ခုရေးမဲ့ကားတွေကတော့
အရမ်းအကောင်းကြီးမဟုတ်ပင်မဲ့ အချိန်လဲရှိမယ် ကောင်းတဲ့ကားတွေအားလုံးကလဲ ကြည့်ပြီးသွားလို့
ဘာကြည့်ရင်ကောင်းမလဲမသိဖြစ်နေရင် အပျင်းပြေကြည့်ချင် ကြည့်နိုင်တဲ့ကားလေးတွေပါပဲ…
ဒီ list ထဲမှာပါတဲ့
တချို့ကားတွေကို အကြောင်းအမျိုးမျိုးကြောင့် အဆုံးထိမကြည့်ဖြစ်ခဲ့တဲ့ကားတွေရှိပါတယ်… ဘာလို့မကြည့်ဖြစ်တော့လဲဆိုတာကိုလဲ ဖော်ပြပေးမှာပါ။ လောလောဆယ် So So Dramas List ပထမပိုစ့်အနေနဲ့ အစအဆုံးကြည့်ဖြစ်တဲ့ကားတွေကို အရင်ရေးပါ့မယ်... ဒီကားထဲက ကိုယ်သဘောကျမယ်ထင်တာလေးတွေ
ရွေးကြည့်ပေါ့နော်…
Episode : 16
Genre: Romance, Drama
Genre: Romance, Drama
Cast:
My
Rating: 3.5/5
ဇာတ်လမ်းအကျဉ်း
“လိုချင်တာတွေကို
အကောင်းဆုံးကြိုးစားပြီး ရယူမယ်” ဆိုတဲ့ အကောင်းမြင်ဝါဒရှိတဲ့ Han Se Kyung တစ်ယောက်
ဖက်ရှင်ပြိုင်ပွဲတွေမှာ ဆုတွေဘယ်လောက်ပဲရထားရထား အလုပ်ရှာမရဖြစ်ခဲ့တယ်။ အကြောင်းရင်းကတော့
နိုင်ငံခြားမှာ ပညာမသင်နိုင်တာလဲ တစ်ခုအပါအဝင်ပေါ့။ သူနောက်ဆုံးဝင်တဲ့ အင်တာဗျူးမှာ
အင်တာဗျူဝါက သူ့ကို “နင့် resume ဘယ်လောက်ကောင်းကောင်း၊ နင့် Taste က ညံ့လို့မရွေးတာ၊
Taste ကိုအဓိပ္ပါယ်ဖွင့်ရာမှာ မွေးကတည်းက မြင်ခဲ့တွေ့ခဲ့ ထိတွေ့ခဲ့တာတွေပေါင်းစပ်ထားတဲ့အပေါ်မှာ
ရှိတဲ့ အတွေးကိုဆိုလိုတယ်” လို့ ပြောခံခဲ့ရတယ်။ (သဘောကတော့ Background ဆင်းရဲတဲ့သူတစ်ယောက်ဖြစ်လို့
ချမ်းသာတဲ့သူတွေတွေးသလိုမတွေးတတ်ပဲ Cheapskate လိုပဲတွေးတယ်လို့ နှိမ်ပြောပြောတာပေါ့)။
ဒါပေမဲ့ အဲဒိကုမ္ဗဏီမှာ တောက်တိုမယ်ရအတွက်အလုပ်ရခဲ့တယ်။ တကယ်တော့ ကုမ္ဗဏီပိုင်ရှင် သူဋ္ဌေးရဲ့
မိန်းမခိုင်းသမျှလိုက်လုပ်ပေးရတဲ့အလုပ်ပေါ့။ နောက်မှသူသိလိုက်ရတာက သူဋ္ဌေးရဲ့မိန်းမက
သူနဲ့ငယ်ငယ်က တစ်ခန်တည်းကျောင်းတက်ခဲ့တဲ့ ရည်းစားလုဖက်၊ ငယ်ငယ်ကတည်းက ကိုယ်တိုင်မကြိုးစားပဲ
ယောကျာၤးတွေကိုပဲအားကိုးပြီး နေလို့ Han Se Kyung ကိုယ်တိုင်က ခွေးနဲ့နှိုင်းပြီး ပြောခံခဲ့ရတဲ့သူဖြစ်နေတယ်။
ဒီအချိန်မှာပဲ နှစ်ပေါင်းများစွာတွဲလာတဲ့ သူ့ချစ်သူကလဲ ငွေကြေးမပြေလည်မှုကြောင့် လမ်းခွဲခဲ့ရတဲ့အပြင်
သူမစုဆောင်းထားတဲ့ငွေတွေကိုပါယူသွားခဲ့တယ်။ ဒီအချိန်မှာပဲ ဖြူစင်ပြီးအမြဲကြိုးစားခဲ့တဲ့
Han Se Kyung တစ်ယောက် ဘဝအပေါ်အမြင်တွေပြောင်းခဲ့တယ်။ သူဋ္ဌေးကတော်လက်ရှဖြစ်နေတဲ့ Soo
Yoon-Joo ဆီကနေ Cheongdam-dong ဧရိယာမှာနေနိုင်တဲ့
သူဋ္ဌေးယောကျာၤး ရနည်းကိုသူ စတင်သင်ယူတော့တယ်။
Luxury-brand
တွေပိုင်တဲ့ CEO Jean Thierry Cha ဟာ အရင်က
