ဒီလိုနဲ့ ထမင်းတောင် မစားတော့ပဲ နေ့လည် ၁၁နာရီလောက်အိမ်ကထွက်တယ်.. အိမ်နဲ့ Expo က နီးတော့
နာရီဝက်အတွင်းရောက်သွားတယ်.. ရောက်တော့ ကင်မရာ ၀င်ဝယ်လိုက်တယ်.. မနေ့က မေးတော့ ဘာလက်ဆောင်ပစ္စည်းမှ မပါဘူးဆိုပြီး.. ဒုတိယနေ့မေးတော့ 2GB memory card ရယ်.. Canon original ကင်မရာအိတ်ရယ် လက်ဆောင်ပေးမယ်တဲ့.. နောက်ပြီး Lens cover က ဒေါ်လာ ၄၀ နဲ့ ထပ်ဝယ်လိုက်ရတယ်... ရောင်းတဲ့သူကပြောတယ်.. Lens ပျက်ရင် ၄၀၀ တဲ့ cover က ၄၀နဲ့ ဘယ်ဟာလဲမလဲ ဆိုတော့.. ဆင်ဝယ်မှတော့ ချွန်းဖိုးလဲဆိုက်ရတော့မှာပေါ့ဆိုပြီး ၀ယ်ခဲ့လိုက်တာ.. ကင်မရာကို ကိုင်တောင်မကြည့်ခဲ့ပါဘူး.. ကိုယ်လဲဘာမှတတ်တာမှမဟုတ်တာလေ.. သူတို့ Canon က ကင်မရာအတွက် Free Training ရှိတယ်တဲ့.. အဲဒိ သင်တန်းကို သွားတက်မှပဲ သိတော့မှာပဲ.. ခုထိတော့ မအားသေးလို့ မတက်ဖြစ်သေးဘူး.. လောလောဆယ်တော့ ကင်မရာကို အလှထိုင်ကြည့်ရမလိုဖြစ်နေတယ်.. ဘာမှကို မလုပ်တတ်လို့...နောက်ပြီးမှ Natas show ပွဲရှိတဲ့ Hall 5 and 6 ကိုသွားပြီး JP International travel အေ့ဂျင့်ကို တန်းသွားပြီးဝယ်လိုက်တယ်.. အစက ပတ်ကေ့စ်က S$၇၈၈ ဆိုပြီးတော့ Airport tax S$၃၇၀ ထပ်ပေါင်းလိုက်တော့ တစ်ယောက်ကို S$1158 ကျတယ်.. ဒါတောင် ကိုယ်က မြန်မာပတ်စပို့ဆိုတော့ ဗီဇာဖိုးထည့်ပေါင်းရအုံးမယ်လေ.. အေးဂျင့်က မေတ္တာလက်ဆောင် ရှန်ဟိုင်း ၂ညအိပ်ပေးမယ်ဆိုတော့ တရုတ်ဗီဇာရော.. ကိုရီးယားဗီဇာပါ လျှောက်ရမယ်လေ.. အစကတော့ ဖေဖေနဲ့ မေမေ၂ယောက်လုံးကို မဗေဒါက စပွန်ဆာပေးပြီး ခေါ်ပါတယ်.. ဒါပေမဲ့ ဖေဖေက ခြေထောက်နာနေတော့ Tour နဲ့ အုပ်စုလိုက် မြန်မြန်မသွားနိုင်တော့ မလိုက်တော့ဘူးဆိုလို့.. မဗေဒါနဲ့ မေမေနဲ့ ၂ယောက်ပဲသွားလိုက်တယ်... အစကတော့ မဗေဒါအဲဒိပတ်ကေ့ရှ် ၀ယ်မယ်ဆိုတုံးက အိမ်မှာ နဲနဲတော့ အဆူခံလိုက်ရသေးတယ်.. ခုတစ်လော စီးပွားရေးတွေက မကောင်းဘူးမှတ်လား.. ဒါပေမဲ့လဲ အခြေအနေ အချိန်အခါလေးပေးတုန်း ကျန်းမာရေးလေးလဲကောင်းတုန်း မဗေဒါကတော့ သွားသင့်တယ်ထင်တာပဲလေ.. မဗေဒါက ဆုံးဖြတ်ထားတယ်.. ဘယ်သူမှ မလိုက်လဲ တစ်ယောက်ထဲသွားမှာလို့.. နဲနဲတော့ ကြောက်တာပေါ့နော်.. ဟိုတယ်ထဲမှာ ၁ယောက်ထဲတော့ အိပ်ရဲဘူး.. (သရဲကြောက်လို့.. ရှူး..တိုး.တိုး)
ပြီးတော့ ဘယ်ကတ်နဲ့ပေးရင် လျှော့ဈေးရမလဲ.. လက်ဆောင်ပစ္စည်းရမလဲဆိုတော့.. Master Card အားလုံးနီးပါးက လက်ဆောင်ပစ္စည်းပေးကြတယ်.. ဒီလိုနဲ့ပဲ DBS ကဒ်နဲ့ပဲပေးလိုက်တယ်.. DBS က ၂၀၀၀ ကျော်ဖိုးဝယ်ရင် ၂၀လက်မ ခရီးသွား ဘီးတပ်အိတ်အမာတစ်လုံးလက်ဆောင်ပေးတယ်လေ.. ဒီလိုနဲ့ အဲဒိမှာ သွားထုတ်တော့.. နောက်ထပ် Game အစီအစဉ်တစ်ခုလဲရှိတယ်.. အဲဒါက လေထဲမှာ စက္ကူလေးတွေလိုက်ဖမ်းရတာ.. မဗေဒါဖမ်းတာ ၁၁ခုရတယ်.. အဲဒါက ရေဒီယိုလေးလက်ဆောင်ရတယ်.. နောက်ပြီး Master Card ကလဲ ဗလာမပါ ကံစမ်းမဲ ပေးသေးတယ်.. အဲဒိသွားပြီး ကံစမ်းမဲ နှိပ်တာ.. အိတ်ခပ်သေးသေးလေးတစ်လုံးရတယ်..
