သာမာန်ဆိုရင်တော့ ဒီလို မြန်မာမင်းသမီး မင်းသားတွေနဲ့ ပတ်သတ်တဲ့ scandal တွေကို တင်ချင်စိတ် မျှဝေချင်စိတ်မရှိပါဘူး... ဘာလို့လဲဆိုတော့ ဒီလိုမျှဝေလိုက်ရင် သူတို့ရဲ့ ရည်ရွယ်ချက် ထမြောက်အောင်မြင်သွားမှာစိုးလို့ပါပဲ... မြန်မာပြည်က မင်းသမီး မင်းသားဈေးကွက်က (အထူးသဖြင့် မင်းသမီးများ၊ အဆိုတော်မများ)က နာမည်ကြီးရရင်ပြီးရော ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် Attention ရရင် ကျေနပ်နေကြတယ်ထင်ပါတယ်... ဒီလိုနည်းနဲ့ပဲ သူတို့ ဈေးကွက်ကို ထိုးဖောက်နေကြတာ တွေ့ရပါတယ်... ပြောမဲ့သာ ပြောရတာ သူတို့နည်းကလဲ အတော်လေးထိရောက်သကိုး... မိုးဟေကိုဆိုရင် ဟိုးအရင်က ၁၉နာရီ၁၈မိနစ် ဗွီစီဒီလောက်မှာကတည်းက သီချင်းတွေထဲမှာ သရုပ်ဆောင်ရပင်မဲ့ မထင်မရှားလေးပဲ ဖြစ်ခဲ့တယ်... ခုကျတော့ လိုးရှင်းလဲကြော်ငြာပြီးရော မြန်မာပြည်က sexy အဖြစ်ဆုံးမင်းသမီးထဲ ၀င်သွားရော... သူ့နောက်တော့ ဒီလို scandal တွေ တစ်ယောက်ပြီးတစ်ယောက်ပဲ... စန္ဒီမြင့်လွင်၊ သဇင်၊ ပပ၀င်းခင် စုံလို့ပဲ... သူတို့လဲ အထိုက်အလျောက်တော့ လူသိသွားကြတာပဲ...
ကျွန်မတို့ မြန်မာပရိတ်သတ်တွေကလဲ သဘောထားအလွန်ကြီးကြတာကိုး... ဟောင်ကောင်မှာ Edison Chan နဲ့ မင်းသမီး ၇ယောက်လောက် ဓာတ်ပုံတွေ scandal ထွက်တုန်းက ပရိတ်သတ်တွေ ဆန္ဒပြလို့ သူ့တို့ခမျာ အနုပညာလုပ်ငန်းတွေကို ခေတ္တ ရပ်ဆိုင်းလိုက်ရတယ်... တောင်းပန်မှုတွေပြု... Community အလုပ်တွေ ပြန်လုပ်... ဟိုအသေး မင်းသမီး Gallian Chaung လဲ နာမည်တွေပျက်... Cecilia Chan ဆိုရင် ရုပ်ရှင်တောင် မရိုက်တော့ဘူး... ဒါပေမဲ့ မြန်မာပြည်မှာကျတော့ အဲလို ဟုတ်ဘူး ပြောင်းပြန်... လူသိများချင်လား မကောင်းတဲ့ scandal တစ်ခု မြန်မြန်လုပ်လိုက်... ပြီးရင် ချီးမွမ်း ၇ ရက် ကဲ့ရဲ့ ၇ရက်ဆိုတဲ့အတိုင်း scandal ကို မေ့ပြီး သူတို့က လူသိများပြီး ဈေးကွက်ရ... Sponsor ကောင်းကောင်းရရင် ဘယ်ပရိတ်သတ် ဂရုစိုက်စရာလိုလဲ... အစထဲက မြန်မာ အနုပညာ အသိုင်းအ၀ိုင်းက ဈေးကွက်သိပ်မကောင်းတာ ဒီကရှာရတဲ့ ပိုက်ဆံနဲ့သာ စားရရင် စားလောက်မှာဟုတ်ဘူးနော်... Sponsor လေးဘာလေးရ လူသိများရင် နိုင်ငံခြားပွဲလေးတွေလိုက်... သီချင်းဆိုတတ်တတ် မတတ်တတ် Scandal ရှိတဲ့ မင်းသမီးဆိုရင် ပွဲစည်အောင် ပိုခေါ်တတ်ကြတယ်လေ...
ဟိုတစ်လောက စကာင်္ပူမှာ ရာဇာနေ၀င်းတို့နဲ့ ပွဲလုပ်တုန်းက မင်းသမီး သင်ဇာဝင့်ကျော် ပါမယ်လို့ကြားမိတယ်... ပွဲပြီးသွားတော့လဲ သင်ဇာဝင့်ကျော် စကာင်္ပူကို ရောက်ကတည်းက ပျောက်သွားလို့ ပွဲတောင် ၀င်မကနိုင်တော့ဘူးတဲ့... သူက နောက်တော့ ဖြေရှင်းချက်ပေးပါတယ်... မလေးရှားကို သူငယ်ချင်းတွေနဲ့ လိုက်သွားလို့ ဖုန်းကလဲ ဗက်ထရီကုန်သွားလို့ အစမ်းတိုက်တဲ့နေ့ မမှီတော့လို့ ပွဲထဲမပါဖြစ်တော့တာတဲ့... ဟုတ်ရင်လဲ ဟုတ်မှာပါ... ကာယကံရှင် အသိဆုံးပါ... မဟုတ်ဘူးလို့လဲ ကျွန်မ မပြောပါဘူး... ကျွန်မလဲ ကာယကံရှင်မဟုတ်... ကျွန်မ မျက်လုံးနဲ့လဲ တပ်အပ်မမြင်ခဲ့ပါဘူး... ဒီတော့ ဟုတ်တယ်လို့ပဲ ဆိုပါစို့... ကျွန်မပြောချင်တာက ဟုတ်တယ်ထားအုံး... သူ့ကိုလာကြည့်မဲ့ သူ့ပရိတ်သတ်တွေကို နည်းနည်းလေးတောင် အလေးထားစိတ်မရှိဘူးလား... ဒီပွဲကို လာတဲ့ ပရိတ်သတ်ထဲမှာ သင်ဇာဝင့်ကျော်ပါမှာမို့ လက်မှတ်ဝယ်ကြည့်တဲ့သူ ရှိကောင်းရှိမှာပဲ... သူ့ပရိတ်သတ်တစ်ယောက်အနေနဲ့ အချိန်တွေကုန် ပိုက်ဆံကုန်ပြီး နောက်ဆုံး သူက အပျော်လွန်နေလို့ အချိန်မှီပြန်မလာဘူးဆိုတာ ပရိတ်သတ်ကို လုံးဝ မျက်လုံးထဲမထားတဲ့ အပြုအမူသဘောမျိုးဆန်နေပါတယ်... ကမ္ဘာမှာ တကယ့်နာမည်ကြီး Celeb တွေတောင် ဒီလိုလုပ်တာ မမြင်ဖူးပါဘူး... ကိုယ်လုပ်တဲ့ အလုပ်ဆိုတာ Responsibility ရှိရတယ်... ကိုယ့်အလုပ်ကို ကိုယ်မှ Respect မရှိရင် ဘယ်တန်ဖိုးရှိတော့မလဲ... ဒါပေမဲ့လဲ မြန်မာပရိတ်သတ်တွေရဲ့ သည်းခံနိုင်မှု သဘောထားကြီးမှုကတော့ အံ့သြလောက်ပါတယ်... တနည်းအားဖြင့် စဉ်းစားမယ်ဆိုရင်တော့ မြန်မာပရိတ်သတ်အနေနဲ့လဲ သူတို့အပေါ် Strong Hope သိပ်မရှိလို့လဲ Disappointment သိပ်မရှိတာလဲ ဖြစ်နိုင်တယ်... ဘယ်လိုပဲ စဉ်းစား စဉ်းစား ဒါဟာ သူတို့အတွက်ပဲ မကောင်းတာပါ...
သူတို့အနေနဲ့ ဒီပွဲဟာ ငါမရှိရင် မဖြစ်ဘူးဆိုတဲ့ အတွေးမျိုးမရှိဘူးဆိုကတည်းက သူတို့ကိုယ်သူတို့လဲ မအောင်မြင်သေးဘူးလို့ ၀န်ခံလိုက်တာပဲ... မြန်မာပရိတ်သတ်ကလဲ သူမပါလဲ မေ့မေ့ပျောက်ပျောက်နဲ့ ပွဲက ဒီတိုင်းပြီးသွားတာ ကြည့်ခြင်းအားဖြင့် သူ မအောင်မြင်သေးဘူးဆိုတာကို သက်သေပြလိုက်တာပဲ... မြန်မာ အနုပညာသမားထဲမှာ ငါမပါရင် ဒီပွဲမဖြစ်ပါဘူးဆိုတဲ့ အနုပညာသမား မာနနဲ့ တန်ဖိုး ဘယ်သူ့မှာရှိမလဲလို့ သိချင်မိတယ်... မကြုံကြိုက်သေးလို့လားတော့မသိဘူး ခုထိ တစ်ယောက်မှ မတွေ့သေးဘူး... ဒီပွဲထဲမှာ ငါ့ကိုလိုအပ်ခံရတယ်ဆိုတဲ့ ခံစားချက်က ကိုယ့်ကိုကိုယ် တန်ဖိုးဘယ်လောက်ရှိသွားစေလဲ... ဂုဏ်ယူချင်စိတ်ဘယ်လောက်ဖြစ်သွားလဲ ဆိုတဲ့ ခံစားချက်လေးကို မခံစားဖူးဘူးထင်တယ်...
ကဲပါ ဒါတွေထားလိုက်ပါတော့ ခုကတော့ ဖေ့ဘွတ်ပေါ်မှာ သူများ ဝေငှထားတဲ့ လင့်ခ်ကို တွေ့လို ကြည့်ရင်း ရေးဖြစ်သွားတာ... လင့်ခ်ထဲမှာ သင်ဇာဝင့်ကျော်က နိုင်ငံခြားသားလား မြန်မာလားတော့ မသိဘူး ယောကျာင်္းတစ်ယောက်နဲ့ Sky park က ရေကူးကန်ထဲမှာ ပါလာတယ်... လင့်ခ်ကတော့ ကိုရီးယား အသံလွှင့်ရုံ KBS ကလွှင့်တဲ့ အစီအစဉ်ကပဲ... ဒီဗွီဒီယိုကတော့ သူအဲဒိပွဲမလုပ်မီ အရင်တုန်းကလာထားတာလဲ ဖြစ်နိုင်တယ်... ဟိုပွဲပြီးမှ လာထားတာလဲ ဖြစ်နိုင်သလို... အဲဒိပွဲတုန်းကလာပြီး ပရိတ်သတ်တွေကို ပြစ်ပြီး ပိုခိုင်တဲ့ Sponsor နဲ့ sky park ပေါ် ရောက်နေတာလဲ ဖြစ်နိုင်တယ်... ဖြစ်နိုင်တာတွေကို ပြောတာပါ... မှန်တယ်လို့လဲ အာမ မခံပါဘူး... ကာယကံရှင်သာ အသိဆုံးပါ...
ဘယ်ဟာက ကောင်းတယ် ဘယ်ဟာက ဆိုးတယ်... သူဘာလုပ်သင့်တယ်... မလုပ်သင့်ဘူးလို့လဲ ကျွန်မ မဝေဖန်ပါဘူး... အားလုံးက သူမရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပဲ ရွေးချယ်ပိုင်ခွင့်ပဲ... ဒါပေမဲ့ သေချာတာကတော့ တခြားနိုင်ငံတွေမှာ နာမည်ကြီးလာမှ Scandal ထွက်တယ်... ကျွန်မတို့ နိုင်ငံမှာတော့ Scandal ထွက်မှ နာမည်ကြီးတယ်ဆိုတာပါပဲ....
P.S ကျွန်မရဲ့ ခံစားရတဲ့ တခဏ ခံစားချက်အတွက် ကျွန်မ လက်တွေကို မထိမ်းချုပ်ပဲရေးလိုက်မိတာပါ... ကျွန်မတစ်ဦးတစ်ယောက်တည်းရဲ့ ခံစားချက် အတွေးဖြစ်တဲ့အတွက် စာဖတ်သူများ ကြိုက်သလို သဘောထားကွဲလွဲနိုင်ပါတယ်...
Sunday, September 19, 2010
Tuesday, September 14, 2010
You can hope for the better service with "Cherry May"
သားသမီး မကောင်း မိဘခေါင်း၊ တပည့်မကောင်း ဆရာခေါင်းဆိုသလိုပဲ ချယ်ရီမေရဲ့ တာဝန်ရှိသူတွေဟာ ကျွန်မဘလော့ပေါ်ကတဆင့် ကျွန်မ တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးကို ကြားနာပြီးနောက် လှိုက်လှဲတဲ့ တောင်းပန်မှုကို မနေ့က ညနေက ဖုန်းမှတဆင့်ပြုလုပ်ခဲ့ပါတယ်... တဖန် ချယ်ရီမေဆိုင်ရှင်တွေရဲ့ သူငယ်ချင်းကလဲ ဘလော့ကွန်မန့်မှာ မနေ့က ညက ရှင်းလင်းချက်နှင့်တကွ တောင်းပန်သွားတာကို အားလုံးလဲ မြင်နိုင်ကြပါတယ်...
အဖြစ်အပျက် အပြည့်အစုံလေးကတော့...
မနေ့ညက ကျွန်မအစ်မ အိမ်ပြန်ရောက်လာတော့ ကျွန်မကို ပြောပါတယ်... ချယ်ရီမေမှ တာဝန်ရှိသူ ကိုSteven ဖုန်းဆက်ကာ အဖြစ်အပျက်အတွက် ၀မ်းနည်းကြောင်းနဲ့ အကျိုးအကြောင်း ရှင်းပြတောင်းပန်ခဲ့ပါတယ်တဲ့... အဲဒါကို ကြားရတာနဲ့တင် ကျွန်မအတွက် အတော်လေး စိတ်ပြေနေပါပြီ... ကျွန်မလိုချင်ခဲ့တာလဲ Sincere Apology ပါပဲ... ဒါပေမဲ့ ကျွန်မ ဆိုင်မှာတုန်းက မရခဲ့လို့ စိတ်ထဲ အောင့်သက်သက်ဖြစ်နေတာလေးကို ကျွန်မအတွေးနဲ့တကွ ဘလော့ပေါ်မှာ ရင်ဖွင့်မိတာပါ... အဲဒိပိုစ့်ကို ရေးတုန်းက ကျွန်မဒီလို Apology ရလိမ့်မယ်လို့တောင် မမျှော်မှန်းခဲ့ပါဘူး... ခုလို တာဝန်ယူသိတတ်ပြီး လူကြီးလူကောင်းဆန်စွာ Customer ကို အလေးထား တောင်းပန်တဲ့အတွက် ချယ်ရီမေဟာ အားလုံးထက် ၁ဆင့်သာသွားပါပြီ...
ချယ်ရီမေကို မနေ့က booking လုပ်တုန်းက ကျွန်မအစ်မဖုန်းနဲ့ ခေါ်ခဲ့တဲ့အတွက်... အဲဒိအချိန်ပိုင်း စားသောက်တဲ့စာရင်းနဲ့ လာသွားတဲ့ လူအုပ်စုတွေအားလုံးရဲ့ ဖုန်းနံပါတ်တွေကို ခန့်မှန်းခြေနဲ့ ခက်ခက်ခဲခဲ ပြန်ရှာပြီး ခုလို တကူးတကတောင်းပန်တဲ့အတွက် တောင်းပန်သူရဲ့ စိတ်ထား Sincere ဖြစ်မဖြစ်ဆိုတာကို ကျွန်မ သံသယမဖြစ်ပါဘူး... အဲဒိမတိုင်ခင်လဲ သူ့ Staff တွေကို မနေ့က ဘာတွေဖြစ်သွားလဲဆိုတာ သေချာမေးမြန်းပြီး ပြဿနာကို ရှင်းပြခဲ့ပါတယ်... ခုတော့ ကျွန်မအနေနဲ့ Staff တွေကိုလဲ သိပ်အပြစ်မပြောချင်တော့ပါဘူး... ဒါပေမဲ့ နောက်တစ်ခါ ထပ်မဖြစ်အောင် ယခုကိစ္စကနေ သင်ခန်းစာယူသင့်ပါတယ်... အမှန်အတိုင်းပြောရရင် ကိုယ်ကိုတိုင်လဲ ကျောင်းသူဘ၀တုန်းက Part time လုပ်ခဲ့တော့ Staff တွေရဲ့ ဘ၀ကို ခက်ခဲသွားပါစေတော့ဆိုပြီး နိုင့်ထက်စီးနင်း Complain လုပ်တဲ့လူစားမျိုး မဖြစ်ချင်ပါဘူး... ဒါကြောင့်လဲ အဲဒိနေ့က အကျယ်အကျယ် ထပ်ပြောမနေတော့ပဲ ပိုကောက်တာကို မယူရင်ပဲလုံလောက်ပြီဆိုပြီး စိတ်လျော့ပြီး ပြန်လာခဲ့တာပါ... ကျွန်မရဲ့ Part Time အတွေ့အကြုံကြောင့်ပဲ Service လိုင်းမှာ ဒီလို ပြဿနာကို ဘယ်လို Handle လုပ်သင့်တယ်ဆိုတာကို မျှော်လင့်မိတာပါ...
ဒါပေမဲ့ ဘယ်လိုပဲ စဉ်းစား စဉ်းစား Common Sense ရှိတဲ့ Staff တစ်ယောက်အနေနဲ့ အဲဒိတုန်းက အားနာတဲ့ အပြုံးလေးနဲ့တောင် ကျွန်မတို့ကို မတောင်းပန်ခဲ့ဘူးဆိုတာကို တွေးမိတော့ ဘလော့ပေါ်မှာ ဒီ Issue ကို ချရေးပြီး ရင်ဖွင့်လိုက်တာပါ... ဟုတ်ပါတယ်... Common Sense ပါ... ဘယ်သူမဆို ကိုယ်အမှားလုပ်မိရင် အထိုက်အလျောက် ၀န်ခံရဲရတယ်... တောင်းပန်ရဲရတယ်... အဲဒါမှ တိုးတက်မှုရှိတာ... ကျွန်မလဲ အဲဒိအကျင့်ကိုရှိအောင် ကြိုးစားပြီးကျင့်သုံးနေတယ်... ချယ်ရီမေက ၀န်ထမ်းတွေလဲ ကျင့်သုံးမယ်လို့ မျှော်လင့်တယ်...
နောက်တော့ ကိုSteven က ကျွန်မအစ်မဆီက Apology အတွက်မေးလ်ပို့မှာမို့ မေးလ်လိပ်စာတောင်းတော့ ကျွန်မအစ်မက ကျွန်မမေးလ်လိပ်စာကိုပါ ထည့်သွင်း CC လုပ်ဖို့ ပြန်လိုက်ပါတယ်... အဲဒိမေလ်းကို စောင့်နေခဲ့လို ဒီပိုစ့်တင်တာ အနည်းငယ်နောက်ကျသွားပါတယ်... ဒါပေမဲ့ မေလ်းအစား ကိုSteven ဆီက နောက်ထပ် SMS တစ်စောင်ရရှိခဲ့ပါတယ်...
နောက်ထပ် SMS ထဲမှာတော့ ကျွန်မနဲ့တကွ ကျွန်မမိဘတွေကိုလဲ ခုလို မိသားစုအပြင်သွားတဲ့နေ့မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်အတွက် တောင်းပန်ကြောင်း၊ သူ့ ၀န်ထမ်းအတွက် သူတာဝန်ယူကြောင်းပြောခဲ့တဲ့အပြင် နောင်မှာလဲ သူတို့ ၀န်ဆောင်မှုကို ဒိထက်ကောင်းအောင် ပေးမည်ဖြစ်ကြောင်းနဲ့ ခုလို ဝေဖန်မှုကြောင့် သူတို့အတွက်လဲ သင်ခန်းစာရကြောင်းပြောကြားခဲ့ပါတယ်...
ကဲ... ဒီလိုဆိုရင် ကျွန်မတို့ မြန်မာ Customer တွေအနေနဲ့ ဆက်ဆံရေးပြေပြစ်တဲ့ ၀န်ဆောင်မှုကောင်းမွန်တဲ့ Customer ကို Customer လို ဆက်ဆံတဲ့ Service မျိုးကို ပေးနိုင်တဲ့ မြန်မာဆိုင် "ချယ်ရီမေ" ဆိုတာကို မျှော်လင့်လို့ရပြီလို့ မှတ်ချက်ချမိပါတယ်... ခုလိုမျိုး Customer feedback ကို ကောင်းမွန်စွာ Handle လုပ်နိုင်တဲ့အတွက် ကိုSteven နှင့်တကွ တာဝန်ရှိသူများအားလုံးကို ကျွန်မ မဗေဒါက ကျေးဇူးတင်ရှိပါတယ်...
အကြံပေးချင်တာက (ဆရာလုပ်တယ်လို့ မထင်စေလိုပါ... ဆိုင်ဖွင့်ထားတဲ့သူတွေက ကိုယ့်ထက် ပိုသိတယ်ဆိုတာကို သဘောပေါက်ပါတယ်)
အခန်း ၁ခန်းဆို ၁ခန်း... ၂ခန်းဆို ၂ခန်း... Staff နာမည်တပ်ပြီးတစ်ယောက်ချင်းစီကို Assign လုပ်ထားမယ်ဆိုရင် ဟိုလူလိုလို ဒီလူလိုလိုမဖြစ်တော့ပဲ ပိုပြီး organized ဖြစ်ဖြစ် serve နိုင်မယ်ထင်ပါတယ်... သူတို့အတွက်လဲ သူတို့ တာဝန်ယူရတဲ့ အခန်းအတွက် Responsibility စိတ်ဓာတ်လေးလဲရှိလာနိုင်ပါတယ်... ပြီးတော့ အော်ဒါယူတာက တစ်ယောက်... ပိုက်ဆံလာယူတာက တစ်ယောက်... ကီးအင်လုပ်တာက တစ်ယောက်နဲ့ Misunderstanding ဖြစ်ဖို့ အခွင့်အရေးနည်းသွားပါလိမ့်မယ်... အဲလို တစ်ယောက်စီ Assign လုပ်ထားပြီးမှ သိပ်အလုပ်မများတဲ့သူက အလုပ်များတဲ့သူကို လိုအပ်သလို ကူညီပေးလို့လဲရပါတယ်... (ဒီလိုကူညီပေးမှတော့ ဘာထူးမှာလဲ အရင်ကလိုပဲ တစ်ခန်းကို ဗျောက်သောက် serve နေတာနဲ့ အတူတူပဲပေါ့လို့ မထင်လိုက်ပါနဲ့)... ဘာလို့လဲဆိုတော့ တစ်ခြားလူက လာကူတဲ့သူဆိုပေမဲ့ Assign လုပ်ခံထားရတဲ့သူက ဒီအခန်းနဲ့ ပတ်သတ်ပြီး တာဝန်ရှိနေတဲ့သူမို့ပါပဲ... အဲဒိအတွက် ကူပေးတဲ့ သူကလဲ အခန်းတာဝန်ရှိ Staff ကို အပြောင်းအလဲရှိရင် အသိပေးလိုက်ရုံပါပဲ... ကျွန်မတို့ Customer တွေ အနေနဲ့လဲ တစ်ခုခုဖြစ်ရင် ဘယ်သူ့ကို ရှာရမယ်ဆိုတာ တိတိကျကျ သိနိုင်ပါတယ်... တစ်စုံ တစ်ခုဖြစ်လို့မှ "ဘယ်လိုဖြစ်ရတာလဲ"လို့ မေးလိုက်တော့မှ မျက်လုံး ပေကလပ် ပေကလပ်နဲ့ "ဟို... သူ... အင်း... မသိဘူး" ဆိုပြီး ဟိုလူ့ လက်ညှိုးထိုး ဒီလူ့လက်ညှိုးထိုး တကယ် အမှားလုပ်တဲ့ Staff က ကျတော့ ရှောင်နေ အဲလိုမဖြစ်တော့ဘူးပေါ့... ကိုယ်တာဝန်ယူရတဲ့ အခန်းမှာ ပြဿနာတစ်စုံတစ်ရာဖြစ်ရင် ဘယ်သူ့ကြောင့်ပဲ ဖြစ်ဖြစ် တာဝန်ယူထားတဲ့ Staff က ချယ်ရီမေကို ကိုယ်စားပြုဖြေရှင်းရမှာပဲ... ဒီလိုနဲ့ မနိုင်တော့မှ Team Leader ဆိုလဲ Team Leader... Manager ဆိုလဲ မန်နေဂျာအဆင့်က ပြဿနာကို အဆင့်ဆင့်ကိုယ်တွယ်သင့်တယ်...
အဲလိုလုပ်ဖို့ အခက်အခဲတွေရှိနေတာလဲဖြစ်နိုင်ပါတယ်... လူအင်အားမလုံလောက်ဘူးဆိုတာကိုလဲ ကျွန်မ ခန့်မှန်းလို့ရပါတယ်... အကြောင်းကြောင်းတွေရှိနေလို့ လုပ်လို့ မဖြစ်နိုင်ဘူးဆိုလဲ ကိစ္စမရှိပါဘူး... အကြံပေးယုံသက်သက်ပါ...

Monday, September 13, 2010
Attention to Cherry May Karaoke, Singapore
![]() |
| Photo Credit to Cherry May's Facebook |
မနေ့က ကျွန်မတို့ မိသားစုအတူတူ လျှောက်လည်ရင်း အရှိန်ကောင်းကောင်းနဲ့ ညနေရောက်တော့ ချယ်ရီမေ မြန်မာကာရာအိုကေဆိုင်မှာ သီချင်းဆိုဖို့ ပြင်ဆင်ခဲ့ကြပါတယ်... အဲဒိမတိုင်ခင် ၃ရက်လောက်ကမှ ကျွန်မ သူငယ်ချင်းတွေနဲ့ ချယ်ရီမေကို ပထမဆုံးရောက်ဖူးခဲ့ပါတယ်... အဲဒိအတွက် ကျွန်မက recommend ပေးလို့ ကျွန်မမိသားစု တစ်ခုလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ သွားခဲ့ကြတာပါ... တစ်နေကုန်လျှောက်သွားထားကြလို့ ညနေဘက်မှာ ပင်ပန်းပြီး ဗိုက်တွေလဲဆာနေတော့ ကာရာအိုကေခန်းထဲရောက်တာနဲ့ အစားအသောက်တွေ အများကြီး ကျွန်မတို့မှာစားရင်း သီချင်းဆိုရင်း ကျွန်မတို့ရဲ့ အချိန်တွေ အကုန်မြန်ခဲ့ပါတယ်...
