Friday, November 05, 2010

လတ်တလော စစ်မှုထမ်းနေတဲ့ ကိုရီးယား မင်းသားတွေ...

C-box မှာ Kim Rae Won အကြောင်းမေးတဲ့သူရှိတာနဲ့ ခုနှစ်ပိုင်းအတွင်မှာ ကိုယ်ကြိုက်တဲ့ မင်းသားတော်တော်များများ စစ်ထဲရောက်နေတာ သတိရလို့ ရောက်နေတဲ့သူတွေကို အားလုံးနဲ့ ဝေမျှချင်သေးတယ်... ခုတစ်လော မြောက်ကိုရီးယားနဲ့ သူတို့ စစ်ရေးတင်းမာနေတော့ သူတို့အတွက် စိုးရိမ်နေသေးတယ်... တကယ်ဖြစ်ရင်တော့ စစ်ထဲရောက်နေတဲ့သူပဲဖြစ်ဖြစ် အပြင်ကသူပဲဖြစ်ဖြစ် အားလုံးမှာ တာဝန်ရှိပြီး အားလုံးအတွက် စိုးရိမ်ရတာပါပဲ... (ပြောပြောချင်ဘူး... အဲဒိ မြောက်ကိုရီးယားအစိုးရကို မုန်းစရာအကြောင်းတွေက မနည်းဘူး...) စစ်မှုထမ်းရတဲ့ မင်းသားတွေ ဘယ်အချိန်ပြန်ထွက်လာမလဲသိချင်ရင်တော့ သူတို့ စစ်ထဲဝင်သွားတဲ့နေ့ကို ၂နှစ်ထပ်ပေါင်းလိုက်ပါ...

Kim Jae Won
(Hwan Jin Yi, Wonderful life, My love Patzzi)



သူကတော့ မြန်မာပြည်ကို အလည်လာဖူးတဲ့ မင်းသားပါ... သူဟာ ၂၃ရက် မတ်လ ၂၀၀၉ ခုနှစ်က စစ်မှုထမ်းဖို့အတွက် စစ်ထဲဝင်သွားပါပြီ... သူစစ်ထဲဝင်တဲ့နေ့မှာ သူ့ပရိတ်သတ်ပေါင်း ၂၀၀ခန့်က လာရောက်နှုတ်ဆက်ကြတာ တွေ့ရပါတယ်...






Jo In Sung (Dirty Carnival / What happen in Bali)
သူကတော့ သရုပ်ဆောင်အတော်လေးကောင်းပင်မဲ့ ကားသိပ်မထွက်လို့ ကျွန်မ မျှော်နေရတဲ့ မင်းသားပါ... သူဟာ ဧပြီလ ၄ရက် ၂၀၀၉ ခုနှစ်က စစ်မှုထမ်းဖို့ ၀င်သွားပါပြီ... သူတို့ ရုပ်ရှင်မင်းသားတွေအတွက် စစ်မှုထမ်းကာလကို နောက်ဆုတ်ဖို့ လျှောက်ထားခွင့်ရှိတဲ့အတွက် သူ့နောက်ဆုံး ရုပ်ရှင်ကား "Frozen Flower" movie promotion event အတွက် လျှောက်ထားခဲ့ပါတယ်.. ပုံမှန်သူဝင်ရမဲ့ အချိန်က ဇန်န၀ါရီလ ကတည်းကဖြစ်ပါတယ်... သူစစ်ထဲဝင်တဲ့နေ့မှာ ပရိတ်သတ်ပေါင်း ၂၀၀ ကျော်နဲ့ သတင်းသမားများက လိုက်ပို့ကြတယ်လို့ သိရပါတယ်... သူက လေတပ်မှာ တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်... (သူသာ လေတပ်ဝတ်စုံနဲ့ဆို အတော်လိုက်မှာ...)

အောက်မှာတွေ့ရမဲ့ပုံတွေကတော့ သူ့ စစ်တပ်ထဲက ဘ၀ပုံလေးတွေကို ဝေမျှထားတာပါ... တခြားမင်းသားတွေနဲ့ ယှဉ်ရင် သူ့ကြည့်ရတာ စစ်တပ်ထဲမှာ ပျော်နေသလိုပါပဲ... သူနဲ့ သူ့အဖွဲ့သားတွေ ပင်လယ်ပြင်ထဲမှာ mussels တွေဖမ်းနေတဲ့ ပျော်စရာ စစ်သားဘ၀ကိုမြင်တွေ့နိုင်ပါတယ်...

Jo ဟာ ခုလို mussels တွေကို လွယ်လွယ်ကူကူဖမ်းလို့ရတာကို အတော်လေး အံ့သြနေပြီး ယခုလိုနောက်ပြောင်ခဲ့ပါတယ်... " တကယ်လို့သာ ဒီအလုပ်ကို လုပ်စားရရင်... မင်းသားအလုပ်ကို စွန့်လွှတ်ရမှာလား"
သူဟာ ခုဆို ဆာဂျင် (sergeant) အဆင့်ကို 2010 September မှာ တိုးမြှင့်ခြင်းခံရပြီး ခုဆိုရင် air force က military band မှာ ဆက်လက်တာဝန်ထမ်းဆောင်နေမြဲပါပဲ.... (Jo In Sung အမြန်ဆုံး စစ်ထဲက ထွက်လာပြီး ရုပ်ရှင်ကားကောင်းကောင်းလေးတွေ ရိုက်ဖို့ မျှော်လင့်နေပါတယ်...)



Kim Jeong Hoon (singer/actor)
(Goong, Witch Yoo Hee, Fog Street)
Goong (aka Princess Hours) ကားထဲက နုနုညံ့ညံ့လေး ချောတဲ့ ဒုတိယမင်းသား (အဆိုတော်/ရုပ်ရှင်မင်းသား) Kim Jeong Hoon ဟာ ၂၈ရက် ဧပြီလ ၂၀၀၉ ခုနှစ်က စစ်မှုထမ်းဖို့ စစ်တပ်ထဲဝင်ရောက်သွားပါပြီ... ဂျပန်၊ ကိုရီးယား ၊ တရုတ်ပြည်မှ သူ့ပရိတ်သတ်ပေါင်း ၈၀၀ ကျော် လာရောက် ပို့ဆောင်ကတာကို တွေ့ရပါတယ်... (သူက ဂျပန်သီချင်းတွေလဲ ဆိုတော့ ဂျပန် ပရိတ်သတ်များတာ မဆန်းပါဘူး)


ဒီပုံကတော့ သူစစ်ထဲရောက်ပြီးမှ ပုံပါ

Lee Dong Gun
(Sweet 18, When it's at night, Smile again)
Sweet 18 ထဲက မင်းသား Lee Dong Gun ဟာ စစ်မှုတာဝန်ကို ထမ်းဆောင်ဖို့အတွက် ၁၅ရက် ဇွန်လ ၂၀၀၉ မှာ စစ်ထဲကို ၀င်ရောက်သွားပါပြီ... သူ့ အပြင်မှာနေရတဲ့ နောက်ဆုံးနေ့ ၁၄ရက်နေ့မှာ သူငယ်ချင်းတွေနဲ့အတူ ကုန်ဆုံးခဲ့ပါတယ်... သူ့မိသားစုကလွဲပြီး သူစစ်ထဲဝင်မဲ့နေ့ ၂ရက်မတိုင်မှီအထိ အပြင်ကိုထုတ်ဖော် မပြောခဲ့တဲ့အတွက် Lee က ယခုလိုပြောကြားခဲ့ပါတယ်.. "ကျွန်တော့ပရိတ်သတ်တွေ ကျွန်တော့်ကို ပို့ဖို့အတွက်နဲ့ အဝေးကြီးက လာရမှာ စိုးလို့ တမင်မပြောပဲနေခဲ့တာပါ... အဲဒိအတွက် အားလုံးလဲ ၀မ်းမနည်းဘူးလို့ မျှော်လင့်ပါတယ်..."


Kim Rae Won
(My love Petzzi, Love story in Harvard, Attic Cat)
သူကတော့ Kim Jae Won နဲ့အတူ My Love Petzzi မှာ သရုပ်ဆောင်ဖူးတဲ့ မင်းသားပါ... Love Story in Harvard မှာ အတော်လေး လူကြိုက်များခဲ့မယ်ထင်ပါတယ်... သူလဲ ၁၃ရက် သြဂုတ်လ ၂၀၀၉ နေ့လည် မှာ စစ်မှုတာဝန်ထမ်းဆောင်ဖို့ သွားပါပြီ... ကင်မရာအဖွဲ့တွေနဲ့ သူ့ပရိတ်သတ် အနည်းငယ်လိုက်ပို့ကြတယ်လို့သိရပါတယ်... ပရိတ်သတ်အများစုကတော့ ကိုရီးယားနဲ့ ဂျပန်ကပရိတ်သတ်တွေပါပဲ...





Joo Ji Hoon
(Goong aka Princess Hours, The devil)
Princess Hours ထဲက ပထမ မင်းသား Joo Ji Hoon ကို သိကြမှာပါ... သူဟာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ၂၀၀၉ ဇွန်လ ၂၃ ရက်နေ့မှာ တရားစွဲဆိုခံရပြီး... သူ့ ပြစ်မှုအတွက် ဒဏ်ငွေ ၃သိန်း ၆သောင်း Won (approximately only US$280).... လူမှုဝန်ထမ်းအလုပ်(Communities service) ချိန်ပေါင်း ၁၂၀နာရီ ထောင်ဒဏ် ၆လနဲ့ အစမ်းစောင့်ကြည့်ကာလ ၁နှစ် ချခံခြင်းခံခဲ့ရပါတယ်... (အဓိပ္ပါယ်ကတော့ အစမ်းစောင့်ကြည့်ကာလ ၁ နှစ်မှာ သူလိမ်လိမ်မာမာနေလျှင်နောက်ထပ်ပစ်မှု မကျူးလွန်လျှင် ထောင်ဒဏ် ၆လမှ လွတ်ကင်းမှာဖြစ်ပါတယ်...) သူနဲ့ အတူမိတဲ့ အပေါင်းအပါတွေထဲမှာ သူ့ပြစ်ဒဏ်က အနည်းဆုံးပါပဲ... သူ့ကို ချစ်တဲ့ ပရိတ်သတ်တွေကလဲ သူ့အမှုအတွက် Petition လုပ်ပြီး ပြစ်မှုကို လျော့ချ ဖို့ တောင်းဆိုခဲ့သလို... သူ့ရှေ့နေကလဲ သူဟာ ဒီတစ်ကြိမ်ပဲ ပထမဆုံး သုံးစွဲခဲ့တာဖြစ်ပြီး နောင်တကြီးစွာရနေကြောင်း ဘာညာ သာရကာ ပြောလိုက်ပုံရပါတယ်... (အမှန်တော့ နာမည်ကြီးမင်းသားဆိုတော့လဲ အပြစ်လျော့မှာပေါ့နော်...)

