ဒီနှစ်မွေးနေ့မှာ ကျမတခါမှ မရဘူးတဲ့ ထူးခြားတဲ့ လက်ဆောင်တခုကို မမျှော်လင့်ပဲ ခင်ခဲ့တဲ့ သူငယ်ချင်းတယောက်ဆီက မမျှော်လင့်ပဲ ရခဲ့တယ်..
တကယ်တော့ ဒီနှစ်မွေးနေ့ မှာ ကျမ ရဲ့ မျှော်လင့်ချက်တွေ ပျောက်ဆုံးခဲ့ရတယ်.. ယုံကြည်မှုတွေ အရည်ပျော်ခဲ့တယ်… ခွန်အားတွေ အငွေ့ပြန်ခဲ့တယ်… အိမ်မက်တွေ ပျက်စီးခဲ့ရတယ်.. တသက်လုံး ယုံကြည်အားကိုးချင်ခဲ့တဲ့ သူတယောက်လက်အောက်မှာ ကျမရဲ့မျှော်လင့်ချက်တွေဖျက်စီးခံခဲ့ရတယ်…
အသဲကွဲလို့ မျက်ရည်တရွှဲရွှဲဖြစ်နေ ရမယ့်အရွယ်လဲ မဟုတ်တော့ပါဘူး.. ပြီးသွားရင် ဘာမှမဟုတ်တော့ဘူးဆိုတာကိုလဲ နားလည်ပါတယ်.. ဒါပေမဲ့ ခံစားရတာတော့ ရင်နဲ့အမျှပါ..
ဒါပေမဲ့ ကိုယ့်ကိုကိုယ် အတတ်နိုင်ဆုံးပျော်အောင်နေတယ်.. ကျမကို ဂရုစိုက်တဲ့… ကျမကို ချစ်တဲ့ မိသားစုကို ကျမကိုယ့်ဘာသာကိုယ် ရှာလာတဲ့အပူမပေးချင်ဘူး..
အဲဒီအချိန်မှာပဲ ကျမ ဘလော့ရေးရင်း မထင်မှတ်ပဲ ခင်စရာကောင်းတဲ့ သူငယ်ချင်းတယောက်ရလာတယ်..
သူက ကျမ ဘလော့ရေးချင်စိတ်မရှိတာကို ပြန်ရေးချင်အောင်တိုက်တွန်းပေးခဲ့တယ်..
သူက ကျမ စကားပြောဖော်လိုနေတဲ့ အချိန် အဖော်လုပ်ပေးခဲ့တယ်..
သူက new year ညမှာ ကျမကို အားပေးခဲ့တယ်…
သူက ကျမ အထီးကျန်နေချိန်မှာ ကျမ တယောက်ထဲ မဟုတ်ဘူးဆိုတာကို အလင်းပြခဲ့တယ်..
ခုလဲ သူက ကျမ အတွက် အရမ်းကို အမှတ်တရဖြစ်စေမဲ့ မွေးနေ့လက်ဆောင် ပေးပြန်ပြီ…
သူက ကျမ နဲ့ ရွယ်တူ ...
သူက ကျမ နဲ့ ပြိုင်ဘက်အထက်ကျောင်းက….
သူက တော့ အားလုံးသိတဲ့ ဘလော့ဂါ Blackdream ပေါ့…
သူပေးတဲ့ လက်ဆောင် လေးကို သူ့ရဲ့ ခွင့်ပြုတောင်းဆိုမှုအရ ကျမရဲ့ဘလော့မှာ ဖော်ပြလိုက်ပါတယ်….
ဒီပိုစ့်လေးဟာ ကျမ ဘ၀အတွက် ဘာအခက်ခဲတွေရှိရှိ ရှေ့ဆက်ဖို့အတွက် အားဆေးတစ်ခွက်ပါပဲ…
တကယ်ကို တန်ဖိုးကြီးပြီး အမှတ်တရ နဲ့ တဘ၀လုံးအတွက် ဖူလုံစေတဲ့ လက်ဆောင်ကောင်းလေးပါ….
သူငယ်ချင်းရေ … နင်နဲ့ခင်ရတာ ငါဝမ်းသာတယ်ဟာ..
--------------------------------။-----------------------------------
သို့….
သူငယ်ချင်း
မနေ့က ငါတို့ စိုက်ပျိုးခဲ့တဲ့ အိပ်မက်တစ်ခုဟာ ဒီနေ့မှာ ငါတို့ ဘ၀တွေ အဖြစ်ရှင်သန်လာခဲ့ပြီ…။ တစ်ချို့က ပြောတယ် အိပ်မက်ဆိုတာ အိပ်ယာကနိုးရင် ပျက်ဆီးသွား ကြတယ်တဲ့…။ မဟုတ်ဘူး….။ အဲဒီ့စကားကို ငါငြင်းတယ်…။ တကယ်တော့ အိပ်မက်ဆိုတာ မျှော်လင့် ချက်တစ်ခုရဲ့ ရေသောက်မြစ်ပဲ…။ အိပ်မက်ဆိုတာ ခံစားချက်တစ်ခုရဲ့ မှန်တစ်ချပ်ပဲ…။ အိပ်မက်ဆိုးတွေ အ ကြောင်းတော့မပြောပါနဲ့ ငါတို့ ညတွေ ခါးကုန်လိမ့်မယ်…။ အမှန်တော့ အိပ်မက်တွေဆိုးတာဟာ ငါတို့ရဲ့ ခံစားချက်တွေ ကိုယ်တိုင်က ဆိုးနေကြလို့ပါ…။
လူတစ်ယောက်ရဲ့ ဘ၀မှာ အခက်အခဲဆုံး အချိန်ကိုပြပါဆိုရင်…။ ငါကတော့ ဖြစ်သင့်တာ နဲ့ ဖြစ်ခြင်တာ စစ်ခင်းတဲ့ အချိန်ကိုပဲ ပြရလိမ့်မယ်…။ ဦးနှောက်နဲ့ နှလုံးသား စစ်တုရင် ကစားရင် ဘယ်သူနိုင်မယ် ထင်လဲ? ငါကတော့ ဦးနှောက်ဘက်က ငါ့ဘ၀ကို ထပ်တယ်..။ အပ်ကြောင်းထပ်နေတဲ့ ဘ၀ရဲ့ အစီအစဉ် မကျနမှုတွေနဲ့ အဆင်မပြေမှုတွေဟာ တကယ်တော့ စိတ်ဓာတ်ရင့်ကျက်သူ တွေ အတွက် အကောင်းဆုံး ဟာသတွေပါပဲ…။ တကယ်တမ်းက လူတွေရူးနေကြတာပါ…။ နှလုံးသားဆိုတာ အစကတည်းက စဉ်းစားဖို့မှ မဟုတ်ဘဲ…။ ခံစားတတ်ရင် လုံလောက်ပြီ…။ သူ့တာဝန်ကျေပြီ....။
မသေချာမှုတွေ ခြေချင်းလိမ်နေကြတဲ့ ဒီလောကကြီးထဲမှာ တစ်ခုခုကို သေချာဖို့ကြိုးစား မိတဲ့ ငါတို့ကိုယ်တိုင်ကသာ အဓိက တရားခံတွေပါ…။ မပူပါနဲ့…။ ကံကြမ္မာ တရားသူကြီးက ဘ၀ခုံရုံးမှာ ငါတို့ အတွက် အကောင်းဆုံး ဆုံးဖြတ်ချက် တစ်ခုကို သတ်မှတ်ပေးပါလိမ့်မယ်…။ ငါတို့ဘက်က ကိုယ့်ကိုယ်ကို ယုံကြည်နေဖို့ပဲ လိုအပ်တာပါ…။ ကောင်းတာဘဲ ဖြစ်ဖြစ်…။ ဆိုးတာဘဲ ဖြစ်ဖြစ် ငါတို့ လက်တော့ခံကြရ လိမ့်မယ်…။ ဘာလို့လဲဆိုတော့ သူရဲ့ဆုံးဖြတ်ချက်ဟာ ငါတို့လုပ်ရပ်တွေရဲ့ အရိပ် တစ်ခုဖြစ်နေလို့ပဲ သူငယ်ချင်း.....။ ငါတို့သတ္တိ ရှိဖို့တော့လိုမယ်နော်…..။
လိုအပ်တာနဲ့ လိုချင်တာ ဆိုပြီးနှစ်မျိုးသာ ရှိတဲ့ ငါတို့ဘတွေတွေထဲမှာ ဦးစားပေးတော့ မှန်ဖို့ လိုတယ်…။ လိုချင်တာတွေနောက်ကိုချည်း လိုက်နေကြမယ်ဆိုရင်တော့ ငါတို့ဘ၀တွေ အတွက် တကယ်လိုအပ်တဲ့ လိုအပ်ချက်တွေကနေ ပိုပြီးဝေးသွားနိုင်တယ်…။ လိုချင်တာတွေရရင် ပျော်ရွှင် ပြုံးပျော်တတ်ကြတဲ့ ငါတို့တွေ… အရာရာကို ဆုံးရှုံးလိုက်ရပြီဆိုရင်လည်း အဓိပ္ပါယ်ရှိရှိ မျက်ရည်ကျတတ် ကြရမယ်လေ…။ ဘ၀တွေ အထပ်ထပ်ဖူးပွင့်နေတဲ့ လောကသစ်ပင်ကြီးထဲမှာ ငါတို့ဟာလဲ ဝေချိန် တန်ဝေပြီး ကြွေချိန်တန် ကြွေရမယ့် ပန်းတစ်ပွင့်ပါဘဲ…။
နောက်ဆုံးအနေနဲ့ ငါလက်ဆောင်တစ်ခုလောက် ပေးခဲ့ချင်တယ်…။ ဒီလက်ဆောင်ဟာ ငါတို့ရဲ့ ဒီလောကမှာ အမြင့်မြတ်ဆုံး လူသားတစ်ယောက်က ပထမဆုံး စပြီးပေးခဲ့တဲ့ လက်ဆောင်ပေါ့…။ အချိန်တွေ ဘယ်လိုဘဲ ပြောင်းပြောင်း…။ နေရာတွေ ဘယ်လိုပဲ ပြောင်းပြောင်း…။ အမြဲတန်း တန်ဖိုးရှိ ပြီး ထာဝရလှပနေ..တန်ဖိုးရှိနေမယ့် လက်ဆောင်တစ်ခုပေါ့…။ ဖြစ်နိုင်ရင် တခြားသူငယ်ချင်းတွေကိုလည်း ဒီလက်ဆောင်လေးကို အလျင်းသင့်ရင် သင့်သလို ပေးလိုက်ပါ…။ သူတို့အတွက်လည်း အဖိုးတန်ပါလိမ့်မယ်...။
ငါပေးမယ့်လက်ဆောင်က တစ်ခြားမဟုတ်ပါဘူး…။ စကားလုံးလေး တစ်လုံးပါဘဲ…။ ဥာဏ်ရှိသလို အသုံးတည့်ရင် တည့်သလို သုံးလို့ရပါတယ်…။ ဒီလောကကြီးကနေ ငါတို့ အပြီးအပိုင် မထွက်ခွာသ၍ပေါ့….။
“ ယောနိသော မနသိကာရ”…… သင့်တင့် လျောက်ပတ်စွာ နှလုံးသွင်းနိုင်ပါစေ။
Type the rest of your post here.
Monday, February 18, 2008
Wednesday, February 06, 2008
ဘလော့ပေါ်က မဗေဒါ့ မွေးနေ့.. အားမနာနဲ့နော်..
ဒီနေ့ မဗေဒါ မွေးနေ့လေ.. လာလည်တဲ့ blogger သူငယ်ချင်းတွေကို ကျွေးဖို့ ချက်နေတယ်.. ခါတိုင်းဆိုရင်တော့ ခင်တဲ့အပြင်သူငယ်ချင်းတွေကို ဖိတ်ပြီး အိမ်မှာ အုန်းနို့ခေါက်ဆွဲ ကျွေးလေ့ရှိတယ်.. မဗေဒါက အုန်းနို့ခေါက်ဆွဲကြိုက်လို့လေ.. ဗေဒါ အစ်မကလဲ အုန်းနို့ခေါက်ဆွဲ specialist လေ… သူကလိုက်လုပ်ပေးတာလဲပါတာပေါ့နော်.. ပြီးတော့ အိမ်ကမိသားစုအားလုံးကလဲ အိမ်မှာချက်ပြီး အလှူလုပ်ရတာ ကြိုက်တယ်.. အထူးသဖြင့်.. အမိမြေနဲ့ဝေးပြီး မြန်မာအစားအစာနဲ့ဝေးနေရတဲ့ မဗေဒါ သူငယ်ချင်းတွေကို မဗေဒါ
မေမေကသနားလို့ဆိုပြီး သူ စင်ကာပူရောက်ရင်ချက်ချက်ကျွေးနေကျပဲ.. ဗေဒါမွေးနေ့ ရောက်တိုင်း ဗေဒါ ကလုပ်ချင်တယ်ပြောတိုင်း.. ပွစိပွစိပြောတတ်ပေမဲ့ အမြဲ ကိုယ်ရောစိတ်ရော အပင်ပန်းခံပြီးလုပ်ပေးတတ်တဲ့ ဗေဒါ အစ်မ အကြီးဆုံးကိုရော.. ဧည့်သည်တွေလာတိုင်း သီးခံပြီး ဧည့်ခံပေးတတ်တဲ့ အစ်မ အလတ်ရော.. အမြဲမီးဖိုချောင်ကမထွက်ရပဲ.. ပြင်ဆင်ပေးနေရတဲ့… ဖေဖေနဲ့မေမေရော.. အားလုံးကို ဖွင့်မပြောပေမဲ့.. စိတ်ထဲကကျေးဇူးသိပ်တင်တယ်.. တကယ်တော့ ဗေဒါမွေးနေ့မှာ.. ချစ်သူရှိနေဖို့မလိုပါဘူး… ဗေဒါကို ချစ်သူထက်ပိုချစ်တဲ့ ဗေဒါ မိသားစုရှိတယ်… သူတို့ ပဲ ဆူဆူဆဲဆဲ ဆိုပေမဲ့ ဗေဒါကို စိတ်ချမ်းသာအောင် အမြဲထားတတ်တယ်.. သူတို့စိတ်ထဲဘာရှိလဲ ဗေဒါ သိတာပဲလေ… ဗေဒါကိုယ်တိုင်လဲ.. ကျေးဇူးတင်ပေမဲ့ ဘယ်တော့မှ ဖွင့်ပြောတာမှမဟုတ်တာ..
ဗေဒါ ဘလော့ကို လာလည်တဲ့ သူငယ်ချင်းတွေအတွက်တော့.. အ၀စားအစီစဉ်ရှိတယ်.. စိတ်ရှည်ရှည်သာ scroll down လုပ်သွားပေတော့…
မနက်စာကတော့ ဟောဒီမှာ….
ပဲကျွတ်ကြော်
ပဲပြုတ်နံပြား
မုန့်ဟင်းခါး
ဘဲသွေးနဲ့ အုန်းနို့ခေါက်ဆွဲ
ကြိုက်တဲ့အကြော်ထည့်စား..
ပြီးတော့ အသုတ်ဆုံ… ဘာအသုတ်စားချင်လဲ.. ချက်ချင်းသုတ်ပေးမယ်..

