြီး ကိုယ့်ကို အပြိုင် နန်းတော်ကြီးတစ်ခု မတည်ဆောက်နိုင်ဘူးတဲ့…ဟုတ်ပါတယ်… မိတ်ဆွေဆိုတာ အချိန်၊ ခွန်အားနဲ့ စိတ်ထား စတာတွေ အရင်းတည်ပြီး အချိန်ကြာလာတာနဲ့အမျှ မမျှော်လင့်လေ အမြတ်ရလေဖြစ်တဲ့ ရင်းနှီးမြုပ်နှံမှု တစ်ခုဆိုတာ အသက်ကြီးလာတာနဲ့ အမျှ ကျွန်မသဘောပေါက်လာတယ်…

ကျွန်မကို တစ်ချို့ အပြင်က လူတွေက သိပ်ပြီး အသိမိတ်ဆွေများတယ်နော်တဲ့… (ကျွန်မကတော့ အဲ့လိုမထင်ပါဘူး) ဒါပေမဲ့ သူတို့ပြောတော့လဲ ဟုတ်နေသလိုလို… ဘယ်ခရီးသွားသွား ဒေသခံ သူငယ်ချင်းတစ်ယောက်ရှိရှိနေတော့ သူတို့ဒီလိုထင်မှာပေါ့… အမှန်တော့ အဲဒိ ခင်မင်မှုတွေက သူတို့ဆီက ဘာမှ မမျှော်လင့်ပဲ စိတ်ရင်းနဲ့ ခင်လို့ သူတို့မေတ္တာ ယောင်ပြန်တယ်ပဲမှတ်ပါတယ်… ဒါဟာလဲ ဒီဘလော့လေးရဲ့ ကျေးဇူးတွေပါပဲ… သူတို့ကလဲ ကိုယ့်အကြောင်းသိချင် ဘလော့ဖတ်လိုက်တာနဲ့ ကိုယ်ဘာလဲဆိုတာ အနည်းနဲ့အများ သိထားတော့ တစ်ဦးနဲ့တစ်ဦး သံသယပွားနေစရာသိပ်မရှိဘူးလေ…
ဒီနေ့ Blog Day မှာ သူများတွေက သူတို့ စစချင်းဖတ်ဖြစ်တဲ့ အမှတ်ရတဲ့ အထင်ကရဘလော့ တွေအကြောင်းပြောကြတယ်။ မဗေဒါကလဲ ဘလော့ဒေးမှာ မဗေဒါ ဘလော့ပေါ်က အမှတ်တရ စာဖတ်သူတွေအကြောင်းရေးရမယ်...

သူတို့မရှိရင် မဗေဒါဘလော့ဆိုတာ ဆက်လက်ရပ်တည်ဖို့ မဖြစ်နိုင်တဲ့အတွက် ဒီပိုစ့်မှာ မဗေဒါဘလော့ကို အားပေးကြတဲ့ ချစ်တဲ့ စာဖတ်သူ သူငယ်ချင်းတွေကို တန်းစီကျေးဇူးတင်ဖို့ ဒီပိုစ့်ကို ရေးပါတယ်…
(မှတ်ချက်။ မဗေဒါရဲ့ ကျေးဇူးတင်တဲ့ List မှာ နာမည်နဲ့ တကွ မပါလာခဲ့ရင်လဲ မဗေဒါကို နားလည်ခွင့်လွှတ် ဗွေမယူကြပါနဲ့လို့ တောင်းပန်ပါရစေ…. မဗေဒါလဲလူသားပဲ ပေမို့ အမှားအယွင်း မေ့လျော့မှုဆိုတာက မလွှဲရှောင်နိုင်ဘူးလေ)

