Saturday, April 23, 2011

Being Youngest...

If you talk back, that's bcoz you are rude.
If they scold you, that's bcoz they are elder.

If you don't agree with them, that's bcoz you have no respect.
If they don't agree with you, that's bcoz your thinking is not mature.

If you do that, you don't see further.
If they do that, that's bcoz they can bare the consequences.

If you get more sometime, that's bcoz you get face being youngest.
If you get bullied by them, that's bcoz you are asking what you don't deserve.

If you naughty, they said "Yes, bcoz she is youngest"

If they naughty, they said "You have no place to judge me!"

OH well.... You become this personality somehow...
a
nd at the gathering , people will laugh and say
which You hate to hear the most...
"The youngest! The Naughtiest" hahaha blah blah blah... (THAT'S NOT EVEN FUNNY)

At that time you don't wanna response anymore by now...
Just give them a glance and ignore
In your mind... you utter
"GO HELL... THAT'S BCOZ NOT EVERYONE IS THE YOUNGEST"

You can agree or not agree with me...
I am just gonna say...
"GO HELL... THAT'S BCOZ NOT EVERYONE IS THE YOUNGEST "

"THINK WHATEVER U LIKE AND SAY WHATEVER UNCONSIDERED THINGS TO ME WITH THOSE FAKE LAUGHTERS...
I DON'T CARE..."
COZ "I AM THE YOUNGEST AND I HAVE AN ABILITY TO DO THAT"

Just go and write about Being Eldest or Being Middle or whatever position you are...
BUT DON'T JUST COME AND SAY U DON'T AGREE...
COZ "I DON'T CARE"

တဖက်သတ် နှစ်ပတ်လည်...

တနေ့ကအထိ ဂျန်ဂမ်ဆပ်ရဲ့ စကာင်္ပူကိုဆိုက်မဲ့ လေယာဉ်ချိန်ကို မသိရခဲ့ပါဘူး... သူ့ပွဲကို ဦးစီးတဲ့အဖွဲ့က ကိုရီးယားဘက်က ခွင့်ပြုချက်မရလို့ လေယာဉ်ချိန်ကို ကြေငြာပေးလို့မဖြစ်နိုင်ပါဘူးလို့ရေးထားခဲ့တော့ မျှော်လင့်ချက်တော့ သိပ်မရှိခဲ့ပါဘူး... ဒါပေမဲ့ တွေ့ဖို့ကံပါနေလို့လားတော့ သိဘူး (ကိုယ့်ဟာကိုယ်ဇွတ်ကို ကံပါနေတော့တာ)... မနေ့က မနက် ၄နာရီမှာ အိပ်မရပဲ နိုးလာခဲ့တယ်... ဒါနဲ့ အင်တာနက်မှာ ဟိုရှာဒီရှာနဲ့ သူ့လေယာဉ်ချိန်ကို ရှာမိရင်း သူ့လေယာဉ်ချိန်ဟာ မနေ့က နေ့လည် ၂နာရီဖြစ်ကောင်းဖြစ်နိုင်ကြောင်း... သောကြာင်္နေ့မှာ ကိုရီးယားက ဆိုက်မဲ့လေယာဉ်က ဒီတစ်စီးပဲရှိကြောင်း... တွေ့ချင်ရင် ကံစမ်းကြည့်နိုင်ကြောင်း... သေချာသလောက်တော့ မှန်ကန်ကြောင်း ဘလော့တစ်ခုမှာတွေ့လိုက်တယ်... ဒါနဲ့ ကိုယ်လဲအားတာနဲ့ သွားကြည့်မယ်ပေါ့ဆိုပြီး ဆုံးဖြတ်လိုက်တယ်...

