Tuesday, April 24, 2012

ဆူးနဲ့ နှင်းဆီ လီစီယောင်း


ခုတစ်ခေါက်တော့ ကိုရီးယားသရုပ်ဆောင် သတင်းအလှည့်ရောက်ပြန်ပေါ့… ဒီတစ်ခေါက်တော့ ကျွန်မသဘောကျတဲ့ မင်းသားတွေအကြောင်းမဟုတ်ပဲ ကျွန်မသဘောကျတဲ့ မင်းသမီး Lee Si Young အကြောင်းရေးချင်ပါတယ်…

သူဟာ ကိုရီးယား မင်းသမီးအသိုင်းအ၀ိုင်းမှာဆိုရင်တော့ ၀င်လာတာနောက်ကျတဲ့မင်းသမီးလို့ဆိုရမှာပါ… အငယ်တွေအပြိုင်အဆိုင် ၁၈နှစ် ၁၉နှစ်ဆို ခေါင်းဆောင်မင်းသမီးဖြစ်နေချိန်မှာ သူမ အနုပညာလောကထဲကို ၀င်လာတဲ့အချိန် အသက် ၂၇နှစ်ရှိနေပါပြီ…


BOF ထဲက လီစီယောင်း
သူ့ကို ကျွန်မစကြည့်ဖူးတာ Boy Over flower ကားထဲမှာပါ… အဲဒိကားထဲမှာ သူက မင်းသမီးကို ခင်ချင်ယောင်ဆောင်ပြီး စိတ်ထဲက မနာလိုဖြစ်နေတဲ့ သူငယ်ချင်းအတုအယောင်အနေနဲ့ သရုပ်ဆောင်ရတာပါ… ဒါပေမဲ့ ကျွန်မအဲကားမှာကတည်းက သူ့ကို မမုန်းခဲ့ပါဘူး… အစကတော့ အဲဒိကားထဲက မင်းသမီးကို အမြင်ကပ်တဲ့စိတ်ကများနေလို့ ပါသမျှကျန်တဲ့ မင်းသမီးတွေကို ကြိုက်နေတာလို့ထင်တာပါ… ဒါပေမဲ့ အဲလိုမဟုတ်ခဲ့မှန်း ကျွန်မစတင်သတိထားမိတာကတော့ သူပါသမျှတခြားကားတွေမှာလဲ စိတ်ကောင်းမရှိတဲ့ ဇာတ်ကောင်သရုပ်ဆောင်လဲ ကျွန်မသူ့ကိုမမုန်းပါဘူး…

နောက်တော့ သူ့ကို We’ve got married အစီအစဉ်မှာ Jun Jin နဲ့ တွဲရသူအနေနဲ့ ထပ်တွေ့ပါတယ်… အဲဒါက Reality show ဆိုတော့ သူမရဲ့ အပြင်ကပုံစံကို မြင်ရပါတယ်… သူမမှာ စက်ရုပ်တွေကို စုဆောင်းသိမ်းထားပြီး သီးသန့်အခန်းတစ်ခန်း သေချာလုပ်ထားတာတွေ့တော့ သူမရဲ့ ဆန်းတဲ့ အကျင့်လေးကို သတိထားမိပြန်တယ်… Reality show ပေါ်မှာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် စုံတွဲဟာ အဲဒိ We’ve got married ထုတ်လွှင့်ပြီး မကြာခင်မှာပဲ သူနဲ့ Jun Jin အပြင်မှာ တကယ်ချစ်သူတွေဖြစ်သွားကြတယ်လို့ ကြေငြာတာသိရပါတယ်… ဒါပေမဲ့ သူတို့ ချစ်သူသက်တမ်း ၁နှစ်မပြည့်ခင်ပဲ ပြတ်ဆဲသွားပါတယ်... အကြောင်းပြချက်ကို မေးတဲ့အခါမှာ မင်းသမီးက ကျွန်မဟာ အပြင်ပန်းကြည့်ရင် စိတ်မာတဲ့ မိန်းကလေးလို့ထင်ရပင်မဲ့ ကျွန်မဟာ အရမ်းထိခိုက်နာကျင်လွယ်ပါတယ်… ဒီလိုကိစ္စမျိုးက ကျွန်မအတွက် အရမ်းနာကျင် ခံစားရတဲ့အတွက် အကြောင်းပြချက်ကို မပေးနိုင်တာ အားလုံးနားလည်နိုင်မယ်ထင်ပါတယ်” လို့ဖြေကာ သူ့ဇာတ်ကားသစ်အကြောင်းကိုသာ ပြန်လည်ဆွေးနွေးခဲ့ပါတယ်…
(Source:allkpop)... သူတို့အတွဲကို မဗေဒါ အစပိုင်းကြည့်ဖြစ်လိုက်ပါတယ်… ဒါပေမဲ့ We’ve got married ကို ကြားမှာ ပြတ်သွားပြီး ခု ဘယ်မှာဆက်ကြည့်ရမှန်းမသိတာရော… အတွဲအားလုံးမကြိုက်ပဲ… ကိုယ်ကြည့်ချင်တဲ့ အတွဲပဲရွေးကြည့်လို့မရတာရော… မကြည့်တာကြာသွားတော့ ကိုယ်ကြည့်နေတာ ဘယ်အပိုင်းထိရောက်သွားပြီလဲ မမှတ်မိတာရောကြောင့် ဆက်မကြည့်ဖြစ်တော့ပါဘူး… ဒါပေမဲ့ အဲဒိအချိန်တုန်းကတော့ အတော်လိုက်ဖက်တဲ့ အတွဲပါပဲ…


