Tuesday, July 24, 2012

I am just pissed

ခုတစ်လော ဘလော့ကလဲ မရေးဖြစ်... ရေးချင်တာတွေစိတ်ထဲပေါ်လဲ ချရေးဖြစ်လောက်တဲ့အထိ တွန်းအားမရှိဘူး... အပျင်းကကြီး...

တစ်နေ့တစ်နေ့ အလုပ်သွား... ရုံးမှာ ငုတ်တုတ်... ဟိုသတင်းဖတ် ဒီသတင်းဖတ်.. တွီတာပေါ်တက်ပြီး ဟိုဟာတွေအကြောင်းတွစ်... သူတို့ တွစ်တဲ့ သတင်းအမှားတွေ ဓာတ်ပုံအမှားတွေကြည့်ပြီး စိတ်တို... ကိုယ့်ဟာကိုယ်တွစ်လဲ သူတို့ကလာဆွာသေးတာ... ကိုယ်တွေလူမျိုးတွေက သွေးအေးသွားတာလား သူတို့ဘာပြောပြော ဂရုစိုက်စရာမလိုတော့ဘူးယူဆလို့လားတော့ သိဘူး... ဖြစ်စတုန်းကလောက် တွစ်တဲ့သူမရှိတော့ဘူး... အရင်အစိုးရက မကောင်းခဲ့တဲ့ အခံနဲ့ သတင်းမှားတွေလုပ်ကောင်းနေတာထားပါတော့... ဘာလို့ ဘုန်းကြီးတွေ ဆွဲထည့်သေးလဲမသိ... ပုံကိုယူပြီး ကိုယ့်ဘလော့ပေါ်မတင်ချင်လို့ပေ့ါ... ဒါပေမဲ့ အဲဒိ ဘုန်းကြီးတစ်ပိုင်း ဓားမြှောင်တပိုင်းနဲ့ အောက်က သူတို့ဘင်္ဂလီတွေခံနေရပါတဲ့ဆိုတဲ့ ကုလားချွဲ ကုလားသဲမျိုးဆွဲထားတဲ့ ကာတွန်းကိုးက မဟုတ်တာ... ဘာသာရေးမဟုတ်ပါဘူး အာပေါက်အောင်ပြောနေလဲ တမင်ဘာသာရေးဖြစ်အောင်လုပ်နေတဲ့ ဟာတွေက နားဝင်မှာမဟုတ်ဘူး... ယပလက်မတွေက humanitarian လုပ်ပြီး အော်နေ... သူတို့နိုင်ငံ အဲဒါတွေ ဝင်တော့ အားလုံးမျိုးတုံးအောင် သတ်ပြီးတော့...  

အဖြူမတွေ အကောင်တွေ ဘုမသိ ဘမသိ စားကောင်းအောင် စွတ်အော်နေ... သူတို့ ယူအက်စ်က ဝေါထရိတ်စင်တာဘေး ဗလီဆောက်ခွင့်မရှိပဲနဲ့.. ငါတို့ ဆူးလေဘုရားဘေးမှာ ဗလီမှ အကြီးကြီး.. မကျေနပ်လို့ပြောတာမဟုတ်ပါဘူး... ပြောချင်တာက မြန်မာပြည်မှာ ဘာသာရေးကိုးကွယ်မှု လွတ်လပ်ခွင့်မရှိဘူးဆိုတာ မဟုတ်ဘူးဆိုတာကို ပြောချင်တာ... သူတို့လုပ်တော့ တာရိုးရစ်ကိုလုပ်တာ... ငါတို့ကျတော့ persecuted minority? 

ပြီးတော့ ပြောသေး... ဘင်္ဂလီကလူတွေသာမှန်ရင်... သူတို့နိုင်ငံမှာ အေးဆေးနေလို့ရရဲ့သားနဲ့ ဘာလို့ အနှိပ်စက်ခံ မြန်မာပြည်လာမလဲတဲ့... ရှင်းရှင်းလေး မြန်မာပြည်က သာလို့ပေါ့... သူတို့ ဘင်္ဂလီတွေ မွေးချင်တိုင်းမွေးနေလို့ စားမလောက်လို့ တခြားနိုင်ငံတွေကို ပြဿနာတွေ လိုက်ပေးနေတာ.... ငါတို့ နိုင်ငံတစ်ခုတည်းမဟုတ်ဘူး... ခု အင်ဒိယားလဲ အဲဒိဘင်္ဂလီကိစ္စခံနေရတာပဲ...

