Saturday, January 31, 2009

Tokyo Disney Sea 1 (သို့) ဂျပန်ခရီးစဉ် Day 4

ခုတလော ဘလော့ ရေးဖို့ စိတ်အနှောင့်အယှက်လေးတွေ ဖြစ်နေတာနဲ့.. လစဉ်ရေးနေကျ ဂျပန်ခရီးစဉ်အတွေ့အကြုံလေးတွေတောင် ခုထိမရေးဖြစ်သေးဘူး.. မဗေဒါရဲ့ Disney Sea အတွေ့အကြုံ ဗွီဒီယိုလေးကို Trailer ဒီဇိုင်းမျိုးလေးနဲ့ လက်ဆော့ပြုလုပ်ထားပါတယ်.. အောက်က video လေးကို Over All အရင် ကြည့်လိုက်ပါ.. ၁ မိနစ်ခွဲပဲ ကြာပါတယ်.. Youtube မှာတော့ (watch in High Quality) ဆိုတာနဲ့ ကြည့်ရင် ပိုပြီး ကြည်ကြည်လင်လင်မြင်ရမှာပါ...




ခု ဂျပန်ရောက်ပြီး ၄ရက်မြောက်နေ့ပေါ့နော်... ဒစ်စနေလမ်း လက်မှတ်ကို ဒစ်စနေလမ်း အတွက် ၁ရက်.. (ဒစ်စနေလမ်းသွားခဲ့တဲ့ အကြောင်းကို ဒီမှာ ဖတ်နိုင်ပါတယ်) ဒစ်စနေစီး အတွက် ၁ရက်.. ၂ရက်စာဝယ်ခဲ့တယ်ဆိုတော့.. ကျမနဲ့ ကျမသူငယ်ချင်း ၂ယောက် ဆက်လက်တိုက်ပွဲဝင်ဖို့ မနက်၈နာရီလောက် အိမ်ကထွက်ခဲ့ကြပါတယ်... ပထမတစ်ရက်က လှတပတနဲ့ ပဲများပြီး ၀တ်ခဲ့မိတဲ့ ဒေါက်ဖိနပ်တွေရယ်.. ဒစ်စနေလမ်းက ကြောက်ခမန်းလိလိ ကျူတန်းကြီးများရယ်ကြောင့်.. မသွားချင်လောက်အောင်ကို ပင်ပန်းနေပင်မဲ့ ပိုက်ပိုက် ပေးပြီးပြီ ဖြစ်တဲ့အတွက်.. စစ်တိုက်ထွက်တော့မယ့် စစ်သူကြီးအလား ၂ယောက်သား ပြင်ဆင်ခဲ့ကြပါတယ်..

၁) အလှအပ ပဓာနမထားပဲ သက်တောင့်သက်သာ အင်္ကျီများကိုသာ ၀တ်ဆင်ခဲ့ခြင်း..
၂) လေးလေးပင်ပင်ဖြစ်နိုင်သော အိတ်ကြီးကြီးများကို မလွယ်ခြင်း..

၃) အိမ်မှ မနက်စ
ာစားခဲ့သည့်အပြင်.. ထမင်းဘူးပါ ပြင်ဆင်ယူဆောင်လာခြင်း..
၎) အဓိက အကျဆုံးဖြစ်သော ပြေးရန်လွှားရန်လွယ်ကူသော သက်တေ
ာင့်သက်သာ အရှိဆုံး ဖိနပ်ကို ရွေးချယ် ၀တ်ဆင်ခြင်း.. တို့ဖြစ်ပါတယ်.. (ထို့ကြောင့် အထက်ပါ ဗွီဒီယိုတွင် မဗေဒါ အလွန်မှ ရုပ်ဆိုးပါသည်)

ဒစ်စနေလမ်းသွားခဲ့သည့်နေ့က အတိုင်းပင်.. Maihama Station မှာ ဆင်းပါတယ်.. သေချာမှတ်ထားပါ.. ဒစ်စနေလမ်းရှိတာ Maihama Station ပါ... ဆင်းပြီး ယခင်ကလျှောက်ခဲ့သည့်လမ်းအတိုင်းလျှောက်လာပင်မဲ့ Disney Sea ကို ရှာမတွေ့ပါ.. နောက်မှ ပန်းခြံတစ်ခုနှင့်တစ်ခုကို ပြေးဆွဲသည့် ရထားသေးလေးကို ထပ်စီးရပါတယ်.. ကုန်ပေါက်က ထပ်ရှိပြန်ပါတယ်.. တစ်ခါစီး ရမ်း ၂၅၀ ပေးရပါတယ်.. ဒစ်စနေစီးဘက်အထိ ရိုးရိုးရထားရောက်တဲ့ မှတ်တိုင် ရှိမရှိတော့ ကျမသေချာမသိပါ.. ထိုရထားဖြင့် ၃မှတ်တိုင်မျှ စီးရပါတယ်.. ဒစ်စနေ ဟိုတယ်မှတ်တိုင်တို့ ဘာတို့ကို ဖြတ်အပြီးတွင် ဒစ်စနေစီး မှတ်တိုင်ကို ရောက်ပါတယ်..



ရောက်တယ်ဆိုရင်ပဲ အ၀င်ဝမှာ ရှိတဲ့ ကမ္ဘာလုံးရေပန်းကြီးနဲ့ အလျှင်အမြန်ဓာတ်ပုံရိုက်.. ၂ယောက်သား အကုန်လုံးကို အမြန်အဆန်လုပ်ပါတယ်.. မနေ့က အကြောင်းမသိ နှေးတုံ့ နှေးတုံ့လုပ်မိလို့ အစုံမစီးခဲ့ရခြင်းနှင့် ဓာတ်ပုံ စိတ်ကြိုက် မရိုက်ခဲ့ရခြင်းအတွက် သင်ခန်းစာကောင်းကောင်းရခဲ့သည် မဟုတ်ပါလား.. ဓာတ်ပုံ ရိုက်ပြီးသည်ဆိုသည်နှင့် ဒစ်စနေစီး မြေပုံကို ထုတ်ကာ အစီအစဉ်ကို စတော့သည်..

အ၀င်ဝရှိ ကမ္ဘာလုံးရေပန်း နောက်ဘက်ခြမ်း၌


မြေပုံ ကြည့်ရာတွင် အဓိက ထားကြည့်ရမည့် အချက်များမှာ-

၁) မြေပုံကို ပိုင်နိုင်သေချာစွာ လေ့လာကြည့်ရှုပါ...
၂) Fast Pass ဟု သင်္ကေတပြထားသောနေရာများကို ရှာဖွေပါ...

၃) ကိုယ်ရောက်နေသောနေရာနှင့် အနီးဆုံး Fast pass ပြထားသော နေရာက
ို ဦးဆုံးသွားပါ
၎) ဦးဆုံးသွားယူမည့် Fast Pass နှင့် အနီးဆုံး ဖြစ်သော နောက်ထပ် Fast Pass နေရာကို သွားရန် လမ်းကြောင်းကိုပါ ရှာထားပါ..

၅) မြေပုံကို လိုလျှင် လိုသလို အထပ်ထပ်အခါခါကြည့်
နိုင်ရန် လက်ထဲတွင် အမြဲကိုင်ဆောင်ထားပါ
၆) သွားရင်းလာရင်း ဓာတ်ပုံရိုက်ရန် အကွက်အကွင်းကောင်းသော နေရာများကို Photo Spot ဟုပြထားတတ်ပါသည်.. ဓာတ်ပုံ ရိုက်ကောင်းပြီး လိုချင်သော ရှုခင်းရှုကွက်များရနိုင်သည်မှာ မလွဲပင်..
(ဒီနေရာမှာကျမတို့ ၂ယောက်မလုပ်ဖြစ်ခဲ့တာကတော့ ကပွဲတွေကို နေရာကောင်းကောင်းကနေ သေချာမကြည့်ခဲ့ရခြင်းပင်.. ကြည့်ဖို့လဲ အချိန်မရခြင်းပင်.. ကပွဲကြည့်လိုသူများအတွက်တော့ အ၀င်ဝတွင် Information Board ဖြင့် ကပွဲ အချိန်နှင့် နေရာကို ပြထားပါသည်.. ၁ရက်ထဲနှင့်တော့ အားလုံး စုံနိုင်မည်မထင် .. ဆော့ဖို့ စီးဖို့ အားသန်သူများအတွက်တော့ ပြပွဲ ထိုင်စောင့်ကြည့်ဖို့ အချိန်မလောက်ပါ)..



ကျမတို့သူငယ်ချင်း ၂ယောက် ဒစ်စနေစီးဝန်းအတွင်းကိုရောက်တော့ မနက် ၁၀နာရီမျှပင်ရှိချေပြီ.. ၀င်ဝင်ချင်း မြင်ရသည်က မြစ်တစ်ခုခြားထားသော မီးတောင်ကြီး.. တွေ့သမျှကို အချိန်မဖြုန်းပဲ ဓာတ်ပုံ အမြန်ရိုက်ကြသည်. ပြီးနောက် အ၀င်ဝနှင့် အနီးဆုံးဖြစ်သော Terror House (သရဲအိမ်) ကို သွားပြီး Fast Pass ယူကြသည်.. ယမန်နေ့က Fast Pass ၏ အဓိပ္ပါယ် နှင့် အသုံးချပုံကို သေချာမသိခဲ့သောကြောင့် နောက်ကျခဲ့ရသည်.. Fast Pass ဆိုတာ ပိုက်ဆံပိုပေးရသည်ဟု ထင်ခဲ့ကြသည်.. ဒုတိယနေ့ကျမှသိသည်.. ဤသို့ မဖြစ်ရစေရန် ဒီပိုစ့်လေးနှင့် မဗေဒါပြောပြပါမည်...


Fast Pass အဓိပ္ပါယ်နှင့် အသုံးပြုပုံ..

  • Fast Pass ဆိုသည်မှာ လူကိုယ်တိုင် ၀င်တန်းစီးနေစရာမလိုပဲ လက်မှတ်ဖြင့် တန်းစီထားခြင်းဖြစ်သည်..
  • Fast Pass စက်တွေကို မိမိ စီးမည့် နေရာအနီးတ၀ိုက်တွင်တွေ့နိုင်သည်..
  • Fast Pass စက်ထဲသို့ မိမိ ပန်းခြံဝင်ခဲ့သော လက်မှတ်ကို အသွင်းအထုတ်လုပ်လိုက်ပါက.. စက် အောက်အပေါက်မှ Fast Pass ticket ကျလာမည်ဖြစ်သည်.. (ထို့ကြောင့် ပန်းခြံဝင်လက်မှတ်သည်လဲ အလွန်အရေးပါသဖြင့် လွှတ်မပစ်မိစေရန် သတိပြုသင့်ပေသည်)
  • ထိုကျလာသော Fast Pass လက်မှတ်တွင်.. ဤ နေရာကို ပြန်လာစီးရန် အချိန် အတိအကျရေးထားသည်.. (ဥပမာ... ကျမတို့ မနက် ၁၀ နာရီ ယူသော Fast Pass ticket for Terror House တွင် ညနေ ၃နာရီ မှ ၃နာရီခွဲအတွင်း ပြန်လာစီးရန်ပါရှိသည်..)
  • ထိုကာလအတွင်း ပြန်လာစီး၍ Fast Pass ကိုပြလိုက်ပါက တန်းစီစရာမလိုပဲ ၀င်စီးနိုင်သည်..
  • ကောင်းသည့်အချက်မှာ Fast Pass ယူထားသဖြင့် သင်သည် ထိုနေရာတွင် ညက်မနေတော့ပဲ အခြားနေရာတစ်ခုတွင် သွားစီးနိုင်သည်.. သွားချင်သော နေရာသွား၍ ဓာတ်ပုံပဲရိုက်ရိုက် ထိုင်ပဲ နေနေ လုပ်နေလို့ရသည်.. တန်းစီရသော ဒုက္ခမရှိ..
  • သို့သော် ကန့်သတ်ချက်မှာ တစ်နေရာ၌ Fast Pass ယူပြီးလျှင် ၂ နာရီ အတွင်း နောက်ထပ် Fast Pass ကို မည်သည့်နေရာတွင်မျှ ယူ၍ မရတော့ပါ..
  • ထို့ကြောင့် ၂နာရီအတွင်း သင်တခြား အရာကို စီးချင်လျှင် မိမိဘာသာ တန်းစီရန်...

သို့နှင့် ကျမတို့ ၂ယောက် Terror House ကို Fast Pass ယူအပြီး လက်ထဲတွင် ပါလာသော ထမင်းထုတ်များကို ရှုပ်သဖြင့် ဗိုက်မဆာသေးသော်လည်း ၂ယောက်သား သဘောတူညီချက်ဖြင့်.. မနက် ၁၀နာရီတွင်ပင် ဖွင့်စားလိုက်ကြသည်.. ပြီးနောက် ကျမတို့၏ မဟာ စွန့်စားခန်းကို မီးတောင်ကြီးဘက်သို့ ခရီးနှင်ခဲ့ကြသည်..

မြေပုံကို အသေအချာကြည့်ကာ လမ်းတွင်တွေ့သမျှ ကောင်းနိုးရာရာများကိုလဲ မလွတ်တမ်း ဓာတ်ပုံရိုက်ကြသည်.. လှဖို့ ပဖို့ အဓိကမထားတော့.. မှတ်တမ်းမှတ်ရာ တစ်ခုအနေနှင့်သာ ဓာတ်ပုံရိုက်ကြသည်.. အထက်မှာပြောခဲ့သည့်အတိုင်း မီးတောင်ကြီးကိုရောက်ရန် မြစ်တစ်ခုကိုဖြတ်ဆောက်ထားသော တံတားကို ကျော်ကာ အတော်လေးသွားရသေးသည်.. လမ်းများကလည်း ကြိုကြိုကြားကြားဖြင့် အတော်ရှုပ်သည်.. မျက်လုံးနှင့် မြေပုံ ခွာလို့မရ.. စိတ်တူကိုယ်တူ သူငယ်ချင်း ၂ ယောက်ထဲမို့သာ တော်တော့သည်..

နောက်ဆုံး ကျမတို့ ဦးတည်ရာ မီးတောင်ကြီး အတွင်းသို့ရောက်သွားပါသည်.. မီးတောင် အတွင်းထဲမှ စီးရသောနေရာကို Journey to the Center of the Earth ဟုခေါ်သည်.. ထိုနေရာလဲ Fast Pass လိုသည်.. ၂ယောက်သား Fast Pass rule ကို ထိုအချိန်က မသိပဲ သွားထုတ်လိုက်သေးသည်.. စက်က ထွက်လာသော စာရွက်က မရဟုဆိုမှ မည်သူမှ မသိလိုက်ပဲ ၂ယောက်ထဲ အရှက်ကွဲရသေးသည်.. ဒါနဲ့ ၂ယောက်သား ၀င်တန်းစီကြသည်.. ၂နာရီနီးပါကြာမည်ဟုပြောသည်.. ဒီတခါတော့ မတုန်လှုပ်တော့.. စိတ်ကို ဒုန်းဒုန်းချ ၀င်စီလိုက်သည်..

အတွင်းဘက် Decoration ကလဲ တကယ့် မီးတောင် အတွင်းဘက်အတိုင်းဆောက်လုပ်ထားသည်.. တခါတစ်ရံတွင် ဓာတ်ခွဲခန်းပုံစံတွေ.. မီးခဲပုံစံများလဲတွေ့ရသည်.. ကြေငြာချက်အချို့နှင့်ဆိုင်းဘုတ်များတွင်.. ရုတ်တရက် အကျများနှင့် ထိပ်လန့်ဖွယ်ရာများဖြစ်သဖြင့် ကြိုတင် သတိပေးချက်များကို ကြားတွေ့ရသည်.. ထိုသို့တွေ့ရလေ ကျမတို့ သူငယ်ချင်း ၂ယောက်စီးချင်လွန်း၍ ပိုရင်ခုန်လေပင်.. သို့သော်.. ၄၅မိနစ်မျှ စောင့်ဆိုင်းပြီးနောက်တွင်.. ထို စက် ပျက်သဖြင့် ကြေငြာချက်တစ်ခု ဂျပန်လိုပြောကာ တန်းစီနေသူအားလုံးကို ပြန်လွှတ်သည်.. ကျမတို့ ၂ယောက်လဲ ဘာမှ နားမလည်.. စိတ်လဲတော်တော်တိုသွားသည်.. ၄၅မိနစ်ကြီးတောင် ကုန်သွားပြီးမှ မစီးရသဖြင့်.. ကြေငြာသွားသည်များကိုလဲ တစ်လုံးမှနားမလည်.. ဘေးဘီမေးရအောင်လဲ.. အင်္ဂလိပ်လိုပြောလိုက်လျှင် မျက်ကလဲ ဆန်ပြာနှင့် မျက်နှာလွှဲသွားသော ဂျပန်များသာရှိသည်.. အားတော့ သိပ်မငယ်ပါ.. နောက် တစ်အုပ်စု ကျော်က အင်္ဂလိပ်များလဲ ကျမတို့ ၂ယောက်ကဲ့သို့ ပင် ဘာမှ သိပုံမပေါ်.. နောက်တော့မှ ထွက်ပေါက်အရောက်တွင် တောင်းပန်သော အနေဖြင့်.. Special Pass တစ်မျိုးကို ထုတ်ပေးသည်.. ထို Pass ဖြင့် မည်သည့် စက်တစ်ခုကို မဆို တန်းစီစရာမလိုပဲ စီးနိုင်သည်.. ကံကောင်းခြင်းပင်ဆိုရမည်လော....

ဒီလိုနှင့် ကျမတို့လဲ အနီးအနားရှိ လူများသည့် ကစားစရာ တစ်ခုခုကို ထို လက်မှတ်သုံး၍ သွားစီးမည်.. စီးပြီးလျှင် Journey to the Center Of the Earth လဲ ပြန်ကောင်းလောက်ပြီးဟုဆုံးဖြတ်ကာ.. မီတောင်ကြီး၏ အလည်ဗဟိုတွင်ဆောက်ထားသော ရေကန်အတွင်းရှိ ရေအောက်သဘောင်္ပုံရှိရာနေရာ၌ ရေအောက်ကမ္ဘာဆိုတာကို သွားစီးဖို့ဆုံးဖြတ်ခဲ့သည်.. ထိုနေရာသည်လည်း လူများသောကြောင့် Fast Pass လိုသည်.. (ကျမကတော့ အစက သိပ်ကောင်းမည်မထင်ထားခဲ့ပါ).. ဟိုရောက်တော့ Fast Pass ပြပြီး စီးလိုက်သည်..

ရေအောက်ကမ္ဘာ

ရေအောက်ယာဉ်လိုမျိုးလေးထဲတွင် မှန်ကာထားသော ပြတင်းပေါက်သုံးခုပါပြီး ပြတင်းပေါက်တစ်ခုကို ၂ယောက်ထိုင်ရသည်.. ကျမတို့၂ယောက်လဲ ထိုင်လိုက်ပြီး.. ယာဉ်စတင်မောင်းပါသည်.. ယာဉ်ထဲတွင်လဲ သဲထိပ်ရင်ဖို ဖြစ်စရာ လေသံမျိုးဖြင့် ဂျပန်လို ဘာတွေ ပြောနေမှန်းမသိ.. နားလည်လျှင်တော့ ပိုကြောက်ဖို့ကောင်းမည်... ခဏအကြာတွေ ကျမတို့ ရေထဲရောက်သွားသလိုမျိုး.. ယာဉ်အပြင်ဘက်တွင်လည်း ဘူစီဖောင်းလေးတွေတက်တက်လာသည်.. ပြီးတော့ ရေအောက်သတ္တ၀ါမျိုးစုံ.. ရေသူမတွေ.. ရေဘ၀ဲ အကြီးစားကြီး၏တိုက်ခိုက်တာ ခံရချိန်တွင် ကျမတို့ ယာဉ်ငယ်လေး သိမ့်သိမ့်တုန်သွားသည်.. ကျမတို့ မှန်ပြတင်းပေါက်တွင်လည်း ရေဘ၀ဲလက်ကြီး စုပ်ခွက်တွေနှင့်လာပေါ်သည်.. ယာဉ်ထဲတွင် အော်လိုက်ကြသည့်ဖြစ်ခြင်း.. ခါးပတ်ပတ်ထားစရာမလိုတော့ အားကိုးမရှိသလိုခံစားနေရသည်..