လီစီယောင်း နဲ့ ရည်းစားဟောင်း အဆိုတော် ဂျွန်ဂျင်း
သူ့ကို နောက်ပိုင်း “Birth of the rich” မှာ စိတ်ပုတ်မ တနည်းအားဖြင့် ဒုတိယမင်းသမီး အနေနဲ့တစ်ခါ… “Loving you a thousand times” မှာ မင်းသားအကို အိမ်ထောင်သည် သူဋ္ဌေးကို ကျိတ်ကြိုက်ပြီး လိုချင်နေတဲ့ (နောက်ပိုင်းမှာလဲ သူများအိမ်ထောင်ရေးဖျက်စီး တဲ့သူဖြစ် မဖြစ်မသေချာ…) စကပ်ထရီမလေးအနေနဲ့ တွေ့ခဲ့ပါတယ်… Birth of the rich မှာ သူမဟာ အဆင့်အတန်းခွဲခြားပြီး စိတ်ပုတ်တဲ့သူလုပ်ရပင်မဲ့ ရီနေရပြီး ချစ်စရာကောင်းတယ်လို့ခံစားရပါတယ်… အဲဒိကားကို မင်းသားကြီးခံစားလို့မရတာနဲ့ အဆုံးထိမကြည့်ဖြစ်ပါဘူး… “Loving you a thousand times” က အိမ်ထောင်ရေး အငှားကိုယ်ဝန်ဆောင် ဇာတ်လေးကြီးပါ… အဲလိုမျိုးကားတွေကို ကြိုက်တဲ့ပရိတ်သတ်တွေအတွက်တော့ ကားကောင်းတစ်ခုပါ… မဗေဒါကတော့ Romance Comedy ကို ပိုကြိုက်တဲ့အတွက် အဲကားကို အချိန်ပိုမှဆက်ကြည့်မယ်ဆိုပြီး ခုထိမကြည့်ဖြစ်ပါဘူး… နောက်တစ်ချက်ကတော့ အဲဒိကားမှာ Lee Si Young က ဒုတိယမင်းသမီးနေရာတောင် မဟုတ်ပါဘူး… ဒုတိယမင်းသမီးရဲ့ ယောကျာင်္းကို လုရတဲ့ မယားငယ်နေရာကနေ သရုပ်ဆောင်ရတာပါ… အဲလို အိမ်ထောင်ရေးဖောက်ပြန်တဲ့ကားမျိုးတွေကို သိပ်သဘောမကျတဲ့အတွက် ဆက်မကြည့်တာပါ… နောက်ပိုင်းမှာ တကယ် ဖောက်ပြန်လား ဘာလားတော့ ကျွန်မ မကြည့်ရသေးလို့ မသိပါ… သို့သော် ဖောက်ပြန်ဖို့တော့ များပါတယ်…


Birth of the Rich ထဲက လီစီယောင်း

Playful Kiss ကားမှာလဲ သူဟာ မင်းသားကို လိုက်ကြိုက်ရတဲ့ ကျောင်းမှာ ပေါ်ပြူလာဖြစ်တဲ့ မိန်းကလေးအနေနဲ့ သရုပ်ဆောင်ရပါတယ်… အဲဒိကားက ခေါင်းဆောင်မင်းသမီးကို မကြိုက်တာရော… တရုတ် Version က စုံတွဲကိုပိုကြိုက်တာရောကြောင့် အဆုံးထိမကြည့်ရသေးပါဘူး… (ခုကြည့်နေပါတယ်)

Playful Kiss ထဲက လီစီယောင်း
ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို သရုပ်ဆောင်တော်တယ်… မင်းသမီးဖြစ်နိုင်တဲ့ ဆန်းမျိုး သူ့မျက်နှာမှာရှိတယ်… ဘာလို့ အဲဒိကောင်မလေး ခေါင်းဆောင်မင်းသမီး မဖြစ်တာလဲလို့ အားမလိုအားမရတွေးနေမိပါတယ်… မျှော်လင့်နေတုန်းမှာပဲ သူမရဲ့ ပထမဆုံး ခေါင်းဆောင်မင်းသမီးကား Poseidon ကို Super-Junior အဖွဲ့ဝင် Choi Si Won မင်းသားအဖြစ်သရုပ်ဆောင်ကာ ထွက်ရှိလာပါတယ်… အဲဒိကျမှပဲ ကျွန်မနဲ့ ကျွန်မအစ်မရဲ့မျှော်လင့်ချက်ပြည့်သွားပါတော့တယ်… သို့သော် အဲဒိကားကို အားလုံးပြပြီးမှကြည့်မယ်ဆိုပြီး ဥထားဖြစ်တာရော… KBS ကပြတုန်း ၁ပိုင်း ၂ပိုင်းဝင်ကြည့်ဖြစ်တာရော… အဲဒိအချိန်က Suspense တွေမကြည့်ချင်တာရော… မင်းသား Choi Si Won ကို သရုပ်ဆောင်မကောင်းဘူးလို့ထင်တာရော (Choi Si Won fan တွေ စိတ်တော့မရှိပါနဲ့နော်… အဆိုအကကောင်းတာ လက်ခံပါတယ်… သရုပ်ဆောင်က ဒီလောက်ထိမကောင်းသေးဘူးလို့ထင်တာပါ)… ဒီတော့ အဲဒိကားကို အစအဆုံးမကြည့်ရသေးပါဘူး… ဒါပေမဲ့ ဟိုတစ်ပိုင်း ဒီတစ်ပိုင်းကြည့်ပုံအရတော့ သူမဟာ အကြွင်းမဲ့ ခေါင်းဆောင်မင်းသမီး ဆန်းနဲ့ ပြည့်တယ်လို့ထင်ပါတယ်…

