ဒီအကြောင်းကို အရင်က ပိုစ့်တစ်ပုဒ်
(မိန်းကလေးတွေကို ချဉ်းကပ်နည်(ရှောင်ကျဉ်ရန်)) ဆိုတဲ့ ပိုစ့်မှာ တစ်ခါရေးဖူးပါတယ်... ကျမဟာ personally ဒီဖုန်းနဲ့ လာလာ ဇာတ်လမ်းစတာကို မကြိုက်တတ်ပါဘူး... ဖုန်းနဲ့ ဇာတ်လမ်းလုပ်တယ်ဆိုရာမှာ.. ကျမ လုံးလုံးမသိတဲ့လူတစ်ယောက်က ကျမကို mysteriously လာပြီး ဇာတ်လမ်းစတာကိုပြောတာပါ... တခြားတနည်းနည်းနဲ့သိပြီးမှ ဖုန်းစကားပြောတာကို မဆိုလိုပါဘူး..
ကျမမှာသူငယ်ချင်းတစ်ယောက်ရှိပါတယ်.. အဲဒိကောင်လေးဆိုရင် ရုပ်သိပ်မချောပါဘူး.. ဒါပေမဲ့ ဖုန်းပြောတဲ့အသံကတော့ တော်တော်နားထောင်ကောင်းပါတယ်... သူလိုလူမျိုးတောင်မှ ဘယ်တော့မှ ဘလိုင်းကြီးသက်သက် ဖုန်းစဆက်ပြီး ဇာတ်လမ်းမလုပ်တတ်ပါဘူး.. ကျမသိသလောက်တော့.. ကောင်မလေးနဲ့ အွန်လိုင်းကဖြစ်စေ.. တနည်းနည်းနဲ့ ရင်းနှီးပြီးမှ ဖုန်းဆက် ကျူ (အဲလေ) လိုက်လေ့ရှိပါတယ်.. အနည်းဆုံး သူက အသံလေးနဲ့ စကားပြောလေးတော့ ကောင်းသေးတယ်..
ကျမအနေနဲ့ကတော့ ဖုန်းနဲ့ ဇာတ်လမ်းလုပ်တဲ့သူဟာ..
၁) အချက် ဒီလူဟာ ရုပ်ရည်မရှိလောက်ဘူးဆိုတဲ့ Impression ၀င်ပါတယ်..
၂) အချက် သူဘယ်သူဘယ်ဝါဆိုတာ မပြောနိုင်တဲ့အတွက် ဒီလူရဲ့ Background ဟာ သိပ်မကောင်းလောက်ဘူးလို့ ယူဆပါတယ်.. သူ့အကြောင်းတောင် ခိုးကြောင်ခိုးဝှက်လုပ်နေတဲ့သူတစ်ယောက်ကို ကျမက အထင်ကြီးစရာမရှိပါ..
၃)အချက် ဒီလူဟာ ကျမကို တန်ဖိုးမထား မလေးစားတာသေချာပါတယ်... (ကျမကသာ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ ယောကျာင်္းတစ်ယောက်ကို လက်ခံစကားပြောတဲ့ မိန်းကလေးတစ်ယောက်ဆိုရင် အဲဒိလူကိုယ်တိုင်ကရော ကျမကို တန်ဖိုးထားပါ့မလား... သူ့ကို စကားမပြောတော့လဲ ဒီလူက မကြိုက်.. ၂ ဦး ၂ဘက်လုံးအတွက် Impression မကောင်းစေတဲ့ နည်းလမ်းမို့.. ယောကျာင်္းလေးများ မသုံးမိစေရန် သတိပြုသင့်ပါတယ်)
၎)အချက် ဒီလူဟာ အတွေးအမြင် အောက်လွန်းပြီး အလွန်တရာမှ အားအားယားယား နိုင်လွန်းတဲ့ အတွက် မိန်းမတစ်ယောက်အားမကိုးသင့်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်...
အပေါ်ကအချက်တွေကတော့ ကျမ စိတ်ထဲယူဆတဲ့ အချက်တွေပေါ့နော်...
အရင်ပိုစ့်ရေးတုံးက ကွန်မန့်တွေမှာ အကြံပြုသွားကြတဲ့ အတွက် အကြံပြုသွားတဲ့ သူငယ်ချင်းတွေ စာဖတ်သူတွေကို ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ တစ်ချို့ အကြံပြုချက်လေးတွေကို မဗေဒါလိုက်မလုပ်နိုင်ခဲ့ပါဘူး.. အဲဒိအကြောင်းလေးကို ခုတခါတည်း ပြောပြချင်ပါတယ်...