အလင်း(lighting).. အသံ.. မှန်ဘီလူးခုံးများ နှင့်လူ၏စိတ်ကို တော်တော် လှည့်ဖြားနိုင်လွန်းသည်.. အစက ကျမတို့ထင်တာ.. ဒီယာဉ်သည် ကျမတို့ အပြင်မှာမြင်ခဲ့သော ရေကန်အောက်ကို တကယ်သွားတာ ဖြစ်မည်ဟုထင်ခဲ့သည်.. နောက်ပြန်ထွက်မှ ကျမသူငယ်ချင်းက "မဖြစ်နိုင်ဘူးဟ.. တကယ်ရေအောက်ရောက်တယ်ဆိုရင်.. ပြန်ထွက်လာရင် ယာဉ်က ရေတောက်တောက်ရွဲနေရမှာပေါ့... အခုတော့ အခြောက်အတိုင်းပဲ" .. သေချာစဉ်းစားကြည့်မှ ကျမတို့ အမြင်တွေကို အလိမ်ခံလိုက်ရခြင်းဖြစ်သည်.. ကျမတို့ ယဉ်ထဲတွင် ထိုင်သော မှန်ပြတင်းပေါက်မှာ ၂ ထပ်မှန်ဘီလူးခုံး ဖြစ်ပြီး ရေက ထိုအထဲတွင်သာဖြစ်သည်.. အပြင်က အရုပ်များမှာလဲ အခြောက်ခန်းထဲတွင် ထားထားခြင်းသာဖြစ်မည်... ၂ခုပေါင်းစပ်လိုက်တော့ ရေအောက်တကယ်ရောက်သလိုဖြစ်ခဲ့ခြင်းဖြစ်သည်..

ထို့နောက် မီးတောင်ကလဲ ပြန်မကောင်းသေးသဖြင့် ကျမတို့ အနီးဆုံး ဖြစ်သော Mermaid Lagoon ဘက်သို့ သွားရန်ဆုံးဖြတ်ခဲ့သည်.. သို့သော် မီးတောင်မှထွက်ရန် လမ်းပျောက်သဖြင့် မနဲရှာလိုက်ရသေးသည်.. အတော်ရွာလည်ပြီးမှ ၂ ယောက်သား Mermaid Lagoon ဘက်သို့ရောက်သွားသည်..
Mermaid Lagoon ဘက်သို့ရောက်သည်နှင့် ခံစားချက်က အတော်ကွာသွားသည်.. သွားလေရာ ရေသံလေးတွေကြားရပြီး.. ခရုလေးတွေ.. ကမာလေးတွေနဲ့ အပြင်အဆင်က စိတ်ကို အေးချမ်းစေသည်.. Little Mermaid (ရေသူမ) ကာတွန်းကားထဲက သီချင်းလေးတွေကိုလဲ Mermaid Lagoon ရဲ့ နေရာ အနှံ့မှာကြားနေရခြင်းက အားဖြည့်လိုက်သဖြင့် ရာသီဥတုကပင် ပိုအေးချမ်းသွားသလိုခံစားရသည်... နောက်တော့.. Fast Pass နေရာကို ရှာတော့ ဂူကြီးတစ်ဂူကိုသွားတွေ့သည်.. ဂူဝင်ဝင်ခြင်းတွင်တော့ လက်ဆောင်ပစ္စည်းများ အရောင်းဆိုင်ကို အရင်ဆုံးတွေ့သည်.. မကိုင်လိုက်နဲ့ ကိုင်လိုက်တာနဲ့ ဈေးများက လူကို ဖျားစေသောကြောင့် ၀င်ငန်းရုံငန်းခဲ့သည်.. ထိုပစ္စည်းမျိုးတပုံစံတည်း စကာင်္ပူတွေ ဈေးပိုသက်သာသည်.. ကျမတို့ ၂ယောက်လုံးက ရှော့ပင်းဒီလောက်ဝါသနာပါသူများမဟုတ်... ပစ္စည်းလေးများကတော့ အလွန်ပင်ချစ်စရာကောင်းသည်.. ဂျပန်မများဆိုလျှင်.. "ခါဝါရီ" ဆိုပြီး အသံသေးအသံညောင်များဖြင့် "act cute" လုပ်ပြီး အော်မဆုံးတော့..

အဝေးမှလှမ်းရိုက်ထားသော Mermaid Lagoon

Mermaid Lagoon Theater


Fast Pass နေရာက Mermaid Lagoon Theater ဆို၍ စီးစရာမဟုတ်မှန်းတော့သိသည်.. စီးစရာမဟုတ်၍ သိပ်စိတ်မ၀င်စားသော်လည်း Fast Pass မှန်သမျှ ကျမတို့ကို စိတ်မပျက်စေခဲ့သောကြောင့် ယုံယုံကြည်ကြည်သွားခဲ့သည်.. ဟိုရောက်တော့.. မိနစ်၂၀ပဲ စောင့်ရမည်ဟုပြောသဖြင့် ရတောင့်ရခဲ ၀မ်းသာအားရ၀င်ကြည့်ခဲ့သည်.. အထဲရောက်တော့ Theater တံခါးက မဖွင့်သေး.. ဗွီဒီယိုကင်မရာ မရိုက်ရ.. ကင်မရာရိုက်လျှင် Flash မထည့်ရဟုစည်းကမ်းတွေလဲ ကြေငြာနေသည်.. ၀င်လျှင်နေရာကောင်းကောင်းရဖို့ တိုးရမည်ဆိုတာတော့ နားလည်လိုက်သည်.. အတိုး အကျိတ်တွင် မြန်မာပြည်ဘတ်စ်ကားစီးတိုင်း ကျင့်သားရနေသော မဗေဒါ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိသည်.. မိန်းပေါက်ဝတည့်တည့်တွင် နေရာယူထားသည်.. ရှေ့တွင်တော့ လူ ၂လိုင်းလောက်ရှိသည်.. " ရှေ့ဆုံးတန်းရအောင်ယူမယ်.." ဟုပင် ကြိမ်းဝါလိုက်သေးသည်..

တကယ်တန်း Theater တံခါးဖွင့်တော့ ၀င်လိုက်ချိန်တွင် မြင်လိုက်ရသည့် ဇာတ်ခုံအပြင်အဆင်နှင့် ထိုင်ခုံအနေအထားက မဗေဒါအတွက် ဘယ်နေရာက အကောင်းဆုံးဖြစ်မည်ဆိုတာကို ဒွိဟပွားစေခဲ့သည်.. အဘယ်ကြောင့်ဆိုသော်.. ဇာတ်ခုံက အလယ်တွင် ဘဲဥပုံသဏ္ဍန်ဖြစ်ပြီး ပရိတ်သတ်ခုံများက အ၀င်ပေါက်ဘက်မှလွဲ၍ ကျန်သည့်ဘေးပတ်ပတ်လည်တွင်ဖြစ်သည်.. မည်သည့်နေရာမဆိုတော့ ဇာတ်ခုံနှင့် သိပ်မဝေး.. ဇာတ်ခုံပေါ်တွင် ရေသူမလေး၏ ရတနာဗုံးပုံစံ ဗုံးလေးတစ်ဗုံးကို အ၀င်ပေါက်ကို ကျောပေး၍တင်ထားသည်.. ကျမလဲ ဘယ်နားထိုင်ရမှန်းမသိတော့သဖြင့်.. ရှေ့တန်းတွေကလဲ ပြည့်လုပြည့်ခင်ဖြစ်နေသဖြင့်.. စင်ရဲ့ ဘေးဘက်က ခုံတန်းမှာဝင်ထိုင်လိုက်သည်.. ဒီလောက် စင်သေးသေးလေးနဲ့ သူတို့ဘယ်လို တင်ဆက်မလဲ ဆိုတာကို တော့ စိတ်ဝင်စားသည်..

ပွဲစတော့မှသိသည်.. အဓိက ကပြဖျော်ဖြေမှုက ဂျွန်းဗားသဘောမျိုးဖြစ်သည်... မင်းသမီးရေသူမ (အင်္ဂလိပ် အမျိုးသမီး)နှင့် ရေသတ္တ၀ါတော်တော်များများက ကြိုးပေါ်မှသာကပြကြသည်.. ပရိတ်သတ်ရဲ့ အပေါ်မှ ပြေးလွှားပျံဝဲနေသယောင်.. ဘားတန်းကြိုးနှင့်ဆွဲထားသော်လည်း.. ကြည့်ရင်းကြည့်ရင်း ရေသူမလေး တကယ်ရေထဲကူးနေတာကို မြင်နေသယောင် စိတ်ကဖြစ်လာသည်.. ရေသူမ အဖြစ်သရုပ်ဆောင်သော အင်္ဂလိပ်အမျိုးသမီးကလဲ အတော်ချောသည်.. ပတ်ပတ်စက်စက်ချောသည်.. သူ့ရဲ့ ဘားတန်းပေါ်မှ လှုပ်ရှားမှုလေးများက ကနွဲ့ကလျနှင့် အသဲယားချင်စရာ.. နောက်မှ.. ကာတွန်းထဲက ဂဏန်းနဲ့ ငါးလေးတွေ ပရိတ်သတ်ထဲက ထွက်လာသည်.. ကာတွန်းကားထဲက သီချင်း ၃ ၄ပုဒ်လောက်နှင့် ကပြဖျော်ဖြေသည်.. ရေဘ၀ဲမကြီး၏ မျက်နှာအကြီးကြီးပုံစံမျိုးကတော့ မျက်နှာကျက် နံရံကနေ အငွေ့များကြားမှ ထွက်လာသည်.. အရုပ်သက်သက်သာ.. လူမဟုတ်... ဒါပေမဲ့ အသက်ဝင်သည်..


ဘေးခုံဖြစ်၍ ရေသူမကို ဘေးစောင်းကြည့်နေရတာများသည်.. တခါတရံ ကြိုးတန်းပေါ်ကနေ တစ်ရုံလုံးကို လွှဲပြီး တက်တာလိုက်ပြမှသာ မင်းသမီးမျက်နှာကို တည့်တည့်မြင်ရသည်.. ထို့ကြောင့်.. မိတ်ဆွေသွားမည်ဆိုလျှင်.. အကောင်းဆုံးနေရာကတော့ ရုံဖွင့်ဖွင့်ခြင်း.. ထို ရတနာဗုံးနှင့် မျက်နှာချင်းဆိုင်ဖြစ်သော... အ၀င်တံခါးပေါက်နှင့် မျက်နှာချင်းဆိုင်နှင့် အဝေးဆုံးဖြစ်သော ခုံတန်းများကို အပြေးအလွှားသွားဦးကြပါရန်အသိပေးအပ်ပါတယ်.. (ကိုယ့်အတွေ့အကြုံနဲ့ ရင်းတဲ့ သင်ခန်းစာလေးပါ)..


ထို့နောက် အနည်းငယ်လှည့်ပတ်ကြည့်ရှုချက်အရရော.. မြေပုံပါ အချက်အလက်အရရော ကျမတို့အကြိုက် သိပ်မရှိနိုင်တော့ပဲ.. ကလေးကစားစရာများသာ များသဖြင့်.. Mermaid Lagoon က ထွက်ခွာကာ လှမ်းကြည့်လိုက်လျှင်မြင်နေရသော ကုလားပြည်လိုလို.. ဗလီလိုလိုပုံစံ ဆောက်ထားသောတိုင်းပြည်ဘက်သို့ ခရီးနှင်ခဲ့ကြသည်..

ပိုစ့်ရှည်နေပြီဖြစ်သဖြင့် ဆက်ရန်...


Monday, January 19, 2009

မဗေဒါနှင့် စကာင်္ပူရောက်အလွဲများ (၆) (သို့) စကား

မြန်မာစကားပုံတစ်ခုရှိတယ်.. ရှေ့ ပြောနောက်ကြည့် ၊ ည ပြောအောက်ကြည့် တဲ့... စကာင်္ပူမှာပြောရင်တော့ သေသေချာချာကြည့် လို့သာ မှာချင်ပါတော့တယ်... ဒီတစ်ခါ မဗေဒါရဲ့ စကာင်္ပူရောက်အလွဲများမှာ ပြောပြချင်တဲ့အကြောင်းလေးကတော့ လူတော်တော်များများလဲ ပုံစံမျိုးစုံနဲ့ ကြုံဖူးကြမှာပါ.. ကိုယ်က ပြောတဲ့သူပဲ ဖြစ်ဖြစ်.. အပြောခံရတဲ့သူပဲဖြစ်ဖြစ်ပေါ့.. မဗေဒါကတော့ စကားပြောရင် အသံကကျယ်ပြီး စိတ်ထဲရှိတာ လွှတ်ခနဲပြောတတ်တော့ ခဏခဏ ကြုံပါတယ်.. မဗေဒါ စကာင်္ပူစရောက်ခါစကဆိုရင် မြန်မာလူဦးရေကလဲ စလုံးမှာ ဒီလောက်မများသေးတော့ ငါ့စကားနားလည်တဲ့သူ သိပ်မရှိပါဘူးလေဆိုပြီး စိတ်ထဲရှိတာ ပြောတဲ့ အကျင့်ကပါနေတော့ပဲ.. (မှတ်ချက်.. ခုတော့ မြန်မာလူဦးရေများလာသောကြောင့်တစ်ကြောင်း မျက်နှာပူရဖန်များလာသောကြောင့်တစ်ကြောင်း ထိုအကျင့်လဲ ပျောက်နေပါပြီ) စကာင်္ပူရောက်ပြီး ၁လလောက်ကြာတဲ့တစ်နေ့မှာ မဗေဒါနဲ့ မဗေဒါ့အစ်မနဲ့ အိမ်နားမှာရှိတဲ့ စူပါမတ်ကတ်လေးတစ်ခုများ တစ်ပတ်စာ ဟင်းချက်စရာ စျေးထွက်ဝယ်ကြပါလေရော... စူပါမတ်ကတ်လေးကလဲ အဲဒိနေ့က လူအရှင်းသား.. ကျမတို့ ညီအစ်မရဲ့ စကားသံလောက်ပဲ ဆူညံသံရှိတာ.. အသားငါးတန်းလျှောက်ရင်း ဘာဟင်းချက်ရင်ကောင်းမလဲ.. ဘာစားချင်လဲ ညီအစ်မ ၂ယောက်တိုင်ပင်ရင်းနဲ့ ကျမအစ်မအကြီးက .. 

" ငါကတော့ ဘောချိတ်ပုဇွန်သေးသေးလေးတွေကို ငရုတ်သီးနဲ့စပ်စပ်လေးကြော်စားချင်တယ် " တဲ့.. 

ကျမကလဲ စားချင်တာပေါ့.. ဒါနဲ့ " ဒါဆိုလဲ ဝယ်လိုက်ပေါ့ " လို့ပြောတော့.. 

အစ်မက.... " ဒီနိုင်ငံမှာ ဘောချိတ်ပုဇွန် လို သေးသေးလေးတွေ မရှိဘူး.. ဒီက ပုဇွန်တွေက အကြီးကြီးတွေပဲရှိတယ် " တဲ့ ကျမကလဲ အလွန်တရာမှ ရစ်တတ်တဲ့ အကျင့်အတိုင်း.. " မေးကြည့်လိုက်ပါအုံး.. ရှိချင်ရှိမှာပါ " လို့ပြောတော့.. 

အစ်မက " ငါက ဘောချိတ်ပုဇွန်ကို ဘယ်လိုမေးရမှာလဲ " ဆိုပြီး အသံမြင့်မြင့်နဲ့ပြန်ပြောပါတယ်... 

ကျမလဲ သူ့ကိုနောက်ချင်တာက တစ်ကြောင်း.. စိတ်ထဲမှာလဲ ရောက်စဆိုတော့ ဒီနိုင်ငံမှာ ကိုယ်ပြောတာကို ဘေးကလူတွေနားမလည်ဘူးဆိုပြီး ပြောချင်တာပြောပြီး ဟားတတ်တဲ့ အကျင့်လေးကြောင့်တစ်ကြောင်း ပြောင်စပ်စပ် မျက်နှာပေးနဲ့ ပြန်ပြောလိုက်ပါတယ်.. 

" အော်.. ဒါများလွယ်လွယ်လေး.. ဘောချိတ်ပုဇွန်ဆိုတာ.............. " ကျမပြောနေတဲ့ အချိန်မှာ ကျမတို့ ၂ယောက်လုံး ဘီစကစ်မုန့်တွေ ထားတဲ့ အတန်းဘက်ကို ချိုးဝင်လိုက်ပါတယ်.. အဲဒိမှာ တရုတ်ပုံလူငယ် ဆိုင်အလုပ်သမားတစ်ဦး ပစ္စည်းတွေ စီနေပါတယ်.. 

" ဘော မှာ ချိတ်ပြီး ပါလာတာလို့ ပြောလိုက်ပေါ့ " လို့.. လက်ညှိုးလေးကောက်ပြီးတော့ ချိတ်ပုံတောင် လုပ်ပြပြီး အသေအချာပြောလိုက်ပါတယ်.. 

အဲဒိစကားသံကြားတော့မှ ဆိုင်အလုပ်သမားတရုတ်က ဆက်ကနဲခေါင်းထောင်ကြည့်လိုက်တော့.. ကျမအစ်မလဲ နောက်ပြန်လှည့်ပြီး ပြေးတော့တာပါပဲ.. အဲဒိလူက တကယ်တော့ ကျမတို့ကျောင်းက မြန်မာတရုတ်ပါ.. နောက်မှ ကျမအစ်မပြောလို့သိရတာကတော့ အိမ်မှာ အတူနေတဲ့ ကောင်မလေးတွေနဲ့တောင်သိလို့ တခါတလေအိမ်တောင် လာလည်တတ်ပါတယ်တဲ့.. ကျမလဲ အတော်ရှက်သွားပါတယ်.. ကျမတို့ပြောနေတာက ပုဇွန်ဘောချိတ်အကြောင်းပါ.. ဒါပေမဲ့ သူက နားစွန်နားဖျားကြားပြီး တမျိုးထင်သွားပြီလားဆိုပြီး.. မျက်နှာတွေပူလိုက်တာ.. သွားပြီးရှင်းပြလို့လဲမရ ပိုတောင် အရှက်ကွဲအုံးမယ်.. ဒီလိုနဲ့ပဲ တအုံ့နွေးနွေးနဲ့ နေလာလိုက်တာ ယခုထိပါပဲ.. တကယ်လို့များ ထိုသူဒီပိုစ့်ကို ဖတ်ဖြစ်ပြီး ယခုထိလဲ အဲဒိအကြောင်းကို မှတ်မိနေအုံးမယ်ဆိုရင်တော့... ဖြေရှင်းပြီးသားဖြစ်သွားတာပေါ့နော်.... 


နောက်တစ်ခါလဲ ... ကျမပထမနှစ်ပြီးတော့ ရန်ကုန်ပြန်ခါနီး ခရီးသွားအိတ်ဝယ်ဖို့ ဆိုင်တစ်ဆိုင်ကိုသွားပါတယ်.. အိတ်တွေက ကြိုးနဲ့ချည်ထားတော့ အိတ်ပြဖို့ ဆိုင်ကကောင်မလေးတွေကို ခေါ်တော့လဲ.. အားလုံးက အလုပ်များနေကြပါတယ်.. တကယ်ပဲများနေကြတာလား.. များချင်ယောင်ပဲ ဆောင်နေကြတာလားတော့မသိပါ.. ကျမအထင်တော့ များချင်ယောင်ဆောင်နေကြတာက ခပ်များများပါ.. ဒါပေမဲ့ သူတို့ကလဲ အိုက်တင်တွေခပ်ကောင်းကောင်းဆိုတော့ ဘယ်သူမှ ခေါ်လို့မရပါဘူး.. ကျမတို့ညီအစ်မလဲ နဲနဲတင်းလာတာပေါ့နော်.. ဒါနဲ့ ဘယ်သူအားနေလဲဆိုပြီး တစ်ယောက်ချင်းစီကြည့်လိုက်တော့ ဟိုဘက်ဒေါင့်နားလေးမှာ ဆောင့်ကြောင့်လေးထိုင်ပြီး ဟိုပစ္စည်းလေးကိုင် ဒီပစ္စည်းလေးကိုင်နဲ့ အလုပ်များချင်ယောင်ဆောင်နေတဲ့ လူတစ်ယောက်ကိုတွေ့ပါရော.. ကျမနဲ့ ကျမအစ်မကလဲ ဆိုင်ထဲမှာ သွားရင်းနဲ့ တစ်ယောက်နဲ့ တစ်ယောက်က နဲနဲဝေးနေပါတယ်.. ကျမအစ်မနဲ့ ကျမရဲ့ အကွာအဝေးက အဲဒိလူနဲ့ ကျမရဲ့ အကွာအဝေးလောက်ပါပဲ.. ကျမလဲ အားနေတဲ့သူတွေ့ပြီဆိုပြီး အစ်မကို အားရပါးရလှမ်းပြောလိုက်ပါတယ်... ကျမအစ်မတားချိန်တောင်မရလိုက်ပါဘူး... 

