Thursday, November 28, 2013

SELLER " IDOL M " on Qoo10 - Review

If I don’t write this post out, I would feel very unfair and suffocated for being treated like this by “IDOL M” seller from Qoo10.sg website.

Let me tell you what happened when I bought Nail art accessories from the seller called “IDOL M” on Qoo10.sg page. I ordered 6 pcs set of “Nail Art Brush” worth of $5.00 and “Nail Striping tape set 6+2 pcs” worth $6.40 on 2nd October 2013. I waited for 2 weeks and finally I received on “15th Oct 2013”.

I opened the wrap excitedly and only to find the wrong item “Dotting Tools set worth $4.90” was delivered instead of “Nail Art Brush set”.  Of course I was upset. When thinking about that troublesome procedure to go through “Singpost to send back the item” and “Wait again for your item to arrive again”.

So I am actually thinking of taking that wrong item and asking for refund of “10 cents” (the amount did not matter but the principle did). I send them a massage about wrong item and they replied me with below massage. If they were very apologetic and humble, I am already thinking of let go 10 cents. But their reply didn’t show any manner and accused me of not sending back the item despise their many attempts of notifying me to send back the item. WHEN ON EARTH DID THEY REMIND ME? HELLO! I JUST RECEIVED THE DAMN ITEM NOW and notified them how are they going to handle the issue…. And I don’t want compensation… I want my correct ITEMS… WHAT THE HELL ARE THEY SAYING?


  
Why do we shop online? It is because we want to save trouble walking around shopping mall and to save our time. But now you have to go through the trouble of sending back the item and wait for your item to received again?  AND SOME MORE MUST SEND BY THIS WEEK! Giving me dead line? C’MON…  I feel so UNFAIR!
So I replied them with 2nd msg saying I will just take the item since I do not want to go through the troubles. And of course I asked when did they ever notified me about wrong item and they REPLIED ME AS BELOW!


So of course as an unhappy shopper I have to give my honest feedback for fellow ONLINE SHOPPERS, right? So I wrote my review as below. And they even threatened me with reply below. If they didn't write like that, the problem will be just ended. I wouldn't even bring it onto my blog and facebook.
  

What kind of business mission they have for them? Since I write “Not recommended” they won’t do any further refund or exchange for me.
HELLO! EVEN IF YOU EXCHANGE IT FOR ME, I STILL HAVE THE RIGHTS TO WRITE MY EXPERIENCES OF SHOPPING WITH YOU. WHY IN THE FIRST PLACE YOU SEND THE WRONG ITEM TO ME? ISN’T IT CHEATING?

I was just expecting “Sorry” or “Apologies” from them at first. Now I know the standard and level of “IDOL M” from Qoo10.sg. What can I expect? OH… Yeah…  You will just get my money this time. Not another time. And for the money you took unfairly from me, remember you will have to repay me because I believe in fate. If not this life, next life unless I go to Nirvana.

Ok. I am just ranting my anger to them. So Dear Readers, it is up to you to decide if you wanna treated like me or not.


Friday, November 22, 2013

Captain Phillips - Movie Review (with vlog in Burmese)


ရုပ်ရှင်အမည် : Captain Phillips
အမျိုးအစား : တိုက်ခိုက် သည်းထိပ်ရင်ဖို
ဘာသာစကား : အင်္ဂလိပ်၊ ဆိုမာလီ
ထုတ်ဝေသည့်နေ့ : ၁၁ရက် အောက်တိုဘာ ၂၀၁၃
Based on A Captain's Duty: Somali Pirates, Navy SEALs, and Dangerous Days at Sea by Richard Phillips
Stephan Talty

သရုပ်ဆောင်များ
Tom Hanks as Richard Phillips, captain of the MV Maersk Alabama
Barkhad Abdi as Abduwali Muse, pirate leader


My rating: 5/5

ဇာတ်လမ်းအကျဉ်း


Richard Phillips တာဝန်ယူ ဦးဆောင်တဲ့ MV Maersk Alabama ဆိုတဲ့ ကုန်တင် သေဘာၤၾကီးဟာ Oman သေဘာၤဆိပ္ကေန Mombasa အသြား Gulf of Aden အျဖတ္မွာ ဆိုမာလီက ပင်လယ်ဓားပြတွေရဲ့ ရန်ကိုရင်ဆိုင်ခဲ့ရပါတယ်… Captain Phillips ဟာ ဓားပြတွေသောင်းကျန်းတဲ့အတွက် သတိပေး အီးမေလ်းကိုရအပြီး အရေးပေါ်အခြေအနေကို လေ့ကျင့်နေတဲ့အချိန်မှာပဲ မင်္သကာစရာ မော်တော်ဘုတ် ၂စီးကို ရေဒါထဲမှာ မြင်ခဲ့ပါတယ်… ဒီလိုနဲ့ လေ့ကျင့်မှုကနေ တကယ့်အခြေအနေကို တဟုန်းထိုး ကူးပြောင်းသွားပါတော့တယ်… Captain Phillips ရဲ့ ဟန်ဆောင်ရေဒီယို စကားပြောကို လေလှိုင်းကြားက ခိုးနားထောင်နေတဲ့ ပင်လယ်ဓားပြတွေကြားပြီး မကြာခင်မှာ စစ်တပ်ရောက်လာတော့မည်အထင်နဲ့ မော်တော်ဘုတ် ၂စီးမှာ ၁စီးက လှည့်ပြေးသွားပါတော့တယ်… ကျန်တစ်စီးက ဆက်လက်လာနေပင်မဲ့ Captain Phillips ရဲ့ ညွှန်ကြားမှုအောက်မှာ လိုအပ်တာတွေကိုလုပ်ဆောင်ခဲ့တဲ့အတွက် ပင်လယ်ဓားပြတွေ သဘောင်္နားကို မကပ်နိုင်ခဲ့ပဲ ပထမအကြိမ်မှာလက်လျော့ခဲ့ပါတယ်… နောက်နေ့မနက်မှာတော့ Muse (Nickname: Skinny) ခေါင်းဆောင်တဲ့ ပင်လယ်ဓားပြ ၄ဦးပါ မော်တော်ဘုတ်က ထပ်မံချဉ်းကပ်လာပြန်ပါတယ်… ဘယ်လိုပဲ ကြိုးစားပြီး လွတ်မြောက်အောင်လုပ်လုပ် အဆုံးမှာတော့ လူဆိုးတွေဟာ သဘောင်္ပေါ်ကိုရောက်လာခဲ့ပါတယ်… 


