Friday, May 30, 2014

2013 Best Korean Dramas - Review (Part 1)

မေလအတွင်း ၁ပိုစ့်လောက်တော့ ရေးမှဖြစ်မယ်…
၂၀၁၃ အတွင်းပြသခဲ့တဲ့ ကိုရီးယား ကားတွေနဲ့ ၂၀၁၃ အတွင်း စပြပြီး ၂၀၁၄ နှစ်စကို ကူးသွားတဲ့ ကားတွေထဲကမှ မဗေဒါကြည့်ဖြစ်ခဲ့တဲ့ကားတွေကို စာရင်းပြုစုပြီး အဲဒိထဲကမှ မဗေဒါ နှစ်သက်ခဲ့တဲ့ ကားတွေကို ဒီပိုစ့်မှာ ရေးပါမယ်… ၂၀၁၂ တုန်းကလိုပဲ အကန့် ၃ကန့်ခွဲလိုက်ပါတယ်
ပထမအနေနဲ့ မဗေဒါအကြိုက်ဆုံးကားတွေရယ်၊ (၆ ကား)
ဒုတိယအနေနဲ့ အပျင်းပြေကြည့်ချင်ရင်တော့ မဆိုးပါဘူးဆိုတဲ့ So-So ကားတွေရယ် (မဗေဒါကို Crazily မဟုတ်ပေမဲ့ ကားအဆုံးထိ ကြည့်ဖြစ်အောင် ဆွဲဆောင်နိုင်တဲ့ကားတွေပေါ့)၊ (၇ ကား)
တတိယအုပ်စုကတော့ မဗေဒါ အဆုံးထိ မကြည့်ဖြစ်တဲ့ကားတွေပေါ့… အဆုံးထိမကြည့်ဖြစ်ဘူးဆိုတာမှာ အကန့် ၂ကန့် ထပ်ခွဲရမယ်.
မဆိုးပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆက်မကြည့်ဖြစ်တော့တဲ့ ကားတွေ (နောင်တစ်ချိန် ပြန်ကြည့်ချင်လဲကြည့်မယ်) (၃ ကား) နဲ့ ကြည့်ဖြစ်ပြီး ဘယ်လိုမှ သည်းမခံနိုင်လွန်းလို့ရပ်ပြစ်ခဲ့တဲ့ Bad-Dramas (၄ ကား) တွေ ဖြစ်တယ်…


1. That winter, the wind blows





Episode
: 16
Genre: Melodrama, romance
Broadcast Period: February 13, 2013 – April 3, 2013

Main Cast
Jo In Sung as Oh Soo
Song Hye Kyo as Oh Young
Kim Bum as Park Jin Sung
Jung Eun Ji as Moon Hee Sun