" ဟိုမှာ ဟိုလူ ယောကျာင်္းဖြစ်ပြီး ဘာမှ လုပ်စရာလဲ မရှိပဲနဲ့ ခိုနေတယ်.. အဲဒိလူကိုခေါ် " လို့ ပြောလိုက်ပါတယ်.. ထိုလူလဲ ကြားပြီးထလာပါတယ်.. ကျမအစ်မကနောက်မှ မျက်နှာရိပ်နဲ့ အဲဒါမြန်မာလို့ လှမ်းပြောပါတယ်.. ဒါပေမဲ့ ပြောပြီးပြီဆိုတော့လဲ မျက်နှာပူပူ ကြောက်ကြောက်နဲ့ပဲ.. အဲဒိအိတ်ကို ချက်ချင်းဝယ်ပြီး ပြန်လာလိုက်ပါတယ်.. အဲလို ရိုက်ပေါက်.... ကိုယ်ကချည်းပဲ ပြောနေတာတော့ဟုတ်ပါဘူး.. ကိုယ့်ကိုပြောခံရတာလဲရှိပါတယ်..

 အဲ.. မဗေဒါကို ပြောခံရတာတော့ ဟုတ်ပါဘူး.. ဖေဖေနဲ့ မေမေကို ပြောတာပါ.. မလေးရှား Genting သွားတုန်းက.. အပြန် ကားဂိတ်မရောက်ခင် ရှုခင်းကောင်းတဲ့ ပန်းခြံလေးတစ်ခုမှာ ဓာတ်ပုံရိုက်ဖို့ ခဏစတည်းချလိုက်ပြီး.. ကျမတို့ ညီအစ်မတွေ ဓာတ်ပုံ လျှောက်ရိုက်ကြပါတယ်.. ဖေဖေနဲ့ မေမေကတော့ ပင်လဲပင်ပန်း ချမ်းလဲချမ်းတော့ အဲဒိပန်းခြံအလည်က ပန်းရုံတွေပတ်ပြီးစောက်ထားတဲ့ နေရောင်အောက်က ခုံမှာထိုင်ကျန်ခဲ့ပါတယ်.. အဲဒိနေရာလေးကလဲ ဓာတ်ပုံရိုက်လို့ ကောင်းတဲ့နေရာလေးပါ.. ကျမတို့ ညီအမတွေ ထွက်သွားပြီး မကြာခင်မှာ ကောင်မလေးတွေရော ကောင်လေးတွေရောပါတဲ့ မြန်မာလူငယ်တစ်စုဝင်လာပြီး ဓာတ်ပုံရိုက်ကြပါတယ်.. အဲဒိထဲက ကောင်မလေးတစ်ယောက်က ကျမဖေဖေမေမေ ထိုင်နေတဲ့ အုတ်ခုံက ဓာတ်ပုံရိုက်ရင်လှကြောင်းပြောပါတယ်.. " ဟယ်.. ဟိုအုတ်ခုံပေါ်က ရိုက်ရင်လှမှာ.... " နောက်ကောင်မလေးတစ်ယောက် ပြန်ပြောလိုက်ပုံက...

 " ဘယ်လိုရိုက်မလဲ.. နင့်ဟာကြီး ၂ယောက်က ငုတ်တုတ်ကြီးထိုင်နေတာ.. " ဆိုတော့.. ကျမဖေဖေနဲ့ မေမေလဲ...

 " သမီးတို့ ရိုက်ချင်ရင် အန်တီတို့ ဖယ်ပေးပါ့မယ်.. လာရိုက်.. လာ.. လာ" လို့လဲ ပြောလိုက်ရော.. အဲဒိကောင်မလေး.. မျက်နှာပူလွန်းလို့.. ထွက်ပြေးပါလေရော.. နောက်မှ သူတို့အုပ်စုထဲက ကောင်လေးတွေက ဖေဖေနဲ့ မေမေကို ပြန်လာတောင်းပန်ပါတယ်.. ကျမတို့လဲ ကိုယ်တောင်ဖြစ်နေကျဆိုတော့ သူများကို နားလည်ပေးလိုက်ပါတယ်.. ကိုယ်ကိုတိုင်လဲ သင်ခန်းစာယူခဲ့တယ်... ကဲ မောင်ညီမလေးတို့ရေ.. ဒီတစ်လအတွက် မဗေဒါရဲ့ စကာင်္ပူရောက်အလွဲများ ဒီတင်ပဲ ရပ်နားလိုက်မယ်ကွယ်.. စာရေးပျင်းနေတဲ့ မဗေဒါတစ်ယောက်.. ခုတစ်လော ရုပ်ရှင်ပဲ ထိုင်ကြည့်ဖြစ်နေပါတယ်.. စာရေးပျင်းတာထက် ရေးဖို့ စျာန်မဝင်ဘူးပဲပြောရမလားသိပါဘူး.. ရုပ်ရှင် ဗွီဒီယိုဘက်ကို ပိုအားသန်နေတယ်.. အဟီးး.. အချိန်ယူ စောင့်မျှော်ဖတ်ရှုနေတဲ့ သူတွေကို အလွန်ပဲ အားနာမိပါတယ်..

Saturday, January 17, 2009

Visit To Cameron Highland (Video)

ဘာရယ်မဟုတ်ပါဘူး.. ပြီးခဲ့တဲ့နှစ် June လက မလေးရှား Cameron Highland သွားထားတဲ့ မိသားစုခရီးစဉ်ပါ..

လုပ်ထားတာကြာပါပြီ... မဗေဒါရဲ့ ပထမဆုံး ရုပ်ရှင်ကို အက်ဒစ်လုပ်ခြင်းပါ.. window movie maker နဲ့ လုပ်တာမဟုတ်ပါဘူး.. ဗွီဒီယို ကင်မရာဝယ်တုံးက ပါလာတဲ့ Free software နဲ့ လုပ်တာပါ..
free ဆိုတော့ function အကုန်သုံးလို့မရဘူး.. အဲဒိတုန်းကလဲ စမ်းလုပ်ကြည့်ရုံသက်သက်ဆိုတော့ သိပ်အားမစိုက်ထုတ်ဖြစ်ဘူး..

သိပ်စိတ်တိုင်းမကျလို့ ဘလော့ပေါ်မတင်ဖြစ်သေးတာ.. အစကတော့ ခရီးသွားပိုစ့်ရေးရင်းနဲ့ တစ်ခါတည်း ဒီဗွီဒီယိုလေးတင်မလို့.. ဒါပေမဲ့ ခုတလော ဘလော့ရေးဖို့ ပတ်ဝန်းကျင်က အခွင့်အရေးမပေးဖူးဖြစ်နေတယ်.. စာရေးတာ စိတ်ထဲကခံစားလို့ရမှ ရေးလို့ကောင်းတယ်.. ကိုယ်ရေးချင်တာတွေကို တစ်စုံတစ်ခု (သို့မဟုတ်) တစ်စုံတစ်ယောက် ကြောင့် ချုပ်တီးနေရမယ်ဆိုရင် မဗေဒါရဲ့ ဘလော့ပေါ်က လူသိရှင်ကြား လျှို့ဝှက်ချက်တွေက အရသာကောင်းမှာမဟုတ်ဘူး... ဘာမှတော့မဟုတ်ပါဘူး.. ကိုယ့်ဘာသာကိုယ် စိတ်ထဲ ထင့်နေတာပါ..

ဒါတွေထားလိုက်ပါတော့လေ.. ဒီခရီးသွားမှတ်တမ်းလေးကိုတော့ နောက်အချိန်ရရင် ရေးပါ့မယ်.. လောလောဆယ်တော့ ဗွီဒီယိုလေးပဲ ကြည့်သွားပေါ့နော်.. မဗေဒါရဲ့ youtube channel ကို သွားလည်ဖူးတဲ့သူတွေကတော့ ကြည့်ပြီးသားဖြစ်မှာပါ...

ဒီဗွီဒီယိုကိုလဲ အရည်အသွေးကောင်းကောင်းနဲ့ ကြည်ကြည်လင်လင်ကြည့်ချင်ရင် Youtube မှာ Watch in High Quality နဲ့ကြည့်ရှုနိုင်ပါတယ်..


Saturday, January 10, 2009

ဖြေရှင်းပေးကြစေလို....

"နေမင်းရဲ့ အလင်းရောင်ခြည်လဲ မနေ့ကနဲ့ မတူ .. မနေ့ကလို မပူတော့ပြီ..
အားသစ်အင်သစ်တွေ ဆောင်ကျဉ်းပေးခဲ့လို့လာပြီ..
အချစ်အတွက် တဖန်မွေးဖွားခဲ့ပြီ...

ငှက်ကျေးရဲ့ သီချင်းသံသည်လည်း မနေ့ကနဲ့ မတူ.. မနေ့ကလို မဆူတော့ပြီ..
အတွေးသစ် အမြင်သစ်တွေ ဆောင်ကျဉ်းပေးခဲ့လို့လာပြီ..
အချစ်အတွက် တဖန်မွေးဖွားခဲ့ပြီ... "

ဒီသီချင်းလေးကို တော်တော်များများကြားဖူးကြမှာပါ... အဆိုတော် စိုင်းထီးဆိုင်ရဲ့ အချစ်အတွက်တဖန်မွေးဖွာခြင်း ဆိုတဲ့ သီချင်းလေးပါ...

ခုဒီသီချင်းစာသားလေးနဲ့ ပတ်သတ်ပြီး ကျမ သူငယ်ချင်းတစ်ယောက်နဲ့ အညင်းပွားစရာလေး ဖြစ်လာပါတယ်...

အဲဒါကတော့... "ငှက်ကျေးရဲ့ သီချင်းသံသည်လည်း... " ဆိုတဲ့ စာသားမှာ..
ကျမသူငယ်ချင်းက "ငှက်ကြီးရဲ့ သီချင်းသံသည်လည်း.... " လို့ပြောပါတယ်.. ဒီနေရာမှာ သူက ထပ်ရှင်းပြလိုက်ပါသေးတယ်.. ငှက်ကြီးဆိုတာ ထူးအိမ်သင်ကိုပြောတာပါတဲ့.. ထူးအိမ်သင်ရဲ့ သီချင်းတွေက အရင်ကလို မဆူတော့ဘူးလို့ ဆိုလိုတာပါတဲ့....

ကျမကပြောပါတယ်.. ဒီသီချင်းက ထူးအိမ်သင်အဆိုတော်မဖြစ်ခင်ကတည်းက ပေါ်နေတာ.. ဘယ်လိုလုပ်ပြီး ထူးအိမ်သင်ကိုပြောတာဖြစ်မလဲဆိုတော့.. သူမက ခုခေတ်ပြန်ဆိုထားတဲ့သူတွေက ငှက်ကြီးလို့ဆိုတယ်လို့ ပြောပါတယ်...

ကျမကလဲ ခုခေတ်ပြန်ဆိုထားတဲ့ သီချင်းကို နားမထောင်ဖူးတော့ တအုံးနွေးနွေးနဲ့ ဒီအငြင်းပွားမှုက ပြီးဆုံးခဲ့ပါတယ်... ဒါပေမဲ့ ၂ယောက်လုံးကတော့ ကိုယ်မှန်တယ်ပဲထင်နေပါတယ်.. ကျမကလဲ ကျမမှန်တယ်ထင်သလို.. သူမကလဲ သူမမှန်တယ်လို့ထင်နေမှာ သေချာပါတယ်..
ကျမအထင်တော့.. အနုပညာသမားအချင်းချင်း ထူးအိမ်သင်လို နာမည်ရှိအဆိုတော်ကို ပုတ်ခတ်ပြီး ဆိုမယ်တော့မထင်ပါဘူး.. ပြီးတော့ ထူးအိမ်သင်သီချင်းတွေက ဒီခေတ် တချို့သီချင်းတွေလောက်တောင် မဆူပါဘူး...

အဲဒါလေးကို တအုံ့နွေးနွေးဖြစ်နေလို့.. ဖြေရှင်းပေးကြပါလို့ တောင်းဆိုပါရစေ... အဖြေမှန်အတွက် ကွန်မန့်များကို စောင့်မျှော်လျက်...... ကျေးဇူး အထူးတင်ရှိပါကြောင်း....

Monday, January 05, 2009

နှစ်ချုပ်စာရင်း နှင့် နှစ်သစ်ဆုတောင်း

ဘာလိုလိုနဲ့ ပိုစ့်မရေးပဲ အချောင်ခိုနေတာ ၅ရက်လောက်တောင်ရှိသွားပြီ.. အမှန်တကယ်တော့ ခပ်ပေါ့ပေါ့ပိုစ့်တွေနဲ့ ရေစုန်မျောနေတာလဲ ကြာပါပြီ.. ခုရက်ပိုင်းဆို ဘလော့ကို တစ်ရက်မှာ ၁ခါလောက်ပဲဝင်ကြည့်ဖြစ်တယ်.. အသစ်ကလဲ မှန်မှန်မတင်နိုင်တော့ လူအရောက်အပေါက်တောင်နဲသလိုပဲ... Page လေး ဖုန်တောင်တက်နေပြီထင်တယ်.. ၂၀၀၉ နှစ်သစ်ကိုကြိုဆိုရင်း ကျန်ခဲ့တဲ့ ၂၀၀၈အတွက် နှစ်ချုပ်စာရင်းလေး ရေးမယ်ဆိုတာတောင် စိတ်ကူးထဲမှာပဲ တ၀ဲလည်လည်ဖြစ်နေတယ်.. ခုဆို အတော်တောင် နှောင်းနေပြီ... ရေးရမှာတောင် မျက်နှာငယ်တယ်.. အို.... ဘာပဲဖြစ်ဖြစ်.. ဒီဘလော့မှာ ငါဘုရင်ပဲ.. ဘယ်မှာမှ အသုံးမကျပင်မဲ့ လောလောဆယ် ဒီနေရာလေးမှာ အာဏာလေးရထားတုံး ကိုယ်လုပ်ချင်တာလုပ်မှ... အဟီး... (စ တာပါဂျာ.. ချိတ်ချိုးကြပါနဲ့.. ရုပ်ရှင်တွေထဲကလိုပဲ.. မပြောခဲ့ဘူးလို့ပဲ မှတ်လိုက်ပါ)

ကျမအမြင်မှာတော့ ၂၀၀၈ က အလွန်ဆိုးတဲ့ နှစ်လို့မြင်တာပဲ...ဘာလို့လဲဆိုတော့ ၂၀၀၈ မှာ သဘာဝဘေးအန္တရာယ် ကျလိုက်.. အကြမ်းဖက်တွေ စီးလိုက်.. ရန်သူမျိုး ၅ပါးဒဏ်ခံလိုက်ရနဲ့ ကြားလိုက်ရသမျှ ကောင်းတယ်ကိုမရှိလှပါဘူး.. မကောင်းတဲ့သူတွေကျ ဘာမှသိပ်မဖြစ်ဘူး.. အပြစ်မဲ့တဲ့သူတွေပဲ ခံနေရတယ်.. ကျမလို သတင်း မီဒီယာကို သူများပြောမှ နားထောင်တဲ့သူတောင် ဒီနှစ် သတင်းပေါင်းစုံ တော်တော်ကြားတယ်... ကြားလိုက်ရသမျှ စိတ်မကောင်းစရာက များနေတယ်.. ကျမက အဆိုးပဲ ရွေးမြင်နေလို့လားတော့မသိဘူး.. သတိထားမိပြီး.. စိတ်ထဲမှာ မှတ်မိနေတာလေးတွေ ရေးပြမယ်နော်..

  • တရုတ်ပြည်မှာ ငလျင်လှုပ် ရေကြီး စနိုးမုန်တိုင်းတိုက်လို့ လူတွေအများကြီးသေတယ်.. ပြီးတော့..
  • တရုတ်က နို့မှုန့် တွေမှာ မယ်လမင်းတွေပါလို့ နိုင်ငံတကာက ကလေးတွေ တော်တော်များများနဲ့ တိရိစ္ဆာန်တွေသေတယ်.. ပြီးတော့ လူကြီးတွေလဲ ဘာမှမစားရဲလောက်အောင် ကျီးလန့်စာစာနေခဲ့ရတယ်..
  • Bird Flu ပြန်ဖြစ်တယ်..
  • မန်ဘိုင်းမှာ အကြမ်းဖက်သမားတွေ ၀င်စီးလို့ လူတွေအများကြီးသေတယ်..
  • တိဘက်မှာလဲ အရေးအခင်းဖြစ်တယ်..
  • ဘန်ကောက်မှာလဲ အရေးအခင်းတွေ ခဏခဏဖြစ်တယ်..
  • ဖိလစ်ပိုင်မှာလဲ အရေးအခင်းဖြစ်တယ်တဲ့..
  • စကာင်္ပူမှာလဲ တိရိစ္ဆာန်ရုံထဲက ကျားအကိုက်ခံပြီးသေတဲ့သူကရှိသေး (လျှာရှည်ပြီး အီးမေလ်းထဲရောက်တဲ့ ဗွီဒီယိုသွားကြည့်လိုက်တာ ခုထက်ထိ စိတ်မချမ်းသာဘူး) ..
  • အဆိုးဆုံးကတော့ တကမ္ဘာလုံး စီးပွားရေးပျက်ကပ်ဆိုက်တယ်...
  • ဟော.. နှစ် လုံးလုံးကူးမဲ့နေ့တောင် ၃၁ရက်ညက ဘန်ကောက်က နိုက်ကလပ်မီးလောင်တာ လူ ၆၂ယောက်သေတယ်တဲ့... ယော... ဒုက္ခ.. ဒုက္ခ..

ကဲ... မြန်မာမှာဖြစ်တဲ့ ဟာတွေကို ရေးမယ်ဆိုရင်တော့ တကယ်ကို ကျမနှလုံးသားတစ်ခုလုံး လေးပင်ချိနဲ့သွားသလို ခံစားရတယ်... ၂၀၀၇ က စက်တင်ဘာတုန်းထဲက စိတ်မကောင်းစရာတွေဖြစ်ခဲ့တယ်.. အဲဒိရဲ့ အရှိန်က ၂၀၀၈ ထိ ရိုက်ခတ်နေတယ်.. ဟိုလူပါသွားပြန်ပြီ.. ဒီလူကတော့ ဒီလိုဖြစ်သွားရှာပြီ.. တော်တဲ့ တတ်တဲ့ သူတွေ.. အရည်အချင်းရှိတဲ့လူငယ်တွေ.. နှစ်တွေအများကြီး စတေးလိုက်ရပြန်ပြီ.. ထိုင်းနိုင်ငံထဲကို လေအေးစက်ကားကြီးနဲ့ ခိုးဝင်တဲ့ မြန်မာတွေ အောက်ဆီဂျင်ပြတ်ပြီး ကားထဲမှာပဲ အတုံးအရုံးသေကုန်ကြတာတွေ (၂၀၀၇ လား ၂၀၀၈သေချာတော့မသိပါ).. ရင်နင့်ဖို့ အကောင်းဆုံးကတော့ နာဂစ်မုန်တိုင်းတိုက်သွားတာပဲ... သတင်းတွေကြားတယ်.. ဓာတ်ပုံတွေလဲမြင်တယ်.. ကြည့်လိုက်တိုင်း အသက်ရှုကြပ်ကြပ်သွားတယ်.. စစဖြစ်ပြီး ဘာသတင်း ဘာဓာတ်ပုံမှ မမြင်ရသေးခင် အရင်ဆုံး စပြီး သေချာမြင်ရတာက စီးတီးဟောအပေါ်ဆုံးထပ်က စက်လှေခါးနဲ့ တည့်တည့်ဆိုင်မှာ တီဗွီကြီးနဲ့ ပြထားတာ ကြည့်ပြီး လူက ၅မိနစ်လောက် ကြောင်အမ်းအမ်းဖြစ်သွားတယ်.. တနေ့လုံးကို မရီနိုင်တော့ဘူး..
ကမ္ဘာမှာ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်တဲ့ အကြောင်းတွေကို ဒီနေရာမှာ list နဲ့ နေ့စွဲနဲ့ ရှိပါတယ်..