တခြားသဘောင်္သားများကို အင်ဂျင်ခန်းထဲမှုာ ပုန်းခိုင်းထားပြီး လူဆိုးတွေနဲ့ မျက်နှာချင်းဆိုင်တွေ့ရတဲ့ သူကတော့ Captain Phillips နဲ့ နောက် အရာရှိ ၂ယောက်ပါပဲ… သဘောင်္ကို ပါဝါတွေ အကုန်ပိတ်ချလိုက်ပြီး အရေးပေါ် ပါဝါကိုပါ ပိတ်ချနိုင်ခဲ့တယ်… တစ်ချိန်မှာ လူဆိုးခေါင်းဆောင် Skinny ကို သူ့ သဘောင်္သားတွေ ဖမ်းဆီးနိုင်ခဲ့ပြီး သင်္ဘောပေါ်ကနေ ပိုက်ဆံ ဒေါ်လာ ၃သောင်းကိုယူကာ သဘောင်္ပေါ်က အသက်ကယ်လှေကို ယူပြီး အေးအေးဆေးဆေးဆင်းဖို့ တောင်းဆိုခဲ့တယ်… သို့သော် လူဆိုးတွေဟာ Captain Phillips ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ပြီး အာမခံကြေးငွေ ၆ မီလီယံနဲ့ ရွေးယူဖို့ ခြိမ်းခြောက်ပါတော့တယ်…
ဒီအခက်ခဲတွေကြားမှာ Captain Phillips ဘယ်လိုလွတ်မြောက်မလဲ… US Navy ရောက်ရှိလာအပြီးမှာ ဓားစာခံခေါ်ခံထားရတဲ့ Captain Phillips ကို ဘယ်လိုကယ်မလဲ… စတာတွေကိုတော့ ဖန်သားပြင်ပေါ်မှာ ကြည့်လိုက်မယ်ဆိုရင်ဖြင့် မိတ်ဆွေရဲ့ ပိုက်ဆံ အလကားဖြစ်မဲ့ ဇာတ်လမ်းတစ်ပုဒ်မဟုတ်ဘူးဆိုတာကို မဗေဒါက အတတ်ပြောရဲပါတယ်…


Captain Phillip အစစ် (၀ဲ) နဲ့ Captain Phillips အဖြစ် Tom Hank (ယာ)

ဝေဖန်ရေး


ဒီကားက ဇာတ်လမ်းအကုန်ပြောပြလိုက်လို့တောင်မှ တကယ်ကြည့်တာနဲ့ အရသာတူမှာမဟုတ်ပါဘူး… အောက်က ဗွီဒီယိုလေးကိုကြည့်ပြီးတော့လဲ မဗေဒါရဲ့ ဝေဖန်ရေးကိုနားထောင်ကြည့်လိုက်ကြပါနော်… ဒီပိုစ့်ထဲမှာတော့ ဗွီဒီယိုထဲမှာ မပြောဖြစ်ခဲ့တာလေးတွေကို ပိုအသားပေးပြီး ရေးချင်တယ်… တစ်ကားလုံးခြုံငုံပြီးကောင်းတယ်ဆိုတာကိုတော့ ထပ်ပြောမနေတော့ပဲ မှတ်မှတ်ရရ သတိထားမိတဲ့ အခန်းလေးတွေကိုပဲ တစ်ခုချင်းရေးပါတော့မယ်…


သဘောင်္နားကို ပင်လယ်ဓားပြ မော်တော်ဘုတ်ကပ်လာတော့ မီးသတ်ပိုက်ရေပန်းတွေစဖြန်းတဲ့အချိန်မှာ ကိုယ်ကပါသူ့လိုပဲ (လူဆိုးတွေ သဘောင်္ပေါ်ရောက်လာတယ်ဆိုတာ Trailer မှာကြည့်ပြီးတာတောင်မှ) စိုးရိမ်နေပါပြီ… မီးသတ်ပိုက်တစ်ခုက ကောင်းကောင်းမတတ်ထားတော့ အဲဒိနေရာမှာ ဟာနေတာကို လူဆိုးတွေတွေ့သွားပြီး အဲဒိကနေတက်လာဖို့ကြိုးစားတော့ သဘောင်္သား လက်ထောက်ကို ပြန်တပ်ခိုင်းရင်း ဒီဘက်ကလဲ လူဆိုးတွေကို Captain Phillips က ပါလာတဲ့ အချက်ပြမီးပန်းနဲ့ လှမ်းပစ်တဲ့အချိန်မှာ စိတ်ထဲ US မှာ ဒီလောက် သေနတ်ပေါတာ သဘောင်္ပေါ်မှာ သေနတ်လေးတော့ ဆောင်ထားသင့်တာပေါ့လို့ထင်မိတယ် (ဒါပေမဲ့လဲ တစ်ခါတစ်ရံမှာ သဘောင်္သားချင်းပြန်သတ်တဲ့ ဇာတ်လမ်းတွေ အပြင်မှာကြားဖူးနေတော့လဲ သေနတ်ထားသင့်မထားသင့်က အငြင်းပွားစရာ ကိစ္စတစ်ခုပါပဲ) ခုတော့ သူက မီးရှုးနဲ့ပစ်လိုက် လွဲသွားလိုက် ဟိုဘက် သေနတ်နဲ့ ပြန်ပြစ်လိုက်… ကိုယ်က သာမာန်လူ… ဟိုဘက်က သေနတ်နဲ့ လုပ်စားနေကျ ဓားပြ… ကိုယ်သာ ဓားပြတွေနဲ့တွေ့ရင်ဆိုတဲ့ အတွေးက ၀င်လာတယ်… အဲလိုဝင်လာတာလဲ Tom Hank ရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်မှုကြောင့်လို့ မဗေဒါကတော့ ထင်တယ်… တကယ်သရုပ်ဆောင်ကောင်းတဲ့သူက ကြည့်လိုက်ရင် ဘာမှမဟုတ်သလိုလိုသာမာန်လိုလိုနဲ့ ကြည့်နေတဲ့ လူရဲ့ စိတ်ထဲကို ဇာတ်ကောင်နဲ့အတူ မြောပါသွားအောင်လုပ်နိုင်စွမ်းရှိတယ်… သူသရုပ်ဆောင်သွားတဲ့အထဲမှာ သူ့ကို Super hero ကြီးလို့ ထင်ရလောက်တဲ့ Confidence နဲ့ သူရဲကောင်းဆန်ဆန်လုပ်ပြနေတဲ့ မျက်နှာ အမူအရာမျိုးမတွေ့ရဘူး… လက်ရှိရင်ဆိုင်နေရတဲ့ ဒုက္ခကို ခေါင်းဆောင်တစ်ယောက် (သာမာန် တာဝန်ရှိသူတစ်ယောက်) အနေနဲ့ တတ်နိုင်သလောက် လုပ်နေတဲ့ပုံစံမျိုး တစ်ကယ်ပေါ်လွင်တယ်… (သဘောပေါက်မလားတော့မသိဘူး… ဇွတ်ကြီး သရုပ်ဆောင်ပြနေတယ်လို့ မထင်ရပဲ… ပရိတ်သတ်ကပါ အဲဒိထဲဝင်ခံစားလာအောင် သရုပ်ဆောင်တာကိုပြောချင်တာ)..