ကျွန်မတို့ မိသားစုအတွက်တော့ ချယ်ရီမေဖွင့်လိုက်တဲ့သူကို ကျေးဇူးတင်ရမလိုတောင်ဖြစ်နေပါတယ်... ကျွန်မတို့မိသာားစု လိုအပ်သမျှအချက်တွေနဲ့ပြည့်စုံတဲ့နေရာမို့ပါ... ကျွန်မတို့လဲ မြန်မာသီချင်းကို အားရပါးရဆိုနိုင်သလို... အထူးသဖြင့်တော့ ကျွန်မဖေဖေအတွက် မြန်မာ ရှေးသီချင်းတွေဆိုလို့ရသလို... မေမေအကြိုက် မြန်မာမုန့်တွေကိုလဲ အေးအေးဆေးဆေးစားလို့ရလို့ အဟုတ်ကိုပဲ နောက်လဲ ကျွန်မတို့မိသားစု ခဏခဏရောက်မဲ့နေရာလေးပါပဲ...
ဆိုင်ခန်းအပြင်အဆင် အိမ်သာ ခန်းတွင်းပစ္စည်း အားလုံးအစစအရာရာဟာလဲ စကာင်္ပူက တခြားကာရာအိုကေဆိုင်တွေနဲ့ တူတူလောက်ရှိပါတယ်... ၀န်ထမ်းတွေရဲ့ ဆက်ဆံရေးလဲ လက်ခံနိုင်လောက်စရာအထိတော့ ကောင်းပါတယ် (သူတို့ဆိုင်က စားသောက်စရာတွေနဲ့ ပတ်သတ်ပြီး မေးလိုက်တိုင်းဘာမှ တိတိကျကျ ကျွမ်းကျွမ်းကျင်ကျင် မသိတာလောက်ကိုတော့ နားလည်ခွင့်လွှတ်ပေးလိုက်ပါတယ်)... သို့သော် ကျွန်မတို့တွေရဲ့ အမှတ်ရစရာပျော်ရွှင်မှုတွေနဲ့အတူ ချယ်ရီမေရဲ့ အမှတ်ရစရာ အဖြစ်အပျက်တစ်ခုက Bill လာတဲ့အခါမှာ ဖြစ်ပျက်ခဲ့ပါတယ်...
ကျွန်မတို့ မိသားစု ဗိုက်ဆာဆာနဲ့ ဘယ်လောက်ပဲ အများကြီးမှာမှာ ကိုယ်မှာစားထားတာဘာတွေလဲ ဘယ်လောက်မှာစားထားလဲဆိုတာ ကောင်းကောာင်းမှတ်မိပါတယ်... ဘာလို့လဲဆိုတော့ ကျွန်မတို့မိသားစုက အမြဲတမ်း အများကြီးမှာစားတတ်လို့ မှတ်မိတယ်ဆိုတာက အကျင့်ဖြစ်နေပါပြီ... ပြီးတော့ ကျွန်မတို့မိသားစုမှာ သောက်တတ်တာ ဖေဖေတစ်ယောက်ပဲရှိပါတယ်... ဖေဖေ့အတွက် အစက Wisky 1 Jug ဆိုလို့ ဘယ်လောက်များလဲမေးတော့လဲ ကောင်မလေးက သေချာမသိပါဘူး... ဒါပေမဲ့လဲ မှာလိုက်ပါတယ်... Wisky 1 Jug နဲ့ ဘီယာ ၁ Jar မှာပါတယ်...
Menu ပေါ်မှာ Tiger Beer 1 Jar S$20 လို့ရေးထားပါတယ်... Wisky 1 Jug ကို ၂၄ဒေါ်လာပါ... (၁ jug မှာ ၄ ပတ်ပါတယ်လို့ နောက်မှဆိုင်ကကောင်မလေးအပြောအရသိရပါတယ်... ၄ ပတ်ဟုတ်မဟုတ်ကတော့ သောက်တဲ့သူအသိဆုံးဖြစ်မှာပါ.. ကျွန်မကတော့ ရေခဲတွေတော်တော်များတာတော့ သတိထားမိပါတယ်... ဒါတွေထားပါတော့ ခုက သူတို့ဆိုင်က အစားအသောက် ၀န်ဆောင်မှုကို ပြောချင်တာမဟုတ်ပါဘူး... စားစရာတွေကတော့ မဆိုးပါဘူး အရသာကောင်းပါတယ်... )
ဒါပေမဲ့ တကယ်တမ်းဘေလ်လာတော့ ကျွန်မတို့မှာထားတာတွေထက် အရေအတွက်တွေပိုနေတာ တွေ့ခဲ့ရပါတယ်... မှားတာလဲ သူတို့အတွက်တော့ အမှားကောင်းလေးပါ... ဈေးများတဲ့ ဘီယာကိုမှ ၁ ဂျားကနေ ၂ဂျားစာလာကောက်ထားပါတယ်... နောက်တော့ ကျွန်မနဲ့ ကျွန်မမေမေစားတဲ့ လက်ဘက်ထမင်းကိုလဲ ၂ပွဲကနေ ၃ပွဲလုပ်ထားပါတယ်... ပြီးတော့ ဘီယာက မန်နျူးပေါ်မှာ ၂၀ ဆိုပြီး တကယ်တမ်းကျတော့ ၂၂ဒေါ်လာ ယူထားပါတယ်... အဲဒါကို မေးတော့ သူက Menu ပေါ်က Tiger Beer ကိုပြောတာဖြစ်ပြီး တကယ်တမ်းကျတော့ Tiger မရှိလို့ Heineken Beer ကို ထည့်လိုက်ကြောင်း အဲဒိအတွက် ၂ဒေါ်လာပိုကြောင်းပြောပါတယ်... ကျွန်မခုထောက်ပြလိုတာက ပိုက်ဆံ ၂ဒေါ်လာ ကွာဟချက်မဟုတ်ပါဘူး... အားလုံးလဲ ကျွန်မတို့ Customer တွေဘက်က ဘယ်လိုခံစားရမလဲဆိုတာ ဒီလိုအခြေအနေမျိုးကြုံဖူးရင်သိနိုင်ကြသလို... သူတို့ ဆိုင်သမားတွေဘက်က အဲလို အချိန်မှာ ဘယ်လို Action မျိုးယူသင့်လဲဆိုတာကိုလဲ သိသင့်တယ်လို့ထင်ပါတယ်... Basic customer service ပါ...
၁ အချက် Menu ပေါ်မှာ Tiger Beer တစ်ခုထဲကိုသာရေးထားပြီး Heineken Beer ဆိုတာ လုံးဝမရှိပါဘူး... တကယ်လို့ သူတို့ဆိုင်မှာလဲ ရောင်းတယ်... ဈေးလဲမတူဘူးဆိုရင် မန်နျူးပေါ်မှာ ဖော်ပြပေးသင့်ပါတယ်...
၂ အချက် တကယ်လို့ Customer မှာတဲ့ Item မရှိဘူးဆိုရင် (ဈေးတူတာ မတူတာ အပထားအုံး)... Customer Preference အရ လာရောက်မေးမြန်းသင့်ပါတယ်... "Tiger Beer ကတော့ ဒီနေ့ကုန်နေလို့.. Heineken နဲ့ အစားထိုးလို့ရမလား" လို့ အသိပေးသင့်ပါတယ်...
၃အချက်ကတော့ အထူးသဖြင့် ဈေးမတူတဲ့ ကုန်ပစ္စည်း ၂မျိုးကို Customer ကို အသိမပေးပဲ ယခုလိုပဲ သူတို့ဘာသာ သူတို့ ဆုံးဖြတ်ပြီး Serve လိုက်သင့်ပါလား...
အပေါ်က သုံးချက်ကတော့ Brand မတူ ဈေးမတူတဲ့ ကုန်ပစ္စည်း ၂ မျိုးကို Customer ကို အသိမပေးပဲ လုပ်ချင်တာလုပ်တဲ့အပေါ် ကျွန်မရဲ့ ဖြစ်သင့်တယ်ထင်တဲ့ အကြံပြုချက်ပါ...
ခု ဆက်လက်ပြီး အကြံပြုချင်တာကတော့ မှာထားတဲ့ ကုန်ပစ္စည်းတွေ အရေအတွက် Bill ပေါ်မှာ တိုးနေတာကိုပါ... ဒီအဖြစ်အပျက်ကတော့ မြန်မာဆိုင်ကို ၁ခါသွား ၁ခါဖြစ်တဲ့အတွက် "တိုက်ဆိုင်လိုက်တာများကွာ" လို့တောင် ပြောရမလိုဖြစ်နေပါပြီ... ဘီယာဈေးက Menu ပေါ်ကနဲ့ ကွာရုံတင်မကဘူး ၁ဂျားကို ၂ဂျား လုပ်ထားတော့ ဈေးက ကျွန်မတို့သိထားတာထက် ၂ဆတောင်မကတော့ပါဘူး... (ဈေးအကြီးဆုံး ဘီယာ Item ကမှ တိုးနေတဲ့အတွက် စဉ်းစားစရာတော့ ကောင်းလှပါတယ်)... လက်ဘက်ထမင်းကလဲ ၂ပွဲတောင်မကုန်တာ ၃ပွဲလုပ်ထားလို့ ကောင်းကောင်းသိပါတယ်...
ဒီတော့ ကျွန်မတို့က ဒါတွေ ဒါတွေကတော့ ပို Charge ထားတယ်လို့ ဘေလ်လာပေးတဲ့ ကောင်းမလေးကို ပြောတော့...
သူ့ဘက်ကလဲ surprise ဖြစ်ပုံမရပါဘူး... အေးဆေးပဲပြီးသွားပါတယ်... ကျွန်မက အစက အတော်လေးတောင် ငြင်းရတော့မယ်ထင်လိုက်တာပါ... (ဒါကိုပဲ Service ကောင်းတယ်လို့ ယူဆချင်သေးလား)..
တကယ်လို့ သူတို့ဘက်က ကျွန်မတို့ ဘီယာ ၂ဂျားမှာတယ်လို့ အမှတ်မှားရိုးမှန်ရင်... ပုံမှန်ဆိုင်သမားတွေရဲ့ Reaction က ဘယ်လိုဖြစ်မယ်ထင်ပါသလဲ... ကျွန်မ စိတ်ကူးကြည့်မိတာ အနည်းနဲ့ အများတော့ ကျွန်မတို့ကို "ပြန်စစ်ကြည့်ပါရစေ" ဘာညာဆိုပြီးထပ်သွားစစ်မယ်... ဒါမှမဟုတ် ကျွန်မတို့ကို အနည်းနဲ့အများပြန်ငြင်းလိမ့်မယ်လို့ထင်မိပါတယ်... ဒါပေမဲ့ ကျွန်မတို့က ဘေလ်ကို စစ်လိုက်ပြီး ဘီယာက ၁ဂျားပိုတယ် လက်ဘက်ထမင်းက တစ်ပွဲပိုကောက်ထားတယ်လို့ ပြောလိုက်ရုံနဲ့... ဆိုင်က ကောာင်မလေးဘက်က "အော်" ဆိုပြီး တစ်လုံးတည်းနဲ့ ပြီးသွားတဲ့အတွက် သာမာန် reaction မျိုးမဟုတ်ပဲ ကြိုတင်သိနေတဲ့ ပုံစံမျိုးလို့ ကျွန်မဘက်က ခံစားရပါတယ်... (ဟုတ်ချင်မှလဲဟုတ်မှာပါ...) ဟုတ်တာ မဟုတ်တာကတော့ ကာယကံရှင် အသိဆုံးဖြစ်မှာပါ... ကျွန်မဘက်ကလဲ ကျွန်မခံစားရသလို Customer ဘက်က ဖော်ပြတာပါ...
အဲဒိနောက်တော့ စာဖတ်သူတို့သာ Customer ဆိုရင် ဘယ်လိုတုံ့ပြန်မှုမျိုးကို ဆက်ပြီး မျှော်လင့်မလဲ... Apologies ပါ... ကျွန်တော်/ကျွန်မတို့ ဘေလ်ပိုတောင်းမိတဲ့အတွက် Sorry ပါပဲဆိုတဲ့ စကားလေး တစ်လုံးကို Sincere ဖြစ်တဲ့ပုံမျိုးလေးနဲ့ ပြောလိုက်ရင်တောင် ကျွန်မတို့ ကျေနပ်သွားမှာပါ... ၁ခါလာ ၁ခါဒါမျိုးကြုံလိုက်ရပင်မဲ့ "အော်... ဖြစ်တတ်ပါတယ်လေ" ဆိုပြီးတော့ပဲ ပြည်ဗုံးကားချလိုက်မိပြီး ခုလို ဘလော့ပေါ်ကို ရောက်လာတော့မှာမဟုတ်ပါဘူး... ဒါပေမဲ့ သူတို့အားလုံးက သူတို့အပြစ်ကို လုံးဝ ၀န်ခံတဲ့ အပြုအမူမရှိပါဘူး... ဒါမှမဟုတ် "ဘေလ် Key လုပ်တာ ငါမဟုတ်တော့ ငါ့အပြစ်မဟုတ်ဘူး" အော်ဒါယူတာက တစ်ယောက်... ဘေလ်ကီးတာက တစ်ယောက်... ဘေလ်လာယူတာကတစ်ယောက်မို့... ဘေလ် လာယူတဲ့သူက သူ့အပြစ်မဟုတ်လို့ တောင်းပန်စရာမလိုဘူးလို့ ယူဆတာလား... ဆိုင်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတစ်ယောက်အနေနဲ့ Customer နဲ့တွေ့တဲ့အချိန်မှာ သူက ဆိုင်မှာရှိတဲ့သူတွေကို Represent လုပ်တယ်လို့ ကျွန်မကတော့ ယူဆတယ်... ဒိအတွက် Sorry ဆိုတာလောက်တော့ သူပြောသင့်တယ်လို့ ကျွန်မဆုံးဖြတ်ရင် ကျွန်မဆုံးဖြတ်ချက်ကို မှားတယ်လို့ပြောနိုင်မလား... အဲလိုမဟုတ်ပဲ (ဘီယာ ၂၄ဒေါ်လာ + လက်ဖက်ထမင်း ၄ဒေါ်လာ = ၂၈ ဒေါ်လာ) ပိုကောက်ပြီး သူတို့ဘက်က ဘာမှမဖြစ်တဲ့ ပုံစံမျိုးတွေနဲ့ ဆက်ဆံခံလိုက်ရတာကတော့ Customer လဲဖြစ်ဖူးတယ်... အဲလိုမျိုးလဲ ဆက်ဆံခံရဖူးတဲ့ သူတွေသိမှာပါ... (ဘီယာဖိုး Menu နဲ့ မတူတာကိုတော့ ၂ကျပ်ထဲမို့ ပြောချင်စိတ်မရှိတော့လို့ ပေးလိုက်တယ်)
အဲဒိဆိုင်က ပြန်တော့ စိတ်ထဲ ခုလု ခုလုဖြစ်နေတဲ့အပြင်... ကျွန်မခေါင်းထဲ အတွေးတွေနဲ့ စဉ်းစားနေမိတယ်...
မြန်မာဆိုင်ဆိုပြီး အားပေးကြလို့ မြန်မာ Customer ဆိုပြီး ဒီလို service မျိုးပဲပေးတာလား...
ဒါမှမဟုတ် မြန်မာဆိုင်လာပြီး ဘယ်လို Customer Service မျိုးကို မျှော်ကိုးနေသေးလဲလို့ အပြစ်တင်ရင်လဲ ခံရမှာပဲ...
မင်းတို့ ငါတို့ဆိုင်နဲ့ ကင်းနိုင်လို့လား ငါတို့ဆိုင်က စကာင်္ပူမှာ ၁ဆိုင်ထဲရှိတဲ့ မြန်မာကာရာအိုကေဆိုင် လို့များ စိတ်ထဲကြွေးကြော်နေမလာား...
မင်းတို့ ငါတို့ဆိုင်နောက်မလာလို့လဲ ကိစ္စမရှိဘူး ငါတို့ဆိုင်မှာ လူတွေနေ့တိုင်းပြည့်လို့ သီချင်းဆိုဖို့ booking လုပ်ရတယ်... အချိန် Extend တိုးချင်လို့တောင်မရဘူး နောက်လူစောင့်နေရတဲ့အထိ ရောင်းကောင်းတယ်လို့များ မထိမဲ့မြင် အပြုံးပြုံးနေမလား...
ဒါပေမဲ့ အဲဒါမျိုးအတွေးမျိုးကို အဲဒိ ဆိုင်သားတွေ တွေးချင်တွေးမယ် ဆိုင်ရှင်ကတော့မတွေးလောက်ဘူး (သူ့အကျိုးအတွက် တွေးလဲ မတွေးသင့်ဘူး) လို့ ကျွန်မထင်တာပါပဲ... ဆိုင်ရှင်တွေက လူငယ်တွေစုပြီး ဖွင့်ထားတယ်လို့လဲ ကြားပါတယ်... ဒီလိုဆိုတော့ ကျွန်မအနေနဲ့ သူတို့ ဒီလိုတွေးမှာမဟုတ်ဘူးဆိုတာကို ယုံကြည်လို့ရတယ်လို့ထင်ပါတယ်... သူတို့ဒီဆိုင်ကိုဖွင့်တာ စီးပွားရေးသက်သက်အပြင် သီချင်းကြိုက်တဲ့ မြန်မာလူမျိုးတွေအတွက် လိုအပ်ချက်လေးကို ဖြည့်စွက်ပေးချင်တဲ့ စေတနာနဲ့ ရည်ရွယ်ချက်ပါမယ်လို့ ခန့်မှန်းမိပါတယ်... လူငယ်တွေဦးစီးတယ်ဆိုတော့ စီးတီးဟောက ဆက်ဆံရေးပျက်စီးပြီးသား တခြားမြန်မာဆိုင်တွေနဲ့မတူ ဆက်ဆံရေးကောင်းပြီး Best customer service ပေးမယ်လို့လဲ သူတို့ စိတ်ကူးခဲ့မယ်ထင်ပါတယ်... ဒီလိုဆိုရင်တော့ ဆိုင်ရှင်ရဲ့ ရည်ရွယ်ချက်လေး စတင်ပျက်စီးစပြုနေပြီလို့ သတိပေးပါရစေ...
ကျွန်မအရင်ကပြောဖူးသလို ရောင်းချသူရဲ့ စေတနာဟာ စားသုံးသူအပေါ် သက်ရောက်မှုရှိတယ်ဆိုတဲ့အတိုင်းပဲ... ဒီလိုမျိုး Service နဲ့ Treatment တွေကို မပြင်ဘူးဆိုရင်ဖြင့် ချယ်ရီမေရဲ့ နာမည် ကြာရှည်ခံမခံကို သံသယဖြစ်မိပါတယ်... စီးတီးဟောပေါ်က မြန်မာဆိုင်တွေဆက်ဆံရေးမကောင်းခဲ့လို့ တစ်ဆိုင်မကောင်း နောက်တစ်ဆိုင် ပြောင်းထိုင်ပါတယ်... နည်းနည်းစိတ်ဆိုးရင် ၁လလောက် လုံးဝမစားပါဘူး... (တစ်ဆိုင်ကိုတော့ ဆက်ဆံရေးကြောင့် လုံးဝ ဘမ်းထားပါတယ်)... ချယ်ရီမေကိုတော့ ဒီတစ်ကြိမ်အမှားအတွက် Bad Impression ဖြစ်သွားပင်မဲ့ ကျွန်မဘက်က အခွင့်အရေးပေးတဲ့အနေနဲ့ စိတ်ရှိရင် ရှိသလို လာချင်လာနေအုံးမှာပါ (၁ဆိုင်တည်းရှိတာကိုး... ဒါတောင် ကျွန်မ မိသားစုဝင်တွေက နောက်တစ်ခေါက်ထပ်သွားမသွားတော့ အာမ မခံပါဘူး)... အဲနောက်တစ်ခါလာရင်လဲ ဘေလ်ကို သေချာစွာစစ်ဆေးဖို့လဲ ပြင်ဆင်လာမှာပါ... ဒါပေမဲ့ နောက်အကြိမ်တွေထပ်လာလို့ တိုးတက်မှုမရှိပဲ ဆုတ်ယုတ်လာတယ်ဆိုရင်တော့ ကျွန်မဘမ်းစာရင်းထဲ ထည့်သင့်ရင်ထည့်မှာပါပဲ... ကော်ပီသီချင်းဆိုတဲ့ မြန်မာအဆိုတော်တွေကို ဒီတစ်ကြိမ်ကျေးဇူးတင်တာက အင်္ဂလိပ်ကာရာအိုကေဆိုင်သွားလဲ မြန်မာစာသား ကိုယ့်ဘာကိုယ် ထည့်ပြီးဆိုလို့ရနေတုန်းပါပဲ...
ခါချင်ကောင် မာန်တင်းလို့ တောင်ကြီးကို ဖြိုနိုင်မယ်ထင်လာဆိုပြီးများ မဲ့ပြုံးပြုံးနေပြီလား... ခါချင်ကောင် ၁ကောင်တည်းတော့ တောင်ကြီးကို မဖြိုနိုင်ပင်မဲ့ ခါချင်ကောင်တွေအများကြီးဆိုရင်တော့ တောင်ကြီးကိုမြိုရင်တောင် မြိုနိုင်မှာပါ... တောင်နဲ့ အပြိုင် ခါချင်ဗို့ကြီးတောင် လိုက်ဆောက်နိုင်ရင်ဆောက်နိုင်မှာပါ... Customer တစ်ဦးတစ်ယောက်ချင်းကို ဒီလို Service မျိုးပေးတာများလို့ ခံရတဲ့သူများလာရင် ၁ယောက်... ၁ယောက်နဲ့ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်မှာ စိုးလို့ပါ... တကယ်လို့ အပြိုင်နောက်တစ်ဆိုင်တစ်ချိန်ရှိလာမယ်... Service ကလဲ ကောင်းမယ်ဆိုရင်... ကျွန်မလို လူမျိုးအတွက်ကတော့ အစားအသောက်မကောင်းအုံးတော့ ယှဉ်လာရင် အဲဒိပဲသွားဖြစ်မှာပါ...
ဒီတော့ ကျွန်မတို့တွေရဲ့ မျှော်လင့်ချက်အတိုင်း စကာင်္ပူမှာရှိတဲ့ မြန်မာအသိုင်းအ၀ိုင်း မြန်မာဆိုင်တွေထဲမှာ နိုင်ငံတကာဆိုင်တွေလို Service ကောင်းကောင်း အဆင့်မှီမှီနဲ့ရှိတာ ချယ်ရီမေဟေ့ လို့ ခေါင်းမော်ပြီး ပြောနိုင်တဲ့ ဆိုင်တစ်ဆိုင်ရှိအောင် ကြိုးစားပြီး ထိမ်းသိမ်းပေးကြပါလို့ တောင်းဆိုလိုပါတယ်... အဲဒိဆိုင်တိုးတက်မှုက ကျွန်မအတွက် ဘာအကျိုးအမြတ်မှမရှိပါဘူး... ဆိုင်ပိုင်ရှင်ပဲ တိုးတက်မှာပါ... အနည်းဆုံး မြန်မာလူမျိုးတစ်ယောက်အနေနဲ့ တစ်ခြားလူမျိုးတွေကို ဂုဏ်ယူစွာခေါ်လာနိုင်တဲ့ ဆိုင်မျိုးရှိရင် ကျွန်မကျေနပ်ပါပြီ...
ချယ်ရီမေ တိုးတက်မှုကို လိုလားတဲ့
Customer မဗေဒါ
P.S No ill or other intention . It's just a customer feedback
Wednesday, September 08, 2010
Inspirational Hindi Movie "3 Idiots" - Recommendation
ကျွန်မတို့အခေါ် ကုလားကားပေါ့နော်... ဒါပေမဲ့ တိတိကျကျခေါ်ရင်တော့ ဟင်ဒီကား... တော်ရုံတန်ရုံ ဟင်ဒီကားလို့ပြောလိုက်ရင် ကြည့်နေကျမဟုတ်သူ တော်တော်များများက "ဟင်"ကနဲဖြစ်တတ်ကြတယ်... ကုလားကားက ကမယ် ဆိုမယ် ၀မ်းနည်းလဲက ပျော်လဲက လို့ ဝေဖန်တတ်ကြတယ်... ဟုတ်ပါတယ်... ဒါပေမဲ့ သူတို့မှာလဲ သူတို့ ရုပ်ရှင်ရိုက်တဲ့ မူနဲ့ သူတို့ အဆင့်ရှိတယ်... English ကားတွေမှာတောင် Musical movie ဆိုပြီး သီးသန့်တောင် ကြည့်ကြသေးတာ... ဟင်ဒီကားတွေမှာ သီချင်းဆိုတာ ကတာကို ဘာလို့ အပြစ်တင်ချင်ကြတာလဲ... ရုပ်ရှင်ကို ရုပ်ရှင်လိုနားလည်ပြီးကြည့်လိုက်ရင် အရသာရှိမှာပါ... ကျွန်မကတော့ ဟင်ဒီကားတွေကို ကြိုက်တဲ့အချက်ထဲမှာ အကအခုံ သီချင်းတွေပါလို့လဲပါတယ်... Hollywood နဲ့ အပြိုင် Bollywood ကိုတောင် တည်ထောင်ပြီး အော်စကာတွေဆွတ်ခူးနေတာလဲ သူတို့ရိုက်တဲ့ကားတွေချည်းပဲ... သူတို့ဟာ အနုပညာလောကထဲမှာ အဆင့်အတန်းရှိရှိနဲ့ကို ရပ်တည်နေတာ... ဒီတော့ ပြောချင်တာ ဟင်ဒီကား (ကုလားကား) ဆိုလို့ အထင်မသေးပဲ ကြည့်ကြည့်စေချင်တယ်...