Poseidon ထဲက လီစီယောင်း

ခုသူမရဲ့ နောက်ဆုံးထွက် Drama “Wild Romance” မှာလဲ ခေါင်းဆောင်မင်းသမီးဖြစ်လာတဲ့အပြင်… ကိုရီးယားရဲ့ ထိပ်သီးမင်းသားတန်းဝင် Lee Dong Wook (My Girl, Partner, Sense of woman) နဲ့ တွဲရိုက်ရတာတွေ့တော့ နာမည်မကြီးခင်ကတည်းက ကိုယ်အားပေးခဲ့တဲ့ မင်းသမီး ဖြစ်မြောက်လာတယ်ဆိုပြီး ၀မ်းသာရပြန်ပါတယ်…
အထူးသဖြင့် Wild Romance မှာ သူမဟာ လှတပတ မပြင်ဆင်ရပဲ ဆံပင်စုတ်ဖွား အကျီင်္ဖားလားနဲ့စခဲ့တာပါ… နောက်ပိုင်း ၀တ်ရတာတွေကလဲ Body Guard ၀တ်စုံ ယောကျာင်္းဆန်ဆန်တွေပါပဲ… ကောက်ကွေးကွေး ဆံပင်တိုပုံစံက ကားစကနေ ကားဆုံးထိမပြောင်းလဲခဲ့ပါဘူး… အဲလိုအဲလို မလှမပ၀တ်စားဆင်ယင်ရတာတောင် သူမရဲ့ချစ်စရာကောင်းတဲ့ နဂိုအလှက မြင်နေရတုန်းပါပဲ… SNSD ထဲက Jessica က ဒုတိယမင်းသမီးအနေနဲ့ သရုပ်ဆောင်ပြီး အလွန်လှတဲ့ မိန်းမဆန်တဲ့ အ၀တ်အစားစတိုင်မျိုး ၀တ်တာတောင် ကျွန်မမျက်လုံးထဲတော့ မင်းသမီး Lee Si Young လောက်မလှပါဘူး…
တစ်ခါတည်း Wild Romance ဇာတ်လမ်းလေးကိုလဲ ညွန်းချင်ပါတယ်… ဒီဇာတ်လမ်းလေးက အချစ်ဟာသဇာတ်လမ်းလေးဖြစ်သလို… မင်းသားကို နောက်ကွယ်ကနေ လုပ်ကြံနေတာ ဘယ်သူလဲဆိုတဲ့ ပဟေဋ္ဌိလေးကလဲ ဇာတ်လမ်းကို အဆုံးထိဆွဲဆောင်စေပါတယ်… မင်းသားနဲ့ မင်းသမီးကြားမှာလဲ လိုက်ဖက်မှုရှိသလို… ကြည်နူးစရာကောင်းပါတယ်… မင်းသမီးရဲ့ သူငယ်ချင်းနဲ့ မင်းသားရဲ့ မန်နေဂျာအတွဲကလဲ မဗေဒါကို ဆွဲဆောင်နိုင်ပါတယ်… မကြည့်ရသေးတဲ့ ကိုရီးယားဇာတ်လမ်းတွဲ ပရိတ်သတ်တွေအတွက် ကြည့်သင့်တဲ့ကားလေးတစ်ခုပါပဲ…


Wild Romance ထဲက ကိုယ်ရံတော်ဝတ်စုံနဲ့ လီစီယောင်း




Wild Romance ထဲက ချစ်စရာ လီစီယောင်း
Wild Romance ထဲက Baseball ချန်ပီယံမင်းသားကို စိန်ခေါ်တဲ့ အခန်း
ခုလို ကျရာနေရာကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့ Lee Si Young ဟာ သရုပ်ဆောင်ကောင်းရုံတင်မကပါဘူး… သူမဟာ အပြင်လောကမှာလဲ အပျော်တမ်းလက်ဝှေ့ထိုးပွဲ ချန်ပီယံဆုကို ၃ကြိမ်တိုင်တိုင် ရရှိခဲ့ပြီးပါပြီ… ကျွန်မသိသလောက်တော့ လက်ဝှေ့ကို ရုပ်ရှင်ရိုက်ဖို့ ခဏလေ့ကျင့်ရင်း စိတ်ဝင်စားသွားပြီး… ဆက်လေ့ကျင့်ရာကနေ ပြိုင်ပွဲဝင်အဆင့်၊ ချန်ပီယံအဆင့်အထိ သူမတက်နိုင်သွားတာဖြစ်ပါတယ်…

သူမရခဲ့တဲ့ လက်ဝှေ့ချန်ပီယံ ဆုတွေကတော့…

"9th KBI National Lifestyle Athletics Boxing Championships" in December, 2010”

47th "Seoul Amateur Boxing Match" on February 17, 2011


"7th National Amateur Boxing Championships" On March 17, 2011

(Source: Asianwiki)


သူ့ကိုအင်တာဗျူးတဲ့အချိန်မှာတော့ “ကျွန်မ သရုပ်ဆောင်ကိုရော လက်ဝှေ့ကိုပါ ကြိုးစားလုပ်ဆောင်သွားမှာပါ”…
သူ့ရဲ့ လက်ဝှေ့နည်းပြဆရာက
“သူလက်ဝှေ့ကို စွန့်လွှတ်မှာမဟုတ်ပါဘူး… ခုလာမဲ့ လန်ဒန် အိုလံပစ်အတွက် သူပြင်ဆင်နေပါတယ်” (Source: allkpop)

မဗေဒါကတော့ ခုလို ကိုယ်ကြည့်လိုက်တာနဲ့ ဖြစ်မြောက်မယ်လို့ထင်ခဲ့တဲ့ မင်းသမီးက တကယ်ဖြစ်မြောက်ခဲ့တဲ့အပြင်… တခြားမင်းသမီးတွေလိုမဟုတ်ပဲ သရုပ်ဆောင်တင်မက ကြမ်းတမ်းတဲ့ အားကစားကိုပါ ထူးထူးချွန်ချွန် တတ်မြောက်တဲ့ Lee Si Young အတွက် ဂုဏ်ယူမိပါတယ်… လန်ဒန် အိုလံပစ်မှာ သူပါမယ်ဆိုရင်တော့ဖြင့် လက်ဝှေ့စိတ်မ၀င်စားတဲ့ကျွန်မ သတင်းတွေကို စောင့်ကြည့်ဖြစ်တော့မယ်ထင်ပါရဲ့…








လီစီယောင်း လက်ဝှေ့လေ့ကျင့်နေသည်...

Tuesday, April 17, 2012

Happy Myanmar New year, 1374

photocredit to yelwinoo
Today is the beginning of Myanmar new year 1374. During this day, almost everyone in Myanmar would do the good deeds such as releasing fish into the pond and sparrow from the cage into the sky (But I am in doubt for that act whether we are actually freeing them or they were being captured because it's a trend for human to do a form of good deeds), pay homage to elderly and inviting monks to pray for prosperous and chase away the devil around the neighbor (That's what I heard since I were young, Correct me if i am wrong). 


Well, Anyway. The most important things is that today is Myanmar New year. The day that beginning of the year. As you all know it is public holidays in Myanmar. Myanmar has long Public holidays during New year period. I can imagine while others people are enjoying the new years activities, I am here alone stuck in the office cubicle and counting down for the time to pass faster. If boss not around, I would take a peek into Myanmar blogs and photos of Thingyan. And now ended up writing a post when I am about to go back home. 


