Tuesday, March 26, 2013
Hyun Bin နဲ့ ကြုံလာဖို့ အကြောင်းဖန်တော့...
သူ့ရဲ့ ပထမဆုံး ဇာတ်လမ်းတွဲ "My lovely Sam Soon" ကတည်းက သူ့ Character က အရမ်းမကောင်းခဲ့ပင်မဲ့ လှရက်နိုင်လွန်းတဲ့ မင်းသားမို့ အဲဒိကားကို ၃၊ ၄ခေါက်ပြန်ကြည့်ဖြစ်တယ်... Character မကောင်းဘူးဆိုတာ လုံးလုံးမကြိုက်တာတော့မဟုတ်ဘူး... ဒါမျိုးက အပြင်က ယောကျာင်္းတွေမှာလဲ ဖြစ်တတ်တယ်... ဟိုပင်လဲ မလွှတ်ချင် ဒီပင်လဲ မလွှတ်ချင်ဖြစ်တာကိုပြောတာ... ဒါပေမဲ့ အကြိမ်ကြိမ်ပြန်ကြည့်တော့လဲ Character အားလုံးကို နားလည်ပေးနိုင်ပါတယ်... သူက သူ့စိတ်ကိုသူမသိဖြစ်နေတာ... ဒါတွေထားတော့ သူ့ရဲ့ ပက်ပက်စက်စက်ချောလှချက်နဲ့ Heart attack ရလောက်တဲ့ ရင်ခုန်စရာသရုပ်ဆောင်ချက်တွေကြောင့် ရင်ကိုစွဲငြိစေသူ မင်းသားတစ်ယောက်ဖြစ်ခဲ့တယ်...
သူ့ရဲ့ Movie "Millionaire first love" နဲ့ "Daddy Long Legs" , တခြား Drama တွေဖြစ်တဲ့ "Snow Queen" နဲ့ "World within (aka) The world they live in" တွေမှာလဲ ဘယ်လိုဆံပင်ပုံစံ... ဘယ်လို Character မျိုးသရုပ်ဆောင်ပါစေ မကြိုက်ပဲ မနေနိုင်တဲ့ ဆုနဲ့ပြည့်တဲ့မင်းသားတစ်ယောက်ပါ... Snow Queen မှာလဲ မင်းသမီးသေမှာသိနေတော့ မင်းသမီးကို သနားတာထက် မင်းသားလေးဆွေးကျန်တော့မှာတွေးပြီး သူ့ထက်ငိုခဲ့ရသေး... (ငိုတာမကြိုက်ရင် အဲကား မကြည့်နဲ့) ဒါပေမဲ့ အဲကားမှာ မင်းသမီးကလဲ Song Yuri ဆိုတော့ ချောမှချော... "World Within" အပြီးမှာ အဲဒိထဲက မင်းသမီး ဆောင်းဟေကို (အွန်စောလို့ လူသိများတဲ့ မင်းသမီး) နဲ့ ငြိသွားကြတယ်ဆိုတော့ သိပ်တော့ သဘောမတူချင်ဘူး... မင်းသမီးကို မကြိုက်လို့ မဟုတ်... အဲမင်းသမီးက အရင်ကလဲ "All In" အပြီးမှာ "Lee Byung Hun" နဲ့လဲ ကြိုက်ပြီး အစကဆို ယူထားတယ်တောင် သတင်းထွက်တယ်... နောက်ကွဲသွားမှ ယူတာမဟုတ်ဘူး ရည်းစားပဲလို့ပြောတော့ (Anyway, သူတို့အတွက်ကတော့ ယူယူမယူယူ အတူတူပါပဲ)... ဒါပေမဲ့လဲ သူနဲ့ သဘောမတူလို့ ကိုယ်ရမှာလဲ မဟုတ်တော့ မင်းသားကြိုက်ချင်တဲ့သူကြိုက် ကိုယ်နဲ့လဲ ဆိုင်မှမဆိုင်တာ... မင်းသားရည်းစားရလို့ အဲမင်းသားမကြိုက်တော့ဘူးဆိုတဲ့ မရင့်ကျက်တဲ့ ပရိတ်သတ်ထဲ မဗေဒါမပါ... ဒီတော့လဲ "I wish for them to happy"... ထင်တော့ထင်သား အဲ့ကားမှာ အရမ်း အဖက်၊ အနမ်းတွေကြမ်းနေကြတော့ တစ်မျိုးကြီးတောင်ထင်တယ်... Viewer Instinct က ဖြစ်တော့မယ် ဖြစ်တော့မယ် ထင်သား.. (မဲ့ကာရွဲ့ကာရေးသည် :P ) ... ဒါပေမဲ့ ကိုယ်သာ ယောကျာင်္းဆိုလဲ ဆောင်းဟေကိုလို လှတဲ့ မင်းသမီး မကြိုက်ပဲ မနေနိုင်ပေါင် (ခုလဲ Jo In Sung နဲ့ "That winter the wind blow" မှာ အသံမထွက်လာပါစေနဲ့ ထပ်ဆုတောင်းတယ်... ဆောင်းဟေကို ကိုကြိုက်လို့ (Ha Ji Won) လို Professional ဆန်တဲ့ မင်းသမီးပဲဖြစ်စေချင်တယ်... Jo In Sung ရဲ့ Professional ဆန်မှုကိုယုံထားတယ်...)... အော်... ငါ့နှယ်... ဟရွန်ဘင်း အကြောင်းပြောမို့ဟာ ...
Hyun Bin in "My Lovely Sam Soon"
Hyun Bin in "Snow Queen"
Hyun Bin in "World Within" with Song Hye Kyo
ဆက်ရရင်ဖြင့်... မဗေဒါဘလော့ကို ပုံမှန်ဖတ်တဲ့ ကိုရီးယားရုပ်ရှင်
ကြိုက်ပရိတ်သတ်ဆိုရင်တော့ မဗေဒါ အရမ်းကြိုက်ခဲ့ပြီး အရေးများခဲ့တဲ့ "Secret Garden" Hyun Bin စစ်ထဲမဝင်ခင် နောက်ဆုံးရိုက်သွားတဲ့ ဇာတ်လမ်းတွဲအကြောင်းကို သိလိမ့်မယ်... (မသိရင်လဲ သိအောင်ဖတ်လိုက် ဒါပဲ) ... Ha Ji Won နဲ့ Hyun Bin အတွဲကလဲ မင်းသမီး၊ မင်းသားနာမည်ကြားတာနဲ့ ဝမ်းပန်းတသာဖြစ်ပြီး "ငါဒီကားကို ကြည့်မှဖြစ်မယ်" လို့ ခံစားရတဲ့ ဖန်သားပြင်ပေါ်က စုံတွဲပေါ့... အဲဒိထဲက ဇာတ်ဝင်တေးတွေကလဲကောင်း... ဟရွန်ဘင်းကလဲ ဘုံကြိုးပြတ်တဲ့ မိုးနတ်သားလိုချော... အဟိ... (မဗေဒါ အရူးထခြင်းကို သည်းမခံနိုင်လျှင် ဆက်မဖတ်ပဲနေနိုင်သည်... ၀ါသနာတူများသာ ဆက်ပါလေ)... တော်ပါဘီ Secret Garden အကြောင်းတော့ ပြောတော့ဘူး... အိမ်ရောက်မှ ကိုယ့်ဘာကိုယ် နောက်တစ်ခေါက်ထပ်ကြည့်တော့မယ်...
Hyun Bin in "Secret Garden" with Ha Ji Won...
Hyun Bin as Joo Won in Secret Garden
ခုမှ ဒီပိုစ့်ရေးရတဲ့ အဓိကအကြောင်းလာဘီ... ဒါနဲ့ အဲဒါမပြောခင် ပြောစရာရှိတယ်... လူတစ်ယောက်နဲ့ တစ်ယောက် ဒီဘဝမှာတွေ့ရတာ အရင့် အရင်ဘဝတွေက ပတ်သတ်ခဲ့ရမှု ကုသိုလ် အကုသိုလ်အတူလုပ်ခဲ့မှု စတဲ့ ရေစက်တွေနဲ့ ဆိုင်တယ်တဲ့... ကိုယ်ကြိုက်တဲ့ မင်းသားတွေ စကာင်္ပူကိုလာမယ်ဆိုတိုင်း အဲဒိအတွေးဝင်လာရင် ငါသွားတွေ့မှဖြစ်မယ်ဆိုတဲ့ ရူးပေါပေါအတွေးဝင်တတ်တယ်... ဟုတ်ဟုတ် မဟုတ်ဟုတ်... သူ့ Fan meeting သွားလို့ သူက ကိုယ့်ကို မသိပေမဲ့ ကိုယ်က သူ့ကို ကိုယ်ရှူနေတဲ့ လေကို တစ်ခန်းထဲမှာ သူလဲရှူနေတယ်... (တင်တင်စီးစီး အထက်စီးက ပြောရရင်) ကိုယ်ပေးထားတဲ့ ပိုက်ဆံကြောင့် သူဖျော်ဖြေနေတယ် ဆိုရင် ကိုယ်နဲ့ သူနဲ့ အရင်ဘဝက နည်းနည်းတော့ ရှေးရေစက်ရှိခဲ့လို့ပဲ... (အဲလိုတွေးမှ အရသာရှိတာလေ).... ဒါပေမဲ့ အဲလိုမျိုးအတွေးက ကိုယ်မကြိုက်တဲ့ မင်းသားကိုဆို မဖြစ်ဘူးနော်... ကိုယ်တကယ်ကြိုက်မှအဲလို ရင်ခုန်တာ... မဗေဒါ နောက်ဆုံးတစ်ခေါက် Kpop show ( 2PM, Beast, Miss A နဲ့ တခြားအဖွဲ့တွေပါတုန်းက)သွားကြည့်ဖြစ်တဲ့ ပွဲမှာ လူပိပြီး သေပြီမှတ်ခဲ့ရကတည်းက အဲဒိပွဲတွေသွားမကြည့်ဖြစ်တော့ဘူး... ပြီးတော့ အဲပွဲမှာ လူသာပိခဲ့တယ်... တကယ်ကျတော့ ကိုယ်အရမ်းကြိုက်တဲ့သူတွေမဟုတ်လှတော့ ရင်မခုန်ဘူး... ဒီတော့ ထင်ခဲ့တာက ဂျန်ဂမ်ဆပ်တုန်းက ပထမဆုံးမို့ ရင်ခုန်တာဖြစ်မယ်.... ခုတော့ ရိုးသွားပြီ ရင်မခုန်တော့ဘူး... ဒီတော့ မသွားတော့ပါဘူး ဆုံးဖြတ်ခဲ့တာ... ခုတော့ ဟရွန်ဘင်း လာမယ်ဆိုတော့ ဒွိဟတော့ နည်းနည်းပွားလိုက်သေးပင်မဲ့ ခုသွားကြည့်ဖို့ အဖော်လဲရှိတော့ ဆုံးဖြတ်လိုက်ပြီးတဲ့အခါမှာတော့ ပျော်သွားဘီ... သူကတော့ "Secret Garden" ထဲက "That Woman" သီချင်းဆိုမှာပဲ... ကြိုးစားပမ်းစား အလွတ်ကျက်သွားမှ... (စာသာဒီလိုကျက်ရင်တော့ဖြင့်)...
