၂၀၀၁ ခုနှစ်မှာ ထိုင်ဝမ်က Meteor Garden ဆိုတဲ့အမည်နဲ့ အရင်ဆုံး ဇာတ်လမ်းတွဲရိုက်တယ်….
၂၀၀၈ ခုနှစ်မှာ ဂျပန်က Hana Yori Dango ဆိုပြီး အဲဒိဇာတ်လမ်းကိုပဲ ပြန်ရိုက်တယ်…
၂၀၀၉ခုနှစ်မှာတော့ Boys Before Flowers ဆိုပြီးတော့ ကိုရီးယားက လတ်တလော နာမည်ကြီးနေတဲ့ ဇာတ်လမ်းအနေနဲ့ တွေ့နိုင်တယ်…
တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဇာတ်လမ်းက အနည်းကျဉ်းလောက်ပဲ ကွာတယ်… ပင်မ ဇာတ်လမ်းကျောရိုးက တူတူပဲ…
အဲ… အားလုံး တူညီတဲ့အချက်ကတော့ မင်းသား ၄ယောက် ပါတယ်… မင်းသမီး ၁ယောက်ပဲ… မင်းသား ၄ယောက်လုံးက အရမ်းမိုက်…အရမ်းချောတဲ့ကောင်လေးတွေဖြစ်ရတယ်… ပြီးတော့… အဲဒိကားကို ဘယ်နိုင်ငံကပဲ ရိုက်ရိုက် လူကြိုက်များပြီး အောင်မြင်တယ်… အဲဒိကားရိုက်တဲ့ မင်းသားတွေ မင်းသမီးတွေဟာ အဲဒိကားရိုက်ပြီးရင် တဟုန်ထိုးအောင်မြင်သွားတတ်ကြတယ်… ဒီပိုစ့်လေးမှာ သူတို့ ၃နိုင်ငံက ကျမအကြိုက်နဲ့ မကြိုက်တာလေးတွေကို ယှဉ်ပြီး ပြောပြချင်တယ်…
ဇာတ်လမ်းအကျဉ်း
တစ်နိုင်ငံလုံးက ချမ်းသာပြီး လူကုံတန်အသိုင်းအဝိုင်းတွေချည်းပဲ တက်တဲ့ ကျောင်းမှာ သာမာန် လက်လုပ်လက်စား(ချို့ချို့တဲ့တဲ့) မိသားစုထဲက မိန်းကလေးတစ်ယောက်လဲ တက်တယ်… သူတို့မိသားစုအတွက်တော့ ဒီသမီးလေး ဒီလိုကျောင်းမျိုးမှာတက်ခွင့်ရတာကိုက အရမ်းကို ဂုဏ်ယူ ပီတိဖြစ်ရတယ်… မင်းသမီးကိုယ်တိုင်ကတော့ သူ့မိသားစု ဝင်ငွေအခြေအနေကြောင့် သိပ်မတက်ချင်ပေမဲ့… သူ့မိဘတွေ စိတ်ချမ်းသာဖို့အတွက် ကျောင်းမှာ အနှိမ်ခံရပင်မဲ့ ဂရုမစိုက်ပဲ တက်တယ်…
အဲဒိကျောင်းမှာ တစ်နိုင်ငံလုံး အချမ်းသာဆုံးဖြစ်တဲ့ မိသားစုကလာတဲ့ ကောင်လေး ၄ယောက်အဖွဲ့က ဗိုလ်ပဲ… သူတို့ထဲက ခေါင်းဆောင်ကောင်လေးရဲ့ မိသားစုက ဒီကျောင်းကို မ တည်ထားတဲ့သူပေါ့… ဒါကြောင့်သူတို့က ဘယ်သူ့ကိုမှ လူမထင်ပဲ ကျောင်းမှာ ဆိုးချင်တိုင်းဆိုးတယ်… သူတို့အဖွဲ့နာမည်က F4 တဲ့… ဘယ်သူမှ F4 နဲ့ ပြဿနာမတက်ရဲကြဘူး… သူတို့မကျေနပ်တဲ့သူကို အနီရောင် စာလေးကပ်ခံရပြီဆိုရင်တော့ အဲဒိလူကို တစ်ကျောင်းလုံးက F4 ကို မျက်နှာလုပ်ချင်ဇောနဲ့ ဝိုင်းပြီး အနိုင်ကျင့် နှိပ်စက်ကြတယ်… F4 က ချမ်းသာသလို… သူတို့က အရမ်းလဲ ချောတယ်… မိန်းကလေးတွေအားလုံးရဲ့ အိပ်မက်မက်ချင်စရာ ယောကျာၤးလေးတွေပေါ့…
ဒါပေမဲ့ မင်းသမီးကတော့ သတင်းကြားတာနဲ့ကို တစ်စက်ကလေးမှ သူတို့အဖွဲ့ကို ကြည့်မရခဲ့ဘူး… သို့သော် အားမတန် မာန်လျော့ဆိုတဲ့စကားအတိုင်းပဲ အများထဲက တစ်ယောက်ဆိုပြီးတော့ပဲ မပတ်သတ်ပဲနေတယ်…
ဒါပေမဲ့ သူမ သူငယ်ချင်းတစ်ယောက် မတော်တဆ ချော်လဲလို့ အညစ်အကြေးတွေ F4 ခေါင်းဆောင် ကောင်လေးကို ပေသွားရာက စပြီး… တောင်းပန်ပေမဲ့ မကျေနပ်နိုင်ပဲ အနိုင်ကျင့်တဲ့အတွက်…. မဟုတ်မခံပဲ အမြဲ သူငယ်ချင်းဘက်က ရပ်တည်တတ်တဲ့ မင်းသမီးနဲ့ ထိပ်တိုက် ရန်ဖြစ်ကြတယ်… နောက်နေ့မှာပဲ မင်းသမီး အနီရောင်စာရပါလေတော့တယ်… တစ်ကြောင်းလုံးက ဘယ်လောက်ပဲ ဝိုင်းနှိပ်စက်စက် မင်းသမီးက ရင်ဆိုင်တယ်… စိတ်ဓာတ်မကျတဲ့အပြင် နောက်ဆုံး ခေါင်းဆောင်ကောင်လေးကို သူမကိုယ်တိုင် သွားစိန်ခေါ်လိုက်တဲ့အခါမှာတော့… သူ့ဘဝတစ်လျှောက်လုံး ဒီလို အားနွဲ့တဲ့ မိန်းကလေးမပြောနဲ့ ယောကျာၤးချင်တောင် စိန်ခေါ်မခံရဘူးတဲ့ ခေါင်းဆောင်ကောင်လေးအတွက် ကောင်မလေးကို စိတ်ဝင်စားဖွယ်ဖြစ်ခဲ့တယ်… ဒါပေမဲ့ ကောင်မလေးကတော့ သူ ဒုက္ခရောက်တိုင်းသူ့ကို အမြဲ ကူညီခဲ့တဲ့ အေးဆပ်ဆပ်ကောင်လေး ဖြစ်တဲ့ F4 ထဲက ဒုတိယကောင်လေးကို စိတ်ဝင်စားခဲ့တယ်…
သို့သော်… မာနကြီးပြီး ကလေးဆန်တဲ့ သူဋ္ဌေးသားခေါင်းဆောင်ကောင်လေးရဲ့ အနစ်နာခံပြီး စစ်မှန်တဲ့အချစ်ကြောင့် နောက်ဆုံးကောင်မလေးလဲ သူ့ကိုပဲ ချစ်မိသွားတယ်…