ခုနပဲ တွစ်တာမှာပြောရပြန်တယ်... ဒီလက်ကိုးကလဲ မနေနိုင်မထိုင်နိုင် ကိုယ်ပဲ ပြီးရင်ရောဂါရမယ်... ဒါပေမဲ့ သူတို့ အမှားတွေလျှောက်ပြော လျှောက်ရေးနေတော့လဲ မနေနိုင်ပြန်ဘူး... သူတို့ ဘာသာတူညီအစ်ကိုမောင်နှမတွေကို ကယ်ဆယ်ဖို့အော်နေတယ်...

သူတို့ ညီအစ်ကိုမောင်နှမဆို သူတို့နိုင်ငံက အစိုးရကို တောင်းပန်ပြီး ခေါ်ထားလိုက်ပါလား ဆိုတော့...
ဆော်ဒီကဒင်းက အဲဒါတွေက နင်တို့နိုင်ငံမှာမွေးတာတဲ့ဗျ...
ဒါနဲ့ကျုပ်ကလဲ ငါတို့နိုင်ငံသားမှန်ရင် ကိုယ့်နိုင်ငံကိုယ်ကောင်းအောင် သင့်မြတ်အောင်နေပေါ့လို့ ပြီးတော့ အများစုကအဲဒါကို အခွင့်ကောင်းယူပြီး ငါတို့နိုင်ငံမှာ မမွေးပဲဝင်လာပြီး သောင်းကျန်းနေတာကိုး လို့ပြောတော့...
နင်တို့တွေက သူတို့ကိုနှိပ်စက်တာ ၃၂နှစ်ရှိပြီတဲ့... အသားအရေကွဲပြားတာနဲ့ အနိုင်ကျင့်သလေး ဘာလေးရေးတယ်ဗျ... အမလေး ၃ ၄ ၅ ခုတောင် ဆက်တိုက် တွစ်လိုက်သေး...
သူပြောသလိုသာ အသားအရေကွဲပြားလို့အနိုင်ကျင့်ရရင် ဘယ်အသားအရေကို အတည်ယူရမလဲသိဝူး... ရွှေညာသူတွေ အသားတော် ညိုပြာညက်... ရှမ်းမလေးတွေ ဖြူဖြူ... ကျန်တဲ့ ဗမာတွေ ရခိုင်တွေလဲ ဖြူလှတယ်မရှိ... ပြီး တခြားမြို့တွေက အစ်စလမ်ဘာသာကိုးကွယ်ယုံကြည်သူများ (အတိုကောက်ရိုက်ရလွယ်အောင်ဆိုရင်တော့ ဗွေမယူပါနဲ့ ကုလား) တွေနဲ့ ဘာပြဿနာမှ မရှိပဲ ဒင်းတို့နဲ့ပဲဖြစ်နေကတည်းက ဘာလို့လဲ စဉ်းစားကြည့်ပေါ့...

လူသားချင်းအပြစ်မဲ့ပြီးကြားက ခံရတဲ့ မည်သူမဆိုသနားပါတယ်... သို့သော် ကိုယ့်နိုင်ငံကိုလဲလာနေတယ်... ထားပါတော့ အရင်ကလူဝန်မှုကြီးကြပ်ရေးကလူတွေ အသုံးမကျခဲ့တော့ နှစ်ရှည်ရှိနှင့်ပြီးသားတွေကို လက်ခံထားမယ်ဆိုရင်တောင်... ဒင်းတို့ကပြောသေး... သူတို့က တိုင်းရင်းသားပါတဲ့တော်... မလွန်လွန်းဘူးလား... စလုံးမှာ ကျုပ်တို့နေပြီး နောက် ၁ဝနှစ်လောက်နေရင် မြန်မာတိုင်းရင်းသားဟာ စလုံးနိုင်ငံရဲ့ တိုင်းရင်းသားတစ်မျိုးပါလို့ တောင်းဆိုလို့ရလား...

ဗမာတွေကသာ သူတို့နယ်ကို ကျူးကျော်တယ်ဆိုပဲ... သူတို့နယ်က Arakan နယ်တဲ့... အရှင်းကြီး Arakan နယ်မှာ Arakanese တွေနေတယ်... ဘယ်က ဒင်းတို့အမျိုးနာမည်က ရောက်လာတာလဲ...