What make me more reluctant to come to work this morning is because both of my elder sisters took MC just because today is New year day of Myanmar. Gezzzzzzzz..... I wish I could do that. But here in Singapore, there is not much activities going around or can't even felt the New Year environment. So what's the point I would waste my one day MC and lying to the doctor in New year. A hint...... We used to say that if you do something on new year, that mean it would actually happen during whole year. I mean if they work on new year day, meaning they have to work like hell the whole year. So there will be tiring year ahead.

At first I do feel uneasy about that too. But now I try to be optimistic. What if I take it as, I am working on new year day so that I won't need to worry about retrench or economy downtime or my department disbanded. This whole year, I will have stable job and stable income. 


There is a submission for my school Electronic Course Registration (ECR) this afternoon. We have to register the module we would like to pursue for next semester online. It is fist come first serve system and you need to manage nicely for your schedule during next sem. Last semester, I was being lazy and registered late. I couldn't get the module I applied and ended up with just elective subjects module. But I had a bit easy life for last semester coz I don't have much exam or projects to do. 


For this semester, I have to push myself for study more. The maximum Credit unit I could take is 20CU which is about 4 subjects. I decided to take it all. It would be so much work load and challenging. But I want to graduate faster. Even if I take 20 CU, my nearest graduation will be next 3.5years later if I didn't failed any subjects in between. I am worry about lazy self. 

One brain of mine keeps asking me "Are you sure? How are you gonna cope with? Since started schooling you didn't even have time to watch all the korean drama or blog much, How are you going to manage your time?". 

But another brain of my hyper mind with I-can-do-it attitude says "It's okay, Noone know what you can do. Even You don't know yourself. Why don't you give it a try? Don't worry even before you try it."


I am trapped in those two mind but I let my fate decide. I applied all 4 subjects which is full 20CU and let the school decide. Coz sometime even if you applied, you  might not get all modules due to class size capped and First come first serve system. 


Since this is Myanmar New Year, I have this feeling that I have to start as a new leaf and new resolution. But wait!!! I think like that every year but nothing change. I am still me. still lazy and do things last minutes.... LOL ....



Anyway....


HAPPY MYANMAR NEW YEAR 1374 to EVERYONE.
The most important thing is to BE HAPPY.

Monday, April 16, 2012

ဖူးစာဆုံလို့ ရင်ခုန်ခဲ့ပါလျှင် အပိုင်း ၇

အပိုင်း ၁ မှ ၅ ကိုဖတ်ရန် ဒီနေရာကို ကလစ်နှိပ်ပါ...


အပိုင်း ၆ ကိုဖတ်ရန် ဒီနေရာကို ကလစ်နှိပ်ပါ...

အခန်းဆက်ဝတ္တု label ဖြင့်လဲ ၀တ္တုများကို ဖတ်ရှုနိုင်ပါသည်...


ဖူးစာဆုံလို့ ရင်ခုန်ခဲ့ပါလျှင် (၇)…



ဖူးစာလေပြည်လေးတွေ
ဖြတ်ပြေးသွားတာ...
မုန်းတိုင်းကြားက ကျွန်မအတွက်တော့
ဘယ်သဲကွဲလိမ့်မလဲ…


မင်းထက်ပိုင်တစ်ယောက် သူ့မေမေ ရုတ်တရက်ပျောက်ဆုံးသွားတယ် ဖုန်းရကတည်းက စိတ်ပူနေခဲ့သည်… အစိုးရိမ်ဆုံးက အချိန်မရွေးထဖောက်နိုင်သည့် သူ့မေမေ၏ သွေးတိုးရောဂါကြောင့်ဖြစ်သည်… ထို့အတွက် မေမေဘယ်သွားသွား ဒရိုင်ဘာအရှည်ကြီးနှင့် ဒေါ်လေးမေကို အတူလိုက်ပါခိုင်းသည်… ရာဇာဖုန်းခေါ်ချိန်တွင် ဒေါ်လေးမေဈေးသွားနေတုန်း ဘုန်းကြီးကျောင်းသွားမယ်ဆိုပြီး အရှည်ကြီးကိုပို့ခိုင်းပြီး ထိုမှတဆင့် ပျောက်သွားသည်ဟုဆိုသည်…

ထိုဘုန်းကြီးကျောင်းမှာ ဒေါ်ထိပ်ထားခင် ယခင်ရုံးကန်ခဲ့ရစဉ်က သွားရောက်နေကျဖြစ်ပြီး တစ်ခါတစ်ရံ ပြန်သွားဖြစ်လျှင်ပင် အရှည်ကြီးတို့ ဘုန်းကြီးကျောင်းတွင်းထိလိုက်ခွင့်မရပဲ သူမသာလျှင် အရင်အတိုင်းသွားရောက်လေ့ရှိသည်...

"ဘာသတင်းရသေးလဲ... ရှာလို့တွေ့လား... သူ့အရင်က မိတ်ဆွေတွေကိုရော မေးပြီးပြီလား... တကယ်လို့ညနေထိမှ သတင်းမရရင်တော့ ရဲစခန်းကို အကြောင်းကြားရလိမ့်မယ်"...

ရာဇာနှင့်ဖုန်းချအပြီးတွင်ပင် မင်းထက်ပိုင်ဖုန်းထပ်မြည်လာသည်... မေမေ့သတင်းဖုန်းစောင့်နေသူမို့ ချက်ချင်းကိုင်လိုက်သည်…

"ဟလို..."



"ကိုမင်းထက်ပိုင်နဲ့ စကားပြောချင်လို့ပါ"... မိန်းကလေးတစ်ယောက်ရဲ့ ညင်သာပင်မဲ့ ပြတ်သားတဲ့ စကားသံကို ကြားလိုက်ရလို့ ဘယ်သူများလဲလို့ မင်းထက်ပိုင်စိတ်ထဲတွေးလိုက်မိသည်... မေမေများ မူးလဲလို့ တစ်ယောက်ယောက်က အကြောင်းကြားခြင်းလော...

တွေးမိလိုက်တဲ့ တချိန်ထဲမှာပဲ စိတ်ပူပြီး အမြန်ပြန်ဖြေလိုက်သည်...

"ဟုတ်ပါတယ်... ခုပြောနေတာ ဘယ်သူပါလဲ?"


"ခဏလေးနော်..."