သူ့ Probation ကာလ ပြီးပြီးချင်းမှာပဲ သူဟာ စစ်မှုထမ်းဖို့ လျှောက်ထားလိုက်ပါတယ်.. သူဟာ ၁နှစ်လုံးလုံး သန့်သန့်ရှင်းရှင်းနေခဲ့တဲ့အတွက် ထောင်ဒဏ်မှ လွတ်ကင်းခွင့်ရခဲ့ပါတယ်... သူသာ စစ်မှုထမ်းတာဝန်ကို ကျေပွန်ခဲ့ရင် သူဟာ ပြန်လည်ကောင်းမွန်တဲ့ သူတစ်ယောက်ဖြစ်လာတဲ့ ပုံရိပ်ကို တဆင့်တိုးပြသလိုက်သလိုဖြစ်ပြီး ပရိတ်သတ်ရဲ့ ချစ်ခင်မှုကို ပြန်ရဖို့လဲ လွယ်ကူဖို့ရှိတယ်လို့ ဝေဖန်သူတွေက ပြောကြားခဲ့ပါတယ်...


Lee Dong Wook
(My Girl, Partner)
My Girl ထဲက မင်းသား Lee Dong Wook ဟာ သြဂုတ်လ ၂၄ရက် ၂၀၀၉ မှာ စစ်မှုထမ်းဆောင်ဖို့ ထွက်ခွာသွားပါပြီ... သူရိုက်နေတဲ့ movie Bean Paste ကို စစ်ထဲမ၀င်ခင်နေ့ ၂၃ရက်နေ့မှာ အပြီးစီးရိုက်ခဲ့ပါတယ်.... သူ့ကို လိုက်ပို့တဲ့ ပရိတ်သတ်ပေါင်း ၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်...



Lee Jun Ki
(My girl, Iljemae, Time between dog and wolf)
Lee Jun Ki in The King and the Clown as an Actress

စစ်ထဲဝင်သွားတဲ့ မင်းသားထဲမှာ အောင့်သက်သက်နဲ့ အတော်လေး နစ်နာသွားတဲ့ မင်းသားကတော့ Lee Jun Ki ဖြစ်မယ်ထင်ပါတယ်... သူဟာ iljemae ဇာတ်ကားနဲ့ ယခင်ရှိပြီးသားနာမည်ထက်တောင် လူကြိုက်များလာအပြီးမှာ ဆက်လက်ပြီး ရိုက်ကူးဖို့ ကားတွေ တန်းစီနေပါတယ်... ၁၉၈၂ မွေးတဲ့သူတွေအတွက် (ရုပ်ရှင်သရုပ်ဆောင်များအတွက်သာ... အပြင်လူများကတော့ ဒိထက် အသက်ငယ်ငယ်မှာပဲ စစ်ထဲဝင်ကြတာများပါတယ်) ဒီနှစ်ကုန်လောက်မှ စစ်မှုထမ်းဖို့ စာရောက်ရမှာဖြစ်ပင်မဲ့ သူ့ကိုတော့ နောက်ထပ် ရုပ်ရှင်တကား စစရိုက်ဖို့ပြင်နေစဉ်မှာပဲ စာရရှိခဲ့ပါတယ်... သူကလဲ မေလ ၃ရက် ၂၀၁၀ မှာ စစ်မှုထမ်းဖို့ ၀င်ရောက်မဲ့အကြောင်းကို ကြေငြာခဲ့ပါတယ်....

အဲဒိအတွက် သူ့ရဲ့ ရိုက်ကူးဖို့ သဘောတူညီထားတဲ့ နောက်ကားတွေဖြစ်တဲ့... Faith နဲ့ Grand Prix ကားတွေကို စွန့်လွှတ်လိုက်ရပါတယ်... Grand Prix ကားဟာဆိုရင် မြင်းပြိုင်ပွဲကားဖြစ်ပြီး မင်းသမီးချော Kim Tae-hee နဲ့ ရိုက်ကူးမှာဖြစ်ပါတယ်... တချို့အပိုင်းတွေကို စတင်ရိုက်ကူးပြီးပြီဖြစ်တဲ့အတွက် မင်းသားစစ်ထဲဝင်ရသောကြောင့် ထုတ်လုပ်သူတွေလဲ မင်းသားအစားထိုးဖို့ အလောတကြီးရှာဖွေရတယ်လို့ သိရပါတယ်...

Lee ဟာ သူ့ စစ်မှုထမ်းကာလကို နှစ်ကုန်အထိ နောက်ဆုတ်ဖို့ လျှောက်ထားခဲ့သော်လည်း မအောင်မြင်ခဲ့ပါဘူး...

သူ စစ်ထဲဝင်တဲ့နေ့မှာ လိုက်ပို့တဲ့ သူပေါင်း ၅၀၀ ကျော်ရှိပြီး သူ့ပရိတ်သတ်တွေကို ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်...

(ကျွန်မဟာ သူ့ကို My Girl ကတည်းက စတင်သိရှိခဲ့သော်လည်း မိန်းကလေးနဲ့ အရမ်းတူတဲ့အတွက် သိပ်မကြိုက်ခဲ့ပင်မဲ့... သူ့ movie The King and the Clown နဲ့ iljemae ဇာတ်လမ်းတွဲ တွေမှာ သူသရုပ်ဆောင်တာကို မြင်ပြီး သရုပ်ဆောင်ကောင်းတဲ့ မင်းသားတယောက်အနေနဲ့ လက်ခံသဘောကျခဲ့တာပါ... သူယခုလို တဟုန်ထိုးတက်နေတဲ့အချိန်မှာ ခုလို စစ်မှုထမ်းဖို့ ၀င်လိုက်ရတာ အရမ်းနစ်နာတယ်လို့ မြင်မိပါတယ်.... ဘာပဲပြောပြော သူထွက်လာပြီး နောက်ထပ်ရိုက်မဲ့ ကားတွေကို ပရိတ်သတ်အနေနဲ့ စောင့်စားနေပါတယ်... ပတ္တမြားမှန်ရင် နွံမနစ်ပါဘူး...)



Kim Ji-suk
(Personal Taste, Likeable or not)
Likeable or not က မင်းသား... တစ်လောက ပြသွားတဲ့ Personal Taste ကားထဲက အမြင်ကပ်စရာကောင်းတဲ့ မင်းသမီး ရည်းစားဟောင်း သရုပ်ဆောင်သွားသူ Kim Ji Suk ဟာ သူ့ ရဲ့ နောက်ဆုံး Project Personal Taste အပြီး ၄ရက် အကြာ မေလ ၂၄ရက် ၂၀၁၀ မှာပဲ စစ်မှုထမ်းဖို့ ၀င်ရောက်ခဲ့ပါတယ်... သတင်းသမားများနဲ့ သူ့ပရိတ်သတ် အနည်းငယ်လိုက်လံပို့ဆောင်ကြပါတယ်...သူဟာ Entertainer unit ကို လျောက်ထားဖို့ စိတ်ကူးမရှိဘူးဖြစ်ပြီး ၂၀၁၂ မတ်လ ၇ ရက်နေ့လောက်မှာ စစ်ထဲက ပြန်ထွက်လာဖို့ စီစဉ်ထားပါတယ်တဲ့...


Lee Wan
(Tree of Heaven, Snow White, Swallow the sun)

နာမည်ကြီး မင်းသမီး Kim Tae Hee ရဲ့ မောင်အရင်း မင်းသားချော Lee Wan ဟာလဲ စစ်ထဲဝင်ဖို့ စာကို ရုတ်တရက်ရရှိခဲ့ပါတယ်... သူ့ management ကပြောကြားချက်အရ သူ့နောက် Project အတွက် စီစဉ်နေတုန်းအချိန်မှာပဲ စာကို လက်ခံရရှိခဲ့တာပါ... Project တွေကို ခုမှ စတင် စဉ်းစားဆဲဖြစ်တာကြောင့် နောက်ပိုင်းမှာ Kim Nam-gil တို့ Lee Jun Ki တို့လို ကားရိုက်ရင်းတန်းလန်းနဲ့ ဒုက္ခမရောက်အောင် ခုကတည်းက ၀င်ထားလိုက်တာကောင်းပါတယ်တဲ့... သူဟာ ၁၂ ဇွန်လိုင်လ ၂၀၁၀ မှာ စစ်ထဲဝင်ရောက်ခဲ့ပါတယ်...



Kim Nam Gil
(Bad Guy, Queen Seon Deok)


ခုတစ်လောကမှ ပြသွားတဲ့ Bad Guy ထဲက မင်းသား Kim Nam Gil ဟာ Bad Guy ကားထဲက သူပါသမျှ အခန်းကို အမြန်ဆုံးရိုက်ကူးပြီး ၁ရက်သာနားကာ နောက်ရက် ဇွန်လိုင်လ ၁၅ရက် ၂၀၁၀ မှာ စစ်မှုထမ်းဆောင်ဖို့ သွားပါပြီ... သူလဲ သူ့ကို အချိန်တိုးပေးဖို့တောင်းဆိုခဲ့သော်လဲ ပထမတစ်ကြိမ်လဲ တောင်းဆိုပြီးဖြစ်တဲ့အတွက် မရဖို့များခဲ့တဲ့အတွက် သူနဲ့ Bad Guy ရုပ်ရှင်အဖွဲ့သားတွေအတွက် အတော်လေး ပြဿနာ တွေ့ခဲ့ရပါတယ်...