မနက်စာ manu ကတော့ ဒီမှာအဆုံးသတ်လိုက်မယ်…
နေ့လည်စာရော စားနိုင်သေးရဲ့လား? ဟဲ ဟဲ..
Afternoon manu....
မြန်မာထမင်းဟင်း ကြိုက်တတ်ရင် ဒီမှာရှိတယ်..
ပုဇွန်ထုတ်ဟင်း

ငါးဖယ်ဆီပြန်ဟင်း

မြင်းခွာရွက်သုတ်

ဗေဒါ့ အကြိုက်ချဉ်ပေါင်ကြော်လဲ ရှိတယ်..

စားမယ်ဆို ဒီကိုကြွပါ.. ထမင်းဝိုင်း ပြင်ပြီးပါပြီ.. လုံးဝအားမနာနဲ့နော်….

မြန်မာပြည်မှာပဲ ရှိတဲ့တရုတ်စာ ကြိုက်တဲ့ သူတွေအတွက်လဲ စီစဉ်ထားသေးတယ်..
Chinese Manu ကဟောဒီမှာ..
ဘဲကင်

ဆီချက်ခေါက်ဆွဲ

ကြေးအိုးကို လွမ်းနေသူတွေအတွက်..

စားပြီးရင်တော့ ဒုတ်လေးတွေကိုင်ထားနော်.. မဗေဒါက ပိုက်ဆံရှင်းပေးမလို့ပါ..

ဟောဒါကတော့.. ဗေဒါ့ မိသားစုရဲ့ homemade food… တရုတ်စာစားဖို့ ဒီဖက်ကိုကြွပါ…

ဝိုင်းမအားလို့ မစားရသေးတဲ့ ဧည့်သည်တွေရယ်.. စားပြီးတဲ့ဧည့်သည်တွေရယ် စကားစမြည်ပြောရင်း စားရအောင် .. မြန်မာတိုင်းကြိုက်တဲ့ မြန်မာ့ရိုးရာ လက်ဖက်သုတ်…

ဒီမှာ အချိုပွဲတွေလဲ ကျန်သေးတယ်.. ဘာစားချင်လဲပြော..
အုန်းနို့ကျောက်ကျော
ကောက်ညှင်းရွှေခြည်

ရွှေရင်အေး

ဖာလူဒါ

ကူလ်ဖီလ်မလိုင်

ice-cream Cake

အားလုံးဗိုက်တင်းတဲ့ အထိစားကြနော်.. လုံးဝအားမနာနဲ့.. ဗေဒါမွေးနေ့ကို ခုလိုကြွရောက်အားပေးကြတာ ကျေးဇူး…

Wednesday, January 30, 2008
အတွေးသစ် အရေးသစ်နဲ့ ဗေဒါ ပြန်လာပြီ...
မဗေဒါ ဘယ်ပျောက်နေလဲဆိုတာတော့ စိတ်ဆင်းရဲခံပြီးထပ်မရှင်းပြချင်တော့ပါဘူး.. နာမည်ပဲ စီးပြီး "မဗေဒါ"ရုပ်ရှင်ထဲက ဒေါ်ကြည်ကြည်ဋ္ဌေးလို အချစ်ရေးကံမကောင်းဖြစ်နေတာများလားတော့မသိ.. အမှန်တော့ မဗေဒါဆိုတဲ့နာမည်ကိုရွေးခဲ့တာက ဆရာဇော်ဂျီရဲ့ကဗျာထဲက အဓိပ္မါယ်လေးကိုသဘောကျမိလို့.. အဲဒိကဗျာထဲက ဗေဒါပန်းလေးရဲ့ ခွန်အားနဲ့မာန်လေး ကိုယ့်ဆီမှာရှိနေအောင်လို့.. ဒါပေမဲ့ ကျမရည်ရွယ်ချက်ကို cupid ကအဓိပ္မါယ်ကောက်လွဲသွားတယ်ထင်ပါ့.. ဟဲ ဟဲ.. "မဗေဒါ" ရုပ်ရှင်ထဲက ဒေါ်ကြည်ကြည်ဋ္ဌေးလို ကံမျိုးဖြစ်သွားတယ်.. ကွာတာဆိုလို့ ဒီဗေဒါကတော့ အငြိမ့်မင်းသမီးမဟုတ်တာရယ်.. ကောလိပ်ဂျင်နေဝင်းလို မိန်းမ မယူသွားတာရယ် ပဲရှိတယ်.. concept ကတော့ဆင်တယ်.. အကြောင်းအရာလေးပဲနဲနဲကွဲတာ.. အဲဒိရုပ်ရှင်ကြည့်ဖူးရင်တော့ မဗေဒါဒီရက်ပိုင်းဘာတွေဖြစ်နေလဲ ခန့်မှန်းလို့ရမှာပေါ့..
ကဲပါ.. ဒါတွေထားလိုက်ပါတော့... အစကတော့ ခံစားချက်တွေကို ဖွင့်ဟမလို့ပါပဲ.. ဒါပေမဲ့ စာဖတ်သူတွေ HEART ထိဖို့ဆိုတာက စာရေးသူရဲ့ ခံစားမှုအပြည့်နဲ့ရေးရမယ်ဆိုတော့ကာ... ခံစားချက်တွေရေးနေတုံး စင်ကာပူကြီး မဗေဒါ့ မျက်ရည်ဖုံးသွားမှာဆိုးလို့ အများပြည်သူဘေးကင်းဖို့ရာ မျှော်ရည်ပြီး အချစ်တွေခဏဘေးချိတ်ထားလိုက်တော့မယ်..
သေချာစဉ်းစားကြည့်မိပြန်တော့လဲ NEW YEAR POST လို အလွမ်း အဆွေး ပိုစ့် တွေရေးပြီး စာဖတ်သူတွေစိတ်မကောင်းဖြစ်အောင် လုပ်မိလို့လားတော့မသိ.. အဲဒိပိုစ့်ရေးပြီးထဲက တစ်ရက်မှကို စိတ်မချမ်းသာရတာ.. ဒီတော့ မဗေဒါလဲ စာပြန်ရေးမယ်ဆိုရင်တော့ စိတ်ချမ်းသာစရာကိစ္စလေးတွေ ရီစရာလေးတွေ ကြုံခဲ့ လုပ်ခဲ့ဘူးသမျှပေါက်ကရလေးတွေ ပဲရေးတော့မယ်.. စာဖတ်သူတစ်ယောက် တစ်ချက်ပြုံးအောင် မဗေဒါပိုစ့်ကလုပ်ပေးနိုင်မယ် ဆိုရင်တောင် ရွေးစိလောက်ပဲဖြစ်ဖြစ် ပျော်ရွင်မှု ကုသိုလ်လေးပြန်ရပါစေလို့ မဗေဒါ ဆုတောင်းလိုက်ပါတယ်...
မဗေဒါ ဘလော့ကို ပြစ်ထားမိတဲ့အချိန်မှာ လာရောက်လည်ပတ်အားပေးကြတဲ့ စာဖတ်သူ သူငယ်ချင်းအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်လို့.. နောက်ကို ဒီလိုမဖြစ်ရအောင်လဲ ကြိုးစားပြီး UPDATE လုပ်သွားပါ့မယ်...
အမှန်တော့ မဗေဒါရဲ့ ဘလော့ရေးဖို့ အားမရှိနေတဲ့ စိတ်ကို ရေးခြင်စိတ်တွေပြန်ပေါ်လာအောင် တွန်းအားပေးလိုက်တာကတော့ ရမ်ဘို ၄ ပါပဲ.. ကိုမင်းတစေက CBOX မှာ ရမ်ဘိုတင်နေပြီဆိုတာကို သတိပေးသွားတာရော.. ကိုရန်ကြီးက COMMENT မှာ MOVIE REVIEW လေးတွေရေးဖို့အားပေးတာရော.. အမြဲတန်း ကျမကို ဘလော့ပြန်ရေးဖို့တိုက်တွန်းနေတဲ့ blackdream21 ကြောင့်ရောပေါ့..
ကဲ ကဲ.. ဗေဒါ လေရှည်မနေတော့ပါဘူး.. ရေးစရာ movie review တွေရော ဗေဒါ့ကိုယ်တွေ့ပေါက်ကရတွေရော ရေးလက်စ သူငယ်ချင်းများအကြောင်းလဲဆက်ရအုံးမယ်.. ဒီတော့ အမြန်မနှေး ထမီစွန်တောင်ဆွဲပြီပြေးလိုက်မယ်... အဲ မှားလို့.. အမြန်မနှေး ကလောင်သွားသွေးလိုက်မယ်.. လာလေရော့ rambo 4 review...........