နောက်တစ်ခန်းက သဘောင်္စက်ပိတ်လိုက်လို့ လူဆိုးတွေက သဘောင်္သားတစ်ယောက်ကို သေနတ်နဲ့ချိန်ထားပြီး ပစ်မယ်လုပ်နေတဲ့အချိန်မှာ “မင်းတို့ပြောတော့ စီးပွားလာရှာတာဆို… မင်းတို့ ပိုက်ဆံလိုချင်ရုံသပ်သပ်ဆို… ဘာလို့ ငါ့လူတွေကို ဒုက္ခပေးရတာလဲ” ဆိုတဲ့ အခန်းမှာ သရုပ်ဆောင်တွေအပြင် ဒါရိုက်တာရဲ့ တင်ပြပုံကိုလဲ ချီးကျူးမိတယ်… ကိုယ်ပါ အသက်အောင့်နေမိတယ်… Captain လဲ ကြောက်နေမှာပဲ သူ့လက်အောက်ငယ်သားသာ ဒီလိုသေသွားရင် သူလဲ စိတ်ထိခိုက်မှာပဲ… ကြောက်ပေမဲ့ ပြောစရာရှိတာတော့ သူပြောတာပဲ… အဲဒိအချိန်မှာ ပြောတဲ့စကားက လူတစ်ယောက်ရဲ့ အသက်သေရေးရှင်ရေးအရေးကြီးနေတယ်… အဲဒိအချိန်မှာ သေနတ်နဲ့အချိန်ခံထားရတဲ့သူကိုပြလိုက်… Tom Hank ကိုပြလိုက်… Muse ကိုပြလိုက်နဲ့ စကားတွေကလဲ အပြိုင်အဆိုင် ရုံးရင်ဆန်ခတ်ပြောနေတာကို ဖြတ်ကနဲ ဖြတ်ကနဲ ပြကွက်တွေနဲ့ ဇာတ်ဝင်ခန်းကို intense ဖြစ်အောင်ရိုက်ထားတယ်…


နောက်တစ်ချက်က အသက်ကယ်သဘောင်္ပေါ်မှာ Muse (Skinny) က Captain Phillips နှဖူးကို သေနတ်နဲ့ ချိန်ထားပြီး နောက်မှ သေနတ်ပြောင်းကို ပြန်ချလိုက်တဲ့အချိန်မှာ ကျွန်မတန်းသတိထားလိုက်မိတာက Tom Hanks နှဖူးပေါ်က သေနတ်ပြောင်းရာ… အရာလေးထင်ကျန်နေခဲ့တာ… ဒီအခန်းမှာ မင်းသားကြီးမို့ မထိရ၊ မကိုင်ရ၊ မနာရ၊ သရုပ်ဆောင်အသစ်ဖြစ်တဲ့အပြင် လူကြမ်းမို့ မင်းသားကို အဲလိုမလုပ်ရဘူးဆိုတာမရှိဘူး… ဒီဇာတ်ကားကို ပေးချင်တဲ့ ရသမြောက်ဖို့ အားလုံးက သူ့နေရာကသူ ပိုင်နိုင်အောင် မင်းဘယ်သူ ငါဘယ်သူမထားပဲ အလုပ်လုပ်သွားကြတယ်… Youtube မှာ သူတို့ကို အင်တာဗျူးထားတာတွေ့တော့ အဲဒိအခန်းကို အင်တာဗျူးတဲ့သူက မေးတာတွေ့တယ်… Muse(skinny) နေရာမှာ သရုပ်ဆောင်သွားတဲ့ သူ Barkhad Abdi ကို ခုလို မင်းသားကြီးရဲ့ နှဖူးကို သေနတ်ရာထင်အောင် မင်းလုပ်ရဲတယ် ဟုတ်လား? အဲဒါ ဘယ်သူ့ Idea လဲလို့ မေးတော့… Tom Hank ကိုယ်တိုင်က ၀င်ထောက်တယ်… ငါက ဘယ်သူမှ မဟုတ်ဘူး… ဘာလို့ ငါ့လိုလူကိုလို့ သုံးရတာလဲ ဆိုပြီးတော့… ပြီးတော့ အဲဒါ Tom Hank ကိုယ်တိုင်ရဲ့ အိုင်ဒီယာပါပဲ… Tom Hank က လုပ်ခိုင်းရင်တောင်မှ မင်းက လုပ်ရဲတယ်ဟုတ်လား? ဆိုတော့ Abdi က အစကတော့ သူမလုပ်ရဲပါဘူး ဒါပေမဲ့ ရိုက်ရင်းနဲ့ ဇာတ်ကောင်ထဲကို စိတ်သွင်းလိုက်တော့လဲ လုပ်ဖြစ်သွားတာပါပဲ… လို့ ပြန်ဖြေတယ်…


Muse (Skinny) အဖြစ် သရုပ်ဆောင်တဲ့ Barkhad Abdi (၀ဲ) နဲ့ တကယ့် အပြင်က ပင်လယ်ဓားပြ Abduwali Muse (ယာ)