ပထမဆုံး ကိုယ့်ရဲ့ Biggest Silent Readers အဖေနဲ့ အမေကို ကျေးဇူးတင်ပါတယ်… ဟိုးအရင်ကတော့ ဖေဖေက ကျွန်မ ရုပ်ရှင်မင်းသားတွေအကြောင်းရေးရင် သိပ်မကြိုက်ခဲ့ပေမဲ့ ခုတော့
 ဒီပိုစ့်ရေးလိုက်ပြီးရှင်းပြတယ်  ကျွန်မရဲ့ အမြင်ကို သေချာပြောပြတော့ သူနားလည်သွားပါပြီ… သူမကြိုက်တော့လဲ အဲ့ပိုစ့်တွေ မဖတ်နဲ့ပေါ့နော်… ပြောရရင် ဘလော့စရေးတုန်းက အိမ်ကလူတွေ၊ ကိုယ်နဲ့ အပြင်မှာ သိတဲ့သူတွေတစ်ယောက်မှကို အသိပေးခဲ့တာမဟုတ်ဘူး… အဲဒါကြောင့် မဗေဒါ ဘလော့ရဲ့ နာမည်က အစက မဗေဒါရဲ့ လျှို့ဝှက်ချက်လို့ပေးခဲ့တာ။ အဖေက နောက်မှ သူဖတ်နေကျ သတင်းဝက်ဆိုဒ်မှာ ကျွန်မဘလော့ကိုတွေ့လို့ စဖတ်ဖြစ်တာ… အဲ့တုန်းက ကိုယ်က ဘလော့လိပ်စာတောင် သူ့ကို မပေးလို့ သူ့ခမျာဖတ်ချင်ရင် အဲ့ဝက်ဆိုဒ်ကို သွားပြီး ကျွန်မလင်ခ့်ကို ရှာဖတ်ရတယ်… ခုတော့ သူလဲ အင်တာနက်ကျွမ်းသွားပြီဆိုတော့ လိပ်စာသိသွားပြီ… :P ။ မေမေဆို ကျွန်မလိုပဲ စာဖတ်သိပ်ပျင်းတာ။ ဗေဒင်စာအုပ်ကလွဲလို့ သူက သိပ်ဖတ်တာမဟုတ်ဘူး… ဖေဖေဖတ်ပြတာပဲ နားထောင်တာ… ဒါပေမဲ့ ကျွန်မဘလော့ကိုတော့ ဒိုင်ခံအားပေးတာ… အရင်က သူတို့ဖတ်တယ်ဆိုတော့ နည်းနည်းလေး စိတ်ကျဉ်းကျပ်သလိုလို၊ ရှက်သလိုလိုဖြစ်လို့ အရေးကျဲသွားသေးတယ်… ခုတော့ သူတို့ ၂ယောက်လုံးက ဖတ်ဖြစ်နေရင်တောင် ကျွန်မရှေ့ဆို မဖတ်သယောင် မသိချင်ယောင်ဆောင်နေကြသေးတာ… ခုတော့ ကျွန်မလဲ ရိုးသွားပါပြီ… သူတို့ကို အရင်က မဖတ်စေချင်တာကလဲ ဘလော့ပေါ်မှာ ဘာမဆိုင်ညာမဆိုင် အပြောခံရရင် မိဘဆိုတော့ ကိုယ့်သားသမီးပြောခံရတယ်ဆိုပြီး သူတို့က စိတ်မကောင်းတွေဖြစ်၊ ကျွန်မကိုလဲ တစ်ခါတစ်လေ ဆူချင်သေးတာ။ အိမ်မှာဆို အပြင်မှာ ရန်မဖြစ်ရလို့ အွန်လိုင်းပေါ်တက် ရန်ဖြစ်တယ်လို့ သတ်မှတ်ခံရသေး… ဖေဖေတောင် စာရေးချင်စိတ်တွေပေါ်ပြီး ကျွန်မဘလော့မှာ Contributor အနေနဲ့ လက်ငင်း နဲ့ လူသားဂေဟ မဗေဒါဘလော့ စစချင်းဖြစ်တည်လာတုန်းက မြန်မာဘလော့ရေးတဲ့သူမဟုတ်ပဲ အင်္ဂလိပ်ဘလော့ဖြစ်စေ၊ တစ်ချို့ကျတော့လဲ မဗေဒါ Identity တောင် လိုက်ရှာလို့မရပေမဲ့ ကိုယ့်ဘလော့တွေကို အမြဲလာအားပေးတယ်ဆိုတာသတိထားမိတဲ့စာဖတ်သူတွေကို သတိတရဖြစ်မိတယ်… ဒီစာရင်းထဲက လူတစ်ချို့က ခုနောက်ပိုင်းတော့ လာဖတ်သေးလာ မဖတ်သေးလားတော့မသိဘူး… ကွန်မန့်တွေ မတွေ့တော့လို့… ဒါပေမဲ့ မဗေဒါက ကွန်မန့်တွေပုံမှန်ပေးဖူးလို့ မှတ်မှတ်ရရ သိနေတဲ့သူတွေပေါ့နော်… အမြဲ ကနဦးကတည်းက မဗေဒါဘက်ကနေ အားပေးတတ်တဲ့ စာဖတ်သူတွေကတော့… FFOX, Kiwi, :P , Life is for success, (သူတို့တွေ လာမဖတ်တော့ဘူးထင်တယ်)။ ဟိုးအရင်ကတည်းက မဗေဒါ ဘလော့ပေါ်မှာ အားပေးစကားတွေလဲပြောခဲ့ အမြဲလဲရပ်တည်ပေးခဲ့ ခုထက်ထိလဲ ဖေ့ဘွတ်ပေါ်မှာ အဆက်အသွယ်ရှိနေတဲ့ မ Shwun Mi, မဗေဒါရဲ့ မဆုံးသော ဇာတ်လမ်းတွဲဝတ္တုကြီးကို စိတ်မဆိုးပဲ နှစ်ပေါက်အောင် ထိုင်စောင့်နေတဲ့ Than Yaw Zin, ခရီးသွားပိုစ့်တွေ ရေးပါဟဲ့ ရေးပါဟဲ့ဆိုပြီး မဗေဒါကို အစဉ်မြဲ အားပေးနေတဲ့ (သူနောက်က မီးမထိုးရင် မဗေဒါရဲ့ ဟောင်ကောင်နဲ့ သြစီပိုစ့်တွေ ပြီးခဲ့ပါ့မလားမသိ) Mayflower poe, စကားနည်းပေမဲ့ အမြဲ အားပေးနေတယ်ဆိုတာကို ခံစားလို့ရတဲ့ Khine Su Hlaing (Sweet Sweet), facebook ပေါ်မှာလဲ အမြဲ Active ဖြစ်တယ် စာတွေလဲ အများကြီး ဖတ်နိုင်တဲ့ Thant Swe, ဂျပန်က မဗေဒါဘလော့ကို တောက်လျှောက်အားပေးလာတဲ့ စာဖတ်သူ စစ်စစ် မSwe Swe Thant (ဆုံတွေ့ဖို့ ကံပါတော့ မနှစ် ဒီဇင်ဘာလတုန်းက ပြင်ဦးလွင်က ကန်တော်ကြီးပန်းခြံထဲမှာ ဆုံဖြစ်ကြတယ်၊ What a surprise, right? We are fated to meet), ခရီးသွားပိုစ့်တွေမှာရော ကိုရီးယားရုပ်ရှင်တွေကို အမြင်တွေရော ဖလှယ်တတ်တဲ့ မLotus Phyu, အမြဲအားပေးနေတာ သေချာတဲ့ Nang YN Yumm … blog စရေးကတည်းက သူတို့ ၂ယောက်ချစ်သူမဖြစ်ခင်ကတည်းက ကိုTin Maung Htay blog နဲ့ ရင်းနှီးခဲ့ပြီး နောက်ပိုင်း လင်မယား ၂ယောက်လုံးနဲ့လဲ ဘလော့ကနေ ရင်းနှီးကာ သူတို့ မင်္ဂလာဆောင်အထိပါ Emcee လုပ်ပေးခွင့်ရခဲ့တဲ့ Naychi Maung နဲ့ Tin Maung Htay...  နောက်ပြီး အများကြီးကျန်ပါသေးတယ်…
ခု တစ်ခေါက်တော့ မဗေဒါကို ကွန်မန့်တွေ အမြဲမပေးပေမဲ့ (တချို့ဆို Silent Readers စစ်စစ်ကြီးတွေပေမဲ့) မဗေဒါကို ဖေ့ဘွတ်မှာ လာအက်တော့ မဗေဒါက ကိုယ့်ဘလော့ reader တွေကိုပဲ လက်ခံချင်တော့ မတ်စေ့ပို့ပြီးမေးလိုက်ရင် မဗေဒါရဲ့ ဘလော့ကို လာဖတ်လေ့ရှိပါတယ်လို့ သူတို့က ပြောပြကြတာ… ခုလို အသိပေးကြတဲ့ ချစ်လှစွာသော စာဖတ်သူ သူငယ်ချင်းတွေပါ… တစ်ချို့ဆို သူတို့ ဘယ်ပိုစ့်ကိုတော့ မှတ်မှတ်ရရ ကြိုက်ပါတယ်လို့တောင်ပြောတယ်… အဲ့လိုဆို ကိုယ့်မှာ ကြည်နူးရတာ မပြောပါနဲ့တော့… သူတို့တွေကတော့…

