Thursday, November 28, 2013

SELLER " IDOL M " on Qoo10 - Review

If I don’t write this post out, I would feel very unfair and suffocated for being treated like this by “IDOL M” seller from Qoo10.sg website.

Let me tell you what happened when I bought Nail art accessories from the seller called “IDOL M” on Qoo10.sg page. I ordered 6 pcs set of “Nail Art Brush” worth of $5.00 and “Nail Striping tape set 6+2 pcs” worth $6.40 on 2nd October 2013. I waited for 2 weeks and finally I received on “15th Oct 2013”.

I opened the wrap excitedly and only to find the wrong item “Dotting Tools set worth $4.90” was delivered instead of “Nail Art Brush set”.  Of course I was upset. When thinking about that troublesome procedure to go through “Singpost to send back the item” and “Wait again for your item to arrive again”.

So I am actually thinking of taking that wrong item and asking for refund of “10 cents” (the amount did not matter but the principle did). I send them a massage about wrong item and they replied me with below massage. If they were very apologetic and humble, I am already thinking of let go 10 cents. But their reply didn’t show any manner and accused me of not sending back the item despise their many attempts of notifying me to send back the item. WHEN ON EARTH DID THEY REMIND ME? HELLO! I JUST RECEIVED THE DAMN ITEM NOW and notified them how are they going to handle the issue…. And I don’t want compensation… I want my correct ITEMS… WHAT THE HELL ARE THEY SAYING?


  
Why do we shop online? It is because we want to save trouble walking around shopping mall and to save our time. But now you have to go through the trouble of sending back the item and wait for your item to received again?  AND SOME MORE MUST SEND BY THIS WEEK! Giving me dead line? C’MON…  I feel so UNFAIR!
So I replied them with 2nd msg saying I will just take the item since I do not want to go through the troubles. And of course I asked when did they ever notified me about wrong item and they REPLIED ME AS BELOW!


So of course as an unhappy shopper I have to give my honest feedback for fellow ONLINE SHOPPERS, right? So I wrote my review as below. And they even threatened me with reply below. If they didn't write like that, the problem will be just ended. I wouldn't even bring it onto my blog and facebook.
  

What kind of business mission they have for them? Since I write “Not recommended” they won’t do any further refund or exchange for me.
HELLO! EVEN IF YOU EXCHANGE IT FOR ME, I STILL HAVE THE RIGHTS TO WRITE MY EXPERIENCES OF SHOPPING WITH YOU. WHY IN THE FIRST PLACE YOU SEND THE WRONG ITEM TO ME? ISN’T IT CHEATING?

I was just expecting “Sorry” or “Apologies” from them at first. Now I know the standard and level of “IDOL M” from Qoo10.sg. What can I expect? OH… Yeah…  You will just get my money this time. Not another time. And for the money you took unfairly from me, remember you will have to repay me because I believe in fate. If not this life, next life unless I go to Nirvana.

Ok. I am just ranting my anger to them. So Dear Readers, it is up to you to decide if you wanna treated like me or not.


Friday, November 22, 2013

Captain Phillips - Movie Review (with vlog in Burmese)


ရုပ်ရှင်အမည် : Captain Phillips
အမျိုးအစား : တိုက်ခိုက် သည်းထိပ်ရင်ဖို
ဘာသာစကား : အင်္ဂလိပ်၊ ဆိုမာလီ
ထုတ်ဝေသည့်နေ့ : ၁၁ရက် အောက်တိုဘာ ၂၀၁၃
Based on A Captain's Duty: Somali Pirates, Navy SEALs, and Dangerous Days at Sea by Richard Phillips
Stephan Talty

သရုပ်ဆောင်များ
Tom Hanks as Richard Phillips, captain of the MV Maersk Alabama
Barkhad Abdi as Abduwali Muse, pirate leader

My rating: 5/5

ဇာတ်လမ်းအကျဉ်း

Richard Phillips တာဝန်ယူ ဦးဆောင်တဲ့ MV Maersk Alabama ဆိုတဲ့ ကုန်တင် သဘောင်္ကြီးဟာ Oman သဘောင်္ဆိပ်ကနေ Mombasa အသွား Gulf of Aden အဖြတ်မှာ ဆိုမာလီက ပင်လယ်ဓားပြတွေရဲ့ ရန်ကိုရင်ဆိုင်ခဲ့ရပါတယ်… Captain Phillips ဟာ ဓားပြတွေသောင်းကျန်းတဲ့အတွက် သတိပေး အီးမေလ်းကိုရအပြီး အရေးပေါ်အခြေအနေကို လေ့ကျင့်နေတဲ့အချိန်မှာပဲ မင်္သကာစရာ မော်တော်ဘုတ် ၂စီးကို ရေဒါထဲမှာ မြင်ခဲ့ပါတယ်… ဒီလိုနဲ့ လေ့ကျင့်မှုကနေ တကယ့်အခြေအနေကို တဟုန်းထိုး ကူးပြောင်းသွားပါတော့တယ်… Captain Phillips ရဲ့ ဟန်ဆောင်ရေဒီယို စကားပြောကို လေလှိုင်းကြားက ခိုးနားထောင်နေတဲ့ ပင်လယ်ဓားပြတွေကြားပြီး မကြာခင်မှာ စစ်တပ်ရောက်လာတော့မည်အထင်နဲ့ မော်တော်ဘုတ် ၂စီးမှာ ၁စီးက လှည့်ပြေးသွားပါတော့တယ်… ကျန်တစ်စီးက ဆက်လက်လာနေပင်မဲ့ Captain Phillips ရဲ့ ညွှန်ကြားမှုအောက်မှာ လိုအပ်တာတွေကိုလုပ်ဆောင်ခဲ့တဲ့အတွက် ပင်လယ်ဓားပြတွေ သဘောင်္နားကို မကပ်နိုင်ခဲ့ပဲ ပထမအကြိမ်မှာလက်လျော့ခဲ့ပါတယ်… နောက်နေ့မနက်မှာတော့ Muse (Nickname: Skinny) ခေါင်းဆောင်တဲ့ ပင်လယ်ဓားပြ ၄ဦးပါ မော်တော်ဘုတ်က ထပ်မံချဉ်းကပ်လာပြန်ပါတယ်… ဘယ်လိုပဲ ကြိုးစားပြီး လွတ်မြောက်အောင်လုပ်လုပ် အဆုံးမှာတော့ လူဆိုးတွေဟာ သဘောင်္ပေါ်ကိုရောက်လာခဲ့ပါတယ်… 

တခြားသဘောင်္သားများကို အင်ဂျင်ခန်းထဲမှုာ ပုန်းခိုင်းထားပြီး လူဆိုးတွေနဲ့ မျက်နှာချင်းဆိုင်တွေ့ရတဲ့ သူကတော့ Captain Phillips နဲ့ နောက် အရာရှိ ၂ယောက်ပါပဲ… သဘောင်္ကို ပါ၀ါတွေ အကုန်ပိတ်ချလိုက်ပြီး အရေးပေါ် ပါ၀ါကိုပါ ပိတ်ချနိုင်ခဲ့တယ်… တစ်ချိန်မှာ လူဆိုးခေါင်းဆောင် Skinny ကို သူ့ သဘောင်္သားတွေ ဖမ်းဆီးနိုင်ခဲ့ပြီး သင်္ဘောပေါ်ကနေ ပိုက်ဆံ ဒေါ်လာ ၃သောင်းကိုယူကာ သဘောင်္ပေါ်က အသက်ကယ်လှေကို ယူပြီး အေးအေးဆေးဆေးဆင်းဖို့ တောင်းဆိုခဲ့တယ်… သို့သော် လူဆိုးတွေဟာ Captain Phillips ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ပြီး အာမခံကြေးငွေ ၆ မီလီယံနဲ့ ရွေးယူဖို့ ခြိမ်းခြောက်ပါတော့တယ်…
ဒီအခက်ခဲတွေကြားမှာ Captain Phillips ဘယ်လိုလွတ်မြောက်မလဲ… US Navy ရောက်ရှိလာအပြီးမှာ ဓားစာခံခေါ်ခံထားရတဲ့ Captain Phillips ကို ဘယ်လိုကယ်မလဲ… စတာတွေကိုတော့ ဖန်သားပြင်ပေါ်မှာ ကြည့်လိုက်မယ်ဆိုရင်ဖြင့် မိတ်ဆွေရဲ့ ပိုက်ဆံ အလကားဖြစ်မဲ့ ဇာတ်လမ်းတစ်ပုဒ်မဟုတ်ဘူးဆိုတာကို မဗေဒါက အတတ်ပြောရဲပါတယ်…

Captain Phillip အစစ် (၀ဲ) နဲ့ Captain Phillips အဖြစ် Tom Hank (ယာ)

ဝေဖန်ရေး

ဒီကားက ဇာတ်လမ်းအကုန်ပြောပြလိုက်လို့တောင်မှ တကယ်ကြည့်တာနဲ့ အရသာတူမှာမဟုတ်ပါဘူး… အောက်က ဗွီဒီယိုလေးကိုကြည့်ပြီးတော့လဲ မဗေဒါရဲ့ ဝေဖန်ရေးကိုနားထောင်ကြည့်လိုက်ကြပါနော်… ဒီပိုစ့်ထဲမှာတော့ ဗွီဒီယိုထဲမှာ မပြောဖြစ်ခဲ့တာလေးတွေကို ပိုအသားပေးပြီး ရေးချင်တယ်… တစ်ကားလုံးခြုံငုံပြီးကောင်းတယ်ဆိုတာကိုတော့ ထပ်ပြောမနေတော့ပဲ မှတ်မှတ်ရရ သတိထားမိတဲ့ အခန်းလေးတွေကိုပဲ တစ်ခုချင်းရေးပါတော့မယ်…

သဘောင်္နားကို ပင်လယ်ဓားပြ မော်တော်ဘုတ်ကပ်လာတော့ မီးသတ်ပိုက်ရေပန်းတွေစဖြန်းတဲ့အချိန်မှာ ကိုယ်ကပါသူ့လိုပဲ (လူဆိုးတွေ သဘောင်္ပေါ်ရောက်လာတယ်ဆိုတာ Trailer မှာကြည့်ပြီးတာတောင်မှ) စိုးရိမ်နေပါပြီ… မီးသတ်ပိုက်တစ်ခုက ကောင်းကောင်းမတတ်ထားတော့ အဲဒိနေရာမှာ ဟာနေတာကို လူဆိုးတွေတွေ့သွားပြီး အဲဒိကနေတက်လာဖို့ကြိုးစားတော့ သဘောင်္သား လက်ထောက်ကို ပြန်တပ်ခိုင်းရင်း ဒီဘက်ကလဲ လူဆိုးတွေကို Captain Phillips က ပါလာတဲ့ အချက်ပြမီးပန်းနဲ့ လှမ်းပစ်တဲ့အချိန်မှာ စိတ်ထဲ US မှာ ဒီလောက် သေနတ်ပေါတာ သဘောင်္ပေါ်မှာ သေနတ်လေးတော့ ဆောင်ထားသင့်တာပေ့ါလို့ထင်မိတယ် (ဒါပေမဲ့လဲ တစ်ခါတစ်ရံမှာ သဘောင်္သားချင်းပြန်သတ်တဲ့ ဇာတ်လမ်းတွေ အပြင်မှာကြားဖူးနေတော့လဲ သေနတ်ထားသင့်မထားသင့်က အငြင်းပွားစရာ ကိစ္စတစ်ခုပါပဲ) ခုတော့ သူက မီးရှုးနဲ့ပစ်လိုက် လွဲသွားလိုက် ဟိုဘက် သေနတ်နဲ့ ပြန်ပြစ်လိုက်… ကိုယ်က သာမာန်လူ… ဟိုဘက်က သေနတ်နဲ့ လုပ်စားနေကျ ဓားပြ… ကိုယ်သာ ဓားပြတွေနဲ့တွေ့ရင်ဆိုတဲ့ အတွေးက ဝင်လာတယ်… အဲလိုဝင်လာတာလဲ Tom Hank ရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်မှုကြောင့်လို့ မဗေဒါကတော့ ထင်တယ်… တကယ်သရုပ်ဆောင်ကောင်းတဲ့သူက ကြည့်လိုက်ရင် ဘာမှမဟုတ်သလိုလိုသာမာန်လိုလိုနဲ့ ကြည့်နေတဲ့ လူရဲ့ စိတ်ထဲကို ဇာတ်ကောင်နဲ့အတူ မြောပါသွားအောင်လုပ်နိုင်စွမ်းရှိတယ်… သူသရုပ်ဆောင်သွားတဲ့အထဲမှာ သူ့ကို Super hero ကြီးလို့ ထင်ရလောက်တဲ့ Confidence နဲ့ သူရဲကောင်းဆန်ဆန်လုပ်ပြနေတဲ့ မျက်နှာ အမူအရာမျိုးမတွေ့ရဘူး… လက်ရှိရင်ဆိုင်နေရတဲ့ ဒုက္ခကို ခေါင်းဆောင်တစ်ယောက် (သာမာန် တာဝန်ရှိသူတစ်ယောက်) အနေနဲ့ တတ်နိုင်သလောက် လုပ်နေတဲ့ပုံစံမျိုး တစ်ကယ်ပေါ်လွင်တယ်… (သဘောပေါက်မလားတော့မသိဘူး… ဇွတ်ကြီး သရုပ်ဆောင်ပြနေတယ်လို့ မထင်ရပဲ… ပရိတ်သတ်ကပါ အဲဒိထဲဝင်ခံစားလာအောင် သရုပ်ဆောင်တာကိုပြောချင်တာ)..

နောက်တစ်ခန်းက သဘောင်္စက်ပိတ်လိုက်လို့ လူဆိုးတွေက သဘောင်္သားတစ်ယောက်ကို သေနတ်နဲ့ချိန်ထားပြီး ပစ်မယ်လုပ်နေတဲ့အချိန်မှာ “မင်းတို့ပြောတော့ စီးပွားလာရှာတာဆို… မင်းတို့ ပိုက်ဆံလိုချင်ရုံသပ်သပ်ဆို… ဘာလို့ ငါ့လူတွေကို ဒုက္ခပေးရတာလဲ” ဆိုတဲ့ အခန်းမှာ သရုပ်ဆောင်တွေအပြင် ဒါရိုက်တာရဲ့ တင်ပြပုံကိုလဲ ချီးကျူးမိတယ်… ကိုယ်ပါ အသက်အောင့်နေမိတယ်… Captain လဲ ကြောက်နေမှာပဲ သူ့လက်အောက်ငယ်သားသာ ဒီလိုသေသွားရင် သူလဲ စိတ်ထိခိုက်မှာပဲ… ကြောက်ပေမဲ့ ပြောစရာရှိတာတော့ သူပြောတာပဲ… အဲဒိအချိန်မှာ ပြောတဲ့စကားက လူတစ်ယောက်ရဲ့ အသက်သေရေးရှင်ရေးအရေးကြီးနေတယ်… အဲဒိအချိန်မှာ သေနတ်နဲ့အချိန်ခံထားရတဲ့သူကိုပြလိုက်… Tom Hank ကိုပြလိုက်… Muse ကိုပြလိုက်နဲ့ စကားတွေကလဲ အပြိုင်အဆိုင် ရုံးရင်ဆန်ခတ်ပြောနေတာကို ဖြတ်ကနဲ ဖြတ်ကနဲ ပြကွက်တွေနဲ့ ဇာတ်ဝင်ခန်းကို intense ဖြစ်အောင်ရိုက်ထားတယ်…

နောက်တစ်ချက်က အသက်ကယ်သဘောင်္ပေါ်မှာ Muse (Skinny) က Captain Phillips နှဖူးကို သေနတ်နဲ့ ချိန်ထားပြီး နောက်မှ သေနတ်ပြောင်းကို ပြန်ချလိုက်တဲ့အချိန်မှာ ကျွန်မတန်းသတိထားလိုက်မိတာက Tom Hanks နှဖူးပေါ်က သေနတ်ပြောင်းရာ… အရာလေးထင်ကျန်နေခဲ့တာ… ဒီအခန်းမှာ မင်းသားကြီးမို့ မထိရ၊ မကိုင်ရ၊ မနာရ၊ သရုပ်ဆောင်အသစ်ဖြစ်တဲ့အပြင် လူကြမ်းမို့ မင်းသားကို အဲလိုမလုပ်ရဘူးဆိုတာမရှိဘူး… ဒီဇာတ်ကားကို ပေးချင်တဲ့ ရသမြောက်ဖို့ အားလုံးက သူ့နေရာကသူ ပိုင်နိုင်အောင် မင်းဘယ်သူ ငါဘယ်သူမထားပဲ အလုပ်လုပ်သွားကြတယ်… Youtube မှာ သူတို့ကို အင်တာဗျူးထားတာတွေ့တော့ အဲဒိအခန်းကို အင်တာဗျူးတဲ့သူက မေးတာတွေ့တယ်… Muse(skinny) နေရာမှာ သရုပ်ဆောင်သွားတဲ့ သူ Barkhad Abdi ကို ခုလို မင်းသားကြီးရဲ့ နှဖူးကို သေနတ်ရာထင်အောင် မင်းလုပ်ရဲတယ် ဟုတ်လား? အဲဒါ ဘယ်သူ့ Idea လဲလို့ မေးတော့… Tom Hank ကိုယ်တိုင်က ဝင်ထောက်တယ်… ငါက ဘယ်သူမှ မဟုတ်ဘူး… ဘာလို့ ငါ့လိုလူကိုလို့ သုံးရတာလဲ ဆိုပြီးတော့… ပြီးတော့ အဲဒါ Tom Hank ကိုယ်တိုင်ရဲ့ အိုင်ဒီယာပါပဲ… Tom Hank က လုပ်ခိုင်းရင်တောင်မှ မင်းက လုပ်ရဲတယ်ဟုတ်လား? ဆိုတော့ Abdi က အစကတော့ သူမလုပ်ရဲပါဘူး ဒါပေမဲ့ ရိုက်ရင်းနဲ့ ဇာတ်ကောင်ထဲကို စိတ်သွင်းလိုက်တော့လဲ လုပ်ဖြစ်သွားတာပါပဲ… လို့ ပြန်ဖြေတယ်…

Muse (Skinny) အဖြစ် သရုပ်ဆောင်တဲ့ Barkhad Abdi (ဝဲ) နဲ့ တကယ့် အပြင်က ပင်လယ်ဓားပြ Abduwali Muse (ယာ)

ကျန်တဲ့ ဇာတ်ဝင်ခန်းတွေကိုတော့ ဗွီဒီယိုထဲမှာ ပြောထားပြီးပြီမို့ မဗေဒါရဲ့ Captain Phillips Movie Review –vlog လေးကိုကြည့်ပြီး ကြိုက်တယ်ဆိုရင် မဗေဒါ Channel လေးကို Subscribe လုပ်ထားရင် နောက်မဗေဒါတင်သမျှ ဗွီဒီယိုတွေကို မလွတ်တမ်းအရင်ဆုံးကြည့်ရမှာပေါ့နော်… :D
မဗေဒါကြည့်ချင်ခဲ့တဲ့ Captain Phillps သူ့မိသားစုနဲ့ပြန်ဆုံတာကို ရုပ်ရှင်ထဲမှာ မပြတော့ပေမဲ့ အပြင်က Captain Phillips အစစ် သူ့မိသားစုနဲ့ဆုံတဲ့ပုံကိုတွေရတော့ ဝမ်းသာကြည်နူးမိပါတယ်… သူကပြောတယ်… “ကျွန်တော်က သူရဲကောင်းမဟုတ်ပါဘူး… စစ်တပ်ကသာ သူရဲကောင်းပါ… သူတို့ကိုကျေးဇူးတင်ပါတယ်”… ကျွန်မတွေးမိတယ်… ကျွန်မတို့ နိုင်ငံသားတွေရော ကျွန်မတို့နိုင်ငံ စစ်တပ်ကို သူရဲကောင်းလို ကျေးဇူးတင်ဖို့ ဘယ်အချိန်ထိစောင့်ရမလဲလို့….


2009 Apirl 17 မှာ မိသားစုနဲ့ ပြန်လည်စုံခဲ့တဲ့ Captain Phillips


Friday, November 08, 2013

Thor 2 (The Dark World) - Movie Review


ရုပ်ရှင်အမည် : Thor
အမျိုးအစား : တိုက်ခိုက်, စွန့်စားခန်း, စိတ်ကူးယဉ်
ဘာသာစကား : အင်္ဂလိပ်
ထုတ်ဝေသည့်နေ့ : ၂၂ရက် အောက်တိုဘာ ၂၀၁၃
သရုပ်ဆောင်များ
Chris Hemsworth as Thor
Natalie Portman as Jane Foster
Tom Hiddleston as Loki
Anthony Hopkins as Odin
Idris Elba as Heimdall
Stellan Skarsgård as Dr. Erik Selvig

My rating: 3/5

ဇာတ်လမ်းအကျဉ်း

လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကျော်တုန်းက ဂြိုလ်ပေါ်မှာရှိတဲ့ Dark Elves ဆိုတဲ့ အမျိုးတစ်ခုက Aether ဆိုတဲ့ လက်နက်ကိုအသုံးပြီး စင်္ကြာဝဠာကြီးတစ်ခုလုံးကို အမှောင်ဖုန်းသွားအောင်လုပ်ဖို့ ကြိုးစားခဲ့တယ်…  ဒါပေမဲ့ Asgard က စစ်သူရဲကောင်း တွေက အဲဒါကို တားဆီးနိုင်ခဲ့ပြီး လူဆိုးခေါင်းဆောင် Malekith ကတော့ လွတ်မြောက်သွားကာ နောက်ထပ်အခွင့်အလန်းကို စောင့်နေခဲ့တယ်… စစ်သူရဲကောင်းတွေဟာ Aether လက်နက်ဟာ သိပ်အင်အာကြီးလွန်းတဲ့အတွက် ဖြတ်ဆီးမရနိုင်ခဲ့ဘူး… အဲဒါကြောင့် ဘယ်လိုမှရှာမတွေ့နိုင်တဲ့ နေရာတစ်ခုမှ ၀ှက်ထားလိုက်ကြတယ်… ယခုနေ့မှာတော့ Jane Foster ဟာ သူ့ချစ်သူ Thor ပြန်လာဖို့စောင့်နေတာ ၂နှစ်ရှိသွားပြီ… သူကတော့ ဂြိုလ်ပေါ်မှာ ငြိမ်းချမ်းရေးရဖို့ ကြိုးစားနေလေရဲ့ (ငြိမ်ချမ်းရေးရအောင် စစ်တိုက်နေတာ… :P  ခွိ) … Jane ဟာ Thor ပထမအကြိမ် ကမ္ဘာပေါ်ကိုရောက်လာခဲ့တုန်းက စင်္ကြာဝဠာဖြစ်စဉ်ကို လေ့လာရင်း အရာဝတ္ထုတွေပစ်ချလိုက်ရင် အပေါ်ကနေပြန်ကျလာတဲ့ စက်ရုံပျက်ကြီးတစ်ခုအရောက်မှာ မမြင်နိုင်တဲ့ ဆွဲအားတစ်ခုဆွဲခြင်းကို ခံခဲ့ရတယ်… Thor ဟာ ကမ္ဘာက သူ့ချစ်သူဆီပြန်ချင်ပေမဲ့ သူ့အဖေ Odin က ခွင့်မပြုခဲ့ဘူး… 

သူတို့ဂြိုလ်ကနေ အားလုံးကို မြင်နိုင်တဲ့ ဂိတ်မှူး Heimdall ကနေတစ်ဆင့် Jane ပျောက်ဆုံးသွားတာကို သိရှိခဲ့တဲ့အတွက် ကမ္ဘာကို ဆင်းလာခဲ့တယ်… သူရောက်တဲ့အချိန်မှာပဲ Jane လဲ ပြန်ပေါ်လာခဲ့တယ်… ဒါပေမဲ့ Jane ကို တရားမ၀င်သုတေသနပြုတဲ့အတွက် ရဲတွေက ဖမ်းဖို့ကြိုးစားတဲ့အခါမှာ ကြီးမားတဲ့ လူသားမဆန်တဲ့ အားတစ်ခုက တုန့်ပြန်ခဲ့တယ်… Thor လဲ Jane ကို ဘာဖြစ်ခဲ့သလဲ စူးစမ်းဖို့ Asgard ကို ခေါ်လာခဲ့တယ်… သူတို့ တွေ့ရှိခဲ့တာကတော့ Jane ပျောက်ဆုံးသွားတဲ့ ခဏတာမှာ Aether လက်နက်ဆီရောက်သွားပြီး Jane ခန္ဓာကိုယ်ထဲကို ၀င်နေတယ်ဆိုတာပဲ… အဲဒိလက်နက်ပြန်ပေါ်လာတာနဲ့ တပြိုင်နက် လူဆိုးကြီး Malekith ဟာ ခံစားလို့ရပြီး ခုအချိန် တိုက်ဖို့အတွက် Aether လက်နက်ကို ရယူဖို့အကောင်းဆုံးအချိန်ဖြစ်လာတော့တယ်… ဒါကြောင့် သူနဲ့အဖွဲ့သားတွေဟာ Asgard ကို ၀င်တိုက်ရင်း Jane ကိုအကာအကွယ်ပေးနေတဲ့ Thor ရဲ့မိခင်ကို သတ်ခဲ့တယ်… Odin ဟာ Malekith ၊ Jane ကို ပြန်လာရှာမယ်ဆိုတာသိနေတဲ့အတွက် Jane ကို ချုပ်နှောင်ထားခဲ့တယ်… ဒီအကြံကို Thor ကလက်မခံပဲ Jane ကိုခေါ်ပြီး သူ့ရဲ့ တိုက်စစ်ကို စဖို့ ဆုံးဖြတ်လိုက်တယ်… အဲလို သွားတိုက်ဖို့အတွက် အဲဒိဂြိုလ်ကို သွားရာလမ်းကိုသိတဲ့ တစ်ချိန်က Thor အဖေကို သတ်ဖို့ကြိုးစားပြီး နန်းလုဖို့ကြိုးစားခဲ့တဲ့ သစ္စာဖောက်မွေးစားအစ်ကို Loki ကို ထောင်ထဲကနေခေါ်ထုတ်ပြီး လက်တွဲဖို့ ဖိတ်ခေါ်ရတော့တယ်…. ပြဿနာက Thor တစ်ယောက် Loki ကို ယုံကြည်လို့ရပါ့မလား….