Production credit:
Director Kim Kyu-Tae & screenwriter No Hee-Kyung

My Rating: 4/5

ဇာတ်လမ်းအကျဉ်း

ဒီကားက 2006 ခုနှစ်တုန်းက နာမည်ကြီးခဲ့တဲ့ Loves Me Not ဆိုတဲ့ ဗွီဒီယိုကားလေးကို ဇာတ်လမ်းတွဲအဖြစ် ပြန်ရိုက်ထားတာပါ… မြန်မာကားမှာ “နေကြတ်ချိန်” ဆိုပြီး နေတိုးနဲ့ စိုးပြည့်သဇင်တို့ရိုက်ထားတာရှိလို့ ခု ကိုရီးယားဇာတ်လမ်းတွဲက မြန်မာကား နေကြတ်ချိန်ကနေ ခိုးချသွားပါတယ်ဆိုပြီး မဟုတ်တရုတ်တွေထွက်မှာစိုးလို့…. (ပြောလို့ရတာမဟုတ်ဘူး… ငါတို့နိုင်ငံက မှတ်သားလောက်တဲ့ စကားတွေ မေးရိုးပြုတ်ထွက်သွားလောက်အောင် အံ့သြလောက်တာတွေကို အစိုးရကအစပြောနေတော့ စကားကြိုခံရတယ်)…
၂၀၁၃ ထွက်တဲ့ကားတွေထဲက လူပြောများတဲ့ ကားတစ်ကားဖြစ်တဲ့အတွက် အားလုံးနီးပါးလဲ ဒီကားလေးကို ကြည့်ပြီးလောက်မယ်ထင်ပါတယ်… ဒီတော့ ဇာတ်လမ်းကိုတော့ တကယ်ကို အကျဉ်းပဲရေးပါတော့မယ်… လောင်းကစားဘုရင် လူလိမ် Oh Soo ဟာ မျက်စိမမြင်တဲ့ သူဋ္ဌေးသမီးလေး Oh Young ရဲ့ ပျောက်ဆုံးနေတဲ့အစ်ကိုအဖြစ် ဝင်ရောက်ဟန်ဆောင်ပြီး အမွေတွေကို လိမ်ယူဖို့ကြံစည်ခဲ့ပါတယ်… Oh Soo ဟာ သူ့ပထမချစ်သူနဲ့ သေကွဲကွဲပြီးကတည်းက ရည်ရွယ်ချက်မဲ့နဲ့ ဘဝကို ဖြစ်သလိုဖြတ်သန်းနေတဲ့သူတစ်ယောက်ပါ… Oh Young ကတော့ အချစ်ကို မယုံကြည်သလို သူမျက်စိမမြင်တာကို အခွင့်ကောင်းယူပြီး သူ့အပေါ်မကောင်းကြံတဲ့ သူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းက လူတွေကိုလဲ မယုံကြည်တဲ့ သူဋ္ဌေးသမီးတစ်ယောက်ပေါ့… ဒီ ၂ယောက်တွေ့ကြတဲ့အခါမှာတော့ အချစ်ရဲ့ အဓိပ္ပါယ်အစစ်ကို သူတို့တွေ ထိတွေ့ခံစားခဲ့ကြရတယ်….

ဝေဖန်ရေး



ဒီဇာတ်လမ်းက အောင်မြင်ပြီးသားဇာတ်ကားဆိုတော့ ဇာတ်လမ်းကျောရိုးအရကောင်းပါတယ်… ပထမမှာ သိချင်မိတာက ရုပ်ရှင်ကို ဇာတ်လမ်းတွဲလုပ်ပြီး ပျင်းစရာမကောင်းအောင် ဘယ်လိုပြန်ရိုက်မလဲလို့တွေးမိပါတယ်… ဒါပေမဲ့ ရုပ်ချောရုံတင်မကပဲ သရုပ်ဆောင်တဲ့နေရာမှာလဲ ပိုင်နိုင်အရည်အသွေးပြည့်ဝတဲ့ Jo In Sung နဲ့ Song Hye Kyo ဖြစ်နေတာရော၊ ဇာတ်လမ်းကိုလဲ ပိုစိတ်ဝင်စားစရာကောင်းအောင် ထပ်ဖြည့်စွက်တာလေးတွေကြောင့်ရော၊ ဇာတ်ဝင်တေးက အစ နားထောင်လို့ကောင်းတာရောဆိုတော့ ဒီဇာတ်လမ်းအောင်မြင်တယ်ဆိုတာ သံသယမရှိလောက်ပါဘူးနော်… အစကတော့ ကိုယ်သိပြီးသားဇာတ်လမ်းကြီးမို့ ဇာတ်လမ်းကို သိပ် feel မလာခဲ့ပေမဲ့ မင်းသား၊ မင်းသမီးကြိုက်လို့ကြည့်ဖြစ်ခဲ့တာပါ… ဥပမာ ငှက်သိုက်မုန့် ကိုက်တဲ့အခန်းတို့ ဘာတို့ဆို ကိုယ်တိုင်တောင် ရင်ထဲ လှပ်လှပ် နဲ့ရယ်… ကိုယ်သာ မင်းသမီးနေရာမှာဆို Jo In Sung ရဲ့ အကြည့်ဆွေးဆွေးကြီးတွေနဲ့တင် အရည်ပျော်ပြီး မတ်မတ်တောင်ရပ်နိုင်မှာဟုတ်ဘူး… မင်းသမီး မျက်စိကန်းနေလို့တော်တော်တယ်… ခွိ… အဲဒိအခန်းကလဲ “Secret Gardan” က Cappuccino foam Kiss လိုပဲ နာမည်ကြီးပြီး လိုက်လုပ်ကြတယ်ဆိုပဲ… (ကိုယ်တောင် Pre-wedding photo လေး အဲ့စတိုင်လေးနဲ့ ရိုက်လိုက်ရ… ခွိ… စိတ်ကူးယဉ်ရုံသာ…. တကယ်လုပ်ဖြစ်မည်မဟုတ်)…

