Friday, November 19, 2010
Phi Phi Island and Surrounding - (Phuket trip Day 2)
Phi Phi Island and Surrounding - Phuket trip Day 2 Trailer by MaBayDar
ဒုတိယနေ့ မနက် ၇ နာရီမှာ အေးဂျင့်က ကားလာခေါ်မှာဆိုတော့ ကျွန်မတို့တွေ မနက် ၄နာရီခွဲလောက်ထပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်အပြီးမှာ ဟိုတယ်က ကျွေးတဲ့ မနက်စာ ဘူဖေးကို သွားစားကြပါတယ်... ဘူဖေးကျွေးတဲ့ နေရာက ကျွန်မတို့အခန်းရှိတဲ့ အဆောင်နဲ့ ရေကူးကန်ပဲခြားပါတယ်... ပင်လယ်ပြင်ရှုခင်းကို ခံစားရင်းလဲ စားလို့ရအောင် ပင်လယ်ပြင်ကို မျက်နှာပေးထားပါတယ်... ဘူဖေးက အတော်လေးစားကောင်းပါတယ်... ယိုးဒယားအစားအစာက ကျွန်မပါးစပ်နဲ့တော့ အကိုက်ပါပဲ... တစ်ခါတစ်လေ ကိုယ်ဘာလို့ ဒီလောက်စားကောင်းနေတာလဲလို့ တွေးမိမှ "အော်... ငါ ယိုးဒယားရောက်နေတာပါလား" လို့ အသိဝင်တတ်တယ်... (အင်ဒိုနီးရှား ဘာလီတုန်းက ဟိုတယ် မနက်စာ ဘူဖေးက စားမကောင်းဘူး... ကိုယ့်အကြိုက်နဲ့ မကိုက်ဘူး)...
ဟိုးဘက် ထောင့်ဆုံးက ကျွန်မတို့ အခန်း ခုရိုက်ထားတာက Breakfast စားတဲ့ နေရာကနေရိုက်ထားတာ...
စားသောက်ပြီးတော့ ဟိုတယ် Lobby မှာ စောင့်နေလိုက်တယ်ဆိုရင်ပဲ Tour Agent က လွှတ်လိုက်တဲ့ တောင်းအိတ်စ်ကားရောက်လာတော့တာပါပဲ... ကားပေါ်ကိုတက်လိုက်တော့ တံခါးနဲ့တည့်တည့်ခုံမှာ ကုလားနဲ့ ခပ်ဆင်ဆင်လူမျိုး ဗလကောင်းကောင်း ယောကျာင်္း ၂ယောက်ထိုင်နေတယ်... ရှေ့ခန်း ကားမောင်းတဲ့သူဘေးမှာက တစ်ယောက်... ဒါပေမဲ့ သူတို့က အသားတော့ဖြူတယ်... သူတို့က ၃ယောက်အဖွဲ့... သူတို့လဲ Package ၀ယ်ထားတဲ့သူတွေပါပဲ... အဲဒိနေ့အတွက် ကျွန်မတို့ရဲ့ခရီးဖော်တွေပေါ့... ကျွန်မတို့ကားပေါ်တက်တော့ သူတို့တွေက ရီပြတယ်... ကျွန်မတို့က ၄ယောက်ဆိုတော့ နောက်ဆုံးတန်း ၄ယောက်ထိုင်တဲ့နေရာပဲ ၀င်ထိုင်လိုက်တယ်... ကျွန်မတို့ကို ခေါ်ပြီးတော့ နောက်ကုန်းတွင်းပိုင်းက ဟိုတယ်တစ်ခုမှာ နောက်အုပ်စုတစ်စုကိုသွားခေါ်တယ်... သူတို့လဲ ကုလားဆင်တွေပဲ... သူတို့လဲ အသားဖြူတယ်... အတွဲ၁တွဲရယ်... နောက် ကောင်မလေးရဲ့ မောင်လားဘာလားတော့မသိဘူး... လောကကြီးကို ဖြစ်ချင်ရာဖြစ် ငါကတော့ ခပ်ပျင်းပျင်ပဲဆိုတဲ့ စတိုင်မျိုးနဲ့ အိပ်ချင်မူးတူးပုံစံလူ... ဘယ်နိုင်ငံတွေကမှန်းအစကမသိဘူး... နောက်မှ ဟို ယောကျာင်္း၃ယောက်က အီရန်က... အဲဒိ အတွဲအုပ်စုက တာကီ (Turkey) ကဆိုတာ သိတယ်... သူတို့ မျက်နှာတွေကတော့ အကုန်ဆင်တာပဲ... အင်္ဂလိပ်မကျ ကုလားမကပုံစံတွေ... ဟိုအတွဲက ကြီးကျယ်တဲ့ပုံပေါက်တယ်.. ယောကျာင်္းက အသက်ခပ်ကြီးကြီးပဲ... မိန်းမကတော့ ငယ်တယ်...
ဒီလိုနဲ့ speed boat ရှိတဲ့ ဆိပ်ကမ်းကို မိနစ် ၃၀လောက်တော့ မောင်းလိုက်တယ်... ရောက်တော့ အဆောင်တစ်ခုမှာ လူတွေလဲ အများကြီးပဲ... လူသစ်တွေနဲ့ ထပ်တွေ့တာပေါ့... အဲဒိမှာ လူကြီး ၆ယောက် ကလေး ၂ယောက်ပါတဲ့ အင်္ဂလန်က မိသားစုတစ်ဖွဲ့ အဲဒိက အေးဂျင့်လူတွေကို စိတ်တိုနေတာတွေ့တယ်... သူတို့ မိသားစုနာမည် စာရင်းထဲမှာ မပါလာလို့ အတော်လေး တင်းနေပုံရတယ်... သူတို့ဘယ်အေးဂျင့်က ၀ယ်လဲတော့ မသိ... ကိုယ့်အေးဂျင့်က အဲလိုမဖြစ်တာ တော်သေး... (ကျွန်မစိတ်ထင်တော့ မြန်မာပြည်က ခရီးသွားကားတွေလိုပဲ ဘယ်အေးဂျင့်က ၀ယ်ဝယ် ပြီးရင်အားလုံးပေါင်းပြီး လွှတ်တယ်ထင်တာပဲ... မသေချာပါ)... ကျွန်မတို့ကို ရင်ဘတ်မှာ ကပ်ဖို့ ခရမ်းရောင် အသဲ ကပ်ခွာလေးတွေပေးတယ်... အနီရောင်နဲ့ ခရမ်းရောင် ၂ဖွဲ့ရှိတယ်... နောက်တော့ ကျွန်မတို့ tour guide ဖြစ်မဲ့ ယိုးဒယားကောင်လေးက briefing ပေးတယ်... သူစကားပြောတာ "Lady & Gentleman" တွေ အရမ်းပါလွန်းလို့ ရီစရာတောင်ကောင်းတယ်... အင်္ဂလိပ်တွေကိုယ်တိုင်လဲ ပြုံးစိစိနဲ့... Snorkeling Gear နဲ့ လှိုင်းမူးရင်သောက်ဖို့ ဆေးကိုတော့ သူတို့က အလကားပေးတယ်... ဒါပေမဲ့ ရေထဲမှာ ခြေရက်ဖို့အတွက် Fin ကိုလိုချင်တဲ့သူကတော့ ငှားရတယ်... ဘတ် ၁၀၀ ထင်တယ်... သူကတော့ ငှားဖို့တိုက်တွန်းတယ်... ဘာလို့လဲဆိုတော့ Kaya Island မှာ သန္တာကျောက်တန်းတွေမှာ ကပ်နေတဲ့ ကမာခွံတွေက ရှတတ်သလို.... ရေနတ်သမီး သံပချုပ် (အဆူးပါတဲ့ငါးတွေရှိလို့)တဲ့... အဲဒိငါး အဖြူရောင်က အဆိပ်ပါပါလို့... ဆူးမိပြီဆိုရင် ဆေးရုံချက်ချင်တက်ပြီး ခွဲစိပ်ရင် ဘတ် ၅၀၀၀ လောက် ကျမယ်တဲ့.... ဒါပေမဲ့ ကျွန်မတို့တော့ မငှားတော့ဘူး... ငှားလဲ အဲဒါနဲ့ ခပ်တတ်မှာမဟုတ်ဘူးလေ... သူတို့ဟာ ငှားအောင်လို့လဲ နည်းနည်းပိုပြောတာပါမယ်...
ဒီလိုနဲ့ ကျွန်မတို့မိသားစုလဲ မူးခဲ့သည်ရှိသော် သောက်လို့ရအောင် ဆေး ၄လုံးနိုက်ခဲ့ပြီး မော်တော်ဘုတ်ရပ်ထားတဲ့ဆီကို ထွက်ခဲ့ကြတယ်... သူတို့မော်တော်ဘုတ်ပေါ်ကို မတက်ခင် ဖိနပ်မှာ ပေနေတဲ့ သဲတွေကို ပင်လယ်ရေနဲ့ ဆေးခိုင်းသေးတယ်... သူတို့ မော်တော်ဘုတ်ပေါ်ကို သဲမပါရဘူး... မော်တော်ဘုတ်ပေါ်ရောက်တော့မှ အသေးစိတ်သွားမဲ့ခရီးစဉ်ကို ဆက်ရှင်းတယ်... ခုန်တန်း တစ်တန်းမှာ ၃ယောက်ထိုင်ရမယ်လို့ပြောပေမဲ့ တော်တော်များများလဲ ၂ယောက်ပဲထိုင်နေကြတယ်... ကျွန်မတို့လဲ ၂ယောက်စီပဲ ခွဲထိုင်လိုက်တယ်... ဖေဖေနဲ့ မေမေက ၀တယ်လေ...
တိုးဂိုက်ကောင်လေးရဲ့ နာမည်က Jo Jo တဲ့... သူက နေထိုင်မကောင်းရင် သူ့ကိုလာပြောဖို့... အံချင်ရင်လဲ သူ့ကိုပြောဖို့... လှေထွက်ရင် မတ်တပ်မရပ်ဖို့.. မတ်တပ်ရပ်ရင် Speed boat ဖြစ်တဲ့အတွက် လူးမှာဆိုးလို့... ရေထဲဆင်းလို့ တစ်ခုခု အကောင်ကိုက်ရင်လဲ သူ့ကိုပြောဖို့... ပြီးတော့ ပေးထားတဲ့ အချိန်အတွင်း ဘုတ်ကို ပြန်မရောက်ရင် မစောင့်ဘူးဆိုတဲ့အကြောင်းပါ တစ်ပါတည်းပြောထားတယ်... နောက်ဆုံးမှ တရုတ် လေးယောက်အဖွဲ့တက်လာတယ်... မိန်းကလေး ၂ယောက် ယောကျာင်္းလေး ၂ယောက်... တစ်တွဲက လှေဦးရှေ့အပြင်မှာထိုင်တယ်... နောက်တစ်တွဲက အပြင်မှာနေရာမရှိတော့လို့ထင်တယ် အထဲကို ၀င်လာတယ်.. ကောင်မလေးက ရှေ့နားက အတွဲတစ်တွဲ ၂ယောက်ထိုင်နေတဲ့ခုံကို တိုးဝင်ထိုင်တယ်... နောက်ကောင်လေးက အနောက်ဘက်ကို ဆက်လျှောက်လာတော့ ကျန်တဲ့ခုံတွေအားလုံးက ၂ယောက်စီထိုင်နေတယ်ဆိုပင်မဲ့ သူတို့က လူကောင်ထွားတော့ ပြည့်နေတယ်... ကျွန်မနဲ့ ကျွန်မအစ်မထိုင်နေတဲ့ ခုံပဲ သိသိသာသာ ချောင်နေတော့ ကျွန်မတို့ပဲ တိုးပေးလိုက်တယ်... ဒီတော့ အဲဒိကောင်လေးက ကျွန်မဘေးကို ၀င်ထိုင်တယ်...
ဒီလိုနဲ့ ဘုတ်စထွက်ပါပြီ... အဲဒိနေ့အတွက် ကျွန်မတို့နဲ့ တစ်လှေတည်းစီး တစ်ခရီးတည်းသွားရမဲ့လူတွေကတော့ ဒီလူတွေပဲပေါ့... ကျွန်မနဲ့ ခရီးသွားဖော်လေးတွေနဲ့ သူတို့ကိုပေးခဲ့တဲ့ နာမည်လေးတွေ အကြောင်း အနည်းငယ်ပြောပြချင်ပါတယ်... ကလေးလေးတွေပါတဲ့အုပ်စုမှာတော့ ကလေးမိဘအတွဲကို (ကလေးအဖေ ကလေးအမေ)လို့ ရှင်းရှင်းပဲခေါ်ပါတယ်... နောက်အတွဲကိုတော့ ကလေး ဦးလေးနဲ့ အဒေါ်ပေါ့... အသက်ကြီးကြီး အဖိုးကြီးနဲ့ အဖွားကြီးကတော့ ကလေး အဖိုးနဲ့အဖွားပေါ့... သူတို့ကို နာမည်ပေးရတာ လွယ်တယ်...
ကလေးလေးတွေ အဖွဲ့
ကားပေါ်ကအတွဲကတော့ စိတ်ပုတ်အတွဲလို့ ခေါ်တယ်... ဘာလို့လဲဆိုတော့ သွားနေရင်း မိုးရွာတော့ သူတို့နေရာက မိုးပက်တယ်ဆိုပြီး သူတို့ခုံမှာမထိုင်တော့ပဲ ပစ္စည်းတွေထားပြီး သူများတွေနဲ့ သွားထိုင်တယ်... သူတို့ခုံအားနေတော့ နောက်ပိုင်း နေရာမရတဲ့ ထိုင်ဝမ်တရုတ်အဖွဲ့က ကောင်မလေး လာထိုင်တော့ သူတို့နေရာကို မပေးချင်ဘူး... သူတို့ ပြန်လာထိုင်ပြီး ဖြဲကားထိုင်တယ်... (Video ထဲမှာ 0:25 မှာ ရှေ့ကလျှောက်နေတဲ့ အတွဲပေါ့) အဲမိန်းမရဲ့ မောင်ကတော့ ဟိုဘက်တန်းမှာ အီရန် ၃ကောင်ထဲက တစ်ကောင်နဲ့ ထိုင်တယ်... သူတို့နဲ့ ပါလာတဲ့ သူတို့မောင်ကိုကျတော့ ပျင်းတွဲတွဲကောင်လို့ ခေါ်ရတာ သိပ်အဆင်မပြေဘူး... ဒါပေမဲ့ သင့်တော်တဲ့ နာမည်တစ်ခု ချက်ချင်းရသွားတယ်..... ယောကျာင်္းဘသား တဲ့...
အဲဒိနာမည်ဘာကြောင့်ရလဲဆိုတာပြောရမယ်ဆိုရင်တော့ အီရန် ၃ကောင်နဲ့ ပတ်သတ်တယ်... ခရီးသွားရင်း ကျွန်မတို့ သတိထားမိလာတာက အဲဒိ ၃ယောက်က အခြောက်တွေဆိုတာပဲ... နောက်ခုံမှာ တူတူ ထိုင်တဲ့ ၂ယောက်ကလဲ သူတို့အချင်းချင်း အရမ်း ယုယကြတယ်.. (ဗလကြီးတွေမှ အားမနာ)...
ချီပြီးဓာတ်ပုံရိုက်နေကြတဲ့ အီရန် ၃ယောက်
၁ယောက်ထဲ ရှေ့မှာ တာကီအဖွဲ့က လူနဲ့ ထိုင်ရတဲ့ကောင်က လွတ်နေတော့... အဲဒိ တာကီ ငပျင်းပုံနဲ့ ကောင်ကို ပဲတွေ လွှတ်ပေးနေတာ ကျွန်မတို့က ဘေးကနေ မြင်နေရတယ်... ဥပမာ ဘုတ်က ရေပတ်လိုက်ရင်... "အား" ဆိုပြီး ရေစိုနေတဲ့ ပုံနဲ့ ဘေးက ကောင်ကို သမုဒယအကြည့်တွေနဲ့ ကြည့်ကြည့်နေတာ အဲဒိ ငပျင်းလဲ သိပုံရတယ်... မျက်နှာက ထန်နေတာပဲ... လုံးဝ အဲဒိ ဗလကောင်းကောင်းနဲ့ စွပ်ကျယ် အနက်ဝတ်ထားတဲ့ အခြောက်လို့ထင်ရတဲ့လူကို မလှည့်ဘူး... ခေါင်းကြီးတောင် စောင်းသွားမှာ စိုးရတယ်... အစက သူတို့ ဇာတ်လမ်းကို ဘာဖြစ်မလဲလို့ စောင့်ကြည့်နေတာ... ဒါပေမဲ့ အဲဒိ Turkey ကလူက ယောကျာင်္းပီသစွာပဲ ဟိုလူ့ ခံစားမှုတွေကို လက်မခံလို့... သူ့နာမည်က ယောကျာင်္းဘသား လို့ ကျွန်မတို့က နောက်ခေါ်တာ... အဟိ.... အခြောက် ၃ယောက်အဖွဲ့ကလဲ Maya Bay မှာ တစ်ယောက်နဲ့ တစ်ယောက် ချီပြီးတောင် ဓာတ်ပုံရိုက်နေသေးတယ်... သူတို့ ကမ္ဘာလေးနဲ့ သူတို့တော့ ပျော်လို့...