ဝေဖန်ရေး

ဒီကားဟာ ရုပ်ရှင်ဝေဖန်ရေးဆိုဒ်တွေဖြစ်တဲ့ IMDB  မှာ 7.7/10 နဲ့ Rotten Tomato မှာ 70% Rating ရခဲ့တယ်… မဗေဒါအနေနဲ့ကတော့ အရမ်းအကြိုက်ကြီးမဟုတ်ဘူး… တစ်ချက်တစ်ချက် Loki ကြောင့် ရီရတာကလွဲလို့ ဇာတ်လမ်းက ဒါဒါတွေထပ်နေပြီလို့ ခံစားရတယ်… ပထမတစ်ကားမှာ Thor မင်းသားကိုကြိုက်ပေမဲ့… ခုကားမှာ Loki ကိုတောင် ပိုကြိုက်နေတယ်… ပထမကားကတည်းက Loki နေရာသရုပ်ဆောင်တဲ့ Tom Hiddleston ကို သဘောကောင်းတဲ့ပုံကြီးလို့ခံစားခဲ့ရတာ… ခုကားမှာ သူကရီရတော့ သူ့ကိုပဲ သဘောကျနေတာ… နောက်တစ်ယောက်ရီရတာက ကမ္ဘာပေါ်က သိပ္ပံပညာရှင်လုပ်တဲ့အဖိုးကြီး… ကိုယ်လုံးတည်းနဲ့ လူမြင်ကွင်းမှာ စမ်းသပ်လို့ ရဲဖမ်းခံရပြီး အရူးထောင်မှာ ထိမ်းသိမ်းခံခဲ့ရတဲ့ အဖိုးကြီးလေ..

နောက်ပိုင်း Hollywood က သူတို့ Graphic တွေ ပိုင်လာတိုင်း သာမာန်ကားတောင် မရိုက်တော့ဘူးလားမသိဘူး… တစ်ခါလာ စက်ရုပ်၊ ဂြိုလ်သား၊ အကောင်၊ ဒါဒါတွေဖြစ်လာပြီ… ဇာတ်လမ်းအရ ကျွန်မအကြိုက်မဟုတ်ပေမဲ့.. သရုပ်ဆောင်ပိုင်းနဲ့ ခန်းနားကြီးကျယ်မှု… အ၀တ်အစားဒီဇိုင်း စတာတွေကတော့ အဆင့်မြင့်တဲ့ ကားတစ်ကားလို့ပြောရမှာပါပဲ… သူ့မှာ တိုက်ခိုက်တဲ့ ချတဲ့ အခန်းတွေပါသလို ဟာသတွေလဲ ပါတဲ့အတွက်တော့ ညီညီမျှမျှ ဖြစ်အောင်ရိုက်ထားတဲ့ကားတစ်ကားပါပဲ… အဲဒါကြောင့် မဗေဒါရဲ့ rating ကို ၅မှတ်မှာ ၃မှတ်ပေးထားပါတယ်…

Thor ကြည့်ပြီးသူတွေရော ဘယ်လိုထင်လဲ ဆိုတဲ့ ထင်မြင်ချက်လေးတွေ ဘလော့ပိုစ့်အောက်မှာ ကွန်မန့်ပေးကြပါနော်..

Tuesday, November 05, 2013

စကာင်္ပူမှာ ပိတ်စနဲ့ ဇာအမျိုးမျိုးဝယ်ချင်ရင်… Arab Street ကိုသွား

I do not own this photo (credit to original owner)

မနေ့က သူငယ်ချင်းတွေပြောဖူးတဲ့ စကာင်္ပူမှာ ပိတ်စနဲ့ ဇာအမျိုးမျိုးရောင်းတဲ့ Bugis နားက Arab Street  ဆိုတဲ့ လမ်းကို သွားပြီး မြန်မာအကျင်္ီချုပ်ဖို့ ပိတ်စနဲ့ ဇာတွေသွားကြည့်ဖြစ်တယ်… ရောက်တာနဲ့ လမ်းတစ်လမ်းလုံးအပြည့် ပိတ်စဆိုင် ကော်ဇောဆိုင်တွေအပြည့်ပါပဲ… လမ်းထိပ်နားက တွေ့တဲ့ဆိုင်ကို အရင်ဆုံးဝင်ကြည့်လိုက်တယ်… ဆိုင်ထဲရောက်တာနဲ့ တွေ့တဲ့ ဇာပန်းထိုးတွေ… ပိတ်ဖောက်ဇာတွေ… ဇာကျောက်ကပ်၊ ပိုးစ plain ၊ Polyester စ (ပိုးနဲ့ယှဉ်ရင် သူက နည်းနည်းလေး မာတယ် ဒါပေမဲ့ ဖဲလိုပဲ ပြောင်တယ်၊ မပြောင်တာတွေလဲ ရှိတယ်… ဘယ်လိုကွာလဲတော့ မသိ) စသည်ဖြင့် မျိုးစုံနေအောင်တွေ့ရပါတယ်… ဇာပန်းထိုးထားတာတွေကို အောက်က liner လို့ခေါ်တဲ့ polyester စတွေနဲ့ တွဲပြထားတာ အတော်လေးလှပါတယ်… သူတို့ကတော့ မွတ်စလင်တွေကို အဓိက target ထားတော့ ဆင်ပြထားတာတွေက တစ်ကိုယ်လုံးအုပ် ဂါဝန်ဒီဇိုင်းမျိုးတွေပေါ့… ဒါပေမဲ့ ကိုယ်တွေကလဲ အပေါ်တစ်ပိုင်းပဲကြည့်ပြီး မြန်မာအကျီင်္ပုံစံ တွဲပြီး မျက်လုံးထဲဖော်လို့ရတာပေါ့..


I do not own this photo... အောက်က လိုင်နာဗြောင်အစနဲ့ အပေါ်က ဇာပန်းထိုးတွေ ဆင်ထားတာ...

ပထမဝင်တဲ့ဆိုင်မှာ မေမေကတော့ ကျောက်ကပ်ဇာ နို့နှစ်ရောင်နဲ့ အောက်က polyester စ နို့နှစ်ရောင်လေးဝယ်ဖြစ်တယ်… အဲဒိ ဆိုင်နာမည်က Warna Fabrics (108, Arab Street, Singapore - 199804, Ph: 63980504)

သူတို့က မီတာနဲ့ပဲရောင်းတယ်… ကိုယ်တွေက ကိုက်နဲ့ပဲ သိတယ်…
၁ကိုက် ဆိုတာ တစ်မီတာအောက် ၀.၁ မီတာလောက်လျော့တယ်… ကိုက်ကို Yards လို့ခေါ်တယ်ထင်တယ်…
၁ မီတာ = 1.09361 ကိုက်

ကျောက်ကပ်ဇာခေါ်စျေးက ၁မီတာ = SGD 45
အောက်ခံလုပ်မဲ့ polyester အစက ၁မီတာ = SGD 5

မေမေက ဇာကို ၁မီတာခွဲယူတယ် (ဆိုင်ကမိန်းမက ဒီဇာက ကျောက်တွေပါတော့ အနားတွေဘာတွေ ချုပ်တဲ့သူယူလို့ရအောင် ၁မီတာခွဲလောက်ယူဖို့ အကြံပေးလို့) … အောက်ခံစ polyester ကိုတော့ ၁မီတာယူတယ်… စုစုပေါင်း SGD 72.5 ကျရမှာ စျေးဆစ်တော့… ၂ခုပေါင်း SGD 55 နဲ့ရတယ်… ဇာကျောက်ကပ်ထားတဲ့အစကို ၁မီတာ ၄၅ ကျပ်ကနေ ၃၃ ကျပ်လောက်အထိ ဆစ်လို့ရတာတွေ့ရတယ်… ဒိထက်ဆစ်လို့ရတယ်ဆိုရင်လဲ ပြောပြပါအုံး ဘယ်ဆိုင်လဲဆိုတာ…

ကျွန်မက ကိုယ့်မှာရှိပြီးသား ချိတ်ထမိန်တွေနဲ့ လိုက်ဖက်မဲ့ အရောင်နဲ့ ဒီဇိုင်းကို လိုက်ရှာတော့ စိတ်တိုင်းကျသိပ်မရဘူး.. သူတို့မှာရှိတဲ့ ဒီဇိုင်းတွေမလှလို့မဟုတ်ဘူး…. ချိတ်ထမိန်ကို အဲဒိ ပန်းထိုးထားတဲ့ ဇာတွေနဲ့ တွဲရင် မျက်လုံးထဲ ရှုပ်တယ်ခံစားရလို့… ကိုယ်က စက်ချုပ်တတ်တဲ့သူမဟုတ် ဖက်ရှင်အမြင်ကလဲ နည်းတော့ ဘယ်လိုလှအောင်ချုပ်လို့ရမလဲတော့ မသိ… ကိုယ်ချုပ်ဖို့စိတ်ကူးထားတဲ့ မြန်မာအကျင်္ီပုံလေးတွေကို ဖုန်းထဲတော့ ထည့်ထားပါတယ်… ဒါနဲ့ နောက်ဆုံး သူတို့ကို ငါလိုချင်တာပန်းတွေမပါပဲ ဇာဗြောင်လိုချင်တာလို့…. အောက်က ထမိန်က အချိတ်ဆိုတော့ အပေါ်က ဗြောင်လိုချင်တာ… Cityhall က စက်ချုပ်ဆိုင်ကို မေးခဲ့တော့ မှန်ဇာမဝယ်နဲ့တဲ့…. မှန်ဇာက ချုပ်လိုက်ရင် ကြွပြီးဖောင်းလို့ အသားကို fitting မဖြစ်ဘူးတဲ့… ခြင်ထောင်ဇာလို အပေါက်လေးတွေနဲ့ ခပ်ပျော့ပျော့အသားကမှ အဲလို ၂ထပ်ချုပ်ရင်ကောင်းတာတဲ့…. ဒါပေမဲ့ သူတို့ဆိုင်မှာရှိတာတွေက အကုန် ကျောက်တွေဖောက်ရင်ဖောက်… မဟုတ်ရင် ပန်းတွေထိုးထားတဲ့ ဇာတွေချည်းပဲ… လှတာတော့ အရမ်းလှပါတယ်… ဒါပေမဲ့ ကိုယ့်မှာရှိတဲ့ လုံချည်တွေ တစ်ထည်နဲ့မှ မလိုက်ဖူးလို့ စိတ်ထဲထင်နေတယ်… ဒါတောင် အနက်ခံဇာပေါ်မှာ အစိမ်းနွယ်လေးတွေနဲ့ ပန်းအဝါလေး ဖောက်ထားတဲ့ ဇာအစလေးအရမ်းလှလို့ ဝယ်မလို့ ဖြတ်ခိုင်းလိုက်တော့မှ… သူက ၂မီတာခွဲကျန်နေတယ်… ကျွန်မက ၁မီတာခွဲပဲလိုချင်တာ… သူတို့က ကိုးလို့ကန့်လန့်ဖြစ်နေလို့ ၂မီတာခွဲယူပါပြောတယ်….

 ခေါ်စျေးက အဲဒိဇာ ၁မီတာ = SGD 30 (၁မီတာခွဲယူမယ်ဆိုတော့ SGD 45 ကျရမယ်)
အောက်ခံ liner အနက်ရောင်စ = SGD 5
စုစုပေါင်း ကျသင့်ငွေ = SGD 50 အစား စျေးဆစ်တော့ SGD 37 ကျပ်နဲ့ပေးတယ်…
မေမေကပြောတော့ တန်တယ်တဲ့… မြန်မာပြည်က ဗိုလ်ချုပ်စျေးတို့ တခြားပိုးထည်ရောင်းတဲ့ နေရာတွေမှာ ဒီလို အရည်အသွေး ဒီလိုဒီဇိုင်းမျိုးက စျေးပိုကြီးတယ်တဲ့… ဒါပေမဲ့ ကိုယ်လဲ အစတည်းက လိုချင်လို့ ယူမယ်ပြောတာပဲရှိတယ် အသုံးလိုလှတယ်မဟုတ်တော့… ၂မီတာခွဲကြီး အတင်းထိုးရောင်းနေတာကို မယူခဲ့တော့ဘူး…

ဒါနဲ့ ဆက်လျှောက်ရင်း  ၂ဆိုင်ကျော်လောက်က ဆိုင်ကို ဝင်ရှာကြည့်တယ်… အဲဒိဆိုင်မှာ မေမေဝယ်ခဲ့တဲ့ ကျောက်ကပ်ဇာကို ၁မီတာ ၄၉ ဒေါ်လာ ခေါ်တယ်… ဒါနဲ့ ကျွန်မလိုချင်တဲ့ ဇာဗြောင်ကို မေးတော့ မရှိဘူး… အဲဒိဆိုင်က မလေးမက ပြောတယ်… ဇာပန်းမထိုးထားတာက တရုတ်ဆိုင်တွေမှာရှိတယ်တဲ့…
ဆက်လျှောက်တော့ တရုတ်ဆိုင်တစ်ဆိုင်တွေ့တယ် ဆိုင်က လက်လီလက္ကားရောင်းတဲ့ ဆိုင်လိုပဲ မလေးဆိုင်တွေလို သေသေချာချာတော့ Show ပြမထားပေမဲ့ စုံလိုက်တဲ့ ပိတ်စတွေ… 

လက်လက်ထနေတဲ့အရာတွေကနေ သာမာန်ပိတ်စအဆုံးဟိုးအမြင့်ကြီးတွေအထိရှိတယ်…
အဲဒိဆိုင်အပြင်ဘက် လူသွား ပလက်ဖောင်းပေါ်မှာတင်ထားတဲ့ ခြင်ထောင်ဇာလို အလိပ်မျိုးတွေတွေ့တော့ ပျော်သွားတယ် ကိုယ်ရှာတာ အဲ့တာမျိုးလေ… ဒါပေမဲ့ ကိုယ်လိုချင်တာက ပန်းရောင်းဖျော့ဖျော့ဇာဆိုတော့ ဆိုင်းသမားကို ခေါ်ပြခိုင်းရတယ်… တရုတ်အဖိုးကြီးတွေ… သိပ်စိတ်မရှည်တဲ့ပုံ… ဒါပေမဲ့ သူတို့က လုပ်ငန်းတော့ ကျွမ်းကျင်ပုံရတယ်… ကျွန်မကို ပိတ်စတွေ စပ်ပြီးတော့လဲပြတယ်… ကျွန်မမှာရှိတဲ့ ပန်းရောင်ခံကို အပြာဖောက်ချိတ်ကလဲ ဘယ်လိုချုပ်ရမှန်းကို မသိတော့ဘူး… အပြာကိုအောက်ကခံပြီး ပန်းရောင်ဇာအုပ်လဲ ကြောင်တောင်တောင်ဆန်တယ်… ပန်းရောင်ကို အောက်ကထားပြီး အပြာအပေါ်ကအုပ်ရင်လဲ အရမ်းလင်းနေမလားလို့ (သေချာတော့ မသိ)… ဒါနဲ့ အဲဒိ ချိတ်ကို ပြန်ထည့်… ပါလာတဲ့ ထမိန်ကြက်သွေးပေါ်မှာ ပန်းရောင်ပန်းပွင့်လေးတွေဖောက်ထားတာနဲ့ တိုက်တော့… အောက်က လိုင်နာလုပ်ဖို့ အနီရောင် ပိုးစကို ထုတ်ပြတယ်… ဒါပေမဲ့ ပိတ်စက တအား ပျော့နေလို့ ဒိထက်မာတာရှိလားဆိုတော့… ရှိတယ်… Polyester စ ထင်တာပဲ… တစ်ဖက်က ဖဲလိုပဲ ပြောင်ပြီး နောက်တစ်ဖက်ကတော့ Matte ပေါ့နော်… အဲဒါနဲ့ ကျွန်မထမိန်လေးနဲ့ တော်တော်လိုက်တယ်ထင်တာနဲ့ အဲဒိ လိုင်နာ ကြက်သွေးရောင်ကို အပေါ်က ပန်းရောင်ဇာ ဖျော့ဖျော့ လေးအုပ်ပြီး ချုပ်မယ်စိတ်ကူးမိတယ်… ဒါပေမဲ့ အိမ်ရောက်တော့ ပြန်ကြည့်တော့ ဇာမထည့်ပဲ ရိုးရိုး တက္ကသိုလ်ရင်ဖုံး ပန်းကျယ်သီးလေးတွေနဲ့ အပြောင်အတိုင်းလေး ချုပ်ရင်ကောင်းမလားလို့ အကြံပေးကြပါအုံး… ဖက်ရှင် sense ရှိတဲ့သူများ….

အဲဒိ လိုင်နာ ကြက်သွေးရောင် polyester စက ၁ မီတာ = SGD 4
ပန်းရောင် ခြင်ထောင်ဇာ plain က ၁ မီတာ = SGD 3
(ဇာကို ၁မီတာခွဲယူတယ်… လိုရမယ်ရ လက်ရှည်ချုပ်ချင်ရင် ရအောင်… ၂ခုပေါင်း ၈ကျပ်ခွဲကျတာ ၆ ကျပ်စစ်တာ လုံးဝမရဘူး… ဒါနဲ့ ၈ကျပ်တော့ထားပါဆိုတော့ ဆိုင်က တရုတ်အဖိုးကြီးက ကိုယ့်ကို လာဝယ်သမျှလူ တစ်ယောက်မှ အဲလို စျေးမဆစ်ဖူးဘူးဆိုပြီး ၈ကျပ်နဲ့ ပေးတယ်… တရုတ်ဆိုင်က ခေါ်ကတည်းက စျေးသိပ်မတင်ဘူး… စျေးဆစ်ပြီးဝယ်တာတောင် ကိုယ်တစ်ယောက်တည်းရှိမယ်ထင်တယ်… ခွိ)

အဲဒိ တရုတ်ဆိုင် နာမည်က GIM JOO TEXTILE COMPANY PTE LTD (90 Arab st, S'pore 199786. Tel: 62936676)

ဟိုနေ့က Cityhall အပေါ်ဆုံးထပ်က ဆိုင်မှာ အကျီင်္အပ်တော့ ကျွန်မကို အဲဒိ လိုင်နာ Cream colour နဲ့ အဝါရောင် ဇာ plain တစ်မျိုးစီကို ၁မီတာ SGD 8 တောင်ယူတယ်)… မသိသူကျော်သွား သိသူဖော်စားဆိုတော့လဲ ဒီတစ်ခါတော့ခံလိုက်မယ်… နောက်တစ်ခါ မခံယုံပေါ့... ချုပ်ခလဲယူပြီးပြီး… ၁ကျပ် ၂ကျပ်လောက်ပိုယူရင်တောင် ကိစ္စမရှိသေးဘူး… ထားပါတော့လေ… ကိုယ်အပျင်းကြီးမိတော့လဲ ကိုယ်ခံပေါ့… အဲဒါကြောင့် မသိတဲ့သူတွေကို ဒီပိုစ့်ရေးပြီး ပိတ်စစျေးတွေပြောပြတာ… ကိုယ့်လို မခံရအောင်…

အောက်ကပုံမှာကြည့်လိုက်နော်…
ဘယ်ဘက်က ကျွန်မရှိတဲ့ ထမိန်စ... အလယ်က polyester စနဲ့ ညာဘက်က ပန်းရောင်း ခြင်ထောင်ဇာ...

အောက်က အနီကို Corset ပုံစံမျိုးချုပ်ပြီး အပေါ်က ဇာထပ်ချင်တာ... အောက်ကပုံမှာကြည့်လိုက်...
ညာဘက်ဘေးဆုံးက အပြာချိတ်နဲ့ အဖြူ Corset အဖြူဇာထပ်ထားတဲ့ တစ်ယောက်လို ချုပ်ချင်တာ... ရိုးရိုးပဲ..

