Friday, February 25, 2011
ကျွန်မဘလော့ ၀ဲကင်းကြောင်း...
မပန်ဒိုရာဘလော့မှာ ဘလော့ဂ်ဝဲကင်းကြောင်းပိုစ့်ဖတ်ရတော့မှ သူများဘလောတွေ malware ဒဏ်ခံနေရကြောင်း သိတော့တယ်... မပန်ဒိုရာက လင့်ခ်တွေအားလုံးဖြတ်လိုက်ပြီး ၀ဲကင်းတဲ့သူတွေပြန်အက်ထားတယ်ဆိုလို့ ကင်းကြောင်းတင်လိုက်တာပါ... အဲဒိအကြောင်းသိချင်ရင် မပန်ဒိုရာရဲ့ ပိုစ့် ကိုဖတ်ပါ..
ကုနည်းသိချင်ရင်တော့ ကိုလင်းထက်ရဲ့ ပိုစ့် ကို ဖတ်ပါ...
မဗေဒါဘလော့ မပန်ဒိုရာအခေါ် ၀ဲ... ကိုလင်းထက်အခေါ် ပုလိပ်ရောဂါ... google အခေါ် malware ကင်းရှင်းကြောင်း ထောက်ခံစာပါ... အားလုံးပြန်လင့်ခ်နိုင်ကြပါစေ...
My First Wedding Emcee Experience
@my friends wedding as an honorable Emcee
အဲဒိနေ့က အားလုံးပြင်ဆင်ပြီးမှ တိုက်စီငှားမရတာတစ်ကြောင်း ပြောဖို့ စာရွက်က ၂ရွက်ရှိတာ ဒုတိယတစ်ရွက်က အိမ်မှာကျန်ခဲ့လို့ ပြန်ယူရတာတစ်ကြောင်းကြောင့် နည်းနည်းနောက်ကျသွားတယ်... တိုက်စီတွေကလဲ ငှားမယ်ဆို တစ်စီးမှမလာဘူး... on call ခေါ်တော့လဲ ဘယ်ဟာမှ မအားဘူး... တော်တော်ကို စိတ်တိုဖို့ကောင်းတယ်... လူက ပွဲပြီးရင် အလုပ်ဆက်သွားရမှာဆိုတော့ အလုပ်သွားဖို့ အကျီင်္တွေကလဲ ထည့်လာရသေးတယ်... အထုတ်တွေအပိုးတွေနဲ့ ရှိုးပျက်တယ်... အိမ်က အစ်မတွေကတော့ ပြောတယ်... လက်မှတ်ထိုးပွဲက ရှေ့နေက သူ့ဘာသာသူ ပြောစရာရှိတာပြောမှာ MC မလိုဘူးတဲ့... အဲဒါ သေချာအောင် မေးကြည့်လိုက်အုံးတဲ့... ဒါပေမဲ့ ဟိုရောက်တော့ မေးစရာတောင် မလိုတော့ပါဘူး လက်မှတ်ထိုးပွဲက စတောင်စနေပြီ... သတို့သမီးကို အားတယ်မှတ်လို့ ဖုန်းခေါ်ပြီး ဘယ်မှာလဲလို့ မေးမိတာတောင် တော်တော်အားနာသွားတယ်... အဲလိုမှန်းသိ တခြားအသိတစ်ယောက် ဖုန်းခေါ်ပါတယ်... ပွဲစနေပြီမှန်းမသိလို့... သတို့သမီးကတော့ ဖုန်းထဲမှာ အသံက အေးအေးပဲ ပုံမှန်ပဲဆိုတော့ ပွဲစနေမယ်လို့ မထင်မိဘူး... သူတို့လဲ ကိုယ့်ကို stress မပေးချင်ဘူးထင်ပါတယ်... အားနာလိုက်တာ မပြောနဲ့...
လက်မှတ်ထိုးနေတဲ့ ဥယျာဉ်လေးထဲကို အထုတ်တွေအပိုးတွေနဲ့ ကိုယ်နဲ့ သိတဲ့ သူ ၂ယောက်က ပရိတ်သတ်ရှေ့မှာရောက်နေတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းကိုမသိဘူး... အဲဒိအချိန်မှာ ကယ်တင်ရှင် မေခလာ နတ်သမီးအသံကို ကြားလိုက်ရတယ်... "မဗေဒါလားဟင်... လာ ဒီမှာလာထိုင်" တဲ့... ကျေးဇူးတင်လိုက်တာ ခုလို စကားလာပြောတာ... မေခလာ နတ်သမီးကတော့ အများသိကြတဲ့ ချစ်စရာ မေလေး ပါပဲ... မေခလာနတ်သမီးနဲ့ surname ချင်းတူတော့ အမျိုးတော်တယ်ထင်တယ်... ဟတ်... ဟတ်... (ဓာတ်ပုံတွေ ဗွီဒီယိုတွေ တင်တဲ့ အကျိုးကျေးဇူး ကိုယ့်ကို မြင်ဖူးနေကြလို့ သိနေတာ တော်သေးတယ်) ... မဗေဒါလဲ အားရ၀မ်းသာ နှုတ်ဆက်ရင်း ဘယ်သူလဲလို့မေးရတယ်... သူက ဓာတ်ပုံမှ မတင်ဖူးတာ... နာမည်ကတော့ သိတာကြာပေါ့... ဟင်းချက်ကောင်းတာလဲ သိပါ့... နောက်တော့ ဓာတ်ပုံတွေတွဲရိုက်တော့ ကိုယ်လဲ ဘာရယ်ညာရယ်မဟုတ် ဇွတ်တိုးရိုက်လိုက်သေးတယ်... အဟိ... ၀ါသနာပါ...
အဲဒိ လက်မှတ်ထိုးတဲ့နေရာကို မရောက်ခင်ကတည်းက သူတို့ အခန်းအနားလုပ်မဲ့ ခန်းမကို ဖြတ်လာခဲ့စဉ်တုန်းက ၀င်မေးခဲ့တော့ မင်္ဂလာခန်းမက ဘယ်မှာဆိုတာ ကိုယ်က ကြိုသိနေတယ်... နောက်တော့ ပါလာတဲ့အထုတ်တွေ ဘယ်နားထားရမှန်းမသိတာနဲ့... ကိုယ်ထိုင်ရမဲ့ စားပွဲကို သတို့သမီးက အရင်တည်းက ကြိုပြောပြထားတော့ အဲဒိစားပွဲအောက်ထဲပဲ ထည့်ထားလိုက်တယ်... ပြီးတော့ ဟိုတယ် Stuff တွေကို သူတို့ Captain နဲ့ စကားပြောချင်လို့ ခေါ်ပေးပါဆိုတော့ အဲဒိလူရောက်လာတယ်... ဒီတော့ သတို့သမီး သတို့သားဝင်ခါနီးမှာ အချက်ပေးဖို့ ဘာညာသာရကာ ကိုယ်စဉ်းစားခဲ့တာ စိုးရိမ်တာမှန်သမျှ ပြောပြီး သူ့နဲ့ စီးဝါးရိုက်ထားရတယ်... နောက်တော့ မင်္ဂလာမောင်နှံကို သေသေချာချာ သိချင်တာလေးတွေနဲ့ ကိုယ်ပြင်ဆင်လာတဲ့ script ကို နောက်ဆုံးတစ်ခေါက် သူတို့နဲ့ ထပ်တိုက်ချင်လို့ သူတို့နဲ့ တစ်ခါစကားသွားပြောတယ်... လက်မှတ်ထိုးပွဲက လုပ်ပြီးပြီဆိုတော့ script ထဲက လက်မှတ်ထိုးပွဲနဲ့ ပတ်သတ်တာတွေကို ဖယ်လိုက်တယ်... ပြီးတော့ သတို့သားက ဗွီဒီယို presentation လုပ်နေတာ တွေ့တာနဲ့ ဗွီဒီယိုပြအုံးမှာလားဆိုတော့ ပြမှာတဲ့... ဒီတော့ ဒီလိုဆိုရင်တော့ ကြေငြာရမှာပေါ့လို့ MC က မပြောပဲနဲ့ ဗွီဒီယိုကြီးလာလို့ ဘယ်ဖြစ်မလဲလို့ဆိုတော့ သတို့သားကလဲ "ဟုတ်ကဲ့ မဗေဒါ သဘောပဲ"တဲ့... သူတို့ ၂ယောက်လုံးက မဗေဒါ သဘောချည်းဆိုပြီး Demand မများတော့ ဒီက အားတောင် နာတယ်... ဒီလိုနဲ့ သတို့သားနဲ့ အောက်က မင်္ဂလာခန်းမထဲကို ပြန်ဆင်းလာတော့မှ သူနဲ့ကိုယ်နဲ့ နားလည်မှုလွဲနေတာသိတော့တယ်... မဗေဒါထင်တာက သီချင်းတွေဘာတွေနဲ့ အကျအန သူတို့ matching မလုပ်ခင်ပြမယ်ထင်နေတာ... သူတို့က ရိုးရိုး photo presentation ကိုပဲ slideshow လုပ်ပြီး ပရိုဂျက်တာမှာ ပွဲမစမှီနဲ့ စားသောက်နေတုန်း ဖွင့်ထားမှာကို ဆိုလိုတာ... ဒီလိုဆိုရင်တော့ မဗေဒါ ကြေငြာစရာမလိုဘူးပေါ့... ဒါနဲ့ မဗေဒါလဲ သတို့သားကို ဗွီဒီယိုဆိုတာ ဒါလားဆိုတော့ ဟုတ်တယ်တဲ့... အဟီး... ကိုယ့်ဟာကိုယ် ဇွတ်ကြေငြာမယ်ပြောမိတာတော့ ရှက်သွားတယ်... "ဒါဆိုရင်တော့ ဒီလိုပဲ ဖွင့်ထားမှာမဟုတ်လား... မကြေငြာတော့ပါဘူး" လို့ ပြောလိုက်တယ်... သူတို့ကလဲ "ဟုတ် ... ရပါတယ်" တဲ့... ရော...... သူကတောင် အားနာပြီး လာတောင်းပန်နေသေးတယ်.... မဗေဒါကလဲ အားနာလိုက်တာလွန်ရော....
ဒါနဲ့ပဲ ငါငြိမ်ငြိမ်ထိုင်နေတာပဲကောင်းပါတယ်ဆိုပြီး ထိုင်နေတော့ ကျွန်မနဲ့ အတူထိုင်မဲ့ ၀ိုင်းထဲက လူတွေရောက်လာတယ်... အားလုံးခင်ဖို့ကောင်းတယ်... သူတို့က ကျွန်မကို MC လုပ်မှာလားလို့ စပြီး စကားပြောကြတယ်... အဲဒိထဲက အစ်ကိုကြီးတစ်ယောက်ကို စလုံးလို့ပဲထင်နေတာ... သူက တရုတ်လိုလဲပြောတတ်တော့... နောက်မှ သူက သူလဲ မြန်မာပဲဆိုတာကို အင်္ဂလိပ်လိုပြောတယ်... ၀ိုင်းထဲကလူတွေနားလည်အောင် ကျွန်မတို့ချင်းလဲ အင်္ဂလိပ်လိုပဲ ပြောဖြစ်တယ်... ဓာတ်ပုံ Slideshow က ပြထားပင်မဲ့ အဲဒိနေရာမီးက လင်းနေတော့ ကောင်းကောင်းမမြင်ရဘူး... အဲဒိ မြန်မာအစ်ကိုကြီးက အဲဒိ Screen နေရာကို မီးလေးမှိန်ပေးရင်ကောင်းမယ်လို့ပြောတော့... ကျွန်မလဲ အဲလိုပဲ သဘောတူတာနဲ့ Captain ကိုရှာပြီး မီးလေးမှိန်ပေးဖို့ပြောလိုက်တယ်... (သူလဲ ကျွန်မကို အတော် အမြင်ကပ်နေမယ်ထင်တယ်... Demand တွေများလို့... အဟိ) ခဏနေတော့ ကျွန်မ ဘယ်ဘက်ခုန်လွတ်နေတဲ့နေရာကို အဖြူတစ်ယောက်ရောက်လာတယ်... ဘာရယ်တော့မဟုတ်ဘူး အဖြူတွေ့ရင် အင်္ဂလိပ်လိုပြောရတာ ပါးစပ်သိပ်မရဲတော့ဘူး... အဟိ.... နောက်တော့ မိတ်ဆက်ပေးတော့ သူက ဘရာဇီး ကတဲ့... ဘရာဇီး က ဘာစကားပြောလဲလို့မေးတော့ ပေါ်တူကီစကားတဲ့... ဘရာဇီး မှာ အားလုံး အင်္ဂလိပ်လိုပြောတတ်လားဆိုတော့ မပြောတတ်ဘူးတဲ့... ဒါဆိုရင်တော့ အင်္ဂလိပ်လိုသူ့ရှေ့ပြောရတာ မဗေဒါ ပြန်ပြီး Confident ရှိသွားတယ်... ဒါပေမဲ့လဲ သူက အင်္ဂလန်ကလာတယ်ထားအုံး ရင်းနှီးသွားရင်တော့ မဗေဒါ စကားပြောရမှာ မရှက်တော့ပါဘူး... ကိုယ့် Mother tongue က အင်္ဂလိပ်မှမဟုတ်တာ ဘာရှက်စရာရှိလဲနော်... နော်... :) .... နောက်တော့ ၀ိုင်းကို မြန်မာအစ်မကြီးတစ်ယောက်ရောက်လာတယ်... စကားပြောကြရင်းနဲ့ မဗေဒါရဲ့ဘလော့ကို မေးတော့ သူလဲ ဖတ်ဖူးတယ်တဲ့... ဒီလိုနဲ့ပဲ facebook တွေဘာတွေမှာ အက်ဖြစ်သွားတယ်... ဘရားဇီး ကြီးကလဲ အတော်လေးတော့ ခင်ဖို့ကောင်းပါတယ်... စကားတွေအများကြီးပြောဖြစ်တယ်... အထူးသဖြင့်တော့ ခရီးသွားရတာ ၀ါသနာပါတယ်ဆိုတော့ သူ့နိုင်ငံလာလည်ဖို့ဖိတ်တယ်... ကိုယ်ကလဲ ကမ္ဘာ့မြေပုံတော်တော်ကျွမ်းတော့ ဘရာဇီးဘယ်နားမှန်းမသိဘူး... အဲလိုတော်တာ... ဘရာဇီးဆို ဘောလုံးကောင်းတယ်ဆိုတာပဲသိတယ်... အဲဒါတောင် update ဖြစ်ရဲ့လားမသိဘူး...
ကြေငြာနေပြီနော်...
နောက်တော့ သတို့သားကိုယ်တိုင် လာပြောတယ်... "မဗေဒါ ခဏနေကျွန်တော်တို့ ၀င်လာတော့မယ်"တဲ့... စိတ်တော့ အတော်လေး လှုပ်ရှားသွားတယ်... ဒီလိုနဲ့ ထိုင်မနေနိုင်တော့ပဲ အခြေအနေသိချင်လို့ ခန်းမပြင်ဘက်ကို ထွက်လာလိုက်တယ်... သတို့သမီးက reception မှာစောင့်နေတယ်... ဒါနဲ့ အပြင်မှာရပ်နေသေးတဲ့သူတွေကို အထဲဝင်ခိုင်းလိုက်တယ်... ပြီးတော့ တံခါးတွေ လိုက်ပိတ်လိုက်တယ်... နောက်ဆုံးအနေနဲ့ ဟိုတယ် Captain ရယ် သတို့သားရယ် ကျွန်မရယ် စကားပြောတိုင်ပင်ကြတယ်... သူက သူ့စားစရာတွေ Stand By ဖြစ်မှ အားလုံးကို စခိုင်းတယ်... ဟုတ်တယ်... အားလုံး အဆင်သင့် Stand By ဆိုမှ စတာကောင်းဆုံးပဲ... ဒီလိုနဲ့ မဗေဒါ အထဲမှာ ပြန်ထိုင်နေလိုက်တယ်... ခဏနေတော့ တစ်ယောက်ကလာပြောတယ်... မဗေဒါ ပြောဖို့ အသင့်လုပ်တော့တဲ့ ဒီတော့ ကျွန်မ လူတွေအားလုံးရှေ့ထွက်ရပ်လိုက်တယ်.... ကျွန်မ ရပ်လိုက်တယ်ဆိုရင်ပဲ ခန်းမထဲက စကားပြောသံတွေ အားလုံး စက္ကန့်ပိုင်းအတွင်း တိတ်သွားပြီး မျက်လုံးပေါင်းများစွာနဲ့ စရင်ဆိုင်လိုက်ရတယ်.... လှပ်လှပ် လှပ်လှပ်ဖြစ်သွားတဲ့ ရင်ထဲမှာ ကိုယ့်ကိုကိုယ်ပြန်အားပေးလိုက်တယ်.... "ငါလုပ်နိုင်တယ်... ငါလုပ်နိုင်တယ်" ... အောက်က ဒူးလေးကတော့ သိပ်သဘောမတူစွာနဲ့ "ဖြစ်ပါ့မလား ဖြစ်ပါ့မလား" ဆိုပြီး ဆပ်ဆပ်ခါနေတာ ကိုယ်တစ်ယောက်ပဲ သိနိုင်တယ်... ဒါပေမဲ့ စင်္ကာပူရောက်စ ကျောင်းသူဘ၀ ပထမဆုံး ပြောခဲ့ရတဲ့ Presentation လောက်တော့ မကြောက်ခဲ့ပါဘူး... ကျွန်မ ပြင်ဆင်လေ့ကျင့်ခဲ့တာရော... ကျွန်မလုပ်နိုင်တယ်ဆိုတာကိုရော ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ဘက်ကများတဲ့အတွက် ပထမ တစ်ခွန်းပြောအပြီးလောက်မှာပဲ လုံးဝမကြောက်တော့ပါဘူး...
အဲဒါမပြောမီ... လူကထွက်ရပ်လိုက်ပြီး နောက်က Captain က ခဏနေအုံးဆို လက်လှမ်းပြတော့.... လူတွေအားလုံးရဲ့မျက်လုံးတွေကို ၅မိနစ်လောက် အလူးအလဲခံလိုက်ရတယ်... နောက်မှ အနောက်ကနေ ရပြီဆိုတဲ့ အချက်ပြတော့.. စပြောရတော့တာပေါ့.... ကျွန်မအကျင့်က ကြောက်လေ စိတ်လှုပ်ရှားလေ အသံကျယ်လေပဲ... မေမေက အိမ်မှာတုန်းက ကြောက်ပြီး အသံမထွက်ပဲနေအုံးမယ်ပြောတော့ ကျွန်မအကြောင်း (အကျင့်တူမို့) ကောင်းကောင်းသိတဲ့ အစ်မတွေက "မေကြီး သမီးကို အသံမကျယ်ဖို့ မှာရမှာ"လို့ပြောခဲ့တဲ့ Feedback က ခေါင်းထဲမှာစွဲနေတယ်... ဒါနဲ့ ကိုယ့်အသံကို အရမ်းမကျယ်မိအောင် ထိန်းပြီး စနှုတ်ဆက်လိုက်တယ်... အသံအတိုးအကျယ်ကို သတိနဲ့ပြောနေရတော့ ဒီလောက်လေ့ကျင့်လာတာတောင် ပြုံးပြီး ပြောဖို့မေ့သွားတယ်.... လူက တစ်ခုကို အာရုံစိုက်နေရင် တစ်ခုလုပ်ဖို့မေ့တယ်... Multi task မရဘူးထင်တယ်... အရမ်းကို Serious မျက်နှာဖြစ်နေတယ်.... ဓာတ်ပုံဆရာတွေကလဲ ၄ ၅ ယောက်လောက်ရှိတယ်... တဖျက်ဖျက်ပဲ... ခါတိုင်း ကင်မရာချိန်ရင် ပဲလုပ်နေကျ ကျွန်မ ခုတော့ ကိုယ့် ဇောနဲ့ကိုယ် မေ့နေတယ်... ဒီလိုနဲ့ မိတ်ဆက်ပြီးတော့ သတို့သား သတို့သမီးကို မင်္ဂလာခမ်းမထဲကို ဖိတ်လိုက်တယ်.... သတို့သားသတို့သမီးကို မဗေဒါကြေငြာပြီးမှ ထွက်မလာရင် ငိုမှာနော်လို့ ဘလော့ပေါ်မှာလဲ ရေးခဲ့သလို... အပြင်မှာလဲ ကြေငြာပြီးရင် ထွက်ခဲ့နော်လို့ မှာထားတော့ သူတို့ကလဲ မဗေဒါ ငိုမှာစိုးလို့ထင်တယ်... ချက်ချင်းကို ထွက်လာကြတာ... Audio သမားကလဲ သီချင်းဖွင့်တာ နည်းနည်းလေး နောက်ကျတာရော... သတို့သား သတို့သမီး ထွက်လာတာ နည်းနည်းလေး မြန်တာရောကြောင့် သိပ်တော့ ကွက်တိမဖြစ်လိုက်ဖူး... "ငါများ မြန်မြန်ထွက်လာနော်လို့ မှာထားမိလို့လားဆိုပြီး ကိုယ့်ကိုကိုယ် အပြစ်ရှိသလိုခံစားလိုက်ရတယ်" မင်္ဂလာဇနီးမောင်နှံရေ စိတ်မရှိနဲ့နော်... အမှားဆိုလဲ စေတနာအမှားပဲဖြစ်မှာပါ...
ရီဖို့မေ့ပြီး မျက်နှာက တည်နေရော...