Gua Jui (with towel) / သူ့သူငယ်ချင်း / ဒေါ်အိုစာ (black)
ကျွန်မဘေးမှာထိုင်နေတဲ့ ကောင်လေးနဲ့ ရှေ့ခုံမှာထိုင်တဲ့ တရုတ်မကို အစက အတွဲလို့ထင်တာ... နောက်တော့မှ မဟုတ်ဘူး... အဲဒိကောင်လေးပုံစံက ရိုးရိုးလေးပင်မဲ့ မိန်းကလေးတွေ လာကပ်လဲ အကုန်လုံးကို ကြည်ဖြူစွာလက်ခံမဲ့ပုံ... သူ့ရဲ့ Character က ကျွန်မတို့ ကြည့်ဖူးတဲ့ "Tomorrow" ဆိုတဲ့ တရုတ်ကားဇာတ်လမ်းတွဲထဲက မင်းသားလိုပုံမျိုး... အဲဒါကြောင့်သူ့ကို အဲဒိကားထဲက မင်းသားရဲ့နာမည် Gua Jui (ကွားကျွီး) လို့ ကျွန်မတို့က နာမည်ပေးထားတယ်... ရှေ့တန်းမှာ ထိုင်တဲ့ သူတို့အဖွဲ့ထဲက တရုတ်မက လူမှုရေးသိပ်နားမလည်တာလား အင်္ဂလိပ်လို မတတ်တာလားတော့ မသိဘူး... လှေစထွက်လို့ ရှုခင်းလေးတွေ နည်းနည်းမြင်ရတာနဲ့ သူ့ဗွီဒီယို ကင်မရာကြီးထုတ်ပြီး မတ်တပ်ရပ်တာ... ဂိုက်က မတ်တပ်ရပ်ရင် လှေလူးပါတယ်လို့ ပြောထားတဲ့ဟာကို... ဒါတောင် အားမရသေးဘူး... သူက လှေနောက်ဘက်ကို လျှောက်လာပြီး အပြင်ကို ရိုက်ချင်တာ... သူလျှောက်တော့ လှေက လူးတယ်... ဒီတော့ သူ့ကိုယ်ကို မထိမ်းနိုင်ပဲ နောက်ဆုံးတန်းရှေ့တစ်တန်းမှာထိုင်နေတဲ့ ဂျာမန် မိန်းမ ပေါ်ကို ပြုတ်ကျတယ်... ပြီးတော့ အဲဒိဂျာမန်မဘေးမှာကုတ်ကပ်ပြီးထိုင်တယ်.. ဂျာမန်မက ဘာမှမပြောပင်မဲ့ မျက်မှောင်ကျုံ့ပြီး တော်တော်လေး အမြင်ကပ်နေတဲ့ပုံ... အဲဒိ တရုတ်မက နေကာမျက်မှန်တပ်ထားတုန်းက လှသလိုလိုနဲ့ မျက်မှန်ချွတ်လိုက်တော့ အသက်အတော်ကြီးတဲ့ပုံပေါက်တာရော အလိုက်ကမ်းဆိုးမသိတာရော ကြည့်မရတာပေါင်းပြီး ဒေါ်အိုစာ လို့ခေါ်တယ်... ဂျာမန်မကတော့ ဘုတ်ပေါ်စတက်လာတည်းက ကျွန်မတို့အဖွဲ့ကို ဘာလူမျိုးတွေလဲဆိုပြီး အလွန်တရာမှ အဖြေရှာမရလို့ စိတ်ဝင်စားစွာ အကဲခပ်နေတာကို သတိထားမိတယ်...
နောက်ပြီး ၁ယောက်တည်းပါလာတဲ့ ဘိုမ (England ကထင်တယ်) သူကျတော့ မိန်းမဆန်ဆန် ဂါဝန်လေးနဲ့ အနေအထိုင် နူးနူးညံ့ညံ့ နဲ့ Princess လိုမျိုးလေးမို့ (အဲနေ့မတိုင်ခင် ညကမှ Princess Diary ယိုးဒယား တီဗွီမှာကြည့်ထားတော့) သူ့ကို Princess Diary လို့ ခေါ်တယ်... နောက်ပြီး စလုံးအတွဲ ၁တွဲ နဲ့ မလေးရှား တရုတ်အတွဲတစ်တွဲလဲပါတယ်... ဘုတ် ရှေ့အပြင်မှာထိုင်တဲ့သူတွေကတော့ မမြင်ရဘူး... ဒါပေမဲ့ မိုးရွာတော့ အပြန်မှာ အထဲဝင်လာတော့ သူတို့တွေက အမေရိကန်တွေပဲ... ထွေထွေထူးထူးနာမည်တော့ မပေးဖြစ်ဘူး... လူမျိုးပေါင်းစုံ စရိုက်ပေါင်းစုံနဲ့သွားရတယ်ဆိုပင်မဲ့ အားလုံးက ကိုယ့်နိုင်ငံဂုဏ်ကိုယ်ထိန်းပြီး ဆင်ဆင်ခြင်ခြင်နဲ့ နားလည်မှုရှိကြတယ်.. (တရုတ်မ ဒေါ်အိုစာ တစ်ယောက်ပဲ အလိုက်ကမ်းဆိုးမသိတာလွဲလို့)...
Phi Phi Island ရှုခင်း
Phi Phi Island Maya Bay ဆိုတာ Hollywood မင်းသား Leonardo DiCaprio ရဲ့ "The Beach" ရုပ်ရှင်ကားရိုက်ခဲ့တဲ့ ကျွန်းပေါ့... အဲဒိကို ရောက်ဖို့ speed boat နဲ့တောင် ၁နာရီလောက်စီးရတယ်... လမ်းမှာရေတွေစိုတော့ အစက မော်တော်ဘုတ်က ပက်တယ်ထင်တာ.. နောက်ပိုပိုဆိုးလာတော့မှ မိုးရွာတာမှန်းသိတယ်... ပါလာသမျှလူတွေအကုန် တောက်တောက်ရွှဲတာပဲ... အဲဒိမိုးကြောင့်ပဲ မဗေဒါလဲ ရိုက်ချင်သလောက် ဗွီဒီယို မရိုက်ဖြစ်လိုက်ဘူး... ယူလာတဲ့ ဗွီဒီယို ကင်မရာ ၂လုံးနဲ့ ကန်နွန်းကင်မရာကို အသင့်ယူလာတဲ့ ကြွတ်ကြွတ်အိတ်ကြီးထဲထည့်ပြီး စည်းထားရတယ်... (ဒါတောင်မှ ညနေ ဟိုတယ်ပြန်ရောက်တော့ အိတ်တွေက အစိုတွေပြန်နေတယ်)... ဒါပေမဲ့ ကံကောင်းစွာပဲ Phi Phi Leh Island "Maya" Bay ကိုရောက်တော့ မိုးမရွာတော့ဘူး... ဓာတ်ပုံရိုက် ရေကူးချင်ရေကူး ကျွန်းပေါ်လမ်းလျှောက်ချင်လျှောက်ဖို့ နာရီဝက်ပဲ အချိန်ပေးတယ်... လူများတယ်ပြောရမယ်... ရှုပ်ရှက်ခက်နေတာပဲ... ၃ခုလုံးလုပ်ဖို့တော့ အချိန်မရဘူး... ဒီတော့ ဓာတ်ပုံအမြန်ရိုက်ကြတယ်.. ကိုယ့်ပုံကိုယ်ရိုက်ဖို့က အရင်ဖြစ်နေတော့ ရှုခင်းချည်းပဲတောင် သိပ်မရိုက်ဖြစ်လိုက်ဘူး... မိုးပေါက်ဖွဲဖွဲလေးတွေကလဲ တစ်ချက်တစ်ချက်ကျသေးတယ်လေ... ဒီလိုနဲ့ပဲ ဖေဖေနဲ့ ကျွန်မကတော့ ရေဆင်းကူးလိုက်သေးတယ်.. ရေက ကြည်လင်နေတာပဲ... တောင်ကြီးတွေ ခြံရံထားတဲ့ကြားမှာဆိုတော့ ခံစားချက်ကတစ်မျိုးပဲ... အိပ်မက်ထဲရောက်နေတဲ့အတိုင်းပဲ... ကျွန်မ မျက်မှန် ရေထဲကျသွားသေးလို့ သားအဖနှစ်ယောက် မနည်းပြန်လိုက်ရှာရတယ်... တော်သေးတယ် ပြန်တွေ့လို့... (ကြုံတုန်းကြွားလိုက်အုံးမယ်... ဒီခရီးသွားမှာမို့ အသစ်ဆက်ဆက်ဝယ်ထားတာ.. ဟိဟိ...)
Krabi, Maya Bay Thailand အမှတ်တရ...
Maya Bay ရှုခင်းနှင့်အတူ...
Maya Bay တောင်ခြေရင်းမှာ...
အဲဒါပြီးတော့ ဗွီဒီယိုထဲက 0:11 မှာ မြင်ရမဲ့ ဇီဝဇိုးငှက်တွေရဲ့ အသိုက်ရှိတဲ့ ပင်လယ်ကျောက်ဆောင်ထဲက ဂူတွေဘက်ကို လိုက်ပြတယ်... လူတွေ အားဆေးအဖြစ်စားတဲ့ ဈေးအလွန်ကြီးတဲ့ ငှက်သိုက်တွေရှိတဲ့နေရာပေါ့... မိုးပေါက်လေးတွေကျနေတဲ့ ကြားက ဖေဖေ့ကို ဗွီဒီယိုထုတ်ပေးပြီးရိုက်ခိုင်းလိုက်တယ်... 
အဲဒါပြီးတော့ နောက်ထပ် ခပ်ကြာကြာလေး ၄၅မိနစ်လောက်ထင်တယ်.. ထပ်စီးပြီးတော့ ကျွန်မတို့ နေ့လည်စာစားမဲ့ Phi Phi Don Island ကို ရောက်တယ်... အဲဒိမှာ တောင်ကြီးတွေအောက်မှာ လက်ဆောင်ပစ္စည်းဆိုင်တစ်ချို့နဲ့ ထမင်းစားဖို့ ဟောတွေရှိတယ်...
PhiPhi Don Island ပေါ်က လက်ဆောင်ပစ္စည်းဆိုင် နှင့် ထမင်းစားဟော... 
အဆင်သင့်ပဲ ပြင်ဆင်ချထားတဲ့ ဘူဖေး lunch ကိုစားဖို့ ၁နာရီခွဲလောက် အချိန်ပေးတယ်... ယိုးဒယား Tom Yam ဟင်းချိုကို အရောင်ဖြူဖြူလေးနဲ့ ချက်ထားပင်မဲ့ စပ်စပ်လေး သောက်လို့အရမ်းကောင်းတယ်... ဟင်းတွေကလဲ အကုန်စားကောင်းတယ်... ကော်ဖီ တီးက Free တိုက်တယ်... အအေးသောက်ချင်ရင်တော့ ၀ယ်သောက်ရတယ်... စားပြီးတော့ အပြင်က လက်ဆောင်ပစ္စည်းဆိုင်လေးတွေကို ကြည့်ဖြစ်တယ်... မဗေဒါက အကျီ်အပိုထည့်မလာမိဘူး... မဗေဒါ အစ်မ အပါအ၀င်တော်တော်များများကတော့ အဲဒိမှာ အကျီင်္လဲကြတယ်... တချို့ကလဲ ၀ယ်ဝတ်လိုက်ကြတယ်... မိုးကတော့ တိတ်လိုက် ဖွဲဖွဲလေးရွာလိုက်ပဲ... (အပေါ်က ပုံမှာ ကျောပိုးအိတ်လေးနဲ့ ကျစ်ဆံမီးလေးနဲ့က Princess Diary ပေါ့)...
Phi Phi Don က တောင်ကြီးနှင့် အတူ...
Phi Phi Don မှာ ဘုတ်အပြင် ရှေ့မှာ ဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်...
Phi Phi Don ပင်လယ် တောင် နဲ့ မဗေဒါ....
အားလုံးစားသောက်ပြီးတော့ ဘုတ်ဆက်စီးပြီး Monkey Island ကို သွားကြတယ်... Jo Jo က အစထည်းကပြောတယ်... မျောက်က သိပ်မရှိလှပါဘူးတဲ့ ကံကောင်းရင်တော့ တွေ့မယ်တဲ့... တကယ်လို့ မျောက်မတွေ့ ခဲ့ရင် သူ့ကို အပြစ်မတင်ကြပါနဲ့တဲ့... တိရိစ္ဆာန်တွေကို သူတို့ ထိန်းချုပ်လို့မရလို့ အာမ မခံပါဘူးတဲ့... တစ်ခါတစ်လေ မျောက် ၁ကောင်ထဲက Tourist တွေကြားမှာ Superstar လိုပဲ ဓာတ်ပုံတွေ အရိုက်ခံ ၀ိုင်းအုံကြည့်ခံရတယ်တဲ့...
အဲဒိမှာတော့ မဗေဒါ ဘုတ်ပေါ်ကပဲ ကြည့်လိုက်တယ်... ဒိထက်များတဲ့ မျောက်တွေ ပုပ္ပါးမှာလဲ ကိုယ်တွေက မြင်နေကျပဲ... ပြီးတော့ မျောက်ဆိုတာ စိတ်မှန်တာမဟုတ်ဘူး... လူတွေကြည့်တာကို စိတ်ရှုပ်ပြီး ကုတ်လိုက်မှ ဒုက္ခ... ကျွန်မတို့ ဘုတ်ပေါ်က ကလေးလေးကိုတောင် မျောက်က လှမ်းပုတ်လိုက်လို့ ကလေး ငိုပြီးတက်လာတယ်... ဖေဖေကတော့ အောက်ဆင်းပြီး လမ်းလျှောက်တယ်... အဲဒိနေရာမှာ သိပ်မကြာလိုက်ပါဘူး... ၁၅ မိနစ်၊ မိနစ် ၂၀လောက်ပဲထင်တယ်...
My father and Me, while we were snorkeling...
Monkey Island ပြီးတော့ ဂိုက်က မိုးလေး ဖွဲဖွဲကျနေတော့ snorkeling လုပ်ချင်သေးရဲ့လားတဲ့... မလုပ်ချင်တော့ရင်တော့ Kaya Island ကို ပို့ပေးပြီးရင် ပြီးပြီတဲ့... တစ်လှေလုံးက လူမျိုးပေါင်းစုံက ဒါကျတော့ အသံညီတယ်... မပြန်ချင်သေးဘူး... လုပ်မယ်တဲ့... ဒါနဲ့ Monkey Island ကနေ သိပ်မဝေးတဲ့ နေရာလေးပဲ ... အဲဒိမှာ Snorkeling လုပ်ဖို့ ချပေးတယ်... ကျွန်မတို့လဲရေမကူးတတ်ပင်မဲ့ အသက်ကယ်အကျီင်္ဝတ်ပြီးဆင်းတယ်... မေမေကတော့ မဆင်းဘူး... တချို့လဲ မဆင်းကြဘူး... တော်တော်ဝေးဝေးလေးသွားမှ ငါးများများမြင်ရမယ်ထင်တယ်... ရေက မလေးရှားက ကမ်းခြေ Redang လောက်တော့ မကြည်ဘူး.. မိုးရွာနေလို့ပဲလားမသိဘူး ရေက နည်းနည်းနောက်ပြီး ငါး အ၀ါလေးတွေနဲနဲပဲ တွေ့တယ်... ငါးတွေလာအောင် ဂိုက်ကတောင် သဘောင်္ပေါ်ကနေ ပေါင်မုန့်တွေပစ်ပြီး ခေါ်နေတယ်... ဖေဖေကရေနက်ထဲတောင်မရောက်သေးဘူး သူ့လက်ကို စပ်ကနဲဖြစ်သွားတာနဲ့ ကြည့်လိုက်တော့ လက်က နီလာပြီး ဘုလေးတွေထလာတယ်... စပ်ဖျင်းဖျင်းလဲ ဖြစ်တယ်လို့ပြောတယ်... အဆိပ်ရှိတဲ့ သတ္တ၀ါ တစ်ကောင်ကောင်ဖြစ်မှာစိုးလို့ ဂိုက် Jo Jo ကို အကြောင်းကြားလိုက်တယ်... သူက ဘာမှမဖြစ်ဘူးတဲ့ Jelly Fish နဲ့ ထိသွားတာဖြစ်မယ် ခဏတဲ့... လှေပေါ်ပြန်ရောက်တော့ Pepsi ပုလင်းလေးတွေတိုက်တယ်... ဖေဖေ့ကို Jo Jo က ဆေးလာထည့်ပေးတယ်... သူ့ဆေးလိမ်းလိုက်တော့ နီနေတာ သက်သာသွားတယ်... ဘုတ်ပေါ်ကလူတွေကတော့ စိတ်ဝင်တစားနဲ့ ဘာဖြစ်တာလဲဆိုတဲ့ပုံစံမျိုး ကြည့်နေကြတယ်...
အဲဒိမှာပြီးတော့ Kaya Island ကို သွားကြတယ်... Kaya Island ကိုရောက်တဲ့အချိန်မှာ ဘုတ်ပေါ်မှာလဲ မိုးစွေ့စွေ့လေးရွာတာရော လေရောခံရတော့ ချမ်းနေပြီ... ကျွန်မတို့လဲရောက်ရော ကံဆိုးစွာပဲ မိုးရွာချရော... မဟုတ်ရင် အဲဒိ ကျွန်းက ဓာတ်ပုံ အတော်ရိုက်လို့လှမဲ့ကျွန်း... ရောင်စုံထီးလေးတွေနဲ့... ဒါနဲ့ လူတွေလဲ ရှိတဲ့ ဆိုင်တွေထဲဝင်ကြတယ်... ဂိုက်ပြောတဲ့ အဆောင်အောက်မှာဆိုရင်တော့ ပိုက်ဆံပေးစရာမလိုပဲထိုင်လို့ရတယ်... ဒါပေမဲ့ ကျွန်မတို့လဲ ဘေးက သဘောင်္သီးထောင်းရောင်းတဲ့ ဆိုင်လိုလေးတွေ့တော့ စားချင်လာတာနဲ့ အဲဒိဆိုင်မှာပဲ ထိုင်ဖြစ်တယ်... သဘောင်္သီးထောင်း ၂ပွဲရယ် နို့ဆီဆမ်း ပလာတာ ၂ချပ်ရယ်ဝယ်စားတယ်.. ပြီးတော့ ပြောင်းဖူးဖုတ် ၂ဖူး လဲဝယ်စားတယ်... အဲဒိကျွန်းပေါ်က ပြောင်းဖူးဖုတ်အရမ်းစားကောင်းတယ်... အကြီးကြီးတွေနဲ့ ချိုလဲချိုတယ်... မိုးအေးအေးမှာမို့ထင်တယ်... ပူပူလေးစားလို့ကောင်းတယ်... သဘောင်္သီးထောင်းက Phuket မှာဆို တစ်ပွဲ ဘတ် ၄၀... Kaya Island ပေါ်မှာကျတော့ တစ်ပွဲ ဘတ် ၈၀ ပေါ့... ဂွင်လေ... ပလာတာက ဘတ် ၅၀ ... ပြောင်းဖူးဖုတ်က ၁ဖူး ဘတ် ၆၀... တဖြည်းဖြည်းနဲ့တော့ မိုးက ပြန်ဖွဲသွားတယ်... ဒါပေမဲ့လဲ ရေထဲလဲ မဆင်းချင်တော့ဘူး... ပြီးတော့ Jo Jo ပြောခဲ့သလို Kaya Island က အဆိပ်ရှိတဲ့ အကောင်တွေနဲ့ ကျောက်ခက်တွေက စူးတတ်တယ်ဆိုတော့ မဆင်းရဲဘူး... ဓာတ်ပုံ ၁ပုံ ၂ပုံရိုက်ခဲ့ပင်မဲ့ လူလဲ ကြွက်စုတ်ရုပ်ဖြစ်နေလို့ စိတ်တိုင်းမကျဘူး... ကင်မရာစမ်းရင်းနဲ့ ရိုက်ခဲ့တဲ့ ရှုခင်း ပုံလေးတွေသာ ကြည့်လိုက်တော့နော်... အဲဒိမှာလဲ ၁နာရီခွဲလောက်တောင် အချိန်ပေးတယ်...