မင်းသားနဲ့ မင်းသမီးက မျက်ရည် တစ်စက်လောက်ကျရင် ကိုယ်က ဒီမှာ တရွှဲရွှဲဖြစ်နေရပြီ… ဒါပေမဲ့ ဒီဇာတ်ကားက အဆုံးပိုင်းနားအရောက်မှာ ဘာတွေဘယ်လိုဖြစ်ပြီး ကြည့်တဲ့ ပရိတ်သတ်ကို မျက်စိလည်သွားစေတာမျိုး၊ မင်းသမီးဇာတ်ကောင်ရဲ့ အတွေးကို ချစ်တော့ချစ်တယ် ခွင့်မလွှတ်နိုင်ဘူးဆိုပေမဲ့ နောက်မှ ခွင့်လွှတ်မယ်ဆိုတာကို နားမလည်နိုင်တာမျိုး၊ လူဆိုးတွေက သူ့ကို သတ်ချင်နေတာ သူ့သူငယ်ချင်းကောင်လေး Jin Sung (Kim Bom) ကို အကျပ်ကိုင်ပြီးခိုင်းတယ်… အဲဒိအပိုင်းကို နည်းနည်းလေး ရှင်းရှင်းလင်းလင်းနဲ့ ပရိတ်သတ်ကို စိတ်ကျေနပ်မှုပေးနိုင်လောက်တဲ့အထိ ပြသင့်တယ်… သိပ်ကို သစ္စာရှိပါတယ်ဆိုတဲ့သူတစ်ယောက်က မိသားစုကြောင့် သူငယ်ချင်းကို သတ်ရပါတယ်ဆိုတာကိုလက်ခံနိုင်ပေမဲ့ ဇာတ်လမ်းအရ သူ့ရဲ့စိတ်အပြောင်းအလဲကို ပြတာသိပ်မခိုင်လုံဘူးလို့ထင်တယ်… သူ့ကို ဓားနဲ့ထိုးလိုက်ပါပြီတဲ့… သူကလဲ သူ့ဇောနဲ့သူမို့ မသေဘဲ ဆေးရုံကိုသွားတယ်… မသေသေးဘူးဆို ဘာလို့ ဆက်လိုက်မသတ်လဲ… Oh Soo မသေရင် သူ့မိသားစုကို အကျပ်ကိုင်ထားတယ်ဆို? တကယ်လို့ ခုလို မသေသေးပဲ လွှတ်ပေးလိုက်လို့ရတယ်ဆိုရင် အစကတည်းက ဘာလို့ ဓားနဲ့ထိုးသေးလဲ? ဓားနဲ့ထိုးလိုက်ပြီးတော့ တစ်ခါတည်း ၁နှစ်ကြာပြီးနောက်ဆိုပြီး ရောချပစ်လိုက်ရော… ဘာတစ်ခုမှကို ရှင်းမပြသွားဘူး… Jin Song နဲ့ သူ့ကောင်မလေးနဲ့ပြောတဲ့ စကားပြောအရ Oh Soo ကပဲ သေသွားလို့ သူ့အုပ်ဂူမှာ ပန်းသွားထားမဲ့ပုံစံမျိုးပြောတယ်… နောက်ကျတော့ မင်းသမီးက မင်းသားနဲ့ လမ်းမှာတွေ့ရင်း ကော်ဖီဆိုင်ကိုရောက်သွားပြန်ရော… မင်းသမီးက လုံးလုံးလဲ မျက်စိမမြင်ရသွားဘူး… မင်းသားနဲ့ မင်းသမီးကပဲ ၂ယောက်လုံးသေပြီး ပြန်တွေ့တာလား… အဲလိုလဲဟုတ်သေးပါဘူး… ကောင်းကင်ဘုံမှာ ဘယ်လိုလုပ် ကော်ဖီဆိုင်ရှိပြီး အလုပ်သမားကဖြစ်ရအုံးမှာလဲ… ဒီတော့လဲ အတည်ပဲလား… အတည်ဆိုရင်လဲ ဘာလို့ အိပ်မက်လိုလို effect မျိုးသုံးပြီး ၀ါးတားတားနဲ့ soft focus တွေသုံးထားသေးလဲ… Jin Song (Kim Bum) တို့အတွဲက မင်းသားသေသွားပြီဆိုတာပဲသိတယ်ဆိုတော့… နောက်ဆုံးခန်းကပဲ မင်းသမီး အိပ်မက်မက်နေတာလား… ဘာမှန်းတော့ သေချာမသိပေမဲ့… မင်းသားနဲ့မင်းသမီးက အရမ်းလှတဲ့ ပန်းပင်တန်းကြီးအောက်မှာ ချစ်စိတ်တွေ ရွှမ်းရွှမ်းဝေပြီး နမ်းပြတာနဲ့ ပရိတ်သတ်တွေကို နှစ်သိမ့်ပြီး အပြီးသတ်ပေးသွားတယ်… ဒီတော့ နည်းနည်းတော့ နင်ပေမဲ့ ကိုယ်ဖြစ်စေချင်တဲ့ အတိုင်းလေး Happy ending လိုလိုဘာလိုလိုဆိုတော့လဲ ကွန်ပလိန်းရတာက ခက်တယ်…