ကျန်တဲ့ ဇာတ်ဝင်ခန်းတွေကိုတော့ ဗွီဒီယိုထဲမှာ ပြောထားပြီးပြီမို့ မဗေဒါရဲ့ Captain Phillips Movie Review –vlog လေးကိုကြည့်ပြီး ကြိုက်တယ်ဆိုရင် မဗေဒါ Channel လေးကို Subscribe လုပ်ထားရင် နောက်မဗေဒါတင်သမျှ ဗွီဒီယိုတွေကို မလွတ်တမ်းအရင်ဆုံးကြည့်ရမှာပေါ့နော်… :D
မဗေဒါကြည့်ချင်ခဲ့တဲ့ Captain Phillps သူ့မိသားစုနဲ့ပြန်ဆုံတာကို ရုပ်ရှင်ထဲမှာ မပြတော့ပေမဲ့ အပြင်က Captain Phillips အစစ် သူ့မိသားစုနဲ့ဆုံတဲ့ပုံကိုတွေရတော့ ၀မ်းသာကြည်နူးမိပါတယ်… သူကပြောတယ်… “ကျွန်တော်က သူရဲကောင်းမဟုတ်ပါဘူး… စစ်တပ်ကသာ သူရဲကောင်းပါ… သူတို့ကိုကျေးဇူးတင်ပါတယ်”… ကျွန်မတွေးမိတယ်… ကျွန်မတို့ နိုင်ငံသားတွေရော ကျွန်မတို့နိုင်ငံ စစ်တပ်ကို သူရဲကောင်းလို ကျေးဇူးတင်ဖို့ ဘယ်အချိန်ထိစောင့်ရမလဲလို့….


2009 Apirl 17 မှာ မိသားစုနဲ့ ပြန်လည်စုံခဲ့တဲ့ Captain Phillips


Friday, November 08, 2013

Thor 2 (The Dark World) - Movie Review


ရုပ်ရှင်အမည် : Thor
အမျိုးအစား : တိုက်ခိုက်, စွန့်စားခန်း, စိတ်ကူးယဉ်
ဘာသာစကား : အင်္ဂလိပ်
ထုတ်ဝေသည့်နေ့ : ၂၂ရက် အောက်တိုဘာ ၂၀၁၃
သရုပ်ဆောင်များ
Chris Hemsworth as Thor
Natalie Portman as Jane Foster
Tom Hiddleston as Loki
Anthony Hopkins as Odin
Idris Elba as Heimdall
Stellan Skarsgård as Dr. Erik Selvig

My rating: 3/5

ဇာတ်လမ်းအကျဉ်း

လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကျော်တုန်းက ဂြိုလ်ပေါ်မှာရှိတဲ့ Dark Elves ဆိုတဲ့ အမျိုးတစ်ခုက Aether ဆိုတဲ့ လက်နက်ကိုအသုံးပြီး စင်္ကြာဝဠာကြီးတစ်ခုလုံးကို အမှောင်ဖုန်းသွားအောင်လုပ်ဖို့ ကြိုးစားခဲ့တယ်…  ဒါပေမဲ့ Asgard က စစ်သူရဲကောင်း တွေက အဲဒါကို တားဆီးနိုင်ခဲ့ပြီး လူဆိုးခေါင်းဆောင် Malekith ကတော့ လွတ်မြောက်သွားကာ နောက်ထပ်အခွင့်အလန်းကို စောင့်နေခဲ့တယ်… စစ်သူရဲကောင်းတွေဟာ Aether လက်နက်ဟာ သိပ်အင်အာကြီးလွန်းတဲ့အတွက် ဖြတ်ဆီးမရနိုင်ခဲ့ဘူး… အဲဒါကြောင့် ဘယ်လိုမှရှာမတွေ့နိုင်တဲ့ နေရာတစ်ခုမှ ၀ှက်ထားလိုက်ကြတယ်… ယခုနေ့မှာတော့ Jane Foster ဟာ သူ့ချစ်သူ Thor ပြန်လာဖို့စောင့်နေတာ ၂နှစ်ရှိသွားပြီ… သူကတော့ ဂြိုလ်ပေါ်မှာ ငြိမ်းချမ်းရေးရဖို့ ကြိုးစားနေလေရဲ့ (ငြိမ်ချမ်းရေးရအောင် စစ်တိုက်နေတာ… :P  ခွိ) … Jane ဟာ Thor ပထမအကြိမ် ကမ္ဘာပေါ်ကိုရောက်လာခဲ့တုန်းက စင်္ကြာဝဠာဖြစ်စဉ်ကို လေ့လာရင်း အရာဝတ္ထုတွေပစ်ချလိုက်ရင် အပေါ်ကနေပြန်ကျလာတဲ့ စက်ရုံပျက်ကြီးတစ်ခုအရောက်မှာ မမြင်နိုင်တဲ့ ဆွဲအားတစ်ခုဆွဲခြင်းကို ခံခဲ့ရတယ်… Thor ဟာ ကမ္ဘာက သူ့ချစ်သူဆီပြန်ချင်ပေမဲ့ သူ့အဖေ Odin က ခွင့်မပြုခဲ့ဘူး… 

သူတို့ဂြိုလ်ကနေ အားလုံးကို မြင်နိုင်တဲ့ ဂိတ်မှူး Heimdall ကနေတစ်ဆင့် Jane ပျောက်ဆုံးသွားတာကို သိရှိခဲ့တဲ့အတွက် ကမ္ဘာကို ဆင်းလာခဲ့တယ်… သူရောက်တဲ့အချိန်မှာပဲ Jane လဲ ပြန်ပေါ်လာခဲ့တယ်… ဒါပေမဲ့ Jane ကို တရားမ၀င်သုတေသနပြုတဲ့အတွက် ရဲတွေက ဖမ်းဖို့ကြိုးစားတဲ့အခါမှာ ကြီးမားတဲ့ လူသားမဆန်တဲ့ အားတစ်ခုက တုန့်ပြန်ခဲ့တယ်… Thor လဲ Jane ကို ဘာဖြစ်ခဲ့သလဲ စူးစမ်းဖို့ Asgard ကို ခေါ်လာခဲ့တယ်… သူတို့ တွေ့ရှိခဲ့တာကတော့ Jane ပျောက်ဆုံးသွားတဲ့ ခဏတာမှာ Aether လက်နက်ဆီရောက်သွားပြီး Jane ခန္ဓာကိုယ်ထဲကို ၀င်နေတယ်ဆိုတာပဲ… အဲဒိလက်နက်ပြန်ပေါ်လာတာနဲ့ တပြိုင်နက် လူဆိုးကြီး Malekith ဟာ ခံစားလို့ရပြီး ခုအချိန် တိုက်ဖို့အတွက် Aether လက်နက်ကို ရယူဖို့အကောင်းဆုံးအချိန်ဖြစ်လာတော့တယ်… ဒါကြောင့် သူနဲ့အဖွဲ့သားတွေဟာ Asgard ကို ၀င်တိုက်ရင်း Jane ကိုအကာအကွယ်ပေးနေတဲ့ Thor ရဲ့မိခင်ကို သတ်ခဲ့တယ်… Odin ဟာ Malekith ၊ Jane ကို ပြန်လာရှာမယ်ဆိုတာသိနေတဲ့အတွက် Jane ကို ချုပ်နှောင်ထားခဲ့တယ်… ဒီအကြံကို Thor ကလက်မခံပဲ Jane ကိုခေါ်ပြီး သူ့ရဲ့ တိုက်စစ်ကို စဖို့ ဆုံးဖြတ်လိုက်တယ်… အဲလို သွားတိုက်ဖို့အတွက် အဲဒိဂြိုလ်ကို သွားရာလမ်းကိုသိတဲ့ တစ်ချိန်က Thor အဖေကို သတ်ဖို့ကြိုးစားပြီး နန်းလုဖို့ကြိုးစားခဲ့တဲ့ သစ္စာဖောက်မွေးစားအစ်ကို Loki ကို ထောင်ထဲကနေခေါ်ထုတ်ပြီး လက်တွဲဖို့ ဖိတ်ခေါ်ရတော့တယ်…. ပြဿနာက Thor တစ်ယောက် Loki ကို ယုံကြည်လို့ရပါ့မလား….

