Wednesday, July 23, 2008

အချစ်အကျဉ်းသား

လူတစ်ယောက်အသက်ရှင်ဖို့ နှလုံးသားတစ်ခု အလုပ်လုပ်နေဖို့ အဓိကကျတယ်လေ...
အဲဒိနေ့က ငါ့နှလုံးသားကို ဖြည်းဖြည်းခြင်း သေစေနိုင်တဲ့ အချစ်ဆိုတဲ့အဆိပ်တစ်ခွက် ကိုယ်တိုင်တိုက်ကျွေးခဲ့တယ်...
အဲဒိတုန်းကတော့ အဆိပ်တွေက သူ့အပြုံးနောက်ကွယ်မှာ ချိုမြိန်နေတယ်လို့ ထင်မှားခဲ့တယ်..
အဲဒီနေ့ပေါ့.. ငါ.. အပြုံးတစ်ချက်နဲ့ သူ့ရင်ခွင်ထဲမှာခိုဝင်ခဲ့တုန်းက ပုဒ်မ ၁၅ဝဝ နဲ့ငြိစွန်းတဲ့ ရာဇဝတ်မှုတစ်ခု ကျူးလွန်ခဲ့မှန်းမသိလိုက်ခဲ့ဘူး....

တကယ်တော့ ငါရထားတဲ့သူ့အချစ်ဆိုတာက china made ပစ္စည်းတွေလို အပေါစားချစ်တုတွေလေ...
သူ့အပြုံးတွေ ငါ့အတွက် expire ဖြစ်တဲ့နေ့........ ငါ့ရဲ့အချစ်ဆိပ်ဆေးပတ်လည်တဲ့နေ့မှာ ငါ့နှလုံးသားအဆိပ်သင့်ခဲ့တယ်...

ငါ့နှလုံးသားအဆိပ်သင့်မှုကို ခုံရုံးတင်စစ်ဆေးတော့.. သံသယဝင်စရာ တရားခံ၂ယောက်ရှိတယ်.... တစ်ယောက်က သူ...
နောက်တစ်ယောက်က ငါကိုယ်တိုင်ဖြစ်နေတာ ခြောက်ခြားစွာသိလိုက်ရတယ်...

ခုံရုံးတက်နေရတဲ့တစ်လျှောက် ဒီအမှုကို အပြန်ပြန်အလှန်လှန် ပြောဖြစ်တယ်.. တွေးဖြစ်တယ်...
နောက်ဆုံး ငါဆိုတဲ့ တရားသူကြီးက... နှလုံးသားသေဆုံးမှုမှာ သူ့အချစ်တုရဲ့အပြစ်မဟုတ်..
အဲဒိအချစ်တုကိုယုံစားခဲ့တဲ့ ငါ့အချစ်တွေကြောင့်သာ ငါ့နှလုံးသားအဆိပ်သင့်သေဆုံးခြင်းဖြစ်တယ်.... ငါ့ရဲ့ပြစ်မှု သိသားထင်ရှားတဲ့အတွက်...
ပုဒ်မ ၁၅ဝဝ နဲ့အညီ... ငါ့ရဲ့စိတ်ကိုထောင်ဒဏ်ချမှတ်ခဲ့တယ်... ဒါပေမဲ့ အချိန်အတိုင်းအတာမရှိ.. ဘယ်တော့ လွတ်မြောက်မယ်ဆိုတာမသိ..
လွတ်မြောက်ရက်ကတော့ ငါ့ရဲ့ပြစ်ဒဏ်ခံနေတုန်းကြိုးစားမှုပေါ်မှာ မူတည်တယ်တဲ့လေ....
မိမိကိုယ်ကိုမွမ်းမံရမယ်တဲ့...

ငါငိုနေတယ်.... ပြက္ခဒိန် ၂ရွက်၃ရွက်လှန်ပြီးတဲ့အထိ... ငါငိုနေခဲ့တယ်... ငါ့မှာဆက်သောက်စရာအဆိပ်မရှိတော့လို့...
ဒီအဆိပ်ကို ငါတမ်းတနေမိတယ်... ဒီအဆိပ်ကို ဆက်သောက်နေရင် ငါ့နှလုံးသား ဆက်ရှင်သန်ကောင်းရှင်သန်လိမ့်မယ်လို့ တွေးမိတယ်...

အကျဉ်းထောင်ထဲမှာ.. ငါ့လိုပဲ.. နှလုံးသားခမ်းခြောက်အောင် အဆိပ်သောက်ခဲ့ကျတဲ့ အကျဉ်းသားတစ်ချို့နဲ့လဲတွေ့တယ်...
သူတို့ရဲ့ပြစ်မှုကျူးလွန်ခဲ့ပုံ ဇာတ်လမ်းမျိုးစုံ ငါကြားရတယ်... အော်... ငါတစ်ယောက်ထဲမဟုတ်ပါလား.....

အဲ... သတိထားမိတာတစ်ခုက.. ဒီအကျဉ်းထောင်မှာ... မိန်းကလေးအကျဉ်းသားက ပိုများတယ်... ပိုသက်တမ်းကြာတယ်..
ယောင်္ကျားလေး အကျဉ်းသားက လာလဲခဏပဲ... သူတို့က ပြန်လည်ထူထောင်တဲ့ အချိန်မြန်တယ်...
ငါ့အထင်တော့ သူတို့ရဲ့အချစ်ဆိပ်က မိန်းကလေးတွေလောက် မပြင်းဘူးထင်ပါတယ်...
သူတို့နှလုံးသားကမသေဘူး.. အစားထိုးစရာ တစ်ခုခုနဲ့ချက်ချင်း ကုစားလိုက်တော့. ထောင်ကချက်ချင်းလွတ်ကြတာပေါ့...
တော်တော်များမျာက တတိယလူကိုအသုံးချတဲ့ အောက်တန်းကျတဲ့နည်းလမ်းနဲ့ စိတ်အကျဉ်းထောင်ကထွက်ပြေးတတ်ကြတယ်...
ဒါပေမဲ့ အဲလိုလူတွေက မကြာမကြာ ဒီထောင်ထဲကိုပဲ ပြန်ပြန်ရောက်လာတတ်တယ်....

ငါတဖြည်းဖြည်းသိလာတယ်.. ငါဒီအကျဉ်းသားဘဝက လွတ်မြောက်ချင် လွတ်မြောက်လို့ရတယ်..
တရားနည်းလမ်းကျကျ ငါလွတ်မြောက်ချင်တယ်.. ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲ လွတ်မြောက်ချင်တယ်...
ဘယ်သူ့အကူအညီမှ မလိုပဲ ငါ့ကိုငါမွမ်းမံချင်တယ်...

ငါစဉ်းစားကြည့်တယ်.. ငါဘာလို့ငိုတာလဲ....
သူ့ကိုပြန်လိုချင်လို့လား?... သူ့ကိုပြန်ရမယ်ဆိုရင် ဘာကောင်းကြိုးဆိုးကြိုးတွေရှိလဲ?...
ငါပျော်ရမှာလား?....ငါမပျော်ပါဘူး...
ဒါ့အပြင် ငါဒီအဆိပ်သံသရာက ဘယ်တော့ကလွတ်မှာ မဟုတ်ဘူး..
ရှေ့လျှောက် ပျော်စရာဆိုတာ မျှော်လင့်ချက်မရှိဘူး...

ငါ့ဘာသာငါပြန်မွမ်းမံမယ်ဆိုရင်... အချိန်တော့ကြာမယ်..
ခံစားရမယ်.. ဒါပေမဲ့ ပျော်ရွှင်ဖို့ မျှော်လင့်ချက်ရှိသေးတယ်... ဒီအတွေးနဲ့ပဲ.. ငါ့မျက်ရည်တွေခမ်းခြောက်သွားတယ်...
နောက်မှငါသိလိုက်ရတာက.. ငါငိုနေခဲ့တာဟာ... ငါ့ကိုယ်ငါသနားစရာကောင်းလှချည့်ရဲ့....
လောကမှာ အချစ်ကံအခေဆုံးလူသားလို့ ထင်လို့..
ကျတဲ့ အတ္တမျက်ရည်တွေဆိုတာ အချိန်ကြာလာတာနဲ့အမျှ သဲသဲကွဲကွဲသိလာရတယ်...
ကဲ.......... ဒါဆိုကိုယ့်ကိုကိုယ်သနားခြင်းတွေရပ်သင့်ပြီ....

ခု ငါ ဒီစိတ်အကျဉ်းထောင်ထဲက လွတ်မဲ့ရက်ကို ဖြည်းဖြည်းခြင်းစောင့်နေတယ်...
ငါ့ယုံကြည်တယ်... ငါတစ်နေ့ လွတ်မြောက်လိမ့်မယ်လို့...
အဲဒိအတွက် သူနဲ့ပတ်သတ်တဲ့ပစ္စည်းအချို့ကို ငါကိုယ်တိုင်မလွှတ်ပြစ်ရက်ပေမဲ့....
တနည်းနည်းနဲ့ဖျောက်ဖျက်ခဲ့တယ်... မေ့ဖို့ကြိုးစားနေတဲ့ကာလမှာ အဲဒိပစ္စည်းတွေကို မမြင်တာ အကောင်းဆုံးပဲ...
စိတ်ထဲက ဖျောက်ဖျက်ဖို့ကအဓိကကျပေမဲ့... မျက်စိရှေ့မှာ ပြန်မြင်မြင်နေသ၍တော့.. အဆိပ်ပြန်တက်နေမှာပဲမှတ်လား...
ဒါဆိုသံသရာပြတ်တော့မှာမဟုတ်...

ဖျောက်ဖျက်ရခက်တဲ့ ပစ္စည်းမျိုးကိုတော့.. ဒီတိုင်းပဲထားလိုက်တယ်..
ငါ့စိတ် ဘယ်လောက်ခိုင်နေပြီလဲဆိုတာကိုသိဖို့.. ဒီပစ္စည်းတွေကိုအသုံးချရမယ်...

ဒီကြားထဲ ငါ့ကိုထောင်ဝင်စာလာတွေ့ပြီး.. မကြည့်ရက်တဲ့သူငယ်ချင်းတွေကပြောတယ်...
တတိယပါတီနည်းကိုသုံးကြည့်ဖို့... ဒါပေမဲ့... ဒီတစ်ခါတော့လျှော့ချစ်ဖို့..
ငါ့အတွက်အချစ်ဆိုတာ... သုညရာခိုင်နှုန်းမဟုတ်ရင်... ၁ဝဝရာခိုင်နှုန်းပဲရှိတယ်..
ကိုယ်ပျော်ရွှင်ဖို့အတွက်နဲ့.. သူများကိုစိတ်ဒုက္ခရောက်အောင် လုပ်တတ်တဲ့ ပျော့ညံ့တဲ့စိတ်ဓာတ်ရှိတဲ့ သူတွေကို ငါအထင်အသေးဆုံးပဲ...
သူတို့ကပြောတယ်.. ဒါဆိုရင် နင်ဒီအကျဉ်းသား ဘဝကိုခဏခဏ ပြန်ရောက်နေလိမ့်မယ်တဲ့...

တချို့ကကျတော့ပြောတယ်.. သူ့ကိုတကယ်ချစ်ရင် ခွင့်လွှတ်လက်ခံပေးလိုက်ပါတဲ့...
ဝေးနေလို့ဖြစ်မှာပါ.. နီးနေရင်ဖြစ်မှာမဟုတ်ပါဘူး... ယောင်္ကျားလေးဆိုတော့လဲ.. ဒီလိုပဲပေါ့....
ကိုယ်ချစ်တဲ့ သူတစ်ယောက်ကို ဘယ်လိုနည်းနဲ့မဆို လက်မလျှော့ အဆုံးရှုံးမခံဘဲ ချစ်ပြနိုင်တာမှအချစ်တဲ့..
အဲလို မလုပ်နိုင်တာ နင်သိပ်မချစ်လို့တဲ့...
ဒါတော့ငါငြင်းတယ်.... ငါကတော့ အချစ်ကို... လောကမှာကိုယ့်အတွက် အရေးပါဆုံးလူတစ်ယောက်အတွက်...
တခြားဘယ်သူနဲ့မှအစားမထိုးဘဲ စောင့်ထိန်းနိုင်စွမ်း... သစ္စာ..ဆိုတာ နဲ့တိုင်းတာတယ်...
အကွာအဝေးနဲ့မဆိုင်.... ယောင်္ကျားမိန်းမဆိုတာ အပေါ်မမူတည်....
သူကယောင်္ကျားလေးပဲဆိုတဲ့ ဆင်ခြေက လောကမှာအဓိပ္ပါယ်မရှိဆုံးပဲ...
ဘာကြောင့် တစ်ချို့မိန်းကလေးတွေက ဒီဆင်ခြေကိုလက်ခံနေကြတာလဲ....
အဲလိုနည်းက စိတ်အကျဉ်းထောင်က လွတ်နည်းမဟုတ်....

ဝင်ခံပါတယ်.. အဲဒိတုန်းက ငါဇဝေဇဝါဖြစ်ခဲ့တယ်... သူတို့ပြောတာအမှန်လား... ငါ့အတွက် အကောင်းဆုံးလားလို့ တွေးခဲ့တယ်...
သူတို့အတွက်တော့ အကောင်းဆုံးဖြစ်ချင်ဖြစ်မယ်.. ငါ့အတွက်တော့ အမှောင်ထုထဲကို ပြန်ဝင်တဲ့လမ်းပဲဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်..
အဲဒိဆုံးဖြတ်ချက် အတွက်ငါခုထိ နောင်တမရဘူး.. နောင်လဲရမှာမဟုတ်ဘူးဆိုတာငါသိနေတယ်လေ...

ကြာလာတော့.. ငါ့စိတ်ကိုငါသွန်သင်မှုကြောင့်... ငါ့မှာ သူ့အကြောင်းထက် ပိုစိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စတွေစဉ်းစားတတ်လာတယ်..
သူဟာ... ငါဝယ်ပြီးမပေါက်လို့ လွှတ်ပြစ်ခဲ့တဲ့ ထီလက်မှတ်တစ်စောင်လိုပဲ... ငါ့အတိတ်တနေရာမှာ ကျန်ခဲ့ပြီလို့သိလာတယ်...
ဒါပေမဲ့... ငါ့မသိစိတ်တနေရာမှာတော့ သူရှိနေတုန်းပဲဆိုတာ... တစ်ခါတစ်လေ.. သူ့ကိုအိပ်မက်တဲ့ အခါငါသတိထားမိတယ်...
ဒါတွေလဲ... အချိန်ဆိုတဲ့သူနဲ့လက်တွဲပြီး ကုစားသွားလို့ရမှာပါ... ဒါလဲဒီအဆိပ်ရဲ့လက္ခဏာ တစ်ခုပဲမဟုတ်ပါလား....

ခုငါအချိန်ဆိုတာကို အဖော်ပြုပြီးနေလိုက်တာ... ငါပျော်တတ်လာပြီ... ငါသိတယ်.. ငါလွတ်ရက်နည်းလာပြီ...
ဒါပေမဲ့ ငါဒီအကျဉ်းထောင်ထဲမှာပဲ ငါပျော်နေတယ်...
ဒီနေရာမှာ... ငါ့အချစ်တွေက သုညရာခိုင်နှုန်းပဲရှိတော့ ငါ့စိတ်တွေက အေးချမ်းပေါ့ပါးနေတယ်..
နောက်ထပ်အချစ်ဆိုတဲ့ အဆိပ်ကြီးကို ထပ်သောက်မိမှာကြောက်တယ်...

ကြောက်တယ်?????????........... နောက်ထပ်ချစ်ဖို့ကိုငါကြောက်နေတယ်???
အရင်က ငါ့မှာရှိတဲ့ သုည (သို့) ၁ဝဝ ရာခိုင်နှုန်းဆိုတဲ့ အချစ်တွေက သုညမှာပဲ ရပ်တန့်နေတော့မယ်ဆိုတာ ငါသဘောပေါက်သွားတယ်...
အဲလိုငါမဖြစ်ချင်ဘူး... အရင်ကငါလို... သာမာန်လူတစ်ယောက် ပြန်ဖြစ်မှ ဒီအကျဉ်းထောင်ကငါလွတ်မှာ...
အရင်ကမိမိကိုယ်ကိုမွမ်းမံတယ်ဆိုတာ...သူ့ကိုမေ့နိုင်ရင်ရပြီထင်နေတာ...
အော်...ငါ အချစ်အကျဉ်းသား ဘဝကလွတ်မြောက်ဖို့ နှစ်တွေဘယ်လောက်ကြာအုံးမှာလဲ.....
တစ်သက်လုံးရော ငါလွတ်မြောက်ပါတော့မလား...

Monday, July 07, 2008

Guiter Hero commercial with Sexy, Hottie & Cutie



I found these Commercials of Guitar Hero in Youtube. Three different celebrities perform with same song, same posts & same clothing. They are David Cook (American
Idol Season 7 Winner), David Archuleta(American Idol Season 7 runner up), & Tom Cruise.

It was really enjoyable and I can’t stop laughing whenever I watch these video
clips.


Of course ...... Tom Cruise was hotttttttttttttt … & Sexyyyyyy … look so confident &
professional.


Yo …man ….David cook was as hot as TC & pretty cool…….. Since the song is Rock, It really suits him. He did a great job … hooray ……. David Cook (***Applause***).

Last but not least David Archuleta…. He is really really
cute kid. And he looks so shy. Although he tried his best to act, it is obvious
that he is so shy. But it makes him adorable.


No offend to David Archuleta’s fans. Personally I prefer that David Cook was the best in my eyes … ha ha ha ha :P …….. He is a greatsinger … He deserved to win American Idol & he did. He was really awesome ….I do like Archuleta. His voice is pretty clear & he has nice personalities but he still need to go long way to adapt the celebrities’ life.

Since I love Rock Genre …. David Cook is Always Be My Idol ….Enjoy below video clips & have fun.




Absolute Boyfriend (J-drama)


ခုတလော မဗေဒါလဲ ရုပ်ရှင်ကြည့်တာကလွဲလို့ ဘာမှကိုသိပ်မလုပ်ဖြစ်ပါဘူး.. ရုပ်ရှင်တောင် အားတဲ့အချိန်လေး မနဲလုကြည့်နေရတော့...ကျန်တာအတွက် အချိန်ကမလောက်ဖြစ်နေလေရဲ့.. အဲ.. ခုတော့ကြည့်ဖြစ်တဲ့၁ဝကားလောက်ထဲက ရင်ထဲစွဲပြီးကျန်တဲ့ စိတ်ကူးယဉ်ကားလေးတစ်ကားအကြောင်း ပြောပြမယ်နော်...

အဲဒိကားနာမည်က "ABSOLUTE BOYFRIEND" Japan လိုတော့ "Zettai Kareshi" လို့ခေါ်တယ်.. ဇာတ်လမ်း အကျဉ်းချုပ်လေးကတော့..စက်ရုပ်တီထွင်တဲ့ Kronos Heaven ဆိုတဲ့အဖွဲ့က "01" လို့ခေါ်တဲ့.. ပြိုင်စံရှားချစ်သူစက်ရုပ်ကို ထုတ်လုပ်ဖို့အစမ်းသပ်၅ရက်သုံးစွဲခွင့်အနေနဲ့... "Riika" ဆိုတဲ့ကောင်မလေးကို ရွေးချယ်ခဲ့ပါတယ်.. Riika ဆိုတာက ကိတ်မုန့်ကုမ္ဗဏီတစ်ခုမှာ အချိန်ပိုင်းအလုပ်လုပ်နေရတဲ့ သာမန်ရုပ်ရည်ရှိတဲ့ ကောင်မလေးတစ်ယောက်ပေါ့.. သူမရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကိုတိတ်တိတ်လေးချစ်နေလေရဲ့.... ဒါပေမဲ့ထိုသူကသူမကို ကစားနေခြင်းသာဖြစ်ခဲ့တယ်.. နောက်ပိုင်းစက်ရုံကုမ္ဗဏီက သူမကို 01 ကိုပို့လိုက်တဲ့အချိန်ကစပြီး သူမဘဝပြောင်းလဲသွားခဲ့တယ်.. ထိုစက်ရုပ်က သူမရဲ့ချစ်သူပုံစံကိုစစ်တမ်းကောက်ချိန်က သူမဖြေခဲ့တဲ့အတိုင်း..ရုပ်ရည် ခန္ဓာကိုယ်ဖွဲ့စည်းပုံ အရပ်မောင်း သွင်ပြင်တိုင်းလုပ်ထားပြီး.. စိတ်နေစိတ်ထားကိုကျတော့ သူမအကြိုက်အတိုင်း program ရေးထားတယ်လေ.. သူမကစက်ရုပ်လေးကို "Night" လို့နာမည်ပေးခဲ့တယ်.. ဒါပေမဲ့ သူမစိတ်ထဲမှာတော့ စက်ရုပ်ကိုစက်ရုပ်လို့ ပဲမြင်ခဲ့ပြီး ဘယ်လိုမှချစ်သူလို သဘောထားပေးလို့မရခဲ့ပါဘူး..
နောက်ပြီး သူမအလုပ်မှာ သူမရဲ့မန်နေဂျာ သူဌေးသားလေး Soshi ဆိုသူက သူမကိုသဘောကျနေခဲ့တယ်.. သူမကလဲ Soshi ကိုသဘောကျခဲ့တယ်... ဒါပေမဲ့သူမ မသိလိုက်ချိန်မှာပဲ ..သူမကို စက်ရုပ်တစ်ယောက်ထက်ပိုတဲ့ လူဆန်တဲ့ခံစားချက်တွေနဲ့ အမြဲသူမနားမှာရှိနေတဲ့ စက်ရုပ်ချစ်သူလေးကိုလဲ သံယောဇဉ်ခိုင်မြဲပြီးချစ်နေမိလေရဲ့.. စက်ရုပ်လေးကအစကတော့ program ရေးထားတဲ့အတိုင်းသာပြုမူပြောဆိုပေမဲ့...နောက်ပိုင်းမှာ program ထက်ပိုတဲ့အပြုအမူမျိုးတွေနဲ့ Riika ကိုနက်နက်ရှိုင်းရှိုင်း ချစ်လာတာကို တီထွင်သူသိပ္ပံပညာရှင်ကိုယ်တိုင်တောင် နားမလည်ဖြစ်ခဲ့ရတယ်... ဒီစက်ရုပ်... လူယောက်ျားနဲ့...ကောင်မလေးရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးဟာ... အဆုံးပိုင်းမှာ ဝမ်းနည်းဝမ်းသာ ချိုခါးအရသာ အစုံနဲ့..ရင်ထဲမှာစွဲနစ်ပြီး ပရိတ်သတ်ကို ဘယ်လှိုဆွဲဆောင်သွားတယ်ဆိုတာ.. မကြည့်ရသေးရင်.. ကြည့်ဖြစ်အောင် သွားကြည့်ဖို့တိုက်တွန်းချင်ပါတယ်...