ငွေမက်တဲ့အချစ်ဟောင်းက ငွေကြောင့်သူ့ကိုထားခဲ့တဲ့အတွက် ငွေမက်တဲ့မိန်းမတွေကိုမုန်းသလို
သူ့ကိုမကောင်းခဲ့တဲ့သူတွေနဲ့ သူ့ချစ်ခြင်းကို ငွေနဲ့ခွဲခဲ့တဲ့ သူအဖေကိုပါ နောင်တရအောင်
သက်သေပြချင်ခဲ့တယ်… အကြောင်းအမျိုးမျိုးကြောင့်
Jean Thierry Cha ဟာ Han Se Kyung ကို တွေ့ပြီး သူမရဲ့ ရိုးသား ကြိုးစားပြီး အချစ်ကိုတန်ဖိုးထားတတ်ပုံကိုတွေ့ခဲ့တဲ့အတွက်
စိတ်ဝင်စားပြီး ကူညီခဲ့တယ်။ သူ သူဋ္ဌေးဆိုတာကို Han Se Kyung ကတော့ မသိရှာခဲ့ဘူး။ Han
Se Kyung ရဲ့ စိတ်ပြောင်းလဲလာမှုကိုလဲ Jean Thierry Cha သတိမထားမိခဲ့ဘူး။
တစ်နေ့မှာ
Han Se Kyung ဟာ သူ့ဘေးမှာအမြဲရှိတဲ့ မန်နေဂျာအယောင်ဆောင် Cha Seung-jo ဟာ တစ်ကယ်တော့
သူ့ကိုအမြဲကူညီနေတဲ့ သူဋ္ဌေးကြီး Jean Thierry Cha ဆိုတာ သိသွားတဲ့အခါ သူမ လိုချင်တဲ့
သူဋ္ဌေးကို ဘယ်လိုနည်းနဲ့အရယူမလဲ၊ ရိုးသားတဲ့ အချစ်ကိုသိပ်တန်ဖိုးထားရူးသွပ်တဲ့ သူဋ္ဌေး
Jean Thierry Cha တစ်ယောက် သူအမျိုးမျိုး စမ်းသပ်ပြီးမှ သေသေချာချာချစ်မိတဲ့ ဒုတိယမိန်းကလေးဟာ
လဲ သူ့ပထမရည်းစားလို့ပဲ ငွေမက်လို့သူ့ကိုရွေးတာဆိုတာ သိသွားတဲ့အပြင် သူ့ပထမရည်းစားနဲ့
သူငယ်ချင်းတွေဆိုတာသိသွားတဲ့အခါ၊ ချစ်သူ ၂ဦး တစ်ဦးကိုတစ်ဦး တကယ်ချစ်ပါလျှက် မာနတွေ၊
သံသယတွေနဲ့ ဘဝအပေါ်မှာ ထားရှိတဲ့ အမြင်တွေကွဲလွဲတဲ့အခါ၊ သူတို့ ၂ဦး ရဲ့ ချစ်ခရီးဖြောင့်ဖြူးမလား၊
ဘယ်လို ဇာတ်သိမ်းမလဲဆိုတာ ဖန်သားပြင်ပေါ်မှာ ကြည့်ရှုကြပေါ့နော်….
ဝေဖန်ရေး
ဒီကားကို
မဗေဒါ အစအဆုံးကြည့်ဖြစ်တဲ့အပြင် အပတ်တိုင်းစောင့်ကြည့်ဖြစ်ခဲ့တယ်။ သူက အစပိုင်းမှာ
လုံးဝလုံး၀ Fairy Tale type မျိုးပဲ ဆင်းရဲပြီး ဒုက္ခရောက်နေတဲ့ ကောင်မလေးကို အရမ်းချမ်းသာတဲ့
မင်းသားလေက ကူညီပြီး ချစ်မိသွားတာမျိုး။ (ဒီလိုဇာတ်လမ်းမျိုးကလဲ ခဏခဏထပ်နေပင်မဲ့ ဘယ်တော့မှလဲ
မရိုးနိုင်ဘူးကိုး….. အပြင်မှာလဲ မဖြစ်ပင်မဲ့ မိန်းကလေးတိုင်းလိုချင်တဲ့ အချစ်ဇာတ်လမ်းမျိုးမှတ်လား
… ခိခိ)… ဒါပေမဲ့ ဇာတ်လမ်းက နောက်ပိုင်းမှာ Twist သွားတယ်။ မင်းသမီးက ထင်သလောက်တော့
မရိုးသားဘူး။ ပြီးတော့ မင်းသားဇာတ်ကောင်ကလဲ အရင်ရည်းစားကြောင့် ဂေါက်တောက်တောက်နည်းနည်းဖြစ်နေတယ်။
ဒီကားမှာ
မဗေဒါဘာကို စိတ်ဝင်စားလဲဆိုတော့ သူဋ္ဌေးလိုချင်လို့ သူဋ္ဌေးတွေနဲ့ နည်းစပ်ရေးလုပ်တဲ့အခါမှ
သုံးတဲ့ နည်းလမ်းတွေ။ (ဟုတ်သော်ရှ မဟုတ်သော်ရှိ စိတ်ဝင်စားဖို့တော့ကောင်းပါတယ်) ရုပ်ရှင်ကတော့
အနည်းငယ်ပိုပြထားကောင်းလဲ ပြမယ်။ ဒါပေမဲ့ အပြင်မှာလဲ သူဋ္ဌေးလိုချင်တဲ့ မိန်းမတွေ ဒီလိုလုပ်မှာ