အိမ်မှာ ကွန်ပြူတာပြင်ဖို့ သူငယ်ချင်းကို မနက် ၁၀နာရီချိန်းထားပြီးမှ ဟိုကို နေ့လည် ၁၂နာရီလောက် အရောက်သွားဖို့ ကိုယ်ကဆုံးဖြတ်ထားတော့ ပြင်တာ မပြီးမှာစိုးတယ်... သူ့ကို စောစောလာစေချင်တယ်... ဖြစ်ချင်တော့ ၁၀နာရီထိရောက်မလာလို့ မတ်စေ့ပို့လိုက်မှ သူကခုမှနိုးတယ်တဲ့... ဒါနဲ့ "ငါ ၁၂နာရီ လေဆိပ်သွားမလို့" လို့ပြောတော့ သူကလဲ သိတယ်... ကိုရီးယားမင်းသားနဲ့ဆိုရင်တော့ မဗေဒါတို့က တကယ်စောင့်မှာ မဟုတ်ဘူးဆိုတာ... အဟိ... ၁၂နာရီထိုးခါနီးကျမှ သူတိုက်စီနဲ့ရောက်ချလာတယ်... ကျွန်မလဲ အမြန် အကျီင်္လဲ ကင်မရာယူပြီး ထွက်တော့မယ်လုပ်ရင်း ဖေဖေနဲ့မေမေကို "သမီး လေဆိပ်မှာ ဂျန်ဂမ်ဆပ်သွားကြိုလိုက်အုံးမယ်" လို့ပြောတော့... ကျွန်မဖေဖေက "ရန်ကုန်က ၀ယ်လာတဲ့ ခေါက်ခုံလေးပါ ယူသွားအုံး" ဆိုပြီး သတိပေးတယ်... (ဟိုတစ်ခေါက်က 2pm fan sign Event မှာတုန်းက ကောင်မလေး ၂ယောက်ယူလာတဲ့ ခေါက်လို့ရတဲ့ ကော်ခုံလေးတွေကိုတွေ့ကတည်းက စကာင်္ပူမှာလိုက်ရှာတာ ဘယ်မှာမှရှာလို့တွေ့ဘူး... မြန်မာပြည်ပြန်မှ Ruby Mart မှာ မထင်မှတ်ပဲတွေ့လို့ဝယ်လာတာ...) အမှန်တော့ ကိုရီးယားမင်းသားတွေ လေဆိပ်မှာသွားကြည့်ရင် ဖေဖေက မကြိုက်ပါဘူး... ဒါပေမဲ့ ဂျန်ဂမ်ဆပ်ဆိုတော့ ပြောလို့မရမှန်းသိလို့ တမင်ရွဲ့ပြီး ထိုင်ခုံပါယူသွားလို့ပြောတာ...

လေဆိပ်ကိုသွားတော့ စိတ်လောနေပြီး တာမီနယ် ၁မှာ မှားဆင်းမိတယ်... နောက်မှ မဟုတ်သေးပါဘူးဆိုသေချာကြည့်မှ မှားနေမှန်းသိတာနဲ့ sky train နဲ့ တာမီနယ် ၂ကိုသွားရတယ်... စိတ်ထဲထိပ်သွားတာပဲ... မှားပြီးထိုင်စောင့်နေမိရင် ဒုက္ခ... တာမီနယ် ၂ arrival hall ကိုရောက်ရင်ပဲ အဲဒိမှာ barrier တွေချနေတာတွေ့တာနဲ့ ပျော်သွားတာပဲ... သူလာမှာ ၉၉ရာခိုင်နှုန်းလောက်သေချာသွားပြီလေ... ဒါနဲ့ ဖေ့ဘွတ်မှာတောင် မသိတဲ့သူတွေအတွက် ဒီသတင်းကို စတေးတပ်မှာ အမြန်တင်လိုက်တယ်... အစက မသေချာတော့ သိပ်မပြောချင်ဘူးလေ... ကျွန်မတို့ရောက်တဲ့အချိန်မှာ ကောင်မလေး ၁၀ ယောက် အယောက် ၂၀လောက်ပဲရှိအုံးမယ်... နောက်တော့ တဖြည်းဖြည်းနဲ့ ကြာလာတော့ အယောက် ၁၀၀ ကျော်လောက်တော့လာတယ်... ဒါပေမဲ့ လေယာဉ်ချိန်တရားဝင်မကြေငြာတာရော... သူ့ပွဲက အဲဒိနေ့ ည ၇နာရီမှာရှိတော့ ပွဲအတွက် သွားတန်းစီနေတဲ့သူတွေ လေဆိပ်မလာနိုင်တာရောကြောင့်ထင်တယ် ဒီလောက်ပဲလာတာ... မနှစ်ကတော့ ပိုများတယ်... အယောက် ၃၀၀ ၄၀၀လောက်လာတယ်...

