Sunday, June 27, 2010

Meet with Lee Min Ho again in SG


စကာၤပူက လီမင္ဟို ပရိတ်သတ်တွေအတွက် သူနဲ့ ထပ်တွေ့ရဖို့ အခွင့်အရေးရှိလာပြန်ပါပြီ... LG’s latest Android-powered smartphone, the LG Optimus GT540 ပရိုမိုးရှင်းအတွက် လီမင်ဟို စကာင်္ပူသို့ တဖန်ရောက်လို့လာပြန်ပါပြီ... သူနဲ့တွေ့ချင်တယ်ဆိုရင်တော့ LG Optimus GT540 ဖုန်းကို S$418/- without contract နဲ့ SingTel, Starhub and M1 outlets, as well as at Arrow Communication retail stores, Handphone Shop outlets, and LG concept stores တွေမှာ ၀ယ်ယူနိုင်ပါတယ်... အဲဒိဖုန်းဝယ်တဲ့ ပထမဆုံး အယောက် ၁၅၀၀ ကို တစ်ဦးလျှင် လက်မှတ် တစ်စုံစီရမှာဖြစ်ပါတယ်... First come First serve ဖြစ်တဲ့အတွက် အမြန်ဆုံးဖြတ်ပြီး အမြန်ဝယ်ယူသင့်ပါတယ်... အဲဒိ အယောက် ၁၅၀၀ ကတော့ လီမင်ဟိုနဲ့ 31 July 2010 ရောက်ရင် the Marina Bay Sands မှာ သူ့ကို တွေ့ရမှာဖြစ်ပါတယ်...

ဒါ့အပြင် အဲဒိ လက်မှတ်ကိုင်ဆောင်ထားသူထဲက www.lgoptimus.com.sg ဒီဝက်ဆိုဒ်မှာ သွားပြီး အွန်လိုင်း ရက်ဂျစ်စတာ လုပ်မယ်ဆိုပါက ကံထူးလျှင် လီမင်ဟိုရဲ့ လက်မှတ်ထိုးပွဲနဲ့ ဓာတ်ပုံရိုက်ပွဲကို တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်...



လက်မှတ်ထိုးပွဲအတွက် လူအယောက် ၂၀၀ ကို မဲဖောက်မှာဖြစ်ပြီး... ဓာတ်ပုံရိုက်ပွဲအတွက်တော့ ကံထူးရှင် အယောက် ၁၀၀ ရှိမှာဖြစ်ပါတယ်....


ဒါတွေနဲ့တင် စိတ်လှုပ်ရှားရတာ မကသေးပါဘူး... အဲဒိပွဲသွားတဲ့ထဲက လီမင်ဟို စိတ်ကြိုက် ကံထူးရှင် ၅ယောက်ကို ရွေးပြီး သူနဲ့အတူ personal time ရှိခွင့်ရမှာဖြစ်ပါတယ်...

LG Optimus GT540 presents
Meet and Greet with Lee Min Ho
Date: 31 July 2010, Saturday
Time: 1.30pm – 3.30pm
Venue: Hall F Basement 2, The Sands Expo & Convention Center, Marina Bay Sands
10 Bayfront Avenue, Singapore 018956
Official website: LG Optimus GT540 (Singapore)

ဆီပုံးမှာတော့ hh ဆိုသူက လီမင်ဟို လက်မှတ်ကို ၁၀၀ နဲ့ ရောင်းမယ်လို့ ပြောသွားပါတယ်... စိတ်ဝင်စားသူများ သူ့ကိုဆက်သွယ်လိုက်ကြပါ... မဗေဒါကတော့ အလကားလဲရမယ်... အားလဲအားမယ်ဆိုရင်တော့ သွားကြည့်ချင်ပါတယ်... ဒါမှမဟုတ်ရင်တော့ မသွားတော့ပါဘူး... သွားလဲ အမြဲ ကံမကောင်းတတ်တဲ့ကျွန်မ အဲဒိ ကံထူးရှင် ၅ယောက်နေရာ ရဖို့နေနေသာသာ... ဟို အရောက် ၃၀၀ ထဲ ပါရင်တောင် ကံကောင်း... အဲလိုမှ မဟုတ်ရင် ကိုယ့်ဘာသာကိုယ် စိတ်ဓာတ်တွေအလကားနေ ကျနေအုံးမယ်... ပြီးတော့ သွားလိုက်လို့ ဂျန်ဂမ်ဆပ်လို ရောဂါတက်ပြီး ပိုဆိုးသွားပါအုံးမယ်... လေယာဉ်ကွင်းတော့ သွားရင်ကောင်းမလားမသိဘူး... flight detail လေး ရှာဖွေ မွှေနှောက်ကြည့်ပါအုံးမယ်...