အဆိုးဆုံးအခြေအနေအတွက် သူပါတဲ့ အခန်းတွေကိုပဲ အရင်ရိုက်ထားဖို့ဆိုတာကလဲ movie မဟုတ်ပဲ Drama ဖြစ်နေတဲ့အတွက် အခက်အခဲရှိပါတယ်... သူစာရတဲ့အချိန်မှာ အပိုင်း ၁၀ထိ ရိုက်ကူးပြီးပါပြီ... ရိုက်ကူးထုတ်လုပ်ရေးဟာ ထုတ်လွှင့်တဲ့ ရက်ထက် ရှေ့ပြေးနေတယ်ဆိုပေမဲ့ တကယ်တမ်း သူ စစ်ထဲဝင်ရမဲ့နေ့မှာ ထုတ်လွှင့်ပြသနေတဲ့ အပိုင်းကမှ စုစုပေါင်း episode 20 ကို episode 11ထိပဲ ပြသရသေးမှာပါ... အဲဒိအတွက် ဒီဇာတ်လမ်းတွဲကို ၁လအတွင်း အပြီးရိုက်ရမှာဖြစ်ပါတယ်... ခေါင်းဆောင်မင်းသား စစ်ထဲဝင်ရမှာဖြစ်တဲ့အတွက်နောက်ဆုံးမှာ အပိုင်း ၂၀ ယာထားရာက အပိုင်း ၁၇ ပိုင်း ဖြင့်သာ ဖြတ်ချလိုက်ရပါတယ်... (အဲဒါကြောင့် အဲဒိကားဟာ ကျွန်မအမြင်မှာ တစ်ကားလုံး တောက်လျှောက်ကောင်းလာပြီး ဆုံးခါနီး ၁၀ မိနစ်လောက်ကျမှ အရေးမပါတဲ့ Playful kiss ထဲက မင်းသမီးနဲ့ အဆုံးသတ်ပြစ်လိုက်တာ အလွန်ကိုမှ မုန်းပါတယ်... ကိုယ့်စိတ်ကူးနဲ့ပဲ ဇာတ်သိမ်းကို ပြင်ကြည့်လိုက်ပါတယ်..)

သူစစ်ထဲဝင်ရမှာဖြစ်တဲ့အတွက် လိုအပ်တဲ့ အခန်းတွေကို အမြန်ဆုံးရိုက်ရတဲ့အတွက် သူနဲ့တကွ လုပ်ဖော်ကိုင်ဖက်တွေပါ မအိပ်မနေရိုက်ခဲ့ရတယ်လို့ သိရပါတယ်... ဒါတောင် တစ်ချို့အခန်းတွေ (ဥပမာ... နောက်ကျောပဲ ပါတာတို့ဘာတို့ကတော့) တခြားမင်းသားတစ်ယောက်နဲ့ အစားထိုးရိုက်ခဲ့တယ်လို့ သိရပါတယ်....





Shin Dong Wook (Soulmate, Cloud Stair, Wish upon a Star)
Soulmate နဲ့ Wish upon a Star ထဲက အရပ်မြင့်မြင့်နဲ့ မင်းသားချော Shin Dong Wook လဲ ဇွန်လိုင်လ ၂ ရက်နေ့က စစ်မှုထမ်းဆောင်ဖို့ သွားပါပြီ... သူ့ management rep ကပြောကြားတာကတော့ သူ notice ကို ဇွန်လကုန်လောက်မှာရရှိခဲ့ပြီး သူ့ကိစ္စတွေကို အစီစဉ်လိုက် လုပ်နေခဲ့ပြီး ကျန်းကျန်းမာမာနဲ့ ပရိတ်သတ်ဆီပြန်လာခဲ့မဲ့ အကြောင်းပြောကြားသွားပါတယ်...

Soulmate ကားထဲမှာ သူ့ကို ဆံပင်ရှည်လေးနဲ့ စတင်ကြိုက်ခဲ့ရပြီး Wish upon a star မှာ စိတ်ထားနူးညံ့တဲ့ ညီအနေနဲ့ သန့်သန့်ပြန့်ပြန့်လေး သရုပ်ဆောင်ခဲ့တော့လဲ စွဲခဲ့ရပြန်ပါတယ်.... ခုတော့ စစ်သားကေတိုတိုလေးနဲ့ ရိုးရိုးကောင်လေးတစ်ယောက်လိုပါပဲ... ဒါနဲ့ soulmate ကား မကြည့်ရသေးရင် ကြည့်လိုက်ကြနော်... မဗေဒါတော့ အရမ်းကြိုက်တယ်...






Kim Ji Hoon
(Wish upon a Star, Love and Marriage, Joseon- X file)


ခုအချိန်ထိ နောက်ဆုံး စစ်ထဲဝင်သွားတဲ့ မင်းသား Kim Ji Hoon ကတော့ လတ်တလော ရိုက်ပြီးတဲ့ Joseon - X file ဇာတ်လမ်းတွဲကို လက်စသတ်အပြီး အောက်တိုဘာ ၄ရက် ၂၀၁၀ မှာ စစ်မှုထမ်းဖို့ ၀င်ရောက်သွားပါပြီ... သူဟာ ခု ပြီးခဲ့တဲ့ Joseon - X file ထဲက မင်းသမီးနဲ့ Scandal ထွက်နေတဲ့အတွက် သူ စစ်ထဲဝင်တဲ့နေ့မှာပဲ ခုလိုပြောကြားခဲ့ပါတယ်... "ဒီနေ့တောင် ကျွန်တော့ကို သူလိုက်ပို့ဖို့ သူ့ကို တောင်းဆိုခဲ့သေးတယ်... " နောက်မှ မင်းသားက ရီလျှက် "ဒီကောလ ဟာလ ဟာ မမှန်တဲ့အတွက် ကျွန်တော်တို့ ၂ယောက်ကြားမှာ ရှောင်နေစရာမလိုဘူးလို့ ထင်ပါတယ်....ဒါပေမဲ့ အထင်လွဲစရာတွေ မဖြစ်အောင်တော့ သူ့သူငယ်ချင်းတွေကိုပါ ခေါ်ခဲ့ဖို့ ပြောလိုက်တယ်.."

သူ့ Twitter account ကတော့ http://twitter.com/jiraishin99 တဲ့... ဒါပေမဲ့ ခု သူစစ်ထဲမှာဆိုတော့ သိပ်တော့ update ရှိမှာ မဟုတ်ပါဘူးတဲ့...


ကဲ... ဒါပါပဲ... ပြောရမယ်ဆိုရင်တော့ မင်းသားတွေ ၁၉၇၈ခုနှစ်မွေး လောက်ကနေ ၁၉၈၄ ခုနှစ် မွေးလောက်တော်တော်များများက စစ်ထဲရောက်နေပါတယ်... ဒါနဲ့ Rain တစ်ယောက် စစ်မှုမထမ်းချင်လို့ ပတ်ပြေးနေတာ... ခုတော့ ပြေးလို့မရတော့ဘူး... မကြာခင်ဝင်ရတော့မယ်ကြားတယ်... စောစောစီးစီးဝင်ရင်တောင် စစ်နဲ့ လွတ်အုံးမယ်... ခုတော့ သူတို့ တိုင်းပြည် အခြေအနေက သိပ်ကောင်းတာမဟုတ်.... ဘာပဲပြောပြော ကျွန်မကြိုက်တဲ့ မင်းသားလေးတွေ ကျန်းကျန်းမာမာနဲ့ ပြန်လည်ထွက်လာနိုင်ပြီး ဇာတ်ကားကောင်းတွေ အများကြီးရိုက်နိုင်ပါစေလို့ ဆုတောင်းရတာပဲ.... အော်.... နောက်တက်လေးတွေ... Jung Keun Suk တို့ လီမင်ဟိုတို့ 2pm တို့... ကျန်တာတွေ လဲ နောက် ၄ နှစ် ၅နှစ် နောက်ဆုံးထားပြီး သွားကြရအုံးမှာပဲ...

Monday, November 01, 2010

Post from Phuket...

Hey guys.... How are you??? Me??? I am having so much fan here even though it's a little bit rainy here. So I couldn't take photos as much as I wanted. But still not bad. I've got a few good photos and some videos. This time I enjoyed the trip for myself and give a little time for video recording... But still I took some of the videos. As here is raining, I couldn't take out my camera so often. It annoyed me so much.... But you know what.... I enjoy all the handsome guys and pretty girls with bikini myself... hahaha...

I went to a lot of places for water activities. I've met with lots of awesome people... Some very handsome, Some have nice figure and some have good nature. Anyway, since we are from difference countries, everyone seems to act gentleman for their countries pride. I did too. A lot of people from Iran and Turkey... and lots of white people. A few Korean only.... Korean I met here are not that handsome. hahaha.... But most white guys are like Tom Cruise in my eyes.... They look like so much older than me but in fact some are so much younger.

I will tell about the people I met here and their nick names which I gave them with a post when I am back. Ha haha... By the way, I've met at lot of Myanmar shop keeper... Myanmar employee in every places, such as Restaurant, on the boat, even in the stall along the road side. That was awesome. I feel like i am traveling in Myanmar.

One things I am surprised is that you can bargain the price even more than 50% of what they said. Most of the items you bargain at the end u still get. I feel like "We are stupid tourists in Thailand".

Hey yeah.... I must thumb up for the food here. OMG.... I on diet for about more than 1 week before this trip. I think now I get back all.... *sob sob*... T_T...

k.... This post is just brief review for my trip as of today. I still don't know what's exciting things awaiting tomorrow... I hope tomorrow will not rain so much. So that I can take lots of lots of photossss....

Bad news..... I lost my hat which i get as a present from my childhood friend. I wore it on the boat and it flied off... I couldn't do anything as i was staring my hat flooding inside the deep blue see. There was no superhero who save my hat and gave me back. I was thinking the one who save my hat is my right man. Seems like I don't have anyone who fated to be with me... hahahahha... Just kidding... don't take it seriously... In fact, I am enjoying my single life with my family. The best thing about being single is most of the guys on our boats (Both Asian and White guys) trying to help me and my sis when we climbed up to the big ship and everyone trying to talk to us even though we are not that pretty... haha.... Coz all the others girls come with their bf or husband. lolz......

K K.. let's stop all the non sense... I'm just logging in here to tell everyone that i am doing fine here. Now I am using net from my hotel. So there is no Myanmar font... I will write detail when i am back. But don't push me too hard.. As u guys know I am lazy writer.... I wish my writer block will go away when I am back. I am trying to fine some good experiences and feelings to continues story... hahahaha ..

Bye Everyone....
I love you......... woooo hoooo.....