ထွက်ပေါက်မှာတော့ သူ့ကိုလာကြိုတဲ့ကားကြီးမှန်းသိသာတဲ့ အဖြူရောင် limousine ကားအရှည်ကြီးကို တွေ့ရပါတယ်...
သူစီးမဲ့ကားကြီး
Jang Keun Suk ကို အာဂျူမာတွေ အကြိုက်များတော့ အသက် ၄၀ အရွယ်လောက်ရှိတဲ့ အန်တီကြီးတွေလဲတွေ့တယ်...

၂နာရီ ၂၀မိနစ်မှာမှ သူ့လေယာဉ်ဆိုက်တယ်... တော်တော်နဲ့ထွက်မလာဘူး... ကျန်တဲ့ခရီးသည်တွေ အကုန်ကို စောင့်နေတာထင်တယ်... နောက်မှထွက်လာတယ်... သူအင်မီဂရေးရှင်းကထွက်လာတာနဲ့ ကျွန်မဗွီဒီယိုကင်မရာကို ဇွန်းဆွဲကြည့်လို့မြင်နေရတယ်... ခုံလေးယူသွားတော့ အတော်ပဲ ခုန်ပေါ်ကရပ်ပြီး ရိုက်တော့ လက်သိပ်မတုန်ဘူး... နောက်မို့ဆို ဟိုတန်းပေါ်တက်ရပ် ဒီတန်းခို မမှီတမှီရိုက်ရမှာ... အဖြူရောင် skinny jean ဘောင်းဘီနဲ့ ကုတ်အနက်ရောင်မှာ မီးခိုးရောင် scarf လေးပုခုံးပေါ်မှာချလာတယ်... နေကာမျက်မှန်နဲ့ ဆံပင်ကတော့ You are my Pet မရိုက်ဖြစ်သေးတော့ ခုထက်ထိမညှပ်ရသေးဘူး... အရှည်ပဲ... သူကိုင်နေကျ သူ့ရဲ့ လက်ကိုင်အိတ်ကြီးတော့ ပါမလာတော့ဘူး... လှမြဲပါပဲ... သူက အမြဲတမ်းမှန်ခန်းထဲမှာဆိုရင် မှန်နားကပ်လျှောက်တယ်... ပရိတ်သတ်က သူ့ကို အနီးကပ်ပိုမြင်ရတယ်... မနှစ်က ရဲကိုလက်ကာပြီး ပရိတ်သတ်နား Fly kiss ပေးတာ ဆူများခံလိုက်ရလို့လား မသိဘူး ဒီနှစ်တော့ မနှစ်ကလောက် အတင့်မရဲတော့ဘူး... လမ်းလယ်တည့်တည့်ကပဲ တာ့တာပြတယ်... fly kiss တွေ အသည်းပုံလေးတွေလဲလုပ်တယ်... မျက်နှာကတော့ လုံးဝ အပြုံးမပျက်ချိုနေတာပဲ... သူ့ကိုသဘောကျတာ အဲဒိအချက်ပဲ... သူ့စိတ်ထဲ စိတ်ညစ်ကောင်းညစ်နေမယ်... စိတ်ရှုပ်ကောင်းရှုပ်နေမယ်... ဘယ်လိုပဲဖြစ်ဖြစ် ဒီလုပ်ငန်းသဘောအရ သူ့အပြုံးကတော့ အမြဲရှိတယ်... အချိန်တိုင်းပြုံးပြနေနိုင်ဖို့ဆိုတာ ကျွန်မအတွက်တော့ အတော်ခက်မယ်... သူက မင်းသားပဲ ဒါတော့လုပ်နိုင်ရမှာပေါ့ဆိုပင်မဲ့ မလုပ်နိုင်တဲ့သူတွေ မလုပ်နိုင်ဘူးလေ... VIP ပေါက်ကမထွက်ပဲ အရင်လို ရိုးရိုးပေါက်ကပဲထွက်တဲ့ JKS ကို ပိုနာမည်ကြီးလာပင်မဲ့ မပြောင်းလဲသေးလို့ ကျေနပ်မိတယ်...

