Friday, January 30, 2015

To be with My Mr.Right (2) - The Surprised Proposal


The Surprised Proposal with Deadline



၂၀၁၃ ရဲ့ နေ့တစ်နေ့...

ငါအသက်
၃၀ မပြည့်ခင် မင်္ဂလာဆောင်ချင်တယ်။ ပြည့်ဖို့ ၂နှစ်ပဲ လိုတော့တယ်။ မင်္ဂလာဆောင်အတွက် ပြင်ဆင်ဖို့ ၁နှစ်အချိန်လိုတယ်ဆိုတော့ ငါ့ကို ဘဝလက်တွဲဖော်အဖြစ် ရည်ရွယ်တယ်ဆိုရင်၂၀၁၃ ဒီဇင်ဘာ နောက်ဆုံးထားပြီး Surprised Proposal လုပ်ပါ။ အဲ့ဒါပြီးမှ ၂ဘက်မိဘတွေ လူကြီးချင်း Formally ပေးတွေ့မယ်"


~~~~~~~~~~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~

မမျှော်လင့်ဆုံးအချိန်မှာ ဖူးစာရှင်နဲ့တွေ့တယ်ဆိုတာ မှန်တယ်ပဲ လက်ခံရမလားပါပဲ။ သူနဲ့ ချစ်သူတွေဖြစ်ခဲ့ပေမဲ့ ကျွန်မအတွက်တော့ ယောကျာင်္းတစ်ယောက်ရဲ့ချစ်ပါတယ် ပြောတဲ့စကားကို အာမခံချက် မယူရဲပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မအပေါ် စိတ်ရှည်လက်ရှည် သည်းခံပြီး ရေရှည်ချစ်နိုင်မဲ့ သူ ဒီကမ္ဘာမှာ ရှိပါ့မလားလို့ သံသယဝင်နေလို့ပါပဲ။ အဲ့ဒိအတွက်ကြောင့် ချစ်သူဖြစ်ပြီးခါစ သူရဲ့ ခပ်သေးသေး လိမ်ညာမှုလေးတွေကို ကိုယ်မိခဲ့ရင်တောင်မှ သိပ်တော့ မအံ့သြခဲ့ပါဘူး။

"သြော်... နင်လဲ ယောကျာင်္းထဲက ယောကျာင်္းတစ်ယောက်ပဲ... နင်လိမ်လဲ ငါဘာမှ မတတ်နိုင်ဘူး။ မပေါ်အောင် လိမ်နိုင်ရင်တော့ နင့်ကိုရွေးမိတဲ့ ငါ့ထိုက်ငါ့ကံဖြစ်လို့ ခံယုံပေါ့။ လက်မခံနိုင်အောင် လိမ်တဲ့တစ်နေ့တော့ ငါဘာလုပ်မလဲ မသိသေးဘူး"။

အဲဒိလိုပြောခဲ့ပေမဲ့ ခွင့်လွှတ်ပြီးချစ်နေနိုင်တဲ့အထဲတော့ ကျွန်မ မပါပြန်ဘူး။ စိတ်ထဲက အောင့်သက်သက်ကြီးဆိုတော့ ချစ်သော်ညားလဲ စကားပြောရတာ အဆင်မပြေဘူးလေ။ ဒီတော့ စည်းကမ်းထုတ်ထားတယ်။ လိမ်တာမိရင် ဒဏ်ငွေဆောင်ရမယ်ပေါ့။ ထပ်လိမ်တာမိရင် အရင် ဒဏ်ငွေရဲ့ ၂ဆ တိုးတိုးပြီးဆောင်ရမယ်။ ကျွန်မလိမ်လဲ ပေးမှာပေါ့။ (တော်ရုံတန်ရုံ ကျွန်မက လိမ်မပြောဘူး။ ပေါ်တင်ပဲလုပ်တာ။ ပေါ်တင်ပြောလွန်းလို့ ကိုယ့်ကိုဘယ်သူမှ သည်းမခံနိုင်တာ။ သူလိမ်တာမိတိုင်း ကိုယ်ပိုက်ဆံရမယ်ဆိုတော့ မဆိုးဘူးဟုတ်? အချိန်အခါ အခြေအနေအရတောင့် ဒီ Rule ပြောင်းတန်ပြောင်းရမှာပေါ့)။ အဲဒါ ပထမနဲ့ နောက်ဆုံးအကြိမ် သူလိမ်တာကို ကျွန်မ မိတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ သူ့အချစ်တွေကို အာမခံချက်ယူပြီး မနေဖြစ်အောင် ကိုယ့်စိတ်ကိုယ်ကို ထိန်းထားတယ်။



"ကတိတွေလာမပေးပါနဲ့... ကတိပေးတယ်ဆိုတာ နောင်ဖျက်ဖို့။ တကယ်ချစ်ရင် အလုပ်နဲ့ သက်သေပြပါ" ဟုတ်တယ် ကျွန်မကို ကတိပေးတာမကြိုက်ဘူး။ ကတိကို လွယ်လွယ်ပေးတဲ့သူတွေ လွယ်လွယ်ဖျက်ခဲ့ကြတာချည်းပဲ။ တကယ်ချစ်တဲ့သူက ကတိပေးစရာမလိုလောက်အောင် ပြီးပြည့်စုံပြီးသားလို့ ယုံတယ်။

ဒါပေမဲ့ ကျွန်မရဲ့ သူ့အချစ်တွေကို အာမခံချက် မယူချင်တဲ့စိတ်တံတိုင်းကို သူ့ဂရုစိုက်မှု၊ သူ့သည်းခံနိုင်စွမ်း၊ သူ့ ဖြည့်စည်းပေးမှုတွေနဲ့ ဖြည်းဖြည်းခြင်း ဖြိုဖျက်ခဲ့တယ်။ တစ်ခါတစ်လေ သူ့ဘက်က တစ်ခုခုပျက်ကွက်လို့ ကိုယ်စိတ်တိုမိတာတို့ (အပြင်မှာသာ စိတ်တိုနေတဲ့ပုံဆိုပေမဲ့၊ စိတ်ထဲမှာတော့ ဝမ်းနည်းအားငယ် စိတ်မကောင်းဖြစ်နေမိတာပေါ့) ဘာတို့ဆို ကိုယ့်ကိုကိုယ် သတိထားမိတယ် သူ့အချစ်ကို အာမခံချက် ယူမိနေပါလားလို့လေ။ ဟုတ်တယ်လေ ဥပမာ ရည်းစားမရခင် ကိုယ့်ဟာကိုယ်တစ်ယောက်တည်း ကျောင်းသွားနေကျ၊ သူနဲ့ ချစ်ပြီး အမြဲ ကျောင်းကြိုပေးနေတော့ တစ်ရက်တစ်လေ မအားလို့ မလာနိုင်ဘူးဆိုရင် ကိုယ်တစ်ယောက်တည်း ပြန်ရတာကို အားငယ်သလိုလို။ သတိထားမိလိုက်တဲ့အချိန်ဆိုရင် တကယ်တော့ သူ ကိုယ့်ကို တော်တော်လွှမ်းမိုးနေပါလားလို့ ထင်မိတယ်။ ဟုတ်ပါတယ်။ သူကျွန်မ မကြိုက်တဲ့ ကတိတွေ မပေးတော့ဘူး။ သူအလုပ်နဲ့ပဲ သက်သေပြခဲ့တယ်လေ။ ခုတော့ ကျွန်မ မသိစိတ်က သူ့အချစ်ကို အာမခံချက် ယူမိနေပြီ ထင်ပါရဲ့...