ကျွန်မ Recommend ပေးချင်တဲ့ ကားလေးကတော့ မင်းသားချော Aamir Khan နဲ့ မင်းသမီးချော Kareena Kapoor တို့က ခေါင်းဆောင် ပါဝင်ထားပါတယ်... ဒါပေမဲ့ ဒီကားမှာ မင်းသားနဲ့ သူ့သူငယ်ချင်း ၂ယောက်ဇာတ်လမ်းက ပိုပြီး အဓိကကျပါတယ်... မင်းသမီးတောင် သိပ်တော့ အဓိကမကျလှပါဘူး...
ဇာတ်လမ်လေးကတော့....
အန္ဒိယထိပ်သီး အင်ဂျင်နီယားရင်းကျောင်းမှာ အများတကာနဲ့မတူပဲ ထူးခြားတဲ့ Personality ရှိတဲ့ Rancho ဆိုတဲ့ ကောင်လေးနဲ့ သူငယ်ချင်းဖြစ်ခဲ့တဲ့ Faran နဲ့ Raju ၂ယောက်က ကျောင်းပြီးသွားတော့ အဆက်အသွယ်ပျက် လုံးဝပျောက်ဆုံးသွားတဲ့ သူတို့ သူငယ်ချင်း Rancho ကို ပြန်လိုက်ရှာရင်း ဇာတ်ကြောင်းပြန်တာကို အခြေခံထားပါတယ်...
Rancho ဟာ အင်ဂျင်နီယာပညာရပ်ကို အလွန်စိတ်ဝင်စားသူဖြစ်ပြီး သူယုံကြည်ရာကို ခိုင်ခိုင်မာမာနဲ့ ဦးတည်ချက်မပျက်ပဲဆောင်ရွက်နိုင်တယ်... သူများတွေက စာမေးပွဲအမှတ်ကောင်းမှ အလုပ်ကောင်းကောင်းရမယ်ဆိုပြီး ပြိုင်ဆိုင်နေကြတဲ့အချိန်မှာ သူကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ သူလေ့လာချင်တာကိုပဲလေ့လာနေတတ်တဲ့ လူစားမျိုး... သူဟာ စာအုပ်ထဲက သင်ရိုးတွေကို နှုတ်တိုက်မကျက်ပဲ သဘောတရားကို တကယ်လေ့လာ နားလည်တဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် အများနဲ့ယှဉ်ရင်တော့ တမူကွဲပြားနေတဲ့ လူတစ်ယောက်ဖြစ်တယ်... အဲဒိအတွက်လဲ သူ ဘယ်သူကိုမှ ဂရုမစိုက်ဘူး... ဘယ်သူ့ကိုမှလဲ မထိခိုက်ဘူးလေ... သူ့အထင်အမြင်တွေကို ရဲရဲတင်းတင်း ချက်နဲ့လက်နဲ့ ပြန်ပြောရဲတဲ့အတွက် ဆရာတွေက မျက်မုန်းကျိုးတဲ့အပြင် ကျောင်းအုပ်ဆရာကြီးနဲ့လဲ အမြဲတမ်း ပြဿနာတတ်နေခဲ့တဲ့ ကျောင်းသားတစ်ယောက်ဖြစ်တယ်...
လူငယ်ပီပီ လှောင်တယ် ပြောင်တယ် ပျော်ပျော်နေတတ်တယ်... သူ့နဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ Fahan နဲ့ Raju တို့ရဲ့ မိသားစု တွေကတော့ သူ့မိသားစုလောက် မချမ်းသာဘူး... သူတို့သားတွေကို အင်ဂျင်နီယာဖြစ်စေချင်လွန်းလို့သာ ရှိစုမဲ့စုနဲ့ ကျောင်းထားရတာဖြစ်တယ်... သူတို့သူငယ်ချင်းတွေအကြောင်း အနည်းကျဉ်းပြောရမယ်ဆိုရင်တော့
Fahan မိသားစုက သာမာန်လူတန်းစားဖြစ်တယ်... သူမွေးလာကတည်းက မိဘတွေက သူ့ကို အင်ဂျင်နီယာလုပ်ရမယ်လို့ ဆုံးဖြတ်ခဲ့လို့ သူ့ခမျာ ရွေးစရာလမ်းမရှိပဲ မိဘဆုံးဖြတ်တာကို လိုက်နာခဲ့သူဖြစ်တယ်... သူတကယ်ဝါသနာပါတာကတော့ wildlife photographer ဖြစ်တယ်... သူ့ဘ၀ကြီးတစ်ခုလုံးဟာ Rancho နဲ့တွေ့တဲ့အခါမှာ လုံးဝပြောင်းလဲခဲ့တယ်...
Raju မိသားစုက အရမ်းဆင်းရဲတယ်... သူ့အဖေက လေဖြတ်နေတဲ့ရောဂါသည်... အမေက ဆရာမဟောင်း.. ပိုက်ဆံမရှိလို့ ညီမကလဲ ယောကျာင်္းတင်တောင်းစရာမရှိလို့ အိမ်ထောင်မပြုရဘူး (သူတို့ လူမျိုးရိုးရာအရ မိန်းကလေးက တင်တောင်းရတယ်ဆိုတာကို လေ့လာမှတ်သားရတယ်)... သူကတော့ အင်ဂျင်နီယာကို ၀ါသနာပါတယ်... သူ့မိသားစု ငွေရေးကြေးရေးကြောင့် တစ်ခါတစ်လေ ကျောင်းအုပ်ကြီးချိန်းခြောက်ရင် အမြဲကြောက်ရတဲ့သူ... သူငယ်ချင်း တစ်ဖက် ကျောင်းအုပ်ကြီးတဖက်ကြားမှာ သနားစရာအကောင်းဆုံးသူဖြစ်တယ်... သူ့ဘ၀ သူ့ယုံကြည်ချက်နဲ့ သူ့ကြောက်စိတ်တွေဟာလဲ Rancho နဲ့ အတွေ့မှာ အားလုံးပြောင်းလဲသွားပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာတယ်...
Rancho နဲ့ပေါင်းလို့ သူတို့ ၂ယောက် grade တွေကျလာလို့ ကျောင်းအုပ်ကြီးရဲ့ ခြိမ်ခြောက် အထင်သေးမှုကို ခံရပင်မဲ့ အချိန်တန် စာမေးပွဲ အဖြေထွက်ရင် Rancho ကတော့ အမြဲ ထိပ်ဆုံးမှာရှိနေတတ်တဲ့အတွက် မျက်မုန်းကျိုးသော်လည်း ကျောင်းအုပ်ကြီးမှာ လက်မှိုင်ချနေရတယ်... သူ့အတွက် အဆိုးဆုံးကတော့ သူ့သမီး ဆရာဝန်မလေးနဲ့ Rancho ရဲ့ ချစ်ဇာတ်လမ်းလေးပါပဲ...
ဒါပေမဲ့ ကျောင်း graduate ဖြစ်တဲ့နေ့ကစပြီး လုံးဝပျောက်ဆုံး အဆက်သွယ်ဖြတ်သွားတဲ့ Rancho ကို အားလုံးစဉ်းစားမရဖြစ်ပြီး တွေ့ချင်နေကြတယ်... Rancho ရဲ့ ဘ၀အစစ်က ဘာလဲ... သူတို့သိခဲ့တဲ့ Rancho ဆိုတာ တကယ့်အစစ်အနေနဲ့ တည်ရှိခဲ့ရဲ့လား....သူဘာလို့ပျောက်ဆုံးသွားတာလဲ ဆိုတာကိုတော့ ဖန်သားပြင်ပေါ်မှာ ဆက်လက်ရှူစားကြပါ...
Movie Review
ဒီရုပ်ရှင်လေးက လူတွေကို ခံစားချက်တွေ များစွာပေးသလို သင်ခန်းစာတွေလဲ အများကြီးပေးတယ်လို့ ကျွန်မခံစားရတယ်... ကြိုးစားချင်စိတ်နဲ့ အသိဥာဏ်တွေလဲ ပေးတယ်... ကျောင်းသားဘ၀တွေကို ရိုက်ထားတဲ့အတွက် ရီလဲရီရတယ်... သူငယ်ချင်းကောင်းဆိုတာရဲ့ အဓိပ္ပါယ်လေးကိုလဲ အနည်းအကျဉ်း အတွေးစလေးပေးခဲ့တယ်...
အဓိက သူပေးချင်တဲ့ သင်ခန်းစာလေးတွေကတော့ ... လူဆိုတာ Degree ရမှ အလုပ်ကောင်းကောင်းရမယ်... အလုပ်ကောင်းကောင်းရမှ လူဝင်ဆံ့မယ်ဆိုပြီး ကြိုက်ကြိုက် မကြိုက်ကြိုက် Degree တစ်ခုကို အရယူတတ်ကြတယ်... ဒါပေမဲ့ တကယ်ဖြစ်သင့်တာကတော့ ဘာလို့ ကျောင်းတက်လဲ ပညာရပ်တွေကို တတ်ချင်လို့ သိချင်လို့ ၀ါသနာပါလို့ ဆိုတာ ဖြစ်သင့်တယ်... Grade ကောင်းဖို့ထက် တကယ်တတ်အောင် လေ့လာသင်ယူသင့်တယ်... ဆရာတွေကလဲ ထိုနည်းလည်းကောင်း စိတ်ထားမျိုးနဲ့ တပည့်တွေကို သင်ပေးသင့်တယ်...
အဲဒိကားထဲက ကျောင်းအုပ်ဆရာကြီးရဲ့ ပညာရေးစနစ်ပေါ် အတွေးအခေါ်နဲ့ Rancho ရဲ့ အတွေးအခေါ်က လုံးဝကိုကွာခြားတယ်... လူဆိုတာ ကိုယ်ဝါသနာပါတာ စိတ်ဝင်စားတာကိုလုပ်ရင် ပိုအောင်မြင်တယ်ဆိုတာကို သဘောပေါက်အောင် ပြသွားတယ်...
အဲဒိကားမှာ Wildlife photographer ဖြစ်ချင်တဲ့ Fahan သူ့အဖေကို နှစ်သိမ့်တဲ့အခန်းမှာပြောတဲ့စကားတွေက ကျွန်မ အတွေးနဲ့ အတော်တူတယ်... သူ့အဖေကပြောတယ်... အင်ဂျင်နီယာဖြစ်မှ ၀င်ငွေကောင်းမယ် လူဝင်ဆံ့မယ် တောထဲမှာ wildlife photographer လုပ်ရင် အနေဆင်းရဲ အစားဆင်းရဲနဲ့ ပိုက်ဆံလဲ ဒီလောက်မရဘူးလို့ပြောတယ်... ဒီအခါမှာ Fahan က Wildlife Photographer လုပ်ရင် ပိုက်ဆံနည်းနည်းပဲရမယ် အိမ်သေးသေးပဲပိုင်မယ် ကားသေးသေးပဲပိုင်မယ်... ဒါပေမဲ့ သူအရမ်းပျော်မယ် စိတ်ချမ်းသာမယ်လို့ သူ့မိဘကို သေချာရှင်းပြခဲ့တယ်... (အဲဒါပဲ... ကျွန်မလဲ အဲလိုအတွေးမျိုးရှိတယ်... ပိုက်ဆံတွေအများကြီးရပြီး ပျော်ရွှင်မှုမရှိတဲ့ အလုပ်ကို ဘာလို့လုပ်မှာလဲ... ပျော်ရွှင်မှုဆိုတာ ကိုယ်လုပ်တဲ့အလုပ်ကို ကိုယ်စိတ်ပါတာကိုပြောတာ... အဲဒိအတွေးကျွန်မမှာရှိနေတာ ကျောင်းပြီးပြီး အလုပ်ခွင်ထဲစ၀င်တည်းကပဲ... ဒါပေမဲ့ ကျွန်မမှာ Fahan လို ပြင်းပြင်းထန်ထန်ဖြစ်ချင်တဲ့ လုပ်ရဲတဲ့ courage မရှိဘူး... ခုတစ်လောတော့ ကျွန်မ Flim production ကို စိတ်ဝင်စားတယ်လို့ ကိုယ့်ကိုကိုယ်ထင်တယ်... ဒါပေမဲ့ တစ်ခါမှ မလုပ်ဖူးတော့ ကျွန်မမှာ Talent ရှိမရှိမသိဘူး... လိုင်းကို လုံးဝပြောင်းလိုက်ရမဲ့ Risk ကိုလဲ ကျွန်မကြောက်တယ်... ဒါပေမဲ့ ဖြစ်ဖြစ်မဖြစ်ဖြစ် ကြိုးစားကြည့်ချင်တယ်... သေချာတာတော့ ကျွန်မလက်ရှိနေရာကို မကြိုက်ဘူး... ရုပ်ရှင်အကြောင်းပြောရင်း ကိုယ့်အကြောင်းပြောတာ များသွားပြီ... Let's back to the topic)
ဒီရုပ်ရှင်လေးမှာ ကိုယ်စိတ်ဝင်စား ၀ါသနာပါတဲ့ ပညာရပ်ကို လိုက်စားရင် အောင်မြင်တာထက် ကျော်လွန်တာတွေကို ရရှိနိုင်ကြောင်း အသိဥာဏ်ဖွင့်ပေးတယ်...
ဒီရုပ်ရှင်လေးဟာ (ငယ်ငယ်က မြန်မာစာသင်တုန်းကလို ဘာရသတွေပေးလဲလို့ပြောရမယ်ဆိုရင်) ဟာသရသ၊ ဂရုဏာရသတွေပေးတဲ့အပြင် သင်ခန်းစာတွေ အမျာကြီးယူလို့ရမဲ့ကားလေးဖြစ်တယ်..
ဒါတွေတင်မကဘူး အိန္ဒိယနိုင်ငံရဲ့ လှပတဲ့ ရှုခင်းတွေကိုလဲ မြင်နိုင်တယ်... ကျွန်မတောင် အိန္ဒိယကို အလည်သွားချင်စိတ်ပေါက်သွားပါတယ်... ရိုက်ကွင်း ရိုက်ချက်နဲ့ ကင်မရာ အယူအဆကတော့ ပြောစရာမလိုလောက်အောင်ကို ကောင်းတယ်...
မင်းသားကလဲ သူ့အပြင်က အသက်ကိုတောင် မေ့လောက်အောင် နုတယ်... အမှန်အတိုင်းပြောရရင် ကျွန်မ ဟင်ဒီကားတွေကြည့်ရင် မင်းသား နှုတ်ခမ်းမွှေးပါရင် မကြိုက်ဘူး... အဲဒိအတွက် ကျွန်မအကြိုက်မင်းသားတွေကတော့ ရှာရွတ်ခမ်း၊ ဆယ်လ်မန်ခမ်း၊ အာမေလ်ခမ်းနဲ့ နောက်တစ်ယောက်က သူတို့နောက်မှပေါ်တာပဲ ဗလကောင်းကောင်းပဲ bollywood မင်းသား (စကာင်္ပူတောင် တစ်ခါလာဖူးတယ်) နာမည်မသိဘူး နှုတ်ခမ်းမွှေးတော့ မပါဘူး... (kabhi kushi kabhi gham အဲဒိကားမှာ အငယ်ကောင်လုပ်တာ) သူတို့တွေကို သဘောကျတယ်... မင်းသမီးတွေကတော့ ပြောနေစရာမလိုဘူး... ဟင်ဒီမင်းသမီး အားလုံးနီးပါးချောကြတယ်... အားလုံးနည်းပါးကြိုက်တယ်...
ကဲပါ အပြောတွေများနေပြီ... အားလုံးကို ပြချင်လွန်းလို့ လိုက်ရှာရင်း ကံကောင်းထောက်မစွာပဲ Youtube ပေါ်မှာ အင်္ဂလိပ်စာတမ်းထိုးနဲ့တွေ့တယ်... ကြည့်သွားကြနော်... တကယ်ကောင်းတယ်...
P.S တချို့အပိုင်းတွေရဲ့ အစမှာ google က ကြော်ငြာတွေဝင်ထားတယ်.. ၃၀ စက္ကန့်လောက်.... ခဏစောင့်လိုက်လို့ အဲဒိကြော်ငြာပြီးရင် ရုပ်ရှင်လာလိမ့်မယ်...
All videos Credit goes to Youtube's IDIOTSatSominalTv channel...
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16

Monday, September 06, 2010
K-pop နှင့် ဖြစ်သမျှ အကြောင်း...
![]() |
| SNSD, BIG BANG, SHINee, Infinite, FT Island |
![]() |
| D-NA |
အဲဒိနေ့က အလုပ်ကပြန်လာပြီး တစ်နေကုန်အိပ်တယ်... နောက်နေ့မနက် ၉နာရီခွဲကျရင် ကိုရီးယားအဆိုတော်အဖွဲ့ ၆ဖွဲ့လာမဲ့ ရှိုးပွဲ လက်မှတ်ကို သွားတန်းစီဖို့ အားလိုတယ်လေ... လာမဲ့အဖွဲ့တွေထဲမှာ ကိုယ်အကြိုက်ဆုံး Big Bang အဖွဲ့ပါတော့ ဘယ်လောက်ဈေးကြီးကြီး VIP လက်မှတ်ကို ရအောင်ဝယ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်... ဒါပေမဲ့ ကျန်တဲ့ ၅ဖွဲ့ (SNSD, SHINee, FT Island, Infinite, D-NA) နဲ့ ရောပြီး အချိန်မျှကြည့်ရမယ်ဆိုလို့တော့ စိတ်ထဲ သိပ်ဘ၀င်မကျခဲ့ဘူး... ဒါတောင် အွန်လိုင်းက ၀က်ဆိုဒ်ပေါ်မှာ အဲဒိ VIP လက်မှတ် S$258 တန်ကို ၀ယ်ချင်တဲ့သူချည်းပဲ ကိုယ့်ပြိုင်ဘက်ကများမှန်းသိတော့ ကိုယ့်ဘက်ကလဲ ပြင်ဆင်ထားရမယ်လေ...
"Cover Shoe စီးပြီး သွားရမယ်... ဒါမှ လူတိုးရင်း တက်နင်းခံရရင် ခြေထောက်မနာအောင်ရယ်... အကြာကြီးရပ်စောင့်ရရင်လဲ ခြေထောက်မနာအောင်... ပြေးရလွှားရလဲလွယ်အောင်...
ရေဘူးသေးသေးလေးလဲစောင်သွားမယ်... ဒါမှ ရေငတ်ရင် တန်းစီနေရာကနေ ထွက်စရာမလိုပဲ အသင့်သောက်လို့ရအောင်... ဒါပေမဲ့ အများကြီးသောက်လို့ အပေါ့သွားချင်မှာစိုးလို့ အများကြီးလဲ မသောက်ဖြစ်အောင်နေရမယ်..."
မနက် ၄နာရီ အိပ်ယာနိုးတော့ နောက်ဖေးသွားမွှေနောက်ပြီး မနေ့ကကျန်တဲ့ ထမင်းနဲ့ဟင်းတွေကို တစ်ယောက်ထဲ ကစ်လိုက်သေးတယ်... တိုးရမယ်ဆိုတော့ အားရှိမှဖြစ်မယ်လေ... ပြီးတော့ ဘယ်အချိန်ထိတန်းစီရမယ်မှန်းသိတာမဟုတ်ဘူး... ဒီတော့ ဗိုက်ဖြည့်သွားမှဖြစ်မယ်... စားနေရင်း အွန်လိုင်းက သူတို့ ဖေ့ဘွတ်ဆိုဒ်ကို စစ်ကြည့်လိုက်တော့ အလွန်တရာမှ ဒေါသဖြစ်စရာ.. မမျှော်လင့်ထားတဲ့ ပြောင်းလဲကြေငြာချက်တစ်ခုကို တွေ့လိုက်ရတော့ သွေးကြွပ်ကြွပ်ဆူသွားတယ်...
"ဘာ!!!!!!!!!!!!!!!... ဘာတဲ့ ?"
"Due to the public safety and complain from other shop inside the mall. We allowed to start Queue at mid night 12 o'clock" တဲ့... လောကမှာ ဘာက မုန်းစရာအကောင်းဆုံးလဲသိလား... ကတိမတည်တဲ့သူတွေနဲ့ အလုပ်လုပ်ရတာ မုန်းစရာအကောင်းဆုံးပဲ... ၁ဦး၁ယောက်ချင်းဆိုရင်တော့ ကျွန်မဒီလောက် ယုံလွယ်ခဲ့မှာမဟုတ်ပါဘူး... ခုတော့ သူတို့က Organizer agent Prooflabel လေ... ဒီ Event ကို စီစဉ်တဲ့ ဒီလို အဖွဲ့အစည်းမျိုးအနေနဲ့ ဒီလိုကိစ္စမျိုးကို နောက်ဆုံးအချိန်မှ သူတို့စကားသူတို့ ပြန်စားပြီး ပြောင်းလိုက်မယ်လို့ မထင်ထားမိဘူး...
ကဲဒါဆိုရင် တန်းစီတာက ညသန်းခေါင် ၁၂ နာရီတည့်တည့်စစီလို့ရတာက ထားပါတော့... လက်မှတ်ကတော့ ၉ခွဲမှရောင်းမှာဆိုတော့ ငါသွားစီရင် မှီနိုင်ဦးမလားလို့ မျှော်လင့်မိသေးတယ်... မနက် ၅နာရီလောက် ဘတ်စ်ကားတွေစထွက်တာနဲ့ ငါသွားမယ်ပေါ့... ဒါပေမဲ့ ခြေတုံချတုံပဲ... စိတ်ထဲမှာသိနေတယ်... ဒီပုံအတိုင်းဆိုရင်တော့ သိပ်တော့ မမျှော်လင့်ရဲဘူး... မနက် ၅နာရီကြီး အဖေဆူတာခံပြီးထွက်သွားပြီးတော့မှ လက်မှတ်လဲမရ လူလဲပင်ပန်းရကြိုးမနပ်ဖြစ်ပြီး အိမ်ပြန်လာလဲ ထပ်ဆူခံရအုံးမယ်ဆိုတော့ အခြေအနေလေးကို အွန်လိုင်းကနေ ၅နာရီမထိုးခင် အသာစောင့်ကြည့်နေလိုက်တယ်....
အဲဒိမှာတင် ဖေ့ဘွတ်ပေါ်က သူတို့ဆိုဒ်မှာ ကွန်မန့်တွေနည်းတာမဟုတ်ဘူး တက်နေတာ... ဆဲတဲ့ကွန်မန့်... မကျေမနပ် ကွန်ပလိန့်လုပ်တဲ့ကွန်မယ်က ၉၅%လောက်ရှိတယ်... ကျွန်မလိုပဲ ခံရတဲ့သူတွေက ဘယ်ကျေနပ်မလဲ... ကျွန်မတောင် နဲနဲတော့ ၀င် အပြစ်တင်လိုက်သေးတယ်... ဟုတ်တယ်လေ သူတို့လို အဖွဲ့အစည်းနဲ့လူတွေက နောက်ဆုံးအချိန်ကျမှာ သူတို့ ကြေညာချက်ကို ပြောင်းတယ်ဆိုတာ ဘယ်ကောင်းမလဲ... အစထဲက ငါတို့ကတော့ overnight Queue ကို ခွင့်ပြုတယ်.. လက်ခံတယ်ဆိုလို့ကတော့ ကျွန်မလဲ ၂ရက်လောက်စောပြီး အော့ချက်လမ်းမှာ Camp ထိုးပြီးသွားနေမှာပေါ့... ခုတော့ သူတို့က အစကတော့ ဘာပဲဖြစ်ဖြစ် ၄ရက်နေ့မနက် ၉နာရီခွဲမှပဲ စပြီး တန်းစီရမယ်ကြေညာထားတော့ ကိုယ်လဲ အေးဆေးမိတာပေါ့...
ကွန်မန့်တွေထဲမှာ အဲဒိကိုရောက်နေတဲ့သူတွေကလဲ ပါသွားတဲ့ Iphone တွေ laptop တွေနဲ့ အခြေအနေကို တင်ပေးနေတယ်... အဲဒိမှာလူ အယောက်ပေါင်း ၂၀၀၀ ကျော်ရောက်နေတယ်ဆိုပဲ... HMV Mall ထဲမှာ မဆန့်လို့... အော့ချက်လမ်းမပေါ်မှာပဲ Barrier တွေကာပြီး စီခိုင်းတယ်တဲ့... အဲဒိမှာလဲ အစီအစဉ်တွေက ကမောက်ကမဖြစ်ပြီး လူအုပ်ကို မနိုင်ဖြစ်နေပုံရတယ်... နောက်တော့ အဲဒိလူတွေကို Queue no. တိုကင်တွေလိုက်ပေးတယ်တဲ့... ပြီးတော့ တိုကင်နံပါတ်ကို အစဉ်လိုက်မသွားပဲ မဲဖောက်ပြီးသွားမယ်ဆိုတဲ့သတင်းထွက်လို့ အဲဒိရောက်နေတဲ့လူတွေနဲ့လဲ ပြဿနာတော့ ဖြစ်ကြပုံရတယ်...
"ငါတိုကင်အမှီသွားယူရင်ကောင်းမလား" ကျွန်မလဲ ကိုယ့်အခန်းထဲက ကွန်ပြူတာခုံရှေ့မှာ ဘာလုပ်ရမှန်းမသိခြေတုံချတုံဖြစ်နေတုန်း... ကွန်မန့်တွေကို တစ်ခုပြီးတစ်ခု scroll down လုပ်ဖတ်ရင်းနဲ့... ကွန်မန့်တစ်ခုမှာ တိုကင်တွေက မနက် ၃နာရီခွဲထဲက ကုန်သွားပြီတဲ့... ဒီနေ့အတွက် တိုကင်ရှိတဲ့သူပဲ မျှော်လင့်ချက်ရှိတယ်... တိုကင်မရတဲ့သူတွေက မျှော်လင့်ချက်လုံးဝမရှိတော့ဘူးတဲ့... တိုကင်ရတဲ့သူတောင် လက်မှတ်ရမရ အာမခံချက်မရှိသေးဘူး.. ဘာလို့လဲဆိုတော့ အားလုံးလိုချင်တဲ့ VIP standing ticket S$258 တန်က လူပေါင်း ၁၅၀၀ ကိုပဲရောင်းမှာ... ထိုင်ခုံနဲ့အတန်း S$258 တန်က လူပေါင်း ၂၂၀၀... ဒုတိယတန်းက SEATED S$218
တတိယတန်းက SEATED S$168 နဲ့ နေက်ဆုံးတန်းက SEATED S$ 118. စုစုပေါင်း ပရိတ်သတ် လူဦးရေ ၁သောင်းနီးပါးရှိတဲ့ ကိုရီးယားအဆိုတော် ရှိုးပွဲ... ဒါတောင် လက်မှတ်မရနိုင်ဘူးတဲ့...