မင်းသမီး မင်းသား အကောင်းစားတွေကြောင့် သရုပ်ဆောင်ပြောစရာမရှိသလို…. ဇာတ်ဝင်တေးကောင်းတွေကို လိုအပ်တဲ့နေရာမှာ တိကျမှန်ကန်သုံးနိုင်တော့ ဇာတ်လမ်းက ကြည့်သူကို မြောပါအောင်တော့ ဆွဲဆောင်နိုင်တယ်ဆိုတာ သေချာပါတယ်… အဆုံးပိုင်း ဇာတ်သိမ်းကြောင့် အမှတ်ပြည့်မရပဲ ၄မှတ်ပဲပေးလိုက်တာပါ…


2. I Hear your voice





Episodes: 18
Genre: Romance, fantasy, crime, mystery
Broadcast period: 2013-Jun-05 to 2013-Aug-01
Air time: Wednesday & Thursday 22:00


Main Cast:
Lee Bo Young as Jang Hye Sung
Kim So Hyun as young Hye Sung
Lee Jong Suk as Park Soo Ha
Goo Seung Hyun as child Soo Ha
Yoon Sang Hyun as Cha Kwan Woo
Lee Da Hee as Seo Do Yeon / Hwang Ga Yeon
Jung Min Ah as young Do Yeon
Written by Park Hye-ryun
Directed by Jo Soo-won