Cast
Hayami Mokomichi - Tenjo Night (Tsuchiya Hikaru from Gokusen 2)
Aibu Saki - Izawa Riko (Don't know other drama of hers)
Mizushima Hiro - Asamoto Soshi (Minami senpai from Hana Kimi JP)


ခုချိန်ကစပြီး..မဗေဒါရဲ့ခံစားချက်တွေစတင်ပေါက်ကွဲပါတော့မယ်...ဟီး....
night Night NIGHT!!!!!!! အရမ်းအရမ်းကြိုက်......
ပြောမယ်ဆိုမှ ဘယ်ကဘယ်လိုစပြောရမှန်းတောင် မသိတော့ဘူး.. ပြောချင်တာတွေများလွန်းလို့.. မှတ်မှတ်ရရရှိတာတစ်ခုကတော့.. အဲဒိဇာတ်လမ်းတွဲကို အလုပ်မှာ အလုပ်လုပ်ရင်းကြည့်တာ... ဘေးကလုပ်ဖော်ကိုင်ဘက်ကပါ စိတ်ဝင်စားပြီးလာကြည့်ကြတာ.. သူပါစွဲသွားပြီး.. နောက်ဆုံးအပိုင်းမှာ ၂ယောက်သားငိုလိုက်ရတာ.. မဗေဒါကလဲ PC ဘက်မျက်နှာပေးပြီး ခိုးပြီးငိုနေတာပေါ့... သူများတွေမြင်သွားရင် ရှက်စရာကြီးကိုး... ခဏနေတော့.. သူကနောက်ကနေ.. နှပ်ရှုံ့သံတွေကြားရပါလေရော.. ကျမသိတယ်..အဲဒိလူလဲနောက်မှာ ငိုနေပြီဆိုတာ.. ရုပ်ရှင်ပြီးတော့တစ်ယောက်နဲ့တစ်ယောက် စပြီးရီလိုက်ရတာမပြောနဲ့.... အဲဒိထဲက နိုက် နေရာကသရုပ်ဆောင်သွားတဲ့ မင်းသားကိုတော့မဗေဒါတစ်ယောက်.. ၁ပတ်လောက်တော့ fall in love ဖြစ်လိုက်အုံးမယ်.. ပြီးရင်တော့သူ့ရဲ့ forever fan လုပ်မယ်.. သူ့ကို Gokusen 2 မှာတုံးက ကြည့်ဖူးတယ်.. ဒါပေမဲ့ဒီလောက်မကြိုက်ဘူး..ဒီကားမှာတော့ အသက်ကြီးလာတော့ လူကြီးဆန်ဆန်နဲ့.. တကယ့်ကိုအားကိုးလောက်တဲ့ ယောက်ျားပီပီသသပုံစံမျိုးရယ်.. ပြီးတော့သူသရုပ်ဆောင်ရတဲ့ ဇာတ်ကောင်စရိုက်ရော..ဆိုတော့လုံးဝကိုစွဲလမ်းသွားတော့တာ... မဗေဒါလဲ Riiko လိုအခွင့်အရေးမျိုးရမယ်ဆိုရင်.. အဲလိုပုံစံမျိုးနဲ့ စက်ရုပ်တစ်ရုပ်မှာပြီးပဲနေတော့မယ်.. ကိုယ့်အပေါ်လဲသစ္စာရှိတယ်.. အားလဲကိုးရတယ်...သူကခုကားထဲကဆံပင်ပုံစံနဲ့ တော်တော်လိုက်တယ်လို့ထင်တယ်... ဆံပင်ပုံစံကြောင့်ပိုကြည့်ကောင်းသွားတယ်။

နောက် လူမင်းသားကိုတော့... အရင်တုန်းကပိုစ့်တစ်ခုမှာ မဗေဒါရေးခဲ့ဖူးတဲ့ Hana kimi japan version drama မှာသိတယ်... သူ့ကိုစစတွေ့ချင်းတုံးကတော့.. Matsumoto Jun ဆိုတဲ့မင်းသားနဲ့တောင်မှားနေတာ.. နောက်မှသူကသတ်သတ်ဆိုတာသိတယ်..တော်တော်တော့တူတယ်.. သူလဲဆွဲဆောင်မှုရှိတဲ့ မင်းသားတစ်ယောက်ပဲ...ဇာတ်ကောင်စရိုက် ကောင်းကောင်းလေးတွေရိုက်ရင်နာမည်ကြီးမှာသေချာတယ်...
ဒီကားထဲမှာလဲသူ့ကိုကြိုက်ပါတယ်.. ဒါပေမဲ့စက်ရုပ်မင်းသားကို ကြိုက်တာကပိုများနေတော့...ဟဲ..ဟဲ...

အဲဒိထဲက ဇာတ်ကွက်လေးတွေကိုတော့ ပြောပြချင်ပေမဲ့လဲရှည်နေမှာစိုးလို့ ပြောတော့ပါဘူး... အောက်မှာပြထားတဲ့ youtube ကဗွီဒီယိုလေးကိုပဲ အကျဉ်းချုံး ခံစားကြည့်ကြပါ.. အဲဒိထဲကဇာတ်ဝင်တေးနဲ့ပဲ လုပ်ထားတဲ့ဗွီဒီယို အတိုချုံးလေးပါ... ခုလိုမဗေဒါရဲ့ အရေမရအဖတ်မရတွေကို အချိန်ကုန်ခံလာရောက်ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်... အဲဒိကားကိုကြည့်ဖြစ်အောင်ကြည့်လိုက်ပါ..နောင်တရမှာမဟုတ်ပါဘူး....


Monday, June 30, 2008

မရှိမဖြစ်

သူ့အကြောင်းကို ကျမ၁ဝတန်းမအောင်ခင်လောက်ကတည်းက ကြားဖူးနေခဲ့တာကြာပါပြီ.. ကြားလိုက်ရသမျှကလဲ.. သူ့ကောင်းကြောင်း တော်ကြောင်းတွေချည်းပါပဲ..ပိုက်ဆံရှိတဲ့သူငယ်ချင်းတွေဆို သူ့ကိုအားလုံးကသိကြတယ်.. ငွေတော့မက်ပုံရတယ်..
ငွေမက်ပေမဲ့သူကသူ့မာနနဲ့သူနော်... သူ့အတွက်အကုန်ခံရကြိုးနက်ရလောက်အောင်ကို တန်ရာတန်ကြေးပြန်ပေးဆပ်တတ်တယ်...ဘယ်တော့မှသစ္စာမဖောက်ဘူး..

ဒါပေမဲ့သူနဲ့ပထမဆုံးဆုံတွေ့ခဲ့ချိန်မှာတော့... ကျမတော်တော်လေးအရှက်ကွဲခဲ့တယ်.. ကျမ၁ဝတန်းစာမေးပွဲဖြေပြီးချိန် သင်တန်းတစ်ခုတက်တော့ သူနဲ့စပြီးတွေ့ခဲ့ရတာလေ...
သူကသူ့အကြော ကောင်းကောင်းမသိရင် တော်တော်ဆက်ဆံရခက်တဲ့သူပဲ...
သူ့ကိုဆက်ဆံရင် သူနားလည်တဲ့ပုံစံတိုင်း အတိအကျပြောရတယ်.. မသေမချာဆိုရင် သူက don't care ပဲ.. စိတ်တိုလို့များ သူ့ကိုထင်ရာတွေ အားလုံးစွတ်ပြီးခိုင်းလိုက်ရင်..ဘာမှမလုပ်ပေးတော့ပဲဒီတိုင်းကို ညိမ်သက်နေတော့တာ..ပြန်မပြောနားမထောင်.. တကယ်ကိုဂွစာ... သင်တန်းမှာလဲ သူကအဓိကနေရာကဖြစ်နေတော့ ကျမမှာနေ့တိုင်း သူနဲ့အခက်တွေ့နေရတော့တာပေါ့.. အတန်းထဲကလူတော်တော်များများနဲ့တော့ သူကအဆင်ပြေတယ်.. ကျမနဲ့ဆိုရင်ဘာမှကိုအဆင်မပြေဘူး... ကြာတော့အများနဲ့တစ်ယောက်ဆိုတော့ ကျမကပဲအသုံးမကျသလိုလို ဖြစ်လာတော့တာပေါ့..
သူနဲ့တူတူ ကျမစာလုပ်နေတဲ့အချိန်ဆိုရင် ကျမဘယ်လောက် ဗျာများနေနေ သူ့ပုံကတော့ဒီတိုင်းပဲ... ရုပ်တည်တယ်ပဲပြောရမလား.. အမှန်တော့သူက စည်းစနစ်ကျနပြီး သူကြိုက်တဲ့ပုံစံအတိုင်း ကျမခိုင်းတတ်ရင် လိုက်လိုက်လျှောလျှောကို လုပ်ပေးတတ်တဲ့သူစားမျိုးပေါ့.. ဘာပဲပြောပြော အဲဒိအချိန်တုံးကတော့ ကျမသူ့ကို မကြည့်ချင်လောက်အောင်ကို မုန်းခဲ့မိတယ်.. ဘာလို့လဲဆိုတော့ ဘယ်နေရာသွားသွား အညံ့စာရင်းမဝင်ခဲ့တဲ့ကျမ... သူနဲ့တွေ့မှလူတွေရီတာခံခဲ့ရလို့လေ...
ဒီလိုနဲ့ ကျမမြန်မာပြည်မှာ သူနဲ့တွေ့ရမယ့် သင်တန်းတွေကို ရှောင်နေခဲ့တယ်.. သူက အတော်လေးတော့နာမည်ကြီးသား.. ဒါပေမဲ့ကျမကတော့ဂရုမစိုက်ပါဘူး.. အဲဒိသင်တန်းကိုလဲအပြီးထိတတ်ပြီးရော.. နောက်ထပ်သူနဲ့တွေ့မှာဆိုးလို့.. ထပ်မတတ်တော့ဘူး..နောက်တော့ကျမစကာင်္ပူရောက်လာတယ်... အဲဒိမှာသူနဲ့ပြန်တွေ့ပါလေရော.. ထုံးစံအတိုင်း ကျမကလဲ သူ့ဆိုကြည့်မရတော့ သူ့အကြောင်းဆိုရင်ကို စိတ်ဝင်တစားနားထောင်ထားလေ့မရှိဘူးလေ..

ပြဿနာကစပါလေရော.. ကျမသွားလေရာနေရာတိုင်းနဲ့ တတ်ရတဲ့အတန်းတိုင်းလိုလိုမှာ သူနဲ့တူနေတယ်..သူနဲ့မတူတဲ့အတန်းတွေတောင်မှ ပရော့ဂျက်လုပ်ရင်သူ့အကူအညီကိုယူရတယ်.. မြန်မာပြည်မှာတောင် သူနဲ့မပတ်သတ်ပဲနေလို့ရသေးတယ်..စင်္ကာပူရောက်တော့ ကျမဘယ်လိုမှ သူ့ကိုရှောင်လို့မရတော့ဘူး.. ကျမဘယ်လောက်တောင်သူနဲ့မျက်နှာချင်းမဆိုင်ချင်လဲဆိုရင်...ပရောဂျက်အုပ်စုထဲက လူတွေက သူနဲ့သွားတွေ့ရမဲ့ကိစ္စခိုင်းလိုက်တော့.. ကျမမှာ stress တွေဖြစ်ပြီးငိုလိုက်ရတာမပြောနဲ့.. ကျမကသာ သူ့ကိုတဖက်သတ် ကြည့်မရနေတာ. သူကတော့မြန်မာပြည်ကတိုင်းပဲ. မျက်နှာကတသက်မှတ်ထဲပဲ.. သူချထားတဲ့စနစ်အတိုင်းသာလုပ် သူ့ဖက်ကအားလုံးကိုမညီးမညူပြန်လုပ်ပေးတယ်.. အဲလိုစိတ်ထားပြည့်ဝတာလေးကိုတော့ကျမသဘောကျမိတယ်...

"အင်းပေါ့လေ..သူကစည်းကမ်းစနစ်ကြီးတာပါ..ဒါကြောင့်မို့လဲသူထိပ်ရောက်ပြီး လူတိုင်းကသူ့ကိုအားကိုးနေကြတာ.. အမှန်တော့ ငါသူ့အကြောင်းလေးနဲနဲစုံစမ်းပြီး အဆင်ပြေအောင်ပေါင်းမှ...."

သူ့မှာသူ့လိုပဲတော်တဲ့ဘော်ဒါသူငယ်ချင်းတစ်ယောက်လဲရှိတယ်... သူတို့၂ယောက်ကိုအမြဲတူတူတွေ့ရတတ်တယ်... သူ့သူငယ်ချင်းကကျတော့ဖော်ဖော်ရွေရွေရှိတယ်.. အပေါင်းအသင်းများပြီးသတင်းစုံတယ်... သူ့ကိုကြိုက်တာမေး..သူသိသမျှအကုန်တန်းစီပြောတော့တာပဲ.. မှားတာတွေရော..မှန်တာတွေရော.. ကိုယ့်ဘာသာကိုယ်ချင့်ယုံ... သူကတော့ဘယ်ဟာမှားတယ်မှန်တယ်မပြောဘူး... သူသိတာအကုန်ပြောပြရင်သူ့တာဝန်ကျေတဲ့ပုံ...

ကျမကသူ့ထက်...နောက်မှတွေ့တဲ့သူ့သူငယ်ချင်းကိုပိုခင်တယ်...သူ့သူငယ်ချင်းက ကျမစိတ်ဝင်စားတဲ့အကြောင်းတွေမေးတိုင်း..မမောမပန်းပြောပြတတ်တယ်.. ဗဟုသုတပဲဖြစ်ဖြစ်..ရုပ်ရှင်အကြောင်းပဲဖြစ်ဖြစ်.. ပရောဂျက်အကြောင်းပဲဖြစ်ဖြစ်ပေါ့...ဒါပေမဲ့.. သူ့သူငယ်ချင်းနဲ့တွေ့ချင်တိုင်း... သူနဲ့အရင်တွေ့ရတယ်..သူကနေတဆင့်ပဲတွေ့လို့ရတယ်..

အဲ... ကျမ မြန်မာပြည်ပြန်တဲ့နေ့တွေဆိုရင်တော့ သူ့သူငယ်ချင်းနဲ့တွေ့ရခဲတယ်.. သူ့သူငယ်ချင်းကအပေါင်းအသင်းများတယ်ဆိုပေမဲ့..သူမရှိရင်မရပ်တည်နိုင်ဘူး.. သူ့ကိုတခါတလေတစ်ယောက်ထဲတွေ့ရတတ်ပေမဲ့..သူ့သူငယ်ချင်းကိုတွေ့တိုင်းတော့သူနဲ့အတူတူပဲတွေ့ဖူးတယ်...

သူတို့၂ယောက်လုံးကသူ့ဟာနဲ့သူထူးချွန်ကြတယ်..သူကသူ့ကိုသင်ပေးလိုက်ရင်၁ခါပဲ ချက်ခြင်းတတ်တယ်..ပြီးတော့သူ့ကိုတန်ရာတန်ကြေးပေးနိုင်တယ်ဆိုရင် အတိအကျပြန်အလုပ်အကျွေးပြုတယ်... သူ့သူငယ်ချင်းကျတော့.. အပေါင်းအသင်းများတဲ့အလျှောက်ဗဟုသုတစုံသလို.. မကောင်းတာတွေလဲသူအကုန်သိတယ်..တခါတလေမကောင်းတဲ့အပေါင်းအသင်းတွေခေါ်လာပြီး ခပ်အေးအေးနေတဲ့ သူ့ကိုတောင်ဖျက်ဆီးတတ်သေးတယ်.. ကျမနဲ့သူတို့၂ယောက်တဖြည်းဖြည်းရင်းနှီးလာပြီး... သူ့သူငယ်ချင်းကတဆင့်..တခြားသူငယ်ချင်းတွေနဲ့ခင်မင်ခွင့်ရခဲ့တယ်... အဲဒိထဲမှာ..အပေါ်ယံသူငယ်ချင်းတွေနဲ့တွေ့ခဲ့ရသလို.. ကျမအပေါ်တကယ်ခင်မင်တဲ့သူငယ်ချင်း၁ယောက်၂ယောက်လဲရခဲ့တယ်... ကျမအပေါ်လိမ်ညာသစ္စာဖောက်သွားတဲ့..ချစ်သူနဲ့လဲသူကတဆင့်တွေ့ခဲ့တယ်... ဒါပေမဲ့...ကျမသူတို့၂ယောက်ကိုအပြစ်မပြောပါဘူး.. ဘာလို့လဲဆိုတော့..သူတို့ကတဆင့်သာသိတာ.. အစထဲကဒီလူကောင်းတယ်..မကောင်းဘူးလဲမပြောဘူး.. နင်ဒီလူ့ကိုခင်နော်...စကားပြောပါနော်လို့လဲ.. တိုက်တွန်းတာမဟုတ်ဘူး..ကျမဘာသာကိုယ့်သဘောနဲ့ကိုယ်ယုံမိတာလေ.. ဒါပေမဲ့..ကျမပျော်ရွှင်နေနေ.. စိတ်ညစ်နေနေ..ကျမတွေ့ချင်တဲ့အချိန်တိုင်းမှာ.. ကျမအနားမှာ သူတို့ရှိနေပေးတယ်..ကျမစိတ်ပြေလက်ပျောက်သူနဲ့ဆော့ကစားလို့ရသလို...စိတ်ညစ်တာတွေကို သူ့သူငယ်ချင်းကိုပြောပြဖြစ်တယ်... သူ့သူငယ်ချင်းက ကျမစိတ်ပြေလက်ပျောက်ဖြစ်အောင် ကျမကိုရုပ်ရှင်တွေပြတယ်... အဖော်လုပ်ပေးတယ်... ပြီးတော့ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ နည်းပညာတချို့လဲပြောပြတယ်.. နောက်ပြီး.. ကျမ မသိသေးတဲ့ သူ့ကိုအသုံးချပြီးခိုင်းတဲ့နည်းတွေပြောပြတယ်.. သူ့သူငယ်ချင်းကတစ်ဆင့် သူ့အကြောင်းတွေကျမပိုသိလာရလေ သူ့ကိုပိုစိတ်ဝင်စားလေပဲ.. အရင်က သူ့သူငယ်ချင်းနဲ့တွေ့ချင်လို့သာ သူနဲ့တွေ့နေရတာလေ.. ခုတော့ ကျမစိတ်ဝင်စားတဲ့ နည်းပညာတွေသူ့အကူအညီနဲ့ လုပ်လို့ ရတယ်ဆိုတော့ သူ့ကိုပိုပိုပြီးသဘောကျလာတယ်..

အားလုံးထဲမှာ ကျမကငွေရှင်ကျေးရှင်ဆိုတော့ သူတို့ရဲ့သူငယ်ချင်းဆိုလဲဟုတ်.. အလုပ်ရှင်ဆိုလဲဟုတ်.. အရှင်သခင်ဆိုလဲကျမပဲလေ.. ကျမမှာငွေရှိနေသ၍တော့.. သူတို့ကျမကို ခွဲခွာသွားမှာမဟုတ်တဲ့ သစ္စာရှိလူယုံဆိုလဲဟုတ်တယ်.. သူ့အကြောင်းကောင်းကောင်းသိလာတော့...
သူနဲ့မျက်နှာချင်းဆိုင်ရမှာမကြောက်တော့ဘူး..ခုဆိုကျမဘဝရဲ့အချိန်တော်တော်များများကသူတို့၂ယောက်နဲ့ပဲကုန်လွန်နေပြီလေ.. ကျမသူတို့၂ယောက်ရဲ့အစွမ်းကိုသိလာလေ.. သူတို့၂ယောက်လုံးကိုပိုစိတ်ဝင်စားလာလေလေပဲ... ခုလဲကြည့်လေ..ကျမဒီပိုစ့်ကိုသူ့အကူအညီနဲ့ရေးနေပြီး... သူ့သူငယ်ချင်းအကူအညီနဲ့ ရှင်တို့ဖတ်လို့ရအောင်တင်ထားတာပေါ့.. ကျမရေးထားတဲ့အတိုင်း သူ့သူငယ်ချင်းက ရှင်တို့ကိုတသွေမတိမ်း... ပြန်ပြောပြနေပြီလေ.. အဲ သူတို့ကအမှားမခံတော့ ကျမအိမ်လိပ်စာ www.mabaydar.blogspot.com ဆိုတာလေးတော့ မမှားစေနဲ့ပေါ့နော်..ကျမဘဝမှာ ကျမမျက်နှာချင်းဆိုင်ရမှာ အကြောက်ခဲ့ဆုံးကွန်ပြူတာဆိုတဲ့အရာက... ခုတော့ကျမရဲ့တနေ့တာတွေမှာ..အိပ်ချိန်ကလွဲလို့.. သူပဲနေရာယူနေပြီလေ...

အင်တာနက်ကလဲ.. ကျမမပျင်းရအောင်ကျမကိုဖျော်ဖြေနေဆဲပဲ..ကျမစိတ်ညစ်တိုင်း... စိတ်ရှုပ်တိုင်း... အထီးကျန်ဖြစ်တိုင်း...ကျမရဲ့အချိန်တွေကိုဒီကွန်ပြူတာနဲ့..အင်တာနက်သုံးရင်း..မေ့ပျောက်ခဲ့ရတာချည်းပဲလေ...ခုချိန်မှာတော့သူတို့၂ယောက်ကကျမဘဝအတွက် မရှိမဖြစ် အရာစာရင်းထဲမှာ.. နံပါတ်၁နေရာကဗိုလ်ဆွဲနေပြီလေ....

Thursday, June 26, 2008

L from Death Note


Death Note မှာစုံထောက်မင်းသား L အဖြစ်သရုပ်ဆောင်သွားတဲ့ မင်းသားရဲ့မူလမျက်နှာကို ဘယ်လိုဖြစ်မလဲလို့စိတ်ဝင်စားခဲ့တာကြာပါပြီ..
အဲဒီကားကိုကြည့်တုန်းကလဲ အရမ်းကိုကြိုက်ရတဲ့မင်းသားပါ.. သူ့စတိုင်နဲ့အဲဒိကားထဲကသူ့ character ကိုကြိုက်တာပါ... ခါးကိုင်းကိုင်း ဆံပင်ပွပွ.. ဖုန်းကိုင်တဲ့ပုံစံကလဲကြောင်တောင်တောင်...
မျက်လုံးမှာလဲအမဲတွေဆိုးပြီး.. အချိုမုန့်တွေကြိုက်တတ်တဲ့.. အရမ်းဥာဏ်ကောင်းတဲ့ လူငယ်စုံထောက်တစ်ယောက်အဖြစ် ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်သွားပြီး ပြိုင်ဘက်မင်းသား death note ပိုင်ရှင် Light ထက်တောင်စွဲဆောင်အားကောင်းခဲ့ပါတယ်.. ရုပ်ရည်အရ Light ကပိုသာတယ်ဆိုတာ သိနိုင်ပေမဲ့သူကသူ့စတိုင်နဲ့သာသွားပါတယ်.. ဒါပေမဲ့သူ့ကိုတခြားကားတစ်ခုမှာတွေ့လိုက်ရတော့.. ကျမလုံးဝမမှတ်မိခဲ့ပါဘူး.. မိတ်ကပ် အပြင်အဆင် နဲ့ စတိုင်ရဲ့ အစွမ်းကတော်တော်လူကိုပြောင်းလဲစေပါတယ်..

Death Note မကြည့်ရသေးသူများလဲ ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းပါတယ်.. ကျမတောင်အစက ပေါကြောင်ကြောင်ကားမှတ်လို့မကြည့်ဖြစ်ပဲ..သူများတွေအပြောများလို့ ကြည့်ဖြစ်ပြီးကြိုက်သွားတာပါ.. စိတ်ကူးယဉ်ဆန်ပေမဲ့.. စုံထောက်ကားကောင်းတစ်ခုပါ...
L ရဲ့ပုံကိုဝေမျှလိုက်ပါတယ်..

Friday, June 13, 2008

My first work Of Editing on Youtube

This video is about my happiest time with my friends while i was attending YUFL.
This video is delegated to my friends who i met at UFL. I miss the old time so much. I am sure that same go to them.

Sunday, June 08, 2008

ဆင်ရေးတဲ့ပန်းချီ..

မဗေဒါတစ်ယောက်ရန်ကုန်တက္ကသိုလ်ပုံတွေ..ကံ့ကော်ပန်းပုံတွေ..စိန်ပန်းပုံတွေလိုချင်လို့..အင်တာနက်ပေါ်မှာလိုက်မွှေရင်..
မျက်စိလည်လမ်းမှားပြီး..ဆင်မှဆင်ပုံရေးဆွဲပုံဗွီဒီယိုလေးကိုမထင်မှတ်ပဲတွေ့ရှိခဲ့လို့..အဘောကျလို့အားလုံးကိုဝေမျှလိုက်ပါတယ်..

သိရသလောက်...ဒီThe Asian Elephant Art & Conservation Project (AEACP)ဆိုတဲ့အဖွဲ့ဟာပုဂ္ဂလိကအကြိုးအမျက်အတွက်မဟုတ်ပဲ..
အရပ်ရပ်မှလိုအပ်နေသူဒုက္ခသည်များနဲ့...ဆင်များတိရိစ္ဆာန်များကိုကယ်ဆယ်ရေးအတွက်ရန်ပုံငွေရှာတဲ့အဖွဲ့အစည်းတစ်ခုပါ...
တိရိစ္ဆာန်တွေကိုပန်းချီသင်ပေးပြီး..သူတို့ဆွဲတဲ့ပန်းချီတွေကိုပြန်ရောင်းပြီ...လိုအပ်သူတွေကိုကူညီဖို့ရန်ပုံငွေရှာပါတယ်..
ဆင်တင်မဟုတ်ပါဘူး..မျောက်တို့..ပန်ဒါတို့..စသည်ဖြင့်လဲ..ဆွဲတတ်ကြပါတယ်...ကျမအထင်တော့ယိုးဒယားနိုင်ငံချင်းမိုင်မှာရှိတယ်ထင်ပါတယ်...(မသေချာပါ)

ကျမဒီဗွီဒီယိုလေးကိုကြည့်ပြီး.. ကျမစိတ်ထဲကထင်မိတာလေးတစ်ခုရှိတယ်..သူတို့ဆွဲတဲ့ပန်းချီလေးတွေနဲ့အများကောင်းကြိုးလေးတွေလုပ်တယ်ဆိုတော့..
ဒီတိရိစ္ဆာန်လေးတွေတော်တော်ကုသိုလ်ရမှာပဲလို့လေ... သာဓုလဲခေါ်မိတယ်..ကလေးဆန်တယ်ပြောပြောနောင်ဘဝမှာနတ်ပြည်ပဲရောက်မယ်ထင်တယ်..
လူလူချင်းမစာမနာသတ်ဖြတ်နိုပ်စက်နေတဲ့ကာလကြီးမှာ..တိရိစ္ဆာန်တွေကတောင်သူတို့လုပ်အားလေးနဲ့အကြိုးပြုပေးနေတာသိရတော့..
စိတ်ထဲမှာဝမ်းနည်းသလိုလိုခံစားရပါတယ်.. ရှူစားကြပါ...