ဒါနဲ့ ခေါင်းထဲမှာရောက်နေတဲ့ မေးခွန်းရှိတယ်... ဒီလောက် နှိပ်စက်ခံရပါတယ်ဆိုတဲ့ လူတွေက မွေးထားလိုက်တဲ့ ကလေးတွေ... နှိပ်စက်နေရင်း ပြေးနေလွှားနေရင်းနဲ့ကိုး (ကန်တော့ပါရဲ့) ကလေးတွေ ထွက်ကျနေသလားအောက်မေ့ရတယ်... ကလေးတစ်ယောက်မွေးရတာ လွယ်တယ်မှတ်... ငါတို့တွေ သူတို့ကို ဘာမှ မလုပ်လို့သား "အေးဆေး ကလေးမွေး" ဒူးနှ့ံနေလို့ရတာပေါ့... ဒီလောက် ကလေးတွေ အဆက်မပြတ်မွေးနေတာ Birth control ဆိုတာ သူတို့အတွက် မရှိသင့်ဘူးလား... ဒါ လူ့အခွင့်အရေးချိုးဖောက်တာလား... ဒါဆိုရင်တော့ အရေးယူးသင့်တဲ့ နိုင်ငံတွေမှ အများကြီး... တရုတ်ကြီးရှေ့ဆုံးကပေါ့... မိန်းမတွေအများကြီး ယူ ကလေးတွေ မွေးချင်တိုင်းမွေးပြီး လူဦးရေတိုးအောင်လုပ် ရခိုင်ကို မြိုဖို့ကြံနေကြသလားသိဘူး...

သတင်းဋ္ဌာနတွေကလဲ ကွန်ပြူတာရှေ့ချော့ကလက်စားပြီး လက်အယားပြေ ရေးချင်တိုင်းရေးနေလိုက်ကြတာ သူတို့က ခေါ်ထားစရာမလိုဘူးလေ သူတို့နိုင်ငံကိုဝင်လာတာ မဟုတ်ဘူးလေ... သူတို့လူမျိုးတွေအိမ်ကို မီးရှို့တာမဟုတ်ဘူးလေ... ဒီလိုရေးရင် သူတို့စားပေါက်ချောင်တာပဲ သိတာ... သူတို့ ပါးစပ်ထဲမှာပဲ ဟိုဟာတွေရဲ့ လူဦးရေက ၈သိန်းဖြစ်လိုက် ၁ဝသိန်းဖြစ်လိုက် တချို့ဆို သိန်း၂ဝတောင်ကျော်သေး... ရှိတဲ့နံပါတ်ကို ထီထိုးသလို အာရုံလာရာကောက်ရေးတယ်ထင်ပါ့... ခုမှပဲ ငါတို့ ဗုဒ္ဓဘုရားပြောသလို ကိုယ်တိုင် လေ့လာ သုံးသပ် စဉ်းစားဆင်ခြင် ပြီးမှယုံပါဆိုတာ သိပ်သိပ်မှန်ပါလားဆိုတာ သက်သေပြလိုက်သလိုပဲ...

ဒေါ်စုကြောင့် မြန်မာဆိုတာ ဂုဏ်ယူလို့ရပြီလို့  ပြောခဲ့တဲ့သူတွေ... ခု သူတို့တွေက ဒေါ်စုကို အဲဒိမှာ ၀ိုင်းဆဲနေကြတယ်... ပြောပြတာပါ မသိမှာစိုးလို့... ဒေါ်စု အာဇာနည်နေ့ သူ့အဖေအုတ်ဂူသွားကန်တော့တာတောင်... "နင့်အဖေဖြစ်တော့ဘာဖြစ်တုန်း... (ဟိုဟာတွေ) ထက်ပိုအရေးကြီးသလား" တဲ့... အဲဒိ ကုလားကိုတော့ ပြန်တောင် မပြောချင်တော့ပါဘူး... သမိုင်းမသိပဲ ဇွတ်အော်နေတာသိသာလို့... နိုင်ငံ့သူရဲကောင်းကြီးလဲဖြစ်... ကမ္ဘာ့ကလေးစားရသူရဲ့ ဖခင်လဲဖြစ်... ဒီလောက်အရေးကြီးတဲ့သူနဲ့ "အရိပ်နေနေ အခက်ချိုးချိုး" "သားရေပေါ်အိပ် သားရေနားစား" တဲ့ သူတွေနဲ့ ယှဉ်စရာလိုသေးလားတော့ မသိ...