ဒါပေမဲ့ သူတို့ ၂ယောက်ရဲ့ ချစ်ဇာတ်လမ်းက ပတ်ဝန်းကျင်ရဲ့ မနာလိုသွေးထိုးမှုတွေ ကြောင့် အထင်လွဲမှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်… ပြဿနာတွေကို ကျန်တဲ့ F4 အပေါင်းအပါသူငယ်ချင်းတွေရဲ့ အကူအညီနဲ့ စည်းစည်းလုံးလုံးဖြေရှင်းနိုင်ခဲ့ပင်မဲ့… သူတို့ ၂ယောက်အချစ်ဇာတ်လမ်းမှာ အကြီးမားဆုံး ရန်သူကတော့ အားလုံးက ကြောက်ရတဲ့ကောင်လေးရဲ့ အမေ သူဋ္ဌေးမကြီးဖြစ်နေတယ်…
ဒီလိုအခက်အခဲတွေကြားမှာ ကလေးဆန်ဆန်ဆိုးတတ်ပေမဲ့ ကောင်မလေးကိုသိပ်ချစ်ပြီး ကောင်မလေးနဲ့ ပတ်သတ်ရင် အမြဲရှိနေတတ်တဲ့ သူဋ္ဌေးသားလေးနဲ့ ဆင်းရဲပင်မဲ့ မာနရှိပြီး ဘယ်အရာကိုမှ လွယ်လွယ်အရှုံးမပေးပဲ အမှန်တရားဘက်က အမြဲရပ်တည်တတ်တဲ့ ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ပျော်စရာ… ငိုစရာ... လွမ်းစရာ… ရင်ခုန်စရာ… အားကျစရာများစွာနဲ့… ကြည့်ရှုရမှာဖြစ်ပါတယ်…
နှိုင်းယှဉ်ချက်…
မှတ်ချက်။ ။ ဤ နှိုင်းယှဉ်ချက်သည် ကျမတစ်ယောက်တည်း၏ အမြင်ဖြင့်သာ ဆုံးဖြတ်ရေးသားထားချင်းဖြစ်၍ ကြိုက်သလို သဘောထားကွဲလွဲနိုင်ပါသည်…
ဇာတ်လမ်းနှိုင်းယှဉ်ချက်…
ကျောရိုးအခြေခံဇာတ်လမ်းက အရမ်းကောင်းပြီး ၃နိုင်ငံစလုံးက အဓိက အချက်တွေကို တူညီစွာရိုက်ထားသော်ညား တချို့သော ဇာတ်လမ်းအချိတ်အဆက်လေးတွေနဲ့ ဇာတ်ဝင်ခန်း အစီအစဉ်လေးတွေကတော့ ကွာခြားပါတယ်… အဲဒါလေးတွေကို ကျမသတိထားမိသလောက် နှိုင်းယှဉ်ပြောပြပါရစေ…
Taiwan Version (Meteor Garden)
ဇာတ်လမ်းအစပိုင်းမှာ အလွန်စိတ်ဝင်စားစရာကောင်းတယ်… တင်ပြပုံလဲ ကောင်းတယ်… ဒါပေမဲ့ အလယ်လောက်မှာ တရုတ်ကားများထုံးစံအတိုင်း အရမ်းစွဲလွန်းတယ်… အထူးသဖြင့် မင်းသမီး သူ့မိဘတွေနေတဲ့ တောကို ပြန်သွားတဲ့ အပိုင်း က ဇာတ်အေးသွားတယ်… ဇာတ်ဝင်တေးကောင်းတယ်… ပထမ မင်းသားကလွဲလို့ ကျန်တဲ့ မင်းသား ၃ယောက်လုံးက လူသစ်တွေကို သုံးထားတယ်… သူကတော့ ၂၀၀၀ ခုနှစ်က ရိုက်တဲ့ကားဖြစ်တဲ့အတွက်ကြောင့် နောက်ပိုင်းရိုက်တာတွေလို သိပ်ပြီး နောက်ဆုံးပေါ်ပစ္စည်းသုံးမှုကတော့ ဘယ်လိုက်မှီနိုင်မလဲ… ဥပမာ ဇာတ်လမ်းထဲမှာ မင်သားတွေသုံးတဲ့ဖုန်းတို့ ဘာတို့ အဲဒိခေတ်ကဖုန်းတွေဆိုတော့ နောက်မှ ပြန်ရိုက်တဲ့ကားတွေနဲ့ ယှဉ်စရာမလိုဘူးလို့ထင်တယ်… အဲဒိအချက်ကတော့ နောက်မှ ရိုက်တဲ့ ဂျပန်နဲ့ ကိုရီးယားနဲ့ လိုက်ယှဉ်မနေသင့်ဘူးလို့ထင်တယ်… တချို့ ဖိုရမ်တွေမှာ အဲဒိအချက်ကို ထိုင်ဝမ်ကားကို အပြစ်ပြောကြတာတွေ့တယ်… ဒါက ခေတ်နဲ့ပဲဆိုင်တယ်… သူတို့ မသုံးနိုင်တာမဟုတ်ဘူး… ပြီးတော့ သူက ပထမဆုံးရိုက်ရတဲ့သူ… ဒီဇာတ်လမ်းက ဘယ်လောက်ထိပေါက်မယ်မပေါက်ဘူး မသေချာပဲနဲ့ ဒီရုပ်ရှင်ရိုက်ဖို့ ကမ္ဘာမပတ်နိုင်ဘူးလို့ထင်တယ်… (ဂျပန်နဲ့ ကိုရီးယား ပြန်ရိုက်ရာမှာ ကမ္ဘာတလွှားကနေရာတော်တော်များများပါတယ်…)
ဂျပန်ကား ဇာတ်လမ်း (Hana Yori Dango)
သူက တရုတ်ကားရဲ့ Season 1 ကိုပဲ ၂ပိုင်းခွဲပြီး ရိုက်ထားတယ်… Hana Yori Dango 1 နဲ့ 2 ဆိုပြီး ရှိတယ်… သူကတော့ စ လာတာနဲ့ မင်းသားတွေ ကျောင်းလာတာ ဟတ်လီကော်ပတာနဲ့… အတော်လေးကို သားသားနားနားလဲရိုက်ထားတယ်… လူတွေက ဂျပန်ကားကမှ ပိုသုံးနိုင်တယ်လို့ ပြောကြတယ်… ဒါပေမဲ့ ဒါက မနှိုင်းယှဉ်သင့်ဘူးလို့ထင်တယ်… ဇာတ်ဝင်တေးက သာမာန်ပဲ… သိပ်ထူးထူးခြားခြားမရှိဘူး… ဆိုလိုတာက မကောင်းဘူးလို့ပြောတာမဟုတ်ဘူး… ဒီလိုကားမျိုးအတွက် ဇာတ်ဝင်တေးဆိုတာကလဲ အဓိကနေရာမှာပါတယ်လေ…. ဒါပေမဲ့ ကျမနားထဲမှာ မစွဲဘူး… (တရုတ်ကားနဲ့ ကိုရီးယား ဇာတ်ဝင်တေးက စွဲတယ်…) တချို့ကျောင်းက အခန်းတွေဆိုရင် ဟယ်ရီပေါ်တာကားက ဇာတ်ဝင်တီးလုံး မျိုးတောင် သံုးထားတယ္… သူတို့ မူရင်း ဂျပန် ဝတ္တုကိုပဲ ဂျပန်ကားရိုက်တဲ့ စတိုင်အတိုင်းရိုက်ထားပေမဲ့… ပြိုင်ဘက်နိုင်ငံတွေနဲ့ ယှဉ်ကြည့်လိုက်ရင် အနည်းငယ် အားနည်းနေတယ်… ပထမ မင်းသားနဲ့ ဒုတိယမင်းသားက နာမည်ကြီးပြီးသားတွေကိုပဲ သုံးထားတယ်… ဒါပေမဲ့ ပထမမင်းသားက ညှက်လွန်းတယ် (နောက်မှ တစ်ယောက်ချင်း နှိုင်းယှဉ်အုံးမယ်..)