ဒီလိုနဲ့ အားလုံး ချောချောမောမောပါပဲ... မုန့်စားလို့ရပါပြီကြေငြာပြီးတော့ ကိုယ့်နေရာကိုယ်ထိုင်ပြီး စားနေလိုက်တယ်... စိတ်ကလှုပ်ရှားနေတော့ ကောင်းမှကောင်းရဲ့လားလို့ ဘေးက ခုမှမိတ်ဆွေဖြစ်သွားတဲ့သူတွေကိုပဲ မေးရတယ်... ဘရာဇီးကတော့ အကုန်ကောင်းဆိုပဲ.. အလွန်မှ Supportive ဖြစ်တာ... သူ့လိုလူမျိုးဘေးချပေးတဲ့အတွက် နေရာချကောင်းတယ်လို့ ပြောရမယ်... မိတ်ဆွေသစ်တွေလဲရ အားပေးမဲ့သူတွေလဲရ... မဗေဒါအတွက်ကတော့ ဟုတ်နေတာပဲ... အစကတော့ သတို့သား သတို့သမီးက 2nd marching ကို MC မကြေငြာနဲ့လို့ တိုင်ပင်ထားပင်မဲ့... အဲနေ့မနက်ပွဲမစခင်မှာပဲ... မဗေဒါက အဲဒါပါ ကြေငြာမှ ပိုကောင်းမယ်လို့ ပြောတော့... သူတို့က ထုံးစံအတိုင်း မဗေဒါ သဘောတဲ့... ဒါနဲ့ ပဲ တစ်ခါထပ်လာပြောတယ်... သူတို့ အဆင်သင့်ဖြစ်ပြီဆိုတော့... Audio သမားကလဲ ပျောက်ပျောက်နေတယ် သူ့ဘယ်နားဖမ်းရမှန်းမသိဘူး... နောက်တော့ Captain ကိုပဲ ပြောတော့ သူက မစိုးရိမ်ဖို့နဲ့... သိပ်မြန်လွန်းတာပဲဆိုပြီး ပြောတယ်... အေးဆေးပေါ့တဲ့... ဒါနဲ့ ကိုယ်လဲ စောစောကလို့မဖြစ်အောင် စိတ်လျော့လိုက်တယ်... အားလုံး အချက်ပြ အဆင်သင့်ဖြစ်တော့ ကျွန်မက 2nd marching ကို ကြေငြာတယ်... ဒီတစ်ခါတော့ အမိုက်စားနော်... From This Moment သီချင်းက ၂ မိနစ် ၃ မိနစ်လောက် အရင်လာနေတာ... သတို့သား သတို့သမီးက ၀င်မလာသေးဘူး အားလုံးက မျှော်နေကြတာပေါ့... တချို့ကလဲ မဗေဒါကို ပြန်လှည့်ကြည့်တယ်.... ဒီတစ်ခါတော့ ကိုယ်လဲ ပထမတစ်ခေါက်က အတွေ့အကြုံအရ အေးဆေးပဲ... မသိချင်ယောင်လေးဆောင် မျက်နှာလေးပြုံးပြီး လူတွေအားလုံးမျက်လုံးနဲ့ မစုံအောင် မင်္ဂလာစုံတွဲဝင်လာမဲ့နေရာကိုပဲ စိုက်ကြည့်နေလိုက်တယ်... သီချင်း Chorus အပိုဒ်လောက်ရောက်မှ သူတို့ဝင်လာတယ်... အော် အတွေ့အကြုံဆိုတာ ဒါပဲ... ခုကျတော့ Perfect.... အားကျလိုက်တာ ကျက်သီးတောင်ထတယ်... ပြီးတော့ ကိုယ်ပါဝင်ရတဲ့ ခုလိုပွဲလေး အချိန်လေးမှာ ခုလို Perfect လေးဖြစ်တာကို စိတ်ထဲကြည်နူးမိတယ်... Captain က နောက်ကနေ သေချာ ထွက်ဆိုတဲ့ အချိန်မှ ထွက်လာတာထင်တယ်... ဒါဆို ပထမအကြိမ်တုန်းက Captain က ဘာလုပ်နေလဲ မထိန်းထားဘူးလားလို့တွေးမိတယ်... မဗေဒါ တောင် ၂ခါ ဆောင်ရမဲ့ပုံပေါက်နေပြီ perfect ဖြစ်အောင်လို့... အဟိ...
မင်္ဂလာစုံတွဲထိပ်ရောက်တော့ Champagne pouring Ceremony ကို ဆက်လက်ကျင်းပဖို့ ကြေငြာလိုက်တယ်... သူတို့ Champagne လောင်းပြီးတော့ သူတို့အချင်းချင်း Toast လုပ်ခိုင်းတယ်... တော်သေးတယ်... အဲလိုလုပ်ခိုင်းမယ်ဆိုတာကို မနက်က သူတို့ ၂ယောက်ကို ထပ်သတိပေးလိုက်လို့... ခုတော့ အားလုံး ok ပဲ....သူတို့ သောက်ပြီးတော့ သတို့သားက ကျေးဇူးတင်စကားပြောတယ်... ပြီးလဲ ပြီးရော ကိုယ်နဲ့ မင်္ဂလာစုံတွဲနဲ့ တိုင်ပင်ထားတာက ဒါပဲ.... ဒါပေမဲ့ မထင်မှတ်တာတွေကို မှန်းထားရမယ်ဆိုတာ မှန်တယ်... ဟိုတယ် Captain က ကျွန်မကိုလာပြောတယ်... ပရိတ်သတ်နဲ့ အတူ cheer လုပ်ဖို့ ကြေငြာပေးပါတဲ့... အစက ကျွန်မ မင်္ဂလာမောင်နှံကို အဲဒါလုပ်မှာလားလို့မေးခဲ့သေးတယ်... သူတို့က ရပါတယ် မလုပ်ဘူးဆိုတော့ ကိုယ်လဲ မရေးလာမိဘူး... ဒါပေမဲ့ အစဉ်အလာအရတော့ လုပ်တယ်ဆိုတာသိတယ်... ဒါပေမဲ့လဲ ပွဲတစ်ခုက ကာယကံရှင်ရဲ့ဆန္ဒက အဓိကမို့ ကျွန်မလဲ အော် ဒီလိုဆိုလဲ ဖြစ်မှာပါလို့ ထင်ခဲ့တာ... ခုတော့ ဘာကြေငြာရမှန်းမသိပဲ... စကားလုံးမရှိတဲ့ ကောင်းကင်ဖြစ်နေရော.... နောက်တော့ Captain က အမျိုးတွေကို စင်ပေါ်ဖိတ်လေတဲ့... ဒါနဲ့ သူပြောတဲ့အတိုင်းပဲ မဗေဒါလဲ အမျိုးတွေ ၀ိုင်းပြီး cheer ရအောင် ရှေ့ကိုလာပေးပါလို့ လက်တမ်းပြောလိုက်တယ်... အားလုံးရောက်လာတော့ မင်္ဂလာစုံတွဲကို အမြန်ကပ်မေးရတယ်... Cheer အော်မှာလား... Yam seng (စကာင်္ပူရိုးရာ မင်္ဂလာ သြဘာသံ) အော်မှာလားမေးတော့.... Yammmmmmm Seng ဆိုပြီး အော်ရမှာကျတော့ မြန်မာတွေအတွက် နဲနဲကြောင်တယ်လို့ထင်ပုံရတယ်.... သူတို့ ၂ယောက်က Cheer ပဲ အော်မယ်တဲ့.... ဒါနဲ့ ကျွန်မလဲ အားလုံးပဲ မင်္ဂလာစုံတွဲကို Cheer ရအောင် ဆိုပြီး အင်္ဂလိပ်လိုကြေငြာပြီး ကျွန်မက ဦးဆောင်ပြီး ၁ ၂ ၃ cheer လုပ်လိုက်တယ်...
ရှန်ပိန် ၁စက်သောက်ပြီး ဒုက္ခတွေ့နေတဲ့ အချိန်လေးကို ကိုသီဟသစ်က အမိအရရိုက်ထားပါတယ်...
ကျွန်မက အစက ကိုယ့်ဝိုင်းက ရေခွက်ပြေးယူတာ... champagne မှ မသောက်တတ်တာ... ဒါပေမဲ့ Captain က လက်ထဲကို Champagne ခွက်လာထည့်ပေးပြီး ရေခွက်ကို ပြန်ယူသွားတယ်... ဒါနဲ့ ခွက်လေးကလဲ လှတော့ ပိုတော့ စမတ်ကျပါတယ်... အဲလိုပဲဖြစ်သင့်ပါတယ်... ခက်တာက အထဲက အရည်ကို မသောက်တတ်တာ... ဒါပေမဲ့ Cheer လုပ်ရင် အဲဒိ မောင်နှံအတွက် သောက်ပေးရတယ် (အမှန်တော့ အကုန်သောက်ရတယ်ဆိုလား ကြားဖူးတာပဲ) ပြီးတော့ Champagne က အအေးလိုပဲ မပြင်းဘူးလို့ကြားဖူးတာရော... ကိုယ်ကလဲ မထင်မှတ်တာတွေဖြစ်နေတော့ စိတ်ထဲ ဗျာများနေတာရော... အနံ့ကလဲ တခြားဟာတွေလို အရက်ပြန်နံ့သိပ်မရတော့ သောက်နိုင်လောက်မယ်ထင်လို့ ၁စက်လောက်လေး ပါးစပ်ထဲထည့်လိုက်တာ... ဘယ်လိုကြီးမှန်းလဲမသိဘူး.. ပါးစပ်ထဲရောက်မှ အရက်ပြန်နံ့ရတယ်... အီး...... မကောင်းဘူး.... ဒူးရင်းသီးကို အခွံမခွာပဲ အရက်ပြန်စိမ် မျိုလိုက်ရသလိုပဲ... ၁စက်သောက်ပြီး ကိုယ့်ကိုကိုယ် မူးများသွားပြီလားလို့ စိတ်ကထင်နေတယ်... ကိုယ့်ဘာကိုယ် ဒီဘက်မှာ တစ်ယောက်ထဲ ဒုက္ခများနေတာ ဘာဆက်ပြောရမှန်းတောင် မသိတော့ဘူး... နောက်ဆုံး အားလုံးက ကိုယ့်ကို လှည့်ကြည့်နေတာ သတိထားမိတော့မှ ရှက်လိုက်တာ မပြောနဲ့.. ဘာပြောရမှန်း ဘာလုပ်ရမှန်း ဦးနှောက်က ချက်ချင်း မသိတော့ဘူး... အားလုံးက ကိုယ့်ကြောင့် မတ်တပ်ရပ်နေရတာဆိုတော့ ပြန်ထိုင်ခိုင်းလိုက်တယ်... "You may please be seated" လို့... ရီသံလေးတွေ နည်းနည်း ကြားလိုက်ရတယ်... ရှက်လိုက်တာ ကိုယ့်မျက်နှာကိုယ် ရေခဲစိမ်လိုက်ချင်တယ်... မျက်နှာပူလို့.... ဒါပေမဲ့လဲ အပြင်မှာတော့ ဘာမှ မဖြစ်တဲ့ပုံပဲ ခပ်တည်တည်နေလိုက်တယ်... ရှက်တယ်ဆိုပြီး အနြေ္ဒမရရင် ပိုအရှက်ကွဲမှာလေ... ကိုယ်လဲ ဒါ ပထမဆုံးအကြိမ်ဆိုတော့ အားလုံးလဲ နားလည်ပေးနိုင်မှာပါ....
ဘယ်အချိန်ကလှမ်းရိုက်လိုက်မှန်းမသိတဲ့ Candid ရိုက်ချက်ပါ...
နောက် မင်္ဂလာစုံတွဲက စားပွဲတွေမှာ ဓာတ်ပုံလိုက်ရိုက်ခံတယ်... အားလုံးအေးဆေးပဲဖြစ်သွားပြီ ကိုယ်လဲ ဘာမှ ကြေငြာစရာသိပ်မကျန်တော့ဘူး... ဘေးကလူတွေနဲ့ စကားတစ်ပြောပြောပဲပေါ့... ကျွန်မ Champagne တစ်ခွက်နဲ့ ဒုက္ခများနေတုန်းက ဘရာဇီးက ကြည့်ပြီး ရီနေတာ... စားပွဲရောက်တော့ ကျွန်မ မသောက်တတ်ကြောင်းပြောဖြစ်တယ်... ၀ိုင် ရော မသောက်တတ်ဘူးလားတဲ့.. ကျွန်မအဲလိုအရေတွေမပြောနဲ့ Coke တို့ Pepsi တို့လို Gas ပါတဲ့ အအေးတွေတောင် မသောက်နိုင်လို့ မင်္ဂလာဆောင်မှာ ရိုးရိုးရေနဲ့ ရေနွေးကြမ်းပဲ ထိုင်သောက်နေတာလို့ပြောလိုက်တယ်... ဘရာဇီးက Champagne ကို သောက်ချင်ပုံရတယ်... ဒါပေမဲ့ ကျွန်မ သောက်ပြီးသားဖြစ်နေတာရော အရမ်းလဲ ရင်းနှီးတဲ့သူမဟုတ်တော့ သောက်ချင်သောက်လေလို့ မပြောရဲဘူးလေ... ဒါပေမဲ့ သူက နင်မသောက်နိုင်တာ ဘယ်လောက် ပြင်းလို့လဲ နည်းနည်း မြည်းကြည့်မယ်တဲ့... အစတည်းက သူ အာရှရောက်တာ အာရှအစားအစာတွေနဲ့ သဟဇာတမဖြစ်တဲ့အကြောင်းတွေ ပြောဖြစ်တယ်... ပြီးတော့ အစားအသောက်တွေလဲ တို့ကဏန်း စိတ်ကဏန်းပဲ စားတော့ သူ့ကို ကိုယ်ချင်းစာတယ်... သူတို့ အနောက်တိုင်းက ဒါမျိုးတွေ ရေလိုသောက်တာဆိုတော့ သူသောက်ချင်မှာပေါ့...အဲဒိအခါကျမှ ကျွန်မလဲ ပြောလိုက်တယ်... နင်စိတ်မရှိရင် အကုန်သောက်လိုက်လို့ရပါတယ်လို့ဆိုတော့ သောက်ထည့်လိုက်တာ ၁ချက်တည်းပဲ... အင်းး... ကောင်းပါတယ်တဲ့... သနားတောင် သနားသွားတယ်... သူတော်တော်သောက်ချင်နေရှာတာဖြစ်မယ်...
နောက်ဆုံး အချိုပွဲပြီးရင် အစီအစဉ်ပြီးကြောင်းကြေငြာဖို့ Script ထဲမှာ ပြင်ဆင်ထားတယ်... ဒါပေမဲ့ တချို့တွေက ထပြန်တာ အရမ်းမြန်တယ်... ဒါနဲ့ မဗေဒါလဲ ပါးစပ်က ဒီလိုပဲ ဘေးကလူတွေ အကြံဥာဏ်တောင်းလိုက်တယ်... အစီအစဉ်ပြီးကြောင်း ကြေငြာစရာလိုသေးလားမသိဘူးဆိုတော့ ဘေးက စလုံးမ တွေက မလိုတော့ပါဘူး လူတွေတောင် ပြန်နေကြပြီပဲတဲ့... ဒါနဲ့ မင်္ဂလာမောင်နှံကို ထွက်ပြီး အကြောင်းစုံပြောတော့ သူတို့ကလဲ "ရပါတယ်... မဗေဒါ သဘောပဲ" တဲ့.... အဟိ... ဒီ MC နဲ့ ဒီမောင်နှံက အတော်လဲ လိုက်တယ်နော်... နောက်သူများတွေပြန်တော့ နေချင်သေးပင်မဲ့လဲ သွားစရာကရှိနေသေးတာနဲ့ ကိုယ်လဲ နှုတ်ဆက်ပြီးပြန်လာလိုက်တယ်...
ဒီပိုစ့်လေးနဲ့အတူ မဗေဒါကို အတွေ့အကြုံအသစ်တွေ ရရှိခွင့်ပေးခဲ့သလို မဗေဒါရဲ့ လိုအပ်ချက်လေးတွေကို ဗွေမယူတဲ့ အသစ်ဆက်ဆက် မင်္ဂလာဦး ဇနီးမောင်နှံကို ဒီနေရာကနေ ကျေးဇူးလဲတင်တယ်.... သူတို့ ၂ယောက် ၂၀-၀၂-၂၀၁၁ နေ့မှစပြီး နောင်နှစ်ပေါင်း များစွာတိုင် ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင်နဲ့ သာယာတဲ့အိမ်ထောင်ရေးကို တည်ထောင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်.... ခုချိန်လောက်ဆိုရင်တော့ Honeymoon ခရီးမှာ ပျော်နေကြရောပေါ့.... နောင်နှစ် Anniversary တွေလုပ်ရင်လဲ MC လုပ်ဖို့ခေါ်အုံးနော်... Perfect လုပ်ပေးမယ်... ဟိဟိ....
P.S ဇနီးမောင်နှံဓာတ်ပုံတွေကတော့ သူတို့ဆီက ခွင့်ပြုချက်မယူရသေးလို့ ယခုလိုပဲ တင်လိုက်ပါတယ်... ဒီဓာတ်ပုံ အပြန်စားတွေကို ရိုက်တဲ့ ဓာတ်ပုံဆရာကတော့ နာမည်ကျော်ဘလော့ဂါကြီး ကိုသီဟသစ်ပဲဖြစ်ပါတယ်....
Tuesday, February 08, 2011
နင်းဖြတ်ပြီးတဲ့ လှေကားတစ်ထစ်
သတိ။ ။ ဒီပိုစ့်ဟာ ၀တ္တုတို မဟုတ်ပါဘူး... မွေးနေ့ကျင်းပမှုအပေါ် ကျွန်မရဲ့ အတွေးနဲ့ ကျွန်မဖြတ်သန်းခဲ့တဲ့ ဒီနှစ်မွေးနေ့ လေးအကြောင်း ရေးထားရုံသက်သက်ပါ... ကျွန်မ လူ့ဘ၀ရဲ့ အချိန်ဆိုတဲ့ နောက်ထပ်လှေကားတစ်ထစ်ကို သူ့အလိုလို တက်လှမ်းပြီးသားဖြစ်သွားပြန်ပြီ... အရင်က ကျွန်မမွေးနေ့တွေမှာ ဘယ်လိုလုပ်ရင်ကောင်းမလဲ မွေးနေ့ပွဲလုပ်ပြီး သူငယ်ချင်းတွေပေးတဲ့ လက်ဆောင်ထုတ်တွေဖောက်ရတာလဲ ပျော်တယ်... ဒါပေမဲ့လဲ များသောအားဖြင့် ပွဲလုပ်ရင် ပင်ပန်းလွန်းတာပဲဖြစ်ဖြစ် တစ်ခုမဟုတ် တစ်ခု စိတ်အနှောင့်အယှက်ဖြစ်ရတာပဲဖြစ်ဖြစ်... နောက်ဆုံးကျတော့လဲ ဘာမှ မဟုတ်ပဲ ပင်ပန်းပြီး တနေ့ကုန်ဆုံးတာပဲ... ကိုယ်ကဖိတ်ရက်နဲ့ မလာတဲ့သူတွေရှိလို့ စိတ်မကောင်းဖြစ်ရ... အိမ်ပြန်ရှင်းရ... ပိုက်ဆံတွေကုန်ရ... အိုးတွေဆေးရ... (များသောအားဖြင့်တော့ ကိုယ်မလုပ်ပါဘူး... အိမ်က မိသားစုတွေပဲ ပင်ပန်းရတာပဲ)....
အဲလိုလုပ်တဲ့ နှစ်တိုင်း ပြန်စဉ်းစားကြည့်တယ်... ကိုယ့်မွေးနေ့ကိုလာတဲ့သူ ဘယ်နှစ်ယောက်က ကိုယ့်ကို Appreciate ရှိရှိလာကြတာလဲ... ဖိတ်လို့ မကောင်းတတ်လို့လာတယ်... တချို့ကလဲ ဖိတ်သည့်အချိန်တွင် စိတ်ထဲလေးလံသွားသည်.. "လာပြန်ပြီ ဒီမွေးနေ့... လက်ဆောင်ကပေးရအုံးမယ်"..
တချို့ကလဲ... "အိမ်က မသုံးပဲထားထားတဲ့ ပစ္စည်းလေးတစ်ခုလောက် ပတ်ကင်ထုတ်ပြီးပေးလိုက်တာပေါ့" ...
"ဟာကွာ အလုပ်ပိတ်ရက်လေး ကောင်းကောင်းအိပ်မလို့ဟာ ဒီလူမှုရေးတွေက တမှောက်" ... တချို့ကျပြန်တော့ "နောက်ဆုံးအချိန်ထိ လာမယ်... လာမယ်...ပြောမယ်... ပြီးမှ စိတ်မရှိတော့ အရေးကြီးကိစ္စပေါ်လာလို့ မလာနိုင်တော့ဘူး သူငယ်ချင်းရယ်" ဆိုတာလေးနဲ့ အချိုသတ်တတ်တယ်...
တချို့လာတဲ့သူတွေကလဲ မွေးနေ့ရှင်တောင် Happy Birthday ပြောဖို့ စိတ်မ၀င်စားဘူး... ဘယ်လိုပဲဖြစ်ဖြစ် လာတယ် စားသွားတယ်ဆိုတဲ့သူတွေအားလုံးဟာ လုံးဝပေါ်မလာတဲ့လူတွေထက်စာရင် ကိုယ့်ကို အလေးထားသေးတယ်... ပြီးတော့ သူတို့ကို အလှူ မြောက်အောင်လာစားပေးတဲ့အတွက် ကျေးဇူးလဲတင်ပါတယ်...