သူရဲ့ Fan Meeting Ticket တွေ ခု sistic website မှာဝယ်လို့ရဘီ... Special တန်းဝယ်ပြီး ဓာတ်ပုံတွဲရိုက်ချင်ရင်တော့ အဲဒိ အော်ဂနိုက်စာ website မှာဝယ်လို့ရတယ်... ဒါပေမဲ့ ဓာတ်ပုံက Group ပုံပဲရမှာ တစ်ယောက်ချင်းစီတော့ မဖြစ်နိုင်ဘူး... မဗေဒါကတော့ ရိုးရိုးတန်းပဲကြည့်ပြီး Hyun Bin ကို "OPPA" လို့ အကျယ်ကြီး အော်ပစ်မယ်... (ဂျန်ဂမ်ဆပ်တုန်းက ကိုယ့်ထက် ငယ်နေတော့ OPPA လို့ မအော်ဖြစ်ခဲ့ဖူး)...
Monday, March 25, 2013
Discovering Brisbane - Day 3
မနက်ခင်းရဲ့ နေမင်း...
နေ့တစ်နေ့ရဲ့အစ မျက်လုံးနှစ်လုံးဖွင့်ပြီးလို့ ပြတင်းပေါက်ကိုလှမ်းကြည့်လိုက်တာနဲ့ ပင်လယ်ကြီးရယ်၊ Pine Tree တွေရယ်၊ တက်သစ်စနေလုံးကြီးရယ်က စိတ်ကိုရွှင်လန်းစေပါတယ်... ဖုန်းနဲ့ ဓာတ်ပုံရိုက်လိုက်မိတယ်... ဓာတ်ပုံထဲမှာတော့ နည်းနည်းမှောင်နေသလိုထင်ရပေမဲ့ အပြင်မှာတော့ ဒိထက်ပိုလင်းပါတယ်... Gold Coast မနက် ၅နာရီခွဲက မိုးစင်စင်လင်းပါတယ်... စကာင်္ပူရဲ့ နေ၀င်နေထွက်က ၇နာရီမှာပါ... (ဂျပန်ကို အောက်တိုဘာလမှာသွားခဲ့တုန်းကလဲ ညနေ ၅နာရီခွဲကို မိုးချုပ်သွားလို့အံ့သြခဲ့ရတာ သတိရမိသေးတယ်) မနေ့ညက စောစောအိပ်လိုက်တော့ နည်းနည်းတော့နားလိုက်ရသလိုပါပဲ... ဒါနဲ့ ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး Brisbane သွားဖို့ကားလာခေါ်တာကိုစောင့်ရန် အောက်ဆင်းခဲ့ပါတယ်... ချောင်းက ရှေ့နေ့ကလောက်တော့မဆိုးတော့ပါဘူး... အစက ကင်မရာအိတ်ကြီးကို သယ်ရသက်သာအောင် ထားခဲ့ဖို့စဉ်းစားမိပင်မဲ့ တိုးကားနဲ့သွားမှာမို့ယူလာဖြစ်ပါတယ်...
အောက်ရောက်တော့ ဟော်တယ်ပိုင်ရှင်ပဲလား အလုပ်သမားလားတော့မသိ... ညပြန်ရောက်ရင်ပဲဖြစ်ဖြစ် မနက်စောစောပဲဖြစ်ဖြစ် သန့်ရှင်းရေးအမြဲလုပ်နေတတ်တဲ့ ဘိုကြီးကနှုတ်ဆက်ပြုံးပြပြီး ဟော်တယ်ဘေးက ဘတ်စ်ကားဂိတ်မှာ ခဏပဲစောင့်လိုက်တယ်ဆိုရင်ပဲ ကားကချက်ချင်းရောက်လာပါတယ်... လာမယ်ဆိုတဲ့အချိန်ထက် မိနစ် ၂၀လောက်ကို စောရောက်ပါတယ်... ကားပေါ်တက်ပြီး နောက်တစ်နေရာကိုသွားခေါ်တော့လဲ အဲဒိက ကလေး ၂ယောက်နဲ့ မိသားစုကို Local လို့ထင်ရတဲ့မိန်းမက ကားကူစောင့်ပေးနေပါတယ်... အဲဒိမိန်းမက "ငါပြောသားပဲ... ငါတို့ သြစတေးလျန်းတွေက အချိန်ကို စောစောလုပ်တတ်တယ်..." ဆိုပြီး လိုက်လာမဲ့မိသားစုကိုပြောနေပါတယ်... ကားမောင်းတဲ့သူကလဲ ဆက်ဆံရေးကောင်းပါတယ်... ဧည့်သည်တွေအားလုံးနဲ့ စကားစမြည်ပြောပါတယ်... ဟိုမိသားစုကတော့ ဒီနေ့ တိရိစ္ဆာန်ရုံသွားမှာတဲ့... ကျွန်မတို့ ၂ယောက်က ကားဂိတ်ရောက်ရင် Brisbane သွားမဲ့ကားပြောင်းရမှာပါ... ဟိုကားက ပျက်နေလို့ ခု ကားသွားလဲနေတာနဲ့ ဒီကားနဲ့အရင်လာကြိုတာလို့ပြောပါတယ်... အဖြူကလေးတွေက ကျွန်မတို့ အာရှကလေးတွေနဲ့ မတူတဲ့အချက်က မေးရမှာမရှက်မကြောက်ပါဘူး... သူတို့သိချင်တာတွေအကုန်လုံးကို ကားသမားကိုမေးပါတယ်... အဲဒါကောင်းတဲ့အချက်လို့ထင်ပါတယ်... ဒီနေရာမှာ လူကြီးနဲ့လဲ အများကြီးဆိုင်ပါတယ်... အဲဒိကလေးတွေက ဘယ်လို မေးခွန်းမျိုးမေးမေး စိတ်ရှည်ရှည်နဲ့ တကယ်ဖြေပေးတဲ့လူကြီးတွေပါ... ကားသမားကြီးက သူတို့မေးတဲ့မေးခွန်းကို လူကြီးတွေမေးတဲ့မေးခွန်းလိုပဲ မငြိုမငြင်ဖြေပါတယ်... ကလေးဆိုပြီး လူရာမသွင်းတဲ့ ဆက်ဆံမှုမျိုးမရှိပါဘူး... ကလေးမိဘတွေကလဲ သူတို့ကလေးကို ဟန့်ခြင်းတားခြင်းမရှိပါဘူး... ဒီတော့ကလေးတွေက မေးခွန်းမေးရမှာကို ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာသလို အာရှကလေးတွေနဲ့ယှဉ်ရင် လူကြောက်ခြင်း မိဘနောက်ပုန်းနေခြင်းမရှိပါဘူး... အဲဒါက အသက်ကြီးလာတဲ့အခါ ရင့်ကျက်မှုမြန်ဆန်စေတယ်လို့ကျွန်မထင်ပါတယ်... ဒါပေမဲ့ ခုနောက်ပိုင်း အာရှကလေးတွေလဲ သွက်လာပြီး လူတတ်လေးတွေဖြစ်နေတာကို တော်တော်များများတွေ့လာရတဲ့အတွက် ၀မ်းသာမိပါတယ်... (ဒါပေမဲ့ ကိုယ်ကလေးဘ၀တုန်းကလဲ လူကြီးတွေကြောက်ခဲ့ရ... ကိုယ်လူကြီးဖြစ်တော့ ကလေးတွေက တစက်မှကိုယ့်ကိုမကြောက်တော့ပဲ ပြောင်ပြတာခံနေရတော့ ကိုယ့်အတ္တနဲ့ကိုယ်တော့ သိပ်မခံချိလှဘူး... ဟိဟိ... :P)
နောက်ဆုံးအုပ်စုကိုသွားခေါ်တော့ သူတို့ ဟော်တယ်ရှေ့မှာစောင့်တာ မိနစ် ၂၀လောက်ရှိပြီး တစ်ယောက်မှထွက်မလာပါဘူး... ကျွန်မနဲ့ အစ်မကတောင် Asian Disgrace (ချိုင်းနား) လူမျိုးတွေလားဆိုပြီး စိုးရိမ်မိပါသေးတယ်... အဲလိုလုပ်တာ အေးရှမ်းဆိုပြီး ကိုယ်ပါမျက်နှာမပျက်ချင်လို့ပါ (ခုလိုအချိန်ကျတော့ ကိုယ်က အာရှတိုက်သားကိုကိုယ်စားပြုနေတာကိုး)... နောက်တော့ အဖြူအုပ်စုပဲဖြစ်နေတော့မှ အာရှတိုက်သားမဟုတ်လို့တော်ပါသေးရဲ့ဖြစ်ရတယ်... ကားဂိတ်ရောက်တော့ ကားသမားကြီးတွေနဲ့ ခဏရပ်စကားပြောဖြစ်တော့မှ Brisbane က လွန်ခဲ့တဲ့ ၂ပတ်လောက်ကမှ မုန်တိုင်းတိုက်ပြီး မြစ်ရေလျှံထားတော့ ဘရစ်စဘင် မြစ်က သိပ်လှမှာဟုတ်ဘူးတဲ့... ရေနောက်နေလိမ့်မယ်တဲ့... ကျွန်မတို့မလာခင် ၂ပတ်က မုန်တိုင်းအကြောင်းပြောပြတော့မှ... Gold Coast ... surfer paradise ကိုသွားတဲ့ ကျွန်မတို့လျှောက်နေကျလမ်းဆို လေပြင်းလို့ လမ်းလျှောက်လို့တောင်မရဘူးတဲ့... ကျောတောင်ချမ်းသွားတယ်... တော်ပါသေးရဲ့ ကိုယ်လာတဲ့အချိန်မှာ မဖြစ်လို့ဆိုပြီး... ဒါပေမဲ့ သူတို့အစိုးရက ချက်ချင်း ကယ်ဆယ်ရေးတပ်တွေလွှတ်ပေးတယ်တဲ့... ဘရစ်စဘင်က ရေကြီးပြီး ပျက်စီးတဲ့အဆောက်အဦးတွေကိုလဲ ကယ်ဆယ်ရေးတပ်တွေ နဲ့ အမြန်ဆုံးဖြေရှင်းနိုင်တယ်တဲ့... (ကျွန်မရဲ့ မြန်မာဆန်ဆန် Mindset က အော်တိုတွေးမိသေးတယ်... ရေကြီးရတဲ့အထဲ ကယ်ဆယ်ရေးတွေကို ပိုက်ဆံကထပ်ပေးရအုံးမယ်လို့ စက္ကန့်ပိုင်းလောက်တွေးမိလိုက်သေးတယ်... နောက်မှ သူတို့နိုင်ငံတွေမှာ ဒါမျိုးက အစိုးရက Free လုပ်ပေးတာလေ... ကျန်တာတွေကလဲ Insurance တွေရှိပြီးသား...)... (အမယ်လေး... ရေလေးကြီးပြီး မီးလေးပျက်တာလောက်များ.... :P ) စကားပြောနေတဲ့ တစ်ချိန်ထဲပဲ ကိုယ့်နိုင်ငံက နာဂစ်တုန်းက ဓာတ်ပုံတွေမျက်လုံးထဲ မသိလိုက်တဲ့အချိန်မှာပေါ်လာပြီး စိတ်ထဲ အောင့်ကနဲဖြစ်ရသေးတယ်... ( ဘယ်မတုန်း ငါပေးထားတဲ့အခွန်တွေ...!!! ) လူ့စိတ်များအဲဒိ Driver ကြီးနဲ့ စကားပြောနေတဲ့ခဏအတွင်း စဉ်းစားမိတာတွေပါ... အခွန်အကြောင်းစိတ်ထဲရောက်ပြီး ဘယ်သူ့ကို မေတ္တာပို့မလဲဆိုတဲ့ ကျန်တဲ့အတွေးကတော့ ပြောပြစရာမလိုတော့ပါဘူး မြန်မာနိုင်ငံသားအခွန်ဆောင်ရသူတိုင်းအသိဖြစ်မှာပါ... မလိုအပ်ပဲ အကုသိုလ်ဆက်မပွားချင်တာနဲ့ အတွေးဆကို ဒီတင်ပဲဖြတ်လိုက်တယ်...