Kaya Island beach
Kaya Island Sea
Yammy and cozy food stall at Kaya Island...
ဒါပေမဲ့ ဘယ်သူမှလဲ ရေကူးတဲ့ပုံမပေါက်တော့ Jo Jo က အားလုံးကို ပြန်လိုက်ခေါ်ပြီး ပြန်ဖို့ပြင်ကြတယ်.... သဘောင်္ပေါ်ကို အကုန်ရောက်ပြီး ကျွန်မဘေးမှာထိုင်တဲ့ Gua Jui တို့ အဖွဲ့မပါလာဘူး... လူတွေကလဲ မတ်တပ်တွေရပ်နေတော့ Jo Jo လူတွေမစစ်နိုင်သေးဘူး... ပြီးတော့ အားလုံးစားဖို့ နာနတ်သီးတွေ ဖရဲသီးတွေလိုက်ကျွေးတယ်... အဲဒိအချိန်မှာပဲ ဘုတ်ထွက်သွားတယ်.... ကျွန်မတို့နဲ့ အင်္ဂလန်က ကလေးအဖွဲ့က ဦးလေးက သိတယ်... ထိုင်ဝမ်အဖွဲ့ကျန်ခဲ့ပြီဆိုတာ... ဒါပေမဲ့ သူတို့အဖွဲ့ သဘောင်္အပြင်ထိပ်မှာထိုင်ရင်လဲ ထိုင်နေမှာပေါ့ဆိုပြီးပဲ မပြောဖြစ်ဘူး... နောက် Jo Jo လူရေတော့မှ ၄ယောက်မပါလာတာသိတယ်... အစတည်းက Jo Jo ပြောပြီးသား အချိန်မှီပြန်မရောက်ရင် ထားခဲ့မယ်ဆိုတာလေ... ဒါပေမဲ့လဲ သူကိုယ်တိုင်လဲ အချိန်နည်းနည်းစောထွက်လို့လားတော့မသိဘူး... speed Boat ကို ပြန်လှည့်ပြီး ခေါ်တယ်... Speed Boat ကြီးကို လှည့်လိုက်တော့ အားလုံး စောင်းသွားတာ စီးလို့ကောင်းတယ်... တစီးလုံးကလူတွေက "woooooooo"... ဆိုပြီးအော်ကြတယ်... တစ်နေကုန်လျှောက်သွားထားတော့လဲ တစ်ယောက်နဲ့တစ်ယောက်က ရင်းနှီးစပြုနေပြီလေ... အသံလေးတွေက ထွက်လာပြီ... ပြန်သွားတော့မှ ထိုင်ဝမ်အုပ်စုထဲက နောက်တစ်ကောင်က သောင်ပြင်မှာ သနားစရာလေး ပြေးပြီးလက်ပြတယ်... သူတို့အဖွဲ့က မိန်းကလေးတွေက ကျန်နေသေးလို့ သွားခေါ်တယ်... Gua Jui ဘုတ်ပေါ်အရင်တက်လာတော့ တစ်ဘုတ်လုံးက လက်ခုပ်ဝိုင်းတီးကြတယ်... (အမှန်တော့ မင်းတို့ကြောင့် အားလုံးပြန်လာရတယ်ဆိုတာကို သိအောင် ပြတာ)... အဲလို တီးခံရရင် ရှက်လဲရှက် အားလဲနားသလို ခံစားရတယ်... (မဗေဒါ ဂျပန်က ဖူဂျီတောင်သွားတုန်းက အဲလိုပဲ နောက်ကျလို့ တစ်ကားလုံးလက်ခုပ်တီးပြီး အရှက်ကွဲခဲ့ဖူးတော့ ခံစားချက်ကို သိတယ်... ) နောက်မှ ဒေါ်အိုစာတို့တက်လာတော့လဲ အင်္ဂလိပ်တွေက "wooooooo...." ဆိုပြီး လက်ခုပ်တီးကြပြန်ရော... သူတို့တီးတော့လဲ အားလုံးကတီးကြတာပေါ့... အဲဒိတော့မှ ဒေါ်အိုစာလဲ ဆော်ရီး.. ဆော်ရီးဆိုပြီး တောင်းပန်တယ်... ဘယ်ရောက်နေတာလဲမေးတော့.. သူတို့ ကျွန်းနောက်မှာ ရေကူးနေတာတဲ့... သူတို့တွေ ထိုင်စရာမရှိတော့လို့ မတ်တပ်ရပ်ပဲ စီးလိုက်ရတယ်... ကလေးတွေ ဦးလေးလဲ မတ်တပ်ရပ်ပဲ စီးတာပါ... ဒေါ်အိုစာကတော့ သူ့ကို စိတ်ထဲက မကြည်ဖြူတဲ့ ဂျာမန်မနား အမှတ်မရှိ ထပ်တိုးထိုင်ပြန်တယ်... ဒီလိုနဲ့ ကျွန်မတို့ မနက်က ထွက်ခဲ့တဲ့ မော်တော်ဆိပ်လေးကို ညနေမှာ ပြန်ရောက်တယ်... မိုးကလဲ ရွာနေတုန်းပဲ... အားလုံးလဲ ခိုက်ခိုက်တုန်ချမ်းနေကြတယ်...
ပြန်ရောက်တာနဲ့ သိပ်တောင်မစောင့်လိုက်ရပါဘူး... အသင့်စောင့်နေတဲ့ ကားတွေဆီတက်ပြီ ဟိုတယ်တွေကို လိုက်ပို့ပေးတယ်... ဒီလိုနဲ့ပဲ တစ်နေတာ ခရီးသွားဖော်တွေနဲ့ လမ်းခွဲခဲ့ရတယ်... အော်... လောကကြီးမှ တွေ့ဆုံကြုံကွဲဆိုတာ သဘာဝပါပဲ.... သူတို့တွေအားလုံးနဲ့ အချိန်ကြာကြာမသိခဲ့ပဲ တနေ့တာသာတွေ့ခဲ့ပင်မဲ့ ကျွန်မရဲ့ ခရီးစဉ် Memory ထဲမှာတော့ အတူတူဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတွေကို အမှတ်ရနေမှာပါ...
ဟိုတယ်ပြန်ရောက်တော့ ရေမိုးချိုးပြီးပြီးချင်းပဲ ကျွန်မနဲ့ ကျွန်မမေမေက တော်တော်ပင်ပန်းနေပြီ... မေမေက ညစာတောင်ထွက်မစားချင်တော့ဘူး... အိပ်ချင်နေတာ... ဒါနဲ့ပဲ ဖေဖေနဲ့ အစ်မက ညစာထွက်ဝယ်တယ်... ကျွန်မကလဲ မေမေနဲ့ အဖော်လုပ်ရမှာကော.. ကိုယ်ကိုတိုင်လဲ ပင်ပန်းနေတာရောကြောင့် မေမေနဲ့ အခန်းထဲမှာနေခဲ့တယ်... ဖေဖေနဲ့ အစ်မ ၀ယ်လာလိုက်တာ အများကြီးပဲ... ထမင်းတွေရော ခေါက်ဆွဲတွေရော... ၀က်နံရိုးကင်ကတော့ ချိုချိုလေးနဲ့ မဗေဒါ အကြိုက်ဆုံးပဲ... Green Curry Chicken ဟင်း... သဘောင်္သီထောင်းစပ်စပ်လေး... ကြက်အသဲအမြစ်ဟင်း... အဲဒါတွေအားလုံးပေါင်းမှ ဘတ် ၅၀၀ မကျော်ဘူးတဲ့... Restaurant ကြီးတွေက ၀ယ်တာမဟုတ်ပဲ ရိုးရိုး သူတို့ Local တွေစားတဲ့ ဆိုင်ကပဲ ၀ယ်လာတာ... အဲဒိဆိုင်မှာ မြန်မာ အလုပ်သမားမလေးနဲ့တွေ့ခဲ့တယ်တဲ့... ဖော်ရွေတယ်တဲ့... သူနဲ့တွေ့လို့ ပြောရဆိုရ မေးရပြုရ အဆင်ပြေသွားတယ်တဲ့... သူတို့ Local တွေစားတဲ့ ထမင်းဆိုင်ရိုးရိုးလေးက ၀ယ်တော့လဲ ဟိုနေ့ညက 9 မှာ စားတုန်းကနဲ့ ဈေးက ကွာပါ့... စားလို့ကတော့ ကောင်းမြဲ... ပြီးတော့ ဒေသစာ စစ်စစ်စားရတယ်လို့ ခံစားရတယ်... အဲဒိညကတော့ ကျွန်မတို့မိသားစု အခန်း ၀ရံတာလေးမှာ ပင်လယ်လေညင်းလေးရယ်... လှိုင်းသံလေးတွေရယ်ခံစား စကားစမြည်ပြောရင်း မိသားစုထမင်းဝိုင်းလေးကို သက်တောင့်သက်သာ စားဖြစ်ခဲ့တယ်... စားရင်းနဲ့လဲ ထိုင်းက တီဗွီလိုင်းတွေကို လျှောက်မွှေဖြစ်တယ်... သရဲကားပြနေတဲ့လိုင်းတော့ စိတ်မပျက်စွာနဲ့ပဲ မကြည့်တော့ဘူး... အဲဒါကြည့်ပြီး ကြောက်နေရင် ဘာမှ အလုပ်ပြီးမှာ မဟုတ်ဘူး... နောက်တစ်လိုင်းကတော့ ယိုးဒယားဇာတ်လမ်းတွဲထင်တယ်... ဘာမှလဲ နားမလည်ပင်မဲ့ ထိုင်း မင်းသမီးတွေ မင်းသားတွေကြည့်လို့ကောင်းလို့ ကြည့်လိုက်တယ်... မဗေဒါ သတိထားမိတော့ ဘေးက ၃ယောက်လုံး အိပ်ပျော်နေကြပြီ... တစ်ယောက်တည်းနိုးနေတော့ ကြောက်လာပြန်ရော.. မနက်ကျရင်လဲ James Bond Island သွားဖို့ ထရအုံးမယ်... ဒီတော့ တီဗွီလေးပိတ်ပြီး မျက်လုံးမှိတ် အိပ်လိုက်တော့တယ်................ Zzzzzzz
ဗွီဒီယိုနှင့်ပတ်သတ်၍....
အစကတော့ Day 2 ဗွီဒိယို အပြည့်လုပ်မလို့ပဲ... အစီအစဉ်အစအနေနဲ့ စာတမ်းထိုး သဘောမျိုး တီးလုံးနဲ့ intro လုပ်မလို့... နောက်တော့ တီးလုံးက ဖြတ်လို့ မကောင်းတာရော... ပြီးတော့ တစ်နေ့လုံးသွားထားတာကို အသေးစိပ်လုပ်ရင် ဒီနေ့ ဒီပိုစ့်တက်လာမှာ မဟုတ်တော့ဘူးလေ... ပိုစ့်တင်ချင်တာကြောင့်ရော... အမြည်းအနေနဲ့ trailer ပုံစံမျိုး စက္ကန့် ၄၀ စာပဲ လုပ်လိုက်တော့တယ်.... မဗေဒါပုံတော့ သိပ်မပါဘူး... မိုးကရွာနေတော့ ဓာတ်ပုံလဲရိုက်ရဆိုတော့ ကိုယ့်ကိုကိုယ် ဗွီဒီယိုပြန်ရိုက်ဖို့တော့ သိပ်အဆင်မပြေလှဘူး.. ကင်မရာ ၂လုံးပါသွားပင်မဲ့လဲ မိုးရွာတော့ မလိုအပ်ပဲ ၂လုံးစလုံး မထုတ်ဖြစ်ခဲ့ဘူး... ဗွီဒီယိုနဲ့ ပိုစ့်လေးကို အားပေး ဝေဖန် အကြံပြုသွားကြပါအုံး...
P.S ဓာတ်ပုံတွေက ဆိုဒ်ချုံ့လိုက်တာ လက်လွန်ပြီး ၀ါးသွားတယ်... ပြန်ပြင်ရင် ကြာနေမှာ စိုးတာနဲ့ ဒီအတိုင်းပဲ ကြည့်လိုက်တော့နော်... :)
Thursday, November 18, 2010
Phuket, Thailand Dream - ( ခရီးစဉ် Day 1)
At Singapore Airport Terminal 2
မသွားခင် ၂ရက်အလိုမှာမှ ပိုက်ဆံသွားလဲဖြစ်တယ်... မဗေဒါအစ်မ China Town မှာ လဲတာတော့ နဲနဲပိုရတယ်... တချို့ကလူတွေပြောတော့ Sarangoon က ကုလားဆိုင်တွေမှာလဲရင် ပိုရတယ်လို့ပြောတယ်... ဒါပေမဲ့ ကိုယ်ကလဲ စီးပွားဖြစ်ကြီးလဲမှာမဟုတ်တော့ သိပ်တော့ ကွာဟချက်ရှိမှာမဟုတ်ပါဘူးဆိုပြီး အိမ်နားက Money Changer မှာပဲ လဲလိုက်တယ်... S$1 = 22.6 Baht ရတယ်...
ဒီလိုနဲ့ သွားဖို့နေ့ရောက်လာခဲ့ပါပြီ... မသွားခင် ညဘက်မှာ အထုတ်ထည့်တော့ ထည့်သွားချင်တဲ့ အကျီ်ကများနေတယ်... အဲလိုထည့်သွားပြီး ဟိုရောက်ရင်လဲ မ၀တ်ဖြစ်လိုက်တဲ့ အဖြစ်မျိုးတွေက အရင်တည်းက ဖြစ်တတ်လွန်းတော့ ကိုယ့်ကိုကိုယ်ထိန်းပြီး ပြန်လျော့နေရတယ်... ဟိုဟာလဲ ထည့်ချင် ဒီလိုလဲဝတ်ချင်နဲ့... မဗေဒါက Lady ဂါဝန်အဖြူလေးအကျပ် ၀တ်သွားမယ်ဆိုတော့ မဗေဒါအစ်မက သူများတွေက Beach ကို လွတ်လွတ်လပ်လပ် စုတ်စုတ်ပြတ်ပြတ်လာတဲ့အချိန်မှာ နင်က Lady dress ၀တ်ပြီးသွားရင် Immigration မှာတင် နင်အရှက်ကွဲမှာတဲ့... သာမာန်ဆိုရင်တော့ မဗေဒါ ကိုယ်ကြိုက်တာ ကိုယ်ဝတ်တာကို သိပ်ဂရုမစိုက်ဘူးဆိုပင်မဲ့လဲ... နေရာဒေသ ကာလံဒေသံနဲ့တော့ လိုက်ဖက်အောင်ဝတ်သင့်တယ်လို့ ထင်တယ်လေ... ဒီလိုနဲ့ ပဲ သက်တောင့်သက်သာရှိတဲ့ ဘောင်းဘီနဲ့ ရိုးရိုးအကျီင်္နဲ့ပဲဝတ်သွားလိုက်တယ်... အကျီင်္တွေကိုလဲ တခြားဟာတွေသိပ်မထည့်တော့ပဲ Beach နဲ့ လိုက်ဖက်မဲ့ ၀တ်ရတာ လွယ်ကူလွတ်လပ်တဲ့ အ၀တ်အစားလေးတွေပဲရွေးထည့်သွားတယ်... ဒေါက်ဖိနပ်ကိုတော့ ညဘက်မြို့ထဲတွေလျှောက်သွားဖို့နဲ့ ဓာတ်ပုံရိုက်ဖို့ လေယာဉ်ကွင်းဆင်းတဲ့နေ့မှာ ၀တ်သွားလိုက်တယ်... ဒါပေမဲ့ ကမ်းခြေသွားရင် ညှပ်ဖိနပ်ကတော့ မပါမနေပါရမယ်လေ...
လေယာဉ်ကွင်းထွက်လာတာနဲ့ တိုက်စီသမားတွေက မြန်မာပြည်လိုပဲ ၀ိုင်းခေါ်ကြတာ... အဲဒိမှာ တောင်းအိတ်(စ်)လိုကားမျိုးနဲ့ လူစုပြီးတင်တဲ့ကားတွေရှိတယ်... ၁ယောက်ဘယ်လောက်လဲတော့မသိဘူး.. ဒါပေမဲ့ လူအုပ်စုနဲ့သွားရင်တော့ တိုက်စီ စီးတာတောင် ပိုတန်သေးတယ်... ဥပမာ.. ဟိုစုစီးတဲ့ကားက တစ်ယောက်ကို ၂၀၀ Baht ပဲထား... ၄ယောက်ဆို ဘတ်၈၀၀ ဖြစ်သွားပြီ... လူမပြည့်မချင်းစောင့်ရမဲ့အပြင် ကိုယ့်ကို အရင်ပို့ချင်မှလဲ ပို့အုံးမှာ... ဒါပေမဲ့ တိုက်စီကတော့ ကျွန်မတို့ငှားတာ ဘတ် ၆၅၀ပဲကျတယ်...ဈေးတော့ စစ်ရတာပေါ့နော်... ကျွန်မတို့က Patong Bay Garden Resort ကို ငှားတယ်...
