Thursday, July 26, 2012

ပိတ်ကားနောက်ကွယ်က Kristen Steward နဲ့ ပရိတ်သတ်များရဲ့ တုံ့ပြန်မှု




အားလုံးသိကြတဲ့အတိုင်း "Twilight" ရုပ်ရှင်ဇာတ်ကားနဲ့ နာမည်ကြီး လူကြိုက်များခဲ့တဲ့ မင်းသားချော Robert Pattinson (အသက် ၂၆) နဲ့ မင်းသမီးချော Kristen Steward (အသက် ၂၂) တို့ဟာ ဖန်သားပြင်ပေါ်မှာသာမက အပြင်မှာပါ လိုက်ဖက်တဲ့ ချစ်သူ ၂ယောက်ဖြစ်တယ်ဆိုတာကို ၂၀၁၁ခုနှစ် အောက်တိုဘာ အင်တာဗျူးတစ်ခုမှာ မင်းသမီးက ၀န်ခံလုနည်းပါးကြေငြာခဲ့ပါတယ်... "Snow White & the Huntsman" ရိုက်ဖို့ အင်္ဂလန်ကိုရောက်တုန်း သူမချစ်သူရဲ့ နိုင်ငံဖြစ်တဲ့အတွက် လေ့လာလျှောက်လည်ဖို့ စိတ်လှုပ်ရှားကြောင်းလဲ ပြောခဲ့ပါတယ်...


မင်းသမီး Kristen ရဲ့ "Snow White & the Huntsman" ဇာတ်လမ်းကိုလဲ လတ်တလောကမှ ရုံတင်ပြသသွားတာ သိလိုက်ကြမှာပါ... ဂျူလိုင် ၂၂ ရက်နေ့မှာ US Weekly မဂ္ဂဇင်းမှ မင်းသမီး Kristen နဲ့ "Snow White & the Huntsman" ဒါရိုက်တာ Rupert Sanders (အသက် ၄၁) တို့ ၂ယောက်ရဲ့ သာမာန်ရင်းနှီးမှု ထက်ကျော်လွန်တဲ့ အပြုအမူများပါဝင်တဲ့ ဓာတ်ပုံတွေကို ခေါင်းစဉ် "Kristen, Rob ကို ညာနေသည်" ဆိုသည့် မျက်နှာဖုံး သတင်းအကြီးနဲ့ကို ထုတ်ဝေလိုက်ပါတယ်... ဓာတ်ပုံတွေထဲမှာ Sanders က Kristen ရဲ့ လည်ပင်းကို နောက်မှ ဖက်ပြီး နမ်းနေသည်ကို Kristen ကပြုံးလျက်ရှိသည့်ပုံကို မျက်နှာဖုံးတွေဖော်ပြခဲ့ပါသည်... 


ဂျူလိုင် ၂၄ ရက်တွင် ဒါရိုက်တာ Sanders ရဲ့ တရားဝင် ဇနီးဖြစ်သူ၊ "Snow White & The Huntsman" ဇာတ်ကားထဲတွင် Snow White ၏ အမေအဖြစ် သရုပ်ဆောင်ခဲ့သော မင်းသမီး Liberty Ross ၏ တွစ်တာပေါ်တွင် "WoW" ဆိုသော စာလုံးတစ်လုံးတည်းကို နောက်ဆုံးတင်ခဲ့ပြီး သူမရဲ့ အကောင့်ကို ဖျက်သိမ်းခဲ့တယ်လို့ သတင်းတွေထဲမှာ ရေးသားထားပါတယ်... သို့သော် သူမ၏ Instagram အကောင့်တွင် Snow White ငိုကာ အရက်သောက် နေသော ကာတွန်းပုံကို တင်ကာ "Not so pretty or so pure after all..." (နောက်ဆုံးတော့လဲ ဒီလောက်လဲ မချောသလို ဒီလောက်လဲ မဖြူစင်ပါလား...) လို့ အဓိပ္ပါယ်ရတဲ့ စာသားကို ဓာတ်ပုံခေါင်းစဉ်အဖြစ် ရေးသားတင်ခဲ့ပါတယ်... ထို့နောက် သူမရဲ့ Privacy Setting ကို only followers တွေကိုပဲ မြင်ရအောင် ကန့်သန့်လိုက်တာ တွေ့ရပါတယ်လို့ Eonline.com မှာ ရေးသားထားပါတယ်... 