ကျွန်မလဲ JKS ကျော်သွားတော့ အရင်လိုပဲပေါ့... ဘေးဘက်ကနေ သူ့နောက်ပြေးလိုက်တာပေါ့... သူငယ်ချင်းကို "နင်မလိုက်ချင်ရင် ငါ့ခုံလေးကြည့်ထားပေးပါ... ငါတော့ ပြေးပြီ" ဆိုပြီး ထွက်သွားလိုက်တယ်... လူက ခါတိုင်းလို ၃ ၄ထပ်မဟုတ်တော့ ဘေးက ပြေးလိုက်နေရင်းနဲ့လဲ သူ့ကို မြင်ရတယ်... သူ့ရဲ့ကားရှည်ကြီးထဲဝင်သွားပြီး ကောင်မလေးတွေကပ်နေတဲ့အတွက် ကားက ၂မိနစ် ၃မိနစ်လောက်ထွက်လို့မရဖြစ်နေတယ်... ရဲတွေက ကပ်နေတဲ့ မိန်းကလေးတွေကို ဆူဆဲအော်ငေါက်ရိုက်တော့မှ ရတယ်... ကျွန်မလဲ ဗွီဒီယိုနဲ့တတ်နိုင်သလောက်လိုက်ရိုက်တယ်... ကားထဲဝင်သွားပြီးတော့ ကားမှန်က စတစ်ကာတွေကပ်ထားတော့ ဗွီဒီယိုမှာ မမြင်ရတော့ဘူး... ဒါပေမဲ့ မျက်လုံးနဲ့ကြည့်ရင်တော့ ဘောင်းဘီအဖြူဝတ်ထားတဲ့သူ့ကို ဘယ်မှာထိုင်နေလဲ ဘာလုပ်နေလဲ မြင်ရတယ်... ကားထဲရောက်သွားတော့ အထဲကနေ ဘာလုပ်ပြနေလဲတော့ မသိဘူး ကားဘေးရပ်နေတဲ့ ကောင်မလေးတွေက ထထအော်တယ်... ကျွန်မနောက်ဘက်ကနေ မြင်လိုက်တာတော့ သူ တာ့တာတွေပြလိုက် ဘာလိုက်နဲ့ ကားထဲမှာ ငြိမ်ငြိမ်ထိုင်မနေတာတော့သိတယ်... သူ့ကားကြီး ၄မိနစ်လောက်ကြာတော့မှ လူအုပ်တွေရှဲပြီး ဖြည်းဖြည်းချင်းထွက်သွားတယ်...

ကျွန်မလူအုပ်ထဲက ထွက်တော့မှ အပေါက်ဝ မှန်ဘေးမှာ သူငယ်ချင်းကိုပြန်တွေ့တယ်... ခုန်လေးခေါက်သိမ်းပြီးစောင့်နေတယ်... ထိမ်းမရတဲ့ ကောင်မလေးတွေ အများကြီးတွေ့တော့မှ ကျွန်မဘာလို့ အဖြစ်သည်းလဲ နားလည်သွားပြီထင်တယ်... ဟတ် ဟတ်... သူတောင် ဆဲမယ်ကြုံးဝါးထားပြီး တကယ်မင်းသားလာတော့ ကောင်မလေးတွေအော်ကြတာရော သူလဲ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပဲ သူ့ဖုန်းနဲ့ ဓာတ်ပုံလှမ်းရိုက်တာ ရတော့ရလိုက်တယ်... မင်းသားမျက်နှာသေးသေးပဲပါတာ တစ်ပုံ... နောက်ကျောတစ်ပုံ... (မဗေဒါတို့များ အဖော်ခေါ်သွားတိုင်း ရိုက်လိုက်ရင် တော်ကြတယ်... မင်းသားနောက်ကျောတွေချည်းပဲ)...
သူရိုက်ခဲ့တဲ့ပုံ