ဟုတ်လောက်ပါတယ်။
လူတစ်ယောက်ဟာ
ဘယ်လောက်ကြိုးစားကြိုးစား အဆက်အပေါက်ကောင်းရှိမှလဲ အောင်မြင်မှုလမ်းပွင့်တယ်ဆိုတာကိုလဲ
ပြသသွားတယ်။
(Spoiler
Alert !!!!! ) မင်းသားက ပထမရည်းစားနဲ့ သူ့အဖေသဘောမတူလို့ အိမ်ပေါ်ကဆင်းပြီး ဘဝကို ၁ကပြန်စရင်း
အောင်မြင်ခဲ့တယ်လို့ သူ့ကိုယ်သူထင်နေတယ်။ အဲဒိအတွက် သူက အဖြစ်မှန်တွေကိုသိသွားတဲ့အခါ
မင်းသမီးကို ခွင့်မလွှတ်နိုင်ဘူး။ သူဆင်းရဲပြီး စားစရာမရှိတဲ့အချိန်မှာ သူဆွဲတဲ့ ပန်းချီကားဈေးကောင်းရသွားတာကြောင့်
သူ့ကြိုးစားမှုကြောင့် သူချမ်းသာခဲ့တယ်လို ထင်နေတယ်။ ဒါပေမဲ့ မင်းသမီးက ပြေးမကြည့်ပဲသိတယ်။
အဲဒိပန်းချီကားကို နင်သိပ်မုန်းတဲ့ နင့်အဖေက ဒီဈေးပေးပြီးဝယ်ခဲ့တာ။ နင်ဟာ ကံကောင်းခြင်းတွေကို
မွေးကတည်းကရခဲ့တဲ့အတွက် ကျွန်မတို့လို လူဆင်းရဲတွေ ကြုံရတဲ့ အဆက်အပေါက်မရှိလို့ ကြိုးစားပါရက်
အောင်မြင်ခွင့်မရနိုင်တာကို နားမလည်နိုင်တာလို့ပြောခဲ့တယ်။
အဲဒိအခန်းမှာ
မင်းသမီးပြောတာကို ရာနှုန်းပြည့်မဟုတ်သော်ငြား တော်တော်လေးတော့ လက်ခံပါတယ်။ နောက်ပြီးတော့
၃ပိုင်းမြောက်မှာလားမသိဘူး မင်းသမီးကို မကောင်းတဲ့မိန်းမထင်ပြီးပွဲမှာ ခေါ်ခံရလို့ ရန်ဖြစ်ပြီး
ငံပြာရည်နဲ့ လောင်းခဲ့တုန်းက အဆုံးမှာ မင်းသမီးက သူ့သူငယ်ချင်းရည်းစားလုဖက်ကို ဖုန်းခေါ်တဲ့
အခန်းမှာ ပြောတဲ့ စကားကလဲ မဗေဒါကို အတွေးတစ်ချို့တော့ ပေးတယ် “အရင်က နင်ယောကျာၤးတွေကိုပဲ
အားကိုးပြီး အရည်အချင်းမရှိတဲ့ မိန်းမတစ်ယောက်လို့ ငါပြောခဲ့တာကို ငါယုတ်သိမ်းတယ်။
တကယ်တော့ နင့်လိုမျိုး ချမ်းသာတဲ့ယောကျာၤးကိုရဖို့ သွားရတဲ့ လမ်းက မလွယ်ပါဘူး။ ဒါဟာလဲ
ငါ နင့်လောက်မကျွမ်းကျင်တဲ့ ပညာတစ်ရပ်ပဲ” လို့ပြောခဲ့တယ်။ ဟုတ်တော့လဲ ဟုတ်တယ် သေချာစဉ်းစားကြည့်ရင်
ကိုယ်လဲ ချမ်းသာတဲ့ယောကျာၤး ချောတဲ့ယောကျာၤးလိုချင်တာပဲ။ ဒါပေမဲ့ အဲဒါတွေနဲ့တွဲပါလာမဲ့ဟာတွေက
အပြင်လောကမှာဆို မတွေးဝင့်စရာပဲ။ ကိုရီးယားကားထဲကလို ဥစ္စာပေါ၊ ရုပ်ချော၊ သစ္စာရှိဆိုတာ
သချိုင်းမှာတောင်မရှိလောက်ဘူးလေ။ ဒီတော့ မဗေဒါအတွက်ကတော့ အရမ်းမချမ်းသာလဲနေပါ။ ရုပ်မချောလဲနေပါ။
ကိုယ်စိတ်ချမ်းသာမယ်ထင်တဲ့သူကိုပဲ လိုချင်ပါတယ်။ သူဋ္ဌေးကတော်လုပ်ပြီး မယားငယ်တွေလိုက်ရှင်းနေရတဲ့
ဘဝနဲ့ နေနိုင်တဲ့သူတွေလဲ ဒါသူတို့ရဲ့ ကိုယ်မလုပ်နိုင်တဲ့ effort ပဲလေဆိုပြီး အကောင်းမြင်ပေးနိုင်လာတယ်။
ဒါပေမဲ့လဲ
ကားက အဆုံးမှာတော့ လမ်းမလွဲရအောင် သိမ်းပေးနိုင်ခဲ့ပါတယ်။ သူ့သူငယ်ချင်းမိန်းမလဲ သူလိမ်ထားတာတွေပေါ်ပြီး