ဒီလိုနဲ့ ကျွန်မတို့စီးရမဲ့ကားရောက်လာပါတယ်... ကားက မီနီဘတ်စ်ထက်နည်းနည်းသေးပါတယ်... တောင်းအိတ်စ် လို့ပြောရမယ်ထင်တယ်... ကားပေါ်မှာ နယူးဇီလန်က လင်မယား ၂ယောက်နဲ့ ချိုင်းနား (သို့) ထိုင်ဝမ် (သို့) ဟောင်ကောင် က ၄ယောက်ပါပါတယ်... ချိုင်းနားဟုတ်မဟုတ်မသေချာတာက အဲဒိထဲက မိန်းမအင်္ဂလိပ်လိုပြောတာ ချိုင်းနားနဲ့သိပ်မတူတာတစ်ကြောင်း... အလိုက်ကမ်းဆိုးသိတတ်ပြီး ဘယ်သူ့ကိုမှ မျက်စိနောက်အောင်မနေတာကတစ်ကြောင်းမို့ ချိုင်းနားကဖြစ်မယ်ဆိုရင်တောင် Oversea ရောက်တာကြာနေတဲ့သူတွေဖြစ်မယ်လို့ ကျွန်မကတော့ မှန်းတာပါပဲ... ကားကသေးပြီး နောက်ဆုံးတန်းကို အဲကွန်းကမရောက်တော့ အိုက်လဲအိုက်ပါတယ်... ပထမဆုံးလိုက်ပို့ပေးတဲ့နေရာက Kangaroo Point Park ပါ... ဘာမှတော့သိပ်မရှိပါဘူး... Brisbane မြစ်ကြီးကိုမြင်ရတယ် ရေကြီးထားလို့ လူတွေမရှိတဲ့ အဆောက်အဦးတွေကို တစ်ဖက်ကမ်းမှာမြင်ရတယ်... အဲနားမှာ Coffee ဆိုင်လေးရှိတယ်... ခဏပါပဲ ဓာတ်ပုံလေးဘာလေးရိုက် လေရှု စကားစမြည်ပြော ၁၅မိနစ်လောက်ပဲရှိမယ်... ကျွန်မနဲ့ ကျွန်မအစ်မ စတန်းထောင်ပြီး ဓာတ်ပုံရိုက်နေတာကို ဘယ်နေရာကနေ Zoom ဆွဲပြီး ဓာတ်ပုံရိုက်ထားတယ်မသိဘူး... ကျွန်မ မြစ်ကိုကြည့်နေတုန်း နောက်ကနေ ပုခုံးလာတို့လို့ လှည့်ကြည့်တော့ ကင်မရာကိုင်ထားတဲ့ ဘိုကြီးတစ်ယောက်က သူ့ကင်မရာကိုလာပြတယ်... စိတ်ထမှာ သူ့အတွက် ဓာတ်ပုံရိုက်ပေးဖို့ပြောမှာလား... ဘာလဲဆိုပြီး တွေးမိတယ်... နောက်တော့ သူ့ကင်မရာထဲမှာ ကျွန်မတို့ ညီအစ်မ ၂ယောက်ပုံကိုတွေ့တယ်... ကျွန်မလဲ ကျေးဇူးတင်ပါတယ်... ပုံလေးကလှတော့ လိုချင်မိတာနဲ့ အီးမေလ်းပို့ပေးလို့ရမလားဆိုတော့... သူက သူ့အိတ်မှာ အသင့်ပါလာတဲ့ Website လိပ်စာ (Oh-hi.info ) ရေးထားတဲ့ ကဒ်လေးထုတ်ပေးပြီး ဒီနေ့ည ဒါမှမဟုတ် မနက်ဖြန် အဲဒိဆိုဒ်ပေါ်မှာရှိလိမ့်မယ်တဲ့...
သူ့ဆိုဒ်ကနေယူထားတာ...
Kangaroo Park ဆိုပင်မဲ့ Kangaroo တွေရှိပါဘူး...
မုန်တိုင်းကြောင့် ရေနောက်နေတဲ့ Brisbane River
ဟိုဘက်ကမြင်နေရတဲ့ အဆောက်အဦးတွေမှာ ခုထိလူတွေမရှိသေးဘူး...
ပြီးတော့ ဟိုဘက်မှာမြင်ရတဲ့ တောင်ပေါ်သွားမယ်ဆိုတော့ ကျွန်မတို့ ညီအစ်မ ၂ယောက် ပျော်သွားတယ်... တောတောင်လျှောက်ရတော့မယ်ထင်ပြီး... အဲဒိတောင်ကိုသွားတဲ့ လမ်းတစ်လျှောက် Brisbane မြို့ကိုဖြတ်တော့ ဒါက China town (တရုတ်တန်း)... ဒါက Casino... ဒါက တက္ကသိုလ်... ဒါက church ဆိုပြီး မရပ်ပဲနဲ့ပါးစပ်ကပဲပြောရင်း ပြသွားလိုက်တာ Pamphlet ထဲမှာရေးထားတဲ့ လိုက်ပို့မယ်ဆိုတဲ့နေရာကုန်သလောက်ပဲ... Day Tour ဆိုတာ ဒါကိုး... အဲဒါကြောင့် Tour တွေဝယ်ရတာမကြိုက်တာ... ထားပါတော့လေ... ကိုယ်လဲကျန်းမာရေးမကောင်းတော့ Tour နဲ့သွားပြီး energy save တယ်ပဲသဘောထားလိုက်ပါတယ်... နောက်တော့ Mt.Coot-tha ကို ကားနဲ့စတက်ပါတော့တယ်... လမ်းကသာယာပါတယ်... တစ်ခါတစ်လေ ကိုယ်ဓာတ်ပုံရိုက်ချင်တဲ့ သစ်ပင်အမြင့်ကြီးတွေနဲ့ တောင်ပေါ်လမ်းကိုဖြတ်ရင် ခဏလောက်ရပ်ပေးစေချင်မိတယ်... tour နဲ့သွားတာ ဘာမှပြောမနေနဲ့တော့... အဲဒိ တောင်ပေါ်လမ်းတစ်လျှောက်မှာ သြစတေးလျရဲ့ အသံလွှင့်ရုံတွေအများကြီးရှိတယ်... လူက ခါတိုင်း ကားမူးနေကျမဟုတ်ပင်မဲ့ အားနည်းတာရောကြောင့်လား တောင်တက်လမ်းမှာ ကားလမ်းကဖြူးတော့ အမြန်မောင်းပြီး အကွေ့တွေမှာ မြန်မာပြည်မှာမောင်းသလိုအရှိန်သိပ်မလျော့တာကတစ်ကြောင်း... ကားကလဲ အိုက်ပြီး နောက်ဆုံးလိုင်းက လေမရတာတစ်ကြောင်း ချွေးစီးတွေထွက်ပြီး မူးလာတယ်... မြန်မာပြည်က သူ့ထက်တောင်ပတ်လမ်းတွေများတဲ့ မေမြို့တို့ တောင်ကြီးတို့သွားတာတောင် မမူးခဲ့ပါဘူး...
Mt. Coot-tha သို့...
Mt. Coot-Tha ပေါ်က မြင်ကွင်း...
တောင်ပေါ်ရောက်တော့လဲ လူကခေါင်းထဲမကြည်ပါဘူး... နေကလဲ ပူပါသေးတယ်... တောင်ပေါ်ကနေတော့ ဘရစ်စဘင်မြို့ကြီးကိုမြင်နေရပါတယ်... လူသာနေကောင်းရင်တော့ enjoy လုပ်ဖြစ်မှာပါ... အစ်မက ဓာတ်ပုံရိုက်ချင်တယ်ဆိုလို့ရိုက်သာပေးနေရတယ် နေပူဒဏ်ကိုလဲ မခံနိုင်ဖြစ်နေပါတယ်... သြစီက"နေ"က ပူရင်လဲ စလုံးထက်ပူတယ်လို့တောင်ခံစားရပါတယ်... ကျွန်မနေမကောင်းတော့ အစ်မကပါ စိတ်မကြည်ဖြစ်လာတယ်ထင်ပါတယ်... သူ့ကိုဓာတ်ပုံရိုက်ပေးရတာလဲ ကျွန်မဘယ်စိတ်ပါတော့မလဲ.. ကိုယ့်ဟာကိုယ်တောင် ရိုက်ချင်စိတ်သိပ်မရှိတော့တာ... ဒါပေမဲ့လဲ ဒီဟာက ကျွန်မရဲ့ control အလွန်လေ... ဘယ်သူကရော ပိုက်ဆံဒီလောက်အကုန်ခံလာပြီး နေမကောင်းဖြစ်ချင်မှာလဲ... ကျွန်မက ခံစားနေရတဲ့သူ ပိုတောင် မဖြစ်ချင်သေး... နောက်တော့ ကိုယ့်ဝမ်းနာ ကိုယ်သာသိ... အရိပ်ထဲပဲ နေလိုက်တယ်... ခဏနေတော့ သန့်စင်ခန်းသွားပြီး ထွက်လာတော့ သူတို့ကိုမတွေ့တော့ပြန်ဘူး.. အဲဒိနားက Souvenir နဲ့ ကော်ဖီဆိုင်လေးကို ၀င်ကြည့်နေဖြစ်တယ်... နောက်မှ အစ်မက ဖုန်းဆက်ပြီး သူအဲဒိဆိုင်ထဲမှာဆိုတော့ ၀င်လိုက်သွားတယ်... ကားသမားကြီးလဲ ခပ်လှမ်းလှမ်းစားပွဲမှာထိုင်နေတယ်... ကော်ဖီဆိုင်လေးက တော်တော်သာယာတယ်... ရှုခင်းလဲအရမ်းကောင်းတယ်... ရာသီဥတုသာ ပူမနေရင် ဒိထက်ပိုနေလို့ကောင်းမယ်... ကျွန်မအစ်မက Cheese Cake စားရင်း ရှုခင်းကြည့်နေတယ်... ကျွန်မလဲ Muffin တစ်လုံးဝယ်စားဖြစ်တယ်... Muffin ကပဲကြီးတာလား ကိုယ်ပဲ ခံတွင်းပျက်နေတာလားတော့မသိဘူး.. မကုန်ဘူး... ဒါပေမဲ့ နည်းနည်းထိုင်နားပြီး စားလိုက်ရတော့ လူက အတော်လေးဟန်သွားတယ်... မဗေဒါခေါင်းမူးလို့ကတော့ အစားတစ်ခုခုစားလိုက် ပျောက်သွားဖို့ ရာခိုင်နှုန်းများတယ်... (မေမေတို့ ဖေဖေတို့သာပါရင် အားလုံးအဆင်သင့်ဖြစ်နေမှာ)... အဲဒိ ဆိုင်လေးက Mt. Coot-tha ပေါ်က နာမည်ကြီး Cuta Cafe ဆိုတာ ခုရေးနေရင်းမှ သိတယ်... ကားသမားကြီးနဲ့ စကားပြောရင် အမှတ်တရဓာတ်ပုံရိုက်ဖြစ်တယ်... ဒီကားသမားကြီးက မြန်မာနိုင်ငံကို သိပုံမပေါ်ဖူး... ဒါပေမဲ့ သူသိချင်ယောင်တော့ဆောင်တယ်...
