ဟိုတစ်လောက ကိုရီးယားကားရော၊ တရုတ်ကားရော ကိုယ်သိပ်စိတ်ဝင်စားတာမတွေ့လို့ ဂျပန်ကားနဲ့ တမျိုးလေးအရသာ အာရုံပြောင်းကြည့်ဖြစ်ခဲ့တယ်။
တစ်နိုင်ငံနဲ့တစ်နိုင်ငံက တင်ဆက်ပုံ၊ ရိုက်ချက်၊ စာတန်းထိုးတဲ့စတိုင်နဲ့ cultural တွေပါမတူတော့ အဲ့လို အပြောင်းအလဲလုပ်ကြည့်ရင် refreshing ပြန်ဖြစ်တယ်။
ဒီကာလေးကို ကြည့်ပြီးပြီးချင်းရေးမလို့ပဲ၊ ရေးနေရင်း ပိုစ့်က ပျက်သွားလို့ မရေးဖြစ်တော့တာ။
Name in English: Kitchen Knife and Green Chilli Pepper
Airing year: 2023
Number of episode: 10
ဇာတ်လမ်းအကျဉ်း
ဒီဇာတ်လေးက ဂျပန်စစ်ပြီးခေတ် ၁၉၅၁ ခုနှစ်ကို အခြေခံထားတဲ့ ကားလေးတစ်ကားပေါ့။ စစ်ပြီးကာလ ကျိုတိုက စီးပွားပျက်လုနီးပါးဖြစ်နေတဲ့ မိသားစုပိုင် ဂျပန်ရိုးရာစားသောက်ဆိုင်လေး ဆက်လက်တည်တံ့ဖို့အတွက် Ichika ဟာ Amane ဆိုတဲ့ သူ့ထက် ၁၆နှစ်ငယ်တဲ့ Osaka က ကျောင်းသားလေးနဲ့ အကြောင်းအမျိုးမျိုးကြောင့် လူကြီးချင်းပေးစားလို့ လက်ထပ်လိုက်ရတယ်။
စာရေးသူအမြင်
Age gap ကြီးက တော်တော်ကွာလို့ အစကဟုတ်ပါ့မလားဆိုတဲ့ စိတ်နဲ့ ကြည့်ဖြစ်ပေမဲ့ ဒီကားတင်ဆက်ပုံလေးက အေးအေးချမ်းချမ်းလေးနဲ့ ကိုယ်ပါ Amane ကို အားကိုးချင်သွားတယ်။ သူက စစ်ပြီးခေတ်အခြေအနေမှာ အမျိုးသမီးတွေကို နှိမ်ချဆက်ဆံတာမျိုးတွေကိုလဲ ဖော်ပြထားတယ်။ အဲ့လို နှိမ်ချခံရတဲ့ကြားက အမြင်ကျယ်တဲ့ အိုဆာကာသား လူငယ် (next generation) ယောကျ်ားရထားတော့ မိန်းမကို သူက လုံးဝ support ပေးတာလေးက ရင်ထဲနွေးထွေးစေတယ်။
အဲ့ကားကြည့်တုန်းက comment တွေလဲ ဖတ်မိတော့ အခုချိန်ထိ ကျိုတိုက conservative နည်းနည်းဖြစ်ပြီး ယဉ်ကျေးမှုကို တအားထိန်းသိမ်းထားတဲ့မြို့ဖြစ်ပြီး Osaka ကလူတွေက ပိုပြီး mordern အတွေးအခေါ်မျိုးရှိကြတယ်လို့ တွေ့ရတယ်။ (ဟုတ်မဟုတ်တော့ မသိဘူးနော်။ သူများရေးထားတာတွေ့လို့။ ဗဟုသုတပေါ့။ ဟုတ်မဟုတ် တနေ့တော့ ဂျပန်သွားလည်ပြီး ခံစားကြည့်ချင်သေးတယ်။)
မင်းသား မင်းသမီးရဲ့ Chemistry က ဇာတ်ကားတစ်ကားမှာ အရမ်းအရေးကြီးတယ်။ ဒီကားမှာဆို Skinship ဆိုတာ မပါသလောက်ရှားတယ်။ မင်းသမီးက တစိချိန်လုံး ဟင်းချက်၊ မင်းသားက သူချက်သမျှ ထိုင်စားနေတာ။ စစချင်း လက်ထပ်ကာစမှာ မင်းသမီးက မင်းသားကို ကလေးလိုပဲ ဆက်ဆံတာ၊ သူ့မောင်လေးလိုပေါ့။ လက်မထပ်ခင် ၂ ယောက်သား စကားပြောကြကတည်းက တစ်ယောက်နဲ့တစ်ယောက် မချစ်ဘူးလို့ ပြောခဲ့ကြလို့ လက်ထပ်ခဲ့ပေမဲ့ ဟန်ဆောင်လက်ထပ်ကြတာတော့မဟုတ်ဘူး။ မင်္ဂလာဦးညမှာ သတို့သားက သူ့တာဝန်သူလုပ်ဖို့ offer ရှာပါတယ်။ မင်းသမီးက ကလေးနဲ့ ဘယ်လိုမှ feel မလာလို့ လက်မခံပဲ အခန်းခွဲအိပ်ကြတာ။