သူ့ယောကျာၤးနဲ့ ကွဲပြီး လမ်းဘေးပြန်ရောက်သွားတယ်။ မင်းသမီးက ပထမတော့ သူ မင်းသားကို
သူဋ္ဌေးမှန်းသိမှ လက်ခံခဲ့တယ်ဆိုပင်မဲ့ သူဋ္ဌေးမှန်းမသိခင်ကတည်းက ချစ်ခဲ့တယ်ဆိုတော့ သူ့မှာ
၁ ပစ်ပဲရှိတယ်လေ။ သူဋ္ဌေးမှန်းသိရက်နဲ့ မသိချင်ယောင်ဆောင်ပြီး ရိုးသားသလိုလုပ်ခဲ့တဲ့အတွက်
သူလဲ မင်းသားနဲ့ ဒီပြဿနာကိုအတော်လေးရှင်းလိုက်ရသေးတယ်လေ။
Anyway, ဒီကားမှာ
မင်းသား Park Shi Hoo ပေါတောတောသရုပ်ဆောင်တာလေးက ရီရပါတယ်။ ဒီကားရဲ့ Story line က
Heavy မဟုတ်ပဲ သာမာန်အချစ်ဇာတ်လမ်းမျိုးဖြစ်တာရော။ ကိုရီးယားကား Standard နဲ့ယှဉ်ရင်
နည်းနည်း Cheesy ဖြစ်တယ်လို့ထင်တာရော။ နောက်ဘာဖြစ်မလဲဆိုတာကို ကြိုတင်ခန့်မှန်းလို့ရတာရောကြောင့်
So So drama list ထဲရောက်ပါတယ်။ ကိုယ်ကြိုက်မယ်ထင်ရင်တော့ ကြည့်လိုက်ပေါ့နော်….
၉။
Rooftop Prince
Episode : 20
Episode : 20
Genre : Historical, Romance, Comedy, Fantasy
- Main Cast
- Micky Yoochun (Park Yoochun) as Lee Gak / Yong Tae Yong
- Choi Won Hong as young Lee Gak
- Han Ji Min as Park Ha / Bu Yong
- Jun Min Seo as young Park Ha / young Bu Yong
- Lee Tae Sung as Yong Tae Moo
- Jung Yoo Mi as Hong Se Na / Hwa Yong
- Kim So Hyun as young Se Na / young Hwa Yong
My Rating: 2.5/5
ဇာတ်လမ်းအကျဉ်း
အိမ်ရှေ့မင်းသား
Lee Gak ဟာ သူ့ကိုယ်ရံတော် ၄ယောက်နဲ့အတူ နှစ်ပေါင်း ၃၀၀ကျော်(ယနေ့ခေတ်) ကို အချိန်ခရီးသည်အဖြစ်ရောက်ရှိလာတဲ့အခါ
သူတို့ဟာ အိမ်ရှေ့စံရဲ့ ဇနီးသေဆုံးမှုကို ကံကြမ္မာက ဖော်ထုတ်စေချင်လို့ပို့လိုက်တာလို့
ယုံကြည်ကြတယ်။
သူတို့ ၄ယောက်
ယနေ့ခေတ်မှာပေါ်လာတဲ့နေရာကတော့ Park Ha ဆိုတဲ့ အသက် နှစ်ဆယ်ကျော်ကောင်မလေးရဲ့ခေါင်းမိုးပေါ်မှာကပ်ဆောက်ထားတဲ့
အိမ်လေးထဲမှာပေါ့။ ဒီလိုနဲ့ပဲ Park Ha ဟာ သူတို့ရဲ့အကြောင်းကို သိပြီး ၂၁ရာစုမှာနေပုံထိုင်ပုံတွေကို
သင်ပြပေးတဲ့ သူတို့ ၄ယောက်ရဲ့ အုပ်ထိန်းသူဖြစ်ခဲ့တယ်။ Park Ha နဲ့ နေစဉ်အတွင်းမှာပဲ
Hong Se Na ဆိုတဲ့ Park Ha အဖေရဲ့ နောက်အိမ်ထောင်ကပါလာတဲ့ အစ်မနဲ့ Lee Gak တွေ့တဲ့အခါ
သေသွားတဲ့ သူ့မိဘုရားဝင်စားတဲ့သူဆိုပြီး ယူဆခဲ့တယ်။ ယနေ့ခေတ်မှာ Lee Gak နဲ့ရုပ်ချင်း
တစ်ထေရာထဲတူတဲ့ Yong Tae Yong(Lee Gak လူဝင်စား)ရဲ့ နေရာကို အစားထိုးဝင်ရောက်ဟန်ဆောင်ရင်း
Yong Tae Yong ပျောက်ဆုံးမှုအပြင် အရင်ခေတ်က Lee Gak ရဲ့ မိဘုရားသေဆုံးမှု ပဟေဠိကိုပါ
ဖော်ထုတ်နိုင်ခဲ့တယ်။
အဲဒိတစ်လျှောက်
