Thursday, November 29, 2012
အွန်လိုင်းမှာ အ၀တ်အထည်ဝယ်ချင်ရင်...
ဒီတော့ အွန်လိုင်းမှာ အ၀တ်အစားဝယ်ချင်ပင်မဲ့ မသေချာတဲ့သူတွေအတွက် သတိထားသင့်တာလေးတွေနဲ့ ကိုယ်အတိုင်းဘယ်လိုတိုင်းလဲဆိုတာ ဒီပိုစ့်လေးနဲ့ ပြောပြမယ်နော်...
ကိုယ်တိုင်းမတိုင်းခင် သတိပြုရမဲ့ အချက်တွေကိုအရင်ပြောပြပါမယ်...
၁) ပြုလုပ်တဲ့ပစ္စည်း
၂) ဒီဇိုင်း 
၃) အတိုင်းအထွာ Cutting (သို့) တခြားဝယ်သူများရဲ့ ကွန်မန့်
၎) မိမိကိုယ်ကို သိပါ
၁) ပြုလုပ်တဲ့ ပစ္စည်း
ဝယ်မဲ့ အ၀တ်အစားဘာအသားနဲ့ ချုပ်လဲဆိုတာ ဆိုင်က ပေးထားတဲ့ အင်ဖော်မေးရှင်းမှာ ပါပြီးသားပါ... မပါရင်လဲ ဆိုင်ကိုမတ်စေ့ဖြစ်စေ အီးမေးလ်ဖြစ်စေနဲ့ မေးမြန်းနိုင်ပါတယ်... ဆွဲသားလား၊ ချီဖွန်(ကြော်ချက်)သားလား၊ စသည်ဖြင့် အမျိုးမျိုးရှိပါတယ်... ဆွဲသားဆိုရင်လဲ ဘယ်လောက်ကနေ ဘယ်လောက်ထိ ဆွဲနိုင်တဲ့ Range ကိုလဲ ဆိုင် တော်တော်များများက ပေးထားတတ်ပါတယ်... ချည်သားဆိုရင် လျှော်ပြီးရင်း ရှုံ့သွားတတ်ပါသေးတယ်... ဒီတော့ အတိုင်းအထွာကို စဉ်းစားတဲ့အခါ ဘာပစ္စည်းနဲ့လုပ်လဲဆိုတာက အနည်းနဲ့အများ အကြမ်းဖျင်းလောက်တော့ သိရင်လုံလောက်ပါတယ်...
၂) ဒီဇိုင်း
ဒီဇိုင်းပေါ်မူတည်ပြီးလဲ အတိုင်းအထွာကို ချင့်ချိန်ရပါမယ်... တချို့ Dress တွေရဲ့ အကျီင်္လက်က ကိုယ်ဝတ်နေကျ အိမ်နေရင်းတွေထက် သေးပြီးယူထားတတ်ပါတယ်... ကိုယ်က ကိုယ်ဝတ်နေကျ ညအိပ်အကျီင်္က ပခုံးအတိုင်း တိုင်းပြီးယူမယ်ဆိုရင် ကိုယ့် size ကိုကြီးနေတယ်ထင်ပြီး ကိုယ်နဲ့ ၀ယ်ချင်တဲ့ Dress နဲ့ မတော်ဘူးလို့ထင်နိုင်ပါတယ်... နောက်ဥပမာတစ်ခုကတော့ ကုတ်အကျီင်္တွေဝယ်ရင် ရင်ဘတ်အတိုင်းကို စိုးရိမ်ရပါတယ်... မြန်မာမိန်းကလေးတွေက ရင်ဖွံ့ထွားသူတွေဆိုတော့ ငါနဲ့ မတော်လောက်ဘူးထင်တတ်ပါတယ်... ဒါပေမဲ့ တစ်ချို့ ကုတ်အင်္ကျီတွေက ရင်စေ့ပြီး ကြယ်သီးတတ်ပြီး ၀တ်စရာမလိုပါဘူး... ဒီဇိုင်းကိုက အပေါ်ကအထပ်အနေနဲ့ပဲဆိုရင် ရင်စေ့ဝတ်စရာမလိုတဲ့အတွက် ရင်ဆိုဒ်က သေးတတ်ပါတယ်... အဓိက ကတော့ ပုခုံးနဲ့ ရင်အတိုင်းအဆင်ပြေရင် အားကျန်တာက အဆင်ပြေတတ်ပါတယ်... ကိုယ့်ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းမျိုးရွေးတတ်ဖို့လဲလိုတာပေါ့နော်...