ဂျူလိုင် ၂၅ ၂၀၁၂ ရက်နေ့မှာတော့ မင်းသမီးက Magazine's website ပေါ်တွင် လူထုကို သူမကိုယ်တိုင် အောက်ပါအတိုင်း ၀န်ချတောင်းပန်ခဲ့ပါတယ်...
"I'm deeply sorry for the hurt and embarrassment I've caused to those close to me and everyone this has affected. This momentary indiscretion has jeopardized the most important thing in my life, the person I love and respect the most, Rob. I love him, I love him, I'm so sorry."
ဒီကိစ္စမှာပါဝင်ပါတ်သတ်နေတဲ့သူတွေရော သူမရဲ့ပတ်ဝန်းကျင်က ရင်းနှီးသူတွေရောကို နာကျင်အောင် အရှက်ရအောင် လုပ်မိတဲ့အတွက် အလွန်မှစိတ်မကောင်းဖြစ်ရပါကြောင်း.... ယခုလို ခေတ္တ စိတ်လွတ်ပြီး မဆင်ချင်မိတဲ့အတွက် ခုဆိုရင် သူမဘ၀ရဲ့ အရေးကြီးဆုံးအရာတွေ၊ သူမချစ်ရ လေးစားရတဲ့ ချစ်သူ Robert, ကို ဆုံးရှုံးဖို့ အလားအလာတွေဖြစ်ရကြောင်းနဲ့ သူမ Robert ကို အရမ်း အရမ်းချစ်ပြီး ခုကိစ္စအတွက် စိတ်မကောင်းကြောင်း လူသိရှင်ကြား တောင်းပန်ခဲ့ပါတယ်... 


ထို့အတူပဲ ကလေး၂ယောက်အဖေ မင်းသမီးနဲ့ မော်ဒယ် Ross ရဲ့ ခင်ပွန်း ဒါရိုက်တာ Sanders ကလဲ သူ့မိသားစု၊ သူ့မိန်းမချောနဲ့ သူ့ကလေးတွေကို စိတ်အနှောင့်အယှက်ဖြစ်စရာတွေလုပ်ခဲ့မိတဲ့အတွက် တောင်းပန်ကြောင်း၊ သူ့မှာ ဒီမိသားစုလေးပဲရှိပြီး သူတို့ကိုလဲ အသက်တမျှချစ်ကြောင်း၊ သူ့မိသားစုနဲ့အတူ ဒီပြဿနာကို ကျော်ဖြတ်မယ်ဖြစ်ကြောင်းပြောသွားပါတယ်... 


သို့သော် ဂျူလိုင် ၂၁ရက်နေ့ BlackBook posts ရဲ့ Robert နဲ့ အင်တာဗျူးမှာ သူတို့ ၂ယောက်ရဲ့ စေ့စပ်ထားတဲ့ဆိုတဲ့ သတင်းက မမှန်ကန်ကြောင်း "အနည်းဆုံး၊ မစီစဉ်ရသေးကြောင်း" Robert ကပြောကြားသွားပါတယ်...


ဂျူလိုင် ၂၂ ရက်နေ့ The 2012 Teen Choice Awards မှာ Kristen၊ Robert နဲ့ Taylor Lautner, Iron Man တို့ ဆုတက်ယူကြပင်မဲ့ ချစ်သူ၂ဦးဖြစ်တဲ့ Kristen နဲ့ Robert တို့ ပွဲတက်ရောက်သော်လည်း အတူတူမထိုင်ကြပါဘူး... 







New Source from http://www.eonline.com/news/333148/kristen-stewart-cheating-on-robert-pattinson-everything-we-know 


Photo credits to http://www.fotogramas.es/Noticias/Kristen-Stewart-arrepentida http://www.usmagazine.com/celebrity-news/news/kristen-stewart-robert-pattinson-rupert-sanders-2012247 
http://gossiponthis.com/2012/07/25/kristen-stewart-apologizes-for-cheating-on-robert-pattinson-photos/kstew-cheating-3/


ဒီသတင်းကြောင့် တချို့ fan တွေကလဲ တွစ်တာမှာ


Kristen စိတ်မကောင်းဖြစ်ရတာ ခု ဓာတ်ပုံနဲ့ မိလို့ပေါ့ မမိရင် ဘယ်လောက်ဖြစ်နေမလဲ မသိ... 