ဇာတ်လမ်းက လိုရင်းတိုရှင်း ချုံ့ထားပေမဲ့… Season 1 အဆုံးပိုင်းနားမှာ မင်းသမီးက Beauty Contestant ဝင်ပြိုင်ရတာကြီးက သဘာဝသိပ်မကျဘူး… ဇာတ်လမ်းနဲ့ မလိုက်ဖက်ဘူးလို့ ခံစားရတယ်… သူလဲ မင်းသားတွေ လျှောက်လည်တဲ့ အခန်းတွေအတွက် တခြားနိုင်ငံတွေမှာ သွားရိုက်တယ်…
ကိုရီးယားဇာတ်လမ်း (Boys Before Flowers)
ကိုရီးယားကားက ဇာတ်အိမ်ဖွဲ့စည်းမှုမှာ သဘာဝကျကျ ဖွဲ့စည်းထားတယ်… ဥပမာ… မင်းသမီးက ဒီလောက်ဈေးကြီးတဲ့ ကျောင်းကို ဘာကြောင့်တက်ခွင့်ရလဲဆိုတာ… (ကျန်တဲ့ ၂ကားမှာ မပါဘူး.. ဒီကားမှာတော့ ရှင်းပြထားတယ်… ) တရုတ်ကားမှာ စွဲ လွန်းတဲ့အခန်းတွေကို သူက လိုအပ်သလို ဖြတ်ညှက်ကပ် ပေါင်းခြုံ့လိုက်တယ်… တခါတလေ တရုတ်ကားမှာ သပ်သပ်စီဖြစ်တဲ့ ကိစ္စ ၂ခုကို ကိုရီးယားက တစ်ပြိုင်တည်းရှင်းလိုက်တာတွေရှိတယ်… (ဥပမာ ပြောပြမလို့ပဲ ဒါပေမဲ့ မေ့နေတယ်…) ဇာတ်ဝင်တေးတွေက အတော်လေးကောင်းတယ်… ပေါက်လဲပေါက်တယ်… နိုင်ငံပေါင်းစုံက Beach တွေနဲ့ လှတဲ့ ရှုခင်းတွေ အများဆုံးပါတယ်… နိုင်ငံလဲ တော်တော်စုံတယ်… ပိုက်ဆံလဲ အတော်လေး အကုန်ကျခံပြီး ရိုက်ထားတယ်လို့သိရတယ်… သူက နောက်ဆုံးမှ ရိုက်တဲ့ကားဆိုတော့ အရှေ့လူတွေရဲ့ လိုအပ်ချက်တွေကို အတော်လေးဖြည့်ထားတယ်လို့ ထင်တယ်… မင်းသားလေးယောက်လုံးကလဲ အားလုံး တစ်ပြေးညီသူ့ဟာနဲ့သူ အတော်လေးကို ချောကြတယ်… Over All ဇာတ်လမ်းကိုခြုံကြည့်ရင်တော့ ကိုရီးယားကို အကြိုက်ဆုံးလို့ ပြောလို့ရတယ်…
ပါဝင်သူများကို နှိုင်းယှဉ်ချက်…
ခေါင်းဆောင် မင်းသမီး
သူ့ရဲ့ Character ကတော့ အမှန်တရားဘက်ကရပ်တယ်… အားနွဲ့တဲ့သူဘက်က ရပ်တည်တယ်… ခွံအားသုံးပြီး အနိုင်ကျင့်တာကို မကြိုက်ဘူး… မာနရှိတယ်… မိန်းကလေးပင်မဲ့ နွဲ့နွဲ့နှောင်းနှောင်း အိညောင်အိညောင်မရှိဘူး… သူငယ်ချင်းတွေ အနိုင်ကျင့်ခံရတိုင်းလဲ ကယ်တင်တယ်… ဘယ်အရာကိုမှ လွယ်လွယ်အရှုံးမပေးတတ်ဘူး…
အသွင်အပြင်အရတော့ ဇာတ်လမ်းအရ သူက ချောတယ်… ဘယ်လောက်ပဲ ဂုဏ်ဒြပ်ကြီးတဲ့သူတွေကိုပဲဖြစ်ဖြစ် မဟုတ်ရင် မခံဘူး… မကြောက်ဘူး… ထိုင်ဝမ်ကားနဲ့ ဂျပန်ကားမှာတော့ မင်းသမီးက ချောတယ်… အဲဒိအတွက် သူ့မိဘတွေက သူ့သမီး ချမ်းသာတဲ့ သူနဲ့ ရအောင် ကျောင်းကောင်းမှာထားတာ… ကိုရီးယားကားမှာတော့ မင်းသမီးက မချောဘူး သာမာန်ရုပ်ရည်အနေနဲ့ပဲ သရုပ်ဆောင်ရတယ်… အစကတော့ မင်းသမီးက ဒုတိယမင်းသားကို ကြိုက်ပင်မဲ့ တကယ်တမ်း ဒုတိယမင်းသားနဲ့ တွဲတော့ ပထမမင်းသားနဲ့ ရန်ဖြစ်ခဲ့ရတဲ့ အကြောင်းလေးတွေ သူနဲ့ သွားခဲ့တဲ နေရာလေးတွေကိုပဲ မြင်နေပြီး ပထမမင်းသားဆီကိုပဲ ပြန်ရောက်သွားတယ်… (အဲဒိတစ်ချက်လေးပါပဲ… နောက်ပိုင်းတော့ ပထမ မင်းသားနဲ့ အရူးအမူးချစ်သွားတာပါ)
ဆန်းချိုင့် (ထိုင်ဝမ်)။ ။
ချစ်စရာကောင်းတယ်… အဝတ်အစားနဲ့ ပြင်ဆင်မှုက သူမ Character နဲ့လိုက်ဖက်တယ်… မာနရှိတာ… မဟုတ်မခံတတ်တာ… ခွန်အားခြင်းမမျှပင်မဲ့ သတ္တိရှိရှိ စိန်ခေါ်ရဲတာကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တယ်… ကောင်လေးအမေ သူဋ္ဌေးမကြီး အိမ်လိုက်လာပြီး သူမကို စော်ကားတဲ့ စကားတွေပြောတုန်းက မခံပဲ အိမ်ပေါ်က နှင်ချခဲ့တဲ့ အခန်းကို အားအရဆုံးပဲ… သူမ သရုပ်ဆောင်တာ အပိုအလိုမရှိဘူးလို့ခံစားရတယ်… ၃နိုင်ငံစလုံးက မင်းသမီးတွေယှဉ်လိုက်ရင် သူမကို အကြိုက်ဆုံးပဲ… ဒီကားဟာ သူမကြောင့် ကျမကို ပိုပြီးဆွဲဆောင်မှုအားကောင်းခဲ့တယ်…
မကီနို(ဂျပန်)။ ။
သူမလဲ ချစ်စရာကောင်းပါတယ်… ဒါပေမဲ့ အနည်းငယ် Act Cute လုပ်တယ်… ဒီဇာတ်လမ်း Character အရ မင်းသမီးဟာ Act Cute… Act weak လုပ်ပြနေစရာမလိုဘူး… ဒါပေမဲ့ ချို့တဲ့တဲ့ မိန်းကလေးဖြစ်တဲ့အတွက်ကြောင့် ဇာတ်လမ်းအရ သူ့အလိုလို Weak ဖြစ်တဲ့ပုံစံရှိရမယ်လို့ ကျမထင်တယ်… ဘာလို့လဲဆိုတော့ သူမဟာ သူ့သဘာ၀ ဘဝပေးအရ Weak ဖြစ်ပေမဲ့ ဘယ်တော့မှ Weak ဖြစ်တာကို ပြတာမဟုတ်ဘူး… အမြဲ ကြံ့ကြံ့ခိုင်နေတတ်တယ်..အဲဒါကို သိသာထင်ရှားအောင်လုပ်ပြနေစရာမလိုဘူး… မသိမသာပဲ ပရိတ်သတ်က သနားအောင်လုပ်နိုင်မှ သရုပ်ဆောင်ကောင်းတယ်လို့ ကျမထင်တယ်… ဒါပေမဲ့ ဂျပန်မင်းသမီးလဲ သူ့ဟာနဲ့သူတော့ ကြည့်ကောင်းပါသေးတယ်…
ဂန်ဂျန်ဒီ(ကိုရီးယား)။ ။
ဒီပိုစ့်တစ်ပုဒ်လုံးမှာ အရေးချင်ဆုံးက သူမအကြောင်းပဲ… တမျိုးတော့မထင်လိုက်နဲ့… ကြိုက်လွန်းလို့တော့မဟုတ်ဘူး.. မုန်းလွန်းလို့… ကိုရီးယား Boy Before Flower ကို သူမကြောင့် ပြီးဆုံးတိုင်အောင် မနည်း သည်းခံပြီးကြည့်ခဲ့ရတယ်… Too much Act cute … too much act innocent …. ကျမအပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ မင်းသမီးဟာ သူ့သဘာဝအတိုင်း Cute တယ်… innocent ဖြစ်တယ်… ဒါပေမဲ့ အဲဒါကို တကူးတက လုပ်ပြနေစရာမလိုဘူး… သူမရဲ့ ရိုးသားပါတယ်ဆိုတဲ့ အမူအယာမျိုးလုပ်ပြနေတာဟာ တုံးတုံးအအ မိန်းမပုံစံမျိုးပေါက်နေတယ်လို့ ကျမထင်တယ်… ထိုင်ဝမ်ရော ဂျပန်ရောက မင်းသမီးတွေ သရုပ်ဆောင်သွားတာ တစ်ယောက်မှ ငတုံးမပုံစံမပေါက်ဘူး… အဲဒါအချက်က ကျမကို စိတ်အနှောက်အယှက် အပေးဆုံးအချက်ပဲ… မင်းသမီး ၃ယောက်လုံးကို ယှဉ်ကြည့်မယ်ဆိုရင်လည်း သူမဟာ ရုပ်အဆိုးဆုံးဖြစ်တယ်… ဇာတ်လမ်းအရ မင်းသမီးဟာ မင်းသား၄ယောက်ရဲ့ Junior အဖြစ်သရုပ်ဆောင်ရပင်မဲ့… သူ့အသက်ဟာ ပါတဲ့ မင်းသား ၄ယောက်လုံးထက် ကြီးတယ်ဆိုတာ သိသာစေတယ်…