မေမေကတော့ အစကသာ ကျမ ပိုက်ဆံကုန်မှာဆိုးလို့ ဆူပေမဲ့.. ခုတော့ ပျော်နေပုံရပါတယ်.. အမှန်တော့ ဖေဖေရော မေမေရော ၂ယောက်လုံးကို လိုက်စေချင်တာပါ.. ဒါပေမဲ့လဲ အခြေအနေက မပေးတော့လဲ တတ်နိုင်ဘူးပေါ့..
မေမေ့ကိုတော့ ကြိုမှာထားရတယ်.. ဟိုရောက်လို့ မဗေဒါ ဓာတ်ပုံရိုက် ဗွီဒီယိုရိုက်ရင် အလုပ်ရှုတ်တယ်ဆိုပြီး မဆူရဘူးနော်လို့.. ဟဲဟဲ.. မင်းသမီးတလက်တော့ရပြီ..
နောက်ပြီး ဖြစ်ချင်တော့.. ဘယ်သွားသွား လက်တို့ဖို့ ပြောထားတဲ့ ဘော်ဘော်တစ်ယောက်ရှိတယ်.. သူက မဗေဒါ အစ်မအကြီးဆုံးနဲ့ ပိုရင်းနှီးပင်မဲ့ မဗေဒါနဲ့လဲ ခင်တယ်.. ဒါနဲ့ သူ့ကို msg ပို့ပြီး လိုက်မလားမေးလိုက်တယ်.. သူက တစ်ညစဉ်းစားပြီး နောက်နေ့ကျမှ လိုက်မယ်ဆိုပြီးပြောတယ်.. ဒါနဲ့ သူ့ကို ဘယ်နေရာဘယ်မှာ သွားဝယ်ပြောလိုက်တော့မှ.. ကံကောင်းလို့.. ရှိုးပွဲ နောက်ဆုံးနေ့ညနေကျမှ သူသွားဝယ်လိုက်တာ ရလို့.. ခုတော့ ခရီးစဉ်က ၃ယောက်ဖြစ်သွားပြီ..
ဒီလိုနဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ မတ်လ ၄ရက်နေ့က တရုတ်သံရုံးမှာ ဗီဇာသွားလျှောက်ဖြစ်တယ်.. ဗီဇာအကြောင်းစုံတော့ နောက်ပို့မှာမျှော်ပေါ့နော်...
camera pic credits : http://www.letsgodigital.org/en/11433/canon_eos400d_review/
6 comments :
သွားကြပါ သွားကြပါ..း) အားကျပါတယ်
ကောင်းကောင်း သွားနော် စိတ်ချမယ်နော်.. ဟဲဟဲ
အိတ်ကြီးမှာ FREE ... DBS Card ဆိုတာကြီးက ကြီးနေတာတော့ ကောင်းဘူးနော်
အဲဒိ စာတမ်းက ကပ်ခွာနဲ့ ကပ်ထားတာ.. ခွာလိုက်လို့ရတယ်.. စိတ်ပူနဲ့..
မဗေဒါရဲ့ ကိုရီးယား ဇာတ်လမ်းတွဲ ကြည့်ရဦးမှာပေါ့။ Rain နဲ့ တွဲပြီး ရိုက်ခဲ့နော်။ :D
အနော်လဲ လိုက်ချင်တယ် ပိုက်ပိုက်တော့ ရှိဘူးရယ် သွားရင် ကောင်မလေး ချောချော်လေးတွေ ရိုက်လာနော်။ ပါသွားတဲ့ မင်းသမီး နဲ့ တွဲရိုက်ခဲ့ အဟဲ
လေးစားလျက်
တောင်ပေါ်သား
ကင်မရာဝယ်လိုက်ပြီလား စတွေ့တာဘဲ အဲဒီမှာ။ ရှေ့လျှောက်ကုန်ပေါက်လို့သာ မှတ်ထားပေရော့။ လာပါတော့မယ်။
Post a Comment