တော်တော်ဆိုးတဲ့ Kristen၊ ဒီလောက် ချောတဲ့ မိုက်တဲ့ဘဲရတာတောင် သစ္စာဖောက်ချင်သေးတယ်? ဘာကြောင့်လဲ? ၊


ရူးနေလား? ဒီလောက်ပြောစရာမရှိလောက်အောင် ကောင်းတဲ့ ဘဲကိုရထားပြီးရင် ဘာလို့ သစ္စာဖောက်သေးလဲ? OMFG.... 


သူသရုပ်ဆောင်တဲ့ အရည်အချင်းက သိပ်မရှိပဲ ခေါင်းဆောင် role တွေရနေတာ ဒါ့ကြောင့်ကိုး...
စသည်ဖြင့် တုံ့ပြန်ထားကြတာကို တွေ့ရမှာပါ...


ဒီလိုအပြုအမူကြောင့် သူမရဲ့ Relationship တင်မကပဲ သူမရဲ့ အနုပညာလုပ်ငန်းကိုပါအတော်လေး ထိခိုက်သွားပါတယ်... ဒါတောင် သူမက တရားဝင် လူသိရှင်ကြား ၀န်ချတောင်းပန်ခဲ့တာကိုတော့ ကျွန်မ ချီမွှမ်းပါတယ်...


ဒီသတင်းကြားတော့ ကျွန်မခေါင်းထဲကို မြန်မာအနုပညာလောကက မိန်းကလေးတွေကို သွားသတိရတယ်... မြန်မာပြည်မှာ မိုးဟေကို လိုးရှင်းလိမ်းပြလိုက်တာ အောင်မြင်လိုက်တာ သောက်သောက်လဲ... မြန်မာတစ်နိုင်ငံလုံးမှာ sexy ဆိုတဲ့ စကားလုံးကို ပိုင်ဆိုင်တဲ့ မင်းသမီးကိုဖြစ်ရော... သင်ဇာဝင့်ကျော် ပရိတ်သတ်ကိုပစ်ပြီး Skypark ပေါ်က ရေကူးကန်ကြီးကိုရောက်နေတာလဲ ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူး တောင်းပန်စရာမလိုဘူး... ပိုက်ဆံရှိလို့ မင်းသမီးတက်လုပ်နေတာနော်... သူ့ရဲ့ Enhancement လုပ်ထားတဲ့ ခန္ဓာကိုယ်အလှကိုပဲ ခံစားလို့ မဆုံးနိုင်ဘူး... ခုတစ်လောကမှ ဗွီဒီယို ၃ပိုင်းတောင် ထွက်ထားတဲ့ တော်ဝင်ပန်းနာမည်နဲ့အဆိုတော်မလေးဆိုလဲ သူ့ခင်ပွန်းက Robert Pattinson ထက် ပိုချစ် ပိုနားလည် ပိုဂရုစိုက်တတ်တဲ့ တကယ့် Ideal Husband နော်...


မြန်မာပရိတ်သတ်တွေက အသံဖမ်းညံ့၊ ဇာတ်လမ်း၊ စတိုင်၊ အိုင်ဒီယာ အားလုံးသူများဆီက ခိုးချ၊ ခိုးချပြီး မူရင်းကိုလဲ မှီအောင်မလုပ်နိုင်၊ ပေါ့ပျက်ပျက်သရုပ်ဆောင်ချက်တွေနဲ့ နားညီးအောင် တစ်ယောက်တစ်ပေါက်ပြောပြီးရန်ဖြစ်မှ ဟာသမြောက်တယ်လို့ ယူဆတဲ့ မြန်မာရုပ်ရှင်ကားတွေကို စိတ်ရှည် ဇွဲသန် သည်းညည်းခံပြီး ဘယ်တော့ ကောင်းလာနိုး ဘယ်တော့ တိုးတက်လာနိုးနဲ့ကြည့်ရှုအားပေးနေတာပဲ မဟုတ်လား... ဒီလိုဆိုတော့လဲ ကျွန်မကောက်ချက်ချမိတာက မြန်မာ ပရိတ်သတ်ကြီးက နိုင်ငံတကာက ကျဉ်မြောင်းတဲ့ မျက်လုံးနဲ့ ကြည့်တတ်တဲ့ ပရိတ်သတ်တွေနဲ့ ယှဉ်ရင် အတော်သဘောထားကြီး နားလည်တတ်တဲ့ လူထုတွေပါပဲလို့ ကြံဖန် ဂုဏ်ယူမိပြန်ပါတော့တယ်..