Source from http://www.izone.sg/2010/06/19/ebuzz-events-meet-lee-min-ho-with-lg-optimus-gt540/

Tuesday, June 22, 2010

New MTV of TOP - Turn It Up

Big Bang ထဲက Rapper TOP ရဲ့ music video အသစ်လေးကို ဒီတစ်ခါတော့ မျှဝေချင်ပါတယ်...

Big Bang အဖွဲ့ကို သိတဲ့သူတိုင်း TOP ဆိုတဲ့ မိုက်ကန်းကန်းပုံစံနဲ့ ကောင်လေးကိုလဲ သိကြမယ်လို့ထင်ပါတယ်... အဲ... ပြောရမယ်ဆိုရင်တော့ သူတို့ အဖွဲ့တစ်ဖွဲ့လုံးက ဂျစ်ကန်ကန် မိုက်ကန်းကန်းပုံစံလို့ပဲ ပြောရင်ရမယ်ထင်ပါတယ်... အဲဒိလို မိုက်ကန်းကန်း အိုက်တင်နဲ့ စတိုင်လေးတွေကြောင့်ပဲ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲ Big Bang ရယ်လို့ ဖြစ်နေတယ်လဲ ထင်ပါတယ်... သူတို့ အဖွဲ့ MV တွေကြည့်တိုင်း TOP ကို အ၀မကြည့်ရလို့ ခု သူ့ရဲ့တစ်ကိုယ်တော် သီချင်း Turn It Up မှာတော့ သူ့ပုံကို ကောင်းကောင်းမြင်ရလို့ သဘောကျလို့ပါ... သူ့ရဲ့ အရင်က တစ်ကိုယ်တော် MV တွေကိုလဲ ကြည့်ဖူးပါတယ်... ဒါပေမဲ့ ဒီအခု MV အသစ်လောက် ကင်မရာ ငြိမ်ငြိမ်နဲ့ သူ့ကို အားရအောင် မမြင်ခဲ့ရလို့ပါ...





အစက သူငယ်ချင်းတစ်ယောက်က TOP... TOP ဆိုပြီး ပြောလွန်းလို့ Big Bang ကို စပြီး ကြည့်ဖြစ်ပါတယ်... ဒါပေမဲ့ သိတဲ့အတိုင်းပဲ အဲဒိအဖွဲ့ခေါင်းဆောင် G-Dragon က မဗေဒါကြိုက်တဲ့ပုံစံမျိုး Baby face, girly face နဲ့ဆိုတော့ သူ့ကို စတွေ့တာနဲ့ သတိထားဖြစ်ခဲ့ပါတယ်... ဒါပေမဲ့ သူ့ကို baby face ရှိယုံနဲ့ မဗေဒါ ကြိုက်တာမဟုတ်ပါဘူး... သူ့ရဲ့ MTV တွေကြည့်ရင်း... သူ့ရဲ့ သီချင်းတွေနားထောင်ရင်းနဲ့ သူ့ အနုပညာ အရည်အချင်းကိုသဘောကျတာပါ... မဗေဒါ သူ့ကို စသိတုန်းက Big Bang အဖွဲ့ခေါင်းဆောင်မှန်းတောင် မသိခဲ့ပါဘူး... သူ့သီချင်း.. သူ့အက... သူ့မျက်နှာပေးတွေကို ကြည့်ပြီးရင်း ကြည့်ချင်နေခဲ့တာပါ... နောက်တော့ ကိုယ့်ကိုကိုယ် G-Dragon ရဲ့ official fan အဖြစ် လက်ခံလိုက်ပါတယ်... ဟဲ.. ဟဲ.. ကဲ သူ့အကြောင်းက နောက်မှ ပြောစရာတွေကျန်ပါသေးတယ်... ခုတော့ TOP အကြောင်းလေး ဆက်ပါရစေ...

G-Dragon ပြီးရင် ကြိုက်ခဲ့တာကတော့ TOP ပါ... ကြွပ်ဆပ်ဆပ်အကြည့်... မိုက်ကမ်းကမ်း မျက်နှာပေးကို အပိုင်နိုင်ဆုံးကတော့ TOP ပဲ ဖြစ်မယ်ထင်ပါတယ်... TOP က ရုပ်ဒီလောက်မချောပင်မဲ့ သူ့ကို တွေ့မိတဲ့သူတိုင်းက သတိထားမိလောက်တဲ့ Charm ရှိပါတယ်...
ခုတော့ တဖြည်းဖြည်းနဲ့ G-Dragon နဲ့ TOP ကို တန်းတူကြိုက်တယ်လို့ပြောလို့ရလာပါပြီ... သူတို့ Group MV တွေ ကြည့်ရင်လဲ သူ့ကို ပြလိုက်ရင် သိသိသာသာကို ကျွန်မ သတိထားမိခဲ့ပါတယ်... ခု အောက်မှာ ပြမဲ့ Haru Haru သီချင်းထဲမှာ သူ့ သရုပ်ဆောင်ချက် မျက်နှာပေးကို ကျွန်မ အတော်သဘောကျပါတယ်... အဲဒိ သီချင်းထဲမှာ သူက G-Dragon ရဲ့ ကောင်မလေး တောင်းဆိုချက်အရ G-Dragon ရှေ့မှာ ဟန်ဆောင်တွဲပြတဲ့ သူအဖြစ် သရုပ်ဆောင်ထားပါတယ်... ကောင်မလေးက ကင်ဆာရောဂါနဲ့ သေတော့မှာမို့ သူ့ချစ်သူ G-Dragon ခံစားရမှာစိုးလို့ မသေခင် ဖြတ်တဲ့ သဘောပါ... (အဲဒိအတွေးက Stupid ဖြစ်လွန်းပါတယ်.. ဟုတ်? )...