မြန်မာလူမျိုးတွေကြာ Twitter က သိပ်ခေတ်မစားဘူးဖြစ်နေတာလဲ ပါတယ်ထင်တယ်... အစက မဗေဒါလဲ သိပ်တော့ မသုံးတတ်ပါဘူး... နောက်ပိုင်း ကိုရီးယားမင်းသား သတင်းတွေရှာရင်းနဲ့ အဲဒိက သတင်းတွေရတတ်လို့ (ဥပမာ စကာင်္ပူလာမဲ့ လေယာဉ်ချိန်တွေဘာတွေ) သုံးဖြစ်သွားတာ... သူက ဖေ့ဘွတ်မှာ status တင်သလိုပဲ... ဒါပေမဲ့ စာလုံးရေ ကန့်သတ်ထားတယ်... အဓိကစာလုံးကို # လေးထည့်ပြီးရေးရင် ရှာရလွယ်တယ်ထင်တယ်... ဥပမာ #Myanmar #Rakhine #(ဟိုဟာတွေ) အဲလိုမျိုးနဲ့ Search ကြည့်လိုက် အသဲယားစရာ သတင်းမှာတွေနဲ့ သူတို့ကမ္ဘာထဲမှာပဲ ဇွတ်ပြောနေတာတွေ တွေ့လိမ့်မယ်...


စိတ်မတိုချင်ရင် ဖတ်လဲ မဖတ်နဲ့ ကြည့်လဲမကြည့်နဲ့တော့ပေါ့လို့ အကြံပေးတယ်... ဘာလို့လဲဆိုတော့ တစ်ခါတစ်လေ စိတ်လိုက်မာန်ပါလျှောက်မရေးမိအောင်လဲ ကိုယ်ကထိန်းရတယ်လေ... ကိုယ့်လူမျိုးတွေ ဖေ့ဘွတ်ပေါ် ဒေါသအလျှောက်တက်အော်လို့ သူတို့ လက်ညှိုးထိုးစရာဖြစ်ခဲ့ပါသေးလား... ဒီတော့ ဒေါသလဲထိန်းရင်း ကောင်းကောင်းပြန်ပြောနေရင်းနဲ့ သူတို့ဘက်က လွန်လာရင် ရန်မဖြစ်အောင် ကိုယ့်ကြောင့် လက်ညှိုးထိုးစရာမဖြစ်အောင် ပြောရတာ အရမ်းစိတ်တိုဖို့ကောင်းတယ်... ဒီတော့ ပေးတဲ့ အကြံအတိုင်းပဲ နေလိုက်ရင်ကောင်းမလား... ကျန်တဲ့ မြန်မာလူမျိုးတွေလဲ ဒီလိုပဲ နေနေကြလို့ တွီတာပေါ်မှာ မတွစ်ကြတော့တာလား... ဒါမှမဟုတ် သေချာပေါက် ကိုယ်တွေလိုချင်တဲ့နည်းနဲ့ ဖြေရှင်းနိုင်မှာ ယုံကြည်ထားလို့ သူတို့အော်ချင်တာအော်ပါစေဆိုပြီး လွှတ်ထားတဲ့သဘောလား... ပြောကြပါအုံး...

2 comments :

AMK said...
This comment has been removed by the author.
၀ိ၀ိ said...

သူတို့ တွေက စောစောစီးစီး ကမ္ဘာမှာ
ရိုပာင်ဂျာအရေးကို နိုင်ငံကြီးတွေမှာ အရင်ဆုံး
လှုံ့ ဆော်ထားပြီး အင်္ဂလိပ်လို သတင်းအမှားတွေ
ရေးကြတာတော့ အင်္ဂလိပ်လို ရေးတာနဲတဲ့
မြန်မာသတင်းဌာနတွေ လည်း ခံနေရတယ်။
အဆိုးဆုံးက အဲ့သတင်းမှားတွေကို ယုံတဲ့သူက
သတင်းမှန်ကိုသိတဲ့သူထက် အရမ်းများတာပဲ။