နောက်ဆုံးအားယူပြီး ကြိုးစားပြုံးရိုက်ထားတယ်...
ကားသမားကြီးနဲ့အတူ...
kuta cafe ၀င်ပေါက်ဘေးက လမ်း...
ကော်ဖီဆိုင် ရှေ့ဘက်က မြင်ကွင်း.. ဘက်ဘယ်ကနေ ပထမဆုံး ထီးအောက်မှာ ထိုင်ခဲ့တယ်...
ထိုင်နေတဲ့နေရာကနေ မထနိုင်ပဲ မြင်ရတာကို ဒီလိုပဲ ရိုက်လိုက်တယ်... အောက် Brisbane မြို့ကြီးပေါ့...
နေပူနေတော့ ဓာတ်ပုံထဲမှာလှတယ်... နေမပူရင်တော့ လူနေလို့သက်သာတယ်..
တောင်အောက်ပြန်ဆင်းတဲ့လမ်းမှာတော့ မျက်လုံးကိုမှိတ်ပြီးပဲလိုက်လာလိုက်တယ်... မူးမှာစိုးလို့... ကားရပ်လို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ Brisbane Botanic gardens ကိုရောက်နေတယ်... ဒီထဲကိုဝင်ပြီး လျှောက်ကြည့်ဖို့ နာရီဝက်လောက်အချိန်ပေးတယ်... ဘရစ်စဘင် ရုက္ခဗေဒ ဥယျာဉ်က စကာင်္ပူကလောက်မလှဘူး... မြန်မာပြည် မေမြို့က ကန်တော်ကြီးလောက်တောင် မသေသပ်ဘူး... လွန်ခဲ့တဲ့ ၂ပတ်က မုန်တိုင်းမိထားလို့လားတော့မသိဘူး... Japanese Gardens ဆိုမြောင်းပုတ်နံ့တောင် နံနေတယ်... ကျယ်တော့အတော်ကျယ်ပါတယ်... တချို့နေရာတွေလဲ upgrading လုပ်နေတယ်ထင်တယ်... ပန်းခြံထဲမှာတော့ ကျွန်မတို့ကားပေါ်ကလူကလွဲလို့ တခြားလာလည်တဲ့သူ ၁ယောက် ၂ယောက်ပဲတွေ့တယ်... ဒါပေမဲ့ အပင်စိတ်ဝင်စားတဲ့သူဆိုရင်တော့ အဲဒိထဲမှာရှိတဲ့အပင်တွေက တခြားနိုင်ငံမှာ မတွေ့နိုင်တဲ့ အပင်မျိုးတွေ အများကြီးရှိလောက်တယ်... မဗေဒါကတော့ နေလဲမကောင်း... ပင်လဲပင်ပန်းဆိုတော့ စိတ်သိပ်မပါဘူး... တွေ့တာလေးတွေတော့ ကင်မရာနဲ့ဟိုရိုက်ဒီရိုက် ရိုက်ဖြစ်တယ်...
သဘာဝနဲ့ ဆက်သွယ်ဖို့နေရာတဲ့...
ပန်းခြံထဲ ဘူမှမရှိ...
indoor but nothing special...
မင်းလေးရှိမှ ကိုယ့်ဘ၀လှပအသက်ရှင်မယ်...
 မြို့ထဲပြန်ရောက်တော့ သူက "River Cruise" စီးမလား ၊ စီးမယ်ဆိုရင် ဘယ်လောက်လဲမသိဘူးပေးရမယ်... မစီးတဲ့သူတွေကို မြို့ထဲမှာ ခဏချပေးမယ်တဲ့... ကျွန်မအစ်မက စီးချင်ပုံရတယ်... ဒါပေမဲ့ ဒီမူးနေတဲ့ခေါင်းနဲ့ သဘောင်္ထပ်စီးခိုင်းရင် ပိုက်ဆံကုန်ပြီး စိတ်ချမ်းသာရမှာမဟုတ်ဘူး... ဒါနဲ့ မစီးဘူးပဲပြောလိုက်တယ်... မြို့ထဲမှာချပေးပြီး လျှောက်သွားရတာကိုလဲ ကျွန်မက ကြိုက်ပါတယ်... (ရှန်ဟိုင်းသွားတုန်းကလဲ ဂျွမ်းဘားကြည့်မလား မြို့ထဲသွားမလားဆိုတော့ မြို့ထဲပဲသွားလိုက်တာ အဲညက ကိုယ့်ဘာကိုယ် Enjoyed ခဲ့ရတာပဲ)... သဘောင်္စီးဖို့ နယူးဇီလန်က လင်မယားပဲသွားပါတယ်.. အာရှသားတွေအားလုံး မြို့ထဲနေဖို့ပဲဆုံးဖြတ်ကြပါတယ်... ချပေးခဲ့တဲ့နေရာမှာ နောက် ၂နာရီလောက်နေလာခေါ်မယ်တဲ့... အဲဒိနားကနေ ဟိုလျှောက်ဒီလျှောက်နဲ့ ဂျပန်စာ ဆူရှီးရောင်းတဲ့ဆိုင်မှာ မလေးရှား Laksa တို့ ဘာတို့ပါ တွဲရောင်းတဲ့ဆိုင်လေးကိုတွေ့ပါတယ်... အမှန်တော့ မလေးရှားတရုတ်တွေဖွင့်ထားတဲ့ဆိုင်ပါ.. ဂျပန်စာကတော့ ဘိုတွေကို ဆွယ်ရုံသက်သက်လို့မှန်းတာပဲ... ဗိုက်တော့လုံးဝမဆာပါဘူး... (ဆာမှန်းမသိဖြစ်နေတာလဲဖြစ်နိုင်ပါတယ်... Body clock က စကာင်္ပူအတိုင်းပဲရှိနေသေးတော့ သြစီစားချိန်မှာ ဗိုက်ကဆာပေမဲ့ ဦးနှောက်က အသိမပေးဘူးလို့ထင်ပါတယ်...) ထမင်းကြော်ဝယ်စားဖြစ်တယ်... အစ်မက ကြက်သားဟင်းနဲ့ထမင်း... ထမင်းကြော်က အများကြီးရတယ်... ကုန်တောင်မကုန်ဘူး... ဒါပေမဲ့ ဒါဟာ Queensland ရောက်ပြီး စားသမျှထဲမှာ အကြေနပ်ဆုံးအစာပါပဲ... စကာင်္ပူ၊မလေးရှားလက်ရာထမင်းကြော်စစ်စစ်ပါ...
ထမင်းကြော်စားဖြစ်တဲ့ နေရာ...
စားပြီးသောက်ပြီးတော့ ခေါင်းမူးတာ တော်တော်သက်သာသွားတယ်... လက်စသတ်တော့ ငါဗိုက်ဆာလို့များ ခေါင်းမူးတာလား ဆိုတာ ခုထက်ထိ မသေချာတဲ့ အဖြေတစ်ခုပါ... ဟိုနားဒီနားလျှောက်သွား ဓာတ်ပုံရိုက်ဖြစ်တယ်.. ပြီးတော့ တစ်ဖက်ကားလမ်းကူးလိုက်တော့ Shopping Mall တွေနားရောက်သွားတယ်... ၀င်ကြည့်လိုက်တဲ့ဆိုင်တွေမှာပဲ Dress တွေက AUD 10 ဆိုတော့ ထမင်းစားတောင် ၂၀လောက်ကျနေတာ... အကျီင်္တစ်ထည် ၁၀ ဆိုတော့ ၀ယ်ပြစ်လိုက်ပြန်ရော... နောက်တစ်ဆိုင်ဝင် နောက်တစ်ခါဝယ်ပြန်ရော... အဲ... Master card တောင် စသုံးလိုက်သေး... ပိုက်ဆံမလောက်မှာစိုးလို့... ပြား ၇၀ service charge ရှိတယ်တဲ့.. ရတယ်ပြောလိုက်တယ်... (မရှိကုန်မှအေး.. စိတ်ထဲက စိတ်နာနာနဲ့ပြောတာ)... ဟိုဝတ်ကြည့် ဒီဝတ်ကြည့်နဲ့ .... ထမင်းပဲစားလိုက်လို့လား... Shopping ဆိုတာ မိန်းကလေးတွေအတွက် ဆေးတစ်ခွက်ပဲလားတော့မသိ ခေါင်းမူးတာတွေပျောက်ပဲ... ဟိဟိ... ဒါနဲ့ အဲဒိဆေးကို ကောင်းကောင်းကြီး မှီဝဲခဲ့တာ ပြန်တော့ အထုတ်တွေပိုလာရော... ပြန်လာကြိုမဲ့နေရာကို ကျွန်မတို့စောရောက်နေခဲ့တယ်... ပလက်ဖောင်းပေါ်က ခုံတန်းလေးမှာ ညီအစ်မ ၂ယောက်ထိုင်ဖြစ်တယ်... မလှမ်းမကမ်းခုံတန်းမှာ ကားပေါ်က တရုတ်အဖွဲ့ထိုင်နေတယ်... ၂ယောက်လုံးဘာလို့ ဒီလောက်ပင်ပန်းနေလဲတော့မသိဘူး (ပူလို့ဖြစ်မယ်ထင်တယ်)... လမ်းဘေးက ခုံတန်းပေါ်မှာ ငုတ်တုတ်နဲ့ ခဏလေးမှေးခနဲ အိပ်ပျော်သွားတယ်... "Go! Go! Go!" ဆိုပြီး ဟိုအုပ်စုထဲက တရုတ်တစ်ယောက်လာနှိုးတော့မှ လန့်နိုးသွားတယ်... ရောက်ရာနေရာ ထိုင်ငိုက်တတ်ခြင်းဟာလဲ မင်္ဂလာတစ်ပါးပဲ... (စတာနော် အတည်မယူလေနဲ့)...