ဒီလို ဒီဇိုင်းလေး ကြိုက်တယ်... ဒါပေမဲ့ သူက မှန်ဇာသုံးပြီး ချုပ်ထားတယ်ထင်တယ်.... အကျီင်္က ချိုင်းနားမှာ ကြွပြီး သိပ်ပုံမကျဘူးဆိုင်ထဲမှာလျှောက်ကြည့်တော့ အမဲရောင် ဇာခံကို ရွှေရောင်လိုင်းလေးတွေလို ရွှေမှုန်လေးတွေလို ပြေးနေတဲ့ ခြင်ထောင်ဇာ Plain လေးကိုတွေ့တော့ ကိုယ့်မှာရှိတဲ့ အနက်ခံ တိုင်းရင်းသားအဆင်ထမိန်လေးအတွက် ဝယ်ဖြစ်ခဲ့တယ်…၁မီတာ = SGD 5 (အမေက ၁မီတာ ကျွန်မက ၁မီတာ ၂မီတာ ဝယ်လာတယ်)

ဒီဇာလေးကိုတော့ Corset နဲ့မဟုတ်ပဲ ဒီတိုင်း ရွှေကျယ်သီးလေးတွေနဲ့ ရင်ဖုန်းချုပ်ရင်ကောင်းမလား... ပန်းထိုးမယ်ဆိုရင် လှမလား၊လည်ထောင်ချုပ်ရမလား... အပေါ်က အဝါနဲ့ မင်းသမီးလို လက်တိုလေး ချုပ်ရင်ကောင်းမလား ခုထက်ထိ ဘာပုံကောင်းမလဲ မသိဘူး...


၁ထပ်တည်း အသားပေါ်တင်ကြည့်ရင်တော့ ဒီလိုမြင်ရတယ်...


စကာင်္ပူမှာ ပိတ်စနဲ့ ဇာအမျိုးအမျိုးကို စျေးနှုန်းအသင့်အတင့်နဲ့ လိုချင်ရင် Bugis က Arab street မှာသွားဝယ်နော်… ကိုယ်ဘာလိုချင်လဲဆိုတာ အသေအချာသိပြီး သွားဝယ်ရင်တော့ ပိုကောင်းမယ်… မဟုတ်ရင် တွေ့သမျှ အကုန်လိုချင်ပြီး ပိုက်ဆံကုန်လိမ့်မယ်.. ဒါတောင် ကျွန်မက ဘယ်ဘက်ခြမ်းတစ်ခြမ်းပဲလျှောက်ခဲ့တာ…. မိုးရွာလို့ ညာဘက်ခြမ်းက ဆိုင်တွေကို မလျှောက်ဖြစ်ခဲ့ဘူး…

တကယ်လို့ မဗေဒါရဲ့ ဘလော့ကို လာဖတ်တဲ့ ချစ်သူငယ်ချင်းတွေမှာ ဒီဇိုင်းကောင်းကောင်းသိရင် အကြံလေးပေးသွားပါအုံး... နောက်ပြီး မြန်မာပြည်က အပ်ချုပ်ဆိုင်ကောင်းကောင်းနဲ့ ၁ဝရက်အတွင်း ၃ ၊ ၄ ထည်လောက် အမြန်ချုပ်ပေးနိုင်မဲ့ (အမြန်ကြေးပေးပါ့မယ်) နေရာသိရင်လဲ အောက်မှာ လိပ်စာနဲ့ ဖုန်းနံပါတ်လေး မျှသွားပေးပါနော်... ကျေးဇူးကမ္ဘာ....

စုထားဖြစ်တဲ့ မဗေဒါ ချုပ်ချင်တဲ့ ဒီဇိုင်းလေးတွေ အောက်မှာ မျှလိုက်မယ်...






Thursday, October 31, 2013

K-Dramas Titles in English VS မြန်မာ

Photo Source : http://kdramafighting.blogspot.sg/2013_05_01_archive.html

မြန်မာပြည်မှာ ထွက်သမျှ ကိုရီးယားကို မြန်မာစာတမ်းထိုးနဲ့ နောက်ဆုံးပေါ်ကားတွေကို ပေါမှပေါဝယ်လို့ရလို့ အားကျမိပါတယ်… အဲဒိအတွက်ကြောင့် မြန်မာပြည်က သူငယ်ချင်းတွေပဲဖြစ်ဖြစ်၊ ညီမတစ်ဝမ်းကွဲတွေပဲဖြစ်ဖြစ် ကိုယ့်လောက်တော့ ကိုရီးယားကားကိုသိကြပါတယ်… ကိုယ့်ထက်တောင် သိရင်သိမှာပါ… တစ်ခါတစ်လေ ကြုံလို့ တီဗွီဝင်ကြည့်ရင်တောင် ကျွန်မ မသိတဲ့ကားတွေပြနေတတ်သေးပါတယ်… တစ်ခါတစ်လေ သူတို့မြန်မာနာမည်နဲ့ ကိုရီးယားကားကို ပြောရင် ကျွန်မ ဘယ်လိုမှ အစဖော်မရအောင်ဖြစ်မိပါတယ်… ကားကို ပြတော့မှ အော်… ဒါက အင်္ဂလိပ်လို …. ခေါင်းစဉ်ပါလား… ဘာသာပြန်ချက်က လန်ထွက်နေတော့ လုံးဝကို ဆက်စပ်လို့ မရတာပါ… ဒီတော့ ရုပ်ရှင်အကြောင်း ပြောဖို့တောင်မှ သူကြည့်ပြီးတဲ့ကားနဲ့ ကိုယ်ကြည့်ပြီးတဲ့ ကားကို ကိုက်ဖို့တောင်မှ အတော်ခက်ပါတယ်…. တစ်ခါတစ်လေ ကိုယ်ကြည့်ပြီးတဲ့ ကားကောင်းလေးတွေ recommend ပေးချင်ရင်တောင်မှ မြန်မာလို ခေါင်းစဉ်မသိတော့ ပြောပြလို့မရပါဘူး…

မြန်မာပြည်က ကားနာမည်တွေကို ဇာတ်လမ်းကို အခြေခံပြီး ပြန်ပုံရပါတယ်… ဘာသာပြန်ထားတာ တစ်ချို့ဟာလေးတွေဆို မူရင်းနာမည်ထက်တောင်ကောင်းပါသေးတယ်… ဒါပေမဲ့ မူရင်းနာမည်နဲ့ လုံးဝ ဆက်စပ်မှုမရှိတာတွေကျတော့ ဘယ်လောက်ကောင်းကောင်း Online မှာ အဲ့ကားနဲ့ပတ်သတ်တဲ့ သတင်းရှာဖို့တောင် လွယ်မယ်မထင်ပါဘူး… ဒါနဲ့ မဗေဒါရဲ့ ဖေ့ဘွတ် Page (https://www.facebook.com/mabaydarPage) မှာ အဲဒိအကြောင်းလေး status တင်ပြီး ကိုယ်သိသမျှ လစ်လုပ်မိပါတယ်… တခြားသူတွေကိုလဲ သိရင် list ထဲမှာ ပြောပြဖို့ အကူအညီတောင်းမိပါတယ်…
ခု အဲဒိ List ကို A to Z အစဉ်လိုက် စီပြီး ပေါင်းတင်ပေးလိုက်ပါတယ်… နောက်ဆို English title ပဲ သိတဲ့ ကျွန်မလို လူတွေ မြန်မာပြည်က လူတွေနဲ့ ဇာတ်လမ်းအကြောင်းပြောချင်ရင်ပဲဖြစ်ဖြစ်… 
ဇာတ်လမ်းရှာဝယ်ချင်ရင်ပဲဖြစ်ဖြစ် လွယ်ကူသွားမှာပါ… ဒီ list ထဲမှာ မပါသေးပဲ ထပ်ဖြည့်ချင်တယ်ဆိုရင်လဲ Comment မှာ ထပ်ဖြည့်ပေးသွားပါ… နောက်ထပ် ၅၀ ကျော်ရရင် ပေါင်းပြီး ထပ်တင်ပေးပါအုံးမယ်…
ဒီ List ကို အဓိက ကူညီ ပေးကြတဲ့ Thant Swe နဲ့ Mady June ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်…
(စာကြွင်း… ဒီ list ထဲက ကားတော်တော်များများတောင် မဗေဒါ မကြည့်ရသေးပါဘူး)

49 days = အသက်ဆက်မျက်ရည်
All about eve = ဆည်းဆာ ရင်ခုန်သံ
Alone in Love = အချစ်ပြီးတော့အချစ်
Autumn tale = ဆောင်းဦးရွက်ကြွေ ချစ်သက်သေ 
Beethoven Virus = သံစဉ်များနှင့်ကခုန်ခြင်း
Behind the White Tower = ဖြူစင်ခြင်းနောက်ကွယ်
Bodyguard = သက်တော်စောင့် (တော်သေးတာပေါ့ “အချစ်တွက် အသက်ပင်သေသေ” တို့ ဘာတို့ မပေးလို့)
Chosun Police= လျှို့ဝှက်မှုရဲ့နောက်ကွယ်
City Hunter= အချစ်တိုက်ပွဲ (ဒီခေါင်းစဉ်ကတော့ ဇာတ်လမ်းနဲ့ သိပ်မကိုက်ဘူးထင်တာပဲ)
Dating Now= သံယောဇဉ်
Delicious proposal = အချစ်ဆုံးအတွက် ဟင်းတမယ် 
Dream = အိမ်မက်ကာရံ
Four Gold Chasers = ရတနာသိုက်ရှာပုံတော်
Freshion seventies = ဖက်ရှင်ချစ်သူ
Full house = ချစ်စံအိမ် (ဒါက နည်းနည်း နီးစပ်သေးတယ်)
Get Karl! Oh Soo-jung = ချစ်သူလှည့်စား
Gourmet = စားတော်ကဲ
Heartstrings= နှလုံးသားရဲ့ချစ်သံစဉ်
Hero = ဂျာနယ်လစ်ကိုကို (သူရဲကောင်း ကနေ နာမည်ကို Journalist OPPA လို့ ပြောင်းရတော့မယ့်ပုံပဲ)
Hometown Legends (2008) = ကိုရီးယားရိုးရာတစ္ဆေပုံပြင်များ
Honourable Baek Dong-soo = ဘဝတမ်းချင်း
Hotelier = ဟိုတယ်ချစ်သူ
Hwang Jin Yi = ပျော်တော်ဆက်
Il-Ji-Mae: The Phantom Thief = ဒဏ္ဍာရီထဲက ပုံပြင်လေးတပုဒ် (ကဗျာဆန်ချက်က ၉လောက်ရှိတယ်… )
It's ok Daddy's girl= အနှိုင်းမဲ့
Jejungwon= ဖြူစင်တဲ့အားမာန်.
La Dolce Vita = အချစ်နွံ
Legend = မြင့်မြတ်နှလုံးသား
Lonely bird= ငှက်ကလေးရဲ့ကောင်းကင်
Love & Marriage = အောင်သွယ်တော်မလေးရဲ့ ဖူးစာရှင် (အချစ်နဲ့ အိမ်ထောင်ရေးလို့ ဘာသာပြန်ရင် စိတ်ဝင်စားမှုနည်းမှာစိုးလို့ထင်တယ်)
Love story in Harvard = တခါတုန်းက တက္ကသိုလ်
Loving for a thousand year= ရင်ခုန်တိုင်းချစ်တယ်
Loving you = ရေသူမလေး ချစ်ပုံပြင် (ဘယ်က ရေသူမပါလာလဲ မသိဘူး)
Marry Me, Mary= ချစ်ခွန်းခြွေတဲ့ သံစဉ်ည (Picking Love in Melodious Night? Hee hee )
Master's Sun = ဝိဉာဏ် သတို့သမီး (ghost bride? ဒွတ်ခ မင်းသမီးလဲ သရဲလုံးလုံးဖြစ်) 
My Fair Lady = မမလေးရဲ့သက်တော်စောင့်
My happy home= သုခရိပ်မြုံ
Painter of the Wind = အလွမ်းပန်းချီ
Pretty mom= အရိပ်စစ်
Queen Seondok = ရစင်ကြယ်နဲ့ အသက်ကယ်ဓား (ဘာသာပြန် အရမ်းတော်တာပဲ)
Rock Rock Rock (Drama Special Series) = ရော့ခ်အင်ရိုး…ချစ်သူ
Rude Women = ချစ်သူဝိုင်းဝိုင်းလည် (မိန်းမရိုင်းကနေ ချစ်သူဝိုင်းဝိုင်းလည်တဲ့… ဒါပေမဲ့ ဇာတ်လမ်းအရတော့ ချစ်သူဝိုင်းဝိုင်းလည်က ပိုလိုက်ဖက်မယ်ထင်တယ်)
Sharing Inheritance = နှလုံးသားစေညွှန်ရာ
Snow Queen = နှင်းပွင့်ဧကရီ (ဒါလေးကတော့ ဘာသာပြန်တာလေး လှတယ်)
Soul/Spirit/Ghost = ၀ိညာဉ်ခေါ်သံ
Summer Scent = ကျောက်မဖြစ်တဲ့ နှလုံးသား ရုပ်ကြွင်း (ဒီနာမည်ကို ပြောပြတဲ့ ချမ်းမြေ့ခိုင်က ဘာသာပြန်တာ ကြိုက်လွန်းလို့ မှတ်မိနေသတဲ့ :P)
Swallow the Sun = ချစ်သူ့ရင်ခွင် (၂)
Swallow the sun= မျှော်လင့်ခြင်းရောင်ခြည် ( ရုပ်ရှင်နာမည် ပြောပြတဲ့ ၂ယောက် ဝယ်တဲ့ DVD ဆိုင် မတူဘူးထင်တယ် နာမည် ၂မျိုးရှိတယ်… မြန်မာပြည်အချင်းချင်းတောင် တစ်ယောက်နဲ့ တစ်ယောက် ဘာကားကြည့်ပြီးပြီလဲ ပြောပြဖို့ ခက်မယ်)
Temptation of an angel = အဆိပ်သင့်နှင်းဆီ (Poisonous Rose ? ^_^)
The Last Match = အသည်းစိမ်းသလားကွယ်၊ ပွဲသိမ်းကစားမယ် (ကာရံနဲ့တောင် နာမည်ပေးလိုက်သေးတယ်… “နောက်ဆုံးပြိုင်ပွဲ” လို့ နာမည်ပေးရင်တောင် Plain ဖြစ်နေမှာစိုးလို့ထင်တယ်)
The Man Who Can't Get Married = လူပျိုကြီးမဖြစ်လိုပါ
The woman who still wants to marry = အချစ်ကိုသိချိန်
Three leave clover= သစ်ရွက်လေးရဲ့ ရင်ခုန်သံ
Trio= ချစ်ခြင်းနှင့်အတူ
Triple = ပန်းသုံးပွင့်ဒိုင်ယာရီ
Who are you (2013) = ချစ်သူ့ဝိညာဉ်
Will it snow at Christmas = နှင်းပွင့်သစ္စာ
World Within = ရင်ထဲကအနုပညာ
You are beautiful = အိမ်ဂျယ်ချစ်သူ
Yunmugok= တပြည်သူအချစ်

Tuesday, October 29, 2013

Macau where Asia meet Europe - (Day 4 of HK trip)

၂၁ ရက္ ၁လ ၂၀၁၂
ကမ္ဘာကြီးက စာအုပ်တစ်အုပ်ဆိုရင် ခရီးမသွားတဲ့သူတွေဟာ စာအုပ်ရဲ့ တစ်မျက်နှာတည်းကို ဖတ်တဲ့သူတွေလိုပါပဲ..

ခရီးသွားမယ်ဆို ကိုယ့်ဟာကိုယ်အေးဆေး အချိန်ယူသွားရတာ ကောင်းတယ်ဆိုပေမဲ့… အပျင်းကြီးပြီး အချိန်ဆွဲမှုကြောင့် ကိုယ့်ခရီး ရောက်သင့်သလောက်မရောက်တာမျိုးတော့ မဖြစ်သင့်ဘူးဆိုတာကို အဲဒိနေ့က ကောင်းကောင်းကြီး သင်ခန်းစာရလိုက်ပါတယ်… နောက်ပြီး မရောက်ဖူးတဲ့ တနယ်တကျေး ကို ဘာ သတင်းအချက်အလက်မှ မရှာပဲ “ဒီလိုပဲ ဖြစ်သွားမှာပါ”ဆိုပြီးသွားရင် ဘယ်နေရာမှာ အချိန်ဘယ်လောက်သုံးရမှန်း မသိပဲ လုပ်ဖြစ်သင့်တဲ့အရေအတွက် နေရာဒေသကို မလုပ်ဖြစ်မရောက် မဖြစ်ပဲ အစီအစဉ်ချရာမှာလဲ အမှာအယွင်းတွေရှိနိုင်တယ်ဆိုတဲ့ သင်ခန်းစာကိုလဲ အဲဒိနေ့မှာရရှိခဲ့ပါတယ်…

သို့သော်လည်း “ခရီးသွားချိန်ကြုံတွေ့ရတဲ့ အဆင်မပြေမှုဆိုတာဟာ၊ တချိန်ပြန်စဉ်းစားရင် အမှတ်ရစရာ ဟာသတစ်ခုဖြစ်တယ်” ဆိုတဲ့အတိုင်းပဲ… အဲဒိတုန်းက ကမောက်ကမနဲ့ စိတ်တိုခဲ့ရ စိုးရိမ်ခဲ့ရပေမဲ့ အဆုံးမှာတော့ ကိုယ့်အပြစ်နဲ့ကိုယ်ကြေနပ်နေနိုင်သလို ပြန်စဉ်းစားတိုင်းလဲ ရီဖြစ်နေမှာပါ…
၄ရက်မြောက်နေ့မှာတော့ ကျွန်မတို့ အိပ်ယာထနောက်ကျတဲ့အပြင် အေးအေးဆေးဆေးပြင်ဆင်နေတဲ့အတွက် ဟိုတယ်ကထွက်လာတာ နောက်ကျပြီး မနက်စာကို မနက် ၁ဝနာရီခွဲလောက်မှ စားနေကျ ဟိုတယ်နားက Dim Sum ဆိုင်မှာစားဖြစ်ပါတယ်… အဲဒိဆိုင်က အရမ်းအသက်သာကြီးမဟုတ်ပေမဲ့ အရသာနဲ့ စားရတဲ့ ဆိုင်အနေအထားကို သဘောကျတာရော ဟိုတယ်နဲ့နီးတာရောကြောင့် အဲဒိမှာပဲ သွားစားဖြစ်ကြတာပါ…

စားနေကျ ဟိုတယ်နားက ဒင်းဆန်းနဲ့ ခေါက်ဆွဲရောင်းတဲ့ ဆိုင်လေး...

အရမ်းစားကောင်းတယ်... ၄ရက်မြောက်နေ့ ဒင်းဆန်း...

စားသောက်ပြီးမှ သဘောင်္ဆိပ်ကို လမ်းလျှောက်သွားကြပါတယ်… သဘောင်္ဆိပ်ကို ဘယ်လိုသွားရမလဲ ဟိုတယ်ဝန်ထမ်းကိုမေးခဲ့တော့ လမ်းလျှောက်ရုံနဲ့ရောက်တယ်လို့ သူကပြောတဲ့အတွက် မြေပုံကြည့်ရင်းလျှောက်ဖြစ်ကြပါတယ်… အဆောက်အဦးတွေ့တော့ လူတွေသိပ်မတွေ့တာနဲ့ မှားမျာနေလားလို့တွေးမိပေမဲ့ အထဲဝင်ပြီး ဆိုင်းဘုတ်အတိုင်းလျှောက်သွားတော့ သဘောင်္လက်မှတ်ရောင်းတဲ့ ဆိုင်တွေအများကြီးတွေ့ပါတယ် ဆိုင်တွေရှေ့ မရောက်ခင်ကတည်းက (ကျိုက်ထီးရိုးက ထမင်းဆိုင်တွေလိုပဲ) ထွက်ခေါ်ကြတာ… အဲလိုခေါ်ရင် နေရသိပ်ခက်တာပဲ… ဒါနဲ့ စျေးကို အကြမ်းဖျင်းကြည့်လိုက်ပြီး သက်သာမယ် ကောင်းမယ်ထင်တဲ့ဆိုင်ကို ဝင်မေးလိုက်တယ်… အသွားအပြန် HKD 300 ဒါပေမဲ့ ည၁ဝနာရီနောက်ဆုံးထားပြီးပြန်ရမယ်… တကယ်လို့ အပြန်လက်မှတ်သက်သက်ဝယ်မယ်ဆိုရင်တော့ တစ်ကြောင်းကို HKD 200 ဖြစ်သွားမယ်… ကိုယ်လဲ ည၁ဝနာရီတော့ ပြန်ရောက်လောက်ပါတယ်ဆိုပြီး အသွားအပြန်ဝယ်လိုက်တယ်… သေချာတာပဲ လုပ်ရဲတယ်… တော်ကြာကျမှ မကာအိုဘက်က လက်မှတ်ဆိုင်ပိတ်သွားတယ်ဆို ဟိုမှာသောင်တင်နေမှာ…
သူငယ်ချင်းကတော့ သဘောင်္စောင့်နေရင်းနဲ့ အချိန်လောက်ပါ့မလားလို့ သတိပေးတယ်… ဒါပေမဲ့လဲ ကိုယ့်အပြစ်နဲ့ကိုယ် အိပ်ယာထနောက်ကျပြီး အေးဆေးလုပ်နေကြတာဆိုတော့ စိုးရိမ်နေလဲ အလကားပဲလေ… အချိန်မလောက်တော့လဲ ရသလောက်ပေါ့လို့ပဲ တွေးလိုက်ရတာပေါ့… ၁၁ခွဲမှ သဘောင်္စစီးတယ်… ၁၂ခွဲမှာ မကာအိုရောက်တယ်… သဘောင်္က သက်တောင့်သက်သာရှိတော့ သဘောင်္ပေါ်မှာ ၂ယောက်လုံး ၁ရေးရလိုက်သေးတယ်… ဟိ…

မကာအိုကို သဘောင်္နဲ့အပြင် ဟတ်လီကော်ပတာနဲ့လဲ လာလို့ရတယ်…. အဲဒိသဘောင်္လက်မှတ်ရောင်းတဲ့ဆိုင်တွေမှာပဲ ဟတ်လီကော်ပတာလက်မှတ်ဝယ်လို့ရတယ်… ဘယ်လောက်လဲတော့ မမှတ်မိဘူး… စျေးကြီးတာပဲ မှတ်မိတယ်… (ကိုရီးယားကားထဲက သိပ်ချစ်တတ်တဲ့ ခပ်ချောချော CEO တစ်ယောက်လောက်ကိုယ့်ကြိုက်နေတယ်ဆိုရင်လဲကောင်းသား)…
အင်မီဂရေးရှင်းမှာ Visa upon arrival လျှောက်လို့ရတယ်… အရမ်းလွယ်တယ်… သူတို့ပြောတဲ့ Visa ကြေးပေးရုံပဲ… ဘယ်လောက်လဲတော့ မမှတ်မိတော့ဘူး… ကိုယ်တွေ ၂ယောက်ပဲ အဲ့ကောင်တာဘက်သွားရတယ်… သဘောင်္တစ်စင်းလုံးကလူတွေက ဗီဇာမလိုကြဘူးထင်ပါရဲ့…
သဘောင်္ဆိပ်ကထွက်လိုက်တာနဲ့ တိုက်စီသမားတွေက တိုက်စီငှားမလားဘာညာနဲ့ နောက်ကတစ်ကောက်ကောက်လိုက်မေးကြတာပဲ… ကျွန်မတို့လဲ မြေပုံတောင်းဖို့ နေရာလိုက်ရှာပြီး မြေပုံကြည့်လုပ်ငန်းစကြတယ်… အစပိုင်းက အူလည်လည်ဖြစ်နေသေးတယ်… နောက်တော့ မှားမှားမှန်မှန် မြေပုံထဲမှာကြည့်တာနဲ့ တူသလိုလိုရှိတဲ့ ဘယ်ဘက်ကိုကွေ့ပြီး လျှောက်ဖြစ်တယ်… ၁ဝမိနစ်လောက်လျှောက်လိုက်တာနဲ့ Macau fisherman wharf ဆိုတဲ့ အသစ်ဖွင့်ထားတဲ့ tourist attraction နေရာကိုရောက်သွားတယ်… အဆောက်အဦးတွေက Rome ပုံစံတွေဆောက်ထားတယ်… Europe ကိုရောက်သွားတဲ့အတိုင်းပဲ… ဓာတ်ပုံရိုက် ဟိုကြည့်ဒီကြည့်ပေါ့… Dim Sum HKD 78 ဆိုတော့ ဟောင်ကောင်နဲ့ယှဉ်ရင် နည်းနည်းလေးသက်သာတယ်… ဆိုင်ကြော်ငြာဆိုင်းဘုတ်ကတော့ တွေ့တွေ့နေတယ်… ဆိုင်သာမတွေ့တာ… 
ရောက်တုန်းက နောက်က အဆောက်အအုံးကြီးက မဖွင့်သေးဘူး... နောက်တစ်ခေါက်လာတာပေါ့နော်...