P.S ကံ့ကော်ပင်..ကံ့ကော်ပန်းနဲ့..စိန်ပန်းပင်..ရန်ကုန်တက္ကသိုလ်ဝန်းရဲ့ဓာတ်ပုံလေးတွေရှိရင်လဲ...မဗေဒါကိုဝေငှကြပါလို့..
နောက်ပြီး..ကံ့ကော်နဲ့စိန်ပန်းကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲမသိလို့ google မှာရှာရတာလဲအခက်တွေ့နေပါတယ်..သိရင်လဲကွန်မန့်မှာပြောသွားပေးပါနော်..



ဒါကတော့မူလ website က information ပါ..

The Asian Elephant Art & Conservation Project (AEACP) is a non-profit organization dedicated to aiding people in need and to saving the diminishing number of Asian elephants left on our planet through its work with domesticated elephants. The AEACP raises funds through the sale of artwork created by elephants in order to generate money and create awareness for the people and elephants of Asia.

The AEACP is a continuing work of art by conceptual artists, Komar & Melamid. In its creation, Komar & Melamid brought the idea of teaching elephants how to paint from US zoos to the impoverished countryside of Southeast Asia, where the much needed ban on logging in the late 80’s left the remaining few thousand elephants and their caretakers out of work. The extensive logging of the countryside and the explosion of the human population in the area led to the destruction of much of the elephants’ natural habitat, leaving them with no wild to return to. Thousands of elephants and their lifelong caretakers were left without financial support and have since been forced to beg for food on crowded city streets. The Asian Elephant Art & Conservation Project is designed to help these surviving elephants and the people that care for them. The project is grounded on the basis of art functioning as charity, or art for the betterment of people as a whole.

The idea of art as charity is a largely original concept, although based in a long line of art rhetoric. Back in the 1920’s, Russian theorist, Chuzhak, coined the term, “life building” based upon his studies of Alexandar Bogdanov’s Organizational Theory of Art, in which Bogdanov theorized that art, as with any human activity, is based upon organization. Art, Bogdanov argued, was simply the organization of colors, lines, shapes, medium, etc. Under this premise, Bogdanov claimed that art of the future would involve the actual organization of people themselves, hopefully for the betterment of those peoples’ lives.

Saturday, May 31, 2008

Are you Depressed?

မဗေဒါရဲ့ depression ကတော့ ၅၂ရာခိုင်နှုန်းပါတဲ့.. သင်တို့ရော စမ်းကြည့်ချင်သေးလား...




Your Depression Level: 52%



You seem to have mild depression.

A lot of people fall into your range, and it's quite possible you don't need treatment.

If you've been feeling this way for a while, you may want to seek help.

Sunday, May 25, 2008

ကျမနဲ့ဘလော့


ဒီပိုစ့်လေးကို... ကိုပီကေဘလော့မှာ ကျွန်တော်နဲ့ဘလော့ဆိုတာကို ဖတ်တုံးက tag ခံရဖူးပါတယ်။
ဖတ်တဲ့သူတိုင်းကို tag ထားတာပါ။ ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်ခဲ့ပါဘူး။ ကျမကကျမဘလော့မှာကျမအာရုံလာရာ randomly ရှောက်ရေးတတ်ပါတယ်။
ခုတော့ ဒီခေါင်းစဉ်လေးကို ရေးဖို့အာရုံလာပါပြီ.....ဟတ်...ဟတ်....
အာရုံလာရတဲ့အကြောင်းကတော့ တခြားမဟုတ်ပါဘူး.... ကျမဘလော့ရဲ့ခေါင်းစဉ်.. "မဗေဒါရဲ့ လျှို့ဝှက်ချက်" ဆိုတာနဲ့ပတ်သတ်နေလို့ပါ...
ဒီပိုစ့်လေးမှာ......
ကျမဘလော့စတင်ဖြစ်ပေါ်လာပုံလေးရယ်..
ကျမဘာကြောင့်ဘလော့ရေးလဲဆိုတာရယ်..
ဘာကြောင့်ဒီခေါင်းစဉ်ကိုရွေးလဲဆိုတာရယ်
ဘာကြောင့်ဒီပိုစ့်ကိုရေးဖြစ်သလဲဆိုတာရယ်... ဆိုတဲ့အချက်လေးတွေကိုပြောပြချင်ပါတယ်..
စိတ်ဝင်စားမယ်ဆိုရင်တော့ ဆက်ဖတ်ကြည့်ပေါ့နော်...

လျှို့ဝှက်ချက် စတင်ခြင်း..

ဘလော့ဆိုတာကို သိတာတော့ကြာပါပြီ... ဒါပေမဲ့ ကိုယ်နဲ့မဆိုင်သလိုပဲနေခဲ့ပါတယ်.. ဖတ်လဲမဖတ်ဖြစ်ပါဘူး..
အဲဒိတုန်းကလဲ ဘလော့ဆိုတာ တွင်တွင်ကျယ်ကျယ်မှ သိပ်မရှိသေးတာ..
၂ဝဝ၆ နိုဝင်ဘာလလောက်တုန်းက အတန်အသင့်ခင်တဲ့ အွန်လိုင်းသူငယ်ချင်းတယောက်နဲ့ စကားပြောရင်း သူကဘလော့အကောင့်ဖွင့်ခိုင်းပါတယ်..
ဘလော့ကမိုက်တယ်.. ဆန်းကြည့်ဆိုပြီးပြောလို့.. အကောင့်သွားဖွင့်ဖြစ်ခဲ့ပါတယ်... ကိုယ်ပိုင် page လှလှလေးတစ်ခုနဲ့..
ဒိုင်ယာရီလိုရေးလို့ရလို့သဘောကျပေမဲ့... ဘာရေးရမှန်းမသိပါဘူး.. တကယ်ပါ.. အဲဒိတုန်းက မြန်မာလိုရေးတဲ့ဘလော့တွေကိုလဲ မမြင်ဘူးခဲ့သလို..
တွေးတောင်မတွေးမိပါဘူး.. ဒီလိုနဲ့အလုပ်ထဲမှာအားနေတာရော... စိတ်ညစ်တာရော၂ခုဆုံသွားတာနဲ့... "what a boring day" ဆိုတဲ့ပိုစ့်တစ်ခုနဲ့ စိတ်ထွက်ပေါက်လေးရခဲ့ပါတယ်..
ဒါပေမဲ့အဲဒိနောက်ပိုင်းမအားတာရော.... ကိစ္စတော်တော်များများရှုပ်သွားတာရော.. အစထဲက စာရေးစာဖတ် အလွန်တရာမှပျင်းတာရောကြောင့်... ဘာမှဆက်မရေးဖြစ်တော့ပါဘူး..
ကိုယ့်မှာကိုယ်ပိုင်ဘလော့လေးရှိတယ်ဆိုတဲ့အသိပဲရှိပါတယ်.. မလုပ်တတ်တာလဲပါပါတယ်..
မရေးတတ်တာတောင် ကျမ background wallpaper , tamplates တွေကိုကြိုးစားပြီးပြောင်းကြည့်ပါသေးတယ်.. CSS, HTML တွေကိုလဲလုံးဝနားမလည်လေတော့..
စိတ်ရှုပ်တာပဲအဖတ်တင်ခဲ့ပါတယ်... နောက်ပိုင်းပြစ်ထားလိုက်တာ password တောင်မေ့တဲ့အထိပါပဲ... ခုထိလဲကောင်းကောင်းမလုပ်တတ်သေးပါဘူး..
Peekaboo တောင်အစကလုပ်တုန်းကရပြီး..ခုပျက်နေတာ..ပြန်ကိုမလုပ်တတ်တော့ပါဘူး..
ဒီလိုနဲ့ကျမရဲ့ဘလော့လေး ဖုတ်လိုက်ဖုတ်လိုက် စတင်မွေးဖွားရှင်သန် ခဲ့ပါတယ်...

ကျမဘလော့လေးအဆင့်တက်လာပုံ.. မြန်မာဘလော့ဖြစ်လာပုံလေးကိုပါထည့်ပြောချင်ပါတယ်...
၂ဝဝ၇ စက်တင်ဘာ အရေးအခင်းဖြစ်တုန်းက ကိုထိုက် ရဲ့ဘလော့ကတော်တော်လေးနာမည်ကြီးလာပါတယ်.. အဲဒိမှာ နောက်ဆုံးပေါ်သတင်းတွေ.. ဓာတ်ပုံတွေဖတ်ဖြစ်ပါတယ်...
အဲဒိကတဆင့် လင်းလက်ကြယ်စင်ဘလော့ကိုလဲ ပုံမှန်ဖတ်ဖြစ်ပါတယ်.. မြန်မာဘလော့တွေကို ဖတ်ရတော့ တော်တော်လေးကို ဖတ်လို့ကောင်းခဲ့ပါတယ်..
အဲဒိဘလော့တွေကတဆင့် တခြားဘလော့တွေဆီကိုပါ ကျမခြေဆန့်ခဲ့ပါတယ်.. အိုင်ဒီယာတွေ.. အကျိုးပြုတွေ.. ရသတွေ.. ဒါတွေအားလုံးဟာ ဝါသနာရှင်တွေက ရေးထားတာပါ..
ကျမမှာလဲဒီလိုလုပ်ဖို့အခွင့်အရေးရှိတယ်လို့တွေးမိတယ်.. ကျမပြစ်ထားမိတဲ့ အချိန်အတိုင်းအတာအတွင်းမှာ ဘလော့လောကကြီး ဒီလောက်ပြောင်းလဲသွားခဲ့တယ်ဆိုတာ..
"Alice in the wonder land" ရောက်နေသလို.. ယောင်လည်လည်နဲ့အံ့မခန်းပါပဲ....
အရင်ကဘာရေးရမှန်းတောင်မသိတဲ့ကျမကို ဒါတွေရေးလို့ရပါလားဆိုပြီးမျက်စိဖွင့်ပေးခဲ့တယ်..
နောက်တော့လင်းလက်ကြယ်စင်ဘလော့ ဘေးက မြန်မာဘလော့လုပ်ချင်ရင်ဆိုတဲ့လင့်လေးကနေ..
ကိုမောင်လှ.. ကိုညီလင်းဆက်.. တို့ဘလော့မှာသွားလေ့လာခဲ့ပါတယ်..
မြန်မာစာလုံးလေး ဘလော့ပေါ်မှာ မြင်ရဖို့တောင် တော်တော်လေးကြိုးစားလုပ်ယူခဲ့ရတယ်..
နောက်ဆုံး သိချင်သမျှကို ရှင်းရှင်းလင်းလင်းနဲ့တနေရာထဲမှာရနိုင်တဲ့ ကိုရန်အောင်ရဲ့ " မြန်မာဘလော့ဂါ helpdesk" ကိုတွေ့လိုက်ရတော့ရတနာသိုက်တွေ့လိုက်ရသလိုပါပဲ..
မသိတာရှိရင်လဲ Cbox မှာမေးခဲ့လို့ရသေးတယ်.. တော်တော်အသုံးဝင်ပါတယ်...
မဗေဒါရဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာဘလော့ဂါသူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ရှိကြောင်း...............


ဗေဒါ ဘာကြောင့်ဘလော့ရေးသလဲ...


ဒီအကြောင်းကိုပြောမယ်ဆိုရင်တော့.. ရှင်းပါတယ်.. မဗေဒါ သိတ်ဟန်မဆောင်တတ်ပါဘူး.. အထူးသဖြင့် ကြည့်မရတဲ့သူ.. မုန်တဲ့သူတွေဆိုရင်ပိုဆိုးပါတယ်..
ဟန်ဆောင်ပြုံးပြရမှာတောင်ဝန်လေးတတ်သူပါ.. ခုအသက်ကြီးလာတာနဲ့အမျှ လူမှုဆက်ဆံရေးမှာ တော်တော်လေးအားနည်းနေတာ ကိုယ့်ကိုကိုယ်တွေ့ရတယ်..
ပြီးတော့ကိုယ့်ကို တစ်စုံတစ်ယောက်ကလိမ်နေတာသိရင်လဲ မပြောပဲမနေနိုင်ဘူး.. မျက်နှာချင်းဆိုင်ရှင်းချင်တဲ့ လူမိုက်အလုပ်မျိုးသိပ်လုပ်ဖြစ်ပါတယ်..
ဒီတော့ကာ စစချင်း မဗေဒါဘလော့ကို ရေးမယ်ဆိုတုံးက စိတ်ကူးထဲမှာ ဘာရှိလဲဆိုတော့..... အပြင်လောကမှာ မဗေဒါ မကျေနပ်သမျှတွေ.. မကျေနပ်တဲ့သူတွေအကြောင်းတွေ.. ကိုယ်ကခင်သလောက် ကိုယ့်အပေါ်ပြန်မကောင်းတဲ့ သူငယ်ချင်းတွေ.. သစ္စာမရှိတဲ့ ချစ်သူအကြောင်းတွေ.. စသည်ဖြင့်
မဗေဒါ မကျေနပ်ချက်တွေအကုန်လုံးကို ဒီပေါ်မှာပေါက်ကွဲမယ် ဆိုတဲ့စိတ်ကူးနဲ့ပါ.. ဘလော့လောကမှာ ဒီလိုသူငယ်ချင်းတွေရနိုင်တယ်ဆိုတာ အဲဒိတုန်းကမသိသေးဘူးလေ...
မဗေဒါနဲ့ အပြင်မှာသိတဲ့သူတွေ အကုန်လုံးကို မပြောပြပဲနေမယ်ပေါ့.. အဲဒါကြောင့်လဲ "မဗေဒါရဲ့လျှို့ဝှက်ချက်" လို့ အမည်လေးကို ပေးဖြစ်ခဲ့တယ်..

ဒါပေမဲ့ မဗေဒါ ခုတော့ ရည်ရွယ်ချက်နဲနဲပြောင်းလာပြီ.. ဘလော့ရေးတော့ သူများတွေလာဖတ်ကြတယ်.. ကွန်မန့်လေးတွေ ဆီပုံးက မတ်စေ့ခ်ျလေးတွေ မြင်ရင်ပျော်တယ်..
ကိုယ့်ဘလော့လေးကို လာလည်တဲ့သူတွေကို မဗေဒါ့ မကျေနပ်ချက်တွေတင် မကပဲ.. သူတို့ကြိုက်နှစ်သက်ရာ ဖတ်သွားလို့ရအောင်.. မဗေဒါလဲ ရေးရတာဝါသနာပါတဲ့.. ပိုစ့်မျိုးလေးတွေ ရေးဖြစ်လာတယ်.. စာလာဖတ်တဲ့သူတွေကို တစ်ခုခုတော့ပေးချင်တယ်.. တသက်နဲ့တကိုယ် ကိုယ့်ကိုကိုယ်မထင်ထားတဲ့ ဝတ္တုရေးခြင်းဆိုတာကိုလဲ ခုမှစလုပ်ဖြစ်တယ်.. အမှန်အတိုင်း ဝန်ခံရရင် မဗေဒါ ဝတ္တု ၁အုပ်ကို အစအဆုံးတစ်ခါမှမဖတ်ဖူးဘူး.. အထူးသဖြင့် ဖေဖေက ငယ်ငယ်ထဲကတားမြစ်ထားတဲ့ အချစ်ဝတ္တုတွေဆို လုံးဝ မဖတ်ဖူးဘူး.. တစ်ခါတစ်လေတော့ မဂ္ဂဇင်းထဲက ဝတ္တုတိုလေးတွေ ရုပ်ပြကာတွန်းတွေနဲ့ အိမ်မှာရှိတဲ့ စုံထောက်ဝတ္တုတွေ နဲနဲကြီးလာတော့ ဖေမြင့်စာအုပ်တွေပဲ ဟိုစပ်စပ် ဒီစပ်စပ်ဖတ်ဖြစ်ပါတယ်.. စာဖတ်ခြင်းဆိုတာကို ဝါသနာမပါပင်မဲ့ အမုန်းကြီးလဲမဟုတ်ပါဘူး.. ကိုယ့်ကို တကယ်စွဲဆောင်ပြီးရေးနိုင်တယ်ဆိုရင်တော့ တကယ်သေချာဖတ်ပါတယ်.. ဖတ်ပြီးရင်လဲ ထပ်ခါထပ်ခါပြန်တွေးပါတယ်..
အပေါ်မှာပြောခဲ့သလို မဗေဒါဟာ စာဖတ်အားနည်းတဲ့သူဖြစ်တဲ့အတွက် အမှားအယွင်းရှိရင်ပဲဖြစ်ဖြစ်... အရေးအသားညံ့နေသေးရင်ပဲဖြစ်ဖြစ်...
စာဖတ်သူအားလုံးဗွေမယူကြပါစေလိုကြောင်း ကြိုတင်တောင်းပန်ထားပါရစေ... ပိုကောင်းလာနိုင်အောင်တော့ ကြိုးစားသွားမှာပါ...

ဘာကြောင့်ဒီပိုစ့်ကို ရေးဖြစ်သလဲ..


အပေါ်မှာပြောခဲ့တဲ့အတိုင်း... မဗေဒါ အပြင်မှာမကျေနပ်ချက်တွေကို အိတ်သွန်ပါမယ်ဆိုမှ... အရင်ဆုံး အိမ်မှာဘလော့ရေးတော့.. မိသားစုကစပြီးသိပါတယ်..
နောက် အရင်ကတော့ ရည်းစားကိုတော့ ဘာမှမဖုံးထားချင်လို့ပြောပြခဲ့ပါတယ်.. (မှတ်ချက်.. ခုတော့ ထိုရည်းစားမရှိတော့ပါ..) နောက်တော့.. ဘယ်လိုကဘယ်လို အရင်အလုပ်က လုပ်ဖော်ကိုင်ဖက် အကိုကြီးက တွေ့သွားလဲမသိပါဘူး... သူကနေတဆင့် အရင်အလုပ်ကသူငယ်ချင်းတွေသိသွားပါတယ်..
အခုအလုပ်မှာလဲ အလုပ်ကနေပိုစ့်ရေးရင် တွေ့ကြတော့ သူတို့လဲသိသွားပါတယ်.. အပြင်သူငယ်ချင်းတစ်ယောက်ကလဲ သူ့ဘာသူမျက်စိလည်လမ်းမှားပြီး ကျမဘလော့ကိုရှာတွေ့ခဲ့ပြန်တယ်.. ခက်တာကလဲ ဒီဘလော့ account လေးကိုဖွင့်ခါစက တစ်ခြားနေရာတွေမှာလဲ သုံးဖြစ်ခဲ့တဲ့.. ဒီမဗေဒါဆိုတဲ့နစ်လေးကို အပြင်သူငယ်ချင်းတော်တော်များများက ကျမမှန်းသိပါတယ်.. ဒီတော့.. "မဗေဒါရဲ့လျှို့ဝှက်ချက်" ဘလော့လေးက လျှို့ဝှက်ချက်မဟုတ်တော့ပါဘူး..
ခုဆို မဗေဒါ စိတ်ထဲမှာ မကျေနပ်တာရှိရင်တောင် ရေးချလို့မဖြစ်တော့ပါဘူး... ခုတလော "မဗေဒါရဲ့လျှို့ဝှက်ချက်" ကို နာမည်ပြောင်းဖို့စဉ်းစားနေပါတယ်..
လျှို့ဝှက်လို့လဲ မရတော့ဘူးဆိုတာသိပါတယ်... ဒါပေမဲ့ ဒိထက်ကောင်းတဲ့ခေါင်းစဉ်လဲ ခေါင်းထဲပေါ်မလာသေးပါဘူး..
ဒီတော့ ဒီခေါင်းစဉ်လေးကိုပဲ ဆက်လက်သုံးစွဲသွားမည်ဖြစ်ကြောင်း... သို့သော် မဗေဒါရဲ့လျှို့ဝှက်ချက်စစ်စစ်များမဟုတ်ကြောင်း...
ဒီပိုစ့်လေးရေးပြီး အသိပေးလိုက်ပါတယ်..

အားလုံးကျန်းမာ ရွှင်လန်းကြပါစေ...

Friday, May 23, 2008

နှင်းစက်ခြေရာ (၂)




ခြေရာ (၄)
"ဟဲ့ .. ငရဲ.. ပြီးခဲ့တဲ့အပတ်က ငါ့အစ်မကို တွေ့လိုက်လား.." နွေနှင်း ပြုံးစိစိနှင့် ရဲသွေးကိုမေးလိုက်သည်..

"အေး.. တွေ့တယ်ဟ.. နင့်အစ်မကနင်နဲ့ တခြားစီပဲ.. ရိုးရိုးအေးအေးလေး..မိုက်တယ်.. နင်များ.... မျက်စိကိုနောက်နေတာပဲ.."

နွေနှင်းကျိတ်၍ရယ်မိသည်.. ဒါပေမဲ့ သူမကို အမြဲ မျက်စိနောက်စရာကောင်းသည်.. ပြာကလပ်စိန်ဖြစ်နေသည်..ဆိုပြီး အကောင်းမပြောတတ်သော ရဲသွေးကို မကျေနပ်ဖြစ်မိသည်..
("ငါ့ကို အမြဲ မကောင်းပြောတဲ့ငရဲ သိမယ်.. သေဖို့သာပြင်.. ငါက နင့်ကိုသနားလို့ပြောပြမလို့.. ခုတော့ မပြောချင်တော့ဘူး..") နွေနှင်းစိတ်ထဲမှ ကြုံးဝါးလိုက်သည်..
ထိုအခိုက်ရုတ်တရက်.. ရဲသွေးမှ

"နင့်လက်ကိုပြစမ်း..."

နွေနှင်းသိလိုက်သည်.. သူမလက်တွင် အမြဲဝတ်ထားလေ့ရှိသော ကျောက်စိမ်းနှင့်ရွှေလက်စွပ်ကို ကြာသပတေးနေ့ကချွတ်ရန်သူမမေ့နေခဲ့သည်... နွေနှင်းလက်ကို နောက်တွင်ဝှက်ထားပြီး...

"ဘာလုပ်မလို့လဲ... "

"ခဏကြည့်မလို့ပါ.. ခဏပြပါ..."

နွေနှင်းအခက်တွေ့ရသည်.. သူမစထားသောကိစ္စကို သူမပြောပြလိုက်မှသိစေချင်သည်... သူဖော်လိုက်၍ သိလျှင် သူမသိက္ခာ ကျသည်.. ("ဘာလုပ်ရင်ကောင်းမလဲ.. ငါဘာလုပ်ရင်ကောင်းမလဲ...")
ရဲသွေးကလဲ...
"ပြလေဟာ.. ဟား ဟား.. နင်ငါ့ကိုနောက်နေတာမှတ်လား.. နင့်အစ်မဆိုတာမရှိဘူးမှတ်လား.. "

("ငါဘာပြောရင်ကောင်းမလဲ...ဟာ.. အကြံရပြီ.. ၁ချက်ခုတ် ၂ချက်ပြက် အကြံရပြီ..")

နွေနှင်းသူမလက်ကို ရဲရဲတင်းတင်း ထုတ်ပြလိုက်သည်..

"ဒီမှာ.. ဒီမှာ..အဲဒါဘာဖြစ်လဲ.. ငါ့လက်နဲ့ငါ့အစ်မ ကိစ္စနဲ့ဘာဆိုင်လို့လဲ.. နင့်ပဲငါက အားအားရှိစရအုံးမယ်.." နွေနှင်း ပါးစပ်မှ ရန်တွေ့ရင်းခပ်တည်တည်ပြောလိုက်သည်...

"ဟား... ဟား... ဒီမှာလေ နင့်လက်စွပ် ကြာသပတေးနေ့ကလဲ ဒီလက်စွပ်ကြီးနဲ့ပဲ.. အဲဒိနေ့ကလဲ နင်ပဲမှတ်လား.."