တော်တော်များများကတော့ အလွယ်ကူဆုံးဖြစ်တဲ့ ဖုန်းနံပါတ်ပြောင်းဖို့တိုက်တွန်းကြပါတယ်..
ကျမဒီဖုန်းနံပါတ်ကိုသုံးတာ စကာင်္ပူမှာနေလာတဲ့ သက်တမ်းနီးပါးရှိပါပြီ.. ဒီလို မလောက်လေး မလောက်စား လက်ယားတဲ့ အကောင်တွေအတွက် ကျမဖုန်းနံပါတ်ကို မပြောင်းပြစ်ရက်ပါဘူး..
နောက်ပြီး ကျမဖုန်းနံပါတ်ကို မပြောင်းချင်တဲ့ အဓိကအကြောင်းအရာကတော့.. အဆက်အသွယ်ပြတ်နေတာ ကြာတဲ့ သူငယ်ချင်းတွေအတွက် သူတို့ ဆက်သွယ်ချင်တဲ့အချိန်တိုင်းမှာ လွယ်ကူနေအောင်လို့ အဆက်သွယ် ပြတ်မသွားချင်လို့ ဒီနံပါတ်လေးကိုပဲ ထားထားချင်တာပါ....
နောက်ပြီး ဖုန်းရုံးကို ပြောပြီး သူ့နံပါတ်ကို ဘလောက်လိုက်ဖို့ကို စုံစမ်းကြည့်တော့ ရဲစခန်းထောက်ခံစာပါမှဆိုတော့ အတော် အလုပ်ရှုတ်လှပါတယ်...
အဲ... ပထမပိုစ့်မှာ ကိုပီကေ ပြောခဲ့သလို ကျမဖုန်းထဲမှာပဲ black list သွင်းဖို့ကတော့.. ကျမဖုန်းမှာ အဲဒိ function ရှိမရှိ သေချာမသိပါဘူး... ကျမခုသုံးနေတဲ့ ဖုန်းက Nokia N78 ပါ.. သိတဲ့ သူရှိရင် ပြောပြပေးပါ.. ဒါပေမဲ့ အဲဒိလိုလုပ်ဖို့ကလဲ... ခု ကျမကို နှောင့်ယှက်တဲ့သူက ဖုန်းနံပါတ် ၃လုံးလောက်နဲ့ကို သုံးပြီး နှောင့်ယှက်တာပါ... သူတို့ပြောပုံ အရ သူတို့က လူ၃ယောက်ပါ.. မတူပါဘူး...
အင်း.. အားလုံးကို နားရှင်းအောင်.. ဒင်းတို့လုပ်ပုံကို ပြောပြပါ့မယ်...
ပထမ ၁၉ရက် ၂လ ၂၀၀၉ မှာ - ဖုန်းနံပါတ် တစ်ခုနဲ့ "How r u?" ဆိုပြီး ပို့ပါတယ်..
ကျမကလဲ ကျမ ဖုန်းနံပါတ်မသိမ်းထားမိတဲ့ သူငယ်ချင်းတစ်ယောက်ယောက်ဖြစ်မှာစိုးလို့.. "Fine. May I know who u r?" လို့ ပြန်မေးတော့..
ဒင်းက... " Min Htwe.. " တဲ့.. ကျမလဲ ကျမမသိတဲ့သူဆိုတော့ ဘာမှ ပြန်မပြောတော့ပါဘူး.. ဒီတော့ ဒင်းက ကျမနာမည်နဲ့ " ______ lar?" တဲ့...
ကျမနာမည်ကို သိနေတော့ ကျမက ဘယ်သူလဲထပ်မေးတော့လဲ.. သူ့နာမည်ကြီးပဲ လာလာပြောနေပါတယ်...
ကျမဖုန်းနံပါတ်ကို ဘယ်လိုရလဲလို့မေးတော့.. သူ့သူငယ်ချင်းရဲ့ သူငယ်ချင်း ရန်ကုန်ပြန်သွားတဲ့ ကောင်က ဖုန်းထားခဲ့လို့ အဲဒိထဲက ရတယ်လို့ပြောပါတယ်.. ဖုန်းပိုင်ရှင်ကိုတော့ သူလဲ မသိဘူးလို့ပြောပါတယ်..