ဒါကြီးက အသစ်ဆောက်လက်စ Tourist attraction တစ်ခု... ဘာဖြစ်မလဲတော့ မသိ....

Rome တို့ ပေါ်တူကီတို့ စတိုင်ဆောက်ထားတဲ့ shopping mall...

ဒီနေရာလေးကို snow city လို့ နာမည်ပေးချင်တယ်... အပင်လေးတွေကော အဆောက်အအုံလေးတွေရောက အဖြူရောင်လေးတွေများလို့....


Asia First Ice Sculpture gallery 


Welcome to Asia first Ice Sculpture gallery 

အဲဒိနားမှာရှိတဲ့ Aisa First Ice sculpture gallery ကို သွားဖြစ်တယ်… ကောင်တာထိုင်တာကတော့ Europe မိန်းကလေးထင်တယ်… လာတဲ့ဧည့်သည်ကလဲ ကျွန်မတို့ ၂ယောက်ပဲရှိတယ်… ဝင်ဖို့ အနွေးထည်အရှည် အထူကြီးတွေဝတ်ရတယ်… ဒါပေမဲ့ အနွေးထည်တွေကလဲ ရေစိုစိအန့ံတွေနဲ့ အနံ့အသက်က သိပ်မကောင်းဘူး… ကျွန်မက ကြိုးသိုင်းဖိနပ်စီးလာတော့ သူတို့ပေးတဲ့ Boot (လည်ရှည်ဖိနပ်) စီးခိုင်းတယ်… ကျွန်မသူငယ်ချင်းက အစကတည်းက ဒေါက်မြင့်လည်ရှည်ဖိနပ်စီးလာတော့ သူက ပေးတဲ့ ဖိနပ်စီးစရာမလိုဘူး… ဒါပေမဲ့သူက ဆိုင်ကပေးတဲ့ ဖိနပ်ကို ချစ်စရာကောင်းလို့ သူလဲစီးချင်တယ်ဆိုပြီး စီးတယ်… ပြီးတော့ ရေခဲသတ္တာအကြီးစား sliding တံခါးကြီးကို ကောင်တာက မိန်းမက နံရံကိုကန်ပြီးဖွင့်ပေးတယ်…
ရေခဲပြတိုက်တစ်ခုလုံးမှာ ကျွန်မတို့ ၂ယောက်ပဲရှိလို့ အစပိုင်းတော့ စိတ်ထဲနည်းနည်ခြောက်ချားသလိုဖြစ်မိပေမဲ့ နောက်ကျတော့လဲ ဓာတ်ပုံရိုက်ဘာရိုက်နဲ့နေသာကျသွားတယ်… ဒီလောက်အေးတဲ့အခန်းထဲမှာ အာငွေ့ပေးပြီး ရေခဲကိုပျော်အောင်လုပ်ရင် မပျော်ဘူးဆိုတာသိပေမဲ့ စမ်းကြည့်မိတယ်… ရေခဲက အငွေ့တောင် မထွက်ဘူး.. ခိခိ… အဲဒိထဲမှာ မိနစ် ၂ဝလောက်ပဲ နေဖြစ်တယ်… အရမ်းလဲ မကျယ်ပါဘူး… ဒါပေမဲ့ ကြာလာတော့ လက်တွေထုံလာတယ်… တော်ကြာနေ ကိုယ်ပါခဲနေမှာစိုးလို့ ထွက်မယ်လုပ်တော့ တံခါးက ဘယ်လိုမှဖွင့်လို့မရဘူး… ၂ယောက်သားကြိုးစားကြည့်တယ်မရဘူး… ငါတို့ခဲပြီး အထဲမှာ ရေခဲရိုက်ပြီးသားဖြစ်သွားမယ်ဆိုတဲ့ အတွေးခေါင်းထဲရောက်လာတော့ ကြောက်စိတ်ကြောင့် ဟိုမိန်းမ တံခါးဖွင့်တုန်းက နံရံကို ကန်ဖွင့်တာမျက်လုံးထဲပြန်ပေါ်လာတာနဲ့ “ငါသေဖို့ အချိန်မတန်သေးဘူး… လာထား” ဆိုပြီး အတွင်းအားနဲ့ ခြေစုံကန်ဖွင့်မှပဲ တံခါးက ပွင့်တော့တယ်… 

ဒီဘက်က နန်းတော်ပုံ.. ဟိုးအတွင်းဘက်က တောရိုင်းတိရိစ္ဆာန်ပုံတွေ ထုထားတယ်..


ရေခဲ နန်းတော်...

အဲဒိကနေ ကျွန်မတို့က Ruin of St. Paul Church ကို သွားမလို့ပါပဲ… ဒါပေမဲ့ ဒီနေရာမှာ research ကိုသေသေချာချာ ကြိုမရှာလာတဲ့ အကျိုးကျေးဇူး (ရွဲ့ပြောတာ) တွေကို ခံစားရတော့တာပါပဲ… အဲဒိအချိန်အထိ Ruin Of St. Paul ရှိတဲ့နေရာကို မြို့ပြင်လိုနေရာမျိုးမှာ၊ တောင်ကုန်းတောင်တန်းတွေကြားမှာလို့ စိတ်ထဲက ထင်နေခဲ့မိတာပါ… နီးနီးနားနာ ဘာဆိုင်မှ သိပ်မရှိပဲ ရှိတဲ့ဆိုင်တွေကလဲ ရိတ်မဲ့ စျေးတွေပဲဖြစ်မှာပဲလိုပဲ မှန်းထားတာပါ… (tourist အလာများတဲ့နေရာတွေက ရိတ်တဲ့နေရာတွေချည်းပဲကိုး…) ဒီတော့ ဗိုက်ကလဲ နည်းနည်းဆာလာတာနဲ့ ထမင်းစားမလားစဉ်းစားမိတော့… သူငယ်ချင်းက သူမဆာသေးဘူးတဲ့…

ကျွန်မက အရမ်းမဆာသေးပေမဲ့ ညနေ ၃နာရီထိုးနေတာရော ရှေ့ဆက်သွားမဲ့ နေရာမှာ စားသောက်ဆိုင်မရှိမှာ စိုးတာရောကြောင့် (research သေချာမလုပ်ခဲ့တဲ့ အပြစ်တွေ) စားမယ်ပြောတာပါ… ဒါပေမဲ့ သူငယ်ချင်းက ကျွန်မ ဗိုက်ဆာရင် စိတ်တိုမှာစိုးတာနဲ့ စားမယ်ဆိုပြီး ဆုံဖြတ်လိုက်တယ်… ဒါနဲ့ တွေ့ခဲ့တဲ့ ဆိုင်းဘုတ်ကို ပြန်သွားရှာတယ်… အဲဒိ ရောမပုံ အဆောက်အအုံ shopping mall ထဲမှာရှိမယ်ထင်တာ… တကယ်တော့ မရှိဘူး… အဲဒိ fisherman wharf ကို နှ့ံနေအောင် မနည်းရှာပြီးတော့မှာ… ဟိုးနောက်ဘက်က လှေကားပေါ်ကိုတက်လိုက်မှ အပေါ်ထပ်မှာ စားသောက်ဆိုင်တွေ့တယ်… ကျွန်မတို့ရောက်သွားတဲ့အချိန်က ၃နာရီ ၁၅မိနစ်လောက်ဖြစ်နေပြီ… ပရိုမိုရှင်းပြထားတဲ့ ဒင်းဆန်းကိုမေးတော့ ၃နာရီထိပဲတဲ့… သူ့ဆိုင်ရှာနေတာနဲ့ ၁၅ မိနစ်နောက်ကျပြီး မစားရဘူး… ဒါနဲ့ မြန်မြန်ရနိုင်မယ်ထင်တဲ့ Beef Claypot rice ပဲ မှာလိုက်တယ်… စကာင်္ပူက တစ်ချို့ Food court တွေကို Claypot rice ကို ကိုယ့်ရှေ့မှာတင်ချက်တာ ၁ဝမိနစ်လောက်ပဲ အများဆုံးစောင့်ရတာ… ဒါပေမဲ့ ပေါ်မလာ… ပေါ်မလာ… စောင့်…. စောင့်… စောင့်ပြီးရင်းစောင့်… အဲဒိမှာတင် အချိန်တွေတော်တော်ကုန်သွားတယ်… လူက အတော်လေး စိတ်တိုတယ်…
စားစရာရောက်လာတော့ အရသာကလဲ ပေါ့ပျက်ပျက်နဲ့ စားလို့လဲ ဒီလောက်မကောင်းပါဘူး… ဆိုင်ကတော့ အဆင့်မြင့်စားသောက်ဆိုင်ပါပဲ စျေးကလဲ သိပ်တော့ မချိုလှပါဘူး… အချိန်မလောက်မှာစိုးတာနဲ့ အမြန်စားပြီး လစ်ကြပါလေရော…

A Journey to Ruin of St. Paul



Ruin of St. Paul's church... မကာအိုရဲ႕ နာမည္အၾကီးဆံုး tourist attraction

မရောက်မဖြစ် အဓိကသွားချင်တဲ့နေရာက Ruin of St. Paul ဘုရားကျောင်းဆိုတော့ အဲဒိကို အရင်သွားပြီး အချိန်ပိုမှ ကျန်တာသွားဖို့ ဆုံးဖြတ်လိုက်တယ်… ခက်တာက ဘယ်လိုသွားရမှန်း နကန်းတစ်လုံးမှ မသိတာ…

သူငယ်ချင်းက သူ့သူငယ်ချင်း စလုံးမကို မေးခဲ့တာတော့… မကာအို သဘောင်္ဆိပ်ကထွက်လိုက်တာနဲ့ အဲဒိက Casino and Hotels တွေက သူတို့ ဟိုတယ်ကို အလကားဆွဲပေးတဲ့ Free Shuttle bus တွေ ရှိတယ်တဲ့ အဲဒိ ကိုယ်သွားချင်တဲ့ နေရာနဲ့ နီးတဲ့ ဟိုတယ်ကိုသွားတဲ့ ဘတ်စ်ကားကို တက်စီးလိုက်ရုံပဲတဲ့…. (ပြောတော့လွယ်တယ်)… ဒါပေမဲ့ ကိုယ်သွားချင်တဲ့ နေရာနဲ့ ဘယ်ဟော်တယ်နီးမှန်းမှ မသိတာ… သူ့သူငယ်ချင်းကပြောတော့ V နဲ့စတဲ့ ဟိုတယ်တဲ့… ဒါနဲ့ Venetian hotel ကိုသွားတဲ့ ကားပေါ် ခပ်တည်တည်ဝင်ထိုင်လိုက်တယ်… ကားသမားတွေကိုလဲ မမေးချင်ဘူး… မေးစရာမှ မလိုတာ ဒီကားဘယ်သွားလဲဆိုရင် ဟိုတယ်ပဲ သွားမှာလေ… ကားက အတော်ကြာကြာစီးလိုက်ရတယ်… ကျွန်မစိတ်ထင် နာရီဝက်လောက်တောင်ကြာမယ်ထင်တယ်… လမ်းမှာ အဝေးက တောင်ထိပ်ပေါ်မှာ မှုန်ပြပြမြင်ရတဲ့ ခရစ်ယာန်ဘုရားကျောင်းကိုတွေ့တော့ မြင်ဖူးသလိုလို Dejavu ဖြစ်နေတာ နောက်မှ ခေါင်းထဲကို Jerry Yan ပုံ ဖြတ်ကနဲ့ ရောက်လာတော့မှ ဟာ… အဲဒါ Meteor Garden 2 ကားမှာ မင်းသားက မင်းသမီးကို လက်ထပ်ခွင့်တောင်းဖို့ စောင့်ခိုင်းထားတဲ့ ဘုရားကျောင်းဖြစ်နေတယ်… (အဲလို ဉာဏ်ကောင်းတာ… စာ ဆိုအဲလိုမမှတ်မိဘူး)… အဲတော့မှ စိတ်ထဲမှာ မရိုးမရွနဲ့ သွားချင်မိတာ… မကာအိုကို နောက်တစ်ခေါက်များ ပြန်ရောက်ဖြစ်မယ်ဆိုရင်တော့ ဒီဘုရားကျောင်းကို မရောက်ရောက်အောင်သွားမယ်… ဒါပေမဲ့ သူကလဲ တော်တော်လေး သွားရခက်တဲ့နေရာမျိုးမှာရှိနေသလိုပဲ… 

နောက်တော့ အီဂျစ်က နန်းတော်ကြီးလိုလို ဘာလို စိတ်ထဲခံစားရတဲ့ ခန်းခန်းနားနား ဆောက်ထားတဲ့ Galaxy hotel and casino ကိုဖြတ်သွားပြီး လူအတော်စည်ကားတဲ့ ဟော်တယ်တစ်ခုဝန်းထဲမှာ ကားရပ်သွားတယ်… Ruin of St.Paul အရိပ်ရောင်တောင် မတွေ့ဘူး… နောက်တော့မှ သိလိုက်တာက Ruin of St.Paul နဲ့ လမ်းက တခြားစီတဲ့… ဒီဟော်တယ်ကလဲ အမှန်တော့ Macau ရဲ့ tourist attraction တွေထဲမှာ အထင်ကရပါတဲ့ အဆောက်အဆုံထဲမှာ ဗင်းနစ်မြို့က မြစ်ပုံမျိုး ပုံစံငယ်ဆောက်ထားတာ… ဒီနေရာမှာ ကျွန်မ ရွေးရတော့မယ်… အချိန်က ၄နာရီကျော်နေပြီ ကျွန်မတို့ အချိန်ဆိုတာကို ဘာလုပ်လုပ်ထည့်စဉ်းစားရတော့မယ်… ဟိုကနေကားစီးလာတာတောင် နာရီဝက်လောက်ကြာတာ ပြန်စီးရင် နောက်ထပ်နာရီဝက်ကြာမယ်… အဲဒိမှာ ငါတို့သာ စောစောထရင်ကောင်းသားတို့၊ Fisherman Wharf မှာ အချိန်အများကြီး မဖြုန်းမိရင်ကောင်းသားတို့၊ စသည်ဖြင့် တဗျစ်တောက်တောက် နောက်တရနေချိန်မရှိတော့ဘူး… ကျွန်မကတော့ ဟိုတယ်ထဲကို မဝင်ပဲ Ruin of St.Paul ကိုပဲ သွားဖို့ဆုံးဖြတ်လိုက်တယ်… သိတယ်… ဒီဘက်ကို ပြန်လာဖို့ ဘယ်လိုမှ အချိန်မရှိတော့ဘူးဆိုပေမဲ့လဲ… မကာအိုရဲ့ သမိုင်းနဲ့အတူ တကယ်ရှိနေတာက Ruin of St.Paul … လူလုပ်ထားတဲ့ ဗင်းနစ်မြို့က အတုက အတုပဲ (Boy over flower – Korean version) မှာ ပါတဲ့ နေရာမို့ ဝင်ကြည့်ချင်ပေမဲ့ အဓိကကို ဦးစားပေးရွေးချယ်ရမှာပဲ… ဒါပေမဲ့ မမေးလို့ မဖြစ်တော့တဲ့ အခါကျတော့လဲ မေးရပါတော့တယ်… ကျွန်မသူငယ်ချင်း ချောချောလှလှလေးကိုပဲ ရှေ့တန်းတင်ပြီး အဲဒိက ဟိုတယ်တာဝန်ကျ လူငယ်တစ်ယောက်ကို မေးခိုင်းလိုက်ပါတယ်… အဲ့လူငယ်ကလဲ ဘာလို့ ပြုံးစိစိဖြစ်နေသလဲတော့ မသိပါ ကောင်းကောင်းမွန်မွန်တော့ စိတ်ရှည်ရှည်ဖြေပေးပါတယ်… ပုံမှန်အားဖြင့်တော့ သူတို့ဟိုတယ် Service အနေနဲ့ Ruin of St.Paul ကို တန်းပို့ပေးတဲ့ Free shuttle bus service ရှိပေမဲ့ အဲဒိနေ့မှာတော့ အကြောင်းအမျိုးမျိုးကြောင့် မရှိပါဘူး… (ကျွန်မတို့ ကံဆိုးသထက် ဆိုးချက်ပေါ့)… ဒါနဲ့ Ruin of St. Paul နဲ့ အနီးဆုံး ဟိုတယ်က ဘယ်ဟိုတယ်လဲလို့ ရှေ့မျက်နှာ နောက်ထားပြီးမေးရပါတော့တယ်… ဒါပေမဲ့လဲ သူတို့က ရိုးနေတဲ့ပုံပေါက်ပါတယ်… သူတို့အတွက် တွက်ချေကိုက်လို့ Free Shuttle bus တွေထားပေးထားတာပေါ့… Grand Lisboa ဟိုတယ်ကိုသွားတဲ့ ကားက Ruin of St.Paul နဲ့ အနီးဆုံးပဲလို့ဆိုပါတယ်… ဒါနဲ့ သဘောင်္ဆိပ်ကို နာရီဝက်လောက် ပြန်ကားစီး… အဲဒိကနေ Grand Lisboa ဟိုတယ်ကားပေါ်ကိုတက်… စိတ်ထဲမတော့ ဒီကားက ဘယ်လောက်ကြာကြာ စီးရမလဲစိုးရိမ်နေမိပါတယ်…
ဒါပေမဲ့ ၁ဝမိနစ်လောက်ပဲစီးလိုက်ရတယ် မြို့ထဲမှာပါပဲ… အဲဒိဟိုတယ်ကိုရောက်သွားတယ်.. အဲဒိကနေ ဘယ်လို ဘယ်လို ဆက်သွားရမှန်းမသိပါဘူး… ဘယ်သူ့နောက်လိုက်ရမှန်းမသိလိုက်ခင်မှာပဲ ကားပေါ်က လူတွေလဲ ဘယ်ရောက်သွားမှန်းမသိပါ… ဒီလိုနဲ့ ဟိုလူ့မေး ဒီလူ့မေးနဲ့ Senado Square ကို သွားရမယ်လို့ သိလိုက်ပါတယ်… အဲဒိမြို့ကလူတွေကလဲ ချဉ်းကပ်ရတာ အရမ်းခပ်ပါတယ်… မေးဖို့ဆို အလုပ်များချင်ယောင်ဆောင်နေကြတယ်… ဆက်သွယ်စကားပြောရလဲ ခက်… ဒါတောင် မြေပုံနဲ့ ထောက်ပြပြီး အလည်လာသူအများဆုံးနေရာကို မေးတာ လည်လည်ဝယ်ဝယ်လဲ မပြောတတ်ကြဘူး… နောက်ဆုံးတော့ ကိုယ့်ရဲ့ မြေပုံကြည့်အစွမ်းရယ်၊ စိတ် အစွမ်းရယ်နဲ့ ထင်တဲ့နေရာကို လျှောက်ရင်း လျှောက်ရင်း Senado Square ကိုရောက်သွားပါတော့တယ်… 
1835 မှာ ဘုရားကျောင်းမီးလောင်သွားတာ ခုလို မျက်နှာစာပဲကျန်ခဲ့တယ်...

တရုတ်နှစ်ကူးနီးလို့ တရုတ်နှစ်ကူးအတွက် ပြင်ဆင်ထားပါတယ်… အဲဒိရောက်တော့မှ စပြီး ဆိုင်းဘုတ်တွေတွေ့ပါတယ်… Ruin of St.Paul သို့ဆိုပြီးတော့… ရှာရတာလွယ်သွားပါတယ်… Dasanba Street မှာ မုန့်ဆိုင်တွေ၊ လက်ဆောင်ပစ္စည်းဆိုင်တွေပေါမှပေါပါပဲ… အဲဒိအချိန်မှာ Claypot Rice ဆိုင်ကို ရှာခဲ့ရတဲ့အချိန်တွေနဲ့ စားဖို့စောင့်ခဲ့ရတာကို အတော်နောင်တရပါတယ်… ငါ့စာဖတ်သူတွေကို ဒီအချက်ကို သေချာပေါက်ပြန်ပြောပြရမယ်လို့ စိတ်ထဲ မှတ်ထားခဲ့ပါတယ်…

အရင်က စိတ်ထဲထင်ထားတဲ့ Ruin of St.Paul ဆိုတာ မြို့ပြင်က တောင်ကုန်းပေါ်မှာ ထီးထီးကြီးရှိတယ်ထင်ထားတာနဲ့ တက်တက်ဆင်အောင်လွဲနေတော့ စိတ်ထဲက ငါသွားနေတဲ့ လမ်းမှန်ရဲ့လားလို့တောင် ထင်မိပါတယ်… မထင်ထားတဲ့ပုံမျိုးဆိုတော့ တကယ်ကို Surprised တစ်ခုပါပဲ… Dasanba Street ရဲ့ အဆုံးရောက်တော့မှ ကုန်းမြင့်လေးပေါ်က Ruin of St.Paul ကို တွေ့ပါတော့တယ်… ရောက်သွားတဲ့အချိန်က ၅ခွဲလောက်ရှိနေပါပြီ… အဲဒိမှာ ဓာတ်ပုံတွေဘာတွေခဏရိုက်နေတုန်း သူငယ်ချင်းက အစောင့်လူကြီးပြောနေသံကြားလိုက်လို့ ၆နာရီပိတ်မယ်ဆိုလို့ အမြန် အဲဒိ တံခါးပေါက်ထဲကိုဝင်လိုက်ပါတယ်… တံခါးပေါက်ထဲဝင်လဲ ဘာမှမထူးပါဘူး… ငယ်ငယ်က ရွှေတံခါးကြီးဖွင့်ပါအုံးကစားသလိုပါပဲ… သူက အဆောက်အအုံးမှမရှိတာ… အဲဒိ ပြားလိုက်ကြီးကျန်တာဆိုတော့ အထဲဝင်လဲ ဘာမှ မထူးပါဘူး… ဒါပေမဲ့လဲ ဘာများထူးမလဲဆိုပြီး ဝင်ကြည့်တာပေါ့… အနောက်ဘက်မှာတော့ အပေါ်တက်လို့ရတဲ့ လှေကားလေးရှိတာနဲ့ အပေါ်တက်ပြီး ပြတင်းပေါက်ကနေ Busy Dasanba Street ရယ်.. အဝေးက Grand Lisboa ဟိုတယ်ရယ်ရှုခင်းကိုတွေ့နိုင်ပါတယ်… (အောက်က Video မှာကြည့်ရင်တော့ ကျွန်မဆိုလိုတဲ့ အထဲဝင်လဲ ဘာမှမထူးဘူးဆိုတာနဲ့ မြင်ရတဲ့ မြင်ကွင်းကို ပိုသိသာစေမှာပါ)… 


1582ခုနှစ်ကနေ 1602 ထိ ဆောက်လုပ်ချိန်ကြာမြင့်ခဲ့တယ်... အဲဒိအချိန်က အာရှမှာ အကြီးဆုံး Church တစ်ခုဖြစ်တယ်..