ရှေးရေစက်ရှိခဲ့တဲ့ အရင်ခေတ်က Lee Gak နဲ့ ဒီခေတ်က Park Ha တို့ဟာ တစ်နေ့ပြန်ရမယ်မှန်းသိသော်လည်း
ချစ်သူတွေဖြစ်ခဲ့ကြတယ်။ သူတို့ ၂ယောက်ချစ်ဇာတ်လမ်းဘယ်လိုသိမ်းမလဲ။ Park Ha နဲ့ Lee
Gak ဟာ ဘယ်လိုရေစက်တွေရှိခဲ့လို့ ဒီခေတ်မှာ Park Ha အိမ်ပေါ်မှာ လာပေါ်တာလဲ။ အိမ်ရှေ့မင်းသမီးကို
သတ်တာဘယ်သူလဲ။ ဆိုတာကိုတော့ သိချင်ရင် ကြည့်ပေါ့နော်…
ဝေဖန်ရေး
ဒီကားဟာ မလိုအပ်ပဲ
အပိုင်း ၂၀ကို မရမက ဆွဲထားတယ်လို့ ထင်တယ်။ အပိုင်း ၁ကနေ ၄လောက်အထိ အရမ်းရီရပြီး စိတ်ဝင်စားစရာကောင်းတယ်။
ရီလိုက်ရတာလဲ မျက်ရည်တောင်ကျတယ်။ ဒါပေမဲ့ နောက်ပိုင်းတွေမှာ ဆွဲလိုက်တာမှ တစ်သက်နဲ့တစ်ကိုယ်
ကိုရီးယားကားကြည့်ရင်း မပြီးနိုင်တော့ဘူးလားလို့ စိတ်ထဲဖြစ်မိတာ ဒီကားရယ်။ အမှန်ဆို
၁၆ ပိုင်းလောက်နဲ့ပဲ ဖြတ်လိုက်ရင်တောင် ကောင်းအုံးမယ်။
မင်းသမီးကိုတော့
တခြားကားတွေမှာ ပါဖူးလားဆိုတာ စဉ်းစားလို့မရပေမဲ့ သူ့မျက်နှာကတော့ တရင်းတနှီးရှိနေသလိုခံစားရတယ်
(ပြောရင်းနဲ့သိပြီ သူက Capital Scandal ထဲကမင်းသမီး အဲဒိကားမကြည့်ရသေးဘူး ဒါပေမဲ့ သိတယ်)
Micky Yoo Chun ရဲ့ အမာခံပရိတ်သတ်တွေရှိတော့ ဒီကားက အောင်မြင်တယ်လို့တော့ပြောလို့ရပါတယ်။
အဲဒိကားနောက်ပိုင်းလဲ ပြီးရော time Travel ကားတွေ ဇာတ်တိုက်ထွက်တော့တာ Time slip
Dr.Jin, Queen In Hyun’s Man, Faith တွေပေါ့…. လူတောင် Time Travel တွေကို အတော်အီစိမ့်သွားတယ်…
အီတာမှ လုံးဝကိုမကြည့်တော့တာ…
ဒီကားရိုက်နေတဲ့
အတောအတွင်း မတ်လ ၁၃ရက် ၂၀၁၂ မှာ မင်းသား Micky Yoo Chon ရဲ့ ဖေဖေကွယ်လွန်သွားလို့ ရိုက်ကွင်းကို
ခေတ္တရပ်ဆိုင်းခဲ့တယ်။ ဒါပေမဲ့ မတ်လ ၁၇ ရက်နေ့မှာပဲ မင်းသားဟာ ရိုက်ကွင်းကိုပြန်လာခဲ့တယ်။
ဘာလို့လဲဆိုတော့ မတ်လ ၂၁ ရက်နေ့မှာ ပထမဆုံးအပိုင်းကို စပြမှာဖြစ်တဲ့အတွက် နောက်ကျလို့
မရတာကြောင့်တဲ့။ ခုလိုကြားရတော့ Yoo Chun ပရိတ်သတ်တစ်ယောက် အနေနဲ့ သူ့အတွက် စိတ်မကောင်းဖြစ်မိတယ်။
သေချာတာက ရုပ်ရှင်အစပိုင်းတွေမှာ ဟာသခန်းတွေများတော့ သူ့အဖေဆုံးထားတာနဲ့ သူဒီလိုသရုပ်ဆောင်ရတာ
စဉ်းစားရင်း သနားတောင် သနားလာတယ်။
ဘယ်လိုပဲဖြစ်ဖြစ်
ဒီကားကို ၂.၅ ပဲပေးရခြင်းက သရုပ်ဆောင်တွေညံ့လို့မဟုတ်။ ဇာတ်လမ်းကို အားလုံးခြုံကြည့်ရင်
ဇာတ်လမ်းညံ့လို့ပဲ ပြောရမှာပဲ။ သရုပ်ဆောင်တွေအားလုံးကောင်းကြပါတယ်။ မင်းသားလဲကောင်းတယ်။
မင်းသမီးလဲကောင်းတယ်။ မင်းသားနောက်လိုက် ၃ယောက်လဲ ရီရတယ်။ အရီရဆုံးကတော့ ရုပ်ခပ်တည်တည်နဲ့
ပေါတဲ့ လူကြီးပဲ။ ဒီကားကို SBS ကပေးတာမဟုတ်ပဲ တစ်ခြားကရတဲ့ ဆုတွေကတော့….