အလွန်နည်းလှတဲ့ ပမာဏ၊ ကိုယ့်ကို တကယ်စိတ်ထဲရှိတဲ့ သူငယ်ချင်းတွေကတော့ အဲဒိနေ့ ရောက်လာတယ်.... ဧည့်သည်တွေများနေရင် ဖြစ်သလို နေရာလေးမှာပဲ ရရာပန်းကန်နဲ့ စုပေါင်းစားဖြစ်ချင်လဲစားဖြစ်တယ်... နောက်ဖေးမှာ လိုရင် ၀င်ကူကြတယ်... သူတို့ကို ဧည့်မခံလဲ သူတို့ဘာသာ သူတို့နေနေတယ်... အဲဒိအချိန်မှာ သူတို့ လက်ဆောင်ယူချင်မှလဲ ယူလာတယ်... ကျွန်မအတွက် လက်ဆောင်ပေးခြင်း မပေးခြင်းဆိုတာ အဓိကမကျဘူး... ကျွန်မ စေတနာရှိလို့ စိတ်ထဲရှိလို့ ဖိတ်တဲ့ အလှူကို လာတဲ့သူတွေမှန်သမျှကို ကျွန်မကျေးဇူးတင်တယ်... သူတို့ရှိနေခြင်းနဲ့ သူတို့ ကျွန်မမွေးနေ့ကို appreciate ဖြစ်ဖြစ်လာခြင်းကသာ ကျွန်မအတွက် အဓိကကျတယ်... တကယ်တော့ ကျွန်မမွေးနေ့မှာ တစ်ယောက်တည်း အထီးကျန် ပျင်းခြောက်ခြောက်ဖြစ်နေမှာကို ကျွန်မကြောက်နေခဲ့တယ်... မွေးနေ့မှာ မုန့်ကျွေးတယ်ဆိုတာ ဘာလို့မှန်းမသိတဲ့ ဓလေ့ကြီးကို ဘာကြောင့်လဲဆိုတာ သေသေချာချာမစဉ်းစားမိဘူး...
ဒါပေမဲ့ ဖိတ်ခံရတဲ့ သူတွေဘက်ကလဲ ပြန်စဉ်းစားကြည့်လိုက်တယ်... ကိုယ်နေတဲ့ အိမ်နဲ့ ဝေးတဲ့သူတွေအတွက် အချိန်ကုန် လူပင်ပန်းခံပြီး အစားတစ်လုတ်အတွက် လာရမှာ ကိုယ်နဲ့ သိပ်ရင်းနှီးပြီး ကိုယ်အလေးထားတဲ့သူမဟုတ်ရင်ဘယ်လာချင်မလဲ... ဟိုးးး အရင်တုန်းက စကာင်္ပူလို မြန်မာဆိုင်တွေ များများမရှိခင်တုန်းကတော့ ဒီလိုမျိုး အိမ်ချက်တွေနဲ့ အလှူလုပ်ရတာ ပျော်ဖို့ကောင်းသလို လာတဲ့သူတွေကလဲ ဟပ်ဟပ်ပက်ပက်စားကြတော့ ကြည်နူးရတယ်... ခုတော့ နေရာတော်တော်များများမှာ ၄ ၅ဒေါ်လာ အကုန်ခံလိုက်တာနဲ့ ကိုယ်ကြိုက်တာကို ကျေးဇူးတင်စရာမလိုပဲ စားလို့ရနေတဲ့အချိန်မှာ ဒီလူမှုရေးအတွက် အရေးမပါတဲ့သူတွေကို ဘယ်အချိန်ပေးချင်ပါ့မလဲ... ကျွန်မလဲ လူပေါ်မူတည်ပြီး ခံစားချက်တွေ အလေးထားမှုတွေပြောင်းလဲတာပဲ... အထူးသဖြင့် ပွဲသွားပြီး ဟိုလူ့စိတ်မပါသွားဖြဲ... ဒီလူ့ စိတ်မပါ ဟန်လုပ်စကားပြော ပွဲများကို တက်ရတာမကြိုက်ပဲ အခန်းတွင်းအောင်း ရုပ်ရှင်ကြည့်ရတာပဲ ကြိုက်တဲ့ ကျွန်မလိုသူအတွက် တော်ရုံတန်ရုံဆို ဘယ်မှ မသွားဖြစ်ခဲ့ပါဘူး... လူမှုရေးအလွန်တရာမှ ညံ့တဲ့အထဲမှာ ကျွန်မပါပါတယ်... ဟန်ဆောင်အပေါ်ယံ ရွှေမှုန်ဖြူး အရေမရ အဖတ်မရ စပ်စု အတင်းစကားများကို ပြောပြီး သွားဖြဲနေတဲ့အချိန်မှာ ငါပြောလိုက်တာ... ငါလုပ်လိုက်တဲ့ အမူအရာ တစ်ခုခုများ မှားသွားပြီလားဆိုတဲ့ အတွေးကို ကြောက်ပါတယ်... ဘာလို့လဲဆိုတော့ ကိုယ်က အမြဲ ကိုယ့်စိတ်ထဲရှိတာတွေပဲ ပြောဖြစ်လို့ပါ... နောက်တစ်ချက်က ကျွန်မ ရန်သူမှန်းမသိ မိတ်ဆွေမှန်းမသိ ကျွန်မတွေ့လို့ စိတ်ထဲက အရမ်းရင်းနှီးသွားရင် အကုန်ပြောတော့တာ... တချို့လူတွေက သိပ်ဖတ်ရခက်ပါတယ်... ကိုယ့်ကို သူတို့စိတ်ထဲမှာ ဒီလောက်လဲ မရင်းနှီးပဲနဲ့ ... ကိုယ့်ကိုလဲ စိတ်ထဲမရှိပင်မဲ့... ဖက်လဲတကင်း ဟပ်ဟပ်ပတ်ပတ် ရင်းရင်းနှီးနှီး ရီရီမောမော နေနိုင် ပြောနိုင်ကြတယ်... ကိုယ်က ဒီလိုမလုပ်နိုင်ဘူး... အဲလိုလူတွေကို အကြောက်ဆုံးပဲ... ကိုယ့်ကို တကယ်ခင်တယ်ပဲထင် ဒီတော့ ကိုယ်ကတော့ စိတ်ရင်းတွေနဲ့ အမှန်တွေပဲပြောတယ်... သူတို့ကတော့ ဟိုဟာ အုပ် ဒီဟာလျှို... နောက်ဆုံးကျတော့ ကိုယ့်အကြောင်းကို နောက်ကွယ်လျှောက်ပြောတဲ့ သူတွေလဲ တွေ့ဖူးတယ်... ဒီလိုမျိုး ဟန်တွေပန်တွေလုပ်နေရပြီး ကိုယ့်ကိုယ်ကိုယ်လဲ အချိန်ကုန်လူပမ်း မဖြစ်အောင် ... သူများတွေလဲ မုန့်တခွက်နဲ့ အားနာပါးနာ ကိုယ့်ဆီလာပြီး အချိန်မကုန်ရလေအောင်... ဒီနှစ်မှာ ဘာဆို ဘာမှ မလုပ်ဘူးလို့ ကျွန်မစိတ်ကူးထားတယ်...
ပြီးတော့ ဒီနှစ်မှာ မွေးနေ့နဲ့ ပတ်သတ်ပြီး စဉ်းစားမိတဲ့ ကျွန်မ အမြင်လေးကို နည်းနည်းပြောချင်ပါတယ်...မြန်မာတွေ အယူအရ မွေးနေ့မှာ အလှူအတန်းလုပ်တယ် ကောင်းမှုကုသိုလ်လုပ်တဲ့အနေနဲ့ ရင်းနှီးတဲ့သူတွေကို ဖိတ်ကြွေးကြတယ်... မိတ်ဆွေတွေကလဲ မွေးနေ့ရှင်ပျော်အောင် ရည်ရွယ်ချက်လေးနဲ့ လက်ဆောင်လေးတွေပြန်ပေးကြတယ်... အမှန်တော့ အဲဒိ မွေးနေ့ရှင်က ဒိထက် အချိန်နဲ့ လုပ်အားတက်နိုင်ရင် တကယ်လိုအပ်နေတဲ့ မိဘမဲ့ကလေးကျောင်းတို့ ဘိုးဘွားရိပ်သာတို့ကို သွားရောက်လှူဒါန်းရင်လဲရတယ်... ဒါပေမဲ့ ငွေအား လူအား အချိန်အားကြောင့် မြန်မာတွေသုံးနေကျ စကားအတိုင်း "စတိ" အနေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေကိုပဲ ဖိတ်ကြွေးလိုက်တဲ့ ဓလေ့က ဖြစ်လာတယ်... မွေးနေ့လာတဲ့လူတွေအနေနဲ့ကလဲ အမှန်တော့ မွေးနေ့ရှင် ပျော်စေကြောင်း ဆန္ဒကောင်းနဲ့ လက်ဆောင်လေးတွေယူလာပြီး ပေးကြတယ်... အမှန်တော့ လက်ဆောင်မပေးလဲဖြစ်တယ်... ဒီလိုမှမဟုတ်ပဲ... မွေးနေ့ရှင်ကဘာမှမလုပ်လဲ သူငယ်ချင်းတွေက ကိုယ့်အတွက် အရေးပါတဲ့လူတစ်ယောက် ကိုယ်ခင်တဲ့သူတစ်ယောက်အတွက် လက်ဆောင်ပေးချင်စိတ်ရှိရင်လဲ ဘာပွဲမှ မလုပ်လဲ ပေးလို့ရတယ်... ဒီတော့ မွေးနေ့ရှင်က ကျွေးတာရော ... ဖိတ်ခံရတဲ့သူက လက်ဆောင်ပေးတာရောက မလုပ်မနေရအလုပ်မဟုတ်ဘူး...
တနည်းအားဖြင့် သေချာသွားအောင် တဖက်လှည့်ပြောရရင် မွေးနေ့ရှင်မှာလဲ သူ့မွေးနေ့မှာ ကျွေးချင်တယ်မကျွေးချင်ဘူးဆိုတာက သူ့အပေါ်ပဲမူတည်ပြီးတော့ သူဘာမှမလုပ်ရင်လဲ လူမှုရေးခေါင်းပါးတဲ့သူလို ဆက်ဆံခံရစရာမလိုပါဘူး.... သူငယ်ချင်းတွေအနေနဲ့ကလဲ လက်ဆောင်ပေးချင်တယ်မပေးချင်ဘူးဆိုတာ မွေးနေ့လုပ်တာ မလုပ်တာနဲ့ မဆိုင်ပဲ အဲဒိသူငယ်ချင်းကို အလေးထားမှုဘယ်လောက်ရှိမရှိပေါ်မှာပဲဆိုင်တယ်.... သူတို့ ပေးချင်တဲ့ စေတနာရှိတယ် မရှိဘူးနဲ့ပဲဆိုင်တယ်... ဒါပေမဲ့ ယနေ့ခေတ်မှာတွေ့ နေရတာကတော့ "နင့်မွေးနေ့ရှိတယ်နော်... ဘာကျွေးမှာလဲ" "ဟောရှိသေးတယ်... ဖေ့ဘွတ်ပေါ်မှာ notification တွေ့မှ ကိုယ့်မွေးနေ့သတိရပြီး အတင်းလာကြွေးခိုင်းနေတာကရှိသေး... အရင်က နှစ်ချီ Friendlist ထဲလဲရှိပါရဲ့... စကာင်္ပူဘယ်တုန်းကရောက်နေမှန်းတောင် မသိတဲ့ ကိုယ်နဲ့ မျက်မှန်းတန်းမိယုံလောက်လူကလဲ ဇွတ်မုန့်ကြွေးခိုင်းတယ်... မုန့်မကြွေးရင်ပဲ မွေးနေ့ရှင်က အပြစ်လိုလို... ဖေ့ဘွတ်က မွေးနေ့ပဲ ဖြုတ်ထားရတော့မလိုဖြစ်နေတယ်...
အမှန်ဆိုရင် ဖြစ်သင့်တာက သူ့မွေးနေ့မှာ မွေးနေ့ရှင်ကို စိတ်ကြည်ရွှင်အောင်ထားသင့်တာလား... ဒီနေ့ နင်လူ့လောကကို စရောက်တဲ့နေ့ဖြစ်တဲ့အတွက် လောကဓံ အထုအထောင်းတွေခံနိုင်အောင်ဆိုပြီးများ ၀ိုင်းထုထောင်းသင့်သလား.... ဘယ်ဟာက ပိုဖြစ်သင့်တယ်ထင်လဲ... ကျွန်မ စကာင်္ပူကို ရောက်စက စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်တုန်းကဆိုရင် ခဏခဏတွေ့ဖူးတယ်... သူငယ်ချင်းတွေအားလုံးက စုပြီး မွေးနေ့ရှင်မသိအောင် စီစဉ်ထားပြီး surprised လုပ်တာ... မွေးနေ့ရှင်ကောင်မလေးက မသိလို့ အ၀တ်တောင် တော်ရုံတန်ရုံပဲဝတ်လာတယ်.... အဲဒိကောင်မလေးအစား ကိုယ်တောင်ပျော်တယ်... ကိုယ့်မှာ သူ့လို သူငယ်ချင်းမျိုးတွေမရှိတာ ကိုယ်က သူ့လောက်မကောင်းလို့လဲဖြစ်နိုင်တယ်... ဘာ လို့ဆိုရင် ထုံးစံအတိုင်း လူမှူရေးညံ့ဖျင်းပြီး အလွန်မေ့တတ်သော မဗေဒါက နေ့စွဲတွေမှတ်ဖို့ တအားမေ့ တတ်တယ်... အိမ်က အိမ်သားတွေ မွေးနေ့ရှိရင်တော့ မဗေဒါကို လာလာသတိပေးတတ်လို့ ကြိုသိတယ်... အဲလိုဆိုရင်တော့ မဗေဒါက သူတို့မသိအောင် လက်ဆောင်လေးတွေဝယ်ပေးထားတတ်တယ်... အစ်မအကြီးမွေးနေ့ဆိုရင် အစ်မလတ်နဲ့ တိုင်ပင်ပြီး ကိတ်မုန့်တွေဘာတွေ သူမသိအောင် ၀ယ်ထားတယ်... ဖေဖေမေမေ မွေးနေ့ဆိုရင် ညီအစ်မတွေတိုင်ပင်ပြီး တစ်ခုခုလုပ်ပေးတယ်... ဒီလိုဆိုတော့ မွေးနေ့ရှင်လဲ ကြည်နူးရတယ်... အဲဒိ မွေးနေ့ရှင် ပျော်တာကိုကြည့်ပြီး လုပ်ပေးတဲ့သူကလဲ ပျော်တယ်... တကယ်လို့ မွေးနေ့ရှင်က စေတနာရှိတယ်ဆိုလဲ သူက မုန့်လိုက်ကြွေးမယ်... မဟုတ်လဲ လုပ်ပေးတဲ့သူတွေကပဲ မျှရှင်းကြတယ်... ဒီလိုလုပ်ပေးဖို့ဆိုတာကလဲ မလွယ်ပါဘူး... တော်တော်လေးလဲခင်ပြီး အားလုံးလဲညီမှရတာပါ... အဲဒိအတွက်ကြောင့် ကိုယ့်ကို တကယ်ခင်တဲ့ ချစ်တဲ့ သူ.... ကိုယ့်ကို အလေးထားတဲ့သူတွေကပဲ လုပ်ပေးနိုင်ပါတယ်... မဗေဒါလိုချင်တဲ့ မွေးနေ့လေးက အဲလိုမျိုးလေးပါ.... ကိုယ့်မွေးနေ့မှာ ကိုယ့်ကို အလေးထားတဲ့သူ.... ကိုယ်ကလဲ အလေးထားပြီး ကိုယ့်အတွက် အရေးပါတဲ့သူတွေနဲ့ပဲ တူတူရှိနေချင်ပါတယ်....
ဒီတော့ ဒီနှစ်မွေးနေ့မှာ ကိုယ်နဲ့ ဆိုးတူ ကောင်းဖက် ကြမ်းတမ်းလဲတူတူ အဆင်ပြေလဲတူတူ ကိုယ့်ကို နားအလည်ဆုံးလူတွေလဲဖြစ်... ကိုယ်လဲ နေရထိုင်ရတာ သူတို့နဲ့ သက်တောင့် သက်သာအရှိဆုံးဖြစ်တဲ့ ကိုယ့်မိသားစုနဲ့ပဲ မုန့်ထွက်စားမယ်စိတ်ကူးထားတယ်... ဒါပေမဲ့ သူတို့ကိုလဲ မပြောဖြစ်လိုက်ဘူး... ၅ ရက်နေ့က အလုပ်အားတော့ ဘာရယ်မဟုတ်ဘူး မတွေ့တာကြာတဲ့ သူငယ်ချင်းတွေနဲ့ ချယ်ရီမေမှာ တွေ့ဖို့ချိန်းထားမိတယ်... (သူငယ်ချင်းတွေဆိုတာ ၂ယောက်ထဲပါ...) အိမ်ကိုလဲ မပြောဖြစ်ဘူး.. ဒါပေမဲ့ သွားမယ်လုပ်တော့မှ အမေက သူတို့တွေ ဒီည family dinner ကျွန်မမွေးနေ့အထိမ်းအမှတ် သွားဖို့ရှိကြောင်း အမလတ် လင်မယားကိုလဲ ခေါ်ထားကြောင်း (ကျွန်မကို surprise အနေနဲ့ မေမေက လုပ်ပေးမှာမို့ မပြောပဲထားတာလဲ ဖြစ်နိုင်တယ်) ပြောတော့ မိသားစုနဲ့လဲနေချင်.. ဟိုကိုလဲ ချိန်းပြီးနေတော့ ဘာလုပ်ရမှန်းမသိတော့ဘူး... (ဒါပေမဲ့ သူတို့က ကိုယ့်မွေးနေ့ကို လုပ်ပေးချင်တယ်ဆိုတဲ့ အတွေးနဲ့တင် ကျွန်မ ၀မ်းသာနေပါပြီ.... ဒီတော့ သူတို့ကို မငြင်းချင်ဘူး) ဒါနဲ့ အိမ်ကတစ်မိသားစုလုံးကိုပါ ချယ်ရီမေမှာ ကာရာအိုကေဆိုရင်း ဒီနေ့အတွက် ဒကာခံမယ် လိုက်ခဲ့ကြလို့ ပါးစပ်က အလိုလိုထွက်သွားတယ်... ဒါပေမဲ့ ကျွန်မသူငယ်ချင်းတွေနဲ့ ဘွတ်ထားတဲ့ ၆နာရီအချိန်ကို ထပ်မရတော့ဘူး.. ည ၉နာရီမှရတယ်... ဒါနဲ့ Fish and Co စားသောက်ဆိုင်မှာ အရင်စားပြီးမှ အဲဒိကိုသွားဖို့ ဆုံးဖြတ်လိုက်တယ်... သူငယ်ချင်း ၂ယောက်ကို ပါ အချိန်ပြောင်းခိုင်းပြီး ခေါ်လိုက်တယ်... ကိုယ့်အတွက် အမြဲရှိပေးတဲ့ ကိုယ့်မိသားစုလေး ကိုယ့်ဘ၀အတွက် အရေးပါတဲ့လူတွေနဲ့ပဲ မွေးနေ့ပွဲလေးကို လုပ်ဖြစ်သွားတယ်... .
ကျွန်မတို့မိသားစု ပျော်ပျော်ပါးပါးစားသောက် လျှောက်သွားပြီးတော့ အဲဒိ ၅ရက်နေ့ညကို ကျော်ဖြတ်တယ်... credit card Bill ကတော့ နောက်လ မျက်ခုံးလှုပ်ပေါ့... ဒါပေမဲ့လဲ ပိုက်ဆံနဲ့ ကိုယ့်ရဲ့ Memory နဲ့ လဲလို့ရနေသေးတာ တန်ပါသေးတယ်... ကျွန်မအစ်မအလတ်က သူ့ဝါသနာနဲ့ အညီ ကျွန်မအတွက် သူ ဟိုးအရင်ထဲက တိတ်တိတ်လေး လုပ်ထားတဲ့ ကျွန်မအကြောင်း Scrap Book လေးကို မွေးနေ့လက်ဆောင်အဖြစ်ပေးတယ်... သူက ပိုစ့်ကဒ်တို့ Scrap Book တို့ လုပ်ရတာ ၀ါသနာပါတယ်... သူက အဲဒါကို စီးပွားရေးအနေနဲ့တောင် လုပ်ချင်တယ်... ခုဆိုရင် သူ့ လက်လုပ် Customize ပိုစ့်ကဒ်လေးတွေကို အနီးနားကလူတွေက မှာယူဝယ်လေ့ရှိတယ်... သူလုပ်ထားတာလေးတွေကို နောင်အချိန်ရမှ ဘလော့မှာ ပြပါအုံးမယ်... ခုတော့ သူပေးတဲ့ မွေးနေ့လက်ဆောင်လေးကို အောက်မှာကြည့်လိုက်ပါ... အဲဒိ Scrap Book လေးရဲ့ နေရာတိုင်း နေရာတိုင်း ထောင့်တိုင်း ထောင့်တိုင်းကို လုပ်နေတဲ့ အချိန်မှာ ကျွန်မအတွက်ဆိုတဲ့ စေတနာတွေနဲ့ စက္ကူတွေ ကပ်ကြေးတွေ ဖဲကြိုးတွေ စတစ်ကာတွေ ရှုပ်ပွနေတဲ့ အထဲမှာထိုင်ရင်း ဒီဇိုင်းစဉ်းစားနေမဲ့ အစ်မလတ်ကိုမျက်လုံးထဲ မြင်ယောင်မိပါတယ်...
ပထမဆုံး စာမျက်နှာဖုံး...
ဒုတိယစာမျက်နှာ ကျွန်မဓာတ်ပုံလေးတွေကို အဲဒိကဒ်လေးတွေမှာ ကပ်ရမှာ
ဓာတ်ပုံ ၃ပုံ ကဒ်ရမယ်... ဘာပုံကဒ်ရမှန်းမသိဘူး..