ရာကျော်ပေးရပြီး တော်ရုံတန်ရုံဘယ်သူက အဝေးကြီးကကြည့်ချင်မလဲ... ဒီတော့ ဈေးအကြီးဆုံးတန်းကို လုကြတာပေါ့... ဒီလိုနဲ့ ကျွန်မလဲ လက်လျှော့လိုက်ပြီး ကွန်မန့်တွေပဲ သူတို့ ဆိုဒ်မှာဝင်ရေး... သူများတွေပြောထားတာကိုယ်ထောက်ခံရင် like သွားလုပ်... ကိုယ့်ကွန်မန့်တွေဆိုလဲ ရေးပြီးတာနဲ့ သိပ်မကြာဘူး Like လာလုပ်ကြတဲ့သူတွေရှိတယ်... ပြီးတော့ မကြာပါဘူး... သူတို့ ဆိုဒ်ပေါ်က ကွန်မန့်တွေမှာ Black market ကြီးတစ်ခုပေါ်လာပါတော့တယ်... တိုကင်ပြန်ရောင်းစားတဲ့သူနဲ့... လက်မှတ်ကို မတန်တဆပြန်ရောင်းတဲ့သူနဲ့... လူတစ်ယောက်ကို ၁၀စောင် အများဆုံးဝယ်လို့ရတယ်လေ... ဒီတော့ ပိုဝယ်ပြီး ပြန်ရောင်းကြတာပေါ့... ဒါလဲ ပြန်ဝယ်တဲ့သူက ၀ယ်နေတာပဲ... ကျွန်မကတော့ သူတို့ရဲ့ Management ညံ့ဖျင်းမှုနဲ့ ကတိမတည်မှုကြောင့် အဲဒိ အေးဂျင့်ကို အားပေးချင်စိတ်ကို မရှိတော့ဘူး... အဆိုတော်တွေလာရင်တောင် ကောင်းကောင်းမွန်မွန် လုံခြုံရေးချပေးပါ့မလား မသိဘူး... G-Dragon လေးတစ်ခုခုဖြစ်ရင်တော့ ဒင်းတို့... ဟင်း... ဟင်း.....
ဒီလိုနဲ့ပဲစိတ်လျော့လိုက်တယ်... အစထဲကလဲ အဆိုတော် ၆ဖွဲ့မှာ ကိုယ် Crazy ဖြစ်တာက ၁ဖွဲ့ပဲပါတာ... အခွင့်အရေးလွတ်မှာစိုးလို့သာ ၀ယ်မယ်စိတ်ကူးတာ... ခုတော့ လုံးဝ စိတ်ပြတ်သွားတာပေါ့... ဒီပုံအတိုင်းဆို လေယဉ်ကွင်း info တောင် ထွက်ပါ့မလားမသိဘူး... အားလုံးက လေယာဉ်ကွင်းကို မဲကြမှာပဲ... ဒီတော့ သတင်းထွက်ရင်တောင် အမှားဖြစ်ဖို့များတယ်... ဘယ်လိုပဲဖြစ်ဖြစ်တော့ သွားကြည့်ရမှာပဲ... G-Dragon လာရင် ကြည့်ဖြစ်အောင် ကြည့်မယ်လို့ ဖေ့ဘွတ်မှာ ကြွေးကြော်ထားဖူးတယ်... ကိုယ့်ကြွေးကြော်သံကို နတ်တွေကြားလို့ ခုလို သူလေးရောက်လာတာ... ရှိုးပွဲကတော့ ဒီတစ်ခေါက်မကြည့်ရလဲ ကိစ္စရှိဘူး... စကာင်္ပူမှာ သူတို့ ဈေးကွက်ရှိမှန်းသိရင် နောက်တစ်ခေါက်ထပ်လာမှာပဲ... အဲဒိတော့မှ Big Bang ချည်းပဲရှိုးကို သွားကြည့်မယ်...

၅ရက်နေ့က newpaper သတင်းစာခေါင်းကြီးပိုင်းမှာ ၄ရက်နေ့က လက်မှတ်ဝယ်တဲ့သတင်းပါလာပါတယ်တဲ့.... ရှာဖွေကြည့်တော့ အဲဒိနေ့က ကိုယ်မသွားလိုက်တာပဲ ခပ်ကောင်းကောင်းရယ်ပါ... မူးလဲတဲ့လူလဲလို့ Ambulance တောင် Stand by လုပ်ထားရတယ်တဲ့... ကောင်မလေးတစ်ယောက်ကလဲ အသက်ရှုကြပ်တဲ့ ရောဂါဖြစ်လို့ မောထဲမှာ နားဖို့ ရဲတွေကပြောတာကို သူ့နေရာပျောက်မှာစိုးလို့ မနားဘူးဆိုပြီး ငြင်းခဲ့တယ်ဆိုပဲ...
လူတစ်ယောက်ကလဲ " ကျွန်မ/ကျွန်တော်က ရှေ့နားရောက်နေတာ... နောက်ကလူတွေက တအားတွန်းတဲ့အခါ ကိုယ့်မှာရှိသမျှအားအကုန်နဲ့ Barrier နဲ့ နောက်ကလူအုပ်ကြားမညပ်သွားအောင် မနည်းတောင့်ခံနေခဲ့ရတယ်" လို့ပြောခဲ့တယ်..
Fan တစ်ယောက်ကလဲ "ကျွန်တော်/မ က ကြာသပတေးနေ့ထဲက ဒီမောထဲမှာ လက်မှတ်ဝယ်ဖို့ လာနေနေတာ ဒါပေမဲ့ နောက်တော့ လူတစ်ဦးကို ၁၀စောင်ဝယ်ခွင့်ရှိတယ်ကြားတော့ တော်တော်လေး ဒေါသဖြစ်ခဲ့ရတယ်..." မကျေမနပ်ပြောကြားခဲ့တယ်...
အင်းပေါ့လေ... ဒီတစ်ခါလာမှာက ကိုရီးယားထိပ်သီး အဆိုတော်အဖွဲ့တွေဖြစ်တဲ့အပြင် မိန်းကလေးအဆိုတော်အဖွဲ့လဲပါတော့ ယောကျာင်္းလေးပရိတ်သတ်နဲ အပြိုင်လိုက်တိုးရင် ကိုယ်က အားနည်းနေမှာ.... ဒီတော့လဲ အဲဒိနေ့က မသွားလိုက်တာ ခပ်ကောင်းကောင်းရယ်... အဲဒိ VIP standing လက်မှတ်ရတဲ့သူတွေက တကယ့်ရှိုးနေ့ကျရင်လဲ စင်နဲ့ အနီးဆုံးမှာနေရာရအောင် ထပ်ပြီး overnight queue နဲ့ တန်းစီကြမှာကိုလဲ မြင်ယောင်နေသေးတယ်... တကယ်လို့ ကျွန်မသာ လက်မှတ်ရခဲ့မယ်ဆိုလဲ ပေါက်တဲ့ နဖူးမထူးဆိုသလို နောက်ရက်ပါ အလုပ်တွေခွင့်ယူပြီး overnight မဲ့ အရေးတွေးပြီး ခုလို လက်မှတ်မရခဲ့တာပဲ... ဖြစ်သမျှ အကြောင်း အကောင်းလို့ပဲ မှတ်ယူလိုက်ပါတော့တယ်...
Photos and Some info source from www.allkpop.com
Monday, August 30, 2010
You get a chance to ask question to Lee Min Ho
မင်းသားလီမင်ဟိုက သူ့ facebook မှာ သူငယ်ချင်းပေါင်း ၁ မီလီယမ်ကျော် ရရှိတဲ့ အထိမ်းအမှတ်အနေနဲ့ (2010.9.1 ~ 2010.9.13) အထိ သူ့ကို မေးချင်တာ ရှိရင် သူ့ဖေ့ဘွတ်ပေါ်မှာ မေးခွင့်ရှိကြောင်း သူကိုယ်တိုင် အဲဒိ မေးခွန်းတွေကို တတ်နိုင်သလောက် ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း ဗွီဒီယို မတ်စေ့လေးနဲ့ အောက်ပါအတိုင်း သူ့ပရိတ်သတ်ကြီးကို ပြောကြားခဲ့ပါတယ်...
လီမင်ဟိုရဲ့ ဖေ့ဘွတ်၊ twitter နဲ့ youtube channel တွေကို မသိသေးတဲ့သူများအတွက် ဝေမျှလိုက်ပါတယ်...
facebook : http://www.facebook.com/OfficialLeeMinho
Twitter : http://twitter.com/actorleeminho
Youtube : http://www.youtube.com/user/leeminho1987
မဗေဒါကတော့ မင်းသားတွေကို ကြိုက်သာကြိုက်တာ သူတို့နဲ့ တိုက်ရိုက်လဲ စကားမပြောချင်ဘူး... ဘာမေးခွန်းမှလဲ မမေးချင်ဘူး... သူများတွေမေးတာက မဗေဒါအတွက် လုံလောက်နေပြီ... သူတို့က ကိုယ်နဲ့ အလှမ်းဝေးတဲ့လူတွေဖြစ်တဲ့အတွက် လုံးဝကို မနီးစပ်ချင်ဘူး... သူတို့ကို အဝေးကပဲ သူတို့မသိအောင် အားပေးချင်တယ်... ဥပမာ... သူတို့နဲ့ မျက်နှာချင်းဆိုင် စကားပြောခွင့်တောင် မရချင်ဘူး... ဘာလို့လဲဆိုတော့ သူတို့အရှေ့မှာကိုယ်က အနေအထိုင်ကျပ်ပြီး ကိုယ့်ကိုကိုယ်သိမ်ငယ်နေရမှာလေ... ပြီးတော့ ကိုယ်မေးတဲ့မေးခွန်းကို သူတို့က ဘယ်လောက် sincere ဖြစ်ဖြစ်ပြန်ဖြေမှာလဲ... မယုံတာတော့မဟုတ်ပါဘူး... သူတို့က celebrity တွေလေ... ဒီတော့ သာမာန်လူတွေလောက် ပွင့်လင်းလို့မရတာတွေရှိတယ်... ဒါကိုနားလည်တယ်... ဒါပေမဲ့ သူနဲ့ကိုယ်နဲ့ကြားမှာ ဒီလောက် စည်းခြားနေမှတော့ ဘာနီးစပ်မှုမှ မလိုချင်တော့ဘူး... လူဆိုတာ ရလေ လိုလေ အမျိုးလေ...
မဗေဒါအတွေးကိုပြောပြတာပါ... ဟဲ... ဟဲ... ဒီသတင်းလေးကို မျှဝေတာကတော့ လီမင်ဟိုရဲ့ ပရိတ်သတ်တွေအတွက် သူ့ဆီက တိုက်ရိုက်အဖြေပြန်ရမှာမို့ အခွင့်အရေးမလွတ်စေနဲနော်...

Sunday, August 15, 2010
Trip to Sensoji Temple (Japan trip Day 5)
မရေးတာလဲ အတော်ကြာပါပြီ... ခရီးသွားခဲ့တာတောင် ၂ နှစ်ပြည့်ခါနီးပါပြီ... ခုမှ ဘာလို့ ထရေးလဲဆိုရင်တော့ ရေးချင်စိတ်ပေါက်လာလို့ ရေးပါတယ်လို့ပဲ ပြောရတော့မှာပါပဲ... ခရီးသွားပိုစ့်တွေကို ဗွီဒီယိုနှင့်တကွ တင်ချင်လို့ ဗွီဒီယိုပြီးမှ တင်မယ်တင်မယ်နဲ့ အဲဒိ ဗွီဒီယိုမလုပ်ဖြစ်တာနဲ့ပဲ ခရီးသွားပိုစ့်တွေလဲ မရေးဖြစ်တော့တာပါ... မရေးတော့ဘူးဆိုတဲ့ စိတ်ကူးတော့ လုံးဝမရှိပါဘူး... အချိန်တွေကြာပြီး up to date မဖြစ်တော့ရင်တောင်မှ ကိုယ်သွားခဲ့တဲ့ မှတ်တမ်းလေး အနေနဲ့ ရေးမှာပါ... ဗွီဒီယို အပင်ပန်းခံရိုက်ပြီး အက်ဒစ်မလုပ်ရင် ကိုယ်ကိုတိုင်လဲ မကြည့်ဖြစ်ပါဘူး... ဒီတော့ ဘလော့မှာတင်မယ်ဆိုတဲ့ စိတ်လေးနဲ့ဆိုတော့ အက်ဒစ်က လုပ်ဖြစ်သေးတယ်လေ... ဒါတွေထားလိုက်ပါတော့.... ခု ခရီးစဉ်အကြောင်းလေး ပြောရအောင်...
28 OCT 2008 (Day 5)
ကျွန်မ ဂျပန်ကို အလည်အပတ်ရောက်တာ 5 ရက်မြောက်တဲ့နေ့ပါ... သူငယ်ချင်းကလဲ အလုပ်သွားတော့ ဒီနေ့တော့ ကျွန်မတစ်ယောက်တည်း လျှောက်သွားရတော့မယ်ဆိုပြီး စိတ်လှုပ်ရှားနေပါတယ်... မနက်အိပ်ရာနိုးတော့ ဘယ်သွားရင်ကောင်းမလဲစဉ်းစားပါတယ်.. အင်တာနက်က ရှာလာတဲ့ နေရာတွေကို ကြည့်ပြီး သွားရလာရ အလွယ်ကူဆုံးဖြစ်မဲ့နေရာကိုရွေးလိုက်ပါတယ်.... ဘာလို့လဲဆိုတော့ ဒီနေ့ဟာ ကျွန်မတစ်ယောက်တည်းအပြင်ထွက်ဖို့ ပထမဆုံးနေ့ပါပဲ... ပျော်လည်းပျော် ကြောက်လဲကြောက်နဲ့ စိတ်လှုပ်ရှားစရာကောင်းပါတယ်...
ကျွန်မရွေးလိုက်တဲ့နေရာကတော့ Sensoji Temple ပါပဲ... မီးပုံးအနီရောင် အကြီးကြီး မုဒ်ဦးမှာချိတ်ထားတဲ့ ဘုရားကျောင်းကို ဂျပန်ကားတွေမှာ မြင်ဖူးသလို... ကိုရီးယားကားတွေ ဂျပန်မှာသွားရိုက်ရင်လဲ အဲဒိနေရာပါတတ်ပါတယ်... ဥပမာ (Time Between Dog and Wolf မှာ နောက်ဆုံးခန်း လီဂျွန်ကီး ဂျပန်ကို ထွက်သွားတဲ့ အခန်းမှာ အဲဒိနေရာပါပါတယ်..) ဂျပန်ကားတော်တော်များများမှာလဲ ပါပါတယ်...
သူက သွားရတာလဲ လွယ်ကူပါတယ်... တိုကျိုမြို့ရဲ့ အဓိက ရထားလိုင်းဖြစ်တဲ့ Yamanote line ပေါ်က Asakusa ဆိုတဲ့ မှတ်တိုင်မှာဆင်ပြီး Exit 3 ကထွက်လိုက်တာနဲ့ သိပ်တောင် မလျှောက်လိုက်ရဘူး ရောက်ပါတယ်... ရထားပေါ်မှာ အရင်က အီးမေးလ်တွေမှာ ရီစရာအဖြစ်တွေ့နေကျ အင်္ဂလိပ်စာ အသုံးအနှုန်းအမှားတွေကို ကပ်ထားတွေ့လို့ ဗွီဒီယိုရိုက်လာဖြစ်ပါသေးတယ်... ရေးထားတဲ့ စာတမ်းလေးကတော့ "Please take care that your hand does not get caught in the door pocket" တဲ့... အဟိ... ဒီစာတမ်းလေးက ဘာကိုဆိုလိုလဲဆိုတာတော့ သဘောပေါက်မယ်ထင်ပါတယ်... ဒါပေမဲ့ အသုံးအနှုန်းကတော့ တက်တက်ဆင်အောင် မှားနေတော့တာပါပဲ... မဗေဒါလဲ မြေပုံအားကိုးနဲ့ပဲ လာလိုက်တာ ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်ပါတယ်... tourist attraction နေရာမို့ထင်တယ် Tourist တော်တော်များပါတယ်... အင်္ဂလိပ်... တရုတ် စုံလို့ပါပဲ... မုဒ်ဦးက မီးပုံးနီကြီးတွေကတော့ အားလုံးနဲ့ တူတူဓာတ်ပုံအရိုက်ခံနေရတဲ့ မော်ဒယ်ကြီးတွေပေါ့... မဗေဒါမှာတော့ ၁ယောက်တည်းလာတော့ စတန်းထောင်ရိုက်ဖို့ရာ လူတွေက တအားရှုပ်တော့ ဘယ်လိုမှ စတန်းထောင်ရိုက်မရတဲ့အဆုံး အင်္ဂလိပ်အတွဲတစ်တွဲကို အကူအညီတောင်းရိုက်ခိုင်းတော့ လှိုက်လှိုက်လှဲလှဲပဲ ရိုက်ပေးပါတယ်... တစ်ခါတစ်ခါရိုက်ဖို့လဲ လူရှင်းအောင်စောင့်ရတော့ ရိုက်ခိုင်းရတဲ့သူကိုလဲ အားနာပါတယ်... ဒီလိုနဲ့ ရိုက်လိုက်တော့ မဗေဒါလိုချင်သလို အပြည့်မပါပါဘူး.. ဒါပေမဲ့ ကူညီပေးတဲ့သူကို သွားချေးများလို့မရဘူးလေ... ဒီတော့လဲ ကျေးဇူးတင်ပါတယ်ပေါ့ဆိုပြီး အောင့်သက်သက်ပဲဖြစ်ခဲ့ရပါတယ်.... တစ်ယောက်တည်းခရီးသွားရတာ လွတ်လွတ်လပ်လပ်နဲ့ ညှိစရာမလိုလို့ ကောင်းပင်မဲ့ လူရှုပ်တဲ့နေရာ ဓာတ်ပုံရိုက်ဖို့တော့ သိပ်မလွယ်လှဘူး... အိမ်က မိသားစုကို သတိရတယ်... သူတို့ပါရင် အချင်းချင်း အားမနာတမ်း ဓာတ်ပုံရိုက်ဖြစ်မှာ....
အိတ်ကတစ်ဖက် ကင်မရာကတစ်ဖက် စတန်းကတစ်ဖက်နဲ့ ကင်မရာကိုင်ပြီးလဲ ရိုက်သေးတော့ တော်တော်လေးပင်ပန်းတယ်... ဒါတောင် အောက်တိုဘာဆိုတော့ ရာသီဥတုက အေးလို့ သိပ်မပင်ပန်းတာ... တစ်ယောက်တည်းဆိုတော့ တစ်နေရာရောက်ရင် ကျောက်ချထိုင်ပြီး ဟိုငေးဒီငေးလိုက် ကင်မရာနဲ့ စကားပြောလိုက်နဲ့ အချိန်တော်တော်စားတယ်... များများမရောက်ပင်မဲ့ အေးအေးဆေးဆေးရှိလို့ သဘောကျတယ်...
အပြင် မုဒ်ဦးကနေ တကယ့် ဘုရားကျောင်းကို သွားတဲ့ လမ်းတောက်လျှောက်မှာ ဘုရား ပွဲဈေးတန်းလိုမျိုးရှိတယ်... မြန်မာပြည်က ဘုရားစောင်းတန်းတွေလိုပဲ.. ကျိုက်ထီးရိုးကလို လက်ဆောင်ပစ္စည်းလေးတွေလဲရောင်းတယ်... ဟိုကြည့်ဒီကြည့် ဟိုငေးဒီတွေးနဲ့ လျှောက်တော့ ၄၅ မိနစ်လောက်ကြာတယ်... ဂျပန်မှာက ချစ်စရာကောင်းတဲ့ အသည်းယားစရာ လက်ဆောင်ပစ္စည်း သေးသေးကွေးကွေးလေးတွေ သိပ်များတာပဲ... များသာများတာ ဈေးကမပေါဘူး... သူ့နိုင်ငံမှာနေပြီး ရှာနေတဲ့သူဆိုရင်တော့ သုံးနိုင်မှာပေါ့... စင်္ကာပူအနေနဲ့ဆို ဈေးကြီးတယ်.. ဘာမှ မဟုတ်တဲ့ အ၀တ်သော့ချိတ်လေးကို ယမ်း၅၀၀ = စကာင်္ပူဒေါ်လာ ၇ ဒေါ်လာ (အဲဒိအချိန်က ငွေလဲနှုန်း) ရှိတယ်... မဗေဒါကလဲ ကပ်စေးဆိုတော့ ပြန်ရင် အမှိုက်ရှုပ်မဲ့ ပစ္စည်းမျိုးလဲ မ၀ယ်ချင်တော့ဘူးလေ... ဒါပေမဲ့ အဲဒိတုန်းက ဂျပန် ကီမိုနိုမ၀ယ်ခဲ့တာတော့ နောင်တရတယ်.. အဲဒိအချိန်က ငါဝယ်ပြီးလဲ ၀တ်မှာမဟုတ်ပါဘူး... ဈေးကလဲ ကြီးတော့ မ၀ယ်ဖြစ်ခဲ့ဘူး.. ဒါပေမဲ့ ကီမိုနိုလေးတွေလှတော့ လိုတော့ လိုချင်တယ်... ဂျပန်မ ဆံပင်တုကြီးလဲ လိုချင်တယ်... အကျင့်က အဲလို အသုံးမလိုပဲ ဈေးကြီး တာတွေ သိပ်လိုချင်တယ်... ဒါပေမဲ့လဲ ကိုယ့်ဘာကိုယ် သယ်ရတဲ့ ပစ္စည်းတွေ များနေတာနဲ့တင် ဘာမှ ထပ်မ၀ယ်ဖြစ်ခဲ့ဘူး... (အိမ်မှာ တရုတ်မ ပိုင်ဟွေ့အကျီင်္လို တရုတ်ရိုးရာ အင်္ကျီတစ်တည်ဈေးကြီးပေးဝယ်တယ်.. ပြီးတော့ အပြင်ဝတ်ရမှာရှက်လို့မ၀တ်ဘူး.. အိမ်မှာဝတ်လဲ နှမြောလို့ ဒီတိုင်း ဗီဒိုထဲမှာထားတယ်... မုစတာဖာသွားလို့ ကုလားမ ဆာလီလှလှလေးတွေ တွေ့ရင် ၀ယ်ချင်စိတ်ကို မနည်းထိန်းထားရတယ် ပြီးရင် ၀တ်မှာလဲ မဟုတ်ဘူးဆိုတာ ကိုယ့်ကိုကိုယ်သိတယ်... ဟိုနေ့ကလဲ ရှာရှည်ပြီး ဆံပင်တုကြီးတစ်ခုဝယ်တယ်... ပြီးတော့ အိုက်လဲအိုက်တယ် ရှက်လဲရှက်လို့ မ၀တ်ဘူး... အဲဒါတွေဝယ်ရင် ပျော်တယ်... အိမ်မှာဝတ်ကြည့်တယ် ဒါပေမဲ့ အပြင်မ၀တ်ရဲဘူး... ဂျပန်ကီမိုနိုလဲ လှတာလေးတွေ အများကြီး... ဒီဇိုင်းလုပ်ချုပ်ချင်တာမဟုတ်ဘူး.. ဂျပန်မတွေဝတ်သလို ခါးမှာ အ၀တ်ကြီးပတ်ပြီးဝတ်ချင်တာ... ဟီး...:D...) ကဲ... ကဲ.. ဆော်ရီး အကျင့်ကောင်းတွေ ပြောတာနဲ့ ခရီးသွားပိုစ့်က လမ်းချော်သွားပြီ... ချောတီး....
ဘယ်ရောက်သွားပြီလဲ ရေးနေတာ... အော်.. သိပြီ.... ဈေးတန်းလေးကို အတော်ကြာလျှောက်ရတယ်.. ဈေးတန်းလေးက လူလဲ အတော်ရှုပ်တယ်... တော်တော်လျှောက်ပြီးရင်တော့ နောက်ထပ် မီးဗုံးအနီကြီးရှိတဲ့ အတွင်းမုဒ်ဦးလို နေရာကိုရောက်တယ်... အဲဒိအ၀မှာ မီးပုံးအဖြူတွေ အများကြီး တန်းစီချိတ်ထားတာ ဗွီဒီယိုထဲမှာလဲ တွေ့လိမ့်မယ်... အဲဒိနေရာမှာတော့ "ငါတကယ် ဂျပန်ရောက်နေတာပါလား" လို့ သိသိသာသာခံစား လိုက်ရတယ်... မုဒ်ဦးထဲဝင်လိုက်တော့ ဘေးဘက်တွေမှာလဲ ကျောင်းဆောင်တွေတော့ အများကြီးရှိတယ်... ဒါပေမဲ့ ပင်မကျောင်းဆောင်ကိုပဲ ဦးတည်လိုက်တယ်... ကျောင်းဆောင်ပေါ်မတက်ခင် အ၀မှာ အမွှေးတိုင်ထွန်းတဲ့နေရာရှိတယ်... အဲဒိမှာ လူတွေအုံပြီး အမွှေးတိုင်ငွေ့တွေကို မျက်နှာဖက်ယူပြီးသပ်နေတော့ ကိုယ်လဲ ဘာမှန်းညာမှန်းမသိ လိုက်လုပ်ချင်တာနဲ့ လိုက်လုပ်ဖြစ်တယ်... မြန်မာပြည်က ဘုရားခြေတော်ရာထဲက ရေကို ခေါင်းမှာ ဆွတ်သလိုမျိုး ကံကောင်းတယ် ဥာဏ်တက်တယ်ဆိုတဲ့ အယူတွေပဲဖြစ်မှာပေါ့... ကိုယ်လဲ ကံလေးဘာလေးတက်အောင် မီးခိုးရိုက်လိုက်တာ လွန်သွားပြီး မွှန်တောင်သွားတယ်...