My Rating: 5/5


ဇာတ်လမ်းအကျဉ်း

ဒီဇာတ်လမ်းလေးက တရားခွင် ပတ်ဝန်းကျင်ကို အချစ်ဇာတ်လမ်းလေးနှောထားပြီး စိတ်နယ်လွန် Fantasy လေးပါထည့်ပေါင်းထားလို့ ရသစုံတယ်လို့ပဲ ပြောရပါမယ်… ခက်ခဲကြမ်းတမ်းမှုတွေနဲ့ နားကျဉ်းမှုတွေ ကြားကနေ ရှေ့နေတစ်ယောက်ဖြစ်လာတဲ့ Jung Hye Sung ဟာ အတ္တကြီးပြီး ငွေမျက်နှာတစ်ခုတည်းပဲလိုက်တတ်တဲ့ Public Defender တစ်ယောက်ဖြစ်လာခဲ့ပါတယ်… ဒါပေမဲ့ သူမဘဝအပေါ်အတွေးအမြင် အမှန်တရားဘက်က ရပ်တည်မှုဟာ အထက်တန်းကျောင်းသားလေး Park Soo Ha၊ အမှန်တရားဘက်က အမြဲရပ်တည်ပြီး အလုပ်ကို အရမ်းလေးစားတန်ဖိုးထားတဲ့ ရှေ့နေ Cha Gwan Woo တို့နဲ့အတွေ့မှာ ပြောင်းလဲခဲ့ပါတယ်… Soo Ha ဟာ သူ့အဖေ အသတ်ခံရတာကို ငယ်ငယ်တုန်းက မျက်မြင်ကိုယ်တွေ့ဖြစ်ပြီးတဲ့အချိန်ကစပြီး လူတွေရဲ့ မျက်လုံးကိုကြည့်ယုံနဲ့ သူတို့ဘာတွေးနေလဲဆိုတာကိုသိနိုင်တဲ့ ထူးခြားတဲ့အစွမ်းတစ်ခုကို ပိုင်ဆိုင်ထားတာပါ… Soo Ha အဖေ အသတ်ခံရတဲ့အမှုကို အဲဒိအချိန်က အထက်တန်းကျောင်းသူအရွယ်ဖြစ်နေတဲ့ Hye Sung က ပစ္စည်းသက်သေနှင့်တကွ သက်သေခံထွက်ချက်ပေးခဲ့လို့ တရားခံ လူသတ်သမားက သူထောင်ကထွက်လာလျှင် လာသတ်မယ်ဟု ကြိမ်းဝါးခြင်းကို ခံခဲ့ရပါတယ်… Soo Ha ဟာ အဲ့ဒိအချိန်ကတည်းက သူ့ဘက်က ထွက်ချက်ပေးသွားတဲ့ မမကြီး Hye Sung ကို သူကြီးလာရင်ကာကွယ်ပေးမယ်ဆိုပြီး တဖက်သတ်ချစ်ခဲ့တာပေါ့…

သူတို့တွေအားလုံးတူတူပေါင်းစုံပြီး မတရားမှုတွေကို ဘယ်လိုဖော်ထုတ်မလဲ၊ လူသတ်သမားထောင်ကထွက်အလာမှာ သူတို့ကို ဘယ်လိုလိုက်နှောင့်ယှက်မလဲ၊ Hye Sung ရဲ့ ဘဝနဲ့ အလုပ်အပေါ်မှာထားတဲ့ အမြင်ဟာ Soo Ha နဲ့ Gwan Woo ကြောင့် ဘယ်လို တဖြည်းဖြည်းပြောင်းလဲလာလဲ၊ Hye Sung, Soo Ha နဲ့ Gwan Woo တို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးက ဘယ်လောက် ရင်ခုန်ဖို့ကောင်းသလဲ… Soo Ha ကရော သူဟာ အားကိုးရလောက်တဲ့ အရည်အချင်းရှိတဲ့ ယောကျာင်္းကောင်းဖြစ်တယ်ဆိုတာ သူ့ချစ်သူ မမကို ဘယ်လို သက်သေပြမလဲ…. စသည် စသည်ဖြင့် စိတ်ဝင်စားတယ်ဆိုရင်တော့ ကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်…