၎မျက်နှာမြောက်...
ထီးလေးက အောက်ကို လှန်လို့ရအောင် လုပ်ထားတယ်တဲ့..
ကျွန်မဓာတ်ပုံလေးက အစိမ်းစာရွက်ပေါ်မှာ ပြီးတော့ ဘေးမှာ memo လေးရေးလို့ရတယ်...
ဒါကနောက်ဆုံး စာမျက်နှာ...
အဲဒိညက ပင်ပန်းပြီး အိပ်ပျော်သွားတယ်... နောက်နေ့ ကျွန်မမွေးနေ့မှာ ဖုန်းမြည်သံကြားတော့မှ လန့်နိုးသွားတယ်... ဖုန်းကို ကိုင်လိုက်တော့ ကျွန်မဦးနှောက်တွေ ကောင်းကောင်းအလုပ်မလုပ်သေးဘူး... ဖုန်းထဲကနေ အသံရှင်တစ်ဦးက သူပြောနေကျလေသံအတိုင်း "ဘယ်သူလဲ" လို့ စမေးတယ်... အဲဒိ အသံကို ကျွန်မ နောက်ထပ်ဘယ်တော့မှ မကြားရတော့ဘူးလို့ ထင်ထားတာပါ... အဲဒိ အသံကို မကြားတာလဲ ၃နှစ်လောက်ရှိနေပါပြီ.... ကျွန်မရဲ့ ဖုန်းလဲ ဘဏ်က ကြော်ငြာလူတွေ ခေါ်တာမဟုတ်ရင် မမြည်တာ ၃နှစ်လောက်ရှိနေပါပြီ...  ကျွန်မ အသက် ၂၀ ပြည့်မွေးနေ့မှာ ကျွန်မဘ၀ရဲ့ ပထမဆုံး mp3 player လေးကို မွေးနေ့လက်ဆောင် သူပို့ပေးခဲ့ဖူးတယ်... ကျွန်မရဲ့ ဘလော့ကို သူသိလား မသိလား... ဖတ်လား မဖတ်လား ကျွန်မ မသိဘူး... ဒါပေမဲ့ ဒီနေရာ ဒီပိုစ့်လေးကနေ ကျွန်မပြောချင်တာကတော့ သူရော ကျွန်မရော ဘယ်လိုအခြေအနေတွေပဲ ပြောင်းပြောင်း ဘယ်နေရာတွေမှာပဲရှိရှိ ကျွန်မရဲ့သူ့အပေါ် ခင်မင်မှုကတော့ မေ့ပျောက်ပြောင်းလဲသွားမှာ မဟုတ်ပါဘူးဆိုတာကို သိစေချင်တယ်... နောက်ပြီး ဒီနှစ်မွေးနေ့လက်ဆောင်အဖြစ် သူ့ရဲ့ surprised call အတွက် ကျွန်မအရမ်းကို ကျေးဇူးတင်သလို ခုချိန်ထိ ကျွန်မကို သတိတရရှိသေးတယ်ဆိုတာ သိရတဲ့အတွက် ကျွန်မရဲ့ အပျော်ဆုံးမွေးနေ့တစ်ခုကို သူ့ဖုန်း call နဲ့ စတင်ခဲ့ပါတယ်...
နောက်တော့ ဘာရယ်မဟုတ် မေမေနဲ့ ရှော့ပင်းထွက်ဖို့ ခေါ်တော့ ခြေထောက်နာနေတဲ့ကြားက ကျွန်မ မေမေလိုက်ပေးတယ်... အမှန်တော့ မင်္ဂလာဆောင် စီးဖို့ ဖိနပ်ဝယ်ချင်တာရယ်... Body Shop တို့ Face Shop တို့က မန်ဘာ အခွင့်အရေး မွေးနေ့မှာ ဒစ်စကောင့်ပိုရတာနဲ့ လိုချင်တာလေးတွေဝယ်... facial ဆိုင်လေးဘာလေးသွား... ကိုယ့်မွေးနေ့မှာ ကိုယ့်ဘာသာကိုယ် ချီးမြှင့်မလို့ စဉ်းစားထားတာ... ဒါပေမဲ့ facial ဆိုင်ကခုမှ CNY ပြီးစ ပြန်ဖွင့်တော့ အလုပ်သမားမလောက်ဖူးထင်တယ်... ဒါနဲ့ မလုပ်တော့ဘူး...
Body shop မှာ Eyeshadow black နဲ့ pink lipstick တစ်ချောင်းဝယ်တယ်... နှုတ်ခမ်းနီက ဒစ်စကောင့်ဖြစ်ပြီးသားမို့ Birthday Treat 20% off မရဘူးတဲ့... နားလည်ပါးရိုက်ကလဲ အလွန်မှလုပ်တယ်... ၂ခုပေါင်းတော့ ၂၈ဒေါ်လာကျတယ်... stamp redemption ထုပေးဖို့ပေးတော့ ၃၀ ပြည့်မှ တစ်ခုရမှာတဲ့... ဟိုးးးး အရင်တစ်ခေါက်ကလဲ အဲဒါမျိုး ကြုံပြီးပြီ... သူတို့ဆိုင်မှာ ကိုယ်လိုအပ်တာထဲက ဘာ ၂ ကျပ်တန်ရှိမလဲ... Shower cap တို့ ဘာတို့က ကိုယ့်ဆီမှာရှိသေးတယ်... Stamp ကို လောဘတက်လို့ ထပ်ယူရင် ကိုယ်ပဲ ထပ်ကုန်မယ်... အမြင်ကကပ်လာတာနဲ့ နေပါစေ... ဘာမှ ထပ်မယူဘူး ဒါပဲလို့... မရရင်လဲ မထုပေးနဲ့လို့ပြောလိုက်တော့ ဆိုင်သမားက ထူးဆန်းအံ့သြစွာ စိုက်ကြည့်တာ ခံလိုက်ရသေးတယ်...
ဖေ့ရှော့မှာ ဘာမှ ရေရေရာရာ ၀ယ်စရာမရှိပင်မဲ့ ၀င်ပြီး ပိုက်ဆံသုံးချင်လွန်းလို့ ခြေ၀င်ရှည်လိုက်တာ... မျက်တောင် တု ၂ ခု... တစ်ခုက အနားလေးပဲ ကော့နေတာ.. တစ်ခါမှ မသုံးဖူးဘူး... စမ်းကြည့်မလို့.. နောက် အလွန်တရာမှ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ၀ယ်ခဲသော လက်သည်းဆိုးဆေးတစ်ပုလင်းဝယ်ခဲ့တယ်...
Helen ဆိုင်ကထွက်တော့ တော်ပြီ ဘယ်ဆိုင်မှ မ၀င်တော့ဘူး... ဖိနပ်ဆိုင်ပဲ ၀င်တော့မယ်ဆိုပြီး ဖိနပ်ဆိုင်တွေဝင်ကြည့်တယ်... နောက်ဆုံးတော့လဲ ကိုယ်စိတ်တိုင်းကျတဲ့ ဒီဇိုင်းလဲရှိ ဈေးလဲ သိပ်မကြီးတဲ့ Mondo ဆိုင်ကိုပဲ ရောက်သွားတာပါပဲ... Mondo ဖိနပ်တွေက လှပင်မဲ့ ကျွန်မပဲ အစီးကြမ်းလို့လားမသိဘူး... မခိုင်သလိုပဲ.... အဲဒိအတွက် ဖိနပ်တွေ မခိုင်ဘူးလို့ယူဆပြီး အဲဒိဆိုင်နာမည်ကို ကျွန်မတို့ မိသားစုတွေက "မခိုင် (လူနာမည် "မတ်ခိုင်" ဆိုတဲ့ အသံထွက်အတိုင်းထွက်ရန်) ဖိနပ်ဆိုင်လို့ နာမည်ပေးထားတယ်... အဲဒိရောက်မှ ကိုယ်ကြိုက်တဲ့ ဖိနပ်ပုံစံမျိုးတွေ့တယ်... စိန်လေးတွေ စီထားတာ.... အဲဒါက S$59.90 ပေးရတယ်... ကိုယ့်ကိုကိုယ် ထပ်လက်ဆောင်ပေးလိုက်တယ်... ကမ္ဘာပေါ်မှာ ကိုယ့်ကိုအချစ်ဆုံးက ကိုယ်ပဲရှိတယ်လေ... အဲဒိဆိုင်ရောက်တိုင်း ကြည့်ဖြစ်ပြီး မ၀ယ်ဖြစ်တဲ့ ဖိနပ်လေး တစ်ရံရှိတယ်... အပြင်သွားအပြင်လား သာမာန် အချိန်လေးတွေမှာ စီးဖို့ သင့်တော်တယ်.... အဲဒါလေးကို အဲနေ့က ထပ် Try ဖြစ်ပြန်တယ်.... ခု စီးနေတဲ့ အိမ်က ဖိနပ်ကလဲ ပျက်ခါနီးပြီဆိုတော့ မေမေက ၀ယ်ချင်ဝယ်ပေါ့လို့ support ရတော့ အဲဒါပါဝယ်ဖြစ်သွားတယ်.. S$25 ပေးရတယ်...
ပြီးတော့ ဖိနပ်ဆိုင်ဘေးက Fancy ဆိုင်မှာ မေမေက ကလစ်ဝယ်ချင်တယ်... ကျွန်မကလဲ ဆွဲကြိုးဝယ်ချင်တယ်... (အဲလိုဆိုင်မျိုးလေးတွေက ပိစိပိစိနဲ့ ချစ်စရာလေးတွေမို့ ၀င်ကြည့်နေရတာကို ကြိုက်တယ်).... ကျွန်မလိုချင်တဲ့ ဆွဲကြိုးပုံစံမျိုးလေးတွေ့တော့ ဈေးလဲ သိပ်မကြီးတာနဲ့ မေမေ့ကို မွေးနေ့လက်ဆောင်ပေးဖို့ တောင်းလိုက်တယ်.... ဟား... ဟား.... S$13.90.... (ကိုယ့်မိသားစုပဲ ကိုယ့်ကို ဘယ်လိုမှ မထင်ပဲ ခုလို ကိုယ်လိုချင်တဲ့လက်ဆောင် တောင်းလို့ရနိုင်တာလေ)... အသဲပုံ လက်စွပ်သေးသေးလေး တစ်ခုလဲ ၀ယ်လာတယ်...
အဲဒိအချိန်မှာ အစ်မအကြီးက အပြန် NTUC က စဗျစ်သီးဝယ်ခဲ့ဖို့ ဖုန်းဆက်တယ်.... NTUC က စောစောက Helen ရှိတဲ့ဘက်ပဲလေ... ဒီလိုနဲ့ သံယောဇဉ်မပျက်တဲ့ ရေစက်နားဆွဲလေးကို ၀ယ်မယ်ကွာလို့ ဆုံးဖြတ်လိုက်တယ်.. ၀ယ်မယ်ဆုံးဖြတ်ပြီးမှ သူများယူသွားမှာစိုးတဲ့ Shopaholic များရဲ့ စိုးရိမ်စိတ်နဲ့ အမြန်လေး ပြန်လျှောက်ရတယ်... စိတ်ထဲမှာတော့ ကပ်စေးနဲ့ မဗေဒါနဲ့ Shopaholic မဗေဒါက လွန်ဆွဲနေတယ်... Shopaholic မဗေဒါရဲ့ ဂါထာက ဒီနေ့ပိုစွမ်းတယ်.. "ဘာဖြစ်လဲ မွေးနေ့ပဲ" တဲ့.... ဟား.. ဟား.... ဒီတော့ ဆိုင်လဲရောက်ရော ၀ယ်ဖြစ်တယ်... Shopaholic မဗေဒါက ယူလိုက်လို့ လစ်ဟာသွားတဲ့ နားဆွဲနေရာလေးကို ကြည့်ပြီး "ငါရသွားပြီ" ဆိုပြီး ပြုံးလိုက်တဲ့အချိန်မှာ... ကပ်စေနဲ့ မဗေဒါက သက်ပြင်းကြီးတစ်ချက်ချပြီး ဘဏ်ကဒ်ကို တုန်တုန်ချိချိ ထုတ်နေပြန်တယ်.... အဲဒိအချိန်မှာပဲ ဒန်..... တန်...... တန်..... မေမေက "နင့်အစ်မအကြီးက နင်လိုချင်တာ မွေးနေ့လက်ဆောင် အဖြစ်ဝယ်ပေးလိုက်လို့ပြောထားတယ်... ဒါသူဝယ်ပေးလိုက်မယ် " ဆိုတဲ့ ကယ်တင်ရှင် အသံကြားတော့ စိတ်ထဲမှာ ပျော်လို့ တရုတ်နဂါးဖြတ်က သွားတယ်.... ဒါမျိုး Surprise တွေ ကြိုက်တယ်.... များများလုပ်နိုင်ပါစေနော်...
အပြန်လမ်းမှာ မွေးနေ့ကောင်းမှုအနေနဲ့ လမ်းက ချို့တဲ့ တဲ့ အလှူခံကို ပိုက်ဆံထည့်ခဲ့တယ်.... မြန်မာပြည်ပြန်ဖြစ်ရင် ဟိုတစ်ခေါက်ကလိုပဲ လိုအပ်နေတဲ့ ကလေးတွေ လူတွေကို ထပ်လှူအုံးမယ်... အိမ်ပြန်ရောက်တော့ ကိုယ့်ဘာကိုယ်ဝယ်တဲ့လက်ဆောင်တွေရယ် အိမ်သားတွေပေးတဲ့ လက်ဆောင်တွေရယ်ကို ဓာတ်ပုံရိုက်ရင်း အလုပ်သွားဖို့ အချိန်ရောက်သွားတယ်... မွေးနေ့က အလုပ်ရက်ဖြစ်နေတော့လဲ သွားရအုံးမပေါ့ကွယ်...
မဗေဒါ မွေးနေ့ မတိုင်မှီကတည်းက Gmarket က မှာထားတဲ့ Eyeshadow Palette က မွေးနေ့ အတိရောက်မယ်ထင်တာ.... ၁ရက်နောက်ကျပြီးမှရောက်လာတယ်.... Parcel ထုတ်ကို ဖောက်ပြီး ကိုယ့်ဘာသာကို ဘာပါမှန်းမသိတဲ့ပုံမျိုးနဲ့ ပျော်နေတဲ့ ပုံစံ ကျွန်မလုပ်တော့... ဖေဖေက " ငါ့သမီးက ဒီနှစ်မွေးနေ့ကို Mr.Bean Christmas ကျင်းပသလိုလုပ်နေတာပဲ"တဲ့... Mr.Bean Christmas ခွေထဲမှာ သူ့ဘာသာသူ လက်ဆောင်ပြန်ပေးပြီး သူ့ဘာသာသူ အံ့သြပြီး ပျော်တာလုပ်နေတာကို ပြောတာ.... ဘယ်လိုပဲဖြစ်ဖြစ်.. ပျော်တာပဲ.... Eyeshadow Palette က S$25 ကျတယ်... ၈၈ ရောင် ပါတယ်....
မွေးနေ့တုန်းက ဖေ့ဘွတ်ပေါ်မှာလဲ ဆုတောင်းပေးတဲ့ လူတွေ အများကြီးကိုတွေ့လို့ အရမ်း ၀မ်းသာမိတယ်... စိတ်မပါတဲ့ လက်ဆောင်တွေပေးစရာမလိုဘူး.... အဲဒိနေ့မှာ ကိုယ့်မွေးနေ့ကို အချိန်စက္ကန့်ပိုင်းလောက်လေး ပေးပြီး အတွေးထဲထည့်ပေးတဲ့သူတွေရှိလို့ ကြည်နူးတယ်... အထီးမကျန်ဘူး... အထူးသဖြင့် ကျွန်မ ဘလော့ Readers တွေ လာဆုတောင်းပေးထားတာတွေ့တော့ ပျော်တယ်... မဗေဒါရဲ့ အစုံပလုံ ရေးချင်တာရေး ပေါ်လာလိုက်ပျောက်သွားလိုက် ဘလော့ကို ခုလိုဖတ်နေတဲ့အတွက် ကျေးဇူးတင်တယ်... ဘလော့လေးကလဲ မဗေဒါအတွက် အားပေးဖော်ပဲလေ.... အပြင်မှာ လူမှုရေး သိပ်မကောင်းတဲ့ ကျွန်မအတွက် စကားတွေ မပြောပဲ တိတ်တိတ်လေး ဖတ်နေကြတဲ့ Silent-reader တွေ.... facebook friendlist ထဲမှာရှိနေပြီး စစ အက်ခြင်းတုန်းက မတ်စေ့ပို့ပြီး အသိပေးခဲ့တဲ့ စာဖတ်သူတွေ... ကျွန်မတို့ချင်း စကားတွေ အများကြီး မပြောဖူးပင်မဲ့.... ကျွန်မသူတို့ ဘယ်သူတွေလဲဆိုတာ မသိပင်မဲ့... အားလုံးကို အပြင်မှာ မမြင်ဖူးပင်မဲ့.... စိတ်ထဲက ခင်ပါတယ်... ကျွန်မက စကားပြောစပ်တယ် စိတ်ထဲမှာ မအောင့်ထားတတ်ပဲ ချက်ချင်းပြောတတ်တယ်... ပြီးတော့ စကားလုံးလှလှလေးတွေနဲ့ စကားပြောရမှာ ရှက်တယ်... လိုရင်းကို တဲ့တိုးပြောတော့ များသောအားဖြင့် အပြင်က အပေါင်းအသင်းတွေ ကျွန်မကို နားမလည်တဲ့သူတွေက ရိုင်းတယ်ထင်တယ်... (အင်း အဲလိုမျိုးတွေကို လူမှုရေးမှာ ရိုင်းတယ်လို့ သတ်မှတ်ထားတော့ ကျွန်မက ရိုင်းတယ်ပေါ့)... ဒါပေမဲ့ ဟန်ဆောင် အပြုံးနဲ့ စိတ်ပုတ်နေကြတဲ့ သူတွေထပ်စာရင်တော့ ကိုယ့်ကိုကိုယ် သာတယ်ထင်တာပဲ... ဒါပေမဲ့လဲ အသက်တွေကြီးလာတာနဲ့ အမျှ လူမှုရေးမှာ ဒီလိုမျိုး တဖက်သက်ခေါင်းမမာသင့်ဘူးဆိုတာလဲ ကျွန်မနားလည်လာတော့ ခုဆိုရင် ဟန်ဆောင် အပြုံးနဲ့ လူတွေလို မဖြစ်အောင် နေပင်မဲ့... အရင်လိုတော့ စိတ်ထဲရှိတာမပြောမိအောင် ကျင့်နေပါတယ်...
ဒီနှစ် ကျွန်မ ဒီနှစ် အသက် ၂၆ ပြည့်ပါတယ်... ဒါဟာလှောင်စရာလဲ မဟုတ်ပါဘူး... ခုလိုပြောရတာက မိန်းကလေးတွေ ၃၀ ၀န်းကျင်ရောက်လို့ ၁ယောက်တည်းဖြစ်နေရင်ပဲ လူရယ်စရာလို လှောင်ပြောင်ဆက်ဆံချင်တဲ့သူတွေကိုပါ... လူတွေအားလုံးဟာ အချိန်စီးကြောင်းနဲ့ အတူ အသက်ဆိုတဲ့ သချာင်္ဂဏန်းတွေကို သတ်မှတ်ပြီး သက်တမ်းကို မှတ်သားထားတာပါ... အဓိက အဓိပ္ပါယ်ရှိရှိတိုင်းတာက ၁နှစ်အတွင်း ကိုယ်ဘယ်လောက် ပြောင်းလဲသွားလဲ ဘယ်လောက် တိုးတက်လာလဲ... ဘယ်လောက်ရင့်ကျက်လာလဲ... ပြီးတော့ ဘယ်လောက် ပိုပျော်ရွှင်လာလဲဆိုတာတွေနဲ့ပါပဲ... အတွေးအခေါ်က ရင့်ကျက်သင့်ပြီး စိတ်ကတော့ လူငယ်တွေအတိုင်း သစ်လွင်ပျော်ရွှင်နုပျိုနေသမျှ ဒီလူတစ်ယောက်ကို အသက်နဲ့ ပိုင်းခြားပိုင်ခွင့်မရှိပါဘူး.... ကိုယ့်အသက်နဲ့ အညီတော့ လိုက်ပြုမူသင့်တာပေါ့.. အသက်ကြီးလို့ စတဲ့ နောက်တဲ့သူတွေလဲ တစ်ချိန် အသက်မကြီးလာမှာ မဟုတ်ပါဘူး... ငယ်တာသာကောင်းတယ်ဆိုရင်... ထိုသို့ထင်သောသူတွေ အသက် ၂၂ နှစ်ရောက်လျှင် ကိုယ့်ကိုကိုယ် သတ်သေလိုက်ကြဖို့ပဲ ရှိပါတော့မယ်... ကျွန်မအသက် ၂၉ ဖြစ်တဲ့နေ့ဆိုရင်လဲ ကျွန်မ အသက်အတွက် ဘာမှ ရှက်နေစရာမလိုပါဘူး... အသက် ၃၀... ၄၀.... ၅၀... ကျွန်မဘ၀ကို ကျွန်မအတွက် စိတ်ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားမှာပါ.... လူ့ဘ၀မှာ ပျော်ရွှင်တယ် မပျော်ရွှင်ဘူးဆိုတာ ကိုယ်တိုင်းတာတဲ့ စံ အပေါ်ပဲ မူတည်တယ်... ကိုယ့် စံနဲ့ ဒါဟာ ပျော်စရာမကောင်းပါဘူးဆိုပင်မဲ့ တခြားသူတစ်ယောက် စံနဲ့ သူပျော်ချင်ပျော်နေမယ်... ဥပမာ... ကိုယ်က ရည်းစားမရှိရင် မနေနိုင်တိုင်း တခြား ကိုယ့်ဟာကိုယ် Single နေနေတဲ့သူတွေအားလုံးကို သနားစရာ ရှက်စရာပါလားလို့ ကိုယ့် စံနဲ့ လိုက်တိုင်းနေလို့မရဘူး... ကိုယ့်ဘ၀ကို ကိုယ်နေနေသလို... သူများကလဲ သူများဘ၀နဲ့ သူတို့နေနေတာ... အများသတ်မှတ်ထားတဲ့ ပျော်ရွှင်တဲ့ ဘ၀ဆိုတဲ့ စံတွေနဲ့ သွေဖယ်ခဲ့ရင်တောင်... ကျွန်မဘ၀က ကျွန်မဘ၀ပဲ... ကျွန်မဘ၀ကို ကျွန်မပျော်နေရင် စံဆိုတာတွေတိုင်းမှာ ချွင်းချက်တွေရှိနေတဲ့ အတိုင်းပဲ.... ကျွန်မဘ၀ကလဲ ပျော်ရွှင်စရာချွင်းချက်တစ်ခု အနေနဲ့ နောင်နှစ်ပေါင်းများစွာ ကျွန်မနေထိုင်နိုင်လိမ့်မယ်လို့ မျှော်လင့်ဆုတောင်းမိပါတော့တယ်....