ဝေဖန်ရေး

ဒီကားဟာ ရုပ်ရှင်ဝေဖန်ရေးဆိုဒ်တွေဖြစ်တဲ့ IMDB  မှာ 7.7/10 နဲ့ Rotten Tomato မှာ 70% Rating ရခဲ့တယ်… မဗေဒါအနေနဲ့ကတော့ အရမ်းအကြိုက်ကြီးမဟုတ်ဘူး… တစ်ချက်တစ်ချက် Loki ကြောင့် ရီရတာကလွဲလို့ ဇာတ်လမ်းက ဒါဒါတွေထပ်နေပြီလို့ ခံစားရတယ်… ပထမတစ်ကားမှာ Thor မင်းသားကိုကြိုက်ပေမဲ့… ခုကားမှာ Loki ကိုတောင် ပိုကြိုက်နေတယ်… ပထမကားကတည်းက Loki နေရာသရုပ်ဆောင်တဲ့ Tom Hiddleston ကို သဘောကောင်းတဲ့ပုံကြီးလို့ခံစားခဲ့ရတာ… ခုကားမှာ သူကရီရတော့ သူ့ကိုပဲ သဘောကျနေတာ… နောက်တစ်ယောက်ရီရတာက ကမ္ဘာပေါ်က သိပ္ပံပညာရှင်လုပ်တဲ့အဖိုးကြီး… ကိုယ်လုံးတည်းနဲ့ လူမြင်ကွင်းမှာ စမ်းသပ်လို့ ရဲဖမ်းခံရပြီး အရူးထောင်မှာ ထိမ်းသိမ်းခံခဲ့ရတဲ့ အဖိုးကြီးလေ..

နောက်ပိုင်း Hollywood က သူတို့ Graphic တွေ ပိုင်လာတိုင်း သာမာန်ကားတောင် မရိုက်တော့ဘူးလားမသိဘူး… တစ်ခါလာ စက်ရုပ်၊ ဂြိုလ်သား၊ အကောင်၊ ဒါဒါတွေဖြစ်လာပြီ… ဇာတ်လမ်းအရ ကျွန်မအကြိုက်မဟုတ်ပေမဲ့.. သရုပ်ဆောင်ပိုင်းနဲ့ ခန်းနားကြီးကျယ်မှု… အ၀တ်အစားဒီဇိုင်း စတာတွေကတော့ အဆင့်မြင့်တဲ့ ကားတစ်ကားလို့ပြောရမှာပါပဲ… သူ့မှာ တိုက်ခိုက်တဲ့ ချတဲ့ အခန်းတွေပါသလို ဟာသတွေလဲ ပါတဲ့အတွက်တော့ ညီညီမျှမျှ ဖြစ်အောင်ရိုက်ထားတဲ့ကားတစ်ကားပါပဲ… အဲဒါကြောင့် မဗေဒါရဲ့ rating ကို ၅မှတ်မှာ ၃မှတ်ပေးထားပါတယ်…

Thor ကြည့်ပြီးသူတွေရော ဘယ်လိုထင်လဲ ဆိုတဲ့ ထင်မြင်ချက်လေးတွေ ဘလော့ပိုစ့်အောက်မှာ ကွန်မန့်ပေးကြပါနော်..

Tuesday, November 05, 2013

စကာင်္ပူမှာ ပိတ်စနဲ့ ဇာအမျိုးမျိုးဝယ်ချင်ရင်… Arab Street ကိုသွား

I do not own this photo (credit to original owner)

မနေ့က သူငယ်ချင်းတွေပြောဖူးတဲ့ စကာင်္ပူမှာ ပိတ်စနဲ့ ဇာအမျိုးမျိုးရောင်းတဲ့ Bugis နားက Arab Street  ဆိုတဲ့ လမ်းကို သွားပြီး မြန်မာအင်္ကျီချုပ်ဖို့ ပိတ်စနဲ့ ဇာတွေသွားကြည့်ဖြစ်တယ်… ရောက်တာနဲ့ လမ်းတစ်လမ်းလုံးအပြည့် ပိတ်စဆိုင် ကော်ဇောဆိုင်တွေအပြည့်ပါပဲ… လမ်းထိပ်နားက တွေ့တဲ့ဆိုင်ကို အရင်ဆုံးဝင်ကြည့်လိုက်တယ်… ဆိုင်ထဲရောက်တာနဲ့ တွေ့တဲ့ ဇာပန်းထိုးတွေ… ပိတ်ဖောက်ဇာတွေ… ဇာကျောက်ကပ်၊ ပိုးစ plain ၊ Polyester စ (ပိုးနဲ့ယှဉ်ရင် သူက နည်းနည်းလေး မာတယ် ဒါပေမဲ့ ဖဲလိုပဲ ပြောင်တယ်၊ မပြောင်တာတွေလဲ ရှိတယ်… ဘယ်လိုကွာလဲတော့ မသိ) စသည်ဖြင့် မျိုးစုံနေအောင်တွေ့ရပါတယ်… ဇာပန်းထိုးထားတာတွေကို အောက်က liner လို့ခေါ်တဲ့ polyester စတွေနဲ့ တွဲပြထားတာ အတော်လေးလှပါတယ်… သူတို့ကတော့ မွတ်စလင်တွေကို အဓိက target ထားတော့ ဆင်ပြထားတာတွေက တစ်ကိုယ်လုံးအုပ် ဂါဝန်ဒီဇိုင်းမျိုးတွေပေါ့… ဒါပေမဲ့ ကိုယ်တွေကလဲ အပေါ်တစ်ပိုင်းပဲကြည့်ပြီး မြန်မာအကျီင်္ပုံစံ တွဲပြီး မျက်လုံးထဲဖော်လို့ရတာပေါ့..