Tuesday, July 24, 2012

I am just pissed

ခုတစ်လော ဘလော့ကလဲ မရေးဖြစ်... ရေးချင်တာတွေစိတ်ထဲပေါ်လဲ ချရေးဖြစ်လောက်တဲ့အထိ တွန်းအားမရှိဘူး... အပျင်းကကြီး...

တစ်နေ့တစ်နေ့ အလုပ်သွား... ရုံးမှာ ငုတ်တုတ်... ဟိုသတင်းဖတ် ဒီသတင်းဖတ်.. တွီတာပေါ်တက်ပြီး ဟိုဟာတွေအကြောင်းတွစ်... သူတို့ တွစ်တဲ့ သတင်းအမှားတွေ ဓာတ်ပုံအမှားတွေကြည့်ပြီး စိတ်တို... ကိုယ့်ဟာကိုယ်တွစ်လဲ သူတို့ကလာဆွာသေးတာ... ကိုယ်တွေလူမျိုးတွေက သွေးအေးသွားတာလား သူတို့ဘာပြောပြော ဂရုစိုက်စရာမလိုတော့ဘူးယူဆလို့လားတော့ သိဘူး... ဖြစ်စတုန်းကလောက် တွစ်တဲ့သူမရှိတော့ဘူး... အရင်အစိုးရက မကောင်းခဲ့တဲ့ အခံနဲ့ သတင်းမှားတွေလုပ်ကောင်းနေတာထားပါတော့... ဘာလို့ ဘုန်းကြီးတွေ ဆွဲထည့်သေးလဲမသိ... ပုံကိုယူပြီး ကိုယ့်ဘလော့ပေါ်မတင်ချင်လို့ပေါ့... ဒါပေမဲ့ အဲဒိ ဘုန်းကြီးတစ်ပိုင်း ဓားမြှောင်တပိုင်းနဲ့ အောက်က သူတို့ဘင်္ဂလီတွေခံနေရပါတဲ့ဆိုတဲ့ ကုလားချွဲ ကုလားသဲမျိုးဆွဲထားတဲ့ ကာတွန်းကိုးက မဟုတ်တာ... ဘာသာရေးမဟုတ်ပါဘူး အာပေါက်အောင်ပြောနေလဲ တမင်ဘာသာရေးဖြစ်အောင်လုပ်နေတဲ့ ဟာတွေက နားဝင်မှာမဟုတ်ဘူး... ယပလက်မတွေက humanitarian လုပ်ပြီး အော်နေ... သူတို့နိုင်ငံ အဲဒါတွေ ၀င်တော့ အားလုံးမျိုးတုံးအောင် သတ်ပြီးတော့...  

အဖြူမတွေ အကောင်တွေ ဘုမသိ ဘမသိ စားကောင်းအောင် စွတ်အော်နေ... သူတို့ ယူအက်စ်က ဝေါထရိတ်စင်တာဘေး ဗလီဆောက်ခွင့်မရှိပဲနဲ့.. ငါတို့ ဆူးလေဘုရားဘေးမှာ ဗလီမှ အကြီးကြီး.. မကျေနပ်လို့ပြောတာမဟုတ်ပါဘူး... ပြောချင်တာက မြန်မာပြည်မှာ ဘာသာရေးကိုးကွယ်မှု လွတ်လပ်ခွင့်မရှိဘူးဆိုတာ မဟုတ်ဘူးဆိုတာကို ပြောချင်တာ... သူတို့လုပ်တော့ တာရိုးရစ်ကိုလုပ်တာ... ငါတို့ကျတော့ persecuted minority? 