ဒါက Church ဘက်က နေ စျေးတန်းဘက်ကို ရိုက်တာ..

ခဏနေလိုက်တာနဲ့ မှောင်သွားပါပြီ… ၆နာရီကျော် ရနာရီလောက်ရှိ ပြီဆိုတော့… အလာတုန်းက မမှီမှာစိုးလို့ သုတ်ခြေတင်ပြေးခဲ့ရတာဆိုတော့ ခုမှ စိတ်ကို ဒုန်းဒုန်းချပြီး တော်ပြီး တခြားနေရာသွားဖို့လဲ အချိန်မကျန်တော့ဘူး ဒီတော့ လက်ရှိအခြေအနေကိုပဲ ပျော်ပျော်ကြီးခံစားလိုက်တော့မယ်လို့… 

ကျွန်မသုတ်ခြေတင်ပြေးတော့ နောက်ကလိုက်ရတဲ့ ဒေါက်မြင့်ဘွတ်စီးလာတဲ့ ကျွန်မသူငယ်ချင်းခြေထောက်တွေလဲ စားသာမှာမဟုတ်ပါဘူး… ဒီလိုနဲ့ပဲ ၂ယောက်သား အဲဒိက အုတ်ခုံတွေပေါ်ခဏထိုင်ရင် ရာသီဥတု ချမ်းစိမ့်စိမ့်ကို ခံစားကြပါတယ်… အဲဒိနားမှာ အလာကတည်းက ဆိုင်းဘုတ်ကိုကိုင်ပြီး ကြော်ငြာနဲ့တဲ့ Pork Chop Bum ဆိုင်ရှိပါတယ်… သူငယ်ချင်းကလဲ သူ့သူငယ်ချင်းက Pork Chop Bum ကောင်းတယ်ပြောလိုက်တယ်ဆိုတော့ အဲဒါကိုပဲ ညစာအဖြစ်စားဖို့ ဆုံးဖြတ်လိုက်ပါတယ်… အဲဒိဆိုင်က Take away ပဲရတယ်… ပေါင်မုန့်ဆိုင်က ကောင်မလေးက Macau ပိုက်ဆံတွေပြန်အမ်းတဲ့အခါ ကျွန်မတို့က ပြန်တော့မဲ့သူဖြစ်နေတော့ HKD အမ်းဖို့ မေးကြည့်တော့ မငြီးမငြူပါပဲ သူလိုက်ရှာပြီး အမ်းပေးပါတယ်… ပိုက်ဆံအမ်းဖို့ စောင့်နေတဲ့ အချိန်မှာ မကာအိုက ကောင်လေးတွေလား ဟောင်ကောင်သားလေးတွေလားတော့ မသိဘူး ကျွန်မတို့ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေပါတယ်… သူတို့ကြည့်ရတာ ကျွန်မတို့ကို ဘယ်နိုင်ငံက လာမှန်း ဝေခွဲလို့မရဖြစ်နေသလို… သူတို့နဲ့များ သက်တူရွယ်တူလို့ ထင်နေသလားတော့မသိပါ… ဒါပေမဲ့ ကိုယ်တွေအသက်က အာဂျူမာ(Ajumma) နား နီးနေတော့ ကောင်လေးတွေကြည့်တာလောက်တော့ ရှက်သွေးမဖြန်းတတ်တော့ပါ… (ကြည့်မဲ့သူရှိသေးတာပဲ ကျေးဇူးတင်ရမယ်… ခိ… ခိ)… ဒါပေမဲ့ ကိုယ့်ဆီကနေ ရိုက်လုမှာလဲ ကြောက်ရသေးတယ်… လူဆိုးမှန်းမသိ လူကောင်းမှန်းမသိလေ… ကြည်နူးနေလို့ မဖြစ်ဘူး… 

အဲဒိ Pork Chop Bun ကို စားဖြစ်အောင် စားခဲ့ကြပါ... အရမ်း အရမ်း ကောင်းပါတယ်...

ဒီလိုနဲ့ Ruin of St.Paul နား အုတ်ခုံလေးတွေမှာထိုင်စားဖြစ်တယ်… ကောင်လေးတွေကလဲ မလှမ်းမကမ်းလေးမှာ ထိုင်စားတယ်… ဒီဘဝမှာ ကြုံတွေ့ရတဲ့ လူတွေဟာ သံသရာတစ်ကွေ့မှာ အနည်းနဲ့အများတော့ ရေစက်ရှိလို့တဲ့… ခဏပဲကြုံတွေ့ရင် ခဏစာလောက်ပဲရေစက်ရှိလို့တဲ့… ဒီတော့ ကျွန်မတို့နဲ့ ရေစက်ရှိခဲ့တဲ့ ခရီးသွားတုန်း ကြုံခဲ့တဲ့ သူလေးတွေကိုလဲ ကျွန်မသူငယ်ချင်းက မိမိရရမှတ်တမ်းတင်ခဲ့ပါတယ်… (ကောင်လေးတွေက သူ့ကိုကြည့်တာဖြစ်မှာ…  ) ဒါမျိုးကလဲ ဒီအသက်အရွယ်ရောက်မှ လုပ်ရဲတာလေ… Moment and Memory ဆိုတာ အမိအရဖမ်းဆုတ်သင့်တဲ့အရာလေ… ရှက်စရာမှ မဟုတ်တာ… တချိန်ပြန်ကြည့်ရင် အမှတ်ရစရာပေါ့…
စားပြီးတော့မှ ကျွန်မတို့ Dasanba Street ဆိုင်လေးတွေဝင်ကြည့်ပြီး စားစရာတွေ လက်ဆောင်ပစ္စည်းတွေဝယ်ဖြစ်ပါတယ်… ဝက်သားမှုန့်နဲ့ ကြက်ဥခေါက်မုန့်တို့… ဝက်သားပြားတို့… စသည်ဖြင့်ပေါ့… အရမ်းအများကြီးလဲ မဝယ်နိုင်ဘူး မသယ်နိုင်လို့… လက်တစ်ဆွဲစာပဲဝယ်ဖြစ်တယ်… (ကပ်စေးကလဲ ခပ်နည်းနည်းလေ.. ဟိ)… ဒီလိုနဲ့ သဘောင်္ဆိပ်ကိုပြန်ဖို့ Grand Lisboa ဟိုတယ်ဘက်ကို ပြန်လျှောက်ရင်း လမ်းမှာတွေ့တဲ့ ဟော်တယ်တွေထဲဝင်ကြည့်… အိမ်သာဝင်တက်… (ခွိ… ခွိ…) ပြီးတော့ အဲဒိက ကားနဲ့ သဘောင်္ဆိပ်ကိုပြန်လာ ပြီး ဟောင်ကောင်ကို ပြန်ခဲ့ကြပါတယ်… ဟောင်ကောင်ဘက်က အင်မီဂရေးရှင်းက သိပ်တောင် မကျပ်ပါဘူး… မှတ်မိသလောက် စစ်တောင်စစ်ရဲ့လားမသိ…


မုန့်တွေဝယ်လာတယ်.. စားကြပါအုံး....

Grand Lisboa Hotel ရဲ႕ lobby

ဒါက လမ်းမှာတွေ့တဲ့ ဟိုတယ်တစ်ခုထဲ... ဟိုတယ် အထဲက အပြင်အဆင်တွေက လန်ထွက်နေတယ်...
Wynn နဲ့ Grand Lisboa က မျက်နှာချင်းဆိုင်

ဟောင်ကောင် သဘောင်္ဆိပ်မှာ အင်တာနက် အလကားသုံးလို့ရလို့ ဖေ့ဘွတ်ဝင်ကြည့် အီးမေးလ်ပို့ လုပ်ဖြစ်ပါတယ်… အဲဒိကနေ ဟိုတယ်ကို ပြန်လမ်းလျှောက်တဲ့ လမ်းမှာ Kowloon ပန်းခြံဘေးလမ်း Haiphong Rd နဲ့ Lock Rd ထောင့်က ဝက်အူတုတ်ထိုးဆိုင်မှာ လူတွေ တိုးဝှေ့နေတာနဲ့ ဘာဆိုင်လဲ ဝင်ကြည့်ရင်း HK Street Food ကို အမိအရ မြည်းစမ်းကြည့်မိပါတယ်… ဝက်သားဒုတ်ထိုးကြိုက်တဲ့ သူတစ်ယောက်အနေနဲ့တော့ ကောင်းမှကောင်း ဝက်အူတုတ်ထိုး… အူမကြီးတုတ်ထိုးနဲ့ ကလီစာမျိုးစုံပါပဲ.. အရမ်းရမ်းကောင်းပါတယ်… အဲဒိဆိုင်ကို Google map မှာ ကြည့်လို့ရပါတယ်…


ဝက်သားဒုတ်ထိုး.... ကောင်းမှကောင်း....
ဒီလိုနဲ့ပဲ Macau နေ့ချင်းပြန်ခရီးကို အဆုံးသတ်ခဲ့ရပါတယ်... လွတ်သွားတဲ့နေရာတွေ အများကြီးရှိသော်လည်း... ခရီးတစ်ခုနဲ့ အတွေ့အကြုံတွေကို အပြည့်အဝခံစားခဲ့ရတဲ့အတွက် ကြေနပ်ပါတယ်... သို့သော် လွတ်သွားတဲ့နေရာတွေကို အခြေပြုပြီး နောက်ထပ် ပြန်လာသင့်တဲ့ နိုင်ငံတစ်ခုအနေနဲ့ ကျွန်မရဲ့ မှတ်စုထဲမှာ တေးမှတ်ထားမိနေတော့မှာပါ...

PS... Macau မှာ တစ်နေရာနဲ့ တစ်နေရာသွားတဲ့ Transportation ခ တစ်ပြားမှ မကုန်ခဲ့ပါဘူး...

အောက်က ဗွီဒီယိုလေးကတော့ မဗေဒါ မကာအို ခရီးစဉ် Vlog လေးပါ... ကြည့်ပြီး လိုအပ်ချက်လေးတွေကိုလဲ ပြောပြပေးသွားပါအုံး... ဖေ့ဘွတ်ပေါ်မှာတော့ သူငယ်ချင်း တစ်ယောက်က ကိုယ့်ပုံတွေချည်းများနေလို့ နောက်ဆို ရှုခင်းပိုရိုက်ဖို့ပြောသွားပါတယ်... စကားပြောနေတာတွေများတာရယ်... ပြီးတော့ ဗွီဒီယို တအားရှည်သွားမှာ စိုးတာရယ်၊ လမ်းသွားရင်းရိုက်ရင် ကင်မရာမငြိမ်တာရယ်ကြောင့်ပါ.. နောက်ထပ် ကြိုးစားပါအုံးမယ်...

Friday, September 27, 2013

We're The Millers (Movie) - Review


Movie Name: We’re the Millers
Genre: American Comedy film
Language : English
My rating : 3.5/5


Main Cast :
Jason Sudeikis as David Clark, a drug dealer who forms the Millers.
Jennifer Aniston as Rose, a stripper hired by David to pose as his wife.
Emma Roberts as Casey Mathis, a runaway teenage girl and thief hired by David to pose as his daughter.
Will Poulter as Kenny Rossmore, a virgin 18-year-old neighbor hired by David to pose as his son.


ဇာတ်လမ်းအကျဉ်း

အသေးစား မူးယစ်ဆေးရောင်းတဲ့ David Clark ဟာ သူ့ပိုက်ဆံတွေ ဓားပြတိုက်ခံရပြီးနောက်မှာ ဘိန်းကုန်သည် Brad Gurdlinger ရဲ့ မက်စီကိုနိုင်ငံဘက်ကနေ မူးယစ်ဆေး ကုန်ကူးဖို့ အတင်းအကျပ်ခိုင်းစေခြင်းကိုခံရပါတော့တယ်။ David ဟာ သူတစ်ယောက်တည်း နယ်စပ်ကိုဖြတ်လျှင် စစ်ဆေးခံရပြီး custom တွင်အဖမ်းခံရမည်ကိုစိုးသဖြင့် အပျော်ခရီးထွက်မိသားစုသဖွယ် ဟန်ဆောင်ကာ မူးယစ်ဆေးကို သယ်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်… နိုက်ကလပ်က Rose လို့ အမည်ရတဲ့ တိုင်ပတ်အကမယ်ကို သူ့မိန်းမ အဖြစ်ရယ်၊ အိမ်ကနေ ထွက်ပြေးလာတဲ့ Casey လို့ အမည်ရတဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးကို သမီးအဖြစ်ရယ်၊ သူနဲ့ တစ်တိုက်တည်းမှာနေတဲ့ အသက်၁၈နှစ် လူပျို (virgin) စစ်စစ် အူကြောင်ကြောင် Kenny ကို သူ့သားအဖြစ်ရယ်နဲ့ မိသားစု အတုလုပ်ဖို့ ငှားရမ်းခဲ့ပါတယ်… သူတို့ မိသားစုမျိုးရိုးနာမည်ကိုတော့ Millers လို့ ပေးခဲ့ပါတယ်… 


တကယ်တော့ Brad ယူခိုင်းတဲ့ မူးယစ်ဆေးတွေဟာလဲ သူနဲ့ တကယ် စီးဝါးရိုက်ထားတဲ့သူမဟုတ်ပဲ သူများနာမည်သုံးပြီး ညာယူခိုင်းတဲ့သဘောဖြစ်ပါတယ်… ဒီတော့ လူဆိုးတွေကလဲ သူတို့ကိုလိုက်သလို နယ်စပ်ဖြတ်ရာမှာလဲ ရဲဖမ်းမိမှာကို ကြောက်ရပြန်ပါတယ်… သူတို့တွေဟာလမ်းသွားရင် တခြားခရီးသွားဖော် စပ်စုတတ်တဲ့ မိသားတစ်စုနဲ့လဲ ရင်းနှီးခဲ့ပြန်ပါတယ်… တကယ်တော့ အဲဒိမိသားစုက ဖခင်က မူးယစ်အထူးနှိမ်နင်းရေးတပ်ဖွဲ့က အရာရှိတစ်ယောက်ဖြစ်မှန်း လမ်းသွားရင်း သိရှိခဲ့ရပါသေးတယ်… ဒီလိုအခက်အခဲတွေကြားမှာ… Millers မဟုတ်တဲ့ Millers တွေ… မိသားစုမဟုတ်တဲ့ မိသားစုအယောင်ဆောင် တစိမ်းတွေ တစ်ယောက်နဲ့တစ်ယောက် ဘယ်လို သံယောဇဉ်တွယ်ခဲ့တယ်… သူတို့ ကုန်ကူးလာတဲ့ မူးယစ်ဆေးတွေ ဘယ်လိုအဆုံးသတ်မလဲဆိုတာကို ဇာတ်ကားတစ်ကားလုံး တစ်ဟားဟားရယ်ရင်း ခံစားကြည့်လိုက်ကြပါနော်…


ဝေဖန်ရေး


ဒီကားက စကားပြောတွေဟာ အတော်လေးရီရပါတယ်… မိသားစုမဟုတ်တဲ့ မိသားစုတွေ တဖြည်းဖြည်းသံယောဇဉ်ဖြစ်လာပုံ… လူကောင်းမဟုတ်တဲ့ လူတွေတဖြည်းဖြည်းကောင်းလာပုံ ကို သေချာလေး ထိထိမိမိ ရိုက်ပြခဲ့ပါတယ်…. ဇာတ်ကောင် ဖန်တီးမှုကလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်… ကားက ဇာတ်လမ်းအကျဉ်းထဲမှာ ပြောသလောက်ဆိုပေမဲ့ လမ်းမှာ သူတို့ကြုံတွေ့ရတာတွေက ဟာသဖြစ်စေတာပါ… ဒီတော့ ပြောပြမဲ့အစား ကြည့်လိုက်တာကပိုကောင်းပါတယ်… သူက ပေါ့ပေါ့ပါးပါးနဲ့ အခန်းတိုင်းနီးပါး ရီရပါတယ်…


ကျွန်မကြိုက်တဲ့ အခန်းတွေကတော့… မင်းသား ခရီးမထွက်ခင် ဆံပင်သွားညှပ်တော့ ဆံပင်ပုံဖော်တဲ့ စကားပြောက အရမ်းရီရတယ်… ပြီးတော့ မင်းသမီး Jennifer Aniston ရဲ့ လူဆိုးတွေ မိသွားတဲ့အချိန် တိုင်ပတ်ကပြတဲ့ ကကွက်ကတော့ Bonus ပေါ့နော်… နည်းနည်းလေး အိုနေပေမဲ့ ကြည့်ကောင်းဆဲပါပဲ… နောက်ပြီး လမ်းမှာ ဟိုမိသားစုနဲ့ တစ်ညအိပ်ရတော့ ယာယီတဲထဲမှာ အထင်မှားတဲ့ကိစ္စကလဲ ဟာသက ညစ်ပတ်ပေမဲ့ ရီတော့ရီနေရတာပါပဲ… 


ကဲ ဆက်ပြောရင် မကြည့်ရသေးသူတွေအတွက် spoiler ဖြစ်နေမှာစိုးလို့ မပြောတော့ဘူးနော်… Heroine Computer Graphic ကားတွေချည်း နောက်ပိုင်းကြည့်ရတာများလာတော့ ဒီလို သာမာန်ပေါ့ပါးတဲ့ ဟာသကားလေးဟာလဲ အပြောင်းအလဲလေးတစ်ခုအနေနဲ့ နှစ်လိုဖွယ်ကောင်းပါတယ်… မကြည့်ရသေးရင် ကြည့်လိုက်ပါ…


ဒီဇာတ်ကားကို အောက်က လင့်ခ်မှာ ကြည့်လို့ရပါတယ်...
http://watch32.com/movies-online/were-the-millers-2872


Friday, September 20, 2013

ပြန်လာအုံးမည် သြစီ ဆီ - Sydney Last Day

ခရီးစဉ်ရဲ့ နောက်ဆုံးနေ့မှာတော့ အစီအစဉ်တစ်ခုရဲ့ နောက်ဆုံးအချိန် Finale တွေလို ဝက်ဝက်ကွဲသောင်းကျန်းတော့တာပါပဲ… အဲဒိနေ့က ၁၅ရက် ဖေဖော်ဝါရီ ၂၀၁၃၊ သောင်္ကြာနေ့ဆိုတော့ ဆစ်ဒနီမြို့ခံသူငယ်ချင်း မောင်မောင် လဲ မိုးလင်းပေါက်ကဲလို့ရတဲ့ အခြေအနေ၊ ဟော… ဝူလုံကုန်းကနေ အလုပ်ကို ၁ရက်တိတိခွင့်ယူပြီး တစ်နေကုန် တူတူလျှောက်သွားခဲ့တဲ့အပြင် ဆစ်ဒနီ Fish Market ကို သေလောက်အောင် ရှာဖွေလမ်းလျှောက်ခဲ့တဲ့ သူငယ်ချင်း သန္တာကိုတော့ လေးစားပါတယ် (ကျော်ဟိန်းအသံ ကျော်ဟိန်းဟန်ဖြင့် ပြောသည်) လို့ပဲ ပြောချင်ပါတော့တယ်…

မနက်ပိုင်းမှာ ညီအစ်မ ၂ယောက် မနက် ၈နာရီလောက်မှာ ဟိုတယ်ကထွက်လာပြီး သန္တာနဲ့ မြို့ထဲမှာတွေ့ပါတယ်… အဲဒိရက်မှာ မဗေဒါအစ်မက လမ်းတွေကို ကောင်းကောင်းသိနေပြီဖြစ်လို့ ဟိုတယ်ကနေ မြို့ထဲကို လမ်းလျှောက်ပြီး သွားတတ်နေပါပြီ… ၁၅ မိနစ်လောက်ပဲလျှောက်ရပါတယ်… သန္တာနဲ့တွေ့တော့ မနက်စာအရင်စားမယ်ဆုံးဖြတ်ပြီး… ဆစ်ဒနီရောက်မှ ဓာတ်ကျနေတဲ့ Subway (သူက ဘယ်နိုင်ငံရောက်ရောက် အရသာက မပြောင်းတော့ စားရတာကောင်းတယ်) ကိုပဲ ဝင်စားဖြစ်ပါတယ်… အဲဒိနေ့မှာတော့ မဗေဒါဆီမှာ Cash လုံးဝမရှိတော့ပါဘူး… သန္တာဆီက လိုရမယ်ရ Cash AUD 50 လောက်ချေးထားပေမဲ့ ကဒ်နဲ့ပေးလို့ရတဲ့နေရာမှန်သမျှ ကဒ်နဲ့ပဲပေးဖြစ်ပါတယ်… ကောင်းတဲ့အချက်က ဆစ်ဒနီမှာ နေရာတိုင်း Vending Machine က အစ ကဒ်နဲ့ပေးပြီးဝယ်လို့ရပါတယ်… ဒိအတွက် သူမဆီက ချေးထားတဲ့ Cash AUD 50 ကို လုံးဝသုံးစရာမလိုပဲ ဆစ်ဒနီရဲ့ နောက်ဆုံးနေ့မှာ ခရက်ဒစ်ကဒ်ချည်းပဲ ပျော်ပျော်ကြီးသုံးပြီး အသက်ဆက်ခဲ့ပါတယ်…

Sydney Wildlife Park အတွေ့အကြုံ

ကျွန်မတို့က ညကတည်းက အွန်လိုင်းကနေ Combo ticket ဖြစ်တဲ့ ( Wildlife park + Sydney Aquarium = AUD 54 ) ကို ဝယ်ထားတော့ တစ်ခုချင်းစီ အဝင်ဝမှာဝယ်တာထက်သက်သာပါတယ်… မြို့လယ်ခေါင်မှာရှိလို့ Wildlife park ကို ဘယ်လိုမြို့လယ်မှာ ခံစားလို့ရမလဲလို့ အစကတွေးထားပေမဲ့… သူတို့က တိရိစ္ဆာန်တွေအတွက်ဆို ကိုယ့်ထက်တောင်ပိုတွေးပေးပါသေးတယ် (ရန်ကုန်တိရိစ္တာန်ရုံက ကျားမလေးကို ကျန်းမာရေးအရ Fasting လုပ်တယ်ဆိုပြီး သောင်္ကြာတစ်ရက် ဘာမှမကျွေးဘူးဆိုတာမျိုးရှိမယ်မထင်ပါဘူး)… လူတွေက အဲယားကွန်းပတ်လမ်းထဲကနေ မှန်ကာပြီးကြည့်လို့ရသလို သားဗိုက်ကောင်ထားတဲ့နေရာမှာဆို အဲဒိ သားဗိုက်ကောင်တွေထားတဲ့ သဘာဝပုံဖန်တီးထား Kangaroo Walk-about ဆိုတဲ့ နေရာလေးထဲကို ဝင်ကြည့်လို့ရပါတယ်… ကိုယ်ငြိမ်ငြိမ်နေပြီး ဖြည်းဖြည်းချင်း အနားကပ်ရင် သားဗိုက်ကောင်တွေနားဓာတ်ပုံကပ်ရိုက်လို့တောင်ရပါတယ်… အဲဒိမှာ အချိန်နဲ့အလိုက် Talk Show တွေရှိပါတယ်… 



ကျွန်မတို့ရောက်တဲ့အချိန် သားဗိုက်ကောင်အကြောင်းပြောဖို့ရှိတာကြောင့် Kangaroo Walk-about ကို တန်းသွားဖြစ်ပါတယ်… ကိုယ်ဝင်ဝင်ချင်း အထဲမှာ ဝန်ထမ်း ပသိုင်းမွှေးလေးနဲ့ အဖြူကောင် ခန့်ချောလေးတစ်ယောက်တည်းရှိပါတယ်… သားဗိုက်ကောင်လေးတွေကလဲ အရမ်းအနီးကြီးမဟုတ်ပေမဲ့ ကိုယ့်နားမှာရှိပါတယ်… အဲဒိ ကောင်းနေတဲ့ အခြေအနေလေးကို ဝင်ရောက်ဖျက်စီးသူတွေကတော့ မဗေဒါရဲ့ ခရီးသွားပိုစ့်တစ်လျှောက် လူဆိုးအနေနဲ့ အမြဲထိပ်ဆုံးက နေရာယူထားတဲ့ ပြည်ကြီးတရုတ်မိသားစုပါပဲ…. မဗေဒါကတောင် သားဗိုက်ကောင်နဲ့ နဲနဲဓာတ်ပုံရိုက်လိုက်ရသေးတယ်… အစ်မနဲ့ သူငယ်ချင်းဆို လုံးဝမရလိုက်ပါဘူး… မဗေဒါကတော့ သားဗိုက်ကောင်ကို ထိဖို့မပြောနဲ့ အနားတောင် သိပ်မကပ်ရဲပါဘူး… သူတို့ခြေထောက်ကြီးတွေနဲ့ ရင်ဝကိုကန်ရင်သေနိုင်တယ်လို့တောင်ကြားဖူးလို့ပါ… (ဟုတ်မဟုတ်မသိ တိရိစ္ဆာန်ဆိုတာ အစိုးရတာမဟုတ်)… သားဗိုက်ကောင်တွေက အဲဒိ လူ့ငနွားတရုတ်ကလေးရောက်လာပြီး သူတို့ကို စပြီး Abused လုပ်တော့ လန့်ပြီး အဝေးကြီးကိုပြေးသွားသလို ဝန်ထမ်းခန့်ချောလေးကလဲ မကြိုက်တဲ့ မျက်နှာပေးမျိုးစပြရင်း ကျန်တဲ့လူတွေအကုန်လုံးကိုပါ နောက်ဆုတ်ခိုင်းပါတော့တယ်… သူ့ကြည့်ရတာ သားဗိုက်ကောင်တွေကို အတော်လေးချစ်ပုံရပါတယ်…


သားဗိုက်ကောင်က ကိုယ့်နားတဖြည်းဖြည်းတိုးလာနေပြီ... အဲဒိအချိန်မှာ 

အလိုက်မသိတဲ့ ဒီပြည်ကြီးတရုတ်ကလေး ဝင်လာပြီး အကောင်ကိုကိုင်လိုက် အော်လိုက်နဲ့ အကောင်ကလန့်ပြေးရော...