နောက်ကျောပဲရလိုက်ပြန်ပြီ...
ကျွန်မကတော့ ဒီတစ်ခေါက် သူ့ပုံတော်တော်ကြာရလိုက်တယ်... ခုတော့ ကွန်ပြူတာပျက်နေလို့ အက်ဒစ်လုပ်လို့မရသေးဘူး... နောက်မှတင်လိုက်မယ်... နောက်တစ်ခေါက်တော့ သူ့ကို မဗေဒါ မျက်လုံးနဲ့ပဲကောင်းကောင်း အ၀ကြည့်တော့မယ်... ဗွီဒီယိုမရိုက်တော့ဘူး... ဒီတစ်ခေါက်လဲ အဲလိုနောင်တရမှာစိုးလို့ ရိုက်လိုက်ကြည့်လိုက်လုပ်နေတာ... ကြည့်လိုက်တာနဲ့ ဗွီဒီယိုထဲမှာ လွတ်သွားရော... သူငယ်ချင်းကတောင် သူ့ကို "ဒီကောင်က အသားအရည်တော့ တော်တော်လှတယ် ဖြူဖွေးနေတာပဲ..." တဲ့... နောက်မှ ကျွန်မကို ရွဲ့ပြီး "ဆံပင်ကအရှည် ပိန်ညောင်ပြီး မိန်းမနဲ့တူတယ်" တဲ့... ဘယ်လိုပဲဖြစ်ဖြစ်လေ... ဒီခေတ်မှာ မိန်းကလေးအများစုက သူ့ကို ချောတယ်လို့သတ်မှတ်ထားလို့ ခုလို နှုတ်ခမ်းနီမလေးတွေ အသည်းစွဲဖြစ်ပြီး အသက် ၂၀ကျော်နဲ့ Seoul မြို့လယ်ခေါင်က အမေရိကန်ဒေါ်လာ 92 million တန် တိုက်ခန်းတွဲကြီးကို ၀ယ်နိုင်ခဲ့တာမှတ်လား... (နောက်ပိုစ့်တွင် ထိုသတင်းဖော်ပြပေးပါမည်)...

လောလောဆယ်တော့ သူများတွေရိုက်လာတဲ့ ဓာတ်ပုံတွေရယ် ဗွီဒီယိုတွေရယ်ရှူစားကြပါ...

သူလာပြီ...






ကောင်မလေးတွေအုံနေပြီ ကားထွက်လို့ရဘူး...

သူတည်းနေကျ ဟိုတယ်... Ritz Carlton



Photo credit as tagged+weibo




Video credit to Xinmsn

ဒီအောက်ကပုံတွေကတော့ မနေ့ကည ၇နာရီက Press conferenceနဲ့ ဓာတ်ပုံအရိုက်ခံပွဲကပုံတွေနဲ့ ဗွီဒီယိုတွေပါ... အဲဒိ အုပ်စုလိုက် ဓာတ်ပုံ အရိုက်ခံဖို့အတွက်ကို ပထမဦးစွာ သူ့ FM ရဲ့ ဈေးအကြီးဆုံးအတန်းကို ၀ယ်ယူထားသူဖြစ်ရမယ်... ပြီးရင် အယောက် ၃၀ပါ အုပ်စုပုံ တစ်ပုံရိုက်ခံဖို့အတွက် ၄၈ဒေါ်လာနဲ့ လက်မှတ်ကို ထပ်လုယက်ဝယ်ရပါမယ်... ဒီလိုဒီလို ဒုက္ခခံ ပိုက်ဆံအကုန်ခံ ပြီး ၀ယ်လို့ ရလာတဲ့ လက်မှတ်ပိုင်ရှင် မိန်းကလေးတွေပါ... မဗေဒါလဲ Terms and conditions တွေဖတ်ပြီး လုံးဝကို မကြိုးစားတော့ပါဘူး... တစ်ယောက်ချဉ်းတွဲရိုက်ရမယ်ဆို တန်ပါတယ်... (နေတိုးတို့ ထွန်းထွန်းတို့ဆို သိပ်စိတ်ချမ်းသာတာပဲ... သူများတွေ ဓာတ်ပုံလေးတွဲရိုက်လို့ရမလားဆိုတာနဲ့ ချက်ချင်းပဲ... သိပ်ဖော်ရွေတာ)...

အောက်က ဓာတ်ပုံရိုက်ခံတဲ့ ဒုတိယမြောက်ဗွီဒီယိုမှာ အောက်ကထိုင်ရိုက်ခံနေမိန်းကလေးက ဓာတ်ပုံရိုက်အပြီးမှ ထပြီး မင်းသားကို ဖက်ဖို့ကြိုးစားတာကို security တွေ အတင်းတွန်းထုတ်ပြီး မင်းသားကို မိန်းကလေးအုပ်ထဲကဆွဲထုတ်လိုက်ရတာတွေ့ရတော့ ကျွန်မ ၂ဦး ၂ဘက်လုံးအတွက် စိတ်မကောင်းပါဘူး... ပထမဦးစွာ မင်းသားဘက်ကကြည့်မယ်ဆိုရင်လဲ... သူ့ခမျာ လေတိုက်ရင်တောင် ကျိုးလောက်တဲ့ လှပတဲ့ ခါးရိုးလေးနဲ့ ပင်ပင်ပန်းပန်း ၆နာရီလောက် လေယာဉ်စီးလာပြီး ဒီ Event ကိုလာရတာ... အတော်လေး စိတ်ပင်ပန်းနေမှာပဲ... ဒီကြားထဲ မိန်းကလေးတွေက ၀ိုင်းဆွဲကြတော့ စိတ်ရှုပ်မှာပေါ့... သူ့ခမျာ ယိုင်တောင် ယိုင်သွားတယ်... သူ့ကိုလာဆွဲထုတ်တဲ့ security တွေလက်ထဲမှာ အရုပ်လေးလိုပဲ ပါသွားတာ...