~~~~~~~~~~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်မက ကောင်းတဲ့ Surprised တွေကို ကြိုက်တယ်။ ကျွန်မအတွက် အရေးပါသူတွေအတွက်လဲ Surprised လုပ်ပေးရတာ သဘောကျတယ်။ Youtube မှာ surprised proposal တွေကြည့်ရင်လဲ သဘောကျတယ်။ ဒါပေမဲ့ အရမ်းကြီး ကြီးကျယ်ခမ်းနားပြီး ပိုက်ဆံအကုန်အကျများမဲ့ ဟာမျိုးတော့ မလုပ်စေချင်ပါဘူး။ ပိုက်ဆံအကုန်အကျလဲနည်းမယ်။ စိတ်ကျေနပ်စရာ Surprised လေးလဲဖြစ်မဲ့ အိုင်ဒီယာကောင်းကောင်း Surprised proposal လုပ်ဖို့က သူ့အတွက်ထုတ်လိုက်တဲ့ ကျွန်မရဲ့ မေးခွန်းပေါ့။ အဲ့ဒိအတွက် သဲလွန်စလေးအနေနဲ့ ကျွန်မ မိသားစုတွေနဲ့ သူငယ်ချင်းတွေ အကူအညီတောင်းချင် တောင်းလို့ရအောင် ဖေ့ဘွတ်တွေမှာလဲ အက်ထားကြတယ်။ သူတို့ အကူအညီမလိုအပ်တဲ့ အိုင်ဒီယာကောင်းကောင်းလေးဆိုလဲ ရတယ်။

လူတွေကမေးကြမယ်။ Surprised လိုချင်တယ်လဲပြောသေးတယ်။ Deadline ကြီးနဲ့ဆိုတော့ ဘယ် Feel လာမလဲတဲ့။ ဘယ်အချိန် ဘယ်အခါမှ Proposed မယ်မှန်းမသိပဲ ငုတ်တုတ်ထိုင်စောင့်ပြီး ကိုယ့်ရဲ့ အရေးကြီးတဲ့ အသက်အရွယ်ပိုင်းကို အကုန်မခံနိုင်ပါဘူး။ Deadline ပေးထားပေမဲ့ အဲ့ဒိအတောအတွင်း သူဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုလုပ်မယ်ဆိုတာ ကိုယ်မသိဘူးလေ။ ၂၀၁၃ ကျော်လို့မှ Proposed မလုပ်ရင် ကိုယ့်ကို ရိုးမြေကျပေါင်းဖို့ စိတ်ကူးမရှိဘူးဆိုတဲ့ အဓိပ္ပါယ်ပဲလေ။ ကိုယ့်ကို တကယ်ချစ်တဲ့သူက ကိုယ့်အတွက် စဉ်းစားပေးရမှာပေါ့။

အိမ်က ကျွန်မ မိသားစုတွေကတော့ သူ့ဘက်က ကာစီးပြီး ကျွန်မကိုပြောကြပါတယ်။ စကားတောင် လေးလုံးကွဲအောင်မပြောတဲ့သူကို Surprised Proposal လုပ်ခိုင်းတာ သိပ်တော့ မမျှော်မှန်းပါနဲ့တဲ့။ ဖြစ်မလာရင်လဲ စိတ်တိုပြီး မအော်နဲ့အုံးတဲ့။ အဲ့လို အားပေးကြတာ။ ကျွန်မစိတ်ထဲမလဲ သူ Proposed မလုပ်ခဲ့ရင်ရော ငါပြောထားမိတဲ့ စကားကို ဘယ်လို ဆင်ခြေပေးပြီး Deadline လေး နည်းနည်းတိုးပေးရမလဲ စဉ်းစားနေရတာပေါ့။ သူက ၂၀၁၃ ဒီဇင်ဘာရောက်နေပြီ ဘာမှာမှ မလုပ်တာ။

~~~~~~~~~~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၈ရက္ ဒီဇင္ဘာ ၂၀၁၃




Frozen သွားကြည့်မလား သူ ဘွတ်လိုက်မယ်တဲ့။ ကိုယ်ကတော့ ခါတိုင်းလဲ ရုပ်ရှင်ကြည့်နေကျဆိုတော့ ဘွတ်လိုက်လို့ပြောလိုက်တာပေါ့။ ခါတိုင်းဆို အွန်လိုင်း ဘွတ်ကင်းက ကျွန်မကပဲ လုပ်နေကျ အဲ့နေ့ကတော့ သူလုပ်လိုက်မယ်ဆိုတာကို ကျွန်မ သံသယ မဝင်ခဲ့မိဘူး။ သူသိပ်ကြည့်ချင်လို့ဖြစ်မှာပေါ့ပဲ ထင်ခဲ့တာပေါ့။

ဒါပေမဲ့ တကယ်ကြည့်မယ်ဆိုတော့ အိမ်နားက ကြည့်နေကျ ရုပ်ရှင်ရုံမဟုတ်ပဲ Vivo City က Golden Village ရုံမှာဘွတ်လိုက်တာတဲ့။ တစ်ခုခုဝယ်ခဲ့ဖို့ မှာလိုက်တိုင်း တစ်ခုမဟုတ်တစ်ခု မှားအောင် ဝယ်လာနေကျ ကိုယ့်ချစ်သူရဲ့ အကျင့်ကြောင့် ဒါလဲ ကျွန်မ သံသယမဝင်ခဲ့မိပြန်ဘူး။ "နင် ရုပ်ရှင်ရုံမှားပြီး ဘွတ်ကင်းတင်ပြန်ပြီ" ဆိုပြီး နည်းနည်းတော့ ပွစိပွစိလုပ်မိတာပေါ့။

Vivo City ရောက်တော့ သူ့ရဲ့ မှားနေကျ အကျင့်အတိုင်းပါပဲ။ လက်မှတ်ကောင်တာကို ဝင်တန်းစီတော့ Gold Class ဆိုရင် သာမာန်ကောင်တာမှာ မဟုတ်ဘူးတဲ့။ ဟိုဘက်ကောင်တာမှာဆိုတာ ကျွန်မပါကြားလိုက်တော့ "ဟင်... Gold Class?" (အမှန်တော့ ကျွန်မနဲ့ မလာခင်ကို အဲ့လက်မှတ်ကို သူကြိုထုတ်ထားခဲ့ရမှာ။ ခုတော့ ကောင်တာကြီးမှာ ကျွန်မက သိသွားရတော့ သူ့ရဲ့ arrangement တွေ နည်းနည်းတော့ လွဲတာပေါ့။ ဘာလို့ Gold Class ဝယ်တာလဲဆိုတော့ "ငါကြည့်ချင်လို့" တဲ့။ ကာတွန်းကားကို Gold Class မှာကြည့်ချင်တာ။ နည်းနည်းတော့ ကျွန်မ မှန်းလို့ရနေပြီး စိတ်လဲ နည်းနည်းတော့ လှုပ်ရှားတယ်။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ "ဘုရားရေ... ရုပ်ရှင်ရုံ တစ်ရုံလုံး Book ပြီး လူလည်ကောင် လက်ထပ်ခွင့်တောင်းတာ မဖြစ်ပါစေနဲ့"လို့။ (အဲလိုမလုပ်လောက်ဘူးဆိုတာတော့ သိနေပေမဲ့ လုပ်နေမှာ စိုးတာ။) အဲဒိအချိန်မှာ အဲလိုလုပ်ရင်တော့ ရှက်စရာကြီးဆိုတာပဲ တွေးမိတယ်။ အရင်က Youtube မှာ သူများတွေ ခမ်းခမ်းနားနားတွေ Surprised Proposal လုပ်တုန်းက အားကျသလိုဖြစ်ခဲ့ပေမဲ့ တကယ်တန်းကျတော့ ကျွန်မရှက်တယ်။ တကယ်တမ်းကျတော့ လူ ၂ဦးသာ အဓိကပါ။ သူကိုယ့်အတွက် ကြိုးစားပေးပါလားဆိုတဲ့ အတွေးက ရင်ကို နွေးထွေးစေတာပါ။ Gold Class မှာ ထိုင်စောင့်နေတုန်းတော့ ကျွန်မ စိတ်လှုပ်ရှားခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။ မြန်မာဓလေ့တော်တော်များများမှာ Surprised Proposal ဆိုတာ မရှိဘူးလေ။ ချစ်သူသက်တမ်းကြာလာရင် ဒီလိုပဲ တိုင်တိုင်ပင်ပင်နဲ့ မင်္ဂလာပွဲကို စစီစဉ်ကြတာပဲ။ ကိုယ်ကတော့ သူသာ Surprised Proposal မလုပ်ခဲ့ရင် သမရိုးကျအတိုင်းပဲ စီစဉ်ရတော့မှာပဲလို့ စိတ်ပြင်ဆင်ထားပေမဲ့ သူ့ဆီက ခုလို တရားဝင် အားစိုက်ထုတ် စီစဉ်ပြီး လက်ထပ်ခွင့်တောင်းတာကို လိုချင်တာ။

ရုံထဲမဝင်ခင် ဆိုဖာတွေပေါ်ထိုင်နေတဲ့အချိန်မှာပဲ ရုံရှင်ရုံထဲ Delivery လုပ်ဖို့ စားသောက်ဆိုင်က မုန့်တွေဘာတွေသူမှာနေတော့လဲ သိသိကြီးနဲ့ကို ကျွန်မ ဒူးတွေတုန်နေမိတယ်။ စိတ်ထဲလဲ ငိုချင်သလိုလို။ အော်... အဲ့ဒါကြောင့် Youtube ပေါ်က ကောင်မလေးတွေ ငိုကြတာကိုး။ ကိုယ်ငိုချင်တာကတော့ ခံစားချက်တွေ ရောထွေးနေတာပဲ။ ရှက်တာရော၊ ဝမ်းသာတာရော၊ သူ့အားစိုက်ထုတ်မှုအတွက် သူ့ကို ကျေးဇူးတင်တာရောပေါ့။ ဘယ်သူပြောလဲ Deadline နဲ့ Proposal က feel မလာဘူးလို့?



မုန့်မှာပြီး ထိုင်နေတဲ့ အချိန်မှာပဲ သူဘောင်းဘီအိတ်ထဲက လက်စွပ်လေးကို ထုတ်ပြီး proposed လုပ်တယ်။ အမှန်တော့ ၂၀၁၃ ဒီဇင်ဘာပြန်ရင် သူ Proposed လုပ်လုပ် မလုပ်လုပ် မိဘတွေချင်း ပေးတွေ့ပြီး ၂၀၁၄ မင်္ဂလာပွဲလုပ်ဖို့ စီစဉ်ပြီးသား။ အဲ့ဒိအတွက် မင်္ဂလာလက်စွပ်လဲ ဝယ်ပြီးသား။ အဲ့ဒိ မင်္ဂလာလက်စွပ်နဲ့ပဲ Proposed လုပ်ဖို့ ကျွန်မက ပြောထားပေမဲ့ လက်စွပ်ကို ကျွန်မက သိမ်းထားတော့ Proposal အတွက် နောက်လက်စွပ်တစ်ကွင်း သူထပ်ဝယ်လိုက်ရရော။ သူလက်စွပ်ထုတ်ပြီး ပြောတော့လဲ ကိုယ်လဲ ကြောင်တောင်တောင် သူလဲ ကြောင်တောင်တောင်ပါပဲ။ လုပ်ကြည့်တော့ အတော် ရှက်ဖို့ကောင်းသား။ ခွီး.... (လူတွေအများကြီးရှေ့ Attention Seeker မလုပ်ပဲ အေးအေးလူလူ Proposed လုပ်ခဲ့တဲ့အတွက် ကျေးဇူးပါ ချစ်သူ)...

Frozen ရုံထဲရောက်တော့ Romantic Movie လေးများကြည့်ရမလားလို့ ဘေး အလည်ခုံက အဖြူမိသားစုက ကလေးတွေက အော်ဟစ်ပြေးလွှားနေကြလို့ ...
"ဟာ... ကလေးတွေကလဲ ရှုပ်လိုက်တာ။ အော်... ငါ ဘွတ်မိတာ ကာတွန်းကားဖြစ်နေတာကိုး... " ဆိုပြီး သူ မကျေမချမ်းပြောတော့မှ ကျွန်မ ရီလိုက်ရတာ....