ခန့်ချောလေးလဲ သူ့အကောင်တွေကို သူ့ဘက်ခေါ်ပြီး သူ့ Talk Show ကိုစတော့တာပေါ့....

နောက်တော့ အကောင်တွေကို အစာကျွေးရင်း သားဗိုက်ကောင်တွေအကြောင်းရှင်းပြပါတယ်… အဲဒိထဲမှာ ကျွန်မမှတ်မိသလောက်ကတော့ ခုကျွန်မတို့တွေ့ခဲ့ရတာကတော့ သားဗိုက်ကောင် အစ်မလေးတွေချည်းပါပဲတဲ့… သူတို့ကို အိမ်ထောင်ချပေးချိန်ရောက်ရင် ကံထူးရှင် အထီးတစ်ကောင်ကို ဟောဒီအမတွေထဲ လွှတ်ပေးပါတယ်တဲ့… အထီးတွေထဲ အမကိုလွှတ်ပေးရင် အဲဒိအမ မစားသာတဲ့အပြင် အထီးချင်းချင်းလဲ ဘောက်ဆင်ပလေးကြပြီး မလိုအပ်တာတွေဖြစ်လို့ပါတဲ့… အထီး ၁ကောင်ထက်ပိုထည့်ပေးတာနဲ့ အမတွေကြား boxing play ကြပြန်သတဲ့… ဒီတော့ ငမိုက်သားတွေကို ကံထူးရှင်စနစ်နဲ့ ၁ကြိမ်မှာ တစ်ကောင်ပဲ အမတွေအများကြီးနဲ့ စည်းစိမ်ခံရသတဲ့…
နောက်တစ်ချက်မှတ်မိတာကတော့ သားဗိုက်ကောင်မတွေရဲ့ ရှေ့ကအိတ်ထဲမှာ သားဗိုက်ကောင်ငယ် ၂ကောင်ဆန့်တယ်တဲ့… သူတို့ရဲ့ခြေထောက်အကြီးကြီးတွေပေါ်မှာလဲ ကလေးကိုတင်ပြီးခုန်လို့ရသတဲ့… တစ်ချိန်တည်းမှာ အများဆုံး ၄ကောင်လားမသိဘူး ချီပြီးပြေးနိုင်တယ်တဲ့ (သိပ်တော မမှတ်မိ… ကြားမိသလိုပဲ)… ဒါပေမဲ့ သားဗိုက်ကောင်မတွေက ပုံမှန် တစ်ခါမွေးရင် တစ်ကောင်ပဲမွေးတာပါ… အဲဒိအတွက်ကြောင့် ကလေးတွေက အရွယ်တော့ မတူဘူးပေါ့… ပြီးတော့ သားဗိုက်ကောင်အမတွေက ကလေးငယ်ကို ဗိုက်ကအိတ်ထဲထည့်ထားတဲ့အချိန်မှာလဲ ချစ်တင်းနှောလို့ရပါသတဲ့… အဲဒိအတွက်ကြောင့် သြစတေးလျမှာ သားဗိုက်ကောင်တွေအများကြီးရှိပါသတဲ့…

ချစ်စရာ သားဗိုက်ကောင်မလေး...

စားမယ် စားမယ်...

သားဗိုက်ကောင်တွေရဲ့ ပြေးနှုန်းကိုလဲ ပြောပြပါတယ်… မမှတ်မိတော့လို့ ခု Wiki ကနေပဲ ဘာသာပြန်ပေးလိုက်တော့မယ်နော်… သားဗိုက်ကောင်တွေရဲ့ အေးအေးဆေးဆေး ခုန်နှုန်းက ၁နာရီမှာ ၂ဝကနေ၂၅ ကီလိုမီတာ (၁၃-၁၆ mph) (၁မိုင်ကို ၁.၆ကီလိုမီတာရှိတယ်ဆိုတော့ ၁နာရီ ၁၅.၆၂ မိုင် အေးအေးဆေးဆေးပြေးနိုင်တာပေါ့) ဖြစ်ပါတယ်… ဒါပေမဲ့ သွားရမဲ့နေရာတိုတယ်ဆိုရင်တော့ ၁နာရီ ၇၀ ကီလိုမီတာ (၄၄ mph) (၁နာရီ ၄၃.၇၅ မိုင်) အထိ မြန်မြန်ခုန်နိုင်ပါတယ်… ( မြန်မာပြည်က ဘိုးတော်ဘုရားလေးဘက်ထောက်ခါစက ပေါ်တဲ့ ဘတ်စ်ကားအစိမ်းကြီးတွေ တစ်နာရီ မိုင် ၃ဝထက် မပိုရကားတွေထက် မြန်မြန်ပြေးနိုင်တဲ့သဘောပေါ့…) … သားဗိုက်ကောင်တစ်ကောင်ဟာ ၁နာရီ ၄ဝကီလိုမီတာ (25 mph) အရှိန်နှုန်းအတိုင်း ၂ကီလိုမီတာ (၁.၂မိုင်) ကို မနားတမ်းခုန်နိုင်စွမ်းရှိပါတယ်… ကဲ… သားဗိုက်ကောင်အကြောင်းတော့ ဂလောက်ပဲနော်… ကိုယ်လဲ သားဗိုက်ကောင်တွေကိုချစ်တဲ့ Zoo Keeper ခန့်ချောလေးကိုကြည့်ရတာရော စိတ်ရှုပ်စရာ ပြည်ကြီးတွေကို ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်ရတာနဲ့ သူရှင်းတာကို အာရုံက လာတစ်ချက် မလာတစ်ချက်ပေါ့.. ခိခိ….. 

ဒါနဲ့ အဲဒိ သားဗိုက်ကောင်ဝန်းထဲမှာပဲ ယုန်အကြီးစားမျိုး Agile Wallabies တွေနဲ့ တခြားငှက်မျိုးတွေလဲရှိတယ်… ဒီလိုနဲ့ အဲယားကွန်းပတ်လမ်းထဲပြန်ထွက်ပြီး ဆက်လျှောက်ကြည့်ကြတာပေါ့… အမှောင်ခန်းထဲမှာ မီးပြာလေးနဲ့ပဲ နေတဲ့ အကောင်လေးတွေလဲ တွေ့ခဲ့တယ်… မုန်းစရာ ဖွတ်လိုအကောင်တွေ (ဘာလို့မှန်းမသိဘူး ဖွတ်ကြီးတွေကို ရွံမုန်းကြီး)လဲတွေ့တယ်… 



ဘာငှက်လေးလဲမသိဘူး သေးသေးလေး... သားဗိုက်ကောင်တွေထားတဲ့ ဝန်းထဲမှာပဲ...

ဖြတ္မင္း

ဒီလောက်ကြည်ကြည်ရဖို့ ၁ဝပုံလောက်ရိုက်လိုက်ရတယ်... သူက အမှောင်ခန်းထဲက ညမင်းသား...

မိချောင်းဘက်ကိုလျှောက်တဲ့ အကွေ့တစ်နေရာမှာ ကြော်ငြာဆိုင်းဘုတ်လိုဟာကြီးက အစက ရေကန်ပုံပဲ လူဖြတ်လျှောက်မှ ရေကန်ထဲက မိကျောင်းကြီးထွက်လာပြီး Speaker တွေကလဲ မိကျောင်းအော်သံကြီး ရုတ်တရက်ထွက်လာတာ လူကို လန့်သွားတာပဲ… အဲဒိဆိုင်းဘုတ်ကြီးဘေးက အပေါက်ကိုဝင်လိုက်ရင်ဖြင့် 


ဒီပိုစတာကြီးပေါ့... လူလာမှ ထကိုက်တာ...

KAKADU GORGE ကိုရောက်ပါပြီ…

KAKADU GORGE မှာ မင်းမူနေထိုင်သူကတော့ ရေငံတနင်းအပိုင်စိုးတဲ့ (ဦးရှင်ကြီး မဟုတ်ဘူး)… ကမ္ဘာ့အကြီးဆုံး ရေငံမိကျောင်းတွေထဲမှာ တစ်ကောင်အပါအဝင်ဖြစ်တဲ့ အရှည် ၅ပေ ရှိပြီး ၁၂၀၀ ကီလိုလေးတဲ့ REX လို့ အမည်ရတဲ့ ရေငံမိကျောင်းပဲဖြစ်ပါတယ်… ရေငံမိချောင်းတွေဟာ ရေငံမှာလဲ နေနိုင်သလို ရေချိုမှာလဲ သူတို့ဟာ ပျော်ပျော်ပါးပါးနေနိုင်ပါတယ်… မိကျောင်းတွေဟာ စိတ်ရှည်ပြီး ထူးချွန်တဲ့ အမဲလိုက်သမားတွေပါ… သူတို့ရဲ့ မျက်လုံးနဲ့ နှာခေါင်းလေးကိုသာရေပေါ်ဖော်ထားပြီး ကံဆိုးသူ သတ္တဝါကို စိတ်ရှည်ရှည်နဲ့စောင့်တတ်ကြပါတယ်… သူတို့တွေဟာ ၂နာရီကြာ ရေအောက်မှာ အသက်အောင့်နိုင်ကြပါတယ်တဲ့… (အရင်က မိချောင်းကို ငါးတွေလိုပဲ ရေအောက်မှာ အသက်ရှုနိုင်တယ်ထင်ထားတာ… ခုမှ သတိထားမိတော့ ဟုတ်သား မိချောင်းမှာ ဗဟတ်မှ မရှိတာ…)
အပေါ်က အင်ဖိုတွေက Wildlife Sydney website ကနေ မှီငြမ်းယူထားတာပါ…


REX ကို နှုတ်ဆက်လိုက်ကြပါအုံး...


ဟောဒီလိုကူးလားပြီး... ဟောဒီလက်ကြီးနဲ့ဖမ်း... ဟောဒီအမှီးကြီးနဲ့ရိုက်ခံရလို့ကတော့...... 

ကဲကဲ… အဓိက ဒီလာတာ သားဗိုက်ကောင်ရယ် Koala ရယ်ကိုကြည့်ချင်လို့… ဒီတော့ Koala ဆီကိုသွားမှဖြစ်မယ်… လှပတဲ့ အဆောက်အဦးအမိုးပေါ်မှာ Koala တွေနဲ့အတူ မနက်စာစားလို့ရပါတယ်လို့ ကြော်ငြာထားတယ်… သူတို့ညာတာမဟုတ်ဘူးနော်… ကိုယ့်ဘာသာကိုယ် မျှော်လင့်ချက်လွန်တာ… Koala လဲသူ့ဟာသူစား ကိုယ်လဲ အဲဒိ Rooftop မှာရှိတဲ့ Coffee ဆိုင်မှာ ကိုယ့်ဟာကိုယ်စား… တကယ့်အဖြစ်ကတော့  ဒါမျိုးဖြစ်မှာ… ကိုယ်ရောက်သွားတဲ့အချိန်က မနက်စာစားချိန်မဟုတ်တော့လဲ အဲဒါကို သိပ်ဂရုမစိုက်ပါဘူး… ဒါနဲ့ အနီးကပ်ဓာတ်ပုံတွဲရိုက်လို့ရတယ်လေ… 6x8 ဓာတ်ပုံတစ်ပုံနဲ့ ဓာတ်ပုံတွေအားလုံးပါတဲ့ CD တစ်ချပ်ကို AUD 35 ကျတယ်… CD မယူရင် ဓာတ်ပုံတစ်ပုံတည်းနဲ့ AUD 30… ဒီတော့ စီဒီယူတာပိုတန်တယ်… ပြီးတော့ ကိုယ့်မှာပါတဲ့ ကင်မရာနဲ့လဲ ကြိုက်သလောက်ရိုက်ခွင့်ပေးတယ်…. (အရမ်းတော့ မကြာစေနဲ့ပေါ့နော်)…


ခင်ဝင့်ဝါထက် ကိုက်ပေးကြမ်းတဲ့ ကွာလာ...

ကွာလာတွေကို ချီပြီးဓာတ်ပုံရိုက်တာနဲ့ပတ်သတ်ပြီး သြစတေးလျအစိုးရက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး တားမြစ်လိုက်တဲ့အတွက် ခု New South Wales မှာရှိသမျှ ဘယ် wildlife park မှာမှ ကွာလာကို ချီခွင့်မပေးတော့ပါဘူး… သို့သော် ဒီ Darling Harbour Wildlife Sydney Zoo မှာတော့ ကွာလာကို အနှောင့်အယှက် မဖြစ်စေပဲ ဖွဖွလေး ပွတ်ပေးရင်း အနီးကပ်ဓာတ်ပုံရိုက်ခွင့်ပေးပါတယ်… ဒါပေမဲ့ ယခုလို လုပ်ခွင့်ပေးထားသော်ညား လိုအပ်လျှင် လိုအပ်သလို ကြိုတင်ကြေငြာခြင်းမရှိပဲ ကွာလာရဲ့ အခြေအနေပေါ်မူတည်ပြီး ပိတ်ပင်ချင်ပိတ်ပင်ပါမယ်တဲ့… (မြန်မာပြည်က VIP လူကြီးတွေထက် ဆရာကျတယ်နော်… :P )… အဲလိုစည်းကမ်းထားမှပေါ့ ဘာလို့လဲဆိုတော့့ ကွာလာတွေဟာ တစ်နေ့မှာ ၁၈နာရီကနေ ၂၂နာရီ အိပ်ပါတယ်… သူတို့နိုးတဲ့အချိန်မှာ စားတယ်၊ ချစ်တင်းနှောတယ်.. ပြီးပြန်အိပ်တယ်… လူတွေက တစ်ယောက်ပြီးတစ်ယောက် ချီနေရင် သူတို့ဘယ်အိပ်ရမလဲ… ကိုယ်အိပ်ရေးပျက်ရင်တောင် ကိုယ့်ကျန်းမာရေးထိခိုက်တာ… ကွာလာလဲ ဒီအတိုင်းပဲပေါ့… ဖြစ်ချင်တော့ ကိုယ့်အလှည့်မရောက်ခင်တော့ ကွာလာက ကင်မရာဘက် မျက်နှာပေးပြီး Miss Universe အထှာမျိုးနဲ့ ဂိုက်ပေးကြမ်းအိပ်နေပြီး…. ကိုယ့်အလှည့်လဲကျရော အပင်တွေဘက်ကို မျက်နှာထိုးအိပ်သွားပါရော… (မြန်မာတွေမို့ နှိမ်တာဖြစ်မယ်… ကတောက်)… မိုးကလဲ ဖွဲဖွဲကျလာတယ် သူက Outdoor Rooftop ဆိုတော့ စိတ်ထဲတော့ စိုးရိမ်သွားမိတယ်… ဓာတ်ပုံဆရာကလဲ ထမင်းစားသွားချင်နေတဲ့ပုံပေါက်တယ်… ဒီလိုနဲ့ပဲ ကွာလာရဲ့ တင်ပါးကို လက်လေး ၂ချောင်းနဲ့ပဲ ဖွဖွလေး ပွတ်ပေးလို့ရပါတယ်လို့ ဝန်ထမ်းကပြောတော့ AUD 35 တန် ကွာလာ ဖင်ကိုပဲ လက်လေး ၂ချောင်းနဲ့ အသာထိရင်း ဓာတ်ပုံရိုက်ခဲ့ရတဲ့ဘဝ… ဘယ်ရမလဲ ကွာလာနဲ့ မရိုက်ရတော့ ကွာလာထိန်း ပသိုင်းမွှေးလေးနဲ့ အနီးကပ် ဓာတ်ပုံတွဲရိုက်ခဲ့တယ်… မှတ်ပလား…. ငွင်း ..ငွင်း….

အဲ့နားလေးကို လက်လေး ၂ချောင်းနဲ့ ဖြည်းဖြည်းလေးပွတ်ပေးပါတဲ့...

ကွာလာမျက်နှာနဲ့ မရိုက်ရမှတော့ ကွာလာထိန်း မောင်ပသိုင်း နဲ့ ရိုက်မယ်ကွာ...


ဓာတ်ပုံရိုက်ပေးတဲ့ ကွာလာထိမ်းကလဲ ရိုက်ထားတာ တစ်ပုံမှမကောင်း… ၁ယောက်မအိပ်ရင် နောက်တစ်ယောက်ကအိပ်… တစ်ယောက်က ပြူးပြဲနေ… ဒါနဲ့ ဘယ်ပုံတောင် Print out ထုတ်ရမယ်မသိဘူး… သူတို့ကတော့ ပြန်ရိုက်မလားပြောပါတယ်… ဒါပေမဲ့ ကွာလာထိမ်းကလဲ အိမ်သာတက်ချင်နေလားမသိ မအီမသာနဲ့မို့ တော်ပြီဆိုပြီး ရှိတာပဲယူလာလိုက်တယ်… သူတို့ဆိုင်က ကွာလာ အရုပ်တွေကိုင်ပြီးပဲ ရိုက်ခဲ့တယ်…


အရမ်း အရမ်းချစ်ဖို့ကောင်း.... အကောင်အစစ်တော့ ကိုင်ရဲပေါင်...
Sydney Aquarium

Sydney Wildlife Zoo ကနေ ထွက်ပြီး ဟိုဘက်အဆောက်အုံးကူးပြီး ဝင်လိုက်တာနဲ့ Sydney Aquarium ကိုရောက်ပါရော… ငါးပြတိုက်တွေကတော့ နိုင်ငံတော်တော်များများမှာ တူတူတွေချည်းပါပဲ… under water walk ကျတော့ အပေါ်က ရေကန်က အမိုးပွင့်ဆိုတော့ အပြင်က နေရောင်ထိုးတော့ အောက်ကလျှောက်တဲ့လမ်းက လင်းနေတယ်… အဲဒိထဲမှာတော့ ကျွန်မတို့ ၃ယောက်ကို ဘာဖြစ်နေမှန်းမသိဘူး… ငါးတွေနဲ့ ဓာတ်ပုံလိုက်ရိုက်ရင်း တခွိခွိကို ရီနေကြတာ… ငါးနောက်ကို ဟိုပြေးဒီပြေးနဲ့ ကလေးတွေတောင် ကျွန်မတို့လောက် ဆော့ပါ့မလားမသိဘူး… ဓာတ်ပုံရိုက်နေတာနဲ့တင် အချိန်ကုန်ပြီး လူလည်းနည်းနည်းပင်ပန်းလာတယ်… ပုဇွန်ထုတ်တွေ ဂဏန်းတွေတွေ့တော့ ဗိုက်ကလဲဆာပြီး ပင်လယ်စာစားချင်လာတယ်… Sydney ရဲ့ ခရီးသွားဧည့်သည်တွေသွားနေကျ Fish Market ကို ဟိုရက်ကတည်းက သွားချင်ပေမဲ့ လမ်းမကြုံတာရော၊ နယ်ခံသူငယ်ချင်း မောင်မောင်ကလဲ စျေးကြီးပြီး ဘာမှလဲ သိပ်မကောင်းပါဘူးဆိုလို့ မသွားဖြစ်ခဲ့ဘူး… ဒီနေ့တော့ စားရမှဖြစ်မယ်ပေါ့… Tourist Attraction နေရာဆိုတော့ ရိတ်မယ်ဆိုတာသိပါတယ်… ဒါပေမဲ့ စကာင်္ပူက Clark Quay ဆိုလဲ ရိတ်ပေမဲ့ စားလို့ကောင်းသေးတယ်လေ… ကိုယ့်မျက်လုံးထဲ စားချင်တဲ့ ပင်လယ်စာဟင်းတွေပဲ ပြေးမြင်ပြီး အလည်လာမှတော့ ဒီလိုနေရာမျိုးတွေ ရောက်ဖူးတယ်ရှိအောင် သွားမယ်ကွာဆိုပြီး ခပ်မိုက်မိုက်ပဲ ဆုံးဖြတ်လိုက်တယ်…


သန္တာနဲ့ ကျွန်မ

အပေါ်က အကောင်ကြီးတွေရှေ့က လွှသွားကြီးလိုပဲ.... ဒါပေမဲ့ ပါးစပ်ပေါက်က အောက်မှာ... အဲဒိ လွှသွားက ဘာအတွက်သုံးလဲမသိ....

ရေဘဝဲ သွေးက အပြာရောင်ဆိုတာ သိလား? အဲဒိ စုတ်ခွက်ကြီးတွေ အရမ်း အသည်းယားတယ်...

အဲဒါ ဝေလငါးလေးလား? လူတွေကို ပြုံးပြနေသလိုပဲ...