မဗေဒါရဲ့ ဘလော့ကို Subscribe ထားတယ်ဆိုတဲ့ Kyaw San Win, Kyaw Zaw Khant, I hear Your voice Drama Review ကတည်းက ကြိုက်လို့ ဖေ့ဘွတ်ပေါ်မှာ လာအက်တဲ့ Moh Moh Htay Aung, စကာင်္ပူရောက်အလွဲများမှာ မcut ကို မှတ်မှတ်ရရရှိနေတဲ့ Soe Yu New, “Even though your writing style is not catchy but the story line itself is quite interesting.” ဆိုပြီး သေသေချာချာ ဝေဖန်ပေးတဲ့ Hinthar ဟင်္သာ, ကိုယ်ဘလော့ပေါ်မှာ ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုမှာ ကိုယ့်ဘက်ကနေ စိတ်တိုပေးခဲ့တဲ့ Aye MyaThandar Swe, ဘောင်ဘင်ခတ်တဲ့ဖားကို ကြိုက်လို့ facebook ပေါ် ရှယ်ဖြစ်တယ်ဆိုတဲ့ Phyo Thu, သူ့ဖေ့ဘွတ်အကောင့်ကတော့ Deactivated ဖြစ်သွားပေမဲ့ အရင်က မတ်စေ့ပို့ပြီး ပြောခဲ့တဲ့ Na HNa, ကိုရီးယား မင်းသားတွေအကြောင်းနဲ့ မဗေဒါရဲ့ Emcee အတွေ့အကြုံလေးကို ဖတ်တယ်ဆိုတဲ့ Aye Nyein Aung, ဘလော့မှာရေးထားတာတွေကို ဖေ့ဘွတ်မှာ ပြန်တင်ပါလား ရှယ်ဖို့လွယ်တာပေါ့လို့ အကြံပေးတဲ့ Win Min Oo Comet, ခရီးသွားပိုစ့်တွေနဲ့ ရုပ်ရှင် review တွေကြိုက်တယ် မဗေဒါထပ် ၈လ ငယ်တယ်ဆိုတဲ့ Ayenb Ae'ae', ဘလော့လဲဖတ်တယ် မဗေဒါလုပ်တဲ့ ဗွီဒီယိုတွေလဲ အားပေးတယ်ဆိုတဲ့ ကို Mya Soe, Videos နဲ့ ဟော်တယ် ရီဗျူးတွေကို ကြည့်ရတာကြိုက်တယ်၊ ခရီးသွား ၀ါသနာတူတဲ့ Yan Paing Oo, မဗေဒါဘလော့ဖတ်တယ်လို့ အသိပေးတဲ့ Sandar Hlaing, Phu Ngone, Yin Min Htwe, Yamin Ohmar, 心王 နဲ့ မဗေဒါ ဖေ့ဘွတ်လစ်ထဲမှာ ရှိနေတဲ့ Silent Readers တွေအားလုံးကို ကျေးဇူးတင်ပါတယ်…





အမှန်အတိုင်း မရှက်တန်းဝန်ခံရရင် ဒီနေ့ Blog Day မှာ သူများတွေက သူတို့ ဖတ်တဲ့ ဘလော့တွေအကြောင်းပြောတော့ ကိုယ့်ဘလော့ကိုများ တစ်ဦးတစ်ယောက်က မှတ်မှတ်ရရရှိလေမလားလို့ မျှော်လင့်မိတယ်… ဒါပေမဲ့ ကိုယ့်ဘလော့က First Class Blog တွေလို တန်းမဝင်သေးဘူးထင်ပါတယ်… မဗေဒါဘလော့ကို အမှတ်တရဖြစ်တဲ့သူ မရှိပါဘူး… ဒါဟာ ကိုယ်လိုနေသေးလို့ပဲ… ကိုယ့်အရေးအသား တိုးတက်ဖို့ လိုနေသေးလို့ပဲလို့ ယူဆပါတယ်… ဒါပေမဲ့ ဘယ်သူမှ ကိုယ့်ဘလော့ကို အရင်ဆုံးသတိမရလဲ ဖတ်ဖြစ်နေသေးတဲ့ ကိုယ့်စာဖတ်သူတွေရှိနေသေးတယ်လေ… ဒါနဲ့ ဗြောင်ဗြောင်ပဲ ဒီစတေးတပ်လေးကို ဖေ့ဘွတ်မှာ တင်မိတယ်…

“blog day တဲ့ မဗေဒါရဲ့ တန်းမဝင်တဲ့ ဘလော့လေးကို သတိရဖြစ်တယ်ဆို လက်ညိုးထောင်။” ဆိုပြီးပေါ့…