အဲဒိ အမွှေးတိုင်းထွန်းတဲ့ဘေးမှာ ရေပန်းလေးနဲ့ အုပ်ရေကန်လေးရှိတယ်... ဂျပန်က ဘုရားကျောင်းတိုင်းလိုလိုရဲ့ရှေ့မှာ အုပ်ရေကန်လေးတွေရှိပါတယ်... အဲဒိမှာလဲ ရေကို လက်စွပ်လိုက် ပလုပ်ကျင်းလိုက်နဲ့ ဘာလုပ်နေမှန်းမသိဘူး... တစ်ချို့ကလဲ သောက်တယ်.. တချို့ကလဲ ပြန်ထွေးတယ်... အဲဒိနားက တိုးလ်နဲ့လာတဲ့သူတွေရဲ့ တိုးလ်ဂိုက်ရှင်းပြသွားတာတော့ ရေကို လက်ဖနောင့်ဘက်ကနေလောင်းပြီး လက်ဖ၀ါးကို ဆေး... ပြီးရင် ပလုပ်ကျင်း.. ကျန်တဲ့ရေကို ရိုးရိုးမသွန်ပဲ ရေခွက်ကို ဒေါင်လိုက်ထားပြီးသွန်တဲ့... ဗွီဒီယိုထဲမှာလဲ ပြောထားတယ်...
နောက်တော့ ကျောင်းဆောင်ပေါ်ခုထိမရောက်သေးတာနဲ့ ကျောင်းဆောင်ပေါ်တက်တယ်.. လူတွေအများကြီးပဲ ပိုက်ဆံတွေပစ်ပြီးတော့လဲ ဆုတောင်းနေကြတယ်... အသက်ကြီးတဲ့သူတွေများတယ်.. ဘုရား အာရုံခံအခန်းထဲမှာတော့ ပြည့်ကျပ်နေလို့ မ၀င်တော့ဘူး... လူကလဲ နည်းနည်းပင်ပန်းနေတော့... ဟိုကြည့်ဒီကြည့်နဲ့ သူများတွေစာချနေတာတွေ့တော့ အစကတော့ ဂျပန်လိုပဲ ရေးတယ်မှတ်လို့ ဒါပေမဲ့ နောက်မှ အင်္ဂလိပ်လိုပါမှန်းတွေ့တာနဲ့ သူများဘယ်လိုလုပ်လဲ ခိုးကြည့်ပြီး နောက်လိုက်လုပ်တယ်...
ကံကလဲ အတော်ဆိုးတယ်ထင်ပါ့... အဆိုးက ခက်များများ.. ရောဂါဖြစ်မယ်... အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမယ်... ကိုယ်လျှောက်တဲ့လမ်းမပေါက်ဘူး... ပျောက်တဲ့ပစ္စည်းပြန်မတွေ့ဘူး... စောင့်တဲ့သူရောက်မလာဘူး... တောင်းတဲ့ဆုနဲ့ မပြည့်ဘူးတဲ့... ကောင်းတာဆိုလို့ အိမ်အပြောင်းအရွေ့နဲ့ ခရီးသွားဖို့ကောင်းတယ်တဲ့... ခရီးသွားလို့ပဲ ဂျပန်ရောက်လာပြီးစာချနေတာပေါ့... အဲဒါကို မှန်တယ်ဆိုရမလား.. ဒါပေမဲ့ အဆိုးကများတော့ မမှန်စေချင်ဘူး...
ဂျပန်ကားထဲမှာကြည့်ဖူးတာတော့ (ဟုတ်မဟုတ်တော့မသေချာဘူး) အဲလို စာချလို့ ဗေဒင်က မကောင်းဘူးဆိုရင် အဲဒိ ရှေ့ကတန်းလေးတွေမှာပဲ ပြန်ချည်ပြီး လှူခဲ့ရတယ်တဲ့... အပျော်စာချတယ်ဆိုပေမဲ့လဲ ဥပါတ်ဒဏ်ကြောင့် ဥပါတ်ရောက် (စာလုံးပေါင်း သည်းခံပါ) တတ်တယ်ဆိုတော့လဲ ချည်ခဲ့လိုက်တယ်... (ဇရပ် ၂ကောင်တွေ့တာ ... ၁ကောင်တွေ့တာကို တချို့မိန်းကလေးတွေ အတိတ်ယူကြသလိုပေါ့)
အဲဒိ ဘုရားကျောင်းပေါ်က ဆင်းလာပြီး ဘေးဘက်က ဈေးတန်းတွေအများကြီးရှိသေးတယ်.. ဘေးမှာလဲ ဘုရားကျောင်းတွေ အများကြီးရှိတယ်.. လျှောက်ကြည့်... နေရာလှရင် ဓာတ်ပုံလေးဘာလေး ကိုယ့်ဘာကိုယ် စတန်းထောင်ပြီးရိုက်... မဗေဒါဓာတ်ပုံရိုက်ခဲ့တဲ့ ဂျပန်စတိုင် တံတားလေးမှာ ခဏနေတော့ မော်ဒယ်ဘွိုင်းလိုလိုဘာလိုတွေ ဓာတ်ပုံလာရိုက်ကြတယ်... ဗွီဒီယိုထဲမှာတွေ့တဲ့အတိုင်းပဲ... ဂျပန်ရိုးရာဝတ်စုံနဲ့ anime ထဲက ဆံပင်စုတ်ဖွား အ၀ါရောင်နဲ့... လူကလဲ ပိန်ညောင်နေတာပဲ... တီဗွီထဲမှာကြည့်ရင်တော့ အဲလိုပုံလေးတွေကို သဘောကျတယ်ထင်ခဲ့တာ... (Nishikido Ryo (One liter of tear) တို့... Ikuta Toma (Hana Kimi) တို့ကလဲ အပြင်မှာ အဲလောက်ပိန်ပိန်လေးတွေပဲ ဖြစ်မယ်ထင်တယ်) သိတဲ့အတိုင်း ဂျပန်မင်းသားတွေက ကိုရီးယားမင်းသားတွေလိုဟုတ်ဘူး.. ပိန်တာ ခေတ်စားတယ်လေ... အဲဒိဆံပင်ပုံလေးတွေကလဲ တီဗွီထဲမှာတော့ လှတယ်... အပြင်မှာကျတော့ အဲဒိလို ရှုပ်ပွနေအောင် သူတို့မှာ ခဏခဏ သ နေရတာ မိန်းကလေးထက်တောင်ဆိုးသေးတယ်... ကိုယ်သာ ဒီလို ယောကျာင်္းရရင် မှန်တင်ခုံလုနေရမဲ့ပုံရှိတယ်... လှတာပဲရှိတယ် အားကိုးလောက်ပါ့မလား... Nishikido Ryo လေးကို အပြင်မှာတွေ့ရမယ်ဆိုရင်ရော... အဲဒိ မော်ဒယ်ဘွိုင်း ခန္ဓာကိုယ်လောက်ပဲ ရှိမှာလားလို့တွေးမိတယ်... ဒါပေမဲ့ Hayami Mokomichi (Absolute Boyfriend) လေးကတော့ ထွားထွားကြိုင်းကြိုင်းရှိပါတယ်... ဟတ်ဟတ်....
အဲဒိ မော်ဒယ်ဘွိုင်းကတော့ ဘယ်သူလဲမသိဘူး.. ဒါပေမဲ့ နာမည်တော့ သိပ်မကြီးဘူးထင်တာပဲ... ဘယ်သူမှတောင် အုံမနေဘူး... သနားပါတယ်... ဒါပေမဲ့ ပဲကများတော့ ကိုယ်တောင် မကြည့်ချင်တော့ဘူး.. နောက်တစ်ယောက်လဲပါသေးတယ်... လယ်သာ ကုတ်အကျီင်္အနက်နဲ့ အဲလို ထိုးထိုးထောင်ထောင်ဆံပင်ပဲ... ဟိုလျှောက်ဒီလျှောက်ဟန်ရေးပြနေတယ်... သူ့ကို ဗွီဒီယိုရိုက်တာ သိရင် အရမ်း မြောက်သွားမှာစိုးလို့ တိုက်ရိုက်တော့ မရိုက်ခဲ့ဘူး...
ညနေ ၄နာရီခွဲလောက်ရှိပြီ... မနက်စာစားပြီးထဲက ဘာမှ မစားရသေးပင်မဲ့ ထူးထူးဆန်းဆန်းဗိုက်ကမဆာဘူး... စိတ်လှုပ်ရှားနေလို့ ဗိုက်မဆာတာလားတော့ မသိဘူး... ဒါပေမဲ့ အဲဒိ အနီးနားက ဈေးတန်းလေးတွေ ထပ်လျှောက်တော့ လက်မှုပစ္စည်းမျိုးစုံဆိုင်တွေတွေ့တယ်... လက်နဲ့ သွေးတဲ့ ဖန်ခွက်လေးတွေက တော်တော်လှတယ်... ဒါပေမဲ့ ဈေးကလဲ အတော်ကြီးတယ်... လက်မှုမို့ထင်တယ်... အဲဒိ ဈေးတန်းမှာကျတော့ မုန့်ဆိုင်လေးတွေပါ တွေ့လာတယ်... Banto Set လေးတွေချထားပြီး ဈေးကပ်ထားတာလဲ ကပ်ထားတယ်.. မဗေဒါက ငါးဆို အကျက်ချက်ရင်တောင် သိပ်မကြိုက်တော့ ဂျပန်စာမှာ ငါးအစိမ်းဆို ပိုဆိုမှာစိုးလို့ Menu တွေကို သေချာလိုက်ကြည့်ရတယ်... အားလုံးကလဲ ဂျပန်လိုချည်းပဲ... ငါးတော့ လုံးဝမစားနိုင်ဘူးလေ.. တခြားဟာဆိုရင်တော့ စားကြည့်ချင်တယ်...
နောက်မှ သတိရသွားတယ်... လေဆိပ်ကနေ တောင်းလာတဲ့ Booklet လေးတွေထဲမှာ အသုံးဝင်မဲ့ စာလုံးလေးတွေ စကားပြောလေးတွေကို လက်ထောက်ပြီး ပြောလို့ရတဲ့ စာမျက်နှာလေးပါတယ်... အဲဒိမှာ ဒီမုန့်က ဘာနဲ့လုပ်တာလဲ... ငါး... ပုဇွန်.. ၀က်... အမဲ... ကြက်.. စသည်ဖြင့် လက်ထောက်ပြလို့ရတယ်... အဲဒါသတိရပြီးမှ သုံးချင်စိတ်ပေါ်လာတာနဲ့... ငါးမဟုတ်လောက်ဘူးထင်တဲ့ ဆိုင်ကိုဝင်ပြီး အဲဒါ Beef လားလို့လက်ထောက်ပြတော့... ဆိုင်က ကောင်မလေးက ခေါင်းညိတ်ပြတယ်... ဘယ်လောက်လဲမေးတော့... ၀မ်း တူး သရီးတောင် မရဘူးထင်တယ်... ichi zero go zero တဲ့.. တော်သေးတယ်... ဂျပန်လို ၁ ၂ ၃ ၄ တော့ ကိုယ်ကနည်းနည်းတတ်လို့... အလုပ်ဖြစ်တယ်... ပိုက်ဆံကြိုရှင်းရတယ်... ဆိုင်လေးက မြန်မာပြည်က ဘူးသီးကြော်ဆိုင်လေးလိုပဲ.. ရာသီဥတုလေးက အေးအေး... ဆိုင်ရှင်ကောင်မလေးကလဲ ဂျပန်ဝတ်စုံနဲ့ ကပိုကယိုလေးချစ်ဖို့ကောင်းတယ်... တစ်ယောက်တည်းပင်မဲ့ စိတ်ထဲ ကြည်လင်ပြီးနေလို့ကောင်းတယ်...
မှာထားတဲ့ Set ရောက်လာတော့ ဂျပန် ထမင်းဘူးပုံလေးနဲ့ စားချင်စရာလေးပါ... သူတို့ အစားအစာတွေက ချိုတိုတိုနဲ့... မဗေဒါက ချဉ်ငံစပ်ကြိုက်တာ... ဂျပန် ဆန် စေးကပ်ကပ်ကိုလဲ စားရတာတော့ အသားမကျသေးဘူး... ဒါပေမဲ့ စားလို့တော့ကောင်းပါတယ်... အတော် တော့ အီတယ်...
လေဆိပ်ကယူလာတဲ့ Booklet တွေမှာ Tourist တွေအတွက် Tips and trick , Japan culture and habit Tips လေးတွေရေးထားတဲ့အထဲမှာ... ဂျပန်စားသောက်ဆိုင်တွေက သူတို့ အစားအစာကို ကုန်အောင်စားမှကြိုက်တယ်တဲ့.. မကုန်ရင် သူတို့အစားအစာကို စော်ကားတယ်လို့ ခံယူတတ်ကြတယ်တဲ့... တနည်းအားဖြင့်တော့ ရိုင်းတယ်ပေါ့.. အစထဲက မစားနိုင်ရင် နည်းနည်းပဲပေးဖို့ ပြောရမယ်တဲ့... ဒါပေမဲ့ မဗေဒါလဲ တ၀က်လောက်ပဲကုန်တယ်.. နောက်တော့ အီလို့ မစားနိုင်တော့ဘူး... ဆိုင်ရှင်ကို အားလဲနား ကြောက်လဲကြောက် ထမင်းကလဲ မကုန်... နောက်တော့ ဘာမှ မဟုတ်ပဲ ဆိုင်ရှင်အလစ်မှာမှ ထမင်းဘူးလေးကို ပြန်အုပ်ထားပြီး ခပ်သုတ်သုတ်ထွက်လာရတယ်... ဟီး... ဟီး.. ဘာမှမဟုတ်တာကျတော့ ကြောက်တတ်တာ...
မဗေဒါသူငယ်ချင်းက ညနေ ၆နာရီလောက်ဆို အလုပ်ဆင်းတော့ အဲဒိအချိန်လောက်မှန်းပြီး မဗေဒါက အိမ်ပြန်တယ်.. ညကျလို့ သူအပြင်ထွက်ချင်သေးရင် တူတူသွားရအောင်လို့ပေါ့... ဒီလိုနဲ့ ပြန်လာလိုက်တယ်... ဂျပန်မှာ ညမိုးချုပ်တာ သိပ်မြန်တာပဲ...ညနေ ၅ နာရီခွဲလောက်ပဲ ရှိသေးတယ် မှောင်သွားပြီ.. ဆောင်းရာသီရောက်ခါနီးမို့လားတော့ မသိဘူး... ပြီးတော့ သူ့ Night life ကလဲ စကာင်္ပူလောက်မကြာဘူး... ကိုယ်ပဲ မရောက်ခဲ့တာလားတော့မသိဘူး.. ည ၈နာရီ ၉နာရီလောက်ဆိုရင်တောင် အရက်ဆိုင်ကလွဲလို့ တခြားဆိုင်တွေက ပိတ်ကုန်ပြီ... shopping mall တွေ ပိတ်တာလဲ စောသလိုပဲ...သိဘူး... ကိုယ်က လာလည်တုန်းမို့လို့ စိတ်ထင်တာလားတော့မသိဘူး... အဲဒိညကတော့ မဗေဒါလဲ တစ်နေကုန်ပင်ပန်းလာတာရော... ညစာစားအပြီး အချိန်လဲ နှောင်းသွားတာရော... ရာသီဥတုအေးအေးနဲ့ စောင်ထူထူချုံရင်း အိပ်ယာထဲမှာ သူငယ်ချင်း ၂ယောက် စကားများရတာလဲ အရသာတစ်မျိုးကောင်းတော့ ... စကားတစ်ပြောပြောနဲ့ နောက်ဆုံး အိပ်ပျော်သွားလိုက်တာ... တုတ်တုတ်တောင် မလှုပ်ဘူး... နောက်နေ့ မနက်မိုးလင်းတဲ့ အထိပဲ...
ဗွီဒီယိုနှင့် ပတ်သတ်၍
ဗွီဒီယိုထဲမှာ ပါဝင်တဲ့ အချက်အလက်တွေနဲ့ သုံးသပ်ချက်တွေက အဲဒိအချိန်တုန်းက အခြေအနေပေါ်မူတည်ပြီး... မဗေဒါတစ်ဦးတစ်ယောက်တည်းရဲ့ အမြင် အကြိုက်ပေါ်မှာမူတည်ပါတယ်... ဒီအတွက် ကွဲလွဲနေတာလေးတွေရှိရင် နားလည်ပေးကြပါ... ဘုရားကျောင်းသမိုင်းတွေပြောထားတာလဲ.. အနားယူရင်း ပျင်းပျင်းရှိလို့ အင်တာနက်ပေါ်မှာ ရှာတွေ့တာကို ပြန်ပြောတာပဲရှိပါတယ်... အင်ဖို မှန်မမှန်တော့ အာမ မခံပါ... ဒီတော့ ချင့်ယုံ လို့ပဲ ပြောချင်ပါတယ်..
တခြား အရင် ဗွီဒီယိုတွေထက် အသစ်တစ်ခု သုံးထားတာကတော့ စစချင်းက intro background ကမ္ဘာလုံးလေး လည်နေတာကိုပါ... အစီအစဉ်တစ်ခု အစမှာ Intro လုပ်သလို လိုက်လုပ်ကြည့်ထားတာပါ... MV ပုံစံမျိုးမဟုတ်ပဲ ... ကျမစကားပြောတာတွေ ထည့်ထည့်ထားတော့ ပျင်းစရာများ ကောင်းနေမလားတော့ မသိပါဘူး... ဒါပေမဲ့ ခု အချိန်ကြာလာတာနဲ့ အမျှ အဲဒိအချိန်က ဖြစ်ပျက်ခဲ့တာလေးတွေကို မှတ်တမ်းလေး အနေနဲ့ထားချင်တာကြောင့် သီချင်းချည်းပဲ မထည့်ပဲ စကားပြောလေးတွေကိုပါ မဖျက်ပဲ ထည့်ထားဖြစ်ခဲ့တာပါ...
သီချင်းရွေးချယ်ရာမှာ အစက Cranberrie ရဲ့ Dream သီချင်းကို သုံးထားပြီးမှ Youtube ပေါ်လဲ တင်ရော Copyright ကြောင့် audio disable လုပ်ခံရလို့ သီချင်းပြောင်းပြီး ပြန်အက်ဒစ်လုပ်ရတော့ အတော်လေးကို အချိန်ပုတ်ပြီး ပင်ပန်းလှပါတယ်... ရှိတဲ့ မြန်မာ သီချင်းတစ်ပုဒ်ကောက်ထည့်လိုက်မိတာက တင်ဇာမော်ရဲ့ "ပထမခြေလှမ်း" သီချင်းပါ... သီချင်း အဓိပ္ပါယ်လေးကို သဘောကျလို့ တချိန်ချိန်သုံးမယ်လို့ စိတ်ကူးခဲ့ပင်မဲ့ ဒီဗွီဒီယိုမှာသုံးဖို့တော့ အစီအစဉ်မရှိခဲ့ပါဘူး... အစက Dream သီချင်းပေါ်မူတည်ပြီး အက်ဒစ်လုပ်ထားတော့ ဗွီဒီယို ပြကွက်တွေနဲ့ ပထမခြေလှမ်းသီချင်းနဲ့က သိပ်တော့ မလိုက်ဖက်သလိုဖြစ်နေပါတယ်.. ကျွန်မလဲ အစအဆုံးတော့ အသေးစိတ်ပြန်လိုက်မလုပ်နိုင်တော့တာနဲ့ တတ်နိုင်သလောက်ပဲ လိုက်ပြင်ခဲ့တော့ စိတ်တိုင်းသိပ်မကျပါဘူး... ဒီတော့ Youtube ပေါ်က ဗွီဒီယိုမှာ တင်ဇာမော်သီချင်း "ပထမခြေလှမ်း" နဲ့ တင်ဖြစ်ခဲ့ပါတယ်... ဒါပေမဲ့ မြန်မာသီချင်းက တီးလုံးတွေ အသံသွင်းတွေညံ့တော့ သိပ်နားထောင်မကောင်းလို့ စိတ်တိုင်းမကျတာနဲ့ Dailymotion မှာ Dream သီချင်းနဲ့ ထပ်ပြီး တင်နေလို့ ပိုစ့်တက်ဖို့ ၁ရက်နောက်ကျသွားတာပါ... Version ၂ခုကို ယှဉ်ကြည့်ချင်ရင်တော့ အောက်က ဗွီဒီယို ၂ခုလုံးကို ကြည့်သွားပါ... content က တူတူပါပဲ.. သီချင်းပဲ ကွဲသွားတာပါ.. အချိန်မရှိဘူး ၁ ခုပဲ ကြည့်မယ်ဆိုရင်တော့ အပေါ်က Dailymotion မှာတင်တဲ့ ဗွီဒီယိုကို ကြည့်ပါ...
Dailymotion Song with Dream
Trip to Sensoji Temple
Uploaded by mabaydar. - Discover new destinations and travel videos.
Youtube with တင်ဇာမော် - ပထမခြေလှမ်း

Wednesday, August 11, 2010
My video of Lee Min Ho departure at Changi Airport
လီမင်ဟို လေဆိပ်တုန်းက မဗေဒါရိုက်ထားတဲ့ ဗွီဒီယို အက်ဒစ်လုပ်ပြီး တင်ချင်လွန်းလို့ ကွန်ပြူတာ ပျက်နေတာကို မနေနိုင်ပဲ တစ်လုံးအသစ်သွားဝယ်လိုက်တယ်... ခုမှပဲ တင်ရတော့တယ်... မဗေဒါက ရိုက်တဲ့သူဆိုတော့ မပါဘူးပေါ့နော်... ဟဲ.. ဟဲ... အဲဒိမှာ သီချင်းလေးတွေရွေးထည့်ထားတယ်... အဲဒိအချိန်က ခံစားချက်လေးတွေနဲ့ အနီးစပ်ဆုံးကိုက်ညီမဲ့ စားသားလေးတွေကို ရွေးထည့်ထားတယ်...
ပထမဆုံးတစ်ပုဒ်ကတော့ လီမင်ဟို နောက်ဆုံးထွက်ထားတဲ့ကား personal taste ထဲက ဇာတ်ဝင်တေးဖြစ်တဲ့ "My Heart is touched"
ဒုတိယတစ်ပုဒ်ကတော့ "Perfect Moment"
တတိယတစ်ပုဒ်က Oh My Lady ကားထဲက ဇာတ်ဝင်တေးဖြစ်တဲ့ "I must be bad" ဆိုတဲ့ သီချင်လေး... အဲဒိ သီချင်းလေးတွေသုံးပြီး ဂျန်ဂမ်ဆပ်ပြန်တုန်းက ဗွီဒီယို အက်ဒစ်လုပ်ချင်တာ ဒါပေမဲ့ အဲဒိနေ့က အလုပ်ရှိတော့ မသွားဖြစ်လိုက်တော့ ခုလီမင်ဟိုနဲ့ ကျမှပဲ သုံးဖြစ်တော့တယ်... သီချင်း စာသားအဓိပ္ပါယ်လေးတွေကိုလဲ အားလုံး နားလည်ရအောင် အောက်မှာ subtitle ထိုးထားတယ်... ကြည့်လိုက်အုံးနော်...
My Perfect moment with Him By Mabaydar
သူများရိုက်ထားတဲ့ ဗွီဒီယိုမှာတော့ နဲနဲဆို နဲနဲလေး ဖြတ်ပြေးရုံလေး ၁ စက္ကန့်လောက်ပါလိုက်တယ်... ကိုယ်တောင် ကိုယ်အဲဒိနေ့က ဘာလုပ်တယ်ဆိုတာ သိလို့ ရှာတွေ့တာ... ဒါပေမဲ့ အလုပ်တူတူလုပ်တဲ့ တရုတ်ကိုပြတော့ မျက်စိလျှင်တယ်ရှင် ၂ခါပြတော့ တွေ့တယ်... နင်ဆံပင်ရှည်နဲ့ပြေးသွားတာ တွေ့လိုက်တယ်တဲ့... 0:33 sec မှာ တစ်ခါ 0:35 မှာ ကျောလေးပါတယ်... ဒါပေမဲ့ ရိုက်တဲ့ ကောင်မလေးက လက်အရမ်းတုန်တော့ ဘာမှတောင် မမြင်ရပါဘူး... မဗေဒါကတော့ အတတ်နိုင်ဆုံးလက်ကို ငြိမ်အောင်ရိုက်တယ်... လက်ငြိမ်ချင်လို့ အသံတောင် တစ်ချက်မထွက်ဘူး.. အော်လိုက်တာနဲ့ ကင်မရာတုန်မှာစိုးလို့... ကဲ အောက်က သူများရိုက်တဲ့ ဗီဒီယိုမှာ မဗေဒါပြောထားတဲ့ အချိန်လေးတွေမှာ တွေ့အောင် ရှာနိုင်ရင် မဗေဒါ ဘာဝတ်ထားလဲ ပြောပါ.. တစ်ချို့သူတွေကတော့ အဖြေသိပြီးသားဖြစ်မှာပါ... (မေးခွန်းက အောက်ပြီးသား)
ဒါသူများရိုက်ထားတဲ့ ဗွီဒီယိုပါ...