အရင်က လက်ထပ်သွားတဲ့ သူငယ်ချင်းတွေကို ကျွန်မ မေးဖူးတယ်။ "ယောကျာင်္းတွေအများကြီးရှိတဲ့အထဲကမှ သူ့ကို ဘဝလက်တွဲဖော်အစစ်ဆိုတာ သေချာဘယ်လိုသိလဲ" လို့။
အားလုံး ပြန်ဖြေကြတာတော့ "ကိုယ့်လက်ထပ်ချင်တဲ့သူ ကိုယ့်ဘဝလက်တွဲဖော်အဖြစ် အဆင်ပြေမဲ့သူဆိုတာ သူပဲလို့ စိတ်ထဲကကို အလိုလိုသိနေတာ" တဲ့။

အဲ့ဒိအဖြေက သိပ်တော့ convinced မဖြစ်ခဲ့ပေမဲ့ ကျွန်မလဲ သူ့အချစ်တွေကြောင့် သူပဲ ဆိုတာ သေချာတယ်လို့ စိတ်ထဲဖြစ်မိတယ်။


Thursday, January 22, 2015

To be with My Mr.Right (1)

Fated to meet you


“ဟင်”
အနည်းငယ် စိတ်ပျက်စွာ အာမေဍိတ် သံတစ်ခု ကျွန်မပါးစပ်က လွှတ်ကနဲ ထွက်သွားသည်။


~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~

လူတိုင်းလူတိုင်းမှာ ငယ်ငယ်က အကြောင်းအမျိုးမျိုးကြောင့် ကိုယ် သတိထားမိခဲ့သော သူတွေရှိကြမည်။ ကိုယ်ဘက်ကသာ သိခဲ့ပြီး တဖက်သူက ပြန်မသိခဲ့သောသူများလဲရှိမည်။ သတိထားခဲ့မိတယ်ဆိုတဲ့စကားကို ဒီအဓိပ္ပါယ်လောက်အတိုင်းပဲ တွေးစေချင်သည်။ စိတ်ဝင်စားသည်၊ ကြိတ်ကြိုက်သည် စသည့် အပို အဓိပ္ပါယ်များထည့် မတွေးစေရန် ကြိုတင်မှာကြားချင်ပါသည်။ ဟုတ်ပါသည်။ ငယ်ငယ်က လမ်းထဲမှာ တခြားရွယ်တူ၊ ရွယ်မတူ သူငယ်ချင်းများစွာဖြင့် လက်လက်စင်အောင် ဆော့သော ကျွန်မ၊ အိမ်ထဲမှာသာနေပြီး ပုဆိုးလေးအမြဲဝတ်ကာ တစ်ခါတစ်လေမှ ကျွန်မတို့ အိမ်အောက်က ကာတွန်းစာအုပ်ဆိုင်မှာ စာအုပ်လာလာငှားတတ်သော သူ့ကို ကျွန်မ သတိထားမိခဲ့ပါသည်။ ကျွန်မနှင့် ဆော့နေကျ သူငယ်ချင်းနှင့် သူနှင့် သိသဖြင့် တစ်ခါတစ်လေ သူတို့ ၂ယောက် စကားပြောနေသဖြင့် ဆော့တာခဏရပ်ပြီး စောင့်ခဲ့ရသဖြင့်လဲ ကျွန်မသူ့ကို ကောင်းကောင်းသိသည်။ အဲဒိအချိန်တုန်းကတော့ သူဘာလို့ ငါတို့နဲ့ ဆင်းမကစားတာလဲဟု တွေးမိကောင်း တွေးမိခဲ့မည်။ အပေါင်းအသင်းမင်တဲ့ ကျွန်မကတော့ အနေအေးတဲ့သူနဲ့လဲ သူငယ်ချင်းဖြစ်ချင်ခဲ့မိသည်။


~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~

The First Chapter




သူပြသော သူ့ ဖေ့ဘွတ်က ပုံကို ကြည့်ကာ ကျွန်မ အနည်းငယ်တော့ စိတ်ပျက်မိသည်။ တစ်ခါတစ်ရံမှာ ငယ်ငယ်က ချောတယ်ဟု ထင်ခဲ့သော သူတစ်ယောက်ကို ခုကြီးလို့ ပြန်တွေ့တော့မှ ချောလဲမချောပဲ ငယ်ငယ်က ငါဘာလို့ချောတယ်ထင်တာလဲဆိုတဲ့ အခြေအနေမျိုး ကြုံဖူးကြလိမ့်မည်ထင်သည်။ ခုလဲ ထိုနည်းလည်းကောင်းပင် ငယ်ငယ်က အသားဖြူဖြူ ပုဆိုးလေးသပ်သပ်ရပ်ရပ်ဖြင့် ချစ်စရာကောင်းသော ကလေးတစ်ယောက်ဟု ကျွန်မ ထင်ခဲ့သောသူသည် ခုတော့ ဓာတ်ပုံထဲတွင် နှုတ်ခမ်းမွှေးစစ၊ မုတ်ဆိတ် စစ၊ ဆံပင်ဘုတ်သိုက်၊ ဂျင်းဘောင်းဘီပွပွကြီးဖြင့်။

ဟုတ်ပါသည်။ ကျွန်မနှင့်သူ အွန်လိုင်းကနေ သူငယ်ချင်းဖြစ်တာ ၁နှစ်လောက်ရှိခဲ့ပါပြီ။ သူက အင်္ဂလန်မှာ တက္ကသိုလ်တက်နေသည်ဟု သူငယ်ချင်းဆီက သိရသောကြောင့် ဂျီမေးလ်တော့ သုံးတတ်မှာပေါ့ဟု ဆိုကာ သူ့အီးမေလ်းလိပ်စာကို ငယ်သူငယ်ချင်းဆီက နောက်ချင် ဇောဖြင့် တောင်းဖြစ်သွားခြင်းဖြစ်သည်။ ငယ်ငယ်က စကားမပြောဖြစ်ခဲ့လို့ ခုလူကြီးဖြစ်ပြီဆိုတော့ ကျွန်မ စကားပြောရဲသွားတာလဲပါမည်။ အဓိက သူနဲ့ စကားပြောဖြစ်ရတဲ့ အကြောင်းရင်းကလဲ ကျွန်မက ညဘက်အလုပ်ဆင်းရသည်။ သူ့ဆီမှာက နေ့ဘက်ဆိုတော့ ကျွန်မအလုပ်ထဲမှာ အိပ်မငိုက်အောင် Chat စရာ အွန်လိုင်းကလဲ သူတစ်ယောက်တည်းရှိနေတာလဲ ပါသည်။

ညတိုင်းမချက်ဖြစ်ပေမဲ့ ဒီလိုပဲ မေးထူးခေါ်ပြော ချက်ဖြစ်ခဲ့သည်။ ကျွန်မက သူ့ကို သိတယ်ဆိုတာနဲ့ သူ့ကိုယ်သူ မာန်တက်နေသလားတော့မသိ တစ်ခါတစ်လေ reply က မလာ။ ကိစ္စမရှိပါ။ ကိုယ်ကလဲ အလုပ်ထဲမှာ ပျင်းလို့ ချက်နေခြင်းသာ။ သူကျွန်မကို ထင်ချင်သလိုထင်နိုင်တယ်။ သူက ကျွန်မအတွက် အရေးပါသူမှ မဟုတ်သေးတာ။ ပေါ့ပေါ့ပါးပါး ရင်းရင်းနှီးနှီးပဲ စကားပြောတယ်။ ရင်းနှီးဆို ကျွန်မ မျက်စိရှေ့တင် သူကြီးလာတာကိုး (အတူတူကြီးပြင်း လာတာကိုပြောတာ ခွိ)…

~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~

First Meeting (February 2011)




ဘယ်တော့မှ တွေ့မှာ မဟုတ်ဟုထင်နေသော သူ စကာင်္ပူကိုရောက်နေတယ်ဆိုတာ သိရတော့ ကျွန်မ စိတ်ထဲတော့ တမျိုးကြီးဖြစ်သွားသည်။ ဒါ့အပြင် သူက ကျွန်မနှင့် တွေ့ချင်သည်ဟုဆိုသည်။ စိတ်ထဲတွင်တော့ တွေ့ချင်စိတ် တစ်ဝက်၊ မတွေ့ချင်စိတ် တစ်ဝက်။

ငယ်ငယ်ကချစ်စရာကောင်းတယ်ဟုထင်ခဲ့သော ကလေးလေးက ခုလူကြီးဓာတ်ပုံကြီးကြည့်တော့ ကျွန်မ Type မဟုတ်တာသေချာသည်။ အပြင်မှာတွေ့မှ ပိုဆိုးနေမှာ စိုးသည်။ တော်ကြာကျမှ စကားပြောရင် တံတွေးတွေထွက်တတ်တဲ့ သူလား၊ ညစ်ညစ်ပတ်ပတ်နေတတ်တဲ့ သူလား၊ အပြင်သွားရင် တွက်ကပ်တတ် တဲ့သူများ ဖြစ်နေမလား၊ Personality ကရော ပုံမှန်ဟုတ်ပါ့မလား၊ ငါ့အတွက်နဲ့ စကာင်္ပူထိလာတယ်ဆိုရင်တော့ Psycho ကြီးပဲ ဖြစ်မှာပဲ (မဟုတ်လောက်ပါဘူး) စသည်ဖြင့် စိတ်တထင့်ထင့်။