ဒီလိုဆိုတော့ သတိတရ အသိပေးတဲ့ ကျွန်မရဲ့ အပျံစား အမာခံစာဖတ်သူတွေက လာအားပေးကြပါတယ်…
ပထမဆုံး စတေးတပ်ကို Like လုပ်တဲ့ မြန်မာပြည်က နာမည်ကျော် Presenter, Producer Ye Wint Thu (သူကဟိုးတုန်းကတည်းက မဗေဒါဘလော့ကို ဖတ်တာ သိတယ်), မဗေဒါကို စိတ်ပျော်အောင်ပြောပြီး တန်းဝင်တဲ့ ဘလော့ပါလို့ ပြောသွားတဲ့ ကိုလင်းဦး စိတ်ပညာ, ဗေဒါပန်းပုံတွေ ရိုက်လာပြီး ပို့ပေးတဲ့ May Thwe Khin, တကယ်ဖတ်ဖြစ် မဖတ်ဖြစ်တော့ မသိဘူး တခြားစတေးတပ်တွေ Like လုပ်ခဲတယ် ဒါပေမဲ့ ဒီစတေးတပ်ကိုတော့ Like လုပ်သွားတဲ့ ကျွန်မ အချစ်ဆုံးသူငယ်ချင်းရဲ့ မောင်လေး Tin Htut Win Naing, တကယ်ဖတ်မဖတ်တော့ မသိ (ဖတ်ရင်တောင် ကိုရီးယားခရီးပိုစ့်လောက်ပဲဖတ်မယ်ထင်တယ်) ကိုရီးယားက အရမ်းဧည့်ဝတ်ကျေပြီး အရမ်း ဗွီဒီယိုရိုက်တာ တော်တဲ့ ကိုPhay Sist Naing, ဟောင်ကောင်က ဝတ္တုတိုလေးတွေ သူ့ဘလော့မှာရေးလေးရှိတဲ့ မSwe Lay Mon, ဟိုးအရင်ကတည်းက မဗေဒါ ဘလော့ပေါ်မှာ ကွန်မန့်တွေပေးဖူးတဲ့ April PuuTay, ကွန်မန့်မှာ လက်ညှိုးတကယ်ထောင်သွားတဲ့Thiri Han, မဗေဒါ စာတွေကို တကယ်ဖတ်တယ်လို့ စိတ်ထဲက ခံစားရတဲ့ Kyawthetlatt Maung, မဗေဒါဘလော့ကို တစိုက်မတ်မတ် အားပေးလာတာ သေချာတဲ့ ကိုAung Myo Kyaw, ခရီးသွားဗဟုသုတတွေနဲ့ movies review တွေကို မဗေဒါရဲ့ BLOG မှာ အခုထိ သတိတရ ရှာဖတ်နေရတုန်းပဲလေ ဆိုတဲ့ New Ni, ဖေ့ဘွတ်ပေါ်မှာတော့ အမြဲ interact ဖြစ်တဲ့ မစုစုအေး, မKhine Phyu Zaw, မAye Phyo, Hnin Nu, Phyu Phyu, Mar Mar Thet, Vista Aung, Hmwe Ma, Moe MyatMon Win, Mady June (Thida Linn), Waing Sunny, May Zin, Myo Min Tun, Naw Phaw, Bo Bo, Warso aung, Nu War Hsan, Pyi Phyo Sei, Min Win Kyaw Kyaw, Duwun Duwun, Ei Ei cho, Htike Htike Aung… ဒီပိုစ့်ကို ရေးပြီးမှ ထို Status ကို Like လုပ်ပြီး အားပေးဖြစ်သော သူငယ်ချင်းများအားလုံးကို အရမ်းအရမ်း ကျေးဇူးတင်မိပါတယ်… (ကျန်ခဲ့တယ်ဆိုရင်လဲ ကျေးဇူးမတင်လို့မဟုတ်ပဲ လူသားတစ်ဦးရဲ့ အမှားမကင်းတဲ့ အဖြစ်ကြောင့်သာဖြစ်ပါတယ်…)

ကွန်မန့်ရေးတဲ့သူတွေပဲ ကျေးဇူးတင်သလား? Silent Readers တွေလဲရှိပါတယ်နော်လို့ ဆိုတဲ့ Khin Sandar Ko, မဗေဒါရဲ့ ဆုတောင်းကဗျာက Heart ထိတယ်ဆိုတဲ့ Taw Thu Ma, ဖေ့ဘွတ်ပေါ်မှာ မဗေဒါဘလော့ Reader တစ်ယောက်လို့ မဗေဒါ ယူဆတဲ့ Feng Yun, ကိုရီးယားကားတွေအကြောင်းနဲ့ ကျန်ခဲ့လို့မဖြစ် Facebook ပေါ်မှာလဲ အမြဲ ဆက်သွယ်ဖြစ်တဲ့ SandaKuu Kuu, မှတ်မှတ်ရရ သိနေတဲ့ Nandar Myo Lwin, ခင်မီမီသိန်း, Daw Soe Sandy Lin, KuKu Dosmin, May Oo, Soe Yu Htet, Avo Ca Do, ကိုရီးယား အဆိုတော်တွေ Idols တွေကို ကိုယ့်ထက်တောင် မှန်မှန်ကန်ကန်အားပေးတဲ့ Si Mon, Htay Thu Lwin, ကိုရီးယားဇာတ်လမ်းတွဲ Review တွေ ဒိုင်ခံအားပေးလို့ ကိုယ်က ယောကျာင်္းလေးနာမည်နဲ့ မိန်းကလေးသုံးနေတာလို့ ထင်မိလို့ မေးမိတော့ သူလဲ အားရင် ကိုရီးယားကားကြည့်ပါတယ်ဗျာ ဆိုတဲ့ ကိုZayar Kyaw, သူ့ Movie Review လေးတွေလဲ ကိုယ်ဖတ်ဖြစ် ကိုယ့် Movie Review တွေဆိုလဲ အမြဲ Like နေကျ Zwel Lwin, အရင်ကတည်းက မဗေဒါဘလော့ကို ဖတ်တဲ့ Ya Min Nwe, စကားပြောရင် ခင်ဖို့လဲကောင်းတယ် ပြီးတော့ မဗေဒါက တစ်ခါတစ်လေ စိတ်တိုလို့ ပြောမှားဆိုမှားရှိလဲ ဗွေမယူတတ်တဲ့ အလွန်တရာမှ လျှို့ဝှက်တတ်သော မဗေဒါရဲ့ ခရီးသွားပိုစ့်တွေဖတ်တယ်ဆိုတဲ့ Silent Readers စစ်စစ် Nay Phyo Aung, Page မှာရော Friendlist မှာရော အားပေးတဲ့ Lavender WM, ဟိုးအရင်ကတည်းက ဖတ်တဲ့ SweetPo Dinn, မဗေဒါရဲ့ Drama Review တွေဖတ်တာ ၂နှစ်လောက်ရှိပြီ မဗေဒါ Recommend တာတွေပဲ လိုက်ကြည့်တာလို့ ချစ်စရာကောင်းအောင်ပြောတဲ့ Mya Thinzar Kyaw, ဖေ့ဘွတ်ပေါ်မှာလဲ interactive ဖြစ်တဲ့ Amy You, Ar Thin Zi, Khine Nyein, Thinzar Khaing, Aye Thet Maw Win, Jang Keun Suk ရဲ့ fan တွေမို့ သူ့အကြောင်းရေးထားတဲ့ မြန်မာဘလော့ရှိတာကို ဝမ်းသာပြီး ပိုစ့်လေးတွေ ရှယ်ပေးတဲ့ Khine Yin Mon, Mya Thandar Htay, Yin Min Htwe.