Sunday, August 08, 2010
Lee Min Ho at Maldives
မဗေဒါလဲ ကိုရီးယားမင်းသားအကြောင်းတွေချည်းပဲရေးလို့ အရည်အသွေးမရှိတဲ့ ပိုစ့်တွေချည်းပဲ တင်တယ်လို့ပဲ ပြောပြော... ကိုရီးယားရူး ရူးနေတယ်လို့ပဲ ဆိုဆို... မရင့်ကျပ်ဘူးလို့ပဲ ခေါ်ခေါ်... လူဆိုတာလဲ ကိုယ့်အကြိုက်နဲ့ကိုယ့်အတွေးနဲ့ကိုယ် ဆိုတော့ကာ... ကိုယ်ကြိုက်တာတွေကို ကိုယ်နဲ့ အကြိုက်ချင်းတူတဲ့သူတွေကို မျှဝေချင်တဲ့ ဆန္ဒလေးကိုတော့ အပြစ်မဆိုစေချင်ဘူးလေ.... မဗေဒါရဲ့ တခြားရသ ဟာသ သုတပေးတဲ့ ပိုစ့်လေးတွေဖတ်ချင်တဲ့ စာဖတ်သူတွေကလဲ ကိုရီးယားမင်းသားအကြောင်းချည်းရေးနေလို့ စိတ်ပျက်နေကြမယ်ဆိုတာလဲ နားလည်လို့ရပါတယ်... ဒါပေမဲ့ တချို့စာတွေကျတော့ ခံစားချက်ရှိမှ ရင်ထဲကလာမှ အထူးသဖြင့် စာရေးချင်စိတ်ရှိမှ ရေးလို့ထွက်တယ်လေ... ဒါပေမဲ့ ကိုရီးယားမင်းသားတွေအကြောင်း... နိုင်ငံခြားရုပ်ရှင်ဇာတ်လမ်းတွဲတွေအကြောင်းကျတော့ မဗေဒါက အမြဲတမ်းဖတ်လိုက် ကြည့်လိုက်လုပ်နေတဲ့သူဆိုတော့ အမြဲတွေ့နေတတ်တယ်... ဒီတော့ တချို့တွေကို မဗေဒါနဲ့ ၀ါသနာတူ ဖြစ်တဲ့ မဗေဒါဘလော့စာဖတ်သူတွေကိုလဲ သိချင်မှာပဲဆိုပြီး ပြောပြဖြစ်တာရှိတယ်... ဒါတောင် မဗေဒါ သိသမျှ တွေ့သမျှ ရေးချင်သမျှ ကိုရီးယားမင်းသားတွေအကြောင်းကို ရေးတာမဟုတ်ဘူးနော်... ကြုံတဲ့သူ မဗေဒါ ကြိုက်တဲ့သူတွေအကြောင်းပဲ ရေးသေးတာ...
မဗေဒါရဲ့ မင်းသားတွေနဲ့ ပတ်သတ်တဲ့ ပိုစ့်တွေကို ကိုယ်မကြိုက် ကိုယ်ဝါသနာမပါလို့ ကိုယ်နဲ့ အမြင်မတူလို့ပဲဖြစ်ဖြစ် ရှိခဲ့မယ်ဆိုရင်လဲ နားလည်ပေးစေလိုပါတယ်... လောကမှာ လူတိုင်းက ဆရာဝန်ကောင်းတယ် ဆရာဝန်ဖြစ်ချင်နေတယ်ဆိုရင် နေထိုင်ဖို့ လျှပ်စစ်ပစ္စည်းတွေတီထွင်ဖို့ အင်ဂျင်နီယာတွေရှိလာမှာ မဟုတ်တော့တဲ့အတွက် တဲပုတ်နဲ့ မီးပုံနဲ့ နေနေရမှာပါ... ဒီတော့ သိစိတ်ထဲကဖြစ်စေ မသိစိတ်ကပဲဖြစ်စေ မင်းသားတွေကို မနာလိုစိတ် အားကျစိတ်နဲ့ မဗေဒါကို မရည်ရွယ်ပဲ မုန်းတီးနေတယ်လို့လဲ မဗေဒါမစွပ်စွဲလိုပါဘူး... ဒါပေမဲ့ သေချာတာတစ်ခုကတော့ မဗေဒါရဲ့ ပိုစ့်လေးတွေမှာ တပါးသူကို ထိခိုက်စော်ကားထားတာ မရှိပါဘူး... ကိုရီးယားမင်းသားတွေကို စိတ်ဝင်စားမဲ့ မြန်မာပရိတ်သတ်တွေအတွက် ကိုယ်တွေ့တဲ့ သတင်းလေးတွေ ကိုယ်စိတ်ဝင်စားတဲ့ အရာလေးတွေကို ဝေမျှတယ်... ကိုယ်ပျော်တာလေးကို ကိုယ့်ဘလော့ပေါ်စာလာဖတ်တဲ့ ၀ါသနာတူတွေကို ပျော်စေချင်တယ်... ဒီသဘောလေးပါပဲ... မဗေဒါရဲ့ မင်းသားနဲ့ ပတ်သတ်တဲ့ ပိုစ့်တွေကို အားပေးနေတဲ့ သူတွေလဲ ရှိပါတယ်... ခုဆို မရည်ရွယ်ပဲ ကိုယ်ဝါသနာအရရေးတဲ့ လီမင်ဟိုပိုစ့်တွေကြောင့် မဗေဒါဘလော့မှာ စာဖတ်သူ အသစ်တွေတောင် ရနေပါပြီ... ကဲပါလေ.... ထားလိုက်ပါတော့ ခုလဲ လီမင်ဟို Meldives မှာ ပျော်နေတဲ့ ဓာတ်ပုံလေးတွေတွေ့လို့ မနေနိုင် မထိုင်နိုင် ဝေမျှချင်စိတ်ဖြစ်လာပြန်ပါတယ်... စိတ်မရှိနဲ့နော်... (မုဒိတာပွားနိုင်ပါစေလို့.. ဟဲ.. ဟဲ.. စတာနော်.. ကိုယ်မဟုတ်ရင် မနာရဘူး... :P)
လီမင်ဟို စကာင်္ပူ fan meeting အပြီးမှာ မိသားစုအပန်ဖြေခရီးအနေနဲ့ India Ocean ထဲက Maldives ဆိုတဲ့ Resort ကို ထွက်သွားပါတယ်... (စိတ်ထင်တော့ Boy over flower ရိုက်တဲ့ ကမ်းခြေပဲလားတော့ မသိဘူး... သိတဲ့သူရှိရင် ကွန်မန့်မှာပြောပြသွားပါနော်)... ကမ်းခြေက တော်တော်လှတယ်... လီမင်ဟိုရဲ့ကျေးဇူးကြောင့် ကမ္ဘာမှာ ကိုယ်မသိတဲ့နေရာတွေတောင် အတော်သိသွားတယ်.... ဒါလဲ ဗဟုသုတ အမြတ်ပဲ... တစ်နေ့နေ့တော့ ပိုက်ဆံစုပြီး အဲဒိနေရာကို အရောက်သွားအုံးမယ်... ဟဲ.. ဟဲ...
သူလဲ အလုပ်တွေ fan တွေနဲ့ အတော်ပင်ပန်းသွားပင်မဲ့ Maldives မှာတော့ ကလေးလေးတစ်ယောက်လို ပျော်ရွှင်နေတဲ့ ပုံလေးတွေတွေ့ရတော့ သူ့အတွက် ၀မ်းသာမိတယ်... လီမင်ဟိုရဲ့ မြန်မာ Minoz တွေလဲ မဗေဒါလိုပဲ ၀မ်းသာရအောင် ဓာတ်ပုံလေးတွေ မျှဝေလိုက်ပါတယ်.... သူကတော့ သောကြာင်္နေ့က ကိုရီးယားကို ပြန်ရောက်သွားပြီလို့ သတင်းကြားသိရပါတယ်...

Photo Credit to Minoz Thailand facebook
Wednesday, August 04, 2010
လီမင်ဟိုနဲ့ ခဏတာ
လီမင်ဟို ပြန်မဲ့၂ရက် နေ့မှာ ကျွန်မ အားတာသိရတော့ စဉ်းစားနေစရာတောင် မလိုတော့ပါဘူး မဗေဒါ လေဆိပ်ကို ရောက်တော့မှာပါ.. ဒါပေမဲ့ လီမင်ဟိုရဲ့ flight info က တော်တော်နဲ့ ရှာလို့မတွေ့ပါဘူး... ကိုရီးယားကားကြည့်ရင်းနဲ့ ၅ မိနစ်ခြားတစ်ခါလောက် ဖွင့်ထားသမျှ လီမင်ဟို သတင်းရနိုင်တဲ့ ဆိုဒ်တွေကို refresh ထိုင်လုပ်နေခဲ့ရပါတယ်... ခက်တာက ဂျန်ဂမ်ဆပ်တုန်းကဆိုရင် သတင်းတွေက ချက်ချင်းတက်ပါတယ်... ခုချိန် အော့ချက်မှာ... ခုတော့ east coast မှာ စသည်ဖြင့် အင်တာနက်ပေါ်ကနေ stalker လုပ်နေလို့ရပါတယ်... လီမင်ဟိုကျတော့ သူ့ fan meeting နေ့က ပုံတွေနဲ့ အကြောင်းတွေပဲ တက်လာပါတယ်...
fan meeting အကျဉ်း
သူ့ fan meeting မှာ သူကိုယ်တိုင်ဆွဲတဲ့ ကာတွန်းပန်းချီ အခု ၂၀ ကို ကံထူးရှင်တွေကို လက်ဆောင်ပေးတယ်လို့လဲသိရပါတယ်... အချိန်မလောက်လို့ ၁၀ ခုပဲ ဆွဲပြီး ကျန်တာတွေကတော့ သူ့လက်ပုံ... နောက်ဆုံးသူ့ fan တွေ အလိုချင်ဆုံးပုံကတော့ သူနှုတ်ခမ်းအရာပါတဲ့ ကားချပ်ပါပဲ... ပုံလေးတွေမှာ ကြည့်နိုင်ပါတယ်... သူ့ စိတ်ကူးထဲက မိန်းကလေးပုံရယ်.... သူစားခဲ့တဲ့ ညစာပုံရယ်... သူ့ခွေးပုံလဲ ဆွဲတယ်လို့တော့ ပြောပါတယ်... မင်းသားဆွဲတဲ့ပုံဆိုတော့လဲ ဘယ်လိုပုံပဲဖြစ်ဖြစ် အားလုံးက လိုချင်နေကြတာပဲ...
နောက်တော့ အမေးအဖြေကဏ္ဍ ပြီးတော့ .. ကံစမ်းမဲပေါက်တဲ့ မိန်းကလေးတွေနဲ့ group photo ရိုက်ပါတယ်... လက်မှတ်ထိုးပွဲ... ပရိတ်သတ်ကို ဖုန်းခေါ်ပြီးစကားပြောတာတို့... ကံထူးသူတချို့ကိုလဲ ပန်းပေးတာတို့ဘာတို့လုပ်တယ်ပြောပါတယ်... ကိုယ်ကိုတိုင်မသွားတော့ အသေးစိပ်တော့မသိပါဘူး... အွန်လိုင်းမှာတွေ့တာကို ပြောတာပါ... ဓာတ်ပုံတွေ ကြည့်ကြည့်လိုက်ပါ...
သူ့ ၂၄ နှစ်ပြည့်အတွက် fan တွေပေးတဲ့ လက်ဆောင်ကို မှတ်မှတ်ရရ ၀တ်ထားလေရဲ့...
သူ့ ရဲ့ LG Event က fan cam video လေးပဲ ရှိတုန်းကြည့်ထားပါ.. ပြီးရင် ဖျက်ချင် ဖျက်ခံရမှာမို့ပါ... ကျွန်မရိုက်ထားတာတော့ မဟုတ်ပါဘူး...youtube ပေါ်ကတွေ့လို့ပါ... သူက အင်္ဂလိပ်လိုသိပ်မပြောတတ်တော့ ကျွန်မအနေနဲ့တော့ အားမရပါဘူး... ဒါပေမဲ့လဲ သူ့ fan တွေကတော့ သူဘာပြောပြော သူ့ကို အားပေးချစ်ခင်မြဲပါပဲ...
လီမင်ဟိုနှင့် ကျွန်မ တွေ့ဆုံခြင်း... (အဟိ)...
လီမင်ဟိုရဲ့ Departure flight info ကို သိရတော့ ၂ရက်နေ့ ည ၁၀နာရီခွဲ လေယာဉ်လို့ စသိရပါတယ်... ဆိုးလ်ကို ပြန်မှာပါ... ဒီတော့ ကျွန်မက ၇နာရီလောက်အရောက် လေဆိပ်ကို သွားဖို့စိတ်ကူးထားပါတယ်... ကျွန်မလဲ အေးဆေး ကိုရီးယားကားတွေဘာတွေထိုင်ကြည့်နေရင်း... ညနေလောက်ရောက်တော့ တစ်ခါ page ကို refresh လုပ်လိုက်တော့ သူလေယာဉ်အချိန်စောဖို့ သတင်းထွက်ထားကြောင်း အားလုံးစောစောသွားကြဖို့ ပြောထားတာတွေ့ပါတယ်... ဒါပေမဲ့ ဘယ်အချိန်လဲ မသိပါဘူး... နောက် မိနစ် ၂၀လောက်နေတော့မှ တစ်ယောက် လေယာဉ်နံပါတ်ရယ် အချိန်ရယ်ပြောတော့မှ ည ၈နာရီခွဲ လေယာဉ်ဖြစ်သွားကြောင်းပြောပါတယ်.. ကျွန်မသိတဲ့အချိန်မှာ ညနေ ၅နာရီထိုးနေပါပြီ... ကျွန်မလဲ အဲလို မင်းသားတွေကို လေယာဉ်ကွင်းလိုက်ပို့တဲ့ အတွေ့အကြုံမရှိတော့ ဘယ်နှနာရီစောထွက်ရမယ်... ဘယ်နားမှာ သွားစောင့်နေရမယ်ဆိုတာ မသိပါဘူး... ဒါနဲ့ ဖိုရမ်ထဲမှာပဲ မေးလိုက်ပါတယ်... မင်းသားတွေက ကိုယ်တိုင်ချက်အင်ဝင်စရာမလိုဘူးတဲ့... အဲဒိအတွက်ကြောင့် ချက်အင် roll နားမှာပဲ စောင့်မနေနဲ့တဲ့... သူတို့ ချက်အင်လုပ်မဲ့ roll နဲ့ နီးတဲ့ ၀င်ပေါက် ၃ ပေါက်လောက်မှာ ယောင်ပေယောင်ပေလုပ်နေတဲ့.. မင်းသားလာရင် ကျန်တဲ့ ကောင်မလေးတွေ ပြေးတဲ့နောက်လိုက်ပြေးတဲ့.... လေဆိပ်ကို လေယာဉ်ချိန်ရဲ့ ၁နာရီ... ၁နာရီခွဲလောက် ကြိုရောက်နေရင် ရပြီတဲ့... ဒါနဲ့ပဲ လေယာဉ်ချိန် ၈နာရီခွဲ (Destination ကို ဆိုလ်း ကိုရီယားလို့ပဲထင်နေတော့ ) လေယာဉ်နံပါတ်ကို ကောင်းကောင်းမမှတ်ပဲ ကျွန်မလဲ နောက်ကျမှာစိုးလို့ ထွက်လာခဲ့လိုက်တယ်...
၁ယောက်ထည်းဖြစ်နေလို့ မေမေ့ကိုလဲ လိုက်ခဲ့ပေးဖို့ အဖော်စပ်လိုက်တယ်... မုန့်ကျွေးမယ်လဲ ပြောလိုက်တာပေါ့... ဟဲ.. ဟဲ... လေဆိပ်ကို ညနေ ၅နာရီခွဲလောက် ရောက်သွားတယ်... လေဆိပ်ရောက်တော့ ဆိုးလ်ဆိုတာကိုပဲ ကြည့်ပြီး row 1 မှာ သွားစောင့်နေဖြစ်သေးတယ်... တော်တော်လေး ထိုင်တဲ့အထိ တခြား fan girls တွေကို မတွေ့တာနဲ့ မဟုတ်သေးပါဘူးဆိုပြီး လေယာဉ်ချိန်တွေ ထပ်စစ်တော့ ၈နာရီခွဲလေယာဉ်က MALE ဆိုတဲ့ နိုင်ငံကို သွားမှာ... ဆိုးလ်ကို သွားမဲ့လေယာဉ်က ၁၀နာရီခွဲမှာပဲရှိတယ်... ဒါနဲ့ လေယာဉ်နံပါတ်ကလဲ ကောင်းကောင်းမမှတ်မိတော့ ပိုက်ပိုက်အကုန်ခံပြီး ဖုန်းနဲ့ အင်တာနက်သုံးလိုက်ရသေးတယ်... အဲဒိတော့မှာ ငါ အိုင်ဖုန်းလေး ၀ယ်ထားရင်ကောင်းသားလို့ တွေးမိတယ်... လေယာဉ်နံပါတ်သိရတော့ အဲဒိ MALE ဆိုတဲ့ နိုင်ငံကို သွားမဲ့လေယာဉ်ပဲ... Row 8 မှာ ချက်အင်ဝင်ရမှာ... တစ်ချိန်တည်းမှာပဲ ကောင်မလေးတစ်အုပ် ကိုယ့်ရှေ့က ဖြတ်ပြီး Row 8 ဘက်ကို လျှောက်သွားတာတွေ့တော့မှ ကိုယ်လဲ Row 8 ဘက်ကို လိုက်သွားဖြစ်တယ်.. တော်သေးတယ်... Row 1 မှာ ထိုင်စောင့်နေရင် သူလာရင် ဘယ်လိုပြေးပြေး မှီမှာမဟုတ်ဘူး...
ကျွန်မတို့သားအမိ ခုံလေးမှာ ထိုင်စောင့်နေတုန်း ဟိုဘက်ခုံတန်းမှာ တစ်ယောက်တည်းထိုင်နေတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်... နောက် အရှေ့ ဘယ်ဘက်မှာ မတ်တပ်ရပ်နေတဲ့ ၅ယောက်လောက်ရှိတဲ့ အုပ်စုရယ်... Row 8 ရဲ့ တည့်တည့် ၀င်ပေါက်မှာ ရပ်နေတဲ့ ပြည်ကြီးတရုပ်မပုံစံ ၃ယောက်ရယ်ပဲ ရှိသေးတယ်... ညနေ ၆နာရီခွဲလောက်ရှိသွားပြီ.... မေမေကတောင်ပြောနေသေးတယ်... ဟိုကောင်မလေးတစ်ယောက်တည်း ကြောင်နေတယ်တဲ့... ကျွန်မ ဂျန်ဂမ်ဆပ်ကို လေဆိပ်သွားကြိုတဲ့နေ့ကလဲ တစ်ယောက်တဲ့ အဲလိုပဲ ကြောင်နေတာပဲ... ခု မေမေလိုက်မလာပေးရင်လဲ ကျွန်မတစ်ယောက်တည်း ကြောင်နေမှာပဲ... ခဏနေတော့ အဲဒိတစ်ယောက်တည်းဖြစ်နေတဲ့ကောင်မလေးက ကျွန်မကို စပြီးစကားလာပြောရင်း မိတ်ဖွဲ့တယ်... ၀ါသနာတူတွေဆိုတော့ ချက်ချင်း ခင်သွားပါတယ်... သူကတော့ လီမင်ဟိုကို အတော်လေးကြိုက်တာ... Nanyang Poly က စလုံးမလေး... သူနဲ့ စကားပြောရင်း security နဲ့ ရဲတွေက မယုံရကြောင်း သူဟိုတစ်ခေါက်လီမင်ဟို Saint James မှာ တွေ့ဆုံပွဲတုန်းက အပြင်မှာစောင့်နေတာ ရဲတွေက ဒီကထွက်မှာသေချာတယ်ဆိုပြီး တကယ်တမ်းကျတော့ တခြားအပေါက်က ထွက်သွားကြောင်း ပြောဖြစ်ကြတယ်...
၇နာရီလောက်ထိုးတော့ ကျွန်မတို့တွေ အတော်လေးကို သတိနဲ့နေနေရပါပြီ... ဘယ်အချိန်ဘယ်အပေါက်က ၀င်လာတော့မလဲကို စောင့်ကြည့်နေရပါတယ်... တခြား fan တွေလဲ တော်တော်များများရောက်လာပါတယ်... ဓာတ်ပုံရိုက်တဲ့ ပရိုကင်မရာပြောင်းကြီးတွေက မင်းသားမပြောနဲ့ ကျွန်မတောင် လန့်ပါတယ်... ကျွန်မနဲ့ ခင်သွားတဲ့ ကောင်မလေးဆိုရင် နောက်ကနေ လူဖြတ်ပြေးရင်တောင် သူရင်တွေခုန်ပြီး ဒူးတွေတုန်နေလို့ လူတွေ ဖြတ်မပြေးကြရင်ကောင်းမယ်လို့ ကျွန်မကို ပြောပါတယ်... ၇နာရီ ၁၅မိနစ်လောက်မှာတော့ ရဲတွေနဲ့ အစောင့်တွေကို ကျွန်မတို့ရပ်နေတဲ့ ၀င်ပေါက်မှာမဟုတ်ပဲ နောက်ဝင်ပေါက်တစ်ခုမှာ သွားစောင့်နေကြတာတွေ့ပါတယ်... ကင်မရာ ပြောင်းကြီးတွေနဲ့ ကောင်မလေးတွေကတော့ ရဲတွေ security တွေသွားရာနောက်ကို တစ်ကောက်ကောက်လိုက်နေကြပါတယ်....
ဒါပေမဲ့ ကျွန်မစဉ်းစားကြည့်တယ်... ခု သူတို့စောင့်နေတဲ့ အပေါက်နဲ့ immigration ကို ၀င်ဖို့ အပေါက်က တည့်တည့်မရှိပါဘူး... အဲဒိအပေါက်က၀င်ရင် မင်းသားအတွက် လမ်းက ပိုရှည်ပါတယ်... ကျွန်မတို့စောင့်နေတဲ့ အပေါက်က၀င်မှ immigration မှန်ပေါက်နဲ့ တန်းနေလို့ လမ်းအတိုဆုံးပါပဲ... ဒါနဲ့ ကျွန်မလဲ ဟိုစလုံးမလေးကို ရဲတွေကို မယုံနဲ့ ဘယ်သူတွေဘယ်သွားသွား ငါတို့ ဒီအပေါက်ကပဲ စောင့်မယ်လို့ ပြောလိုက်ပါတယ်.. တကယ်လို့ဟိုအပေါက်က ၀င်လဲ ပြေးသွားရင် မှီတာပဲ ဘာမှ ဝေးတာမဟုတ်ပါဘူးလို့... အဲဒိ cisco က security ၀တ်စုံဝတ်ထားတဲ့ မဗေဒါရဲ့ ကမ္ဘာ့ရန်သူကြီတစ်ယောက်ကိုလဲ ပြန်တွေ့ပါရဲ့... (ဂျန်ဂမ်ဆပ် ဆိုင်းထိုးပွဲတုန်းက သူ့ဖင်ကြီးနဲ့ မင်းသားကို ကာရပ်နေလို့ အတော်လေးကို မေတ္တာပို့သခဲ့ရတဲ့ လူ)... ခုလဲ မြောက်ကြွ မြောက်ကြွနဲ့ ဟိုလျှောက်ဒီလျှောက် ဟန်ရေးပြနေလို့လဲ သူတို့နောက်လျှောက်မလိုက်ချင်တာ.... ကိုယ်ယုံကြည်တဲ့နေရာမှာပဲ ကျွန်မကတော့ ရပ်နေတယ်.... စလုံးမလေးကတော့ လီမင်ဟိုကို အတော်ကြိုက်တော့ တော်တော်လေး စိတ်လှုပ်ရှားနေတယ်... သူများတွေက ဟိုဘက်အပေါက်ကနေ ပြန်မလာပဲ ကျွန်မတို့ ၂ယောက်ပဲ ဒီမှာကျန်ခဲ့တော့ သူဝေခွဲမရဖြစ်နေတယ်... ကျွန်မလဲ သူ့ကို သွားချင်သွား... ငါကတော့ ဒီမှာပဲ စောင့်မယ်... ဒီလမ်းက immigration နဲ့ အနီးဆုံး... သူဒီကပဲ ဖြတ်မှာလို့... ပြောတော့ ကျွန်မကို သူယုံတယ်... ခုမှ တွေ့တဲ့လူပင်မဲ့ ကျွန်မပြောတဲ့စကားကို သူယုံတော့ သူ့ကိုတော့ ကျွန်မစိတ်ထဲ ခင်သွားပါတယ်...
သူက မင်းသားကို ကြိုက်လွန်းတော့ စိတ်လှုပ်ရှားပြီး ကျိုးကြောင်းသင့်အောင် မတွေးတတ်တော့ဘူး... ကျွန်မကတော့ အဲဒိမင်းသားကို အပြင်မှာ မြင်ဖူးချင်လို့ သွားတာပဲရှိတယ်... မကြိုက်ဘူးတော့မဟုတ်ဘူး... ဒါပေမဲ့ အရူးအမူးအကြိုက်ကြီးမဟုတ်တော့ risk ယူရဲတယ်... ကျွန်မထင်ထားတဲ့အတိုင်းပါပဲ... ၇နာရီ ၄၀လောက်ကျတော့ ရဲတွေ security တွေ ကျွန်မတို့စောင့်နေတဲ့ အပေါက်ဘက်ကိုပဲ ရောက်လာတာပါပဲ... တခြား fan girls တွေလဲ ရောက်လာတော့တာပါပဲ... လူလဲ တော်တော်လေးကို များနေပါပြီ... ၀င်ပေါက်ရှေ့မှာလဲ sticker တွေကပ်ထားတဲ့ ကားတစ်စီရပ်နေပါပြီ... အဲဒိထဲမှာ မင်းသားပါလား မပါဘူးလားဆိုတာတော့ ကျွန်မတို့အားလုံး ဇဝေဇ၀ါပါပဲ...
ကျွန်မနဲ့ ခင်သွားတဲ့ ကောင်မလေးက ၇နာရီ၁၅လောက်ကတည်းက အပေါ့သွားချင်နေတာကို မသွားပဲတောင့်ခံပြီးစောင့်နေတာ.. မင်းသားကလဲ ထွက်မလာနိုင်ဘူး... ကျွန်မပြောတယ်... ၇နာရီခွဲလောက်တုန်းက အပေါ့သွားချင် သွားလိုက် လာအုံးမှာ မဟုတ်သေးပါဘူးဆိုတော့.... သူ့အခွင့်အရေးတွေ လက်လွတ်မခံနိုင်ဘူးတဲ့ ရတယ် စောင့်မယ်ဆိုပြီးစောင့်တာ.. လက်လန်တယ်... ကျွန်မကတော့ ဗိုက်အတော်ဆာနေပြီ... သွားစားရင်တော့ တကယ်မှီမှာမဟုတ်ဘူး...