၃) အတိုင်းအထွာ Cutting (သို့) တခြားဝယ်သူများရဲ့ ကွန်မန့်
များသောအားဖြင့် Small, Medium, Large နဲ့ ရေးတဲ့ဆိုင်တွေက Small ဆို ဘာဆိုဒ်ဆိုပြီး Table လေးနဲ့ ပြထားတဲ့ အင်ဖိုအမြဲရှိပါတယ်... မရှိရင် မေးပါ... နောက်ပြီး တခြား ၀ယ်သူတွေရဲ့ ကွန်မန့်တွေလဲရှိတတ်ပါတယ်... တစ်ဆိုင်နဲ့ တစ်ဆိုင် Small, Medium, Large အတိုင်းတွေက တူချင်မှတူပါတယ်... ကိုယ်က Small ၀တ်နေကျဆိုပေမဲ့ တစ်ခါတစ်လေ အဲဒိဆိုင်က Medium ကမှ ကိုယ့်ဆိုဒ်ဖြစ်နေတတ်ပါတယ်... ၁ဆိုဒ်ကြီးဝယ်ဖို့ ၁ဆိုဒ်သေးဝယ်ဖို့ အရင်ဝယ်ဖူးတဲ့သူတွေရေးတဲ့ ကွန်မန့်တွေကနေသိနိုင်ပါတယ်... ကွန်မန့်တွေမရှိရင်တော့ အတိုင်းအထွာကို သေချာတိုင်းပြီးဝယ်ပါ... စိတ်မချရင်တော့ ဈေးသိပ်မကြီးတာကိုအရင် စမ်းဝယ်ကြည့်လို့ရပါတယ်... တစ်ခါတစ်လေ အွန်လိုင်းက အ၀တ်အထည်ဝယ်ယူတဲ့အခါ ကိုယ့်ကွန်ပြူတာ Screen ပေါ်မှာ မြင်တဲ့ အရောင်နဲ့ တကယ့်အရောင်နဲ့ အနည်းငယ်ကွဲလွဲတတ်ပါတယ်... ထိုအချက်ကိုလဲ နားလည်ထားဖို့လိုပါတယ်...
၎) မိမိကိုယ်ကို သိပါ...
ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်အသိဆုံးပါ... ဥပမာ ဗိုက်ပူတဲ့သူက ခါးကိုတိုင်းတဲ့အခါ ကိုယ့်ရှိတဲ့ ခါးထက် ၂လက်မလောက်ပိုယူပါ... ဒါမှ ထမင်းစားပြီးချိန်တို့ဘာတို့ဆို နေသာထိုင်သာရှိမှာပါ... ခါးသေးပြီး တင်ကားတဲ့မိန်းကလေးတွေအတွက်လဲ အကျီင်္ဒီဇိုင်းကိုလဲ သတိပြုပြီး ၀တ်တဲ့အခါ တင်မှာကျပ်နေတာမျိုးမဖြစ်အောင် ပိုယူသင့်ယူ... ဒါမှမဟုတ် အကျီင်္ဒီဇိုင်းက နောက်က ဇစ်က အောက်ထိဆွဲလို့ရတဲ့ပုံမျိုးဆိုရင်တော့ ပိုယူစရာမလိုဘူးပေါ့... ကိုယ့်ပင်ကိုယ်ဥာဏ်နဲ့ ဆုံးဖြတ်လို့ရတဲ့ အရာတွေပါ...
ခု ကိုယ်တိုင်းနည်းကို ပြောပါမယ်..