Saturday, October 30, 2010

Wish me luck

တစ်လလုံး ဘာမှ မရေးပဲ ခုလကုန်ခါနီးမှာ ကိုရီးယားနဲ့ ပတ်သတ်တာတွေ ဇွတ်တင်တော့တာတခြားမဟုတ်ပါဘူး... လခ၀င်တော့ ပိုက်ဆံလေးတွေ့ပြီး အားတက်... (အဲလေ.. ဘာတွေ ယောင်ပြီး လျှောက်ပြောနေပါလိမ့်)... ဒီလ စာရင်းချုပ်လိုက်တော့ ဒီတစ်နှစ်လုံးမှာ ပိုစ့်အရေအတွက် အနည်းဆုံးက ဒီလပဲဖြစ်နေတော့မှာပါ... ဒါကလဲ အမှန်တော့ ၀တ္တုဆက်ရေးဖို့ writer block ဖြစ်နေလေတော့ ကိုယ့်ကိုကိုယ် စည်းကမ်းကျပ်ပြီး ၀တ္တု မရေးမချင်း ဘာမှ မရေးရဘူးဆိုပြီး ဆန်ဇာ ပိတ်ထားလိုက်တာ ခုထိ ဘလောက်နေတုန်းပဲမို့ မဖြစ်တော့ဘူး ရေးချင်တာတွေကလဲ များနေပြီဆိုပြီး ရေးချလိုက်တာပါ... ကိုရီးယား ရုပ်ရှင်တွေနဲ့ အနုပညာသမားတွေအကြောင်းက ကိုယ်က နေ့တိုင်း ရှာဖွေမွှေနှောက်နေတော့ သူတို့အကြောင်း ဝေမျှရတာက သိပ်မခက်ဘူးလေ... မသိသေးတဲ့ ကိုရီးယားချစ်သူ စာဖတ်သူတွေအတွက် မျှလိုက်တာပါ... ၀တ္တုကို စောင့်နေတဲ့ ပရိတ်သတ်ကြီးကိုတော့ အနူးအညွတ် (ဖင်ဘူးထောင်းထောင်ပြီး ) တောင်းပန်ပါတယ်...

ဒီလအတွက်တော့ ဒီပိုစ့်က နောက်ဆုံးဖြစ်မှာပါ... ခု ည ၁၂နာရီ၄၅မိနစ်ရှိပြီ.... မနက်ကျရင် ၄နာရီထပြီး လေဆိပ်သွားတော့မယ်.... ဒီတစ်ခေါက် ခရီးစဉ်.... ဒန် တန် တန်.....
Thailand world famous resort Phuket.............. အားလုံးပဲ မဗေဒါကို ခရီးမှာ အစစ အရာရာ အဆင်ပြေအောင် ကံကောင်းအောင် ဆုတောင်းပေးကြပါနော်.... (ဆုတောင်းချင်း ဆုတောင်း ကိုယ့်ကိုကိုယ်ပဲတောင်းမှာပေါ့... သူများအတွက် ဘာလို့တောင်းပေးမလဲနော်... ဒါပေမဲ့လဲ ကိုယ့်ကိုကိုယ်ဆုတောင်းပြီးရင် Same goes to MaBayDar လို့ ပြောလိုက်ရင် ရပါပြီ.. အဟိ)... ခရီးသွားပိုစ့်ကို မျှော်ကြတော့မဲ့ ပရိတ်သတ်ကိုလဲ အားတော့နာပါတယ်... ဗွီဒီယိုကတော့ ရိုက်ဖြစ်အုံးမှာပါပဲ.. ကြည့်ရတာ ဒီတိုင်းပဲ တင်တာကောင်းပါတယ်.. ဗွီဒီယို စောင့်နေရင် တက်လာတော့မှာ မဟုတ်ဘူး... ခုတောင် ကြွေးတွေက နည်းတာမဟုတ်ဘူး... စာဖတ်သူတွေသာ ကြွေးရှင်တွေဆိုရင် မဗေဒါတော့ ထွက်ပြေးရတာ ကြာပြီထင်တယ်နော်...

ok... everyone.. good night... have a nice Dream.... Wish me luck...

စိတ်ချပါ မဗေဒါ ဒါမျိုး မ၀တ်ပါဘူး... ၀တ်ရင်လဲ သူ့လို မလှပါဘူး... ဟတ်.. ဟတ်...

Fugitive : Plan B နဲ့ Daniel Henney

ခု ကမ္ဘာကျော် အဆိုတော် သရုပ်ဆောင် Rain Bi ရဲ့ Fugitive : Plan B ဆိုတဲ့ကားကို ပြသနေပါတယ်... စကာင်္ပူမှာလဲ ဗုဒ္ဓဟူး ကြာသပတေး ည ၉နာရီခွဲတွေမှာ Starhub cable ကိုရီးယား channel မှာ ပြသနေပါပြီ... ဟိုနေ့က အလုပ်ကပြန်ရောက်တော့ ဘာရယ်မဟုတ် တီဗွီမှာလာနေလို့ ၀င်ကြည့်လိုက်သေးတယ်... Rain က ဂျိမ်းစပွန်းလောက်တော်နေပြီး ပေါတောတောနဲ့ သရုပ်ဆောင်တယ်.. အစထဲက ကျွန်မက Rain's fan မဟုတ်တော့ သူ့ကြည့်ရတာ ပေါတောတောပဲ မြင်တယ်...(No offend to Rain's fan)... ဇာတ်လမ်းကတော့ မင်းသမီးက သူ့မိဘတွေလားဘာလား ကို သတ်သွားတဲ့သူကို ကလဲစားခြေဖို့ Rain (secret agent) ကို ငှားတယ်ပြောတာပဲ... လျှို့ဝှက်ချက်တွေများလွန်းလို့ နားတောင်မလည်ဘူးလို့ သူငယ်ချင်းတစ်ယောက်ပြောတာလဲ ကြားတယ်... ကျွန်မကိုယ်တိုင် စလည်ဆုံးမကြည့်ဖူးသေးတော့ မသိဘူး....

ဒါပေမဲ့ အစက အဲဒိကားကို ကြည့်မယ်လို့ ကျွန်မဆုံးဖြတ်ထားခဲ့ပါတယ်... ခုလဲ ကြည့်ဖြစ်အုံးမယ်ထင်ပါတယ်.... ဘာလို့လဲ သိချင်လား... ဘာလို့လဲဆိုတော့ အဲဒိကားမှာပါတဲ့ ဒုတိယမင်းသားလို့ပဲ ခေါ်မလား... Daniel Henney ကြောင့်ပါပဲ... ကျွန်မက Daniel Henney ကို အရမ်းကြိုက်လှတယ်လဲ မဟုတ်ပါဘူး... မကြိုက်ဘူးလဲ မဟုတ်ပါဘူး... ချောတယ်... အင်္ဂလိပ်နဲ့ ကိုရီးယား စပ်ကျထားတော့ ပုံစံက အင်္ဂလိပ်ရုပ်ပေါက်ပြီး... သူပါတဲ့ကားတွေမှာ အင်္ဂလိပ်လိုပြောလို့ သဘောကျတယ်... (စပိုင်ချစ်သူကားက မင်းသားနဲ့ မမှားလိုက်ပါနဲ့.. သူက My Lovely Sam Som ထဲမှာ ဒုတိယမင်းသမီးနဲ့ ပေါင်းတဲ့ တစ်ယောက်ပါ)...
He and His dog, Mango

Daniel Henney ကို သိပ်မကြိုက်ပဲ ဘာလို့ သူ့ကြောင့် ကြည့်ချင်ရတာလဲဆိုတာ ပြောပြချင်ပါတယ်... ကျွန်မလဲ ဘာရယ်ညာရယ်မဟုတ် ကိုရီးယားနဲ့ ပတ်သတ်တဲ့ ၀က်ဆိုဒ်တွေ လျှောက်ဖက်ရင် ကျွန်မသဘောကျတဲ့ အနုပညာသမားတွေရဲ့ Official facebook တို့ Twitter တို့ဆို အက်ထားလေ့ရှိပါတယ်... အထူးသဖြင့် Facebook လို Imposer တွေ များတဲ့ နေရာမှာ ဒီအကောင့်ကဖြင့် မင်းသားအစစ်နဲ့ သူ့အဖွဲ့သားတွေ စီမံတာ သေချာတယ်ဆိုတဲ့ သတင်းခိုင်လုံရင် သွားအက်ထားပါတယ်.... လီမင်ဟိုနဲ့ Daniel Henney မှာ official facebook ရှိပါတယ်... (ကြားဖြတ်ပြောကြားချက်... Jang Keun Suk နဲ့ G-Dragon မှာ official facebook or twitter လုံးဝမရှိပါဘူး... ရှိတာတွေက fan တွေလုပ်ထားတာပါ) ... ဒါနဲ့ like သွားလုပ်ထားတော့ သူ့ update လေးတွေရှိရင်လဲ ကြည့်ဖြစ်ပါတယ်...

သူ့ facebook ကို တခြား ကိုရီးယားမင်းသားတွေ facebook ထက်ပိုပြီး သဘောကျတာက... သူက အင်္ဂလိပ်လိုရေးလို့ပါ... သူက status ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အစထဲက အင်္ဂလိပ်ဆိုတော့ အင်္ဂလိပ်လိုပဲ ရေးပါတယ်... ဒီတော့ ကိုယ်သူ့ကို ပြောချင်ရင်လဲ အင်္ဂလိပ်လို တိုက်ရိုက်ဆက်သွယ်လို့ရလို့ သဘောကျတာပါ... Fugitive ကို ရိုက်ကူးနေတုန်းကလဲ လက်ရှိ အခြေအနေမှန်သမျှကို update လုပ်တဲ့ status လေးတွေ... ရောက်တဲ့နေရာလေးတွေမှာ ရိုက်ထားတဲ့ သူ့ရဲ့ သာမာန် ပုံလေးတွေကို တင်တတ်ပါတယ်.. Fugitive စပြခါနီးတနေ့တော့ သူ့ စတေးတက်စ် မတ်ဆေ့မှာ Fugitive ကို ကြည့်ကြဖို့ သူ့ပရိတ်သတ်တွေကို တောင်းဆိုထားတာတွေ့ရပါတယ်... သူပါလို့ ကြည့်ကြပါ... အားပေးကြပါတဲ့... အဲလိုလေးတွေ့တော့ ကျွန်မစိတ်ထဲ သဘောလဲကျတယ်... သနားသလိုပဲ... အားလဲ ပေးချင်တယ်... သူ့ဖေ့ဘွတ်မှာ သူကျွန်မကို မသိပင်မဲ့... သူအဲလိုလေးပြောလိုက်တာ သူ့စိတ်ကို ကျွန်မခံစားလို့ရတယ်.... တိုက်ရိုက်ဆက်သွယ်လို့ရတယ်... ကျွန်မကို ပြောလိုက်သလိုပဲ ခံစားရတယ်... ဒီမှာပဲ ကျွန်မခေါင်းထဲမှာ... "အော်... ငါ သူ့အတွက် ကြည့်ပေးရမှာပါလား" လို့ ဖြစ်သွားတယ်... ဟီး.. ဟီး...