ကျမရော..?? ကျမအတွက်လဲ စိတ်ညစ်စရာတွေဖြစ်တာပဲ.. ဒါပေမဲ့ အပေါ်က စိတ်ညစ်စရာတွေကို ရေးပြီးတော့ ကိုယ့် စိတ်ညစ်စရာက ဘာမှတောင် မပြောပလောက်တော့ဘူး.. အာပလာ ဖြစ်သွားတယ်.. ရေးရမှာတောင် လက်ရှက်သွားတယ်... အရေးမပါတဲ့ အရာလေးတွေပါ.. ဒါပေမဲ့ ရေးလိုက်ပါအုံးမယ်.. မတ်လရောက်တော့ ရည်းစားနဲ့ပြတ်တယ်.. (အဲဒါက ကောင်းတယ်ပဲပြောရမလား.. မကောင်းတဲ့သူကို စောစောသိရတာ ကောင်းတဲ့ ကိစ္စပဲပြောရမလား.. လူကတော့ အဆွေးဓာတ်ခံရှိသွားတာပေါ့နော်).. စိတ်ညစ်ညစ်နဲ့ ခရီးတွေ လျှောက်ထွက်တော့ ပိုက်ဆံတွေကုန်တယ်.. အသားတွေမဲတယ်.. ခွင့်ရက်တွေ တကယ်လိုတော့ မရှိသလောက်ရှားပါးသွားတယ်.. သူငယ်ချင်းအယောင်ဆောင် ကိုယ့်အပေါ်မနာလိုသူများနဲ့ တွေ့တယ်.. နောက်ကျောဓားနဲ့ ထိုးခံရတယ်... ဒီဇင်ဘာ ၃၁ အလုပ်မလုပ်ချင်ပါဘူးဆိုမှ အလုပ်လုပ်ရတယ်.. ဘယ်ရမလဲ ၂၀၀၉ အကူးကိုတော့ တိုက်စီခအကုန်ခံပြီး သူငယ်ချင်းအိမ်သွားလိုက်တယ်..

တစ်သက်နဲ့ တစ်ကိုယ် ကမ္ဘာစီးပွားပျက်တာ ကိုယ့်ကို တိုက်ရိုက်လာထိခိုက်လိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးဘူး... ခုတော့ ဘယ်လိုမျိုးခံစားချက်နဲ့တူလဲဆိုရင်.. ကိုရီးယားရုပ်ရှင်တွေထဲက ကင်ဆာဖြစ်နေတဲ့ သူလိုပဲ.. မသေခင်.. ရောဂါ လက္ခဏာတွေ တွေ့ပြီး စိတ်လှုပ်ရှားခြောက်ခြားရသလိုမျိုး.. ချောင်းဆိုးရင် သွေးပါ.. ခေါင်းဖြီးရင် ဆံပင်တွေကျွတ်.. အဲလိုတွေ့ပြီး စိတ်ဓာတ်ကျကြောက်ရသလိုပဲ... ခုလဲ ဟိုကုမ္ပဏီကတော့ ပိတ်သွားပြီ.. ဟိုဘဏ်က အလုပ်သမားတွေ ရာချီဖြုတ်လိုက်ပြီ.. ရှိသမျှပိုက် ပိုက်လေး ဘဏ်ထဲထည့်ထားကာမှ ပါသွားမဲ့ကိန်း.. ဘဏ်စာအုပ် update လုပ်ထားလို့ သူ့ဟာသူနေနေတဲ့ ဂဏန်းလေးတွေက ဒေါ်လာဈေးကျတာနဲ့ အလကားနေ စာအုပ်ထဲမှာပဲ တန်ဖိုးကျသွားတာ ထိုင်ကြည့်နေရတယ်.. နှစ်ကုန်ရင် လူတွေထုတ်မယ်.. ဇန်န၀ါရီမှာ ဖြုတ်မယ်... မပြီးတော့ဘူး.. ခုထိကို ပါလာတာ.. ၂၀၀၉ ရော ကောင်းပါ့မလား... စလာကတည်းက Lay off နဲ့ စမယ်ဆိုရင်တော့ သိပ်မနိတ်လှဘူး.. ဒါပေမဲ့ ဘာမှမတတ်နိုင်ဘူးလေ.. စိတ်ညစ် စိတ်ဓာတ်ကျနေလဲ အလကားပဲ.. ဒီလောက်ဆိုးရွားတဲ့ ၂၀၀၈ ကြီးကိုတောင် ကျော်ဖြတ်လာနိုင်သေးတာပဲ.. လာမယ့် ၂၀၀၉ ကိုလဲ ဒီလိုပဲ မာန်တင်းပြီး ကျော်ဖြတ်ရမှာပဲ..

ဒီပိုစ့်ကို ရေးလိုက်ကာမှ စာဖတ်သူတွေအတွက် စိတ်ညစ်ညူးစရာများဖြစ်သွားပြီလားမသိဘူး.. ဖြစ်ခဲ့တဲ့ အကောင်းတွေလဲ ရှိပါတယ်.. ဒါပေမဲ့ အမှတ်ရစရာ အဆိုးကများနေလို့ပါ.. ဘာပဲဖြစ်ဖြစ် ကျမတို့အသက်ရှင်သရွေ့ တွေ့ကြုံရသမျှတွေကို အံကိုခဲ ပန်းပန်လျှက် ဖြတ်လျှောက်သွားရမှာပဲလေ..

ဒီနှစ်တော့ အားလုံးအတွက် အဓိပ္ပါယ်ရှိရှိလေးဆုတောင်းပေးချင်တယ်.. ၂၀၀၉ မှာ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လိုအပ်သော ဆန္ဒများ တစ်လုံးတစ်ဝပြည့်ဝကြပါစေ...

Thursday, January 01, 2009

Memory of Tree Top Walk (video)

နှစ်ဟောင်းကုန်တဲ့ နှစ်ချုပ်စာရင်းပိုစ့်လေးမရေးခင် မဗေဒါ ဘီးစီးနေတဲ့ ကိစ္စလေးကို အရင်ဆုံး ပြချင်ပါတယ်..
Tree Top သွားတုန်းက အမှတ်တရလေးပါ.. အက်ဒစ်လုပ်လို့ပြီးပါပြီ...

ဒီဗွီဒီယိုလေးကတော့ မထင်မှတ်ပဲ ရိုက်ဖြစ်သွားတာပေါ့.. ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် တက်ကတည်းက အဖွဲ့ကျ.. ဘရုပ်ကျခဲ့ကျတဲ့ သူငယ်ချင်းတွေ ခု စင်္ကာပူရောက်တော့ တစ်ယောက်တစ်ကျောင်းတက်.. တစ်ယောက်တစ်နေရာစီနေပြီး ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အလုပ်ကိုယ်ရှုပ်နေခဲ့တာ မတွေ့တာတောင် အတော်ကြာပေါ့.. ကျမစိတ်ထင် ကျမတို့မတွေ့တာ နှစ်ဝက်လောက်တောင်ရှိမယ်ထင်တယ်.. အွန်လိုင်းမှာ တွေ့လဲ သူငယ်ချင်းအရင်းခေါက်ခေါက်များ ထုံးစံအတိုင်း တစ်ယောက်နဲ့တစ်ယောက်စကားမပြောဖြစ်ကြပါဘူး.. တစ်ခါတစ်လေတော့ 9quist နဲ့ စကားပြောဖြစ်ပါတယ်..

ဒီလိုနဲ့ တစ်နေ့သူရောကျမရော ခရစ်စမတ်အတွင်း အလုပ်တွေပိတ်တော့ ကျန်တဲ့ ၂ယောက်အားရက်ကို ညှိပြီး တွေ့ဖို့စီစဉ်ပါတယ်.. နေရာအတော်ရှာရခက်ပါတယ်.. အမြဲတမ်းလဲ ပန်နဇူလာသွားပြီး မုန့်စားပြန်နေရတာ ရိုးလွန်းနေပါပြီ.. စကာင်္ပူမှာလဲ သွားစရာ လုပ်စရာက အလွန်မှ ရှားသကိုး.. ဟန်လုပ်နေနေရတဲ့ နေရာကများနေတယ်.. ကိုယ်က စကားပြောရင် ကျယ်ကျယ်ပြောတတ်တော့ သူငယ်ချင်းနဲ့တွေ့တုန်း အရင်ကလို နောက်နောက်ပြောင်ပြောင် အရည်မရ အဖတ်မရစကားတွေပြောချင်တယ်လေ.. ဒီတော့ အလုပ်မသွားတာလဲကြာနေတော့ Energy တွေကလဲ မသုံးတာကြာပေါ့.. အစက ဟိုချိန်းဒီချိန်းနဲ့ ဘယ်မှ အဆင်မပြေဘူးဖြစ်နေတာ.. နောက်ဆုံး ကျမကပဲ ဆုံးဖြတ်ချက်ချလိုက်တယ်.. Tree Top သွားမယ်လို့.. ကျမလဲ တစ်ခါမှတော့ မရောက်ဖူးဘူးလေ.. ကျမက ခိုင်ခိုင်မာမာဆုံးဖြတ်ပေးလိုက်တော့ အားလုံးကလဲ သဘောတူတယ်..

အဲဒိထိ ဗွီဒီယိုရိုက်ဖို့စိတ်ကူးမရှိပါဘူး.. သွားခါနီးကျမှ.. ဗွီဒီယိုလေးလိုရမယ်ရယူသွားမယ်ဆိုပြီး ယူဖြစ်သွားတာ.. ရိုက်မယ်ဆိုမှတော့ ကိုယ်က သီချင်းလေးနဲ့ကောင်းကောင်းလေးဖြစ်ချင်တယ်.. ပြီးတော့ သွားမှာက တောလမ်းဆိုတော့ လူလဲဒီလောက်ရှုပ်မှာမဟုတ်.. ဘော်ဘော်တွေကလဲ အားမနာရတဲ့သူတွေဆိုတော့.. မဗေဒါရဲ့ ဒါရိုက်တာပိုးလေးထလာတာပေါ့.. ဘယ်ကဘယ်လိုမှန်းမသိဘူး ဦးနှောက်ထဲ ချက်ချင်းရောက်လာတဲ့ သီချင်းက "We will Rock you" ... သိလိုက်တဲ့အချိန်မှာ ကိုယ်က ရထားပေါ်ရောက်နေပြီ.. သီချင်းကလဲ "We will , We will Rock you" ကလွဲလို့ ဘာမှ မရဘူး.. ဒါနဲ့ 9quist ကိုဖုန်းဆက်ပြီး သီချင်း ဒေါင်းလုပ် ဆွဲခဲ့ဖို့ပြောတော့လဲ သိပ်နောက်ကျနေပြီ.. ဒါနဲ့ ပဲ ရသလောက်ပဲ ရိုက်မယ်ဆိုပြီးထားလိုက်တယ်.. စိတ်ထဲမှာလဲ သူငယ်ချင်းတွေက ဒီလောက်တော့ ကိုယ့်အတွက် သရုပ်ဆောင်ပေးမယ်မထင်ထားဘူး.. အဆဲမခံရရင်ကံကောင်း.. မဗေဒါမှာက သရုပ်ဆောင်ပေးမဲ့သူမရှိတာက တစ်ဒုက္ခလေ..

ဖေဖေရယ် မဗေဒါအစ်မအကြီးရယ်..မဗေဒါရယ် clementi မှာ မေသူနဲ့တွေ့.. ဟို၂ယောက်ကတော့ ရောက်နှင့်နေပြီ.. ဒီလိုနဲ့တွေ့တာနဲ့ မဗေဒါလဲ သူတို့ကို ရိုက်တော့တာပေါ့.. နောက်မှ ကိုယ်ကြိုက်တဲ့ အိုက်တင်လေးတွေကို အက်ဒစ်လုပ်ပြီးထုတ်လိုက်မယ်ပေါ့... မဗေဒါကို အားတက်သရောနဲ့ သရုပ်ဆောင်ပေးသူကတော့ မဗေဒါရဲ့ အစ်မပေါ့... ဟဲ.. ဟဲ.. တောထဲရောက်တော့ မဗေဒါလဲ သူငယ်ချင်းတွေကိုပူဆာတော့တာပေါ့.. သီချင်းရှေ့ဆုံးမှာ ထည့်ထားတဲ့ အကွက်လေးတွေရိုက်ဖို့လေ.. သူတို့ကိုပြောရတော်တော်ခက်တယ်.. ရီနေကြလို့.. အိုက်တင်ကလဲ သင်ပေးရသေးတယ်.. ဒါပေမဲ့ သူတို့အားလုံးကိုယ့်ကို စိတ်ရှည်လက်ရှည်နဲ့ ပူးပေါင်းပါဝင်ကြတော့ ကျမသိပ်ပျော်ပါတယ်.. ဒါမှ ကျမရဲ့ သူငယ်ချင်းအရင်းတွေဆိုပြီး စိတ်ထဲကလဲ ကြည်နူးမိတယ်.. ဟား.. ဟား.. သူတို့အတွက် သရုပ်ဆောင်ခကတော့ တစ်ယောက်ကို ၂ကျပ် ပြား၈၀တန် ထမင်းတစ်ဘူးစီး မဗေဒါက စပွန်ဆာပေးခဲ့ပါတယ်.. ငှဲ.. ငှဲ.. အဟီး... (ငါ့တော့ တင်းနေလောက်ပြီ)..

ပြန်ရောက်ပြီးတာနဲ့ သူငယ်ချင်းတွေလဲ ဗွီဒီယိုကြည့်ချင်လို့ ကျမကို Stress ပေးကြတာ.. အက်ဒစ်ကို ၁ ပတ်အစောဆုံးလို့ ကတိပေးထားပင်မဲ့ ညမအိပ်ပဲ ထိုင်လုပ်လိုက်တာ ၄ရက်နဲ့ပြီးသွားပါတယ်.. New Year Night အမှီလေးပြချင်လို့ပါ.. မဗေဒါလဲ ၃၀ရက်နဲ့ ၃၁ ရက်တွေမှာ တစ်ရက်ကို ၂နာရီလောက်ပဲအိပ်လိုက်ရတယ်.. မျက်လုံးကိုက်လို့... အိပ်မက်ထဲမှာတောင် မဗေဒါရဲ့ ဘယ်ဘက်မျက်လုံးကြီး ဆွေသွားတယ်လို့မက်လို့.. ငိုလိုက်ရတာ... တော်ပါသေးရဲ့ အိပ်မက်မို့လို့..ိ

ဘာပဲပြောပြော ဒီ gathering လေးက ပင်ပန်းပေမဲ့ ပျော်ရွှင်ဖွယ်လေးဖြစ်ခဲ့ပါတယ်.. ကျမတို့ရဲ့ ပျော်ရွှင်မှုလေးတွေကို ဝေမျှလိုက်ပါတယ်.. Youtube မှာ သွားကြည့်ရင် High Quility ဆိုတာကို နှိပ်ရင် ပိုမိုကြည်လင်တဲ့ video ကိုတွေ့ရမှာပါ.. Youtube မှာလဲ Comment, Rate and subscribe လုပ်ပေးကြပါလို့... အချိန်ပေးပြီးကြည့်တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်....









Wednesday, December 31, 2008

Myanmar Genius Forum

သူငယ်ချင်း ဘလော့ဂါ BlackDream က သူ့ရဲ့ဖိုရမ် မြန်မာဂျီးနီးရက်စ်ကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်းကြေငြာပေးဖို့ ပြောလာတာနဲ့ ဖိုရမ်စိတ်ဝင်စားသူများအတွက် နောင်တစ်ချိန်မှာ အသုံးဝင်မဲ့ မြန်မာဖိုရမ်လေးအကြောင်းကို သတင်းကောင်းပါးလိုက်ပါတယ်... မန်ဘာတွေအတွက် အကျိုးအမြတ်တွေလဲရှိတယ်.. ဗဟုသုတလဲရ.. သူငယ်ချင်းလဲတိုးမှာမို့.....အမြန်ဆုံးသာသွား sing up လုပ်လိုက်ကြပါလို့......
အောက်မှာတော့ သူ့ဖိုရမ်ရဲ့ ရည်ရွယ်ချက်လေးနဲ့ မန်ဘာတွေအတွက် အခွင့်အရေးလေးတွေကို သူပို့တဲ့မေးလ်အတိုင်းပြန်လည်တင်ပြလိုက်ပါတယ်...

စက္ကန့် နှင့်အမျှပြောင်းလဲနေတဲ့ ကျွန်တော်တို့ ရဲ့ ၂၁ ရာစုခေတ်ထဲမှာ အသိပညာ၊ အတတ်ပညာ များဟာ အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲလို့ လာနေပြီ ဖြစ်ပါတယ်...။ ဒီလိုတိုးတက်ပြောင်းလဲနေ တဲ့ နည်းပညာများ၊ အသိပညာများကို မျက်ခြေမပြတ်လိုက်နိုင်ဖို့ ဆိုရင်တော့ ကျွန်တော်တို့ ရဲ့ မျက်စိတွေ၊ နားတွေကို အစွမ်းကုန် ဖွင့်ထားဖို့လိုပါလိမ့်မယ်...။ထို့ကြောင့် ကျွန်တော်တို့ သိထား၊ တတ်ထားသည်များကို ဝေမျှရန်၊ မသိသေးတာတွေကို မေးမြန်း၊ တိုင်ပင်ကြနိုင်စေရန်အတွက် ကျွန်တော်တို့ ရဲ့ Myanmar Genius Forum ကိုတည်ထောင်လိုက်ခြင်းရခြင်း ဖြစ်ပါတယ်...။ အားလုံးပူးပေါင်းပါဝင်လက်တွဲပြီး ကျွန်တော်တို့ ချစ်သောနိုင်ငံနှင့် အနာဂတ်အတွက် မိမိကျရာအခန်းအခန်းကဏ္ဍမှ ပါဝင်ကြိုးစားရင်း မိမိတို့ရဲ့ တိမ်မြုပ်နေသော အရည်အချင်းများကို ထုတ်ဖော်ပြသကြဖို့ ကျွန်တော်တို့ရဲ့ Myanmar Genius ၀ိုင်းတော်သားများမှ လေးစားစွာ ဖိတ်ခေါ်၊ ကြိုဆိုပါကြောင်း အသိပေး အပ်ပါသည်။

ကျွန်တော်တို့ ရဲ့ Forum မှာ Member များအဖြစ် ပါဝင်လက်တွဲကြမယ့် Genius များအတွက် အောက်ပါအစီအစဉ်များကိုလည်း ပြုလုပ်ထားပါတယ်...။


Novice Member (0 Post to 50) - Download Role

Beginner Member (50 Posts to 100 Posts) - Wordpress with subdomain (yourdomain.myanmargenius.com)

Permanent Member (100 Posts to 500 Posts) - Wordpress+Subdomain+ FTP account with Database

VIP Member & Special Member - (Wordpress, Joomla, Phpbb3, Icyphoenix, Vbulletin) + Subdomain + FTP account with Database

စသောအစီအစဉ်များနှင့် အခြားသော အစီအစဉ်ပေါင်းများစွာကို အခမဲ့ အသုံးပြုခွင့် ပေးသွားမှာ ဖြစ်ပါတယ်။

Saturday, December 27, 2008

Jungle Walk to Tree Top in Singapore

Photobucket

စကာင်္ပူလို သေးငယ်လှတဲ့နိုင်ငံလေးမှာ သူငယ်ချင်းတွေနဲ့ တွေ့ဆုံချင်တယ်ဆိုရင်.. တစ်ခါလာလဲ ဘာဘီကျူ.. တစ်ခါလာလဲ East Coast.. Parsir Ris.. Santosa.. Shopping Mall.. Restaurant.. Peninsula Plaza ဒါနဲ့ပဲ ကုန်ပါတယ်.. ပိုက်ပိုက် အကုန်ခံနိုင်ရင်တော့ ကာရာအိုကေ(အင်္ဂလိပ်လိုပဲဆိုရတဲ့အတွက် အာသာသိပ်မပြေလှပါ).. ရုပ်ရှင်ကြည့်(ရုပ်ရှင်ကြည့်လျှင် ဆုံတုံး သူငယ်ချင်းများနှင့် စကားမပြောရသဖြင့် အဆင်မပြေလှပါ).. စသည်ဖြင့် ကျမအတွက် သူငယ်ချင်းဆုံစရာနေရာ အလွန်ရှားပါးလှပါတယ်..