အောက်က ဗွီဒီယိုလေးကတော့ ၅ရက်နေ့က ဗွီဒီယို မဟုတ်ပါဘူး... ဟိုးအရင်က သူငယ်ချင်းတွေနဲ့ သွားတုန်းက ရိုက်ထားတာပါ... ကိုယ့်လူရင်းတွေနဲ့ စိတ်လွတ်လက်လွတ် သီချင်းဆို ကရတာ စိတ်လက်ပေါ့ပါးပြီး စိတ်ညစ်တာတွေ ပြေပျောက်စေပါတယ်... သူငယ်ချင်းတို့ရေ မွေးနေ့ပိုစ့်မို့ ဒီဗွီဒီယိုလေးထည့်လိုက်တာ ချိတ်ချိုးကြနဲ့နော်... သူငယ်ချင်းတို့အားလုံးက လှပြီးသားတွေပဲနော်နော်... ဟိ...
Wednesday, February 02, 2011
Old are gold (English Movies review)
အာရှကားတွေကြည့်ရတာ ပျင်းလာရင် တမျိုးလေးပြောင်းပြီး အင်္ဂလိပ်ကားတွေ ကြည့်ပါတယ်... အရင်ကတော့ အင်္ဂလိပ်ကားတွေ ဘယ်နားဒေါင်းရမှန်းမသိတော့ တီဗွီကပြတာတွေကြည့်ဖြစ်တယ်... ဒါမှမဟုတ် ရုံသွားပြီးကြည့်တာတော့များတယ်... အဲဒိတလောကတော့ အလုပ်ကလူတွေဆီကနေ သူတို့ ဒေါင်းလာတာလေးတွေ ပြန်ပြန်ကူးကြည့်ဖြစ်လိုက် ကိုယ်ကြည့်ချင်တာလေး ဒေါင်းခိုင်းလိုက်နဲ့ တော်တော်လေးကြည့်ဖြစ်သွားတယ်... ကြည့်ဖြစ်တဲ့ကားလေးတွေထဲကမှ စိတ်ထဲမှာ မှတ်မှတ်ရရနဲ့ ကြိုက်တဲ့ကားလေးတွေအကြောင်း ပြန်ဖောက်သည်ချချင်တယ်... ကားတွေကတော့ အသစ်တွေတော့မဟုတ်ပါဘူး... ဒါပေမဲ့ မကြည့်ရသေးတဲ့ကားမှန်သမျှက မဗေဒါအတွက်တော့ ကားသစ်တွေပါပဲ... ခုပြောမဲ့ကားတွေကို ကြည့်ပြီးရင်လဲကြည့်ပြီးကြမှာပါ... မဗေဒါကတော့ လွန်ခဲ့တဲ့ ၆လလောက်ကမှ ကြည့်ဖြစ်ထားတာပါ....
The Truman Show (1998)
Truman Burbank ဆိုတဲ့ လူဟာ မွေးကတည်းက လျှို့ဝှက်ကင်မရာတွေများစွာကြားမှာနေနေခဲ့ရတယ်ဆိုတာကို သူကိုယ်တိုင်လဲ မသိပါဘူး... သူ့ဘ၀ဟာ သူများတွေလိုပဲသာမာန် လူတစ်ယောက်လို့ပဲထင်နေခဲ့တာပါ... တကယ်တော့ သူဟာ မိဘစွန့်ပစ်ခံ ကလေးတစ်ယောက်ဖြစ်ပြီး သူ့ကို executive producer Christof က ခေါ်ယူခဲ့ပြီး ဖန်တီးထားတဲ့ ဘ၀ဖြစ်တဲ့ သူ့ဘ၀ကို ၂၄နာရီ တီဗွီ အစီအစဉ်အနေနဲ့ တစ်ကမ္ဘာလုံးကို ထုတ်လွှင့်နေတာပါ... သူနေတဲ့ Seahaven ဆိုတဲ့ မြို့ငယ်လေးဟာလဲ တကယ့်မြို့အစစ်မဟုတ်ပဲ Christof ဖန်တီးထားတဲ့ ကြီးမားတဲ့ စတီဒီယိုအခန်းကြီးတစ်ခုဖြစ်ပါတယ်... အဲဒိ စတီဒီယိုထဲမှာ ဖန်တီးထားတဲ့ ရာသီဥတု... ပင်လယ်... ဖန်တီးထားတဲ့ နေနဲ့ လ... နေ့နဲ့ညတွေက ပုံမှန်ဖြစ်ပေါ်နေတယ်... Truman ကို အဲဒိမြို့ငယ်ထဲက မထွက်နိုင်အောင် ငယ်ငယ်ကတည်းက သူ့အဖေဟာ လေမှုန်တိုင်းကြောင့် ပင်လယ်ထဲမှာ သေတယ်ဆိုတဲ့ အဖြစ်ဆိုးကြီးကို ဖန်တီးပြီး ခြောက်ထားခဲ့ပါတယ်... တကယ်တော့ Truman သိထားတဲ့ သူ့မိဘတွေ သူ့သူငယ်ချင်းတွေ သူ့ အိမ်နီးချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေဟာ တကယ့်အစစ်တွေမဟုတ်ပဲ သရုပ်ဆောင်တွေသာဖြစ်ပါတယ်... Truman တစ်ယောက်တည်းသာ သူ့ဘ၀ကို သူ့ဘာသာ အမှန်ထင်ပြီး နေနေခဲ့တာပါ... သူဟာ တကယ့်အပြင်လောကမှာ နာမည်ကြီး celebrity ဖြစ်လို့ဖြစ်နေမှန်းတောင် မသိရှာခဲ့ပါဘူး.... သူ့ အချစ်ဦးဟာ Chrisof စီစဉ်ထားသလို သူနဲ့ နီးစပ်မဲ့ Meryl မဟုတ်ပဲ.... ဇာတ်ရံ အပိုအဖြစ်ထည့်ထားတဲ့ Sylvia ဆိုတဲ့ ကောင်မလေးဖြစ်ခဲ့တဲ့အခါမှာ Christof ဟာ Sylvia ကို ပါဝင်သရုပ်ဆောင်မှုမှ ထုတ်ပစ်ခဲ့တယ်... Meryl နဲ့ လက်ထပ်ခဲ့ပင်မဲ့ Truman ဟာ Sylvia ကို မေ့မရခဲ့သလို သူ့ဘေးပတ်ဝန်းကျင်မှာ ပုံမှန်ဖြစ်ပေါ်နေမှုတွေနဲ့ တစ်ခါတစ်ရံ ထူးခြားတဲ့ဖြစ်ရပ်တွေကြောင့် သူ့ဘ၀ကို သူ သံသယ၀င်လာခဲ့တယ်.... အားလုံးမထင်မှတ်ထားတဲ့ အပြုအမူမျိုးတွေ သူစမ်းသပ်လုပ်ပြီး အခြေအနေကို လေ့လာကြည့်တဲ့အခါမှာ သူနေခဲ့တဲ့ သာမာန်ဘ၀ဆိုတာ တကယ်တော့ လုပ်ယူထားတဲ့ ဘ၀ကြီးမှန်းရိပ်မိခဲ့တယ်... အားလုံး နဲ့ ၁ယောက် ၀ိုင်းလိမ်ခံနေရတဲ့ ဘ၀ကို သူဘယ်လို လွတ်မြောက်အောင်လုပ်မလဲ.....
Review
ဒီဇာတ်လမ်းမှာ နာမည်ကြီးမင်းသား Jim Carrey က Truman အဖြစ်သရုပ်ဆောင်ခဲ့ပြီး ဒီဇာတ်လမ်းနဲ့ သူဟာ Golden Globe award for Best Actor ဆုကို ရရှိခဲ့တယ်.... ရလဲ ရထိုက်တယ်... ဒီပိုစ့်ကို မရေးခင်အထိ အဲဒိကားမှာ သူ ဆုရခဲ့တာကို မသိခဲ့ဘူး... ဒါပေမဲ့ အဲဒိကားကြည့်တုန်းက ကိုယ်ပါ သူနဲ့ အတူ သူပျော်တာ သူဝမ်းနည်းတာ ကိုယ့်အပေါ်ထပ်တူထပ်မျှ ခံစားနေရတယ်... ဒီဇာတ်လမ်းဟာ ၁၉၉၈ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်တယ်... ၁၉၉၈ တုန်းက ကြည့်ရင်တော့ ဒီဇာတ်လမ်းကို ကြိုက်ဖို့နေနေသာသာ နားလည်ချင်မှတောင် နားလည်မယ်ထင်တယ်... စကားပြောတွေများတယ်.. အဓိက က စကားပြောတွေကနေ သဲလွန်စတွေ ပရိတ်သတ်ကိုပေးတယ်... ဇာတ်လမ်းအရ ပရိတ်သတ်ကိုလဲ Truman သိသလောက်ပဲ အစပိုင်းမှာ ပေးသိထားတယ်.. ဒါပေမဲ့ တချို့အကွက်တွေပြတာကို သိပ်နားမလည်သလိုလဲ ဖြစ်နေလိမ့်မယ်... ကားဆုံးခါနီးရောက်လေ အော်... ရှေ့ကပြသွားတဲ့အကွက်က ဒါကြောင့်ကိုးးးး ဆိုပြီး နားလည်သွားအောင်ပဲဖြစ်ဖြစ်... စဉ်းစားစရာဖြစ်နေအောင်ပဲဖြစ်ဖြစ် လုပ်ဆောင်သွားတယ်... အပေါ်မှာ ဇာတ်လမ်းပြောထားလို့ သိပြီးရင် ဘယ်ကြည့်လို့ကောင်းတော့မလဲလို့ ထင်ကောင်းထင်မယ်.... ဒါပေမဲ့ မဗေဒါ အတတ်နိုင်ဆုံး ဇာတ်လမ်းအနှစ်ကို မထိအောင် ကျောရိုးမျှပြောထားတာဖြစ်တယ်... သူဘယ်လိုကဘယ်လို သဲလွန်စသေးသေးလေးတွေကနေ ရိပ်မိလာတယ်... ဘယ်လို ရုံးထွက်ဖို့ကြိုးစားလဲ... သူ့ရဲ့ emotional သရုပ်ဆောင်မှုတွေ ဟာ ဘာနဲ့မှ မလဲနိုင်ဘူး... နောက်ဆုံးခန်းဆို သူ့နေရာမှာ ခံစားပြီး ဆို့နစ်ပြီး သနားလို့ ငိုလိုက်ရတာမပြောနဲ့... ဒီဇာတ်လမ်းလေးမှာ ရုပ်ရှင်ရဲ့ Catchphrase ဖြစ်တဲ့ မင်းသားပြောနေကျစကားလေးကို သဘောကျတယ်... "Good morning!.... In case I don't see you. Good afternoon, Good evening and Good night" တဲ့... ဒီဇာတ်လမ်းလေးက ပေးချင်တဲ့သင်ခန်းစာလေးကို မဗေဒါအနေနဲ့ ဒီလိုထင်မိတယ်... လူ့ဘ၀ထဲမှာနေနေတဲ့ လူတွေတော်တော်များများဟာ တကယ်တော့ Truman လိုပဲ အများက သတ်မှတ်ထားတဲ့ စည်းဘောင်တွေ မိဘ အသိုင်းအ၀ိုင်းက ဆုံးဖြတ်ပေးတဲ့ အရာတွေနဲ့ ကိုယ့်ဘ၀ကို သူများဆုံးဖြတ်မှုတွေနဲ့ နေနေကြတာများတယ်... ကိုယ့်ဘ၀ကို ဘေးက ဘာပရောဂမှမပါပဲ ကိုယ့်လမ်းကိုယ်ရွေးကိုယ့်အတွက် အမှန်တရားဖြစ်ပြီး ကိုယ့်ဘ၀ကိုယ်ပိုင်နိုင်တဲ့လူဖြစ်ဖို့ အရာရာကို စွန့်စား ဖောက်ထွင်းနိုင်တဲ့ အင်အား သတ္တိတွေရှိဖို့လိုတယ်... ဆုံးဖြတ်ချက်ချနိုင်ဖို့လိုတယ်ဆိုတဲ့ သင်ခန်းစာပေးတယ်လို့ ထင်တာပဲ....
အောက်ကဗွီဒီယိုလေးကတော့ The Truman Show fan made MV လေးပါ.. Trailer ထက် မဗေဒါအတွက် အလွမ်းပြေကြည့် လို့ရအောင် MV လေးပဲထည့်လိုက်ပါတယ်... spoiler မကြိုက်ဘူးဆိုရင်တော့ မကြည့်ချင်လဲ မကြည့်ပါနဲ့... ဇာတ်လမ်းသာ ရှာကြည့်လိုက်ပါ...
Equilibrium (2002)
တတိယကမ္ဘာစစ်အပြီးမှာ Libria ဆိုတဲ့ မြို့လေးမှာ လူတွေဟာ စစ်ကိုမုန်းတီးနေကြပြီး လူတွေရဲ့ ခံစားတတ်တဲ့ စိတ်တွေကြောင့် လောဘ ဒေါသ မောဟ တွေဖြစ်ပြီး စစ်ဖြစ်တယ်လို့ယူဆပြီး လူသားတွေကို ခံစားတတ်တဲ့စိတ်မဖြစ်အောင် Prozium ဆိုတဲ့ မူးယစ်ဆေးတစ်မျိုးကို မှန်မှန်သုံးစွဲခိုင်းပြီး စိတ်ခံစားမှု ပပျောက်တဲ့ လမ်းစဉ်ကို ချမှတ်တဲ့ the Tetragrammaton Council ဆိုတာက ကြီးစိုးနေပါတယ်... အဲဒိ Council ရဲ့ အကြီးအကဲကိုတော့ Father လို့ခေါ်ပြီး အများနဲ့ တိုက်ရိုက် မတွေ့ဖူးပဲ အဲဒိလူပုံကို တီဗွီကနေပဲ ခံစားမှုမရှိရေး တရားတွေဟောနေတာကို ထုတ်လွှင့်ထားပါတယ်... စိတ်ခံစားမှုရှိတယ်လို့ သံသယရှိတဲ့လူတွေအားလုံးကို ရာဇ၀တ်ကောင်လို့သတ်မှတ်ပြီး သုတ်သင်ပါတယ်... စိတ်ခံစားမှုကို အားပေးတဲ့ ပန်းချီ စာအုပ် အနုပညာ မှန်သမျှကိုလဲ ဖျက်ဆီးသုတ်သင်ပါတယ်... အဲဒိ ဥပဒေကြီး တည်တံ့နေဖို့အတွက် အဓိကပံ့ပိုးနေရသူတွေကိုတော့ Clerics လို့ခေါ်ပါတယ်... Clerics တွေဟာ အဆင့်မြင့် သေနတ်သိုင်းပညာဖြစ်တဲ့ Gun Kata ဆိုတဲ့ ပညာကို ကျွမ်းကျင်စွာတတ်မြောက်ပြီး ရှေ့မှာပြောခဲ့တဲ့ စိတ်ခံစားမှုကို ဖြစ်စေတဲ့ ပစ္စည်းတွေနဲ့ စိတ်ခံစားမှုရှိတဲ့ လူတွေကို လိုက်သုတ်သင်တဲ့ သူတွေဖြစ်ပါတယ်...
John Preston ဟာ ရာထူးအတော်လေးမြင့်တဲ့ Clerics တစ်ဦးဖြစ်ပါတယ်... သူ့မှာ သားတစ်ယောက် သမီးတစ်ယောက်ရှိပြီး သူ့မိန်းမဟာလဲ ခံစားချက်ရှိတယ်လို့ ယူဆခံရလို့ သေဒဏ်ကျမှတ်ခဲ့တာဖြစ်တယ်... သူဟာ သိုင်းပညာကိုတစ်ဖက်ကမ်းခက်တတ်မြောက်ပြီး ခံစားမှု မရှိဘူးလို့ ယုံကြည်ခံထားရတဲ့ Clerics တစ်ဦးလဲဖြစ်တယ်... တစ်နေ့တော့ သူ့ရဲ့ Partner Clerics ဟာ ဖျက်ဆီးရမဲ့ ကဗျာစာအုပ်တစ်ခုကို မဖျက်ဆီးပဲ ခိုးဖတ်နေတာကို သူမိတဲ့အချိန်မှာ ခံစားချက်ရှိတယ်လို့ဆိုပြီး သူကိုယ်တိုင် သတ်ခဲ့တယ်... မသတ်ခင် သူ့ Partner က ခံစားတတ်လို့ အသတ်ခံရမယ်ဆိုရင် သူပျော်ပျော်ကြီးသေရဲတယ်လို့ ပြောသွားတဲ့စကားက သူ့စိတ်တွေကို လေးလံစေခဲ့တယ်... နောက်နေ့မှာ သူတို့ သုံးနေကျ Prozium ဆေးက သောက်ရမဲ့အချိန်မှာ ကျကွဲခဲ့တာကြောင့် ဆေး ၁ပတ်လွတ်သွားတဲ့အချိန်မှာ သူကိုယ်တိုင် ခံစားတတ်လာတယ်... သူ့ Partner အသစ်နဲ့ အတူ နောက်နေ့ မှာ ခံစားချက်ရှိတယ်လို့ သတင်းရတဲ့ တရားခံ Mary O'Brien ဆီကို အသွားမှာ မြင်မြင်ချင်းပဲ Preston ဟာ Mary ကို စိတ်ဝင်စားခဲ့တယ်... အဲဒိနောက်ပိုင်း သူ ဆေးတွေကို မှန်မှန်မသုံးပဲ လေ့လာတဲ့အခါမှာ ဒီစနစ်ကြီးဟာ မှားနေမှန်း သိလာတယ်.... ဒါပေမဲ့ သူ့ Partner အသစ်ကလဲ သူ့ကို အလွတ်မပေးခဲ့ပါဘူး.... အဲဒိ Libria မြို့မှာ ခံစားချက်ရှိတဲ့ လူတွေကလဲ underground မှာ တော်လှန်ဖို့စီစဉ်နေတယ်ဆိုတာကို Preston သိသွားတဲ့အခါ ဘယ်လို တိုက်ကြမလဲ...
Review...
ဒီကားကို Youtube ပေါ်မှာ မထင်မှတ်ပဲ fan made ဗွီဒီယို လေးကို ကြည့်ဖူးရာကစပြီး ကြည့်ချင်ခဲ့တာပါ... ကြည့်ချင်ခဲ့တာ အတော်ကြာပင်မဲ့ အကြောင်းအမျိုးမျိုးကြောင့် မကြည့်ဖြစ်ခဲ့ပါဘူး... ခုတစ်လောကမှ ကြည့်ဖြစ်တယ်.... Bat Man မင်းသား Christian Bale က Clerics Preston အဖြစ် အဓိကနေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်.... ဒီမင်းသားကို အရင်ကကားတွေမှာ တစ်သက်နဲ့ တစ်ကိုယ် Cool ဖြစ်တယ်လို့ မမြင်ခဲ့ဖူးပါဘူး... ဒီကားကြည့်အပြီးမှာတော့ သူ့ကို ကလိကလိ ကကျိကကျိနဲ့ကို မဗေဒါ သဘောကျနေပါတယ်... (ခုတစ်လောမှကြည့်ထားတော့ ပိုးကမသေသေးတာ ခွေးလွှတ်ပါ)... သူ့မှာ Feeling ရှိရဲ့သားနဲ့ Feeling မရှိတဲ့ပုံမျိုးသရုပ်ဆောင်တာ... Feeling ရှိပြီးနောက်ပိုင်းမှာ သတ်တာဖြတ်တာတွေ မလုပ်ချင်တော့တဲ့ သူ့ရဲ့ အပြုအမူပြောင်းလဲမှုကို မသိသာအောင် ဖုံးအုပ်ရတာ... အရမ်းသနားစရာလဲကောင်းသလို အရမ်းလဲ Cool ဖြစ်ပါတယ်... ဒါပေမဲ့ ဒီကားထွက်တဲ့ ၂၀၀၂ ခုနှစ်မှာ အကြီးအကျယ် အရှုံးနဲ့ရင်ဆိုင်ခဲ့ရပါတယ်... ဘာလို့လဲဆိုတော့ အဲဒိ အချိန်မှာ Keanu Reeves ရဲ့ The matrix reloaded ဆိုတဲ့ကားကလဲ တပြိုင်တည်းထွက်ခဲ့လို့ပါပဲ... Matrix ဟုန်းဟုန်းတောက်နာမည်ကြီးနေတဲ့အချိန်မှာ... Equilibrium ဟာ ရုံပြည့်မှာတောင် မပြသလိုက်ရပဲ ခွက်ခွက်လန် ရှုံးသွားတာတောင် လူမသိလိုက်ပါဘူး... Equilibrium ဟာ ဇာတ်လမ်းအရတော့ အတော်လေး ကြောင်တောင်တောင် မဖြစ်နိုင်ပင်မဲ့...(fiction ဆိုတာ အားလုံး မဖြစ်နိုင်ဘူးဆိုပင်မဲ့... ခံစားမှုမရှိအောင် လုပ်တဲ့ ကမ္ဘာဆိုတာကတော့ အလွန်ကြောင်ပါတယ်... ) ဒီလောက်ကြီး အရှုံးပေါ်စရာတော့ မလိုဘူးထင်ပါတယ်... The Matrix ကို Keanu Reeves ကြိုက်လို့ အဲဒိတုန်းက ကြည့်ဖို့ကြိုးစားခဲ့ပင်မဲ့ဘယ်လိုမှ နားမလည်တာကြောင့် မကြည့်ဖြစ်ခဲ့ပါဘူး... ဒါပေမဲ့ Equilibrium ကတော့ ဒီလောက်ကြီး မညံ့ပင်မဲ့ လူသိနည်းခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ... ဇာတ်လမ်းအခြေခံ အရမ်းမကောင်းပင်မဲ့ ကြည့်သင့်တဲ့ ဇာတ်ကားလေးလို့လဲ ကျွန်မထင်ပါတယ်... အနည်းဆုံးတော့ မင်းသား Christian Bale နဲ့ ချတဲ့အကွက်တွေ အတွက်ပေါ့...