How to take your body measurements
1. Shoulder
ဘေးက ပုံမှာ ပြထားတဲ့အတိုင်းပဲ တစ်ဖက် ပုခုံးအစွန်းကနေ နောက်ပုခုံးအစွန်းထိ တိုင်းပါ...
2. Burst
ရင်ကိုတိုင်းတာပါ။ တိုင်းတဲ့ကြိုးကို ချိုင်းအောက်ကနေ ကိုယ်ကိုပတ်ပါ။ ရင်သားရဲ့ အပြည့်မောက်ဆုံးနေရာကနေတိုင်းရပါမယ်။ ဘေးမှာ လက်နှလုံးလောက် ခြောင်ခြောင်ထားပါ။ ပြီးလျှင်အတိုင်းကို မှတ်သားပါ...
3. Natural Waist
ခါးကိုတိုင်းတဲ့အခါမှာ ကျွန်မတို့မိန်းကလေးတွေက မသိမသာပဲဖြစ်စေ၊ သတိတောင်မထားလိုက်မိချိန်မှာ အသက်အောင့်တတ်ကြပါတယ်။ အဲလိုမဖြစ်ပါစေနဲ့။ တိကျတဲ့အတိုင်းအတာကိုရဖို့အတွက် သက်တောင့်သက်သာအဖြစ်ဆုံး အနေအထားကိုတိုင်းပါ။ 
4 and 6. Inseam
ဘောင်းဘီ ၀ယ်သူတွေအတွက် အရှည်ကိုတိုင်းတာပါ...
5. Hip
ခြေကိုစုပြီး ကိုယ့်တင်ပါးရဲ့ အကျယ်ဆုံးနေရာကို ပတ်ပြီးတိုင်းပါ။ ပုံမှန်အားဖြင့် တင်းပါးရိုးရှိတဲ့နေရာကိုတိုင်းပါတယ်။
အောက်ကပုံလေးမှာပြထားတဲ့အတိုင်းလဲ ကြည့်နိုင်ပါတယ်...
Tuesday, November 06, 2012
My Favorite Galaxy Note 2 Features
ပြီးခဲ့တဲ့အပတ်ကမှ မဗေဒါရဲ့ ပထမဦးဆုံး smart Phone အဖြစ် Samsung Galaxy Note 2 LTE ကို ၀ယ်ဖြစ်လိုက်ပါတယ်... ဖုန်းကို ဖုန်းပြောရုံ မတ်စေ့ပို့ရုံ အပျင်းပြေဖုန်းထဲမှာပါပြီးသား ဂိမ်းဆော့ရုံလောက်နဲ့ ကျေနပ်တတ်ပြီး မေ့တတ် ဖုန်းပျောက်တတ်တဲ့ မဗေဒါအတွက် Smart Phone တွေနဲ့ ကင်းကင်းရှင်းရှင်းနေနိုင်ခဲ့တာ ယခုချိန်ထိပါ... ဒါပေမဲ့ နောက်ပိုင်းမှာ ကိုယ်က Whatsapp မရှိ... ဘာမရှိ.... သူငယ်ချင်းတွေနဲ့လဲ update တွေမဖြစ်တော့ဘူး... အရင်က ရုံးကပေးတဲ့ Blackberry က Smart phone ဆိုပင်မဲ့ Privacy issue ကြောင့် သိပ်မသုံးချင်တော့ဘူး... ဒီလိုနဲ့ပဲ Smart phone နဲ့ ပတ်သတ်ရပါတော့တယ်... 
ခုဝယ်လိုက်တဲ့ Galaxy Note 2 မှာ ကျွန်မလို ဖုန်းခဏခဏ ပျောက်တတ်တဲ့သူ အတွက် အကြိုက်ဆုံး Security Feature တစ်ခုပါတယ်... (ဒီ Feature လေးက Samsung Product တော်တော်များများမှာ သုံးလို့ရပါတယ်... SIII, Galaxy Tab, Galaxy Wave, Galaxy Ace စသည်ဖြင့်.. အသေးစိတ်သိချင်ရင် ဒီလင့်ခ့်နေရာမှာ သွားကြည့်လို့ရပါတယ်... ) Remote control ဘယ်လိုဖွင့်ရလဲဆိုတာလဲ အဲဒိမှာ Samsung ပစ္စည်းအမျိုးအစားလိုက် တဆင့်ချင်းရှင်းထားပါတယ်...