Saturday, January 05, 2008
Some of the Love Quotes
"Just because her eyes don't tear, doesn't mean her heart doesn't cry. And just because she comes off strong, doesn't mean there's nothing wrong."
"Never talk about feelings if you really don't care...
Never say I love you if it isn't really there.
Never say you're gonna if you don't plan to start...
Never hold my hand if you're gonna break my heart.
Never look into my eyes if all you do is lie...
Never say hello if you really mean goodbye.
If you really mean forever then please say you'll try...
Never say forever 'cause forever makes me cry."
"The hardest part about walking away from you is knowing that you won't come after me."
"Letting go of someone you love is hard, but holding on to someone who doesn't even feel the same is much harder. Remember that giving up doesn't mean you are weak. It only means that you are strong eonugh to let go of something that was never really yours in the first place."
"Nothing is more painful than to realize he meant everything to you, but you meant nothing to him."
"The worst way to miss someone is to be standing next to them, knowing that you can never have them."
"It breaks your heart to see the one you love is happy with someone else, but it's more painful to know that the one you love is unhappy with you."
there's only one rain cloud in the entire sky & it's raining on me.
somehow i'm not surprised.
"Sometimes, loving someone means giving him the freedom to choose who and where he wants to be. This may be painful, but still be thankful, because the heartaches, the tears, the gloomy days and even the fruitless years helped you grow into a strong and wonderful person, not a bitter one."
"Tell me! what am I supposed to do?
When I count my thoughts, they're mostly you."
"Don't ever give up if you still want to try, don't ever wipe your tears if you still want to cry. Don't ever settle for an answer if you still want to know. Don't ever say you don't love him if you can't let him go."
"A silent hug means a thousands words to the unhappy heart."
"There's always going to be that one person, where no matter what he does, what he says, how many times he hurts you, you just can't let him go because he means that much to you."
"I never want to wake from this dream. In my dream, I'm with you. In reality, I'm not."
"I don't miss you and you alone; I miss you and me together."
"I heard someone whisper your name, but when I turned around to see who it was, I was alone. Then I realized that it was my heart telling me that I miss you."
"If you want to see the rainbow, you have to live through rain. If you want to feel true love, you have to feel the pain."
Wednesday, January 02, 2008
အထီးကျန်သမားတစ်ယောက်ရဲ့ NEW YEAR NIGHTMARE
New Year မရောက်ခင်........
New Year ရောက်ရင် ငါဘာလုပ်ရမလဲ? going out? count down? ဘယ်အရာကိုမှ သူမပါပဲတစ်ယောက်ထဲ မသွားချင်ဘူး.. အရင်ကတော့ သူနဲ့ ညလုံးပေါက်ချက်မယ်လို့ စိတ်ကူးထားတယ်.. ဒါပေမဲ့ချစ်သူက New Year မှာ ငါနဲ့အဝေးတကာ့အဝေးဆုံးကို ငါတားတဲ့ကြားက ထွက်သွားတယ်.. ငါ့မျက်ရည်နဲ့ သူ့ပျော်ရွှင်မှူကို လဲသွားတယ်..
အို.... တော်ပါပြီ.. ငါ့လိုပျော်ရွှင်ခွင့်မရှိတဲ့ သူတစ်ယောက်ကဘာလို့ ပျော်ရွှင်ခွင့်ကို မျှော်လင့်နေသေးတာလဲ? မျှော်လင့်မိတဲ့အတွက် ကိုယ့်ကိုကိုယ်အပြစ်ပေးလိုက်မယ်.. New year မှာ အလုပ်ကို overtimeဆင်းမယ်..
Dec 31 Evening...........
အလုပ်သွားဖို့ထွက်လာတယ်.. အနဲဆုံးတော့အလုပ်ကNight Shift ဆိုတော့ New Year Night မှာ အိပ်နေတာထက်ဆိုင်ရင် အဓိပ္ပာယ်ရှိအုံးမယ်.. အို.. New Year နဲ့ မဆိုင်ပါဘူး.. ငါ့ဘာသာငါ အလုပ်လုပ်ချင်လို့လုပ်တာ...
ဘာလို့ဒီလောက်အတွဲတွေများနေတာလဲ.. New Year ရောက်မှ ရည်းစားနဲ့အပြင်ထွက်ရ မှာလား? လူတွေဘာလို့ လှတပတ တွေပြင်ပြီး အပြင်ထွက်ကြ ပျော်ကြပါးကြတာလဲ?New year Night ဆိုတာကရော ဘာထူးခြားလို့လဲ? နှစ်တိုင်းရောက်နေတာပဲ.. တကယ်တော့ လူတွေအတွက် မှတ်ရလွယ်အောင် သတ်မှတ်ထားတဲ့ စာအုပ်တစ်အုပ် ကုန်လို့ နောက် တစ်အုပ် လဲတဲ့နေ့ပဲ.. ခပ်မဲ့မဲ့ အပြုံးတစ်ခုပြုံးမိတယ်.. ဒါပေမဲ့ ရင်ထဲမှာဆိုနင့်နေတယ်.. အားကျသလိုလို မနာလိုသလိုလို ...
အလုပ်မှာခါတိုင်းနေ့တွေထက် ခြောက်ကပ်နေတယ်.. Leave ယူတဲ့သူတွေ အများကြီးရှိပေမဲ့ OT လာတဲ့သူတော်တော်နဲတယ်.. Morning shift ကလူတွေကတော့ count down party အမှီသွားချင်ကြလို့ Night Shift သမားတွေအမြန်လာဖို့မျှော်နေကြတယ်.. သူတို့မျက်လုံးတွေမှာ အလုပ်ပြီးရင်ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတဲ့ စိတ်ကူးတွေနဲ့တောက်နေတယ်.. OT လာတဲ့ငါ့ကိုလဲ အံ့သြတဲ့ပုံတွေနဲ့ အကဲခပ်ကြတယ်.. တချို့ကလဲဘာလို့ OT လာတာလဲလို့ မေးကြတယ်..
လူမှုရေးနားမလည်တာလား.. ဘဝပေးဥာဏ်တိန်ကြတာလား..
"To Celebrate New year" လို့ အတတ်နိုင်ဆုံး ပြုံးပြီးဖြေလိုက်တယ်.. ရင်ထဲကလှိုက်လှိုက်လှဲလှဲ ပြုံးပြီး မဖြေနိုင်တဲ့အတွက် ကိုယ့်ကိုကိုယ် အရှုံးသမားလို့ခံစားရတယ်... ငါ့စိတ်ထဲက ငါနောက်တယောက်ရဲ့ ဟတ်ဟတ်ပတ်ပတ် လှောင်ပြောင်ရယ်သံကို ကြားလိုက်ရတယ်..
Dinnerချိန် အလုပ်ကလူတွေနဲ့ အနီးဆုံး shopping mall တခုသွားဖြစ်တယ်.. လူတွေများကြီး ရှုပ်ရှက်ခပ်နေတယ်.. ပျော်နေကြပုံပဲ.. "What's a big deal about new year?" လို့ရေရွတ်မိတယ်.. ချစ်သူလဲဒီအချိန် သူ့သူငယ်ချင်းတွေနဲ့ပျော်နေရောပေါ့.. ဘာလို့ငါကြတော့ ငါ့သူငယ်ချင်းတွေနဲ့မပျော်တာလဲ? တော်ပြီကွာ.. မေ့ထားချင်တဲ့အကြောင်းတွေက ဘာလို့ငါ့ခေါင်းထဲရောက်ရောက်လာတာလဲ..
ငါပေးဆပ်သလောက် အမြဲငါ့ကို တန်ရာတန်ကျေးပြန်ပေးဆပ်တတ်တဲ့ ငါရှာထားတဲ့ ပိုက်ဆံတောင်ဒီနေ့ငါ့ကိုသစ္စာဖောက်ပြီး အလုပ်က locker ထဲမှာကျန်ခဲ့တယ်.. ဒါပေမဲ့ သူကချစ်သူလိုမဟုတ်ဘူး.. ကြိုက်တဲ့သူဆီကနေအစားထိုးလို့ရတယ်.. အတူထွက်လာတဲ့ လုပ်ဖော်ကိုင်ဖက်ဆီက ယူပြီးသုံးလိုက်တယ်.. ဘာမှသိတ်မစဉ်းစားဘဲ သူများကောင်းတယ်ပြောတာ ဝယ်ပြစ်လိုက်တယ်.. အနဲဆုံးတော့ ပတ်ဝန်းကျင်ကိုခဏမေ့နေနိုင်တယ်လေ..
အလုပ်ကိုပြန်ရောက်တော့ 12နာရီထိုးပြီ.. ph ထဲကို New Year msg တွေသူငယ်ချင်းတွေဆီက ခဏ ခဏရောက်တယ်.. Happy New year လို့ wish ပေးနေလိုက်ကြတာ.. သူတို့ wishes တွေကငါ့အသဲကို blade ဓားလေးနဲ့ပါးပါး မွှမ်းနေသလိုဆိုတာ သူတို့သာ သိနိုင်မယ်ဆိုရင်လေ.....
ခါတိုင်းနှောက်ယှက်နေကျ ph သရဲကလဲ ဇွဲကြီးပါ့.. ဒီလောက်အချိန်ကြာကြီး ph မကိုင် msg မပြန်ပဲနေတာတောင်.. ဒင်းက အငိုက်ဖမ်း ပြီး pfingo နဲ့ခေါ်တယ်.. ဒီလောက် ဥာဏ်မှီမယ်လို့ တွက်မထားမိဘူး.. ထင်မိတာက ချစ်သူများ သူရောက်နေတဲ့နေရာမှာ internet ဆိုင်ရှိလို့ ph ခေါ်တာလား.. ငါကန့်ကွက်တဲ့ ခရီးကို ထွက်သွားတဲ့ ချစ်သူကို အနဲဆုံး ၁ပတ်လောက်တော့ မခေါ်ပဲနေမယ်လို့ စိတ်ကူးထားတဲ့ငါ.. pfingo no. နဲ့ ph မည်တော့ မစဉ်းစားပဲကိုင်မိတယ်..
ကျိုက်ထီးရိုးမှာ မနှစ်ကရောက်တဲ့ထိတော့ INTERNET ဆိုင်မရှိဘူး.. ဒီနှစ်များရှိမလားဆိုတဲ့ ရူးနှမ်းတဲ့အတွေးကြောင့် ဘယ်သူမှ မသိပေမဲ့ တစ်ယောက်ထဲ အရှက်ကွဲခဲ့တယ်..
အလုပ် လာတဲ့သူတွေလဲ အလုပ်လုပ်ရင်း ငိုက်တဲ့သူငိုက် GAME နှိပ်တဲ့သူနှိပ် INTERNET SURF တဲ့သူ SURF နဲ့ တိတ်ဆိတ်နေတယ်.. ဘေးမှာလူတွေရှိနေရက်နဲ့ ဘာလို့ငါတစ်ယောက်ထဲလို့ ခံစားနေရတာလဲ?
ငါ့ကိုအမြဲအဖော်လုပ်ပေးနေကြ online ကရုပ်ရှင်တွေလဲ ကြည့်လွန်းလို့ ခေါင်းတောင်မူးနေပြီ.. English sub တွေတောင် အရင်လို ဦးနှောက်က အလျှင်မီဘာသာမပြန်နိုင်တော့ဘူး...
ONLINE တက်ကြည့်တယ် စကားပြောစရာအဖော်ရှိမလားလို့.... တစ်ယောက်မှ မရှိဘူး.. ရှိတဲ့ 2 ယောက်ကလဲ STATUS က "Fucking new year.." ဆိုတာတွေ.. သူတို့တွေရောဘာလို့ new year ကိုမုန်းတာလဲ.. အကြောင်းတခုခုတော့ ရှိမှာပေါ့.. ဒါပေမဲ့ စကားပြောဖို့ ကောင်းမဲ့ပုံတော့ မပေါ်.. online လာပြီး သူငယ်ချင်းတယောက်ယောက်နဲ့ စကားပြောဖို့ စဉ်းစားမိတဲ့ ကိုယ့်ကိုကိုယ် သတိပေး status လေး တခုရေးလိုက်မိတယ်..
"New Year တွင် စိတ်ညစ်သူများသာ online ရောက်ကြသည်"
ခဏနေတော့ သူငယ်ချင်းတယောက် online ရောက်လာတယ်.. သူလဲဘယ်မှသွားစရာမရှိဘူးတဲ့ တယောက်ထဲပဲတဲ့.. ဒီလိုနဲ့ သူနဲ့ချက်ဖြစ်တယ်.. စိတ်ညစ်စရာတွေ တိုင်ပင်လိုက် ဆွေးနွေးလိုက် အလုပ်လုပ်လိုက် အချိန်ကုန်မြန်သွားတယ်.. သူငယ်ချင်းရေ ကျေးဇူးပဲနော်..
Jan 1st 2008 morning 7:30am..........
မိုးလဲလင်းပြီ အလုပ်လဲဆင်းပြီ.. အလုပ်ပြီးရင်သွားစရာ လူမှုရေးကိစ္စတခုရှိတယ်.. အရင်အလုပ်က ကိုယ့်အပေါ်ကောင်းခဲ့တဲ့ အင်ဂျင်နီယာမ ကလေးမွေးလို့ သူ့အိမ်က အလုပ်နဲ့နီးလို့ တခါထဲဝင်မယ်စိတ်ကူးတယ်.. ဒါပေမဲ့ သူက 10amမှလာပါတဲ့.. ဒီကြားထဲ ငါဘယ်မှာသွားနေရမလဲ.. ညကဝယ်ထားတဲ့ အထုတ်တွေရော လက်ဆောင်ပေးဖို့ ယူလာတာတွေရော သယ်လိုက်ရတာ အများကြီး.. အလုပ်နားမှာနေတဲ့ သူငယ်ချင်းတယောက် ရှိတယ်.. သူနဲ့မတွေ့တာလဲကြာပြီ.. သူ့အိမ်သွားမယ်.. ph ခေါ်ကြည့်တော့.. အိပ်ချင်မူးတူးအသံနဲ့ သူမနေ့က 4am မှအိပ်တာတဲ့.. လာချင်ရင်တော့လာပေါ့ ဒါပေမဲ့ သူ့ကိုနှောက်ယှက်သလို ဖြစ်မှာစိုးလို့ ညကသွားတဲ့ shopping mall ပဲထပ်ပတ်နေတော့မယ် စိတ်ကူးနဲ့ သွားတော့ shopping mall ကလဲမဖွင့်သေး.. အော်.. ငါ့ဘ၀ ပိုက်ဆံသုံးချင်တာတောင် သုံးလို့မရပါလားနော်..
နောက်ဆုံး breakfast စားနေကြမဟုတ်ပေမဲ့ ထိုင်စရာရအောင် အနားမှာရှိတဲ့ Burger King ထဲဝင်ပြီး breakfast စားပစ်လိုက်တယ်.. တစတစနဲ့ 8နာရီလောက်ကျတော့ လူသွားလူလာ အတော်လေးများလာသည်.. အသက် ၁၄ ၁၅ နှစ်လေးတွေကလဲ အတွဲလေးတွေနဲ့ သူတို့ကိုယ်သူတို့ လူကြီးဂိုက်ဖမ်းပြီး ဖြတ်လျှောက်သွားတတ်တယ်.. ဘေးစားပွဲက အတွဲက ယောကျာင်္းကလဲ သူ့ကောင်မလေးကိုအလွန်ဂရုစိုက်ပုံရတယ်.. ခပ်လှမ်းလှမ်းက အဖိုးကြီးတွေကလဲ ဘော်ဒါတွေစုပြီးဘာတွေပြောနေကြမှန်းမသိ.. တယောက်ထဲလျှောက်လာတဲ့ လူတယောက်တွေ့တော့.. ငါ့လိုပဲတစ်ဃောက်ထဲသမားရှိပါသေးလားဆိုပြီး အားတက်မယ်ကျန်တုန်း ခပ်လှမ်းလှမ်းကလူကို လက်ပြပြီးတူတူထွက်သွားကြသည်.. ဒီတော့မှသေချာ သတိထားမိလိုက်တော့ တစ်ယောက်ထဲရှိတာငါတစ်ယောက်ထဲပါလား.. ပတ်ဝန်းကျင်ကလူတွေကို ခံပြင်းတယ်.. ကိုယ့်ကိုကိုယ် ဝိဥာဏ်တစ်ကောင်လိုခံစားရသည်.. ငါရှိနေတာရောဒီလောကမှာ သတိထားမိတဲ့သူရှိရဲ့လား? ခါတိုင်း new year တွေ ဒီလိုမခံစားရဘူး ဒီနှစ်မှဘာလို့ခံစားရတာလဲ? ချစ်သူကတော့ငါမပါလဲပျော်နေနိုင်မှာပါ..
ဖြတ်လျှောက်သွားတဲ့ သူတချို့မှာ ချစ်သူနဲ့တူတဲ့သူတွေတော်တော်များသလိုပဲ.. ချစ်သူမျက်နှာကိုပဲ သေချာမမှတ်မိတော့လို့လား.. ဒါမှမဟုတ် ရုပ်ရှင်တွေထဲကလို မျက်စိကပဲလှည့်စားပြီး ကြည့်လိုက်တိုင်းသူ့ကိုမြင်နေတာလား? ကိုယ့်ကိုကိုယ် မညှာတမ်း ခပ်ရိုင်းရိုင်းပြောရရင် ဟိုအရူးတမျိုးများဖြစ်နေပြီလား.. ကဗျာဆန်ဆန်ပြောရရင်တော့ အချစ်ရူးလို့ခေါ်မယ်ထင်တယ်...
"အို.. တစ်ယောက်ထဲဆိုတော့ရောဘာဖြစ်လဲ.. ပိုတောင်လွတ်လပ်သေး.. စားချင်တာလဲ သူများနဲ့ညှိစရာမလို ဝယ်ချင်တာဝယ် အကုန်ကိုယ့်အတွက်ပဲစဉ်းစားစရာလိုတယ်.. မွေးကထဲကလည်း တစ်ယောက်ထဲပဲ.. ဘာလို့အသက်ကြီးမှ မွေးခါစကလေးလောက်တောင် သတ္တိမရှိတာလဲ.. " အိတ်ထဲမှာပါတဲ့ မိတ်ကပ်တွေ lipstick တွေထုတ်လိမ်းမိတယ်.. အဲလိုဆို confident လေးများပိုရလာမလားလို့.. လိမ်းနေရင်း ဘယ်ကမှန်းမသိ ဘာကြောင့်မှန်းမသိ မျက်ရည်တွေဝိုင်းလာတယ်.. ဪ.. ငါဟာ သနားစရာ သတ္တဝါ တစ်ကောင်ပါလား..
မိတ်ဆွေအိမ်ကလည်းလမ်းမှား လျှောက်ပြီးရှာမတွေ့တော့ ပတ်ဝန်းကျင်ကလူတစ်ယောက်မေးကြည့်မှ တော်တော်ဝေးနေမှန်းသိရတယ်.. taxi တွေကလဲ ဟိုတလောကမှ rule ပြောင်းပြီးဈေးတက်တာရော Jan 1 public holiday ဖြစ်နေတော့ ဈေးပိုပေးရမှာရောဆိုတော့ မစီးချင်ပေမဲ့ စီးလိုက်ပါတယ်.. taxi စီးတာ တောင် ဒီ new year ကြောင့် ပိုက်ဆံပိုပေးရတယ် တကယ်ဆိုးတဲ့ new year... သတင်းလေးဘာလေးမေးပြီးပြန်တော့ အပြန် bus ကဂိတ်စ ဂိတ်ဆုံး ၁နာရီလောက်အကြာကြီးစီးရတာ.. high way လမ်းကသွားတဲ့ကားဆိုတော့ တကယ့်ကို မြန်မာပြည်မှာ ခရီးထွက်နေရသလို ခံစားရလို့ အဲဒိကားစီးရတာကို အရင်က နှစ်သက်တယ်.. အမြဲထိုင်နေကျ driver နောက်တည့်တည့်က သီးသန့်အကန့်လေးလိုဖြစ်နေတဲ့၂ယောက် ခုံမှာ ၁ခုံပစ္စည်းတင် ၁ခုံမှာဝင်ထိုင်လိုက်တယ်.. လျှောက်စဉ်းစားမိမှာစိုးလို့ ph ထုတ်ပြီး သီချင်းနားထောင်မိလိုက်တယ်.. ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးတာလား အဆွေးဓာတ်ခံရှိတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရမလား.. ဟိုနေ့ကမှ ph ထဲက သီချင်းတွေ ramdomly အသစ်ထည့်ထားမိသမျှက ကိုယ့်ကိုစောင်းဆိုနေသလိုလို..
Lဆိုင်းဇီက "အရှုံးနဲ့အမုန်းငါ့အတွက်ပဲလား? အချစ်တွက် ကံမကောင်းတဲ့သူပါ"တဲ့
မျိုးကြီးက "နင်ရယ်ငါရယ်ခုတလောထဲ အဆင်မပြေတာတွေသိပ်များတယ်.."တဲ့
ဧကရီကလဲ "မင်းနဲ့ဝေးနေတဲ့အချိန်ငါ့မှာ တစ်ယောက်ထဲ လွမ်းဆွတ်လို့ကျေကွဲ" တဲ့
Aero smithကလဲ "I don't wanna miss a thing" တဲ့
Lလွန်းဝါကလဲ "ခွင့်လွှတ်ရင်းအမြဲ ဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ.."တဲ့ ဒီသီချင်းကကောင်းပါတယ် အဲဒိသီချင်းထဲကကောင်မလေးလိုလဲ ချစ်သူကိုချစ်ချင်တယ်.. ဒါပေမဲ့ သူ့ကို ခွင့်မလွှတ်ပေးနိုင်သေးဘူး..
မှတ်ထားတဲ့သူနဲ့ အမှတ်ခံရတဲ့သူမှာ မှတ်ထားတဲ့သူက ပိုပင်ပန်းပါတယ်.. အမှန်တော့မှတ်ထားတဲ့သူက သူကိုယ်သူ အရှုံးသမားလို့ မသိစိတ်ကခံစားရလို့ မှတ်မိနေတဲ့ အရှုံးသမားအစစ်တွေပါ.. ကျမအမြင်တော့ ခွင့်လွှတ်ပေးတယ်ဆိုတာ ချစ်သူကိုအရမ်းချစ်လို့လဲဖြစ်နိုင်သလို .. ကိုယ့်ကိုကိုယ်ပိုချစ်လို့ သူ့အတွက် သိပ်မခံစားပေးလို့လဲဖြစ်နိုင်ပါတယ်.. ဆိုလိုတာကတော့ "he means nothing to me" or "he doesn't mean much to me" ပေါ့..
စိတ်ထဲမှာ အားမလိုအားမရဖြစ်မှုနဲ့သိမ်ငယ်မှု ခံစားရတိုင်း သူ့ကိုခွင့်မလွှတ်ဘူးလို့ ကျမပြောမိတယ်.. တကယ်တမ်းတော့ ခွင့်မလွှတ်နိုင်သေးတာလဲ "he means everything to me" မို့ပါ..
ချစ်သူကပြောဖူးတယ်.. ဘလော့ထဲမှာရေးမဲ့အစား သူနဲ့ chat ရင်ပြောပါလားတဲ့..
chat မှာစိတ်ထဲရှိသမျှ မကျေနပ်ချက်တွေထုတ်ပြောရင် ချစ်သူမုန်းသွားမှာကြောက်တယ်.. မပြောပဲ ကိုယ့်စိတ်ထဲမှာပဲထားပြီး မွန်းကျပ်လာရင် ချစ်သူကိုမုန်းမိသွားမှာစိုးတယ်.. သူ့ကိုမမုန်းချင်ဘူး.. ကိုယ့် blogမှာရေးချင်တာရေးချလိုက်ရတော့ စိတ်ပေါ့သွားတယ်..
နှစ်တစ်နှစ်ရဲ့ ပထမဆုံးနေ့မှာ ဖြစ်ပျက်တဲ့အရာတွေကတနှစ်လုံး အဲလိုမျိုးတွေဖြစ်နေတတ်တယ်လို့ ကြားဖူးတယ်.. အဲဒါကြောင့် ဒီလိုနေ့မျိုးမှာ ချစ်သူနဲ့ အတူမရှိတောင် online လေးတော့တွေ့ချင်ခဲ့တာ.. ဘာလို့ နှစ်သစ်ကူးတိုင်း ချစ်သူနဲ့အတူမရှိရတာလဲ.. မြန်မာနှစ်ကူးပဲ ဖြစ်ဖြစ် New Year ပဲဖြစ်ဖြစ်.. ဘာလို့ချစ်သူနဲ့အတူတူ happy memory မရှိတာလဲ?
သင်္ကြန်တုန်းကလဲ သင်္ကြန်အလျှောက် ရေစိုစိုမှာ ချစ်သူကိုစောင့်ရင်း ငိုခဲ့ရဖူးတယ်.. ခုလဲ ပါးပြင်ပေါ်ကိုမျက်ရည်တွေပူကနဲ စီးကျလာမှ ဒီရောက်တတ်ရာရာအတွေးစတွေကို ဖြတ်ပြစ်ဖို့ကြိုးစားတယ်..
New Year မှာမငိုချင်ဘူး.. မြန်မာနှစ်ဆန်း၁ရက်နေ့က လည်းငိုခဲ့ရပြီးပြီ..အဲဒါကြောင့်များ ခုငိုနေရတာလား? တနှစ်လုံးငိုနေရမှာစိုးတယ်.. ကြေကွဲမျက်ရည်တွေက သုတ်လေထွက်လေပဲ.. အဲဒါကြောင့် နှစ်သစ် 2008 ကြီးကို ကြည်နူးမျက်ရည်လိုလိုအထင်လွဲအောင်.. မျက်နှာကိုအတတ်နိုင်ဆုံးပြုံးပြီး ရေရွက်မိလိုက်တယ်
"HAPPY NEW YEAR 2008".............................