ကျွန်မအစ်မက ပထမတစ်ခေါက် သူ့ သူငယ်ချင်းတွေနဲ့ ရောက်ဖူးထားတော့ နည်းနည်းတော့ သိတယ်... တိုက်စီသမားက လမ်းမှာ တိုး အေးဂျင့်တစ်ခုကို ရပ်ပြီး အဲဒိက မိန်းမတွေနားပူတာနားထောင်ရအုံးမယ်လို့ပြောတယ်... ဒါပေမဲ့ အဲဒိက၀ယ်တာက ဟိုတယ်က ၀ယ်တာထက်တော့ သက်သာတယ်တဲ့... ဒီလိုနဲ့ပဲ လမ်းရောက်တော့ အဲဒိ (တိုက်စီသမားနဲ့ ဆက်ထားတဲ့) အေးဂျင့်မှာ ရပ်ပါလေရော... ဒါပေမဲ့ ကျွန်မအစ်မရော ကျွန်မရော စကားပြောအပြီးမှာ သူတို့လဲ ဈေးလျော့ပေးတာရော နောက်ပြီး ဟိုတယ်ရောက်ပြီးမှ ထွက်ပြီး တစ်ခုချင်းလိုက်စုံစမ်းတဲ့ အချိန်မဖြုန်းချင်တာရောကြောင့် အဲဒိမှာပဲ ၀ယ်ဖြစ်လိုက်တယ်... အစက သူတို့ဈေးခေါ်တာက ပထမရက် Phi Phi Island and surrounding Islands Package နဲ့ ဒုတိယရက် James Bond Island and surrounding Islands Package ၂ခုပေါင်းကို ၁ယောက်ကို စကာင်္ပူ ဒေါ်လာ ၂၆၀ လောက်ကျတယ်... နောက် ဈေးဆစ်ရင်း ဆစ်ရင်းနဲ့ ၁ယောက်ကို စကာင်္ပူ ၁၆၀ နဲ့ ရတယ်... (ယိုးဒယားဘတ် ဘယ်လောက်လဲသိချင်ရင်တော့ ကိုယ့်ဘာကိုယ်သာတွက်ကြည့်လိုက်ကြတော့... သူတို့နဲ့တော့ ယိုးဒယားပိုက်ဆံနဲ့ပဲရှင်းခဲ့ရတာပေါ့..) ကျွန်မတို့က ဖေဖေနဲ့ မေမေဖိုးကို တစ်ယောက်တစ်ဝက်ပေးတော့ ၁၆၀+ ၁၆၀= စကာင်္ပူ ၃၂၀ လောက်စီထွက်သွားတယ်... အဲဒိမှာတင် လဲလာတဲ့ ပိုက်ဆံ ၄ပုံ ၃ပုံလောက် ကုန်သွားရော... မထင်ထားဘူး အဲလောက်များမယ်လို့.. ဒါပေမဲ့ အဲဒိပတ်ကေ့ထဲမှာ အပြန် ဟိုတယ်ကနေ လေဆိပ်ကို လိုက်ပို့ပေးမဲ့ တိုက်စီ Service ပါ ပါတယ်... ဒီတော့လဲ မဆိုးပါဘူး... သူများတွေ ရောက်ဖူးတဲ့သူတွေ ဒိထက်ဈေးသက်သာပြီး Service ကောင်းတဲ့နေရာသိရင် ပြောပြပေးသွားကြပါအုံး... ဒါကတော့ မဗေဒါရဲ့ပထမဆုံးဆိုတော့ မဗေဒါ တွေ့ခဲ့တာကိုပဲရေးတာပါ... အေးဂျင့်နာမည်ကတော့ မေ့သွားပြီ... လေဆိပ်ကနေ ၁၅ မိနစ်လောက် ကားမောင်းရင် ရောက်တယ်... အဲဒိက Flyer လေးတွေကို မဗေဒါ အစ်မကို ယူလာခိုင်းတာ (ဘလော့ရေးမလို့)... ခုတော့ ပျောက်သွားပြီတဲ့... ဗွီဒီယိုထဲမှာတော့ ပါမယ်ထင်တယ်.. ဒါပေမဲ့ ခု အဲဒိဗွီဒီယို ကြည့်လိုက်ရင် မဗေဒါခေါင်းမူးပြီး ပိုစ့်ပြီးအောင် ရေးနိုင်တော့မှာ ဟုတ်ဘူး... ဒီတော့ နောက်တစ်ခေါက် ကြည့်ပြီးတော့မှပဲ ပြောပြတော့မယ်နော်...
ဒီလိုနဲ့ ဟိုတယ်ကိုရောက်တော့ မဗေဒါအစ်မက ချက်အင်ဝင်ပြီး အရင်ပိုစ့်မှာ ပြောခဲ့တဲ့ ပြဿနာတွေတက်... ပိုက်ဆံတွေထပ်ပေးရဖြစ်နေတော့ စိတ်ရှုပ်လို့ ကမ်းခြေမှာယောင်ဝါးဝါးသွားလုပ်နေတယ်.. ကမ်းခြေမှာ ပင်လယ်ကမ်းခြေထိုင်တဲ့ ထိုင်ခုံတွေချထားတယ်... အလကားလား ဟိုတယ်ကပေးတာလား မသေချာဘူး... အဲဒိအချိန်မှာပဲ ယိုးဒယားတစ်ယောက်က ထိုင်မလို့လား... ထီးယူအုံးမလား... ဘာညာဆိုပြီး ဇွတ်ကို ထီးတွေလာမိုးပေးတော့တာပဲ... ဒါဆို သိလိုက်ပါပြီ ပိုက်ဆံကတော့ ပေးရတော့မယ်ဆိုတာ.. ဒါပေမဲ့လဲ သူများတွေ ဖိနပ်မပါ ရေကူးဘောင်းဘီ အကျီင်္နဲ့ နေပူဆာလှုံနေတဲ့အချိန် သဲသောင်မှာ ဒေါက်ဖိနပ်ကြီးနဲ့ လျှောက်လာကတည်းက လူတွေက ကြည့်နေတယ်လို့ ခံစား (ကိုယ့်ကိုကိုယ်မလုံတာ) နေရတော့ ဟန်မပြတ်ပဲ အဲလူ ထီးလာမိုးပေးတာကို ခံနေလိုက်တယ်.... ရင်ထဲမှာတော့ "ဒီခုံတွေက ဟိုတယ်က အလကားချထားပေးတာကို ငါ့ကို အချဉ်ဆိုပြီး ပိုက်ဆံတောင်းတာလား" "ပေးသင့်လား မပေးသင့်လား" ခုလု ခုလု နဲ့ပေါ့.. ဘယ်လောက်လဲမေးတော့ ဘတ် ၁၀၀ တဲ့... ဒါနဲ့ပဲ ထုတ်ပေးလိုက်တယ်... ဒါပေမဲ့ စိတ်ထဲ အောင့်သက်သက်ဖြစ်နေတာကို မနည်းဟန်လုပ်ထားရတယ်... ဒီကလဲ ကပ်စေးနဲလေ... အရေးထဲ ဘေးခုံက အဖြူကောင်က ထီးမိုးတာမကြိုက်လို့ သူ့ခုံကို ရှေ့နေပူတဲ့ဘက် ဆွဲထုတ်သွားသေးတယ်... ကိုယ်တွေကတော့ လက်ရှည်နဲ့ အပေါ်က တစ်ထပ်နဲ့ နေကာမျက်မှန်နဲ့ ဒေါက်ဖိနပ်နဲ့ အပေါ်က ထီးမိုးခိုင်းသေးတယ်... ဟိဟိ.... ဒါကလဲ ကိုယ့်အခြေအနေ ကိုယ်သာသိလေ... ကိုယ်က ခုမှလေယာဉ်ကွင်းက ဆင်းလာတဲ့အတိုင်းလာတာပဲဟာကို... သူ့ဟာသူ နေသိပ်ခံချင်တိုးပေါ့လို့ စိတ်ထဲမှာ ပြန်တင်းလိုက်ပင်မဲ့... ငါ့ကြောင့်များ ဘေးက အဲဒိ အဖြူကောင် အနှောက်အယှက်ဖြစ်သွားလို့ တင်းသွားပြီလားလို့ ကြောက်သေးတယ်... တစ်ခါတစ်လေကျတော့လဲ ဘေးကလူတွေကို အရမ်းဂရုစိုက်ရင် ကိုယ်ပဲ စိတ်ပင်ပန်းရတယ်... ကိုယ်သက်သာသလိုနေတာ အကောင်းဆုံးပဲ... ဒီလိုတွေးလိုက်တော့လဲ သူ့ဟာသူ အဆင်ပြေသွားတာပဲ...
ကျွန်မ ညာဘက် ဘေးဘက်မှာ အသက်ကြီးကြီး အဖြူတစ်ယောက် အဖိုးကြီးလား အဖွားကြီးလား ခွဲမရဘူး...ဘာလို့လဲဆိုတော့ သူက အပေါ်ပိုင်း ဘာမှ မ၀တ်ထားဘူး... ဒီတော့ ဦးနှောက်က အဖိုးကြီးဆိုတဲ့ အဖြေပဲပေးနေတယ်... နောက်မှ သူက စာအုပ်ကို မှောက်ရက်ဖက်ဖို့ မှောက်လိုက်မှ တွဲလဲကြီး ၂ခုတွေ့တော့မှ... မဗေဒါလဲ ပါးစပ်အဟောင်းသားနဲ့ ကိုရီးယားကားထဲကလိုဆိုရင်တော့ "Omo... OMO..." ဆိုပြီး ဖြစ်သွားတော့တယ်... သူ့ယောကျာင်္းအဖိုးကြီးက ဘေးမှာ... ဘာမှလဲ မပြောဘူး... မထူးဆန်းသလိုပဲ... ရှက်လိုက်တာမပြောနဲ့... နေကာမျက်မှန်အောက်ကပဲ ၁ချက် ၂ချက် ခိုးကြည့်လိုက်တယ်... အဟိ... အဖွားကြီးက တော်တော်လေးတော့ အိုနေပါပြီ.... အခန်းရတော့ အစ်မက ကျွန်မကို ကမ်းခြေမှာလိုက်ရှာတာ မတွေ့တာနဲ့ ဖုန်းလှမ်းခေါ်ရော.... ကျွန်မတို့က roaming service ဖွင့်ထားတော့ ပြောလို့ရတယ်.. ဘယ်လောက်တွေ ကျမလဲမသိဘူး.. ဘေလ်လာမှ သိမှာပဲ... သူတို့တွေ ကျွန်မပျောက်လို့ ဒေါင်းတောက်အောင် လိုက်ရှာနေကြတာတဲ့... အမှန်တော့ ကျွန်မက ဟိုတယ်ရှေ့တည့်တည့်က ခုံမှာပဲ ထိုင်နေတာပဲ... သူတို့က ကျွန်မကပ်စေးနဲ့ ဒီလိုခုံတွေမှာ မထိုင်လောက်ဖူးတွက်ထားတယ်ထင်ပါတယ်... ဟတ်ဟတ်... အိမ်သားတွေက ကိုယ့်အကြောင်းအသိဆုံး.... ဒါကြောင့် အိမ်ကလူတွေနဲ့ ခရီးသွားရတာ အကြိုက်ဆုံး... ဒါပေမဲ့ ဒီတစ်ခါတော့ သူတို့အတွက်မှားသွားတာ... အဖေက ဒီထက်မှရှာမတွေ့ရင် ရဲတိုင်တော့မဲ့ပုံ... ကျွန်မကို တွေ့တော့ သိပ်တော့မဆူဘူး... "ဘယ်ရောက်နေတာလဲ?" ဆိုပြီး ခပ်ဆပ်ဆပ်ပဲမေးတယ်... အစ်မကတော့ နည်းနည်းဆူတယ်... (ဒါပေမဲ့လဲ ကိုယ်က သူ့ကို သိပ်မကြောက်ပေါင်... အဟိ... ဖတ်ပြီး တင်းမနေနဲ့အုံး...) ဘာပဲဖြစ်ဖြစ်... ခုလို စိတ်ပူကြတာကိုပဲ ကိုယ်က ကျိတ်ပျော်နေတာ... ငါ့ကို စိတ်ပူတဲ့ ငါ့မိသားစုရှိတယ်.. ငါ့ကို အရေးထားတဲ့... ငါ့ကို လိုအပ်တဲ့ မိသားစုရှိတယ်... ဒါဟာ ဘယ်သူနဲ့မှ အစားထိုးလို့မရသလို... ကျွန်မကို အဲလို ချစ်နိုင် နားလည်နိုင်တဲ့လူမျိုး တစိမ်းထဲမှာ မရှိနိုင်ဘူး... သူတို့ဆူတာကို ၀ယ်ထားတဲ့ သရက်သီးကိုက်ရင်း ပြုံးပြုံးပဲ ခံလိုက်တယ်...
အထုတ်တွေဘာတွေထားပြီးတော့ ဗိုက်အရမ်းဆာနေပြီလေ... နေ့လည်စာစားဖို့ လျှောက်ရှာကြတာပေါ့... ကျွန်မအစ်မစားဖူးတဲ့ Bangla Road ထိပ်နားက လမ်းခွဲလေးထဲက Tourist attraction seafood ဆိုင်တွေကို ပြန်လမ်းလျှောက်ရတယ်... မိုးပေါက်လေးတွေကလဲ ကျနေတော့ ထီးနဲ့သွားရတယ်... တော်သေးတယ် မသွားခင် မိုးလေ၀သစစ်တော့ မိုးရွာမယ်ဆိုတာ ကြိုသိလို့ ထီးယူလာတာ... ဒါပေမဲ့ ဖြစ်ချင်တော့ အဲဒိနေရာတွေက ညဘက်မှဖွင့်တာ... နေ့ဘက်ကျတော့ မြို့ပျက်ကြီးကျနေတာပဲ ခြောက်ကပ်နေတာပဲ.... ကံကောင်းထောက်မစွာပဲ အဲဒိနားမှာ လှည်းလေးနဲ့ ဘာရောင်းနေမှန်းတော့မသိဘူး... တွေ့တာနဲ့ အဲဒါပဲ အစာပြေအရင်ဝယ်စားတော့မယ်.. ကျွန်မနဲ့ ကျွန်မအမေက ဗိုက်ဆာရင်လုံးဝမရဘူး... စိတ်တွေတိုပြီး ကတုန်ကယင်ဖြစ်လာတာ... ဒါနဲ့ ဈေးမေးတော့ တစ်ပွဲ ဘတ် ၄၀ တဲ့ (စကာင်္ပူ ၁ဒေါ်လာခွဲလောက်ပဲ) ကျတယ်... ကိုယ်မှာမှ ခေါက်ဆွဲတွေဘာတွေ ပြုတ်ပြီး ပူပူလေးလုပ်ပေးတာ... ဘာခေါ်လဲတော့ မသိဘူး.. စားကြည့်တော့ ရှမ်းခေါက်ဆွဲလို ခေါက်ဆွဲမျိုးကို ၀က်သား ဒါမှမဟုတ် ကြက်သားနဲ့ ကန်စွန်းရွက်တွေနဲ့... စားလို့တော့ အတော်ကောင်းတယ်... မိုးအေးအေးမှာ ပူပူလေးနဲ့ ငရုတ်သီးလေးထည့်ထားတော့ ပူစပ်လေးပေါ့... လောကမှာ အရသာ အရှိဆုံး စားစရာက ဈေးကြီးပေးစရာမလိုဘူး... ကိုယ်ဗိုက်ဆာနေတဲ့အချိန်မှာ စားလိုက်ရတဲ့ အစာပဲ... 
ကျွန်မတို့ ထိုင်စားတဲ့နေရာက ညဘက်ဆိုရင် တိုင်ပတ်အကတွေရှိတဲ့ ဘားမှာ... နေ့ဘက်ကျတော့ ဆိုင်ပိတ်ထားတော့ ကျွန်မတို့ထိုင်လို့ရတယ်လေ... အဲဒိတော့မှ အဲဒိ တိုင်ပတ်တဲ့ အကရှိတဲ့ ဘားစားပွဲတွေဟာ တကယ်ကိုပဲ တိုင်အောက်တည့်တည့်မှာရှိတာတွေ့တော့တယ်.. အရင်က ထင်ထားတာက စားပွဲတွေက နည်းနည်းတော့ ကျယ်မယ်ထင်တာ...ခုတော့ ဘယ့်နှယ့် ကနေတဲ့ မိန်းမအောက်တည့်တည့်မှာ... ကိုယ်သောက်မဲ့ စားမဲ့ဟာတွေထားရမှာ... အော့.... အရသာရှိတဲ့သူအတွက်တော့ ရှိနေမှာပေါ့.. (ပြော ပြောချင်ဘူး.. ပြောကို မပြောချင်ဘူး.. (ဒေါ်မြလေး အသံနှင့်ဖတ်ရန်)).... လူဆိုတာလဲ အကြိုက်တမျိုးစီမို့ ဘာမှ မဝေဖန်လိုပါ.... မမြင်ဖူးတာတွေကို နှဖူးတွေ့ ဒူးတွေ့ မြင်နေရလို့ Alice In the Wonder land လို မျက်လုံးပေကလပ် ပေကလပ်နဲ့ ကြည့်နေတာပဲရှိတယ်... ခရီးသွားတယ်ဆိုတာလဲ ကိုယ်မမြင်ဖူးတာတွေ သူများနိုင်ငံရဲ့ နေမှုထိုင်မှုစရိုက်တွေကို လေ့လာချင်လို့ပဲလေ... ဒီတော့ ဒီအတွေ့အကြုံက တန်ပါတယ်...
ဖေဖေနဲ့ အစ်မက လမ်းမှာတွေ့ခဲ့တဲ့ လှည်းလေးနဲ့ အကင်ဆိုင်က ငါးခူအကြီးကြီး အကင် ၃ကောင်လောက်နဲ့ ကြက်အသဲကင်... သဘောင်္သီးထောင်း စပ်စပ်လေးနဲ့... အဲဒိနေ့က ဖူးခက်က လမ်းဘေး လှည်းလေးတွေနဲ့ မိုးပေါက်တွေကြား ပိတ်ထားတဲ့ Crazy Horse Bar မှာ ထိုင်စားခဲ့ရတဲ့ အရသာလေးကတော့ မဗေဒါရဲ့ မှတ်ဥာဏ်တစ်ခန်းမှာ အမှတ်ရနေမှာပါ... အားရပါရ ဒီလောက်အများကြီးစားတာတောင် ကျွန်မစိတ်ထင် ဘတ် ၅၀၀ မကျော်လောက်ဘူးထင်တယ်... ကျွန်မနဲ့ ကျွန်မ မေမေက အစကတော့ "ဒါအစမ်း အစာပြေစားတာ ... နောက်ဆိုင်တွေ့ရင် အစဉ်ထပ်စားမယ်" လို့ ကြိမ်းဝါးပြီး စားခဲ့ပင်မဲ့... စားပြီးတော့ ဗိုက်တင်းသွားလို့ ဘာမှ ထပ်မစားချင်တော့ဘူး... ဒီလိုနဲ့ ပိုက်ဆံကလဲ လဲဖို့လိုလာတော့ လျှောက်ရင်းလျှောက်ရင်းနဲ့ Jungceylon shopping mall ကိုရောက်သွားရော... အဲဒိမှာ ဈေးဝယ်ရင်း ပိုက်ဆံလဲလို့ရတယ်လေ... ၀င်သွားပြီး မြေအောက်တစ်ထပ်ကို ဆင်းလိုက်တာနဲ့ လိုချင်တာတွေချည်းပဲ... အများစုကတော့ beach wear topless dress ဂါဝန်တွေများတယ်... ဒါပေမဲ့ အရမ်းလှတယ်... ဈေးကလဲ စစ်နိုင်ရင် စစ်နိုင်သလိုရတယ်... ဈေးဆစ်လိုက်ရင်တော့ စကာင်္ပူထက် တော်တော်လေး သက်သာတယ်.. သူတို့ခေါ်ဈေးကတော့ စကာင်္ပူဈေးလောက်ရှိတယ်... သူတို့ခေါ်ဈေးရဲ့ ၆၀ % နှုန်းလောက် လျော့ပြီးတော့ကို ဆစ်ရတယ်... ဒါတောင်ရတယ်ဆိုတော့ ၈၀ % ရာခိုင်နှုန်းလောက်အထိ ဆစ်လို့ရမလားတော့ မသိ... 