အထူးသဖြင့် မဗေဒါနဲ့ Friend မအက်ထားပေမဲ့ Personally မဗေဒါနဲ့ မသိပေမဲ့ Page ကို Like လုပ်ပြီး အမှန်အကန် အားပေးသူများဖြစ်ကြလို့ အရမ်းအရမ်းကို တန်ဖိုးထားတဲ့ Khine Lin, ZuZu May, Monday July, Pyae Phyo Aye, Mae Lwin, Hsu Mon, Khine Thinzar Soe, Khin Cho Lwin, May Tun, Kyaw Bo, Khin Khin Ei, Moe Thu Kha နဲ့ Page ကို Like ထားသူများ အားလုံးကို ကျေးဇူးတင်ပါတယ်…
နောက်ပြီး မဗေဒါဘလော့မှာ ကွန်မန့်ချန်သွားတတ်သော Anonymous များ၊ မဗေဒါဘလော့ကို အလိုလို ရှာဖွေတွေ့ရှိပြီး အားပေးကြသော အပြင်မှ သူငယ်ချင်းများ၊ အပြင်မှာ နောက်ပိုင်း သိရင်းမှ မဗေဒါဘလော့ကို ခင်လို့မင်လို့ အားပေးကြသော သူငယ်ချင်းများ၊ မဗေဒါကို ခင်လို့ မင်လို့ပဲဖြစ်စေ၊ စပ်စုဖို့ စောင့်ကြည့်ဖို့ပဲဖြစ်စေ၊ ချီးကျူးဖို့ အတင်းခုပ်ဖို့ပဲဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် မျက်စိလည် လမ်းမှားရောက်လာတဲ့သူပဲဖြစ်စေ… ဘယ်လိုအကြောင်းမျိုးနဲ့ဖြစ်ဖြစ် မဗေဒါဘလော့ကို ဖတ်ရှုနေသူအားလုံး အားလုံးကို Blog Day ပိုစ့်ကို အခွင့်ကောင်းယူပြီး ကျေးဇူးတင်လိုက်ပါတယ်…

မှတ်ချက်။ တကယ်လို့များ မဗေဒါက နာမည်တပ်ဖို့ ကျန်ခဲ့သူများလဲ စိတ်မဆိုးကြပဲ မဗေဒါကို အောက်က ကွန်မန့်မှာ မေ့ကျန်ခဲ့ရကောင်းလားဆိုပြီး ရန်တွေ့သွားကြပါလို့…. Love you all and appreciate it.



22 comments :

Mrs. Bagel said...

မေ့ကျန်ခဲ့ရကောင်းလား :P

သူကြီးမင်း (တုံးဖလား) said...

တစ်ယောက်ယောက်များ ကျန်သွားလေသလားလို့... အာ့ လာပြောတား)

mabaydar said...

Comment ရေးနေကျသူမို့ တမင် မေ့ကျန်ပြီး ကွန်မန့်မှာ လာဆူမှာ မျှော်နေတာ... ခွိ ခွိ...

mabaydar said...

ဒါနဲ့ ကိုရီးယား ခရီးသွား ပိုစ့်တွေအပြင် တခြား ပိုစ့်တွေ ကြိုက်တာရှိသေးလား... ? Korea က နယ်ခံတွေ ဖတ်နေတော့ မဟုတ်တာတွေ ရေးမိရင်လဲ သည်းခံဖတ်နော်... :P

FFOX said...

I only visited your blog for those trip posts only. it really useful. :)
long time no check your blog already (beside those trip posts) and i know you don't mind :P
and thanks for putting my name there.
P.S: As you may notice, I already stop my blog and switch to wordpress.

mabaydar said...

အစ်ကိုနဲ့ ဟိုးးးးးး အရင်ကတော့ ဘလော့ပေါ်မှာ အဆက်အသွယ် ရှိတယ်.. ဒါပေမဲ့ မဗေဒါကို မေ့နေပြီတောင် ထင်တာ... ဟဲ ဟဲ... :D

NNC said...

ပြောရရင်တော့ လွန်ခဲ့တဲ့၂နှစ်လောက်ကတည်းက မဗေဒါကို ဘလော့ဂါ စစ်တယ်လို့ ကြိတ်ပြီး သတ်မှတ်ထားတား)))
ဘလော့တွေ စခေတ်စားတဲ့ အချိန်လောက်ကနေ ခုချိန်ထိ စွဲစွဲမြဲမြဲ ရေးနေနိုင်တာ လွယ်တာမဟုတ်ဘူး။ နောက် မဗေဒါ ရေးနေတာလဲ ကိုယ်ကြိုက်တဲ့လိုင်း ဖြစ်နေတယ်။ အားပေးနေမယ်နော်

mabaydar said...