ဝေဖန်ရေး

ကိုယ်ပြောလိုက်ရင် ဇာတ်လမ်းတောင် ပေါ့သွားမှာစိုးလို့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး… ဒီကားဟာ ၂၀၁၃ ပြသွားသမျှကားတွေထဲမှာ ကျွန်မအကြိုက်ဆုံး ကား ၂ကားထဲက တစ်ကားပါပဲ… ဇာတ်လမ်းက လုပ်ငန်းခွင်နဲ့ တရားရေးဘက်ကို ပြထားသလို၊ စိတ်နယ်လွန်နဲ့ အချစ်ဇာတ်လမ်းဘက်မှာလဲ မလစ်ဟာခဲ့ပါဘူး… ဘာရယ်မဟုတ်တွေးမိတာက Secret Garden နဲ့ ယှဉ်ရင် မင်းသား Lee Jong Seok က ရာထူးတက်သွားပြီး မင်းသား Yoon Seng Hyun က နေရာကျသွားတယ်လို့ပဲပြောရမလား… 

အဲ့ဒိကားကြည့်နေတုန်းက Screen Shoot လုပ်ပြီး Mabaydar facebook page မှာ တင်ဖြစ်ခဲ့တာ...

ဘာလို့လဲဆိုတော့ Secret Garden မှာ Yoon Seng Hyun က Oscar အဖြစ် ဒုတိယမင်းသားဖြစ်ခဲ့ပြီး Lee Jong Seok က အဲ့ဒိတုန်းက ဧည့်သည်သရုပ်ဆောင် သာသာလေး ပါရရှာတာ… ဒါပေမဲ့လဲ ခု I hear your voice ကတော့ သူ့ဇာတ်ကောင် Character နဲ့သူဆိုတော့လဲ အဲလို ယှဉ်လို့တော့ ဘယ်ရမလဲနော်…
ဒီကားက ပျော်စရာ အဆုံးသတ်ကားလေးဖြစ်တဲ့အပြင် အဆုံးမှာလဲ ဘယ် Character က ဘာဖြစ်သွားတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြသခဲ့တယ်… ဘယ်အချိန်မှာ ဘယ်လိုဖြစ်လာတယ်ဆိုတာကို အသေးစိတ်ပြနေစရာမလိုပဲ နောက်ဆုံး ဘယ်သူက ဘာဖြစ်တယ်ဆိုတာကို ပြလိုက်တာဟာ ထိထိမိမိနဲ့ ကျေနပ်စရာလို့ထင်မိတယ်…
နောက်ပြီး အချစ်ဇာတ်လမ်းမှာလဲ အသက်ကွာပေမဲ့ Hye Sung ဟာ အမြဲတမ်း အသက်ကြီးလို့ လူကြီးနေရာဖြစ်ရမယ်ဆိုပြီး တွေးနေကျ စိတ်ကနေ သူမဟာ တစ်ခါတစ်ရံမှာ သူချစ်တဲ့ Soo Ha နဲ့ လူကြီးတစ်ယောက်လို အမြဲ နေနေစရာမလိုပဲ သာမန်ချစ်သူတစ်ယောက်လိုပဲ နေလို့ရတယ်… Soo Ha ဟာလဲ ဒီ Relationship မှာ အသက်ငယ်ပေမဲ့ သူ့အရွယ်နဲ့သူ အားကိုးလောက်တဲ့ ဦးဆောင်နိုင်တဲ့သူတစ်ယောက်ဖြစ်လို့ရတယ်… ကောင်လေးတစ်ယောက်ကနေ ယောကျာင်္းတစ်ယောက်အဖြစ် တဆင့်ဆင့်ရင့်ကျက်လာတဲ့ Character development ကို ပြသရာမှာ ပရိတ်သတ်ကို စိတ်ကျေနပ်မှုရစေတယ်လို့ထင်တယ်… 