အောက်က ဗွီဒီယိုလေးကတော့ Equilibrium ကို ကျွန်မစတင်သိခဲ့ပြီး ကြည့်ချင်သွားအောင် စွမ်းဆောင်ခဲ့တဲ့ ဗွီဒီယိုလေးပါ...
Hide and Seek (2005)
ဒါကတော့ Mystery, Suspense, Thriller ဇာတ်ကားလေးပါ... တခြား Thriller ဇာတ်ကားတွေလိုပါပဲ... what lies beneath တို့လိုကားမျိုးကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီကားလေးကိုလဲ သဘောကျမယ်လို့ထင်ပါတယ်... (မဗေဒါက What lies beneath ကိုလဲ ကြိုက်ပါတယ်)... ဇာတ်လမ်းလေးကတော့ သူ့ဇနီးရေချိုးခန်းထဲမှာ ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့ အဖြစ်အပြီးမှာ Dr. David Callaway ဟာ သူ့သမီးငယ် Emily စိတ်အနှောင့်အယှက်မဖြစ်စေရန် အတွက် တခြားမြို့တမြို့မှာရှိတဲ့ တောအုပ်နားက အိမ်ကျယ်ကြီးတစ်ခုမှာ သွားရောက်ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်... သို့သော် အဲဒိအိမ်ကိုရောက်ပြီးကတည်းက သူ့သမီး Emily ထူးဆန်းစွာပြုမူပြီး Charlies လို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ရရှိနေတယ်လို့ သူ့အဖေကိုပြောပါတယ်... သိပ်မကြာခင်မှာပဲ ကြောက်မက်ဖွယ် အဖြစ်တွေ တစ်ခုပြီး တစ်ခုဖြစ်ခဲ့ပြီး Emily က Charlies လုပ်တယ်လို့ပဲ သူ့အဖေကိုပြောပါတယ်... David ဟာ Charlies ဆိုတာ ဘယ်သူလဲ ဘယ်မှာလဲ ဆိုတာကို မေးတိုင်း လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ Emily ကို စိတ်ရောဂါဝေတနာဖြစ်နေတယ်လို့ယူဆပြီး စိတ်ရောဂါကုဆရာဝန်မ Elizabeth ပြသခဲ့ပါတယ်... တစ်ရက် Elizabeth အိမ်ကိုအလာ Emily က Charlies နဲ့ တူတူပုန်းတမ်း (Hide and Seek) ကစားနေတယ်လို့ပြောလို့ ဆရာဝန်မကလဲ ဆော့သယောင်နဲ့ Charlies ရှိတယ်လို့ပြောတဲ့ ဗီဒိုကို အဖွင့်မှာတော့ သူမကို ဗီဒိုထဲကနေ အားကြီးစွာတွန်းလိုက်ပြီး အနီးက ပြတင်းပေါက်အထိပါ တွန်းချခံလိုက်ရပါတော့တယ်.... ကဲ.... ဒီကားရဲ့ အဓိက စိတ်ဝင်စားစရာအကောင်းဆုံးအချက်နဲ့ ဒီကားကို တခြားကား Thriller ကားတွေနဲ့ ကွာခြားသွားအောင် လုပ်နိုင်တဲ့ အချက်က Charlies ဆိုတာ ဘယ်သူလဲဆိုတဲ့ Mystery ပေါ်မှာ မူတည်နေပါတယ်... ဒီအချက်လေးကို မဗေဒါ မဖော်ပဲ ထိန်ချန်ထားပြီး ဖန်သားပြင်ပေါ်မှာ စိတ်ဝင်စားစွာ ကြည့်ရှုကြပါလို့ပြောချင်ပါတော့တယ်....
Review
ဒီပိုစ့်ကိုရေးဖို့အတွက် အမှီအငြမ်း info လိုက်ရှာရင်း Pro critics တွေရဲ့ ဝေဖန်ချက်တွေကို ဖတ်မိတယ်... တော်တော်များများကတော့ သိပ်အကောင်းမပြောကြဘူး... ဒီကားဟာ ခါတိုင်း Thrillers ကားတွေထဲက တစ်ကားပဲ ဘာမှ ထူးထူးခြားခြားမရှိဘူးလို့ပြောကြတယ်... တချို့ကလဲ ဇာတ်လမ်းဇာတ်ကွက်မရှိပဲ မကောင်းဘူးလို့ပြောကြတယ်.... ဘယ်လိုပဲဖြစ်ဖြစ်... မဗေဒါကတော့ မဗေဒါအမြင်အရ ကြိုက်တယ်လို့ပဲပြောချင်တယ်... ဇာတ်လမ်းအရတော့ တခြား Thrillers ကားတွေလိုပဲဆိုပင်မဲ့ ဇာတ်သိမ်းမှာ မထင်မှတ်ထားတဲ့ twist လေးက စိတ်ဝင်စားဖို့ကောင်းတယ်... ကလေးသရုပ်ဆောင် Dakota Fanning ဟာလဲ အရွယ်လေးနဲ့မလိုက်အောင် Creepy ဖြစ်ဖြစ် မျက်နှာပေးနဲ့ သရုပ်ဆောင်တတ်တယ်... သူ့အဖေ David လုပ်တဲ့ Robert De Niro ဆိုတာလဲ နာမည်ကြီးမင်းသားတစ်လက်ပါပဲ... အဲဒိ Critics တွေပြောသလောက်လဲ ကားက မဆိုးပါဘူး... သူတို့ အရသာနဲ့ ကိုယ်တွေ အရသာပဲ မတူလို့လားတော့မသိဘူး... ဒီတော့ အားလုံးကြည့်ပြီးမှပဲ ကြိုက်လား မကြိုက်လားပြောကြပါတော့...
Movie Trailer လေးက ဒီမှာပါ...
Case 39 (2009)
Social Worker Emily Jenkins ဟာ ၁၀ နှစ်အရွယ် Lillith ဆိုတဲ့ ကလေးမလေးရဲ့ မိဘတွေ ကလေးကို ညဉ်းပန်းတယ်လို့ ယူဆတဲ့ အမှုတစ်ခုကို လိုက်ဖို့ တာဝန်ကျခဲ့ပါတယ်... သူမ Lillith အိမ်ကို သွားရောက် စစ်ဆေးတဲ့အခါမှာလဲ မိဘတွေရဲ့ မူမမှန်တဲ့ အပြုအမူကြောင့် ကလေးကို အစိုးရက ခေါ်ယူထိန်းသိမ်းဖို့ကို လျှောက်ထားခဲ့ပါတယ်... သူမရဲ့ ထင်မြင်ချက်တွေကို ပိုမိုခိုင်မာသွားစေတာကတော့ Lillith ရဲ့ မိဘတွေဟာ ကလေးကို သတ်ဖို့ ကြိုးစားတာကို Emily ကိုယ်တိုင်တွေ့လိုက်တဲ့အခါမှာ Lillith ကိုကယ်တင်ရင်း မွေးစားမဲ့သူမရှိမချင်း သူမက ခေါ်ယူစောင့်ရှောက်ထားဖို့ တောင်းဆိုခဲ့ပါတယ်...
သို့သော် Lillith သူမအိမ်ကိုရောက်လာတဲ့ အချိန်ကစပြီး ထူးခြားတဲ့ အဖြစ်ဆိုးတွေ ပတ်ဝန်းကျင်မှာ တစ်ခုပြီး တစ်ခုဖြစ်ခဲ့ပြီး အဲဒိ အဖြစ်တွေဟာ ကလေးမနဲ့ တစ်နည်းနည်းနဲ့ ဆက်စပ်နေတယ်ဆိုတာကို သူမ သိရှိလာတဲ့အခါ........
Review...
Chicago ကား ထဲက နာမည်ကြီးမင်းသမီး Renée Zellweger က Emily အဖြစ်သရုပ်ဆောင်ထားတဲ့ Thriller-horror ဇာတ်ကားလေးပါ... Omen လိုကားမျိုးကို သဘောကျတဲ့သူတွေအတွက် ဒီကားလေးဟာလဲ ကားကောင်းလေးတစ်ခုဖြစ်မှာပါ.... မင်းသမီးကြီးရော ကလေးသရုပ်ဆောင်ပါ အတော်လေး သရုပ်ဆောင်ကောင်းလို့ ဒီဇာတ်ကားကို ထိန်းသွားတယ်လို့ထင်ပါတယ်.... ပျင်းနေတဲ့အချိန် သဲထိပ်ရင်ဖိုလေးလဲကြည့်ချင် အရမ်းလဲ ကြောက်ဖို့ကောင်းတာတွေလဲ မကြည့်ရဲဆိုသူတွေအတွက် အနေတော်ပဲလို့ ထင်ပါတယ်... (မဗေဒါအတွက်တော့ အရမ်းကြောက်ဖို့မကောင်းဘူးလို့ထင်တာပါပဲ... ဒါပေမဲ့ နည်းနည်းလေးကအစ ကြောက်တတ်ရင်တော့ မကြည့်တာကောင်းပါတယ်.. ဟဲ.. ဟဲ..)... Trailer မှာကအစ ဇာတ်ကြောင်းရဲ့ အဓိကအချက်ကို မဖော်ထားတဲ့အတွက် မဗေဒါလဲ ဖော်မပြောတော့ပါဘူး... စူးစမ်းကြည့်ရင်းမှ ပိုစိတ်ဝင်စားစရာကောင်းမယ်ထင်လို့ပါ... ဒီကားလေးကိုကြည့်ပြီးတော့ လူတွေအတွက် ကြောက်စရာအကောင်းဆုံးရန်သူဟာ ဘယ်သူမှမဟုတ်ဘူး... ကိုယ့်ကြောက်စိတ်ပဲ... အဲဒါကို အောင်နိုင်ရင် ဘယ်သူမှ ကိုယ့်ကို အနိုင်မယူနိုင်ဘူးဆိုတဲ့ သင်ခန်းစာပေးတယ်လို့ထင်ပါတယ်...
အောက်ကတော့ Trailer လေးပါ...
မဗေဒါ ခုလတ်တလော ကြည့်မယ်စိတ်ကူးထားတဲ့ ကားလေးကတော့ ခု ရုံတင်နေတဲ့
Black Swan ပါ... မင်းသမီးလဲ ချောသလို ကြည့်လို့ကောင်းမယ်လို့လဲ ထင်ပါတယ်....
Sunday, January 23, 2011
Wedding Emcee လုပ်မယ်ဆိုရင်...
Wedding Emcee ဆိုတာ ရှည်ရှည်ဝေးဝေးတွေ ဇာတ်လမ်းလုပ်ပြောနေစရာမလိုဘူး... ဒီလိုပဲ ဘာပြီးရင် ဘာလာမယ်ကြေငြာရုံပဲဆိုပြီး လွယ်တယ်လို့ ထင်ရင်တော့ မှားပါလိမ့်မယ်... ပွဲတစ်ပွဲရဲ့ အောင်မြင်မှုက MC အထိန်းကောင်းမှုပေါ်လဲ အများကြီးမူတည်တယ်လို့ စာတွေဖတ်ရင်းရော... ကျောင်းက သင်္ကြန်ပွဲလုပ်တုန်းက မြင်ခဲ့သိခဲ့ရတဲ့ အတွေ့အကြုံတွေရောကြောင့် သိမှတ်မိပါတယ်..
Wedding Emcee တွေ အဓိက သိရမဲ့ အချက်သုံးချက်ကို အင်တာနက်မှာရှာလို့တွေ့တာကတော့...
1. Clearly Identify Your Duties As The Wedding MC
(ကိုယ့်တာဝန်ကိုယ် ကွဲကွဲပြားပြားသိရမယ်)
mc တစ်ယောက်ဟာ အစီအစဉ်တစ်ခု ပွဲတစ်ခုကို အစီအစဉ်အတိုင်း တစ်ခုပြီးတစ်ခု အဆင်လိုက်ဖြစ်အောင် ပြီးမြောက်ဖို့အတွက် သေချာအောင် ပြုလုပ်ရတဲ့သူပါ...
mc တစ်ယောက်ရဲ့တာဝန်ဟာ ပုံစံတစ်ခုတည်း set ထားလို့မရပါဘူး... သတို့သမီး သတို့သားက လိုချင်တဲ့ မင်္ဂလာဆောင်အစီအစဉ် ပေါ်မှာပဲ မူတည်ပါတယ်... မင်္ဂလာစုံတွဲနဲ့ အစီအစဉ် အသေးစိတ်ကို ဆွေးနွေးတိုင်ပင် အတည်ပြုပြီး ကိုယ့်တာဝန်ကို ကိုယ်လုပ်ရမှာဖြစ်တယ်...
2. Put Together A Running Sheet
(စာရွက်ထဲမှာ အားလုံးကို သေချာမှတ်ထားဖို့)
ကိုယ်လုပ်ရမဲ့ နေရာကို အောင်မြင်ချင်ရင်တော့ အစီအစဉ်ချထားဖို့လိုတယ်... စင်ပေါ်မှာ လူတွေအများကြီးရှေ့မှာ စိတ်လှုပ်ရှားမှုနည်းပြီး အမှားအယွင်းနည်းအောင် လုပ်နိုင်ဖို့က ဘယ်အချိန် ဘယ်နေရာမှာ ဘယ်သူက ဘာလုပ်မယ်ဆိုတာကို အတိအကျသိနေဖို့လိုအပ်တယ်...
အဲဒိအတွက် မိနစ်တိုင်း မိနစ်တိုင်းအတွက် ဘာပြီးရင် ဘာလာမယ် ဘယ်နေရာက ဘယ်သူနဲ့ဆိုတာကို အတိအကျရေးထားတဲ့ စာရွက်တစ်ရွက်လိုတယ်...
ပြီးတော့ ပါဝင်တဲ့သူတွေအားလုံးကိုလဲ သူတို့ ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာကို သိအောင် သေချာပြောဆိုထားရမယ်...
ဥပမာ... speech ပြောတာပဲဖြစ်ဖြစ် toast လုပ်တာပဲဖြစ်ဖြစ် အချိန်ဘယ်လောက်ကြာကြာ ပြောရမယ်ဆိုတာကို သူတို့သိအောင် တိုင်ပင်ထားရမယ်...
Wedding mc တစ်ယောက်ရဲ့ အလုပ်ဟာ လွယ်ကူပြီး သဘာဝကျနေတဲ့ပုံစံမျိုးဖြစ်အောင် သင်ဟာ အတော်လေး ကြိုးစားအားထုတ်ဖို့လိုတယ်...
3. Don't Take Center Stage
(အဓိက ဇာတ်စင်ပေါ်က လူမဖြစ်ပါစေနဲ့)
သေချာအောင်တစ်ခုတော့ ပြောပရစေ... သင်ဟာ ဧည့်သည်တွေကို ဖျော်ဖြေတဲ့အထဲမှာ မပါပါဘူး... သင်ဟာ ပရိတ်သတ် စိတ်ဝင်စားအောင် ဂိမ်းတွေ ရီစရာ အသေးအဖွဲလေးတွေပြောရင် အဓိက Speech ပြောမဲ့သူနဲ့ ပရိတ်သတ်ကို မိတ်ဆက်ပေးလို့ရပင်မဲ့... သေချာတာတစ်ခုကတော့ သင်ဟာ ဒီပွဲရဲ့ ဟာသဖျော်ဖြေသူမဟုတ်သလို... ဒီပွဲရဲ့ Star လဲမဟုတ်ပါဘူး...
အောင်မြင်တဲ့ Emcee ဆိုတာ သတို့သားနဲ့ သတို့သမီး မီးရောင်အောက်မှာ ပိုပြီးတော့ ထင်ပေါ်အောင် ပံ့ပိုးပေးတဲ့သူတစ်ယောက်သာဖြစ်ပါတယ်...
Reference from http://ezinearticles.com/?Wedding-Emcee---3-Things-You-Must-Know-For-Success&id=957202
ပွဲထဲမှာ ပါဝင်တဲ့ အစီအစဉ်နဲ့ အရာမှန်သမျှကို မကျန်ရလေအောင် mc က စစ်ဆေးဖို့အတွက် Wedding MC Checklist တစ်ခုလိုပါတယ်... ပွဲမစမီ ဘာတွေလိုတယ်.. ပွဲအတွင်း ဘာလိုတယ်... နဲ့ ပွဲပြီးသွားရင် ဘာလိုတယ်ကအစ စစ်ဆေးဖို့ စာရင်းရှိနေရပါမယ်တဲ့...
အောက်ပါ အချက် ၉ ချက်ကတော့ Wedding MC တစ်ယောက်အတွက် ပြင်ဆင်သင့်တဲ့ ယေဘူယျ checklist ပါပဲ...
Wedding MC Checklist - Item #1 - Meet with the wedding planners
(မင်္ဂလာပွဲ အစီအစဉ်ဆွဲသူနဲ့ တွေ့ဆုံရပါမယ်)
မင်္ဂလာ အစီအစဉ်ဆွဲသူဟာ သတို့သမီး အမေလဲ ဖြစ်နိုင်တယ်... သတို့သမီးကိုယ်တိုင်လဲဖြစ်နိုင်တယ်.. ဒါမှမဟုတ်ရင် Professional Wedding planner လဲဖြစ်နိုင်ပါတယ်...
အစီအစဉ်ကြေငြာသူတစ်ယောက်အနေနဲ့ လုပ်ရမှာတွေထဲက ပထမဆုံးလုပ်ရမှာကတော့ အစီအစဉ်ရေးဆွဲသူနဲ့တွေ့ပြီး သင့်တာဝန်ကို သူတို့က ဘယ်လိုဖြစ်စေချင်လဲဆိုတာရယ်... မင်္ဂလာပွဲနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်ရယ်ကို ရယူရမှာဖြစ်ပါတယ်...
ဒီတော့မှ မင်္ဂလာပွဲ အစီအစဉ်အတွက် လိုအပ်တဲ့ စာရင်းတွေနဲ့ အစီအစဉ်စာရွက်ကို စတင်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်...
Wedding MC Checklist - Item #2 - Gather background information on the bride and groom
(သတို့သား သတို့သမီးရဲ့ အကြောင်းကို လေ့လာထားရပါမယ်...)
သတို့သား သတို့သမီးအကြောင်း အနည်းကို သိထားခြင်းအားဖြင့် စင်ပေါ်မှာ စကားပြောရင်း သူတို့အကြောင်း ကောက်နုတ်ချက်ချတဲ့အခါမှာ မှန်ကန်စွာပြောနိုင်မှာဖြစ်ပါတယ်...
သူတို့ ငယ်ဘ၀၊ သူတို့ဘယ်လိုဆုံခဲ့ကြတယ်နဲ့ သူတို့ရဲ့ စေ့စပ်ပွဲ တွေအပြင် သူတို့ရဲ့ လာမဲ့ ပျားရည်စမ်းခရီးဟာ ဘယ်ကိုလဲဆိုတဲ့ အချက်အလက်မျိုးလေးတွေကို စုဆောင်းထားရပါမယ်...
(ဒီအချက်ကတော့ မဗေဒါလဲ အစီအစဉ်သာ ကြေငြာဖို့စိတ်ကူးထားပြီး တတ်နိုင်သမျှ အပိုမပြောဖို့ စဉ်းစားထားတဲ့အတွက် မဗေဒါအတွက်တော့ မလိုလောက်ဖူးထင်ပါတယ်... ဒါပေမဲ့ သတို့သား သတို့သမီး ဇာတ်လမ်းကိုတော့ အကြမ်းပျင်းတော့ သိထားပြီးပါပြီ)
Wedding MC Checklist - Item #3 - Gather background information on the speakers who will be making wedding speeches and toasts
(Wedding မှာ အမှာစကားပြောမဲ့သူပဲဖြစ်ဖြစ်... Toasts လုပ်မဲ့သူပဲဖြစ်ဖြစ်ရဲ့ အကြောင်းကိုလဲ သိထားသင့်ပါတယ်)
မင်္ဂလာစုံတွဲက သင့်ကို speech ပြောပါလို့ မတောင်းဆိုတာပဲဖြစ်ဖြစ်... ဒီပွဲမှာ MC က Toasts နဲ့ Speech ပြောဖို့ မလိုပါဘူးလို့ ပြောလာရင်ပဲဖြစ်ဖြစ်... သူတို့မှာ Wedding toasts နဲ့ Speech ကို ပြောမဲ့သူရှိပြီးသားလို့ ခန့်မှန်းရပါတယ်...