အဝတ်အစားကလဲ တကယ့်ပွဲနေ့ပွဲထိုင်တွေမှာ ကောင်းကောင်းကန်းကန်းဝတ်ရမဲ့နေရာဆိုရင် ဂါဝန်အတိုကြီး အမြဲဝတ်တယ်… သူမခြေထောက်တုတ်တုတ်တွေနဲ့ လုံးဝကြည့်မကောင်းဘူး… Costume Designer ကိုပဲ အပြစ်ပြောရမလား… သတိထားပြီးကြည့်မိတယ်… ပွဲလုပ်တိုင်း ဂါဝန်အတိုကြီးဝတ်တယ်…
ကျန်တဲ့အချိန်တွေမှာတော့ ကျောင်းသူဝတ်စုံ စကပ်အတိုလေးတွေဝတ်တာများတယ်…
ပြီးတော့ မင်းသားအမေ သူ့အိမ်လိုက်လာပြီး စော်ကားတဲ့ စကားတွေပြောတော့လဲ ငတုံးမကြီးလို ပါးစပ်ကြီး ဟပြီးနားထောင်နေတယ်… ဘာတစ်လုံးမှ ပြန်မပြောဘူး… ကိုရီးယားကားက မင်းသားအမေက မင်းသမီးကို စော်စော်ကားကား မှိုချိုးမျှစ်ချိုးအပြောဆုံးပဲ… ဒါပေမဲ့ ငြိမ်ခံနေတယ်… သူ့ဘက်ကနာလို့ပြောတာမဟုတ်ပါဘူး… ဇာတ်လမ်းထဲက ဇာတ်ကောင်မင်းသမီးဘက်က နာလို့ပြောတာပါ… တခြားကားတွေမှာ မင်းသားနဲ့ မင်းသမီးတွေ့ရင် ကိုယ်ကလဲလိုက်ပြီး ကြည်နှုး ရင်ခုန်နေတတ်ပင်မဲ့… သူ့ကြောင့် မင်းသားနဲ့ သူနဲ့တွေ့ရင် ရင်ခုန်ဖို့နေနေသာသာ မင်းသားဘက်ကနေ နာနေရတယ်… ဒီဇာတ်လမ်းကို မင်းသမီးလုပ်ရဖို့အတွက်များ ပိုက်ဆံပေးပြီးလိုက်ထားသလားလို့ စိတ်ထဲမှာ မှတ်ထင်မိတယ်… ကျမအတွက်တော့ ဒီဇာတ်လမ်းမှာ သူမကို ဇာတ်ကောင်အဖြစ်ရွေးထားတာဟာ ကျန်တဲ့ သူအားလုံးကို ဆွဲချသွားတယ်လို့ထင်မိတယ်… မင်းသားတွေခမျာ ကျန်တဲ့နိုင်ငံတွေက မင်းသားတွေထက်ချောပင်မဲ့ သူမကိုဝိုင်းချစ်နေကြရတဲ့အတွက် ကျမစိတ်ထဲသူတို့ကိုပါရောပြီး ကြိုက်ချင်စိတ်ကုန်သွားတယ်… ကျမအနေနဲ့ သူမရဲ့ ကြိုးစားအားထုတ်မှုကို စော်ကားတာတော့မဟုတ်ပါဘူး… သူမလဲ အနည်းနဲ့အများတော့ ကြိုးစားထားမှာပါ… သူမကို ခုလိုပြောနေဖို့လဲ ကျမကဘာကောင်မှ မဟုတ်ပါဘူး… ဒါပေမဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ ကိုယ့်စိတ်ထဲရှိတာကို ဝေဖန်ရုံသတ်သတ်ပါ… ဒီဘလောက်ပေါ်မှာ မြန်မာလိုရေးနေတဲ့အတွက်လဲ သူမအတွက် ဘာမှ မထိခိုက်ဘူးလို့ထင်ပါတယ်…
ခေါင်းဆောင်မင်းသား…
သူ့အသွင်အပြင်ကတော့ ဆံပင်ကောက်တယ်… အရပ်ရှည်တယ်… ချောတယ်…
အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့အတွက် ခန္ခာကိုယ်ဖွင့်ထွားသင့်တယ်လို့ကျမထင်တယ်…
သူဟာ… ကောင်မလေးနဲ့မတွေ့ခင်အထိဆိုးတယ်… ဒါပေမဲ့ သူဆိုးတာက ကလေးဆိုးသလိုပဲ… စိတ်ထားမကောင်းလို့ သူများနစ်နာပါစေဆိုပြီးဆိုးတာမဟုတ်ပင်မဲ့… တခါတလေ သူတို့လုပ်လိုက်လို့ သူတို့မသိလိုက်ချိန်မှာပဲ ဘဝပျက်သွားတဲ့ သူတွေရှိတယ်… ဇွတ်တရွတ်ဆန်တယ်… စကားပြောရင် မောက်မာတယ်… နုနုညံ့ညံ့မပြောတတ်ဘူး… ဘယ်တော့မှ တဘက်သားကို မတောင်းပန်တတ်ဘူး…
သူ့ရဲ့ လက်သုံးစကားကတော့ “လောကကြီးမှာ တောင်းပန်တိုင်းသာ ပြဿနာတွေ ပြေငြိမ်းနေမယ်ဆိုရင်… ရဲတွေရှိနေဖို့ မလိုအပ်တော့ဘူး” တဲ့….
ချစ်စရာကောင်းတဲ့အကျင့်လေးက စကားပုံတွေဘာတွေပြောရင် အမြဲမှားပြောတတ်တယ်… မိန်းမလုံးဝစိတ်မဝင်စားဘူး… သူ့ကိုဘယ်လောက်ပဲ လိုချင်တဲ့မိန်းမတွေများများ ဖွဲ ဇကွဲလိုပဲ ဆက်ဆံတယ်… ဒါပေမဲ့ မင်းသမီးနဲ့ကျမှ ငွေနဲ့လဲ ပေါက်လို့မရ… သူသိပ်ချစ်ရတဲ့ သူ့အစ်မနဲ့လဲ Character တူနေတဲ့ ကောင်မလေးမို့ အရမ်းချစ်သွားတဲ့နောက်ပိုင်းမှာ သူအတော်လေးပြောင်းလဲခဲ့တယ်..
ကြမ်းတမ်းတဲ့သူ့စရိုက်ကြောင့် မင်းသမီးနားကပ်တဲ့ ကောင်မှန်သမျှကို လက်သီးနဲ့ ဖြေရှင်းမယ်ဆိုတာချည်းပဲ… မင်းသမီးကို သဲသဲလှုပ်ချစ်ပြီး မင်းသမီးလိုအပ်ချိန်တိုင်းမှာ အမြဲရှိတယ်… သူ သဝန်အတိုဆုံးသူကတော့ မင်းသမီး အရင်က စိတ်ဝင်စားခဲ့တဲ့ သူ့အချစ်ဆုံးသူငယ်ချင်း ဒုတိယမင်းသားနဲ့ပဲ…
သောက်မိန်စွတ် (ထိုင်ဝမ်)။ ။
အသွင်အပြင်မှာ မူရင်း ဝတ္တုထဲက မင်းသားက ဆံပင်ကောက်ပင်မဲ့.. ဒီထိုင်ဝမ်မင်းသားက မကောက်ဘူး… Spiky hair နဲ့… ထောင်ထောင်မောင်းမောင်းလဲရှိတယ်…
စစလာချင်းအတော်အမြင်ကပ်စရာကောင်းပင်မဲ့… နောက်ပိုင်းအရမ်းကို ရင်ခုန်ချင်စရာ ချစ်ချင်စရာကောင်းအောင် သရုပ်ဆောင်နိုင်ခဲ့တယ်… တကယ့် ဒီဇာတ်လမ်းမှာ လိုအပ်နေတဲ့ သူဋ္ဌေးသားရဲ့ Character ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တယ်လို့ထင်တယ်…
၃နိုင်ငံစလုံးက မင်းသားတွေက ချောကြပင်မဲ့ ဒီမင်းသားရဲ့ အကြည့်… အသံ… လှုပ်ရှားမှု… သဝန်တိုပုံ စတာတွေက ကြည့်နေရင်း စိတ်ထဲအသဲထဲ အေးခနဲ လှုပ်ရှားတဲ့အထိ ကျမကို ပြုစားနိုင်တယ်… ကျမအမြင်မှာတော့ ဒီဇာတ်လမ်းကိုရိုက်တဲ့ ၃နိုင်ငံစလုံးကမင်းသားတွေထဲမှာ သူက အသင့်တော်ဆုံးနဲ့ အကောင်းဆုံးလို့ထင်တယ်….