Are u in my facebook friendlist? Although I dont mind u write comment or not, honestly I felt disconnected with u. I thought u no longer read my blog. Thanks for ur comment in this post...

shin said...

ကျေးဇူးအများကြီးတင်ပါတယ်။ မဗေဒါရေ။ စိတ်ထဲမှာ တကယ်ပဲ ဝမ်းသာတယ်။ blog post ထဲ မှာ shin နာမယ်ပါတာ မဗေဒါ blog မှာ ပထမဆုံးပါပဲ။ ကိုယ် ဟိုးအရင် ၂၀၀၈(ထင်တယ်) ဘလော့တွေ စခေတ်စား ကထဲက blog ဖတ်ဖြစ်တယ်။ အရင်က အမြဲသွားဖတ်ဖြစ်နေတဲ့ blog တွေက မ နိုင်း နိုင်းစနေ။ ကို ဒီကိုလာ(သူ့ Blog အဟောင်း TZA)။ မဗေဒါ,wesheme, blog တွေက ကိုယ်အမြဲ သွားကြည့် နေကျ တွေပေါ့။ အခုတော့ တခြား blog တော်တော်များများက မရေးတော့ ပေမဲ့ မဗေဒါကတော့ ရေးနေတုန်းပဲ။ ကိုယ့် အမေကတော့ blogger တွေဆက်မရေးတော့ရင် သူကနှမျောနေတာ။ သူက စာဖတ်ရတာ ဝါသနာပါတယ်လေ။ အမှန်ပြောရရင် ကိုယ် အရင်ထဲက blog တွေ တော်တော်များများကို လိုက်ဖတ်ဖြစ် ပေမဲ့ comment မရေးသလောက်ပါပဲ။ comment ရေးရတာ stress နဲနဲရှိတယ်။ ဘာလို့လဲဆိုတော့ ဟိုးအရင် ကိုဒီကိုလာရဲ့ blog က လူတော် ထိုင်ဝမ် တရုတ်တယောက်အကြောင်း ရေးထားတဲ့ post တခုမှာ ဒီလူ ဗလကျင့်ထားတဲ့ ဘော်ဒီ မိုက်တဲ့ အကြောင်း english လို လေး တကြောင်းရေးမိတာblogger မခင်ဦးမေ(သူနဲ့ကိုယ်နဲ့ မသိပါ)က ဘော်ဒီအကြောင်းမှ ရွေးပြီး comment ရသလား လို့ လူကို အသားလွှတ် လာဟောက်တာခံရဖူးပြီး ကထဲ က ကိုယ် comment ရေးတာ အတော် သတိထားသွားတယ်။ ပြီးတော့ ကိုယ့်ရဲ့ comment ကို ဒီကိုလာရဲ့ chat box မှာလဲ လုပ်ပြီး ဒီလို မရေးသင့်ပါဘာညာနဲ့ ထပ်ပြောတာခံခဲ့ရပါသေးတယ်။ အဲ့တုန်း ကပြေရာ ပြေကြောင်း ပြောလိုက်ပေမဲ့ ကိုယ်အတော်ရှက်သွားတာတော့ အမှန်ပဲ။ ဒါပေမဲ့ မဗေဒါ blog posts မှာ comment ရတာတော့ ကိုယ်ကြိုက်တယ်။ ဘာလို့လဲဆိုတော့ မဗေဒါရေးတဲ့ style က ပွင့်လင်းပြီး ကိုယ်မကြိုက်လဲ မကြိုက်တဲ့ အကြောင်း တလွှဲဖြစ်လဲဖြစ်တဲ့ အကြောင်းပွင့်ပွင့်လင်းလင်း ရေးထားတော့ ကိုယ်လဲ comment ရတာ လွတ်လတ်တယ်လို့ခံစားရတယ်။ ဒါနဲ့ စကား မစပ် ကိုယ့် mother က blog post တွေကို သူ internet မသုံးတတ်ခင် ဟိုးအရင် ကထဲက ဖတ်ဖူးတယ်။ ဘာလို့လဲဆိုတော့ ကိုယ်က ရီရတဲ့ post တွေ ဗဟုသုတရှိတယ်ထင်တဲ့ post တွေကို Microsoft word ထဲမှာစုထားပြီးတော့ ကိုယ်မြန်မာပြည်ပြန်ရင်ပဲ ဖြစ်ဖြစ် လူကြုံရှိရင် ဖြစ်ဖြစ် print ထုတ်ပြီး ယူယူသွားတတ်လို့ပါ။ Blog post ရဲ့ ခေါင်းစဉ်ဘေးနားမှာတော့ ဒီဟာက ဘယ် blog ကယူလာတယ်ဆိုပြီး တော့ထဲ့ ပါတယ်။ Blogger ကို credit ပေးတဲ့ သဘောပါ။ မဗေဒါရဲ့ O$P$ post ဆိုရင် အမေက သဘောကျပြီး ခန ခနပြောပါတယ်။ ရီရတယ်တဲ့။ Singapore ရဲ့ style ကိုလဲ သိရတယ်တဲ့။

Mrs. Bagel said...

Movie Reviews :)

Thant said...

စင်္ကာပူရောက်အလွဲများဖတ်ပြီး ဗေဗေ့ဘလော့ကိုရောက်လာတာ...။ ဒီဘလော့က သန့်ရဲ့ ဖေးဘရိတ်ဘလော့ထဲပါတယ်...။ အရင်တုန်းက ခရီးသွားပိုစ့်တွေဖတ်ပြီး အားကျတယ်။ အခုတော့ မရောက်ဖူးသေးတဲ့နိုင်ငံတွေကို DIY သွားဖို့အထိ သန့်ကို အားအင်တွေပေးတယ်... ကျေးဇူးတင်ကြောင်း ကြုံတုန်းပြောပါရစေ...။ ကိုရီးယားဒရမ်မာ review တွေလဲ သိပ်ကြိုက်စ်...။
နာ့နာမည်ပါလို့လဲ သိပ်ကြိုက်စ်... ဟိဟိ..။

ကောက်ကွေး said...