Lock My Mobile
ကိုယ့်ဖုန်းကိုယူသွားတဲ့သူ သုံးလို့မရအောင် ကိုယ်က အဝေးကနေ lock လုပ်လိုက်လို့ရပါတယ်... သူ PIN မသိရင် ဖွင့်လို့မရတော့ပါဘူး... အဲဒိလို lock လုပ်လိုက်ရင် ဖုန်းမှာ "This mobile is lost. Please keep it for awhile. I will contact you. Thank you" ဆိုတဲ့ မတ်စေ့ ဖုန်းပေါ်မှာပေါ်လာပါလိမ့်မယ်... တကယ်လို့ ဒုတိယဖုန်းနံပါတ်တစ်ခုကို ကိုယ်က ဖြည့်ထားမယ်ဆိုရင် ဒုတိယဖုန်းနံပါတ်ကို ခေါ်ပြီး ပိုင်ရှင်ကို ဆက်သွယ်ပါလို့ပါပါတယ်...
Track My Mobile
ဒီ Feature လေးက သင်ဖုန်းပျောက်သွားရင် website ပေါ်ကနေ သင့်ဖုန်းဘယ်နေရာမှာလဲ GPS auto On ပြီး ရှာလို့ရပါတယ်...  တစ်စုံတစ်ယောက်က ကောက်ရလို့ ယူသွားရင်လဲ ၁၂နာရီအတွင်း ၁၅မိနစ်ခြားတစ်ခါ Track လုပ်ပြီး ဖုန်းရှိတဲ့နေရာကို ရှာလို့ရပါတယ်... (အဲဒိ Feature ကို ဟိုနေ့က စမ်းကြည့်တာတော့ မရပါဘူး)... 
 Ring My Mobile
ဟိုတစ်နေ့ကပဲ ရုံးမှာ ဖုန်းကို ဘယ်နားချခဲ့မှန်းမသိလို့ ဖုန်းခေါ်ကြည့်တော့လဲ Silent ဖြစ်နေတဲ့အတွက် အသံမကြားရဖြစ်နေတာ ခေါင်းမီးတောက်အောက် ရှာလိုက်ရတယ်... အဲဒိလို မဖြစ်အောင်လဲ Ring My Mobile ဆိုတဲ့ Feature လေးကို အသုံးပြုလို့ရပါတယ်... အဲဒိ website ကိုသွား log in ၀င်ပြီးလို့ "Ring My mobile"ကို နှိပ်လိုက်ရင် silent လုပ်ထားတဲ့ ဖုန်းပင်ဖြစ်စေ အကျယ်ဆုံး အသံနှုန်းနဲ့ ကိုယ်မပိတ်မချင်း ၁မိနစ်တိတိမြည်နေမှာပါ... (ကောက်ရတဲ့သူကလဲ ပိတ်လို့မရပါဘူး... ဖုန်းကနေပိတ်ဖို့အတွက် PIN လိုပါတယ်)... 