ပင်ပန်းပင်မဲ့ ရေတစ်ဘူးနဲ့ လျော့ပင်းမထွက်ခင်...
သူကဘူလဲတော့ မသိ...
လျော့ပင်းထွက်ပြီးဘီ...
ဒါပြီးရင် ပြီးပြီလား... Tour ကလဲ ဒါပဲလားလို့ Complaint တက်ချင်သလိုဖြစ်နေမိသေးတယ်... ဒါပြီး ပြန်ရရင်ခုမှ ၂နာရီကျော် ၃နာရီလောက်ပဲရှိသေးတယ် Day tour ကလဲ Half Day လောက်ပဲရှိသလိုဖြစ်နေတယ်... ဒါပေမဲ့ နောက်တစ်နေရာကိုလိုက်ပို့တယ်... South Bank Boardwalk ၊ မြစ်ကမ်းဘေး လေညင်းခံလမ်းလျှောက်လို့ရတယ်... tourist လာတဲ့နေရာဆိုတော့ tourist တွေစုစုရုံးရုံးတွေ့ရတယ်... အ၀င်နားလောက်မှာ သြစီမှာတစ်ခုထဲရှိတဲ့ နီပေါ ဘုရားကျောင်းတစ်ခုရှိတယ်... နီပေါနိုင်ငံအပြင်ဘက်မှာရှိတဲ့ ဘုရာကျောင်းသုံးခုထဲက တစ်ခုက အဲဒိမှာရှိတယ်... (ဆိုလိုတာက နီပေါဘုရားကျောင်းတွေကို နီပေါနိုင်ငံကလွဲလို့ တခြားနိုင်ငံမှာရှိတာ ၃ခုပဲရှိတယ် အဲဒိထဲက တစ်ခု)... ဒါပေမဲ့ လူများလို့ အ၀နားလောက်ပဲဝင်ကြည့်ပြီး ပြန်ထွက်ခဲ့တယ်... အထဲမှာ တောလမ်းလျှောက်သလို သစ်ပင်တွေကြား တံတားထိုးထားတဲ့ လမ်းလေးရှိတယ်.... ဒါပေမဲ့ လူတွေများလို့ ဒီဘက် မြစ်ဘက်တစ်လျှောက်ဆောက်ထားတဲ့ ရိုးရိုး လမ်းအတိုင်းပဲ လေညင်းခံရင်းလျှောက်ဖြစ်တယ်... တစ်နေရာရောက်တော့ ခုံတန်းမှာထိုင်ပြီး ညီအစ်မ ၂ယောက် စကားမပြောဖြစ်ကြပဲ လေညင်းကိုပဲ ခံစားဖြစ်တယ်... ခေါင်းအတော်လေးကြည်သွားပင်မဲ့ ပင်တော့ပင်ပန်းနေသေးတယ်... အဲဒိ လေနဲ့အတူ အဲခုံတန်းလေးပေါ်လှဲအိပ်ပြစ်လိုက်ချင်တယ်... တောထဲက ထွက်လာတဲ့ တောက်တဲ့လိုအကောင်းလေးတွေကို ဓာတ်ပုံသဲကြီးမဲကြီးလိုက်ရိုက်နေတဲ့ ဘိုမတစ်ယောက် ရခါနီးကျတော့မှ ကလေးလေးတစ်ယောက်က အဲဒိ တောက်တဲ့ကို ရှူးလုပ်လိုက်တာ ၀င်ပြေးသွားရော... ကလေးဆိုတော့ ဘာမှပြောလို့မရဘူးပေါ့... သူကတော့ နည်းနည်းတင်းသွားလောက်တယ်.. ဖွတ်တွေ တောက်တဲ့တွေများအဲဒိမှာ ခဏလောက်ကြာကြာထိုင်လိုက် ထွက်လာပါလိမ့်မယ်...
နီပေါ ဘုရားကျောင်း...
မြစ်ကမ်းဘေးမှာ လေညင်းခံရင်းပေါ့...
တော်တော်လေးထိုင် လေညင်းခံပြီးမှ ပြန်ဖြစ်တယ်... ဒါတောင် ကျွန်မတို့ညီအစ်မက စောနေသေးတယ်... အဲဒိနားက Ferry Wheel ကြီး အကြီးရှေ့က မြက်ခင်းပေါ်ထိုင်ရင် ပတ်ဝန်းကျင်ကိုပဲ လျှောက်ကြည့်နေဖြစ်တယ်... ကလေးတွေနဲ့ ဘိုမတွေလဲ မြက်ခင်းပေါ်ထိုင်နေကြတယ်... တစ်ခါတစ်လေ ဘာစကားမှမပြောပဲ ဒီလိုအေးဆေးလေး ထိုင်ကြည့်နေရတာလဲ လျှောက်သွားပြီး ပင်ပန်းနေရတာထက်စာရင် enjoy လုပ်နည်းတစ်မျိုးပါပဲ... ဓာတ်ပုံလေး ၁ပုံ ၂ပုံလောက်ထပ်ရိုက်ဖြစ်တယ်... ကားလာတော့ ကားပေါ်ပြန်တက်ပြီး ပြန်လာဖြစ်ကြတယ်... 
ferry Wheel ဘေးက လမ်း...
ချားစီးချင်လား...
South river bank နားက အဆောက်အအုံ...
ဟိုကြည့်ဒီကြည့်... နောက်က ကင်မရာအိတ်နဲ့ စတန်းကတော့ အလွန်လေး...
ကားပေါ်မှာလဲ အိပ်လိုက်နိုးလိုက် ငိုက်လိုက်နဲ့ သံသရာလည်နေတယ်... ကျွန်မတို့ ဟော်တယ်ကို အရင်ဆုံးရောက်တယ်... ပြန်ရောက်တဲ့အချိန် ညနေ ၅နာရီလောက်တော့ရှိမယ်ထင်တယ်... နေတော့မ၀င်သေးဘူး... ဒါပေမဲ့ ညီအစ်မ ၂ယောက်လုံး ဒီလောက်ငိုက်ချင်တဲ့ ငါဆိုပြီး တမုန်းအိပ်ပစ်လိုက်တယ်.. အမှန်တော့ နေမကောင်းတာကို မနားပဲထွက်နေလို့ မပျောက်နိုင်တာ အဲလိုနားလိုက်ချင်တာ... ဒါပေမဲ့ ကိုယ်နားမယ်ဆို ကိုယ့်အစ်မပါ လိုက်ပြီး ဟော်တယ်မှာပိတ်နေမှာစိုးလို့ မပြောချင်ခဲ့တာ... ကျွန်မကိုထားပြီးသွားချင်သွားလို့ ပြောချင်ပေမဲ့ သူကလဲ ထားသွားမှာမဟုတ်တော့ မပြောဖြစ်ဖူး... ကိုယ့်ပိုက်ဆံအကုန်ခံပြီးလာကြတာ ကျွန်မနေမကောင်းတာနဲ့ သူ့ကိုဆွဲထားသလိုဖြစ်မှာစိုးလို့လိုက်ပေးနေတာ... ခုတော့ သူလဲနားချင်တာပဲလား... ကျွန်မအတွက်ပဲ နားပေးတာလားတော့မသိဘူး... အိပ်လိုက်တာဆိုတာ ကျွန်မပြန်နိုးလာတော့ ည ၉နာရီရှိပြီ... ဗိုက်ကလဲ ဆာတယ်... သူကတော့ အိပ်နေတုန်းပဲ... မနက်က Kuta Cafe က Muffin ကျန်တာလေး ထုတ်စား... အာသာက မပြေ... ဒါနဲ့ပဲ... အိပ်တာပဲအေးပါတယ် နောက်နေ့ ဆစ်ဒနီကိုသွားရင် နေကောင်းပြီး အားရှိမှဖြစ်မယ်.... ဒီနေ့တော့ ညစာထပ်လွတ်ပြန်ပြီပေါ့...
စာကြွင်း။ ။ ပထမနေ့ညမှာကတည်းက ငယ်သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ရပြီးသားပါ... ဖုန်းဆက်ကြပါတယ်... နေမကောင်းဘူး... ချောင်းဆိုးနေတယ်ပြောတော့... ငယ်သူငယ်ချင်းကောင်းပီသစွာ... ချောင်းဆိုးရင် ငါနဲ့လာမတွေ့နဲ့ဆိုပြောပါတယ်... ဖေ့ဘွတ်ပေါ်က စာတမ်းလေးတွေလိုပေါ့... ကျွန်မ အခြေအနေဆိုရင်တော့ "Friends ask "Are You Okay?" when u sick, BEST Friends say "Don't come and meet me if you are coughing"... ဘာပဲပြောပြော သူစတယ်ဆိုတာ ကျွန်မသိပါတယ်... ပြီးတော့ မတွေ့တာ ဒီလောက်ကြာပင်မဲ့ တစ်ယောက်ကိုတစ်ယောက် ပြောမနာဆိုမနာရှိဆဲ သူငယ်ချင်းတွေအကြောင်းတွေးမိရင် အပြုံးတစ်ချက်တော့ ကျွန်မမျက်နှာပေါ်ကို အမြဲဖြတ်ပြေးဖြစ်တယ်လေ....
For More photos please like "MaBayDar" Page at the side bar...
Thursday, March 14, 2013
စိတ္တဇ Weekend ကုန်ဆုံးလွန်မြောက်ပါစေကွယ်....