ဒါပေမဲ့ ဘဝကပေးထားတဲ့ သင်ခန်းစာတွေအရ လူတိုင်းကို အခွင့်အရေးတစ်ခါတော့ ပေးသင့်တယ်လို့ ယူဆခဲ့တယ်။ ငယ်ငယ်က ကိုယ့်ကို စိတ်ဝင်စားလို့ ချစ်ရေးဆိုတဲ့သူတွေကို ခါးခါးသီးသီးငြင်းခဲ့တာတွေရှိခဲ့တယ်။ အဲဒါ မကောင်းဘူး ရန်များတယ် အမြင်ကပ်ခံရတယ်။ ကြိုးရှည်ရှည်နဲ့ လှန်ထားတာ မကောင်းဘူးဆိုပေမဲ့ ယောကျာင်္းတစ်ယောက်ရဲ့ မာနနဲ့ သိက္ခာအတွက် ပစ်ပစ်ခါခါတော့ မငြင်းသင့်ဘူးလေ။ အမှန်တော့ သူက ကိုယ့်ကို ချစ်တာပဲ မုန်းလို့ ရန်လိုက်ရှာနေတာမှ မဟုတ်တာ။ ကိုယ်မကြိုက်ရင် မကြိုက်ဘူး ကောင်းကောင်းမွန်မွန်ပြောပေါ့ မျှော်လင့်ချက်တော့ မပေးနဲ့ပေါ့။ တစ်ခါတစ်လေ မိတ်ဆွေကောင်းတစ်ယောက်တောင် တိုးပါသေးတယ်။

ဒါပေမဲ့ ကျွန်မသူ့ကို မကျေနပ်တာ တစ်ခုရှိသည်။ သူ့ စကာင်္ပူ ဖုန်းနံပါတ် အမှားကြီး ကျွန်မကို ပေးခဲ့တာကိုပေါ့။ အဲ့ဒိညက မကြာသေးခင်ကမှ Online မှာ Chat ထားတော့ မအိပ်လောက်သေးဘူးထင်ပြီး အလုပ်က ကျွန်မ Tea Break အချိန်မှာ ဖုန်းလှမ်းခေါ်လိုက်တော့ တခြား မြန်မာတစ်ယောက်ဆီရောက်သွားပြီး အချိန်မတော်ကြီး ဖုန်းခေါ်လို့ အအော်ခံလိုက်ရသည်။ သူပဲ သူ့ကို ဖုန်းဆက်ပါဆိုပြီး ဖုန်းနံပါတ်ပေးပြီး နံပါတ်အမှားကြီးလာပေးတာ ဘာအထာလဲဟု တော်တော် ဘုသွားသည်။ (နောက်နေ့ အွန်လိုင်းမှာ ပြန်တွေ့လို့ အဲ့ကိစ္စကို ပြောတော့ သူ့ဖုန်းနံပါတ်ကို သူကိုယ်တိုင် တကယ်ပဲ အဲ့ နံပါတ်ထင်နေတာ သူ့ဖုန်းနံပါတ် သူမှား မှတ်ထားမိတာလို့ ပြန်ဖြေပါတယ်။ ဘယ်လောက် အူကြောင်ကြောင်နိုင်လိုက်သလဲ။)…

~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~



Vivo တွင်တွေ့ဖို့ ချိန်းထားပေမဲ့ နေရာ အတိအကျမပြောထား။ ဖုန်းတွေရှိနေတော့ ရောက်မှဖုန်းဆက်လိုက်မယ်ပေါ့။ ကျွန်မကလဲ သူ အူကြောင်ကြောင်လူတစ်ယောက် ဖြစ်လိမ့်မယ်ထင်တယ်လို့ပဲ စိတ်ကို ပြင်ဆင်ထားတယ်။

“ငါ စိတ်လျော့ထားမှ”

မိန်းကလေးတို့ထုံးစံအတိုင်း နောက်ကျမှ အိမ်ကထွက်လာဖြစ်တယ်။ တိုက်စီပေါ်မှာ ဖုန်းကြည့်ရင် ခေါင်းမူးတတ်တဲ့ အကျင့် ကျွန်မမှာရှိတယ်။ သူက အချိန်တော့မှန်သား နောက်မကျဘူး။ သူရောက်နှင့်နေပြီ ဘယ်မှာစောင့်ရမလဲလာမေးတယ်။ Vivo ကြီးဒီလောက်ကြီးတာ သူဘယ်နားရောက်နေမလဲ ကျွန်မဘယ်လိုလုပ်သိလို့ ဘယ်နားမှာစောင့်နေလို့ ကျွန်မက ပြောရမှာလဲ။ သူရောက်နေတဲ့ နေရာကိုပြော ကျွန်မလာခဲ့မယ်လို့ ပြောလိုက်တယ်။ သူကလဲ ဘယ်နားစောင့်နေရမလဲ ထပ်မေးတယ်။ ဒါနဲ့ Starbuck မှာစောင့်လို့ ဒီကနေ ခွင့်ပြုချက်ရမှပဲ Starbuck မှာ စောင့်တယ်။ ကျွန်မကလဲ ကားပိတ်လို့ တော်တော်လေး နောက်ကျသွားတယ်။ ကျွန်မရောက်တော့ သူ့ကို ဘယ်မှာလဲမေးတော့ Starbuck မှာ မဟုတ်တော့ဘူးလို့ပြောတယ်။ ကျွန်မကလဲ သူ့ကို ဘယ်လို အူကြောင်ကြောင်လဲလို့ စိတ်ထဲသတ်မှတ်ထားတော့ နဂိုကတည်းက စိတ်တိုတတ်တဲ့ အကျင့်အတိုင်း အော်လိုက်မိရော…

“စောစောကတော့ ဘယ်မှာစောင့်ရမလဲမေးတယ်။ Starbuck မှာစောင့်ဆိုတော့ Starbuck မှာ မစောင့်ဘူး! အာ့ဆို ဘာလို့မေးနေသေးလဲ!! ” ဆိုပြီးတော့။
(အဲဒိအချိန်ကစပြီး ကျွန်မကို အပျော့နည်းနဲ့ စိတ်တိုအောင် အနိုင်ကျင့်ခဲ့တာ ခုထက်ထိလဲ အဲ့တာဝန်ကို ဆက်လက်ထမ်းဆောင်နေတုန်းပဲ။ ခုတော့ လူတွေက အသံကျယ်တဲ့ ကျွန်မ character ကိုပဲတွေ့ပြီး သူ့ပဲ ၀ိုင်းသနားနေကြတာတွေ့တော့ ရီတောင် ရီလိုက်ချင်သေး။ ကျွန်မက မိအေးသာ။ သူက ဂဏန်း)

လူချင်းမတွေ့ခင်ကတည်းက အွန်လိုင်းမှာ ပွင့်ပွင့်လင်းလင်းပဲကြိုပြောထားခဲ့တယ်။ ကျွန်မနဲ့လာတွေ့ရင် လူကို လေးစားတန်ဖိုးထားတဲ့အနေနဲ့ ကောင်းမွန် သပ်ရပ်စွာ ဝတ်လာပါလို့။ ဓာတ်ပုံထဲက ပုံစံနဲ့လာရင်တော့ အတွေ့မခံပဲ လှည့်ပြန်မှာလို့။ ဖုန်းနံပါတ် အမှားကြီးပေးကတည်းက အမှတ်တော်တော်ရှော့ထားတာဆိုတော့ သူ စိတ်ပျက်သွားလဲ ပြီးတာပဲဆိုပြီး ပေါ်တင်ပြောလိုက်တာ။ အပြင်မှာတွေ့တော့ ဓာတ်ပုံထဲကထက် အတော်လေး ကြည့်ကောင်းတယ်။ သပ်သပ်ရပ်ရပ်လဲရှိတယ်။ ကျွန်မတွေးထားခဲ့တဲ့ Personality ပြဿနာတွေ တစ်ခုမှမရှိဘူး။ ကျွန်မရဲ့ အခွင့်အရေး တစ်ခါတော့ ပေးသင့်တယ်ဆိုတဲ့ နိယာမက မှန်သွားတယ်ပေါ့။

Wednesday, January 21, 2015

Free & Easy Korea Trip Day 6 - Gyeongbukgung Palace, N Seoul Tower and back to reality


Date: 14th July 2014, Monday
ကျွန်မတို့ စကာင်္ပူပြန်မဲ့လေယာဉ်ချိန်က ညနေ ၄နာရီလောက်မှဆိုတော့ မနက်ပိုင်းတစ်ပိုင်းကို သွားဖို့ ချန်ထားခဲ့တဲ့ မြို့ထဲက Gwanghwamun ဂိတ်နဲ့ Gyeongbukgung နန်းတော်၊ နောက်ပြီး ကျွန်မတို့ တည်းခိုခန်းဘေးမှာတင်ရှိတဲ့ နန့်ဆန်းတောင်ပေါ်က ဆိုလ်းတာဝါ စတဲ့ နေရာတွေ အလှည့်ပဲဖြစ်ပါတယ်။ တည်းခိုခန်းမှာ မနက် ၉နာရီလောက် ကိုဖေစစ်နိုင်လာခေါ်ပါတယ်။ တည်းခိုခန်းဝန်းထဲက ဥယျာဉ်လေးထဲမှာ ဓာတ်ပုံရိုက်လိုက်ပါသေးတယ်။


24 Namsam Guest house ၀န်းအတွင်းက ပန်းခြံလေး...


We were not happy with their service for not keeping their words... We will not stay there again.