Thursday, December 13, 2007
Enchanted preview - WaltDisney Production
သူငယ်ချင်းတစ်ယောက်က ကောင်းတယ်လို့ပြောလို့ မနေ့က “Enchanted” ဆိုတဲ့ WaltDisney
ကထုတ်လုပ်ဖြန့်ချိတဲ့ ရုပ်ရှင်သွားကြည့်ဖြစ်တယ်.. ဗေဒါတို့ကတော့ ရုပ်ရှင်ကြည့်ဖို့ဆို ၂ခါမခေါ်ရဘူးလေ.. ဇာတ်လမ်းလေးကတော့ စိတ်ကူးရင်ဇာတ်လမ်းလေးပါပဲ.. ပြောပြအုံးမယ်နော်..

ကာတွန်းကမ္ဘာက အချစ်စစ်ကို ယုံတဲ့ မင်းသမီးလေး “Giselle” နဲ့ မင်းသားလေး “Edward” လက်ထက်မဲ့နေ့မှာ.. မင်းသားလေးရဲ့ မိထွေးစုန်းမကြီးက မင်းသမီးလေးကို wishing well ထဲတွန်းချလိုက်ရာက လူ့ပြည်ခုခေတ် New york ကို ရောက်သွားတာက စတာပေါ့..
လူ့ပြည်အကြောင်း မသိနားမလည်တဲ့ စိတ်ကူးရင်ကမ္ဘာက Giselle ဟာ.. ဒုက္ခတွေတွေ့ပြီးနောက်ဆုံး စိတ်ကောင်းရှိတဲ့ Robert နဲ့ဆုံပြီး သူ့ apartment မှာ ၁ညနေခွင့်ပေးခဲ့တယ်.. ဘာလို့ လဲဆိုတော့ Robert ကသူ့ကို စိတ်မနှံ့တဲ့ မိန်းကလေးလို့ထင်နေလို့လေ.. နောက်ပြီး fairy tale တွေကို ကြိုက်တဲ့ သူ့သမီးလေးရဲ့ ပူဆာမှုကြောင့်လဲ ပါတာပေါ့… Robert အကြောင်းပြောရမယ်ဆိုရင်တော့.. divorce lawyer အဖြစ် အလုပ်လုပ်နေတဲ့ မုဆိုးဖို ကလေး၁ယောက် အဖေပေါ့.. fairy tale တွေ.. True love’s first kiss တွေကို အယုံကြည်မရှိတဲ့ သူပေါ့.. အဲ.. ပြီးတော့ သူက Nancy ဆိုတဲ့ မိန်းကလေးနဲ့ လက်ထက်ခါနီးပြီ။
Giselle ရဲ့ ကာတွန်းတိုင်းပြည်က မင်းသားလေးကလည်း မင်းသမီးလေးကို ကယ်ဖို့ လူ့ပြည်ကိုလိုက်လာလေရဲ့.. စုန်းမကြီးကလည်း သူ့လူယုံကို လွှတ်ပြီး မင်းသမီးလေးကို အဆိပ်ပန်းသီး ကျွေးခိုင်းလိုက်သတဲ့..
ဒီလိုနဲ့ နောက်ဆုံးတော့ အတိုချုံးပြောရရင် စုန်းမကြီးရဲ့ အကြံအောင်ပြီး မင်းသမီးလေး အဆိပ်ပန်းသီးကိုစားလိုက်ပါလေရော.. မင်းသမီးလေးကို ပြန်သတိရစေချင်ရင် ထုံးစံအတိုင်း အချစ်စစ်က နမ်းရမယ်ပေါ့.. ဒါပေမဲ့ ကာတွန်းကမ္ဘာက မင်းသားလေးနမ်းတဲ့ အခါ Giselle တယောက် သတိပြန်မရခဲ့ပါဘူး.. ဘာလို့လဲဆိုတော့ အတူနေခဲ့ရတဲ့ အချိန်တွင်းမှာ သံယောဇဉ်ဖြစ်ခဲ့တဲ့.. Giselle မသိတဲ့ လူ့လောကအကြောင်းတချို့ကို သင်ပေးခဲ့တဲ့ Robert က သူမ မသိလိုက်ချိန်မှာ ချစ်မိလိုက်တဲ့ မင်းသားလေးအစစ်ဖြစ်နေလို့ပါပဲ…
ဒီကားရဲ့ဇာတ်လမ်းကတော့ ဘာဖြစ်မယ်ဆိုတာ အားလုံးခန့်မှန်းထားလို့ရမှာပါ.. ဒါပေမဲ့ ကာတွန်းတိုင်းပြည်နဲ့ လူ့ပြည်ရဲ့ကွာခြားချက်တွေ… မင်းသမီးရဲ့ မသိပဲ လုပ်တဲ့ အရာတွေ.. လူ့ပြည်မှာလဲ တခုခုဖြစ်ရင် ကာတွန်းပြည်လိုပဲထင်ပြီး သီချင်း ထထဆိုလို့ အရှက်ကွဲရတာတွေ.. လိုက်ကာတွေကို ဖြဲပြီး အင်္ကျိချုပ်ချုပ်ဝတ်တာတွေ စသည်ဖြင့် ပျော်စရာကောင်းအောင်ရိုက်ထားတဲ့ စိတ်ချမ်းသာစရာ ဇာတ်လမ်းလေးပါ..
မင်းသမီးလူဖြစ်ခါစ စ စတွေ့ချင်းတော့ နဲ နဲ အသက်ကြီးသလိုထင်ရပြီး.. မှန်းထားသလောက်မချောသလိုပဲ ထင်ရပေမဲ့.. သူ့ရဲ့ ကာတွန်းထဲက ဟန် အတိုင်းသရုပ်ဆောင်တတ်မှုဟာလဲ ချီးကျုးစရာပါပဲ.. နောက်ကြည့်ရင်းနဲ့ မင်းသမီးနဲ့ ခုခေတ်မင်းသားနဲ့ ဟာ အလွန်လိုက်ဖတ်ပြီး ကြည့်ကောင်းလာပါတယ်..
အကြိုက်ဆုံးကတော့.. ကာတွန်းထဲကအတိုင်း ဆိုကြ ကကြနဲ့.. တိရိစ္ဆာန်လေးတွေနဲ့ စကားပြောကြ.. ရိုက်ထားတဲ့ အချက်ကိုပါ.. ပါဝင်တဲ့ သီချင်းအားလုံးလိုလိုလဲ တော်တော်ကောင်းပါတယ်.. လူတွေနဲ့ သရုပ်ဆောင်ပြီး ကာတွန်းပုံအတိုင်း ရိုက်နိုင်ခဲ့ပါတယ်.. အောက်က vedio clip လေးကတော့ မင်းသမီးပန်းခြံထဲမှာ သီချင်းဆိုတာလေးပါ.. “That’s how you know” လို့အမည်ရပါတယ်.. သီချင်းလေးကကောင်းပြီး ပျော်စရာလေးပါ.. မဗေဒါနဲ့ အတူ ဒီသီချင်းလေးကြည့်ရင်း ခဏတာအမောတွေဖြေနိုင်ကြပါစေ…
စာကြွင်း- မင်းသားလေးအတွက်လဲ စိတ်မကောင်းမဖြစ်ကြပါနဲ့.. Robert ရဲ့ဇနီးလောင်း Nancy နဲ့ မေတ္တာမျှပြီး ကာတွန်းကမ္ဘာမှာ လက်ထက်လိုက်ကြပါတယ်..