စောစောက ကျွန်မတို့ အောက်က ဖြတ်လျှောက်ခဲ့တဲ့ ရေကန် အပေါ်ဘက်...


Sydney Fish Market


သူတို့လိုနိုင်ငံမှာတောင် အရက်သောက်တာ နေရာတိုင်းခွင့်မပြုဘူး... ဒီမိုကရေစီစစ်ရင် စည်းနဲ့ကမ်းနဲ့ ပိုနေရတယ်...

ဒီလိုနဲ့ သုံးယောက်သား လူတွေကိုမေးတော့ မြေအောက်ကားစီးရမယ်တဲ့… မြေအောက်ကားဆီရောက်ဖို့က တော်တော်လျှောက်ရသေး… ရောက်တော့ မြေပုံကြည့်လိုက်တော့ Fish Market က နီးနေပြီလို့ထင်တာနဲ့ မစီးတော့ပဲနဲ့ လမ်းဆက်လျှောက်ဖို့ ဆုံးဖြတ်လိုက်တယ်… ဒါပေမဲ့ မြေပုံထဲကအတိုင်း အပြင်ကလမ်းကမဟုတ်ဘူး… အဲဒိမှာ ကျွန်မတို့ လမ်းပျောက်ပြီးလူတွေလဲ အတော်ပြိုင်းလာတယ်… နောက်ဆုံးတော့ ကျွန်မကပဲ မှားချင်လဲမှား လျှောက်မယ်ဟာဆိုပြီး ရှေ့ကိုဆက်သွားတော့မှ Sydney Fish Market သို့ဆိုတဲ့ ဆိုင်းဘုတ်ကိုတွေ့တယ်… ဒါနဲ့ တွေ့ပြီမှတ်နေတာ… ဟုတ်ဘူး သူမျှားပြတဲ့ လမ်းတဆုံးထပ်လျှောက် အဆုံးမှာလဲ ဘာမှမတွေ့ဘူး… နောက်ထပ်ဆိုင်းဘုတ်လဲမတွေ့ဘူး… ကုန်းကျော်တံတားနဲ့ ကားလမ်မကျယ်ကြီးရဲ့ တစ်ဖက်မှာ ဆိပ်ကမ်းလိုဟာမျိုးပဲရှိတော့တယ်… ဆိုင်းဘုတ်လဲထပ်မတွေ့ဘူး… တကယ် လမ်းညွှန်ဆိုင်းဘုတ်တွေနဲ့ အသေအချာထားပေးတာ စကာင်္ပူက အကောင်းဆုံးပဲ… သြစီက ဆိုင်းဘုတ်တွေက တစ်ခုနဲ့တစ်ခုဝေးလွန်းတော့ ကြားမှာ လမ်းပျောက်နေရော… ကံကောင်းချင်တော့ ဂျပန်ခရီးသွား အဖွဲ့တစ်ခုက ကိုယ့်ရှေ့ကနေ ကားလမ်းဖြတ်ကူးသွားတော့ သူတို့နောက်ပဲ လိုက်ဟေ့ဆိုပြီး လိုက်ခဲ့ကြတယ်.. မဗေဒါထင်ရင် လွဲခဲပါတယ်… ဟတ်… ဟတ်… သူတို့က ရှေ့က ဆိပ်ကမ်းလို ဝန်းကြီးထဲ ဝင်သွားတာကို လိုက်တော့မှ Sydney Fish Market ဆိုပြီး အဆောက်အအုံးအကြီးကြီးတွေ့တော့တယ်… (စိတ်ထဲမှာ အခက်အခဲတွေကြားက နောက်ဆုံး တိုက်ပွဲအောင်နိုင်သွားတဲ့ ပြကွက်ထဲက တီးလုံးမျိုး အဲ့ဒိဆိုင်းဘုတ်ကိုကြည့်ပြီး ကိုယ့်ကိုကိုယ် နောက်ခံတီးပေးချင်လာတယ်…)  


တော်သေးတာပေါ့ ရောက်သွားသေးလို့...
ညနေ ၃နာရီလောက်ရောက်သွားတာတောင် ဆိုင်တွေမသိမ်းခင် ကပ်သီးလေး မှီတာ… ထိုင်ဖို့နေရာတောင် မနည်းရှာရတယ်… ပုံတွေကြည့်တော့ စားကောင်းမဲ့ပုံတွေပေါ့…. ဒါနဲ့ သန္တာနဲ့ ကျွန်မ အစ်မပဲ သွားမှာကြတယ်… ထမင်းနဲ့ ပင်လယ်စာတွေမှာလာတယ်…. ဒါပေမဲ့ ဟင်းတွေက ကိုယ်အားခဲထားသလိုအရသာမျိုး လားလားမှမဟုတ်…. ကျောက်ပုဇွန်ကြီးက ချီးစ်တွေနဲ့အုတ်ထားတာတော့ သားရေယိုစရာ ဒါပေမဲ့ ထမင်းနဲ့စားဖို့ လုံးဝမလိုက်ဖက်… ကျန်တာတွေအကုန်ကလဲ ချီးစ်တွေက အဓိကပဲ… ထမင်းချက်ထားတာကျတော့ မာတောင်ပြီး အစေ့လိုက်… အဆိုးဆုံးကတော့ ဘာဟင်းအနှစ်မှမရှိတာပဲ…. ဒါနဲ့ Ketchup တို့ Chili တို့တောင်းမယ်ဆိုတော့လဲ မဗေဒါတို့လိုက်ရင် ၂ခါစာလောက်ပဲရှိတဲ့ ဗူးသေးသေးလေးကို AUD 0.50 နဲ့ဝယ်ရတယ်ဗျ… ဒါကြောင့် မောင်မောင်က အဲဒိနေရာသွားဖို့ အားမပေးတာ… ကိုယ်ကလဲ Clark Quay လိုလေးများလားလို့ပါ… သူက စျေးလိုရုံကြီးထဲမှာ စားသောက်ဆိုင်လေး ၄၊ ၅ဆိုင်ရှိတာကို တိုးကြိတ်စားရတာ… ပင်လယ်စာတွေကတော့ လတ်ဆပ်နေတာပါပဲ… တကယ့်ကို Fish Market စျေးမှ စျေး စစ်စစ်.. တခြားကျော်မတွေးမိစေနဲ့…


ပုံကတော့ စားချင်စရာကြီးနော်....

စားကြပါအုံး...

ဒါက ဟိုဘက်ဆိုင်... သူက အစိမ်းပဲရောင်းတာ... ပင်လယ်စာတော့ လပ်မှလပ်
စားသောက်ပြီးအပြန်ကျတော့ သွားစရာနေရာလဲ သိပ်မရှိတော့သလို ကိုယ့်ကိုကိုယ် ညအတွက် အားပြန်ဖြည့်မှဖြစ်တော့မယ်ဆိုတော့ ဟိုတယ်ပြန် ခဏနားပြီးမှ ညနေဘက် မောင်မောင်လဲ အလုပ်ပြီးတဲ့အချိန်ဆိုတော့ ပထမရက်က ရောက်ခဲ့တဲ့ Opera House နားက bar တွေမှာပဲ စကားအေးဆေးပြော လေညင်းခံဖို့ ဆုံးဖြတ်လိုက်တယ်… ဟိုတယ်ပြန်ရောက်တော့ ၄နာရီခွဲလောက်ရှိပြီလေ… ၁နာရီလောက် ခဏလှဲလိုက်ပြီး ရေမိုးချိုးပြင်ဆင်ပြီး ပြန်ထွက်ခဲ့ကြတယ်… သန္တာလို မိတ်ကပ်သိပ်မလိမ်းတဲ့သူကို မြှောက်ပေးပြီး Smoky Eyes ချယ်ပေးလိုက်တယ်… သူ့မျက်လုံးပိုညှို့အားပြင်းသွားအောင်လို့… သူကတော့ သူ့မျက်လုံးကို ထည့်တာများနေပြီဆိုပြီး ကြောက်နေတယ်…. ကျွန်မအမြင်မှာတော့လှပါတယ်… သူကတော့ မိတ်ကပ်သိပ်မလိမ်းတော့ နေရတာ မသက်မသာဖြစ်နေတာပေါ့…

ဒီလိုနဲ့ ကျွန်မတို့ ၃ယောက်မြို့ထဲဘက်ကို ထွက်လာကြတယ်… သန္တာက အကျင်္ီအပိုမယူလာတော့ ဒီည ဆစ်ဒနီမှာကျွန်မတို့နဲ့ အိပ်မယ်ဆိုရင် ဝတ်ဖို့ သက်တောင့်သက်သာရှိမဲ့ အကျင်္ီတစ်ထည်လောက်ဝယ်မယ်ဆိုပြီး မြို့ထဲက အကျင်္ီဆိုင်မှာဝင်ကြည့်… ကျွန်မတို့ မိန်းမတွေ ရှော့ပင်းလုပ်ပြီဆိုသိတဲ့အတိုင်းပဲ… ၃ယောက်သား တစ်ထည်ယူလိုက် Changing room ထဲ ဝင် ဝတ်ကြည့်လိုက်နဲ့ ဟုတ်နေတာပဲ… မောင်မောင်နဲ့ ခြိမ်းထားတာတောင် ခေါင်းထဲမရောက်တော့ဘူး… ဖုန်းလဲမကြည့်ဖြစ်တော့ဘူး… နောက်မှ နင်ဘယ်ရောက်ပြီလဲ… ငါတို့က ရောက်တာကြာလှပေါ့…. နင်မလာသေးလို့ ဒီမှာ အကျီင်္ဝင်ဝယ်နေတာ ခုတန်းလန်းကြီး ခဏစောင့်အုံးပေါ့.. ခိခိ… ခဏနေ သူနဲ့တွေ့တော့ အားတော့ ခပ်နာနာပါ… ဒါပေမဲ့ မိန်းကလေးသဘာဝပဲ မောင်မောင်ကလဲ သူငယ်ချင်းတွေအတွက်ဆိုတော့ သည်းခံနိုင်မှာပါ… နောက်ပြီး ကျွန်မအစ်မဝယ်ချင်တဲ့ Nougat ကို လိုက်ရှာကြတယ်… ကျွန်မတို့ကအဲဒိအချိန်က Nougat ကို နာမည်မေ့နေတော့ ကျွန်မသူငယ်ချင်းလဲ ဘာလိုချင်မှန်းသေချာမသိတာနဲ့ပဲ မတွေ့ဘူး… Supermarket တွေမှာဝင်ရှာတာလဲ မတွေ့ဘူး… နောက်ဆုံးတော့ လက်လျှော့လိုက်တယ်…

Star Bar – Review

မောင်မောင်က ဘာစားချင်လဲမေးတော့ သူအဆင်ပြေတာပဲပြောလို့… ဒီတော့ Steak စားချင်လာဆိုတော့ စားချင်စိတ်ပေါ်သွားတယ်… ခရီးစဉ်တစ်လျှောက်တော်တော်များများ ထိုင်းစာနဲ့ ကိုရီးယားစာနဲ့ ဂျပန်စာကို လှည့်ပတ်စားနေတော့ ဒီနေ့တော့ အနောက်တိုင်းစာစားသင့်နေပြီ… :D … ဒီလိုနဲ့ အဲဒိနားတစ်ဝိုက်က Star Bar ဆိုတာကို သူခေါ်သွားတယ်… Star Bar က ဆစ်ဒနီ တရုတ်တန်းမှာရှိတာ… လိပ်စာက 600 George St  Sydney NSW 2000, Australia .. သူက ဘားဆိုပေမဲ့ Restaurant လဲရှိတယ်… အထဲကအပြင်အဆင်က အရမ်း Classy ကြီးဖြစ်မနေပေမဲ့ သူ့ဟာနဲ့သူတော့ သူငယ်ချင်းတွေ အေးဆေး စားသောက် စကားထိုင်ပြောလို့ရတယ်… ကျွန်မတို့ရောက်တဲ့အချိန်က လူသိပ်မများသေးဘူး.. ညဘက်ဆိုရင်တော့ ကလပ်လိုဖြစ်သွားတယ်လို့ပြောတယ်… သူငယ်ချင်းက Crispy Pork Belly ကို ညွှန်းတာနဲ့ ကျွန်မအဲဒါစားဖြစ်တယ်… စျေးလဲသိပ်မကြီးဘူး တစ်ပွဲမှ AUD 15 to 18 ကြားပဲရှိတယ်… တစ်ပွဲဆိုရင်လဲ အများကြီးရပါတယ်… စားခဲ့သမျှ အနောက်တိုင်းစာတွေထဲမှာ ကျွန်မပါးစပ်ကို အတော်လေး အရသာတွေ့တာတော့ အဲဒိဆိုင်ပါပဲ… အဲဒိည ဒစ်နာကိုတော့ သူငယ်ချင်းတွေကို ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်မပဲ ဒကာခံလိုက်တယ်… ခရက်ဒစ်ကဒ်နဲ့ဆိုတော့ ပိုက်ဆံထွက်တာက မသိသာဘူးလေ… ဟိ.. ဟိ… ဆစ်ဒနီရောက်ရင် အဲဒိဆိုင်မှာ ဝင်စားဖို့ Recommend ပေးတယ်နော်… အောက်က ဗွီဒီယိုမှာလဲ Food Review လေးကို တစ်ဦးချင်းက သေချာပြောပြထားတယ်… ကြည့်ပြီးရင် ခံစားချက်လေးတွေမျှဝေသွားပါအုံး…

အရမ်းကောင်းတယ်.... Recommended by My friend... and Now I Recommend you... 

ဒါလဲ စားကောင်းတယ်....

ငါးကင်လေးကလဲ ရှယ်ပဲ...

မြန်မာဆန်ဆန် Well Done ပဲစားတယ်... မကျက်တကျက်တွေမစားရဲဘူး...

အဲဒိဆိုင်မှာ မဲလဘုန်းကနေမလာနိုင်တဲ့ သူငယ်ချင်း သီရိကို ဖုန်းခေါ်ဖြစ်သေးတယ်… သူမအားတာနဲ့ နောက်မှပြန်ဆက်မယ်ဆိုပြီး မဆက်ဖြစ်ဘူး…. ငယ်သူငယ်ချင်းတွေဆိုတော့ တစ်ယောက် ငယ်ကျိုးငယ်နာ တစ်ယောက်သိဖြစ်သလို သိပ်လဲ စိတ်မဆိုးတတ်ကြတော့ အရည်မရ အဖတ်မရတွေပြောဖြစ်ကြပါတယ်… တစ်ခါတစ်လေ ကိုယ်ပြောလိုက်ပြီးမှ ငါလွန်များသွားပြီလား စိတ်များဆိုးမလားလို့ စိတ်ထဲဖြစ်မိပေမဲ့ စိတ်မဆိုးတဲ့ သူငယ်ချင်းတွေကြောင့် အဲလိုတွေးမိတာကိုပဲ ကိုယ့်ကိုကိုယ်အရှက်ရပါတယ်… သူတို့ပြောလဲ ကိုယ်က အသေးအဖွဲနဲ့ စိတ်မှမဆိုးပဲ… စိတ်ထဲမခံချင်ရင်လဲ မြုံမထားပဲ ပက်ကနဲပြန်ပြောလို့ရတဲ့သူငယ်ချင်းဆိုတာ ခုနောက်ပိုင်းမရှိသလောက်ပဲလေ…

Custom House Library and it’s Heavenly viewing floor

အဲဒိမှာ ညစာစားပြီးတော့ Circular Quay ဘက်ကို လမ်းလျှောက်ရင်း Circular Quay ဘူတာရုံရှေ့က အဆောက်အအုံးတစ်ခုထဲကို မောင်မောင်က ခေါ်သွားမယ်… ဒါပေမဲ့ နင်မျက်စိမှိတ်ပြီးလိုက်ခဲ့ရမယ်တဲ့… ဘာလို့လဲ… ဘာလဲဆိုတော့ သူကမပြောဘူး… မျက်စိမှိတ်ပြီးသာလိုက်ခဲ့ပါတဲ့… ခပ်လန့်လန့်ပဲ… ကိုယ့်ဘာများ ခြောက်ချမလို့လဲလို့.. (ခစ်… ခစ်)… နည်းနည်းလေး ခိုးကြည့်မိပေမဲ့ ဘာမှန်းတော့ ကျွန်မ မသိပါဘူး… အဓိကက ချော်လဲမှာကြောက်တာပါ… နောက်တော့သူက ကြည့်လို့ရပြီ… အောက်ကိုငုံကြည့်ဆိုတော့မှ ဆစ်ဒနီမြို့ထဲကို ကောင်းကင်ပေါ်က ကြည့်ရသလိုမျိုး Model ပုံစံငယ်သေးသေးလေးတွေ ကြမ်းပြင် ဖန်သားအောက်မှာမြင်ရတယ်… အဲလို သေးသေးလေးတွေတွေ့ရင် သိပ်ကစားချင်တာ… ကလေးမဟုတ် သူငယ်မဟုတ်… ဒါပေမဲ့ မှန်ကာထားတော့ ကစားလို့မရဘူး… ဒါပေမဲ့ အသည်းယားတယ်… အဲဒိမှာတော့ ဓာတ်ပုံကင်မရာထုတ်ရမှာပျင်းတာနဲ့ ဓာတ်ပုံမရိုက်ခဲ့ဘူး… ဗွီဒီယိုထဲမှာပဲ ကြည့်လိုက်နော်… အဲဒိနေရာက ခုမှ အင်တာနက်မှာရှာကြည့်တော့ Customs House Library တဲ့…

သန္တာကတော့ ငယ်ငယ်ကတည်းက အပင်ပန်းမခံနိုင်တာ ခုထိလဲ တူတူပဲ… သူတော်တော်လေးကို ပင်ပန်းနေပြီ ကျွန်မရဲ့ Smoky eye မိတ်ကပ်ကလဲ သူ့ကို ပိုပင်ပန်းစေတယ်ထင်ပါတယ်… ကျွန်မက ဖျက်လိုက်လို့ပြောပေမဲ့ သူက အနက်တွေကျန်ပြီး ပြန့်ကုန်မှာစိုးလို့ မဖျက်ပါဘူး… ဘူတာရုံအောက်က ရေခဲမုန့်ဆိုင်မှာ မောင်မောင်က ရေခဲမုန့်ဝယ်ကျွေးပါတယ်… ကျွန်မကတော့ အစားအသောက် Risk မယူရဲတာနဲ့ ကိုယ်သေချာပေါက်ကြိုက်မဲ့ စတော်ဘယ်ရီပဲမှာပါတယ်… Flavor အသစ်အသစ်တွေကို အမြဲစားတဲ့ မောင်မောင်က လိုင်ချီးနဲ့ Raspberry စားပါတယ်… သူ့ဆီက တစ်ဇွန်းတောင်းစားကြည့်တော့ လိုင်ချီးက တော်တော်ကောင်းတာတွေ့ရပါတယ်… (နာတယ်ကွာ… လိုင်ချီးစားရမှာ)…
Sydney Harbor Bridge နှင့် ပျော်စရာတွေ သော့ခတ်ယူလာတယ်...

Opera House နားရောက်တော့ Bar ကနေ အအေးမသောက်ခင် အဲဒိနားက အုတ်ခုံတွေမှာပဲ ထိုင်ရင်း သီရိဆီကိုဖုန်းဆက်ဖြစ်ပါတယ်… ဖုန်းပေါ်ကနေ စကားတွေပြောဖြစ်တာ ၁နာရီကျော်လောက်တောင် ကြာမယ်ထင်ပါတယ်… တော်ရုံတန်ရုံကျွန်မသိပ်မရင်းနှီးတဲ့လူနဲ့ ဖုန်းပြောရတာကိုကျွန်မ သိပ်မုန်းပါတယ်… ကိစ္စတော်တော်များများကို ဖုန်းပေါ်ကပြောရတာ ကျွန်မမကြိုက်ပါဘူး… မျက်နှာကြည့်ပြီးပြောရတာပဲကြိုက်ပါတယ်… ဒါပေမဲ့ အဲဒိညကတော့ လွတ်လပ်ပေါ့ပါးစွာပဲ ပျော်ပျော်ရွှင်ရွှင် ဖုန်းပြောဖြစ်ပါတယ်… သူ့ဘက်က ဘယ်လိုရှိနေမလဲ… ကိုယ့်ဘက်က ဘယ်လိုတွေးနေမလဲ၊ ကိုယ်ဒီလိုပြောလိုက်လို့ ကိုယ့်ကို အထင်သေးသွားမလား ဆိုတာတွေ ခေါင်းထဲတောင်ရောက်မလာပါဘူး… ကျွန်မက ဘယ်သူ့ကိုမှ မပြောပြထားပေမဲ့ တဆင့်တဆင့်နဲ့သိလာကြတဲ့ ကျွန်မဘလော့လေးရဲ့ Die Hard ALMOST Silent Readers တွေဟာလဲ သူတို့ပါပဲ… (ခိ…ခိ.. ကွန်မန့် ဓားပြတိုက်နေတာ)… ကျွန်မတို့ မတွေ့ခဲ့တာ ၂၀၀၀ ခုနှစ်ကနေ ခုချိန်ထိ ၁၃ နှစ်လုံးလုံးကြာခဲ့ပေမဲ့ အသံတွေ ဟန်တွေ ငယ်ငယ်ကအကျင့်တွေ စကားပြောပုံတွေ အားလုံးက မပြောင်းမလဲပဲရှိနေကြပါသေးတယ်… သီရိနဲ့ဆိုရင် ဒီတစ်ခေါက်လဲ မတွေ့ခဲ့ရဘူးဆိုတော့ ၁၃နှစ်ကျော်မှာပေါ့နော်… နောက်နှစ်တွေ့ရပါစေလို့ မျှော်လင့်ပါတယ်… ခင်မင်မှုဆိုတာ အမြဲတွေ့နေမှ မဟုတ်ဘူး တစ်ယောက်နဲ့တစ်ယောက် စိတ်ထဲမှာ အမှတ်ရနေပြီး အကျိုးအမြတ်ကို မကြည့်ပဲ ပေါင်းသင်းကြတာကို ဆိုလိုတယ်လို့ အဓိပ္ပါယ်ဖွင့်ချင်ပါတယ်…

ငယ်ငယ်က ဓာတ်ပုံ တူတူ တစ်ခါမှ မရိုက်ဖူးလို့... ခုမှ တမုန်းရိုက်နေတာ...