He and His mom


သူ့ ဖေ့ဘွတ်မှာ သူနဲ့ သူ့အဖွဲ့သားတွေက fan တွေကို မပျင်းရအောင် ပြိုင်ပွဲလေးတွေလုပ်ပေးတတ်တာလဲ တွေ့ရတယ်... ဥပမာ... ဟိုတစ်ခေါက်ကဆိုရင် Daniel Henney ကို super Hero ၀တ်စုံနဲ့ photoshop ပြိုင်ပွဲလေးလုပ်တယ်... fan တွေက ဆွဲပြီးပို့... like အများဆုံး vote အများဆုံးရတဲ့ သူကို Daniel က လက်ဆောင်ပစ္စည်းလှမ်းပို့ပေးတယ်.... ကဲ နွေးထွေးမှု မရှိဘူးလား.. သူ့ ပရိတ်သတ်ကို သူဂရုစိုက်တယ်... ဘာရယ်တော့မဟုတ် ၀င်တော့ ပြိုင်ချင်သား... Photoshop က မတတ်... ခက်ရော...

နောက်ပြီး သူ fugitive ရိုက်နေတုန်းက သူ့ script တွေကို မနက် ၃နာရီအထိ သူနဲ့ သူ့ မန်နေဂျာနဲ့ နောက်ဖေးမီးဖိုချောင်မှာထိုင်ပြီး လေ့ကျင့်နေတဲ့ ဗွီဒီယို အတိုလေးကို တင်ထားတယ်.... သူ့ခမျာ ကိုရီးယားလို ကောင်းကောင်းမတတ်တော့ script က ၂ ခုနဲ့... တစ်ခုက ကိုရီးယားလို တစ်ခုက အင်္ဂလိပ်လိုနဲ့ လေ့ကျင့်ရတယ်... သူ့မန်နေဂျာကလဲ တော်တော်လေးတော့ သူ့ကို ဂရုစိုက်ပုံရပါတယ်.. သူနဲ့ တူတူ မနက် ၃နာရီထိ တူတူလေ့ကျင့်တယ်... Daniel က "Welcome to My life" ဆိုပြီး script လေး ၂ ခုကို ထောင်ပြပြီး သူ့ အခက်အခဲတွေကို ပြုံးပြုံးလေး ပြောပြသွားတယ်... တော်တော်လေးကို မလွယ်တဲ့ အလုပ်ပါပဲ... အဲဒိဗွီဒီယိုကတော့ facebook မှာ တင်ထားတဲ့အတွက် ကျွန်မ ဒီမှာ ပြလို့မရပါဘူး.. သူ့ဖေ့ဘွတ်ကို သွား like လုပ်ပြီး ကြည့်လိုက်ပါ... သူ့ fan အရေအတွက် တိုးရင် သူလဲ ၀မ်းသာမှာပါ... ဒါကတော့ သူ့ official facebook ပါ... http://www.facebook.com/danielhenney

More Photos at his official facebook...

ဒီအောက်က ဗွီဒီယိုလေးကတော့ သူ့ fan တွေ ဖေ့ဘွတ်ပေါ်မှာ random မေးတဲ့ မေးခွန်းတွေကို သူက video response နဲ့ ပြန်ဖြေထားတာပါ... သင်တို့လဲ Denial ကို မေးစရာရှိရင် သူ့ဖေ့ဘွတ်မှာ မေးနိုင်တယ်နော်....


Friday, October 29, 2010

SungKyunKwan Scandal ထပ်တိုးအုံးမလား?

Info and Photo source : www.dramabeans.com

ချစ်ဖို့ကောင်းတဲ့ ဇာတ်အိမ်လေး.... ပုံစံစုံချောမောလှတဲ့ မင်းသားတွေနဲ့ ချစ်စရာ မင်းသမီးလေးနဲ့ ရင်ခုန်စရာ ဇာတ်ကားလေးဖြစ်တဲ့ SungKyunKwan Scandal ဟာ ပရိတ်သတ်ရဲ့ရင်ကို ဖမ်းစားပြီး ကိုရီးယားမှာ တဖြည်းဖြည်း rating ကောင်းလာခဲ့ပါပြီ... အဲဒိအတွက် ဒီကားကို ဆက်ပြီး ရှည်ရှည်ရိုက်ဖို့ ပရိတ်သတ်ရဲ့ တောင်းဆိုမှုကလဲ များများလာပါတယ်...

ဒီကားကို ယာထားတဲ့ အပိုင်း ၂၀ ထက် ထပ်ပြီး တိုးရိုက်ဖို့ စဉ်းစားထားကြောင်း... အကယ်၍ သရုပ်ဆောင်တွေရဲ့ အချိန်စာရင်းတွေ အားလုံး အဆင်ပြေရင်ဖြစ်ဖြစ်... ရုပ်ရှင်အတွက် Budget လောက်ရင်ပဲဖြစ်ဖြစ်... ပရိတ်သတ်အားပေးမှုများရင်ပဲ ဖြစ်ဖြစ်.. ဆက်လက်ရိုက်ကူးဖို့ စိတ်ကူးရှိတယ်လို့ Producer ကပြောသွားပါတယ်... ဒါပေမဲ့ သိပ်တော့ မျှော်လင့်ချက် မထားလိုက်ပါနဲ့... သူတို့ ဆက်ရိုက်ဖို့ ကျော်ဖြတ်ရမဲ့ လိုအပ်ချက်တွေကလဲမနည်းပါဘူး...

SungKyunKwan Scandal ကို အားပေးတဲ့ အွန်လိုင်း ပရိတ်သတ်ရဲ့ အားပေးမှုနဲ့ တခြား ဇာတ်လမ်းတွေကိုအားပေးမှုကို ယှဉ်ကြည့်တဲ့အခါမှာ အတော်လေး ကွာခြားနေတာကို တွေ့ခဲ့ရပါတယ်... SungKyunKwan Scandal ရဲ့ official Homepage မှာ ပရိတ်သတ်တွေက ပေးပို့တဲ့ စာပေါင်း ၁၂၀,၀၀၀ ကျော်တွေ့ရပါတယ်... အဲဒိ အရေအတွက်ဟာ ဟိုတစ်လောက ပြသွားတဲ့ Chuno ရဲ့ ၃ဆရှိပြီး.. တလောကမှ ပြီးသွားတဲ့ rating ကောင်းတဲ့ ကား Baker King Tak-gu ထက် ၄ဆရှိတဲ့အပြင်... နာမည်ကျော် action drama IRIS ထပ် ၂ ဆရှိတယ်လို့ အံ့မခန်းတွေ့ရှိရပါတယ်...
ထပ်ပေါင်းပြောရရင်ဖြင့် Drama's board ရဲ့ ပေါ်ပြူလာ portal DC ထဲမှာ ၁၆၀,၀၀၀ messages ပေါင်းတွေ့ရှိရရပါတယ်.. DC ထဲမှာ Boys Before Flowers ပြီးရင် ဒုတိယမြောက် ရေးသားသူ အများဆုံးဟာ SungKyunKwan Scandal ဖြစ်နေတာ တွေ့ရှိရပါတယ်...

စိတ်ဝင်စားစရာကောင်းတာတစ်ခုက Baker King တို့လို ကိုရီးယားမှာ Rating အရမ်းမြင့်တဲ့ကားတွေတောင် ဒီလောက် messages မများပဲ SungKyunKwan လိုမျိုး 6.3% rating နဲ့စပြီး တဖြည်းဖြည်း မြင့်တက်လာတဲ့ နှုန်းပါပဲ...

ဒီဇာတ်လမ်းတွဲကို အားပေးတဲ့ ပရိတ်သတ်တွေရဲ့ ထောက်ပြချက်အရ Yoon-hee (မင်းသမီး) နဲ့ Sun-Joon (ပထမမင်းသား) ကြားက အချစ်ဇာတ်လမ်းက episodes 3 ခုပဲကျန်တော့တဲ့အတွက် အားမရဖြစ်နေပါတယ်တဲ့... (မကြည့်ရသေးသူများအတွက် ရှင်းချက်... မင်းသားက တစ်ကားလုံး မင်းသမီးကို ယောကျာင်္းပဲထင်နေတဲ့အတွက်ပါ... ကားဆုံးခါနီးအပိုင်း ၁၆ ရောက်မှပဲ မိန်းကလေးမှန်းသိသွားပါတယ်)

အဲဒီအတွက် တာဝန်ရှိသူက "ဒီဇာတ်အိမ်ကတော့ လွယ်လွယ်နဲ့ ထပ်ရှည်ချင် ရှည်လို့ရနိုင်ပါတယ်.. နောက်ထပ် ၁၀ တွဲလောက် လောက်ကို ဆက်ဆွဲနိုင်ပါတယ်... ဒီအခြေအနေမှာတောင် နောက်ထပ် episode 4 ခုလောက် ထပ်ရှည်လို့ရပါသေးတယ်... တကယ်လို့ သရုပ်ဆောင်တွေအားလုံးသာ သဘောတူရင် ကျွန်တော်တို့ ဆက်ရိုက်ချင်ပါသေးတယ်... ဒါပေမဲ့ ဆက်ရိုက်မယ်ဆိုရင် အချိန်လိုမှာဖြစ်တဲ့အတွက် သူတို့ရဲ့ schedules တွေရမရဆိုတာက ခက်နေပါတယ်" လို့ အဆုံးပိုင်းမှာ စိတ်ပျက်စွာပဲ ပြောကြားခဲ့ပါတယ်...
တကယ်လို့ ထပ်ပြီး တိုးရိုက်မယ်ဆိုရင် သူ ဘယ်လို ဇာတ်လမ်းကို တိုးမလဲ?