ပြီးတော့ ပြောသေး... ဘင်္ဂလီကလူတွေသာမှန်ရင်... သူတို့နိုင်ငံမှာ အေးဆေးနေလို့ရရဲ့သားနဲ့ ဘာလို့ အနှိပ်စက်ခံ မြန်မာပြည်လာမလဲတဲ့... ရှင်းရှင်းလေး မြန်မာပြည်က သာလို့ပေါ့... သူတို့ ဘင်္ဂလီတွေ မွေးချင်တိုင်းမွေးနေလို့ စားမလောက်လို့ တခြားနိုင်ငံတွေကို ပြဿနာတွေ လိုက်ပေးနေတာ.... ငါတို့ နိုင်ငံတစ်ခုတည်းမဟုတ်ဘူး... ခု အင်ဒိယားလဲ အဲဒိဘင်္ဂလီကိစ္စခံနေရတာပဲ...

ခုနပဲ တွစ်တာမှာပြောရပြန်တယ်... ဒီလက်ကိုးကလဲ မနေနိုင်မထိုင်နိုင် ကိုယ်ပဲ ပြီးရင်ရောဂါရမယ်... ဒါပေမဲ့ သူတို့ အမှားတွေလျှောက်ပြော လျှောက်ရေးနေတော့လဲ မနေနိုင်ပြန်ဘူး... သူတို့ ဘာသာတူညီအစ်ကိုမောင်နှမတွေကို ကယ်ဆယ်ဖို့အော်နေတယ်...

သူတို့ ညီအစ်ကိုမောင်နှမဆို သူတို့နိုင်ငံက အစိုးရကို တောင်းပန်ပြီး ခေါ်ထားလိုက်ပါလား ဆိုတော့...
ဆော်ဒီကဒင်းက အဲဒါတွေက နင်တို့နိုင်ငံမှာမွေးတာတဲ့ဗျ...
ဒါနဲ့ကျုပ်ကလဲ ငါတို့နိုင်ငံသားမှန်ရင် ကိုယ့်နိုင်ငံကိုယ်ကောင်းအောင် သင့်မြတ်အောင်နေပေါ့လို့ ပြီးတော့ အများစုကအဲဒါကို အခွင့်ကောင်းယူပြီး ငါတို့နိုင်ငံမှာ မမွေးပဲဝင်လာပြီး သောင်းကျန်းနေတာကိုး လို့ပြောတော့...
နင်တို့တွေက သူတို့ကိုနှိပ်စက်တာ ၃၂နှစ်ရှိပြီတဲ့... အသားအရေကွဲပြားတာနဲ့ အနိုင်ကျင့်သလေး ဘာလေးရေးတယ်ဗျ... အမလေး ၃ ၄ ၅ ခုတောင် ဆက်တိုက် တွစ်လိုက်သေး...
သူပြောသလိုသာ အသားအရေကွဲပြားလို့အနိုင်ကျင့်ရရင် ဘယ်အသားအရေကို အတည်ယူရမလဲသိဝူး... ရွှေညာသူတွေ အသားတော် ညိုပြာညက်... ရှမ်းမလေးတွေ ဖြူဖြူ... ကျန်တဲ့ ဗမာတွေ ရခိုင်တွေလဲ ဖြူလှတယ်မရှိ... ပြီး တခြားမြို့တွေက အစ်စလမ်ဘာသာကိုးကွယ်ယုံကြည်သူများ (အတိုကောက်ရိုက်ရလွယ်အောင်ဆိုရင်တော့ ဗွေမယူပါနဲ့ ကုလား) တွေနဲ့ ဘာပြဿနာမှ မရှိပဲ ဒင်းတို့နဲ့ပဲဖြစ်နေကတည်းက ဘာလို့လဲ စဉ်းစားကြည့်ပေါ့...