ယနေ့တော့ ကျမတို့တွေ အလုပ်မှာ ကိုယ်လက်လှုပ်ရှားမှုမရှိ .. မြို့ပြရဲ့ မွန်းကြပ်မှုတွေနဲ့လဲ ဝေးတဲ့ Tree Top Walk ကို သွားခဲ့ကြပါတယ်.. အဲဒိနေရာကတော့ MacRitchie Reservior ကနေစပါတယ်.. ကျမတို့ကတော့ တိုက်စီနဲ့ MacRitchie Reservior Tree Talk walk လို့ပြောပြီးသွားလိုက်လို့ ဘယ်လိုသွားရလဲ မပြောပြတတ်ပါဘူး.. Ang Mo Kio နဲ့ နီးတယ်လို့တော့ ပြောပါတယ်.. Upp Thomson Road မှာ တည်ရှိပါတယ်..

MacRitchie Reservior Park က ရေကန်နားမှ ကျမတို့သူငယ်ချင်း ၄ယောက်ပါ..
Photobucket


ဦးတည်ချက် HSBC Tree Top Walk ကိုရောက်ဖို့ MacRitchie Reservior ဘက်ကနေတက်မယ်ဆိုရင် ၄.၅ ကီလိုမီတာရှိပြီး ၁နာရီခွဲ ၂နာရီလောက်တောလမ်းလေးကို လျှောက်ရပါတယ်.. စစချင်းတောလမ်းမရောက်ခင် ပန်းခြံလေးထဲမှာကတည်းက စတင်တွေ့ရမဲ့ တိရိစ္ဆာန်ကတော့ မျောက်တွေပါ.. လူကိုဘာမှမလုပ်ပင်မဲ့.. မုန့်ထုတ်ပါရင်တော့ လိုက်ဆွဲပါတယ်.. ဒါပေမဲ့ မျောက်စာကြွေးခွင့်မရှိပါ.. ကျမတို့ ထမင်းထုတ်ကို လာဆွဲတဲ့ မျောက်ကိုသေချာဓာတ်ပုံရိုက်ထားတာပါ (စခန်းမှာတိုင်ဖို့..) မစိုးရိမ်ပါနဲ့ ကျမသူငယ်ချင်းက အသက်နဲ့လဲပြီး ထမင်းထုတ်ကို ကာကွယ်ခဲ့ပါတယ်..




သတိ... မျောက်စာမကြွေးရ.. စက်ဘီးမစီးရ.. သစ်ကိုင်းကျိုးကျတတ်သည်.. (မသိမှာစိုးလို့ရှင်းပြတာ..)
Photobucket


မည်သည့်ဈေးဆိုင်မှ မရှိသဖြင့်.. လိုအပ်သော ရေဘူးတို့ တစ်ရှူးတို့ စားစရာသောက်စရာတို့ မိမိဘာသာ ယူဆောင်သွားရပါမယ်.. တောလမ်းဖြစ်သောကြောင့် သက်တောင့်သက်သာအ၀တ်အစားနှင့် ဖိနပ်များကို ၀တ်ဆင်ပြီးသွားသင့်ပါတယ်.. ကျမတို့ ရောက်သောအချိန်မှာ ၁၁နာရီထိုးလုဖြစ်နေသဖြင့် နေအနည်းငယ်ပူနေပါတယ်.. တောအုပ်ထဲရောက်သွားလျှင်တော့ နေမပူတော့ပါ.. ဒါပေမဲ့ မိတ်ဆွေသွားမည်ဆိုလျှင် စောစောသွားဖို့တိုက်တွန်းချင်ပါတယ်.. ဖွင့်ချိန် Tues to Fri: 9am - 5pm, Sat, Sun and PHs :8.30am - 5pm, Closed on Mon except PH ဖြစ်ပါတယ်..


ခရီးအဆုံးမှာတော့ စကာင်္ပူမှာ ပထမဆုံးဆောက်ခဲ့တဲ့ အမြင့်ပေ ၂၅ မီတာ(တစ်ချို့ website မှာတော့ ၂၇မီတာလို့ပြောတယ်) ရှိတဲ့ ကြိုးတံတားကို သစ်ပင်ထိပ်အမြင့်တွေကြားမှာ ဆောက်ထားတာတွေ့ရပါလိမ့်မယ်..
တစ်ချို့ကပြောတော့ တံတားကို အသံတိတ်တိတ်နဲ့ လျှောက်ရင် ကျေးငှက်လေးတွေကို အနီးကပ်ကြည့်လို့ရတယ်လို့လဲပြောပါတယ်.. ကျမတို့ကတော့ စကားတွေ ပြော.. ဓာတ်ပုံတွေရိုက်.. ဗွီဒီယိုတွေရိုက်လုပ်နေလို့ ဘာငှက်မှ မတွေ့ခဲ့ပါဘူး.. တံတားကမြင့်တော့ လမ်းလျှောက်ရတာ အသဲထဲအေးပြီး.. ခြေဖ၀ါးတွေ ယားနေပါတယ်..


အပြန်တောလမ်းလှေကားထစ်တွေပေါ်က ကျမ
Photobucket

တံတားပေါ်မှာနဲ့ တံတားပြီးပြီးချင်းလမ်းတွေမှာတော့ နောက်ပြန်မလှည့်ရ လမ်းပြောင်းပြန်ပြန်မလျှောက်ရဆိုတဲ့ အချက်ပေး ဆိုင်းဘုတ်လေးတွေကိုတွေ့ရပါတယ်.. လူတစ်ယောက်စာသာသာ လမ်းလေးတွေမို့ လူရှုပ်မည်စိုး၍ ထင်ပါသည်.. အပြန်တွင်တော့ ခရီးပိုနီးတဲ့ Venus Drive Carpark ဘက်ကနေထွက်လာခဲ့ပါတယ်.. Tree Top Walk မှ ၂.၅ ကီလိုမီတာဝေးပြီး.. ၄၅မိနစ်မှ ၁နာရီအတွင်းလောက် ပြန်လျှောက်ရပါတယ်.. ထို့ကြောင့် စုစုပေါင်း အသွားအပြန် ၇ကီလိုမီတာမှ ၁၀ ကီလိုမီတာအထိ (၃နာရီက ၅နာရီ သင်လမ်းလျှောက်မှုပေါ်မူတည်ပြီးလျှောက်ရမှာပါ) ရှိပါတယ်..

တစ်လမ်းသွားပါ.. နောက်ပြန်မလှည့်ရပါ.. ဂျီတော့မှာ ပုံတင်ချင်လို့ ရိုက်လာလိုက်တာပါ..
Photobucket


အပြန်လမ်းမှာတော့ အားလုံး ပင်ပန်း နွမ်းနယ်နေကြပါပြီ.. ဒါပေမဲ့ ကျမတို့ ပင်ပန်းရကျိုးနပ်ပါတယ်.. ယခုတစ်ကြိမ် သူငယ်ချင်းတွေ ဆုံတွေ့ချင်းမှာ ဟန်ဆောင်ခြင်း.. ပြိုင်ဆိုင်ချင်းမရှိဘူး... ဖေးမကူညီချင်း.. ပွင့်လင်းခြင်း နဲ့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အကုန်အကျသက်သာတဲ့ ဆုံဆည်းမှုလေးဖြစ်တဲ့ အပြင် ကျမတို့ အားလုံးရဲ့ ဘ၀စာမျက်နှာမှာ ချိုမြိန်ဖွယ်လေးအဖြစ် မှတ်ကျောက်တင် တည်ရှိသွားမှာပါ.... (သေချာတာကတော့ သူတို့အားလုံး ဒီနေ့ည အပူအပင်တွေ မတွေးနိုင်ပဲ အိပ်ကောင်းကြမှာပါ...)

အောက်ကပုံလေးတွေကတော့ ကျမတို့ ခရီးစဉ်အမှတ်တရပေါ့...

တစ်ခုတည်းသော နားနေစခန်း ဘာဆိုင်မှမရှိ ရေဖြည့်ရန် ရေသန့်စက်၁ခုသာရှိ..
Photobucket

တံတားပေါ်မှာပေါ့

Photobucket

အပြန်လမ်းမှာတော့ အသံတွေတိတ်နေကြတယ်..

Photobucket

တဖြည်းဖြည်းနဲ့ စူစူအောင့်အောင့် တောလမ်းလျှောက်လာပါပြီ..

Photobucket

မောတော့မောတာပေါ့.. ဒါပေမဲ့.... မောတယ်..

Photobucket

အပြင် Car Park ပြန်ရောက်ခါနီးလမ်းလေး..
Photobucket

Wednesday, December 24, 2008

Singapore Christmas @ Orchard

၂၀ရက်နေ့ညက Twilight ကို ဒိုဘီဂေါ့က Grand Cathay ( Grand Hall ကတော်တော်သားနားတယ်.. ) မှာ သွားကြည့်ရင်း ရုပ်ရှင်ပြီးတော့ မိသားစုနဲ့ Orchard ကို ဆက်လျှောက်ဖြစ်ရင်း ဓာတ်ပုံတွေရိုက်ဖြစ်တယ်..
နှစ်စဉ်နှစ်တိုင်း စလုံးမှာ ခရစ်စမတ်ရောက်ရင် Orchard လမ်းကိုတော့ အပျံစားပြင်တတ်တယ်လေ.. အဲဒိနေ့က ရုပ်ရှင်ပြီးချိန် ည ၁၁နာရီဝန်းကျင်လောက်ကနေ.. Orchard လမ်းဘက်ကို လျှောက်သွားတော့ ၁၂နာရီလောက်ရှိပြီ.. လူတွေ အတော်ရှင်းနေတော့ ဓာတ်ပုံရိုက်ရတော်တော်ကောင်းတယ်.. လမ်းတစ်လျှောက်လဲ ခရစ်စမတ်သီချင်းလေးတွေ ဖွင့်ထားတော့ ဘာကို သတိရမှန်းမသိ.(သေချာစဉ်းစားကြည့်တော့လဲ ဘာမှ သတိရစရာကမရှိ).. ခရစ်စမတ်ပိုးထနေတော့ ခရစ်စမတ် attire အနီနဲ့ အဖြူပေါတောတော လုပ်ပြီး ၀တ်လာတယ်.. ဟီး... ဓာတ်ပုံလေးတွေ ဝေမျှလိုက်ပါတယ်..
Slide show လုပ်ထားပင်မဲ့ Slide show မှာ သေချာမမြင်ရဘူးထင်တဲ့ပုံလေးတွေကို ဒီတိုင်းတင်ပေးလိုက်တယ်..
Orchard လမ်းထိပ်ကနေ လမ်းလယ်တည့်တည့် မီးပွိုင့်နီနေတုန်း ပြေးရိုက်ထားတာ..


A Sweet Christmas in Singapore (Sweet until My work shut down and so free to take pictures Sob.. sob !_! )


Should I name it as Delicious Christmas??

Christmas @ Orchard 2008




Saturday, December 20, 2008

Twilight (A Very good Movie)


မနေ့က ရုပ်ရှင်သွားကြည့်ဖြစ်တယ်.. supernatural ကားလေးတကား.. လူငယ်ကြိုက်ကားလေး.. အချစ်လဲပါတယ်.. မင်းသားနဲ့မင်းသမီးကလဲ ပြောစရာမလိုလောက်အောင် ချောပြီး ကြည့်လို့ကောင်းတယ်..
အင်္ဂလိပ်ကားပင်မဲ့ အရှေ့တိုင်းကားတွေနဲ့ အချစ်ကို logic တော်တော်တူအောင်ရိုက်ထားတယ်လို့ ခံစားရတယ်.. အဲဒါကတော့ မင်းသားက မင်းသမီးလိုအပ်နေတဲ့ အချိန် အမြဲရောက်လာတယ်.. မင်းသမီးတစ်ယောက်ထဲကိုပဲ ဖူးဖူးမှုတ်ချစ်တယ်.. ကျောင်းမှာလဲ နာမည်ကြီးတယ်.. အရင်က ဘယ်မိန်းမကိုမှ စိတ်မ၀င်စားဘူး.. မင်းသမီးကို အမြဲ ကာကွယ်တယ်.. သဘာဝချင်းဆန့်ကျင်တာတောင် သူတို့အချစ်က ဂန္တ၀င်တယ်.. အဲလိုရိုက်ပြထားတယ်..
Vampire နဲ့ လူရဲ့ချစ်ဇာတ်လမ်းလေးပေါ့.. မင်းသားနဲ့ မင်းသမီးကို ငမ်းနေရတာနဲ့ပဲ.. ဇာတ်လမ်းပြီးသွားတာတောင် ကြည့်မ၀ဖြစ်နေတယ်.. နောက်တစ်ခေါက်တောင် ထပ်ကြည့်ချင်တယ်.. မင်းသားက ဟယ်ရီပေါ်တာမှာတုန်းက senoir ကျောင်းသားလုပ်တဲ့ ခပ်ချောချောကောင်လေး အနေနဲ့ အရင်က ပရိတ်သတ်မြင်ဘူးထားလိမ့်မယ်.. ဒါပေမဲ့ ဒီကားမှာ ဟယ်ရီပေါ်တာကားက ပုံနဲ့တော်တော်ကွာပြီး cool ဖြစ်တယ်.. ကင်မရာရိုက်ချက်တွေလဲ တော်တော်ကောင်းတယ်.. အောက်မှာ ဓာတ်ပုံလေးတွေ google ကရှာပြီးတင်ပေးထားတယ်.. Trailer လဲ Youtube ကရှာပြီးတင်ပေးထားတယ်.. အနှစ်အခန်းလေးတွေပါတယ်.. လူငယ်ကားထဲမှာ အတော်ကြည့်ကောင်းတဲ့ ကားတစ်ကားပါ.. (ကြော်ငြာဝင်လိုက်ပါအုံးမယ်.. ကျမသာ ကောင်မလေးနေရာမှာဆိုရင်လဲ ဒီလောက် ချောပြီး ဂရုစိုက်တတ် ချစ်တတ်တဲ့ ယောကျာင်္းတစ်ယောက်ကို Vampire ဖြစ်လဲ အဲဒိကောင်းမလေးလိုပဲ ကျမသွေးကို စုတ်ပြီး သူနဲ့ အမျိုးတူလုပ်ဖို့ တောင်းဆိုမိမှာပါ.. ကျမသွေးစုတ်လိုက်ရင်တောင် မသေတော့ပဲ immortal တောင်ဖြစ်သွားအုံးမယ်.. အဟိ.. ဟဲ.. ဟဲ)


Photo credits goes to Google.

Friday, December 19, 2008

ပီတိကိုစား ခါးချိပါ၏...

အဟီး... ကြွားချင်တာလေးကတော့ ကျမလုပ်ထားတဲ့ editing လေးပါ.. Adobe Premier Pro ကို ကိုပုလုကွေးကပေးပင်မဲ့ အဲဒါကို သင်ယူဖို့အတွက် စာဖတ်ဖို့ အချိန်မရလို့ (အမှန်တော့ ပျင်းနေလို့) မူလလက်ဟောင်း Window Movie Maker နဲ့ပဲ တည်းဖြတ်ဖြစ်ခဲ့ပါတယ်..
အဲဒါတောင် အတော် အလုပ်ရှုပ်ပါတယ်.. ကျမ၀ယ်ထားတဲ့ ဗွီဒီယို ကင်မရာက JVC Hardisk အပျော်တမ်းကင်မရာဖြစ်ပြီး သူ့မှာပါလာတဲ့ software နဲ့ကျမှ အဲဒိကင်မရာထဲက file အမျိုးအစားကို မှတ်မိပြီး အက်ဒစ်လုပ်လို့ရပါတယ်.. ဒါပေမဲ့ software ကလဲ သုံးရရုံလောက်ပေးလိုက်ပြီး effect အစုံသုံးချင်ရင် ၀ယ်ရမယ်တဲ့.. စီးပွားရေးသမားတွေ လူလည်ကျပုံများ.. အဲလိုပါ.. ကျမကလဲ အလွန်မှ ကပ်ဖဲ့ရက်ဖဲ့ ကပ်စီးနဲတတ်သောသူဆိုတော့.. သူနဲ့ပြိုင်တင်းပြီး မ၀ယ်ပါဘူး.. ဒီတော့ ကိုယ့်ဒုက္ခကိုယ်ရှာ ရိုက်လာသမျှ ဗွီဒီယို အကြမ်းတွေကို နေ့အလိုက် တစ်ရက်ပြီးတစ်ရက် အဲဒိ software နဲ့ AVI Format ကို အရင်ပြောင်း ပြီးမှ window movie maker ထဲမှာ သွားပြီး edit လုပ်ရပါတယ်.. ခုတော့ ပင်ပင်ပန်းပန်းလုပ်ရတာလေး ပြီးပါပြီ...

ဒီဗွီဒီယိုလေးကတော့ ကျမရဲ့ ဂျပန်ခရီးစဉ် ၁၀ရက်မှာ ၄ရက်ရိုက်ထားတဲ့ ဗွီဒီယိုလေးတွေပါ.. ရိုက်ခဲ့တဲ့နေရာတွေကတော့..

(၁) စကာင်္ပူလေဆိပ် နှင့် ဂျပန်လေဆိပ်
(၂) ကမကုရာ ဘုရား
(၃) Ikebukuro (အီကဲဘုကူရို) (ဂျပန်နိုင်ငံ၏ ရှော့ပင်မောများရှိရာနေရာတွင် တစ်ခုအပါအ၀င်)
(၄) Imperial Palace (နန်းတော်)
(၅) ဖူဂျီတောင် နှင့် ဟာကိုနဲက အာရှိ(ဆိုလားဘာလား) ရေကန် (ဓာတ်ပုံများသာ.. ဗွီဒီယိုမပါ မကြာမှီလာမည် ဗွီဒီယိုက)
(၆) Yokohama (ကျမ သွားခဲ့သမျှထဲမှာ အနှစ်သက်ဆုံးနေရာတွင် တစ်ခုအပါအ၀င်ဖြစ်သော)

  • လူတွေများနေတဲ့ကြားက ကိုယ့်ကိုကိုယ်ကင်မရာနဲ့ချိန်ရိုက်တော့ လက်ကြီးဆန့်ထားရပြီး ဘေးလူတွေကို သွားရိုက်မိတာ..
  • ရိုးရိုးကင်မရာထုတ်ရိုက်ရ ဗွီဒီယိုကင်မရာထုတ်ရိုက်ရနဲ့ အလွန်တရာမှ အလုပ်ရှုတ်ခဲ့ရတာ..
  • အပြင်သွားတိုင်း ပိုက်ဆံအိတ် မိတ်ကပ်ဘူး ရေဗူး မိန်းကလေးအသုံးအဆောင်များထည့်ထားသော လေးပင်လှသော ဆလင်းဘက်အိတ်ကြီးအပြင်
  • ကင်မရာအိတ် နှင့် ထောက်တိုင် စတန်းကို လဲ ကိုယ့်ဘာသာကိုယ် ပခုံးတောင့်အောင် သယ်ခဲ့ရတာ...
  • ရထားပေါ်ကားပေါ်မရှောင် အိမ်သာထဲလဲ ကင်မရာမလွှတ် လူကြည့်ခံကာ အရှက်ကွဲခဲ့ရတာ...
  • တစ်ယောက်ထဲလျှောက်သွားနေရပင်မဲ့ ဒီကင်မရာလေးရိုက်နေလို့ ဘယ်လိုမှ ပျင်းချိန် အထီးကျန်ချိန်မရခဲ့တာ..
  • ကင်မရာကြီးကြည့်ကြည့်ပြီး စကားပြောလိုက် ဟိုရိုက်ဒီရိုက်လုပ်နေရလို့ လူရီခံရတာ... ဒါတွေအားလုံးဟာ ကျမအတွက် အမှတ်တရတွေပါ.. ပြန်စဉ်းစားတိုင်း အိပ်မက်ကောင်းတစ်ခုလိုပါပဲ..အိပ်မက်ထဲမှာ ကျမမိသားစုပါရင်တော့ ပိုပြည့်စုံသွားမှာပါ.. နောက်တစ်ခေါက်လဲ ကျမမိသားစုနဲ့အတူ သွားနိုင်အောင် ကြိုးစားပါအုံးမယ်...