ညတော်တော်လေးနက်တော့မှ ပြန်လာကြပြီး လမ်းတစ်လျှောက်လဲ မြန်မာသီချင်းတွေအော်ဆိုမိနေပါသေးတယ်… ဟတ် ဟတ်… တိုက်စီပေါ်လဲ သီချင်းတွေဆို… အဲဒိက တိုက်စီသမားတွေက တစ်ခုကောင်းတယ်… ပါလာတဲ့ Passenger ဘယ်သူဖြစ်ဖြစ် Judge လုပ်တဲ့  Attitude မရှိဘူး… သူ့ဟာသူ အေးဆေးပဲ… ကားနဲ့ဖြတ်သွားတုန်း ညဘက် မြင်းကြီးတွေစီးပြီး အင်္ဂလန်က အပေါက်စောင့် ဝတ်စုံ အနီရောင်လိုဟာမျိုးတွေနဲ့ ကင်းလှည့်နေတာ တွေ့လိုက်သေးတယ်… တမျိုးကြီးပဲ ဘာလုပ်နေတာလဲ မသိ… ဟိုတယ်ကို ည ၁၁နာရီ လောက်ဖြစ်မယ်ထင်တယ်… သန္တာကတော့ မျက်နှာက မိတ်ကပ်တွေဖြတ် တန်းပြီး ရေမိုးချိုးတော့တာပဲ… ကျွန်မနဲ့ မောင်မောင်ကတော့ ပါလာတဲ့ Laptop နဲ့ Youtube က မြန်မာသီချင်းတွေဖွင့်ပြီး ကိုယ့်ကိုကိုယ် Celebrity လိုလို Idol လိုလိုနဲ့ ကင်မရာကြီးရှေ့ထောင်ပြီး ပေါကြတာပါပဲ… လူမိုက်အားပေးကတော့ ကျွန်မအစ်မပေါ့… ကလေးတွေ မထိန်းတဲ့အပြင် သူကပါ လိုက်ကဲနေရော… ဟတ်… ဟတ်… ကျွန်မကတော့ သူငယ်ချင်းတွေနဲ့တွေ့တော့ မသောက်ပဲနဲ့ High နေတာ… မောင်မောင်ကသောက်ထားတာက နည်းနည်း High တာက များများထင်တယ်… အဲဒိညမှာ အားလုံးရဲ့ အပေါပိုးတွေထကြွပြီး လုပ်ဖြစ်ခဲ့တဲ့ ပရောဂျက်လေးတစ်ခုရှိတယ်… အဲဒါကိုတော့ လျှို့ဝှက်ထားအုံးမယ်… ဘာလို့လဲဆိုတော့ မသေချာလို့…


Harbor Bridge က အခ်စ္ဇာတ္လမ္း... :P
Opera House မှာကတည်းက ခုန်တဲ့ ဓာတ်ပုံရိုက်ဖို့ကြိုးစားရင်း နည်းနည်းလေးမျက်သွားတဲ့ ခါးက အခန်းထဲက မွေ့ယာအပျော့ပေါ်မှာ ပုံစံကျကျမထိုင်လို့ထင်တယ် ရုတ်တရက်ကြီး အရမ်းနာတော့တာပါပဲ… ထိုင်ရာကနေ ချက်ချင်းထပြီး ခါးကို ဖြောင့်လိုက်လို့မရဘူး…. ထရာကနေလဲ ချက်ချင်းထိုင်လို့မရဘူး… အဘွားကြီးတွေလို ခါးကို ကိုင်းပြီးလမ်းလျှောက်မှရတယ်… မဟုတ်ရင် အရမ်းနာတယ်… ဆေးလိမ်း ဆေးသောက် နာတဲ့ခါးကိုတောင့်ခံပြီး သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတာပဲ မရဘူး… ၁နာရီလောက်ကျတော့ သန္တာအရမ်းပင်ပန်းပြီး အိပ်ပျော်သွားတယ်… ကျွန်မတို့ကတော့ ကျွဲရိုင်းအစွမ်းနဲ့ မအိပ်ကြဘူး… မောင်မောင်က ညလယ်လောက်ကျရင် တရုတ်တန်းက ဆန်ပြုတ်ဆိုင်ကို သူလိုက်ပို့ပေးချင်တယ်ပြောထားတော့ အစကတော့ ခါးအခြေအနေမကောင်းတော့ မသွားတော့ပါဘူးဆုံးဖြတ်ထားတာ… သူက လိုက်ပို့ပေးချင်ပုံရတာရော… ကျွန်မခါးလဲ နည်းနည်းလေး သက်သာသလိုရှိတာနဲ့ ည၃နာရီလောက်မှာ ထွက်စားဖြစ်တယ်... မဗေဒါလဲ မိန်းကလေးသာဖြစ်တာ အဲလို ညဘက် Supper ထွက်စားရတာပျော်တယ်… လမ်းတွေမှာ လူရှင်းနေတယ်… ညဘက်လေကလဲ အရမ်းအေး… ကျွန်မတစ်ယောက်တည်းအဲဒိနေ့က အရမ်းချမ်းနေတယ်… အစ်မနဲ့ မောင်မောင်ကတော့ သိပ်မချမ်းကြဘူး… ဘာလို့မှန်းမသိ… တရုတ်တန်းရောက်တော့ လူတွေပြန်တွေ့တယ်… နိုက်ကလပ်တွေလဲ အဲ့မှာရှိတယ်လေ… ဒါပေမဲ့ ကျွန်မတို့ကတော့ SuperBowl ဆိုတဲ့ တရုတ်စားသောက်ဆိုင်ကို ဦးတည်လိုက်တယ်….  

SuperBowl Chinese Restaurant - Congee in Sydney Chinatown


ဆန်ပြုတ်မှ အများကြီးပဲ

ဆိုင်ပုံစံကတော့ မြန်မာပြည် ရွှေတောင်တန်းလမ်းက ကြေးအိုးဆိုင်လိုပုံမျိုးပါပဲ… လူတွေလဲ အထဲမှာတော်တော်များတယ်… ကလပ်ကအပြန် ဝင်စားနေကြတာတွေလဲရှိမယ်… အုပ်စုလိုက်တွေ… Service ကတော့ တော်တော်လေးစောင့်ရတယ်… လူခေါ်တာတောင် တော်တော်ခေါ်ရတယ်… ပြောရရင်တော့ Service ကလဲ မြန်မာပြည်က ကြေးအိုးဆိုင်တွေလောက်ပါပဲ… သူငယ်ချင်းက ဆန်ပြုတ်ရယ်၊ ကမာကို ခရုဆီနဲ့ချက်တာရယ်၊ အီကြာကွေးရယ်၊ ကန်စွန်းရွက်ကြော်ရယ် မှာလိုက်တယ်… ဆန်ပြုတ်ပွဲကြီးက ရောက်ချလာတော့ SuperBowl မပြောရဘူး အကြီးကြီးပဲ… ကျွန်မက ပုံမှန်ဆို ဆန်ပြုတ်ရော ကမာရော ကြိုက်တာမဟုတ်ဘူး… ဒါပေမဲ့ အများကြီးမို့ စားကြည့်မယ်ဆိုပြီး စားကြည့်တော့ စားကောင်းတယ်… ဆန်ပြုတ်က အီကြာကွေးလေးနဲ့စားတာ ကောင်းမှကောင်း… ကမာဟင်းကလဲ ခရုဆီရယ် ကြက်သွန်မိတ်နံ့မွှေးမွှေးရယ်နဲ့ လုံးဝမညှီဘူး… စားကြည့်ပြီး သဘောကျသွားတယ်.. ကန်စွန်းရွက်ကြော်ကတော့ ရှင်းပြစ်နိုင်ပါတယ်… အသာလေးပါ… ဒါပေမဲ့ နောက်ဆုံး ဆန်ပြုတ်မကုန်တော့ အထုတ်နဲ့ထုတ်လာခဲ့တယ်… မနက်ကျ စားလို့ရတယ်လေ… ဟိုတယ်ခန်းမှာက ပန်းကန်ခွက်ရောက်တွေရော ဘေဇင်ရော မိုက်ကရိုဝေ့ဖ်ရောရှိတယ်ဆိုတော့ အတော်ပဲ… ဆစ်ဒနီရောက်လို့ တရုတ်ဆိုင်ကောင်းကောင်းစားချင်ရင် 8 Quay St, Sydney NSW 2000, Australia က SuperBowl မှာ သွားစားနော်… :D …

ဆစ်ဒနီ တရုတ်တန်းက နိုက်ကလပ်တွေ... ရုတ်ရုတ်လုပ်ရင် ရဲကားအဆင်သင့်...
ကမာဟင်းတွေ စားဖူးသမျှထဲမှာ ဒီဟာကို အကြိုက်ဆုံ



ကျွန်မတို့ လေယာဉ်က နေ့လည် ၁ နာရီလောက်ဆိုတော့ ဟိုတယ်ပြန်ရောက်ပြီး ခဏအိပ်လို့ရသေးတယ်… မနက် ၈နာရီလောက်မှာ သန္တာက ပြင်ဆင်ပြီး ပြန်တော့မယ်ဆိုပြီး နှုတ်ဆက်တော့ အိပ်ချင်မူးတူးနဲ့ “အေး..အေး… ကျေးဇူးပဲ သူငယ်ချင်းရေ…” လို့ပြောဖြစ်တယ်… ကျွန်မအကျင့်တစ်ခုက ခွဲခွာချိန်မှာ ဘယ်တော့မှ Properly နှုတ်မဆက်ရဲဘူး… မသိစိတ်ထဲမှာ နောက်ပြန်မတွေ့မဲ့လူတွေမှ မဟုတ်တာဆိုတာကိုပဲ ဇွတ်ယုံကြည့်ထားချင်တယ်… အဲလိုဖြစ်နေတာ တစ်ခုကောင်းသလို တစ်ခုမကောင်းဘူး… အသေအချာကြီး နှုတ်မဆက်တဲ့အတွက် နှုတ်ဆက်နေတဲ့အချိန်မှာ Drama တွေဖြစ်ပြီး စိတ်မကောင်းမဖြစ်ရဘူး… စိတ်ထဲမှာလဲ နောက်ပြန်တွေ့အုံးမှာပါလို့ အားတင်းထားတယ်… ဒါပေမဲ့ ခွဲခွာလာပြီး ကြာလာရင် “အော်… ငါ သူ့ကိုတောင်သေသေချာချာ နှုတ်မဆက်ဖြစ်ခဲ့မိဘူး” ဆိုပြီး ဒွိဟနဲ့ စိတ်ထဲ ခုလုခုလု ဖြစ်ရပြန်ရော… မောင်မောင်ကတော့ ကုတင်ပေါ် အိပ်ကောင်းနေတာ ဘာမှ မသိဘူး… ကျွန်မကတော့ ကြမ်းပြင်ပေါ် စောင်တွေ အထပ်ထပ်ခင်းပြီးအိပ်တာ… နောက် ၁ဝနာရီလောက်ကျတော့ ကျွန်မတို့ညီအစ်မလဲ လေဆိပ်ဆင်းဖို့ ပြင်ဆင်တော့တာပေါ့… မနေ့ညက သိမ်းထားပင်မဲ့ ကျန်နေသေးတဲ့ လက်ကျန်တွေသိမ်း ရေမိုးချိုး ပြင်ဆင်နေတုန်းမှ မောင်မောင်တစ်ယောက်နိုးလာတယ်… သူလဲ မျက်နှာသစ်ပြီး ညက ဆန်ပြုတ်ကို နွေးပြီး မနက်စာတိုက်လိုက်တယ်…



We Miss our Childhood Classmate and the Memories being with them

ကျွန်မတို့လဲ မနက်စာလား နေ့လည်စာလားတော့ မသိဘူး… Subway စားချင်စိတ်ထပ်ပေါက်လာတာနဲ့ မြို့ထဲဘက် မောင်မောင်နဲ့တူတူ လမ်းလျှောက်လာတယ်… သူကတော့ အားနာလို့ ကျွန်မတို့ကို Subway ကူရှာပေးမယ်ပြောပေမဲ့ သူလဲ ပင်ပန်းနေပြီ ပြန်ချင်မှာပေါ့ဆိုတာ သဘောပေါက်တာနဲ့ ရတယ် ပြန်တော့လို့ပဲ ပြောပြီး လမ်းခွဲလိုက်တယ်… ပုံမှန် Bye Bye လောက်ပါပဲ… ၂ခေါက်တောင် ပြန်လှည့်မကြည့်ဖြစ်ပါဘူး… သူ ၈တန်းတုန်းက ILBC တက်ဖို့ ကျောင်းထွက်သွားတုန်းကဆိုလဲ ဘာမှ နှုတ်မဆက်ဖြစ်ခဲ့ပဲလေ… ကျွန်မအစ်မက အဲဒိနားတဝှိက်မှာ Subway ဆိုင် သူတွေ့မိသလိုပဲပြောတယ် ဒါပေမဲ့ရှာမတွေ့… နောက်မှ မျက်စိရှင်ရှင်နဲ့ ကျွန်မကြည့်တော့တွေ့သွားတယ်… Subway ရှိတဲ့ လမ်းသွယ်ထဲမှာ ကိုရီးယားတွေဘာပွဲတော်လုပ်နေလဲတော့ မသိဘူး… အကြီးအကျယ်ပဲ သူတို့ ရိုးရာဝတ်စုံတွေနဲ့ လမ်းကို ပိတ်ပြီး စင်ပါဆောက်ထားသေးတယ်… သြစီမှာလဲ ကိုရီးယားတွေတော်တော်များတယ်…

ကိုယ်ပြန်လာမည်…


Departure ဘက်ကိုသွားတဲ့လမ်းမှ မိုးတွေသည်းလို့.... တိမ်တွေပါ ပြိုကျလိုက်ပါလား...

ညီအစ်မ ၂ယောက် အလာတုန်းက လေဆိပ်မှာဝယ်လာတဲ့ Airport Transfer ကားလွတ်မှာစိုးလို့ Subway ကို ထုတ်လာပြီးတော့ ဟိုတယ် လော်ဘီမှာပဲ အခန်းပြန်အပ်ပြီး ထိုင်စောင့်နေလိုက်တယ်… ပြန်ရတော့မှာမို့ စိတ်မကောင်းနေတဲ့သူကို မိုးတွေက သည်းကြီးမဲကြီးရွာပြီး နှုတ်ဆက်နေတယ်… ကားလာခေါ်လို့တောင် မိုးတွေသဲပုံနဲ့ အထုတ်တွေဘယ်လိုသယ်ရပါ့… ခါးကလဲ လုံးလုံးကောင်းသေးတာမဟုတ်… နောက်တော့ လာခေါ်ချိန်ထိ ဘယ်သူမှ မလာတာနဲ့ ဟိုတယ်အဝမှာ ရပ်စောင့်နေဖြစ်တယ်… အဲ့ဒိနားမှာ တောင်းအိတ်စ်လိုကားမျိုးရပ်ထားတာတော့ အတော်လေးကြာနေပြီ ဒါပေမဲ့ သူရောက်ရင် ကိုယ့်ကိုလာခေါ်မှာပဲလေဆိုပြီး ကိုယ်ကလဲသူ့ကိုပြန်စောင့် သူကလဲကိုယ့်ကိုစောင့်ဖြစ်နေတယ်… နောက်မှ မိုးရေထဲပြေးပြီး အဲ့ကားမှာသွားမေးတော့မှ ဟုတ်တယ် ကျွန််မတို့စီးရမဲ့ကား… ကားသမားက ကျွန်မတို့အိတ်တွေကို ကူသယ်ပေးရှာပါတယ်… ဒီလိုနဲ့ မိုးသည်းကြီးထဲမှာ ဆစ်ဒနီမြို့နဲ့ ငယ်သူငယ်ချင်းတွေရဲ့ အတွေ့အကြုံနဲ့ Memory တွေကိုပဲ သယ်ယူရင်း လေဆိပ်ကို တစ်ဖြည်းဖြည်းနီးလာတယ်… လေဆိပ်သို့ ဆိုတဲ့ ဆိုင်းဘုတ်ကို မိုးရေတွေကြားမှာတွေ့ရတော့ ဘယ်အရာမဆို အဆုံးတော့ရှိစမြဲပဲ… ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အဆုံးသတ်မှာပဲ လို့ ကိုယ့်ကိုကိုယ်နားချရင်း နောက်နေ့ပြန်တက်ရမဲ့ အလုပ်ခေါင်းထဲရောက်တော့မလိုဖြစ်တုန်း… ခေါင်းကို ခါယမ်းလိုက်ပြီး… အလုပ်အကြောင်း ၅မိနစ်ကြိုစဉ်းစားရင် ၅မိနစ် ဆစ်ဒနီမှာ လျော့ခံစားရတာနဲ့တူတူပဲ… ရသမျှ အချိန်အပြည့်အဝခံစားမယ်… Gold Coast ကတည်းက မကုန်နိုင်တဲ့ ဖုန်းကဒ်ကိုလဲ အသေသုံး… ဓာတ်ပုံတွေ upload လုပ် ချက်အင်ဝင် အတော်လေးကို အသုံးခံတယ်… လေဆိပ်မှာ ချက်အင်ဝင်တော့ ကျွန်မတို့  ညီအစ်မက လက်မှတ်ကို တူတူဝယ်ထားတာမဟုတ်တဲ့အတွက် တူတူချိန်လို့မရပါဘူးတဲ့… ဒီတော့ ကျွန်မအိပ်ကပေါ့ပြီး ကျွန်မအစ်မအိတ်က Hand Carry ကို ထည့်ချိန်လို့မရတော့ဘူး… ၂ယောက်လုံးပေါင်း ၃အိပ်က ကီလိုလောက်တယ်… ကျွန်မအိတ်နဲ့ သူ့ Hand Carry ပေါင်းလဲကျော်တယ်… သိတယ်ဟုတ် ကို့လို့ကန့်လန့်… ကျွန်မအစ်မအိတ်ကို Check in ဝင်ပြီး ကျွန်မ ကင်မရာအိတ် သူ့သယ်ခိုင်းမလို့… ကျွန်မက ခါးနားနေလို့… ခုတော့ ၂ယောက်လုံး ကျောပိုးအိတ်တစ်လုံးစီသည်ရတော့တာပေါ့ (ကျွန်မကင်မရာအိတ်ကလဲ ကျောပိုးအိတ်ပဲ)… လေဆိပ်က ဆိုင်တွေမှာကျတော့ Nougat တွေ ဆိုင်တိုင်းလိုလိုရှိတယ်… စကာင်္ပူမှာတော့ Nougat က သြစီပြန်လက်ဆောင်ပဲ… ဒါနဲ့ ကျွန်မက Mix Flavor 1KG ထုတ် ၂ထုတ်နဲ့ Nougat Pistachio အကြီး ၂ချောင်းဝယ်ဖြစ်တယ်… အိမ်မှာစားဖို့နဲ့ အလုပ်က လူတွေဘုံစားဖို့…

Scoot လေယာဉ် ရိတ်ပုံကတော့ ကျွန်မတို့ညီအစ်မ ချက်ကင်ဒီလောက်အရင်ဆုံးဝင်တာတောင် ထိုင်ခုံတူတူမရဘူး… ပိုက်ဆံပေးပြီး ကြိုရွေးစေချင်လို့ထင်ပါတယ်… မရလဲဘာအရေးလဲ အိမ်မှာတစ်ချိန်လုံးတွေ့နေရတဲ့ ဒီမျက်နှာ… လေယာဉ်လေး ရနာရီလောက်လေးကြာတာကို… နေရာမတူတဲ့အပြင် Cabin တောင်မတူဘူး… တော်ပါသေးတယ်…ကျွန်မဘေးကျတဲ့သူက အရမ်းအဆင့်မရှိတဲ့သူမဟုတ်လို့… သူ့ဟာသူအေးဆေးပဲ… အဆင့်မရှိတာတွေက ဟိုဘက် ဘေးတန်းက ကျွန်မနဲ့ မျက်စောင်းထိုး လူသွားလမ်းခြားက ပြည်ကြီးမိသားစု… အားအားယားယား ကမြင်းကြောဆွဲတဲ့ ကလေးတွေမွေးထားတိုင်း ကောင်းကောင်မထိန်းဘူး… လေယာဉ်ပေါ်လာပြီး စိန်ပြေးတန်းဆော့နေတယ်… လူက ခွဲခွာလာရလို့ စိတ်ကတို… ပုံမှန်ဘဝကြီးပြန်စရတော့မယ်ဆိုပြီး စိတ်ကလေး… လေယာဉ်ပေါ်မို့ နေရထိုင်ရမကောင်းလို့ ခေါင်းလေးအသာချပြီး ထုံးစံအတိုင်း အိပ်နေတာ… မသာလေးတွေ ဘေးမှာ လာအော်လိုက်… လက်ကို တိုက်သွားလိုက်… ကလေးတွေဆော့တာကို သိပ်အပြစ်မပြောချင်ပါဘူး… သူတို့မွေးထားတဲ့ကလေးတွေကို တာဝန်ယူမှုမရှိပဲ ကောင်းကောင်းမထိန်းတဲ့ လူကြီးတွေကိုပဲ အပြစ်ပြောချင်တာ… မဗေဒါ ကလေးတွေနဲ့ အရောတဝင်မနေတတ်ပေမဲ့ သူတို့ကို မမုန်းပါဘူး… ဒါပေမဲ့ အလိုက်ကန်းဆိုးမသိ စကားနားမထောင် လူကြီးကို မထင်မဲ့မြင်လုပ်တဲ့ကလေးတွေတော့ တစက်မှကြည့်မရဘူး… အဲဒါက ကျွန်မ Cabin ကပြဿနာ… ကျွန်မ အစ်မ Cabin မှာတော့ စလုံးတရုတ်နဲ့ စလုံးကုလား အော်ကြီးဟစ်ကျယ် နောင်ကြိမ်ပလေးကြတယ်ဆိုပဲ… ဘယ့်နှယ့်လေယာဉ်စီးတိုင်းကောင်းတယ်မထင်နဲ့… ၂၆ လမ်းစျေးထဲထိုင်နေရသလိုပဲ…. အလာတုန်းက Scoot Biz တန်းမှာလဲ ယခုလောက်မဆိုးပေမဲ့ စိတ်တိုင်းမကျခဲ့ရ… အပြန် ရိုးရိုးတန်းဆိုတော့လဲ ဘာကိုမျှော်လင့်နေသေးသလဲ… နောက်ဘယ်တော့မှ စျေးဘယ်လောက်ချိုချို Scoot မစီးတော့ ပြီဟုသာ ကြုံးဝါးလိုက်ရင်း….. ကျွန်မတို့ကို လှိုက်လှဲစွာကြိုဆိုနေသော အစစအရာရာ အင်မီဂရေးရှင်းဖြတ်ရာမှာ ခေါင်းမော့ရင်ကော့ဖြတ်လို့ရတဲ့ စစ်စတန်ကိုသုံးပေးထားတဲ့ စကာင်္ပူရွှေမြို့တော်ကြီးကိုပြန်လည်ရောက်ရှိလို့လာပါတော့တယ်…


စကာင်္ပူမှ လှိုက်လှဲစွာ ကြိုဆိုပါ၏... သင့်ဘဝအမှန်ကို ပြန်လာလှည့်တော့....

(စာကြွင်း… မြန်မာပြည်ပြန်တိုင်း ကိုယ့်နိုင်ငံဖြစ်ပေမဲ့ အင်မီဂရေးရှင်းမှာ လဘက်ရည်ဖိုးတောင်းတာနဲ့ ကိုယ်မှန်နေရက်နဲ့ ဘာများရစ်ခံရအုံးမလဲကြောက်ရတာနဲ့… အဲဒိခံစားချက်နဲ့… ကိုယ့်နိုင်ငံမဟုတ်တဲ့ နိုင်ငံတစ်ခုက သူတို့ဆီမှာ ကြာရှည်နေထိုင်အလုပ်လုပ်နေသူကို လှိုက်လှဲစွာ ဘာမှ ပြဿနာမရှိ နှောင့်နှေးမှုမရှိ စက်လေးမှာ ပတ်စပိုစ့်လေးတင် လက်မလေးနှိပ်လိုက်ရုံနဲ့ ပွင့်သွားတဲ့တံခါး စစ်စတန်လေးကြောင့် စကာင်္ပူကိုပြန်လာတိုင်း Holidays are over ဆိုပေမဲ့ စိတ်ကြည်နူးရပါတယ်)

နောက်ဆုံးနေ့အကြောင်းလေးကို Vlog လုပ်ထားပါတယ်... ကြည့်ရှူအားပေးကြပါအုံးနော်... :D