လူသားချင်းအပြစ်မဲ့ပြီးကြားက ခံရတဲ့ မည်သူမဆိုသနားပါတယ်... သို့သော် ကိုယ့်နိုင်ငံကိုလဲလာနေတယ်... ထားပါတော့ အရင်ကလူဝန်မှုကြီးကြပ်ရေးကလူတွေ အသုံးမကျခဲ့တော့ နှစ်ရှည်ရှိနှင့်ပြီးသားတွေကို လက်ခံထားမယ်ဆိုရင်တောင်... ဒင်းတို့ကပြောသေး... သူတို့က တိုင်းရင်းသားပါတဲ့တော်... မလွန်လွန်းဘူးလား... စလုံးမှာ ကျုပ်တို့နေပြီး နောက် ၁၀နှစ်လောက်နေရင် မြန်မာတိုင်းရင်းသားဟာ စလုံးနိုင်ငံရဲ့ တိုင်းရင်းသားတစ်မျိုးပါလို့ တောင်းဆိုလို့ရလား...

ဗမာတွေကသာ သူတို့နယ်ကို ကျူးကျော်တယ်ဆိုပဲ... သူတို့နယ်က Arakan နယ်တဲ့... အရှင်းကြီး Arakan နယ်မှာ Arakanese တွေနေတယ်... ဘယ်က ဒင်းတို့အမျိုးနာမည်က ရောက်လာတာလဲ...

ဒါနဲ့ ခေါင်းထဲမှာရောက်နေတဲ့ မေးခွန်းရှိတယ်... ဒီလောက် နှိပ်စက်ခံရပါတယ်ဆိုတဲ့ လူတွေက မွေးထားလိုက်တဲ့ ကလေးတွေ... နှိပ်စက်နေရင်း ပြေးနေလွှားနေရင်းနဲ့ကိုး (ကန်တော့ပါရဲ့) ကလေးတွေ ထွက်ကျနေသလားအောက်မေ့ရတယ်... ကလေးတစ်ယောက်မွေးရတာ လွယ်တယ်မှတ်... ငါတို့တွေ သူတို့ကို ဘာမှ မလုပ်လို့သား "အေးဆေး ကလေးမွေး" ဒူးနှံ့နေလို့ရတာပေါ့... ဒီလောက် ကလေးတွေ အဆက်မပြတ်မွေးနေတာ Birth control ဆိုတာ သူတို့အတွက် မရှိသင့်ဘူးလား... ဒါ လူ့အခွင့်အရေးချိုးဖောက်တာလား... ဒါဆိုရင်တော့ အရေးယူးသင့်တဲ့ နိုင်ငံတွေမှ အများကြီး... တရုတ်ကြီးရှေ့ဆုံးကပေါ့... မိန်းမတွေအများကြီး ယူ ကလေးတွေ မွေးချင်တိုင်းမွေးပြီး လူဦးရေတိုးအောင်လုပ် ရခိုင်ကို မြိုဖို့ကြံနေကြသလားသိဘူး...

သတင်းဋ္ဌာနတွေကလဲ ကွန်ပြူတာရှေ့ချော့ကလက်စားပြီး လက်အယားပြေ ရေးချင်တိုင်းရေးနေလိုက်ကြတာ သူတို့က ခေါ်ထားစရာမလိုဘူးလေ သူတို့နိုင်ငံကိုဝင်လာတာ မဟုတ်ဘူးလေ... သူတို့လူမျိုးတွေအိမ်ကို မီးရှို့တာမဟုတ်ဘူးလေ... ဒီလိုရေးရင် သူတို့စားပေါက်ချောင်တာပဲ သိတာ... သူတို့ ပါးစပ်ထဲမှာပဲ ဟိုဟာတွေရဲ့ လူဦးရေက ၈သိန်းဖြစ်လိုက် ၁၀သိန်းဖြစ်လိုက် တချို့ဆို သိန်း၂၀တောင်ကျော်သေး... ရှိတဲ့နံပါတ်ကို ထီထိုးသလို အာရုံလာရာကောက်ရေးတယ်ထင်ပါ့... ခုမှပဲ ငါတို့ ဗုဒ္ဓဘုရားပြောသလို ကိုယ်တိုင် လေ့လာ သုံးသပ် စဉ်းစားဆင်ခြင် ပြီးမှယုံပါဆိုတာ သိပ်သိပ်မှန်ပါလားဆိုတာ သက်သေပြလိုက်သလိုပဲ...