အဲဒိဈေးထဲမှာ ရှိသမျှ ဈေးသယ်တွေက မြန်မာတွေချည်းပဲ... စိတ်လွတ်ပြီးတော့များ ကုန်ပစ္စည်းအကြောင်းကို တန်တယ် မတန်ဘူး လိုချင်တယ် မလိုချင်ဘူး မပြောလိုက်နဲ့... မြန်မာပြည် သိမ်ကြီးဈေးတို့ မင်္ဂလာဈေးတို့မှာ ဈေးဝယ်နေသလိုပဲ... တချို့ဈေးသည်တွေကလဲ သူတို့မြန်မာဆိုတာ ၀န်ခံကြတယ်... တချို့ဈေးသည်တွေကတော့ ဟန်လုပ်ပြီး အင်္ဂလိပ်လိုပဲပြောကြတယ်... ဒီတော့ သူတို့ပေါ်မူတည်ပြီးတော့ပဲ ဆက်ဆံလိုက်တယ်... ဒါပေမဲ့ သူတို့တွေအားလုံးမြန်မာဆိုတာ ကျွန်မတို့သိပါတယ်... ဒါတောင် ပါးစပ်က ယောင်ယောင်ပြီး တန်တယ်မတန်ဘူး လွတ်လွတ်ထွက်သေးတယ်... ကျွန်မကတော့ ပိုက်ဆံမလဲရသေးတော့ ဘာမှ မ၀ယ်ဖြစ်ဘူး... အဖေနဲ့ အမေကတော့ ချည်ထည် အကျီင်္နဲ့ ဘောင်းဘီတွေဝယ်တယ်... ဈေးခေါ်တော့ ဘတ် ၆၅၀ ၀န်းကျင်လောက်တွေကို ဘတ် ၂၀၀ ဘတ် ၃၀၀ လောက်နဲ့ရတယ်... ဖေဖေကတော့ စကာင်္ပူမှာ ရှာရခက်တဲ့ သူ့ ဆိုဒ် ချည်ထည်အကျီင်္ရတော့ သူတို့ ဈေးတင်တာ မတင်ထာထက် ကိုယ်ပေးနိုင်သလောက် ကိုယ်တန်တယ်ထင်သလောက်ပေးလိုက်တာ အကောင်းဆုံးပဲတဲ့... ဟုတ်တယ်.. မဗေဒါလဲ အဲလိုထင်တယ်... သူတို့တွေ ဘယ်လောက်ဈေးတင်ထားလိုက်လဲလို့ တွေးနေတာထက်... ကိုယ့်အတွက် ပေးနိုင်မဲ့ တန်တယ်ထင်မဲ့ဈေးကို ပေးလိုက်တယ်... မရရင် မယူဘူး... ယူပြီးတော့မှ နောက်တစ်နေရာမှာ ဒိထက် ဈေးပေါပေါနဲ့တွေ့လဲ နောင်တ မရဘူး... ဘာလို့လဲဆိုတော့ ကိုယ်က အစထဲက ကိုယ့်အတွက် တန်မယ်ထင်တဲ့ဈေးကို ပေးပြီးသားလေ... အ၀တ်အစားဆိုတာလဲ ၀တ်တဲ့သူရဲ့ တန်ဖိုးပေါ်ပဲ မူတည်ပါတယ်...
နောက်အချိန်တွေ ပိုနေသေးတာနဲ့ မိသားစုလိုက် အဲဒိ Shopping Mall ထဲမှာပဲ Foot Massage ခံကြတယ်... ၁နာရီမှ ဘတ် ၂၀၀ ထဲ... စကာင်္ပူ ၉ဒေါ်လာ လောက်ပဲ ရှိတယ်... ဒါပေမဲ့ ယိုးဒယား Massage က အင်ဒိုးနီးရှား Massage လောက် မထိဘူး... ဘာလီမှာတုန်းက ထိလွန်းလို့ အော်တောင် အော်ရတယ်...
နောက်တော့ ပိုက်ဆံသွားလဲကြတယ်... မဗေဒါက ကပ်စေးနဲပြီး စကာင်္ပူ ဒေါ်လာ ၂၀၀ ပဲထပ်လဲတယ်... အဲဒိက Money changer rate က စကာင်္ပူကထပ်ပိုနည်းတယ်... ငွေယားလေး လက်ထဲပြန်များလာတော့မှ ဟိုဆိုင်ဝင်ကြည့် ဒီဆိုင်ဝင်ကြည့်လုပ်တော့တယ်... ပိုက်ဆံမရှိရင် ဆိုင်တွေဝင်ကြည့်တော့လဲ ရင်မောတာပဲရှိတယ်လေ... Lobby မှာ ရေကူးဝတ်စုံတွေ Bikini တွေ ဖိနပ်တွေဈေးချနေတာတွေ့တော့ (အစထဲက အစ်မကပြောတယ် အဲဒိမှာ သက်သာတယ် စကာင်္ပူမှာ မ၀ယ်နဲ့ဆိုတဲ့အတိုင်းပဲ) အဲဒိမှာ အရမ်းသက်သာတာနဲ့ အဲဒိမှာ ရေကူးဖို့ ၀ယ်လိုက်တယ်... ဒါပေမဲ့ မဗေဒါ မေမေက လမ်းလျှောက်တာ ကြာရင် ပင်ပန်းလာရော... ဒါနဲ့ပဲ ဟိုတယ်ပြန်လိုက်တယ်... သားအမိ သားအဖတွေ ပင်ပန်းပြီး နေ့လည်ဘက်ကို အိပ်လိုက်ကျတာ ညနေမှ ပြန်နိုးတယ်... ညနေရောက်တော့ ၀ယ်လာတဲ့ ရေးကူးဝတ်စုံလေးနဲ့ (မဗေဒါက အစက အင်ဒိုနီးရှား ဘာလီသွားတုန်းက ၀ယ်ထားတဲ့ Pario ယူလာလဲ ပတ်ဖြစ်မှာ မဟုတ်ပါဘူးဆိုပြီး လျော့ခဲ့တာ ခုကျမှ ပတ်ချင်လာရော) ဒါနဲ့ ယူလာတဲ့ အစ်မဆီကနေ ဓားပြတိုက်လိုက်တယ်... အဟိ....
ကမ်းခြေကိုဆင်းတော့ နေ့လည်က ထိုင်ခုံဖိုးပေးခဲ့တဲ့ ငတိက မဗေဒါကို မှတ်မိတယ်ဗျား.... သူက ပြေးလာပြီး ထိုင်ထိုင်လို့ပြောတယ်... ဒီတစ်ခါတော့ မဗေဒါလဲ မကြောက် မရှက်နိုင်တော့ဘူး... မေးလိုက်တယ်.... ပိုက်ဆံထပ်ပေးရအုံးမှာလားလို့... ဒီတော့သူက ပေးစရာမလိုဘူး မနက်က ပေးပြီးရင် တစ်နေ့လုံးထိုင်လို့ရတယ်... ကျွန်မကို မှတ်မိ တယ်တဲ့... ဒီတော့ "အဲ... ဘယ်ဆိုးလို့လဲ... တစ်ခါပေးရင် တစ်နေ့လုံးထိုင်လို့ရတယ်ဆိုတော့" ကျွန်မလို သာမာန် မထင်မရှားပုံစံ customer ကို မှတ်မိတယ်ဆိုတော့ ဒီလူကို တစ်မှတ်ပေးလိုက်တယ်... Customer Service ထဲမှာပါတဲ့ Customer Recognizing ဆိုတဲ့ အချက် သူ့မှာရှိတယ်... ငါ ဘတ် ၁၀၀ ပေးတာ တန်သွားပြီလို့... အဟိ....
ကမ်းခြေမှာ စတိုင်ထုတ်နေတာ...
ညနေဆည်းဆာ...
အဖေဖမ်းမိတဲ့ ဂဏန်းလေးတွေ အဲလိုမျိုး အများကြီးဖမ်းမိတယ်... ပြန်လွှတ်လိုက်တယ်...
အဖေကတော့ ပင်လယ်တွေ့တာနဲ့ ရေထဲဆင်းပြီး ပင်လယ်ကြမ်းပြင်က ဟိုအကောင်ဖမ်း ဒီအကောင်ဖမ်းနဲ့ အလုပ်ရှုပ်နေချိန် ကျွန်မတို့ညီအစ်မ ၂ယောက်ကတော့ ဓာတ်ပုံရိုက်ဖို့ အလုပ်ရှုပ်နေလေရဲ့... မေမေကတော့ ကျွန်မရဲ့ ၁၀၀ တန်ထိုင်ခုံမှာ ပစ္စည်းစောင့်ထိုင်ရင်း မုန့်ရှိရင် ပျော်နေတဲ့ ကျွန်မရဲ့ မေမေ အုန်းစိမ်းရည်နဲ့ ဇိမ်ကျနေတော့တာပဲ.... နောက်တော့ ကျွန်မတို့လဲ ရေကူး... ကျွန်မတို့ကူလို့ဝတော့ မေမေ့ကို တလှည့်သွားကူးခိုင်းတယ်... နည်းနည်းလေး မှောင်စပြိုးလာတော့ ပြန်တက် ကိစ္စ ၀ိတ်စ ရေမိုးချိုး အ၀တ်လဲတာနဲ့တင် ညမိုးချုပ်သွားရော... ဒါနဲ့ ညစာထွက်စားဖို့ Bangla Road ဘက် ထွက်လာကြပြန်ရော...
ညဘက်ကျတော့ အဲဒိလမ်းက ကားဝင်လို့မရအောင်ကို ပိတ်လိုက်တာ.... မနက်ကနဲ့ တခြားစီ... စည်းကားနေတာပဲ ... အရက် ဘားတွေကလဲ အများကြီး... လမ်းမှာ မီးလင်းတဲ့ မစ်ကီးမောက် ဘီးကုတ် လေးတွေရောင်းတာနဲ့ (အဲလို မဟုတ်က ဟုတ်က တိုလီမိုလီဆို အလွန်ဝယ်ချင်သော ကျွန်မ) ၀ယ်ဖြစ်ခဲ့တယ်... ချစ်စရာလေးမို့... ခေါ်ဈေးက ဘတ် ၂၅၀... ကျွန်မ ဘတ် ၅၀ နဲ့ ဆစ်လိုက်တာ ၂ခါပဲ ဆစ်လိုက်ရတယ်... (လူပုံက အချဉ်ပုံပေါက်နေလို့လား ဒါမှ မဟုတ် ဈေးပိုပြောတာ သူတို့အကျင့်ပဲလား..) ဒါနဲ့ မနက်က သွားခဲ့တဲ့ seafood ဆိုင်တွေကိုပဲ သွားတယ်...
9 Seafood Restaurant
လမ်းထဲချိုးဝင်လိုက်တာနဲ့ ထမင်းဆိုင်ကလူတွေက ခေါ်ကြတာ... ကျိုက်ထီးရိုးက ထမင်းဆိုင်တွေအတိုင်းပဲ... 9 ဆိုတဲ့ ဆိုင်မှာ စားဖြစ်တယ်... ပုဇွန် ၁ ကီလို ကို တစ်ဝက်ကင် တစ်ဝက်ကို ကြက်သွန်ဖြူ ထောပတ် နဲ့ ချက်... နောက်ပြီး ကပ်ကတစ်ငါးကောင်လုံးကြော်တစ်ပွဲ... Tom Yam ဟင်းချိုတစ်ပွဲ... Seafood ထမင်းကြော် လေးယောက်စာ တစ်ပွဲ... အစိမ်းကြော်တစ်ပွဲ ခရုဆီနဲ့ကြော်တာ.... ယိုးဒယား ငါးဖယ်ကြော်တစ်ပွဲ... အ၀စားတာ... ကောင်းမှကောင်း.... အားလုံးပေါင်းမှ ဘတ် ၁၇၅၀ ပဲ ကျတယ် (စကာင်္ပူ ဒေါ်လာ ၇၇ လောက်ကျတယ်) စကာင်္ပူမှာ အဲလောက်စားရင် အသာလေး ဒေါ်လာ ၁၀၀ ကျော်ပြီလေ... ဒါတောင်အဲဒိ ဆိုင်တွေက ဈေးဆစ်လို့ သိပ်မရဘူး... Tourist attraction ဆိုင်တွေမို့လို့...
BBQ Prawn
Sweet & Sour Fried Sea Brass
Butter Garlic Fried Prawn
Thai styled Seafood Fried Rice
Fried assorted Vegetables
Tom Yam
Fish Cake
My beloved Family (missing one)
စားပြီးတော့ ဟိုကြည့်ဒီကြည့်နဲ့ လမ်းဘေးမှာ ရောင်းသမျှ ဆိုင်တွေပေါ်က အလှကုန်... handbag အိတ်အားလုံးက Brand နာမည်တွေချည်းပဲ... Eye Shadow လေးတွေ ကိုယ်ကြိုက်တဲ့အရောင်လေးတွေ တွေ့တာနဲ့ ၀ယ်ဖြစ်သေးတယ်... ဆိုင်သမားက အင်္ဂလိပ်လို့လဲ ဘာမှ မတတ်ဘူး... အတော် ခက်တယ်... အဲဒိအချိန်မှာပဲ မြန်မာ ဆိုင်သမား အဲဒိဆိုင်မှာ Senior တော့ကျတယ်ထင်တယ်... သူရောက်လာပြီး ပြောမှပဲ အဆင်ပြေသွားတယ်... ရောက်နေတာ ၇ နှစ် ၈နှစ်ရှိပြီတဲ့.. ယိုးဒယားလိုတော့ မွှတ်နေအောင်တတ်တယ်... ကျွန်မ စကာင်္ပူရောက်တာ ၈နှစ်ကျော်ပြီ တရုတ်လိုရော မလေးလိုရော ဘာမှလဲ တတ်ဘူး... Eye Shawdow တစ်ဘူး baht ၂၀၀ နဲ့ ၃ဘူး.. ဈေးလဲ လျော့ပေးဘူး.... Bangla Road မှာ မြင်မြင်သမျှ အားလုံး အထူးအဆန်း... အဲဒိလမ်းပေါ်လျှောက်နေရတာ ကိုယ့်ကိုကိုယ် Las Vegas များရောက်သွားသလားလို့... အဖြူတွေချည်းပဲ.... လမ်းပေါ်မှာတော့ အသက်တောင် ၁၈ နှစ်ပြည့်ရဲ့လားမသိဘူး.. ကောင်လေးတွေက ဘာရှိုးပွဲတွေအတွက် လိုက်ခေါ်နေလဲတော့မသိဘူး... သူတို့ကလဲ ကိုယ်မကြည့်တဲ့ပုံသေချာတော့ ကိုယ့်ကိုတော့ မခေါ်ပါဘူး... အဖြူကောင်တွေကို လိုက်ခေါ်တာများတယ်... 
ဆက်လျှောက်ရင်းနဲ့ ဆိုင်တစ်ဆိုင်ရှေ့နားက လမ်းကို ပိတ်ပြီးတော့ကို မိတ်ကပ်အပြည့် ၀တ်စုံပြည့်နဲ့ အခြောက်တွေကို တွေ့တယ်... လမ်းပိတ်နေတဲ့ အခြောက်တွေထဲမှာ အစိမ်းရောင်ဂါဝန်လေးနဲ့ အခြောက်လေးက အချောဆုံးပဲ... မိန်းမလိုဝတ်ထားတာလဲ ချောတယ်... ယောကျာင်္းလိုဝတ်ရင်လဲ ဂျန်ဂမ်ဆပ် (မပါမဖြစ် သူ့နာမည်) လို ပုံမျိုးလေးဖြစ်မှာ... အဲဒိ အခြောက်လေးနဲ့ ဓာတ်ပုံတွဲရိုက်ချင်ပင်မဲ့လဲ သူတို့က ဘာတွေမှန်းမသိတာနဲ့ မပြောတော့ဘူး ဒီလိုပဲ သူတို့ကို ဖြတ်လျှောက်လိုက်တယ်... ကံဆိုးစွာပဲ အဲဒိ အခြောက်တွေအားလုံးထဲမှာ ရုပ်အဆိုးဆုံး အ၀ဆုံး အခြောက်ကြီးက ကိုယ်တွေကို အတင်း လိုက်စကားပြောပြီး သူနဲ့ ဓာတ်ပုံတွဲရိုက်ချင်ရင် ရပါတယ်တဲ့ဆိုပြီး ကျွန်မပုခုံးလာဖတ်တော့... သူနဲ့ မရိုက်ချင်ပင်မဲ့လဲ "ကဲ... ရိုက်လိုက်ပါမယ်လေ... တော်ကြာ သူမလှလို့ နှိမ်သလိုဖြစ်မှာဆိုးလို့" အားနားပါနား ရိုက်လိုက်တယ်... ပြီးလဲ ပြီးရော TIP တောင်းပါလေရော... အစကတော့ အလကားပဲ ပေးရိုက်မလိုလိုနဲ့... (I forget Nothing is free in this world especially with Gay :( ) ... TIP ပေးရမယ်ဆိုရင် ကိုယ်စေတနာရှိတဲ့ အစိမ်းလေးနဲ့ပဲ တွဲရိုက်တော့မှာပေါ့... သူကလဲ ချောတော့ ဈေးကိုင်တာလား မသိ... ယိုးဒယားပိုက်ဆံ အတန်သေးက မရှိတော့ စကာင်္ပူ ၂ဒေါ်လာပေးလိုက်လို့ အစ်မကို ပြောတော့.. ဒင်း အခြောက်က မရဘူး ၅ဒေါ်လာမှတဲ့.... လူက အတော်တော့ တင်းနေတယ်... ဒါပေမဲ့ သူတို့နဲ့တော့ ရန်ပြိုင်မဖြစ်ရဲပါ... ဒီတော့ ရှာဖွေလိုက်တာ ယိုးဒယား ဘတ် ၁၀၀ တွေ့တာနဲ့ ပေးခဲ့ပြီး အမြန်ထွက်ခဲ့ရတယ်...