ဒီတော့ တာဝန်ရှိသူက "ဒုတိယမင်းသား Moon Jae-shin ရဲ့ ခံစားချက်တွေကို ဒိထက် နက်နက်ရှိုင်းရှိုင်းတိုးရိုက်လို့ရမယ်... ပြီးတော့ မင်းသားနဲ့ မင်းသမီးရဲ့ ဇာတ်လမ်းကိုလဲ နဲနဲတိုးလိုက်လို့ရမယ်... အဓိက အချစ်ဇာတ်လမ်းအပြင်... ကျောင်းတွင်းမှာရှိတဲ့ ပြဿနာတွေကိုလဲ လှည့်ရိုက်လို့ရသေးတယ်... တကယ်လို့သာ ဆက်ရိုက်လို့ရမယ်ဆိုရင်တော့ ဇာတ်လမ်းတွေအများကြီးရှိတဲ့ အလွန်ကောင်းတဲ့ ဇာတ်လမ်းတွဲတစ်ခုပါပဲ... ဒါပေမဲ့ တကယ့် အခြေအနေတွေကတော့ ဆက်ရိုက်ဖို့ သိပ်အားမသာဘူးဖြစ်နေတာ ခက်တယ်... "

ခုလို miniseries (20 episodes or less) မျိုးကို ထပ်တိုးဖို့ဆိုတာ သာမာန်အားဖြင့် ငွေပမာဏမလုံလောက်မှုဖြစ်တတ်တဲ့အတွက် ထုတ်လုပ်ရေး ကုမ္ဗဏီတွေက ယခုလို ထပ်မတိုးချင်ကြတာများပါတယ်.... နောက်ပြီး ယခုလို အွန်လိုင်းမှာ လူငယ်တွေကြိုက်ရုံကြောင့် ရလာတဲ့ ပေါ်ပြူလာဖြစ်မှုကို သူတို့လို Broadcaster တွေအတွက် စဉ်းစားလောက်စရာ သိပ်မရှိပါဘူး....

အဲဒိအတွက်ကြောင့် ယခုလို SungKyunKwan ရဲ့ ထုတ်လုပ်သူက ငွေကြေးကို လောင်းကြေးထပ်ပြီး ဆက်ချင်တယ်လို့ပြောလိုက်တာဟာ ရှေ့ဆက်ဖို့ ယုံကြည်မှုအပြည့်ရှိတယ်လို့ ကြေငြာလိုက်သလိုပါပဲ...

သို့သော် ခက်တာက ပါဝင်တဲ့ သရုပ်ဆောင်တွေအတွက် အချိန်ရမရကိုပါ... ခေါင်းဆောင်မင်းသား Micky Yoochun ဟာ သူ့ pop group JYJ စီးရီးအသစ်အတွက် Asia tour လုပ်တော့မှာပါ... အစထဲက ဒီကားကို စက်တင်ဘာ လကုန်မှာ အပြီးရိုက်ဖို့ စီစဉ်ခဲ့သော်လည်း အကြောင်းကြောင်းကြောင့် နောက်ရွေ့ခဲ့ရသေးတဲ့အတွက် သူ့ schedule နဲ့ အတော်လေး ညိခဲ့ပါတယ်... အဲဒိအတွက် နောက်ထပ်ထပ်တိုးဖို့က ခက်နေပါတယ်...

နောက်ထပ် ဒီကားရဲ့ နာမည်ကြီးမှုကတော့ ဒီကားမှာပါတဲ့ ဇာတ်ဝင်တေးအခွေဟာ 120,000 ရောင်းထွက်ပြီးပါပြီ.... KBS's homepage မှာ တင်ထားတဲ့ ရုပ်ရှင်ကို ကြည့်တဲ့ အကြိမ်ပေါင်းက ၁၉၀၀၀၀ ရှိပါပြီ... Chuno ၁၅၀၀၀၀ နဲ့ Baker King ကတော့ ၁၃၀၀၀၀ ပဲ ရရှိခဲ့တာပါ...

ဒီပုံလေးတွေကတော့ ပါဝင်တဲ့မင်းသား မင်းသမီးတွေကြားက ကင်မရာနောက်ကွယ်က လူဆိုးပဲ သရုပ်ဆောင်ဆောင် လူကောင်းပဲ သရုပ်ဆောင်ဆောင် ရင်းရင်းနှီးနှီးရှိတဲ့ ပင်ကိုယ်ပုံလေးတွေပါ...




ကျွန်မအမြင်...

ဒါဆို မဗေဒါဘလော့ကို ဖတ်တဲ့ SungKyunKwan Scandal ပရိတ်သတ်ကြီးရော ဇာတ်လမ်းကို ထပ်ရှည်ချင်သလား... မဗေဒါက ရှည်လဲ ရှည်စေချင်တယ်... ဒါပေမဲ့ အများကြီးတော့ မရှည်စေချင်ဘူး... ဘာလို့လဲဆိုတော့ သိပ်ရှည်လိုက်ရင်လဲ ပျင်းစရာကောင်းသွားလိမ့်မယ်.... ဆွဲသွားလိမ့်မယ်... ဒါပေမဲ့ ခု အပိုင်း ၂၀မှာလဲ လိုနေတာလေးတွေရှိသေးတယ်... နောက်ထပ် ၃ပိုင်း ၄ပိုင်းလောက်တိုးပေးရင်တော့ ကောင်းမယ်... နောက်တစ်ချက် မတိုးစေချင်တာက ဒုတိယမင်းသားရဲ့ ခံစားချက်ကို ထပ်နက်ရှိုင်းလိုက်ရင် သူက သိပ်သနားဖို့ကောင်းသွားမယ်... သူက နောက်ဆုံး မင်းသမီးကို မရမဲ့အတူတူ သူဆွေးတာကို မခံစားစေချင်ဘူး... Cho Sun နဲ့ ပေးစားလိုက်လဲ ကောင်းသား... ဟီး.. ဟီး... ဒါမှမဟုတ်လဲ Moon Jae shin နဲ့ Gu Yoon Ha သာ တွဲပေးလိုက်တော့.. ဟိဟိ... Gu Yoon Ha အတွက်ကလဲ ဟို လူဆိုးညီမလေးနဲ့ တွဲပေးလို့ရနေတယ်... သိတော့ဘူး... သူတို့ရိုက်သမျှပဲ ကြည့်ရတော့မပေါ့.... ဘာပဲပြောပြော ဒီကားလေးကို ခုလို အောင်မြင်တယ်ဆိုတော့ ဘာရယ်မဟုတ် ၀မ်းသာနေတာ... ဘာမဆိုင် ညာမဆိုင် ဒီကားထဲက Gu Yoon Ha (Song Joong-ki) ရဲ့ ကား Obstetrics and Gynecology Doctors ကိုတောင် ခုကြည့်နေသေးတယ်... သူတို့တွေရဲ့ သတင်းစာရှင်းလင်းပွဲနေ့ကို youtube မှာ အင်္ဂလိပ်စာတမ်းထိုးနဲ့ ကြည့်လို့ရတယ်... screen ရဲ့ အောက် ညာဘက်ထောင့်နားမှာ cc ဆိုတဲ့ ခလုပ်လေးကို နှိပ်ရင် အင်္ဂလိပ်စာတမ်းထိုးနဲ့ ကြည့်လို့ရမှာဖြစ်တယ်....

Thursday, October 28, 2010

Upcoming new Korean dramas Which I look forward

Info and Photo Source : www.dramabeans.com

ဝတ္တုနောက်အပိုင်း၁ပိုင်း မရေးပြီးမချင်း ဘာပိုစ့်မှ မတင်ဘူးလို့ကိုယ့်ကိုကိုယ် ဒဏ်ခက်ထားပင်မဲ့လဲ လောကမှာ ကိုယ့်ကိုကိုယ်လောက် ချစ်တာ ဘယ်သူ့ကိုမှ မရှိတော့နဲနဲလျော့ပေးလိုက်တယ်... ၀တ္တုက ၁ပိုဒ်တော့ပြီးပြီ... နောက်တစ်ချက် ပိုစ့်အသစ်တင်ချင်ရချင်း အကြောင်းကတော့ အောက်က ပိုစ့်ကို ဘလော့မျက်နှာစာမှာထားရတာ သိပ်ကျက်သရေမရှိလှလို့ အောက်ပို့မလို့.... ခု လက ကုန်တော့မယ် ဒီလထဲမှာ ပိုစ့်က တစ်ပုဒ်မှ မတက်တော့ မဖြစ်ဘူး စိတ်ထဲရေးချင်တာလေးတွေ ရေးလိုက်အုံးမှ... ခုပိုစ့်လေးကတော့ နောက်လာမဲ့ ကိုရီးယားဇာတ်လမ်းတွဲအသစ်လေးတွေထဲမှာမှ ကျွန်မကြည့်ချင်တဲ့ ဇာတ်လမ်းတွဲလေးတွေကို ဝေငှမှာဖြစ်ပါတယ်...

Secret Garden
Male Lead - Hyun Bin ( My lovely Sam-Soon, Snow Queen, World Within)


Female Lead
- Ha Ji Won (Hwan Jin Yi, Hae Eun Dae tsunami)

Supporting Leads -
Yoon Sang-hyun ( My fair lady, Queen of housewives )

Kim Sa-rang (သူ့ကိုတော့ သိပ်သတိမထားမိပါဘူး... ဒါပေမဲ့ How to meet a Perfec Neighbor နဲ့ A love to kill မှာ ပါဖူးတယ်လို့ပြောပါတယ်)

Philip Lee ( A Man's story)

ဇာတ်လမ်း ...

Joo-Won အဖြစ် Hyun Bin က သရုပ်ဆောင်ပြီး သူ့ Character ကတော့ အေးဆက်ဆက်နိုင်တဲ့ အောင်မြင်တဲ့ စီးပွားရေလုပ်ငန်းရှင်တစ်ယောက်ဖြစ်တယ်... Ra-im အဖြစ် Ha Ji Won က သရုပ်ဆောင်ပြီး သူကတော့ မိန်းကလေး Stunt woman character အဖြစ် ကြမ်းကြမ်းရမ်းရမ်းသရုပ်ဆောင်မှာဖြစ်တယ်... Oscar အဖြစ် Yoon Sang-Hyun က သရုပ်ဆောင်မှာဖြစ်ပြီး သူကတော့ ဂျပန်မှာပါ အရမ်းနာမည်ကြီးတဲ့ ကိုရီးယားအဆိုတော် တစ်ယောက်ဖြစ်တယ်... ဆက်စပ်ပုံကတော့ Joo-Won နဲ့ Oscar က ညီအစ်ကို တစ်ဝမ်းကွဲတွေဖြစ်သလို အရမ်းပြိုင်တဲ့ ပြိုင်ဘက်တွေလဲ ဖြစ်ကြတယ်...