Greeting to Gwanghwamun Gate


Gwanghwamun ဂိတ်ဆိုတာက Gyeongbukgung နန်းတော် ဝင်ပေါက်တွေထဲက အဓိက ဝင်ပေါက်တစ်ခုဖြစ်ပါတယ်။ မူလ Gwanghwamun ဂိတ်ကို ၁၃၉၅ ခုနှစ် ဂျုံဆွန်းခေတ်မှာ Granite (နှမ်းဖတ်ကျောက်၊ လိပ်သည်းကျောက်) ကျောက်တုံးတွေ စတင်တည်ဆောက်ခဲ့တာဖြစ်တယ်။ Gwanghwamun ဂိတ်မှာ ကိုရီးယားလူမျိုးတွေအတွက် နာကျင်စရာ သမိုင်းကြောင်း တွေရှိခဲ့ပါတယ်။ ဂျပန် ကိုလိုနီခေတ်က ဂျပန်စစ်ဗိုလ်ချုပ်တစ်ယောက်ဟာ ကိုရီးယားလူမျိုးတွေရဲ့ စိတ်ဓာတ်တွေကို ချိုးနှိမ်ဖို့အတွက် ဒီမူလ ဂိတ်ကြီးကို ဖြတ်ပြီး သူတို့ ဂျပန်အစိုးရအဆောက်အဦးကို ဆောက်လုပ်ခဲ့ပါတယ်။ လက်ရှိမြင်နေရတဲ့ ဂိတ်ကြီးက ၁၉၆၈ ခုနှစ်မှာ ကွန်ကရစ်ကို အသုံးပြုပြီး ပြန်လည်တည်ဆောက်ထားတာဖြစ်ပြီး မူလ ဂိတ်ထက် ၁၀ မီတာ နောက်ရောက်တယ်လို့ သိရပါတယ်။ အဲ့ဒိအတွက်ကြောင့် ရှိသမျှ နန်းတော်ဝင်ဂိတ် ၅ခုထဲမှာ Gwanghwamun ဂိတ်က အလှဆုံးပေမဲ့ ကိုရီးယားအစိုးရက တိုင်းပြည်ရဲ့ အမွေအနှစ် တစ်ခုအနေနဲ့ သတ်မှတ်ခြင်းမခံရပါဘူးတဲ့။

Gwanghwamun က မနေ့က ညနေက ကျွန်မတို့ရောက်ခဲ့တဲ့ ကျောက်ရုပ်ကြီးတွေနောက်က ဂိတ်ပဲဆိုတော့ ပြန်သွားရတာ မခက်ပါဘူး။ အဲ့ဒိဂိတ်ရှေ့မကူးခင် အဆောက်အဆုံတစ်ခုက ပိုစတာမှာ “Radio & TV change the world” လို့ရေးထားလို့ သူတို့လို ရုပ်ရှင်တွေ Kpop တွေနဲ့ အာရှစျေးကွက်ကိုဖောက်ခဲ့တဲ့ နိုင်ငံအတွက်တော့ ဟုတ်မှာပေါ့ဆိုပြီး သဘောကျမိတာနဲ့ အဲဒိစာသားကို ဓာတ်ပုံရိုက်ဖို့ အစ်မကိုပြောတော့ အစ်မနဲ့သူငယ်ချင်းနဲ့ ၂ယောက်က ဘာမှ မထူးဆန်းတဲ့ အဲဒိ အဆောက်အအုံကြီး ဓာတ်ပုံရိုက်ကျန်ခဲ့ကြရော။ ကိုဖေစစ်နိုင်ကြီးက အချိန်မမှီမှာစိုးလို့ ရှေ့က သုတ်သုတ်သွားနေတာ နောက်လှည့်ကြည့်တော့ ပါမလာကြဘူးဆိုတော့ ဘာလုပ်နေတာလဲတဲ့… ကိုယ်က အော် သူတို့ ဟိုမှာ ဓာတ်ပုံရိုက်နေတာဆိုတော့ သူက နားမလည်နိုင်တဲ့ပုံစံနဲ့ အဲ့မှာ ဘာရှိလို့လဲတဲ့။ ဘာထူးခြားလို့လဲတဲ့။ အမှန်တော့ ဘာမှလဲ မထူးခြားပါဘူး။ ဒီလိုပဲရိုက်ချင်လို့ရိုက်တာလို့ တိုးရစ်ဆိုတာအဲလိုပဲလို့ မဗေဒါကပြောတော့ သူနားမလည်နိုင်ဖြစ်နေတဲ့ပုံက တကယ်ရီစရာကောင်းတယ်။ အင်းပေါ့လေ… အမြဲနေနေတဲ့သူအတွက်က ဘာမှ မထူးဆန်းဘူးလေ။ ခဏလာတဲ့သူအတွက်ကတော့ ရောက်တုန်းလေး ရတာ အကုန်ရိုက်မှာပေါ့။ (ငယ်ငယ်ကတည်းက ရွှေတိဂုံဘုရားသွားရင် ဘာဓာတ်ပုံမှ မရိုက်ဖြစ်လို့ ခုမြန်မာပြည်ပြန်မှ တန်ဖိုးသိပြီး ခဏခဏရိုက်ဖြစ်သလိုပေါ့) အရမ်းနီးနေရင် မမြင်တတ်တော့တာ သဘာဝပဲ။

ဂိတ်ပေါက်မှတော့ လူများတယ် ပြီးတော့ အရမ်းနီးရင် ဓာတ်ပုံထဲ မပါတော့ဘူးလေ။ အဲဒါကြောင့် မနေ့က ကျောက်ရုပ်ကြီးတွေဆောက်ထားတဲ့ အလယ်ကြော ပလက်ဖောင်းဘက်ကရိုက်မယ်တဲ့… ကားလမ်းမအလယ်က ပလက်ဖောင်းအလယ်ကြော၊ နေတော့ပူတယ်၊ အရိပ်လဲမရှိဘူး။ ရှက်တော့ရှက်တာပေါ့။ ဒါပေမဲ့ ကိုယ်က တိုးရစ်ပဲ ရိုက်ရမှာပေါ့နော်။


Guanghwamum Gate နဲ႔အတူ...


Gyeongbukgung နန်းတော် ကို အလည်တစ်ခေါက်



Gwanhuamun Gate ကနေ ဝင်လိုက်ရင် Gyeongbukgung နန်းတော်ထဲထပ်ဝင်ဖို့ အုတ်တံတိုင်း

အထဲကို ဝင်တော့ ဝင်ကြေး တစ်ယောက်ကို ဝမ် ၃၀၀၀ ပေးရတယ်။ ဝင်ကြေးပေးတဲ့ အပေါက်ရှေ့မှာပဲ ကိုရီးယားတွေတီးတဲ့ ဗုံကြီးချထားတယ်။
နန်းတော်အကြောင်း ဗဟုသုတအနေနဲ့ နည်းနည်းပြောရရင်တော့ ဒီနန်းတော်ကို ၁၃၉၅ ခုနှစ်ကတည်းက ဆောက်လုပ်ခဲ့တာဖြစ်ပြီး “မြောက်ဘက်နန်းတော်” (Northern Palace) လို့လဲ ခေါ်တယ်။ နန်းတော် ၅ခုရှိတဲ့အထဲမှာ အလှပဆုံးနဲ့ အခန်းနားဆုံး နန်းတော်ဖြစ်တယ်။ ၁၅၀၀ ခုနှစ်တွေမှာ နန်းတော် မီးလောင်တာရယ်၊ ဂျပန်တွေနဲ့ စစ်ဖြစ် ခဲ့တာတွေရယ်ကြောင့် နန်းတော်ရဲ့ တချို့နေရာတွေ ပျက်စီးခဲ့ပေမဲ့ ၁၈၆၄ ခုနှစ် Heungseon Daewongun နန်းတက်တဲ့အခါမှာ ဟိုး King Sejong ခေတ်က ရှိခဲ့တဲ့ နန်းတော်ခန်း ၇၇၀၀ အတိုင်း ပြန်ပြီး restore လုပ်ခဲ့တယ်။ Joseon ခေတ်ကတည်းက မူလအတိုင်းရှိနေတဲ့ အဆောက်အဦးဆိုလို့ နန်းတော်ထဲက ရေကန်ရယ် (Hyangwonjeong Pond)၊ အဲ့ရေကန်ထဲမှာဆောက်ထားတဲ့ ဇရပ်ရယ် (Gyeonghoe-ru Pavilion) ပဲရှိပြီး ရှေးဟောင်း လက်ရာတွေကို တွေ့နိုင်တယ်။


ဝန်းထဲက ကိုရီးယား ဗုံနဲ့...

General Tourist Information
Closed on Tuesdays (အင်္ဂါနေ့ပိတ်သည်)
Operating Hours (ဖွင့်ချိန်)
January-February 09:00-17:00 / March-May 09:00-18:00
June-August 09:00-18:30 / September-October 09:00-18:00
November-December 09:00-17:00
* Last admission: 1 hr before closing.
* Operating hours are subject to change depending on circumstances.

[Summer special operating hours (7.30-8.11.2014)]
19:00~22:00 (last admission at 21:00)
※ Ticket box will close 1hr before closing time.
※ Times are subject to change.

Admission Fees (ဝင်ကြေး)
Adults (ages 19-64): 3,000 won / Group (over 10): 2,400 won
Children (ages 7-18): 1,500 won / Group (over 10): 1,200 won

Directions (လမ်းညွှန်)
Gyeongbokgung Palace Station (Seoul Subway Line 3), Exit 5.
OR,
Gwanghwamun Station (Seoul Subway Line 5), Exit 2.

ပိုသိချင်ရင် ဒီမှာဖတ် http://english.visitkorea.or.kr/enu/SI/SI_EN_3_1_1_1.jsp?cid=264337 .

ဝင်ပေါက်ကနေ ဝင်လိုက်တာနဲ့ တန်းတွေ့တာကတော့ အဆောင်အကြီးကြီးတစ်ခုပေါ့။ အဲ့သွားတဲ့သူတိုင်းတော့ အဲ့မှာ ဓာတ်ပုံရိုက်ကြမှာပါ။ ရုပ်ရှင်တွေထဲကလိုပဲ တံတိုင်းနဲ့ ကပ်ရပ်မှာတော့ လူသွားစင်္ကြန် အမိုးတွေရှိတယ်။ အဆောင်ကြီးကသာ အလည်မှာထီးထီး။ ဘုရင်တွေ ပွဲလုပ်ရင် အဲဒိ ကွင်းပြင်ကြီးမှာ မူးကြီးမတ်ရာတွေ စစ်သည်တွေ တန်းစီရပ်ရတာ ရုပ်ရှင်ထဲမှာ မြင်ဖူးတယ်ဟုတ်? အဲ့ဒိနန်းတော်ထဲမှာလဲ ရုပ်ရှင်တော်တော်များများရိုက်ဖူးတယ်။ ခုလောလောဆယ်မှတ်မိနေတာတော့ Rooftop Prince ရိုက်ဖူးတာတော့ သေချာတယ်။


နန်းတော်ဝန်းထဲ ဝင်ခါနီး...


Snap shot by my friend...


Over there!!

Photograph by Phay Sitt Naing

နန်းတော်ဝန်းက အတော်ကြီးတယ် တခြားဘက်မှာဘာတွေရှိလဲတော့မသိဘူး။ ကိုယ်တွေလဲ အပေါ်ယံပဲကြည့်ဖြစ်တယ်။ တခြား တိုးရစ်တွေအရမ်းများလို့။ ပြီးတော့ ကိုယ့်နိုင်ငံက နန်းတော်ကို ပိုခမ်းနားတယ်လို့ထင်လို့ (ရှူးတိုးတိုး…. ကိုရီးယားတွေကိုတော့ မပြောနဲ့နော်)… နောက်တစ်ချက်က အချိန်မလောက်မှာစိုးလို့… Seoul Tower သွားဖို့ ကျန်သေးတယ်လေ။ ရေကန်နဲ့ ဇရပ်ဘက်ကိုတော့ ရောက်ဖြစ်တယ်။ ဓာတ်ပုံရိုက်ဘာရိုက်ပေါ့။ ၂၀၀၉ တုန်းက လာတုန်းက ဂိုက်ရှင်းပြထားတဲ့ အဲဒိ Pavilion အမိုးဒေါင့်က မျောက်ရုပ်ထုတွေဘာတွေကိုတော့ မှတ်မိနေပါသေးတယ်။ အကြောင်းအရာတော့ ခပ်မေ့မေ့ပေါ့။

အဲဒိနေ့ ဓာတ်ပုံရိုက်ရတာ ကိုယ့်ကိုကိုယ် စိတ်တိုင်း မကျလှပါဘူး။ ဝတ်လာမိတဲ့ အကျီင်္က ခါးအောက်ပိုင်းကို အစည်းဖြစ်နေတော့ ဓာတ်ပုံထဲမှာ နဂိုထက် ပိုဝတယ်လို့ထင်ရတယ်။ လူက အစကတည်းက ဝပါတယ်ဆိုမှ။ မျက်နှာကပ်ရိုက်တော့လဲ မျက်နှာကပြဲ… ဟီး… ဓာတ်ပုံဆရာကတော့ မနေ့ကထက် အတော်တိုးတက်လာတယ်။ ကျွန်မတို့ ဘယ်လိုပုံလိုချင်လဲ သဘောပေါက်လာတယ်။

ဘေးဘက်က လမ်းလျှောက်တဲ့ ကော်ရီဒါ...