ညက စောသေးတော့ တိုင်ပတ်ကတဲ့ နေရာတွေမှာ မကသေးဘူး... ည ကိုးနာရီးခွဲလောက်မှ စတာတဲ့... မဗေဒါတို့ရောက်တဲ့အချိန်က ည ၈နာရီလောက်ပဲ ရှိအုံးမယ်... မဗေဒါတို့စားခဲ့တဲ့ စားသောက်ဆိုင်တွေကို ဘယ်အချိန်ထိဖွင့်လဲလို့မေးတော့... ညနေ ၅နာရီလောက်ကနေ နောက်နေ့မနက် ၄နာရီလောက်အထိဖွင့်တယ်တဲ့... ပျော်ပါး သောက်စားပြီး သူတို့ဆိုင်တွေမှာ ဗိုက်လာဖြည့်လို့ရတယ်တဲ့... ကိုယ်ကတော့ ပျော်ပါးသောက်စားမဲ့လူမဟုတ်ပင်မဲ့ ဗိုက်ကတော့ အချိန်မရွေးဆာတတ်တဲ့သူ ဆိုတော့ ဒီလိုပဲ ပြန်ပြုံးပြလိုက်တယ်... သူတို့ တိုင်ပတ်အကပြတဲ့ ဘားတွေက public မှာ Open ပဲ... အသက်ကန့်သတ်ချက်လဲ မရှိဘူးထင်တယ်... မဗေဒါက အဲဒါမျိုးတွေ ရုပ်ရှင်ထဲမှာပဲ မြင်ဖူးတာ... ခုတွေ့တော့ အမိအရရိုက်ပြီး အတွေ့အကြုံတစ်ခုအနေနဲ့ ဘလော့ပေါ် မျှမလို့... ဒါပေမဲ့ မေမေက ပင်ပန်းတယ်... ပြန်ချင်ပြီဆိုတာနဲ့ပဲ အားလုံးပြန်ပြီး ဟိုတယ်က swimming pool နားမှာ လေညင်းခဏခံ... ပြီးတော့ ကိုယ့်အခန်းကိုယ်ဝင်ပြီး စောစောအိပ်ကြပါလေရော... မအိပ်ခင်တော့ သူတို့နိုင်ငံက တီဗွီလိုင်းလေးတွေ နည်းနည်းမွှေလိုက်သေးတယ်... နောက်ဆုံးကိုယ်ရပ်လိုက်တဲ့ လိုင်းကတော့ ကိုရီးယားလိုင်းပါပဲ.. ဟတ်.. ဟတ်... ယိုးဒယားမှာလဲ ကိုရီးယားပဲ... ခဏပဲ ကြည့်ပြီး အိပ်လိုက်တော့တယ်... မနက်ကျရင် Tour package Phi Phi Island သွားဖို့ မနက် ၇ နာရီလာခေါ်မှာဆိုတော့ ထပြီး ပြင်ဆင်ရအုံးမယ်လေ....
Near Hotel Swimming Pool and bar
Thursday, November 11, 2010
SungKyunKwan Big Man မင်းသမီး Park Min Young နှင့် အင်တာဗျူး...
မင်းသမီးအကြောင်း တောင်းဆိုသူတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ မင်းသမီး အင်တာဗျူးလေးတစ်ခုကို ပြန်မျှဝေလိုက်ပါတယ်... SungKyunKwan Scandal ထဲက Kim Yoo Hee အဖြစ် သရုပ်ဆောင်သွားတဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးလေး Park Min Young ရဲ့ ဇာတ်ကားရိုက်ကူးအပြီး အင်တာဗျူးလေးကို ပြောပြချင်ပါတယ်... ဘယ်လောက်ပဲ ဇာတ်ကားတစ်ကားမှာ မင်းသားချောတွေပါပါ... အဓိက သရုပ်ဆောင် မင်းသမီးကို မကြိုက်ရင် အဲဒိကားကို မကြိုက်ပါဘူး... (ဥပမာ... ကျွန်မအတွက်ဆိုရင် Boy Before Flower ) ... ဒီကားအတွက် သူ့ကို ရွေးလိုက်တယ်ဆိုပြီး စစချင်းသတင်းကြားတုန်းက သူ့အပေါ်မှာ သိပ်ပြီး အထင်မကြီးခဲ့ပါဘူး... သူ့အရင်က ကားတွေလဲ ကိုယ်က မကြည့်ခဲ့ဖူးတော့ သေချာမသိပါဘူး... (နောက်မှ သူက I am Sam ဇာတ်ကားထဲမှာလဲ ပါတယ်... I am Sam ကို ဆရာလုပ်တဲ့ မင်းသားကြီးကို မကြိုက်လို့ ခံစားလို့မရပါဘူး... ခုတော့ TOP ရော Park Min Young ရော ပါတယ်ဆိုတော့ ကြည့်မဲ့ စာရင်းထဲ ထည့်ထားပါတယ်... နောက်ပြီး သူဟာ ကျွန်မသိပ်ကြိုက်တဲ့ Big Bang MV Haru Haru ထဲက သရုပ်ဆောင် ကောင်မလေးမှန်း သိခဲ့ရပါတယ်)...
သာမာန်အားဖြင့် ယခုလို မင်းသားတွေအများကြီးနဲ့ မိန်းကလေးက ယောကျာင်္းလေးယောင်ဆောင်တဲ့ ဇာတ်ကားတွေမှာ မင်းသမီးတွေဟာ မိန်းမဆန်ဆန် လှလှလေးတွေ ၀တ်ခွင့်မရှိတဲ့အတွက် သူတို့ရဲ့ သရုပ်ဆောင်မှုဟာ လိုတာထက် အနည်းငယ်ပို Cute အောင် သရုပ်ဆောင်လေ့ရှိပါတယ်... (အဲဒါကို ကျွန်မ သဘောမကျဆုံးပါပဲ... ဥပမာ... You're beautiful ထဲက မင်းသမီး.. Park Shin Hye ဆိုလဲ ကားစပိုင်းမှာ Act cute လုပ်လွန်းတယ်လို့ ထင်မိပါတယ်... နောက်ပိုင်းမှသာ ကြည့်ကောင်းသွားတာပါ... အဲဒိမင်းသမီးကို မမုန်းပါဘူး...) ဒါပေမဲ့.. ခု Park Min Young ယောကျာင်္းလေးယောင်ဆောင်ပြီး သရုပ်ဆောင်တာကို တွေ့ရတော့ ကျွန်မ ထင်ထားတာထက် ကောင်းနေပါတယ်... သူမဟာ တခြားမင်းသမီးတွေလို Act Cute အရမ်းမလုပ်ပဲ ပုံမှန်လေးပဲ သရုပ်ဆောင်သွားတဲ့အတွက် သဘာဝလဲကျတဲ့အပြင် Annoying လဲ လုံးဝမဖြစ်ခဲ့ပါဘူး.. အဲဒိအတွက် သူမကို ပိုလို့တောင် သဘောကျသွားခဲ့ပါတယ်...
ပြီးတော့ ဒီကားမှာ သရုပ်ဆောင်ပိုင်းအားလုံးကို သေသေချာချာ ဘက်မလိုက်ပဲ ယှဉ်ကြည့်ရင် ခေါင်းဆောင်မင်းသား Micky Yoo Chun ထက် မင်းသမီး Park Min Young က ပိုသရုပ်ဆောင်ကောင်းတာကို တွေ့ရမှာပါ... ကျွန်မအမြင်ပြောရရင် မင်းသား ၃ ယောက်ပါတဲ့အထဲမှာ ခေါင်းဆောင်မင်းသားရဲ့ ခံစားချက်ကို မျက်နှာမှာ ပေါ်လွင်အောင် လုပ်နိုင်အားက နည်းနည်းလိုနေသေးတယ်လို့ ထင်မိပါတယ်... ဒါကလဲ သူ့ကို အပြစ်ပြောလို့ မရသေးပါဘူး... သူဟာ နာမည်ကျော် အဆိုတော်အဖွဲ့ DBSK (ယခု JYJ) နဲ့ နာမည်ကြီးခဲ့ပြီး ဒီဇာတ်ကားဟာ သူ့ရဲ့ပထမဆုံး သရုပ်ဆောင်ဘက်ကို ခြေလှမ်းစခဲ့တာပါ... ဒါတောင် တဖြည်းဖြည်း ယှဉ်ကြည့်မယ်ဆိုရင် သူ့ မျက်နှာအမူအယာဟာ ကားနောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ တိုးတက်လာတာ တွေ့ရပါတယ်... (တချို့ကပြောမယ်... သူ့ဇာတ်ကောင်စရိုက်ကိုက ကားစစချင်းမှာ Emotion မရှိတဲ့သူ... အရာရာ စည်းမျဉ်းအတိုင်းသွားတတ်တဲ့သူလို့ ပြန်ပြောစရာရှိပါတယ်... ဒါပေမဲ့ အဲလို ဇာတ်ကောင်မျိုးကို တခြားဝါရင့်မင်းသားတွေ သရုပ်ဆောင်တာ ကြည့်ဖူးပါတယ်... တကယ်တော့ အဲလို ဇာတ်ကောင်မျိုးကမှ တခြား အမူအယာ ထူးထူးခြားခြားမလုပ်ရပဲ သူတို့ရဲ့ မျက်နှာပေးနဲ့တင် ပရိတ်သတ်ကို ဆွဲဆောင်ရလို့ ပညာပေါ်မူတည်ပြီး ပရိတ်သတ်ရဲ့ ရင်ကို ဆွဲလို့ အကောင်းဆုံး ဇာတ်ကောင်လို့ ထင်ပါတယ်... အဲဒါကြောင့် ကျွန်မ အဲဒိကားစစကြည့်ချင်းတုန်းက အဲဒိမင်းသားကို ဒီလောက် မကြိုက်ခဲ့ပါဘူး... နောက်ပိုင်းမှ သူ့ရဲ့ ဇာတ်ကောင်ကို သဘောကျတာရော... သူသရုပ်ဆောင်တာ တိုးတက်လာတာရော... ကြည့်ရင်းကြည့်ရင်းနဲ့ သူက တဖြည်းဖြည်းမှ ချောလာတဲ့ ရုပ်မျိုးမို့ ကြိုက်သွားတာပါ...) ကျန်တဲ့ မင်းသား ၂ ယောက်ကတော့ အစထဲက သရုပ်ဆောင်လိုင်းထဲကပဲဆိုတော့ (သေချာသတိထားပြီးကြည့်ကြည့်ပါ...) သူတို့က ဒုတိယမင်းသားတွေဖြစ်ပင်မဲ့ သူတို့ကို လူတွေဘာလို့ သတိထားမိလဲ... သူတို့ကို ကောင်မလေးတွေဘာလို့ စွဲလန်းလဲ... သူတို့ ၂ယောက်လုံးက သူတို့ ဇာတ်ကောင်ကို အလွန်ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တယ်လို့ ကျွန်မထင်ပါတယ်...
မင်းသမီး အင်တာဗျူးရေးဖို့ စလိုက်ရင်းနဲ့ သူတို့ သရုပ်ဆောင်ပိုင်းလေးတွေကို ကြုံလို့ SungKyunKwan Scandal drama review ဆိုပြီး နောက်တစ်ပိုစ့်ထပ်မရေးတော့ပဲ ကျွန်မမြင်သလောက် တခါတည်းပေါင်းရေးလိုက်တာပါ... ဒီကားရိုက်ပြီး နောက်ရက်မှာ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ မင်းသမီး Park Min Young ရဲ့ သူသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင် Kim Yoo Hee အပေါ် ထင်မြင်ချက်လေးတွေနဲ့ ဇာတ်ကားရိုက်စဉ် ဖြတ်သန်းခဲ့တဲ့ အချိန်လေးတွေကို အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်...
အောက်ပါ အင်တာဗျူးဟာ သူမရဲ့ အင်တာဗျူး ၂ခုကို ပေါင်းပြီး ဖော်ပြထားတာပါ... မေးခွန်းတွေကို မဖော်ပြပဲ သူမရဲ့ အဖြေတွေချည်း ဇာတ်တိုက် ရေးထားတာပါ...
Warning: SPOILERS AHEAD
info source: dramabeans
Translated by MaBayDar
"ကျွန်မ ကျေးဇူးတင်လွန်းလို့ ငိုတောင် ငိုမိတယ်... ပင်ပန်းလွန်းလို့ ကင်မရာရှေ့မှာ မတ်တပ်ရပ်တောင် အိပ်ပျော်တယ်... ဒါပေမဲ့ အဖွဲ့သားတွေအားလုံးက စိတ်နှစ်ပြီး ဒီကားကို သတ်မှတ်ထားတဲ့ အချိန် ပြီးဆုံးအောင် ရိုက်ကူးခဲ့တယ်... ကျွန်မ တစ်ရက်မှာ ၂၃ နာရီ မိတ်ကပ်အပြည့်နဲ့ နေခဲ့ရတဲ့အပြင် ၃ရက်ဆက်တိုက် မအိပ်ခဲ့ရတဲ့ အချိန်တွေလဲ ရှိတယ်... ကျွန်မ မျက်ကွင်းတွေညိုတာ ပါးနားအထိတောင်ရောက်လုတယ်... (သူတင်စားပြီးပြောတာဖြစ်မှာပါ... ကျွန်မတော့ အဲဒိကားမှာ သူ့မျက်နှာ ဖွေးဥနုနေတာပဲ တွေ့ပါတယ်)... ဒါပေမဲ့ ကျွန်မပျော်ပါတယ်... နွေရာသီကြီးမှာ ကျွန်မရင်ဘတ်တွေကို တင်းကျပ်နေအောင် စည်းပြီး သရုပ်ဆောင်ရတာ အသက်ရှုကျပ်လွန်းလို့ ထမင်းတောင် ၂ရက်လောက်မစားနိုင်ပါဘူး... ဒါပေမဲ့လဲ Kim Yoon Hee အဖြစ်သရုပ်ဆောင်ခွင့်ရတာကို ကျွန်မ ၀မ်းသာပါတယ်... ကျွန်မတို့တွေ 6% rating နဲ့ စတင်ခဲ့ပင်မဲ့ ဆက်လက်ကြိုးစားမှုကြောင့် 10% ကျော်ခဲ့တော့ ကျွန်မဖြင့် ပျော်လွန်းလို့ အရူးတစ်ယောက်လိုတောင် ခုန်ပေါက်နေမိတယ်..."
"ကျွန်မသာ အဲဒိထဲကလောက် စာကြိုးစားတဲ့ ကျောင်းသူဆိုရင် ခုချိန်မှာ Seoul University ကို တက်နေလောက်ပြီ... ၆လအတွင်းမှာ ၄ကီလို ကျခဲ့ပင်မဲ့ အံ့သြစရာကောင်းတာက ကျွန်မ မူးမေ့မလဲခဲ့ဘူး... ငါတစ်ရက်မှ ပျက်လို့ မဖြစ်ဖူးလို့ ကိုယ့်ကိုကိုယ်ပြန်ပြောနေခဲ့တယ်... Production company ရဲ့ အကြီးအကဲကတောင် ကျွန်မကို အားဆေးတွေ ယူလာပေးသေးတယ်..."
"ရိုက်ကွင်းထဲမှာ အမြဲတမ်း လုပ်စရာတွေနဲ့ ရှုပ်ရှပ်ခက်နေတယ်... ခုမှပဲ အလုပ်တွေများလွန်းလို့ ဖျားနာချိန်တောင် မရှိဘူးဆိုတဲ့ အဓိပ္ပါယ်ကို ကောင်းကောင်း သဘောပေါက်သွားတယ်... မိုးရေထဲမှာ ရိုက်ရတဲ့ အခန်းတွေ အများကြီးပါပြီး ကျွန်မတို့အားလုံး ရွဲရွဲစိုခဲ့တာတောင် ကျွန်မ မဖျားခဲ့ဘူး... ဒါပေမဲ့ ကားပြီးဖို့ အဆုံးသတ်တော့မှ ကျွန်မရဲ့တင်းထားတဲ့ စိတ်တွေ လျော့ချလိုက်လို့ထင်တယ်... ချက်ချင်းဖျားတော့တာပဲ..."
"Ah-in (Moon Jae Shin Aka Geoh Rol in the drama) နဲ့တောင် ပြောဖြစ်သေးတယ်... အားလုံး... Park YooChu (မင်းသား acted as Lee Song Ju)... Song Joong Ki (acted as Gu Yeon Ha)... Yoo Ah-in ( acted as Moon Jae Shin Aka Geoh Rol) အားလုံးက သရုပ်ဆောင်တာ ဈာန်ဝင်လွန်းလို့ တစ်ယောက်နဲ့ တစ်ယောက်တောင် သရုပ်ဆောင်တဲ့ အထဲ နစ်ဝင်သွားအောင် ဆွဲခေါ်နိုင်ကြတယ်... အဖွဲ့လိုက် သရုပ်ဆောင်ရတာ ကောင်းလွန်းလို့ တစ်ယောက် မျက်နှာကို အဓိကထားရိုက်နေတဲ့ အခန်းတွေတောင်မှ ကျွန်မတို့ကျန်တဲ့သူတွေက စိတ်နှစ်ပြီး သရုပ်ဆောင်နေခဲ့ကြတယ်... ဒါပေမဲ့ ကျွန်မမှာတော့ Complaint လုပ်စရာ တစ်ခုရှိတယ်... သူတို့ ၃ယောက်က ကလေးမျက်နှာလေးတွေ အထူးသဖြင့် Ah-in က ဆံပင်ညှပ်လိုက်ပြီး မုတ်ဆိတ်တွေရိတ်လိုက်ရင် သူ့ရုပ်က လုံးဝကလေးလေလိုပဲ... သူတို့ ၃ယောက်ဘေးမှာနေရတာ ကျွန်မက အိုတယ်လို့ထင်ရတယ်... ဒါ့အပြင်... ရိုက်ကွင်းက စိတ်ဖိစီးမှုတွေကလဲ ကျွန်မကို ရင့်သွားစေတယ်ထင်တယ်..."