ဒါပေမဲ့ သူ့မျက်နှာပေါ်က အပြုံးကတော့ Print နှိပ်ထားတဲ့အတိုင်းပဲ လုံးဝမပျက်သွားပါဘူး.... ကျွန်မသူ့ရဲ့ ၁စိတ်လောက်လေး စိတ်ထားပြီး မျက်နှာချိုနိုင်ရင်တော့ အတော်လူချစ်လူခင်ပေါသွားလိမ့်မယ်ထင်တယ်...

ဒါပေမဲ့ တစ်ဖက်က ပရိတ်သတ်မိန်းကလေးဘက်ကကြည့်မယ်ဆိုရင်လဲ သူ့ခမျာ ဒီဓာတ်ပုံရိုက်ခွင့်ကို ခက်ခက်ခဲခဲ အချိန်ကုန် ငွေကုန် လူပမ်းခံပြီးဝယ်ထားရတာ သူဒီလောက်လေးပဲ မင်းသားနဲ့ အုပ်ရော ကျောက်ရောနေလိုက်ရတယ် ဆိုတော့ အားမရဘူးဖြစ်ပြီး တစ်ခဏတာအတွင်းမှာ လုပ်မိသွားတာဖြစ်နိုင်တယ်... အဲဒိလို အားမလို အားမရဖြစ်တဲ့စိတ်ကို ကျွန်မလဲ မနှစ်က ရှိုးသွားကြည့်တော့ အနည်းနဲ့ အများ ခံစားဖူးတယ်... ဒါပေမဲ့ မလုပ်ရက်ဘူး... အထူးသဖြင့် ကျွန်မစိတ်ထဲမှာ သူကျွန်မကို သတိထားမိမှာတောင် ပိုစိုးတယ်... ကျွန်မက သူနဲ့ ယှဉ်လို့မှ လုံးလုံး မလှတာ... သူကတော့ မျက်နှာမှာတော့ ငါ့ပရိတ်သတ်ဆိုပြီး ရီပြုံးဆက်ဆံနေပင်မဲ့ စိတ်ထဲမှတော့ သူတွေ့တဲ့လူတွေကို Judge နေမှာပဲ... ကိုယ့်မျက်နှာသွင်ပြင် လှတာမလှတာက အသာထားအုံး... ကိုယ့် အပြုအမူကြောင့် မင်းသား အထင်သေးသွားမှာ စိတ်အနှောင့်ယှက်ဖြစ်သွားမှာကို ပိုကြောက်တယ်... သူကိုယ့်ကို သတိထားမိလိုက်တောင် အဲဒိအချိန် စက္ကန့်ပိုင်းလေးပဲဖြစ်မှာ... ဒီထက်ပိုမှာမဟုတ်ဘူး... ဒါကို အရှက်ကွဲခံပြီး ဘာလို့ကြိုးစားတော့မလဲ... ဒါက ကျွန်မရဲ့ ခံယူမှုသက်သက်ကိုပြောတာပါ... သူများတွေတော့ ဘယ်လိုမြင်မလဲမသိဘူး... သူတို့က မင်းသားနဲ့ ဒီလောက်လေးတွေ့ရတာတောင် အချိန်ကုန် လူပမ်း ပိုက်ဆံကုန်ရတာ တန်တယ်လို့ယူဆလို့ မင်းသားကို ကျွန်မကြိုက်တာထက် ပိုကြိုက်လို့ လုပ်ကြတာလဲ ဖြစ်နိုင်ပါတယ်... ကဲ... ပြောချင်တာတွေလဲ ပြောပြီးပြီ... ဓာတ်ပုံနဲ့ ဗွီဒီယိုလေးတွေကြည့်လိုက်ပါအုံး... ဘိုင်သဝေး... မင်းသား press conference မှာ ၀တ်ထားတဲ့ အင်္ကျီလေးက အသားလေးလဲ အေးမယ် ဒီဇိုင်းလေးကလဲ လှတယ်... တော်တော်လှတယ်လို့ ကျွန်မထင်တယ်... Millionaire actor ၀တ်တဲ့ အကျီင်္မို့ထင်တယ်...