ကျမဗွီဒီယိုလေးက ၀ါသနာရှင်အဆင့်မို့ ထင်သလောက်ကောင်းချင်မှလဲကောင်းမယ်.. ဒါပေမဲ့ ကိုယ်အချိန်ပေး အပင်ပန်းခံလုပ်ထားရတာဆိုတော့ ကိုယ့်ဘာကိုယ်ကြည့်ပြီး ပီတိဖြစ်နေတာပဲ.. အဲဒိဗွီဒီယို Youtube မှာတင်ပြီး နာရီပိုင်းအတွင်းမှာပဲ rating ရပါတယ်.. 1 out of 5 ပါ.. ဆိုလိုတာကတော့ Poor ပေါ့.. စိတ်မကောင်းတော့ အစကဖြစ်သွားတယ်.. ခုတလော အလကားနေ စိတ်က ဟိုး အ၀ီစိကျနေလို့ ညစ်တာတွေ ရှားထားပြီး ကိုယ့်ဝါသနာပါတာလေးကို အာရုံထားလုပ်နေပါမှ အဲလိုပေးခံရတော့ ရင်ထဲမှာ စူးကနဲပဲ.. ဒါပေမဲ့ ကိုယ့်ဘာကိုယ် ဖြေတွေးမိတယ်.. ကျမဗွီဒီယိုက ၀ါသနာရှင် အဆင့်ပါ... video editing ပညာကိုလဲ ဘယ်သင်တန်းမှ တက်ပြီး လုပ်တတ်နေတာမဟုတ်ပါဘူး.. ကွန်ပြူတာထဲက software ကို ၀ါသနာအရ အချိန်ပေးလေ့လာပြီး လက်ကလိခြင်းသာဖြစ်ပါတယ်.. Professional တွေနဲ့ ယှဉ်ရင်ပဲဖြစ်ဖြစ် နိုင်ငံတကာက ၀ါရင့် ၀ါသနာရှင် တွေနဲ့ယှဉ်လို့တောင် မရသေးပါဘူး.. အမှန်ဆိုရင်တော့ ကျမဗွီဒီယိုက မိသားစုတွင်းလောက် အပေါင်းအသင်းထဲလောက် ကြွားလောက်ရုံသက်သက်ပါ.. ခုတော့ ကျမဗွီဒီယို တင်တင်ပြီးချင်း အရေးတယူ rating ပေးခံရတယ်.. ပြီးတော့ ပေးတဲ့သူက ကျမအခြေအနေကို မသိပဲ international က ကျမထက် အဆပေါင်းများစွာတော်တဲ့သူတွေနဲ့ ယှဉ်ပြီး 1 out of 5 (Poor) ပေးတယ်ဆိုတာ.. တော်တော်မဆိုးတာပဲ.. ကျမကတောင် ကျမကိုယ်ကျမ ဘယ်သူနဲ့မှတောင် မနှိုင်းရဲဘူး.. သူက ကျမကို ဒီလိုမျိုး အကောင်းတွေနဲ့ နှိုင်းသွားတယ်ဆိုတော့ ထိုသူကိုကျမခုပိုစ့်ရေးနေရင်းနဲ့တောင် အတော်ကျေးဇူးတင်နေပါပြီ...

အပင်မြင့်လေ လေတိုက်ခံရလေပါ... ကိုယ့်ကိုကိုယ် မြောက်သွားလို့ပြောချင်းမဟုတ်ပါ... ခုလို ကျမရဲ့အလုပ်ကို အရေးတယူနဲ့ လေလာတိုက်ပေးတဲ့ ထိုသူ (မြန်မာဖြစ်ချင်မှလဲ ဖြစ်နိုင်သလို.. ကျမရဲ့ အပြင်အပေါင်းအသင်းများထဲမှ ကျမလုပ်သမျှကို မနာလိုလိုက်ဖြစ်နေသော်လဲ မိတ်ဆွေယောင်ဆောင်နေသူလဲ ဖြစ်နိုင်ပါတယ်) ကို ကျေးဇူးအရမ်းကို တင်ပါတယ်.. ကိုယ်လဲ သူများကို ဝေဖန်သလို.. ကိုယ့်ကိုလဲ အရေးတယူလုပ်ပြီး ဝေဖန် အဆင့်ပေးတဲ့သူရှိတဲ့အတွက်လဲ ဒီနယ်ပယ်မှာ ရလိုက်တဲ့ နေရာလေး တဒင်္ဂ အတွက် သိပ်ပီတိဖြစ်မိပါတယ်.. လောက မှာ အမည်းဆိုတာကို မရှိရင် အဖြူဆိုတာကို ဖြူတယ်ဆိုပြီး ပြောလို့မရပါ.. နှိုင်းစရာ တစ်ခုခုရှိမှ နှိုင်းလို့ရတာပါ.. ယခုလဲ (Poor) ဆိုတဲ့ rating က Perfect ဆိုတဲ့ စံနဲ့ အနှိုင်းခံရလို့သာ Poor ဆိုတာဖြစ်လာတာပါ.. နှိုင်းစရာမရှိရင် Poor ဆိုတဲ့ အသုံးအနှုန်းလဲ ဖြစ်မလာပါ..

ဒီဗွီဒီယိုဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ၀ိုင်းဝန်းကူညီကြသော...
ကျမဘာလုပ်လုပ် အားပေးသော... မှားတာဆိုရင် ပြင်ပေး အကြံပေးသော.. ကျမ၏ မိသားစု..
ဂျပန်အလည်လာမည်ကို ကျေကျေနပ်နပ် ခေါ်သော ကျမ၏ အချစ်ရဆုံး သူငယ်ချင်း...
ကျမကို လိုလေသေးမရှိ သမီးအရင်းကဲ့သို့ ချစ်ချစ်ခင်ခင် ကူညီစောင့်ရှောက်ခဲ့သော.. သူမ၏ မေမေ (အန်တီ)...
ကျမဗွီဒီယိုအက်ဒစ်လုပ်ရမှာ ပျင်းနေလို့ ဆက်မလုပ်ဖြစ်ပင်မဲ့ စိတ်အနှောင့်အယှက်တစ်ခုကြောင့် အာရုံပြောင်းအောင် ၀ါသနာပါတဲ့ ဒီဗွီဒီယိုကို အပြီးထိဆက်လုပ်ဖြစ်ခဲ့တဲ့အတွက်.. စိတ်အနှောင့်ယှက်ဖြစ်အောင် လုပ်ခဲ့သော တစုံတယောက်အား လည်းကောင်း....

ပါဝင်ကူညီကျသော....
မဗေဒါ ၁ယောက်ထဲရှိသော ၀ိုင်းတော်သားများ... ဟီး..ဟီး...
အထုတ်ထမ်း(ကူလီ)မှ အစ နည်းပညာပိုင်းဆိုင်ရာများအားလုံးကို ၁ယောက်ထဲ အပင်ပန်းခံလုပ်ခဲ့သော ကျမကိုယ်ကျမအာလည်းကောင်း..
အထူးသဖြင့် အားပေးကြည့်ရှုကြသော ပရိတ်သတ်များနှင့် ဘလော့ဂါ မိတ်ဆွေ မောင်နှမများ အားလုံးကို ကျေးဇူးတင်စကားပြောကြားလိုပါတယ်..

ဖြစ်နိုင်မယ်ဆိုလျှင် ကျမ၏ အပင်ပန်းခံထားသော ဗွီဒီယိုလေးကို Youtube တွင် rating လုပ်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်...

မှတ်ချက်... ရုပ်ပုံပိုမိုကြည်လင်စေရန် အထက်ပါ ဗွီဒီယိုကို Double click နှိပ်ပြီး Youtube ၌ Watch in High Quility ဆိုတာကို နှိပ်၍ ကြည့်ရှုကြပါရန်...

ဒိထက်လဲ ပိုကောင်းအောင် ကြိုးစားသွားမှာပါ.. ကျမမှာ self learning ကလွဲလို့ ဒီအနုပညာလောကနဲ့ ဘာဆိုဘာမှ အဆက်အသွယ်မရှိတာကတစ်ကြောင်းနဲ့ အစစ အရာရာ ကိုယ်တစ်ယောက်ထဲ သွားရင်း လာရင်း ရိုက်ရတဲ့အတွက် မပြည့်စုံမှုလေးတွေရှီခဲ့တာလေးတွေကို မြန်မာရုပ်ရှင်ပရိတ်သတ်ထုံးစံအတိုင်း ဖြည့်တွေးနားလည်လျက်ကြည့်ပေးကြပါလို့.............

Tuesday, December 16, 2008

စိတ်သားဟင်းအတွက် ဆားချက်ခြင်း...

ဟာကွာ.. ဘာတွေမှန်းကိုမသိဘူး.. ဒီနေ့ ကံကိုမကောင်းတာ.... အလုပ်ရောက်တာနဲ့ new year night မလုပ်ချင်ပါဘူးဆိုမှ အဲဒိနေ့တည့်တည့် duty ကျတယ်.. ယုတ်မာကြတာ.. မပြောချင်ဘူး... ဘာမှ ထွေထွေထူးထူးသွားစရာ လုပ်စရာရှိလို့တော့ မဟုတ်ပါဘူး..

မနှစ်က New year တုန်းကလဲ ဘာမဟုတ်တဲ့ သစ္စာမရှိတဲ့ အကောင်ကြောင့် ကိုယ့်ကိုကိုယ် အချစ်သူရဲကောင်းမကြီးလုပ်ပြီး အလုပ်သွားပြစ်လိုက်တယ်.. ဟိုကတော့ ပျော်လို့ပါးလို့ ဘာမှတောင် ခံစားလိုက်ရမှာမဟုတ်ဘူး.. နောက်ဆို ဘယ်ကောင်အတွက်မှ ကိုယ့်ပျော်ရွှင်မှုနဲ့ ကိုယ့်လမ်းကြောင်း ကိုယ်လုပ်စရာရှိတာကို အပျက်မခံတော့ဘူး.. တန်တဲ့ဟာတွေမဟုတ်ဘူး.. ဖတ်... ဖတ်.. ထွီ... ပြောနေရတာ လက်ညောင်းတယ်..

အော်.. ပြောချင်တာက ဒီနှစ်တော့ New Year လေး မနှစ်က လိုမဖြစ်ရအောင် အိမ်က မိသားစုနဲ့နေမယ်ပေါ့ဆိုမှ သောက်လုပ်က လုပ်ရအုံးမယ်.. (ကန်တော့ ကန်တော့)...

ဘာလို့ခုလောက်ထိဒေါသထွက်နေလဲဆိုတော့.. ဖြစ်ပုံကဒီလို....
စီးပွားရေးကျတော့ Public holiday တွေမှာ အလုပ်သမားတွေကို OT ကြေးပေးပြီး မခိုင်းချင်တော့.. ၂၂ရက်နေ့ကနေ နောက်လ ၂ ရက်နေ့ထိ ခွင့်ယူရမယ်တဲ့.. Public holiday, work off day နှုတ်တော့ စုစုပေါင်း ၅ရက်လောက်ယူရမယ်.. ရှိစုမဲ့စု ခွင့်အလွန်မှ ရှားပါးပါတယ်ဆိုမှ ယူခိုင်းတယ်...

အဲ.. ကံကောင်းချင်တော့ ၁ယောက်ကို ၂ရက်တော့ ပြန်လာခွင့်ရှိတယ်တဲ့... ဒီလိုနဲ့ပျော်သွားတာပေါ့... ခွင့်ယူရမဲ့အတူတူ မလေးရှားကမရောက်ဖူးသေးတဲ့နေရာကို အဖေနဲ့ အမေကို လိုက်ပို့ရင်းလစ်လိုက်မယ်ပေါ့ဆိုပြီး.. ကိုယ့်အမအားတဲ့ စနေ တနင်္ဂနွေနဲ့ဆက်နေတဲ့ ခရစ်စမတ်နေ့နောက်က ၂၆ ၂၇ ကို ခွင့်ယူလိုက်တယ်... ပြီးတော့ new year night လေးမှာ မနှစ်က မပျော်ခဲ့ရတော့ ဒီနှစ်တော့ ပျော်မယ်ဆိုပြီး အဲဒိနေ့လဲ ယူမယ်ပေါ့...

ဒီနေ့မနက်ရုံးရောက်တော့ အီးမေးလ်ကရောက်နေတယ်.. အလုပ်လုပ်ရမဲ့ Duty ကျတဲ့ရက်တွေကို supervisor ကပို့ထားတာ.. ၃၀ ၃၁ရက်နေ့တဲ့.. ၁ရက်နေ့လုပ်ခိုင်းပါလား.. အဲနေ့က ပိုက်ဆံလဲပိုရမယ်.. ပျော်ရမယ့်ရက်နဲ့လဲ လွတ်တယ်.. အရေးကိုမပါတာပါ....

နောက်နေ့လည်ကျတော့... အစ်မနဲ့ချက်တော့... ခရီးသွားမဲ့အစီအစဉ်က ပျက်တယ်... ခရီးသွားချင်လို့ ဒီ ခရစ်စမတ်နောက်ရက်တွေကို အားအောင်လုပ်လိုက်ပါတယ်.. ခုတော့ ဘာမဟုတ်တာနဲ့ မသွားဖြစ်တော့ဘူး...
စိတ်ရှိရှိနဲ့ ဂျပန်ထပ်သွားပြစ်လိုက်ချင်တယ်... အဲဒိ သူငယ်ချင်းနဲ့တွေ့ရင် ပျော်တယ်..

(* Some Text missing due to some ridiculous requests and reasons*)

ဒီနေ့တင်းတဲ့ အထဲမှာ နောက်တစ်ခုရှိသေးတယ်.. အဲဒါကတော့ တင်းတာလဲ မဟုတ်ဘူး.. စိတ်အနှောင့်အယှက်ဖြစ်တာ.. ကိုယ့်ကိုကိုယ်လဲ ယုံကြည်မှုမရှိတော့ဘူး.. သိမ်ငယ်သွားတယ်... အဲဒါကတော့ လှို့ဝှက်ချက်ပဲထားလိုက်ပါတော့.. ဘာမှတော့မဟုတ်ပါဘူး.. ဘယ်သူ့အပြစ်မှလဲမဟုတ်ဘူး.. ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ပါတယ်...

စိတ်က ခုတလော ကစဥ့်ကလျားဖြစ်နေတော့.. ကိုယ့်စိတ်ကိုယ်တောင် မနဲလိုက်ဖမ်းနေရတော့.. ဂျီတော့မှာ သူငယ်ချင်းတွေနဲ့ စကားပြောတော့ အပေါက်လမ်းက မတည့်.. ဟိုတစ်ရက်က မရည်ရွယ်ပဲ အော်လိုက်မိတယ် ဘော်ဒါတစ်ယောက်ကို... မရည်ရွယ်ပါဘူး သယ်ရင်းရေ.. မှားသောရှိ မှန်သောရှိ ဗွေမယူပါနဲ့.. ကျွန်တော့်သားလေးရဲ့ အမိုက်မှားကို ခွင့်လွှတ်တော်မူပါ.. အဲလေ.. ဘာတွေနဲ့ရောပြီး ယောင်ကုန်ပြီလဲမသိဘူး... ထားလိုက်ပါတော့..

အမှန်တော့ မဗေဒါမှာ တစ်ခါတစ်လေ အလကားနေ အားငယ်လိုက် သိမ်ငယ်လိုက်.. ဘာဖြစ်နေမှန်းကို မသိဘူး.. အားအားရှိ ငိုချင်နေတဲ့အကျင့်ကိုက မကောင်းတာ... တခါတလေပြောတာပါ.. လူကကြည့်တော့ မာသလိုလိုနဲ့ အလွန်တရာမှ စိတ်ပျော့တဲ့ အကျင့်ကလဲ 10 Things i hate about myself မှာ Tag တဲ့သူများရှိရင် ထည့်ရေးဖြစ်မှာ.. ခုမရှိတော့လဲ ဒီလိုရေးတယ်ကွာ.. ဟဲ. ဟဲ...

တကယ်ကိုပဲ လက်ရှိနေရာကနေ ထွက်ပြေးသွားချင်တယ်... အပြောင်းအလဲ တစ်ခုခုလိုချင်တယ်.... ဗေဒင်မေးတော့.. အညံ့ထဲရောက်နေတယ်တဲ့... ညံ့နေတော့.. မပြီးတော့ဘူး.. ဟိုးအရင် ရန်ကုန်မှာ ဗေဒင်မေးတော့.. ကောင်းလိုက်တဲ့ကံ... အချစ်ရေးတွေကံကောင်းလို့... ဟား.. ဟား.. လူလိမ်လူညာ နဲ့တန်းတိုးတာ... သွားမမေးနဲ့ စက်ဆန်းနားကဗေဒင်.. ဟီး... ဟီး... အဲလိုလဲဟုတ်ပါဘူး.. မှန်မှာပါ... မပြောနိုင်ဘူး အဲဒိအချိန်တုန်းက Justin Timberlake ရဲ့ အိမ်မက်တွေထဲ ငါများစိုးမိုးထားခဲ့လားမှမသိတာ.. ထားပါတော့.. ထားပါတော့.. (ဘယ်သွားထားတာလဲ.. ခေါင်းပေါ်ရွက်ထားခိုင်းတာ.. ဟီး...)

ဒါနဲ့ ဂျီတော့မှာ သူငယ်ချင်း အရင်းခေါက်ခေါက်နဲ့ ချက်ရင်း စိတ်ညစ်ကြောင်းပြောမိတော့ ဒါဆို ပိုစ့်ရေးတဲ့.. ဘာရေးရမှန်းလဲမသိဘူး.. ဒီတော့ မုန်တိုင်းပဲထန်လိုက်တယ်..... (ခက်ဆစ်... သူငယ်ချင်းအရင်းခေါက်ခေါက် = အွန်လိုင်းအမြဲတွေ့နေသော်လည်း စကားမပြောဖြစ်သူ။ တစ်နိုင်ငံတည်းနေသော်လည်း မတွေ့ဖြစ်သူ ဒါပေမဲ့ လိုအပ်လျှင်စကားသွားပြောက နွေးထွေးမှုကိုခံစားရသူ..(နောက်ဆုံးတစ်လုံးနဲ့ စားသွားပြီ))

(* Here also some text missing* )

ကျမသူငယ်ချင်းအရင်းများထဲတွင် မော်ဒယ်အရပ်နဲ့ အိမ်ဂျလီနာ ဂျိုလှိုင် တစ်ယောက်ပဲ အစဉ်တစိုက်အားပေးသူရှိသည်.. (သူတစ်ယောက်ပဲ ဥာဏ်မှီတာကိုး.. အဟိဟိ)...

အိုကေ lah.. အိုကေ lah (ခက်ဆစ် Lah = စကာင်္ပူတွင်သုံးသော အိုကေနောက်မှလိုက်သည့် အင်္ဂလိပ် အသုံးအနှုန်း) ဘာမှမဟုတ်ဘူး... စိတ်ညစ်.. စိတ်ဓာတ်ကျ.. အလိုမကျ.. စိတ် ကလိကလိ.. စိတ် ယားကျိကျိဖြစ်နေသောကြောင့် ဒီပိုစ့်နှင့် ဆားချက်လိုက်ခြင်းဖြစ်သည်... ကွန်မန့်များ လာစေသော်.......... ဒူဝေေ၀...

ရေပြင် ဘဝ

ငြိမ်သက်နေတဲ့ ရေပြင်ကို သူပဲ ခဲလေးနဲ့ပေါက်သွားတယ် ...
သူကလာရာလမ်းကို ကျောခိုင်းသွားပေမဲ့ ...
ရေပြင်လေးကတော့ လှိုင်းကြက်ခွက်လေးတွေနဲ့ တုန်ရီကျန်ခဲ့တယ်..
ဒီလှိုင်းလေးတွေ အချိန်တန်ရင်..
ပြန်ငြိမ်သက်မှာပါလေ....