View Call Logs Remotely
နောက် Samsung dive ရဲ့ ၀န်ဆောင်မှုတစ်ခုကတော့ ဖုန်းရဲ့ Call Log ကို ကြည့်လို့ရပါတယ်... အဲဒါက ဘာကောင်းလဲဆိုရင် (မဗေဒါ ဥာဏ်မှီသလောက်စဉ်းစားကြည့်ရင်တော့) တစ်စုံတစ်ယောက်က သင့်ဖုန်းကိုကောက်ရသွားပြီး သင့်ဖုန်းနဲ့ ဖုန်းတွေလျှောက်ဆက်နေမယ်ဆိုရင် အဲဒိ Call Log ကိုကြည့်ပြီး သူဘယ်သူ့တွေခေါ်သလဲသိနိုင်ပြီး အဲဒိကတစ်ဆင့် ကောက်ရသူရဲ့ အချက်အလက်တွေကို စုံစမ်းသိနိုင်တယ်လို့ထင်ပါတယ်... ဒီအဆင့်ကတော့ သင်ဖုန်းကို Lock မလုပ်မိတာပဲဖြစ်စေ... ဖုန်းပျောက်တာကို အတော်လေးကြာမှ သတိထားမိရင်ပဲဖြစ်စေ အသုံးဝင်မယ်ထင်ပါတယ်... ဒိထက်ဘယ်လို အသုံးဝင်အုံးမလဲတော့ မပြောတတ်ပါ...
Wipe Out My Mobile
နောက် Wipe Out My Mobile ဆိုတဲ့ ၀န်ဆောင်မှုကို သုံးမယ်ဆိုရင်တော့ သတိထားရပါမယ်... တချို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေ ဖုန်းထဲမှာ သိမ်းထားတဲ့လူတွေအတွက်တော့ အသုံးဝင်ပါတယ်... (မဗေဒါအတွက်တော့ သိပ်မလိုလှပါ)... ပျောက်သွားတဲ့ဖုန်းရဲ့ SIM Card နဲ့ Memory Card ထဲမှာ ရှိသမျှ အချက်အလက်တွေအားလုံးကို ဖျက်ပစ်လိုက်လို့ရပါတယ်... စက်ရုံကထွက်လာတဲ့ Setting အတိုင်းပြန်လုပ်လိုက်လို့ရပါတယ်... ဒါပေမဲ့ အဲဒိ Wipe Out My Mobile ကို သုံးပြီးရင် Samsung Dive service ကို သုံးလို့မရတော့ပါဘူး...
Iphone5 က Siri လိုလဲ Voice command ပေးလို့ရပါတယ်...
ကျွန်မကြိုက်တာနောက်တစ်ခုက တခြားအရင်က ဖုန်းကင်မရာတွေလို ကိုယ့်ပုံကိုယ်ရိုက်ရင် လက်နဲ့ သွားနှိပ်စရာမလိုပါဘူး.... Samsung Galaxy Note 2 LTE ကင်မရာကို "Cheese" "Smile" "Shoot" "Capture" ကြိုက်ရာ တစ်လုံးကို အသံနဲ့ အမိန့်ပေးလိုက်ရင် သူ့အလိုလိုရိုက်ပါတယ်... Smile detection shoot လဲ လုပ်လို့ရပါတယ်... ကင်မရာကို ရီပြလိုက်ရုံနဲ့ သူ့အလိုလိုရိုက်ပါတယ်... ဒီတော့ ခလုပ်ကို လှမ်းနှိပ်လိုက်လို့ ကင်မရာတုန်ပြီး Blur သွားတာ မဖြစ်တော့ဘူးပေါ့... Burst Shoot နဲ့ ရိုက်ပြီး Best face detection လဲပါပါတယ်... 
Samsung Galaxy Note 2 ရဲ့ ကြော်ငြာမယ်လဲဟုတ်ရပါဘူး... ပထမဆုံးသုံးတဲ့ smart phone ကို သဘောကျနေတာပါ... တခြားဖုန်းတွေ ဘယ်လောက်ကောင်းမလဲ ဘာတွေလုပ်လို့ရသလဲတော့ မသေချာပါ... Screen Size ကြီးတာကို ကြိုက်တဲ့ ကျွန်မကတော့ ကျွန်မဖုန်းနဲ့ ကျွန်မ ကျေနပ်နေတော့တာပါပဲ... ဒိထက်ကောင်းတဲ့ အသုံးဝင်တဲ့ တခြား Function တွေလဲ အများကြီးရှိပါသေးတယ်... မဗေဒါလဲ အပြည့်အ၀ Explore မလုပ်ရသေးတော့ သိသလောက်နဲ့ ကိုယ်ကြိုက်တဲ့ Function လေးတွေပဲ ပြောပြလိုက်ပါတယ်... 