"အန်... ဟား ဟား.. လက်စွပ်နဲ့များဟာ.. ဒီလိုဟ.. ငါနဲ့ငါ့အစ်မနဲ့ကို ငယ်ငယ်လေးထဲက ချူချာလို့ ကျောက်စိမ်းဆောင်ရမယ်ဆိုလို့ ဆင်တူဝတ်ထားတာဟ.. အမွှာပဲဟာ.. ဆင်တူရှိတာဆန်းလား.. အင်္ကျိဆိုလဲ ငါတို့ ၂ယောက်လုံးမှာဆင်တူရှိတယ်.. သူက ဒိုက်ကောဆိုတော့ ငါ့လိုလှအောင်မ၀တ်တတ်ဘူး.. အဖွားကြီးကိုက်..." နောက်နေ့များတွင် အင်္ကျိမထပ်အောင်ဝတ်ရန် နွေနှင်းရုပ်ရှင်မင်းသမီးမဟုတ်.. အဲဒိအတွက်ပါကြိုတင်ပြောထားရမည်...

ရဲသွေးခဏတာ တွေဝေသွားသည်.. "ဒါဆို သူ့နာမည်ဘယ်လိုခေါ်လဲ.. နင်တို့၂ယောက်တွဲရိုက်ထားတဲ့ဓာတ်ပုံပြ.."

ရဲသွေး နာမည်မေးမည်ဆိုသည်ကို ကြိုတင်တွက်ထားပြီးဖြစ်သော နွေနှင်းအတွက် သိပ်မခက်ခဲပါ..

"လူကိုမယုံသင်ကာနဲ့.. အားလုံးပြောပြမယ်... ထပ်မမေးနဲ့.. ငါ့အစ်မနာမည်က မေနှင်း.. ၅မိနစ်ပဲခြားတာ.. ငါတို့၂ယောက်ကအရမ်းတူတာ.. အိမ်သားကလွဲပြီး ကျန်တဲ့သူသိပ်မခွဲတတ်ဘူး.."

နွေနှင်း ကြိုတင်စဉ်းစားပြီးသားများကို ဟန်ပါပါပြောပြလိုက်သည်..
ရဲသွေးက ယုံတ၀က် မယုံတ၀က်မျက်လုံးနှင့်ကြည့်သည်..

"နင်ကသိပ်ယုံရတာမဟုတ်ဘူး.. စစခင်ခြင်းထဲက ငါ့ကိုဖောနေတာ.. "

ရဲသွေးခုလိုပြောလိုက်တော့... နွေနှင်းမလုံမလဲဖြစ်သွားသည်.. ရဲသွေးကို ပို၍ယုံစေချင်လာသည်.. မခံချင်စိတ်ဖြင့် နွေနှင်းပါးစပ်မှလွှတ်ခနဲထွက်သွားသည်..

"မယုံဘူးလား.. ငါနဲ့ငါ့အစ်မနဲ့က basic တန်းတုံးက တူတူတတ်ဖူးတယ်.. ခုအတန်းကျမှ သူက ကြာသပတေးပဲ အားလို့၂ယောက်အလှည့်နဲ့တတ်တာ.. မယုံရင်ဆရာမကိုမေးကြည့်ပါလား.. ဆရာမအတန်းကိုတတ်ခဲ့တာပဲ.. "

"အေး.. မေးမယ်.. မယုံဘူး.. အတန်းပြီးရင်သွားမေးမယ်.."

"သွားမေးပေါ့..နင်မယုံရင်.." ခပ်ပျော်ပျော်စနောက်တတ်သော ကိုယ့်ဆရာမအကြောင်း နွေနှင်းကောင်းကောင်းသိသည်..

အတန်းဆင်းတော့ အတန်းသားများအားလုံးကုန်အောင် ရဲသွေးစောင့်နေပြီး.. ဆရာမဆီသွားကာ..

" Teacher Teacher... နွေနှင်းမှာအမွှာအစ်မရှိတယ်ဆို? အဲဒါဟုတ်လား...?" ရဲသွေးအဲလိုမေးလိုက်တော့ ဆရာမကလဲကြောင်ကြည့်နေပြီး..

"ဘာလဲသား... ဘာကိုပြောတာလဲ".. ဆရာမထိတကယ်မေးလိမ့်မည်ဟု ကြိုမတွက်ထားမိ၍ တိုင်ပင်ကိုက်မထားမိသောကြောင့် နွေနှင်းအခက်တွေ့နေရပြီ...
("အကြံရပြီ...!")..

နွေနှင်း ရဲသွေးနောက်မှကပ်လိုက်သွားပြီး.. ဆရာမနားမရောက်ခင်ခပ်လှမ်းလှမ်းမှ..

"တီချယ်ရေ..အဲမှာငရဲကသမီးမှာ အမွှာအစ်မရှိတာမယုံဘူးတဲ့.. မေနှင်းလေ.. သမီးအမလေ.. basic တန်းတုန်းကတောင် သမီးနဲ့တူတူတီချယ်အတန်းပဲတက်ခဲ့တာလေ..." စကားပြောရင်း ဆရာမကို information အကုန်ပေးလိုက်သည်..

ရဲသွေးနောက်ကျောပေးထား၍ ဆရာမကိုအချက်ပြမျက်စိမှိတ်ပြလိုက်သည်.. ဆရာမသဘောပေါက်သွားပုံရသည်.. ပြီးနောက် စိတ်ချရလောက်သောအခြေအနေရှိပြီဖြစ်၍...
နွေနှင်းလဲ...

"ငါရှိနေရင်နင်မယုံမှာစိုးလို့.. သွားတော့မယ်.. မယုံရင်နင့်ဟာနင်ပဲဆရာမကိုမေးလိုက်တော့.."

ပြောရင်းဆိုရင်းရဲသွေးကိုကျော်တက်ကာနွေနှင်းအတန်းပြင်ထွက်သွားသည်..အတန်းထောင့် နားပြန်ကပ်၍နားထောင်လိုက်ရာ...ဆရာမ၏ "ဟုတ်တယ်..သားရဲ့....." ဆိုတဲ့ထောက်ခံသံကိုကြားလိုက်ရပြီးနောက်.. နွေနှင်းပြုံးစိစိဖြင့်အိမ်ပြန်လာခဲ့သည်.. လာမည့်ကြာသပတေးနေ့တွင်လဲမေမေ့ထမိန်ငှားဝတ်ရအုံးမည်...
ဆံပင်အရှည်အတိုကိုသိမည်စိုး၍ဖြန့်ထားနေကျဆံပင်ကိုခေါက်တင်ရမည်..
ဒီတခါလက်စွပ်လိုသတိမမေ့အောင်သေချာသတိထားရမည်..အတွေးပေါင်းစုံဖြင့်နွေနှင်းကျိတ်ဝမ်းသာနေသည်..
("နောက်နေ့မှဆရာမဘာတွေပြောလိုက်လဲဆိုတာပြန်မေးရမယ်...")...............
----------------------------- ။ ---------------------------------

ခြေရာ (၅)



ထိုနေမှစ၍ ရဲသွေးအတော်လေးယုံသွားသည်.. နွေနှင်းကို၂ယောက်တွဲရိုက်ထားသော ဓာတ်ပုံတောင်းရုံမှလွဲ၍ သူအကြွင်းမဲ့ယုံသည်ဆိုသည်ကို နွေနှင်းမှန်းလို့ရသည်...
"ဓာတ်ပုံလား.. ပြမယ်.. ဒီနေ့ မေ့ကျန်ခဲ့လို့... "
အမှန်တော့ နွေနှင်းသူ့ကိုဒီလောက်ကြာကြာ စဖို့စိတ်ကူးမရှိ... ဒီလောက်သူယုံလိမ့်မည်ဟုလဲမထင်.. အဘယ့်ကြောင့်ဆိုသော်.. နွေနှင်း၏စကားများတတ်သောအကျင့်ကို သူသေချာကြည့်လျှင်တွေ့နိုင်သည်... နွေနှင်းအတွက် ကြာသပတေးနေ့တွင် ပုံမှန်ထက်ထူးခြားလုပ်ရခြင်းဟူ၍ လုံချည်ဝတ်.. ဆံပင်စည်းကာ အတန်းတွင်းရောက်လျှင် သူ့ကိုစကားမပြောပဲ မသိချင်ယောင်ဆောင်နေရုံပင်ဖြစ်သည်..
နွေနှင်းအတွက် သိသိသာသာမပြောင်းလဲသော်လဲ.. ကြာသပတေးနေ့များတွင် ရဲသွေးတစ်ယောက် သာမန်ထက်ပို၍ သပ်သပ်ရပ်ရပ်ဝတ်စားလာတတ်သည်ကိုတော့ တဖြည်းဖြည်းသတိထားမိလာသည်.. တနလာင်္ အင်္ဂါ ဗုဒ္ဓဟူးနေ့များတွင် နွေနှင်းအား မေနှင်းအကြောင်းများမေးတတ်သည်..



တခါတရံ စသလို နောက်သလိုဖြင့် မေနှင်းကို သူသဘောကျသည် အောင်သွယ်ပေးရန်ပြောတတ်သည်.. ထိုသို့ပြောတိုင်း နွေနှင်း သူ့ကို စကားကောင်းကောင်းမပြောချင်.. သူမေးဖန်များလာတော့ နွေနှင်းစိတ်ရှုပ်လာသည်..

"မေနှင်းလား.. သေပြီ..." ဟုဘုပြန်တောတတ်သည်..

အိမ်ကို ဖုန်းဆက်တိုင်းလဲ.. နွေနှင်းနဲ့ဖုန်းပြောတိုင်း မေနှင်းဘာလုပ်နေလဲဟုမေးတတ်သည်..
မေးတိုင်းလဲ..
"မေနှင်းလင်နောက်လိုက်သွားပြီဟာ.. မမေးနဲ့တော့.. ရှိတော့ဘူး.. ငါ့ကိုခင်လိုဆက်တာမှမဟုတ်တာ.. သူ့အကြောင်းသိချင်လို့ ဆက်ရင် နောက်.. ငါ့ဆီဖုန်းမဆက်နဲ့"

"နင်ဟာလေ.. မိန်းကလေးဖြစ်ပြီး နင့်အစ်မလို သိမ်သိမ်မွေ့မွေ့ ကိုမရှိဘူး.. " ဟု နှိုင်းယှဉ်ပြီး အပြစ်ပြန်ပြောတတ်သည်..

တခါကတော့ သူပြောတာကို နားညီးလွန်း၍ အိမ်ကို အလည်ရောက်နေသော ညီမတ၀မ်းကွဲနှင့် မေနှင်းဆိုပြီးဖုန်းပြောခိုင်းလိုက်ရသည်..
ညီမလေးကို ဘာပြောလဲလို့မေးကြည့်တော့.. ဘာမှမပြောဘူး.. နွေနှင်းနောက်နေတာ..ဘာမှမဟုတ်ဘူးဆိုပြီး.. ငြိမ်နေတယ်ဟုပြောသည်..
သို့သော် ရဲသွေး မေနှင်းအကြောင်းကို မေးတိုင်း နွေနှင်းစိတ်ထဲတွင် ကသိကအောင့်ဖြင့် မနာလိုစိတ်လိုလိုဖြစ်မိသည်.. သူမထက် သူမဖန်တီးထားသော မေနှင်းကိုပို၍ စိတ်ဝင်စားနေသော ရဲသွေးကိုလဲမကျေနပ်ဖြစ်မိသည်..
မေနှင်းအနေဖြင့်လာသောနေ့များတွင် ရဲသွေး၏ အကြည့်များကို ကျိတ်၍ကျေနပ်မိသည်.. ထိုနေ့များတွင် သူနှင့်တခါတရံ စကားပြောရန်ကျလျှင် သူ၏ ရှက်သလိုလိုဖြစ်နေသောပုံကို နွေနှင်းသဘောကျမိသည်.. နွေနှင်းအဖြစ်လာလျှင် သူ၏ သာမန်ပုံစံကို ကောင်းကောင်းသိထားသော နွေနှင်းအဖို့ မေနှင်းနှင့်သူစကားပြောလျှင် သူ၏ပြောင်းလဲမှုများကို ကောင်းကောင်းသတိထားမိသည်..
မေနှင်းကို သူမအားကျသည်.. မနာလိုဖြစ်သည်..

("မေနှင်းဆိုတာလဲ ငါပဲ.. နွေနှင်းဆိုတာလဲ ငါပဲ.. မေနှင်းကိုကြည့်တာလဲငါ့ကို ကြည့်တာနဲ့တူတူပဲလေ") လို့ ကိုယ့်ကိုကိုယ် စိတ်ဖြေပြီးတွေးမိတိုင်း ရှက်လဲရှက်သည်.. သိမ်ငယ်စိတ်လဲ ဖြစ်မိသည်..

မေနှင်းကို ကြည့်သော အကြည့်မျိုးကို နွေနှင်းအနေဖြင့် အကြည့်ခံချင်လာသည်..
တခါတရံ.. ကြာသပတေးနေ့တွင် မေနှင်းကဲ့သို့ ၀တ်ဆင်လာပြီး.. ရဲသွေးနှင့် လှေကားအတက်၌ ဆုံလျှင် ရဲသွေးက နှုတ်မဆက်ပဲတက်သွားတတ်သည်..
သို့သော် နွေနှင်းစိတ်ထဲမှ ရဲသွေးထူးခြားနေသည်ကို ခံစားလို့ရသည်.. အရင်က ရဲသွေးကို ယောင်္ကျားတစ်ယောက်အဖြစ် ထိုကဲ့သို့ နွေနှင်းမခံစားဖူး..
တချို့ ကြာသပတေးနေ့တွင် ရဲသွေး ၀တ်ကောင်းစားလှဝတ်လာလျှင် အမြင်ကပ်ကပ်ဖြင့်...

" ဟဲ့.. ငရဲ.. ငါ့ကိုတောင်မခေါ်ဘူး.. နင်က ဘာဖြစ်နေတာလဲ.. "

"ဟာ.. နွေနှင်း ငါက နင့်အစ်မမှတ်လို့.. နင်က ဘယ်လိုဖြစ်ပြီး လုံချည်နဲ့.. ဆံပင်တွေဘာတွေ စည်းလာတာလဲ.. ဒီနေ့ကြာသပတေးလေ.. နင့်အစ်မမလာဘူးလား " ပြောရင်း နောက်ကို မျှော်လင့်တကြီး ရှာနေသည်..

" ငါ့အစ်မ မအားလို့.. ငါပဲလာတာ.. တမင်နင့်ကိုနောက်ချင်လို့ ဒီလိုဝတ်လာတာ.. ဘာလဲ ငါလာတာများတော်တော်စိတ်ပျက်သွားတဲ့ပုံနဲ့ "

"အေးဟာ.. နင့်တွေ့ရတာ တော်တော်စိတ်ပျက်တယ်.. ဟား.. ဟား... ငါ့မှာ ၄ရက်မှာ ၁ရက်ပဲ သူ့ကိုတွေ့ရတာ.. ဒီမျက်နှာကြီးမမြင်ချင်ပါဘူး.. "

"သေနာ.. မမြင်ချင်လဲ သေလိုက်ဟာ.. " ဟုနွေနှင်းပြောပြီး ခြေစောင့်ကာ ရဲသွေးအားတွန်း၍ လှေကားကို ပြေးတက်သွားသည်..

ရဲသွေးကို ဟန်ဆောင်ပြန် ရန်တွေ့လိုက်သော်လဲ နွေနှင်း စိတ်ထဲတွင် ၀မ်းနည်းမိသည်..
အမှန်အတိုင်းပြောပြလိုက်ချင်သည်.. သူမပြောပြလိုက်လို့.. နောက်ဆို ၄ရက် ၁ခါတောင် ရဲသွေးရဲ့ အကြည့်နွေးနွေးတွေကို မရမှာ စိုးရိမ်မိသည်.. ရဲသွေးစိတ်ဆိုးမှာလဲ စိုးသည်.. ရဲသွေးစနောက်ကာပြောသောစကားထဲတွင် မေနှင်းကို တွေ့ချင်တာ အမှန်ဆိုတာကို သူမခံစားလို့ရသည်..
သူမ၏ ရန်တွေ့လိုက်သော စကားတွင် သိမ်ငယ်စိတ်နှင့် မနာလိုစိတ်ပါနေသည်ဆိုတာကိုရော ရဲသွေးမှ သိပါလေစ...

-------------------------------- ။ ---------------------------------------
ခြေရာ (၆)

ဒီနေ့ နွေနှင်းစိတ်တွေလေးနေသည်.. အကြောင်းရာ တခုခုကို သူမ လေးလေးနက်နက်ဆုံးဖြတ်ရတော့မည်.. ဒီနေ့ သင်တန်းနောက်ဆုံးနေ့... ကြာသပတေးနေ့.. ဘာလိုလိုနဲ့ မေနှင်းဆိုသည့် စိတ်ကူးယဉ်လူသားတစ်ယောက် ရှိခဲ့သည်မှာ ၂လနီးပါးရှိခဲ့ပြီ...
မေမေ့ဘီရိုကို ဖွင့်ရမလား.. သူမဘီရိုကိုပဲဖွင့်ရမလား.. သူမစိတ်ထဲတွင်တော့ သူမကို နွေနှင်းအနေဖြင့်သာ လက်ခံစေချင်သည်မှာ အမှန်တကယ်..
နွေနှင်း အနေဖြင့် သင်တန်းနောက်ဆုံးနေ့တွင် ရဲသွေးရဲ့ အကြည့်နွေးနွေးတွေကို လိုချင်မိသည်.. ရဲသွေးကို မေနှင်းနှင့်ပတ်သတ်၍ ပြောရသည့်အချိန်တိုင်း၌ အပြစ်ရှိသလိုခံစားရသည်.. ကသိကအောင့်ဖြစ်မိသည်.. သူမ ၏ အချစ်ပြိုင်ဘက်သည်.. သူမကိုယ်တိုင်ဖြစ်နေအောင်.. သူမကိုယ်တိုင်ပင် ဖန်တီးခဲ့ခြင်းအတွက်.. သူမကိုသူမပဲ အပြစ်တင်မိသည်..

("နင့် နှလုံးသားပေါ်က နှင်းစက်တစ်ခုရဲ့ ခြေရာကောက်ကြောင်းအတိုင်း နင်လိုက်လာလို့ အဆုံးမှာ ငါ ရှိနေတယ်ဆိုရင် နင်လက်ခံမှာလား ငရဲ ရယ်")....



သူမဗီရိုကိုဖွင့်လိုက်သည်.. အင်္ကျီတစ်ထည်ကိုယူဝတ်လိုက်သည်.. သူမ စထားမိသော ဇာတ်လမ်းအတွက် အကျိုးဆက်ကို သူမရဲရဲခံယူဝံ့ရမည်... သူမ၏ တွေဝေမှုတွေကြောင့် သင်တန်းဆင်းပွဲအထိတောင် ရောက်ခဲ့ရပြီ.. ရဲသွေး၏ ခံစားချက်ကိုနားလည်သည်.. သူမ၏ အတ္တတစ်ခုကြောင့် ရဲသွေး၏ မေနှင်းစွဲလမ်းမှုရောဂါပိုဆိုးလာမည်ကို မလိုလား... ထို့အတွက် ဒီနေ့ သူမရဲသွေး၏ ဆုံးဖြတ်ချက်ကို ကျေနပ်စွာလက်ခံရမည်.. မျှော်လင့်ချက်ဖြင့် သူမ အကောင်းဘက်က တွေးရင်း.. ကိုယ့်ကိုကိုယ်အားပေးမိသည်...
(" မေနှင်းနဲ့ ငါနဲ့ကတကယ်တော့တူတူပဲဟာ.. သူသိသွားရင်လဲ.. ........ဟင်းးးးးး")

ဗိုလ်ကလေးဈေးလမ်းကို ချိုးဝင်လိုက်တယ်ဆိုရင်ပဲ.. တီရှပ်အင်္ကျီ အဖြူ နှင့် ပုဆိုးကို သပ်သပ်ရပ်ရပ်ဝတ်ကာ Y.E.S တိုက်အောက်တွင် ရပ်နေသော ရဲသွေးကို တွေ့လိုက်ရသည်.. သူ နွေနှင်းကို မြင်တော့ ပုံမှန်းအတိုင်း ရီ၍လက်ပြသည်..
"နင်လာတာနောက်ကျတယ်နော်.. ငါက နင်မလာဘူးမှတ်နေတာ.. သင်တန်းနောက်ဆုံးနေ့လေးတော့ ၂ယောက်တူတူလာတာဟုတ်ဘူး"

"အေး..နဲနဲနောက်ကျသွားတယ်.." နွေနှင်း အားအင်တွေယုတ်လျော့နေသည် ဘယ်ကဘယ်လို စပြောရမှန်းမသိ...

"ငါ.. ငါ... နင့်ကိုပြောစရာရှိတယ်.. နင်စိတ်မဆိုးစေချင်ဘူး".. နွေနှင်း ထစ်ထစ်အအ ဖြင့်စကားစလိုက်သည်..

"အေး.. ပြောစရာရှိနောက်မှပြော.. ငါလည်း ဒီနေ့ ကိစ္စတစ်ခုကို သေချာသိပြီးရင် လုပ်စရာရှိတယ်.. ခုတော့ အတန်းနောက်ကျနေပြီ.. သွားမယ်လာ.. "

နွေနှင်းပြောမထွက်ခဲ့... သူ့နောက်မှ ခေါင်းငိုက်စိုက်ဖြင့်လိုက်သွားသည်.. အတန်းနောက်ဆုံးနေ့ဖြစ်၍ ဂိမ်းများ ကစားကြ ပစ္စည်းများလဲကြဖြင့်.. မပျော်နိုင်သူက နွေနှင်း.... အနည်းဆုံးတော့ သူငယ်ချင်းတစ်ယောက်မဆုံးရှုံးချင်...
သူမကို မေနှင်းကဲ့သို့ ခံစားချက်မျိုးဖြင့် လက်ခံမည်ဆိုက အတိုင်းထက် အလွန်ဝမ်းသာမိမည်..
သင်တန်းဆင်းပွဲအစပိုင်းတွင်သာ ရဲသွေးကို တွေ့လိုက်သည်.. ခဏနေတော့ သူ့ကို ရှာမတွေ့တော့.. နွေနှင်းလိုက်ရှာနေမိသည်..
နောက်ဆုံး အတန်းပြင် ဆရာမများနားနေရာနေရာ၌ ရဲသွေးကို ဆရာမနားကပ်၍ သဲကြီးမဲကြီး မေးနေသည်ကိုတွေ့လိုက်သည်..
ဆရာမလဲ အတန်းထဲက ထွက်လာသော နွေနှင်းကို မြင်လိုက်သည်နှင့်

"ကဲ.. သူ့ကိုသာမေးကြည့်လိုက်တော့ သားရေ.." နွေနှင်းဘက်လှည့်ကာ.. "သမီးရေ.. မေနှင်းတကယ်ရှိမရှိဆိုတာ.. "..
နွေနှင်းကြောက်သည်.. ဒါပေမဲ့ ပြောမှဖြစ်မည်.. သူမစိတ်ထဲ၌ ရှိနေတာတွေကို ရဲသွေးသိသွား၍ သူမကို အထင်သေးမည်စိုးသည်..
နွေနှင်း ဟတ်ဟတ်ပတ်ပတ် ရီချင်ယောင်ဆောင်လိုက်သည်..

"ဟား.. ဟား.. နင်ကလဲ.. ဘာများလဲလို့.. မေနှင်းဆိုတာဘယ်သူလဲ... သိတောင်မသိဘူး.. ဟား.. ဟား.. နင့်ကို ငါနောက်ထားတာ.. တကယ်ယုံတာကို.. တကယ်ကြီးကိုယုံတော့တာပဲ.. တုံးတာက.. နေပါအုံး.. ခုမှဘာလို့ဒီလောက်သေချာသိချင်နေတာလဲ"

ရဲသွေး ဘာမှပြန်မပြောနိုင် .. သူတော်တော်လေး ခံစားသွားရပုံများသည်.. နွေနှင်း စိတ်ထဲမှ ပြင်းပြင်းပြပြ တောင့်တနေမိသည်.. ရဲသွေးရဲ့ အကြည့်နွေးနွေး...
ရဲသွေး၏ စက်ဆုပ်မုန်းတီးမည့် မျက်လုံးမျိုးကို ရနိုင်သည်ကိုလဲ နွေနှင်းကြိုတွေးထားမိသည်.. ထိုတခဏတာသည် နွေနှင်းအတွက်တော့ မျှော်လင့်ခြင်းများနဲ့စောင့်စားနေရသည့် ရာစုနှစ်တခုကဲ့သို့ကြာသည်ထင်ရသည်..
သို့သော် သူမတွေ့လိုက်ရသည်က ရဲသွေး၏ စိတ်ပျက်အားလျော့သွားသော မျက်လုံး နဲ့.. သက်ပြင်းရှည်ကြီးတစ်ခုအဆုံး၌

"နင်ဟာ...... "

သူ နွေနှင်းကို ဘာမှဆက်မပြော ခေါင်းငိုက်စိုက်ဖြင့် ထထွက်သွားသည်.. နွေနှင်း ဘာပြောရမှန်းမသိ.. ဘယ်လိုအားပေးရမလဲမသိ..
ဆရာမက "သား.. ဒီမှာ သား စီဒီကျန်ခဲ့ပြီ.." သူ မကြားနိုင်တော့... နွေနှင်းကြည့်လိုက်တော့ စီဒီတချက်..
"သမီးလိုက်ပေးလိုက်မယ် တီချယ်.. "

"အင်း.. ဒီပေါ်မှာတော့ မေနှင်းအတွက်လို့ရေးထားတယ်.. ဒီတော့ သမီးအတွက်ပဲပေါ့.. စိတ်ဆိုးသွားတယ်ထင်တယ်.. သူငယ်ချင်းကို လိုက်ချော့လိုက်အုံး.."