ယေဘူယျအားဖြင့် Wedding Speeches နဲ့ Toasts ကို သတို့သား အရင်းနှီးဆုံးသူငယ်ချင်း... သတို့သမီး အဖေ၊ သတို့သမီး အရင်းနှီးဆုံး သူငယ်ချင်း တို့က ပြောကြတာများပါတယ်... တခြား မိသားစုဝင်တွေဖြစ်တဲ့ သတို့သမီး အမေ၊ သတို့သား အဖေ၊ သတို့သား အမေ တို့လဲ Wedding speech နဲ့ toast ကို ပြောလို့ရပါတယ်...
သင်စုဆောင်းထားတဲ့ speakers ရဲ့ အကြောင်းအရာဟာ သူ့ကို စကားပြောဖို့ ပရိတ်သတ်နဲ့ မိတ်ဆက်ပေးပြီး ဖိတ်တဲ့ အချိန်မှာ အသုံးပြုရမှာဖြစ်ပါတယ်...
(မဗေဒါအတွက်ကတော့ Toasts ကို MC ကပဲ လုပ်ရမှာဖြစ်ပြီး... နောက်မှ သတို့သားက ကျေးဇူးတင်စကားလိုမျိုးပြောမယ်ထင်ပါတယ်...)
Wedding MC Checklist - Item #4 - Prepare the wedding reception agenda
(မင်္ဂလာ အစီအစဉ်တွေကို ပြင်ဆင်ထားဖို့ပါ)...
ဒီအစီအစဉ်ဟာ သင့်ရဲ့ ပွဲတစ်လျှောက် အသေးစိပ်အသုံးပြုရမဲ့ အချိန်ဇယားဖြစ်ပြီး Wedding planner နဲ့ တိုင်ပင်ပြီး ပြင်ဆင်ရမှာဖြစ်ပါတယ်...
ဧည့်သည်တွေလာတဲ့အချိန်က စပြီး ... Wedding speeches and Toasts အပါအ၀င် နောက်ဆုံး နှုတ်ဆက်အထိ ဒီ အစီအစဉ်စာရွက် အတိုင်း သတ်မှတ်ထားတဲ့ အချိန်အတွင်း အခန်းအနား ချောချောမွတ်မွတ် ပြီးစီးနိုင်အောင် လမ်းပြပေးမဲ့ စာရင်းပဲဖြစ်ပါတယ်...
(အဲဒါအရေးကြီးတယ်... သူတို့ အစီအစဉ်တော့ သိထားပြီးပြီ... ဒါပေမဲ့ အသေးစိတ်တော့ ထပ်သိပြီး တိုက်ချင်သေးတယ်... သတို့သမီးနဲ့တော့ အားတဲ့တစ်ရက်တွေ့ဖို့ရှိတယ်...)
Wedding MC Checklist - Item #5 - Prepare the wedding mc’s run sheet
(Wedding mc အစီအစဉ်စာရွက်)
The wedding mc’s run sheet ဟာ စောစောက နံပါတ ၄က မင်္ဂလာအစီအစဉ်ထပ် ပိုပြီး အသေးစိပ်ကျပါတယ်...
ဥပမာ မင်္ဂလာ အစီအစဉ် စာရွက်ထဲမှာ "“wedding speeches and toasts,” လို့ပဲရေးထားတဲ့အချိန်မှာ... Mc စာရွက်ထဲမှာတော့ ဘယ်သူ့အတွက် ဘယ်သူက ပြောပေးမယ်ဆိုတာရယ်... ပြောပေးမဲ့သူရဲ့ အကြောင်း အနည်းငယ်ရယ်ကို ရေးသားထားမှာဖြစ်ပါတယ်...
(မဗေဒါအတွက်တော့ Wedding Mc run sheet ပဲလုပ်လိုက်ရင် လုံလောက်မလား... ဟီး... ဟီး.. စာရွက်တွေများရင် ရောကုန်လိမ့်မယ်)
Wedding MC Checklist - Item #6 - Prepare your material
(လိုအပ်တဲ့ ပစ္စည်းတွေကို ပြင်ဆင်ပါ)
ခု သင့်မှာ မင်္ဂလာမောင်နှံရယ်၊ မင်္ဂလာစကားပြောမဲ့သူရယ်၊ လိုအပ်တဲ့ ပစ္စည်းတွေရယ်ရှိပြီဆိုတော့ အားလုံးကို ပေါင်းရမဲ့ အချိန်ရောက်လာပါပြီ...
သင့်ရဲ့ MC speech, အဖွင့် MC စကားပြော၊ မိတ်ဆက်၊ ပရိတ်သတ်တွေအတွက် ဂိမ်းအစီအစဉ်၊ ဟာသ အဖြစ်အပျက်လေးတွေ၊ နဲ့ မင်္ဂလာပွဲအတွက် လိုအပ်မဲ့ ဖျော်ဖြေမှုလေးတွေကို ပြင်ဆင်ရမှာဖြစ်ပါတယ်...
(မဗေဒါကလဲ Professional မဟုတ်တာက တစ်ကြောင်း မင်္ဂလာမောင်နှံကလဲ အပိုတွေမလိုအပ်ပဲ ရိုးရိုး အစီအစဉ်ကြေငြာလျှင်သာ လုံလောက်တယ်လို့ပြောထားလို့ ဂိမ်းတို့ ဟာသတို့ကတော့ မဗေဒါအတွက် မလိုအပ်လောက်ဖူးထင်တာပဲ.... )
Wedding MC Checklist - Item #7 - Prepare the Wedding MC Speech
(Wedding Mc ပြောရမဲ့ စကားကိုပြင်ဆင်ပါ)
မင်္ဂလာပွဲ အထမြောက်ဖို့ အစီအစဉ်ပြောသူတစ်ယောက်အနေဖြင့် မင်္ဂလာစကားချီးမြှင့်ဖို့ တောင်းဆိုခံရကောင်း ခံရပါလိမ့်မယ်...
ဒါမှမဟုတ်.. အကြောင်းတစ်ခုခုကြောင့် အရင်က လျာထားတဲ့ မင်္ဂလာစကားချီးမြှင့်မဲ့သူမရှိလို့ နောက်ဆုံး အခြေအနေအရ MC က စကားဝင်ပြောဖို့လိုအပ်လာတတ်ပါတယ်...
(ဒီလိုဆိုရင်တော့ မဗေဒါသေပြီပေါ့ကွယ်... ဘာပြဿနာမှ မဖြစ်ပဲ စီစဉ်ထားတဲ့အတိုင်းပဲ ဖြစ်ပါစေလို့ဆုတောင်းပါတယ်... အင်္ဂလိပ်လိုပြောရမှာဆိုတော့ တော်တာတွေပေါ်ကုန်မှဖြင့်...)
Wedding MC Checklist - Item #8 - Check reception venue set up
(ကျင်းပမဲ့ မင်္ဂလာနေရာရဲ့ အပြင်အဆင်ကို စစ်ဆေးရပါမယ်)
မင်္ဂလာအခန်းအနား အပြင်အဆင်တွေဟာ သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာအတွင်း ဧည့်သည်တွေ မရောက်မှီ ပြင်ဆင်ပြီးစီးမှု ရှိမရှိစစ်ဆေးရပါမယ်...
ဒါဟာ အလွန်မှ အရေးကြီးပါတယ်... ထိုင်ခုံ စီရီမှုမှ အစ မီးအလင်းအမှောင်နဲ့ အစားအသောက်၊ ပါဝင်ဖျော်ဖြေသူ အားလုံးကို စစ်ဆေးပြီး အခန်းအနားမှာ ချောမွေ့ဖို့ သေချာအောင် ပြုလုပ်ထားရပါမယ်...
(ဒါကလဲ မဗေဒါက Emcee လုပ်ဖို့ခေါ်ခံရတယ်ဆိုပင်မဲ့... အတန်အသင့် ခင်မင်ပင်မဲ့ တကယ်တမ်းတော့ လည်ပင်းဖတ်ပေါင်းသင်းနေတဲ့ သူငယ်ချင်းအဆင့်လဲ မဟုတ်သေးတာကတစ်ကြောင်း... ဒီကိစ္စတွေကို MC တစ်ယောက်အနေနဲ့ အတင်းကြီး လိုက်စွက်ဖက်နေဖို့ မသင့်တာကတစ်ကြောင်းကြောင့် အစီအစဉ်ရေးဆွဲသူပဲဖြစ်ဖြစ် အဲဒိနေ့မှာ တာဝန်ကျသူတွေကိုပဲ မဗေဒါ စုံလုံးမှိတ် အားကိုးပါတော့မယ်)
Wedding MC Checklist - Item #9 - Ensure your clothing is ready
(အဲဒိနေ့ ၀တ်မဲ့ အ၀တ်အစား အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်)
မင်္ဂလာ အခမ်းအနားဟာ အရေးကြီးတဲ့ပွဲတစ်ပွဲဖြစ်တဲ့အတွက် ဒီပွဲရဲ့ အစီအစဉ်ကြေငြာသူတစ်ဦးအနေနဲ့ ပွဲနဲ့ လိုက်ဖက်အောင် ၀တ်စားဆင်ယင်ဖို့လိုအပ်ပါတယ်...
ကုတ်အကျီင်္,Tuxedo, ဒါမှမဟုတ် ဂါဝန်, အကျီင်္၊ ဘောင်းဘီတွေဟာ သန့်ရှင်း ကျော့ကော့ပြီး ဖိနပ်ကလဲ တောက်ပနေရပါမယ်...
(အမလေး... စိတ်ထဲမှာတော့ လျာထားတာ ၂ ခုရှိတယ်... ဘာဝတ်ရမှန်းတော့ မသိသေးဘူး... အတတ်နိုင်ဆုံးတော့ သန့်ရှင်းကျော့ကော့အောင်သွားရမှာပေါ့... မုန့်မစားရရင်ဒုက္ခ... MC က မစားရဖို့များလားမသိ... ဟိဟိ... ဗိုက်က ဆာရင် အသံမြည်လိမ့်မယ်... ဟဲ... ဟဲ... သတို့သမီးလေး ဒီပိုစ့်ကို ဖတ်မိရင်တော့ မဗေဒါဘာတွေပူတယ်ဆိုတာ သိလောက်ပြီထင်တယ်... နောက်မှစားလို့ရအောင် ဟိုတယ်ဝန်ထမ်းတွေကို သပ်သပ်ဖယ်ခိုင်းထားလိုက်နော်... ဟတ်ဟတ်...)
Reference from http://hubpages.com/hub/Checklist-for-Wedding-MC
သတို့သမီးလေးကတော့ မဗေဒါဘလော့ကိုလဲ အမြဲလာဖတ်တယ်... အမြဲလဲအားပေးတယ်... သတို့သားကလဲ မဗေဒါဘလော့ကို အရင်ကတည်းက လာဖတ်လေ့ရှိတယ်... သူတို့ ၂ယောက်လုံးကို လူတွေကို မသိခင်ကတည်းက ကွန်မန့်လေးတွေနဲ့ အားပေးမှုကို ခံစားပြီး ခင်မင်ခဲ့တယ်... သူတို့က ခုလိုမျိုး ကိုယ့်ကို အရေးတယူ မင်္ဂလာ အစီအစဉ်ပြောကြားသူအဖြစ် ဖိတ်ခေါ်တဲ့အတွက် အတိုင်းထက်အလွန်ဝမ်းသာတယ်... ကိုယ့်ဘက်က အကောင်းဆုံးဖြစ်အောင် လုပ်ပေးချင်တာကတော့ ကိုယ့်ဆန္ဒ အစစ်အမှန်ပါပဲ... ဒါပေမဲ့ ၁ ယောက်တည်း အတွေ့အကြုံမရှိတဲ့ သူက MC လုပ်ရမှာဖြစ်လို့ အမှားအယွင်းများရှိခဲ့ရင်တော့ ဗွေမယူကြဖို့ ကြိုတောင်းပန်ထားချင်တယ်... (ဖြစ်လို့ကတော့ စင်ပေါ်မှာ ငိုမှာနော်.... ကြေငြာလို့ ထွက်မလာရင်.. ပြေးပြီးလာဆွဲထုတ်မှာ... ဒါပဲ... အဟိ)
သူတို့က အဲဒိနေ့မှာပဲ လက်မှတ်ထိုးပွဲလုပ်မှာဆိုတော့ အဲဒိအတွက်လဲ ကြိုပြင်ဆင်ရမယ်... သူငယ်ချင်းထဲမှာ wedding mc လုပ်ဖူးတဲ့ အတွေ့အကြုံရှိတဲ့ သူငယ်ချင်းတစ်ယောက်ကတော့ ပြောတယ်... ထင်မထားတဲ့ ပြဿနာတွေ အများကြီးဖြစ်တတ်တယ်... သေချာပြင်ဆင်ထားတဲ့... ဥပမာ... အခန်းအနားကစတော့မယ်... လူတွေက နေရာတကျမထိုင်လို့ ပြောရတာ... ဆေးလိပ်သောက်နေလို့ သတိပေးရတာ... ဟမ်းဖုန်းတွေကို အသံတိတ်ဖို့ ပြောရတာ... စုံလို့ပဲတဲ့... အဲဒါတွေက အသေးအဖွဲပြဿနာတဲ့... ကိုယ်ကြေငြာပြီးမှ နောက်ကလူက အဆင်သင့်မဖြစ်သေးတာတို့ ဘာတို့ဆိုရင်တော့ ရွာလည်မှာ... ပထမဆုံးအတွေ့အကြုံမို့ စိတ်လဲလှုပ်ရှားတယ်... ကောင်းကောင်းလဲဖြစ်ချင်တယ်... မင်္ဂလာစုံတွဲကိုလဲ စေတနာရှိတယ်... ကဲ.... စိတ်ထဲက စေတနာအားကောင်းရင် နတ်ကောင်းနတ်မြတ်တွေမစမယ်ထင်ပါတယ်.... အားလုံးပဲ မဗေဒါအတွက် ဆုတောင်းပေးကြပါ...
မင်္ဂလာ သတို့သားနဲ့ သတို့သမီးက အရင်ကဘလော့လဲရေးပါတယ်... ရင်းနှီးတဲ့သူနဲ့လဲရင်းနှီးမှာပါ... သူတို့တွေက ဖေဖော်ဝါရီလလည်လောက်မှာ အခမ်းအနားကျင်းပမှာပါ... ဘယ်သူလဲဆိုတာတော့ သူတို့ရဲ့ privacy အရရော ခွင့်ပြုချက်မရသေးလို့ ပြောပြတော့ဘူးနော်... အိုကေတယ်ဆိုရင် သတို့သမီး ကွန်မန့်မှာ လာရေးမယ်လို့ထင်ပါတယ်... သူတို့မင်္ဂလာဆောင်ပြီး နောက် ၆ ရက်နေရင် မဗေဒါ အလုပ်က အစ်မကြီးရဲ့ ဗွီဒီယိုအပ်ထားတဲ့ မင်္ဂလာဆောင်လာမှာပါ... ကိုယ်လုပ်ထားတဲ့ဗွီဒီယိုပြတဲ့အချိန်မှာ လူတွေ စိတ်ဝင်စားမှုရှိပါ့မလား... ကောင်းမှ ကောင်းပါ့မလား လို့ပူပါတယ်... ဒါလေးကလဲ မဗေဒါရဲ့ ပထမဆုံး ပရောဂျက်မို့ ရှေ့ဆက်ဖို့ ခွန်အားက ဧည့်သည်တွေအားပေးမှုပေါ် အများကြီးမူတည်ပါတယ်... အဲဒိနေ့ကျရင်တော့ ဧည့်သည်တွေကြား ရောထိုင်ပြီး သူတို့တွေ ဗွီဒီယိုအပေါ် ကွန်မန့်ဘယ်လိုပေးနေသလဲဆိုတာ ရင်ခုန်စွာနားစွင့်နေပါ့မယ်... (မဗေဒါ ဗွီဒီယိုကို သေချာမကြည့်ပဲ စကားများနေတာပဲဖြစ်ဖြစ်.. မုန့်ကုံးစားနေတာပဲဖြစ်ဖြစ်.... "ရှူး... တိုးတိုး... ဗွီဒီယိုကြည့်နေတယ်"ဆိုပြီး ငေါက်ပစ်မိမယ်ထင်တယ်.... ဟိဟိ....)
အဲဒိ မင်္ဂလာစုံတွဲဆီကတော့ သူတို့ဗွီဒီယိုကို Youtube ပေါ်ရော... မဗေဒါ ဘလော့မှာရော တင်ဖို့အတွက် ခွင့်ပြုချက်ရပြီးသားဖြစ်တယ်...
ကဲ... ဒီတော့ ဖေဖော်ဝါရီလမှာ ဘ၀ ၂ခုကိုပျော်ရွှင်စွာပေါင်းပြီး ဘ၀လက်တွဲဖော်ကိုယ်စီနဲ့အတူ ဘ၀လမ်းကို အခက်အခဲမရှိဖြတ်ကျော်ပြီး အိုအောင်မင်းအောင် ပေါင်းသင်းနိုင်ကြပါစေလို့ မဗေဒါက ဒီပိုစ့်လေးနဲ့ ကြိုတင်ပြီးဆုတောင်းပေးလိုက်ပါတယ်...
Saturday, January 22, 2011
I'm so sorry... but I love you, my readers... ^_*
ဘလော့ကို အကြာကြီး ဘာမှ မတင်ဖြစ်တဲ့အတွက် မျှော်နေတဲ့သူအားလုံးကို စိတ်မကောင်းစွာပဲတောင်းပန်ပါတယ်... အလုပ်လေးတွေနည်းနည်းရှုပ်နေတာရော... ဘလော့က ရေးစပျက်သွားရင် ဆက်ရေးဖို့ အိုင်ဒီယာတွေ motivation တွေပါ ပျောက်ပျောက်သွားတတ်တော့ ပြန်မရေးဖြစ်ဖြစ်နေတာပါ... တန်ဖိုးမရှိတဲ့ ပိုစ့်တွေနဲ့ အချိန်ဖြုန်းမနေနဲ့လို့ မဗေဒါရဲ့ စာဖတ်သူတစ်ယောက်က ဝေဖန်သွားတော့ အဲဒါကိုလဲ ပြန်သုံးသပ်နေတာပါ... တခြား မလိုတမာတွေက J ၀င်ပြီးဆဲဆိုသွားတယ်ဆိုရင်တော့ ဂရုမစိုက်ပေမဲ့... ကိုယ့်စာဖတ်သူလို့ပဲထင်ရတဲ့သူက ပြောသွားတော့ စိတ်ထဲ ပြန်စဉ်းစားမိတယ်လေ... အဲဒိရက်ပိုင်းကလဲ ရုပ်ရှင်ထဲပဲစိတ်ရောက်နေတော့ ရုပ်ရှင်အကြောင်းတွေ ဆက်တိုက်တင်တာများသွားတယ်... ဒီတော့ တခြားအကြောင်းတင်နိုင်မှတင်မယ်ဆိုပြီး ထားလိုက်တာ... ၁လကျော်သွားတယ်...
Secret Garden ပြီးသွားတော့ အဲဒိကားအကြောင်းလေး နည်းနည်း လေပေါချင်ပင်မဲ့ ခုတော့ ကြာတောင်ကြာသွားပြီဆိုတော့ ဖတ်လို့ကောင်းပါတော့မလားတော့မသိဘူး... မဗေဒါကိုယ်တိုင်လဲ ပြန်အေးသွားတာပါပါတယ်... (ကိုယ့်ကိုကိုယ်လဲ ဘယ်အလုပ်မှ ပြီးဆုံးအောင်မလုပ်တဲ့အတွက် အတော်လေးအားမရပါဘူး)... တကယ်တော့ ဒီပိုစ့်ကိုရေးတာ secret garden အကြောင်းပြောမလို့တောမဟုတ်ပါဘူး... ဒါပေမဲ့ စကားကြုံလို့ မသိသေးတဲ့လူတွေအတွက် (သိပြီးသားလူကတောင် ခပ်များများဖြစ်မှာပါ) SBS Drama award မှာ Secret Garden ကရတဲ့ဆုလေးတွေပြောပြလိုက်ပါအုံးမယ်...