"အဒေါ်... အဒေါ် ရော... ဘယ်ရောက်သွားလဲ... ဟောတော့... ဒီမှာ ဖုန်းခေါ်လို့ရသွားမှ..." တဖက်ကိုလှည့်ကာ စကားပြောနေသော ထိုမိန်းကလေး၏ အသံကို ဖုန်းထဲမှ တဆင့် မင်းထက်ပိုင်ကြားနေရသည်...
ထို့နောက် ထိုမိန်းကလေး ဖုန်းဘက်သို့လှည့်ကာ...

"ဟလို... ကိုမင်းထက်ပိုင် မေမေကဖုန်းခေါ်ခိုင်းတာပါ... ခုနကသူဒီမှာရှိသေးတယ်... ခုဘယ်ရောက်သွားလဲ မသိဘူး.."

"မေမေ ဘာဖြစ်လို့လဲခင်ဗျာ... ခုဘယ်မှာလဲ ခင်ဗျာ..."

"ခု ကျွန်မတို့ ခုပဲခူးရောက်နေပါပြီ... အဒေါ်က အဲဒါပြောချင်လို့ဖြစ်မယ်...."

"ခင်ဗျာ??? ပဲခူး??" မင်းထက်ပိုင် အနည်းအကျဉ်းတော့ ခန့်မှန်းလို့ရသွားပါပြီ...

"ပဲခူးကနေ ဘယ်ဆက်သွားကြအုံးမလဲ ခင်ဗျာ?"

"ရှင်?...." နွေနှင်းစိတ်ထဲ တစ်မျိုးဖြစ်သွားသည်... သူ့မေမေ ဘယ်သွားမည်ကို မသိလေရော့သလား... ဘာတွေမေးနေတာပါလိမ့်... နွေနှင်းပြန်ဖြေမလို့ အလုပ်တွင်

"သမီး... ဖုန်းခေါ်လို့ရပြီလား?" နောက်မှ အဒေါ်ကြီး အသံကိုကြားလိုက်ရသဖြင့် လှည့်ကြည့်ကာ ခေါင်းညိမ့်ပြလျှက်

"ဟုတ်ကဲ့" ဟုဆိုကာ ဖုန်းကို ပေးလိုက်သည်...
ဒေါ်ထိပ်ထားခင် ဖုန်းကို ယူကာ…

"သားရေ... "

မင်းထက်ပိုင် သူ့မေမေအသံကြားမှ စိုးရိမ်စိတ် တစ်ဝက်လောက် လျော့ကျသွားသော်လည်း မေးခွန်းတွေ အဆက်မပြတ်မေးမိတော့သည်...

"မေမေ... မေမေ ခုဘယ်မှာလဲ... ဘယ်လိုဖြစ်ပြီး ပဲခူးရောက်နေတာလဲ... ဘယ်သွားမလို့လဲ... ဒီမှာစိတ်ပူလို့ရှာလိုက်ရတာ... "

"သားရေ... မေမေ အထက်မြန်မာပြည်ဘက် ခရီးသွားမလို့... သားဘာမှ စိတ်မပူနဲ့နော်..." နွေနှင်းတို့ မကြားအောင် ခပ်တိုးတိုးဖြင့်သာ ပြောလိုက်သည်...

"မေမေကလဲဗျာ... ဘုရားဖူးထွက်ချင်လဲ ကျွန်တော့ကိုပြောပေါ့... စီစဉ်ပေးမှာပေါ့... ခု ဘယ်က ဘယ်လိုသွားမှာလဲ... ခရီးစဉ်က ဘယ်လိုလဲ... ဘယ်သူတွေနဲ့သွားတာလဲ… ဘယ်တော့ပြန်ရောက်မှာလဲ..."

"အော် သားရယ်... ဘာမှစိတ်မပူပါနဲ့... ၁ပတ်လောက်ပဲကြာမှာပါ... ဖုန်းထပ်ဆက်မယ်သားရယ်... ဒါပဲနော်သား.. ကားထွက်တော့မယ်" ဒေါ်ထိပ်ထားခင်သွားမည့် ခရီးစဉ်ကို မပြောလိုပါ... ပြောလိုက်လို့ သားသိလျှင် နောက်မှ လူလွှတ်ပြီးဖြစ်စေ ကိုယ်တိုင်ဖြစ်စေလိုက်လာလျှင် လွတ်လွတ်လပ်လပ်သွားချင်သည့် သူမအစီအစဉ် ပျက်သွားနိုင်သည်... ဒီခရီးကို ထွက်လာရခြင်းမှာလဲ သူဋ္ဌေးမကြီး ဒေါ်ထိပ်ထားခင်ဆိုပြီး အကျိုးလိုလား၍ ဟန်ဆောင်ပြုံးပြနေကြသော ပတ်ဝန်းကျင်ကို ခေတ္တစွန့်ခွာချင်စိတ်ဖြစ်နေသောကြောင့်ဖြစ်သည်... ယခုတော့ ဒေါ်ထိပ်ထားခင်အတွက် နောက်ထပ် ရည်ရွယ်ချက်တစ်ခု မမျှော်လင့်ပဲတိုးခဲ့လေသည်... နွေနှင်းဆိုသည့် မိန်းကလေး...






သူမသားဆီဖုန်းခေါ်ဖို့ ဒေါ်ထိပ်ထားခင် နွေနှင်းကို တမင်အကူအညီတောင်းခဲ့ခြင်းဖြစ်သည်... ဖုန်းရခါနီးမှတမင် ရှောင်ထွက်သွားခြင်းဖြစ်သည်... နွေနှင်းကဲ့သို့ ဖြူစင်သော စိတ်ထားကောင်းသော မိန်းကလေးကို ချွေးမတော်ရလျှင် မဆိုးဟု လမ်းတစ်လျှောက် အကဲခပ်ရင်းတွေးမိသည်... နွေနှင်း၏သူငယ်ချင်း သီရိဆီက ကြားခဲ့ရသော နွေနှင်း အကြောင်း တစေ့တစောင်းကြောင့် သူမတွင် လတ်တလော ရည်စူးထားသူမရှိကြောင်းနှင့် အမျိုးကောင်းသမီးဖြစ်ကြောင်းကိုလဲ သိထားပြီးဖြစ်သည်... နွေနှင်းအကြောင်းကို ဒေါ်ထိပ်ထားခင် ဒိထက်လေ့လာချင်သေးသည်... အထူးသဖြင့် သူမဟာ ထိပ်ထားကော်ပရေးရှင်းကြီး၏ ပိုင်ရှင် ဒေါ်ထိပ်ထားခင်ကို မသိဟုယူဆရသော နွေနှင်း၏ စိတ်နေသဘောထားအမှန်ကို စောင့်ကြည့်ချင်သေးသည်...