Sunday, December 09, 2007
မဗေဒါတစ်ယောက် ဘယ်ပျောက် (သို့) ရင်ကိုစွဲညှိ စေတဲ့ K-drama
မဗေဒါတစ်ယောက် ပိုစ့်အသစ်မတင်ပဲပျောက်နေလို့ စိတ်မရှိကြပါနဲ့နော်.. ပျောက်တာလဲမပြောနဲ့ ခုတလောအလုပ်နဲ့အိမ် အိမ်နဲ့အလုပ် တစ်ရက်တစ်လေအားပြန်တော့ ဖေဖေ မေမေတို့အတွက် အချိန်ပေးပြီးအပြင်ထွက်ရ.. တချို့လူမှုရေးကိစ္စတွေကရှိသေး..
ရန်ကုန်မှာအားရှိ အိမ်မကပ်ချင်လို့ အပြင်သွားဖို့ အမြဲအကြံထုတ်နေတတ်တဲ့ဗေဒါတစ်ယောက် စလုံးယောက်မှ အိမ်မှာနေချင်လှပါချီရဲ့ဆိုတာတောင် နေဖို့အချိန်မပေးနိုင်ဘူးဖြစ်နေတယ်.. တရုတ်ကားထဲကစကားသုံးပြောရရင် မိုးနတ်မင်းကအမြင်ကပ်ကပ်နဲ့အပြစ်ပေးတယ်ထင်ပါ့.. ဟတ်... ဟတ်...
အရင်ပိုစ့်တွေတုန်းက တခါတလေ အလုပ်ကနေ WEB TEXT EDITOR သုံးပြီးရေးရတာ.. အိမ်မှာကျတော့ mood ကမရဘူး..
ခုတလောအလုပ်ကနေပိုစ့်ရေးဖို့ကလဲ သူဌေးမလစ်ဘူးဖြစ်နေတယ်.. လစ်ပြန်တော့လဲ အလုပ်ကများလို့မရေးဖြစ်.. ခုတောင် SUNDAY သူဌေးမလာလို့.. အဟိ....
ဘလော့ကို အမြဲ UPDATE လုပ်နိုင်တဲ့ ဘလော့ဂါတွေကို လေးစားတယ်ရှင်.. မဗေဒါတော့ အဲလိုမလုပ်နိုင်သေးဝူး... လိုသေးတယ်...
မအားဆိုဗေဒါ့ ဝါသနာ ရုပ်ရှင် ဗီဒီယိုနဲ့ ဇတ်လမ်းတွဲတွေဖတ်တောင် မလှည့်ဖြစ်ဖူး..
အဲ...ဒါပေမဲ့ ဟိုနေ့က ကြည့်ဖြစ်လိုက်တဲ့ ကိုရီးယား ဇာတ်လမ်းတွဲတစ်ခုကတော့ ဆွဲသွားပြန်ပြီ.. အဲဒိကားကြည့်ပြီး အငိုကောင်းတာ နောက်နေ့အလုပ်သွားတော့ ဗေဒါ့မျက်လုံးတွေမို့လို့.. အားလုံးကဝိုင်းမေးကြတော့.. ရှက်လိုက်တာ.. နောက်မှဗေဒါရှင်းပြလိုက်တော့ "အော်.. ဖြစ်ရလေ.." ပေါ့.. ဟဲ.. ဟဲ.. ပုံမှန်အားဖြင့်တော့ ငိုရတဲ့ကားတွေကို သိတ်မကြုက်ပါဘူး.. စိတ်အပန်းဖြေချင်လို့ ရုပ်ရှင်ကြည့်တာ အဲဒိအတွက် ထပ်စိတ်မဆင်းရဲချင်ဘူးလို့ ယူဆတယ်လေ.. (ရုပ်ရှင်သဘော ရသမြောက်အောင် ပါသင့်သလောက်ပါတာကိုတော့ လက်ခံပါတယ်.. ၁ကားလုံး တရွဲရွဲငိုရတဲ့ ရုပ်ရှင်တွေကို ဆိုလိုတာပါ).. ဒါပေမဲ့ ဗေဒါခုကြည့်လိုက်မိတဲ့ ကားက တစ်ကားလုံးငိုစရာချည်းပါပဲ.. ဟင်း.. မင်းသား မင်းသမီးသာမချောရင် ဆက်ကြည့်ဖြစ်ပါ့မလား မသိဘူး.. ဇာတ်လမ်းမကောင်းလို့တော့ ဟုတ်ဖူး.. ကိုယ့်အကြောင်းကိုယ်သိလို့..
ရုပ်ရှင်ကြည့်ပြီး အဲဒိဇတ်လမ်းကို ပြန်ပြန်ဝေငှတတ်တာလဲ ဗေဒါ့ဝါသနာပေါ့.. တချို့တွေကလဲ နားထောင်ရတာ သိပ်စိတ်မဝင်စားကြပါဘူး.. တချို့ကျတော့လဲ ဇတ်လမ်းကြိုမသိချင်ကြဘူးလေ.. အရသာပျက်တယ်လို့ထင်ကြတယ်.. ဒါပေမဲ့ ဗေဒါကတော့ ကြည့်ပြီးတဲ့သူ ပြန်ပြောပြတာကို နားထောင်ရတာလဲ ကြိုက်တယ်.. ဗေဒါကြည့်ပြီးရင်လဲ ပြန်ပြောပြချင်တယ်..
ဒီတော့ ဗေဒါ့ ဘလော့မှာ ရေးပြီးတော့ပဲ ပြန်ပြောပြတော့မယ်.. စိတ်ဝင်စားရင်လဲ ဆက်ဖတ်.. မဝင်စားတဲ့သူလဲ ဖတ်နဲ့တော့.. ဗေဒါတော့ အားမနာတမ်းပြောပြီ... ဟီး.. ဟီး..

ဇာတ်လမ်းနာမည်က "HWANG JIN YI" တဲ့.. ၁၆ရာစုနှစ်လောက်က နာမည်ကြီး gisaeng ၁ယောက်ရဲ့အကြောင်းပေါ့.. gisaeng ဆိုတာ ဂျပန်က ဂေးရှာတွေလိုပဲပေါ့.. အဲဒိမိန်းကလေးတွေက ငယ်ငယ်ထဲက အဆို အက အတီး နဲ့ တခြားမိန်းမတို့တတ်အပ်တဲ့ပညာတွေကို ကောင်းစွာသင်ကြားခဲ့ရပေမဲ့ အရွယ်ရောက်တဲ့အခါကျရင်တော့ အရာရှိအရာခံတွေရဲ့ ဖျော်ဖြေရေးနဲ့ အသုံးတော်ခံတွေပေါ့.. (အသုံးတော်ခံဆိုတာ ဘာကိုဆိုလိုလဲ စာဖတ်သူ ကိုယ့်ဘာကိုယ်ပဲ သဘောပေါက်လိုက်နော်.. ဗေဒါလဲပြောပြတတ်ဝူး...)
အဲဒိခေတ်က လူတန်းစားခွဲခြားတဲ့ အချိန်တွင်းမှာ ဆင်းရဲတဲ့တချို့မိန်းကလေးတွေက အဲဒိအလုပ်ကိုဝင်လုပ်ကြတယ်.. ဒါတောင် လုပ်ချင်တိုင်းလုပ်လို့ရဝူး. ရုပ်ရည်ရှိရတယ်.. talent ရှိရတယ်..
gisaeng ကမွေးတဲ့ကလေးကလဲ gisaeng ပဲလုပ်ရမယ်ဆိုတဲ့ ဥပဒေရှိတယ်.. ပြီးတော့ gisaeng တွေကိုတရားဝင် လက်ထပ်လို့မရဘူး (stupid law).. အဲဒါကြောင့် ဟွမ်ဂျင်းရိ ရဲ့အမေက သူ့သမီးကို မြို့စွန်ကဖုန်းကြီးကျောင်းမှာ ခဏအပ်ထားခဲ့တယ်..
ဒါပေမဲ့ဖြစ်ချင်တော့ သူအမေကိုတွေ့ချင်လို့လိုက်ရှာရင်း ဟွမ်ဂျင်းရိတယောက် gisaeng တွေရဲ့ ဖျော်ဖြေရေးအကကို တွေ့ပြီး အရမ်းသဘောကျပြီး သင်ယူချင်လာတယ်.. အဲဒိအချိန်မှာလဲ gisaeng အဖွဲ့ခေါင်းဆောင်ဟာ သူ့အဖွဲ့မှာ သူ့ကိုဆက်ခံနိုင်မဲ့ talent ရှိတဲ့ တပည့်တစ်ယောက် လိုချင်နေခဲ့တယ်.. ဒီလိုနဲ့ သူ့အမေတားတဲ့ကြားက ဟွမ်ဂျင်းရိ အဖွဲ့ထဲဝင်ဖို့လက်ခံခဲ့တယ်.. သူ့အမေနဲ့လဲ အဲဒိမှာပြန်တွေ့တယ်.. သူအမေက ဒီအလုပ်ရဲ့အကျိုးဆက်ကိုသိတယ်လေ.. အရွယ်ရောက်လို့ချစ်တဲ့သူနဲ့ လက်ထပ်လို့မရပဲ စိတ်ဆင်းရဲရမှာကိုလဲ မလိုလားဘူး.. သူကကိုယ်တွေ့ကိုး.....
သူ့အမေပြောတိုင်း သူယောကျာင်္းမယူဘူး.. စိတ်လဲမဝင်စားဘူး လို့ပြောခဲ့တဲ့ ဟွမ်ဂျင်းရိ ၁ယောက် အသက်၁၉နှစ်မှာ အချစ်ဦးနဲ့ စတင်တွေ့ခဲ့ရပြီ...
မြို့စားကြီးရဲ့သား ကင်အွန်ဟိုဆိုတဲ့ ကောင်လေးက ဟွမ်ဂျင်းရိ ကိုမြင်မြင်ချင်းချစ်မိသွားပြီး မရမကကျိုးစားပြီးလိုက်ခဲ့တယ်.. သူ့ရဲ့စစ်မှန်တဲ့အချစ်ကြောင့် ဟွမ်ဂျင်းရိ နဲ့မေတ္တာမျှခဲ့ကြတယ်.. သိတဲ့အတိုင်းပဲလေ GISAENG ကယောကျာင်္းယူလို့မရတဲ့အထဲ NOBLEMAN နဲ့ဆိုတော့ ချစ်ခရီးကြမ်းပြီပေါ့.. ဒါပေမဲ့ ဟွမ်ဂျင်းရိ ခေါင်းမာထက်မြက်ပြီး အချစ်အတွက်အရာရာကို စိန်ခေါ်စွန့်လွှတ်ရဲခဲ့ပေမဲ့.. သူတို့၂ယောက် တူတူထွက်ပြေးမဲ့နေ့မှာ ဟွမ်ဂျင်းရိ ဆရာမရဲ့သတင်းပေးမှုကြောင့်အွန်ဟိုကို သူ့အမေမိသွားပြီး သူသေမှသွားရမည်ဆို၍ မိုးရေထဲဒူးထောက်တောင်းပန်းရင်း မနက်ရောက်တော့ အွန်ဟို၁ယောက် အသည်းအသန်ဖျားကာ အိပ်ရာထဲ ဘုန်းဘုန်းလဲတော့သည်.. ဟွမ်ဂျင်းရိ ဘက်မှာလည်းပြန်ဖမ်းမိ၍ အပြစ်ကိုခံယူနေရသည်.. ခြိမ်းထားပြီးရောက်မလာသည့် ချစ်သူကိုလည်း စိတ်ဆိုးနေခဲ့သည်.. အွန်ဟိုသတိပြန်ရတော့ နေမကောင်းသည့်ကြားမှ ချစ်သူဆီအရောက်သွားခဲ့သော်လည်း.. အထင်လွဲကာနေသော ချစ်သူ၏ဖြတ်ခြင်းကိုခံလိုက်ရသည်.. ဤသို့ဖြင့် မိဘအသိုင်းဝိုင်းကိုလည်းမလွန်ဆန်နိုင် ချစ်သူကိုလည်းအလွန်မြတ်နိုးတဲ့ အွန်ဟိုခမျာ စိတ်ထောင်းကိုယ်ကျေဖြစ်ပြီး နောက်ဆုံးအသက်ဆုံးတဲ့အထိပါပဲ (ငိုလိုက်ရတာ မပြောနဲ့ မျက်လုံးမို့တာ အဲဒါကြောင့် ပြောရင်း ငိုချင်လာပြီ..မယုံရင် ကြည့်ကြည့် ဗေဒါမပြောလိုက်ရတဲ့ အခန်းတွေများကြီး ကျန်သေးတယ်.. ဒါတောင် အတိုချုံး ပြောလို့)..
ချစ်သူနဲ့သေခွဲခွဲခဲ့ရအောင်လုပ်တဲ့ အထက်တန်းစားတွေနဲ့ သူ့ဆရာမကို ဟွမ်ဂျင်းရိ အမုန်းကြီးမုန်းပြီးကလဲ့စားခြေမယ်လို့ ကြွေးကြော်ခဲ့ပါတယ်.. သူမဘယ်လိုကလဲ့စားခြေမလဲ? ဘယ်လိုအခက်ခဲတွေနဲ့ရင်ဆိုင်ရအုန်းမလဲ? သူမရဲ့ချစ်ဇာတ်လမ်းဒီမှာပဲဆုံးပြီလား? အချစ်သစ်နဲ့တွေ့အုန်းမလား? နောက်တစ်ကြိမ် အချစ်ရေးကံခေအုန်းမှာလား? ဆိုတာတွေကိုတော့ စိတ်ဝင်စားရင် ကြည့်ကြည့်ပေါ့ကွယ်.. ဗေဒါကြည့်တာလဲ အပိုင်း၁၄ထိပဲရှိသေးတယ်.. ပြီးသေးဝူး.. ၂၄ပိုင်းရှိတယ်..
CASTING:
ဟွမ်ဂျင်းရိ အဖြစ် Ha Ji Won (100 days with mr.arrogant)
ကင်အွန်ဟို အဖြစ် Jang Geun Suk (one miss call)
Kim Jung Han(HJY's 2nd love) အဖြစ် Kim Jae Won(100days with mr.arrogant,wonderful life, my love pazzi)
and many more handsome man and pretty girls....

ကဲ..... ဒါဆိုရင်တော့ဗေဒါ ပိုစ့်အသစ်မရေးဖြစ်ပဲ ဘာတွေလုပ်နေလဲ သိပြီပေါ့နော်.... ဒီနေ့တော့ဒီလောက်ပါပဲ..
နားမယ်ကွယ်.......

Saturday, December 01, 2007
Beautiful Poems
မနေ့ကအလုပ်မှာ အလုပ်များတဲ့ကြားက internet surf ရင်း ကောင်မလေးတစ်ယောက်pageမှာ မဗေဒါသဘောကျတဲ့ ကဗျာလေးတွေတွေ့လို့copyလုပ်ဖြစ်သေးတယ်.. မဗေဒါက ကိုယ်တိုင်ကဗျာမရေးတတ်ပေမဲ့ ဗေဒါ့ခံစားချက်နဲ့တိုက်ဆိုင်တဲ့ ကဗျာလေးတွေတွေ့ရင်တော့ အရမ်းကြိုက်တယ်.. ပြီးတော့ သူ့ကဗျာလေးတွေမှာ backgroundပုံလေးတွေပါတာကိုလဲသဘောကျတယ်.. စိတ်ထဲကလဲ သူ့စိတ်ကူးနဲ့ အနုပညာကို လေးစားအားကျမိတယ်.. ကဗျာရေးသူက ကြယ်စင်လေးတဲ့.. သိပြီးသား လူတွေလဲရှိမှာပါ.. ဒီကဗျာလေးတွေကို မဗေဒါနဲ့အတူ လာလည်တဲ့သူတွေ ခံစားလို့ရအောင် တင်ပေးလိုက်တယ်နော်..