ဒိုမီရိုဂျီ (ဂျပန်)။ ။
အသွင်အပြင်အရ ကျန်တဲ့ F4 ၃ယောက်နဲ့ ယှဉ်ရင် သူက ခေါင်းဆောင်ဖြစ်ပြီး ညှပ်နေတယ်… အရမ်းပိန်လွန်းတယ်… ဒီမင်းသားကို တခြားကားတွေမှာ အရမ်းကြိုက်ပင်မဲ့… သူဟာလဲ ဆွဲဆောင်မှုရှိတဲ့ သူတစ်ယောက်ဆိုတာ လက်ခံပင်မဲ့ ဒီဇာတ်ကောင်နဲ့တော့လုံးဝမလိုက်ဖက်ဘူးလို့ထင်တယ်… ဝတ္တုထဲက ဇာတ်ကောင်အတိုင်း ဆံပင်တော့ ကောက်တယ်… ဂျပန်တွေရဲ့ စကားပြောတဲ့အကျင့်ပဲလား ဒါမှမဟုတ်သူကိုယ်တိုင်က လိုတာထက်ပိုသရုပ်ဆောင်နေသလားတော့မသိဘူး… စကားပြောရင် အော်လွန်းတယ်… (တခြားနိုင်ငံကမင်းသားတွေလဲ အော်ပါတယ်… ဇာတ်ကောင်စရိုက်ကိုက စကားကို ညင်ညင်သာသာမပြောတတ်ဘူးဆိုပင်မဲ့… ဂျပန်မင်းသားက ပိုလွန်းတယ်လို့ထင်တယ်…) ၃နိုင်ငံယှဉ်ရင်တော့ ဂျပန်မင်းသားက ဒီဇာတ်ကောင်နဲ့ မလိုက်ဖက်ဆုံးလို့ထင်တယ်…
ဂူဂျွန်ပြို (ကိုရီးယား) ။ ။
အရပ်ရှည်တယ် ဆံပင်ကောက်တယ်… ဂျပန်မင်းသားလောက်မပိန်ပင်မဲ့ အနည်းငယ်တော့ပိန်တယ်… သို့သော် သူ့မှာလဲ သူ့ Character နဲ့လိုက်ဖက်တဲ့ ရုပ်ရည်ရှိတယ်… သရုပ်ဆောင်လဲ အပိုအလိုမရှိဆောင်နိုင်တယ်… ဒါပေမဲ့ ထိုင်ဝမ်မင်းသားကိုတော့ မမှီဘူး… (ဒါရိုက်တာကပဲ အဲလိုလောက်ပဲ သရုပ်ဆောင်ခိုင်းလို့လားတော့မသိ)… သူကတော့ ကျမစိတ်ထဲမှာ ဒုတိယလိုက်တယ်…
ဒုတိယမင်းသား…
ဝှားကျယ်လေ့ (ထိုင်ဝမ်) ။ ။
သူ့အသွင်အပြင်ကတော့ ဆံပင်က ရွှေအိုရောင်လေးနဲ့ မိန်းကလေးဆန်ဆန် နုနုညံ့ညံ့လေးချောတယ်…
သူ့ရဲ့ Character ကတော့ တိတ်ဆိတ်တာကို ကြိုက်တယ်… အေးဆေးသမားဖြစ်တယ်… သူအကြိုက်နှစ်သက်ဆုံးအလုပ်က အိပ်နေရတာကိုပါပဲ… အားလပ်ချိန်မှာ လူရှင်းတဲ့ ကျောင်လှေကားထစ်တစ်ခုမှာ တစ်ယောက်ထဲ ထိုင်နေတတ်တယ်… တခါတလေလဲ ဂီတခန်းမှာ တယောထိုးနေတတ်တယ်… သူက ငယ်ငယ်ထဲက သူ့ကို အားပေးခဲ့တဲ့ မမတစ်ယောက်ကို တဖက်သတ်ချစ်နေတယ်… အဲဒိ မမ က ခုချိန်မှာ အရမ်းကို အောင်မြင်ကျော်ကြားနေတဲ့ မော်ဒယ်ဖြစ်နေတယ်… ဒါပေမဲ့ မမ နဲ့ ဇာတ်လမ်း ပြီးသွားတဲ့နောက်မှာတော့ သူ့အနားမှာ အမြဲရှိနေတဲ့ မင်းသမီးကို ချစ်သွားတယ်… သို့သော် သူ့သူငယ်ချင်း အရမ်းချစ်မှန်းသိလို့ နောက်ဆုတ်ပေးခဲ့တယ်… ဒုတိယမင်းသားများထုံးစံအတိုင်း မင်းသမီးလိုအပ်ချိန်တိုင်းမှာလဲ သူက အမြဲရှိနေတတ်တယ်…
ဇာတ်ကောင်စရိုက်နဲ့ အတော်လေးလိုက်ဖက်တယ်… အဲဒိမင်းသားရဲ့ အပြင်က Character ကိုကလဲ အိပ်နေရတာကို အကြိုက်ဆုံးပဲတဲ့… ရုပ်ရည်ကလဲ အတော်လေး ချောတယ်.. သူချောတဲ့ ပုံနဲ့ ပထမ မင်းသားချောတဲ့ပုံက အစောက ရှင်းပြပြီးသားအတိုင်း မတူဘူး.. ဟိုက ယောကျာၤးဆန်ဆန် မာမာကျောကျောချောတာ… သူက မှုန်နေအောင်ချောတာ… ထားပါတော့… ကြောငြာဝင်သလိုဖြစ်နေပြီ…
ဒါပေမဲ့ သူက ပိန်လွန်းတယ်… ပိန်ရှည်ကြီးလိုဖြစ်နေတယ်… ရှည်တော့ လက်ပြင်က ကုန်းတယ်… ကျန်တဲ့အချိန်ချောသလောက် သူပြေးရင်လုံး၀ ကြည့်မကောင်းဘူး… လိန်ပိန်နေတာပဲ… အင်း… ၃နိုင်ငံစလုံး ယှဉ်ရင်တော့ အားလုံးက သူမသာ ကိုယ်မသာပင်မဲ့… ကျမကတော့ personally ထိုင်ဝမ်မင်းသားကို အကြိုက်ဆုံးပဲ… ဘာလို့လဲဆိုတော့ အဲဒိ ကြည့်တဲ့အချိန်မှာ ကိုယ်က Teenager အရွယ်ဆိုတော့…. အဲဒိမင်းသားတွေကို စွဲလမ်းလွန်းလို့ အိပ်မက်တောင် ခဏခဏမက်တယ်…
(တပါတည်း ကြော်ငြာဝင်လိုက်အုံးမယ်… စကာၤပူကို မိဘတွေပို့တုန်းက လုံးဝမလာချင်ဘူး… တငိုငိုပဲ… ဒါပေမဲ့ နောက်ဆုံး စိတ်အားတက်သွားတာလေးက စကာၤပူကို ထိုင်ဝမ် F4 အဖွဲ့လာပြီး ဖျော်ဖြေလေ့ရှိတယ်ဆိုတာသိသွားတာကလဲ တစ်ကြောင်းပါတယ်…)
ဟာနာဇာဝါ ရူရိ, rui (ဂျပန်) ။ ။
သူလဲ သူ့ဇာတ်ကောင်နဲ့ သူလိုက်ဖက်တယ်… ဝတ်ပုံစားပုံ ပြင်ပုံဆင်ပုံ အားလုံး ကောင်းတယ်… သွားထပ်ကလေးတွေရှိတယ်… ဒါပေမဲ့ သူက ပထမ မင်းသားထက် အရပ်ရှည်နေတယ်… သူ့လဲ ကြိုက်တာပဲ…
ဂျီဟူး (ကိုရီးယား)။ ။