"တကယ်တော့ ကျွန်မ မင်းသမီးလုပ်ဖို့ ဘယ်တုန်းကမှ စိတ်ကူးမရှိခဲ့ပါဘူး... ဒါပေမဲ့ ကျွန်မ ကောလိပ်လျှောက်နေတဲ့ အချိန်မှာပဲ... အမေက ဘယ်လို ဘယ်လိုမှန်းမသိ ကျွန်မကို Theater Program ကို လျှောက်ကြည့်ဖို့ ပြောခဲ့လို့...ကျွန်မကလဲ "အင်းလေး.. လုပ်ကြည့်ရင် ကောင်မလား" ဆိုပြီး လျှောက်ဖြစ်သွားတာပါ... နောက်မှ ပြန်သိတာက မေမေက ဗေဒင်ဆရာ ၅ယောက်လောက်ဆီသွားမေးတော့ အားလုံးက ကျွန်မကို မင်းသမီးဖြစ်မယ်ဟောခဲ့တာကို သိတော့တယ်... (ရီလျှက်) ... ခုတော့ ကျွန်မသာ သရုပ်ဆောင်မလုပ်ခဲ့ရင် ကျွန်မဘာဖြစ်မလဲလို့ တွေးမိတယ်... ကျွန်မ သရုပ်ဆောင်နေတဲ့အချိန်တွေက အပျော်ဆုံးအချိန်တွေပဲ..."
" ကျွန်မက စစချင်း စင်တင်လိုက်ရုံနဲ့ပဲ အောင်မြင်ခဲ့တယ်... ဒီတော့ ကံကောင်းတယ်လို့ ပြောလို့ရတယ်... အဲလိုတွေဖြစ်ခဲ့တော့ အားလုံးဟာ လွယ်လွယ်လေးပဲလို့ ထင်ခဲ့မိတယ်... ဒါပေမဲ့ လုပ်ငန်းခွင်ကို တစ်ကယ်စ၀င်တော့မှ အရာတွေက ပိုခက်ခဲလာခဲ့တော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေတောင် ပျောက်သွားခဲ့တယ်... ပြီးခဲ့တဲ့ တစ်နှစ်လုံး ကျွန်မ စိတ်ဓာတ်တွေ ကျနေခဲ့တယ်... အတိုက်အခိုက် အခက်အခဲတွေအများကြီးနဲ့လဲ ရင်ဆိုင်ခဲ့ရတယ်... ကျွန်မ လုပ်ငန်းပြောင်းလိုက်ဖို့တောင် စိတ်ကူးမိတယ်... အဲဒိအချိန်မှာမှ ဒီ SungKyunKwan Scandal ဇာတ်ကားကို ရိုက်ဖို့ ကမ်းလှမ်းခံခဲ့ရတယ်... ကျွန်မ မင်းသမီးတစ်ယောက်အနေနဲ့ အောင်မြင်ဖို့ ကြိုးစားနေတာထက်... ဒီကားရဲ့ တစ်စိတ်တဒေသအဖြစ် ပါဝင်ခွင့်ရတာကိုပဲ ကျေးဇူးလဲတင်တယ်.. အရမ်းလဲ ၀မ်းသာတယ်..."
" ကျွန်မကို အရင်က ခပ်တုံးတုံး (သူများညာတာ ခံရတဲ့) မိန်းကလေးဇာတ်ကောင်အနေနဲ့ပဲ သရုပ်ဆောင်ခဲ့ဖူးတယ်.. ဒါပေမဲ့ ကျွန်မရဲ့ အပြင်က Personality က Yoon-Hee နဲ့တောင် တူသေးတယ်... ကျွန်မက စိတ်ထဲရှိတဲ့အတိုင်းပဲ စကားပြောလဲ တဲ့ထိုးပဲပြောတတ်တယ်... ဒီကားကို ရိုက်ရတဲ့အချိန် ကျွန်မ (လုပ်ငန်း)အခြေအနေက သိပ်အားမကောင်းခဲ့တော့ ဒီဇာတ်ကောင်နေရာမှာ ကျွန်မလုံးဝ နစ်မြုပ်သွားပြီး ကိုယ့်ကိုကိုယ်တောင် မေ့သွားတယ်... Yoon-Hee က စာပေလေ့လာတဲ့နေရာမှာ စေ့စပ်တယ်... ကျွန်မကလဲ သရုပ်ဆောင်တဲ့နေရာမှာ စေ့စပ်တယ်... ဒီတော့ ကျွန်မတို့ ၂ယောက်က အဲဒိနေရာမှာ သွားတူတယ်... Yoon-Hee အဆိုးဆုံးအခြေအနေတွေကို ကြုံတဲ့အခါ သူမရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ လမ်းကြောင်းကို ရှာတွေ့ခဲ့သလို သူမနေရာမှာ သရုပ်ဆောင်တဲ့ ကျွန်မအပေါ်လဲ သူမက တဖြည်းဖြည်း စိုးမိုးလာတယ်... "ငါဟာ ယောကျာင်္းလေးလို ၀တ်ပြီး သရုပ်ဆောင်နိုင်ပါလားဆိုတဲ့ ယုံကြည်မှုထက်.. ငါဟာ Yoon-Hee နေရာကို တကယ်သရုပ်ဆောင်နိုင်ပါလားလို့ ထင်လာခဲ့တယ်""
"သူက ရိုးသားဖြူစင်တဲ့ မိန်းကလေးတစ်ယောက်ပဲ... သူက သူ့မိသားစုအတွက် အများကြီး စတေးခဲ့တယ်... သူ Sungkyunkwan ကို ပထမဆုံးအကြိမ် စတင် ၀င်ရောက်ခဲ့ချိန်မှာပဲ သူငယ်ချင်းတွေနဲ့ ဆုံတယ်... အတန်းတွေတက်တယ်... အဲဒိမှာ သူ့ဘ၀သစ်အတွက် တံခါးဖွင့်ပေးခဲ့သလိုဖြစ်ခဲ့တယ်... ဒါတွေဟာ သူ့ဘ၀အတွက် သွယ်တန်းထားတဲ့ မီးလုံးတွေ တစ်လုံးပြီး တစ်လုံးပွင့်လာတဲ့ ခံစားချက်မျိုးပဲ... အသေးအဖွဲအချိန်လေးတွေမှာအစ ဒီနေရာမှာဆို Yoon-Hee ဒီလိုပျော်မှာပဲလို့ တွေးမိတဲ့အချိန်မှာ ကျွန်မမျက်နှာပေါ်က အမူအရာတွေက သူ့အလိုလို ပေါ်လာတော့တာပဲ... အမှန်အတိုင်း ၀န်ခံရရင် ဒီဇာတ်ကောင်ဟာ ကျွန်မ သရုပ်ဆောင်ဖူးတဲ့အထဲမှာ ကျွန်မကိုယ်ကျွန်မတောင် မေ့သွားတဲ့ ဇာတ်ကောင်ပါပဲ... ဒီဇာတ်ကောင်ဟာ ကျွန်မအလိုချင်ခဲ့ဆုံး ဇာတ်ကောင်ဖြစ်ပြီး ၅လ လုံးလုံးမှာ ကျွန်မတို့တွေ ၃ရက်ပဲ နားနေခဲ့ရတယ်... ကျွန်မမှာ တခြားအရာတွေတွေးဖို့ အချိန်မရှိဘူး... ကျွန်မဇာတ်ကောင်ပေါ်ကိုပဲ စူးစိုက်ထားလိုက်တဲ့ အချိန်မှာပဲ ကျွန်မကိုယ်တိုင်လဲ Yoon-Hee ဖြစ်သွားတယ်..."
"ပန်းလေးတွေလိုလှတဲ့ ကောင်လေးတွေနဲ့ သရုပ်ဆောင်ရမယ်ဆိုတော့ ကျွန်မကို မုန်းတဲ့ anti-fan တွေတိုးလာမယ်လို့ ထင်ထားခဲ့တာ... ဒါပေမဲ့ ပရိတ်သတ်ကြီးက အရမ်းသဘောထားကြီးပြီး နားလည်မှုရှိတယ်... ဒီဇာတ်ကားကို မစခင်တင်မှာပဲ ကျွန်မရဲ့ anti fans အရေအတွက် လျော့ကျသွားတယ်... (ရီလျှက်)... ပရိတ်သတ်က Yoon-hee ကို မမုန်းကြပဲ Yoon-hee လို ဖြစ်ချင်လိုက်တာလို့ ပြောင်းလဲတွေးလာကြတာကို ကျေးဇူးတင်ရမယ်... ပရိတ်သတ်တွေ Yoon-Hee ကို ချစ်ကြတဲ့အတွက် ကျွန်မ ကျေးဇူးတင်ပါတယ်..."
" အောင်မြင်မှုရဲ့ နောက်ကွယ်မှာ ကျရှုံးမှုဆိုတာကို အရင်တုန်းက တွေ့ကြုံခဲ့ဖူးတော့... ဒီဇာတ်ကား အောင်မြင်ခဲ့ရင်တောင်မှ ကျွန်မရဲ့ ပျော်ရွှင်မှုက အဲဒိမှာ မတည်ပါဘူး... ဒီဇာတ်ကားအောင်မြင်မှုကြောင့် ကျွန်မ အောက်ခြေလွတ်မသွားပါဘူး... ကျွန်မ လုပ်တဲ့ အလုပ်တစ်ခုကို အတတ်နိုင်ဆုံး အကောင်းဆုံး လုပ်ခဲ့တယ်ဆိုတာကိုပဲ ဂုဏ်ယူနေချင်တာပါ..."
" ကျွန်မကို လက်ဆောင်အကြီးကြီး ပေးခံလိုက်ရ သလိုပါပဲ... အမှန်တိုင်း ပြောရရင် ဒီကားကို မရိုက်ခင်မှာ ထင်သလို မဖြစ်ခဲ့တဲ့ Projects တွေ အများကြီးပါပဲ... အခက်အခဲတွေအများကြီးနဲ့လဲ ကျွန်မရင်ဆိုင်ခဲ့ရလို့ ရုပ်ရှင်မင်းသမီးအလုပ်ကိုတောင် ရပ်လိုက်ဖို့ စဉ်းစားခဲ့ပါတယ်... Yoon-hee ဟာ ကျွန်မရဲ့ အနုပညာနဲ့ သရုပ်ဆောင်မှုပေါ်ထားတဲ့ စိတ်ကို တနည်းနည်းနဲ့ ပြန်နိုးကြားအောင်လုပ်ခဲ့တဲ့အတွက် ဒီ Project ကို အရမ်းကျေးဇူးတင်ပါတယ်..."
"Park Min-Young ကို Kim Yoon-Hee ရဲ့ ဘ၀နဲ့ နှိုင်းယှဉ်ရရင်တော့... ကျွန်မဟာ Sungkyunkwan က ကျောင်းသားသစ်ဘ၀ကို လွန်ခဲ့လို့... ခုဆိုရင် အိမ်စာတွေ မှန်မှန်လုပ်ပြီး ကျောင်းပြီးတဲ့အထိ ကြံ့ကြံ့ခိုင်နေသွားဖို့ပါပဲ... ကျွန်မရဲ့ နောက်ဆုံး ပန်းတိုင်ကတော့ Yoon-Hee လိုပြောရမယ်ဆိုရင် သူက Professor ဖြစ်သွားတယ်... ကိုယ့်ကိုကိုယ်တော့ သရုပ်ဆောင်ပိုင်းမှာ Professor ဖြစ်တဲ့ အဆင့်ရောက်မယ်လို့ ပြောတာတော့ မဟုတ်ဘူးနော်... (ရီလျှက်).. အားလုံးထက် ပိုပြီး ကျွန်မကျေနပ်မိတာကတော့ ဒီဇာတ်ကားမှာ အဓိက သရုပ်ဆောင်အနေနဲ့ ကျွန်မပါဝင်ခဲ့တယ်လို့ ပြောနိုင်တာကိုပါပဲ... ရုပ်ရှင်ရိုက်နေတဲ့ တလျှောက် ကျွန်မအရမ်းကို ပျော်နေခဲ့တာ... ခုဆိုရင် ကျွန်မ ဂုဏ်ယူနိုင်လောက်တဲ့ ကျွန်မရဲ့ အလုပ်ကို တချိန်ကျရင် ကျွန်မ သားသမီးတွေကိုပြစရာရှိသွားပြီပေါ့..."
သူမဟာ Plastic Surgery လုပ်ထားတယ်လို့ သိရပါတယ်... သူ့ရဲ့ မလုပ်ခင်နဲ့ လုပ်အပြီးပုံတွေ ပျံ့နှံ့ခဲ့ပြီးတဲ့နောက်မှာ သူမက ယခုလို ၀န်ခံခဲ့ပါတယ်... 
(info source... http://popseoul.com/2010/11/03/plastic-fantastic-park-min-young-dishes-on-her-plastic-face/)
" အလယ်တန်း ကျောင်းသူဘ၀တုန်းက Double eyelid Surgery ကို လုပ်ခဲ့ပါတယ်... အမေက ကျွန်မပိုလှသွားအောင်လို့ သူ့ပိုက်ဆံနဲ့ပဲလုပ်ပေးခဲ့တာပါ..." လို့ ပြောအပြီး ယခုလို ဆက်ပြီး ၀န်ခံပါတယ်... "ကျွန်မ နှာခေါင်း surgery လဲ လုပ်ခဲ့ပါတယ်.. ကျွန်မ နှာခေါင်းက နဲနဲလေး ကောက်ချင်လာတာကြောင့် ကျွန်မ Debut ဖြစ်ခါနီး အချိန်မှာပဲ နှာခေါင်း surgery လဲ လုပ်ခဲ့ပါတယ်" ... ကိုရီးယားမှာ အရမ်းခေတ်စားတဲ့ မျက်ခွံနဲ့ နှာတံ surgery ကို သူမလုပ်ခဲ့ပါတယ်လို့ ပြောခဲ့ပါတယ်... (ကျွန်မစိတ်ထင်တော့ သူမ မေးရိုးပါ ပြင်ပုံရပါတယ်... အောက်က သူမရဲ့ မလုပ်ခင်နဲ့ လုပ်ပြီး ပုံကို ကြည့်ရင် မျက်လုံးနဲ့ နှာခေါင်းအပြင် မျက်နှာလေးပါ သွယ်သွယ်ချွန်ချွန်ဖြစ်အောင် ပြင်လိုက်ပုံရပါတယ်... ကြားဖူးတာတော့ မေးရိုးပြင်တာဟာ Major Surgery ပါ... ဒါက ကျွန်မထင်တာပြောတာပါ... မှန်မမှန်တော့ ကိုယ့်ဘာသာကိုယ်ပုံကြည့်ပြီး ဆုံးဖြတ်ပါ)....
ဒါပေမဲ့ ပရိတ်သတ်တွေက သူမကို အပြစ်မပြောတဲ့အပြင်... ဘယ် ဆရာဝန်နဲ့ လုပ်တာလဲ... လုပ်ထားတာ သပ်ရပ်ပြီး လှလွန်းလို့ ဆရာဝန်ကို ချီးကျူးကြောင်းနဲ့... မင်းသမီးရဲ့ သတ္တိကိုလဲ အားလုံး ချီးကျူးနေကြတာ တွေ့ရပါတယ်...
ဟုတ်ပါတယ်... ကျွန်မအနေနဲ့လဲ သူတို့လို သရုပ်ဆောင်ပိုင်းမှာ အရည်အချင်းရှိပြီး ရုပ်ရည်ကို perfect ဖြစ်ဖို့အတွက် Plastic Surgery လုပ်သင့် လုပ်ရမှာပါပဲ လို့ ထင်မိပါတယ်... ဘာလို့လဲဆိုတော့ သူတို့အလုပ်က ရုပ်လှမှဖြစ်တာကိုး.... ဒါကို Professional ကျတယ်လို့ ခေါ်နိုင်မလား...?
Boy before flower ထဲက ဇာတ်ဝင်ခန်းတစ်ခုမှာ မင်းသမီးက သူ့သူငယ်ချင်းကို ကာကွယ်ပေးတုန်းက ပြောခဲ့သလိုမျိုးပဲ... သူ့မှာ ပိုက်ဆံရှိတယ်... သူဖြစ်ချင်တာကို သူ့မှာရှိတဲ့ဟာနဲ့ လဲယူတယ်... အဲဒါဘယ်သူ့ကို ထိခိုက်လဲ.... ဟုတ်တော့ ဟုတ်တယ်... သူတို့လဲ သူတို့ Choice နဲ့ သူတို့ ခန္ဓာကိုယ်ကို လုပ်တယ်... အဲဒိအတွက် သူတို့ ပေးဆပ်ရတာတွေလဲ ရှိတာပဲ...(အင်းပေါ့လေ... Plastic surgery လုပ်ထားပြီးတော့တော့ သူ့ကိုယ်သူ ချောတယ်ဆိုပြီး မမောက်မာနဲ့ပေါ့နော်... ) သူတို့တွေမှာ အမြဲတမ်း ပြုပြင်ထားတဲ့နေရာကို ဂရုတစိုက်နေနေရမှာ... တသက်လုံးပဲ... ဒီလို Plastic Surgery ခံရဲတဲ့ သတ္တိကလဲ သူမှာ ဖြစ်ချင်တဲ့ ဆန္ဒတော်တော် ပြင်းပြမှ ရမယ်ထင်တယ်... လုပ်တဲ့သူကိုလဲ အပြစ်မပြောစေချင်ဘူး ဘာလို့လဲဆိုတော့ ခုလို ချောသွားတော့လဲ သဘောကျကြတာပဲ မဟုတ်လား (မဗေဒါဆို လှချင်ပင်မဲ့လဲ ဆေးထိုးရမှာတောင် ကြောက်တဲ့သူဆိုတော့ Plastic Surgery ကတော့ ဘယ်တော့မှ လုပ်ဖြစ်မှာမဟုတ်ဘူး....) ဘယ်လိုပဲဖြစ်ဖြစ်... ခုလို လှလဲလှ... သရုပ်ဆောင်လဲကောင်း... ချစ်ဖို့လဲကောင်းတဲ့ မင်းသမီး Park Min Young ကိုတော့ သူ့ အင်တာဗျူး ဖတ်အပြီးမှာ ပိုပြီး သဘောကျနှစ်သက်သွားပါတယ်... သူ့ကားတွေနောက်ထွက်ရင်လဲ ကြည့်ဖြစ်တော့မှာပါ... (တကယ်လို့ မင်းသားက ကိုယ်မုန်းတဲ့ မင်းသား မဟုတ်ရင်ပေါ့)....