အဲလို ရင်ခုန်နေတုန်းအချိန်ကျမှပဲ အရေးထဲ မိန်းမကြီးတစ်ယောက်က "ဘယ်သူလာမှာလဲ... ကိုရီးယားမင်းသားလို့တော့ပြောတယ်... ငါကတော့ ကိုရီးယားမင်သားဆို Rain ပဲသိတယ်" ဆိုပြီး စကားစမြည်လာပြောနေသေးတယ်... အဲဒိမိန်းမကြီးက ဘရူနိုင်းက... ဘရူနိုင်းကို ပြန်ဖို့လေဆိပ်ရောက်နေတာ... ကျွန်မလဲ ဒီတစ်ယောက်က Rain ထက်ငယ်တယ်... Young and fresh လို့ ပြောလိုက်တယ်... သူက ဒါဆို ထွက်လာရင် ငါ့ကို ဘယ်တစ်ယောက်လဲပြနော်တဲ့.... ကျွန်မလဲ ပြစရာတောင်မလိုဘူး... လူအုပ်ထဲမှာ အချောဆုံးနဲ့ အထင်းဆုံးဖြစ်နေတဲ့ သူက မင်းသားပဲလို့ ပြောလိုက်တယ်... နောက်တော့သူက သူ့မှာလဲ Model boy တူတစ်ယောက်ရှိကြောင်း သူတို့နိုင်ငံမှာတော့ အတန်အသင့်နာမည်ကြီးကြောင်း... သူ့တူကလဲ လူအုပ်ထဲမှာ ထင်းကြောင်းလာပြောတော့ ကျွန်မနဲ့ခင်နေတဲ့ စလုံးမလေး သည်းခံနိုင်ပုံမပေါ်တော့ဘူး... လှည့်ကို မကြည့်တော့ဘူး... ကျွန်မကတော့ ဒီလောက်လဲ စိတ်လှုပ်ရှားမနေတော့... ပြုံးပြပြီး ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ နားထောင်နေလိုက်တယ်...
ကားက ရပ်ထားတာကြာပြီး လီမင်ဟိုက ထွက်မလာသေးပါဘူး... ၇နာရီ၅၀လောက်ကျတော့ ကားထဲက ၃ယောက်လောက်ထွက်လာတယ်... အဲဒိထဲမှာ ကိုရီးယား ကောင်မလေးတစ်ယောက် ရေရှားဂါဝန်နဲ့ ဆံပင်ကိုလဲ အမြင့်ဆံထုံး ထုံးထားတယ်... အသားကလဲ ဖွေးပြီး ညက်နေတာပဲ... အစက မင်းသမီးလားလို့တောင်ထင်တာ... ဒါပေမဲ့ မင်းသမီးဆိုရင်တော့ သတင်းရမှာပါ... မဟုတ်လောက်ဘူး... ဒါပေမဲ့ ချောတာတော့ ကိုရီးယားမင်းသမီးအတိုင်းပဲ... သူတို့ ဖြတ်သွားတယ်... အိမ်ရောက်မှ အွန်လိုင်းမှာ ဖတ်ကြည့်တော့ လီမင်ဟို အစ်မလား ညီမလားတော့ သိဘူး... sister လို့ရေးထားတယ်... ကောင်မလေး အရမ်းချောတယ်... ကိုယ့်ကိုကိုယ်တောင် သိမ်ငယ်တယ်.... (ခံစားရတယ်.. တကယ်ပဲ)...
၈နာရီထိုးတော့မှာ ရွှေမင်းသားက ကားထဲက ထွက်လာတယ်... ကားထဲကလူတွေထွက်လာတာတော့သိတယ်... glass slide door တွေကကာနေတော့လဲ အမြင်ကမရှင်းဘူး... မင်းသားပါလား... မပါဘူးလား မသေချာဘူး... ဒါပေမဲ့ ကျွန်မ မင်းသားရဲ့ မန်နေဂျာ ကုတ်အကျီင်္မီးခိုးရောင်ကို လှမ်းမြင်လိုက်တော့ လာပြီ လာပြီလို့ ဟိုစလုံးမလေးကို ပြောလိုက်တယ်... နောက်က သူ့တူကို ချီမွမ်းခန်းထုတ်နေတဲ့ မိန်းမကြီးကိုလဲ သိပ်နားလည်မပေးနိုင်တော့ဘူး... ကျွန်မလဲ ကင်မရာကို အဆင်သင့်လုပ် ရိုက်မယ်ချည်း အားခဲနေတော့တာ...
လီမင်ဟိုက V neck အကျီင်္အနက်ရောင်... ဘောင်းဘီအနက်ရောင်နဲ့ ညဘက်ကြီးကို နေကာမျက်မှန် အနက်ရောင်တပ်ထားတယ်... (သူလဲ မျက်လုံးဘယ်နားထားရမှန်းမသိလို့ တပ်ထားတာဖြစ်နိုင်ပါတယ်... ကိုရီးယားမင်းသားတွေ လေယာဉ်ကွင်းဆင်းတဲ့ စတိုင်ပဲလေ)... သူဝင်လာတော့ ဘေးရယ်နောက်ရယ် အားလုံးပေါင်း security က ၆ယောက်... သူ့ဘေးကပ်ရပ် ဘယ်ညာမှာက မန်နေဂျာ၂ယောက်... အနားအရမ်းကပ်လို့မရဘူး... ကမ္ဘာ့ရန် cisco က security တွေကလဲ သိပ်တာဝန်ကျေချင်တာလား... မင်းသားကို ကျိတ်မနာလိုဖြစ်ပြီး ကောင်မလေးတွေကို မကပ်စေချင်တာလားတော့ မသိဘူး... ကျွန်မဒီလောက် လမ်းပေးလိုက်တာတောင် သူ့လက်က တွန်းချင်သေးတယ်... ဒါပေမဲ့ ကျွန်မက အသိသာကြီးလမ်းပေးထားတော့ သူတွန်းတာ မထိလိုက်ပါဘူး... အဲဒိအချိန်မှာတော့ တကယ် ဘယ်သူမှ မမြင်တော့ဘူး... လီမင်ဟိုပဲ မြင်တယ်.... ကျွန်မအတွက် ဇောအကြီးဆုံးကတော့ သူ့ကို ဗွီဒီယိုရိုက်ဖို့ပဲ... ကျွန်မကို ကျော်သွားပြီးတော့ နောက်ထပ် လူအုပ်တွေကြားပြေးပြီး ကျော်တက်ပြီး ထပ်ရိုက် ထပ်ရိုက်နဲ့ Immigration ပေါက်ဝနားရောက်လာရော... သူဝင်ဝင်လာချင်း ၀င်ပေါက်မှာစောင့်နေတဲ့ ကျွန်မတို့ အပါအ၀င်တော်တော်များများက သိပ်မအော်ကြဘူး... အသံသိပ်မထွက်ဘူး... Immigration ပေါက်နားမှာစောင့်နေတဲ့ ကောင်မလေးတွေ (အာဂျူမာတွေလဲ ပါတယ်) က မင်းသားကိုတွေ့တော့ အော်သံတွေထွက်လာတယ်... Min Ho.... အိုပါး... စုံနေတာပဲ... နောက်တော့ လီမင်ဟိုတစ်ယောက်ပဲ Immigration ကို ပတ်စပိုစ့်လေးကိုင်ပြီးဝင်သွားတယ်....
သူ အင်မီဂရေးရှင်း အစစ်ခံနေတုန်း အပြင်က fan girls တွေကလဲ "1 2 3... LEE MIN HO" ဆိုပြီး အော်ကြတာ ရီနေရတယ်... ကျွန်မသတိထားလိုက်မိတဲ့ တစ်ချို့ယောကျာင်္းတွေရဲ့ အကြည့်တွေကတော့ လီမင်ဟို အင်မီဂရေးရှင်း ကောင်တာမှာရပ်နေတာကို ကြည့်ရင်း အားကျနေကြသလို... မနာလိုဖြစ်နေကြတာလဲပါတယ်... ဒီကောင်များ ဘယ်လောက်ချောလို့လဲဆိုတဲ့ မျက်လုံးမျိုးတွေ... ဒီကောင်ကိုများ ဖြစ်နေလိုက်ကြတာဆိုတဲ့ မချိပြုံးတွေနဲ့ ကြည့်နေကြလေရဲ့... ကျွန်မမေမေပြောပြတာတော့ သန့်ရှင်းရေးအဖိုးကြီးတွေဆိုရင် fan girls တွေကို အမြင်ကပ်လို့ မျက်နှာတွေမဲ့ပြီး မျက်စောင်းတွေခုတ်နေတယ်ဆိုပဲ....
လီမင်ဟိုတစ်ယောက်တည်းထွက်သွားတော့ သူမှ အဆင်ပြေပါ့မလား ဘာလို့ သူ့မန်နေဂျာတွေ ဘော်ဒီဂပ်တွေ လိုက်မသွားတာလဲလို့တွေးမိတယ်... လီမင်ဟို မျက်လုံးအောက်က ပျောက်သွားတာနဲ့ fan girls တွေရဲ့ attention က လီမင်ဟို မန်နေဂျာပေါ်ကို ရောက်သွားတော့တာပါပဲ... အလာတုန်းက ဓာတ်ပုံတွေကြည့်ရတည်းက သူ့မန်နေဂျာချောမှန်းသတိထားမိပါတယ်... လီမင်ဟိုထပ်လဲ အရပ်ရှည်တယ်... လီမင်ဟိုရှိစဉ်ကတော့ တကမ္ဘာလုံးမှာ သူ့တစ်ယောက်ပဲ မြင်ကြတာကိုး... ခုကျတော့ fan girls တွေက လီမင်ဟို့ မန်နေဂျာကို အုံပြီး ဓာတ်ပုံတွေရိုက်ကြပါလေရော... မန်နေဂျာလဲ ရီကျဲရီကျဲနဲ့ ခေါင်းကုတ်လိုက်... နှာဖူးသက်လိုက်နဲ့ ရှက်နေပုံတော့ရတယ်... သူသွားတဲ့နောက်ကို fan girls တွေ တပြုံကြီးက တကောက်ကောက်လိုက်နေကြတာ... အတော်လေးရီရပါတယ်... သူတို့အချင်းချင်းတောင် နောက်နေကြလေရဲ့... fan girls တွေကလဲ အဲဒိမန်နေဂျာ ရှက်နေမှန်းသိလို့ တမင်နောက်ပြီး သူ့ကို ဓာတ်ပုံတွေရိုက်ကြ သူ့နောက်တစ်ကောက်ကောက်လိုက်ကြလုပ်ကြတယ်... သူကလဲ အချောပဲကိုး... ရှက်ပြီး ပြုံးနေတဲ့ပုံဆို ပိုတောင် ကြည့်ကောင်းသေးတယ်... လီမင်ဟိုရှိတုန်းကတော့ သူက မျက်နှာထန်နေတာပဲ... သူလဲ သူ့မင်းသားရှိတော့ သူ့ဇောနဲ့ သူဖြစ်နေတာ နေမှာ...
ကျွန်မတို့ ပြန်တော့ မန်နေဂျာနဲ့ တကွ ကျန်ခဲ့တဲ့ အဖွဲ့သားတွေကတော့ ၁၀နာရီခွဲလေယာဉ် ဆိုးလ်ကို သွားဖို့ ချက်အင်ကောင်တာ နံပါတ ၁မှာ ချက်အင်ဝင်နေကြတယ်... fan girls ကောင်မလေးတော်တော်များများတောင် ကျန်နေတုန်းပဲ အဲဒိ မန်နေဂျာကို ဓာတ်ပုံရိုက်မဆုံးဖြစ်နေကြတာ.. ကျွန်မကတော့ အားလုံးကိုပြရအောင် အမြန် ၂ပုံလောက်ရိုက်လာပြီး ပြန်လာလိုက်တယ်... ဒါပေမဲ့ သူက လှုပ်နေတော့ ပုံက ၀ါးနေတယ်... သူများတွေရိုက်ထားတဲ့ Pro camera ကြီးနဲ့ ပုံတွေမှာလဲ ကြည့်လိုက်နော်...
လီမင်ဟိုက ဂျန်ဂမ်ဆပ်လောက် friendly မဖြစ်ဘူး.. လူအုပ်ကိုလဲ ကြောက်သလိုပဲလို့ခံစားရတယ်... လမ်းလျှောက်တာလဲ ခပ်သွက်သွက်လျှောက်ပြီး သူ့ကြည့်ရတာ အားမပါဘူး... အဲဒါကို အိမ်ပြန်ရောက်တော့ ဖိုရမ်တွေပေါ်မှာဖတ်ကြည့်တော့ ကျန်တဲ့ သူ့ fan တွေကိုယ်တိုင်လဲ အဲလိုခံစားရတယ်... ကျွန်မနဲ့ ခင်သွားတဲ့ ကောင်မလေးကတော့ လီမင်ဟို fan ဆိုတော့ သူအရင်အခေါက်တွေတုန်းက အဲလိုမဟုတ်ဘူး မျက်နှာရွှင်ရွှင်လန်းလန်းပဲတဲ့... ဒီနေ့တော့ သူ့ကြည့်ရတာ စိတ်သိပ်မကြည့်ဘူးထင်တယ်တဲ့... နေမကောင်းဘူးလား မသိဘူးတဲ့... ပြောတာပဲ... တစ်ခါတစ်လေကျတော့လဲ လူဆိုတာ ဒီလိုပဲပေါ့.. ဖြစ်တတ်ပါတယ်... ဒါပေမဲ့ မင်းသားဆိုတာတော့ fan ဒဏ် အနည်းနဲ့ အများခံရမှာပဲပေါ့... အမှန်ဆို လူအုပ်များလေ သူအောင်မြင်လေပဲ... ဂျန်ဂမ်ဆပ်ပြန်တုန်းကဆို အနီးကပ်လို့ရတာ တစ်ချို့ဆို လှမ်းတောင် ဆွဲလို့ရတယ်ဆိုပဲ... ဒါပေမဲ့ ဂျန်ဂမ်ဆပ်ကတော့ မညှိုးလုံးပဲ... သူ့ အိုင်ဖုန်းမှာ "Bye Cri" လို့ရေးပြီးတော့တောင် သူ့ fan တွေကို သံယောဇဉ်မပြတ်နိုင်စွာ နှုတ်ဆက်သွားသေးတယ်...
မနေ့က လေဆိပ်သွားလိုက်တာ မဗေဒါကိုယ့်ကိုကိုယ် မသေချာတာတစ်ခု သေချာသိသွားတယ်... အဲဒါကတော့ မဗေဒါ ဂျန်ဂမ်ဆပ်ကို တွေ့တုန်းက ဒူးတွေတုန် ရင်တွေခုန်က သူ့ကို တကယ်ကြိုက်လို့... မင်းသားတွေ့လို့ရင်ခုန်တာမဟုတ်ဘူး.. ဘာလို့လဲဆိုတော့ လီမင်ဟိုကိုတွေ့တော့ မဗေဒါ ဒူးတွေလဲ မတုန်ဘူး... ရင်ထဲမှာလဲ မွမ်းကျပ်ပြီး မောဟိုက်မလာဘူး... ဗွီဒီယိုမမှီလိုက်မှာ စိုးရိမ်တာပဲရှိတယ်... မဗေဒါ ဘလော့ကို လာဖတ်တဲ့အထဲမှာ လီမင်ဟို fan တွေများမှန်း ခန့်မှန်းလို့ရပါတယ်... မဗေဒါလဲ လီမင်ဟိုကို လောလောဆယ်ကြည့်သမျှကားတွေမှာ အကြိုက်ကြီး မဟုတ်သေးပင်မဲ့... နည်းနည်းတော့ ကြိုက်ပါတယ်... နောင်အသစ်ထွက်မဲ့ကားတွေမှာတော့ သူ့ Performance ကိုကြည့်ပြီး ကြိုက်ရင်လဲ ကြိုက်လာမှာပါ.... ဒါပေမဲ့ သူချောတယ်ဆိုတာကိုတော့ လက်ခံပါတယ်.... မဗေဒါ မေမေကတောင် ပြောတယ်... မင်းသားက ချောတာမှ သူ့မျက်နှာက အားလုံးထဲမှာ လပြည့်ဝန်းကြီးအတိုင်းပဲ ထင်းနေတာပဲတဲ့.... ဒီလိုနဲ့ သားအမိ ၂ယောက် မုန့်လဲ မစားဖြစ်တော့ပဲ အိမ်ရောက်မှ ထမင်းအ၀တုတ်ရင်း ဖြစ်ပျက်လေးတွေပြောပြီးရီကြ... ကျွန်မရိုက်လာတဲ့ ဗွီဒီယိုကို ဖွင့်ကြည့်ကြနဲ့ လီမင်ဟိုကတော့ Maldives ဆိုတဲ့ ကျွန်းလေးပေါ်မှာ သူ့မိသားစုနဲ့ အပန်းဖြေနေလောက်ရောပေါ့...
fan meeting အကျဉ်း
သူ့ fan meeting မှာ သူကိုယ်တိုင်ဆွဲတဲ့ ကာတွန်းပန်းချီ အခု ၂၀ ကို ကံထူးရှင်တွေကို လက်ဆောင်ပေးတယ်လို့လဲသိရပါတယ်... အချိန်မလောက်လို့ ၁၀ ခုပဲ ဆွဲပြီး ကျန်တာတွေကတော့ သူ့လက်ပုံ... နောက်ဆုံးသူ့ fan တွေ အလိုချင်ဆုံးပုံကတော့ သူနှုတ်ခမ်းအရာပါတဲ့ ကားချပ်ပါပဲ... ပုံလေးတွေမှာ ကြည့်နိုင်ပါတယ်... သူ့ စိတ်ကူးထဲက မိန်းကလေးပုံရယ်.... သူစားခဲ့တဲ့ ညစာပုံရယ်... သူ့ခွေးပုံလဲ ဆွဲတယ်လို့တော့ ပြောပါတယ်... မင်းသားဆွဲတဲ့ပုံဆိုတော့လဲ ဘယ်လိုပုံပဲဖြစ်ဖြစ် အားလုံးက လိုချင်နေကြတာပဲ...
နောက်တော့ အမေးအဖြေကဏ္ဍ ပြီးတော့ .. ကံစမ်းမဲပေါက်တဲ့ မိန်းကလေးတွေနဲ့ group photo ရိုက်ပါတယ်... လက်မှတ်ထိုးပွဲ... ပရိတ်သတ်ကို ဖုန်းခေါ်ပြီးစကားပြောတာတို့... ကံထူးသူတချို့ကိုလဲ ပန်းပေးတာတို့ဘာတို့လုပ်တယ်ပြောပါတယ်... ကိုယ်ကိုတိုင်မသွားတော့ အသေးစိပ်တော့မသိပါဘူး... အွန်လိုင်းမှာတွေ့တာကို ပြောတာပါ... ဓာတ်ပုံတွေ ကြည့်ကြည့်လိုက်ပါ...
သူ့ ၂၄ နှစ်ပြည့်အတွက် fan တွေပေးတဲ့ လက်ဆောင်ကို မှတ်မှတ်ရရ ၀တ်ထားလေရဲ့...
သူ့ ရဲ့ LG Event က fan cam video လေးပဲ ရှိတုန်းကြည့်ထားပါ.. ပြီးရင် ဖျက်ချင် ဖျက်ခံရမှာမို့ပါ... ကျွန်မရိုက်ထားတာတော့ မဟုတ်ပါဘူး...youtube ပေါ်ကတွေ့လို့ပါ... သူက အင်္ဂလိပ်လိုသိပ်မပြောတတ်တော့ ကျွန်မအနေနဲ့တော့ အားမရပါဘူး... ဒါပေမဲ့လဲ သူ့ fan တွေကတော့ သူဘာပြောပြော သူ့ကို အားပေးချစ်ခင်မြဲပါပဲ...
လီမင်ဟိုနှင့် ကျွန်မ တွေ့ဆုံခြင်း... (အဟိ)...
လီမင်ဟိုရဲ့ Departure flight info ကို သိရတော့ ၂ရက်နေ့ ည ၁၀နာရီခွဲ လေယာဉ်လို့ စသိရပါတယ်... ဆိုးလ်ကို ပြန်မှာပါ... ဒီတော့ ကျွန်မက ၇နာရီလောက်အရောက် လေဆိပ်ကို သွားဖို့စိတ်ကူးထားပါတယ်... ကျွန်မလဲ အေးဆေး ကိုရီးယားကားတွေဘာတွေထိုင်ကြည့်နေရင်း... ညနေလောက်ရောက်တော့ တစ်ခါ page ကို refresh လုပ်လိုက်တော့ သူလေယာဉ်အချိန်စောဖို့ သတင်းထွက်ထားကြောင်း အားလုံးစောစောသွားကြဖို့ ပြောထားတာတွေ့ပါတယ်... ဒါပေမဲ့ ဘယ်အချိန်လဲ မသိပါဘူး... နောက် မိနစ် ၂၀လောက်နေတော့မှ တစ်ယောက် လေယာဉ်နံပါတ်ရယ် အချိန်ရယ်ပြောတော့မှ ည ၈နာရီခွဲ လေယာဉ်ဖြစ်သွားကြောင်းပြောပါတယ်.. ကျွန်မသိတဲ့အချိန်မှာ ညနေ ၅နာရီထိုးနေပါပြီ... ကျွန်မလဲ အဲလို မင်းသားတွေကို လေယာဉ်ကွင်းလိုက်ပို့တဲ့ အတွေ့အကြုံမရှိတော့ ဘယ်နှနာရီစောထွက်ရမယ်... ဘယ်နားမှာ သွားစောင့်နေရမယ်ဆိုတာ မသိပါဘူး... ဒါနဲ့ ဖိုရမ်ထဲမှာပဲ မေးလိုက်ပါတယ်... မင်းသားတွေက ကိုယ်တိုင်ချက်အင်ဝင်စရာမလိုဘူးတဲ့... အဲဒိအတွက်ကြောင့် ချက်အင် roll နားမှာပဲ စောင့်မနေနဲ့တဲ့... သူတို့ ချက်အင်လုပ်မဲ့ roll နဲ့ နီးတဲ့ ၀င်ပေါက် ၃ ပေါက်လောက်မှာ ယောင်ပေယောင်ပေလုပ်နေတဲ့.. မင်းသားလာရင် ကျန်တဲ့ ကောင်မလေးတွေ ပြေးတဲ့နောက်လိုက်ပြေးတဲ့.... လေဆိပ်ကို လေယာဉ်ချိန်ရဲ့ ၁နာရီ... ၁နာရီခွဲလောက် ကြိုရောက်နေရင် ရပြီတဲ့... ဒါနဲ့ပဲ လေယာဉ်ချိန် ၈နာရီခွဲ (Destination ကို ဆိုလ်း ကိုရီယားလို့ပဲထင်နေတော့ ) လေယာဉ်နံပါတ်ကို ကောင်းကောင်းမမှတ်ပဲ ကျွန်မလဲ နောက်ကျမှာစိုးလို့ ထွက်လာခဲ့လိုက်တယ်...
၁ယောက်ထည်းဖြစ်နေလို့ မေမေ့ကိုလဲ လိုက်ခဲ့ပေးဖို့ အဖော်စပ်လိုက်တယ်... မုန့်ကျွေးမယ်လဲ ပြောလိုက်တာပေါ့... ဟဲ.. ဟဲ... လေဆိပ်ကို ညနေ ၅နာရီခွဲလောက် ရောက်သွားတယ်... လေဆိပ်ရောက်တော့ ဆိုးလ်ဆိုတာကိုပဲ ကြည့်ပြီး row 1 မှာ သွားစောင့်နေဖြစ်သေးတယ်... တော်တော်လေး ထိုင်တဲ့အထိ တခြား fan girls တွေကို မတွေ့တာနဲ့ မဟုတ်သေးပါဘူးဆိုပြီး လေယာဉ်ချိန်တွေ ထပ်စစ်တော့ ၈နာရီခွဲလေယာဉ်က MALE ဆိုတဲ့ နိုင်ငံကို သွားမှာ... ဆိုးလ်ကို သွားမဲ့လေယာဉ်က ၁၀နာရီခွဲမှာပဲရှိတယ်... ဒါနဲ့ လေယာဉ်နံပါတ်ကလဲ ကောင်းကောင်းမမှတ်မိတော့ ပိုက်ပိုက်အကုန်ခံပြီး ဖုန်းနဲ့ အင်တာနက်သုံးလိုက်ရသေးတယ်... အဲဒိတော့မှာ ငါ အိုင်ဖုန်းလေး ၀ယ်ထားရင်ကောင်းသားလို့ တွေးမိတယ်... လေယာဉ်နံပါတ်သိရတော့ အဲဒိ MALE ဆိုတဲ့ နိုင်ငံကို သွားမဲ့လေယာဉ်ပဲ... Row 8 မှာ ချက်အင်ဝင်ရမှာ... တစ်ချိန်တည်းမှာပဲ ကောင်မလေးတစ်အုပ် ကိုယ့်ရှေ့က ဖြတ်ပြီး Row 8 ဘက်ကို လျှောက်သွားတာတွေ့တော့မှ ကိုယ်လဲ Row 8 ဘက်ကို လိုက်သွားဖြစ်တယ်.. တော်သေးတယ်... Row 1 မှာ ထိုင်စောင့်နေရင် သူလာရင် ဘယ်လိုပြေးပြေး မှီမှာမဟုတ်ဘူး...
ကျွန်မတို့သားအမိ ခုံလေးမှာ ထိုင်စောင့်နေတုန်း ဟိုဘက်ခုံတန်းမှာ တစ်ယောက်တည်းထိုင်နေတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်... နောက် အရှေ့ ဘယ်ဘက်မှာ မတ်တပ်ရပ်နေတဲ့ ၅ယောက်လောက်ရှိတဲ့ အုပ်စုရယ်... Row 8 ရဲ့ တည့်တည့် ၀င်ပေါက်မှာ ရပ်နေတဲ့ ပြည်ကြီးတရုပ်မပုံစံ ၃ယောက်ရယ်ပဲ ရှိသေးတယ်... ညနေ ၆နာရီခွဲလောက်ရှိသွားပြီ.... မေမေကတောင်ပြောနေသေးတယ်... ဟိုကောင်မလေးတစ်ယောက်တည်း ကြောင်နေတယ်တဲ့... ကျွန်မ ဂျန်ဂမ်ဆပ်ကို လေဆိပ်သွားကြိုတဲ့နေ့ကလဲ တစ်ယောက်တဲ့ အဲလိုပဲ ကြောင်နေတာပဲ... ခု မေမေလိုက်မလာပေးရင်လဲ ကျွန်မတစ်ယောက်တည်း ကြောင်နေမှာပဲ... ခဏနေတော့ အဲဒိတစ်ယောက်တည်းဖြစ်နေတဲ့ကောင်မလေးက ကျွန်မကို စပြီးစကားလာပြောရင်း မိတ်ဖွဲ့တယ်... ၀ါသနာတူတွေဆိုတော့ ချက်ချင်း ခင်သွားပါတယ်... သူကတော့ လီမင်ဟိုကို အတော်လေးကြိုက်တာ... Nanyang Poly က စလုံးမလေး... သူနဲ့ စကားပြောရင်း security နဲ့ ရဲတွေက မယုံရကြောင်း သူဟိုတစ်ခေါက်လီမင်ဟို Saint James မှာ တွေ့ဆုံပွဲတုန်းက အပြင်မှာစောင့်နေတာ ရဲတွေက ဒီကထွက်မှာသေချာတယ်ဆိုပြီး တကယ်တမ်းကျတော့ တခြားအပေါက်က ထွက်သွားကြောင်း ပြောဖြစ်ကြတယ်...