"အဒေါ်... ကားထွက်တော့မယ်တဲ့"....

ဒေါ်ထိပ်ထားခင်အတွေးများကိုဖြတ်ကာ… “အေးကွယ်… လာပြီ သမီးရေ…”

------------------------------ ။ ------------------------------









"မေမေ... ဟလို... ဟလို" ဖုန်းကို ပြောချင်ရာပြောပြီး ချသွားသော သူ့မေမေအကြောင်းကို သူကောင်းကောင်းသိပါသည်... လွတ်လွတ်လပ်လပ်ဖြင့် ပကာသနမရှိ သွားချင်လာချင်သည့် မေမေ့ဆန္ဒကို မေမေဖွင့်မပြောသော်လည်း သူရိပ်စားမိခဲ့ပါသည်... ဖုန်းထဲမှအသံကြားလိုက်ရသော မေမေနှင့် ခရီးတူတူသွားသည် မိန်းကလေးသည် မည်သူနည်း… မေမေ ဘယ်သူတွေနှင့်သွားသနည်း… ဘာပဲပြောပြော သူတ၀က်တော့ စိတ်သက်သာရာရသွားသည်… မေမေ့ကျန်းမာရေးကိုသာ စိုးရိမ်မိသည်…

သူ ရာဇာ့ဆီ ဖုန်းခေါ်လိုက်သည်…

"ဟလို... ရာဇာရေ... မေမေ ခုပဲဖုန်းဆက်တယ်... သူ ပဲခူးမှာတဲ့... အထက်မြန်မာပြည်ဘက် ခရီးသွားမလို့တဲ့... အဲဒါ အဲဒိဘက်က ငါတို့လူတွေကို အကြောင်းကြားထားပေးစမ်းကွာ... ပြီးတော့ မေမေ သူဟာသူလွတ်လွတ်လပ်လပ်ဖြစ်နေအောင် မသိမသာပဲ စောင့်ကြည့်ခိုင်းထားကွာ... တော်ကြာထပ်ပျောက်သွားအုံးမယ်... ပြီးတော့ အခြေအနေအားလုံးကို သတင်းပြန်ပို့ပါလို့... ဟော်တယ်တွေလဲ အဆင်ပြေအောင် လုပ်ထားကွာ..."

---------------------------- ။ ----------------------------------

ရှေ့ခုံက မိန်းကလေးကို သူ့ချစ်သူက သာသာလေးဆွဲယူကာ ရင်ခွင်ထဲ ချော့သိပ်လိုက်သည်… သူ့မျက်လုံးတွင် ကြင်နာခြင်းအပြည့်… မိန်းကလေးကတော့ ကြည်နူးခြင်းအပြုံးတွေရှက်သန်းနေလေရဲ့…

ကြင်နာနေတဲ့ ချစ်သူတွေဟာ အသည်းကွဲသူတွေအတွက်တော့ အခါးဆုံးဆေးတစ်ခွက်လိုပါပဲ… ဒီလိုမြင်ကွင်းမျိုးတွေကို မြင်တိုင်း နွေနှင်း မောင့်ကို သတိရမိတယ်… မောင်လဲ တစ်ချိန်က သိပ်ကိုဂရုစိုက်တတ်တဲ့ ချစ်သူပဲလေ… ကမ္ဘာပေါ်မှာ ပြောင်းလဲမှုအမြန်ဆုံးအရာက အချစ်ဆိုတဲ့အရာပဲဖြစ်ရမယ်… နွေနှင်း မျက်လုံးကို စုံမှိတ်ပြစ်လိုက်သည်… မြင်ကွင်းကိုရော အတွေးစတွေကိုပါ ပြတ်တောက်သွားချင်သည်…

နွေနှင်းကို ညင်သာစွာဆွဲယူထွေးပွေ့လိုက်သောအတွေ့ကြောင့် သူမမျက်လုံးအစုံကို မသိမသာဖွင့်ကြည့်မိသည်…
“ဟင်… မောင်…?”

အပြုံးဖြင့်နွေနှင်းကို ကြည့်နေသော မောင့်ကိုတွေ့တော့ နွေနှင်း မျက်ရည်တွေဝိုင်းကာ မောင့်ပါးပြင်ကို ထိတွေ့ကြည့်မိသည်… မောင်က နတ်သားတစ်ပါးလို တောက်ပနေလေရဲ့…

“မောင် တကယ်ပြန်လာတယ်နော်…”

နွေနှင်း မျက်ရည်များရှိုက်ငင်ကာ မေးလိုက်တော့ မောင်က ခေါင်းကို ညင်သာစွာညိမ့်ပြသည်…
“နွေနှင်းဘယ်သွားသွား မောင်အမြဲလိုက်မယ်လို့ပြောခဲ့တယ်လေ… နွေနှင်း မောင့်ကို ထားမသွားနဲ့ကွာ…”




မောင်ပြောရင်းဖြင့် နွေနှင်းကို တင်းကြပ်စွာပွေ့ဖက်လိုက်သည်…
နွေနှင်း ပါးပြင်တွင် မျက်ရည်များစည်းကျလာသည်… ၀မ်းသာလို့လား ၀မ်းနည်းလို့လာဝေခွဲမရ…


သို့သော် မောင့်ရင်ခွင်တွင်းမှာနေရသည်မှာ မီးတောင်တမျှပူလှသည်…

“မောင်ရယ်…. ဟင့်… ဟင့်”…








----------------------------- ။ ----------------------------------



“နွေနှင်း?… သမီးလေး…. နွေနှင်း…”

ဟိုးအဝေးက အသံတစ်ခုကို ကြားနေရရာက ထိုအသံက တဖြည်းဖြည်း နီးကပ်လာသည်… ပီသလာသည်… ကျယ်လောင်လာသည်… နွေနှင်း၏ ရှိုက်သံတစ်ခုအပြုမှာ သူမ မျက်လုံးအစုံပွင့်လာသည်…

“ဟင့်….” ချွေးတို့ဖြင့် စိုရွှဲနေသော ကိုယ့်ကိုကိုယ် သတိအမြန်ပြန်ကပ်အောင် ကြိုးစားယူရသည်…