သူလဲ ဆံပင်အရောင်လေးနဲ့ ရုပ်လေးကလဲ မိန်းမဆန်ဆန်လေးချောတာပဲ… စစချင်းကြည့်တုန်းက သူက ၃နိုင်ငံစလုံးက ဒုတိယမင်းသားထဲမှာ အချောဆုံးလို့ထင်ရပင်မဲ့ သူက သေချာကြည့်လေ ကြည့်လေ မချောတော့လေပဲ… အပေါ်က ထိုင်ဝမ်နဲ့ ဂျပန်မင်းသားတွေက အကြည့်ခံတယ်… နောက်ပြီး ကိုရီးယားဇာတ်လမ်းက သူနဲ့ မင်းသမီးနဲ့ အခန်းက ပိုများနေတယ်… မင်းသားအခန်းတောင် သူ့လောက်များမယ်မထင်ဘူး… အဲဒါကတော့ ဒါရိုက်တာတို့ ဇာတ်ညွန်းတို့နဲ့ ဆိုင်မယ်ထင်ပါတယ်… ဒါပေမဲ့ အဲလို ဖြစ်နေတာကြီးကို မကြိုက်ဘူး… ဒုတိယမင်းသားတွေထုံးစံအတိုင်း မင်းသမီး ဒုက္ခရောက်တိုင်း သူတို့က ကူညီရပင်မဲ့ ကိုရီးယားကတော့ အလွန်အကျွံဖြစ်နေသလိုပဲ… အဲလောက်ကြီး ရိုက်ပြနေတော့ ပထမ မင်းသားတောင် သူ့လောက် Cool မဖြစ်တော့သလိုဖြစ်လာရော… နောက်ပြီး ဒီမင်းသား သရုပ်ဆောင်တာလဲ နဲနဲပေါ့သလိုပဲ… သူကိုယ်တိုင်လဲ အင်တာဗျူးတစ်ခုမှာ ဖြေထားတာ ဖတ်လိုက်ရတယ်… သူသရုပ်ဆောင်ရတဲ့ Character ကို သိပ်သဘောမကျဘူးတဲ့… အဲဒိ Character ရှိတဲ့သူက Strange ဖြစ်တယ်… သူ့ကို တခြားဇာတ်လမ်းမှာ ကြိုက်ကောင်းကြိုက်မယ်ဆိုပင်မဲ့… ဒီဇာတ်ကောင်အရတော့ မကြိုက်ဘူး…
ကျန်တဲ့ F4 နှစ်ယောက်
သူတို့ ၂ယောက်က ဇာတ်လမ်းထဲမှာ ဇာတ်ပို့သဘောလောက်ပါပဲ… သူငယ်ချင်းလေးယောက် အားလုံးက မင်းသားချောတွေဖြစ်မှ ပရိတ်သတ်ကို ဆွဲဆောင်နိုင်မယ်ဆိုလို့ ထည့်ထားသလားအောင့်မေ့ရတယ်… သူတို့ရဲ့ Character က ရည်းစားများတယ်… မိန်းမတွေကို အထည်လဲတွဲတယ်… တချိန်မှာ သူဋ္ဌေးသားများ ထုံးစံအတိုင်း မိဘပေးစားတာကို ယူ… မိဘ လုပ်ငန်းကို ဆက်ရမဲ့အတူတူ လတ်တလောမှာ ဆော်တွေနဲ့ပဲ ပျော်ပျော်နေတယ်… သူတို့ ၂ယောက်ရဲ့ အခန်း ကဏ္ဍက ပထမ မင်းသားနဲ့ ဒုတိယမင်းသား မင်းသမီးကိုလုတုန်းက ရန်ဖြစ်ရင် သူတို့က ဝင်ဖြန်ဖြေတယ်… ရန်ဖြစ်ရင် ၄ယောက်ဆိုတော့ နိုင်တယ်… အဲဒိ ၂ယောက်ထဲမှာမှ ၁ယောက်ကတော့ မင်းသမီး ငယ်သူငယ်ချင်းလုပ်တဲ့ ကောင်မလေးနဲ့ တွဲရတယ်… သူကတော့ တတိယမင်းသားလို့ဆိုလဲ မမှားနိုင်ဘူးပေါ့လေ… သူ့ဇာတ်လမ်းက နောက်တစ်ယောက်ထက်စာရင် ပိုပါတယ်ဆိုတော့… ဒါပေမဲ့ ပို့ရှည်နေလို့ သူတို့အကြောင်းကိုတော့ တစ်ယောက်ချင်း မပြောတော့ပါဘူး… ပေါင်းပြောလိုက်မယ်…
တတိယမင်းသားနဲ့ မင်းသမီးငယ်သူငယ်ချင်းအတွဲွဲ

သိပ်စွဲဆောင်မှုမရှိဘူး… မင်းသမီးသူငယ်ချင်းလုပ်တဲ့ ကောင်မလေးက လတ်တလောမှာတော့ နာမည်ကြီးမင်းသမီး (Rainie Yang) ဖြစ်နေပင်မဲ့… အဲဒိကားထဲမှာတော့ စာကလေး အမွေးနှုတ်ထားတဲ့ပုံစံနဲ့ ကလေးသာသာ အရွယ်လောက်ပဲရှိတယ်… ကြည့်မကောင်းဘူး… သူတို့ ၂ယောက်
ဇာတ်လမ်းကို ရင်မခုန်ဘူး… ဟိုမင်းသား သရုပ်ဆောင်ညံ့တာလဲ ပါမှာပေါ့နော်…
ဂျပန်။ ။
အဲဒိမင်းသားကို သိပ်မကြိုက်ဘူး… သူ့ပုံစံကို မကြိုက်တာ… (But I like him in lier game) မင်းသမီး သူငယ်ချင်းလုပ်တဲ့ ကောင်မလေးကိုလဲ မကြိုက်ဘူး… သရုပ်ဆောင် ၂ယောက်လုံးကို မကြိုက်မှာတော့ သူတို့ အချစ်ဇာတ်လမ်းကိုလဲ စိတ်မဝင်စားဘူး… အချိန်ပြည့် ရိုးရာလက်ဖက်ရည်ဖျော်ပြီး ပျင်းစရာကောင်းတယ်… ကိုရီးယား။ ။
ရှေ့မှာပြောခဲ့တဲ့အတိုင်း ကိုရီးယား F4 လေးယောက်စလုံးက အကုန်ချောတယ်… ဒီတော့ ဒီကောင်လေးလဲ ချောတယ်… မင်းသမီးသူငယ်ချင်းလုပ်တဲ့ကောင်မလေးကလဲ ချစ်စရာလေး… မင်းသမီးနဲ့ ယှဉ်လိုက်လို့လားမသိဘူး… သူကပိုတောင်ချောနေသေးတယ်… သူတို့ ၂ယောက်ရဲ့ ဇာတ်လမ်းဆင်ပုံလေးကလဲ အစပိုင်းလေးက တခြားနိုင်ငံတွေနဲ့ အနည်းငယ်ကွဲတယ်… သူတို့ ၂ယောက်အတွဲကို ကြိုက်တယ်…နောက်ဆုံး F4 ထဲက စတုတ္ထမင်းသားကတော့ တိုတိုပဲပြောတော့မယ်….
ထိုင်ဝမ်ကမင်းသားက ဆံပင်ရှည်နဲ့ အခြောက်ကြီးအတိုင်းပဲ… တော်တော်များများက အမြင်ကပ်ကြတယ်… ထိုင်ဝမ် F4 ကို အခြောက်တွေလို့ လူတွေပြောကြတဲ့ အကြောင်းရင်းက သူ့ကြောင့် အတော်လေးဆိုင်မယ်… ဒါပေမဲ့ ခုတော့ အဲဒိမင်းသားလဲ ဆံပင်ညှပ် မုတ်ဆိတ်တွေဘာတွေထားပြီး သိုင်းကားတွေဘာတွေရိုက်တော့ ကြည့်လို့ကောင်းသား…
ဂျပန်က မင်းသားက အားတော့နာပါတယ်… သိပ်တောင် သတိမထားမိဘူး… သာမာန်ပဲ…
ကိုရီးယားက တဖန် သူကအချောဆုံးပဲပေါ့ကွယ်…. Best Best… ပါပဲ… နောက်ကားတွေမှာ ခေါင်းဆောင်မင်းသားအဖြစ် မျှော်လင့်ပါတယ်...
မင်းသားအမေ
ဒီမိန်းမကြီးက အတ္တကြီးကြီး သူဋ္ဌေးမကြီး… သားသမီးတွေကို စီးပွါးရေအရ သူအကျိုးအမြတ်ရှိမဲ့သူတွေနဲ့ပဲ ပေးစားချင်တဲ့သူ… ခံစားချက်တွေ အချစ်တွေနဲ့ မိခင်ရဲ့ နွေးထွေးမှုလုံးဝမရှိဘူး…
ထိုင်ဝမ်အမေ။ ။
ပုံစံက ခန့်ညားတယ်… ချောတယ်… အဆင့်ရှိတယ်… တချိန်တည်းမှာပဲ မောက်မာတယ်… ရက်စက်တယ်… ၃နိုင်ငံလုံးက အမေတွေယှဉ်လိုက်ရင် သူက အချောဆုံးနဲ့ ကျမအကြိုက်ဆုံးပဲ… (ဓာတ်ပုံက အဲကားထဲက ပုံမဟုတ်ပါဘူး... မင်းသမီးမဟုတ်တော့ သူ့ပုံက ရှာရခက်လို့ ဒီပုံပဲတင်လိုက်တာပါ... ရုပ်ရှင်ထဲမှာတော့ အပြင်အဆင်အရ ပိုချောပါတယ်...)