Samsung Galaxy Note 2 ၀ယ်ဖို့ စဉ်းစားနေတဲ့သူတွေ အမြန်ဝယ်လိုက်ကြနော်... မဗေဒါတောင် Pre Order နဲ့ ၀ယ်ရတယ်... သွားဝယ်တဲ့နေ့ ဆိုင်မှာ မကျန်တော့လို့...
Sunday, November 04, 2012
မဗေဒါ FB page Give Away Activity
မဗေဒါရဲ့ Facebook page လေး ဖွင့်ပြီး ၁လခွဲအတွင်း လူအယောက် ၁၀၀ ကျော်သွားတဲ့အတွက် အလွန်ပဲ ကျေးဇူးတင်ဝမ်းသာမိပါတယ်... 
အဲဒိအတွက် မဗေဒါ facebook page လေးမှာ မဗေဒါကို အစဉ်အမြဲအားပေးတဲ့ စာဖတ်သူတွေအတွက် အစီအစဉ်လေးတစ်ခု လုပ်ဖို့စဉ်းစားထားပါတယ်... Give away အစီအစဉ်လေးပါ... အရင်ကပြောခဲ့တဲ့အတိုင်းပဲ မဗေဒါရဲ့ ဘလော့နဲ့ပတ်သတ်တဲ့ မေးခွန်းလေးတွေ Page ပေါ်မှာ မေးမယ်... ပထမဆုံးအဖြေမှန် ဖြေနိုင်တဲ့သူကို လက်ဆောင်ပစ္စည်းလေးတွေ ဆုချမယ်... ဒီတစ်ခေါက်လက်ဆောင်ပစ္စည်းကတော့ မဗေဒါရဲ့ သူငယ်ချင်း ခုမှ အသစ်ဆက်ဆက်ဖွင့်လိုက်တဲ့ "Fashion Mint" ဆိုတဲ့ online shopping page လေးကနေ ၁သောင်း၃ထောင်နှင့် အောက် သင်ကြိုက်ရာ အ၀တ်အစားတစ်ခု ဆုချမယ်... (သူငယ်ချင်းဆိုင်ကိုလဲ အားပေးရာရောက်၊ မဗေဒါကို အားပေးတဲ့ စာဖတ်သူတွေကိုလဲ ခုလို အထူးအစီအစဉ်လေးအနေနဲ့ လက်ဆောင်ပေးရလို့ ၀မ်းသာပါတယ်) 
အဲဒိ ဆိုင်လေးက စကာၤပူက အက်ီၤေတြကို မြန်မာပြည်ကိုပို့ပေးသလို စကာင်္ပူတွင်းလဲ ဈေးချိုသာစွာရောင်းပါတယ်... တကယ်လို့ ပထမဆုံး အဖြေမှန် ဖြေနိုင်သူက ရန်ကုန်ကဖြစ်ခဲ့မယ်ဆိုရင်လဲ အဆင်ပြေတယ်... အဲဒိဆိုင်ကနေပို့လိုက်မယ်... အဲဒိဆိုင်လေးက တခြား မြန်မာပြည်ကို ပို့တဲ့ online fashion ဆိုင်တွေလိုပဲ အော်ဒါရက်ကို ၁၅ရက်နေ့တစ်ကြိမ်၊ လကုန် တစ်ကြိမ်ပိတ်တယ်... ဆိုလိုတာက ၁ရက်နေ့ကနေ့ ၁၅ရက်နေ့မှာတဲ့ အော်ဒါက ၁၅ရက်အော်ဒါပိတ်တဲ့ အသုတ်ထဲပါမယ်... ၁၆ရက်ကနေ လကုန်ရက်အတွင်းမှာတဲ့သူတွေက လကုန်ရက်အော်ဒါပိတ်တဲ့ အသုတ်ထဲပါမယ်... အော်ဒါပိတ်ရက်ကနေ အများဆုံး ၂ပတ်ကြာအတွင်း မြန်မာပြည်ကို ပို့ပေးမယ်... (ပို့ဆောင်တဲ့လုပ်ငန်းသမားပေါ်မူတည်ပြီး ဒိထက်လဲ မြန်ကောင်းမြန်မယ်)... ရန်ကုန်က Fashion Mint ရုံးခွဲက ဖုန်းခေါ်အကြောင်းကြားတဲ့အခါမှာ သွားယူလိုက်ရုံပါပဲ... 