§ 2012 7th
Seoul International Drama Awards: Excellent
Korean Drama
Episode : 16
Genre: Romantic Comedy
Genre: Romantic Comedy
Cast:
My Rating: 2.5/5
ဇာတ်လမ်းအကျဉ်း
Gil Da-ran ဟာ ဆရာမလက်မှတ်ရဖို့ ကြိုးစားနေတဲ့ (အလုပ်သင်ဆရာမ
သဘောမျိုးထင်တယ်) Substitute Teacher တစ်ယောက်ဖြစ်ပြီး
ဆရာဝန်ချောချောတစ်ယောက်ဖြစ်တဲ့ Seo Yoon-jae နဲ့ စေ့စပ်ထားတဲ့သူတစ်ယောက်ဖြစ်တယ်။
ဒါပေမဲ့ လက်ထပ်ဖို့ ၁လလောက်အလိုမှာပဲ သူ့ချစ်သူဟာ သူနဲ့ ခပ်ခွာခွာနေလာတာကို
သတိထားမိလာတယ်။ သူ့ကျောင်းကို Kang Kyung-joon ဆိုတဲ့ ကျောင်းသားသစ်တစ်ယောက်ပြောင်းလာတယ်။
အဲဒိကျောင်းသားက Da-Ran ရဲ့ နမောနမဲ့နိုင်မှုကြောင့်သူ့ကို ဆရာမလို မဆက်ဆံဘူး။
တစ်ရက်မှာ ကျောင်းသားသစ် Kang Kyung-joon နဲ့ Da-ran ရဲ့ ချစ်သူ Yoon-Jae တို့ ကား
အက်ဆီဒန့်ဖြစ်ပြီး ရေထဲကို ၂ယောက်လုံးကျသွားခဲ့တယ်။ Kang Kyung-joon ကို Yoon Jae က
ရေထဲကယ်တင်ခဲ့ပင်မဲ့ Kang Kyung-joon ကတော့ သတိမေ့မြောနေခဲ့ပြီး Yoon Jae ကိုတော့
သေဆုံးသွားတယ်လို့ယူဆပြီး ရေခဲတိုက်ကိုပို့ခဲ့တယ်။ Kang Kyung-joon
ပြန်သတိရလာတဲ့အချိန်မှာ သူဟာရေခဲတိုက်ထဲကိုရောက်နေပြီး Yoon Jae
ခန္ဓာကိုယ်ထဲကိုရောက်နေတယ်ဆိုတာ သိလိုက်ရတဲ့အခါ…..
သူတို့ ၂ဦးဘာလို့ စိတ်ချင်းလဲသွားသလဲ။ ဘယ်လိုပတ်သတ်သလဲ။ Yoon Jae
အစစ်က Da-Ran အပေါ်ထားတဲ့ စိတ်ထား။ Kang Kyung-joon စိတ်နဲ့ Yoon Jae
ကိုယ်ဖြစ်နေတဲ့ Da-Ran လက်ထပ်ရမဲ့ သတို့သားလောင်း…. စတာတွေကို
သိချင်ရင်ကြည့်ပေါ့နော်… မကြည့်ခင် အောက်က ဝေဖန်ရေးကို နည်းနည်းဖက်ပြီးမှ
ကြည့်ချင်ရင်ကြည့်ပေါ့နော်…
ဝေဖန်ရေး...
ဒီကားအကြောင်းရှာကြည့်ရင်တော့ ပရိတ်သတ်တော်တော်များများဟာ
ဇာတ်သိမ်းခန်းနဲ့ပတ်သတ်ပြီ နားမလည်နိုင်ပဲ မကျေမနပ်ဖြစ်နေကြတာတွေ့မှာပါ။ ဒရမ်မာ
Review တွေရေးလေ့ရှိတဲ့ Dramabean မှာလဲ ကျွန်မခံစားရတဲ့အတိုင်း သူရေးထားတာတွေ့ပါတယ်။
မဗေဒါကြည့်တုန်းကလဲ အောင့်သက်သက်နဲ့ ဟင်ဘယ်လိုကြီးလဲဆိုပြီးခံစားရပါတယ်။
ပရိတ်သတ်တွေမှာ Yoon Jae အစစ်နေရာက သရုပ်ဆောင်တဲ့ မင်းသားကြီး Gong Yoo
နဲ့ငြားစေချင်တဲ့သူရှိမယ်။ ဇာတ်လမ်းအရ မင်းသမီးကို တကယ်ချစ်တဲ့ Kang Kyung Joon
နေရာမှာသရုပ်ဆောင်သွားတဲ့ မင်းသားငယ် နဲ့ ငြားစေချင်တဲ့သူလဲရှိမယ်။ (မဗေဒါကတော့
အစကတည်းကလဲ Gong Yoo ကို မကြိုက်တာရော၊ ဇာတ်လမ်းအရလဲ မင်းသားငယ်နဲ့ပဲ