မဗေဒါကို ကျန်ခဲ့တဲ့ သုံးပတ်အတွင်း အလုပ်ပိတ်ရက် စနေ တနင်္ဂနွေတွေမှာ စိတ်ဖိစီးမှုတွေပေးခဲ့တဲ့ 3d Drawing ဘာသာ အမှတ်ရပါပြီ... လူမှာ ခါးတွေလဲနာ... မျက်လုံးတွေလဲကိုက်... ခေါင်းတွေလဲမူး... စိတ်တွေလဲညစ်ခဲ့ရတဲ့ ဘာသာပေါ့... ပထမတစ်ခုက Assignment (TMA) ၊ ဒုတိယတစ်ခုက Lab report... TMA က စာတွေဖြေရတာ....နံပါတ် ၂ အေနဲ့ဘီကို မသိလို့ အစက ဒီအတိုင်း Blank ထားခဲ့မလို့ နောက်မှ အင်တာနက်မှာရှာတွေ့တာတွေ လျှောက်ရေးပေးလိုက်တာ အမှတ်ရသွားသားပဲ... TMA က ၉၃မှတ်ရတယ်... TMA အပြီး နောက်တစ်ပတ်ပဲခြားတယ်... Lab report deadline ကလာပြန်ရော... ဒီ Lab report ကတော့ အဆုံးပိုင်းမှာ မဗေဒါကို မျက်ရည်ပေါက်ကြီးငယ်နဲ့ ဒီဘာသာကို အကျပဲခံလိုက်တော့မယ်လို့ စဉ်းစားတဲ့အထိ ဒုက္ခပေးခဲ့တာပေါ့... ဟုတ်တယ်လေ... ကြိုးစားပမ်းစား စနေရော တနင်္ဂနွေ ၂ရက်လုံးနည်းလမ်းရှာဖွေပြီး ဆွဲခဲ့တဲ့ ပုံက ပြီးလဲပြီးသွားရော နောက်ဆုံးမေးခွန်းကျတော့မှ ဆွဲထားတဲ့အဆင့်တွေကို Screen Shot နဲ့တကွရှင်းပါဆိုတော့... ကိုယ်က ဆွဲတုန်းက Screen Shot တွေမလုပ်ခဲ့တော့... Final product ပဲရှိတယ်... Screen shoot လေးရဖို့ အစအဆုံးပြန်ဆွဲရတော့မဲ့ပုံပေါက်နေတယ်... တနလာၤနေ့ည Deadline... တနလာၤနေ့မနက်က အလုပ်သွားရမယ်ဆိုတော့ ဆွဲဖို့အချိန်မရှိ... တနင်္ဂနွေည အပြီးဆွဲမှဖြစ်မှာလေ... ဒါနဲ့ လက်မလျော့သေးဘူး ဆွဲမယ်လုပ်သေးတယ်... ဖြစ်ချင်တော့ အိမ်က laptop မှာ screen shoot ကို Paste လုပ်ဖို့ Microsoft office ကမရှိဘူး... (အမှန်တော့ အဲဒိအချိန်က ဟုန်နေလို့ မသိတာ... Paint မှာ Paste ပြီး save လို့လဲရသားနဲ့)... ရုံးက laptop မှာကျတော့ အဲဒိ 3d software ကမရှိ... ဒီတော့ 3d software ကို ရုံးက laptop မှာ ဒေါင်းလုပ်လုပ်လိုက်တယ်... ဖြစ်ချင်တော့ အိမ်က laptop ထဲကဆွဲထားတာက version 2.65နဲ့... ရုံးက Laptop မှာ ဒေါင်းလိုက်တော့ Version update ဖြစ်ပြီး 2.66 ဖြစ်နေတယ်... ဒီတော့ report ရေးရင် ဆွဲပြီးသား version နဲ့ မတူမှာကို စိတ်ကစိုးရိမ်ပြီး... သွားပါပြီ... လုပ်ထားသမျှတွေ သဲထဲရေသွန်ဖြစ်ပါပြီ... ကြိုးစားနေလဲအလကားပါပဲ... တကယ်တော့ ကံတွေချည်းပဲဆိုပြီး ကံကိုပဲ အပြစ်ပုံရတော့တာပေါ့... ကံကို အပြစ်ပုံပြီးသကာလ ဆရာ့ရဲ့ မေးခွန်းကို အပြစ်ပုံတော့တာပေါ့... သူ့မေးခွန်းက ဘာလို့ အဆုံးကျမှ Screen Shoot လိုတယ်ပြောထားလဲ... အစကတည်းက နံပါတ် ၁မှာကတည်းက ပုံဆွဲရင် Screen Shoot လုပ်ပါလို့ပြောထားပါလား... ဘာညာနဲ့ စိတ်တိုတော့တာပေါ့.... ကိုယ့် Lab report ကို စိတ်ရှည်လက်ရှည်နဲ့ တစ်ပတ်လုံးကူလုပ်ပေးနဲ့တဲ့ သူ့ကိုလဲ "တော်ပြီ ဆွဲမနေနဲ့တော့ မဆွဲတော့ဘူး အကျပဲခံလိုက်တော့မယ်" ဆိုပြီး စိတ်တွေတို... (စိတ်ထဲမတော့ ကျလို့ ထပ်ပေးရမဲ့ ကျောင်းလခဆိုတာကြီးကြောင့် ဒေါသပိုရသလို၊ စိတ်လဲညစ်၊ မကျရင်တော့ကောင်းမှာပဲလို့လဲတွေးမိနေတာပေါ့)... သူငယ်ချင်းတွေ msg ပို့ပြီး စိတ်ညစ်ကြောင်းပြောတော့ သူတို့ကအားပေးကြတယ်... စိတ်မလျော့ပဲ တင်လိုက်ဖို့ပြောကြတယ်... သူတို့တွေအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ကိုယ့်မှာသူငယ်ချင်းကောင်းတွေရှိသေးတာသိလို့လဲ ဝမ်းသာပါတယ်...
စိတ်တိုတိုနဲ့မေးခွန်းစာရွက်ကြီး ဆွဲဖြဲပြစ်လိုက်တယ်... ဟီးဟီး...
နောက်တော့ ညတော်တော်နက်ပြီး စိတ်ပြန်နည်းနည်းအေးတော့မှ အစအဆုံးပြန်ဆွဲရတာပေါ့... ဒါပေမဲ့ ဒီတစ်ခေါက်ဆွဲတော့လွယ်သွားပြီ... ပထမတစ်ခေါက်ဆွဲတုံးက ဆွဲတဲ့အချိန်ထက် ဘယ်လိုဆွဲရလဲ လိုက်ရှာရတာက ကြာတာလေ... ခုကျတော့ ဘယ်လိုဆွဲရလဲဆိုတာ ကိုယ်ကသိပြီးသွားတော့ ဆွဲရုံပဲ သိပ်မကြာတော့ဘူး... ဒါပေမဲ့ ပထမပုံလောက်တော့ Detail မဆွဲနိုင်တော့ဘူးပေါ့... အစက နံပါတ် ၂မေးခွန်း တံခါးပုံဆွဲခိုင်းတာ မဆွဲပဲထားမလို့ ၁၀မှတ်ပဲ မရလဲနေဆိုပြီး... အဲညက အမြင်ကပ်ကပ်နဲ့ ဖြစ်သလိုဆွဲပြစ်လိုက်အုံးမယ်ဆိုပြီး ဆွဲလိုက်တယ်... (အဲဒိ အပုဒ်က ခု အမှတ်ပြည့်ရတယ်ရှင့် ဟိဟိ)... နောက်နေ့မနက် ရုံးမှာအားရင် report ထိုင်ရေးရတာပေါ့... တနလာၤနေ့ည ၁၂နာရီ submission ပိတ်မယ်ဆို... ည ၁၁နာရီ ၂၅မိနစ်လောက်မှာ တင်ဖြစ်သွားတယ်... တော်တော် စိတ်ဒုက္ခပေးတာ... ခုအဲဒိ Lab report က ၉၄မှတ်တောင်ရတယ်... ဟဲဟဲ...
ဒါက ပြန်ဆွဲထားတဲ့ပုံ စားပွဲရဲ့ရှေ့ကရိုက်ထားတာ
ဒါက စားပွဲနောက်ကမြင်ကွင်း...
ဖြစ်သလိုဆွဲလိုက်တဲ့ တံခါး...
ပြဿနာမျိုးစုံနဲ့ ထွက်လာတဲ့ လေယာဉ်ပျံပုံ... ဒါတောင် သူကူဆွဲပေးလို့...
Lab report တင်ပြီး နောက်တစ်ပတ်ကျရင် Final project (ECA) ဆိုတာကြီးဆွဲရပြန်ပါရော... ဒီတစ်ခါတော့ ဘယ်သူ့မှ မကူနိုင်တော့ဘူး... သူက တစ်ပုံထဲမှာ ကြိုက်ရာ ပစ္စည်း ၆မျိုးဆွဲခိုင်းတာ... Interior or Exterior တော့ ရွေးရမှာပေါ့... လူက အမှတ်မရှိ လျှာရှည်ချင်တော့ လွယ်လွယ်ကူကူကို မဆွဲဘူး... အင်းလေးက ခြေတံရှည်အိမ်ပုံလေးဆွဲချင်ပြန်ရော... ဘာလို့များ လွယ်ကူပြီး Creative ဖြစ်တဲ့ Idea မျိုး ကိုယ့်မှာမရှိရတာလဲ မသိဘူးနော်... ကိုယ့်ကိုကိုယ်သတိထားမိတယ်... တစ်ခုခုရွေးဆို ခက်တာကိုပဲရွေးဖြစ်တယ်... ပြီးရင်မလုပ်တတ်တော့ဘူးဆိုပြီး အော်တယ်... တော်တော် ခွကျတဲ့ ကျွန်မ... ဒီတစ်ခါတော့ စိတ်သိပ်မရှုပ်တော့ပါဘူး... Youtube က tutorial တွေလျှောက်ကြည့်ပြီး သစ်ပင်တွေ မြက်တွေ ဘယ်လိုဆွဲလဲဆိုပြီး လျှာရှည်ပြန်ရော... ထားပါတော့လေ... အားလုံးအဆင်ပြေပြေပဲ... အဲ တင်မယ်လဲလုပ်ရော... report ကို 10MB အောက်ပဲထားပါတဲ့... ကိုယ့် Working file ချည်းပဲ Zip လုပ်တာတောင် 30MB. Render လုပ်ထားတဲ့ပုံတွေနဲ့ ကိုယ်သုံးထားတဲ့ Materials ပုံတွေမပါသေးဘူး... အဲဒါဘာလို့လဲဆိုတော့ လျှာရှည်ထားတဲ့ အပင်က သစ်ရွက်တွေနဲ့ လျှာရှည်မိတဲ့ မြက်ခင်းက မြက်တွေက File size ကို မတရားကြီးစေတာလေ... ဒါနဲ့ပဲ Wasting my effort again... ဆွဲထားတဲ့ မြိုင်မြိုင်ဆိုင်ဆိုင် သစ်ပင်နဲ့ မြက်ခင်းကို အရွယ်တွေလိုက်လျှော့ရပါရော... ပြီးမှပဲ တင်လိုက်ရတယ်... ဆရာသာ ကိုယ်ချင်းစာတတ်မယ်... ကျွန်မကြိုးစားထားတဲ့ Effort ကိုသဘောပေါက်မယ်ဆိုရင်တော့ အမှတ်ကောင်းကောင်းပေးမယ်လို့မျှော်လင့်တာပဲ... သူလိုချင်တာက Original creation... ဓာတ်ပုံကို ကြည့်ပြီး ပြန်ဆွဲပါတဲ့... တခြားသူတွေဆွဲထားတဲ့ အင်တာနက်ပေါ်က 3d ပုံတွေကို ပြန်ကူးမချပါနဲ့တဲ့... အဲဒါကိုကြည့်မယ်ဆိုရင်တော့ ကျွန်မရဲ့ Original Creation စစ်စစ်ဆိုတာကို သူ ၉၉.၉၉ မှတ်ပေးသင့်နေဘီ... ဟွန်း.... ဆွဲထားတဲ့ပုံတွေကြည့်လိုက်နော်...