နောက်ပိုင်းတော့ ကျမလဲ သောက်မြင်ကပ်ကပ်နဲ့ ဘာမှ မပြန်တော့ပါဘူး.. ဒီကြားထဲမှာ သူကချည်းပဲ.. Picture msg တွေပို့ "khin chin dal ya ma lar?" ဘာညာပေါ့.. အရည်မရ အဖတ်မရ.. သူတို့မို့ စကာင်္ပူမှာ အားအားယားယားပေါ့ရှင်.. ကျမလဲ ဘာမှ မပြန်ပါဘူး... ကျမနာမည်ကို သိနေတော့ စိတ်ထဲတော့ ကသိကအောင့် ဖြစ်မိပါတယ်.. အဲဒိလူဘယ်သူလဲ ဆိုတာကို တော့ စိတ်ဝင်စားလို့ မထင်လိုက်ပါနဲ့...
၂၂ရက် ၂လ ၂၀၀၉ မှာ ဒုတိယဖုန်း နံပါတ်နဲ့ ကျမနာမည်ပဲ ရေးထားတဲ့ မတ်စေ့ရှ်လာပါတယ်.. ဒါပေမဲ့ ဒီတစ်ခါတော့ ကျမနာမည်ကို အင်္ဂလိပ်လို စာလုံးပေါင်းထားတာကလဲ မှားနေပါသေးတယ်.. ဟိုပထမဖုန်းနံပါတ်နဲ့လဲ Forward msg တွေ လာနေတုန်းပါပဲ... ကျမ call history ပြန်စစ်ကြည့်တော့... အဲဒိ ဒုတိယဖုန်းနဲ့ မတ်စေ့ရှ် မပို့ခင် ၁ရက် ၂ရက်မတိုင်ခင်မှာ ဖုန်းခေါ်ပြီး ကျမကိုင်တော့.. တခြားနာမည်တစ်မျိုးမေးပြီး.. ဖုန်းမှားသွားလို့ပါလို့ပြောပါတယ်.. အဲဒိတုန်းက ကျမကတောင်.. ဖုန်းကလဲ မှားစရာရှားလို့ မြန်မာ- မြန်မာချင်းမှားစရာလားလို့တောင် ထင်မိလိုက်ပါသေးတယ်... ဒီတော့ ကျမ မှတ်မှတ်ရရရှိနေတာပါ...
ပထမ မတ်စေ့ရှ် ပို့ပြီး နောက်၂ရက်နေတော့ မတ်စေ့ရှ်တွေလာပါလေရော.. "R u sleeping. If u sleeping Have a good night" ဆိုပြီး... ဒင်းမသိလိုက်တာလား.. ဥာဏ်ပဲ မမှီတာလားတော့ မသိဘူး.. ကျမက Call history နဲ့ ဒင်း အရင်က ကျမနာမည် ပို့ထားတဲ့ မတ်စေ့ရှ်ကို ပြန်စစ်ကြည့်တော့ သိနေပါပြီ... ဒီပြဿနာက ကျမညိမ်နေရင် ပြီးမှာ မဟုတ်တော့ပါဘူး.. ဒါနဲ့ မသိချင်ယောင်ဆောင်ပြီး "who are u?" လို့ ပြန်ပြောတော့..
ဒင်းက "My name is Maw Con" တဲ့... နာမည်ကတော့ လန်ထွက်နေတာပဲ.. သူတို့တောက ဗွီဒီယိုရုံမှာ ၁ကား ၁ကျပ်လောက်နဲ့ တိုးကြည့်ခဲ့တုန်းက စိတ်ကူးယဉ်ခဲ့ဖူးတဲ့ နာမည်လားတော့မသိ...
ကျမလဲ ဘာမှ ပြန်မပြောသေးပဲ နေနေတုံး.. "What are u thinking?" တဲ့.. ဒင်းက..
ဒါနဲ့.. ကျမလဲ "Where did u get my no.? Do u know me? Do not pass around my no. among ur friends" လို့ပြောတော့..
ဒင်းက.. သူရေးတဲ့အတိုင်းရေးပြတာနော်.. " Sorry! I have got ur number 2months ready but I never ever pass ur no amoung my friend" တဲ့...