ရသင့်တာကြောင့်ရောမို့ အငယ်နဲ့ပဲ သဘောတူတယ်)။ ဒါပေမဲ့ အဆုံးမှာ စာရေးဆရာ Hong
Sisters ပဲ တရားခံလား၊ ဒါရိုက်တာပဲ တရားခံလားတော့မသိဘူး လုပ်ချသွားတာက ဘာကြီးမှန်းမသိပဲ
အီလည်လည်ကြီးပေါ့။ ကိုယ့်ဟာကိုယ်တွေးချင်တာတွေးပြီး
ငြားပေးချင်တဲ့သူနဲ့ငြားပေးလို့ရသလိုလို။ ဒါပေမဲ့လဲ မဗေဒါအတွက်တော့
ဘယ်လိုပဲစဉ်းစားစဉ်းစား မင်းသမီးနဲ့ ငြားတာ အငယ်မင်းသားလို့ပဲထင်တယ်။ ဒါပင်မဲ့
ဘာလို့ Gong Yoo လိုလိုရိုက်ပြသေးလဲ။
တချို့ကပြောတော့လဲ ၁နှစ်ကြာပြီးနောက် မင်းသားငယ်လေးက ကြီးသွားပြီး
Gong Yoo ဖြစ်သွားတာတဲ့။ ဘယ်လိုပဲဖြစ်ဖြစ် မင်းသားငယ်နေရာမှာ
သရုပ်ဆောင်တဲ့ကောင်လေးအတွက် မတရားလွန်းဘူးလို့ထင်ပါတယ်။ အဲဒိ ကောင်လေးက
နာမည်ကြီးမဟုတ်သေးတော့ နှိမ်တာများ ဇာတ်လမ်းမှာ သူ့ဇာတ်ကောင်နဲ့ညားတာတောင် သူ့မျက်နှာမပါရှာဘူး။
ရက်စက်တာ။ တစ်ကားလုံးလဲ မြောနေတယ်ဆိုပြီး အိပ်ယာပေါ်မှာပဲနေရတယ်။ Gong Yoo ကပဲ သူ့
ဝိဉာဏ်ဝင်နေတယ်ဆိုပြီး မင်းသမီးနဲ့ သရုပ်ဆောင်ရတယ်။ အော်… အဆုံးကျရင်တော့
ဟိုကောင်လေးပြန်ဖြစ်တော့မှာပဲဆိုတဲ့ အတွေးနဲ့အဆုံးထိ စိတ်ရှည်စွာကြည့်ပြီး
ရင်ဝစောင့်ကန်ခံရတော့တာပဲ။
Gil Da-Ran နေရာမှာ သူရုပ်ဆောင်တဲ့ မင်းသမီး Lee Min-jung ကိုလဲ အရင်က မကြိုက်တဲ့
စာရင်းထဲမပါဘူး။ ဒီကားကြည့်ပြီး သူ့ကားနောက်တစ်ကားကြည့်ဖို့
တော်တော်စဉ်းစားရတော့မယ် (ခုသူ့ကားနောက်တစ်ကား ဇာတ်မင်းသားပုံစံမင်းသားကြီးနဲ့
ထွက်နေတယ်.. ကြည့်ချင်စိတ်ရှိဘူး)… မင်းသမီးက Act Cute လုပ်တာလွန်ရော။
ဘယ်လိုစကားလုံးနဲ့ပြောရမှန်းသိတော့ဘူး။ အပိုင်း ၁၀နောက်ပိုင်းမှာလဲ ဇာတ်လမ်းက
မလိုအပ်ပဲ ဆွဲပြနေတာ။ ပျင်းဖို့တောင် ကောင်းတယ်။ Suzy ဇာတ်ကောင်ကလဲ
မလိုအပ်ပဲထည့်ထားသလို။ Suzy ကို ဒိထက်ကောင်းတဲ့ ဇာတ်ကောင်မျိုးပေးသင့်တယ်။ ဒါတောင်သူက
ချစ်ဖို့ကောင်းလို့ ဒီလောက်မုန်းစရာမကောင်းတာ။ သိတော့ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ်။ ဒီကားက မဗေဒါကိုတော့ အဆုံးထိကြည့်ဖြစ်အောင်
ဆွဲဆောင်နိုင်ခဲ့တဲ့အတွက်။ (အဆုံးရောက်မှသာ ကိုယ်မျှော်လင့်သလိုဖြစ်ခဲ့သော်ငြား
စိတ်တိုင်းကျ မပြခဲ့တဲ့အတွက်)။ မင်းသမီးရယ် ဇာတ်သိမ်းရယ်ကို စိတ်ထဲသိပ်ဘဝင်မကျလို့
သူ့ကို ၅မှတ်မှာ ၂.၅ မှတ်ပေးထားတယ်။
၁၀ ကားတော့ ပြီးပြီ... ကျန်တဲ့ကားတွေကတော့ မဗေဒါ အစကြည့်ပြီး အဆုံးထိပြီးအောင် မကြည့်ဖြစ်တဲ့ကားတွေရယ်။ လုံးလုံးစိတ်မဝင်စားလို့ မကြည့်ဖြစ်တဲ့ ကားတွေရယ်ပဲကျန်တော့တယ်...