ရေကန်ဆွဲရတာက လက်တော်တော်ဝင်တယ်... ရေကန်နဲ့တော့ သိပ်မတူလှဘူး...
အင်းလေး ခြေတံရှည်အိမ်... ဟဲဟဲ...
အနောက်က floating plantation က တကယ်ကိုပဲ လေပေါ် float ချင်နေတယ်... မတတ်နိုင်ဘူး... ရေပေါ်float အောင်ချိန်တာပဲ ဒီလောက်ပဲရတယ်...
Wednesday, March 13, 2013
Visit to 360 Sky Point & Movie World - Gold Coast Day 2
အဲဒိနေ့ကသာ ကျွန်မနေကောင်းနေခဲ့ရင် ဒိထက်ပိုပြီး ပျော်စရာကောင်းခဲ့လိမ့်မယ်။ သြစီသွားတဲ့ရက်တွေထဲမှာ ကျွန်မရဲ့ ကျန်းမာရေးအဆိုးရက်က အဲဒိရက်ဖြစ်ခဲ့တယ်။ တုတ်ကွေးလဲဟုတ်ပါဘူး... ကိုယ်လဲမပူပါဘူး... အာခေါင်တွေခြောက်ပြီး ချောင်းတွေဆိုးတဲ့နေ့ပေါ့... ရှေ့ရက်တွေမှာဆေးတွေသောက်ထားတော့ ချောင်းဆိုးရင် သလိပ်ပါချင်တယ်... ပြီးတော့ အဲကွန်းရှိတဲ့နေရာရောက်တာနဲ့ လည်ချောင်းခြောက်ပြီး ချောင်းကစဆိုးတော့တာပဲ... ပြီးတော့ သွေးအားကလဲ နည်းနေပါသေးတယ်... ဒီတော့ သွားရလာရမကောင်းဘူးပေါ့... ကိုယ်ကအစားအသောက်ဆို အပူအစပ်မှ ခံတွင်းတွေ့တာဆိုတော့ အဲဒိမှာအစားအသောက်ကလဲ သိပ်စားချင်စိတ်မရှိဘူး... (သေချာတာတော့ မဗေဒါက အစားအသောက်ခရီးသွားမဟုတ်ဘူး... အဲဒါမဖြစ်သင့်ဘူး... ကိုယ်သွားတဲ့နိုင်ငံက ဒေသစာကို လေ့လာစားသုံးနိုင်တာလဲ ခရီးသွားကောင်းတစ်ယောက်ရဲ့ လိုအပ်တဲ့အရည်အချင်းပဲ... နေမကောင်းတော့ ပိုဆိုးတော့တာပေါ့)... ဒီတော့ လည်ချောင်းမခြောက်အောင် ရေဗူးဆောင်ပြီး အမြဲရေသောက်ပေးမှရတယ်... ဒီတော့လဲ အပေါ့ကသွားချင်ပြန်ရော... ဘယ်နိုင်ငံမှ စကာင်္ပူလောက် သန့်ပြီး နေရာတကာလွယ်လွယ်ကူကူရှာလို့ရတဲ့ အိမ်သာသိပ်မရှိဘူး (စလုံးမကြီးလေသံဖြင့်ပြောသည်။)... ဒီတော့ ချင့်ချိန်ပြီး စိုးရိမ်စိတ်နဲ့နေရတယ်... အဲဒိနေ့ မနက်စာကို စလုံးမှာလဲရှိတဲ့ Subway (အရသာဘယ်နိုင်ငံရောက်ရောက်တူတူပဲမို့) အဲဒါပဲစားဖြစ်ပါတယ်... 6 inches ပေါင်မုန့်ကို ကိုယ်တွေပဲစားတယ်ထင်တယ်... အားလုံးကတော့ Foot long အရှည်ကြီးတွေစားကြတယ်... ကိုယ်က 6 inches bread တောင် မနည်းကုန်အောင်စားရတယ်... အဲဒါက AUD 5.50 (မနက်စာကို စလုံးငွေ ၇ကျပ်လောက်ကျတယ်ဆိုတော့ ဈေးကြီးတယ်)
Don't limit yourself...
၃၆၀ ဒီဂရီ Sky Point
အဲနေ့မတိုင်ခင်ညက ဈေးရောင်းကောင်းတဲ့ကောင်မလေးဆီကနေ ၃၆၀ ဒီဂရီ Gold Coast ရဲ့ အမြင့်ဆုံးအဆောက်အဦး Sky Point နဲ့ Movie World Ticket ၀ယ်ခဲ့တယ်လေ... Movie World ကိုသွားမဲ့ကားက Titanium Bar မှတ်တိုင်မှာ မနက် ၁၀နာရီလာမယ်ပြောခဲ့တော့၊ မနက် ၈နာရီလောက် Sky Point ကိုသွားခဲ့ကြတယ်... အဲဒိရောက်တော့မှ ကျွန်မတို့ဝယ်ထားတဲ့ AUD 21 လက်မှတ်က Observation deck အထိပဲလက်မှတ်ဖြစ်နေတယ်... ဟိုးအပြင် အပေါ်ထိမရောက်ဘူး... (အစထဲက အဲဒါကို မေးဖို့မေ့သွားတယ်) အပေါ်အပြင်အထိ ၀တ်စုံကြီးတွေနဲ့ တက်ချင်ရင်က တစ်ယောက်ကို AUD 69 တဲ့... မဗေဒါတို့က ၀ယ်မယ်ဆိုတော့ Time slot တွေအားလုံးက ပြည့်နေပြီတဲ့ မနက်ဖြန်မှရမယ်တဲ့... ဒါပေမဲ့ မနက်ဖြန် Brisbane သွားမလို့ စီစဉ်ထားတော့ ဘယ်အချိန်ပြန်ရောက်မလဲမသေချာဘူး... ဒါနဲ့ပဲ လက်လျော့လိုက်ရတော့တယ်... အဲဒိအပြင်အပေါ်ကဆို ကြောက်စရာလဲကောင်း ကြည့်ရတာလဲ ပိုလွတ်လပ်မှာ... ဒီလိုနဲ့ပဲ Observation deck နဲ့တင် ကျေနပ်ခဲ့ရတာပေါ့... Observation Deck ကနေကြည့်တာတောင် ပင်လယ်ကမ်းရိုးတန်းကြီးကို မျက်စိတစ်ဆုံးမြင်ရတဲ့ မြင်ကွင်းကအတော်လေးကိုလှပါတယ်... ဒါပေမဲ့ သိတဲ့အတိုင်း အဲလို Observation deck တွေက နောက်ကရှုခင်းနဲ့ လူနဲ့ တွဲဓာတ်ပုံရိုက်ဖို့ခက်ပါတယ်... လူက အဆောက်အအုံထဲမှာဆိုတော့ အပြင်က ပိုလင်းနေပြီး လူက မှောင်နေGeတတ်ပါတယ်.... အရမ်းကပ်သွားပြန်တော့လဲ မှန်ရဲ့ Reflection ကဆိုးပါတယ်.... နောက်ပြီး တခြားလူတွေလဲရှိသေးတော့ ဓာတ်ပုံကို အမြန်ရိုက်ရပါတယ်... ရိုက်လာတာလေးတွေကြည့်နော်... ဟိုးအပေါ်အထိမတက်ခဲ့ရတာကပဲ နောက်တစ်ကြိမ်ပြန်လာဖို့ အကြောင်းပြချက်တစ်ခုရသွားတာပေါ့....
Wonderful View
Gold Coast and me
Visit to Movie World
Gold Coast မှာ Theme Park တွေအများကြီးရှိတယ်... Sea World, Dream World, Movie World စသည်ဖြင့်ပေါ့... အချိန်မရှိတာနဲ့ အဲဒိထဲက တစ်ခုကိုရွေးလိုက်တယ်... Movie World ကို... ဘယ်သွားသွားတော့ အတူတူလောက်ပဲဖြစ်မယ်ထင်တာပဲ... ဂျပန်က DisneyLand... Korea က Ever Land... ဟောင်ကောင်က Ocean Park... မလေးရှားက Genting... စကာင်္ပူက Universal Studio အကုန်ရောက်ဖူးပါတယ်... (ဒီလိုပဲ စကားပြောရင် ကြုံတော့လဲ ကြွားရတာပေါ့... ကျော်များဖတ်လိုက်ကြလားမသိ... အဟိ)..အားလုံးက ရာသီဥတုရယ် လူတွေရယ်ကွာတာကလွဲလို့ စီးတာတွေ အထဲက အပြင်အဆင်တွေက ခပ်ဆင်ဆင်တူကြပါတယ်... Movie World ကိုသွားဖို့ Titanium Bar ရှေ့မှတ်တိုင်ကနေစီးတာ တော်တော်လေးစီးရတယ်... ထိုင်စီးရတာမဟုတ်ဘူး... ရပ်စီးရတာ... အဲဒိဂိတ်ကိုရောက်တော့ ဘတ်စ်ကားက ဘယ်ထဲကတောင်ပြည့်လာလဲမသိဘူး.... ကိုယ်တွေနေရာမရဘူး... ကားထဲဝင်လိုက်တာနဲ့ အဲကွန်းလေကြောင့် အာခေါင်တွေခြောက်လာပြီး ချောင်းကဆိုးချင်လာရော... တတ်နိုင်သလောက်အောင့်ပေမဲ့ ဗိုက်နာတာနဲ့ ချောင်းဆိုးချင်တာက ကြာကြာအောင့်လို့ရတာမဟုတ်ဘူး... တတ်နိုင်သလောက်ထိန်းဆိုးတယ်... ဒါတောင် ထိုင်နေတဲ့ အာရှသူနဲ့တွဲလာတဲ့ ဘိုကောင်က မကြည်ဖြူတဲ့ပုံလုပ်နေတာ... ဒါနဲ့ ပါလာသမျှ စကာင်္ပူဆေးခန်းကပေးလိုက်တဲ့ ငုံဆေးပြားတွေငုံ... ကုန်သွားတော့ အစ်မယူလာတဲ့ Strepsils ကို အဆက်မပြတ်ငုံနေရတယ်... အစကတည်းက ပူရှိန်းမကြိုက်တဲ့ကျွန်မ Strepsils ကလဲ ခါးလိုက်တာမပြောနဲ့... ဒါပေမဲ့ အညူစူမခံနိုင်လို့ ငုံလိုက်တယ်... ငုံထားရင်သက်သာတယ်... ဆေးကုန်တာနဲ့ဆိုးချင်ရော... လူကချောင်းမဆိုးအောင်ထိန်းရတာ မျက်ရည်တောင်ကျလုပဲ... အဲဒိနေ့က ဘတ်စ်ကားစီးရတာတော့ တကယ့်ကို ငရဲပဲ... ၄၅မိနစ်လောက်ကားပေါ်မှာခံလိုက်ရတယ်... ဟိုရောက်တော့ ညက၀ယ်ထားတဲ့ လက်မှတ်နဲ့ တန်းဝင်လို့ရတယ်... အထဲရောက်တော့လဲ လူကပဲ နေမကောင်းလို့လားမသိ... အရမ်းလဲထွေထွေထူးထူးမဟုတ်ပါဘူး... တခြားနိုင်ငံတွေကအတိုင်းပါပဲ... ပြောရရင် တခြားနိုင်ငံတွေထက်တောင် စီးစရာနည်းသလိုပဲခံစားရတယ်... Green Lantern ကတော့ ၀င်ပေါက်နားမှာပဲ သိပ်လဲ ကြာကြာမစောင့်ရဘူးဆိုတော့ ၀င်တန်းစီလိုက်တယ်... လူကတော့ အရမ်းစိတ်မပါပါဘူး... နောက်တော့ အစ်မလဲ တစ်ယောက်တည်းဖြစ်နေရင် ငြူစူမှာစိုးလို့ လိုက်စီးပေးလိုက်တယ်... အသက်ကြီးလာလေ အသည်းငယ်လာလေဖြစ်နေတဲ့ကျွန်မ နေကမကောင်းတော့ ကိုယ့်အခြေအနေကိုယ်စိုးရိမ်နေရတယ်... စီးတော့ အာပြဲကြီးနဲ့ဇွတ်အော်လိုက်တာ ဘေးက ဘိုမတွေတောင်နားတော်တော်ညီးသွားမယ်... မဗေဒါကတော့ မအော်လို့မဖြစ်ဘူး... အဲဒါတွေစီးနေတဲ့အချိန်မှာ မအော်ရင် အံချင်သလိုကြီးဖြစ်တတ်တယ်... မဗေဒါက အော်လိုက်မှသက်သာတာ... ဘာလို့လဲတော့မသိ...