Wednesday, November 28, 2007
မိန်းကလေးတွေကို ချဉ်းကပ်နည်း (ရှောင်ကျဉ်ရန်)
ခုတလော ကျမဖုန်းကို ဘယ်သူမှန်းမသိ.. msg ပို့ ပို့နေတယ်.. English ကလဲ ညံ့လိုက်တာလွန်ရော.. ဘယ်သူလဲ.. ဘာကိစ္စလဲမေးတော့လဲခင်ချင်လို့ဆိုလား..
ကျမက msg မပြန်ရင်လဲ သူကပို့တာပဲ.. တခါတလေ ဖုန်းတောင်ခေါ်လိုက်သေးတယ်.. ကျမ ကိုင်ရင်ပြန်ချသွားရော.. တော်တော် အနှောက်အယှက်ဖြစ်ပါတယ်..
တခါကဆို အိပ်နေပြီ ဖုန်းမြည်တော့ ကမန်းကတန်း ထပြီးဖြေတော့ ပြန်ချသွားတယ်.. ဟိုနေ့ကလည်း ကျမအလုပ်ထဲမှာ ဖုန်းလာလို့ အမြန် ခက်ခက်ခဲခဲ ထုတ်ပြီးကိုင်ရပါတယ်.. (ကျမအလုပ်က clean room ဖြစ်၍ အပေါ်မှထပ်ဝတ်ထားသော uniform ကို ကျော်ပြီး ဖုန်းကိုယူရတာ မလွယ်လှပါ).. ဒါပေမဲ့ ကိုင်လိုက်တော့ ချသွားပြန်ပါတယ်.. စဉ်းစားကြည့်ပါ ဘယ်လောက် ဒေါသထွက်ဖို့ကောင်းလဲဆိုတာ..
အဲဒါ ကို အောက်တန်းကျတယ်လို့ကို ပြောလို့ရပါတယ်.. အဆင့်မရှိ.. လူလိုနားမလည်... !@#$%^&
ကျမ အမြင်မှာတော့ မိန်းကလေးတယောက်ကို ဒီလိုနည်းနဲ့ ချဉ်းကပ်တာ အလွန်တရာမှ အဆင့်အတန်းနိမ့်ပြီး.. idea ညံ့လွန်းပါတယ်.. မိန်းကလေးကကြည်ဖြူတယ်ဆိုရင်တော့ ဘာမှမပြောလိုပါဘူး... ဆယ်ကျော်သက်မိန်းကလေးတွေဆိုရင်တော့ ရင်ခုန်ချင်ခုန်မှာပေါ့.. ဒါပေမဲ့ ကျမ ဆယ်ကျော်သက်ဆိုလဲ ကျမကတော့ ဒီလိုနည်းကို personally ကိုမကြိုက်တာပါ.. ဘယ်သူမှန်းမသိတဲ့ လူတယောက်ကိုလက်ခံစကားပြောတယ်ဆိုတာ အလွန်တရာမှ အန္တရာယ်များပါတယ်.. သိတ်ခါလဲကျတယ်လို့ ထင်ပါတယ်.. အဲဒီမိန်းကလေးကို တဖက်လူကတန်ဖိုးမထားတာသေချာပါတယ်.. သူတကယ်စိတ်ဝင်စားရင် မိန်းကလေးကိုသူငယ်ချင်းမှဖြစ်စေ.. ဒါမှမဟုတ် တခြားနည်းနဲ့ဖြစ်စေ..မိန်းကလေး ကို ဂရုစိုက်ရင် ဂရုစိုက်သလိုအဆင့်အတန်းရှိတဲ့တခြားနည်းတွေတွေ့မှာပါ.. ဘယ်သူလဲ အသိမခံချင်ရင်လဲ.. အဲဒိမိန်းကလေးကို အနှောက်အယှက်မဖြစ်တဲ့နည်းကို သုံးသင့်ပါတယ်.. အဲလိုမျိုးဆိုရင်လဲ ကိုယ်စိတ်ထင်ရာနည်းကို ရှောက်မသုံးပဲ.. အဲဒီမိန်းကလေး သဘောကျလောက်တဲ့နည်းကို စဉ်းစားပြီး သုံးသင့်ပါတယ်.. ကိုယ်စိတ်ဝင်စားတဲ့ သူပဲ.. မိန်းကလေးရဲ့ like and dislike တွေကို တော့ သိသင့်တာပေါ့.. ဒါမှလဲ မိန်းကလေးက ထိုသူရဲ့ sincerity ကိုခံစားလို့ရမှာပါ..
အဲဒါကြောင့် အပေါ်က ပြောခဲ့သလိုမျိုး အောက်တန်းကျတဲ့နည်းနဲ့ချဉ်းကပ်ရင် လက်ခံစကားမပြောဖို့ မိန်းကလေးတွေကို တိုက်တွန်းပါတယ်.. ယောက်ကျားလေးတွေအနေနဲ့လဲ ကိုယ်တကယ်ချစ်တယ် တန်ဖိုးထားတယ်ဆိုရင် ခင်မင်မှုကို နည်းမှန်လမ်းမှန် လူကြီးလူကောင်းဆန်ဆန် နည်းလမ်းကိုသုံးပြီး ချဉ်းကပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်.. ကိုယ့်ရဲ့ impression ဟာ ကိုယ်သုံးတဲ့ first step ပေါ်မူတည်ပါတယ်.. first impression မှာ minus ပြခံရ ရင် အဲဒီမိန်းကလေးကို မရဖို့ ၈၀% သေချာနေပြီသာမှတ်လိုက်ပါတော့....
ခုလောလောဆယ်တော့ ကျမရင်ဆိုင်နေရတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ မသိသေးပါဘူး.. ဟိုနေ့ ကတော့ အဲဒိ အဆင့်မရှိတဲ့ လူကိုဖုန်းခေါ်ပြီး ဒါမျိုးဆက်လုပ်နေမယ်ဆိုရင် သက်ဆိုင်ရာကို တိုင်ပြီးအရေးယူမယ်လို့ ပြောလိုက်ပါတယ်.. ဒါပေမဲ့ အဲဒီလိုတကယ်လုပ်လို့ ရမရမသိပါဘူး.. သိရင် နည်းလမ်းလေးများပေးကြပါ.... ကျေးဇူးဆပ်ပါမည်.....

Sunday, November 25, 2007
ချစ်သူ့ ဆုတောင်း
ချစ်သူရေ .......
အတူတူရှိစဉ်က ...
နှစ်ကိုယ်ကြားပြောခဲ့တုန်းက ...
တိတ်တိတ်လေးခိုးနမ်းတုန်ကငါ .......
မတွေးမိခဲ့ ဖူး ...
တမ်းတရမရ့် ဒုက္ခကိုလေ .......
နှစ်ဦးသားကြေကွဲကြရုံကလွဲပြီး အခြားရွေးချယ်စရာ ... လမ်းတစ်ခု ... ဘ၀ဆက်တိုင်းအတွက် ...
ဖန်ဆင်းပေးပါ ... ကံကြမ္မာရယ် ...

ကြုံခဲ့ဖူးသမျှ သူငယ်ချင်းများ (3)
အဲဒိအချိန်တုန်းက "ရေးပေးပါ"ဆိုတဲ့စာအုပ်လေးတွေ ခေတ်စားတဲ့အချိန်ပေါ့.. အဲဒိစာအုပ်ထဲမှာ မေးခွန်းလေးတွေပါတယ် "ဘာအရောင်ကြိုက်လဲ.. NICK name ရှိလား.." စသည်ဖြင့် personal questions လေးတွေ အမူအကျင့်လေးတွေကို interview ထားတဲ့ပုံစံမျိုးပေါ့.. မိန်းကလေးတော်တော်များများ မှာရှိပါတယ်.. ကျမမှာလဲရှိခဲ့ဖူးတယ်.. အဲဒိစာအုပ်ရဲ့ first 3 pages မှာ ကျမအခင်ဆုံး သူငယ်ချင်း သူတို့ကို ရေးစေချင်ခဲ့တယ်.. ရေးလဲရေးခိုင်းခဲ့တယ်.. သူတို့ကအဲဒါမျိုးမရေးတတ်ဖူးလို့ ညင်းတယ်.. နောက်ဆုံး ကျမအရမ်းတောင်းဆိုလို့ မရေးချင်ရေးချင်နဲ့ ရေးပေးကြတယ်.. သူတို့ရှေ့မှာမဖတ်ရဘူးလို့ပြောတယ်.. ကျမလက်ခံခဲ့တယ်.. အဲဒိအချိန်တုန်းကတော့ ကိုယ့်အတွေးနဲ့ကိုယ်ကျေနပ်ခဲ့တယ်.. သူတို့ကအဲဒါမျိုးတွေ စိတ်မဝင်စားဘူး.. သူများတွေရေးခိုင်းလည်း မရေးတတ်လို့ပါဆိုပြီး ညင်းနေကြ.. ခုတော့ ကျမကိုရေးပေးတယ်ပေါ့..
ကျောင်းဆင်းခါနီးဖြစ်နေတော့ ကျောင်းကားတူတဲ့ SNOW ကို ကားပေါ်ရောက်မှပဲရေးခိုင်းခဲ့တယ်.. သူရေးပြီးတော့ ကျမလဲသိချင်လွန်းတာနဲ့ ချက်ချင်းဖတ်မိတယ်.. သူတို့၃ယောက်လုံးရေးထားတဲ့ ထဲမှာ "အမည်, လိပ်စာ"လောက်ကလွဲလို့ကျန်တဲ့မေးခွန်းတော်တော်များများက "-" လေးတွေချထားတာတွေ့ရပါတယ်.. အဆိုးဆုံးက "Who is your best friend?" လို့ မေးထားတဲ့ questions လေးမှာလဲ ၃ယောက်လုံး "-" ထည့်ထားပါတယ်.. ကျမရင်ထဲမှာဆို့နင့်ရပါတယ်.. စိတ်မကောင်းလဲဖြစ်တယ်.. သိလဲသိချင်တယ်.. ဘာ့ကြောင့်လဲဆိုတဲ့ မေးခွန်းက စိတ်ထဲမှာပဲ့တင်ထပ်နေတယ်.. ဒါနဲ့လောလောဆယ်အနားမှာရှိတဲ့ SNOW ကိုကျမမေးလိုက်တယ်..
"ဘာလို့ဒါကို မထည့်ထားတာလဲ?"
အေးဆေးစွာပဲ သူမပြန်ဖြေတယ်.. "ဘာရေးရမှန်းမသိလို့.."
ကျမပြန်မေးတယ်.. "နင့်မှာ အချစ်ဆုံး သူငယ်ချင်းမရှိဘူးလား?"
သူမ ခဏစဉ်းစား လိုက်ပြီး.. "အေး.. မရှိဘူး.."
ကျမ စိတ်ထဲမှာ ပြောချင်တာတွေအများကြီးပဲ.. ဒါပေမဲ့ ဘာတွေပြောချင်မှန်းလဲ သေချာမသိဘူး..
ဆို့နင့်နေတဲ့ရင်ဘတ်ထဲက စကားလုံးတွေရှိနေပေမဲ့ ကျမ ပါးစပ်အဟောင်းသားက ထွက်ကျလာတဲ့ စကားလုံးကတော့...
"ဟာ................."
၃မိနစ်လောက် ကျမစိတ်ကို ညိမ်အောင်ပြန်ထိမ်းလိုက်ပြီး....
"နင့် အချစ်ဆုံးသူငယ်ချင်းက ငါတို့မဟုတ်ဘူးလား?"
"ဟင့်အင်း......" သူမပြန်ဖြေလိုက်သည့်ပုံက ကျမကိုနာကျင်စေတဲ့ဆန္ဒလုံးဝမပါ.. ပုံမှန်စကားပြောတစ်ခုကဲ့သို့ပင်.. သူ့စိတ်ထဲရှိတာကိုဖြေခြင်းသာဖြစ်သည်.. ကျမစိတ်ထိခိုက်သွားသည်ကိုပင် သိပုံမပေါ်.. ကျန်တဲ့ ၂ယောက်လဲ သူမအတိုင်းတွေး၍သာ အဖြေတူခြင်းဖြစ်မည်.. ကျမထပ်မေးစရာမလို.. ကျမကိုဘယ်သူက ဘယ်အချိန်မေးမေး ကျမမှာအချစ်ဆုံး သူငယ်ချင်း ၄ယောက်ရှိတယ်လို့ မဆိုင်းမတွ ဖြေခဲ့တဲ့ ကျမ.. .. ကျမ မိသားစုက နင့်သူငယ်ချင်းတွေကလဲ တမျိုးပဲ.. စကားလဲ လှိုက်လှိုက်လှဲလှဲ မပြောဘူး လို့ဝေဖန်တိုင်း.. သူတို့က အဲလိုမဟုတ်ပါဘူးလို့ ကာပြောခဲ့တဲ့ ကျမ ..... ဘယ်သူ့ကိုအပြစ်တင်ရမည်နည်း?.. အမှန်တိုင်းပြောတဲ့ သူတို့ကိုလား? ရေးခိုင်းမိတဲ့ ကိုယ့်ကိုကိုယ်လား? ...
နောက်ဆုံး ကျမရဲ့ဒေါသနဲ့အပြစ်တင်မှုအားလုံးကတော့.. သတ်မဲ့ထိုစာအုပ်ပေါ်သို့.. ဒေါသထွက်ရင်ဖြစ်တတ်တဲ့ကျမရဲ့ ဝုန်းဝုန်းဒိုင်းဒိုင်းအကျင့်အတိုင်း.. ကျမစာအုပ်တစ်အုပ်လုံးကို ရစရာမရှိအောင် ဖြဲဆုတ်ပစ်လိုက်တယ်... ကျမပါးစပ်မှလဲ "ဟုတ်တယ်.. အချစ်ဆုံးသူငယ်ချင်းမရှိဘူး.. ငါ့မှာလဲမရှိဘူး.. အားလုံးကောင်းတယ်" ဆိုပြီးဘာတွေပြောလို့ပြောမိမှန်း မသိ... ဒီတော့ ဒေါသကြီးပြီး ဝုန်းဒိုင်းလုပ်မိတဲ့သူက အများအမြင်မှာအလွန်.....
အသဲကွဲတယ်ဆိုတာ ရည်းစားပြစ်မှ မဟုတ်ပါဘူး.. ခင်မင်မှုကို ဥပက္ခာပြုခံရတဲ့ အခါမျိုးမှာလဲရှိတတ်ပါတယ်....
ဆက်ရန်........ (မကြာမီ လာမည်.. မျှော်....)