ဒါနဲ့ အရင်လို မဖြစ်ရအောင် ဒေါသစိတ်လေးကို ထိမ်းပြီး ကျမဖုန်းနံပါတ်ဘယ်လိုရလဲလို့မေးတော့..
အခြေအမြစ်မရှိရှင်းပြပါတယ်... အဲဒါကတော့ သူ့ဖုန်း ရေထဲကျသွားလို့ Jurong East service center မှာ ဖုန်းသွားပြင်ပြီး ပြန်ရလာတော့.. ကျမဖုန်းနံပါတ်က သူ့ဖုန်းထဲ အလိုလိုရောက်နေတာပါတဲ့.. ကဲ... ကြည့်..
Nokia နဲ့ starhub က Match making service အလကားပေးနေတယ်လို့ မကြားလိုက်မိပါလားနော်....
ဘယ်လောက် အခြေအမြစ်မရှိလဲဆိုရင်.. ဟား.. ဟား.. ပြီတော့ပြောသေးတယ်.. သူစကာင်္ပူရောက်တာ ၇လပဲရှိသေးလို့ သူငယ်ချင်းလိုချင်လို့ပါတဲ့..
ကျမလဲ နောက်ပိုင်း ဘာမှ မပြန်ဖြစ်တော့ပါဘူး... ကျမနံပါတ်ကို ဖွတဲ့သူကိုသာ တော်တော်လေး ဒေါသဖြစ်မိနေပါတော့တယ်.. ဒီပြဿနာကိုလဲ ဘယ်လိုဖြေရှင်းရင် ကောင်းမလဲ ဆိုတာကို ကျမစဉ်းစားနေမိပါတယ်.. နောက်ရက် အနည်းငယ်ကြာတော့.. မော်ကွန်းဆိုတဲ့ ကောင်က ကျမနာမည်ကို မတ်စေ့ရှ်နဲ့ ထပ်မေးပါတယ်.. ဒင်းတို့ပို့တဲ့ မတ်စေ့ရှ်တွေ တော်တော်များများ ကျမဆီမှာ ရှိပါတယ်.. ဒင်း ကျမနာမည်ကို စာလုံးပေါင်းမှားပြီးတောင် ပို့ထားလို့ ကျမ ပိုပြီး မှတ်မှတ်ရရရှိပါတယ်.. အဲဒိမှာ ကျမ သေချာတာ တစ်ခုသိသွားပါတယ်.. ဒီကောင်တွေဟာ.. ကျမကို နာမည်ပဲ သိတာပါ... ကျမကို မြင်လဲ မမြင်ဖူးပါဘူး.. ကျမဘယ်သူဆိုတာလဲ မသိပါဘူးဆိုတာပါပဲ.. မိန်းကလေးနာမည်မို့ ငမ်းငမ်းတက် လက်ကမြင်းကျောဆွဲရုံသက်သက်ပါ...
သူတို့ကိုလေ ကျမ မေးလိုက်ချင်တယ်.. ဒီလိုနည်းနဲ့ စကာင်္ပူမှာ ဘယ်နှယောက်နဲ့များ အဆင်ပြေဖူးပါသလဲလို့လေ... ဖုန်းနဲ့ ဘယ်သူဘယ်ဝါမှန်းမသိတဲ့သူကို ရင်ခုန်နေရလောက်အောင်.. ကျမရဲ့ အသက်ကလဲ သစ်ရွက်လေးတွေ လေတိုက်ရင်တောင် ရီချင်နေတဲ့ အရွယ်လဲမဟုတ်တော့ပါဘူး.. ဒင်းတို့လဲ အဲဒိ အရွယ် ကောင်လေးတွေမဟုတ်ဘူးဆိုတာသေချာပါတယ်.. ဘာလို့လဲဆိုတော့.. အဲဒိ အရွယ်ကလေးတွေက သူ့ဟာနဲ့ သူ လူငယ်မာနဆိုတာရှိတယ်.. ရှက်တတ်သေးတယ်..
ကျမအရွယ်က "၂၀ကျော် အစိတ်ပိုင်း.. အရွယ်တော် တစ်စိတ်ဟိုင်း" ဖို့ ၁နှစ်မျှသာလိုတော့တာပါ..