မင်းသမီးတွေဖက်မှာကျတော့ stunt woman Ra-im နဲ့ ပညာတတ် အရည်အချင်းရှိ ကြော်ငြာ ဒါရိုက်တာ Yoon Seul (Kim Sa-rang) ကိစ္စတစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် ငြိပြီး မာနတွေပြိုင်နေကြတဲ့ ၂ယောက်...

နောက်တစ်ယောက်ကတော့ Philip Lee ... သူက martial arts director ဖြစ်သလို Ra-im ရဲ့ instructor လဲ ဖြစ်တယ်... (သူက အပြင်မှာ English စကားကောင်ကောင်းပြောတတ်တဲ့အတိုင်း ) ဒီကားထဲမှာလဲ နိုင်ငံခြားမှာ ကျောင်းတက်ပြီး Hollywood system နဲ့ အလုပ်လုပ်တဲ့သူ အနေနဲ့ သရုပ်ဆောင်မှာ ဖြစ်တဲ့အတွက် သူ အင်္ဂလိပ်လိုပြောတတ်တာက အားသာချက်တစ်ခု ဖြစ်နေပါတယ်..

အတိုချုံး သိထားသလောက်တော့ မာနကြီးတဲ့ သူဋ္ဌေးလေး Joo Won နဲ့ ကြမ်းကြမ်းရမ်းရမ်း Stunt Woman အလုပ်ကို လုပ်တဲ့ Ra-im တို့ရဲ့ ၀ိညာဉ်ချင်း မှားသွားတာဖြစ်ပါတယ်... ဒါကိုမှ ကျန်တဲ့ Character တွေနဲ့ ဆက်စပ်ပြီး ဘယ်လို စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြမလဲမသိပါဘူး....

ဒီကားကို ခု ရိုက်ကူးနေပြီဖြစ်ပြီး SBS ကပြနေတဲ့ Life is Beautiful ကားအပြီး November ၁၃ ရက်နေ့မှာ စတင်ပြသမှာဖြစ်ပါတယ်... ဒီတော့ အွန်လိုင်းပေါ်ကို အမြန်ဆုံးဆိုရင် ၂ရက်လောက်တော့ နောက်ကျပြီး ရောက်လာပါလိမ့်မယ်...

The Reason Why I want to watch "Secret Garden"

ဒီကားကို ကျွန်မကြည့်ချင်ရတဲ့ အဓိက အကြောင်းရင်းကတော့ မင်းသမီး မင်းသားကို ကြိုက်လို့ပါ... Hyun Bin နဲ့ Ha Ji Won ရဲ့ ဇာတ်လမ်းတွဲမှန်သမျှ အားလုံးကြည့်ပြီးပါပြီ... သူတို့ကားတွေ ထပ်ကြည့်ချင်နေတာ ခုတော့ သူတို့ ၂ယောက်တွဲမှာဆိုတော့ အတိုင်းထက် အလွန်ကြည့်ချင်တော့တာပါပဲ... ဇာတ်အိမ်ကလဲ အရင့် အရင်က ခုလို စိတ်ချင်းလဲသွားတဲ့ ကားတွေ အင်္ဂလိပ်တို့ ကိုရီးယားမှာလဲ ရှိခဲ့ဖူးပင်မဲ့... ရှိပြီးသားတွေကြားကမှ မတူထူးအောင် သူတို့ဘယ်လို ဖန်တီးမလဲလို့ သိချင်တာပါ... Philip Lee ကိုလဲ A Man's Story မှာထဲက အရပ်ရှည်ပြီး အင်္ဂလိပ်လိုပြောတာ ကျွမ်းလို့ သဘောကျ သတိထားမိခဲ့ပါတယ်... ခု သူလဲ ပြန်ပါမယ်ဆိုတော့ အတော်လေးကို မျှော်လင့်တကြီး စောင့်နေပါတယ်....


Mary Stayed Out All Night

Male Lead - Jang Keun Suk ( My all time favorite actor , You're Beautiful, Hwan Jin Yi )

Female Lead - Moon Geun Yoon ( Cinderella's sister, Autumn Tale )


Supporting leads -
Kim Jae-Wook ( Coffee Prince, Bad Guy )

Moon Jung Hee (Oh My Lady)

ဇာတ်လမ်း...
ချစ်ရေး ချစ်ရာတွေကို လက်လျော့ထားတဲ့ မိန်းကလေးတစ်ယောက် ရုတ်တရက် Metal band vocalist တစ်ယောက်နဲ့ Contract Marriage အဖြစ် ဆုံတွေ့ခဲ့သလို... တချိန်တည်းမှာပဲ မိန်းကလေးတိုင်း စိတ်ကူးယဉ်လိုချင်တဲ့ ရုပ်ရည်... ဥစ္စာ... မိသားစု Background အကုန်ကောင်းတဲ့ နောက်ကောင်လေးတစ်ယောက်ကို တွေ့ပြီး သုံးပွင့်ဆိုင် ချစ်ဇာတ်လမ်းလေးလို့ သိရပါတယ်... ဒုတိယမင်းသမီးကတော့ ဂျန်ဂမ်ဆပ်ရဲ့ အရင် ရည်းစားခုမှ သူ့ဆီပြန်လာချင်တဲ့ နေရာက သရုပ်ဆောင်မယ်လို့ကြားရပါတယ်...
I used to like what she wear but I am disappointed with this style... Both JKS and MGY, I don't really like how they wear here...

The reason why I want to watch "Mary Stayed out all night"


ဒီကားကို ဘာကြောင့်ကြည့်ချင်တာလဲဆိုတော့ ရှင်းပါတယ်... မင်းသားတွေကြောင့်ပါ... မင်းသမီး Moon Geun Yoon ကလဲ သရုပ်ဆောင်ကောင်းတယ်ဆိုတော့ အစထဲက ကြိုက်ပါတယ်... ဒါပေမဲ့ ဒီကားကို အစက မင်းသား မင်းသမီးတွေကြောင့် သိပ်ကြည့်ချင်ခဲ့ပင်မဲ့.. ခုတော့ သိပ်ပြီး ပြင်းပြင်းပြပြ မကြည့်ချင်လှတော့ပါဘူး... ဇာတ်လမ်းကြီးက မင်းသားချော ၂ယောက်ကြားမှာ သူက ဗျာများမဲ့ပုံပေါက်နေတော့ သိပ်မတရားသလိုပါပဲ... မနာလိုဘူးပဲပြောပြော... အဲလိုမျိုး ဟိုဟိုဒီဒီိဆို မကြိုက်ဘူး... Moon Geun Yoon ကို ဒီကားကြည့်ပြီး မုန်းမသွားပါစေနဲ့ ဆုတောင်းတယ်... သူ သိပ် act cute မလုပ်ပဲ ပုံမှန် ကောင်းကောင်းသရုပ်ဆောင်ပါစေလို့လဲ မျှော်လင့်တယ်... ဒါပေမဲ့ ဒီကားထဲက သူရဲ့ style ဆံပင် ဘုတ်သိုက်နဲ့ အကျီင်္ဘုတ်သိုက် ငပျင်းမလိုလို ပုံစံကိုတော့ ဓာတ်ပုံတွေကြည့်ပြီး သိပ်မကြိုက်ဘူး... နောက်ပြီး ဂျန်ဂမ်ဆပ်ကလဲ You are My pet ကားအတွက် ၀ိတ်လျော့ထားပြီး မရိုက်ဖြစ်သေးတော့ အတော်လေး ပိန်ကပ်နေပြီး ဆံပင်ရှည်နဲ့ဆိုတော့ မိန်းကလေးဆန်ဆန်ချောနေတယ်.... မင်းသမီးနဲ့ ယှဉ်လိုက်တော့ ချောချော ညီအစ်မ ၂ယောက်လိုတောင် ဖြစ်နေတယ်... သူ့ကို ၀ိတ်ပြန်တက်စေချင်တယ်... ဇာတ်လမ်းကို ကြားရတာ သိပ်မကြိုက်ပင်မဲ့ ကိုယ်လဲ အသေးစိတ်မသိသေးတော့ စောင့်ကြည့်ရမှာပေါ့... တကယ်ပြတဲ့ အချိန်ကျရင် စိတ်မပျက်ပါစေနဲ့ပဲ ဆုတောင်းမိတော့မယ်...

နောက်ဆုံးတစ်ချက် သိပ်မမျှော်တော့တဲ့ အကြောင်းရင်းကတော့ Mary Stayed out all Night ကားဟာ ယခုလက်ရှိပြနေတဲ့ ကျွန်မသိပ်ကြိုက်တဲ့ Sung Kyun Kwan Scandal အပြီး နိုဝင်ဘာ ၈ ရက်နေ့မှာ ပြသမယ်လို့ မှန်းထားပါတယ်... SungKyunKwan Scandal ကို ကြိုက်တော့ မပြီးစေချင်သေးဘူး...

All My Love
မင်းသားနဲ့ မင်းသမီးရဲ့ လတ်တလော လူသိများတဲ့ ဇာတ်ကောင်ပုံလေးကို တင်မှ ပရိတ်သတ်မှတ်မိမှာမို့ ဒီပုံလေးတွေ ပြလိုက်ပါတယ်...

Male Lead - Jeon Tae-soo (SungKyunKwan Scandal (student President, bad ass))

Female Lead
- Yoon Seung-ah (Playful Kiss (Actress's friend))

Supporting Leads
- Jo Kwan (2am's leader) , Ga-In (from Brown Eyed Girls idol group) and Yoon Doo-joon (Beast)
Jo-Kwon (2am) & Ga-in (Brown Eyed Girls)
Yoon Doo-Joon from Beast
ဇာတ်လမ်း ကတော့ ဆင်းရဲပြီး သနားကြင်နာတတ်တဲ့ Kong-ji family နဲ့ ချမ်းသာပြီး တကိုယ်ကောင်းဆန်တတ်တဲ့ Pat-Ji family ၂ခုကြားက အဖြစ်အပျက်နဲ့ ပတ်သတ်မှုအကြောင်းလေးလို့ အကြမ်းမျဉ်းသိထားရပါတယ်... Kong-ji and Pat-Ji ဆိုတာကတော့ ကိုရီးယား စင်ဒရဲလားပုံပြင်ဆန်ဆန်ထဲက ညီအစ်မနှစ်ယောက်ကို အမှီပြုပြီး ခေါ်ထားတာလို့ သိရပါတယ်...