15 comments :
ကိုရီးယား စီးရီးတွေ ကြည့်လေ့မရှိပေမယ့် ခုတလော စိတ်တအားရှုပ် လေးလံနေလို့ ပေါ့ပေါ့ပါးပါး တစ်ခုခုကို စွဲလန်းချင်နေတာနဲ့ အတော်ပဲ.. ဒီကားတွေ အခွေရှာဝယ်ပြီး ကြည့်လိုက်ဦးမယ်.. ကျေးဇူး ချစ်မ ! ♥
ကို၇ီးကားတွေမှာ မဗေဒါ၇ဲ့ ဝေဖန်ေ၇းတွေကို ကြိုက်တယ်။
Alice ကားမှာဆို မဗေဒါရဲ့ ဝေဖန်ရေးကိုဖတ်ပြီး သဘောကျလို့  :) .... ဒီကားစပြထဲကကြည့်ထားတာ ကြည့်ပြီးပြီးသွားတာပဲ ခေါင်းထဲဘာမှသိပ်မကျန်ခဲ့ဘူး ခုမှစဉ်းစားကြည့်မိတယ် ကြည့်တာချင်းတူပေးမယ့် တွေးတတ်တာချင်းမတူဘူး ဒီလိုတွေးတတ်လို့ လဲ စာတွေကောင်းကောင်းရေးနိုင်နေတာဖြစ်မယ် နောက်ပိုစ့်တွေမျော်နေမယ် ကျေးဇူး
Rooftop ကိုတော့ ရီရလွန်းလို့ ကြိုက်တယ် အထူးသဖြင့် မင်းသားနဲ့ ကိုယ်ရံတော်လုပ်တဲ့ကိုယ်လူချော သုံးယောက် ကိုသဘောအကျဆုံး အဲလိုကားမျိုး နောက်ထပ်မျော်နေတယ် ဇာတ်လမ်းကို ခုပြန်စဉ်းစားတော့ ရောနေပြီး ကိုရီးယားကားတွေကြည့်တာများလို့ လားမသိဘူး Queen Inya and Rooftop ဇာတ်လမ်းနောက်ခံက နည်းနည်းဆင်နေသလားလို့ 
မကြည့်ရသေးတဲ့ကားဆိုရင်တောင် အစ်မရေးထားတာတွေကြည့်ပြီးပြန်ကြည့်ချင်စိတ်ဖြစ်တယ် Rooftop princeက အစပိုင်းတော့ရီရတယ် ဒုတိယတွဲ ထွက်စေချင်တယ် ဒါပေမဲ့ အလယ်ပိုင်းက အီလည်လည်ကြီး သိပ်ယုတ္တိမရှိသလို ခံစားရတယ်
AMT
koreanကားအကြောင်းတွေများ၂ရေးပါနော်ဖတ်လို့မ၀လို့.ကျေးဇူးပါပဲနော်.
Alice in the wonderland - Hate the Actress
Rooftop Prince - Hate the Actor
Big - Hate both actor and actress (But still love see Suzy)
- RS -
ဖတ်လို့အရမ်းကိုကောင်းပါတယ် မဗေဒါက အပင်ပန်းခံပြီး စိတ်ပါလက်ပါရေးတတ်လွန်းလို့ ဇာတ်ကားကြည့်ရတာထက်တောင် review ဖတ်ရတာပိုကြိုက်တယ် တကယ် ..
ပြီးတော့ kpop အကြောင်းတွေလဲ ရေးတင်ပေးပါဦး ခုတလော Exo ကြည့်တာများပြီး Chonyeol ဆိုတဲ့ကောင်လေးကို အိပ်မက်တောင်မက်တယ် ချစ်စရာလေးမို့ ဟီးဟီး သူတို့အဖွဲ့အကြောင်း ရေးတင်ပေးပါဦး
ခင်တဲ့
Wine
မဗေဒါရဲ့ဘလော့ကိုပုံမှန်ဖတ်ဖြစ်ပါတယ် ။ ကိုးရီးယားကားတွေမကြည့်ဖြစ်ပေမယ့် ဇာတ်လမ်း review တွေကိုတော့အားပေးတုန်းပဲ ၊ JGS ကိုကြိုက်တာချင်းကလည်းတူတော့..ဟိ..။ JGS ကို you are beautiful လိုကားမျိုးထွက်စေချင်လိုက်တာနော်..။ အားပေးနေတယ်နော် ချစ်မ ။
CA မှာ အတွေးချင်းတော်တော်တူတယ်။ ဒီအသိုင်းအဝိုင်းထဲ ရောက်ဖို့ကြိုးစားရပုံတွေ၊ HSK က သူ့သူငယ်ချင်းကို ဖုန်းဆက် ပြောတဲ့အခန်းတွေ သဘောကျတယ်။ မင်းသားက မှန်းထားသလို perfect ဖြစ်မနေပဲ ချမ်းသာအောင်မြင်ရုပ်ချောပေမယ့် စိတ်ပိုင်းဆိုင်ရာ အားနည်းနေတာတွေ သဘောကျတယ်။
How about Nice Guy, my dear?
I thought u really liked it :)
Hi sis, I guess You haven't check out my previous post which is "Best Dramas in 2012 list"... check out ..
http://mabaydar.blogspot.sg/2013/04/2012-best-korean-drama-lists-part-1.html
One of my fav drama is Cheongdam-dong Alice. start from this drama i become crazy for Park Shi Hoo :P
ကြည့်စရာမရှိလို့ Cheongdam-dong Alice ကြည့်နေတယ်
Thanks , sis, I read it. And I'm really appreciated ur review :)
Kpop နဲ့ အဆက်ပြတ်နေတာ တော်တော်ကြာပြီ... ဘယ်သူတွေအသစ်ထွက်လဲတောင် မသိတော့ဘူး... Exo ကို မြန်မာအသံထွက်တွေထည့်ထားတဲ့ သီချင်းကလွဲပြီး တခြားသီချင်းတွေမသိဝူး... မင်းသားတွေကို ကြိုက်လွန်းလို့ အိပ်မက်မက်တာကတော့ မဗေဒါနဲ့ တူသွားပြီ.... အဲလိုအိပ်မက်မျိုးဆို နိုးသွားရင်တောင် ပြန်အိပ်ပြီး မရမက ပြန်တွေးပြီး ဆက်မက်တယ်... အဟိ....
Review တွေဖတ်ရတာ ကြိုက်တယ်ဆိုတော့ ရေးရတာ အားရှိတာပေါ့.... နောက်လဲအားပေးပါအုံးနော်... :D
Post a Comment