၂၆ ရက် ၂လ ၂၀၀၉ မှာတော့ တတိယ ဖုန်းနံပါတ်နဲ့ မတ်စေ့ရှ်တွေလာပြန်ပါရော... ဘာလုပ်နေလဲတို့.. နာမည်လေး သိပါရစေ... သူငယ်ချင်းတော်ပါရစေပေါ့.. ကျမဘာဆိုဘာမှ မလုပ်တော့ပဲ.. ဒီတိုင်းပဲနေလိုက်ပါတယ်... ဒီကိစ္စတွေရပ်သွားအောင် ဘယ်လိုလုပ်ရပါ့ဆိုတာကိုပဲစဉ်းစားနေပါတယ်..
ဖေဖေက ၂၀၀၇ က ကိစ္စဖြစ်တုန်းက ကိုယ့်ကို ဖုန်းနောက်တဲ့သူကို မအော်ဖို့.. အော်ရင် အမြင်ကပ်ပုဒ်မနဲ့ ပိုဆိုးမယ်ဆိုပြီး ဆုံးမပါတယ်.. ပြီးတော့ ဒီလောက်ခင်ချင်နေရင် လူကြီးလူကောင်းပီပီ အပြင်မှာတွေ့ပြီး အဆင့်ရှိရှိ ခင်ဖို့ ပြောပါတယ်.. အဲလိုမှ အဲဒိကောင်တွေရပ်မှာပါ.. ကျမဖေဖေက သူကိုယ်တိုင် ကျမကို လိုက်စောင့်ပေးမယ်ပြောပါတယ်..
ဒါပေမဲ့ ဒီလို ကိစ္စ အသေးအဖွဲအတွက်နဲ့ ကျမ မိဘတွေကို စိတ်လဲ မပူစေချင်ပါဘူး.. ဒါကြောင့် ခုတစ်ခေါက် ဖုန်းလက်ဆော့တဲ့ ကိစ္စကို ဘာမှမပြောခဲ့ပါဘူး.. ကျမအတွက်လဲ အရေးပါလှတဲ့ ပြဿနာတော့ မဟုတ်ပါဘူး... အရည်အချင်းမရှိတဲ့ လူတစ်စု အောက်တန်းကျတဲ့နည်းလမ်းနဲ့ သူတို့ အချိန်တွေဖြုန်းနေကြတယ်ပဲ မြင်ပါတယ်...
ဒါပေမဲ့ အခုတော့ လူတွေ့စရာ မလိုပဲ ဒီကောင်တွေ ရပ်သွားမဲ့နည်းကို ကျမအကြံရသွားပါပြီ... နဲနဲလေး မုသားသုံးလိုက်ရုံပါပဲ... ဒါပေမဲ့ ကျမကို ထပ်မနှောင့်ယှက်မချင်း ကျမဘာမှ ပြောမှာ မဟုတ်ပါဘူး..
ကျမဖုန်းထဲမှာလဲ.. Disturbance 1, 2, 3 ဆိုပြီး သေသေချာချာ သိမ်းထားလိုက်ပါတယ်...
ဒီနေ့တော့ လူက စိတ်ကလဲ သိပ်မကြည်ဖြစ်နေပါတယ်.. အဲဒိ အချိန်ကျမှ ကံဆိုးသူ လဒ Disturbance 2 က.. မတ်စေ့ရှ်ပို့ပါတယ်... ဒါနဲ့ ကျမလဲ... အဲဒိလူကို ဖုန်းကောက်ဆက်လိုက်ပါတယ်...
အသံကလဲ ကလီညောင်နာနေပြီး.. တောသားလိုလိုအသံပါ... တိုးချိနေလိုက်တာလဲ မနည်းနားထောင်ရတယ်.. ပီပီသသကလဲ မရှိ.. လုံးဝ လုံးဝ ခံစားလို့မရတဲ့ အသံရှင်ပါ..
ကျမ။ ။
ရှင် ကျမနဲ့ သိပ်ခင်ချင်နေလား...
မော်ကွန်း(Disturbance2)။ ။
ခင်ချင်လို့ပါ... ကျွန်တော့်မှာ သူငယ်ချင်းမရှိလို့ပါ..
ကျမ။ ။
ကောင်းပြီ ဒါဆို ကျမတို့ အပြင်မှာတွေ့ကြမယ်လေ..
Disturbance 2။ ။
ကောင်းပြီလေ.. တွေ့တာပေါ့...