ဂျပန် အမေ။ ။
အရပ်က ပုတက်တက်နဲ့ဆိုတော့ သူ့အခန်းလာရင် မကြောက်တဲ့အပြင် ရီတောင်ရီချင်နေသေးတယ်… တစ်ကားလုံးမှာတော့ သူ့ကိုကြောက်ပြလိုက်ကြတာ တုန်လို့… သူ့ရဲ့ အသွင်အပြင်နဲ့တင် ဒီဇာတ်ကောင်နဲ့ မလိုက်ဖက်ဘူးလို့ကျမကတော့ ထင်တယ်…
ကိုရီးယားအေမ။ ။
မျက်လုံးက အတော်လေး ကောက်ကျစ်တဲ့ ပုံစံပေါက်တယ်… သူဋ္ဌေးမကြီးတွေရဲ့ ဥပတိရုပ်မရှိဘူး… ဇာတ်လမ်းအရ သူဟာ လူဆိုးလုပ်ရပင်မဲ့ သူဋ္ဌေးမကြီးတွေရဲ့ ခန့်ညားတဲ့ဥပတိရုပ်တော့ ရှိသင့်တယ်လို့ ကျမထင်တယ်… ပြီးတော့ သူက ကျန်တဲ့ ၂နိုင်ငံက အမေတွေထက်ပိုပြီးတောင် ရက်စက်သလိုပဲ… (ဒါပေမဲ့ မင်းသမီးကို မကြိုက်တော့ ကျမစိတ်ထဲ သူရက်စက်တာဘာမှ မပြောပလောက်တော့ပါဘူး…)
မင်းသမီး မိသားစု
ဆင်းဆင်းရဲရဲ ပျော်ပျော်ပါးပါးနေတတ်တယ်… ငွေကို အလွန်အမင်းမက်တယ်… သူ့သမီးကို ဘယ်သူနဲ့ရရ ချမ်းသာတယ်ဆိုပြီးရော… သူဋ္ဌေးသားနဲ့များ အပြင်ထွက်သွားရင် ညအိပ်ညနေ အိမ်ပြန်မလာလဲ စိတ်မဆိုးဘူး… ဒါပေမဲ့ သမီးကို ချစ်တဲ့စိတ်တော့ အပြည့်အဝရှိတယ်… သူ့သမီးကို သူဋ္ဌေးမကြီးက ငွေနဲ့ ပေါက်ပြီး သူ့သားနဲ့ ဖြတ်ခိုင်းတော့ သူ့အမေက စိတ်ဆိုးပြီး ဆားအိုးနဲ့ ခေါင်းပေါ်က လောင်းချခဲ့တယ်… ဒါပေမဲ့ သူဋ္ဌေးမကြီးပြန်သွားတော့ “ဖြတ်ဖို့ကိုတောင် ဒီလောက်များများပေးနိုင်တာ… သူ့သားကိုရရင် ပိုပြီးတော့တောင်ချမ်းသားအုံးမှာ သူ့သားကို ရအောင်ယူ”လို့ သူ့သမီးကိုပြောခဲ့တယ်… ကျမအတွက်တော့ အဲဒိ မိဘနှစ်ပါးရဲ့ Character က Annoying ဖြစ်တယ်… ထိုင်ဝမ်ကားမှာတော့ မိဘ၂ပါးပဲပါပေမဲ့… ဂျပန်နဲ့ ကိုရီးယားမှာတော့ မောင်လေးတစ်ယောက်ပါပါတယ်…
ထိုင်ဝမ်မိသားစု။ ။ အထူးသဖြင့်တော့ ထိုင်ဝမ်မှာ မင်းသမီး မိဘတွေလုပ်တဲ့ ၂ယောက်က အတော်လေး စိတ်ရှုတ်စရာကောင်းတယ်… အားလုံးထဲမှာ စိတ်ရှုတ်စရာအကောင်းဆုံးပဲ… စကားကလဲ အလွန်များတယ်… သရုပ်ဆောင်လဲ ပိုတယ်… သူတို့အခန်းလာရင် ရစ်တောင်ကြည့်တယ်…
ဂျပန်မိသားစု။ ။ ဂျပန် မိဘတွေလဲ စိတ်ရှုတ်စရာကောင်းတာပါပဲ… ဒါပေမဲ့ ထိုင်ဝမ်နဲ့ ကိုရီးယားလောက်မဆိုးဘူး…
ကိုရီယားမိသားစု။ ။ အားလုံးတူတူတွေချည်းပါပဲ… ဒါပေမဲ့ အဲဒိမိဘလုပ်တဲ့ သူတွေကို တခြားကားတွေမှာလဲ မြင်ဘူးနေတော့ သိနေတယ်… ဒီလောက်တော့ စိတ်မရှုတ်ဘူး… မကြိုက်တော့လဲ ကျော်ကြည့်လိုက်တာပေါ့…
နှိုင်းယှဉ်မယ်ဆိုရင် ကျန်တဲ့သူတွေအများကြီးကျန်ပါသေးတယ်… မင်းသားအစ်မ… ဒုတိယမင်းသားကြိုက်တဲ့ မမ လုပ်တဲ့ မင်းသမီး… ဒါပေမဲ့ ပိုစ့်လဲ အတော်လေးရှည်နေပြီ… တခြားလူတွေ စိတ်ဝင်စားလား မဝင်စားလားတော့ မသိပါဘူး… ဒါပေမဲ့ ကျမလိုပဲ Drama ကြိုက်တဲ့ ပိုးတူသူများကတော့ စိတ်ဝင်စားမှာပါ… ဒီကား၃ကားလုံးကို ကြည့်ပြီးတာကြာပါပြီ… ဒါပေမဲ့ ရေးရင် ပိုစ့်ရှည်မယ်ဆိုတာ သိလို့ မရေးပဲနေတာပါ… ဒါပေမဲ့ တချို့တွေက ကိုရီးယား ကားကိုပဲ ကြည့်ပြီး… ကိုရီးယားကမှ အကောင်းဆုံး… ကိုရီးယားမင်းသားကိုမှ အကြိုက်ဆုံးလို့ပြောနေကြပြီး… ကျမက အများနဲ့ တစ်ယောက်ဖြစ်နေလို့ ၃ကားလုံးကြည့်ဖူးတဲ့ ကျမက ကျမ အမြင်ကို နှိုင်းယှဉ်ပြတာပါ… ကျမကိုယ်တိုင်လဲ ကိုရီးယားမင်းသားကို ကြိုက်ပါတယ်… ဒါပေမဲ့ ဒီဇာတ်လမ်းနဲ့ ဒီဇာတ်ကောင်ကို အပိုင်နိုင်ဆုံးသရုပ်ဆောင် နိုင်သူကတော့ ထိုင်ဝမ်မင်းသားနဲ့ ထိုင်ဝမ်မင်းသမီးပါ… ကျမလို Drama Addicted မဟုတ်တဲ့သူတွေအတွက် ၃ကားလုံးကို ကြည့်ခိုင်းပြီး နှိုင်းယှဉ်ဖို့ ကျမ မပြောသာပါဘူး… ၁ကားပဲကြည့်ပြီး ကိုရီးယားက အကောင်းဆုံးလို့လဲ ထင်ချင်ထင်နေကြမှာပါ… အဲဒိအတွက်ကြောင့် ကျမကလဲ ကျမရဲ့ ထင်မြင်သုံးသပ်ချက်ကို တင်ပြလိုက်တာပါ… လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုတဲ့အတိုင်း ကျမကြိုက်တာမှ အကောင်းလို့ ကျမကလဲ ထင်ပင်မဲ့… သူများကြိုက်တာကို မကြိုက်ရဘူးလို့တော့ ကျမ မပြောပါဘူး… အဲဒိအတွက်လဲ ကြိုက်သလို သဘောထားကွဲလွဲနိုင်ပါတယ်… ပိုစ့်အရှည်ကြီးကို အဆုံးထိဖတ်သွားတဲ့ သင့်ကိုလဲ အထူးကျေးဇူးတင်ပါတယ်… ရုပ်ရှင်ကားတွေကို www.mysoju.com www.viikii.net တွေမှာ အင်္ဂလိပ်စာတမ်းထိုးတွေနဲ့ သွားရောက်ကြည့်ရှုနိုင်ပါတယ်…
ထိုင်ဝမ်ကမင်းသားက ဆံပင်ရှည်နဲ့ အခြောက်ကြီးအတိုင်းပဲ… တော်တော်များများက အမြင်ကပ်ကြတယ်… ထိုင်ဝမ် F4 ကို အခြောက်တွေလို့ လူတွေပြောကြတဲ့ အကြောင်းရင်းက သူ့ကြောင့် အတော်လေးဆိုင်မယ်… ဒါပေမဲ့ ခုတော့ အဲဒိမင်းသားလဲ ဆံပင်ညှပ် မုတ်ဆိတ်တွေဘာတွေထားပြီး သိုင်းကားတွေဘာတွေရိုက်တော့ ကြည့်လို့ကောင်းသား…
ဂျပန်က မင်းသားက အားတော့နာပါတယ်… သိပ်တောင် သတိမထားမိဘူး… သာမာန်ပဲ…
ကိုရီးယားက တဖန် သူကအချောဆုံးပဲပေါ့ကွယ်…. Best Best… ပါပဲ… နောက်ကားတွေမှာ ခေါင်းဆောင်မင်းသားအဖြစ် မျှော်လင့်ပါတယ်...
မင်းသားအမေ
ဒီမိန်းမကြီးက အတ္တကြီးကြီး သူဋ္ဌေးမကြီး… သားသမီးတွေကို စီးပွါးရေအရ သူအကျိုးအမြတ်ရှိမဲ့သူတွေနဲ့ပဲ ပေးစားချင်တဲ့သူ… ခံစားချက်တွေ အချစ်တွေနဲ့ မိခင်ရဲ့ နွေးထွေးမှုလုံးဝမရှိဘူး…
ထိုင်ဝမ်အမေ။ ။
ပုံစံက ခန့်ညားတယ်… ချောတယ်… အဆင့်ရှိတယ်… တချိန်တည်းမှာပဲ မောက်မာတယ်… ရက်စက်တယ်… ၃နိုင်ငံလုံးက အမေတွေယှဉ်လိုက်ရင် သူက အချောဆုံးနဲ့ ကျမအကြိုက်ဆုံးပဲ… (ဓာတ်ပုံက အဲကားထဲက ပုံမဟုတ်ပါဘူး... မင်းသမီးမဟုတ်တော့ သူ့ပုံက ရှာရခက်လို့ ဒီပုံပဲတင်လိုက်တာပါ... ရုပ်ရှင်ထဲမှာတော့ အပြင်အဆင်အရ ပိုချောပါတယ်...)