I do not own this photo... အောက်က လိုင်နာဗြောင်အစနဲ့ အပေါ်က ဇာပန်းထိုးတွေ ဆင်ထားတာ...

ပထမ၀င်တဲ့ဆိုင်မှာ မေမေကတော့ ကျောက်ကပ်ဇာ နို့နှစ်ရောင်နဲ့ အောက်က polyester စ နို့နှစ်ရောင်လေးဝယ်ဖြစ်တယ်… အဲဒိ ဆိုင်နာမည်က Warna Fabrics (108, Arab Street, Singapore - 199804, Ph: 63980504)

သူတို့က မီတာနဲ့ပဲရောင်းတယ်… ကိုယ်တွေက ကိုက်နဲ့ပဲ သိတယ်…
၁ကိုက် ဆိုတာ တစ်မီတာအောက် ၀.၁ မီတာလောက်လျော့တယ်… ကိုက်ကို Yards လို့ခေါ်တယ်ထင်တယ်…
၁ မီတာ = 1.09361 ကိုက်

ကျောက်ကပ်ဇာခေါ်ဈေးက ၁မီတာ = SGD 45
အောက်ခံလုပ်မဲ့ polyester အစက ၁မီတာ = SGD 5

မေမေက ဇာကို ၁မီတာခွဲယူတယ် (ဆိုင်ကမိန်းမက ဒီဇာက ကျောက်တွေပါတော့ အနားတွေဘာတွေ ချုပ်တဲ့သူယူလို့ရအောင် ၁မီတာခွဲလောက်ယူဖို့ အကြံပေးလို့) … အောက်ခံစ polyester ကိုတော့ ၁မီတာယူတယ်… စုစုပေါင်း SGD 72.5 ကျရမှာ ဈေးဆစ်တော့… ၂ခုပေါင်း SGD 55 နဲ့ရတယ်… ဇာကျောက်ကပ်ထားတဲ့အစကို ၁မီတာ ၄၅ ကျပ်ကနေ ၃၃ ကျပ်လောက်အထိ ဆစ်လို့ရတာတွေ့ရတယ်… ဒိထက်ဆစ်လို့ရတယ်ဆိုရင်လဲ ပြောပြပါအုံး ဘယ်ဆိုင်လဲဆိုတာ…

ကျွန်မက ကိုယ့်မှာရှိပြီးသား ချိတ်ထမိန်တွေနဲ့ လိုက်ဖက်မဲ့ အရောင်နဲ့ ဒီဇိုင်းကို လိုက်ရှာတော့ စိတ်တိုင်းကျသိပ်မရဘူး.. သူတို့မှာရှိတဲ့ ဒီဇိုင်းတွေမလှလို့မဟုတ်ဘူး…. ချိတ်ထမိန်ကို အဲဒိ ပန်းထိုးထားတဲ့ ဇာတွေနဲ့ တွဲရင် မျက်လုံးထဲ ရှုပ်တယ်ခံစားရလို့… ကိုယ်က စက်ချုပ်တတ်တဲ့သူမဟုတ် ဖက်ရှင်အမြင်ကလဲ နည်းတော့ ဘယ်လိုလှအောင်ချုပ်လို့ရမလဲတော့ မသိ… ကိုယ်ချုပ်ဖို့စိတ်ကူးထားတဲ့ မြန်မာအင်္ကျီပုံလေးတွေကို ဖုန်းထဲတော့ ထည့်ထားပါတယ်… ဒါနဲ့ နောက်ဆုံး သူတို့ကို ငါလိုချင်တာပန်းတွေမပါပဲ ဇာဗြောင်လိုချင်တာလို့…. အောက်က ထမိန်က အချိတ်ဆိုတော့ အပေါ်က ဗြောင်လိုချင်တာ… Cityhall က စက်ချုပ်ဆိုင်ကို မေးခဲ့တော့ မှန်ဇာမ၀ယ်နဲ့တဲ့…. မှန်ဇာက ချုပ်လိုက်ရင် ကြွပြီးဖောင်းလို့ အသားကို fitting မဖြစ်ဘူးတဲ့… ခြင်ထောင်ဇာလို အပေါက်လေးတွေနဲ့ ခပ်ပျော့ပျော့အသားကမှ အဲလို ၂ထပ်ချုပ်ရင်ကောင်းတာတဲ့…. ဒါပေမဲ့ သူတို့ဆိုင်မှာရှိတာတွေက အကုန် ကျောက်တွေဖောက်ရင်ဖောက်… မဟုတ်ရင် ပန်းတွေထိုးထားတဲ့ ဇာတွေချည်းပဲ… လှတာတော့ အရမ်းလှပါတယ်… ဒါပေမဲ့ ကိုယ့်မှာရှိတဲ့ လုံချည်တွေ တစ်ထည်နဲ့မှ မလိုက်ဖူးလို့ စိတ်ထဲထင်နေတယ်… ဒါတောင် အနက်ခံဇာပေါ်မှာ အစိမ်းနွယ်လေးတွေနဲ့ ပန်းအ၀ါလေး ဖောက်ထားတဲ့ ဇာအစလေးအရမ်းလှလို့ ၀ယ်မလို့ ဖြတ်ခိုင်းလိုက်တော့မှ… သူက ၂မီတာခွဲကျန်နေတယ်… ကျွန်မက ၁မီတာခွဲပဲလိုချင်တာ… သူတို့က ကိုးလို့ကန့်လန့်ဖြစ်နေလို့ ၂မီတာခွဲယူပါပြောတယ်….