Saturday, November 24, 2007
အလှကြိုက်သူများအတွက်
ခုခေတ်အတွဲတွေတော်တော်များများကိုကြည့်ရင်.. မိန်းကလေးက ယောင်္ကျားလေးထက်ပိုချောကြပါတယ် (no offend to guys).. ဘာလို့လဲဆိုတော့ ဒီခေတ်ကြီးထဲမှာ နည်းပညာတိုးတက်လာရုံတင်မကဘူး အလှပြင်ပစ္စည်းများနဲ့ အလှကုန်များဟာလဲ ကျမတို့မိန်းကလေးများပင် မနည်းအမှီလိုက်နေရပါသည်..
အလှကုန်ဆိုရာ၌ make up တစ်ခုတည်းဟု တွေးထင်မိကောင်းတွေးမိမည်.. "ငါကတော့ make up မသုံးပေါင်းသနပ်ခါးပဲလိမ်းတာ" ဟုဂုဏ်ယူတတ်သူများလည်းရှိသလို.. "ငါ့ကောင်မလေးက ရိုးတယ်အေးတယ် အလှကုန်မသုံးပဲကို natural beauty လေး"ဟုဂုဏ်ယူ၍ကြွားတတ်သော ယောကျာင်္းလေးများကိုလဲ တွေ့ဖူးပါသည်..
မည်သို့ပင်ဆိုစေ.. အလှအပမကြိုက်ဟု ပြောသောသူသည် အနည်းနှင့်အများ မသိစိတ်ကပင်ဖြစ်စေ သိစိတ်ကပင်ဖြစ်စေ လိမ်နေသည်ဟု ကျမခံစားမိသည်.. ယနေ့ခေတ်မြို့ပြလူတန်းစားထဲတွင် အလှကုန်ပစ္စည်းဖြင့်ကင်းကင်းရှင်းရှင်းနေနိုင်သူ မရှိ.. make up မသုံးသူများ အနည်းဆုံး shampoo တော့သုံးမည်.. conditioner တော့သုံးမည်.. shower cream တော့သုံးမည်.. facial fome or face wash တော့သုံးမည်.. ဤကဲ့သို့ လူသုံးကုန်ပစ္စည်းများကို အုပ်စုခွဲလျှင် အလှကုန်ဟူသောခေါင်းစဉ်အောက်တွင်ရှိလိမ့်မည်ဟု ကျမယုံကြည်သည်..
ယနေ့ခေတ်တွင် direct make up(foundation,cream purf, eye shadow,mascara,eye liner,etc..)ထက်.. indirect အလှကုန်များ natural beauty ဟုထင်ရအောင် ပြင်သောပစ္စည်းများနှင့်နည်းများမျိုးစုံရှိပါသည်.. face mask, lotion,whitening cream, toner, eye dark circle remover(မည်သို့ခေါ်သည်သေချာမသိပါ), winkle remover(မည်သို့ခေါ်သည်သေချာမသိပါ),ရေမွှေး,hair gelအမျိုးမျိုး စသည်ဖြင့် လိုက်မမှီနိုင်လောက်အောင် အမျိုးစုံလှပါသည်..
ဒါတင်မပြီးသေး ၄င်းပစ္စည်းများကိုလိမ်းချယ်ရာ၌ အသုံးပြုရသော ကိရိယာ များကရှိသေးသည်.. mascara တင်ပြီး မျက်တောင်ပိုကော့်စေရန် မျက်တောင်ညှပ်သည့်ကိရိယာရှိသည်.. cream purf အတွက် purf လိုသည်.. တချို့သောခဲတံ နှုတ်ခမ်းနီများအတွက် ချွန်စက်လိုသည်.. ပါးနီ,eye shawdow လိမ်းရန် brush လိုသည်.. မျက်ခုံးမွှေးနှုတ်ရန် ဇာဂနာ or blade ဓားလိုသည်..
ဟင်း ရှုတ်လိုကသည့်ဖြစ်ခြင်း.. ဒါတောင်ကျမ မသိတာအများကြီးကျန်သေးသည်..
ပြောရမည်ဆိုလျှင်.. ယောကျာင်္းများပင် အလှကုန်ဖြင့် မကင်းပေ.. တချို့သောပစ္စည်းများ၌ For men ဟူ၍ပင်သီးသန့်ရှိသေးသည်..
မနေ့က Singapore Expo မှာပြုလုပ်တဲ့ Loreal sale သွားပြီးထဲက ဤကဲ့သို့ အလှကုန်နှင့်ပတ်သတ်၍ ရောက်တက်ရာရာ အတွေးစများဝင်လာခြင်းဖြစ်သည်..၁နှစ်၁ခါ ဒီအချိန်လောက်ရောက်လျှင် ပြုလုပ်တတ်သော Loreal warehouse sale ကို မိန်းကလေးများတင်မက ယောကျာင်္းလေးများပင် စောင့်စားမြဲဖြစ်သည်..
မနေ့က ကျမရောက်သွားသည့်အချိန်တွင် လာဝယ်သူတွေ ပျားပန်းခတ်များလွန်းလှသည်.. အရင်ဆုံးကျမအတွက်လိုအပ်သော lipstick counter ကိုလိုက်ရှာမိသည်.. မတွေ့...
"lipstick သွားဝယ်မယ်ဟေ့" လို့ပြောလိုက်တဲ့မြန်မာ မိန်းကလေး၁ယောက်အသံနဲ့အတူ သူလက်ညှိုးထိုးလိုက်တဲ့နေရာကို ကျမကမန်းကတန်းလိုက်ကြည့်မိသည်.. "အားပါးပါး..." ကျမပါးစပ်မှရေရွတ်မိသည်.. (စင်ကာပူ စကားဖြင့်ဆိုရသော်.. wa lao way).. counter ကိုမမြင်ရ လုရက်တိုးနေကြသောမိန်းကလေးများသာ...
ဒါနဲ့ပဲ counter နားရောက်နေတဲ့ မြန်မာမလေး၁ယောက် တွေ့တာနဲ့.. လက်ထဲပါတဲ့အရောင်မတူတာယူပေးပါဆိုပြီး အကူညီတောင်းခဲ့ရတယ်..
လူတိုးတာလဲမပြောနဲ့ အပြင်ဈေး ၁၃ကျပ်လောက်ရှိတဲ့ lipstick ကအဲဒိမှာ ၅ချောင်း ၂၀ တဲ့ရှင်.. ရန်ကုန်ဈေးထက်ပင်သက်သာသည်.. qualityစိတ်ပူစရာမလို.. ဒါတောင်လူသဘော လူ့သဘာဝအတိုင်း အားလုံးတူတူကိုပင် ကောင်းတာလေးမှ လှတာလေးမှဟု ရွေးမဆုံးသော မမ များကရှိသေးသည်.. တချို့ကလည်း ကိုယ်သုံးဖို့အတွက်တင်မက လက်ဆောင်ပေးဖို့ပါဝယ်ကြသည်.. မိန်းမများ၏ လူတောတိုးမှူကို ဤနေရာတွင် ယောင်္ကျားများ လက်မှိုင်ချရလောက်သည်
မိန်းကလေး အလှကုန်ဟူ၍ ယောကျာင်္းလေးများနှင့်မဆိုင်ဟု မထင်နှင့်.. ပစ္စည်းတပွေ့တပိုက်ဖြင့်ဝယ်သွားသော ယောကျာင်္းလေးများလည်း တွေ့မိသည်.. honey, baby, sweety, aunty, မေမေ, မမ တို့အတွက် လက်ဆောင်ကောင်းလေ..
ဒီတော့ စကာပူမှာရှိတဲ့ ဗေဒါ့ စာဖတ်သူတွေ မဝယ်လိုက်ရမရှိရလေအောင် ဒီပိုစ့်လေးနဲ့ အကြောင်းကြားလိုက်တယ်နော်...
Promotion Period : 23,24,25 of Nov 07
Place : Expo
Time : Until 9pm

Friday, November 23, 2007
ကြုံခဲ့ဖူးသမျှ သူငယ်ချင်းများ (၂)
ဒီလိုနဲ့ ကျမတို့ ၅ယောက်ဟာကျောင်းမှာ အတွဲဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်.. သူတို့နဲ့ကျမ သူငယ်ချင်းသာဖြစ်တာ.. ကျမနဲ့သူတို့ကလုံးဝ type မတူဘူး.. သူတို့လေးယောက်က စာအရမ်းလုပ်တယ်.. အတန်းထဲမှာ ၁ to ၁၀ အမြဲရတယ်... ကျမကတော့ အမြဲ 10 to 20 ပေါ့.. ၁ခန်းမှာ ၈၅ယောက်ရှိတယ်လေ.. ကျမကတော့အလည်အလတ်ပဲပေါ့.. သူတို့ကစကားလဲ သိပ်မများဘူး.. ကျမကစကား အရမ်းများတာ.. စကားပြောရင် အသံကကျယ်သေးတယ်... ကျမအိမ်ကလူတွေကတောင် သူတို့နဲ့ ကျမသူငယ်ချင်းဖြစ်တာ အံ့သြကြတယ်..
ကျမကတော့ မအံ့သြပေါင်.. သူတို့ကစကားမများတော့ ကျမ၁ယောက်ထဲပြောရတာပေါ့.. ထမင်းစားချိန်ဆိုရင်.. ကျမကစားရင်းပြော သူတို့ကနားထောင်.. ဟုတ်နေတာပဲ.. ဒါပေမဲ့ စားလို့ပြီသွားရင် သူတို့က စာအုပ်ထုတ်ပြီး စာကျက်ကြရော.. ကျမကစောစောက စကားများနေတော့ ထမင်းမကုန်သေးဘူးပေါ့..
အဲဒိအခါကျရင်.. တခြားအုပ်စုတွေဆီသွားပြီး.. စကားများတယ်.. ရီစရာတွေပြောတာပေါ့.. ကျမက ထမင်းစားလဲ ကြီးတော့ အိမ်ကထည့်ပေးတာနဲ့မလောက်ဘူး.. (ပြောရတာတော့ ရှက်ပါတယ်).. ဒီတော့ အတန်းထဲက ထမင်းမကုန်တဲ့ slim body များရဲ့ ကယ်တင်ရှင်ပေါ့.. ထမင်းစားချိန်ဆို.. ဟိုလူက ထမင်းပေးချင်လို့ခေါ်.. ဒီလူကခေါ်ပေါ့.. ဒါပေမဲ့ ကျမလိုချင်တာက.. တခြားသူငယ်ချင်း အုပ်စုတွေလို.. စုစားကြ.. ဟင်းတွေလဲ စားကြ.. အဲလိုနေချင်တာ.. သူတို့ဟင်းတွေတော့ ကျွေးပါတယ်.. ကျမဟင်းကျတော့ မစားဘူး..ကြာတော့သူတို့ဟင်းစားရတာအားနာလာတယ်.. စားချင်လို့မဟုတ်ဘူး..ပျော်ချင်လို့... တခြားအုပ်စုတွေကို သိပ်အားကျတာပဲ....မုန့်ဈေးတန်းဆိုလဲ.. သူတို့ဝယ်စရာရှိမှသွားတယ်.. ကျမကသွားချင်ရင်.. ကျုံတဲ့အုပ်စုနဲ့ပဲလိုက်တယ်.. သူများအုပ်စုနဲ့သွားရတာလည်း သိပ်တော့မကောင်းပါဘူး.. သူတို့ ဘယ်သူအကြောင်းပြောလို့ပြောမှန်မသိ.. ဒီလိုပဲ လိုက်ညှိနေရတယ်..
သူငယ်ချင်းတွေထဲမှာ.. ကျမအခင်ဆုံးက snow ပေါ့.. သူက ကျမနဲ့ ကျောင်းကားလည်းတူတယ်.. သူမောင်လေးနဲ့လည်းရင်းနှီးတယ်.. ကျမအစ်မတွေနဲ့လည်းသိတယ်.. ညနေကျောင်းဆင်းရင် တူတူပြန်ရတယ်.. ကျောင်းကားပေါ်မှာ ပျော်ရတယ်.. သူက ကျမနဲ့ ၂ယောက်ထဲရှိရင်.. ပေါင်းလို့ပိုကောင်းတယ်.. စကားလည်းပိုပြောတယ်.. နေခြည် တို့နဲ့တွေ့ရင် စာပဲကျက်နေရော.. ကျမခေါ်လည်းမလိုက်တော့ဘူး.. အများသဘောပဲ..
မှတ်မှတ်ရရ.. ကျောင်းကားပေါ်မှာ ကျမနဲ့ စကားတွေပြောနေတာကို သူ့အစ်ကိုက မကျေနပ်လို့ တရက်.. ကျမကို.. " နင်နဲ့ပေါင်းမှပဲ ငါ့ညီမစကားများတော့တယ် " ဆိုပြီးလက်ညှိုးငေါက်ငေါက်ထိုးပြောတာခံလိုက်ရသေးတယ်.. အဲဒါကို ကျမအစ်မကမကျေနပ်လို့ သူတို့လူကြီး၂ယောက်ရန်ဖြစ်ကြတာ.. သူအစ်ကို assembly မှာ အရိုက်ခံရတဲ့ အထိပဲ.. ဒါပေမဲ့ ကျမတို့ ၂ယောက်ရဲ့ အခင်အမင်က မပျက်ခဲ့ပါဘူး..
ဒါပေမဲ့ အတန်းကြီးလာတာနဲ့အမျှ သူနဲ့နေခြည်နဲ့ကပိုတွဲလာတယ်.. စာတူတူကျက်တာကိုး.. သူငယ်ချင်း ၁အုပ်စုထဲမှာ.. အချင်းချင်းခင်ကြတာကိုအပြစ်မပြောပါဘူး.. ဒါပေမဲ့.. ဘက်လိုက်သလိုဖြစ်လာတာတော့ကျမ မကြိုက်ဘူး..အဲဒါကျတော့ သဉ္ဖာနဲ့ကျမကအမြင်သွားတူတယ်..ကျမမှာသူအဖော်ရှိသေးလို့တော်သေးတာပေါ့.. ဒါပေမဲ့ ၈တန်းရောက်တော့ သဉ္ဖာက Chicago ကို မိသားစုလိုက်ပြောင်းသွားတယ်..ငယ်သေးတော့လိပ်စာတောင်းထားကောင်းမှန်းမသိလိုက်ဘူး.. ကျမတို့ ၄ယောက်ပဲကျန်ခဲ့တာပေါ့..
ကျမနဲ့သူတို့လုံးဝမတူတဲ့အချက်ကတော့..စာမေးပွဲအမှတ်ရရင်.. တယောက်နဲ့တယောက်ပြိုင်ကြတာပဲ... အမှတ်များတဲ့သူဆိုရင် "နင်ကလျှိုထားတယ်.."ဘာညာနဲ့.. ပြောလို့မဆုံးတော့ဘူး.. အမှန်တော့ အမှတ်များတဲ့သူကို မသိစိတ်ကမနာလိုဖြစ်ကြတယ်ထင်ပါ့.. ကျမသူတို့ထက်တခါတလေများ.. များသွားရင်ပိုဆိုးပေါ့...
ကျမကတော့ ကိုယ်ကြိုးစားသလောက် ကိုယ်ရတာကို ကျေနပ်လိုက်တယ်.. ပြန်မှပြင်လို့မရတော့တာ.. နောက်တခါ ဒိထက်ကောင်းအောင်လုပ်ဖို့ပဲရှိတယ်..
သူတို့နဲ့ပေါင်းရလို့ သွယ်ဝိုက်ပြီးရတဲ့ အကျိုးမြတ်တခုတော့ရှိတယ်.. ဘာလဲဆိုတော့.. အတန်းထဲကလူတွေက.. ကျမတို့ကိုစာတော်တဲ့အုတ်စုပေါ့.. အထင်ကြီးကြတယ်.. တချို့ယောကျား လေးတွေထဲမှာ စာတော်တဲ့ မိန်းကလေးနဲ့ပဲ စကားပြောတဲ့လူတွေရှိတယ်.. ကျမကအတန်းထဲမှာ လူတိုင်းနဲ့ သူငယ်ချင်းလုပ်လို့ရတယ်.. ညံ့တဲ့သူပဲဖြစ်ဖြစ် တော်တဲ့လူပဲဖြစ်ဖြစ် တတန်းလုံးနဲ့ခင်တယ်..
ဒါပေမဲ့ ကျမကိုအကြီးအကျယ်စိတ်မကောင်းဖြစ်စေတဲ့နေ့.. သူတို့ရဲ့သဘောထားတွေကိုသိလိုက်တဲ့နေ့.. တနေ့ရောက်လာခဲ့တယ်...