ဖိုတိုဂရက်ဖာ သူငယ်ချင်းရှိတာ Group photo လှလှရိုက်ဖို့ အဆင်အရမ်းပြေ... :P

နန်းတော်ထဲက ရေကန်... Roof top prince ဒီမှာလာရိုက်သလား မသိ...

Another group photo...

My sis လက္ရာ...

Photograph by my friend...

Yay.... Group selfie with my Gopro...

အဲဒိမှာ ခဏပဲနေပြီး Seoul Tower သွားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့ နန်းတော် ကနေ တိုက်စီနဲ့ပဲသွားဖြစ်တယ်။ Cable car ရှိတဲ့နေရာ ဒုတ်ဒုတ်ရောက်။ ကိုဖေစစ်နိုင်က တိုက်စီခတွေရော နန်းတော်ဝင်ကြေးတွေရော ပိုက်ဆံတွေ ဇွတ်ရှင်းလို့ တိုက်စီခတော့ မနည်းလုပေးရတယ်။ လူက တစ်နေရာရောက်တိုင်း ပိုက်ဆံလုရှင်းနေရတော့ စိတ်ရှုပ်လာလို့ သူ့ကို အော်လိုက်မိတယ်။ ရှင်းပြလဲ မရဘူး။ မဟုတ်ဘူး ဧည့်သည်က မပေးနဲ့ အိမ်ရှင်ကပဲ ပေးမယ်ဆိုတာချည်း ဇွတ်။ မဗေဒါက အစကတည်းက အသံက ကျယ်ကျယ်ဆိုတော့ သူငယ်ချင်းနဲ့ အစ်မက အားတွေနာပြီး ကျွန်မကို ဆူတယ်။ အဲ့လို အော်မှပဲ မျက်လုံးလေးပြူးပြီး ရှင်းပြတာကို နားထောင်တော့တယ်။ ကိုယ်တွေက ကိုရီးယားပိုက်ဆံတွေပိုနေတာ။ အကြွေတွေကိုလဲ ရှင်းထုတ်ချင်နေတာ။ သူချည်းပေးနေတော့ ကိုယ့်မှာရှင်းထုတ်ဖို့ အခွင့်မရဖြစ်နေတယ်။ (မဗေဒါအကျင့်ကလဲ ၂ခါထပ် ပိုပြောရရင် သိပ်စိတ်မရှည်ချင်ဘူးလေ။ ကိုယ်တကယ်မပေးချင်ပဲ မကောင်းတတ်လို့ ဟန်လုပ်ပေးတာဆိုရင် ၂ခါပဲ offer လုပ်တယ်။ အဲလိုမှ မဟုတ်ပဲ ကိုယ်က တကယ်ပေးချင်နေတာကို ခုလို အာပေါက်အောင် လုပြောနေရရင် စိတ်မရှည်တော့ဘူး။ )

Local အနေနဲ့ ရောက်တဲ့နေ့က ညစာကြွေးပြီးပြီ တော်ပြီပေါ့။ ခုလို လျှောက်လိုက်ပို့နေရတာတောင် အချိန်ရော ပိုက်ဆံရော ကိုယ်နဲ့အတူလိုက် ကုန်တာကို ကျေးဇူးတင်လှပြီ။ လူတစ်ယောက်ကို အကောင်းဆုံး ပေးနိုင်တဲ့လက်ဆောင်က ကိုယ့်အချိန်ပဲတဲ့။ အဲဒိအတွက် သူကျွန်မတို့ကို ခုလို အချိန်ပေးတာကို ဝမ်းသာတယ်။ ပြီးတော့ ဘာမှ ပြန်မမျှော်လင့်ပဲ ခုလို လိုက်ပို့ ကူညီတာကို အသိအမှတ်တကယ်ပြုတယ်။ အမှန်ဆို ကိုယ်က သူရိုက်တဲ့ Short flim “Parkku” ဆိုတာကိုကြည့်ပြီး သူ့ပရိတ်သတ်ဖြစ်နေတာ။ ခုတော့ မိတ်ဆွေပါဖြစ်ရလို့ ကျေနပ်နေတာ။ ဒါပေမဲ့ သူကလဲ မဗေဒါတို့ကို မိန်းကလေးတွေပေမဲ့ လည်လည်ဝယ်ဝယ် ထက်ထက်မြက်မြက်နဲ့ ခရီးတွေသွား၊ စာတွေလဲရေးတယ်ဆိုပြီး ခင်နေတာ။ သူကပဲ ကိုယ်ကိုပြန် admire လုပ်လိုက်သေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာကတော့ ကျွန်မလိုချင်တဲ့ ဘာဟန်ဆောင်မှုမှလဲမရှိ၊ ဘာအကျိုးအမြတ်မှလဲ ကိုယ့်ဆီကမကြည့်၊ awkward လဲ မဖြစ်၊ ရိုးသားတဲ့ သူငယ်ချင်းလို အစ်ကိုလို ခင်ရတဲ့ သူတစ်ယောက်ရလိုက်တယ်လို့ပဲ ခံစားရတယ်။ သူကျွန်မနိုင်ငံကို ပြန်လာလည်ဖြစ်မယ်ဆိုလဲ သူတာဝန်ကျေခဲ့သလောက် ကိုယ်ကလုပ်မှ လုပ်ပေးနိုင်ပါ့မလားလို့ စိုးရိမ်မိတယ်။ ဒါပေမဲ့ ကျွန်မအခြေအနေပေးသလောက် သူ့ကို တာဝန်ကျေကျေ ဧည့်ခံဖို့ ဆုံးဖြတ်ထားတယ်။

Seoul Tower


Holding the Pudding treated by Ko Phay Sist Naing

တိုက်စီပေါ် ပိုက်ဆံလုရှင်းပြီးတော့ တစ်ခါ တာဝါပေါ်တက်ဖို့ လက်မှတ်အမြန်ပြေးဝယ်ရသေးတယ်။ ကျွန်မတို့ ၃ယောက်ဆို အားလုံး go Dutch သွားနေတာ။ ကိုယ့်ဟာကို စာရင်းမှတ်လို့ရတယ်။ အဲ့နောက်ဆုံးနေ့တော့ ပိုက်ဆံလုရှင်းနေရတာနဲ့ စာရင်းလဲ မှတ်ချိန်မရလို့ ဝင်ကြေးတွေ ခုမှ အင်တာနက်က ရှာရေးရတယ်။ ဒါတောင်ခုတစ်ခေါက်တော့ သိပ်လုမရှင်းရဘူး။ အောက်မှာ visit korea website က အင်ဖို ကော်ပီပေးမယ်။

Closed
N/A (Open all year round)
Operating Hours
Sunday-Thursday
Observatory: 10:00-23:00
Restaurant: 11:00-23:00
Alive Museum: 10:00-22:00 (Last entry: 21:00)

Friday-Saturday
Observatory: 10:00-24:00
Restaurants (n.GRILL/Hancook): 11:00-23:00
The place dining: 11:00-24:00 (Last seating: 23:00)
Alive Museum: 10:00-22:00

Admission Fees
[Observatory]
Adults 9,000 won / Children 7,000 won
[Alive Museum]
Adults 12,000 won / Children 6,000 won

※ Free admission to observatory for visitors using N Grill if they make a reservation in advance.
※ Free admission: Infants (ages under 36 month): limited to one guide per one baby, groups fee applies to group of kindergarten.

အပေါ်တက်ကြမယ်

ဝင်ပေါက်....

အပေါ်ကို Cable Car နဲ့ တက်ရတယ်။ Boy Over Flower မှာ လီမင်ဟိုနဲ့ မင်းသမီးစီးတဲ့ဟာပေါ့နော်။ မြင့်လာလေ အောက်က မြို့ကို Aerial view မြင်ရတာပေါ့။ အပေါ်ရောက်တော့ သစ်သားလှေကားလေးကို လမ်းလျှောက်တက်ရတယ်။ အဲဒိသစ်သား လက်ရမ်းတွေမှာ သူများတွေ စာတွေရေးထားတာတွေ့လို့ ကိုယ်တွေတောင် ကိုယ်ရောက်ခဲ့တဲ့ နေ့လေးနဲ့ ကိုယ့်နာမည်တွေရေးခဲ့သေးတယ်။ ကိုဖေစစ်နိုင်ကြီးကိုတော့ ဗွီဒီယိုကင်မရာပေးပြီး ရိုက်ချင်သလောက် ရိုက်ခွင့်ပေးထားတာ။ သူက ပရိုကြီးဆိုတော့ ကောင်းကောင်းရိုက်တတ်တာ သံသယဝင်စရာမရှိ။ သူရိုက်နေလို့တောင် ငါတို့ကို ပြူးပြူးပြဲပြဲကြီးဖြစ်အောင် မရိုက်နဲ့နော်ဆိုတော့။ “ကျွန်တော် အထူအပါးနားလည်သွားပြီ” လို့ ပြန်ပြောလို့ ရီရသေးတယ်။ သူ့ကိုပညာစမ်းတဲ့ မော်ဒယ် ၃ယောက်ရဲ့ Test အောင်သွားပြီ။ ဟီး….

တောင်ပေါ်ရောက်တော့ N Seoul Tower ရဲ့ အောက်ခြေမှာ Love padlocks တွေရှိတဲ့နေရာကိုရောက်တယ်။ နေတော့ အတော်ပူတယ်။ မဗေဒါက ခရီးထွက်လို့ နေနဲ့ လေထိတာနဲ့ မျက်နှာကအရင်ဆုံးမဲတယ်။ အသားညိုတဲ့သူဆိုတော့ မဲပြီးရင် တော်တော်နဲ့ ပြန်မဖြူတော့ဘူး။ ခုကိုရီးယားခရီးစဉ်က ပြန်လာတော့ အဝတ်ရှိတဲ့နေရာနဲ့ မရှိတဲ့နေရာတွေရဲ့ အသားရောင်ကွာတာက ရေကူးတဲ့သူတွေအတိုင်းပဲ။ ကိုယ်က ဒီခရီးစဉ် ဘောင်းဘီတိုတွေဝတ်တာများတော့ ပိုဆိုး။



Cable car ကထွက်လာရင် သစ်သားလှေကားလေး နည်းနည်းတက်ရတယ်... အဲ့မှာ သူများတွေလဲ ရေးထားလို့ လိုက်ရေးတာ..