စကာင်္ပူရောက်အလွဲများ နဲ့ ခရီးသွား post တွေ ဒိုင်ခံအားပေးလျှက်ပါ.. :D

mabaydar said...

ဂယ်ကြီးလား... facebook မှာ Like လုပ်တာတော့ တွေ့တယ်... ဒီမှာ ခြေရာမချန်တော့ မဖတ်ဘူးပဲ ထင်နေတာ... :D

mabaydar said...

NNC က နွေဒနေခြည်လား.... အားပေးနေတာကို ဒီကလဲ ကျေးဇူးတွေ ကြိတ်တင်နေတာ... ဆက်လက်အားပေးဖို့ တောင်းဆိုပါတယ်.... ဟဲ ဟဲ

mabaydar said...

မဗေဒါလဲ တစ်ခါတစ်လေ ကိုယ်ရေးတာကို ဇဝေဇ၀ါနဲ့ မှားများ မှားသွားလားဆိုတာမျိုး တွေးတတ်ပါတယ်... အဲလိုတွေးရင်နဲ့ မရေးဖြစ်တဲ့ ပိုစ့်များစွာလဲ ရှိပါတယ်... ကိုယ်ရေးတာကို လာပြီး ထိခိုက်ဝေဖန်ရင်တော့ ကိုယ့်ဘက်က ကိုယ်သဘောထားကို သေသေချာချာ ရှင်းပြမယ်... အဲ့ဒါမှ လက်မခံရင်တော့ မတတ်နိုင်ဘူးလေ... အင်း ဒါပေမဲ့ ကိုယ်က အမှတ်မဲ့ရေးလိုက်လို့ အဓိပ္ပါယ် ကောက် လွဲနိုင်မဲ့ ဟာမျိုးကျတော့... ကိုယ့်အတွေး တကယ်မှားနေတာမျိုးဆိုရင်တော့ ၀န်ခံရင် ၀န်ခံလိုက်တယ်... မဟုတ်လဲ ရေးထားတာကို ပြန်ရုပ်သိမ်းလိုက်တယ်... ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူတာကို Personal attack လိုပြောလာရင်တော့ တစ်ခါရှင်းပြမယ် ပြီးရင်တော့ သူထင်ချင်သလို ထင်ါပစေတော့ပေါ့... ဥပမာ ကိုယ်အရက်မသောက်တိုင်း အရက်သောက်တဲ့ မိန်းမတွေက မကောင်းတဲ့ မိန်းမတွေလို သတ်မှတ် ပုတ်ခတ်တဲ့သူရှိသလို... အရက်သောက်ပြီး ပျော်တတ်တဲ့ အသိုင်းအ၀ိုင်းမှာကျတော့လဲ အရက်မသောက်တဲ့သူကို လူရာမသွင်းချင်ပြန်ဘူး... (လူဆိုတာ ကိုယ့်အကြိုက် ကိုယ့်အတွေးနဲ့ကိုယ်ပဲ... မှားတယ်မှန်တယ် ဆိုပြီး ရတိပြတ်ဆုံးဖြတ်ရခက်တယ်... ) မဗေဒါ ဘလော့မှာတော့ လွတ်လွတ်လပ်လပ် ရေးလို့ရပါတယ်... မဗေဒါနဲ့ အမြင်မတူတော့လဲ ငြင်းခုန်လို့ရပါတယ်... မဗေဒါနဲ့ ခင်တဲ့သူတွေဆို မဗေဒါနဲ့ ငြင်းရလွန်းလို့ အကြောင်းသိနေပြီ... ပြီးလဲ စိတ်ထဲမထားပဲ ပေါ့ပေါ့ပါးပါးပေါ့...

Anonymous said...

ဟယ် အဲလိုရေးလို့ ဒီကလဲကြည်တွေနူးပြီး မျက်ရည်ဝဲပါတယ် အဟုတ် .. အမြဲဖတ်တာကတော့ မဗေဒါစာတွေဖတ်တိုင်း ကိုယ်နဲ့ relate လုပ်လို့ရတယ် ကိုယ်အညင်ကတ်တာ စိတ်ပျက်တာ အားရတာ သဘောကျတာတွေကို ကိစ္စတိုင်းမှာပေါ့နော် မဗေဒါက ကိုယ်နဲ့ agree ဖြစ်တာများတယ် ကိုယ့်အစားဝင်ပြောပေးနေသလားတောင်ထင်ရတယ် တခါတခါဖတ်ရင်းနဲ အမလေး ဟုတ်ပါ့ဟယ် ဆိုပြီးလက်ခုပ်လက်ဝါးတောင်တီးယူရတယ် တကယ် စိတ်ထဲရှိတာ မြင်တာကို ရိုးသားစွာပြောရဲယုံမကဘူး အကွက်စေ့စေ့ကိုမြင်တတ်လေ့လာတတ် ပြီးတော့ လူနားလည်အောင်သေချာကိုကွင်းကွင်းကွက်ကွက်ပြောပြရေးပြနိုင်လို့ ဖတ်ရတာအားရတယ်.. အမြင်ကျယ်ပြီး intelligent ဖြစ်တဲ့စာရေးသူလို့လဲထင်တယ် ဆက်ရေးပါ တကယ်ဆို ဝိုင်းကဘလော့ရေးဖူးတယ် ၃နှစ်လောက်တော့ရေးလိုက်တယ် မဗေဒါသိမယ်မထင်ဘူး တခြားနာမည်တခုနဲ့ black ကြီးတို့နဲ့တော့တော်တော်ခင်တယ် ဝတ္ထုအက်ဆေးတွေရေးတဲ့ဘလော့ပါပဲ နောက်တော့ အမျိုးသားက မကြိုက်လို့မရေးတော့တာ .. အဲ့အချိန်ထဲက မဗေဒါရေးဟန်မျိုး ပွင့်ပွင့်လင်းလင်းရေးချင်ခဲ့တယ် အဲလောက် courage လဲမရှိခဲ့ဘူး မဗေဒါဘလော့ကိုထာဝစဉ်စီးဆင်းနေသော သွက်လက်တဲ့ အရေးအသားနဲ့ စာဖတ်သူအပေါ် ရိုးသားစွာ အလေးထားစေတနာထားရေးသားတတ်လို့ အရမ်းကိုသံယောဇဉ်ဖြစ်မိပါတယ်

ခင်တဲ့

Wine

mabaydar said...

what is ur new wordpress address?