P.S ကျွန်မ အမြင်နဲ့ ယုံကြည်မှုပေါ် မူတည်ရေးသားတဲ့အတွက် ကြိုက်သလို သဘောထားကွဲလွဲနိုင်ပါတယ်...
Monday, November 08, 2010
Phuket Dream...
မဗေဒါတစ်ယောက် အလုပ်ထဲမှာ တစ်ယောက်ထဲ ပြုံးလိုက်... တွေးလိုက်... ခါတိုင်း မဗေဒါကို စိတ်တိုအောင်လုပ်နိုင်တဲ့ အခြေအနေတွေဆိုရင်တောင် အေးအေးဆေးဆေး လွန်စွာမှ စိတ်ရှည်နေလို့ ဘေးက မဗေဒါအကြောင်း အတော်အတန်သိတဲ့ လုပ်ဖော်ကိုင်ဖက်ကတောင် ထူးဆန်းနေလို့ ပါးစပ်ကလာထုတ်မေးရတယ်... ဘာမေးလဲဆိုတော့ "You got boyfriend now?" တဲ့... ဟား.... ဟား.... အမှန်တော့ မဗေဒါ ဒီနှစ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ခရီးမထွက်ဖြစ်ပဲ ခြေငြိမ်နေခဲ့ရတာ... ခုတော့ အကြောင်းအမျိုးမျိုးလဲသင့် ကိုယ်နဲ့အကောင်းဆုံး ကိုယ့်ခရီးသွားဖော် မိသားစုနဲ့လဲ အချိန်ညှိလို့ရ.... အဲဒိနေ့ကပဲ အစ်မဆီက အီးမေလ်းရတယ်... ၀ယ်လိုက်တဲ့ လေယာဉ်လက်မှတ်ဖြတ်ပိုင်းနဲ့ ဟိုတယ် booking လက်မှတ်... အားလုံး သေချာသွားပြီ... ဟဲ... ဟဲ... စကာင်္ပူမြို့သေးသေးလေးကနေ .... သဘာဝလေကောင်းလေသန့်တွေရှုရင်း ပင်လယ်ပြာပြာ လှိုင်းကြီးကြီးလေးတွေ ခံစားရင်း.... စားကောင်းသောက်ကောင်းတွေစားရင်... စကာင်္ပူမှာမရနိုင်တဲ့ လက်ယာမတူတဲ့ ပစ္စည်းတွေ ဈေးချိုချိုနဲ့ ၀ယ်ရင်း လူ့စည်းစိမ်ကို တမျိုးတမည် (ပိုက်ပိုက်ကုန်တာကို ခဏဘေးချိတ်... အဲဒါစဉ်းစားရင် ခေါင်းကိုက်တယ်...) ခံစားရတော့မယ်ဆိုတော့ ပြုံးပြီး Good Mood ဖြစ်နေတော့တာပေါ့....
လေယာဉ်ကတော့ Jet Star Asia နဲ့ တစ်ယောက်ကို အသွားအပြန် S$239 ကျတယ်... လေယာဉ်စားရိတ်ကတော့ တစ်ယောက်နဲ့ တစ်ယောက် သွားတဲ့အချိန် လေကြောင်းလိုင်းနဲ့ Promotion တွေပေါ်မူတည်ပြီး တူမှာမဟုတ်ဘူး.... ဒါပေမဲ့ ယှဉ်ကြည့်လို့ရအောင်ပြောပြတာ... ကိုယ်ဝယ်ပြီးမှ ပရိုမိုးရှင်းရှိလို့ ဈေးထိုးကျသွားလဲ ရင်ထုမနာ ဖြေမဆည်မဖြစ်နဲ့... ကိုယ်ဝယ်လိုက်တဲ့ အချိန်ထက် ကောင်းတဲ့ အချိန်မရှိဘူးမှတ်... ဘာလို့လဲဆိုတော့ ကိုယ်က အားလုံး အစီအစဉ်ချပြီး အချိန်လိုက် ၀ယ်ရတာ... ပရိုမိုးရှင်းတစ်ခုထဲကို အာရုံမထားနိုင်ဘူး... ဒီတော့ နင်တော့ ဈေးများတယ်.. ငါတော့ ဈေးနည်းတယ် လာပြောမနေနဲ့... ကိုယ်ရထားတဲ့ အခြေအနေက အကောင်းဆုံးပဲ... ကိုယ့်အခြေအနေကို ကိုယ့်ထက် သူများက မသိနိုင်ဘူး...
ဟိုတယ်ကို ရွေးတော့ မဗေဒါရဲ့ အစ်မက သူအရင်တစ်ခေါက်သွားတုန်းက တည်းဖူးတဲ့ Patong Bay မှာရှိတဲ့ Patong Bay Garden Resort ကိုပဲ ဘွတ်လိုက်တယ်... ဘာလို့ သူအဲဒိဟိုတယ်ကို ရွေးရလဲဆိုတော့ အဲဒိဟိုတယ်က ပင်လယ်နဲ့ နီးတယ်... ပြီးတော့ အနောက်ဖက်ကို ထွက်လိုက်ရင်လဲ Phuket ရဲ့ နာမည်ကျော် night life ဖြစ်တဲ့ Bangla Road နဲ့ ဈေးဝယ်ထွက်လို့ကောင်းတဲ့ ဆိုင်လေးတွေနဲ့ Jungceylon shopping mall နဲ့ လဲနီးတယ်လေ... ပြီးတော့ ပင်လယ်ပြင်ကို မျက်နှာမူနေတဲ့ ဟိုတယ်တွေထဲမှာ ခုဟိုတယ်က အရင်ထဲကရှိတဲ့ ဟိုတယ် နည်းနည်းဟောင်းတော့ ဈေးအသက်သာဆုံးပဲ... (ဒါတောင် Apartment တို့ ဘာတို့တွေအဲဒိမှာ လုံးချင်းငှားတာတွေရှိတယ်တော့ ကြားတယ်... အဲဒါတွေထက်တော့ ဟိုတယ်နေတာက ဈေးပိုကြီးတာပေါ့နော်...နောက်တစ်ခါသွားမှာ အဲဒါတွေမှာ try ကြည့်မယ်)... အဲဒါက ၃ညအိပ်ကို S$650 လောက်ကျတယ်... (မဗေဒါတို့က အခန်းခွဲမနေချင်တော့ ၁ခန်းထဲကိုပဲ ကုတင်ထပ်တိုးပြီး အိပ်တယ်... အဲဒိတိုးတဲ့အတွက်က တစ်ညကို ယိုးဒယား ဘက် ၁၂၀၀ စီပေးခဲ့ရတယ် (၃ည ၃၆၀၀).. အစက အွန်လိုင်းမှာ ဘွတ်တုန်းကတည်းက လူထပ်တိုးမယ့် Option ကို ရွေးပြီးသား... အဲဒါကို ဟိုရောက်တော့ သူတို့ ဟိုတယ် ၀က်ဆိုဒ်က တိုက်ရိုက် မဟုတ်လို့ အဲဒါက အကျုံးမ၀င်ပါဘူးတဲ့... အဲဒိအတွက် လူထပ်တိုးတဲ့သူတွေက မနက်စာ ဘူဖေးနဲ့ တခြားဝန်ဆောင်မှုတွေအတွက် နောက်ထပ် ယိုးဒယားဘက် ၃၀၀၀ ထပ်ပေးရပြန်ပါရော...  ပြီးတော့ Free Massage ပါတယ်လို့ ဘွတ်တဲ့ website မှာပြောထားပင်မဲ့ ဟိုရောက်တော့ သူတို့ဆီကို တိုက်ရိုက်မဘွတ်လို့ မရဘူးတဲ့ရှင်... ဒါမျိုးတွေဖြစ်တတ်ပါတယ်...) ဟိုတယ်က မနက်စာ  ဘူဖေးပါပြီးသား... (အဲလို အဲလိုတွေဖြစ်တော့ ပိုက်ဆံက ထင်ထားတာထက် ရောက်ရောက်ချင်းနေ့မှာပဲ ပါသမျှ ပြောင်သလောက်ဖြစ်သွားလို့ Money changer ကို ကမန်းကတန်းပြေးရှာရပါလေရော... ဒီတော့ နောက်ဆို ထင်ထားတာထက် ပိုသာယူသွား... ဘယ်တော့မှ ပြန်ပါလာတယ်ဆိုတာ ရှိမှာမဟုတ်... ဟဲ.. ဟဲ... အဲဒိအကြောင်းတွေ နောက်ဆက်တွဲတွေကျမှ ဆက်ပြောမယ်...)
ဟိုတယ်ရော လေယာဉ်လက်မှတ်ရော သေချာသွားတော့.... ဗီဇာသွားယူတော့တာပေါ့... ယိုးဒယားနဲ့ မြန်မာနယ်နိမိတ်ခြင်းသာထိစပ်နေတာ စကာင်္ပူက သံရုံး၂ခုကျတော့ အတော်ကွာသဗျိုး.... ယိုးဒယားသံရုံးက အော့ချက်လမ်းမကြီးပေါ်မှာပဲ ခြံနဲ့ဝန်းကျယ်ကျယ်နဲ့ ဟီးလို့....
ဗီဇာလျှောက်ဖို့အတွက် လျှောက်လွှာရယ်... လေယာဉ်လက်မှတ် အသွားအပြန်ရယ်... ပတ်စပို့ ဓာတ်ပုံ၁ပုံရယ်... ပတ်စပို့နဲ့ အိုင်စီ မိတ္တူရယ်လိုတယ်...
ဗီဇာ လျှောက်ဖို့ တင်တဲ့ အချိန်က နေ့လည် ၁၁နာရီအထိပဲထင်တယ်... ဒီတော့ နောက်မကျစေနဲ့... မဗေဒါတို့တုန်းက လေယာဉ်လက်မှတ်လဲ မပါသွား... နေ့လည်၁၁နာရီလဲကျော်ခါနီးမို့ ၂ရက်ထပ်သွားလိုက်ရတယ်... အားလုံးပြည့်စုံရင် အားလုံး အိုကေတယ်... ပိုက်ဆံတပြားမှ မပေးခဲ့ရဘူး... စီးတီးဟောက အေးဂျင့်တွေနဲ့ လျှောက်ရင် ဒေါ်လာ ၄၀ ၅၀ လောက်တော့ ပေးရမလားမသေချာဘူး.... ခု ဗီဇာကို တစ်ပြားမှ မပေးခဲ့ရတာက သူတို့နိုင်ငံကို Tourism မြှင့်တင်ချင်လို့ Promotion ပေးတဲ့ ကာလဖြစ်နေလို့... နောက်ဆိုရင်တော့ ပေးရင်ပေးရမယ်.. ဘယ်လောက်ဖြစ်မလဲတော့ မသိ....
၁ရက်ပဲကြာတယ်.. နောက်ရက်ညနေ ၃နာရီလောက်ကျတော့ ဗီဇာရပါပြီ... အားလုံး... Ready.... Steady.... Goooooooooooo.................
ဆက်ပါအုံးမည်.... ခုတော့ မနက်အလုပ်ရှိလို့ နားမယ်ကွယ်...........
Sunday, November 07, 2010
Why would anyone judge the other without even knowing each other?
At first, I was not going to say anything about this matter as it didn't really affect my thinking and believe that much. But now I gotta have to raise that issue with this post coz it is somehow affected my surrounding people feeling and you could say I am affected indirectly. If you are fans of Korean artists or Asian artists, pls read the post until the end and just drop your opinion in the comments. I would appreciate it.
As most of you guys who read my blog regularly might be able to guess a little bit of my character, thinking, likes and dislikes, I don't really need to say much about it. Yes, specifically I do like the Asian dramas, movies and actors. What's wrong with that? What's so wrong of me that liking the celebrities and sharing the information I know about them on my blog to the people who same interests with me? Base on that fact, could you judge me as a person who is so desperately needing a man? If I were the person who desperately needing a man, I would not waste my time gathering the information and sharing about the celebrities who don't even know me on my blog. I rather grab any guy I met out there and I would be so busy dating by now. Was my liking of Korean and other Asian actors has great affect on that particular haters? If so, in which way???
Ok... according to some of my friends and my readers advise, I shouldn't pay much attention to those sore haters comment as I am only human and I can't satisfy everyone at the same time. People may have different thinking, likes and dislikes. But just bcoz you don't like it, you can't say that is bad. That is not something to do for the people who have mature and rational thinking. And one shouldn't simply judge another only base on their point of view and mindset. You would be showing your ugly self by judging and saying mean words to others who have different opinion with you. You should be ashamed by this kind of behavior. Even though other people wouldn't know who you are as this is the virtual world and you could say anonymously, you yourself know about it and your moral has been destroyed by your behavior.  If you don't like something, you have a right to say that you don't like it (and may be if you wants you could still say the reasons why you don't like it) but you don't have a right to say mean things and judge what the other people likes.  
Last time, I only used to write about the dramas review. But recently some of the readers are asking about their favorite idols and I just wanted to share what I know to them since there are almost no Myanmar blogs which write about Korean artists as far as I know. Base on the opinion from someone from my surrounding who worried about me, he said that some of the lines are not just the information but I mentioned my feeling to the celebrities which could lead the wrong impression to those who are not fans of Korean celebrities. As a blogger who write and share about the celebrities, to make my post more lively, I have to add my opinions, my feelings and my sincerity. I think that the readers of this post would love to read how is my preference and opinions on them. (coz normally when I read those famous international blogs about Asian artists, they would also added their thinking and preferences in the post and I liked it.) So that other readers also can discuss about their preferences too.
Just like Myanmar sayings, "Praise or criticism doesn't last more than 7 days.", "The taller tree have to withstand the more wind", I thought it is fine for that jealous guy to spout nonsense in my cbox. Just like I've mentioned in my old post which is "Haters = Some kinds of loyal fans", I took it easy about them. I won't neither delete their msg nor fight them back and force them to agree with me. I won't delete their msg or comments coz  it would be so tiring trying to hide things from everyone and I don't feel like lying to myself (As i think the one who should be ashamed is not me but that person himself). I won't fight them back coz it would make my blog ugly with inappropriate words from some jealous guy. 
As I have mentioned above, for those who close with me and care for my reputation, I've written this post and I finally decided to do voting system in the comment session to make sure I am not getting wrong from my readers. Coz I need to prove to someone that there are actually people who interested to read about these posts. For those, who doesn't like to read about these, simply just ignore those posts. Wouldn't it be better for you too?
Let me know how many people think that I should keep sharing the news about the celebrities? 
and .............
How many people think that these posts about celebrities are somehow disturbed you and greatly offended you in many ways until you can't take it?
Base on the result, I will considered whether I should continues share the news and write about celebrities. So pls kindly help me decide.......
ကျွန်မ ကိုရီးယား အနုပညာရှင်တွေအကြောင်း ရေးတာနဲ့ ပတ်သတ်ပြီး ဆက်ရေးသင့် မရေးသင့် စာဖတ်သူတွေကို ဆုံးဖြတ်ပေးစေချင်ပါတယ်.... 
ကျွန်မ
ကို မင်းသားတွေအကြောင်းဆက်လက်ပြီး မျှဝေ ပေးစေချင်တယ် သိချင်တယ် ဖတ်ချင်တယ် ဆိုရင် ကွန်မန့်မှာ ပြောသွားပေးကြပါ....
တကယ်လို့ ကျွန်မ မင်းသားတွေအကြောင်းရေးတာ သင့်ကို တမျိုးတမည် ထိခိုက်နေပြီး မခံစားနိုင်ဘူးဆိုရင်ဖြင့်လဲ ကွန်မန့်မှာ ကျိုးကြောင်း ပြောသွားပေးကြပါ... 
ကျွန်မဘလော့ပေါ်မှာ ကျွန်မ ကြိုက်တာ ကျွန်မ စိတ်ဝင်စားတာလေးကို ဘယ်သူ့ကိုမှ မထိခိုက်ပဲ အေးအေးဆေးဆေး ဖော်ပြနေတာတောင်မှ အမြင်ချင်းမတူ အကြိုက်ချင်း မတူမှုကြောင့် လိုက်လံ တိုက်ခိုက် နှမသားချင်းမစာမနာ ကောက်ချက်ဆွဲနေကြမည်ဆိုဖြင့် ကျွန်မအတွက် ကြီးကြီးကျယ်ကျယ် စိတ်အနှောင့်အယှက်မဖြစ်သော်ညား... ကျွန်မကို ဂရုစိုက် အလေးထားပြီး စိတ်အနှောင့်အယှက် ဖြစ်ရသော ကျွန်မ ပတ်ဝန်းကျင်မှ လူများအတွက် ကျွန်မ ကိုရီးယားမင်းသားများ အကြောင်းရေးသော ပိုစ့်များကို ဆက်လက်ဖော်ပြပေးတော့မည်မဟုတ်ပါ... 
ကျွန်မ အမြင်နဲ့ ယုံကြည်မှုကို အသေးစိတ်သိချင်လျှင်တော့ အပေါ်က အင်္ဂလိပ်လို ရေးထားတဲ့ ပိုစ့်ကို ဖတ်ပါ... ဆရာဇော်ဂျီကဗျာထဲက မဗေဒါဟာလဲ ကိလေသာကင်းရှင်းတဲ့ သီလရှင်အကြောင်း စပ်ဆိုထားခြင်းမဟုတ်ပါ... ဘ၀မှာကြုံတွေ့ရတဲ့ အတိုက်အခိုက်တွေ အခက်အခဲတွေကို မမှုပဲ ရင်ဆိုင်ကျော်ဖြတ်သင့်တဲ့အကြောင်းကို ရေးစပ်ထားခြင်းဖြစ်ပါတယ်... ဒီလိုသာဆိုရင် ထို ဆီဗုံးထဲက ကျွန်မကို ကောင်းစေချင်သူ လေးက ထိုသီချင်းထဲက အုန်းလက်တို့ ဘဲအုပ်တို့ ဖြစ်နေလိမ့်မယ်လို့ ကျွန်မ မှတ်ယူမိပါတယ်... အကြောင်းအရာနှင့် မသက်ဆိုင်သော တခြား အရာများကို ဆွဲထည့်ပြောဆိုခြင်းများ သည်းခံပါ...
P.S (အင်္ဂလိပ်/ မြန်မာ) စာလုံးပေါင်း အမှားများရှိခဲ့သည်ဖြစ်သော်... သဒ္ဒါ အမှားများ ရှိခဲ့သည်ဖြစ်သော်... ကောင်းမွန်စွာ ပြောကြား သင်ပြပေးသွားလို့ ရပါသည်...