credit: as tagged + weibo + sundaymandarin + Kokokoreano











Youtube video for photograph session at sniffiv

Friday, April 22, 2011

My Gmarket obsession

Recently I am obsessed with Gmarket online shopping. I've bought several things such as cosmestic, skin care and socks from that site and it is amazingly make me amuzed. The hope of waiting for the percal to arrive and the thrill of opening the parcel when it arrive is really exciting. Coz u are happy to received the items but u still need to worry about damages inside the box or parcel. Or items u bought could be wrongly sent to u.

But I've never encountered these problems before. I received all the items well packed and correct orders. I've never bought the clothes from online though. Cos normally clothes quality may vary from picture they show and when u recieved. You have to make sure the materials they used and the size of the product clearly. I may try one day sooner.

If u want to buy from Gmarket but u don't know whether the seller is trusted or not, u can read the review of others buyers. Sometime their advise help too. But Still it's ur risk if u buy from online. So normally I just buy from best seller and I read the review. If u want to know something, u can posted the question and ask the seller too. Isn't that good enough to buy from there?

For some products which has base in Singapore, the delivery take only 2 or 3 days. But some products are directly shipped from Korea. If so, it takes at least 2 weeks.

This website is actually originated from South Korea. They have their own language online shopping Gmarket site. If u are able to read korean language, that website is even more cheaper and give out lots of free gifts. But since I can't read Korean, I just shop from gmarket singapore base. Even though it's originated from Korea, for singapore base gmarket, u can see Taiwan product and others countries products as well. Pay with Singapore doller and it's easy to access.

So enjoy shopping at www.gmarket.com.sg and your money will just jump out from ur pocket while u staying home or working just like me. Ha Ha... Anyway, It's cheaper than others place if u can browse around.

Let me share some photos of products which I bought from there.

Dermal Facemask arrived in 3 days with nicely packed

2nd layer packing

Here it is... Blue is for men.. The quality nice. I saw on Plaza Singapora selling S$1.90 per mask.. I bought it around 50 cents per mask (but u need u add shippin fees) .. Now selling even cheaper...

My cutie socks are arrived after long wait of 2 weeks.




Arn't they cute? U must combine both side of sock to become one picture. Lots of design and cartoon characters. I love it. It's around S$2 per pair including shipping fee but i saw Cause Way point "mini toon" shop selling with S$5. Well... anyway online shopping has risk and they don't have room rental fees. I love the socks but I don't know why the size different from pink and white one.

Arn't they cute? the lips of that cute little things is coming out actually. i love them.

Men socks are nice design. There are cartoon character socks of Idols like SHinee and SNSD member too.

Ordermall shipped my nail polish.... take 2 weeks... :)

Nicely packed with bubble bag. No damage at all.

I wanna make strawberry nail... so I order these colour... But I didn't get forest green colour.. so I just ordered Lime green... Nice too.. Very fast drying... I help my colleagues do strawberry nail too and they love it.

If u wanna use nail polish, u must have base coat, top coat and safety nail remover, right?

Tony Moly Eggpore pack... I bought it while on promotion... It's only S$9.90 (but u need to add shipping fees too) I used it twice and the result is good. I am gonna try other product from Tony Moly too.

Eggpore pack... It helps reduce ur pore around ur nose and cheek area... only 2 or 3 times a week use and it's enough. I couldn't able to get Tomato mask... A lot people said it's nice and sold out very quickly...

Tuesday, April 12, 2011

The mess in City Hall on April 10 :(

I reached to City Hall, Peninsula Plaza which most of Burmese stuffs can get (kind of Burmese plaza) around 8PM on 10th April 2011, a day we celebrate our new year water festival in Singapore. But I am speechless when i saw the mess.
 