ဥပမာ Hye Sung က သူ့စိတ်ထဲမှာ ကိုယ့်ထက်ငယ်တဲ့သူနဲ့ တွဲလို့ တစ်ချိန် Soo Ha သူ့ကို ထားသွားရင် ဆိုတာကို အမြဲတွေးနေခဲ့တယ်… Soo Ha ကိုချစ်ပေမဲ့ သူမရဲ့ အနာဂတ်အစီအစဉ်တွေမှာ Soo Ha ကိုထည့်မတွက်ခဲ့ဘူး… ဒါတွေအားလုံးကိုလဲ Soo Ha က သူမဘာတွေးလဲဆိုတာကို သိနေတယ်… Soo Ha စိတ်ထဲမှာ သူ့ချစ်သူက စိုးရိမ်စိတ်နဲ့ စိတ်ကို အမြဲပြင်ဆင်ထားတယ်ဆိုတာသိတယ်… ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် သူတို့ ၂ယောက် အကြောင်းအမျိုးမျိုးကြောင့် ကွဲခဲ့မယ်ဆိုရင်တောင် သူ့ဘက်နေစပြီး ပြန်ချစ်မယ်… သူ့ဘက်ကနေ အမြဲသတိရနေပေးမယ်လို့ သဘောထားပေးခဲ့တယ်… (So Romantic, isn’t it?) … ဒါပေမဲ့ အဆုံးပိုင်းမှာ Hye Sung က Soo Ha ရဲ့ ဒိုင်ယာရီကိုဖတ်မိပြီး Soo Ha ရဲ့ အတွေးတွေကို သူသိသွားတယ်… အဲဒိအချက်လေးကလဲ အသက်ကွာတဲ့ သူတို့ ချစ်သူ၂ဦးရဲ့ Relationship ကို သို့လောသို့လောမဖြစ်တော့ပဲနဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုနဲ့ ရှေ့လျှောက်သွားတယ်ဆိုတာကို ပြသတဲ့အတွက် ပရိတ်သတ်ကို Convince ဖြစ်စေတယ်… 



အဲဒိတုန်းက သဘောကျမိတဲ့ စကားပြောတွေ...

ဒီစာရေးဆရာက Voice နဲ့ Dream High ကို ရေးခဲ့သူတဲ့… Dream High တုန်းကလဲ သူ့ဇာတ်သိမ်းကို သဘောကျတယ်… မင်းသားက နားလေးသွားတယ်ဆိုပေမဲ့လဲ ဇာတ်သိမ်းကို အလေးချိန်မျှတစွာသိမ်းလိုက်နိုင်တယ်လို့ထင်တယ်… (အော်… Dream High ဘက်ရောက်သွားပြန်ပြီ…) 
ဒီကားနဲ့ မင်းသမီး Lee Bo Young ဟာ Korean Drama Award ကပေးတဲ့ Grand Prize (Daesang) ဆု ကိုရခဲ့ပြီး သူတို့ အတွဲဟာ Best Couple ဆုကိုလဲ ရရှိခဲ့တယ်.. 

မင်းသား Lee Jong Suk ဟာလဲ Excellenct Award, Actor ဆုကိုရခဲ့ပြီး ၊ လူဆိုးလုပ်တဲ့ Jung Woong-in ကတော့ ဒီကားနဲ့ Top Excellence Award, Actor ဆုကိုရရှိခဲ့တယ်… (လူဆိုးလုပ်တာလဲ တော်ပါပေတယ်… မုန်းချာကောင်းတာကိုး)…

ဒီကားကို ကြိုက်လွန်းလို့ မြန်မာသီချင်းနဲ့ Music video တောင် လုပ်ဖြစ်သေးတယ်… နောက်ထပ်လုပ်မယ်ဆိုပြီး ထပ်မလုပ်ဖြစ်တော့ဘူး… လုပ်ထားပြီးတာလေးကြည့်လိုက်နော်… မကြည့်ရသေးရင်တော့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်….



Korean Drama Award ကို တူတူတက်ရောက်လာတဲ့ မင်းသား Lee Jong Seok နဲ့ မင်းသမီး Lee Bo Young



I hear your voice ကြည့်တုန်းက ကြိုက်မိသမျှ

I hear your voice ဒုတိယမင်းသမီး Prosecutor...