Saturday, December 13, 2008

နိုင်ငံအလိုက် အာမေဋိတ်

ကမ္ဘာပေါ်မှာ လူမျိုးတွေအများကြီးရှိသလို ဘာသာစကားတွေလဲ အများကြီးရှိတယ်.. ဒီပါးစပ်ရယ် လျှာရယ် လည်ချောင်းရယ်လေးနဲ့ပြောတာတောင်မှ အသံမျိုးစုံရှိတယ်.. ဆင်တူရင်တူမယ်.. ဒါပေမဲ့ ဘာသာစကားတွေမှ လေ့လာလို့မကုန်နိုင်လောက်အောင်ပဲ သန်းချီရှိကြတယ်..

ကျမရဲ့ ဟိုစပ်စပ်ဒီစပ်စပ်အကျင့်ထဲမှာ Languages နဲ့ လူမျိုးအလိုက် culture တွေကိုစိတ်ဝင်စားတာလဲပါတယ်.. တရုတ်ကားကြည့်ပြီး တရုတ်စကားကို တော်တော်နားလည် ပြန်ပြောတတ်နေတာပဲကြည့်.. ဟီး.. ဟီး... တရုတ်လိုတော့ ကိုယ့်ရှေ့အတင်းလာမပြောနဲ့.. ပွဲစည်သွားမယ်မှတ်... ရုပ်ရှင်ကြည့်ပြီးတတ်တာဆိုတော့ အချစ်နဲ့ပတ်သတ်တဲ့ စကားလုံးလေးတွေကို ပိုရ၏...(အဲဒါက ကြော်ငြာဝင်တာ..)

မဗေဒါခုတစ်လော ခေါင်းထဲမှာ စိတ်ဝင်စားနေတဲ့ အရာလေးကတော့.. နိုင်ငံအလိုက် ဘာသာစကားတွေကွားခြားသလို အာမေဋိတ်သံတွေလဲ ကွားခြားကြတယ်ဆိုတာပါ.. ဒီပိုစ့်ကိုရေးဖို့ အလုပ်ထဲမှာရှိတဲ့ ပြည်ကြီးတရုတ် စလုံးတရုတ် စလုံးမလေး မလေးရှားတရုတ် လုပ်ဖော်ကိုင်ဖက်တွေလဲ မနေရပါဘူး.. အကုန်လုံးကို လိုက်မေးတာပါ.. သူတို့နိုင်ငံအလိုက် အရာဝတ္တုတွေရဲ့အသံ တိရိစ္ဆာန်တွေအော်သံကို ဘယ်လိုကြားကြလဲ.. ဘယ်လိုပြန်သုံးကြလဲ ဆိုတာကိုပါ..

ဒီအကြောင်းကို စဉ်းစားမိတာကတော့ အလုပ်ထဲက ပြည်ကြီးတရုတ် တစ်ယောက်နဲ့ စကားပြောမိရာကပါ..
ရုပ်ရှင်ဇာတ်လမ်းအကြောင်းပြောရင် သေနတ်ပစ်သံနေရာရောက်တော့...
ပျန့်.. ပျန့် ဆိုပြီး သေနတ်သံကိုသုံးပါတယ်... ကျမလဲ ကြားရတာ တမျိုးကြီးဖြစ်သွားတယ်...

မြန်မာတွေက သေနတ်သံကို ဒိုင်း... ဒိုင်း လို့ကြားတယ်..
သမိန်ပေါသွပ်ကာတွန်းထဲမှာတော့ ဒိုင်းညွန့်..... လို့သုံးတယ်...

ဒါနဲ့ ခင်တဲ့ စလုံးတစ်ရုတ်တစ်ယောက်ကိုသွားမေးတယ်.. သေနတ်သံကို နင်ဘယ်လိုပြောလဲလို့..
သူက.. ဖျွန့်.... ဖျွန့်... တဲ့...

မလေးတရုတ်တွေကို မေးတော့.. Bang Bang တဲ့.. (ကျမအထင် အင်္ဂလိပ်တွေလဲ ဘန်း.. ဘန်း လို့ပဲထွက်တယ်ထင်တယ်... )..

စလုံးမလေးမ ကိုမေးတော့လဲ Bang Bang ပဲ...

အဲ ပြည်ကြီးတရုတ်မလေးတစ်ယောက်ကို ထပ်မေးတော့လဲ.. ပျန့်... ပျန့် လို့ပဲ ထွက်ပါတယ်...

နိုင်ငံအလိုက် အသံကြားပုံ မတူတာက ကျမအတွက်တော့ တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်.. ရီလဲ ရီရတယ်.. သူတို့ကလဲ ကျမတို့ မြန်မာတွေက ဒိုင်း(die)... ဒိုင်း(die) (အင်္ဂလိပ်လို သေ.. သေ) လို့ ပြောတယ်ဆိုတော့.. ရက်စက်လိုက်တာတဲ့ ရီပြီး ပြန်နောက်ကြတယ်.. ဟား... ဟား...
ကြည့်ရတာ သေနတ်မှာမှ ပစ်စတိုတို့.. စနိုက်ပါတို့.. အမျိုးအစားချင်းမတူတဲ့ အသံတွေထင်တယ်...

ဒါနဲ့ ကြောင်အော်သံကို ဘယ်လိုကြားလဲလို့မေးတော့..
အထက်ဖော်ပြပါ လူမျိုးအားလုံးက .. မြှောင်.. မြှောင် လို့ဖြေကြတယ်..
ကျမတို့ ရွှေတွေကျတော့.. ညှောင်.. ညှောင်.... လို့ထွက်တယ်..

ခွေးအော်သံကျပြန်တော့.. အားလုံးတူတယ်... နဲနဲပါးပါးကွဲတာပဲရှိတယ်.. ၀ုတ်.. ၀ုတ်.. လို့ပဲပြောကြတယ်..
ကျမလဲ ခေါင်းထဲရှိသမျှအသံတွေ ဘယ်လိုထွက်လဲ စဉ်းစားပြီး အပြန်အလှန် ဖလှယ်ဖြစ်ကြတယ်...

အဲ.. အဲလို တိရိစ္ဆာန်တွေ ပစ္စည်းတွေက အသံတွေပြောပြီးပြန်တော့.. စိတ်လှုပ်ရှားမှုဖြစ်တဲ့အခါအော်တဲ့ အသံမျိုးတွေ.. အံ့သြတဲ့ အသံ.. စိတ်ပျက်တဲ့ အသံ...




အားးးး... ဆိုတဲ့အသံကတော့ လူတွေရဲ့ Autonervous System က ကြောက်လန့်နာကျင်တဲ့ အခါ အလိုအလျှောက် ထွက်တဲ့ အသံမို့ ထိုသို့သော အသံများကို မဆိုလိုပေ...




ဥပမာဆိုရရင်.. စင်္ကာပူမှာ "၀ လောင်း ဝေ့" ဆိုတဲ့ အာမေဋိတ် ကို တော်တော်သုံးကြတယ်.. သူငယ်ချင်းအချင်းချင်းပဲဖြစ်ဖြစ် လယ်ဗယ်တန်းပဲဖြစ်ဖြစ်တွေမှာ သုံးတယ်.. စိတ်ပျက်တဲ့အသံ.. လုပ်ချလိုက်ပြန်ပြီဆိုတဲ့နေရာမျိုး.. အံ့သြတဲ့ နေရာမျိုး.. ခြုံပြောရရင် သင်မျှော်လင့်ထားတဲ့ အရာတစ်ခုက ထင်သလိုမဖြစ်လာတဲ့အချိန်မျိုးမှာလဲ အဲဒိအာမေဋိတ်ကို သုံးကြတယ်.. နေရာအတော်များများပြောတဲ့ စင်္ကာပူရဲ့ အာမေဋိတ်စစ်စစ်လို့ထင်ပါတယ်.. ဘယ်ကဆင်းသက်လာလဲတော့ သေချာမသိပါ...
ကျမမှာတောင် အဲဒိအာမေဋိတ်ကို တော်တော်လေးသုံးတဲ့ အကျင့်ရှိနေပါပြီ.. အဲလိုမှမပြောရင်.. စကားပြောရင်း.. မြန်မာလို "လုပ်ချလိုက်ပြန်ပြီ.." " ဟာဗျာ..... " "နင်ကတော့လေ... တယ်!! .... " အဲလိုမျိုးပြောလို့ သူတို့က ကျမစိတ်ခံစားချက်ကို သဘောမပေါက်ဘူးလေ... ဥပမာ - "၀ လောင်းဝေ့... I am waiting for u damn long" "Wa lao way... u did it again".. "Wa lao way... You damn stupid" အဲလိုပြောမှ သူတို့ကို ထိထိမိမိရှိစေတယ်... ပြောရတာ အသက်ဝင်တယ်...
တစ်ခါတစ်လေလဲ စိတ်ထဲကလဲ သိပ်မကျေနပ်ဘူး.. မိတ်လဲမပျက်ချင်ဘူးဆို.. နောက်သလိုလိုနဲ့ "၀ လောင်း ဝေ့" ဆိုပြီးရီပြီး ပြောချလိုက်တာပါပဲ.. ကိုယ့်ကို အဲလိုလာပြောတာလဲ ခံရတာပါပဲ...

နောက်တစ်ခုရှိသေးတယ်... " အား လ မား" တဲ့... အဲဒိ "အား လ မား" ကျတော့ မြန်မာလို "အား ပါး ပါး" ဆိုတာနဲ့ အဓိပ္ပါယ်နဲ့ သုံးစွဲတဲ့ နေရာ တော်တော် နီးစပ်တယ် ထင်ပါတယ်.. ဒီပိုစ့်ကိုရေးနေတဲ့ အချိန်မှာပဲ ဘေးက တရုတ်ကို ဘယ်လိုနေရာမျိုးမှာ သုံးလဲလို့မေးတော့... သူက ၀ လောင်း ဝေ့ တုန်းကတော့ ရှင်းပြတတ်ပြီး... အား လမား ကျတော့ မသိဘူးတဲ့.. အဲဒါက မလေးစကားက ဆင်းသက်တာတဲ့.. သူမရှင်းပြတတ်တော့ဘူး.. ဒါနဲ့ အသင်းခေါင်းဆောင် မလေးတရုတ်ကို သွားမေးတော့... အား လမား က "very bad situation" or " You forget Something" အဲလိုအခြေအနေတွေမှာသုံးတယ်တဲ့.. တော်တော်တော့ စဉ်းစားစရာပါပဲ.. အဲဒိ အာမေဋိတ်တွေကို ကျမ နေရာမှန်မှန်တော့ သုံးတတ်တယ်.. ခုလိုပိုစ့်အနေနဲ့ကျတော့ ကွက်တိကျအောင် မပြောပြတတ်ဘူး..

ခုလို လူမျိုးလေး ၃ ၄ မျိုးလောက်နဲ့ အာမေဋိတ်သံတွေ ဒီလောက် ကွဲပြားစုံလင်နေတာ.. တစ်ကမ္ဘာလုံးက တစ်ခြားလူမျိုးတွေရော... အရာဝတ္တုတွေ.. တိရိစ္ဆာန်အော်သံတွေကို ဘယ်လိုကြားပြီး.. ဘယ်လိုပြန်ပြောကြလဲ ဆိုတာ ကျမတွေးမဆုံးနိုင်အောင်ပါပဲ...

( ဤပိုစ့်ဖြစ်မြောက်ရေးအတွက် စိတ်ရှည်လက်ရှည်ဖြေကြား ဖလှယ်ပေးကြတဲ့ လုပ်ဖော်ကိုင်ဖက်များကိုလဲ blog ကိုလာမဖတ်မှန်းသိပေမဲ့ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်...
Special Thank to all my Collagues who answer all the non-sense questions of me patiently and helping me to think of the meaning of Exclamation)


Picture Credits goes to -
http://olegvolk.net/gallery/d/23433-3/bangbang7555.jpg
http://www.pawsitivelybestfriends.com/images/t_meow-lg.jpg

Friday, December 12, 2008

လွန်တာရှိရင် ၀န္တာမိပါ...

ဒီနေ့ အလုပ်ရောက်တော့ လုပ်စရာကမရှိ.. အလုပ်မလုပ်ပြန်တော့လဲ စီးပွားရေးက မကောင်းလို့ အလုပ်သမားလျော့တဲ့ထဲ ပါသွားမှာက ကြောက်ရသေး.... ဘယ်သူ့အပြစ်တင်ရမှန်းကို မသိဘူး... Mood က တွေ့သမျှအကုန် ရမ်းချင်နေတယ်.. ဟီး.. ဟီး.... ထွက်မပြေးပါနဲ့.. ဆက်ဖက်ပါ...

ဒီလိုနဲ့ အွန်လိုင်းမှာ TommyGirl နဲ့တွေ့လို့ စကားပြောရင်း.. သူနဲ့ကိုယ်ကလဲ ၀ါသနာတူတော့ ရုပ်ရှင် အကြောင်းပြောဖြစ်တာများတယ်.. ဒါနဲ့ သူ့ဘလော့က cello vs cello remake ပိုစ့်အကြောင်းရောက်သွားတယ်.. မဗေဒါလဲ သူ့ပိုစ့်ဖတ်ပြီးတော့ အဲဒိ ကြိုးအော်သံဆိုတဲ့ ကိုရီးယားကားကို ခိုးချထားတဲ့ ကားကိုသွားကြည့်လိုက်သေးတယ်.. တမင် အဲဒိနေ့က အားနေလို့.. ရီချင်လို့ကိုသွားကြည့်တာ... မူရင်းကားတော့ မကြည့်ရသေးပါဘူး.. ဒါပေမဲ့ ကိုရီးယားကားရိုက်ချက်တွေ ဘယ်လိုရှိတယ်ဆိုတာတော့ ကြည့်နေကျ ဆိုတော့ မှန်းလို့ရပါတယ်... ကိုရီးယားသရဲကားကိုတော့ ခုတလော မဗေဒါအသည်းငယ်နေလို့ မကြည့်ပါဘူး.. မြန်မာသရဲကိုတော့ ရီရမယ်မှန်းသိလို့ ကြည့်တာပါ.. ဥပမာ ကုတင် ခြေရင်းကနေ စောင်ကို ဆွဲချတဲ့ အခန်းဆို နိုင်ငံတကာ သရဲကားတော်တော်များများမှာပါပါတယ်.. အဲဒိ မြန်မာပြန်ရိုက် ကြိုးအော်သံမှာလဲ ပါပါတယ်.. စောင်က အောက်လျောပြီး သရဲက စောင်ထဲကတက်လာပါတယ်... ပြီးတော့ သရဲ(နေဆန်း) က အထီးပါ... ခြောက်ခံရတဲ့ လူမင်း(မင်းသား)ကလဲ ယောကျာင်္းပါ.. ပြီးတော့ ဘွားဆိုပြီး နေဆန်းမျက်နှာကို အနီးကပ်ရိုက်လိုက်တယ်.. ဒါပါပဲ.. အဲလိုအခန်းမျိုးတစ်ပုံစံထဲ Thailand shutter သရဲကားမှာပါပါတယ်.. စောင်ကအောက်ကိုလျောလျောလာပြီး ခြေရင်းကို ကြည့်လိုက်တော့ သရဲမက ကတင်အောက်ကနေတွယ်တက်လာတာကို တကယ်ကျက်သရေတုံးတုံးရိုက်ပြသွားနိုင်ပါတယ်.. ကျမဖြင့်ကြောက်လွန်းလို့.. ညအိပ်ရင် စောင်ကို သေချာထုတ်ပြီးမှအိပ်တဲ့အထိပဲ...

ပြီးတော့ ရုပ်ရှင် ဇာတ်လမ်းခိုးတာက ထားပါတော့ (ယဉ်ယဉ်ကျေးကျေးပြောရင်တော့ ပြန်ရိုက်ကားပေါ့) ပိုစတာလောက်တော့ ကိုယ့် အိုင်ဒီယာနဲ့ကိုယ်ရိုက်ကြပါလား... မဟုတ်ဘူး.. ပိုစတာ ဒီဇိုင်းကအစခိုးတယ်... သူများလိုမှီအောင်ကျလိုက်မလုပ်နိုင်ဘူး... အဲ ဇာတ်လမ်းနဲ့သိပ်မဆိုင်ပဲ တစ်ခုတိုးတက်လာတာတော့ရှိတယ်...နန္ဒာလှိုင်အပြင်မသွားခင်ဖြစ်ဖြစ်.. လူမင်းအပြင်မသွားခင်ဖြစ်ဖြစ်.. နမ်းပြီးမှသွားတာ.... ဒါမျိုးကျတော့ သူတို့လိုက်လုပ်ချင်တယ်.. ကျန်တာကို မြန်မာကားမို့ နားလည်ပြီးကြည့်ပေးပါ.. ဖြည့်ကြည့်ပေးလို့ရတယ်... ခုတော့ ပါတိတ်ထမီဝတ်ပြီး သူု့ကိုယ်သူ မြန်မာဆန်ပြနေတဲ့ မင်းသမီး.. ဇာတ်လမ်းနဲ့လဲ အဓိကမကျတဲ့ အခန်းမျိုးတွေကျတော့ရော ရိုက်သင့်သလား.. ဇာတ်လမ်းအရ လင်မယားမို့ ရင်းနှီးကြောင်းပြချင်တယ်ဆိုလဲ တခြားနည်းနဲ့ပြလို့ရတယ်.. ဒါမှမဟုတ် နမ်းချင်ရင်လဲ အသက်ပါပါသရုပ်ဆောင်ကြပေါ့....

ခေတ်နဲ့ အညီမို့ နမ်းခန်းမထည့်ရဘူး မပြောပါဘူး.. ခုခေတ်မှာ မင်းသမီးတွေ ဒိထက်ဆိုးတဲ့ ဗွီဒီယိုတွေတောင် နာမည်ကြီးချင်ဇောနဲ့ အပြိုင်အဆိုင် အခမဲ့ ဖြန့်ဝေနေကြတာ.. ဒါပေမဲ့ သရုပ်ဆောင်နေတဲ့ အချိန်မှာ ပရိတ်သတ်ကို မစော်ကားနဲ့.. သဏ္ဍာန်လုပ် သရုပ်ပေါ်အောင်လုပ်... နမ်းခန်းလေးရိုက်ရတာကို အရသာခံနေတဲ့ ရုပ်တွေနဲ့... လင်မယားနဲ့တူအောင် သရုပ်မဆောင်ဘူး.. နမ်းရတာကို အရသာခံနေကြတယ်.. အဲဒါကိုပြောချင်တာ.. စာဖတ်သူ သဘောပေါက်မလားတော့ မသိဘူး.. ကျမပြောချင်တာကို...

အဲကားဆုံးတော့ ရိုက်တာတွေတော့ ပြန်ပြပါတယ်.. ဟုတ်ပါတယ်.. ပင်ပန်းတယ်ဆိုတာ... မြန်မာပြည်လို ပစ္စည်းလုံလောက်မှုမရှိ ရုံးဘက်ဆိုင်ရာ လွတ်လပ်မှုမရှိ.. ဘက်ဂျပ်ကမရှိ... ပရိသတ်ကမရှိတဲ့ ရုပ်ရှင်လောကအတွက်.. သူတို့ အားတော့ စိုက်ထုတ်ပါတယ်... အဲမှာ စဉ်းစားမိတာ... တကယ်ကို quality ကောင်းတဲ့ မူရင်းဖန်တီးရှင်တွေဆိုရင် ဘယ်လောက်တောင် အပင်ပန်းခံခဲ့ကြမလဲလို့... ပြန်ရိုက်တဲ့ လူမင်းရော.. ဒီလောက်အပင်ပန်းခံပြီးမှ ပရိတ်သတ်က အဲလိုပြောတာခံရတော့ စိတ်ကောင်းပါ့မလား.. အပင်ပန်းခံပြီးမှတော့ အားနဲနဲပိုစိုက်ထုတ်ပြီး ပိုကောင်းအောင် မတီထွင်သင့်ဘူးလား.. သိပ်မပြောချင်ပါဘူး.. မြန်မာပြည်အကြောင်းလဲ သိတော့ မြန်မာပြည်က အနုပညာသမားတွေကိုလဲ သနားပါတယ်.. ဒါပေမဲ့..... ဒါပေမဲ့ပေါ့နော်........