သူ့နောက်မှာ ဘေးတိုက်လေး ပိန်အောင်ဝင်ပုန်းနေတာ... သြစီက Marilyn Monroe က သိပ်ချောဝူး... 
အော်ဒါနဲ့... အဲဒိဟာတွေစီးမယ်ဆို ပါလာတဲ့ပစ္စည်းတွေကို လော့ကာငှားပြီးထည့်ခဲ့ရတယ်လေ... အဲဒိလော့ကာကလဲ အကြီးဆိုရင် AUD 8 နဲ့ 12 (တစ်ခုခုပဲ အဲလောက်ဝန်းကျင်ပဲ)... ပေးရတယ်... ပြီးတော့ ပေါ်လစီကလဲ ၁နာရီအတွင်းပြန်လာထုတ်ရမယ်တဲ့ အဲလိုမှမဟုတ်ရင် ပို charge အုံးမယ်တဲ့... ကောင်းရော... တခြားနိုင်ငံတွေမှာတွေ့ဖူးတဲ့ Lockers တွေက တစ်ခါထည့်ထားရင် နောက်တစ်ခါပြန်မဖွင့်မချင်း တစ်နေကုန်ထည့်ထားလို့ရပါတယ်... ဒီကလော့ကာကတော့ ရိတ်တယ်လို့ပဲဆိုချင်ပါတယ်... နောက်တော့ ညီအစ်မ ၂ယောက် ကြုံတဲ့4D ပွဲ Ice Age ကိုဝင်ကြည့်ပါတယ်... နေ့လည်ရောက်တော့ ဗိုက်လဲနည်းနည်းဆာလာ... ကျွန်မက ခေါင်းမူးတဲ့အခါ စားလိုက်ရင်သက်သာသွားတတ်ပါတယ် (ပိန်အုံးမယ်) ဒါနဲ့ အဲဒိနားမှာ ဆိုင်ကလဲ အဆင်သင့် Buffet ကို Asian စာလဲရမယ်ဆိုတော့ အဲဒါပဲ အေးအေးဆေးဆေးနားရင်း ၀င်စားလိုက်ပါတယ်... ဒီလို Theme Park တွေမှာ အပြင်က Food court ရိုးရိုးစားလဲ စားကောင်းချင်မှသာကောင်းမယ် ဈေးကတော့ ကောင်းနေကျမို့ ဆိုင်ကြီးပဲတတ်စားဖြစ်လိုက်ပါတယ်... ဆိုင်နာမည်က Rick's Cafe Americain လို့ခေါ်ပါတယ်... တစ်ယောက်ကို AUD 26.99 ကျပါတယ်... စားကောင်းပါတယ်... Asian ရော Western ရော အကုန်ရပါတယ်... အကုန်စားကောင်းပါတယ်...
ဒါက ပထမအချီ... ထမင်းစားတာ...
ဒါက ဒုတိယအချီ ဘိုလိုစားတာ...
ဒီဆိုင်မှာ ဘူဖေးစားတာ စားကောင်းတယ်...
စီးတဲ့နေရာတွေမှာတော့ ကျန်တဲ့နိုင်ငံတွေမှာကြုံခဲ့ရသလို အကြာကြီးစောင့်စရာမလိုပါဘူး... အလွန်ဆုံး နာရီဝက်လောက်ပါပဲ... Scoopy Doo မှာ ၄၅မိနစ်လို့ရေးထားပင်မဲ့ နာရီဝက်လောက်ပဲ ကြာပါတယ်... Green Lantern စီးပြီးတာနဲ့ လူက အီလည်လည်နည်းနည်းဖြစ်လာလို့ ဆက်မမိုက်တော့တာပဲကောင်းမယ်... နောက်မို့ဆို အခြေအနေဆိုးသွားနိုင်တယ်ဆိုပြီး ကိုယ့်အရှိန်ကိုယ်သတ်လိုက်ပါတယ်... အစ်မကိုပဲ သွားစီးငါအိတ်စောင့်မယ်ဆိုပြီးပဲ ရောက်လေရာထိုင်နေပါတယ်... ပင်ပန်းနေတော့ ဓာတ်ပုံတောင်သိပ်မရိုက်ဖြစ်ပါဘူး... အစ်မ Scoopy Doo သွားစီးနေတုန်းကျွန်မ ဗွီဒီယိုရိုက်ဖြစ်ပါသေးတယ်... ကင်မရာနဲ့ စကားစမြည်ပြောကြည့်တာပေါ့.... ဂျပန်တို့ ကိုရီးယားတို့သွားတုန်းကလဲ အဲလိုလုပ်ပါတယ်... လူသိပ်ကြည့်မခံခဲ့ရပါဘူး... ဒါပေမဲ့ သြစီရောက်ကာမှပဲ လူတွေက ကိုယ့်ဘာကိုယ်ကင်မရာလေးကြည့်စကားပြောနေတာကို ကြည့်ကြတော့ လူတောင်ရှက်သွားပါတယ်...
အဲဒိထဲက စီးတာတွေက ရေစိုတယ်...
စားသောက်ပြီး နည်းနည်းနားလိုက်လို့ ပြန်လန်းလာတော့မှ ရာသီဥတုကလဲ ပူတာနဲ့ Wild West Falls က Jurassic Park မှာ ရေစိုတဲ့ ဟာတစ်ခုသွားစီးဖြစ်ပါတယ်... သိတဲ့အတိုင်း သြစီက ဘယ်အရာမဆို ကျွန်မတို့ စံနဲ့တော့ အစောကြီးပိတ်တယ်လို့ခံစားရပါတယ်... ညနေ ၅နာရီလောက်ရောက်တာနဲ့ Costume တွေဝတ်ထားတဲ့ ရုပ်ရှင်ထဲက သူရဲကောင်းတွေကားတွေနဲ့ထွက်သူကထွက် လမ်းထွက်လျှောက်သူကလျှောက် တော့တာပါပဲ... ဂျပန်က Desney Land တောင် ည ၈နာရီမှ အဲဒါမျိုးတွေထွက်တယ်ထင်တယ် (မေ့တော့မေ့နေပြီ ဒါပေမဲ့ ညရောက်မှထွက်တာတော့သေချာတယ်)... သူတို့ ကတာကို လူမတိုးနိုင်တော့လို့ TV Screen အကြီးကြီးကနေပဲ ထိုင်ကြည့်ပြီးနေလိုက်တယ်... ကျွန်မအစ်မလဲ ကျွန်မနေမကောင်းနေတော့ သူလဲ စိတ်ပါတော့ပုံမရဘူး... ပြန်မယ်ဆိုပြီးပဲ ပြန်လာလိုက်ကြတယ်... Park ကလဲ မကြာခင်ပိတ်တော့မယ်လေ... ဘတ်စ်ကားကလဲ အပြန်မှာ မနည်းစောင့်လိုက်ရတယ်... စောထွက်လာတာတောင် လူတိုးရသေးတယ်... တန်းစီတဲ့ အတန်းလဲမရှိဘူး...
စီးနေကျ ဘတ်စ်ကားဂိတ်လေး...
 ဒီလိုနဲ့ ဟော်တယ်ကို ည ၈နာရီလောက်မှာတင်ပြန်ရောက်တာပေါ့... ရေမိုးချိုးပြီးတော့ ညစာစားဖို့ပြင်တယ်... အရှေ့ဝရံတာလေးမှာလဲ စားပွဲနဲ့ ထိုင်ခုံလေးတွေရှိတော့ အဲမှာထိုင်စားချင်တာနဲ့ စားဖြစ်တယ်... ဘေးခန်းက မိန်းမကြီးကတောင် သူ့ဝရံတာအသေးလေးကနေ ၀ရံတာထွက်ကြည့်တာနဲ့ကြုံလို့ စကားပြောဖြစ်သေးတယ်... အဲဒိညကတော့ ညစာမငတ်တော့ဘူးပေါ့နော်... ဖြစ်သလို ခေါက်ဆွဲပြုတ်နဲ့လဲ စားကောင်းခဲ့ပြီး အိပ်ယာကို ည ၁၀နာရီလောက်ဝင်ဖြစ်တယ်... စကာင်္ပူမှာဆို ည၇နာရီလောက်ပဲရှိအုံးမယ်ဆိုတော့ လူက သိပ်တော့ အထာမကျဘူး... မအိပ်ချင်ဘူးလေ... စကာင်္ပူမှာကိုယ်က weekend တွေဆို ည ၂နာရီလောက်မှအိပ်တာဆိုတော့ ခု ည ၇နာရီအိပ်ရသလိုဖြစ်နေတော့ စောကြီးအိပ်ပြစ်နေရတာပေါ့... အိပ်ပျော်ပြီး ခဏနေညလည်လောက်ကျ နိုးပြန်ရော... အိပ်ယာပြောင်းတာကြောင့်လဲပါမယ်.. မွေ့ယာကြီးက အရမ်းပျော့တာကြောင့်လဲပါမယ်... မနက်တော့ ငါးနာရီခွဲသံပတ်ပြန်ပေးထားလေရဲ့....