အဲဒိ Fashion Mint facebook page လေးကို Like လုပ်ပြီးရင် Order Form အောက်က အ၀တ်အစားလှလှလေးတွေကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါပြီ။ မှာယူပုံ အဆင့်ဆင့်ကို ဟောဒီလင့်ခ် Note မှာ ဖတ်ကြည့်နိုင်ပါတယ်... သိပ်တော့ မခက်လှပါဘူး...
ဒီတော့ မဗေဒါရဲ့ side bar မှာမြင်နေရတဲ့ Facebook page လေးကို Like လုပ်ပြီး မဗေဒါဘလော့နဲ့ ပတ်သတ်တဲ့ မေးခွန်းလေးတွေကို ဖြေကြည့်လိုက်စို့နော်... မေးခွန်းတွေကို မနက်ဖြန် နေ့လည်လောက်မှာ တင်မယ်လို့ ကြိုတင်အကြောင်းကြားလိုက်ပါတယ်... 
အဖြေမှန်သူက Fashion Mint မှာ မိမိနှစ်သက်တဲ့ ၁သောင်း၃ထောင်နှင့်အောက်ပစ္စည်းတစ်ခုကို အဲဒိမှာ မှာယူပြီးလျှင် မဗေဒါကို အကြောင်းကြားပါ ဒီဘက်ကနေ မဗေဒါ ပိုက်ဆံရှင်းလိုက်ပါ့မယ်... အဟဲ... ကိုယ့်အတွက်ကိုယ်လဲ လိုချင်တဲ့ အင်္ကျီတွေအဲဒိမှာ သွား Browse ဖြစ်အုံးမှာပါ....
တကယ်လို့ ပထမဆုံး အဖြေမှန်ရတဲ့သူက ယောကျာင်္းလေးဆိုရင်တော့ Cube shape 4 port USB HUB with Box (ဘေးကပုံလေးထဲက) ကို လက်ဆောင်ပေးမယ်... စကာင်္ပူကဆိုရင်တော့ တွေ့ပြီးပေးမယ်၊ မြန်မာပြည်ကဆိုရင်တော့ ဒီဇင်ဘာပြန်လာမှပဲ တွေ့ပြီးပေးတော့မယ်... ပထမတစ်ခေါက်က အဖြေမှန်းပေးနိုင်ခဲ့တဲ့သူကို Facemask လေး ၃ခု စာတိုက်ကပို့လိုက်တာ ကိုယ်လဲ ဒီမှာ ပစ္စည်းတန်ဖိုးထက်တောင်များအောင်ပေးလိုက်ရသလို၊ သူလဲ ဟိုဘက်မှာ စာတိုက်ကနေတော်တော်ဒုက္ခခံထုတ်လိုက်ရတယ်ဆိုလို့... ခု ဒီဇင်ဘာပြန်လာမှပဲ ပေးတော့မယ်နော်... အဲဒိအခါကျတော့ မုန့်လေးဘာလေးလဲ လိုက်ကျွေးပါ့မယ်... အဟဲ... အချိန်ရရင်ပေါ့...
မှတ်ချက်။ ။ တကယ်လို့ အဖြေမှန်တဲ့သူက စကာင်္ပူကလဲ ဟုတ်ဘူး၊ မြန်မာကလဲ မဟုတ်ပဲ တခြားနိုင်ငံကဆိုရင်တော့ Fashion Mint က ကြည့်ပြီး မဗေဒါကို အကြောင်းကြားပါ... မဗေဒါ ၀ယ်ပြီး အဲဒိကို ပို့ပေးမှာဖြစ်ပါတယ်...