ူLotus Phyu said...

blog day မှာ blogger တွေအမှတ်တရအနေနဲ့  ပို့ စ်တွေတင်ကြတယ် ဘယ်မှာမှလိုက်မဖတ်ရသေးဘူး
ခုလို blog readers တွေကို တကူးတက အမှတ်တရ ကျေးဇူးတင်တဲ့ ပို့ စ်ကို blog day မှာရေးပေးတဲ့ မဗေဒါကို လေးစားပါတယ်
မဗေဒါရဲ့ ဘလော့ကို ဘယ်တုန်းကစဖတ်မိလဲတော့မမှတ်မိဘူး ဒါပေမဲ့မှတ်မိတာကတော့ " လှိုင်းတစ်ပိုးထန်... လေကိုဆန်လဲ... အပြုံးမပျက်... ပန်းပန်လျက်..." ဆိုတာနဲ့ စမှတ်မိလာခဲ့တာ နောက်ပိုင်း ခရေးသွားပို့ စ်တွေကို ဖတ်ရတာ သဘောကျလာတယ် ကိုယ်အတွက် အတော်အသုံးဝင်တယ် အထိက ကတော့ အသေးစိပ် visa process စတာကအစရေးပေးထားတယ် ၂၀၀၆ ၂၀၀၇ မှာ Chat room တွေမှာအချိန်ကုန်တယ် ၂၀၀၈ ၂၀၀၉ လောက်ကစ ဘလော့တွေလိုက်ဖတ်တယ် တစ်နေ့ ဘလော့မဖတ်လိုက်ရရင် ဟတာတာနဲ့ မပြီးပြည့်စုံသလိုကိုခံစားရတယ် ကွန်မန့် တော့ ရေးခဲတယ် နောက်ပိုင်း ဖေဘွတ်ခောတ်ရောက်လာတော့ ကိုယ်ကြိုက်တဲ့ ဘလော့ဂါတွေကို လိုက်အက်တယ် အဲသလိုနဲ့ မဗေဒါနဲ့ လဲ fb မှာနေ့ တိုင်းမြင် ပိုရင်းနှီးသလိုခံစားလာရတယ် :D ဒီဘလော့ဒေးမှစ ဆက်လက်ပြီး ဘလော့ကင်းနိုင်ပါစေ ကောင်းသောခရီးတွေများများထွက်နိုင်ပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်

Lotus Phyu

shin said...

အဲ့တုန်းက အမှတ်တမဲ့နဲ့ comment ရေးလိုက်တာတော့ အမှန်ပဲ။ ဒါပေမဲ့ ဗလကျင့်ထားတဲ့ ဘော်ဒီ မိုက်တယ်လို့ ပြောတာကို မှားတယ်လို့တော့ အခုထိ ကိုယ်မထင်ပါဘူး။ (ဘလော့ကာ ရေးထားတဲ့ အကြောင်းအရာထဲက ကိုယ် comment ချင်တာ comment ခွင့် ရှိတယ်လို့ ကိုယ်ထင်တာပဲ၊ ရိုင်းရိုင်းစိုင်းစိုင်း ဆဲတာလဲမဟုတ်) ဒါပေမဲ့ အဲ့တုန်းက မခင်ဦးမေနဲ့ လဲ သေချာပြန်သွား မပြောဖြစ်ဘူး။ ကိုယ်က မြန်မာစာ မရိုက်တတ်သေးတာရော၊ ကိုယ့်လို ရိုးရိုးစာဖတ်တဲ့ သာမန်လူတယောက်ကို online က လူတွေသိပ် သတိထားမိသွားတာ မလိုချင် တာ ကြောင့် သွားပြီး သူနဲ့ ပြန်မငြင်းခဲ့ဘူး။ ပြီးတော့ ကို ဒီကိုလာ ဘလော့မှာ ဆိုတော့ ဘလော့ ပိုင်ရှင် အနှောက်အရှက်ဖြစ်မှာ စိုးတာလဲပါတာပေါ့။ ဒါပေမဲ့ ရိုးရိုးစာဖတ်သူ အနေနဲ့ comment ရေး ချင်လဲ သတိထားမှ လို့တော့ ဆင်ချင်လိုက်တယ်။

mabaydar said...

သဘောပေါက်တယ် Shin ခံစားရတာကို... တစ်ခါတစ်လေ ကိုယ်လဲ အဲ့လို ပြောခံရရင် confident ပါပျောက်တယ်... ကိုယ်ကလဲ သေချာ မစဉ်းစားပဲ ရေးလိုက်တာဆိုတော့ ကိုယ်ပဲမှားသလားလို့ ဒွိဟဖြစ်တတ်တယ်... ဒါပေမဲ့ ကိုယ်မမှားတာလဲ သေချာတယ်... ပြဿနာလဲ ထပ်မတက်ချင်ဘူး... အဲလိုနဲ့ နောက်ဆို မရေးတာပဲကောင်းပါတယ်လို့ ဖြစ်သွားရော...

FFOX said...

Yes, I'm in your FB friend list.
I also like your စင်္ကာပူရောက်အလွဲများ posts (beside trip related posts).
I sometime check your new FB posts but most of them are K-Drama related so I just skip those posts cuz I'm not so into this 'Korea thing'.

Thanks for asking and giving me a chance to show you my link on this post >> http://dslrstranger.wordpress.com/

mabaydar said...

What is your Facebook name? PM me pls... :D