ဂျပန် အမေ။ ။
အရပ်က ပုတက်တက်နဲ့ဆိုတော့ သူ့အခန်းလာရင် မကြောက်တဲ့အပြင် ရီတောင်ရီချင်နေသေးတယ်… တစ်ကားလုံးမှာတော့ သူ့ကိုကြောက်ပြလိုက်ကြတာ တုန်လို့… သူ့ရဲ့ အသွင်အပြင်နဲ့တင် ဒီဇာတ်ကောင်နဲ့ မလိုက်ဖက်ဘူးလို့ကျမကတော့ ထင်တယ်…
ကိုရီးယားအေမ။ ။
မျက်လုံးက အတော်လေး ကောက်ကျစ်တဲ့ ပုံစံပေါက်တယ်… သူဋ္ဌေးမကြီးတွေရဲ့ ဥပတိရုပ်မရှိဘူး… ဇာတ်လမ်းအရ သူဟာ လူဆိုးလုပ်ရပင်မဲ့ သူဋ္ဌေးမကြီးတွေရဲ့ ခန့်ညားတဲ့ဥပတိရုပ်တော့ ရှိသင့်တယ်လို့ ကျမထင်တယ်… ပြီးတော့ သူက ကျန်တဲ့ ၂နိုင်ငံက အမေတွေထက်ပိုပြီးတောင် ရက်စက်သလိုပဲ… (ဒါပေမဲ့ မင်းသမီးကို မကြိုက်တော့ ကျမစိတ်ထဲ သူရက်စက်တာဘာမှ မပြောပလောက်တော့ပါဘူး…)
မင်းသမီး မိသားစု
ဆင်းဆင်းရဲရဲ ပျော်ပျော်ပါးပါးနေတတ်တယ်… ငွေကို အလွန်အမင်းမက်တယ်… သူ့သမီးကို ဘယ်သူနဲ့ရရ ချမ်းသာတယ်ဆိုပြီးရော… သူဋ္ဌေးသားနဲ့များ အပြင်ထွက်သွားရင် ညအိပ်ညနေ အိမ်ပြန်မလာလဲ စိတ်မဆိုးဘူး… ဒါပေမဲ့ သမီးကို ချစ်တဲ့စိတ်တော့ အပြည့်အဝရှိတယ်… သူ့သမီးကို သူဋ္ဌေးမကြီးက ငွေနဲ့ ပေါက်ပြီး သူ့သားနဲ့ ဖြတ်ခိုင်းတော့ သူ့အမေက စိတ်ဆိုးပြီး ဆားအိုးနဲ့ ခေါင်းပေါ်က လောင်းချခဲ့တယ်… ဒါပေမဲ့ သူဋ္ဌေးမကြီးပြန်သွားတော့ “ဖြတ်ဖို့ကိုတောင် ဒီလောက်များများပေးနိုင်တာ… သူ့သားကိုရရင် ပိုပြီးတော့တောင်ချမ်းသားအုံးမှာ သူ့သားကို ရအောင်ယူ”လို့ သူ့သမီးကိုပြောခဲ့တယ်… ကျမအတွက်တော့ အဲဒိ မိဘနှစ်ပါးရဲ့ Character က Annoying ဖြစ်တယ်… ထိုင်ဝမ်ကားမှာတော့ မိဘ၂ပါးပဲပါပေမဲ့… ဂျပန်နဲ့ ကိုရီးယားမှာတော့ မောင်လေးတစ်ယောက်ပါပါတယ်…
ထိုင်ဝမ်မိသားစု။ ။ အထူးသဖြင့်တော့ ထိုင်ဝမ်မှာ မင်းသမီး မိဘတွေလုပ်တဲ့ ၂ယောက်က အတော်လေး စိတ်ရှုတ်စရာကောင်းတယ်… အားလုံးထဲမှာ စိတ်ရှုတ်စရာအကောင်းဆုံးပဲ… စကားကလဲ အလွန်များတယ်… သရုပ်ဆောင်လဲ ပိုတယ်… သူတို့အခန်းလာရင် ရစ်တောင်ကြည့်တယ်…
ဂျပန်မိသားစု။ ။ ဂျပန် မိဘတွေလဲ စိတ်ရှုတ်စရာကောင်းတာပါပဲ… ဒါပေမဲ့ ထိုင်ဝမ်နဲ့ ကိုရီးယားလောက်မဆိုးဘူး…
ကိုရီယားမိသားစု။ ။ အားလုံးတူတူတွေချည်းပါပဲ… ဒါပေမဲ့ အဲဒိမိဘလုပ်တဲ့ သူတွေကို တခြားကားတွေမှာလဲ မြင်ဘူးနေတော့ သိနေတယ်… ဒီလောက်တော့ စိတ်မရှုတ်ဘူး… မကြိုက်တော့လဲ ကျော်ကြည့်လိုက်တာပေါ့…
နှိုင်းယှဉ်မယ်ဆိုရင် ကျန်တဲ့သူတွေအများကြီးကျန်ပါသေးတယ်… မင်းသားအစ်မ… ဒုတိယမင်းသားကြိုက်တဲ့ မမ လုပ်တဲ့ မင်းသမီး… ဒါပေမဲ့ ပိုစ့်လဲ အတော်လေးရှည်နေပြီ… တခြားလူတွေ စိတ်ဝင်စားလား မဝင်စားလားတော့ မသိပါဘူး… ဒါပေမဲ့ ကျမလိုပဲ Drama ကြိုက်တဲ့ ပိုးတူသူများကတော့ စိတ်ဝင်စားမှာပါ… ဒီကား၃ကားလုံးကို ကြည့်ပြီးတာကြာပါပြီ… ဒါပေမဲ့ ရေးရင် ပိုစ့်ရှည်မယ်ဆိုတာ သိလို့ မရေးပဲနေတာပါ… ဒါပေမဲ့ တချို့တွေက ကိုရီးယား ကားကိုပဲ ကြည့်ပြီး… ကိုရီးယားကမှ အကောင်းဆုံး… ကိုရီးယားမင်းသားကိုမှ အကြိုက်ဆုံးလို့ပြောနေကြပြီး… ကျမက အများနဲ့ တစ်ယောက်ဖြစ်နေလို့ ၃ကားလုံးကြည့်ဖူးတဲ့ ကျမက ကျမ အမြင်ကို နှိုင်းယှဉ်ပြတာပါ… ကျမကိုယ်တိုင်လဲ ကိုရီးယားမင်းသားကို ကြိုက်ပါတယ်… ဒါပေမဲ့ ဒီဇာတ်လမ်းနဲ့ ဒီဇာတ်ကောင်ကို အပိုင်နိုင်ဆုံးသရုပ်ဆောင် နိုင်သူကတော့ ထိုင်ဝမ်မင်းသားနဲ့ ထိုင်ဝမ်မင်းသမီးပါ… ကျမလို Drama Addicted မဟုတ်တဲ့သူတွေအတွက် ၃ကားလုံးကို ကြည့်ခိုင်းပြီး နှိုင်းယှဉ်ဖို့ ကျမ မပြောသာပါဘူး… ၁ကားပဲကြည့်ပြီး ကိုရီးယားက အကောင်းဆုံးလို့လဲ ထင်ချင်ထင်နေကြမှာပါ… အဲဒိအတွက်ကြောင့် ကျမကလဲ ကျမရဲ့ ထင်မြင်သုံးသပ်ချက်ကို တင်ပြလိုက်တာပါ… လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုတဲ့အတိုင်း ကျမကြိုက်တာမှ အကောင်းလို့ ကျမကလဲ ထင်ပင်မဲ့… သူများကြိုက်တာကို မကြိုက်ရဘူးလို့တော့ ကျမ မပြောပါဘူး… အဲဒိအတွက်လဲ ကြိုက်သလို သဘောထားကွဲလွဲနိုင်ပါတယ်… ပိုစ့်အရှည်ကြီးကို အဆုံးထိဖတ်သွားတဲ့ သင့်ကိုလဲ အထူးကျေးဇူးတင်ပါတယ်… ရုပ်ရှင်ကားတွေကို www.mysoju.com www.viikii.net တွေမှာ အင်္ဂလိပ်စာတမ်းထိုးတွေနဲ့ သွားရောက်ကြည့်ရှုနိုင်ပါတယ်…












.jpg)