Thursday, November 22, 2007
VIP
ငါကမင်းအတွက်
ရေဆိုရင်
ရေသန့် 
ငါကမင်းအတွက်
လေဆိုရင်
pure oxygen
ငါကမင်းအတွက်
မြေဆိုရင်
မြေသြဇာ
ငါဟာမင်းအတွက်
မီးဆိုရင်
VIP လိုင်း ပဲပေါ့ ..........
ရေဆိုရင်
ရေသန့် 
ငါကမင်းအတွက်
လေဆိုရင်
pure oxygen
ငါကမင်းအတွက်
မြေဆိုရင်
မြေသြဇာ
ငါဟာမင်းအတွက်
မီးဆိုရင်
VIP လိုင်း ပဲပေါ့ ..........
အဆုံးမဲ့  ...
မင်းအတွက်ငါဟာရေပါ
သုံးချင်သလိုသုံး
အဆုံးမဲ့  ...
မင်းအတွက်ငါဟာလေပါ
ရှုချင်သလောက်ရှု
အဆုံးမဲ့ 
မင်းအတွက်ငါဟာမြေပါ
နင်းချင်သလိုနင်း
ခြေထောက်နဲ့  ........
မင်းအတွက်ငါဟာမီးပါ
တောက်လောင်ပေးပါ့မယ်
အစွမ်းရှိသလောက်ပေါ့ .......
သုံးချင်သလိုသုံး
အဆုံးမဲ့  ...
မင်းအတွက်ငါဟာလေပါ
ရှုချင်သလောက်ရှု
အဆုံးမဲ့ 
မင်းအတွက်ငါဟာမြေပါ
နင်းချင်သလိုနင်း
ခြေထောက်နဲ့  ........
မင်းအတွက်ငါဟာမီးပါ
တောက်လောင်ပေးပါ့မယ်
အစွမ်းရှိသလောက်ပေါ့ .......
သူရေးတဲ့ကဗျာ
အတ္တ
နင်က ... နေမင်းဆိုရင် ငါ့တစ်ယောက်ထဲကိုပဲလင်းပေးပါ ...
လမင်းဆိုရင်လဲ ငါ့တစ်ယောက်ထဲရဲ့ အမှောင်ကိုခွင်းပေးပါ ...
မိုးဆိုရင်လဲ ငါ့တစ်ယောက်ထဲကိုပဲစိုပါ ...
နွေဆိုရင်လဲငါ့တစ်ယောက်ထဲကိုပဲပူပါ
ဆောင်းဆိုရင်လဲငါ့တစ်ယောက်ထဲ အေးမြပါ ...
အတ္တတွေ အန္တနဲ့ ပြောလိုက်မယ် ...
ငါ့တစ်ယောက်ထဲကိုသာချစ်ပါတော့..

Monday, November 19, 2007
ရမ်ဘို၎ နှင့်ပတ်သတ်၍...
ဒီရုပ်ရှင် နဲ့ပတ်သတ်ပြီး ဝမ်းနည်းဝမ်းသာကြီးခံစားမိတယ်.. ဝမ်းသာတာက ရမ်ဘိုလိုကမ္ဘာကျော်မဲ့ ရုပ်ရှင်မျိုးမှာ မြန်မာဆိုတာပါရလို့..စစ်အစိုးရ ရက်စက်တာတွေကို နိုင်ငံရေးစိတ်မဝင်စားတဲ့သူတောင် ရမ်ဘို ကြည့်ရင်သိနိုင်ပါတယ်.. နောက်ဆိုမြန်မာလို့ပြောလိုက်လို့ မသိတဲ့လူကို ခေါင်းခေါက်ပြီးမှပြောပြလို့ရပြီ...
ဝမ်းနည်းတာကတော့များကြီးပဲပေါ့.. သတိထားမိသလောက်ပြောပြမယ်..
ခေါင်းစဉ် "to hell And Back" နဲ့ပတ်သတ်ပြီး.. စိတ်ထဲမှာတမျိုးကြီးပဲ.. ကျမသိပ်ချစ်တဲ့ Golden Land ကို ငရဲတဲ့လား... :( ဒါဆိုရင်တော့ ငရဲသားတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူလိုက်ပြီ...
ဘာလို့ဒီလိုကားမျိုးမှာ မြန်မာက လူဆိုးနေရာကပါရတာလဲ.. ညင်းဆန်လို့မရတဲ့အမှန်တရားက ခါးသီးလွန်းပါတယ်..
အမှန်တော့လူမကောင်းတာ ဟုတ်ပါဘူး မူမကောင်းတာပါ.. ပြီးတော့အဲဒိ မူတွေကို တရားသေ ဆုတ်ကိုင်ထားတဲ့ ဟိုလူကြီးတွေ မကောင်းတာ..သိတယ်ဟုတ်?
ရန်ကုန်သူကျမဟာ အရင်ကနယ်စပ်တွေမှာ အဲလောက်နှိပ်စက်ခံရတယ် ကြားတုန်းက မယုံတဝက် ယုံတဝက်ပါ.. နောက်ပိုင်း youtube မှာမြင်ရတော့ ရင်ထဲမှာဆို့နင့်ခံစားရပါတယ်.. ခုဒီကားမှာဒါတွေထပ်မြင်ရအုံးမယ်... ဟင်းးးး.... မယုံချင်တဲ့ အမှန်တရားကြီးကို ယုံရတော့မယ်..
ဒီကားထွက်ပြီးရင်တော့.. ပညာဥာဏ်ကင်းပ ဖျင်းအတဲ့ စလုံးတချို့က.. မြန်မာလို့ပြောရင်.. ရန်ကုန်လို.. တိုက်တွေ ကားတွေရှိတာမသိပဲ.. အဲဒိကားထဲကလို.. တောထဲမှာ.. စစ်သားနှိပ်စပ်ခံရလို့ပဲ.. စင်ကာပူရောက်လာသလိုလို.. ကြည့်ခံ.. ပြောခံရအုံးမယ်.. ဟင်းးး.....
တကယ်.. တကယ်ပြောတာပါ... စကားစပ်မိလို့.. ရမ်ဘိုနဲ့တော့ဆိုင်ပါဘူး.. ဗေဒါသိပ်ချစ်တဲ့ မြန်မာပြည်ကြီးကို ခွဲပြီး.. မနေချင်တဲ့ ဒီကျွန်းနိုင်ငံလေးမှာ
နေနေရတဲ့ခံစားချက်က ဘာနဲ့တူလဲဆိုတော့.. ..
သိပ်ချစ်တဲ့ ဗေဒါချစ်သူက ဗေဒါအပေါ်မကောင်းလို့... ရင်နာနာနဲ့လမ်းခွဲပြီး.. အစစအရာရာပြည့်စုံပေမဲ့.. မချစ်မနှစ်သက်နိုင်တဲ့.. သူဋ္ဌေးကြီးတယောက်ဆီမှာ ထမင်းစား ကျွန်ခံနေရသလိုပါပဲ..
နောက်ဥပမာ ၁ခုကတော့ .. ပထွေးဆိုး မိထွေးဆိုးရှိတဲ့ သားသမီးလိုပါပဲ.. သားသမီးတွေကို.. သူများတွေဆီမှာထား.. ကျွန်ခံခိုင်း..ပြီးတော့.. ရသမျှ ခေါင်းပုံဖြတ် နေသလိုပါပဲ...
စာဖတ်သူတွေထဲမှာရော.. နိုင်ငံခြားရောက်နေတဲ့သူတွေ.. ဘယ်လိုခံစားရပါသလဲ? ဥပမာလေးတွေ ရှိသေးရင် comment လေးမှာ ပြောသွားကြပါအုံး..
ဒါမှမဟုတ် ကိုယ်ပိုင်ဘလော့မှာ ရေးပေးကြပါလို့.. ဒီဘလော့ ဖတ်မိတဲ့ ရေးမြေခြား မြန်မာအားလုံးကို... ကျမ မဗေဒါက tag လိုက်ပရစေ....

Sunday, November 18, 2007
ရမ်ဘို ၄ : ငရဲစခန်းသို့ အသွားအပြန်
ဒီနေ့.. ဘာရယ်မဟုတ် သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်ဖြစ်တယ်.. Beowulf ဆိုလားပဲ.. poster မှာ အကောင်လိုလို.. သရဲလိုလိုနဲ့..
ရောမခေတ်ကပုံမျိုးဆိုတော့ ကောင်းမလားဆိုပြီးရွေးလိုက်တာ .. ဇာတ်လမ်းကတော့ကောင်းပါတယ်.. မစိုးပါဘူး.. ဒါပေမယ့် သရုပ်ဆောင်တွေက
လူမဟုတ်ဘူုး .. graphic animation တွေ .. လူတွေနဲ့ ပိုကြည့်ချင်တာ .. ဒါပေမယ့် လူနဲ့တော့ တော်တော်တူပါတယ်.. ကြည့်ရင်းနဲ့တောင်..
လူမဟုတ်တာမေ့သွားတယ်.. အော်.. ဒါပြောချင်တာမဟုတ်ဘူး.... ပြောချင်တာက ..
မြန်မာပြည်နယ်စပ်မှာ ရိုက်ကူးထားတဲ့ "ရမ်ဘို ၄" အကြောင်း....
ဒီနေ့ ရုပ်ရှင်မပြခင်ကြော်ငြာတွေ့လိုက်လို့ .. မြန်မာစစ်သားတွေမတရားနှိပ်စပ်မှု.. မိန်းမသားတွေအပေါ်အနိုင်ကျင့်မှူတွေလဲပါတယ်ထင်တယ်။..
ဇာတ်လမ်းဆင်ပုံကတော့..
အန္တရာယ်များစွာနဲ့ခက်ခဲတဲ့ပွဲတွေကိုနွှဲလာပြီးတဲ့နောက် ရမ်ဘို ဟာ.. ယိုးဒယားမှာသီးသန့်ဘ၀ကိုအေးအေးဆေးဆေးနေနေခဲ့ပါတယ်.. ဘန်ကောက်မှာနေပြီး သဘောင်္ပျက်တွေကိုပြင်တဲ့အလုပနဲ့ တိုက်ခိုက်မှုပျက်သနာများနဲ့ ရှောင်နေခဲ့သော်လည်း.. ပျက်သနာက သူ့ဆီကိုရောက်လာခဲ့ပါတယ်..
NGO အဖွဲ့သားတချို့ နယ်စပ်မှာ မြန်မာစစ်သားများရဲ့ အဖမ်းဆီးခံလိုက်ရပါတယ်.. ဒါတင်မက ကရင်လူမျိုးတချို့နဲ့ တိုင်းရင်းသားတွေဟာလဲ စစ်တပ်ရဲ့ နှိပ်စက်မှုတွေကို ခံနေရပါတယ်.. သူတို့ကို ကယ်ဆယ်ဖို့ ရမ်ဘိုကို အကူညီလာတောင်းကြတာပါ...
ဤဇာတ်လမ်းကို .. အစက "JohnRambo" လို့ နာမည်ပေးခဲ့ပေမဲ့.. ထုတ်လုပ်သူများမှ ပရိတ်သတ် attention ပိုရစေရန် "Rambo 4: To Hell and Back" လို့ အမည်ပေးလိုက်ပါတယ်..
အဲဒါ စလုံးမှာ ဇန်န၀ါရီ ၂၅ရက်နေ့ ရုံတင်ပြသမည်ဖြစ်ပါတယ်လို့ သတင်းကောင်းပါးလိုက်ပါတယ်..

Saturday, November 17, 2007
This and That
I really want to write a good blog. Sometime i got things to write in my mind and when i open and try to write don't know how to start. It is really irritating.
Whenver I go visit to other pple blog. I enjoy reading their blog. Some are really good at imagination and writing. Some are really creative. The huge things making me to lazy to write blog is lazy to type in myanmar font. I want to write with myanmar font. But lazy to type it and no time to write all the things in my mind. The reason is too bad huh.. Now i understand that writing blog is also a difficult things. I really appreciate people who can update their blog everyday.
Now i just write This and that coz i am so free at work today. But yet need to act busy with computer.
Oh.. but i think to day is a bad day for me. Morning wake up late and when i go to bus stop, I met with one indian guy who argue with me last time again. It makes my mood bad. And i nearly over sleep on the bus. I woke up when the bus is almost leaving the bus stop. So I faster get up and try to tap my bus card. I couldn't find the card yet my hand ph drop from my bag. :(
The bus driver is really un-understanding person. He should have known i am trying to get off the bus but yet he close the door. I am really embrass to tell him to open the door. I guess everyone in the bus are looking at me since i am the very front of the bus.
Reach to work, my trainer come and warn me for the little mistake. If i have a mind like last time, I sure talk back. But now i think i am alittle mature. I just said "okay". but it's really irriatated. She come and tell me whenver i make a little mistake. But i didn't do the same mistake again and again. I just do the mistake that i never do before. But she will told me like " u always do like that". There can't be excuse or explanation. If u do have, U will get one enemy. ok ok.. i better stop it now. coz she is behind me..

Wednesday, November 07, 2007
Thank to all
Yay!!.. finally i can make it to get myanmar font and whatever i write with myanmar font can be seen in any computer.
All thank to Nyi lynn seck's blog...
I found some useful blog regarding with creating myanmar blog through nyi lynn seck's blog..
I found his blog through linletkyalsin's blog.. thank as well to her...
Even though they might now know I thank them.. i am still glad to say thank to them..
That's why this blog is just like my secret.. I wish they can see my blog and know that i thank them without i telling them..
But currently i am at work and my work pc have no zawgyi font.. :( .. too bad..

Subscribe to:
Posts
(
Atom
)