ခပ်တိုးတိုး မရဲတရဲ အသံဖြင့်ပြန်ပြောခြင်းဖြစ်သည်.. ဘာပဲပြောပြော တွေ့ရဲတဲ့ သတ္တိတော့ ဒင်းက ရှိသား..
ဒါနဲ့ ကျမလဲ ကျမစဉ်းစားထားတဲ့အတိုင်း....
ကျမ။ ။
ဟုတ်ပြီလေ.. ကျမ ခင်ပွန်းပါခေါ်လာခဲ့မယ်... (ဟတ်.. ဟတ်.. ဟိုဘက်က လဒ ဟတ်ကော့ကြီးဖြစ်ပြီး.. ရင်ခံသွားမှာသေချာတယ်)...
Disturbance 2။ ။
ဗျာ.. !@#$%% (သူဘာတွေပြောနေလဲ ကျမ သေချာပြန်မကြားရပါ.. စကားပြောသံကိုက ဗလုံးဗထွေးနဲ့.. ဘာအဓိပ္ပါယ်မှန်းကို သေချာမသိပါ.. ဟိုလိုလို ဒီလိုလိုနဲ့ ရဲစကားပြောသွားခြင်းဖြစ်သည်..)
သေချာတာတစ်ခုကတော့ ဒင်း အောင့်သီး အောင့်သက်အတော်ဖြစ်သွားသည်...
ကျမ။ ။
ရှင်.. ပြောတော့ ရှင့်မှာ သူငယ်ချင်းမရှိဘူးဆို..... သူငယ်ချင်းလိုချင်လို့ဆို...
Disturbance 2။ ။
ဟုတ်ပါတယ်..ကျမ။ ။
ဒါဆို ကျမနဲ့ သူငယ်ချင်းဖြစ်တာထက် ကျမခင်ပွန်းနဲ့ သူငယ်ချင်းဖြစ်တော့ ပိုကောင်းတာပေါ့.. ၁ယောက်ထက် ၂ယောက်က ပိုမကောင်းဘူးလား...
ဒင်း ဝေခွဲရ ခက်နေပုံတော့ ရတယ်... စကားက ၂ခွပြန်ပြောပါတယ်...Disturbance 2။ ။
ဟုတ်ကဲ့.. တွေ့ပါမယ်.. နှောင့်ယှက်သလိုဖြစ်သွားရင် တောင်းပန်ပါတယ်...ဟတ်... ဟတ်.. ရီချင်လိုက်တာ.. ဒင်းကို ရီချင်တာဟုတ်ဘူး.. ကိုယ့်အကြံကိုယ်သဘောကျလို့ ရီချင်တာ.. ပိုင်လိုက်တာ.. ငါကွ...
ဒါတောင် ဒင်းက တွေ့မယ်က ပါးစပ်ကထွက်နေတုံး.. တော်တော်တော့ အကြောမာတဲ့ လဒပါ... သူက မယုံတ၀က် ယုံတ၀က်ဖြစ်နေတဲ့ပုံစံမျိုးလဲဖြစ်နိုင်သလို.. သူ မှန်းချက်နဲ့ နှမ်းထွက် မကိုက်လို့ အယောင်ယောင်မှားမှားဖြစ်နေတာလဲ ဖြစ်နိုင်ပါတယ်.. ဒါနဲ့ပဲ..
ကျမ။ ။
ကောင်းပြီလေ.. ဒါဆိုရင် ကျမခင်ပွန်းရော.. ကလေးတွေပါ ခေါ်လာခဲ့မယ်.. တစ်မိသားစုလုံးလာခဲ့မယ်.. စနေနေ့ ပင်နီဆူလားမှာတွေ့မယ်လေ.. ခင်ခင်မင်မင်ပေါ့...
ပြောသာပြောနေရသည်.. ဒင်းကတွေ့မယ်ဆိုလျှင် ဘာလုပ်ရမလဲ မသိ.. သူငယ်ချင်းတစ်ယောက်ယောက်ကိုပဲ ဟန်ဆောင်ခိုင်းရကောင်းမလား.. ဘယ်သူ့ ကလေးငှားရင်ကောင်းမလဲ.. စဉ်းစားနေရပြီ... ဒါမှ မဟုတ်.. ဖေဖေနဲ့ မေမေကိုပဲ ကန်တော့ပြီး ကျမအစားသွားခိုင်းရကောင်းမလား... ဟတ်... ဟတ်...