“ကြည့်ပါအုံး… သမီးရယ် ချွေးတွေချည်းပဲ… ကားဘီးပေါက်လို့တဲ့ အဲဒါ အားလုံးအောက်ဆင်းသွားပြီး သမီး အိပ်ပျော်နေလို့ ပထမ မနှိုးပဲနေမလို့… ဒါပေမဲ့ ကားထဲက ပူလို့နှိုးလိုက်တာ… ချွေးတွေ သုတ်လိုက်အုံး… အပြင်က ကုက္ကိုပင်အောက်မှာ အရိပ်လဲကောင်းတယ် လေလဲကောင်းတယ်… သီရိတောင် အောက်ရောက်နေပြီ… လိုက်ခဲ့နော် သမီး…”

“ဟုတ်ကဲ့…” နွေနှင်း ရင်ထဲတွင် နာကျဉ်စို့နင့်နေသည်… မက်ခဲ့သော အိပ်မက်အတွက် ကိုယ့်ကိုကိုယ်စက်ဆုပ်သည်… သိစိတ်က ကြိုးစားမေ့ပျောက်နိုင်သော်လည်း မသိစိတ်က မောင်ဆိုသော သူ့ကို မျှော်လင့်နေမိသည်ဆိုတာကို နွေနှင်းလက်မခံချင်… အိပ်မက်ထဲက ၀မ်းနည်းဝမ်းသာဖြစ်ရမှုကို နိုးထချိန်တွေ ဆို့နင့်စွာခံစားရသည်… နွေနှင်း ရေဗူးကို ယူသောက်ကာ ရင်ဘတ်ပေါ်လက်ဖိ၍ သက်ပြင်းတစ်ချက်ချကာ ကိုယ့်ကိုကိုယ်စိတ်ထဲမှ ခေါင်းညိမ့်အားပေးလိုက်သည်…

“ဒါတွေ အချိန်ကြာလာတာနဲ့ အမျှ ပျောက်သွားမှာပါ…”

အပြင်ကို လှမ်းကြည့်လိုက်တော့ အဒေါ်ကြီးနှင့် သီရိတို့ ကုက္ကိုပင်အောက် လေတဖြူးဖြူးမှာ စကားကောင်းနေကြလေရဲ့…




----------------------------- ။ -----------------------------


အပိုင်း ၈ ကိုဖတ်ရန် ဒီနေရာကို ကလစ်နှိပ်ပါ...

Sunday, April 15, 2012

Toa Payoh Thingyan 2012


စကာင်္ပူနိုင်ငံမှာရှိတဲ့ မြန်မာလူမျိုးတွေဟာ ဘုန်းကြီးရဲ့ ကြီးကြပ်မှုနဲ့ အတူ ကိုယ့်ယဉ်ကျေးမှုကို မြတ်နိုး တန်ဖိုးထားတဲ့စိတ်၊ အမျိုးဂုဏ်ကို စောင့်ချင်သောစိတ်၊ အထူးသဖြင့် စကာင်္ပူသတင်းဋ္ဌာနမှ သတင်းလာရိုက်မည်ဆို၍ သရုပ်ပျက်များကို အထူးရှောင်ကြဉ်ကာ အစဉ်အလာကောင်းစွာ နှစ်စဉ်ကျင်းပခဲ့တဲ့ မြန်မာသင်္ကြန်ကို ယဉ်ယဉ်ကျေးကျေး ပျော်ပျော်ပါးပါး ၁၅ရက် ၄လ ၂၀၁၂၊ တနင်္ဂနွေနေ့ (မဟာသင်္ကြန် အကျက်နေ့) မှာ စည်စည်ကားကားကျင်းပဖြစ်ခဲ့ကြပါတယ်...

ကျွန်မလဲ မနက် ၆နာရီခွဲ မေမေလာနှိုးလို့ထပြီး တိုက်စီနဲ့သွားလိုက်တာ... မနက် ၇နာရီကျော်ကျော်မှာ ဟိုရောက်သွားတယ်... လူသိပ်မများသေးဘူး... ဒါတောင် ကိုယ်စောလှပြီမှတ်တာ ဒီလောက်လူတွေရောက်နေလို့ အံ့သြသွားတယ်...