ဇာတ်လမ်းအရ မင်းသားက အသက်ငယ်ပေမဲ့ စီးပွားရေးအမြင်ကျယ်တယ်၊ အစားအသောက် မြည်းစမ်းတာမှာတော်တယ်။ လူမှုဆက်ဆံရေးလဲ ရင့်ရင့်ကျက်ကျက်ရှိတယ်။ (သူ့သူငယ်ချင်းရွယ်တူတွေနဲ့ တွေ့တဲ့အချိန်ဆိုလဲ လူငယ် vibe လေးပဲ။) ပြီးတော့ အဲ့ခေတ်က အဲ့လိုမျိုး ငယ်ငယ်ရွယ်ရွယ်နဲ့ လူကြီးချင်း ပေးစားလို့အိမ်ထောင်ကျတာမျိုးက မဆန်းသလိုတော့ ပြတယ်။
အပိတ်စာတန်းထိုးလေးတွေဆိုလဲ သူတို့ဟင်းချက်နေတာလေးကို ပြပေမဲ့ တစ်ပိုင်းနဲ့တစ်ပိုင်း သူတို့ relationship လေး တိုးတက်လာတာကို အစမှာ မင်းသမီးတစ်ယောက်ပဲ ချက်တယ်။ နောက်ပိုင်းကျ မင်းသားစားဖို့ချက်နေတာလေး။ နောက်အပိုင်းတွေကျ မင်းသားကပါ မင်းသမီးကို ကူလုပ်ပေးတာမျိုး။ နောက်အပိုင်းတွေမှာ မင်းသားတစ်ယောက်ပဲ မင်းသမီးဖျားတုန်း နောက်ဖေးဝင်ပြီး ချက်နေတာမျိုးလေးကို တီးလုံးအေးအေးလေးနဲ့ပြတော့ ဇာတ်လမ်းက ဘာ skinship မှ သိပ်မရှိတာတောင် ကြည့်တဲ့သူရင်ထဲ သူတို့ ၂ ယောက်ရဲ့ relationship တိုးတက်လာတယ်ဆိုတဲ့ အတွေးက နှောင်တွယ်လာတယ်။
တစ်ချိန်လုံး ဘယ်တော့ နမ်းကြမလဲ စောင့်နေမိတဲ့အထိပဲ။ ၁၀ ပိုင်းမှာ နမ်းတာ ၁ ခန်းလားပဲပါတယ်။ အဆုံးခန်းမှာ အနည်းဆုံးတော့ တစ်ယောက်နဲ့တစ်ယောက် ပြေးဖက်စေချင်တာ။ လုံးဝပဲတော့... တကယ့် ရှေးရိုးဂျပန်တွေလိုပဲ ယောကျ်ားက ရှေ့ကလျှောက် မိန်းမက ဘေးနောက်လေးက တူတူလျှောက်ပြီးပြီးသွားတယ်။ လက်တောင်မကိုင်ဘူး။ ဂျပန်ကားတွေက skinship ပါတဲ့ကားမျိုးတွေဆို စလာကတည်းက မင်းသား or မင်းသမီးက လူတကာနဲ့ လိုက်အိပ်နေတာမျိုးနဲ့ စရင်စ။ အခုလို လုံးဝ ရိုတာမျိုးဆိုလဲ skinship သိပ်မပါလို့ ပရိတ်သတ်က မထိတထိဖြစ်ရတယ်။
ပြီးတော့ ဒီကားလေးကို သဘောကျတဲ့အချက်က ဒီထဲက ဟင်းချက်နည်းတွေက အတိအကျ မပြောပေမဲ့ ဟင်းချက်နေကျလူဆိုရင်တော့ တကယ်လိုက်ချက်လို့ရတဲ့ recipe လေးတွေလိုပဲ။ ကိုယ်ဆို မင်းသမီးချက်ပြီဆိုရင် အဲ့ဒါကြည့်ရတာပါ စိတ်ဝင်စားဖို့ကောင်းတာ။
၂၀၂၄ ထဲက ကိုယ့်အချိန်ပေးလိုက်ရတဲ့ ကားလေးတစ်ကား မှတ်တမ်းလာတင်တာ။