ဒီဇာတ်လမ်းကိုတော့ နိုဝင်ဘာ ၈ရက်နေ့မှာ စပြမှာဖြစ်ပါတယ်...

The reason why I want to watch "All My Love"

ဒီကားက သရုပ်ဆောင်တွေအားလုံးက အသစ်နီးပါး သရုပ်ဆောင်တွေပါ... အဓိကဇာတ်ဆောင် ၂ယောက်မှာ မင်းသားက လက်ရှိပြနေတဲ့ SungKyunKwan Scandal မှာ လူဆိုးမင်းသားလုပ်ရပင်မဲ့ ခုတော့ သူက ခေါင်းဆောင်မင်းသားဖြစ်ပါပြီ.. ဒါဟာ သူ့ရဲ့ ဒုတိယကားပါ.. မင်းသား Jeon Tae-Soo ဟာ အပြင်မှာ နာမည်ကြီးမင်းသမီး Ha Ji-Won (အပေါ်ကပြောသွားတဲ့ Secret Garden ထဲက မင်းသမီး) ရဲ့ မောင်လို့ သိရပါတယ်...(မောင်နှမ ၂ယောက်လုံး ချောချက်ကတော့...)... မင်းသမီး Yoon Seung-ah ကလဲ လတ်တလောကမှ ပြီးသွားတဲ့ Playful Kiss မှာ မင်းသမီး သူငယ်ချင်းအဖြစ် သရုပ်ဆောင်သွားတယ်လို့ သိရပါတယ်... (Playful Kiss ဇာတ်လမ်းကို အရမ်းကြိုက်ပင်မဲ့ ကိုရီးယားပြန်ရိုက်တဲ့ မင်းသမီးကို လုံးဝမကြိုက်သောကြောင့် လုံးဝမကြည့်ဟု ဆုံးဖြတ်ထားပါတယ်)...
သူတို့ တွေအားလုံးထက် ကျွန်မ အကြည့်ချင်ဆုံးကတော့ ဇာတ်ပို့အဖြစ် သရုပ်ဆောင်မဲ့ Jo-Kwon (2am) နဲ့ Ga-in (Brown Eyed Girls) တို့ပဲ ဖြစ်ပါတယ်... သူတို့ ၂ယောက်ဟာ MBC ကလုပ်တဲ့ Variety show "We got married (season 2)" မှာ လင်မယားအဖြစ် နေရပြီး ပရိတ်သတ်ကလဲ အလွန်မှ လိုက်ဖတ်တဲ့ အတွဲလို့ အသိအမှတ်ပြုထားခြင်းခံရတဲ့ ၂ယောက်ပါ... ဒါပေမဲ့ ဒီကားမှာ သူတို့ ၂ယောက်ဟာ အမွှာမောင်နှမ အဖြစ် သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်... Jo Kwon နဲ့ Ga-in ဟာ အဆိုရော အကရောမှာ ထူးချွန်သူ နာမည်ရ idol group များမှ ဖြစ်ပြီး သူတို့ ၂ယောက်လုံး သရုပ်ဆောင်မှာ ကောင်းမလားမဆိုတာကို ကျွန်မစိတ်ဝင်စားမိပါတယ်... Jo-Kwon ရဲ့ အသံနဲ့ သူ့ရဲ့ funny ဖြစ်တဲ့ အပြင်က character ကြောင့် သူ့ရုပ်သိပ်မချောပင်မဲ့ အရည်အချင်းရှိတဲ့အတွက် ကျွန်မသူ့ပရိတ်သတ်ဖြစ်ခဲ့ပါတယ်... စကာင်္ပူကိုလာရင် ကျွန်မသွားအားပေးမဲ့ သူထဲမှာ Jo-Kwon အဖွဲ့ 2am လဲ ပါပါတယ်...

Stormy Lovers

Male Lead
- Hwan Hee (Over the Rainbow)

Female Lead
- Choi Eun-seo (Personal Taste,the girl cling on LMH)

Supporting Leads - Cha Soo-yeon (The world they live in)& Choi Won-young (Neighbor Enemies)


ဇာတ်လမ်း ---

စိတ်ထားဖြူစင်ပင်မဲ့ Disabled ဖြစ်နေတဲ့ မိန်းကလေးတစ်ယောက် ကျော်ဖြတ်ရတဲ့ ဘ၀မှာ တွေ့ဆုံခဲ့ရတဲ့ အချစ်နဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို အခြေခံထားတယ်လို့ သိရပါတယ်...
Disabled Shim Eun-Hye အဖြစ် Choi Eun Seo က သရုပ်ဆောင်ထားပြီး ဇာတ်လမ်းတလျှောက် သူ့ဝေတနာ တဖြည်းဖြည်း ပြန်ကောင်းလာတာကို သရုပ်ဆောင်မှာဖြစ်ပါတယ်... ဒီ ဇာတ်ကောင်ဟာ သူ့အတွက် ပထမဆုံး အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ရတာဖြစ်ပါတယ်...

HwanHee ကတော့ မိသားစု Background ကြောင့် ထူးချွန်ပင်မဲ့ တိုးတက်သင့်သလောက် မတိုးတက်ရတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရမှာပါ... သူ့အောင်မြင်ခဲ့တဲ့ ၂၀၀၆ ခုနှစ်တုန်းက Over The Rainbow ဇာတ်လမ်းတွဲမှာ ဘ၀င်မြင့်တဲ့ အဆိုတော်အနေနဲ့ သရုပ်ဆောင်ခဲ့ရပြီး ၂၀၀၈ မှာ အချစ်ကား "I Love You" (မကြည့်ရသေးပါ... ရှာကြည့်ပါအုံးမယ်)

ဒုတိယမင်းသမီး Cha Soo-Yeon ကတော့ အချစ်ဦးကို Santiago အသွားမှာ Accident ဖြစ်ပြီး ဆုံးသွားကတည်းက စိတ်ကျရောဂါ ဖြစ်ချင်နေတဲ့ သူအနေနဲ့ သရုပ်ဆောင်မှာပါ... HwanHee's PD character က သူမဘ၀အကြောင်းကို "Undying Love From Santiago" ဆိုပြီး ရုပ်ရှင်ရိုက်ချင်တဲ့ အတွက် သူတို့ Character တွေရဲ့ ဆက်စပ်မှုကတော့ ဒီလိုပါ...

Choi Won-Young ရဲ့ Character ကတော့ ရီရသလို အနည်းငယ်လဲ ထူးခြားပါတယ်... သူက မိန်းမရှုပ်တဲ့ Plastic Surgeon တစ်ယောက်ဖြစ်ပြီး အမြဲတမ်း ပြဿနာနဲ့ မကင်းသူတစ်ယောက်လဲ ဖြစ်ပါတယ်... သူဟာ အကုန်အကျများတဲ့ရုပ်ရှင်တွေကို ထုတ်လုပ်သူလုပ်လေ့ရှိပြီး အမြဲတမ်း ကြွေးရှင်တွေလိုက်တာ ခံနေရသူပါတဲ့...

ဇာတ်ကောင်တွေရဲ့ ဆက်စပ်မှုကို အသေးစိတ်မသိရသေးပင်မဲ့ တစ်ယောက်ချင်းစီအကြောင်းကို ဒီလောက်တော့ သိရပါတယ်...

ဒီကားကို နိုဝင်ဘာလ လယ်လောက်မှာ ပြသဖို့ ယာထားပါတယ်...

The reason why I want to watch "Stormy Lovers"

တစ်ခုပဲ ရှိပါတယ်.... Hwan Hee ကြောင့်ပါ... သူ့ကို Over The Rainbow စကြည့်တုန်းက အောက်က ကွန်မန့်တွေမှာ မိန်းကလေးတွေက Rex... Rex (အဲဒိကားထဲက Character နာမည်) ဆိုပြီး အရမ်းကြိုက်ကြပါတယ်... သူက အဲဒိကားမှာ ဒုတိယမင်းသားပါ... ကားစစပြချင်းမှာ သူက အရမ်းကြီးကျယ်တဲ့ အဆိုတော်အဖြစ် သရုပ်ဆောင်ထားတော့ ကျွန်မက သိပ်ကြည့်မရပါဘူး... ဒါပေမဲ့ ကားဆုံးခါနီးမှာ သူမင်းသမီးကို ကြိုက်လို့ မာနကြီးတဲ့ အဆိုတော်ကနေ တဖြည်းဖြည်းပြောင်းလဲလာပုံကို သရုပ်ဆောင်ထားတာ အတော်လေးကြည့်ကောင်းပါတယ်... ပထမ မင်းသားက မချောတော့ သူက ပိုသာနေပါတယ်... အဲဒိကားမှာ ဒုတိယမင်းသားများထုံးစံအတိုင်း မင်းသမီး လိုအပ်ချိန်မှာ သူရှိပြီး နောက်ဆုံးတော့ ကျန်ရစ်ဖြစ်ခဲ့ပါတယ်... အဲဒိကားဟာ အဆုံးသတ်မကြိုက်တဲ့ ကိုရီးယားကားတွေထဲမှာ တစ်ခုအပါအ၀င်ပါပဲ.... အကတွေအများကြီးပါလို့... စိတ်ဝင်စားရင်တော့ ကြည့်လိုက်ပါ... အဲဒိကားပြီးကတည်းက သူ့ကား အသစ်ကို စောင့်နေတာ... သူက အဆိုတော်ဆိုတော့ အသံလဲ တော်တော်ကောင်းပါတယ်... သူ့ကို "We Got Married" Variety show မှာလဲ သဘောကျပါတယ်... သူ့အကြောင်းပြောတာ များသွားပြီ... တော်သေးပြီနော်....

မဗေဒါ မကြည့်ချင်တဲ့ ကားဘာရှိသေးလဲလို့ မမေးနဲ့နော်... တခြားကားတွေကျန်သေးတယ်... ခုက ကြည့်ချင်တဲ့ကားပဲရေးထားသေးတာ...