Top Excellence Award, Drama Special, Actor: Kwon Sang-woo (Daemul), Hyun Bin (Secret Garden)
Top Excellence Award, Drama Special, Actress: Ha Ji-won (Secret Garden)
Netizen Popularity Award: Hyun Bin, Ha Ji-won (Secret Garden)
Netizen Popularity Award, Drama: Secret Garden
Top 10 Stars: Lee Beom-soo, Jung Bo-seok (Giant), Go Hyun-jung, Kwon Sang-woo (Daemul), Hyun Bin, Ha Ji-won (Secret Garden), Lee Seung-gi, Shin Mina (My Girlfriend Is a Gumiho), Kim So-yeon (Prosecutor Princess, Dr. Champ)
Best Couple: Lee Seung-gi, Shin Mina (My Girlfriend Is a Gumiho), Joo Sang-wook, Hwang Jung-eum (Giant), Hyun Bin, Ha Ji-won (Secret Garden)
အားလုံးထဲမှာ အကောင်းဆုံး ဇာတ်ဆောင်ဆုကတော့ Daemul ထဲက မင်းသမီး Go Hyun-jung က ရရှိသွားပါတယ်... အဲဒိဆုက အားလုံး ယောကျာင်္းမိန်းမ ယှဉ်ပြီး အကောင်းဆုံး ၁ခုပဲပေးလို့ အားလုံးလိုချင်ကြတဲ့ဆုပါ.... အဲဒိမင်းသမီးက မနှစ်ကလဲ Queen Seon Duk နဲ့ ရရှိခဲ့ပါသေးတယ်... ရလဲရသင့်ပါတယ်... သူအဲဒိ ကား ၂ကားလုံးမှာ တကယ်ကောင်းတယ်... မဗေဒါ Daemul ကြည့်နေတာ တ၀က်ကျော်သွားပြီ ဒါပေမဲ့ သူက နိုင်ငံရေးကားဆိုတော့ နိုင်ငံရေး အသုံးအနှုန်းနဲ့ လှည့်ကွက် စကားပြောတွေများလို့ ခေါင်းမူးပြီး ဆက်မကြည့်ဖြစ်တော့ဘူး... အဲလိုကားမျိုးကြိုက်ရင်တော့ အတော်ကောင်းတဲ့ကားပါ... အဲဒိကားထဲက မင်းသမီးနဲ့ မင်းသားရဲ့ အချစ်ဇာတ်လမ်းလေးကလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်.... ဒါပေမဲ့ မငြားဖို့တော့များတယ်... သေချာတော့မသိဘူး... အဆုံးထိမကြည့်ရသေးလို့...
KBS က ဆုပေးပွဲမှာလဲ SungKyunkwan Scandal က အဓိကသရုပ်ဆောင် အားလုံးရကြပါတယ်... Cinderella Sister နဲ့ Moon Geum Yoon ကတော့ အကောင်းဆု မင်းသမီးဆုရတယ်... MSOAN နဲ့ စုံတွဲဆုရတယ်... (မဗေဒါကတော့ အဲဒိဆု မရသင့်ဘူးထင်တယ်... သူတို့ ၂ယောက်မလိုက်သလိုပါပဲ)... JKS က netizen popularity ဆုရတယ်... Song Joong Ki နဲ့ Yoon Ah-in ကတော့ ယောကျာင်္းစုံတွဲဆုရတယ်... ကျန်တဲ့ စုံတွဲတွေက မိန်းမ ယောကျာင်္းဖြစ်ပြီး သူတို့ ၂ယောက်က ယောကျာင်္းစုံတွဲဆုကို ပရိတ်သတ်ပေးတဲ့ Vote မှာ နံပါတ်၁ ဖြစ်နေလို့ မပေးမဖြစ်ပေးလိုက်ရတယ်... (အမှန်တော့ ဇာတ်လမ်းအရ စာရေးသူရော... ဒါရိုက်တာရော... မင်းသားတွေရောက သူငယ်ချင်းအချစ်ကိုသာ ပြချင်ခဲ့တာဖြစ်ပြီး... Gay moment ကို ပြချင်ခဲ့တာမဟုတ်ကြောင်းရှင်းလင်းခဲ့တယ်...) သို့သော် ပရိတ်သတ်က သူတို့ ၂ယောက်အတွဲကို အလွန်အားပေးလို့ သူတို့ကို ပေးဖြစ်ခဲ့တာလဲဖြစ်တယ်တဲ့... Yoon Ah-in က နောက်တဲ့ပုံစံလေးနဲ့ စိတ်ဆိုးတဲ့လေသံနဲ့ "ကျွန်တော်တို့ ၂ယောက်ကို စုံတွဲလို့ ဘယ်သူ Vote တာလဲ" ဆိုပြီး ဆုပေးပွဲမှာ ပြောသွားတော့ မဗေဒါ ရီချင်မိတယ်... ဆုကလဲလိုချင် ရမဲ့ရတော့လဲ ယောကျာင်္းစုံတွဲအနေနဲ့ရတော့ အောင့်သက်သက်တော့ ဖြစ်မှာပေါ့နော်...
အော်.... ငါ့နှယ်... စလိုက်တုန်းကတော့ ဘာလို့ စာမရေးဖြစ်ကြောင်းပြောမလို့... ခုတော့ အကယ်ဒမီပေးပွဲ အကြောင်းရောက်သွားတယ်... အင်း... ဆက်ပြောရရင်... မဗေဒါ ခုတစ်လော အလုပ်များနေတဲ့အထဲမှာ ပရောဂျက် ၂ခုလက်ခံထားလို့ လို့ ပြောရမလားပဲ... ဟဲ.. ဟဲ...
ငယ်ငယ်တုန်းကဆိုရင် သူငယ်ချင်းတွေကြားမှာ ဘာတမ်းကစားမလဲ... ဘာစာကျက်ပြီးပြီလဲ...
နည်းနည်းကြီးလာတော့... ဘယ်အကျီင်္က ဘယ်လိုလှတယ်... ဘယ်သူနဲ့ ဘယ်သူကတော့ ကြိုက်လို့ ရုံးခန်းရောက်သွားကြပြီ...
ဟော ၁၀ တန်းအောင်ပြီးတော့... ဘယ် ၂ဘာသာဂုဏ်ထူးလဲ... ဘာကျောင်းလျှောက်မှာလဲ... future plan က ဘာလဲ...
နောက်တော့... စကာင်္ပူရောက်လာတော့... ဘယ်မှာ part time လုပ်လဲ... ဘာ major လဲ... ဘယ်သူနဲ့ ဘယ်သူကတော့ ကြိုက်နေကြတယ်... ဘယ်သူတွေကတော့ အတူတူနေတယ်...
ကျောင်းပြီးတော့... ဘယ်မှာ အလုပ်လုပ်နေလဲ... အလုပ်အကိုင် အဆင်ပြေတယ်မှတ်လား...
ခုတော့ လူတွေက တွေ့ရင်... ဘယ်လိုလဲ အပျိုကြီးလုပ်တော့မှာလား ဆိုတဲ့ ရွှတ်နောက်နောက်လေသံနဲ့ ကိုယ့်ဘာကိုယ်နေနေတာတောင် တွဲနေတဲ့သူမရှိတာပဲ မျက်နှာငယ်ရမဲ့ပုံမျိုးအပြောခံနေရတယ်... ပြောလဲပြောချင်စရာပဲ... ခုတလော သတိထားမိတယ်လေ... ကိုယ်နဲ့ ရွယ်တူတွေ အနီးနားကလူတွေ တစ်ယောက်ပြီးတစ်ယောက် ယူကုန်ကြပြီ... ငယ်ငယ်က ဖေဖေမေမေတို့ အသိတွေရဲ့ မင်္ဂလာဆောင်တွေမှာပဲ ထမင်းသိုးဟင်းသိုး အနေနဲ့ လိုက်ခဲ့ရတာ... ခုတော့ ကိုယ်နဲ့ သိတဲ့သူရဲ့ မင်္ဂလာဆောင်ကို တက်နေရပြီလေ... တခါတစ်လေဆို သတို့သမီးလေးတွေက ကိုယ့်ထက်တောင် ငယ်တာတွေ့ရတော့... ကိုယ်များ သိပ်နောက်ကျနေပြီလားလို့ အိုးမလုံတော့ ဖြစ်မိတယ်... ဟား... ဟား... ဒါပေမဲ့ ကိုယ်ကလဲ ခုထက်ထိ Single life ကို enjoy နေတုန်းပါပဲ... no regret at all...
အစောကပြောတဲ့ ပရောဂျက် ၂ခုဆိုတာလဲ အဲဒါပဲ... ၁ခုက အလုပ်က အစ်မကြီးတစ်ယောက် မင်္ဂလာဆောင်အတွက် ဆလိုက်ရှိုးအပြင် MTV လို ဗွီဒီယိုလေးတစ်ခုလုပ်ပေးနေတယ်... ကိုယ့်ပထမဆုံး VCD ပုံစံ ဗွီဒီယိုလေးကို လိုလိုချင်ချင် လုပ်ပေးဖို့ အခွင့်ပေးတဲ့ အဲဒိ မင်္ဂလာစုံတွဲကိုလဲ မဗေဒါက ကျေးဇူးတင်တယ်... ပထမဆုံးမို့ တက်နိုင်သလောက် အကောင်းဆုံးလုပ်ပေးချင်တယ်... ခု အက်ဒစ်လုပ်နေတာ ကိုယ့်ကင်မရာ quality ကို စိတ်တိုင်းမကျတာနဲ့ ဗွီဒီယို ကင်မရာ တစ်လုံး အသစ်လိုချင်စိတ်တွေ တဖွားဖွားဖြစ်နေတယ်...
နောက်တစ်ခုကတော့ မဗေဒါဘလော့ရဲ့ စာဖတ်သူလို့လဲ ပြောလို့ရ... ဘလော့ကနေ ခင်တဲ့ သူငယ်ချင်းလို့လဲ ပြောလို့ရတဲ့ သူတစ်ယောက်က သူတို့ မင်္ဂလာဆောင်မှာ Emcee လုပ်ပေးဖို့ မေးလ်နဲ့ တဆင့် request လုပ်တာနဲ့ မဗေဒါလဲ လိုလိုချင်ချင် လက်ခံခဲ့တယ်... မဗေဒါ တစ်ခါမှ Emcee မလုပ်ဖူးပါဘူး... ဒါပေမဲ့ Emcee အလုပ် ဘယ်လောက်ခက်လဲဆိုတာတော့ သိပါတယ်... သတို့သား သတို့သမီးကတော့ ပြောပါတယ်... သူတို့ မင်္ဂလာဆောင်အတွက်နဲ့ အရမ်း စိတ်မဖိစီးဖို့နဲ့... ပုံမှန်အစီအစဉ်ကို ကြေငြာပေးဖို့ပဲ ပြောထားပါတယ်... ပွဲတစ်ခုမှာ Emcee ကြေငြာလိုက်တာနဲ့ အားလုံး အဆင်ပြေချောမောလာတယ်ဆိုတာရှားပါတယ်... ပရိတ်သတ်အမြင်မှာပဲ ချောမောမှာပါ... ဇာတ်ဆင်နောက်မှာတော့ ၀ရုန်းသုံးကားဖြစ်ချင်လဲ ဖြစ်ခဲ့ပမှာ... မထင်မှတ်ထားတဲ့ အမှားတွေ... ပြဿနာတွေဆိုတာ ကြိုတင်ပြင်ဆင်ထားရင် နည်းအောင် လုပ်နိုင်တယ်ဆိုပင်မဲ့ ရှိတာတော့ ရှိတာပါပဲ... လူတွေအရှေ့မှာ အရှက်မကွဲအောင်ရယ် ပြီးတော့ မဗေဒါ လုပ်ပေးမယ်လို့ လက်ခံထားတဲ့အလုပ်ကို အောင်အောင်မြင်မြင်နဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ချင်တဲ့ စိတ်ဓာတ်လေးလဲ မဗေဒါမှာရှိတယ်... ပြီးတော့ သတို့သား သတို့သမီးကိုလဲ စိတ်ထဲက အမှန်တကယ် Congratulate လုပ်ရင်း ကိုယ်တက်နိုင်တာလေးနဲ့ ချီးမြှင့်ချင်လို့ပါ... Wedding Emcee လုပ်ဖို့ research ရှာရင်း တွေ့တာလေးတွေကို ဗဟုသုတအနေနဲ့ ပြောပြချင်ပါသေးတယ်... အဲဒိပိုစ့်တွေကိုရေးရင် အချိန်ဖြုန်းတဲ့ ပိုစ့်တွေမဖြစ်လောက်ပါဘူးလို့တော့ တွေးမိပါတယ်...
Thursday, December 23, 2010
Even Korean Celeb obsess with "Secret Garden"
Korea Drama Secret Garden ဟာ အွန်လိုင်းပေါ်မှာတင် နိုင်ငံတကာမှာ လူကြိုက်များရုံမကပဲ ကိုရီးယား နိုင်ငံတွင်းမှာလဲ လူကြိုက်များတယ်ဆိုတာကို သိရပါတယ်... ဒီဇာတ်ကားရဲ့ ကရက်ရိုက်ခက်မှုဟာ သာမာန်ပရိတ်သတ်တွေတင်မကပဲ ကိုရီးယား အနုပညာလောကသားအချင်းချင်းကိုတောင် ရူးသွပ်စေတယ်ဆိုတာကို Celebrities တွေရဲ့ twitter တွေကနေ သိနိုင်ပါတယ်... အောက်ပါ Twitter massage တွေဟာ နောက်ဆုံးတင်ထားတဲ့ Massage ကနေ အရင်အဟောင်းတွေအထိ အစဉ်လိုက်ရေးထားတာပါ...
အပိုင်း ၁၂ နဲ့ ပတ်သတ်ပြီး ဒီစာရေးဆရာရဲ့ ဇာတ်လမ်းတွေမှာ အရင်ကလဲ သရုပ်ဆောင်ဖူးတဲ့ မင်းသမီး Kim Jung Eun (ခုစာရေးဆရာရဲ့ အရင်ဇာတ်ကား Lovers in Paris နဲ့ Lovers) က ၂၀ရက် ၁၂လ ၂၀၁၀ မနက်မှာ သူမ Twitter ပေါ်မှာ ခုလိုရေးခဲ့ပါတယ်တဲ့...
"ဒီနေ့ .... SG အဆုံးသတ်တာ.... အရမ်း အရမ်း အရမ်း ကောင်းတယ်!!!!! !! .. အစ်မ Kim Eun Sook (စာရေးဆရာမ) နဲ့ ဒါရိုက်တာ Shin Woo Chul ကို ချစ်တယ်.... ㅠ ㅜ"
(အင်္ဂလိပ်လိုဖတ်ရင် ပိုဆီလျော်မှာမို့ အင်္ဂလိပ်လိုကိုလဲ ဖော်ပြပေးလိုက်ပါတယ်...)
"Today...SG's ending...is really the best best best!!!!! I! Love! You! Kim Eun Sook unni! Shin Woo Chul PD-nim!!! ㅠ ㅜ"
နောက်တစ်ယောက်ကတော့ အဲဒိ စာရေးဆရာမရဲ့ ခင်ပွန်းကိုယ်တိုင်က Joo Won ကို ဇာတ်လမ်းထဲမှာ သတ်ပစ်ရင် သူ့မိန်းမကို ကွဲမယ်လို့ရေးခဲ့ပါတယ်... အပိုင်း ၁၂ ပြသ အပြီးမှာ သူက သူ့ဇနီးအတွက် tweet ခဲ့တာကတော့...
"Joo Won သေမှာလား? အဲလိုမျိုး ရေးရဲလား? ... မင်းကို ကွာပြစ်မယ်" တဲ့...
"Will Joo Won die? You'd dare try that? I'll divorce you!" ㅋㅋ
ဟား... ဟား... တနည်းအားဖြင့်တော့ သူ့ဇနီးရေးတဲ့ ၀တ္တုကို သူဘယ်လောက် စိတ်ဝင်စားကြောင်း ပြသလိုက်တယ်လို့ ကျွန်မကတော့ထင်ပါတယ်...
နောက်တစ်ခါ Park Han Byul (Oh! My lady ဇာတ်ကားမှ ဒုတိယမင်းသမီး) ကလဲ SG ကို အလွန်မှ စွဲလန်းနေပါတယ်... သူမှမဟုတ်ဘူး ကိုရီးယားတစ်နိုင်ငံလုံးကလဲ သဘောကျကြပါတယ်.. SG ရောဂါတက်နေတဲ့ အနုပညာကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ သူမကလည်း ၁၈ရက်နေ့က ဟောဒီလို Tweet ခဲ့ပါတယ်...
"ဒီနေ့ SG ပြမဲ့နေ!.. Aigoo! လူတစ်ယောက်ကို လုံးဝစိတ်လှုပ်ရှားအောင် လုပ်နိုင်တဲ့ အမြှုပ်....!~"
"Today is SG's broadcast day! Aigoo! Foam that makes one completely excited!~"
ပြီးတော့ သူမတင်လိုက်တဲ့ ဓာတ်ပုံကတော့ Ra Im ရဲ့ အမြှုပ်နဲ့ နှုတ်ခမ်းပုံမျိုး လိုက်လုပ်ထားတဲ့ သူမပုံပါပဲ...
Via Twitter (chinese translations by Baidu's Secret Garden)
English translation by hellochloe
Burmese translation by Mabaydar
------------------------------ ။ -----------------------------------------
ခုအတောအတွင်း idol girl groups အဆိုတော်မလေးတွေအတွက် အလွန်မှ အလုပ်များနေသော်လည်း... သူတို့ရဲ့ အချိန်တစ်ချို့ကို ခြစ်ကုတ်ပြီး ဒီဇာတ်လမ်းတွဲ စွဲလန်းမှုကို ဖြေသိမ့်နေရပါတယ်...
Rainbow မိန်းကလေးအဆိုတော်အဖွဲ့က သူတို့ စီးရီးအသစ်အတွက် ပြင်ဆင်နေရတဲ့အထဲ (၂၀၁၁နှစ်ဆန်း ကျရင်ထွက်မဲ့ ခွေအသစ်) သူတို့ရဲ့ Secret Garden drama စွဲလန်းမှုဖြစ်နေကြောင်း ပြောကြားခဲ့ပါတယ်... သူတို့က "Secret Garden ရဲ့ အပိုင်းတိုင်းကို ကျွန်မတို့ကြည့်တယ်... ကျွန်မတို့အားလုံး weekend ဆိုရင် တူတူစုပြီးကြည့်ကြတယ်.. ကြည့်နေတဲ့အချိန်မှာ မအော်ကြဖို့ စည်းကမ်းသတ်မှတ်ထားပင်မဲ့ (တချို့အခန်းတွေဆို) သူ့အလိုလို အော်မိကြတယ်... Hyun Bin နဲ့ Ha Ji Won အမြှုတ်နမ်းတဲ့ အခန်းမှာ ကျွန်မတို့တွေအားလုံး လက်တွဲထားကြပြီး အော်မိကြတယ်.. သူတို့ ၂ယောက်လုံးက သရုပ်ဆောင်ကောင်းတွေဖြစ်တဲ့အပြင် ချောလဲချောကြတယ်.."
SISTAR အဖွဲ့ထဲက Bora ကလဲ သူမဟာ ဒီဇာတ်လမ်းကို စွဲလန်းနေကြောင်း ၀န်ခံခဲ့တယ်... "ပထမတစ်ပိုင်းကို ကြည့်ပြီးကတည်းက ဒီဇာတ်ကားကို ကျွန်မချစ်ခဲ့တာ... ရုပ်မြင်သံကြားမှာပြနေတဲ့အချိန်တွေမှာ ကျွန်မပုံမှန်မကြည့်ဖြစ်ဘူး... ဘာလို့လဲဆိုတော့ ကျွန်မက အဲဒိအချိန်တွေ အလုပ်လုပ်နေရတာများတယ်... ဒါပေမဲ့ ကျွန်မ အွန်လိုင်း ဒါမှမဟုတ် ဒေါင်းလုပ်ဆွဲပြီး ကြည့်ရတယ်... Hyun Bin ကို ကြိုက်တယ်... Ha Ji Won ကိုလဲ အရမ်းကြိုက်တယ်... အဲလို မျိုး သရုပ်ဆောင်ဖို့က ခက်တယ်... ဒါပေမဲ့ သူမ အရမ်းသရုပ်ဆောင်ကောင်းတယ်... သူမ နဲ့ အပြင်မှာတွေ့ချင်တယ်.."
ကြည့်ရတာ ဒီ အချစ်ဟာသ ဇာတ်လမ်းတွဲလေးက သာမာန်ပရိတ်သတ်တွေတင်မကပဲ Celebrities တွေကိုပါ စွဲလန်းအောင် ဆွဲဆောင်နိုင်နေတယ်.... သင်တို့ရော ကြည့်နေကြရဲ့လား...?
Source: Sports Chosun via Nate
Burmese translation by Mabaydar
------------------------------------။---------------------------------------
2010 Melon Music Awards မှာလဲ DJ DOC အဆိုတော်အဖွဲ့က သူတို့ရရှိတဲ့ ဆုကို Secret Garden ထဲက Hyun Bin ရဲ့ လူသိများလှတဲ့ အပြာရောင်ဘော်ကျယ်ထိုး အားကစားအကျီင်္နဲ့ တက်ရောက်ယူခဲ့တယ်....
ဒီအကျီင်္ဒီဇိုင်းဟာ Secret Garden ဇာတ်လမ်းတွဲစတဲ့အချိန်ကစတင် နာမည်ကြီးခဲ့ပြီး... အဲဒိဇာတ်လမ်းတွဲမှာ မင်းသားဟာ သူ့ရုံးသွားတဲ့ အချိန်မဟုတ်တဲ့ သာမာန်အချိန်တွေမှာ ခုရေပန်းစားနေတဲ့ အကျီင်္ကိုဝတ်ဆင်ခဲ့တယ်...
DJ DOC အဖွဲ့ရဲ့ကိုယ်စားလှယ်က "အဖွဲ့ထဲက Lee Ha Neul က ဒီဇာတ်ကားကို ခုတစ်လော ကြည့်တယ်.... သူတို့ရဲ့ Stylist က Hyun Bin ရဲ့ အ၀တ်အစားကိုတွေ့တော့ အားလုံး စိတ်လှုပ်ရှားကြပြီး စင်ပေါ်မှာ ပျော်ပျော်ကြီးဝတ်ကြတော့တာပဲ" ဆိုပြီး ပြောကြားခဲ့ပါတယ်...
DJ DOC ဟာ အဲဒိပွဲမှာ SNSD, 2AM နဲ့ တခြား နာမည်ကြီး idols အဖွဲ့တွေနဲ့ အတူ Top 10 ဆုကို ရရှိခဲ့ပါတယ်...
Source: OSEN via Nate
Burmese translation by MaBayDar