 ခေါ်ဈေးက အဲဒိဇာ ၁မီတာ = SGD 30 (၁မီတာခွဲယူမယ်ဆိုတော့ SGD 45 ကျရမယ်)
အောက်ခံ liner အနက်ရောင်စ = SGD 5
စုစုပေါင်း ကျသင့်ငွေ = SGD 50 အစား ဈေးဆစ်တော့ SGD 37 ကျပ်နဲ့ပေးတယ်…
မေမေကပြောတော့ တန်တယ်တဲ့… မြန်မာပြည်က ဗိုလ်ချုပ်ဈေးတို့ တခြားပိုးထည်ရောင်းတဲ့ နေရာတွေမှာ ဒီလို အရည်အသွေး ဒီလိုဒီဇိုင်းမျိုးက ဈေးပိုကြီးတယ်တဲ့… ဒါပေမဲ့ ကိုယ်လဲ အစတည်းက လိုချင်လို့ ယူမယ်ပြောတာပဲရှိတယ် အသုံးလိုလှတယ်မဟုတ်တော့… ၂မီတာခွဲကြီး အတင်းထိုးရောင်းနေတာကို မယူခဲ့တော့ဘူး…

ဒါနဲ့ ဆက်လျှောက်ရင်း  ၂ဆိုင်ကျော်လောက်က ဆိုင်ကို ၀င်ရှာကြည့်တယ်… အဲဒိဆိုင်မှာ မေမေ၀ယ်ခဲ့တဲ့ ကျောက်ကပ်ဇာကို ၁မီတာ ၄၉ ဒေါ်လာ ခေါ်တယ်… ဒါနဲ့ ကျွန်မလိုချင်တဲ့ ဇာဗြောင်ကို မေးတော့ မရှိဘူး… အဲဒိဆိုင်က မလေးမက ပြောတယ်… ဇာပန်းမထိုးထားတာက တရုတ်ဆိုင်တွေမှာရှိတယ်တဲ့…
ဆက်လျှောက်တော့ တရုတ်ဆိုင်တစ်ဆိုင်တွေ့တယ် ဆိုင်က လက်လီလက္ကားရောင်းတဲ့ ဆိုင်လိုပဲ မလေးဆိုင်တွေလို သေသေချာချာတော့ Show ပြမထားပေမဲ့ စုံလိုက်တဲ့ ပိတ်စတွေ… 

လက်လက်ထနေတဲ့အရာတွေကနေ သာမာန်ပိတ်စအဆုံးဟိုးအမြင့်ကြီးတွေအထိရှိတယ်…
အဲဒိဆိုင်အပြင်ဘက် လူသွား ပလက်ဖောင်းပေါ်မှာတင်ထားတဲ့ ခြင်ထောင်ဇာလို အလိပ်မျိုးတွေတွေ့တော့ ပျော်သွားတယ် ကိုယ်ရှာတာ အဲ့တာမျိုးလေ… ဒါပေမဲ့ ကိုယ်လိုချင်တာက ပန်းရောင်းဖျော့ဖျော့ဇာဆိုတော့ ဆိုင်းသမားကို ခေါ်ပြခိုင်းရတယ်… တရုတ်အဖိုးကြီးတွေ… သိပ်စိတ်မရှည်တဲ့ပုံ… ဒါပေမဲ့ သူတို့က လုပ်ငန်းတော့ ကျွမ်းကျင်ပုံရတယ်… ကျွန်မကို ပိတ်စတွေ စပ်ပြီးတော့လဲပြတယ်… ကျွန်မမှာရှိတဲ့ ပန်းရောင်ခံကို အပြာဖောက်ချိတ်ကလဲ ဘယ်လိုချုပ်ရမှန်းကို မသိတော့ဘူး… အပြာကိုအောက်ကခံပြီး ပန်းရောင်ဇာအုပ်လဲ ကြောင်တောင်တောင်ဆန်တယ်… ပန်းရောင်ကို အောက်ကထားပြီး အပြာအပေါ်ကအုပ်ရင်လဲ အရမ်းလင်းနေမလားလို့ (သေချာတော့ မသိ)… ဒါနဲ့ အဲဒိ ချိတ်ကို ပြန်ထည့်… ပါလာတဲ့ ထမိန်ကြက်သွေးပေါ်မှာ ပန်းရောင်ပန်းပွင့်လေးတွေဖောက်ထားတာနဲ့ တိုက်တော့… အောက်က လိုင်နာလုပ်ဖို့ အနီရောင် ပိုးစကို ထုတ်ပြတယ်… ဒါပေမဲ့ ပိတ်စက တအား ပျော့နေလို့ ဒိထက်မာတာရှိလားဆိုတော့… ရှိတယ်… Polyester စ ထင်တာပဲ… တစ်ဖက်က ဖဲလိုပဲ ပြောင်ပြီး နောက်တစ်ဖက်ကတော့ Matte ပေါ့နော်… အဲဒါနဲ့ ကျွန်မထမိန်လေးနဲ့ တော်တော်လိုက်တယ်ထင်တာနဲ့ အဲဒိ လိုင်နာ ကြက်သွေးရောင်ကို အပေါ်က ပန်းရောင်ဇာ ဖျော့ဖျော့ လေးအုပ်ပြီး ချုပ်မယ်စိတ်ကူးမိတယ်… ဒါပေမဲ့ အိမ်ရောက်တော့ ပြန်ကြည့်တော့ ဇာမထည့်ပဲ ရိုးရိုး တက္ကသိုလ်ရင်ဖုံး ပန်းကျယ်သီးလေးတွေနဲ့ အပြောင်အတိုင်းလေး ချုပ်ရင်ကောင်းမလားလို့ အကြံပေးကြပါအုံး… ဖက်ရှင် sense ရှိတဲ့သူများ….