ထိုနေ့က ရဲသွေးကို နွေနှင်းရှာမတွေ့တော့.. နောက်ရက်များတွင် ဖုန်းခေါ်သော်လဲ ရဲသွေးနှင့်မတွေ့.. သူခံစားရသလို နွေနှင်းလဲခံစားနေရသည်ဆိုသည်ကို သူကတော့မသိနိုင်.. နွေနှင်းက တော့ သူမအပြစ်နှင့်သူမ ၂ယောက်စာခံစားနေရသည်.. ရဲသွေး မေနှင်းအားပေးမည့် စီဒီထဲမှ သီချင်းများကို နားထောင်မိတိုင်း နွေနှင်းငိုမိသည်.. ရဲသွေးရဲ့ နှလုံးသားခံစားချက်များနှင့် မြတ်မြတ်နိုးနိုးချစ်၍ ရွေးထားသော သီချင်းတွေပါလားဟုတွေးမိတိုင်း နာကျင်မိသည်... ရိုးသားနုညံ့သော နှလုံးသားတစ်စုံကို မရည်ရွယ်ပဲ သူမ ပျောက်ကြားစစ်တိုက်သလိုဖြစ်ခဲ့သည်.. ထိုသို့ဆိုလျှင် ဤတိုက်ပွဲတွင်၂ဘက်လုံး စစ်ရှုံးခဲ့သည်.. စစ်ပွဲကို စတင်မိသော သူမသာလျှင် စစ်လျှော်ကြေးအနေဖြင့် သူငယ်ချင်းတစ်ယောက်ပါ ဆုံးရှုံးခဲ့ရသည်.. သူ ၏စိတ်ထဲ၌ မေနှင်းနေရာတွင် သူမအစားထိုးမ၀င်နိုင်မှန်း သူမ တဖြည်းဖြည်း ကောင်းကောင်းသဘောပေါက်လက်ခံလာသည်..

------------------------- ။ --------------------------
နောက်ဆုံး ခြေရာ (သို့) ခြေရာ (၇)




သူမ နေ့တိုင်း ရဲသွေးကို ဖုန်းခေါ်ခဲ့သည်မှာ.. ၁ ပတ်လောက်ပင်ရှိခဲ့ပြီ... ၁ရက် သူမဆီကို ဖုန်းလာသည်..
"ဟလို..."
"ဟာ... ငရဲ... နင်.. ငါ့ဆီနင်ဖုန်းဆက်တယ်??? ...ငါ့ကို စိတ်ဆိုးနေတာလား..?? ငါဟိုနေ့တွေတုံးက နင့်ဆီဆက်တယ်.. နင်နဲ့မတွေ့ဘူး.. ငါ့တောင်းပန်ပါတယ်ဟာ.. စိတ်မဆိုးနဲ့နော်... "
"ရပါတယ်ဟာ... စစချင်းတော့ စိတ်ဆိုးတာပေါ့ ခုတော့မဆိုးတော့ပါဘူး.. နင့်အပြစ်မှမဟုတ်တာ... ဒါပေမဲ့ဟာ.. နဲနဲတော့ခံစားရတာပေါ့.. ငါကိုက တုံးခဲ့တာပါ"
("အော်... မေနှင်းနဲ့ ပတ်သတ်တဲ့ကိစ္စက ငါ့အပြစ်မဟုတ်ဘူးတဲ့လား.. နင့်စိတ်ထဲမှာ ငါနဲ့ မေနှင်းဆိုတဲ့ ငါ့ကိုယ်ပွားက အဆင့်တော်တော်ကွာတယ်နော်... ငါက နင့်အတွက် စိတ်ဆိုးရလောက်အောင်တောင် အရေးမပါဘူးတဲ့လား ဟယ်..")
နွေနှင်း အသံကို ပုံမှန်အသံမျိုးထိန်းကာ....
"အဲလိုလဲ ဟုတ်ပါဘူးဟာ.. နင်မယုံလို့တောင် နောက်ဆုံးနေ့အထိ မေးနေသေးတာပဲ.. "

"ဒါတွေထားလိုက်ပါတော့ဟာ.. ငါ YES က IELTS အတန်းတက်မလို့.. နင်တက်အုံးမလား.. အဲဒါပြောမလို့.. "
ရဲသွေးခုလို သူမကို သင်တန်းတက်ရန်ခေါ်သောကြောင့် သူမ၀မ်းသာသည်.. အမှန်တော့ ရဲသွေးသည် သူမထင်ထားမိသည်ထက် ပို၍ တည်ကြည်သည် ယောင်္ကျားဆန်သည်.. သူမကို ခွင့်လွှတ်တဲ့အတွက် သူမ၀မ်းနည်းဝမ်းသာဖြစ်ရသည်.. ရဲသွေးနှင့် နောက်တစ်ခါ ဒီလိုအဖြစ်မခံနိုင်.. သူငယ်ချင်း သာလျှင် အဖြူစင် အခိုင်မြဲဆုံး ဆက်ဆံရေးဖြစ်သည်..
"အေး.. တက်မှာပေါ့... ဘယ်နေ့ဖွင့်မှာလဲ.. "

ထိုသို့ဖြင့် နောက်ထပ်သင်တန်းတစ်ခုတူတူတက်ဖြစ်ကျသည်... ရဲသွေး၏ အကြည့်နက်နက်တွေကိုတော့သူမဘယ်တော့မှပြန်မရတော့..
ရဲသွေး၏ စိတ်ထဲ၌ မေနှင်းဆိုသော ကောင်မလေး အမြဲစိုးမိုးနေသေးသည်ကို နွေနှင်းတခါတလေ စကားပြောကြည့်တိုင်းသိနေသည်..
"ဟဲ့.. ငါမနက်ဖြန်မနက် ငါ့သူငယ်ချင်းတွေနဲ့ဘုရားသွားချင်လို့်.. .. နင့် ကားအားရင် လိုက်ပို့ပါလား.. မုန့်ကျွေးမယ်လေ.. "
"အာ... ပို့ပေးပါဘူး ဟာ.. ငါမထနိုင်ဘူး"
"နင်နော်.. ငါ မေနှင်းအိုက်တင်နဲ့ နင့်ကို ပြောလိုက်ရမလား.. ဒါမှပို့ပေးမယ်ထင်တယ်.. " နွေနှင်း ရီ၍စလိုက်သည်..
ရဲသွေး မျက်နှာ ရုတ်တရက်ပျက်သွားပြီး... ခဏနေမှ ပြုံးကာ...
"အေးပါ... မေနှင်းဆိုလို့ကတော့ပြောစရာကိုမလိုဘူး.. အေး.. မေနှင်းပုံစံတော့မလုပ်နဲ့.. စိတ်မထိန်းနိုင်ရင် ဖတ်နမ်းပြစ်မှာ.. ကဲပါ လိုက်ပို့ပေးမယ်.. မေနှင်းဆိုတာကိုတော့ ထပ်မပြောနဲ့တော့.. မနက်ဖြန် ဖုန်းဆက်ပြီးနှိုးလိုက်.." သူပြောပြီး မျက်နှာလွှဲသွားသည်..

သူမ.... နှင်းစက်တစ်ခုဖန်တီးကာ ရဲသွေး၏ နှလုံးသားတွင်း၌ ခြေရာချန်ရစ်ခဲ့မိသည်..
ထိုနှင်းစက်ခြေရာများအတိုင်း လှမ်းလျှောက်လာခဲ့သော ရဲသွေးဆိုသည့် ကောင်လေး၏ ခြေရာများမှာလဲ သူမနှလုံးသားပေါ်တွင် ပျောက်ပျက်တော့မည်မဟုတ်... ၂ယောက်ထဲသာရှိသော ၃ ပွင့်ဆိုင်ဇာတ်လမ်းတွင် သူမ၏ ပြိုင်ဘက်သည် သူမကိုယ်တိုင်ဖြစ်နေပြီး.. ဤပြိုင်ပွဲကို သူမဘယ်တော့မှ ပြန်မနိုင်နိုင်တော့..
ရဲသွေး၏ ကြည်လင်သော အကြည့်တွေဖြင့်သာ.. သူမ ရိုးသားရောင့်ရဲစွာ ရင်ခုန်တော့မည်.....
ယခင်က ရဲသွေးကို သိမယ်ဟု ကျိတ်ပြီး ကျုံးဝါးခဲ့သော နွေနှင်း ယခုတော့ သူမဟန်ဆောင်မှုများ၏ တန်ပြန်မှုများကို အပြည့်အ၀ခံစားရမည်..
("အော်.. လောကမှာ ဟန်ဆောင်သူတွေဟာ ဟန်ဆောင်နေတဲ့ အချိန်မှာရော.. ပြီးဆုံးသွားတဲ့ အချိန်မှာပါ ၂ခါပူလောင်ရတဲ့သူတွေပါလား.. ")
သူမ၏ဟန်ဆောင်မှုများကြောင့်... ကံကြမ္မာက ယခုထိသူမကို ဒဏ်ခတ်ကာ ခံစားချက်များကို ဟန်ဆောင်မြိုသိပ်သွားရတော့မည်....

---------------------------------- ပြီးပါပြီ ---------------------------------

စာရေးသူဆုတောင်း ။ ။ ဟန်ဆောင်ကင်းသော ချစ်ခြင်းများဖြင့် ဆုံစည်းနိုင်ကြပါစေ...

Sunday, May 18, 2008

နှင်းစက်ခြေရာ (၁)


ခြေရာ(၁)

"မေမေရေ.. သမီးဒီလုံချည်လေး ဒီနေ့ဝတ်မယ်နော်... ခဏငှား..."
နွေနှင်းခွင့်တောင်းသောအချိန်တွင် လုံချည်ကပင်သူမခါးပေါ်ရောက်ပြီးသားဖြစ်နေပြီ..

"အော်.. ဒီကောင်မလေးနဲ့.. အမြဲတမ်းရှက်ပြာ ရှက်ပြာနဲ့.. လုံချည်မဝတ်စဖူး ဝတ်လို့.. ထူးတော့ထူးခြားနေပါလား.. တခုခုတော့တခုခုပဲ.."
မိခင်ဒေါ်ဝေဝေ ရောက်ရက်ခက်နေသူ သမီးနွေနှင်းကိုကြည့်ကာ ပြောလိုက်ချင်းဖြစ်သည်..

"အား.. နောက်ကျနေပြီ.. အမြန်လုပ်မှ" ခေါင်းကိုစည်းကာညှပ်ကလစ်ဖြင့်ညှပ်ရင်း နာရီကို မော့ကြည့်၍ ကဗျာကရာဖြင့်သူမ သင်တန်းသွားရန်ဟန်ပြင်လိုက်သည်..

"ဟဲ့.. ဟဲ့ ဒါကဘယ်လိုပုံဖြစ်နေတာလဲ.. လုံချည်နဲ့.. ခေါင်းကလဲ ဆံပင်ကြီးတင်ပြီးတော့.. လူကြီးပုံဆန်ကြီး.. ပြဿနာတော့ရှာမလာနဲ့နော်"

"ဟုတ်ကဲ့ပါ.. ခုတော့သွားတော့မယ်နော်... မွ.. မွ.." ပြောပြောဆိုဆို နွေနှင်းအိမ်မှထွက်လာပြီး သင်တန်းရှိရာ ဗိုလ်ကလေးဈေးလမ်းသို့ ဦးတည်လိုက်သည်..

သူမသည် အစအနောက်အလွန်သန်သည်.. တခါတလေ အတည်ပေါက်နဲ့စတတ်သည်.. စကားအလွန်များသည်.. တစက်ကလေးမှ ငြိမ်ငြိမ်မနေတတ်.. သူမကိုကြည့်လျှင်အမြဲပေါ့ပါးလွတ်လပ်နေတတ်သည်.. ခေတ်နဲ့အညီ ဝတ်စားတတ်သည်.. သူငယ်ချင်းများက သူမကိုခင်မင်ကြသလို.. ဆရာ ဆရာမများကလဲ ချစ်ခင်ကြသည်.. ယခုလဲ သူမ မထင်မှတ်ပဲစထားမိသော ကိစ္စတစ်ခုကြောင့် ကြာသပတေးနေ့တိုင်း သူမ ဝတ်လေ့မရှိသောထမိန်ကိုဝတ်.. ဆံပင်ကိုလှန်တင်ကာ ရိုးရိုးအေးအေးမမကြီးပုံဖမ်းကာ ထွက်ရတော့မည်ဖြစ်သည်.. မနေ့က မထင်မှတ်ပဲ စရန်စက်ကွင်းထဲဝင်လာသော ရဲသွေး အဖြစ်ကိုတွေးကာ နွေနှင်းရီချင်နေမိသည်..

------------------------- ။ ----------------------------


ခြေရာ (၂)


ရဲသွေးနှင့် စတင်သိသောနေ့ကိုမှတ်မှတ်ရရရှိသေးသည်... Y.E.S speaking သင်တန်းကို Intermediate class ထိပြီးဆုံးအောင်တတ်ထားပြီးသော်လည်း.. ဆရာမနှင့်ခင်မင်သောကြောင့်တစ်ကြောင်း နွေနှင်းရှိလျှင် အတန်းထဲ၌ speaking သင်တန်းလာပြီး စကားမပြောရဲသောသူများကိုပင်ပြောအောင်.. အတန်းကိုတစ်ဖက်တစ်လမ်းမှလဲ ကူညီရာရောက်နေသောကြောင့် ဆရာမက အလကားတတ်ခွင့်ပေးထားခြင်းဖြစ်သည်.. Y.E.S speaking သင်တန်း၏ သင်ကြားမှုများတွင်.. အတန်းတွင်းရှိ လူငယ်များအချင်းချင်း တစ်တွဲချင်းနေရာချပေးကာ ဆရာမချပေးသော topic ကိုအစချီကာ အင်္ဂလိပ်လို ပြောရလေ့ရှိသည်.. နွေနှင်းအတွက်ကတော့ ပြောရင်းအရှိန်ကောင်းလျှင် တခြားအကြောင်းများပင်ရောက်သွားတတ်သည်..

ထိုနေ့က ရဲသွေးနှင့်ပထမဦးဆုံးစကားပြောရသောနေ့ဖြစ်သည်.. သူ့ပုံစံက မြန်မာဆန်ဆန် ပုဆိုးနှင့် မျက်မှန်နှင့် ရိုးသားဖြောင့်မတ်ပြီး ခင်မင်စရာကောင်းသော လူငယ်တစ်ယောက်ဖြစ်သည်.. စကားပြောရင်း သူ့အိမ်နားမှ ကုလားပလီက ညနေဆိုလျှင် အရမ်းဆူကြောင်း.. သူနားညီးကြောင်းများကို ရောက်သွားသည်..

ထိုအချိန်တွင် ဆရာမ အနားရောက်လာကာ သူ့ကိုစသွားသည်.. "သား.. လူအကြောင်းမသိဘဲ ဘာသာရေးမဆွေးနွေးရဘူး.. နွေနှင်းကမွတ်စလင်.. "

ဆရာမကပြောပြီး ကျမကို မျက်စိမှိတ်ပြသွားသည်.. ကျမလဲ မှင်သေသေဖြင့်..
"ရပါတယ်.. ကိစ္စမရှိပါဘူး.. ငါနားလည်ပေးလို့ရပါတယ်.." .. ရဲသွေးတော်တော်အားနာသွားပုံရသည်... ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ..

"ဆော်တီးနော်.. ငါကဒီလိုပဲပြောတာပါ.. မကောင်းဘူးလို့ပြောတာဟုတ်ပါဘူး.. နင်က မွတ်စလင်နဲ့မတူဘူးနော်.. တရုတ်နဲ့တောင်ခပ်ဆင်ဆင်တူသေးတယ်.. "

" ငါက ပန်းသေး.. ငါ့အဖေက ပလီလူကြီး မုဆိတ်ကြီးနဲ့.. ငါ့အမေက တရုတ်စစ်စစ်.. ..." ကျမတို့ အင်္ဂလိပ်လို ထိုတော့ပစ်ကို ဆက်ပြောသည်.. ကျမဖြီးဖျန်းရင်း သူ့ကို အကဲခတ်မိနေသည်.. စိတ်ထဲကလဲ ကိုယ်ပြောသမျှကို ပြန်ရီချင်နေမိသည်.. အချိန်ပြည့်၍ ဆရာမက သင်ချိန်ရောက်ရာတွင်.. ဆရာမကအတန်းတွင်း စောစောက လိုက်ကြည့်ထားသမျှ ဘယ်သူကတော့ဘာလိုတယ်.. conversation ဆိုတာဘယ်လိုစရတယ်.. ပေးတဲ့ topic မှမဟုတ် speaking သင်တန်းတတ်လျှင် ကြိုက်တာပြော.. အင်္ဂလိပ်လို သာကြိုးစားပြော.. ကိုယ့်အကြောင်းတွေ သူများသိမှာစိုး၍ ပြောမထွက်လျှင် story making လုပ်၍ပြောသင့်ကြောင်း ... ကျမကို ဥပမာပေး၍ ပြောလိုက်သည်..

"ဥပမာဆိုရင်ပေါ့.. နွေနှင်းလို.. သူမွတ်စလင်မဟုတ်ပေမဲ့.. story making လုပ်ပြီး သူပြောတယ်.. ပြောစရာတွေ အများကြီးထွက်လာတယ်.. အဓိကက ဘာပြောပြော အင်္ဂလိပ်လို များများပြောဖို့ပဲ မဟုတ်ဘူးလား.. " ဆရာမစကားအဆုံးတွင် ရဲသွေး မျက်လုံးကြီးပြူးပြီး ကျမဘက်လှည့်ကြည့်သည်.. ကျမလဲ သူ့ကို သွားဖြီးပြီး ပုခုံးတွန့်ပြလိုက်သည်.. ဤသို့ဖြင့် ရဲသွေးဖြင့်ရင်းနှီးခဲ့ခြင်းဖြစ်သည်..

စစသိချင်းနေ့ကတည်းက ထိုသို့ခံခဲ့ရသည်ကိုပင် မမှတ်သေး.. နွေနှင်းသူများကို နောက်ရန်ကြံစည်နေသော စက်ကွင်းထဲသို့ ရဲသွေး နောက်တစ်ကြိမ် စိုက်စိုက်မြိုက်မြိုက် ထပ်ဝင်လာပြန်သည်..

မနေ့က ဒါလီ့ကို နောက်၍ နွေနှင်းပြောနေသော စကားကို ရဲသွေး နားစွန်နားဖျားကြားကာ ဝင်ပြော၍ သူ့ကိုမနောက်ချင်သော်လည်း ယုတ်တိတန်အောင် သူ့ကိုပါ ဆက်ရွှီးခဲ့ရသည်..

"ဟဲ့... ဒါလီ မနက်ဖြန် ငါ့အမွှာ အစ်မလာမှာ နင်ငါ မှတ်ပြီးခေါ်လို့ ဟိုကပြန်မထူးရင် ငါ့ကိုစိတ်ဆိုးမှာစိုးလို့်.. အဲဒါနင့်ကို ခင်လို့ကြိုပြောထားတာ.."

ဘေးမှရဲသွေးက "ဟုတ်လား.. ငါ့လဲပြောလေဟာ.. တော်ကြာငါက နင်မှတ်ပြီးသွားခေါ်မှ ပါးရိုက်ခံနေရအုံးမယ်.. တော်သေးတာပေါ့ ခုနင်ပြောတာကြားလိုက်လို့..."

တကယ်နောက်ချင်သော ဒါလီက ယုံဟန်မရှိ.. ဘေးကသူက ဇွတ်ယုံနေသည်.. သူ့ ကိုအကြောင်းမကြားသောကြောင့် စိတ်ဆိုးမည့်ပုံပင်ပေါက်နေသည်.. ထိုသို့ဖြင့် ကျမလဲ ယုံသော သူ့ကိုဆက်ရွှီးခဲ့သည်..

"အေး.. ဒီလိုရှိတယ်ဟ.. သူနဲ့ငါက ဒီသင်တန်းကို ၁ယောက်စာပဲပေးပြီး ငါ့နာမည်နဲ့ပဲ register လုပ်ပြီး ၂ယောက်တက်နေတာ.. ဘယ်သူမှမသိဘူး.. သူက ငါ့အယောင်ဆောင်ပြီးလာတက်မှာ.. သူ့ကို ငါ့နာမည်ပဲခေါ်ကြမှာ.. သူကလဲ အလိုက်အထိုက်တော့ နေတတ်မှာပါ.. မစိုးရိမ်ပါနဲ့.. ဟော.. ပြောရင်းဆိုရင်း အတန်းတောင်ဆင်းပြီ ပြန်တော့မယ်.. မနက်ဖြန်ကျရင်တော့ သတိထားကြည့်ကြည့်လိုက်"

------------------------ ။ -----------------------------

ခြေရာ (၃)


"ဟိုကောင်မလေးခြေတစ်လှမ်း ကုဋေ၁သန်းနဲ့ လျှောက်မနေနဲ့.. နင့်အမေပိုင်တဲ့လမ်းမဟုတ်ဘူး..!" .. ဘတ်စ်ကားပေါ်မှစပါယ်ရာ၏ ကြိမ်းမောင်းသံကြားတော့မှ နွေနှင်းအတွေးစပြတ်သွားသည်.. မြို့ထဲဟွန်းမတီးရ စည်းကမ်းချက်ထုတ်ပြီးနောက်ပိုင်းတွင် ကြားရလေ့ရှိသော ကားသမားများ၏ဆဲရေးဆူပူသံများကို ရန်ကုန်မြို့ကြီး၏လက္ခဏာတစ်ခုအဖြစ်ခံယူထားသော နွေနှင်း ကားသမားကိုလဲ အပြစ်မဆိုလိုတော့ပါ.. ကြည့်လိုက်တော့ ပန်းဆိုးတန်းလမ်းမီးပွိုင့်တောင်ရောက်နေပြီ.. မီးပွိုင့်ကလဲ ထုံးစံအတိုင်းပျက်နေသည်.. ကားများကားနိုင် လူများလူနိုင်စနစ်ဖြင့် ကားတစ်ပြန်လူတစ်လှည့် ကူးလူးဖြတ်သန်းနေကြသည်.. လမ်းဘေးဈေးသည်များပလတ်ဖောင်းပေါ်တွင်အပြည့် ...ကားလမ်းပေါ်၌လဲ ပန်းဆိုးတမ်း ဘတ်စ်ကားဂိတ်ကို တန်းစီနေသော ဘတ်စ်ကားများ.. နွေနှင်းအတွက်တော့ ဒီလမ်း ဒီလူ ဒီအခြေအနေသည် မထူးစမ်းတော့.. ၁ပတ် ၄ရက် လျှောက်နေကျလမ်းဖြစ်သည်..

ပန်းဆိုးတန်း လမ်း၎ဝကျော်ပြီး အနဲငယ်လျှောက်ပြီးလို့ ဗိုလ်ကလေးဈေးလမ်းထဲ ချိုးဝင်လိုက်ချိန်တွင် ရှေ့နား၌ လမ်းလျှောက်နေသော ရဲသွေးကို လှမ်းမြင်နေရသည်.. နွေနှင်း ခတ်သုပ်သုပ်လျှောက်၍ ရဲသွေးကို ကျော်တက်လိုက်သည်.. ရဲသွေး သူမကိုမြင်သော်လည်း နှုတ်မဆက်... ပုံမှန်အတိုင်း ဆက်လျှောက်နေသည်....