ဒါပေမဲ့.. ကလေးတွေဆိုတဲ့ အသံကြားတော့.. ဒင်းတော်တော်လန့်သွားပုံရတယ်...
Disturbance 2။ ။
ဒါဆိုလဲ နေပါစေတော့... အလုပ်ရှုတ်နေပါ့မယ်.. နှောင့်ယှက်သလိုဖြစ်သွားရင် တောင်းပန်ပါတယ်...
ကျမကလဲ ဘယ်ရမလဲ.. ကြောက်မှန်းသိတော့ ပို ဖြဲခြောက်တာပေါ့..
ကျမ။ ။
အင်း .. အခုလို မတ်စေ့ရှ်တွေပို့ပို့နေတော့ နှောင့်ယှက်သလိုဖြစ်တာပေါ့ရှင်.. ကျမခင်ပွန်းလဲ အထင်လွဲစရာဖြစ်တယ်.. အဖြစ်မခံနိုင်ဘူးလေ.. ရှင်ခင်ချင်ရင်.. အားလုံးခေါ်လာခဲ့မယ်.. ခင်ပေါ့... ကျမခင်ပွန်း အထင်လွဲတာကို မခံနိုင်ဆုံးပဲ...(ကျမခင်ပွန်း... ကျမခင်ပွန်းနဲ့ ပြောရတာလဲ.. ပါးစပ်ထဲမှာ ကလောနေတယ်.. နားထဲမှာလဲ ကလန့်နေတယ်.. ဒါပေမဲ့ တတ်နိုင်ဘူး.. ဆက်ပြောရမှာပဲ... ဒင်းကို မှတ်လောက်အောင်ကို... ဘယ့်နဲ့ မိန်းကလေးတစ်ယောက်အကြောင်းလေးတောင် သိမထားပဲ မိန်းမဖြစ်ပြီးရော လိုက် မတ်စေ့ရှ်ပို့နေတဲ့သူ နည်းတောင်နည်းသေးတယ်.. )
ဒီတင်ပဲ ဒင်းလဲ ဆုံးဖြတ်ချက်တော်တော် ခိုင်ခိုင်မာမာချလိုက်ပုံရတယ်....
Disturbance 2။ ။
နေပါစေတော့... ဒါဆိုလဲ မတွေ့တော့ပါဘူး.. နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်..
ကျမ။ ။
အေးကွယ်... ဒါဆိုလဲပြီးရောလေ.. ဒါဆို နောက် မတ်စေ့ရှ်လဲ မပို့နဲ့တော့.. ဖုန်းလဲ မဆက်ပါနဲ့တော့နော်.. ကျမ ခင်ပွန်း အထင်လွဲမှာ စိုးလို့ပါ...Disturbance 2။ ။
ဟုတ်ကဲ့ပါ.. ဟုတ်ကဲ့ပါ..ဒါပါပဲ.. တစ်ရန်တော့ ရှင်းလိုက်ပြီလို့ထင်ပါတယ်... တကယ်လို့ ကျန်တဲ့ကောင်တွေက သူတို့ အပေါင်းအပါတွေဆိုရင်တော့ ၃ရန်လုံး တစ်ခါတည်းရှင်းသွားမှာပါ..
*သတိ*...ဒီပိုစ့်ကို ရေးလိုက်တာဟာ.. ကျမရဲ့ အိုင်ဒီယာလေးကို ကိုယ့်ဘာကိုယ်သဘောကျလို့ ရေးလိုက်ခြင်းဖြစ်သလို..
ယောကျာင်္းလေးများလဲ မိန်းကလေးတွေကို နည်းမှားပြီး မလိုက်မိစေဖို့ပါ.. (at least.. ဒီနည်းကို မကြိုက်တဲ့ ကျမကိုပေါ့နော်.. )
ယောကျာင်္းလေးတိုင်းကို မျက်စပစ်နေတဲ့ မိန်းကလေးကို ယောကျာင်္းတွေ တန်ဖိုးမထားတတ်သလို.. မိန်းကလေးဖြစ်ပြီးရော လိုက်နေတတ်တဲ့ ယောကျာင်္းတွေကိုလဲ ကျမတို့ မိန်းမတွေ အထင်မကြီးတတ်ပါဘူး..