အ၀င်ဝ... မဏ္ဍပ် (မနက် ၇နာရီကျော်ကျော်)
လူနည်းသေးတော့ မုန့်တွေကို အတင်းကို ပေးကြတာ... အမှန်တော့ ရှက်လို့မယူရဲမှာစိုးလို့ ပေးတာလောက်ပဲ လုပ်သင့်တယ်... မုန့်တွေက များတော့ ကိုယ်စားချင်တဲ့မုန့်ကိုပဲ ဦးစားပေးစားချင်တယ်လေ... စေတနာနဲ့ အလှူဒါနကို လေးစားမြတ်နိုးပါတယ်... ဒါပေမဲ့ ဗိုက်မဆံ့လို့ပါ... (စာကြွင်း... ပုံထဲက ဝေနေတဲ့သူကို ဆိုလိုတာမဟုတ်ဘူးနော်... အဲဒိကိုသွားတော့ တွေ့ကြုံခဲ့ရတာကို ခြုံငုံပြောတာ)
ရွှေရင်အေး၊ ကြာဇံချက်၊ မုန့်ဟင်းခါး စုံလို့ရှင့်...
လာသမျှလူ အကုန်ကြွေးမယ်...
မုန့်တွေများလွန်းတော့ ကျွန်မလဲ ကင်မရာတစ်ဖက်နဲ့ ခုလို ပန်းကန်း၂ခုဆင့်ကိုင်ရမလိုဖြစ်ခဲ့တယ်...
စားရလွယ်ကူအောင် အအေးလေးပါမှ....
အသပြာမဟုတ်ဘူးနော် စေတနာ ကြာဇံကြော်... မောနိုင်ဘူးဗျ ပေးရတာ...
မစားရသူ မရှိစေရ....
ကျောင်းဝန်းထဲလဲ ဘုရားဝတ်ပြုလို့ရသေးတာ...
ပျော်ပျော်ပါးပါး ပြည့်ပြည့်၀၀ အနှစ်သာရ...
လူတွေ တဖြည်းဖြည်းများလာဘီ...
မုန့်လုံးရေပေါ်ဆိုတာ သင်္ကြန်ရဲ့ သင်္ကေတ တစ်ခု... (အရှေ့ဘက်က မုန့်လုံးရေပေါ်စားပွဲ)
သူတို့ကိုလဲ ရိုက်ပါအုံးတဲ့လေ... (အနောက်ဘက်ဆုံးက မုန့်လုံးရေပေါ်အဖွဲ့)
အကြော်စုံပူပူလေး....
ရိုးရိုးကြာဇံကြော်စားပြီးပြီ နောက်ကြာဇံကြော်လာပေးတော့ ငြင်းတော့မလို့... ကြည့်လိုက်တော့ ပဲကြာဇံကြော်ဆိုတော့ အမျိုးမတူလို့ ထပ်စားခဲ့တယ်... အဟီး....
ကျောင်းဝင်းအပြင် စစချင်းမှာတော့ အအေးကို ဟောဒီလို ကားကြီးလိုက်ဝေနေတာ...
မြန်မာကလေးက စလုံးမှာမွေးလဲ မြန်မာပါပဲ... သူတို့လေးတွေ ရေတိုက်စစ်ဆင်ဖို့ တိုင်ပင်နေကြတယ်...
ကိုယ်ကတော့ တစ်ကိုယ်တည်း မကြောက်ဖူးဟေ့... သင်္ကြန်ပဲဟာ... သင်္ကြန်သေနတ်ဆိုတာ မိုးပေါ်ထောင်ပစ်ရတာ မဟုတ်ဘူး... တည့်တည့်ပစ်ရတာ...
လူကြီးတွေကတော့ စားတဲ့သူကစား... ရိုက်တဲ့သူတွေကလဲ အပြန်အလှန်ရိုက်နေကြတာပေါ့.... ဟဲ.. ဟဲ...
ကျည်ကုန်နေပြီ... အမြန်ထည့်မှ...
ဒီ မော်လမြိုင် မီးဖိုချောင်က ကာတွန်းပန်းချီကားလေး သဘောကျတယ်...
ဒီနှစ်ရွှေရင်အေး၁ပွဲစားခဲ့ရတယ်...  ရွှေရင်အေးအလှူရှင်တွေလဲ ၁ဦးထက်မကရှိတယ်... တော်သေးတယ် စားခဲ့တဲ့နေရာက ဒူးရင်းသီးမပါလို့...
စားစရာ သောက်စရာ တောင်လိုပုံ.... သဒ္ဒါတရားတွေ ပြည့်လျံနေပေါ့..
တိုက်ပွဲစပြီ....
ဒီကောင်လေးကို ကလိစားချေဖို့ များများလောင်းပေးပါ... ဓာတ်ပုံရိုက်နေတာကို ဒီဘက်လှည့် ပြွတ်နဲ့ဆော်တယ်... တော်သေးတယ် ရှေ့မှာတစ်ယောက်ခံသွားလို့.. နောက်မို့ဆို မဗေဒါတော့ ကင်မရာရေစိုပြီး ရေစုံမျောရလိမ့်မယ်...
တိုပါရိုး မဟာသင်္ကြန် ရေကစား မဏ္ဍပ်... (အကြီးဆုံး မဏ္ဍပ်)
ရေခြောက်အောင် ပန်းခြံမှာ ခဏထိုင်ပြီးမှာတော့... ~ပြန်ပါအုံးမယ်... ပြန်အုံးမယ်... နှုတ်ခွန်းဆက်ပါတယ်~...

အော်.... ဒါနဲ့... တိုပါးရိုးအ၀င်ဝမှာ မမျှော်လင့်ပဲ တီပီက ကိုယ့်ဂျူနီယာလေးတွေ တီပီသင်္ကြန်လက်မှတ်ရောင်းနေကြတာတွေ့တယ်... တီပီသင်္ကြန်ရှိရင် ခါတိုင်းဆို ကိုယ့်အသိုင်းအ၀ိုင်းထဲမှာ ကြိုကြားနေကျ... ခုတော့ မရှိဘူးထင်တာ... အရင့်အရင် ကိုယ်တို့မတိုင်မှီနဲ့ ကိုယ်တို့ခေတ်အထိ အစဉ်အလာကောင်းတဲ့ တီပီသင်္ကြန်ကို ကိုယ့်ဂျူနီယာလေးတွေ အစဉ်အလာထိန်းသိမ်းနိုင်ပါ့မလားလို့ စိုးရိမ်မိတယ်... ဒါပေမဲ့ တီပီကျောင်းသားတွေဆိုတာလဲ အစဉ်အလာနဲ့ အနုပညာပိုးပါကြတော့ ကျွန်မကတော့ ဒီနှစ်လဲ ကောင်းအုံးမှာပဲလို့ ယုံကြည်ထားတယ်... ဘာပဲပြောပြော အားပေးသင့်တယ်လေ... ကျောင်းက ဟိုစည်းကမ်းထုတ် ဒီစည်းကမ်းသတ်မှတ်နဲ့ ဘောင်ခတ်လို့ထင်တယ်.. ဒီနှစ်လဲ ကျောင်းမှာ မလုပ်ဖြစ်ဘူးတဲ့... ကျောင်းမှာဆိုရင်တော့ ကျောင်းဖီလင်လေးနဲ့ဆိုတော့ ပိုပြီးကောင်းတယ်...

တီပီသင်္ကြန် ၂၀၁၂နဲ့ ပတ်သတ်တဲ့ သတင်းကတော့...

နေ့ရက်က ၁၉ရက် မေလ (စနေနေ့)
နေရာက Paya Lebar Methodist Girls' school (SEC)
အချိန်က နေ့လည် ၁၁နာရီစမယ်
တန်ဖိုးက တစ်ယောက်ကို ဒေါ်လာ ၂၀ (ညနေစာထမင်းနဲ့လဲ ဧည့်ခံမယ်)...

ကြည့်ဖြစ်အောင်ကြည့်လိုက်ကြနော်... မြန်မာအသိုင်းအ၀ိုင်းကြားမှာ ကမ္ဘာကျော်ခဲ့တဲ့ တီပီသင်္ကြန်ဟာ ဒီနှစ်လဲ ပရိတ်သတ်ကြီးရဲ့ ရင်ကို ဘယ်လိုဆွဲဆောင်ဦးမလဲဆိုတာ မဗေဒါတော့ စိတ်ဝင်စားတယ်...