"ဒီကောင်.. မနေ့ကပြောတာကို တကယ်ယုံတယ်ကြည့်စမ်း.. ဒါဆိုရင်တော့ မထူးဘူး.. မသိချင်ယောင်ဆောင်ပြီး ဆက်လျှောက်သွားမှ.. အတန်းထဲရောက်မှ သူ့ကိုပြောပြပြီး ရီရမယ်... "

အခန်းတွင်းသို့ဝင်ထိုင်နေလိုက်သည်.. ဒါလီ အနားသို့ရောက်လာပြီး.. "ဒါလား.. နင့်အစ်မ နင့်အမေ ဆိုရင်တောင် ယုံအုံးမယ်.. ဝတ်လာတာကိုက... "
နွေနှင်းဘာမှပြန်မပြောဖြစ်.. ခပ်တည်တည်နေလိုက်သည်...

ဒါလီက ဆက်ပြောသည်.. "အေးပါ... နင်ဘယ်လောက် ငြိမ်ငြိမ်နေနိုင်မှာမို့လဲ... မကြာခင်နင့်ပုံစံကပေါ်လာမှာပဲ.. " .. ဟုတ်ပါသည်.. တသက်နှင့်တကိုယ် စကားမပြော မလှုပ်တလှုပ် ငြိမ်ငြိမ် နွေနှင်း ၅မိနစ်ပြည့်အောင်မနေနိုင်ခဲ့ပါ.. ရယ်စရာတွေပြော.. အားရပါးရရယ်ကာ ငြိမ်နေသူများကိုပင်လိုက်လိုက်စတတ်သော နွေနှင်း .. သူမကိုယ်တိုင်လဲ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိပါ..

"ထားလိုက်ပါ.. ရသလောက်တော့နောက်လိုက်အုံးမယ်.. ဒီနေ့ညနေ ပေါ်တော့လဲ နောက်တာဆိုပျော်စရာကြီး.. ဟိုကောင့်မျက်နှာကြီးဘယ်လိုလဲ ကြည့်ချင်စမ်းပါဘိ..."

ခဏကြာအတန်းစတော့ ဆရာမက စကားပြောရန် partner ခွဲပေးရာ.. နွေနှင်း ၏အဖော်မှာ.. နွေနှင်းတို့ ဆယ်တန်းအောင်နှစ်၌ မြန်မာတစ်နိုင်ငံလုံးအဆင့် ၇ ရ ကျောင်းသားနှင့်ဖြစ်သည်.. ထိုသူက အင်္ဂလိပ်ကို အတော်ပင်မွတ်နေအောင်ပြောတတ်သည်.. ဆရာမလစ်တုန်း နဲနဲလေးတောင် အချောင်ခိုပြီး မြန်မာလိုပြော၍မရ.. သူမြန်မာလိုမတတ် US army ကလာသည်ဟုပြန်ပြောသည်.. အရင်ကမပြောသောသူများ မတတ်သောသူများကို နွေနှင်း ဆရာကြီးလုပ်ပြီးနင်းကန် မှုတ်ခဲ့သမျှ ခုပြန်မှုတ်ခံနေရပြီ.. ထိုသူရှေ့တွင် တတ်ထားသမျှ အင်္ဂလိပ်စာလေးများ ကြက်ပျောက်ငှက်ပျောက်...... ပြောလိုက်လို့မှားသွားမှာကိုလဲစိုးရိမ်သည်.. ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိတော့သော နွေနှင်း စိတ်ဓာတ်ကျကာ ငုတ်တုတ်မှိုင်နေမိသည်.. ထိုနေ့က သူများတွေသာ partner change ရသည် နွေနှင်း ကတော့ ထိုသူနဲ့ ၂ပါးသွားနေရတဲ့ ပြဿဒါးနေ့ဖြစ်သည်.. ဆရာမကလဲ နွေနှင်းကိုတိုးတက်စေချင်၍ တစ်ကြောင်း.. ၁တန်းလုံးတွင် နွေနှင်းမှလွဲ၍ သူ့အတွက်စကားပြောရန်မှာ ဆရာမပဲရှိသည် ဆိုသည်ကိုလဲနားလည်သည်.. နွေနှင်းတစ်ယောက် ငြိမ်ကာမှိုင်ပြီးငုတ်တုတ်ထိုင်နေရ၍ အဝေးမှ နွေနှင်းကို အကဲခတ်နေသော ရဲသွေးကိုပင် သတိမထားမိတော့ပါ...

ဆက်ရန်/

Friday, May 16, 2008

ဘားဂလစ်ရှ်တတ်ယုံနဲ့ မြန်မာလိုစာရိုက်လို့ရပြီ...

မြန်မာစာလက်ကွက်ရိုက်လေ့မရှိဘူးလား....
မြန်မာစာရိုက်ဖို့ ပျင်းနေလား....
မြန်မာဖောင့် လက်ကွက်ကိုကျွမ်းကျွမ်းကျင်ကျင် မရိုက်တတ်လို့ စိတ်ပျက်နေလား....
ဟောဒီ site လေးမှာ သင် burglish တတ်ယုံနဲ့ မြန်မာစာလုံးလေးတွေ လွယ်လွယ်ကူကူ ရိုက်ယူလို့ရပြီလေ...
အိုင်ဒီယာနဲ့ ကြိုးစားမှုကို လေးစားပါတယ်...
အသုံးပြုပုံကတော့ လွယ်ကူလှပါတယ်..
ဥပမာ... စာရိုက်တဲ့ box လေးထဲမှာ "မြန်မာ" လို့ရိုက်ချင်ရင်.. အောက်ပါပုံလေးတွေအတိုင်း အဆင့်လိုက် ရိုက်သွားရုံပါပဲ..
စမ်းကြည့်ကြပါ.. ကြိုက်မယ်ထင်ပါတယ်.. မြန်မာ ဖောင့်မရှိသူများ.. မြန်မာလို ရိုက်ရမှာပျင်နေသူများ.. အလွယ်တကူ အသုံးပြုနိုင်ပါတယ်..
မဗေဒါ ရဲ့ ပိုစ့်လေးတွေကို မြန်မာလို comment ပေးချင်ရက်နဲ့ မြန်မာလိုမရိုက်တတ်လို့ မပေးခဲ့ရဘူး သူငယ်ချင်းရယ်ဆိုတဲ့ ဗေဒါ့ သူငယ်ချင်းတွေအတွက်လဲ..
နောက်ဆိုရင် ဒီအကြောင်းပြချက်လေးမလိုတော့အောင်ဖြစ်သွားတာပေါ့နော်...
Credit goes to the guys who put efforts to create this and information credit goes to Ko Han Lynn Kyaw.





Saturday, May 10, 2008

မုန်တိုင်းမတိုင်မှီ မိုးလေ၀သကြေငြာချက်


၂၉ရက် ဧပြီတွင် ကြေငြာသော မိုးလေ၀သကြေငြာချက်ဖြစ်သည်... ဘာပြောရမှန်းတောင်မသိတော့ပါဘူး.. ပြောရတာလဲ.. ကျွဲပါးစောင်းတီးပဲဖြစ်တော့မယ်...

Saturday, May 03, 2008

ယနေ့ခေတ် သင်္ကြန် နှင့်ကျမ၏ထင်မြင်ချက်..



သင့်အတွက်သင်္ကြန်ဆိုတာ... ဘာလဲ?

ကျမခုရက်ပိုင်း သင်္ကြန်ရဲ့အနှစ်သာရနဲ့အဓိပ္ပါယ်ကို အတော်လေးစဉ်းစားဖြစ်နေတယ်.. သင်္ကြန်နဲ့ပတ်သတ်ပြီး ငယ်ငယ်ကတော့စာစီစာကုံးတွေ အဖွဲ့အနွဲ့တွေနဲ့ ရေးခဲ့ရဖူးတယ်.. အဲဒိတုံးက ကျမစိတ်ကူးပုံးဖော်ပြီးရေးခဲ့ရတဲ့ ကဗျာလေးတွေ စာလေးတွေကျက်ပြီးတင်စားခဲ့ဖူးတဲ့ လှပယဉ်ကျေး အဓိပ္မါယ်တွေနဲ့ပြည့်စုံတဲ့ အတာသင်္ကြန်ဟာ ယနေ့ခတ်မှာ ဘာတွေဖြစ်ကုန်ပြီလဲ.. ယနေ့ခတ်လူတွေအတွက် သင်္ကြန်ဆိုတာဘာလဲ.. သင်္ကြန်ရဲ့အဓိပ္မါယ် သင်္ကြန်ရဲ့အနှစ်သာရကဘာလဲ? သူတို့ဘယ်လိုနားလည်ထားကြလဲ.. ဆိုတာ ဒီနှစ် 2008 ရန်ကုန် အင်းလျားလမ်း သင်္ကြန်ရဲ့ vedio clip လေးတစ်ခု ကိုအမှတ်မထင် Youtube မှာတွေ့လိုက်ရာက တွေးမိတာပါ..




ကျမစဉ်းစားမိတယ် ကျမတို့ရဲ့အစည်ကားဆုံးပွဲတော်ကြီးကို ကိုယ့်နိုင်ငံတွင်းမှာ ပြည့်ပြည့်ဝဝ ကျင်းပခွင့်ရတဲ့သူတွေဟာ အရမ်းကိုကံကောင်းတဲ့သူတွေပါ.. ဒါပေမဲ့ သူတို့တွေက သင်္ကြန်ကိုဘယ်လိုနားလည်ထားကြလဲ.. သင်္ကြန်လို့ကြားလိုက်တာနဲ့ သူတို့ဘာတွေ စဉ်းစားကြလဲ..

"သင်္ကြန်ရောက်ရင် ငါဘယ်လိုထင်ပေါ်အောင်ဝတ်ရမလဲ"

"ရည်းစားကိုလှည့်ပြီး ဘယ်ကောင်မလေးနဲ့ကဲရမလဲ"

စုံလို့ပါပဲ.. ကျမလဲသူတို့လေးတွေ ဘာစဉ်းစားမှန်း လိုက်မမှီလို့ တချို့အပေါင်းသင်းတွေဆီက ကြားဖူးသလောက်ပဲ ဥပမာပေးတာပါ.. ခေတ်နဲ့အညီအဝတ်အစားဝတ်တာ နားလည်ပါတယ်.. ကျမလဲဒီလောက် OUT OF DATE ဖြစ်နေတဲ့ သူမဟုတ်ပါဘူး.. လူငယ်ပီပီ ဒီလိုပွဲမျိုးလှချင်လို့ ဝတ်တာကိုလဲအပြစ်မပြောပါဘူး.. ဒါပေမဲ့ ကာလံဒေသံ ရာသီဥတု အခြေအနေ နဲ့ သင့်တော်တဲ့ ခေတ်အဝတ်အစားမျိုးကိုဝတ်စေချင်တယ်.. "တောင်းမှာအကွတ် လူမှာအဝတ်ဆိုသလို" လူတစ်ယောက်ရဲ့ဝတ်စားပုံကလဲ အဲဒိလူရဲ့ CHARACTER, စရိုက် နဲ့ အဆင့်ကို ဖော်ပြနေပါတယ်.. အဆင့်ဆိုရာမှာ ဆင်းရဲချမ်းသာနဲ့မဆိုင်ပါဘူး စာရိတ္တလို့ပဲဆိုပါစို့.. သင်္ကြန်ဆိုတာ ရေနဲ့ကစားတဲ့ မြန်မာ့ရိုးရာနှစ်ကူးပွဲ.. ဖက်ရှင်ရှိုးပွဲမဟုတ်ဘူး... ရေစိုနေတာနဲ့တင်လူတိုင်းတူတူချည်းပဲ.. "နေညိုအက ရေစိုအလှ" လို့တောင်သီချင်းရှိသေးတာပဲ..

နောက်မဏ္ဏပ်တွေပေါ်မှာ မူးရူးနေတာ.. ယောင်္ကျားလေးက ထားပါအုံး.. (မသောက်ရင်တော့အကောင်းဆုံးပေါ့) မိန်းကလေးတွေ မူးတာ မနက်ပိုင်းလောက်တင် မှောက်ပြီး ထမ်းထမ်းခေါ်သွားရတာ.. ဗွက်ထိုးအန်တာ.. အရမ်းကို ရုပ်ဆိုးပါတယ်.. အရင်က ကျမစိတ်နဲ့ဆို လက်မခံနိုင်ပေမဲ့ ခုတထစ်လျှော့တဲ့အနေနဲ့ ချမ်းတယ်ဘာညာ အကြောင်းပြပြီးသောက်ခဲ့ရင်တောင် အလွန်အကျွံ မဖြစ်သင့်ဘူးလို့ထင်ပါတယ်.. ဒါတောင် ချမ်းရင် ရိုးရာ ရာသီစာ သာကူတို့ ကြာဇံချက်ပူပူလေး ရှောက်သီးသုတ်စပ်စပ်လေး စားရင်လဲအချမ်းပြေပါတယ်.. သောက်ချင်ရင်သင်္ကြန်မှ မဟုတ်ဘူး အိမ်မှာလဲပုလင်းဖတ်ပြီးနေလို့ရပါတယ်.. သင်္ကြန်မို့လို့သောက်တာပဲဟာ.. ဆိုတဲ့ အဓိပ္မါယ်မရှိ အခြေအမြစ်မရှိတဲ့ အကြောင်းပြချက်တွေက အတာသင်္ကြန်ဆိုတဲ့ အဓိပ္မါယ်ကိုညစ်ညမ်းစေပါတယ်..

နောက်တစ်ခုကတော့ လူမြင်ကွင်းမှာ မဖွယ်မရာများလုပ်ပြတာပါ.. ယောင်္ကျားပဲဖြစ်စေ မိန်းမပဲဖြစ်စေ ယောင်္ကျားနဲ့မိန်းမ၂ယောက်ပေါင်းဖြစ်စေ .. ဘေးလူကိုအနှောက်အယှက်ဖြစ်စေမဲ့ အပြုအမူမျိုးမလုပ်သင့်ပါဘူး.. မိန်းကလေးတွေ မြူဆွယ်တဲ့အကတွေကတာ... လူမြင်ကွင်းမှာ စုံတွဲတွေမဖွယ်မရာလုပ်တာ.. အလွန်တရာမှ ရှက်ဖို့ကောင်းပါတယ်.. "အရှက်အကြောက်တရား" ရှိမှလူဆန်မှာပါ.. အိပ် စား ကာမ ထိုသုံးဝပဲသိတယ်ဆိုရင် "တိရိစ္ဆာန်" အဆင့်ဖြစ်သွားပါပြီ.. ဒါဆိုရင် ထိုသူတွေကို ကျမအနေနဲ့ တိရိစ္ဆာန်နဲ့စာရင် အကြောင်းပြတတ်တဲ့.. အဝတ်ဝတ်သေးတယ်ဆိုတော့.. နဲနဲသာတယ်ပြောရမှာပါ.. အပေါ်က vedio clip ကမိန်းမလိုမျိုး ဝတ်ထားတဲ့ အကျီင်္တောင် မကပ်နိုင်ဘူးဆိုရင်တော့ စကားပြောတတ်တာရယ် လူကဲ့သို့ခန္ဒာကိုယ်ဖွဲ့စည်းပုံကလွဲလို့ လူနဲ့တူတာသိပ်မရှိသလောက်ပါပဲ..

သင်္ကြန်က နေ့ဘက်ကြီးပါ လူတွေလဲအများကြီးရှိပါတယ်.. ပြီးတော့ မဏ္ဏပ်ပေါ်မှာပါ.. night club မဟုတ်ပါဘူး.. တချို့နိက်ကလပ်တွေမှာတောင် ဒါမျိုးလုပ်တဲ့သူမရှိပါဘူး.. အနောက်နိုင်တွေမှာတောင် ဒီလိုမျိုးအပြုအမူမျိုးကို မိန်းမကောင်းမလုပ်ပါဘူး.. night club မယ်တွေတောင် ပိုက်ဆံရမှပါ.. free ဆိုရင်လုပ်ပြမယ်မထင်ပါဘူး.. ဘေးကလူတွေကလဲ မတားတဲ့အပြင် အရူးဘုံမြှောက်လုပ်နေပါတယ်.. အဲဒိ vedio clip ကိုတွေ့ပြီး ကျမ ဇဝေဇဝါဖြစ်မိတယ် "ယဉ်ကျေးတဲ့ မြန်မာ" တဲ့လား.. ကျမမြန်မာပြည်နဲ့ မြန်မာလူမျိုးကိုချစ်တဲ့ မြန်မာစစ်စစ်ပါ.. ဒါပေမဲ့ ယဉ်ကျေးတဲ့ မြန်မာဆိုတဲ့ စကားကို doubt ဖြစ်လာပြီ.. တကယ်လဲစိတ်မကောင်းဘူး.. မြန်မာပြည်မှာ မြန်မာသင်္ကြန်ကို အပြည့်အဝခံစားရပြီး အတာသင်္ကြန်တန်ဖိုးကို မသိတဲ့သူတွေ အတာသင်္ကြန်ရဲ့အနှစ်သာရနဲ့ ပျော်ရွှင်မှုအစစ်ကိုဖျက်စီးနေတဲ့ သူတွေကများနေပါတယ်.. ထိုမိန်းကလေးတွေကို မွေးထားတဲ့မိဘတွေရော သူတို့သမီး YOUTUBE ပေါ်အထိရောက်နေတာသိရင် ဘာလုပ်သင့်သလဲ?

နိုင်ငံတစ်နိုင်ငံရဲ့အကြီးအကဲဟာ ပြည်သူပြည်သားတွေအတွက် မိဘလိုပါပဲ.. ဒါပေမဲ့ သူတို့ဟာ သူတို့ကိုယ်ကျိုးပဲကြည့်ပြီး ပြည်သူတွေကို လမ်းမှားရောက်အောင်လုပ်ထားတဲ့ ပထွေးဆိုးလိုပါပဲ.. တကယ် စာတတ်ပေတတ် အသိပညာ စဉ်းစားဥာဏ်ရှိတဲ့သူတွေ ယဉ်ကျေးတဲ့သူတွေ စာပေပညာရှင်တွေ အနုပညာသမားကောင်းတွေကျတော့ ဖမ်းဆီးလိုက် သတ်ဖျက်လိုက်လုပ်တာကိုတော့ "ခေါ်ယူထိန်းသိန်းတယ်"ဆိုတဲ့စကားသုံးပြီး.. ခုလို ပညာဥာဏ်မရှိ တိရိစ္ဆာန်သာသာ ယဉ်ကျေးမှုဖျက်ဆီးပြီး တကယ်ခေါ်ယူထိန်းသိန်းသင့်တဲ့ သူတွေကိုတော့ "ငါ့အမဲ မလုရင်ပြီးရော" ဆိုပြီးလစ်လျူရှုထားပါတယ်.. ပိုတောင်သဘောကျရင်ကျနေမှာ.. ဒါမျိုးတွေကိုလူငယ်တွေ စိတ်ဝင်စားလေလေ သူတို့ ဘာလုပ်လဲအာရုံမထားနိုင်လေလေပါ.. နိုင်ငံရေး ယုတ်ယုတ်ယုတ်ယုတ် ဖြစ်ရင် ရုပ်ရှင်လောကက အဆင့်မရှိလုပ်ရက်တွေကို ဖြန့်ပြီးအာရုံပြောင်းအောင်လုပ်လိုက်.. ဟိုလုပ် ဒီလုပ်နဲ့ အချိန်ဆွဲလိုက်လုပ်နေတာပါ.. ဒါက ကျမထင်တဲ့အတိုင်း ဦးနှောက်သေးသေးနဲ့ စဉ်းစားပြီးရေးတာပါ.. သဘောထားကွဲနိုင်ပါတယ်..

အိမ်ခေါင်ကမိုးမလုံမှတော့ တစပ်မိတ်မိုးယိုတာကို ဘယ်လိုထိန်းချုပ်ကြမလဲ.. ကျမတို့နိုင်ငံရဲ့ ပညာရေး စီးပွားရေး ကျန်းမာရေး စတဲ့ အရေး ကြိုက်တဲ့အရေးတွေကိုစဉ်းစားကြည့်ပါ ဘာ့ကြောင့်ဒီလိုဖြစ်နေရလဲလို့... ဘယ်လိုပဲစဉ်းစား စဉ်းစား အဖြေက ဒင်းတို့ပဲ ထွက်ပါတယ်.. ဒီတော့ ဒင်းတို့လှည့်ကွက်ထဲမှာ တိရိစ္ဆာန်သာသာဘဝနဲ့ ကြိုးဆွဲရာကနေကြပြီး မြန်မာ့ရိုးရာရဲ့ပုံရိပ်အလှကို ဖျက်ဆီးနေကြတော့မှာလား? ကျမ မတွေးတတ်တော့ဘူး.. လူများစုကဒီလိုဖြစ်နေတော့ ကျမတတ်နိုင်သလောက်ပဲ ကလောင်သွားနဲ့ တင်ပြလိုက်ပါတယ်..

(ဤပိုစ့်သည် ကျမရဲ့ စဉ်းစားချက် ခံယူချက်ဖြစ်ပြီး မည်သူတစ်ဦး တစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်းမရှိပါသောကြောင့် လွတ်လပ်စွာသဘောထားကွဲလွဲနိုင်သည်)

Friday, May 02, 2008

ကျမအတွက်တော့ သင်္ကြန်ဆိုတာ...

ဧပရယ်၁ရက်နေ့ရောက်ပြီဆိုရင် မြန့်မာ့အသံက တာသင်္ကြန်အဆိုအကများကို အမြဲစောင့်စားခဲ့ရတယ်.. ငယ်ငယ်တုံးကထဲက သင်္ကြန်ဆိုရင် အိမ်အောက်မှာရေဇလုံလေးချပြီး လမ်းထဲဖြတ်လျှောက်တတ်တဲ့ လူ၁ယောက်၂ယောက်ကိုစောင့်ပတ်ခဲ့ရတယ်.. ကလေးဆိုတော့ ဒီလောက်ကစားရတာလဲပျော်လို့.. ကြီးလာတော့ ဖေဖေကလုံးဝပေးမကစားတော့ဘူး.. သင်္ကြန်ရောက်လို့ရေလေးစိုချင်လို့ မနက်ဈေးသွားဝယ်ပေးမယ်ဆိုရင်တောင်မရဘူး.. သူကိုယ်တိုင် ဒါမှမဟုတ်မေမေ ၁ယောက်ပဲ သွားဝယ်ရတယ်..ဒါတောင်ဗေဒါက အိမ်မှာအငယ်ဆုံးလဲဖြစ် ၈တန်း၉တန်းထိ လမ်းထဲက ကလေးတွေနဲ့ကစားတုံးဆိုတော့ ဖေဖေက အထူးခွင့်ရေးအနေနဲ့ အိမ်အောက်ထပ်က ကလေးတွေနဲ့ တူတူကစားခွင့်ပေးခဲ့တယ်.. ဒါပေမဲ့ ရေစိုလို့ပျော်ပေမဲ့ ကျမငယ်ငယ်ကလောက်မပျော်တော့ဘူး.. ကျမအစ်မတွေဆိုရင် သင်္ကြန်ဆို အိမ်မှာပျင်းလွန်းတာရော ဖေဖေက သမီးတွေကိုသဝင်တိုလို့ တခုခုဆိုဆူပဲခံနေရလို့ အားလုံးတရားစခန်းဝင်ကြတယ်.. ကျမကတော့ အိမ်မှာပဲတရုတ်ကားဇာတ်လမ်းတွဲတွေ သင်္ကြန်မတိုင်ခင်တထပ်ကြီးငှားပြီး သင်္ကြန်တတွင်းလုံးထိုင်ကြည့်ခဲ့တယ်.. ဖေဖေနဲ့ကျမ၂ယောက်ထဲကျန်ခဲ့ရင်တော့ ဖေဖေကသိပ်မကြတ်ဘူး.. မနက်ဆိုမုန့်တူတူထွက်စားတယ်.. ကျမကသင်္ကြန်တွင်းအပြင်ထွက်နဲတော့ လမ်းထဲကအကြောင်းသိ ယောက်ျားလေးတွေက ရတုံးဖေဖေဘေးမှာပါတာတောင် ရေဗုံးနဲ့လိုက်လောင်းလို့မပြီးရင် အိမ်ပြန်ရောက်ရင်နားညီးပြီမှတ်.. ပျင်းရင် မေမေနဲ့အမတွေရှိတဲ့ ဘုန်းကြီးကျောင်းလိုက်ပို့ပေးတယ်.. ကားပေါ်ကနေ ရန်ကုန်သင်္ကြန်ကို လမ်းတလျှောက်ကြည့်ခွင့်ရတယ်.. လမ်းတလျှောက်လဲ ဖေဖေပြောနေကျအတိုင်း

"တွေ့လားဟိုမှာ.. မူးရူးနေကြတာ.. ကားတွေက ပိတ်ပြီးရေတောင်မစိုဘူး.. မိန်းကလေးတွေအတွက်အန္တရာယ်များတယ်" စသည်ဖြင့်..