အဲ.. အပေါ်မှာပြောသွားတာက မမှီ့တမှီခိုးချတဲ့ သရဲကား... နောက်တစ်ကား.. ကျမရှာတွေ့ထားတာရှိသေးတယ်... လူမင်းပဲ.. အိန္ဒြာကျော်ဇင်နဲ့.. ၀ိညာဉ်လိပ်ပြာ တဲ့ အင်္ဂလိပ်ကား Dragonfly ကို ခိုးချ.. (အဲလေ).. ပြန်ရိုက်ထားတာ... မူရင်းကားက မင်းသား မင်းသမီး အဖိုးကြီးတွေဆိုပေမဲ့ တကယ်ဖြစ်နေတဲ့အတိုင်းပဲ.. လူမင်းများတော်တာ တကယ်သရုပ်ဆောင်နေတဲ့ အတိုင်းပဲ... ဆေးရုံကတော့ တော်တော်သားသားနားနားပါပဲ... ဘယ်ဆေးရုံလဲသိဘူး.. သူငယ်ချင်းတယောက်တော့ပြောတယ်.. မေ့သွားပြီ.. အဲမှာ.. လူမင်းက ခိုးချ... (အဲလေ.. ဒီလက်ကလဲ...) ပြန်ရိုက် ကားတွေမှာတော့.. တော်တော်ကြိုးစားပမ်းစား.. ခိုးချ.. (အာ.... လက်ကလဲ ရိုက်မိပြန်ပြီ...) ပြန်ရိုက်ထားပါတယ်.. ခက်တာက လိုက်မမှီတာပဲရှိပါတယ်...

ထားလိုက်ပါတော့.. သရဲကားတွေလိုက်မမှီတာကို.. မြန်မာရုပ်ရှင်တွေ အရင်က အချစ်ကလွဲလို့ ဘာမှရိုက်ခွင့်မရှိခင်ထဲက အချစ်ကို လက်သုတ်စုံလာတာ.. ခု မျက်စိပွင့်နားပွင့် သူများနိုင်ငံက ကားတွေကြည့်ရတော့.. အချစ်ကားတောင် မြန်မာရုပ်ရှင်တွေ ကောင်းကောင်းမရိုက်နိုင်ကြတော့ဘူး.. သရုပ်ဆောင်ပိုင်း.. အသံပိုင်း.. စက်ပစ္စည်းပိုင်း.. အားလုံး သူများတွေကို လိုက်မမှီရတဲ့အထဲ.. အချစ်ကားဇာတ်လမ်းတောင် သူများဆီက ခိုးချ.. (အဲ).. ပြန်ရိုက်တယ်ဆိုတော့.. ဒါဟာ တော်တော် impression down စရာဖြစ်လာပါတယ်.. မဗေဒါပဲ အသားထဲကလောက်ဖြစ်ပြီး.. ကိုယ့်လူမျိုးကိုယ် အထင်သေးနေတယ်လို့ထင်နေကြပြီလား... မဟုတ်ပါဘူး.. ဖြစ်စေချင်တာပါ.. ဖြစ်စေချင်လွန်းတာပါ.. မဖြစ်တော့ စိတ်ပျက်မိတာ....

မဒီဂျွန်ရဲ့ ဖီလင်ဆိုတဲ့ ပိုစ့်ကို TommyGirl ပြောလို့သွားဖတ်ဖြစ်တော့.. သူနဲ့ ထပ်တူထပ်မျှ မခံချိမခံသာဖြစ်ရပါတယ်.. Sorry! I love you ဆိုတဲ့ ကိုရီးယား ဇာတ်လမ်းတွဲကို ကျမတစ်ဝက်ထိကြည့်ဖူးပါတယ်.. ဇာတ်သိမ်းက ၀မ်းနည်းစရာမို့ ဆက်မကြည့်တော့တာပါ.. အဲဒိကားကိုလဲ ပြန်ရိုက်တယ်...

My Tutor Friend လို ဒီလောက်နာမည်ကြီးတဲ့ကားကိုလဲ ပြန်ရိုက်တယ်.. ကျမ မြန်မာကားတွေ မကြည့်ရသေးပင်မဲ့.. မူရင်းကိုရီးယားကားတွေ တော်တော်များများကြည့်ဖူးပါတယ်..100 days with Mr Arrogant, My Sassy Girl, Turn left Turn right ပြောရင်ကုန်မှာတောင်မဟုတ်ပါဘူး.. ဒါတောင် ကျမတို့ တွေ့ရှိသလောက်ပါ..

"Love me not" ဆိုတဲ့ ကိုရီးယားကားဆိုရင် တော်တော်ကောင်းတာပါ... TommyGirl ပြောလို့ နေကြတ်ချိန် ဆိုတဲ့ နေတိုးနဲ့ စိုးပြည့်သဇင်ပြန်ရိုက်ထားတဲ့ ဟာကိုကြည့်ဖြစ်တော့.. စိုးပြည့်သဇင် သရုပ်ဆောင်တာ အဲဒိကားရိုက်ပြီး လိပ်ခေါင်းများထွက်သွားပြီလားလို့ ထင်မိပါတယ်.. ဘာမဆိုင် ညာမဆိုင်ကုန်းကုန်းအော်နေတာ.. မြန်မာကား အသံဖမ်းက ကောင်းကောင်းဆိုတော့ အသံကျယ်ရင် အရမ်းကျယ်.. တိုးတော့ တအားတိုး.. တီးလုံးကကျယ်.. လူသံကတိုးလို့ အားစိုက်နားထောင်တဲ့ အချိန်မှ.. စိုးပြည့်သဇင်က ကုန်းအော်.. ဒီအချစ်ကားကမှ သူ့ကိုကြည့်ပြီး သရဲကားနဲ့တူသေးတယ်.. မျက်စိကန်းပြီး စိတ်တိုနေတတ်တဲ့ သူဋ္ဌေးမြေးမလေး အနေနဲ့ သရုပ်ဆောင်တာ ငါးစိမ်းသည်နဲ့ နင်လားငါလားပါပဲ.. ကိုရီယားကို အထင်ကြီးလွန်းလို့တော့ မဟုတ်ပါဘူး.. ဒါပေမဲ့.. ကွာတယ်ဆိုတာပဲပြောချင်ပါတယ်... အွန်စောငယ်ဘ၀ကို သရုပ်ဆောင်တဲ့ မင်းသမီးလေး Love me Not မှာသရုပ်ဆောင်ထားတာပါ.. တော်တော်ချစ်စရာကောင်းပါတယ်..

နောက်တစ်ကားရှိသေးတယ်.. ကျမရဲ့ ရှာဖွေတွေ့ရှိချက်ပါ.. တွေ့တာကြာပြီ.. သိပ်မပြောချင်လို့ မရေးတာ.. ကိုယ်ကလဲ ဘာကောင်မှမဟုတ်တော့.. ကိုယ့်ထက်တတ်တဲ့ အနုပညာ အသိုင်းအ၀ိုင်းကလူတွေကို သိပ်မဝေဖန်ချင်ဘူး... 18 Vs 29 ဆိုတဲ့ ကိုရီးယားဟာသ ဇာတ်လမ်းတွဲကနေ နဲနဲခိုးချပြီးရိုက်ထားတာ... လွင်မိုးနဲ့ ထွန်းအိန္ဒြာဗို.. "အချစ်မှာ အပြစ်မရှိပါ" တဲ့... အဲဒိမြန်မာကား ၃ ၄ခန်းပြပြီးတာနဲ့.. ခိုးချထားမှန်းသိတယ်... ခင်ပွန်းနဲ့ ရန်ဖြစ်ပြီး ကားမောင်းထွက်လာရင်း ယာဉ်တိုက်မှုဖြစ်ပြီး လွန်ခဲ့တဲ့ ၁၁နှစ်ကျော်ထိပဲ မှတ်မိတော့တာ.. သူ့ကိုယ်သူ အသက် ၁၈နှစ်လိုထင်နေတာ.. သူ့ယောင်္ကျားကိုမမှတ်မိတော့တာ.. သူ့အမေဆုံးသွားပြီဆိုတာကို မေ့သွားတာ.. အားလုံးခိုးချထားတာတူတူပဲ.. အဲဒိကားမှာ မူရင်းကိုရီးယားမင်းသမီးကို မကြိုက်ပါဘူး... ဒါပေမဲ့ သူသရုပ်ဆောင်တာ တကယ် ၁၈နှစ်သမီးလို ပေါ့ပါးတယ်.. အသက်ဝင်တယ်.. ရီရတယ်... ထွန်းအိန္ဒြာဗိုလို ၀ါရင့် သရုပ်ဆောင်ကို ကျမကြိုက်ပါတယ်.. သူမ အရင်က သရုပ်ဆောင်ခဲ့တဲ့ကားတွေဆို တော်တော်ကောင်းပါတယ်.. ဒါပေမဲ့ ခုနောက်ပိုင်းမြန်မာကားတွေက ပေါ့ပျက်ပျက်ဖြစ်လာတာလဲမပြောနဲ့.. ၀ါရင့်သရုပ်ဆောင်တွေကတောင် ပေါ့ပျက်ပျက်သရုပ်ဆောင်လာတယ်.. ဆားမပါတဲ့ ဟင်းစားရသလိုပဲ.. အရင်ခေတ်က ရုပ်ရှင်တွေက တကယ်ပဲကောင်းခဲ့တာလား.. ခိုးချထားတာကို ကျမပဲ မသိတာလားတော့မသိဘူး.. အနည်းဆုံး မြန်မာသရုပ်ဆောင်တွေကကောင်းသေးတယ်...

နောက် ရှိသေးတယ်.. " တစ္ဆေတစ်ကောင်း၏အငြိုး" ဝေဋ္ဌုကျော်နဲ့ သဇင်ပါ.. English နာမည်ကြီး လူသတ်ကား "I know what u did last summer" ကိုပြန်ရိုက်ထားတာပါ.. စစချင်း ဝေဋ္ဌုကျော်က ကားတိုက်ခံရတဲ့ သူနေရာကမို့ ကျမတောင် ကြောင်သွားပါသေးတယ်.. မြန်မာကားမှာ မင်းသားကို လူဆိုးနေရာထားတာ ခပ်ရှားရှားရယ်ပါပေါ့... သဇင့်ဘဲက ကားနဲ့တိုက်လိုက်တဲ့သူပါ... အဲဒိထိအားလုံးတူပါတယ်.. အဲ လိုက်သတ်တဲ့ အခန်းတွေကတော့ သိတဲ့အတိုင်း.. ကလေးတူတူပုန်းတမ်းကစားသလောက်တောင် ရင်ခုန်ဖို့မကောင်းဘူးပေါ့နော်.. စာတွေလာတယ်..English ကားမှာ " I know what u did last summer " ဆိုပြီးရေးထားတယ်.. မြန်မာကားကျတော့ " မင်းတို့ဘာလုပ်ခဲ့လဲ ငါသိတယ်" တဲ့.. ဟီး.. ဟီး.. အဲဒိစာကြီးတွေ့တော့ ကျမဖြင့် ရီလိုက်ရတာ အူကိုနာနေတာပဲ... ခိုးချတာတော့ ခိုးချပါ မြန်မာမှုပြုသင့်တဲ့နေရာပြုပေါ့... တခြားနည်းနဲ့ ချိန်းခြောက်ချင်လဲ ချိန်းခြောက်ပေါ့.. တစ်ကွက် ၂ကွက် ကိုယ့်ဦးနှောက်သုံးလိုက်ရတာ ဒီလောက်မပင်ပန်းပါဘူး... အဲ.. မြန်မာမှု မပြုသင့်တဲ့ နေရာကို ပြုတာရှိသေးတယ်ဗျာ့.... နောက်ဆုံးခန်းကျတော့ လူသတ်သမားက ဝေဋ္ဌုကျော်မဟုတ်ပဲ.. (မြန်မာကားတွင် မင်းသားသည် ဘယ်တော့မှ လူဆိုးမဖြစ်).. သဇင့်ရည်းစား ကားနဲ့တိုက်တဲ့ကောင်က လူဆိုးဖြစ်နေတယ်.. မြန်မာအဆန်ဆုံးပြကွက်ကတော့.. နောက်ဆုံးခန်းမှာ...ဒန် တန်တန်တန် ဆိုပြီး.. "မင်းတို့အားလုံးကို ပြည့်သူ့ဝိုင်းတွေ ရဲနေကြပြီ" ဆိုပြီး ပြီးသွားတော့တာပါပဲ... ဟား... ဟား.....

အင်္ဂလိပ်ကား Cellulor ကို လူမင်း မို့မို့မြင့်အောင် ပြန်ရိုက်ထားတဲ့ "ဆယ်လူလာ" ဆိုတဲ့ကားရှိတယ်... မင်းသမီးက လူဆိုးတွေဖမ်းထားတဲ့ အခန်းထဲကနေ ဖုန်းနဲ့ အပြင်က မင်းသားကို ဆက်သွယ်တဲ့ action ကားလေး.. အင်္ဂလိပ်ကားကတော့ ရင်တဖိုဖိုနဲ့ တော်တော်ကြည့်ကောင်းတယ်.. မြန်မာကားလဲ ကောင်းတယ်.. ရီဖို့... ဘယ့်နဲ့.. ဆယ်လူလာဆိုပြီး လူမင်းတစ်ယောက်နားမှာတပ်ထားတာကြီးက ကွန်ပြူတာမှာသုံးတဲ့ မိုက်နဲ့ နားကျပ်သေးသေးကောက်ကောက်လေးလေ.. သိလားတော့မသိဘူး.. မသိတာကျနေတာပဲ.. Bluetooth လိုလိုဘာလိုလိုပေါ့.. ဒါဆိုလဲ Bluetooth နားကျပ်စစ်စစ်နဲ့ပဲ သရုပ်ဆောင်လိုက်ပါလား... မြန်မာပြည်ကလူတွေကို မသိဘူးများအောင့်မေ့နေလားမသိ... (ဒါနဲ့ စကားမစပ်.. Rဇာနည်ကလဲ ဗွီစီဒီတစ်ခုထဲမှာ Bluetooth ကြီးနားမှာတပ်ပြီ သီချင်းဆိုသဗျ.. ဆိုနေတုန်း ဖုန်းလာရင် ဖြေဖို့ထင်ပါ့.. ဟား.. ဟား.. ) အင်္ဂလိပ်ကားက မင်းသားတောင် ဖုန်းကို လက်နဲ့ကိုင်ပြီး နားမှာကပ်ပြီး တစ်ကားလုံး သရုပ်ဆောင်သွားတယ်.. သူက ပိုသဲကဲ ခေတ်မှီကြောင်းကြွားပြလိုက်သေးတယ်.. ဟား.. ဟား.. ပြောရင်း မြင်ယောင် ပြီး ရီချင်လာပြီ.......... lol....

ပြောရမယ်ဆိုရှိသေးတယ်.... ဟိုးအရင်က ကား... ဒွေး+ ထက်ထက်မိုးဦး+စိုးမြတ်နန္ဒာရဲ့ "ရင်ထဲမှာဘာညာဘာညာ " ဆိုတာ.. ကုလားကား.. ရှာရွတ်ခန်ရဲ့ "Kuch Kuch Hota Hai" ဆိုတဲ့ကားကို ပြန်ရိုက်ထားတာ.. အများကြီးပဲ.... ခုလောလောဆယ်ဒိလောက်ပဲမှတ်မိတယ်.. ဒါတောင် မြန်မာကားတွေ ကြည့်တာရပ်လိုက်လို့.. ဆက်ကြည့်ရင် ထပ်တွေ့အုံးမှာပဲ.. ပုဂံဘုရားတွေကို တင်စားသလို လက်ညှိုးထိုးမလွဲ ဘုရားရှိသလို့.. မကြည့်လိုက်နဲ့.. ကြည့်လိုက်လို့ ဇာတ်လမ်းများ နဲနဲကောင်းရင် No Doubt ခိုးချ..အဲ ယဉ်ယဉ်ကျေးကျေးပြောရင် ပြန်ရိုက်တွေချည်းပဲ....

ကျမပြောချင်တာက တစ်ချို့ကိုရီယားကား ကောင်းကောင်းလေးတွေဆိုရင် သူတို့ ကိုရီးယားဖိုရမ်တွေထဲက ၀ါသနာရှင်လေးတွေရေးထားတာကို ပုံဖော်ဆေးရောင်ခြယ်လိုက်တာပါ... ဒီလိုနဲ့ နာမည်ကြီးကားတွေဖြစ်လာတာပါပဲ... ခုဆို မြန်မာဘလော့တွေမှာလဲ တချို့ဆို ရသမြောက်တဲ့ ဇာတ်လမ်းလေးတွေ ရှိနေတာပဲ.. ရိုက်ကျပါလား.. စာရေးသူက ၀ါသနာရှင်ဖြစ်တဲ့ အတွက် အနုပညာဖိုးလဲ များများပေးစရာမလိုပါဘူး.. Credits ပေးရင်တောင် ကျမဆိုကျေနပ်တယ်.. ဟိုတစ်လောက မနိုင်းနိုင်းစနေ ရဲ့ ဘလော့ပေါ်က ၀တ္တုကို ရုပ်ရှင်ရိုက်မဲ့သတင်းကြားတော့ ကျေနပ်မိပါတယ်.. သူများဇာတ်လမ်းတွေကူးမဲ့အစား.. ကိုယ်တတ်နိုင်သလောက်ကို အကောင်းဆုံးကြိုးစားပြီး.. ကိုယ့်လုပ်ပိုင်ခွင့်ရှိသလောက်ထဲကနေ.. အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်လုပ်သွားလို့ရမှာပါ...

ခုတော့ သူတို့က မြို့ပရိတ်သတ်က သူတို့ ခိုးချတာသိလို့မကြည့်လဲ .. နယ်ပရိတ်သတ်ရှိတယ်.. ငါတို့လွယ်လွယ်ပဲဖြစ်သလိုပုံမျိုးဖြစ်နေပါတယ်.. မြန်မာပြည် လက်ရှိအရေးတွေနဲ့လဲ ဒီအနုပညာလုပ်ငန်းက ထွန်းထွန်းပေါက်ပေါက် မဖြစ်ဘူး.. အထက်က မီဒီယာဆိုတာကို ပေါက်ပေါက်ရောက်ရောက်မဖြစ်စေချင်လို့ တမင်ပိတ်ပင်တယ်.. ပိတ်ပင်သင့်တာတွေကျတော့ မပိတ်ပင်ဘူး.. အဲလိုမျိုးတွေဖြစ်နေတဲ့ အချိန်မှာ... ရိုက်မယ်ဆိုလဲ ကောင်းကောင်းမွန်မွန် ကိုယ့်အိတ်စိုက်ပြီး ၀ါသနာ စေတနာနဲ့ ရိုက်.. မဟုတ်ရင်တော့.. အနုပညာသမားတွေလဲ တခြားအလုပ်သာ လုပ်စားကြဖို့ အကြံပေးချင်ပါတယ်...

တော်လောက်ပြီနော်... ဒီပိုစ့်က ကျမအရင်က ရေးခဲ့တဲ့.. ရှက်တတ်ရင်လဲသေဖို့ကောင်းတဲ့ ခိုးချထားသော မြန်မာဇာတ်လမ်းများရဲ့ အဆက်လို့လဲပြောလို့ရပါတယ်... စိတ်ထဲရှိသမျှ အားမရမှု... ဖြစ်စေချင်မှု.. ရှက်မှု.. အားကျမှု... ဂရုဏာဒေါသ.. စေတနာ... တွေပေါင်းပြီး ရေးချလိုက်မိပြီ... တစ်ဦးတစ်ရောက်ကို ထိခိုက်နစ်နာစေလိုတဲ့ သဘောအလျင်းမရှိပါ... ကျမခုလိုပြောလိုက်လို့.. ကျမလဲ သူတို့လောက်တောင် သရုပ်မဆောင်တတ်သေးပါ.. သူတို့လောက်တောင် အနုပညာကို မတတ်သေးပါ.. လုပ်ကြည့်လျှင်ခက်မှန်းသိပါသည်... ဒါပေမဲ့ Professional လုပ်နေကြပြီဆိုရင်တော့ ဒိထက် ကောင်းသင့်သည်ဟုထင်ပါသည်... ပရိသတ်တစ်ယောက်အနေနှင့် ခံစားရသည်များကို ဖွင့်အန်လိုက်ခြင်းသာဖြစ်ပါသည်... မြန်မာ့ရုပ်ရှင် လောကကြီး အဆင့်တန်းမှီရပ်တည်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလျက်............................