၇နာရီလောက်ထိုးတော့ ကျွန်မတို့တွေ အတော်လေးကို သတိနဲ့နေနေရပါပြီ... ဘယ်အချိန်ဘယ်အပေါက်က ၀င်လာတော့မလဲကို စောင့်ကြည့်နေရပါတယ်... တခြား fan တွေလဲ တော်တော်များများရောက်လာပါတယ်... ဓာတ်ပုံရိုက်တဲ့ ပရိုကင်မရာပြောင်းကြီးတွေက မင်းသားမပြောနဲ့ ကျွန်မတောင် လန့်ပါတယ်... ကျွန်မနဲ့ ခင်သွားတဲ့ ကောင်မလေးဆိုရင် နောက်ကနေ လူဖြတ်ပြေးရင်တောင် သူရင်တွေခုန်ပြီး ဒူးတွေတုန်နေလို့ လူတွေ ဖြတ်မပြေးကြရင်ကောင်းမယ်လို့ ကျွန်မကို ပြောပါတယ်... ၇နာရီ ၁၅မိနစ်လောက်မှာတော့ ရဲတွေနဲ့ အစောင့်တွေကို ကျွန်မတို့ရပ်နေတဲ့ ၀င်ပေါက်မှာမဟုတ်ပဲ နောက်ဝင်ပေါက်တစ်ခုမှာ သွားစောင့်နေကြတာတွေ့ပါတယ်... ကင်မရာ ပြောင်းကြီးတွေနဲ့ ကောင်မလေးတွေကတော့ ရဲတွေ security တွေသွားရာနောက်ကို တစ်ကောက်ကောက်လိုက်နေကြပါတယ်....
ဒါပေမဲ့ ကျွန်မစဉ်းစားကြည့်တယ်... ခု သူတို့စောင့်နေတဲ့ အပေါက်နဲ့ immigration ကို ၀င်ဖို့ အပေါက်က တည့်တည့်မရှိပါဘူး... အဲဒိအပေါက်က၀င်ရင် မင်းသားအတွက် လမ်းက ပိုရှည်ပါတယ်... ကျွန်မတို့စောင့်နေတဲ့ အပေါက်က၀င်မှ immigration မှန်ပေါက်နဲ့ တန်းနေလို့ လမ်းအတိုဆုံးပါပဲ... ဒါနဲ့ ကျွန်မလဲ ဟိုစလုံးမလေးကို ရဲတွေကို မယုံနဲ့ ဘယ်သူတွေဘယ်သွားသွား ငါတို့ ဒီအပေါက်ကပဲ စောင့်မယ်လို့ ပြောလိုက်ပါတယ်.. တကယ်လို့ဟိုအပေါက်က ၀င်လဲ ပြေးသွားရင် မှီတာပဲ ဘာမှ ဝေးတာမဟုတ်ပါဘူးလို့... အဲဒိ cisco က security ၀တ်စုံဝတ်ထားတဲ့ မဗေဒါရဲ့ ကမ္ဘာ့ရန်သူကြီတစ်ယောက်ကိုလဲ ပြန်တွေ့ပါရဲ့... (ဂျန်ဂမ်ဆပ် ဆိုင်းထိုးပွဲတုန်းက သူ့ဖင်ကြီးနဲ့ မင်းသားကို ကာရပ်နေလို့ အတော်လေးကို မေတ္တာပို့သခဲ့ရတဲ့ လူ)... ခုလဲ မြောက်ကြွ မြောက်ကြွနဲ့ ဟိုလျှောက်ဒီလျှောက် ဟန်ရေးပြနေလို့လဲ သူတို့နောက်လျှောက်မလိုက်ချင်တာ.... ကိုယ်ယုံကြည်တဲ့နေရာမှာပဲ ကျွန်မကတော့ ရပ်နေတယ်.... စလုံးမလေးကတော့ လီမင်ဟိုကို အတော်ကြိုက်တော့ တော်တော်လေး စိတ်လှုပ်ရှားနေတယ်... သူများတွေက ဟိုဘက်အပေါက်ကနေ ပြန်မလာပဲ ကျွန်မတို့ ၂ယောက်ပဲ ဒီမှာကျန်ခဲ့တော့ သူဝေခွဲမရဖြစ်နေတယ်... ကျွန်မလဲ သူ့ကို သွားချင်သွား... ငါကတော့ ဒီမှာပဲ စောင့်မယ်... ဒီလမ်းက immigration နဲ့ အနီးဆုံး... သူဒီကပဲ ဖြတ်မှာလို့... ပြောတော့ ကျွန်မကို သူယုံတယ်... ခုမှ တွေ့တဲ့လူပင်မဲ့ ကျွန်မပြောတဲ့စကားကို သူယုံတော့ သူ့ကိုတော့ ကျွန်မစိတ်ထဲ ခင်သွားပါတယ်...
သူက မင်းသားကို ကြိုက်လွန်းတော့ စိတ်လှုပ်ရှားပြီး ကျိုးကြောင်းသင့်အောင် မတွေးတတ်တော့ဘူး... ကျွန်မကတော့ အဲဒိမင်းသားကို အပြင်မှာ မြင်ဖူးချင်လို့ သွားတာပဲရှိတယ်... မကြိုက်ဘူးတော့မဟုတ်ဘူး... ဒါပေမဲ့ အရူးအမူးအကြိုက်ကြီးမဟုတ်တော့ risk ယူရဲတယ်... ကျွန်မထင်ထားတဲ့အတိုင်းပါပဲ... ၇နာရီ ၄၀လောက်ကျတော့ ရဲတွေ security တွေ ကျွန်မတို့စောင့်နေတဲ့ အပေါက်ဘက်ကိုပဲ ရောက်လာတာပါပဲ... တခြား fan girls တွေလဲ ရောက်လာတော့တာပါပဲ... လူလဲ တော်တော်လေးကို များနေပါပြီ... ၀င်ပေါက်ရှေ့မှာလဲ sticker တွေကပ်ထားတဲ့ ကားတစ်စီရပ်နေပါပြီ... အဲဒိထဲမှာ မင်းသားပါလား မပါဘူးလားဆိုတာတော့ ကျွန်မတို့အားလုံး ဇဝေဇ၀ါပါပဲ...
လီမင်ဟိုလာရင် ရိုက်ပစ်မယ် (ကင်မရာနဲ့) .. အသင့်ပြင်...
ကျွန်မနဲ့ ခင်သွားတဲ့ ကောင်မလေးက ၇နာရီ၁၅လောက်ကတည်းက အပေါ့သွားချင်နေတာကို မသွားပဲတောင့်ခံပြီးစောင့်နေတာ.. မင်းသားကလဲ ထွက်မလာနိုင်ဘူး... ကျွန်မပြောတယ်... ၇နာရီခွဲလောက်တုန်းက အပေါ့သွားချင် သွားလိုက် လာအုံးမှာ မဟုတ်သေးပါဘူးဆိုတော့.... သူ့အခွင့်အရေးတွေ လက်လွတ်မခံနိုင်ဘူးတဲ့ ရတယ် စောင့်မယ်ဆိုပြီးစောင့်တာ.. လက်လန်တယ်... ကျွန်မကတော့ ဗိုက်အတော်ဆာနေပြီ... သွားစားရင်တော့ တကယ်မှီမှာမဟုတ်ဘူး...
အဲလို ရင်ခုန်နေတုန်းအချိန်ကျမှပဲ အရေးထဲ မိန်းမကြီးတစ်ယောက်က "ဘယ်သူလာမှာလဲ... ကိုရီးယားမင်းသားလို့တော့ပြောတယ်... ငါကတော့ ကိုရီးယားမင်သားဆို Rain ပဲသိတယ်" ဆိုပြီး စကားစမြည်လာပြောနေသေးတယ်... အဲဒိမိန်းမကြီးက ဘရူနိုင်းက... ဘရူနိုင်းကို ပြန်ဖို့လေဆိပ်ရောက်နေတာ... ကျွန်မလဲ ဒီတစ်ယောက်က Rain ထက်ငယ်တယ်... Young and fresh လို့ ပြောလိုက်တယ်... သူက ဒါဆို ထွက်လာရင် ငါ့ကို ဘယ်တစ်ယောက်လဲပြနော်တဲ့.... ကျွန်မလဲ ပြစရာတောင်မလိုဘူး... လူအုပ်ထဲမှာ အချောဆုံးနဲ့ အထင်းဆုံးဖြစ်နေတဲ့ သူက မင်းသားပဲလို့ ပြောလိုက်တယ်... နောက်တော့သူက သူ့မှာလဲ Model boy တူတစ်ယောက်ရှိကြောင်း သူတို့နိုင်ငံမှာတော့ အတန်အသင့်နာမည်ကြီးကြောင်း... သူ့တူကလဲ လူအုပ်ထဲမှာ ထင်းကြောင်းလာပြောတော့ ကျွန်မနဲ့ခင်နေတဲ့ စလုံးမလေး သည်းခံနိုင်ပုံမပေါ်တော့ဘူး... လှည့်ကို မကြည့်တော့ဘူး... ကျွန်မကတော့ ဒီလောက်လဲ စိတ်လှုပ်ရှားမနေတော့... ပြုံးပြပြီး ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ နားထောင်နေလိုက်တယ်...
ကားက ရပ်ထားတာကြာပြီး လီမင်ဟိုက ထွက်မလာသေးပါဘူး... ၇နာရီ၅၀လောက်ကျတော့ ကားထဲက ၃ယောက်လောက်ထွက်လာတယ်... အဲဒိထဲမှာ ကိုရီးယား ကောင်မလေးတစ်ယောက် ရေရှားဂါဝန်နဲ့ ဆံပင်ကိုလဲ အမြင့်ဆံထုံး ထုံးထားတယ်... အသားကလဲ ဖွေးပြီး ညက်နေတာပဲ... အစက မင်းသမီးလားလို့တောင်ထင်တာ... ဒါပေမဲ့ မင်းသမီးဆိုရင်တော့ သတင်းရမှာပါ... မဟုတ်လောက်ဘူး... ဒါပေမဲ့ ချောတာတော့ ကိုရီးယားမင်းသမီးအတိုင်းပဲ... သူတို့ ဖြတ်သွားတယ်... အိမ်ရောက်မှ အွန်လိုင်းမှာ ဖတ်ကြည့်တော့ လီမင်ဟို အစ်မလား ညီမလားတော့ သိဘူး... sister လို့ရေးထားတယ်... ကောင်မလေး အရမ်းချောတယ်... ကိုယ့်ကိုကိုယ်တောင် သိမ်ငယ်တယ်.... (ခံစားရတယ်.. တကယ်ပဲ)...
၈နာရီထိုးတော့မှာ ရွှေမင်းသားက ကားထဲက ထွက်လာတယ်... ကားထဲကလူတွေထွက်လာတာတော့သိတယ်... glass slide door တွေကကာနေတော့လဲ အမြင်ကမရှင်းဘူး... မင်းသားပါလား... မပါဘူးလား မသေချာဘူး... ဒါပေမဲ့ ကျွန်မ မင်းသားရဲ့ မန်နေဂျာ ကုတ်အကျီင်္မီးခိုးရောင်ကို လှမ်းမြင်လိုက်တော့ လာပြီ လာပြီလို့ ဟိုစလုံးမလေးကို ပြောလိုက်တယ်... နောက်က သူ့တူကို ချီမွမ်းခန်းထုတ်နေတဲ့ မိန်းမကြီးကိုလဲ သိပ်နားလည်မပေးနိုင်တော့ဘူး... ကျွန်မလဲ ကင်မရာကို အဆင်သင့်လုပ် ရိုက်မယ်ချည်း အားခဲနေတော့တာ...
လီမင်ဟိုက V neck အကျီင်္အနက်ရောင်... ဘောင်းဘီအနက်ရောင်နဲ့ ညဘက်ကြီးကို နေကာမျက်မှန် အနက်ရောင်တပ်ထားတယ်... (သူလဲ မျက်လုံးဘယ်နားထားရမှန်းမသိလို့ တပ်ထားတာဖြစ်နိုင်ပါတယ်... ကိုရီးယားမင်းသားတွေ လေယာဉ်ကွင်းဆင်းတဲ့ စတိုင်ပဲလေ)... သူဝင်လာတော့ ဘေးရယ်နောက်ရယ် အားလုံးပေါင်း security က ၆ယောက်... သူ့ဘေးကပ်ရပ် ဘယ်ညာမှာက မန်နေဂျာ၂ယောက်... အနားအရမ်းကပ်လို့မရဘူး... ကမ္ဘာ့ရန် cisco က security တွေကလဲ သိပ်တာဝန်ကျေချင်တာလား... မင်းသားကို ကျိတ်မနာလိုဖြစ်ပြီး ကောင်မလေးတွေကို မကပ်စေချင်တာလားတော့ မသိဘူး... ကျွန်မဒီလောက် လမ်းပေးလိုက်တာတောင် သူ့လက်က တွန်းချင်သေးတယ်... ဒါပေမဲ့ ကျွန်မက အသိသာကြီးလမ်းပေးထားတော့ သူတွန်းတာ မထိလိုက်ပါဘူး... အဲဒိအချိန်မှာတော့ တကယ် ဘယ်သူမှ မမြင်တော့ဘူး... လီမင်ဟိုပဲ မြင်တယ်.... ကျွန်မအတွက် ဇောအကြီးဆုံးကတော့ သူ့ကို ဗွီဒီယိုရိုက်ဖို့ပဲ... ကျွန်မကို ကျော်သွားပြီးတော့ နောက်ထပ် လူအုပ်တွေကြားပြေးပြီး ကျော်တက်ပြီး ထပ်ရိုက် ထပ်ရိုက်နဲ့ Immigration ပေါက်ဝနားရောက်လာရော... သူဝင်ဝင်လာချင်း ၀င်ပေါက်မှာစောင့်နေတဲ့ ကျွန်မတို့ အပါအ၀င်တော်တော်များများက သိပ်မအော်ကြဘူး... အသံသိပ်မထွက်ဘူး... Immigration ပေါက်နားမှာစောင့်နေတဲ့ ကောင်မလေးတွေ (အာဂျူမာတွေလဲ ပါတယ်) က မင်းသားကိုတွေ့တော့ အော်သံတွေထွက်လာတယ်... Min Ho.... အိုပါး... စုံနေတာပဲ... နောက်တော့ လီမင်ဟိုတစ်ယောက်ပဲ Immigration ကို ပတ်စပိုစ့်လေးကိုင်ပြီးဝင်သွားတယ်....
သူ အင်မီဂရေးရှင်း အစစ်ခံနေတုန်း အပြင်က fan girls တွေကလဲ "1 2 3... LEE MIN HO" ဆိုပြီး အော်ကြတာ ရီနေရတယ်... ကျွန်မသတိထားလိုက်မိတဲ့ တစ်ချို့ယောကျာင်္းတွေရဲ့ အကြည့်တွေကတော့ လီမင်ဟို အင်မီဂရေးရှင်း ကောင်တာမှာရပ်နေတာကို ကြည့်ရင်း အားကျနေကြသလို... မနာလိုဖြစ်နေကြတာလဲပါတယ်... ဒီကောင်များ ဘယ်လောက်ချောလို့လဲဆိုတဲ့ မျက်လုံးမျိုးတွေ... ဒီကောင်ကိုများ ဖြစ်နေလိုက်ကြတာဆိုတဲ့ မချိပြုံးတွေနဲ့ ကြည့်နေကြလေရဲ့... ကျွန်မမေမေပြောပြတာတော့ သန့်ရှင်းရေးအဖိုးကြီးတွေဆိုရင် fan girls တွေကို အမြင်ကပ်လို့ မျက်နှာတွေမဲ့ပြီး မျက်စောင်းတွေခုတ်နေတယ်ဆိုပဲ....
လီမင်ဟိုတစ်ယောက်တည်းထွက်သွားတော့ သူမှ အဆင်ပြေပါ့မလား ဘာလို့ သူ့မန်နေဂျာတွေ ဘော်ဒီဂပ်တွေ လိုက်မသွားတာလဲလို့တွေးမိတယ်... လီမင်ဟို မျက်လုံးအောက်က ပျောက်သွားတာနဲ့ fan girls တွေရဲ့ attention က လီမင်ဟို မန်နေဂျာပေါ်ကို ရောက်သွားတော့တာပါပဲ... အလာတုန်းက ဓာတ်ပုံတွေကြည့်ရတည်းက သူ့မန်နေဂျာချောမှန်းသတိထားမိပါတယ်... လီမင်ဟိုထပ်လဲ အရပ်ရှည်တယ်... လီမင်ဟိုရှိစဉ်ကတော့ တကမ္ဘာလုံးမှာ သူ့တစ်ယောက်ပဲ မြင်ကြတာကိုး... ခုကျတော့ fan girls တွေက လီမင်ဟို့ မန်နေဂျာကို အုံပြီး ဓာတ်ပုံတွေရိုက်ကြပါလေရော... မန်နေဂျာလဲ ရီကျဲရီကျဲနဲ့ ခေါင်းကုတ်လိုက်... နှာဖူးသက်လိုက်နဲ့ ရှက်နေပုံတော့ရတယ်... သူသွားတဲ့နောက်ကို fan girls တွေ တပြုံကြီးက တကောက်ကောက်လိုက်နေကြတာ... အတော်လေးရီရပါတယ်... သူတို့အချင်းချင်းတောင် နောက်နေကြလေရဲ့... fan girls တွေကလဲ အဲဒိမန်နေဂျာ ရှက်နေမှန်းသိလို့ တမင်နောက်ပြီး သူ့ကို ဓာတ်ပုံတွေရိုက်ကြ သူ့နောက်တစ်ကောက်ကောက်လိုက်ကြလုပ်ကြတယ်... သူကလဲ အချောပဲကိုး... ရှက်ပြီး ပြုံးနေတဲ့ပုံဆို ပိုတောင် ကြည့်ကောင်းသေးတယ်... လီမင်ဟိုရှိတုန်းကတော့ သူက မျက်နှာထန်နေတာပဲ... သူလဲ သူ့မင်းသားရှိတော့ သူ့ဇောနဲ့ သူဖြစ်နေတာ နေမှာ...ကျွန်မတို့ ပြန်တော့ မန်နေဂျာနဲ့ တကွ ကျန်ခဲ့တဲ့ အဖွဲ့သားတွေကတော့ ၁၀နာရီခွဲလေယာဉ် ဆိုးလ်ကို သွားဖို့ ချက်အင်ကောင်တာ နံပါတ ၁မှာ ချက်အင်ဝင်နေကြတယ်... fan girls ကောင်မလေးတော်တော်များများတောင် ကျန်နေတုန်းပဲ အဲဒိ မန်နေဂျာကို ဓာတ်ပုံရိုက်မဆုံးဖြစ်နေကြတာ.. ကျွန်မကတော့ အားလုံးကိုပြရအောင် အမြန် ၂ပုံလောက်ရိုက်လာပြီး ပြန်လာလိုက်တယ်... ဒါပေမဲ့ သူက လှုပ်နေတော့ ပုံက ၀ါးနေတယ်... သူများတွေရိုက်ထားတဲ့ Pro camera ကြီးနဲ့ ပုံတွေမှာလဲ ကြည့်လိုက်နော်...
ကျွန်မ မေမေကို ဓာတ်ပုံရိုက်ဖို့ တာဝန်ပေးထားတာ မိမိရရရိုက်လိုက်တယ်... လီမင်ဟိုရဲ့ နောက်ကျော...
လီမင်ဟိုက ဂျန်ဂမ်ဆပ်လောက် friendly မဖြစ်ဘူး.. လူအုပ်ကိုလဲ ကြောက်သလိုပဲလို့ခံစားရတယ်... လမ်းလျှောက်တာလဲ ခပ်သွက်သွက်လျှောက်ပြီး သူ့ကြည့်ရတာ အားမပါဘူး... အဲဒါကို အိမ်ပြန်ရောက်တော့ ဖိုရမ်တွေပေါ်မှာဖတ်ကြည့်တော့ ကျန်တဲ့ သူ့ fan တွေကိုယ်တိုင်လဲ အဲလိုခံစားရတယ်... ကျွန်မနဲ့ ခင်သွားတဲ့ ကောင်မလေးကတော့ လီမင်ဟို fan ဆိုတော့ သူအရင်အခေါက်တွေတုန်းက အဲလိုမဟုတ်ဘူး မျက်နှာရွှင်ရွှင်လန်းလန်းပဲတဲ့... ဒီနေ့တော့ သူ့ကြည့်ရတာ စိတ်သိပ်မကြည့်ဘူးထင်တယ်တဲ့... နေမကောင်းဘူးလား မသိဘူးတဲ့... ပြောတာပဲ... တစ်ခါတစ်လေကျတော့လဲ လူဆိုတာ ဒီလိုပဲပေါ့.. ဖြစ်တတ်ပါတယ်... ဒါပေမဲ့ မင်းသားဆိုတာတော့ fan ဒဏ် အနည်းနဲ့ အများခံရမှာပဲပေါ့... အမှန်ဆို လူအုပ်များလေ သူအောင်မြင်လေပဲ... ဂျန်ဂမ်ဆပ်ပြန်တုန်းကဆို အနီးကပ်လို့ရတာ တစ်ချို့ဆို လှမ်းတောင် ဆွဲလို့ရတယ်ဆိုပဲ... ဒါပေမဲ့ ဂျန်ဂမ်ဆပ်ကတော့ မညှိုးလုံးပဲ... သူ့ အိုင်ဖုန်းမှာ "Bye Cri" လို့ရေးပြီးတော့တောင် သူ့ fan တွေကို သံယောဇဉ်မပြတ်နိုင်စွာ နှုတ်ဆက်သွားသေးတယ်...
မနေ့က လေဆိပ်သွားလိုက်တာ မဗေဒါကိုယ့်ကိုကိုယ် မသေချာတာတစ်ခု သေချာသိသွားတယ်... အဲဒါကတော့ မဗေဒါ ဂျန်ဂမ်ဆပ်ကို တွေ့တုန်းက ဒူးတွေတုန် ရင်တွေခုန်က သူ့ကို တကယ်ကြိုက်လို့... မင်းသားတွေ့လို့ရင်ခုန်တာမဟုတ်ဘူး.. ဘာလို့လဲဆိုတော့ လီမင်ဟိုကိုတွေ့တော့ မဗေဒါ ဒူးတွေလဲ မတုန်ဘူး... ရင်ထဲမှာလဲ မွမ်းကျပ်ပြီး မောဟိုက်မလာဘူး... ဗွီဒီယိုမမှီလိုက်မှာ စိုးရိမ်တာပဲရှိတယ်... မဗေဒါ ဘလော့ကို လာဖတ်တဲ့အထဲမှာ လီမင်ဟို fan တွေများမှန်း ခန့်မှန်းလို့ရပါတယ်... မဗေဒါလဲ လီမင်ဟိုကို လောလောဆယ်ကြည့်သမျှကားတွေမှာ အကြိုက်ကြီး မဟုတ်သေးပင်မဲ့... နည်းနည်းတော့ ကြိုက်ပါတယ်... နောင်အသစ်ထွက်မဲ့ကားတွေမှာတော့ သူ့ Performance ကိုကြည့်ပြီး ကြိုက်ရင်လဲ ကြိုက်လာမှာပါ.... ဒါပေမဲ့ သူချောတယ်ဆိုတာကိုတော့ လက်ခံပါတယ်.... မဗေဒါ မေမေကတောင် ပြောတယ်... မင်းသားက ချောတာမှ သူ့မျက်နှာက အားလုံးထဲမှာ လပြည့်ဝန်းကြီးအတိုင်းပဲ ထင်းနေတာပဲတဲ့.... ဒီလိုနဲ့ သားအမိ ၂ယောက် မုန့်လဲ မစားဖြစ်တော့ပဲ အိမ်ရောက်မှ ထမင်းအ၀တုတ်ရင်း ဖြစ်ပျက်လေးတွေပြောပြီးရီကြ... ကျွန်မရိုက်လာတဲ့ ဗွီဒီယိုကို ဖွင့်ကြည့်ကြနဲ့ လီမင်ဟိုကတော့ Maldives ဆိုတဲ့ ကျွန်းလေးပေါ်မှာ သူ့မိသားစုနဲ့ အပန်းဖြေနေလောက်ရောပေါ့...
ဟောဒီမှာ အပိုဆု... handsome manager or bodyguard??
PS.. လီမင်ဟိုရဲ့ twitter account ကတော့ http://twitter.com/ActorLeeMinHo ပါ.. အဲဒိမှာ လီမင်ဟို ကိုယ်တိုင် မတ်စေ့လေးတွေရိုက်လေ့ရှိတယ် (ပြောတာပါပဲ... မသေချာပါ.. အနည်းဆုံး သူ့ agent က ကွန်ထရိုးလုပ်တယ်ဆိုရင်တောင် သူကတော့ ၀င်ဝင်ကြည့်တာ သေချာပါတယ်...) သူ့ရဲ့ normal life activities ပုံလေးတွေလဲ တင်လေ့ရှိပါတယ်...
(လူတစ်ကိုယ်အကြိုက်တစ်မျိုးမို့ ကြိုက်သလို သဘောထားကွဲလွဲနိုင်ပါတယ်..)
Above photos credit as tag.
Subscribe to:
Posts
(
Atom
)