Yes... I am Burmese aka Myanmar. But I don't like this mess and I am not one of those who made this mess. I've mentioned and pointed out about this action without discipline which we need to improved to gain better impression on how others nationalities view upon us. Do we want them to keep looking down on us? Do we want others to keep discriminating on Burmese for this reasons? I had once got one opposition comment for 2009 thingyan review post. He said that they just having fun bcoz it's one and only day for them to celebrate and let their stress out. So they don't have reason to care for other nationalities view on them.

I think that's so wrong.... It's for your moralities. One should not think like "no matter how much mess we've made, it's cleaner's duty to clean all these mess." Come on,  we are making our living in other people country. Pls be considerate. For Example, when you were a child, guests came to your house with their kids and their kids make a mess in your house. How would you feel about that?? Why can't those people who made a mess understand a small basic courtesy in such working age???

Cleaners are paid to clear normal rubbish. Not the mess you've made. Be responsible for your behaviors.  Lets say you leave your rubbish at the corner and nobody see it. It's just you know and you leave there quickly and quietly. No one is as disadvantage as you are by this behaviors. Coz it's your moral which has already destroyed by yourselves. I am sure you know that it is not something to be proud deep down inside of your heart. From this little behavior, as time goes by your moral virtue is already gone and your life will never be better. Be responsible for your behavior. Coz it's effecting others.

Those who donate free food in City Hall, I am just wondering why they don't provide enough rubbish bags?? Why don't they responsible just like Sembawang Thingyan if they want to donate? I find Sembawang Thingyan is very well discipline. There might be more or less rubbish and drunken men but it's still in control and acceptable condition. Almost all as much as I saw are good and well behave people.(will write about Toa PaYoh Thingyan and Sembawang Thingyan in later post).

Will you have a sense of shame like me if you see below pictures?









I don't know who cause this mess but I want to say "SHAME ON YOU"










I feel really bad and guilty when i saw the cleaner lady cleaning all this mess. I am not the one who made the mess but anyway it was done by someone who sharing same nationalities as me... Myanmar....

Friday, April 01, 2011

Crocodile attack at Zoo (ဓာတ်ပုံနှင့်တကွ)



စကာင်္ပူ တိရိစ္ဆာန်ရုံအတွင်း အလည်အပတ်ရောက်ရှိလာသော ခရီးသည်တစ်ဦးအား တိရိစ္ဆာန်ရုံအတွင်းရှိ မွေးမြူထားသော မိချောင်းက အမှတ်မထင် လွတ်မြောက်ကိုက်ဆွဲကြောင်း သိရှိရပါတယ်... တိရိစ္ဆာန်ရုံအတွင်း ယခင်က လူဝံလွတ်မြောက်ခြင်း ပြဿနာ၊ လူသားစား ကျားပြဿနာ များဖြစ်ပွားခဲ့သောကြောင့် ယခုတစ်ကြိမ်ထပ်ဖြစ်ပွားသော ကိစ္စကို တိရိစ္ဆာန်ရုံအမည်ထိခိုက်မည်စိုးရိမ်သဖြင့် ဒီသတင်းကို မပြန့်ပွားစေရန် သတင်းဋ္ဌာနများနှင့်တကွ အခြားသော မီဒီယာများကို တင်ပြခွင့်မပေးခဲ့ပေ... အဲဒိနေရာတွင် လက်ရှိရောက်ရှိနေသော ကျွန်မကသာ ဓာတ်ပုံရိုက်ယူနိုင်ခဲ့ပါသည်...
အောက်ပါ ပုံမှာ အလွန်တရာ ခြောက်ခြားဖွယ်ကောင်းသဖြင့် စိတ်မခိုင်သောသူများ မကြည့်ကြပါရန် ကြိုတင် သတိပေးလိုပါတယ်...

 ၁၀



























သေချာစွာစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ လူကို ဆွဲသော မိကျောင်းမှာ တိရိစ္ဆာန်ရုံအတွင်းရှိ အလှပြ အရုပ်ဖြစ်ကြောင်း ဧပြီလ ၁ရက်နေ့ Apirl Fool  အစီအစဉ်အနေနဲ့ တင်ဆက်လိုက်ရပါတယ်... Happy Apirl Fool.... Our new year Water Festival is coming soon.... တူးပို့ တူးပို့.... အချိန်တန် ဂိမာန်နွေဦး.... မသွေပြန်တောင်ယံလေရူး.... အချိန်အခါဝေဆာ ပွင့်လာဖူးတဲ့ အိုပိတောက်ဖူးးးးးးးးးးးးးးးးးး............