နာမည်တွေ မြန်မာလိုထိုးခဲ့တယ်... နာမည်အရင်းတွေ သိချင် အဲ့မှာ သွားရှာ...

Love padlocks တွေနေရာမှာ ခဏပဲ ဓာတ်ပုံရိုက်ပြီး နေပူလို့ Seoul Tower ပေါ်ပဲတက်ဖြစ်ခဲ့တယ်။ လူက နေပူပြီး ပင်ပန်းလာတော့ ကော်ဖီဆိုင်လို အအေးဆိုင်လိုရှိရင် ဝင်ထိုင်ချင်မိတယ်။ အချိန်မလောက်မှာစိုးလို့။ အပေါ်မှာလဲ စားသောက်ဆိုင်ရှိတယ်ဆိုတာသိတယ်လေ။ (You who come from stars မှာလဲ ပါတယ်။ ဒါပေမဲ့ ဆိုင်ကလဲ ဖွင့်ကာစ လူလဲ သိပ်မရှိတာရော Menu လဲ ဒီလောက်မကြိုက်တာရော၊ ကိုရီးယား ကြက်ကြော်စားမယ်ဆုံးဖြတ်ထားတာရောကြောင့် မစားဖြစ်ခဲ့ဘူး)။

ချစ်သူတွေခတ်ကြတယ်ဆိုလား....

နေကပူပူ...

N Seoul Tower အကြောင်း ပြောရရင်တော့ သူ့ကို ၁၉၈၀ အောက်တိုဘာလမှာ public ကို ဖွင့်ပေးခဲ့တယ်။ အစကတော့့ Seoul Tower ပဲ ၂၀၀၅ ဒီဇင်ဘာလမှ ယခုလို ပိုကောင်းတဲ့ မီးစနစ်တွေ ဆေးရောင်တွေနဲ့ ပြုပြင်လိုက်တဲ့အတွက် N ဆိုတာ “New” ဆိုတဲ့ အဓိပ္ပါယ် Seoul Tower အသစ်ဆိုပြီး ထည့်ခဲ့တာ။ ၂၃၆.၇ မီတာမြင့်တဲ့ ဆိုလ်းတာဝါက ၂၄၃ မီတာမြင့်တဲ့ နမ်ဆမ်းတောင်ထိပ် (Namsan Mountain) ပေါ်မှာ ဆောက်ထားတော့ ဘေးပတ်ပတ်လည် ဧရိယာကို ၃၆၀ ဒီဂရီ မြင်ရတယ်လေ။ ရှူခင်းလှတာပေါ့။ Visit Korea website မှာတော့ အာရှမှာ ရှုခင်းအလှဆုံးလို့တောင် တင်စားခေါ်တယ်တဲ့။ (ဒါပေမဲ့ မဗေဒါအမြင်တော့ တာဝါတွေအားလုံး မတိမ်းမယိမ်းတွေချည်းပါပဲ။ ဂျပန်က တိုကျိုတာဝါဆို ဖူဂျီတောင်ကိုတောင် မြင်ရသေး။ ရှန်ဟိုင်းက တာဝါဆိုလဲ အမြင့်ကနေ မြင်ရတာပဲ။ ဟောင်ကောင်က The peak ဆိုရင် မှန်ခန်းမဟုတ်ပဲ outdoor ဆိုတော့ တမျိုးလေး ကြိုက်တာပဲ။ အားလုံးကတော့ မြို့ကို အပေါ်စီးကကြည့်တာချည်းပဲ။ မှတ်မှတ်ရရ တော်တော်လှတာကတော့ Gold Coast က Observatory deck ပဲ။ ကမ်းခြေကြီး တောက်လျှောက်မြင်ရတယ်။ သူကတော့ အာရှမှ မဟုတ်ပဲနော်)။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ရောက်ခဲ့တယ်ဆိုတာကို လိုချင်တာပဲလေ။ အဲ့ပေါ်ရောက်တော့ မဗေဒါတို့ ၃ယောက်ကတော့ တစ်ပတ်ပတ်ပြီး ဟိုကြည့်ဒီကြည့် ဓာတ်ပုံရိုက်။ လိုကယ်ကြီးကတော့ တစ်နေရာမှာပဲ ပင်ပန်းပြီး ငုတ်တုတ်ထိုင် ကျန်ခဲ့တယ်။ သူ့ကင်မရာအိတ်ကလဲ လေးတာကိုး။ ပြီးတော့မေးသေးတယ် ကျွန်မတို့ကို ဘာတွေထူးလို့ ကြည့်တာလဲတဲ့။ ဟီး…. မြို့ကို အပေါ်က မြင်ရတယ်လေလို့။ ဆိုင်လေးတွေလျှောက်ကြည့်တယ်။ လူတွေကြည့်တယ်လေ။ အဲဒါကိုက အရသာပဲဟုတ်ဘူးလား။ တိုးရစ်လေ လို့။ သူဘာမေးမေး “တိုးရစ်လေ” လို့ ပြန်ဖြေတာထက် ဘာထက်ပြောရမှန်းမသိတော့ဘူး။ သိချင် ခရီးထွက်လို့တောင် ပြောရမလား။ တိုးရစ်ချင်းတူရင်တောင် စိတ်ဝင်စားမှုက ကွဲသေးတော့ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်း ခံစားမှုချင်းက တူချင်မှတူမှာ။ ကိုယ်တွေကတော့ ပျော်နေတာပဲ။
N Seoul Tower ကနေ နေပြည်တော် အကွာအဝေး...
တာဝါပေါ်က သကြားလုံးဆိုင်...

လက်ဆောင်ပစ္စည်း ၀ယ်ကြအုံးမလား...

အဲ့မှာ ရေးထားတဲ့အတိုင်းပဲ...

ဓာတ်ပုံတွေ ရွေးချင်ရင်..

ဒါကတော့ ဘာလဲ မသိ... ကြွေပြားကပ်တာပဲ...

အပေါ်က မြင်ကွင်း...

ညနေ ၂နာရီ ခွဲလောက်ကျတော့မှ Seoul Tower က ဆင်းလာကြတယ်။ Tower အောက်က Love Lock တွေနားမှာ စတိုးဆိုင်လေးတစ်ခုရှေ့မှာ ပူတင်း ကြော်ငြာစာရွက်တွေ့တာနဲ့ ကိုရီးယား ပူတင်းစားချင်သွားပြီး ဝင်ဝယ်ဖြစ်တယ်။ ပူတင်းကတော့ ဘယ်လောက်မှ စျေးမကြီးတော့ လုမရှင်းတော့ဘူး ပူတင်းဗူးလေးတွေ ကြိုက်တာယူပြီး ဆိုင်ထဲက ထွက်လာလိုက်တယ်။ (ဟီး…. မိုက်တယ်နော် ဒီလို နယ်ခံသူငယ်ချင်းရှိတာ။) အဲဒိကနေ တိုက်စီနဲ့ တောင်ခြေက ကျွန်မတို့ တည်းခိုခန်းရှိတဲ့ ရပ်ကွက်ဘက်ပြန်ဆင်းလာပြီး ကိုရီးယား ကြက်ကြော်ရောင်းတဲ့ဆိုင်ကို မောင်းလို့ တိုက်စီသမားပြောတော့ သူလဲ သေချာမသိဘူး… အဲ့နားမှာ စားသောက်ဆိုင်တွေများတော့ တဆိုင်ဆိုင်တော့ရှိမယ်ဆိုတာသိတယ်။ ဘယ်ဆိုင်လဲသာ သေချာမသိကြတာ။ တော်သေးတယ် မဗေဒါ မျက်လုံးရှင်ရှင်နဲ့ တွေ့လိုက်လို့။ တွေ့လိုက်တဲ့ဆိုင်မှာပဲ ကားရပ်ခိုင်းပြီး ဝင်စားဖြစ်တယ်။ တည်းခိုခန်းနဲ့လဲ သိပ်မဝေးဘူးလေ။

ကြက်ကြော်လိုက်ကျွေးဖို့ ဆုံးဖြတ်ဖြစ်တာကလဲ ဒီလို…. ကျွန်မတို့နဲ့ ပထမဆုံး ဆိုလ်းကိုရောက်တဲ့နေ့ကလဲ အသားတွေစားတာများပြီး ထမင်းမကုန်ကြဘူး။ မနေ့က မြုံဒုံးမှာ ညစာတူတူစားတော့လဲ အသားတွေပဲစားပြီး ထမင်းမကုန်ကြဘူး။ အဲဒါကြောင့် ကျွန်မတို့ပုံစံကို သူတော်တော်လေး သဘောပေါက်ပြီး “ညီမတို့တွေ ထမင်းမစားကြမှတော့ ကိုရီးယား ကြက်ကြော်ချည်းစားကြမလား” လို့ သူမေးတော့ ၃ယောက်လုံးက မျက်လုံးတွေလက်ပြီး သဘောတူလိုက်တာ။ ဟီး… ကိုယ်ဘာစားချင်လဲဆိုတာ ကိုယ်တောင် မသိဘူး နယ်ခံက မှန်းတတ်နေပြီ။

ကြက်ကြော် အချိုရယ် အစပ်ရယ်စားဖြစ်တယ်။ အကုန်စားကောင်းပါတယ်။ ကြက်ကြော်တွေလာချတာနဲ့ ကိုဖေစစ်နိုင်က စားမယ်အလုပ်။ ဒီကသုံးယောက်က ကင်မရာကြီးတွေနဲ့ ချိန်ကြလို့ သူ့ခမျာ မစားသေးပဲ စောင့်ရသေး။ ခွိ ခွိ… သူတို့ ကြက်ကြော်နဲ့ မုန်လာဥဖြူအတုံးလေးတွေလုပ်ထားတဲ့ ချဉ်ဖတ်က အတော်လေးလိုက်တယ်။ စားလို့ကောင်းလို့ ထပ်ထပ်တောင်းရတယ်။ ရုပ်ရှင်တွေထဲမှာတော့ မင်းသမီးတွေ ကြက်ကြော်နဲ့ ဘီယာဆိုပြီး တွဲဖက်စားနေကြတာပဲလေ။ ကိုယ်တွေကတော့ ဘီယာမပါလဲ စားကောင်းနေတာပဲ။


လွမ်းတယ် ကြက်ရယ်...

သူ့ထက်ကောင်းတာတောင် သူ့လောက်မကောင်းဘူး...