ကားများပိတ်လို့ ဘေးသင်္ကြန်ကားက အမူးသမားတွေကလှမ်းစရင် စိတ်ညစ်ရပါတယ်.. ဖေဖေက "နင်တို့ အနေထိုင်မတတ်လို့.." ဆိုပြီး တခါတလေစကားများရရင် ဘယ်မှလိုက်မပြတော့ပဲပြန်ရတတ်ပါတယ်.. အဲဒိအရွယ်တုံးကတော့ဖေဖေ ဘယ်လောက်ပြောပြော အဲဒိပျော်နေတဲ့သူတွေကိုအားကျမိတယ်..

နောက်တော့ကျမ စကာင်္ပူရောက်လာတယ်.. ၂၀၀၅ သင်္ကြန်မှာရန်ကုန်ပြန်ဖြစ်တယ်.. ရန်ကုန်မှာရော စကာင်္ပူမှာရောခင်ရတဲ့ သူငယ်ချင်း အိမ်ကလဲစိတ်ချတဲ့သူငယ်ချင်းရဲ့အမ မဏ္ဏပ်မှာ သူမရဲ့အာမခံချက်အရရော ကျမအမရဲ့ကူပြောပေးချက်အရရော နိုင်ငံရပ်ခြားမှာ မိဘတွေမရှိပဲတောင်နေလာရတာကြောင့်ရော အကျက်နေ့၁ရက်ထဲပတ်ပြီးရင် နောက်ထပ်မတောင်းဆိုတော့ပါဘူးဆိုတဲ့ကတိရောကြောင့် ရန်ကုန်အင်းလျားလမ်းသင်္ကြန်ကို ပထမဆုံးရောက်ဖူးခဲ့တယ်.. ဒါပေမဲ့ကျမ ငယ်ငယ်ကအားကျခဲ့သလောက် စိတ်ကူးခဲ့သလောက်ပျော်စရာမကောင်းဘူးဆိုတာသိလိုက်ရတယ်.. ဖေဖေပြောခဲ့တဲ့စကားတွေကိုလဲ ၈၀%လောက်လက်ခံလာတယ်.. ဒီလိုနဲ့စောစောပြန်လာဖြစ်ခဲ့တယ်.. အတက်နေ့အိမ်မှာနေနေတုံး ကျမငယ်သူငယ်ချင်း (သူငယ်ချင်းများအကြောင်းမှ SNOW) ကရေပတ်ခံထွက်ဖို့ခေါ်ပါတယ်.. ဖေဖေ့ကိုကတိပေးပြီးဖြစ်နေလို့ ကြောက်ပေမဲ့ SNOW က ကျမ အိမ်ကစိတ်ချရလောက်တဲ့ သူငယ်ချင်းလဲဖြစ် မတွေ့ရတာ ၁နှစ်ကျော်ရှိနေတော့ မေမေကူပြောပေးလို့ လိုက်ခွင့်ရခဲ့တယ်.. ကားကချောင်နေပြီး မိန်းကလေး ၄ယောက် ယောင်္ကျားလေး၂ယောက်ထဲမို့ ညနေပိုင်း ကျမအစ်မတွေကိုပါ ခေါ်ဖြစ်ခဲ့တယ်.. ဒါပေမဲ့ မဏ္ဏပ်စီတော့လဲကြာ.. ခွက်စုတ်ကနာ.. မိန်းကလေးဆို မီးသတ်ပိုက်က ဆွဲ.. အမူးသမားက မဲ.. ရေလေးနဲနဲစိုလိုက် နောက်ထပ်ဆိုဖို့ တော်တော်လေးစောင့်လိုက်နဲ့ သူငယ်ချင်းနဲ့သွားရတာကလွဲလို့ သတိထားပြီးကြောက်နေရတာကများပါတယ်..

၂၀၀၇ သင်္ကြန်မှာ ချစ်သူအားကိုးနဲ့ တူတူပျော်မယ်ဆိုပြီးပြန်ခဲ့ပေမဲ့ ခြိမ်းတဲ့နေရာကိုရောက်မလာပဲ သင်္ကြန်တွင်း ကျမအိပ်မက်တွေဆိုးခဲ့ရပါတယ်.. ဒါတွေအားလုံးဟာ ကျမငယ်ငယ်ကနေ ၂၀၀၇ထိ သင်္ကြန်အတွေ့အကြုံပါ..

ဒီနှစ်တော့ ကျမစင်္ကာပူမှာပဲ အလုပ်ကသူငယ်ချင်းအဒေါ် စတုဒီသာအတွက် SAMBAWAN ဘုန်းကြီးကျောင်းသင်္ကြန်မနက်ပိုင်းသွားပါတယ်.. သူငယ်ချင်းနဲ့တိုင်ပင်ပြီး မြန်မာအင်္ကျီဝတ်သွားပါတယ်.. လာတဲ့လူတွေအားလုံး သရုပ်ပျက်မရှိပါဘူး.. စတုဒီသာကိုလဲ အေးအေးလူလူစားကြပါတယ်.. မိန်းကလေးကိုရေပတ်ချင်တဲ့သူကလဲ "ရေပတ်ပါရစေ ခင်ဗျာ"ဆိုပြီး ယဉ်ယဉ်ကျေးကျေးလောင်းပါတယ်.. ၂၀၀၆ သင်္ကြန်တုံးကတော့ တိုပါရိုး နဲ့ CITY HALL သင်္ကြန်ကိုမေမေရယ် အစ်မတွေရယ်နဲ့ ရောက်ဖြစ်ခဲ့ပါတယ်.. ရိုင်းရိုင်းစိုင်းစိုင်း သရုပ်ပျက်မရှိပါဘူး.. အမူးသမားမရှိဘူးလို့မပြောပါဘူး.. CITY HALL မှာ တော့လူပိုများပြီး အမူးသမားလဲရှိပါတယ်.. ဒါပေမဲ့ ကောင်းတဲ့သူက ဆိုးတဲ့သူထက်ပိုများနေတော့ အားလုံး ပျော်ပျော်ရွင်ရွင်ပါပဲ.. လူငယ်သဘော စကြနောက်ကြတာကိုလဲ လက်ခံလို့ရပါတယ်.. ဒီလိုနဲ့ ပျော်စရာကောင်းတဲ့ ယဉ်ကျေးမှုထိမ်းတဲ့ သင်္ကြန်လေးကို နိုင်ငံရပ်ခြားမှာ ခံစားခဲ့ရတယ်.. ကျမကျောင်း TP သင်္ကြန်ဆိုလဲ PERFORMENCE ပိုင်းမှာ ယဉ်ကျေးမှု မပျောက်အောင်ရော ခေတ်နဲ့အမှီဟာသလေးတွေရောနဲ့ တခြားနိုင်ငံကလူတွေရှေ့မှာ မြန်မာ့ယဉ်ကျေးမှုကိုထိန်းခဲ့တယ်.. ဘယ်လိုပဲဖြစ်ဖြစ် ကျမအတွက်သင်္ကြန်ဆိုတာကတော့ မြန်မာပြည်က မြေသင်းရနံ့လေးတွေ.. အတာမြေအိုးလေးတွေ.. ပိတောက်ပန်းရနံ့လှိုင်လှိုင်တွေ.. TV မှာလာတဲ့ "သင်္ကြန်မိုး"ရုပ်ရှင်.. နေရာတိုင်းကြားရတဲ့ တူးပို့တူးပို့ စီးချက်လေးတွေ ပါမှပြီးပြည့်စုံသွားမှာပါ ..

Friday, April 25, 2008

မလေရှားနိုင်ငံ redang beach resort သို့ခရီးတခေါက်

ကျမနဲ့ အလုပ်ကသူငယ်ချင်းတစ်စု မထင်မှတ်ပဲ စကားစပ်မိရာက အားလုံးတစ်ညီတစ်ညာတည်း စီစဉ်ဖြစ်သွားတဲ့ ခရီးလေးပါ...
march လကုန်နဲ့ April လဆန်း၂ရက်ပေါင်းပြီး အလုပ်ခွင့်တင်ကာ မလေးရှားနိုင်ငံရှိ ရန်ဒန်း ကမ်းခြေသို့ သွားရောက်ဖြစ်ခဲ့တဲ့ အကြောင်းလေးကို နောင်သွားချင်တဲ့သူတွေ လေ့လာလို့ရအောင် ကျမအတွေ့အကြုံကို မှတ်တမ်းနေနဲ့ တင်ဆက်ချင်ပါတယ်...
ကားလက်မှတ်ကို lavender မှာရှိတဲ့ golden mile Complex (အများသိနာမည် ယိုးဒယားပလာဇာ) five star က၀ယ်ပါတယ်.. package ဖြစ်တဲ့အတွက် hotel ကျေးပါအပြီးအငြိမ်းပါ.. ကျမတို့အုပ်စု ၈ယောက်အတွက် villa တစ်လုံးလုံးကို book လုပ်ခဲ့ပါတယ်.. villa က ၂ခန်းပါ bangalo ဖြစ်ပြီး.. ၁ခန်းမှာ ၂ယောက် အိပ်ကုတင် ၄လုံးပါပါတယ်.. မိန်းကလေးယောက်ကျားလေးခွဲနေချင်တဲ့ ရည်ရွယ်ချက်ကြောင့်ပါ.. မိသားစုသွားရင် ဒီလောက်ကြီးကြီးတိတ်မလိုပါ...
၂ညအိပ် ခရီးကို ၁ယောက် S$၂၅၅ ကျပါတယ်.. ထမင်းဟင်းနဲ့ activities တချို့အပါအ၀င်ပါ... ဟိုရောက်တော့ villa က seaside view မှာ မဟုတ်လို့ seaside ဖက်ကို ပြောင်းတော့ .. မလေးရှား RM 400 ထပ်ပေးရပါတယ်... ကျမတို့တည်းတဲ့ villa က holiday villa ပါ..
စင်္ကာပူ golden mile ကနေ ည ၁၁နာရီ ကားထွက်ပြီး ဇာတ်ဆိပ်ကို မနက် ၉နာရီလောက်ရောက်ပါတယ်.. အဲဒိမှာ ကိုယ်တည်းတဲ့ hotel, villa အလျှောက် boat လေးတွေနဲ့လာကြိုပါတယ်.. အဲဒိ ပင်လယ်ဝဇာတ်ဆိပ်လေးကနေ resort ကိုရောက်ဖို့ ၁နာရီလောက် boat စီးရပါတယ်.. ရေတိမ်မှာမောင်းရင် boat မညိမ်တဲ့အတွက် အထဲက passenger တွေက balance ညီအောင်လိုက်ထိုင်ပေးရပါတယ်.. life jacket တွေကိုလဲလူစေ့ပေးထားပါတယ်.. ၀တ်ချင်ဝတ်လို့ရပါတယ်.. ပင်လယ်ထဲ boat ရောက်ရင်တော့ အရှိန်တင်မောင်းလို့ရပြီး balance ညှိထိုင်စရာမလိုတော့ပါဘူး.. ၁၅မိနစ်လောက်စီးပြီးရင် ပင်လယ်ကြီးထဲကိုရောက်ပြီဆိုရင်ပဲ.. အလွန်ပဲ ကြည်လင်ပြာလဲ့နေတဲ့ရေပြင်ကြီးကတော့ မြန်မာပြည်က beach တွေထက်ရေအရောင်ကတော်တော်လှပါတယ်... ရေအတိမ်အနက်ကို ရေကြည်လွန်း၍ ဝေခွဲရန်ခက်ခဲပါတယ်.. ဒီရှုခင်းကို အောက်က photo slide show မှာရှုစားပါ...



resort ကိုရောက်တော့ အခန်းယူနေရာချနဲ့ ၁၁နာရီထိုးသွားပါတယ်.. အဲဒီထဲက hotel ၀န်ထမ်းတွေထဲမှာ မြန်မာတော်တော်များပါတယ်.. မသိရင်မြန်မာပြည်က beach ရောက်နေပြီး.. ဘေးကလူတွေက မြန်မာပြည်လာလည်တဲ့ ဧည့်သည်တွေလိုတောင်ဖြစ်နေပါတယ်..
ပြီးနောက် ၁၁နာရီခွဲမှ ၂နာရီလောက်ထိမှာ hotel က lunch ကျွေးပါတယ်.. lunch စားပြီးတော့ hotel ကအစီအစဉ် ပြတဲ့ board အတိုင်း snorkeling သွားပါတယ်.. snorkeling ဆိုတာ ရေကူးမျက်မှန်ရယ်.. အသက်ရှုတန်ရယ်.. life jacket ရယ်နဲ့ ရေအောက်က ငါးတွေ ကျောက်ခတ်တွေကိုကြည့်တာပါ.. ရေကူးတတ်တဲ့လူတွေကတော့ life jacket မ၀တ်လဲရပါတယ်.. ဒါပေမဲ့ မ၀တ်ထားလို့ တခုခုဖြစ်ရင် hotel ကတာဝန်မယူပါ.. ပစ္စည်းတွေကို hotel မှာ ငှားလို့ရပါတယ်.. ဈေးတော့မမှတ်မိတော့ပါ..
snorkeling လုပ်ဖို့ ရေအောက်ကျောက်တွေ ငါးတွေ ငါးရံ့တွေရှိတဲ့ နေရာ ကို boat နဲ့ ၁၅မိနစ်ခန့်သွားရပါတယ်.. တော်ကိုလှပါတယ်.. ငါးတွေကလဲ လူတွေနဲ့ ယဉ်ပါးပြီး လက်နဲ့တင် အစားကျွေးလို့ရပါတယ်.. (မဗေဒါတောင် အစာကျွေးကောင်တာ လက်သန်းလေးကို ငါးတွတ်ခံလိုက်ရပါသေးတယ်.. အဟင့် .. နာလိုက်တာ) ...
လေကို ပိုက်ကနေတဆင့်ရှုတတ်အောင်ကလဲ ၁၀မိနစ်လောက်လေ့ကျင့်ယူလိုက်ရပါတယ်.. Life jacket ၀တ်ထားပေမဲ့.. ခြေထောက်နဲ့ မြေကြီးလွတ်သွားရင် မသွားရဲတော့တဲ့ မဗေဒါတို့လို ကြောက်တတ်တဲ့ သူတွေအတွက် resort stuff တယောက်က ဘောကွင်းကို သူကရှေ့ကဆွဲ ခရီးသည် ၃ ၄ယောက်က တစ်ဖက်ဆွဲပြီး ရေနက်ထိလိုက်ပြပါတယ်.. (ဒါတောင် မနဲအားမွေးပြီး ရောက်ပြီးမတန်မှာစိုးလို့လိုက်သွားတာ)... တော်တော်လှပါတယ်.. ကျမကိုယ်ကျမတောင် ကာတွန်းကားထဲက ရေသူမလေးဖြစ်သွားသလားထင်ယောင်မိတယ်.. ဟိုးပင်လယ်ရေအောက်က ကျောက်ခတ်တွေကို မျက်လုံးနဲ့ အပြင်မှာမြင်ရတော့ ကြတ်သီးပင်ထပါတယ်.. ဒါတောင် ကျမတို့က အချိန်မရ၍ diving လုပ်ပြီး တကယ့်ရေနက်ထိမသွားခဲ့ရပါ.. ၀တ်စုံပြည့် (အောက်ဆီဂျင်ဘူး.. ရေကူးတန်ဆာပလာ အပြည့်စုံ) ဖြင့် ရေအောက်ထိ diving လုပ်ချင်ရင်တော့ အဲဒိမှာ ၃ ရက် သင်တန်းတတ်ပြီး certificate ရမှသာ ခွင့်ပြုပါတယ်.. ရေအောက်ရိုက် ကင်မင်ရာ အငှားဆိုင်မှ ပုံ ၁၀၀ရိုက် ကင်မရာကို RM 40 နဲ့ ငှားလို့ရပါတယ်.. ကျမတို့ရိုက်လာတဲ့ပုံလေးတွေကို ဝေငှလိုက်ပါတယ်..



snorkeling ကပြန်ရောက်တော့ ခရီးပန်းတာရော.. ရေကူးလိုက်တာရောကြောင့် အားလုံးပင်ပန်းပြီး ညနေ dinner ချိန်ကျမှ နိုးပါတယ်.. ရေမိုးချိုး နေရှိတုံး မိန်ကလေးထုံးစံအတိုင်း ဓာတ်ပုံလေးဘာလေးရိုက်ပြီး ညစာစားပါတယ်.. ပြီးနောက် ကမ်းခြေတစ်လျှောက် လျှောက်ကြည့်ပါတယ်.. အဲဒီမှာဆိုးတာက ကျမတို့ villa အနားမှား စားသောက်ဆိုင် မရှိတာပါ.. မြန်မာမိန်းကလေးပီပီ ဗိုက်မ၀တဲ့ ပေါက်ပေါက်ဝါးနေလို့ရတဲ့ အရာလေးတောင် မရှပါဘူး.. နောက်ဆုံး villa က ညဘက်ဆို club လိုလုပ်ပေးထားတဲ့ ဘားမှာ အာလူးချောင်းကြော်လေး ပိုက်ဆံပေးစားပါမယ်ဆိုတာတောင် မရောင်းပါဘူး.. အတော်လေးကို ဒုက္ခရောက်ပါတယ်.. အမှန်တော့ လက်ဘက်သုတ်လေး ဂျင်းသုတ်လေး.. ဆိတ်သားချောက်လေး စကားပြောရင်းစားချင်တာပါ.. ကျမတို့ resort နဲ့ ခပ်လှမ်းလှမ်းနေရာမှာတော့. စားသောက်ဆိုင်လေးတွေရှိပါတယ်.. ဒါပေမဲ့ western food လိုမျိုးတွေဆိုတော့ စားချင်တာနဲ့ အာမတွေ့ပါဘူး.. ဗိုက်ဝတဲ့ အစာကြီးတွေပါ.. ဒါတောင် hotel စားဖိုမှုးမြန်မာအစ်ကိုကြီးက ခင်မင်၍ ဒုတိယနေ့ lunch ပြည်ကြီးငါးသုတ်.. dinner ကြက်သားသုတ် (စပ်စပ်လေး ရှယ်ကောင်း ဗေဒါ့အကြိုက်) .. ပြန်မည့်မနက် ဆီချက်ခေါက်ဆွဲလုပ်ကျွေး၍သာ ဗေဒါ တစ်ယောက် ၀မ်းတွင်း အာသာပြေခဲ့ရတော့သည်.... အဲဒါကြောင့် မိတ်ဆွေသွားမယ်ဆိုလျှင် ညဖတ်သရေစာစားတတ်ပါက ကြိုတင်ပြင်ဆင်ယူဆောင်သွားသင့်ကြောင်း သတိပေးပါရစေ...
shopping ထွက်စရာလဲ ဘာဆိုင်မှ ရေရေရာရာမရှိုပါဘူး.. ဘာမှလဲ ၀ယ်စရာမရှိပါဘူး.. T-shirt ဦးထုပ် ဆွဲကြိုး စတဲ့ သိတ်မဆန်းတဲ့ အရာတွေပဲ ရှိပါတယ်.. အဲဒါကြောင့် အဲဒိကျွန်းပေါ်မှာ ဘာမှကုန်စရာသိတ်မရှိလှပါဘူး.. ထမင်းကလဲ အထက်မှာပြောခဲ့တဲ့အတိုင်း package မှာပါပြီးသားဖြစ်၍ hotel က breakfast, lunch and dinner buffet ကျွေးပါတယ်.. ပြောချင်တာကတော့ သိတ်ကုန်စရာမရှိတဲ့အတွက် မလေးရှားပိုက်ဆံများများလဲလာစရာမလိုကြောင်း..

နောက်နေ့မနက် တောထဲသွားမယ်ပြင်ဆင်ပြီးထွက်လာပေမဲ့ မိုးရွာလို့ မသွားဖြစ်ပဲ ရေပဲကူးဖြစ်ခဲ့ပါတယ်.. hotel ကမ်းဆပ်မှာလဲ ငါးလေးတွေကို လက်နဲ့အစာကျွေးလို့ရပါတယ်.. baby shark ရှိတဲ့နေရာသွားကြည့်တာ မတွေ့ခဲ့ပါဘူး.. အော်..နောက်ပြီး ငါးစာများများ ကိုယ့်အစီစဉ်နဲ့ ကျွေးချင်ရင်လဲ အစထဲကယူခဲ့ရပါမယ်.. အဲဒီမှာ ပေါင်မုန့်ရောင်းတဲ့နေရာရှိပေမဲ့.. ကမ်းစပ်နားမှာ လွယ်လွယ်ကူကူ ၀ယ်လို့ရတဲ့ ဆိုင်မရှိပါဘူး..
ပြီးတော့ lunch စားပြီး ပြန်အိပ်ပျော်ကြပြန်ပါတယ်.. ညနေနိုးတော့ banana boat စီးရန်သွားပေမဲ့ အိပ်ရာထနောက်ကျပြီး ကျမတို့ရောက်ချိန်မှာ ပိတ်သွားပါပြီ... ဒါနဲ့ပဲ ဓာတ်ပုံလေးတွေရိုက်ပြီးပဲ ပြန်လာရပါတယ်.. ၂ညအိပ် ခရီးဆိုပေမဲ့ ကားပေါ်မှာကုန်တဲ့ အချိန်က ၁ညပါ.. စုစုပေါင်း ၃ညအိပ် ၄ရက်ခရီးလိုပါပဲ.. ဘာမှလဲ စုံအောင်သိတ်မလုပ်ဖြစ်လိုက်ပါဘူး.. အလုပ်ကခွင့်များများမရလို့ ရသလောက်လေးနဲ့ ပျော်ခဲ့ရပါတယ်.. နောက်ထပ်လဲ ထပ်သွားပါအုံးမယ်.. resort က June, July, Aug and Sep လမိုးတွင်းကာလ ပိတ်ပြီး oct မှာပြန်ဖွင့်မှာဖြစ်ပါတယ်..


Tuesday, April 15, 2008

အိပ်မက် သင်္ကြန်...

အခန်း(၁)

ဒီနှစ်သင်္ကြန် သူနဲ့တူတူပျော်ဖို့အတွက် count down လုပ်ခဲ့ရတဲ့ရက်ရောက်ပြီ.. မနှစ်က အိပ်မက်ဆိုးတွေကိုဆေးကြောဖို့ အတွက် အားဆေးတစ်ခွက် သူဆီကတောင်းဖို့ မျှော်လင့်ချက်တွေနဲ့ ၁ကပြန်စဖို့ ကျမစောင့်စားခဲ့ရတဲ့အချိန်ရောက်ပြီ... ဒီနေ့မှ စက္ကန့်လက်တန်တွေသွားတာနှေးလိုက်တာ.. သူ ၉နာရီလာခေါ်မယ်လို့ချိန်းထားပေမဲ့ ကျမ မနက်၆နာရီထဲကနိုးနေပြီ.. ၇နာရီခွဲလောက်ထဲက ကျမပြင်ဆင်ပြီးနေပြီ..


"ကလင်..."
ဖုန်းသံ၁ချက်မည်လိုက်တာနဲ့ ချက်ချင်းကောက်ကိုင်လိုက်မိတယ်...
"သဲရေ... ကိုအောက်မှာရောက်နေပြီ.." သူ့ရဲ့ သာမန်ပြောလိုက်သော စကားသံ ၁ခုသည်.. ကျမရင်ထဲက သောကအားလုံးကို တစ်စက်မကျန် လွှင့်စင်ပပျောက်သွားနိုင်စွမ်းရှိတယ်ဆိုတာ သူသိနိုင်ပါ့မလား...
ကျမနာရီကိုလှမ်းကြည့်လိုက်သည်.. ၉နာရီ တိတိ..

စိတ်ထဲကကြိတ်၍ချီးကျူးမိသည်.. သူ့ရှေ့တွင်အမြဲ ဆရာကြီးလုပ်ကာ သူ့ကိုနှုတ်ကထုတ်၍ ချီးကျူးခဲသောကျမ ထုံးစံအတိုင်း .. ခပ်ရွဲ့ရွဲ့ပြောလိုက်သည်...
"အံမယ်... ဒီနေ့တော့အချိန်မှန်သားပဲ"...

သူက "မှန်ရမယ်လေ.. ချစ်က ကို့အတွက် စင်ကာပူကတောင်ပြန်လာရတာ.."..

"တော်ပါ.. ဝတ္ဘုထဲကစကားမျိုးနဲ့ မချွဲနဲ့.." ကျမကျေနပ်စွာပြုံး၍ပြောလိုက်သည်...