အဲဒိ လိုင်နာ ကြက်သွေးရောင် polyester စက ၁ မီတာ = SGD 4
ပန်းရောင် ခြင်ထောင်ဇာ plain က ၁ မီတာ = SGD 3
(ဇာကို ၁မီတာခွဲယူတယ်… လိုရမယ်ရ လက်ရှည်ချုပ်ချင်ရင် ရအောင်… ၂ခုပေါင်း ၈ကျပ်ခွဲကျတာ ၆ ကျပ်စစ်တာ လုံးဝမရဘူး… ဒါနဲ့ ၈ကျပ်တော့ထားပါဆိုတော့ ဆိုင်က တရုတ်အဖိုးကြီးက ကိုယ့်ကို လာဝယ်သမျှလူ တစ်ယောက်မှ အဲလို ဈေးမဆစ်ဖူးဘူးဆိုပြီး ၈ကျပ်နဲ့ ပေးတယ်… တရုတ်ဆိုင်က ခေါ်ကတည်းက ဈေးသိပ်မတင်ဘူး… ဈေးဆစ်ပြီးဝယ်တာတောင် ကိုယ်တစ်ယောက်တည်းရှိမယ်ထင်တယ်… ခွိ)

အဲဒိ တရုတ်ဆိုင် နာမည်က GIM JOO TEXTILE COMPANY PTE LTD (90 Arab st, S'pore 199786. Tel: 62936676)

ဟိုနေ့က Cityhall အပေါ်ဆုံးထပ်က ဆိုင်မှာ အကျီင်္အပ်တော့ ကျွန်မကို အဲဒိ လိုင်နာ Cream colour နဲ့ အ၀ါရောင် ဇာ plain တစ်မျိုးစီကို ၁မီတာ SGD 8 တောင်ယူတယ်)… မသိသူကျော်သွား သိသူဖော်စားဆိုတော့လဲ ဒီတစ်ခါတော့ခံလိုက်မယ်… နောက်တစ်ခါ မခံယုံပေါ့... ချုပ်ခလဲယူပြီးပြီး… ၁ကျပ် ၂ကျပ်လောက်ပိုယူရင်တောင် ကိစ္စမရှိသေးဘူး… ထားပါတော့လေ… ကိုယ်အပျင်းကြီးမိတော့လဲ ကိုယ်ခံပေါ့… အဲဒါကြောင့် မသိတဲ့သူတွေကို ဒီပိုစ့်ရေးပြီး ပိတ်စဈေးတွေပြောပြတာ… ကိုယ့်လို မခံရအောင်…

အောက်ကပုံမှာကြည့်လိုက်နော်…
ဘယ်ဘက်က ကျွန်မရှိတဲ့ ထမိန်စ... အလယ်က polyester စနဲ့ ညာဘက်က ပန်းရောင်း ခြင်ထောင်ဇာ...

အောက်က အနီကို Corset ပုံစံမျိုးချုပ်ပြီး အပေါ်က ဇာထပ်ချင်တာ... အောက်ကပုံမှာကြည့်လိုက်...
ညာဘက်ဘေးဆုံးက အပြာချိတ်နဲ့ အဖြူ Corset အဖြူဇာထပ်ထားတဲ့ တစ်ယောက်လို ချုပ်ချင်တာ... ရိုးရိုးပဲ..

ဒီလို ဒီဇိုင်းလေး ကြိုက်တယ်... ဒါပေမဲ့ သူက မှန်ဇာသုံးပြီး ချုပ်ထားတယ်ထင်တယ်.... အကျီင်္က ချိုင်းနားမှာ ကြွပြီး သိပ်ပုံမကျဘူး
ဆိုင်ထဲမှာလျှောက်ကြည့်တော့ အမဲရောင် ဇာခံကို ရွှေရောင်လိုင်းလေးတွေလို ရွှေမှုန်လေးတွေလို ပြေးနေတဲ့ ခြင်ထောင်ဇာ Plain လေးကိုတွေ့တော့ ကိုယ့်မှာရှိတဲ့ အနက်ခံ တိုင်းရင်းသားအဆင်ထမိန်လေးအတွက် ၀ယ်ဖြစ်ခဲ့တယ်…
၁မီတာ = SGD 5 (အမေက ၁မီတာ ကျွန်မက ၁မီတာ ၂မီတာ ၀ယ်လာတယ်)

ဒီဇာလေးကိုတော့ Corset နဲ့မဟုတ်ပဲ ဒီတိုင်း ရွှေကျယ်သီးလေးတွေနဲ့ ရင်ဖုန်းချုပ်ရင်ကောင်းမလား... ပန်းထိုးမယ်ဆိုရင် လှမလား၊လည်ထောင်ချုပ်ရမလား... အပေါ်က အ၀ါနဲ့ မင်းသမီးလို လက်တိုလေး ချုပ်ရင်ကောင်းမလား ခုထက်ထိ ဘာပုံကောင်းမလဲ မသိဘူး...

၁ထပ်တည်း အသားပေါ်တင်ကြည့်ရင်တော့ ဒီလိုမြင်ရတယ်...

စကာင်္ပူမှာ ပိတ်စနဲ့ ဇာအမျိုးအမျိုးကို ဈေးနှုန်းအသင့်အတင့်နဲ့ လိုချင်ရင် Bugis က Arab street မှာသွားဝယ်နော်… ကိုယ်ဘာလိုချင်လဲဆိုတာ အသေအချာသိပြီး သွားဝယ်ရင်တော့ ပိုကောင်းမယ်… မဟုတ်ရင် တွေ့သမျှ အကုန်လိုချင်ပြီး ပိုက်ဆံကုန်လိမ့်မယ်.. ဒါတောင် ကျွန်မက ဘယ်ဘက်ခြမ်းတစ်ခြမ်းပဲလျှောက်ခဲ့တာ…. မိုးရွာလို့ ညာဘက်ခြမ်းက ဆိုင်တွေကို မလျှောက်ဖြစ်ခဲ့ဘူး…

တကယ်လို့ မဗေဒါရဲ့ ဘလော့ကို လာဖတ်တဲ့ ချစ်သူငယ်ချင်းတွေမှာ ဒီဇိုင်းကောင်းကောင်းသိရင် အကြံလေးပေးသွားပါအုံး... နောက်ပြီး မြန်မာပြည်က အပ်ချုပ်ဆိုင်ကောင်းကောင်းနဲ့ ၁၀ရက်အတွင်း ၃ ၊ ၄ ထည်လောက် အမြန်ချုပ်ပေးနိုင်မဲ့ (အမြန်ကြေးပေးပါ့မယ်) နေရာသိရင်လဲ အောက်မှာ လိပ်စာနဲ့ ဖုန်းနံပါတ်လေး မျှသွားပေးပါနော်... ကျေးဇူးကမ္ဘာ....

စုထားဖြစ်တဲ့ မဗေဒါ ချုပ်ချင်တဲ့ ဒီဇိုင်းလေးတွေ အောက်မှာ မျှလိုက်မယ်...