စားသောက်ပြီးမှ တည်းခိုခန်းပြန် အထုတ်တွေယူပြီး တိုက်စီနဲ့ ဆိုလ်းဘူတာကိုသွား၊ အဲဒိကနေမှ Express Train နဲ့ လေဆိပ်ကိုဆင်းမှာလေ။ အပြန် Express Train ကတော့ အလာတုန်းကထက် နည်းနည်းလေး လူပိုတွေ့ရတယ်။ ဒါပေမဲ့ တကယ်ရထားထွက်တော့လဲ တစ်တွဲလုံး ကိုယ်တွေချည်းပါပဲ။ ရထားပေါ်မှာ ရီလိုက်မောလိုက် ဗွီဒီယိုရိုက်လိုက်ပါပဲ။

စိတ်ထဲမှာတော့ ၆ရက်ဆက်တိုက် သိပ်အနားမပေးထားတဲ့ ခန္ဓာကိုယ်ကို အိမ်ရောက်ရင် အနားယူရတော့မယ်။ ဒီခရီးကို လိုက်မယ်ဆိုပြီး နောက်မှ မလိုက်ဖြစ်တော့တဲ့ တစ်ယောက်သောသူလဲ တစ်ယောက်တည်း ပျင်းနေမှာပဲ၊ သူနဲ့လဲ ပြန်တွေ့ရတော့မယ်ဆိုပြီး အမြန်ပြန်ရောက်ချင်သလိုပေမဲ့။ အလုပ်လုပ်စရာမလို သွားလိုက်စားလိုက် Stress မရှိပဲ အသစ်သစ်ပတ်ဝန်းကျင်တွေ ထိတွေ့ ခံစားပြီး သူငယ်ချင်းတွေနဲ့ ရီလိုက်မောလိုက် နဲ့ ခရီးစဉ်ကြီး ပြီးဆုံးတော့မယ်၊ ဋ္ဌာနေပြန်ပြီး နေ့စဉ်အလုပ်တွေလုပ်ရတော့မယ်၊ ၁ပတ်လောက် ပြစ်ထားခဲ့တဲ့ အလုပ်တွေကို ဘယ်လို ပြန်အရှိန်ရအောင် ပြန်လုပ်ရမလဲ၊ ဘာတွေရော ထပ်စောင့်နေသေးလဲဆိုတဲ့ အတွေးနဲ့ စိတ်တွေက ခပ်လေးလေး လေးလဲ ဖြစ်နေပါတယ်။ ရထားက တော်တော်ကြာကြာလေးစီးရသေးတော့ အတွေးပေါင်းစုံပေါ့နော်။


ပြန်ရတော့မယ်ကွယ်...

ရထားပေါ်က ဆင်းပြီး Check in counter ရှာတော့မှ အတော်လေး စိတ်ညစ်ရပါတယ်။ ဆိုင်းဘုတ်ပြတဲ့နေရာမှာ စကာင်္ပူလောက် တိကျပြီး ရှင်းလင်းတာမရှိဘူး။ ကိုယ့် Flight က ဘယ်ချက်အင်ကောင်တာမှန်းကို သေချာမရေးထားတာ။ ရေးထားတဲ့ကောင်တာကိုသွားကြည့်တော့လဲ အဲဒိကောင်တာမှာပြနေတဲ့ Flight က ကိုယ့် Flight မဟုတ်ဘူး။ ကိုယ့် airline လဲ မဟုတ်ဘူး။ ကိုယ်သွားမဲ့ နိုင်ငံလဲ မဟုတ်ဘူး။ Board မှာပြနေတော့ ဒီကောင်တာပဲ။ ဒါနဲ့ အဲ့မှာပဲ ဝင်စီပြီး ကိုယ့်အလှည့်ရောက်ဖို့အတော် စောင့်လိုက်ရသေးတယ်။ ကိုယ့်အလှည့်ရောက်လို့ မေးတော့ ဒီကောင်တာမဟုတ်ဘူး ဟိုဘက် Roll က ကောင်တာတဲ့။ လေယာဉ်က Gate open ဖြစ်နေပြီ။ ဟိုဘက် Roll ကို ချက်အင်ဝင်ဖို့ပြေးတော့ တန်းစီနေတာက အရှည်ကြီးပဲ။ နောက်က လေယာဉ်ကဟာတောင် ချက်အင်ခေါ်နေပြီ။ ကိုယ့်လေယာဉ်က ပြီးလုဖြစ်နေပြီ။ တော်တော်လေးကို ယောက်ယက်ခပ်နေတာ။

ဒီလေယာဉ်ကြီးနဲ့ပေါ့...

တာ့တာ...

လေယာဉ်ပေါ်လဲ ထပ်စားတာပဲ... ကောင်းမှကောင်း... အမဲသားထင်တယ်...

နောက်မှ တာဝန်ရှိသူကို အခြေအနေပြောပြလိုက်တော့မှ ဒီဘက်ကောင်တာဖွင့်ပြီး လုပ်ပေးလိုက်တယ်။ လေယာဉ်ချိန်နီးနေတယ်ဆိုပေမဲ့ မဗေဒါတို့ လေဆိပ်ရောက်တာ ဒီလောက်တော့ နောက်မကျပါဘူး။ ဘာလို့ အဲ့လိုဖြစ်လဲတော့မသိဘူး။ ဒီခရီးစဉ်မှာ Korea Airline စျေးကြီးပေးစီးပြီး ချက်အင်လုပ်ရတာ အသွားရော အပြန်ရော အဆင်မပြေလို့ သဘောမကျဘူး။ ချက်အင်ပြီးတော့မှ အင်တာနက်မှာတွေ့ခဲ့တဲ့ Tax refund ကောင်တာရှာလို့မတွေ့တာနဲ့ ကောင်တာတစ်ခုက အစောင့်လိုလို ရဲလိုလိုလူတွေကို receipt ပြပြီးမေးတာ ကိုယ်ဘာမေးလဲ သူတို့နားလည်တယ်။ ပြန်ပြောတာကို ဘယ်လိုမှ နားမလည်ဘူး။ ဘာတွေပြောနေမှန်းလဲမသိဘူး။ သွားသွား ဝင်သွားလိုက်ဆိုတာချည်းပဲ။ အင်မီဂရေးရှင်းကို ဖြတ်ခိုင်းတယ်။ ဖြတ်ပြီး ဘယ်လိုယူရမယ်မှန်းလဲ သေချာမပြော။ သူတို့ကတော့ ပုံမှန်စကားပြောသလိုပဲထင်ပါတယ်။ ကိုယ့်အတွက်တော့ နည်းနည်းရိုင်းတယ်ထင်ရတယ်။ နောက်ဆုံးတော့ ကိုဖေစစ်နိုင်ကိုပဲ ကိုရီးယားလို မေးပေးဖို့ပြောလိုက်တော့မှ အင်မီဂရေးရှင်းဖြတ်ပြီး ဂိတ်ဘယ်လောက်မှာဆိုလဲမမှတ်မိတော့ဘူး အဲဒိမှာ သွားထုတ်ရမှာတဲ့။ ဒါနဲ့ ခပ်သုတ်သုတ်ပဲ နှုတ်ဆက်ပြီးဝင်လာလိုက်တယ်။ မဗေဒါထုံးစံအတိုင်း သူငယ်ချင်းတွေနဲ့ ခွဲရရင် Scene လုပ်ပြီး နှုတ်မဆက်တတ်ဘူး။ ကိုဖေစစ်နိုင်နဲ့က ကိုယ်နောက်တစ်ခေါက် ကိုရီးယားသွားမှဖြစ်စေ (၄၊ ၅ နှစ်အတွင်းတော့ ထပ်သွားဖို့ မရှိသေး)၊ သူ စကာင်္ပူလာလည်မှဖြစ်စေ (ဒါလဲ သူ့ plan ထဲရှိပုံမမြင်)၊ မြန်မာပြည် ပြန်တဲ့အချိန် တိုက်ဆိုင်မှဖြစ်စေ (ဖြစ်ခဲမယ်ထင်ပါတယ်) မှ ပြန်တွေ့မယ်ဆိုပေမဲ့လဲ အွန်လိုင်းမှာလဲ အမြဲ update တွေသိနေမယ်။ သူငယ်ချင်းဆိုတာ စိတ်သာ ပဒါနဖြစ်တဲ့အတွက် သဘောကောင်းတဲ့ အစ်ကိုတစ်ယောက်လို ခင်ရတဲ့ ဒါရိုက်တာ သူငယ်ချင်း ကိုဖေစစ်နိုင်ကိုလဲ မှတ်မှတ်ရရ ကျေးဇူးမိရင်း............. မဗေဒါရဲ့ ကိုရီးယား Free & Easy ခရီးစဉ် ဒီတင်ပဲပြီးဆုံးပါပြီ။ ကိုယ်စိတ် ၂ဖြာ ကျန်းမာချမ်းသာတော်မူကြပါစေရှင်။....

အမှာစာ...

မဗေဒါရဲ့ ခရီးသွားပိုစ့်များတွေ စာလုံးပေါင်းမှားခြင်း၊ အချက်အလက် မှားခြင်းရှိလျှင်ထောက်ပြနိုင်ပါသည်။
သို့သော် မဗေဒါ၏ ခရီးသွားပိုစ့်များသည် မဗေဒါ ကြုံတွေ့ခဲ့ရသော အခြေအနေပေါ်မူတည်ပြီး ရေးခြင်းဖြစ်သလို၊ Tourist တစ်ယောက်၏ အမြင်ဖြင့်သာရေးခြင်းဖြစ်သဖြင့် Local များအတွက် တချို့အရာများ လွဲကောင်းလွဲနေနိုင်သည်ကို သတိပြုစေချင်ပါသည်။
စာဖတ်သူ သူငယ်ချင်းများဆီမှ အကျိုးကြောင်း အဆိုးကောင်း ဘယ်ဟာကို ဖတ်ရတာ စိတ်ဝင်စားတယ်၊ ဘယ်အချက်ကတော့ အသုံးဝင်တယ်၊ ဘယ်ဟာကတော့ သိပ်မကောင်းဘူး စသည်ဖြင့် အကြံပြုချက်များကို မျှော်လင့်လျက်.....

အပိုဆု ဓာတ်ပုံတွေ... Bonus Photos!!

N Seoul Tower မှာ အပြန် Cable car စောင့်နေတုန်း... Energy level: Red

ရှေ့ကလဲ ရိုက် နောက်ကလဲ ရိုက်...

We are best Travel companions!!