အိမ်အောက်ရောက်တော့ ကားပေါ်တွင် သူ့ဖေဖေနဲ့မေမေ ပါလာ၍ စောစောက သူပြောသောစကားများအတွက် ကျမအနည်းငယ် ရှက်မိသည်.. သူ့ဖေဖေ ကျမကို အေးချမ်းတည်ကြည်စွာ ပြုံးပြနှုတ်ဆက်သည်.. သူ့မေမေကတော့ "သမီးရေ မတွေ့တဲ့၁နှစ် အတွင်း ဝလာပြီး ပိုချစ်ဖို့ကောင်းလာလိုက်တာ" ... လို့ ဟတ်ဟတ်ပတ်ပတ်နှုတ်ဆက်သည်..

ဒီလိုနဲ့ကျမတို့ကို အင်းလျားလမ်းမပို့ခင် ရေကျော်၌ ဓာတ်ဆီဝင်ထည့်ကာ မနက်စာကို ၄၆လမ်းထိပ်က ရှမ်းခေါက်ဆွဲစားဖြစ်သည်..

စားရင်းလည်း သူ့မေမေမှ အပျော်မလွန်ရန် အရက်မသောက်ရန် စသည်ဖြင့် ဆုံးမသည်..
"သမီး.. သူ့ကို သိပ်မကဲစေနဲ့နော်"

"ဟုတ်ကဲ့ပါ.. သူကအစထဲက မသောက်တတ်တာ အန်တီလဲသိတာပဲ"

"အင်းပါ.. စိတ်ပူလို့ပြောတာပါ.. ညနေကျရင် အဲဒိမှာပဲစောင့်နေ ပြန်လာကြိုမယ်"

"ဟုတ်ကဲ့" ၂ရောက်လုံးပြိုင်တူဖြေမိသည်.. သူ့မေမေကို ကျမက ရေထည့်ပေးတော့ သူက ကျမကြားရုံလောက်လေသံဖြင့် "ဖားနေတယ်.. ဖားထား" ဟု လှမ်းနောက်သည်.. ရှက်ရှက်ဖြင့် သူ့ကို "ဘာဖြစ်လဲ" ဟုပြန်ပြောလိုက်သည်.. စိတ်ထဲမှာတော့ ပျော်ရွှင်မှုတွေနဲ့.... မျှော်လင့်ခဲ့ရတဲ့ အိပ်မက်လေး.. မက်ခွင့်ရတော့မည်.. သူရဲ့ဟန်ဆောင်မှုမရှိတဲ့ အပြုံး တစ်ချက်နဲ့တင် ကျမအတွက် အရာရာပြည့်စုံနေခဲ့သည်..

ပြည်လမ်းတွင်ကားကိုရပ်ကာ အင်းယားလမ်းအတွင်းသို့ ဝင်ခဲ့ကြသည်.. သင်္ကြန်တွင်းအင်းယားလမ်းကို တစ်ခါမှမရောက်ဖူးတဲ့ကျမ အရမ်းအံ့အားသင့်သွားသည်..လူတွေကများလွန်း၍ ခပ်ရွေ့ရွေ့သာသွားနိုင်သည်.. အရက်သမားနဲ့ ခါးပိုက်နှိုက်များကိုလဲသတိထားရသည်.. သူ့ဖေဖေကရှေ့ဆုံးမှဖောက်သည် သူ့မေမေက ကျမဘယ်ဘက်လက်ကိုကျစ်ကျစ်ပါအောင်ဆွဲထားသည်.. ကျမနောက်လက်တစ်ဘက်ကိုသူကိုင်ထားသည်... အဲဒိတွဲလက်တွေက ကျမကိုဘယ်အရာမှမကြောက်အောင်အားတွေပေးခဲ့သည်.. သူ့မေမေနဲ့ကျမလက်တွဲ ကို ကျမခိုးခိုးကြည့်မိတိုင်းပီတိဖြစ်ရသည်... ကျမညာလက်မှသူရဲ့ နွေးထွေးတဲ့ အချစ်တွေကို ကျမခံစားလို့ရသည်.. ကျမနားကပ်လာတဲ့ အမူးသမားတွေကို ကာလိုက် တွန်းလိုက်လုပ်ကာ ကျမကို ကာကွယ်နေတဲ့ သူ့ကို သူရဲကောင်းတစ်ယောက်လို့ထင်မိသည်... ထိုခဏအချိန်အတွင်းမှာ သူက ကျမကိုမင်းသမီးတစ်ပါးကဲ့သို့ ခံစားရအောင်လုပ်ပေးနိုင်ခဲ့သည်.. ကျေနပ်လိုက်သည့်ဖြစ်ခြင်း...

ထိုအချိန်တွင် မဏ္တွပ်ပေါ်မှ မီးသတ်ပိုက်က ကျမကို အငြိုးကြီးစွာမဲ၍ထိုးသည်.. ဝတ်လာမိသည့်အင်္ကျီက ဆွဲသား.. သာမာန်ဆိုလျှင်ရင်သိပ်မဟိုက်.. ရေစိုသောအခါ အင်္ကျီသားက ပျော့တွဲ၍ လေးကျလာသည်.. မီးသတ်ပိုက်ကလဲ တမင်ကျောအဟိုက် မဖြစ်ဖြစ်အောင်ထိုးသည်.. ကျမလက် ၂ဖက်လုံးကမအား.. သူ့မေမေကလဲ ကျမလက်ကိုဆွဲကာ ရှေ့ကိုသာတိုးနေသည်.. သူကလဲ ဘေးကလူတွေကိုသတိထားနေရသည်.. ကျမ မျက်နှာမော့၍စကားပြောလို့မရ.. ရေမွန်းလှသည်.. ကျမအင်္ကျီကလဲ မီးသတ်ပိုက်အရှိန်ဖြင့် လျှောသထက်လျှောလာသည်.. ကျမစိတ်ထဲမှ သူ့ကို အားကိုးတကြီးကျယ်လောင်စွာ အော်ခေါ်နေမိသည်..

ခဏတွင်းမှာပင် ရုတ်တစ်ရက် ကျမနောက်မှ သူနွေးထွေးစွာအုပ်၍ကာလိုက်သည်.. လျောနေသော ကျမအင်္ကျီကိုလဲ ပြန်ဆွဲတင်ပေးသည်.. ကျမသူကို လှည့်ကြည့်ခွင့်မရ.. ဒါပေမဲ့ ကျမအတွက်တော့ သူဟာ ထိုအချိန်တွင် စစ်ပွဲပေါင်းများစွာတိုက်လာသည့် နပိုလီယန်ထက်ခန့်ညားသည်.. အလောင်းမင်းတရားထက် သူရဲကောင်းပိုဆန်သည်..

ထိုအခိုက်အတန့်လေးသည် ကျမအတွက်တော့...
ရိုမီရို ဂျုးလီးယက်ဇာတ်လမ်းထက် ပို romantic ဖြစ်သည်.. ရှင်မွေးနွမ်း မင်းနန္ဒာထက် ပိုရင်ခုန်ဖို့ကောင်းသည်...
ခွန်ဆန်လော နန်းဦးပြင် ထက်စိတ်ဝင်စားဖို့ကောင်းသည်..

ဒီလောက် ရင်ခုန်ကြည်နူးမှုမျိုး ရှိတ်စပီးယားဝတ္တုထဲမှာပင် မဖတ်ဖူး..
ကိုရီးယားဇာတ်လမ်းကြည့်၍မခံစားဖူးဖူး...

အကယ်၍ ဒီအခိုက်အတန့်လေးဟာ သူနဲ့ကျမ သရုပ်ဆောင်တဲ့ ဇာတ်ဝင်ခန်းတစ်ခုဖြစ်ခဲ့မယ်ဆိုလျှင်.. ကျမထို အခန်းကို ခဏခဏပြန်ရစ်ကြည့်မည်.. pause ၍ထားမိမည်.. ကျမဘဝမှာ ကိုယ့်ကိုကိုယ် ကံကောင်းတယ်ဟု တစ်ခါမှမထင်မိ.. ဒါပေမဲ့ သူနဲ့ချစ်သူဖြစ်ရခြင်းသည် ကျမအတွက်ကံအကောင်းဆုံးဟု ထင်မိသည်..

အခန်း(၂)

ကျမအတွေးများဖြင့် ကြည်နူးမဆုံးဖြစ်နေချိန်မှာပင်.. ရုတ်တရက်ကျမ သတိထားမိလိုက်ချိန်တွင်.. ကျမညာဘက်၌ဆုတ်ထားသော သူ့ရဲ့လက်တွေသည်အေးဆက်၍မာကြောနေသော သံမဏိလက်တုကြီးတစ်ခုဖြစ်နေသည်ကို သတိထားလိုက်မိသည်.. အဲဒိ လက်တွေမှတဆင့် တဖြည်းဖြည်း သူ့ကို မော့ကြည့်မိသည်.. သူ့မျက်နှာက ခက်ထန်မာကျောနေသည်...

"ကို.. ဘာဖြစ်လို့လဲဟင်?".....ကျမအားငယ်စွာမေးလိုက်သည်..

ဒါပေမဲ့သူပြန်မဖြေ.. တစ်ဖက်သို့မျက်နှာလှည့်သွားသည်.. သူ့ အသွင်အပြင်က သောနတ္တရမုဆိုးထက် ခက်ထန်လွန်းလှသည်...

ကျမလက်တွဲကိုဖြုတ်ရန်သူကြိုးစားနေသည်..

"ကို.. ဘာဖြစ်လို့လဲ.. ချမ်းလို့လား?" သူ့လက်ကို ကျမလွှတ်မပေး.. ပြောနေရင်းပင်.. ကျမလက်၂ဖက်ဖြင့် အေးစက်တဲ့ သူ့ရဲ့လက်တွေကို နွေးအောင် ပွတ်ပေးလိုက် အာငွေ့ပေးလိုက်ဖြင့်.. နွေးထွေး နူးညံ့တဲ့ လက်လေးပြန်ဖြစ်အောင် ကျမအစွမ်းကုန်ကြိုးစားနေသည်.. ဒါပေမဲ့ ဘယ်လိုမှမရ...

"မင်းလိုချင်တဲ့ နွေးထွေးနူးညံ့တဲ့ လက်တွေပြန်ရမှာမဟုတ်ဘူးကွ.. " ...အေးစက်စက် စိတ္တဇ လူသတ်သမားလေးသံမျိုးဖြင့်သူပြောသည်..

" ဘာလို့လဲဆိုတော့ အစထဲက ငါမင်းကိုကမ်းခဲ့တဲ့လက်က အစစ်မှမဟုတ်တာ..."

"ဟင့်အင်း.. မယုံဘူး.. မယုံဘူး.. အရင်က ကို့လက်တွေက နွေးထွေးတာပဲ... " ကျမပြောပြောဆိုဆို သူ့လက်တွေကို ဒိထက်မြန်မြန်ဆက်ပွတ်သည်..

"အဲဒါ.. မင်းရဲ့နှလုံးသွေး တစ်ခုထဲနဲ့ နွေးထွေးနေခဲ့တာကွ.. မင်းမယုံချင်ရင်တော့ ငါ့ရဲ့ သံမဏိလက်ကိုဆက်တွဲချင်တွဲပေါ့.. ငါဘက်ကရတယ်.. ဒါပေမဲ့ ငါ့လက်အစစ်ကတော့ မအားဘူး.. ဒီမှာကြည့်...." သူ့စကားအဆုံးတွင် သူလက်အစစ်ကိုမြှောက်ပြသည်.. ဒါပေမဲ့ သူ့လက်အဆုံးတွင် သူနဲ့လက်တွဲထားသောမိန်းကလေးတစ်ယောက်.......

"တွေ့လား... ဒီမှာ.. ငါ့လက်အစစ်ကမအားဘူးဟ.. သူနဲ့လက်တွဲထားတာ ၃နှစ်ရှိပြီ...မင်းကမင်းကိုမင်း သိပ်အထင်ကြီးလွန်းတာကိုး..."

သူ၏ အကြင်နာမဲ့ အေးစက်စက်စကားလုံးများက ကျမနှလုံးသားကို ထုံဆေးမပေးပဲ ဆေးမှင်စုတ်ထိုးနေသလိုနာကျင်လှသည်... စောစောကကဲ့သို့ရေမွန်း မနေပင်မဲ့ ကျမအသက်ရှူရကျပ်လာသည်... အိပ်မက်သာဆိုရင် ခုချက်ချင်းနိုးရပါလို၏...

"ဒါ... ဒါဆို.. ဘာလို့....?" ကျမ စကားလုံးတွေ လည်ချောင်းဝမှာတစ်နေ၏.. ရင်ထဲရှိသမျှ.. ခံစားရသမျှ.. သိလိုသမျှကို စကား ၁ခွန်း ၂ခွန်းထဲနှင့်ပြည့်စုံအောင်ပြောရန် ကျမအတွက်စကားလုံးတွေ မရှိ... ကျမအားအင်တွေချိနဲ့လာပြီး မတ်မတ်ရပ်ဖို့ပင်အားမရှိတော့....

ကျမစိတ်ထဲမှ မေးခွန်းပေါင်းများစွာ မေးနေမိရင်း လက်တုကြီးကိုဆွဲထားတဲ့လက်တွေကို သေချာကြည့်မိတော့.. ဟုတ်သည်.. သူနဲ့ချစ်သက်တန်းတစ်လျှောက် ကျမကသာ ဒီလက်ကို ဘာတွေပဲဖြစ်ဖြစ်ကြိုးစားဆုတ်ကိုင်နေခဲ့သူဖြစ်သည်.. ကျမတို့၂ယောက်၏တွဲလက်သည် ကျမနှလုံးသွေးတစ်ခုထဲနှင့်သာ နွေးထွေးနေခဲ့သည်.. အနာကျင်ဆုံးအရာကတော့ စိတ်ဆိုးစိတ်ကောက်၍ သူ့ကိုကျမထားသွားတော့မည်ဟု ပြောမိတိုင်း သူကျမကိုမတားခဲ့ခြင်းပင်...

အတွေးများနှင့်နယ်လွန်နေသော ကျမ လက်တုကြီးကိုကျစ်ကျစ်ဆက်ကိုင်ဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိကာ.. အနည်းငယ်အားရော့သွားချိန်မှာပင်... သူကျမကို ကျောခိုင်း၍ သူ့ချစ်သူဟူသောကောင်မလေးနှင့် ထွက်ခွာသွားပြီ..

ကျမအသံကုန်အော်ခေါ်သည်... သူမကြားနိုင်တော့...
ကျမရဲ့မျက်ရေတွေက သူ့အတွက်တော့ တန်ဖိုးမဲ့လွန်းသွားပြီ..

ကျမသူ့နောက်ကိုပြေးလိုက်သွားမည်လုပ်လိုက်တော့ ကျမဘယ်ဘက်လက်ကို သူ့မေမေကဆွဲထားသည်..

"ဟာ.. အန်တီ.. လွှတ်ပါ.. သူထွက်သွားပြီ.. သမီးလိုက်ခေါ်မလို့" ကျမ အလျှင်စလိုပြောလိုက်သည်..

"အို... မလွှတ်ပါဘူး.. ငါ့သားအတွဲကို ညဉ်းနှောက်ယှက်မှာစိုးလို့ တမင်ဆွဲထားတာ.. ဟိုမိန်းကလေးက ချမ်းသာတယ်.. မိဘတွေလဲမရှိတော့ဘူး.. ညဉ်းနေခဲ့တော့ဟယ်.." ပြောပြောဆိုဆို ကျမကိုတွန်း၍ ထွက်သွားသည်...

ကျမရဲ့ အတိတ်တွေကိုသူစိုးမိုးခဲ့သည်..
ကျမရဲ့ အနာဂတ်စီမံကိန်းတွေထဲသူပါသည်..
ဒါပေမဲ့ ကျမရဲ့ ပစ္စုပန်မှာ သူကျမကိုကျောခိုင်းသွားပြီ...

သူဖြေးဖြေးချင်းလျှောက်နေသောခြေလှမ်းတွေကို.. ကျမ အားကုန်ပြေးလိုက်သော်လည်း ဘယ်လိုမှမမှီနိုင်တော့ပါ..

တဖြေးဖြေး... ဝေး၍.. ဝေး၍....


အခန်း(၃)

"သမီး.. သမီး... ထတော့လေ.. ဘာဖြစ်နေတာလဲ.. ရော့ရေသောက်လိုက်" ကျမ မေမေအသံ ကြားတော့မှ ကျမ အသိဝင်လာသည်.... မျက်လုံးဖွင့်ကြည့်လိုက်တော့ စင်္ကာပူ တိုက်ခန်းအိပ်ယာပေါ်တွင်...

"ရေသောက်ပြီး အိပ်ရာထတော့.. ဒီနေ့နှစ်ဆန်းတစ်ရက်နေ့ ဘုရားရေသပ္မါယ် အိမ်ရှင်း ဘုန်းကြီးကျောင်းလဲလိုက်ပို့ပေးအုံး.."
ပြောပြောဆိုဆို မေမေအခန်းပြင်ပြန်ထွက်သွားသည်...

အခန်းပြင်၌ ဖေဖေဖွင့်ထားသော "ချမ်းမြေ့ပါစေ" သီချင်းကိုခပ်သဲ့သဲ့ကြားနေရသည်..

ဒီနှစ်သင်္ကြန် ၅ရက်ကို ကျမ စင်္ကာပူမှာ ကြိုးစားပြီးမသိချင်ယောင်ဆောင်နေလို့ရပေမဲ့.. ကျမ မသိစိတ်ကဒဏ်ရာက အိပ်မက်ထဲထိ ခြောက်လှန့်နေခဲ့သည်..

ချစ်သူ ဖြစ်ခါစက သူပြောခဲ့သော စကားလေးကို ရေရွတ်မိသည်... "ပျော်အောင်ထားပါ့မယ်... တဲ့လား ကိုရယ်..."

ကျမကိုနားအလည်ဆုံး နဲ့ အချစ်ဆုံး ဖေဖေနဲ့မေမေက ဒီသင်္ကြန်တတွင်းလုံး မအားရလေအောင် ကျမအတွက်စီစဉ်ပေးခဲ့သည်.. ကျမကိုဂရုစိုက်တဲ့.. ကျမကိုလိုအပ်တဲ့.. ကျမ မိသားစုအတွက် ကျမဆက်၍အသက်ရှင်သန်ရအုံးမည်.. ကျမကြောင့် ကျမ မိသားစု စိတ်မဆင်းရဲစေရ.. ကျမ အိပ်မက်ဆိုးက နိုးထခဲ့သလို.. အတိတ်ဆိုးက လွတ်မြောက်နိုင်အောင် အစွမ်းကုန်ကြိုးစားသွားမည်...

နှစ်သစ်အတွက် ကျမ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ချင်တာကတော့.....

"လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ...."

အချစ် နှင့် အိမ်ထောင်ရေး

အချစ်ဆိုတာ ဘာလဲ။

ဆရာက ပြောတယ်။
မင်းရဲ့ မေးခွန်းကို ဖြေဖို့အတွက် မင်း စပါးခင်းထဲကို သွားပါ။
အကြီးဆုံး စပါးနှံ (စပါးစေ့ ဆိုရင်လည်း ရမှာပါ။ မြင်သာအောင် စပါးနှံလို့ ပြောတာ) ရွေးယူပြီး ပြန်လာခဲ့လို့ မှာလိုက်တယ်။
ဒါပေမယ့် စည်းကမ်းက စပါးစိုက်ခင်းတန်းတစ်ခုကို တစ်ခါပဲ ဖြတ်ရမယ်။ ပြန်လှည့်ပြီး ကောက်ခွင့် မရှိဘူးတဲ့။
ဒါနဲ့ ကျောင်းသားက လယ်ကွင်းထဲ သွားတယ်။ ပထမတန်းကို ဖြတ်တဲ့အခါ စပါးနှံကြီး တစ်ခုကို မြင်တယ်။
ဒါပေမယ့် သူ ထင်တာ နောက်တစ်တန်းမှာ ဒီထက်ကြီးတာ တွေ့နိုင်သေးတယ်ပေါ့။
နောက်တော့ စပါးခင်း တစ်ဝက်လောက်မှာ သူ တွေ့သမျှ စပါးနှံတွေက ပထမ သူတွေ့ခဲ့တဲ့ စပါးနှံလောက် မကြီးဘူးဆိုတာ သူသိလာတဲ့အခါ သူ နောင်တ ရခဲ့တယ်။
နောက်ဆုံးမှာ လက်ဗလာနဲ့ ဆရာ့ဆီ ပြန်ခဲ့တယ်။
ဆရာ သူ့ကို ပြောတာက
အဲဒါ အချစ်ပဲ။ မင်းက နောက်ထပ် ဒီထက် ကောင်းတာတွေ့မလားဆိုပြီး ရှာခဲ့တယ်။ ဒါပေမယ့် ကောင်းတဲ့တစ်ယောက်ကို မင်း ဆုံးရှုံးခဲ့ပြီဆိုတာ နောက်တော့မှ မင်းသိလာမယ် တဲ့။

လက်ထပ်ခြင်း (အိမ်ထောင်ရေး) ဆိုတာကော ဘာလဲ။

ကျောင်းသားက ထပ်မေးပြန်တယ်။ ဒါဆို လက်ထပ်ခြင်း (အိမ်ထောင်ရေး) ဆိုတာကော ဘာလဲတဲ့။
ဒီတော့ ဆရာက ပြောတယ်။
ဒီတစ်ခါ ပြောင်းဖူးခင်းထဲ သွားပါ။
အကြီးဆုံး ပြောင်းဖူးယူပြီး ပြန်လာပါလို့ ဆိုသတဲ့။ စည်းကမ်းကတော့ ပထမ စည်းကမ်းအတိုင်းပဲပေါ့။
ဒီတစ်ခါတော့ ကျောင်းသားက နပ်သွားပြီဆိုတော့ စောစောကလို မမှားဖို့ သေချာ ဂရုစိုက်ပြီပေါ့။
ပြောင်းခင်းအလယ်လောက်မှာတော့ အလယ်အလတ် ပြောင်းဖူးတစ်ဖူးကို သူ ကျေနပ်စွာ ကောက်ယူပြီး ဆရာ့ဆီ ပြန်လာခဲ့တယ်။
ဆရာ ပြောတာက
ဒီတစ်ခါတော့ မင်းပြောင်းဖူး တစ်ဖူး ယူလာနိုင်ပြီ။ မင်း စိတ်ထဲမှာ မင်းကောင်းတာ ရှာတွေ့တယ်၊ မင်း အကောင်းဆုံး ရခဲ့တယ် ဆိုတဲ့ ယုံကြည်စိတ်ချမှု ရှိနေတယ်။ တကယ်တော့ ဟုတ်ချင်မှ ဟုတ်မယ်။
လက်ထပ်ခြင်း (အိမ်ထောင်ရေး) ဆိုတာ အဲဒီလိုပါပဲ တဲ့။

P.S ကိုပီကေ blog မှတိုက်ရိုက်ကူးယူဖော်ပြထားသည်..

Saturday, April 05, 2008

Some of the songs that i can only listen currently



I am still collecting these songs in mp3 format and when i have them all, i will make a song track at the side bar. These songs dedicated for those who has been heart broken. For those who met with betrayer. For those who chose the wrong person in the past. So don't worry coz every one has encounter the feeling called heart broken. You are not alone. What you need to do is forgive, forget and keep moving on the right track. You know what, you still can continues to love someone even he/she is not yours now or you can find new one and others can't call you are betrayer or You will find your success awaiting you to get it. You have many more choices to do now. I am neither conforting nor giving excuses for being left behid or cheated by your loved one.
Well, anyway..... I am also still struggling those feeling though but i am sure i will handle it someday. Somehow... I think i've changed a little bit for the good. I admit that i still love him. I still dream about him but i was crying in the dream whenever he is in my dream. How wonderful the power of mind. huh...

I would like to appoligize for all the friends who has been reading my myanmar blog for not able to write with myanmar font. But i have good reasons.

1. My computer at home got formatted and can't see myanmar font in Internet explore even though i have instralled the font.All i can see are the square.

2. From these days onward, I want to study proper English for my future plan and want to practise some of the writing skill. So you are welcomed to correct me any grammer mistakes,spelling mistakes and so on.

3. Due to my current conditions, I have not enought strength to write down all those feeling in myanmar. If not one post will cost my one litre of tear.

I think you all would understand me and forgive me for not writing in myanmar. Don't be disappointed coz i will write with myanmar when i feel like writing. Ok?

All the best and Enjoy the music. Make sure you listen to the song and understand the meaning. You are welcome to give a suggestion or idea for more song with these kind of meaning and If you have with mp3 format Pls email to mabaydar@gmail.com.
"Too little too late" by JoJo with lyric



"What goes around comes around" by Justin Timberlake with lyric



"Stranger" by Hilary Duff with lyric



"So Yesterday" by Hilary Duff with lyric