ဒေါ်စုကြောင့် မြန်မာဆိုတာ ဂုဏ်ယူလို့ရပြီလို့  ပြောခဲ့တဲ့သူတွေ... ခု သူတို့တွေက ဒေါ်စုကို အဲဒိမှာ ၀ိုင်းဆဲနေကြတယ်... ပြောပြတာပါ မသိမှာစိုးလို့... ဒေါ်စု အာဇာနည်နေ့ သူ့အဖေအုတ်ဂူသွားကန်တော့တာတောင်... "နင့်အဖေဖြစ်တော့ဘာဖြစ်တုန်း... (ဟိုဟာတွေ) ထက်ပိုအရေးကြီးသလား" တဲ့... အဲဒိ ကုလားကိုတော့ ပြန်တောင် မပြောချင်တော့ပါဘူး... သမိုင်းမသိပဲ ဇွတ်အော်နေတာသိသာလို့... နိုင်ငံ့သူရဲကောင်းကြီးလဲဖြစ်... ကမ္ဘာ့ကလေးစားရသူရဲ့ ဖခင်လဲဖြစ်... ဒီလောက်အရေးကြီးတဲ့သူနဲ့ "အရိပ်နေနေ အခက်ချိုးချိုး" "သားရေပေါ်အိပ် သားရေနားစား" တဲ့ သူတွေနဲ့ ယှဉ်စရာလိုသေးလားတော့ မသိ...


မြန်မာလူမျိုးတွေကြာ Twitter က သိပ်ခေတ်မစားဘူးဖြစ်နေတာလဲ ပါတယ်ထင်တယ်... အစက မဗေဒါလဲ သိပ်တော့ မသုံးတတ်ပါဘူး... နောက်ပိုင်း ကိုရီးယားမင်းသား သတင်းတွေရှာရင်းနဲ့ အဲဒိက သတင်းတွေရတတ်လို့ (ဥပမာ စကာင်္ပူလာမဲ့ လေယာဉ်ချိန်တွေဘာတွေ) သုံးဖြစ်သွားတာ... သူက ဖေ့ဘွတ်မှာ status တင်သလိုပဲ... ဒါပေမဲ့ စာလုံးရေ ကန့်သတ်ထားတယ်... အဓိကစာလုံးကို # လေးထည့်ပြီးရေးရင် ရှာရလွယ်တယ်ထင်တယ်... ဥပမာ #Myanmar #Rakhine #(ဟိုဟာတွေ) အဲလိုမျိုးနဲ့ Search ကြည့်လိုက် အသဲယားစရာ သတင်းမှာတွေနဲ့ သူတို့ကမ္ဘာထဲမှာပဲ ဇွတ်ပြောနေတာတွေ တွေ့လိမ့်မယ်...


စိတ်မတိုချင်ရင် ဖတ်လဲ မဖတ်နဲ့ ကြည့်လဲမကြည့်နဲ့တော့ပေါ့လို့ အကြံပေးတယ်... ဘာလို့လဲဆိုတော့ တစ်ခါတစ်လေ စိတ်လိုက်မာန်ပါလျှောက်မရေးမိအောင်လဲ ကိုယ်ကထိန်းရတယ်လေ... ကိုယ့်လူမျိုးတွေ ဖေ့ဘွတ်ပေါ် ဒေါသအလျှောက်တက်အော်လို့ သူတို့ လက်ညှိုးထိုးစရာဖြစ်ခဲ့ပါသေးလား... ဒီတော့ ဒေါသလဲထိန်းရင်း ကောင်းကောင်းပြန်ပြောနေရင်းနဲ့ သူတို့ဘက်က လွန်လာရင် ရန်မဖြစ်အောင် ကိုယ့်ကြောင့် လက်ညှိုးထိုးစရာမဖြစ်အောင် ပြောရတာ အရမ်းစိတ်တိုဖို့ကောင်းတယ်... ဒီတော့ ပေးတဲ့ အကြံအတိုင်းပဲ နေလိုက်ရင်ကောင်းမလား... ကျန်တဲ့ မြန်မာလူမျိုးတွေလဲ ဒီလိုပဲ နေနေကြလို့ တွီတာပေါ်မှာ မတွစ်ကြတော့တာလား... ဒါမှမဟုတ် သေချာပေါက် ကိုယ်တွေလိုချင်တဲ့နည်းနဲ့ ဖြေရှင်းနိုင်မှာ ယုံကြည်ထားလို့ သူတို့အော်ချင်တာအော်ပါစေဆိုပြီး လွှတ်ထားတဲ့သဘောလား... ပြောကြပါအုံး...


Tuesday, July 03, 2012

Kang Ji-Hwan movie "Detective Cha"

မင်းသား Kang Ji-Hwan အကြောင်းတောင်းဆိုလာတဲ့ Su အတွက် သတင်းကောင်းလေးရှိပါတယ်… 


သူ့ရဲ့ ဇာတ်ကားသစ် “Detective Cha” ဆိုတဲ့ ရုပ်ရှင် (ဇာတ်လမ်းတွဲမဟုတ်) အကြောင်း သိပြီးပြီလာတော့ မသိဘူး… မဗေဒါတော့ ခုမှ သိပါတယ်… မေလကမှ ထွက်ထားတဲ့ကားပါ…


Hong Gil Dong ကားမှာ သူနဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော Sung Yuri (Snow Queen ထဲက မင်းသမီး) နဲ့ ပြန်လည်တွဲဖက်သရုပ်ဆောင်မှာဖြစ်ပါတယ်… သူတို့ ၂ယောက်က Hong Gil Dong ကားမှာကတည်းက လိုက်ဖက်တဲ့ မင်းသား မင်းသမီးအနေနဲ့ ပရိတ်သတ်အကြိုက်များခဲ့ပါတယ်… Detective Cha ဇာတ်လမ်းလေးကတော့ ဟာသစုံထောက်အချစ်ဇာတ်လမ်းလေးဖြစ်မယ်ထင်ပါတယ်…


ပိုစတာမှာမြင်တဲ့အတိုင်းပဲ Kang Ji-Hwan မှ ဟုတ်ရဲ့လားလို့ ထင်စရာပါ… ဒီကားမှာ သူဟာ စုံထောက် ချား အနေနဲ့ သရုပ်ဆောင်မှာဖြစ်ပါတယ်… သူ့ရဲ့ ဇာတ်ကောင်ဟာ အရည်အချင်းထက် အရာတစ်ခုကို စွဲစွဲမြဲမြဲလုပ်တတ်တဲ့ အကျင့်ရှိတဲ့ အ၀လွန် စုံထောက်တစ်ဦးဖြစ်ပါတယ်… အပေါ်ပုံမှာ သူရဲ့ ဘီယာဗိုက်ပူနေတဲ့ D-line ကို ပေါ်လွင်အောင် အိုက်တင်ပေးနေတာဖြစ်ပါတယ်… (ပိုစတာကြည့်တာနဲ့ ရီချင်မိပါတယ်)… မင်းသမီး Sung Yuri ကတော့ မင်းသားကို ပုံပြောင်းပေးမဲ့ ဖက်ရှင် ဒီဇိုင်နာအဖြစ်သရုပ်ဆောင်ထားပါတယ်… အမှုစုံစမ်းဖို့အတွက် ပုံပျက်ပြီး ၀နေတဲ့ စုံထောက် ချား တစ်ယောက် အသွင်ပြောင်းပြီး ဖက်ရှင်လောကကို ၀င်ရောက်ပြီး Runway ဘယ်လိုလျှောက်မလဲဆိုတာကို ကြည့်ရှုရင်း ရီစရာလေးတွေ ခံစားနိုင်မှာပါ… အပြင်မှာ မော်ဒယ်လိုင်းကနေ သရုပ်ဆောင်လိုင်းကို ကူးပြောင်းနေတဲ့ မင်းသားငယ် အသစ်တွေဖြစ်တဲ့ White Christmas ထဲက Lee Soo-hyuk နဲ့ Bachelor’s Vegetable Store ထဲက Kim Young-kwang ဟာ ဒီကားထဲမှာ မော်ဒယ်ဘွိုင်းတွေအဖြစ် ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပါတယ်… 


ကဲ… Su ရေ… ဒီကားလေး ကြည့်ပြီးဘီလား… မဗေဒါတော့ မကြည့်ရသေးလို့ ရှာကြည့်လိုက်အုံးမယ်…





Source : Dramabeans 

Photo taken from Dramabeans & Neversearch