အဲဒိမှာ သူတို့ ရန်ဖြစ်တဲ့ ပုံလုပ်ကြတာလဲ အတော်လေး ပီပြင်ပါတယ်... TOP ရဲ့ မိုက်ကမ်းကမ်းပုံ G-Dragon ရဲ့ ရည်းစားလူလု အူနု ကျွဲခတ် ခံစားရတဲ့ပုံ... နဲနဲတော့ Emo ဖြစ်မလားတော့ မသိဘူး... ဒါပေမဲ့ ကျွန်မကတော့ ကြိုက်တယ်... ပြီးတော့ သူတို့ ကား ပတ်ကင်ထဲမှာ တွေ့တဲ့ အခန်းမှာလဲ... TOP သရုပ်ဆောင်လိုက်တဲ့ မျက်နှာ အမူအရာက အတော်လေး ပိုင်နိုင်ပါတယ်... ပထမတော့ ကားပေါ်မှာ ရိုးရိုးထိုင်နေပြီး ဖြစ်ပါ့မလားဆိုတဲ့ မျက်နှာပေးမျိုးလေး လုပ်နေပြီး... G-Dragon ကြည့်နေတော့မှ ကောင်မလေးကို ဖတ်ပြီး မခန့်လေးစားပုံနဲ့ သီချင်း ဆိုလိုက်တာ အတော်လေး မိပါတယ်... အဲဒိ အကွက်ကိုကြည့်ပြီးတော့ "အင်း... ဒါကြောင့်လဲ သူတို့အုပ်စုထဲမှာ TOP က သရုပ်ဆောင်ဘက် ကိုကူးဖို့ ကမ်းလှမ်းခံရတာ"လို့ မှတ်ချက်ချမိပါတယ်... သူက မနှစ်က နာမည်ကြီး Action ဇာတ်လမ်းတွဲဖြစ်တဲ့ IRIS ဆိုတဲ့ကားမှာ လူကြမ်းသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်... (အဲဒိကားကို ခေါင်းဆောင်မင်းသားကြီး မကြိုက်လို့ ခုထိမကြည့်ပါဘူး.. နောက်ပြီးတော့ အဲဒိကားကြောင့် You are beautiful rating ရသင့်သလောက် မရခဲ့တဲ့အတွက် Gang Keun Suk လေးကို အပြည့်အ၀ အားပေးတဲ့အနေနဲ့ မကြည့်ဖူးလို့ ဆုံးဖြတ်ထားပါတယ်...) MV လေးကို ခံစားသွားကြပါအုံး.... ဘာပဲ ပြောပြော Big Bang ဟာ အသက်ငယ်ပေမဲ့ တကယ့်ကို Pro ကျကျ အနုပညာလုပ်ငန်းတွေကို လုပ်နိုင်တဲ့ အပြင်... တေးရေး တေးဆို အက ဖက်ရှင်တွေကိုလဲ မရိုးရအောင် ဖန်တီးနိုင်တဲ့ အတွက် သူတို့ ခုချိန်မှာ ဒီနေရာရောက်နေတာလဲ ရောက်သင့်ပါပေတယ်လို့ ထင်မိပါတော့တယ်...





Sunday, June 20, 2010

အက်ဂါ (Zhou Tai-Shan) အကြောင်း တစေ့တစောင်း

သူ့မြန်မာနာမည် ကျော်ထိုက်စံ လို့ youtube ပေါ်က ဗွီဒီယိုတင်ထားသူက ပြောသောကြောင့် အဲလိုထင်ခဲ့ပင်မဲ့ နောက်ပိုင်း နည်းနည်းသံသယရှိတာကြောင့် ဒုတိယပိုစ့်မှာ မသေချာပါ... သိသောသူရှိရင် ပြောပြလို့ရအောင် ရေးထားခဲ့ပါတယ်... ဟိုတစ်လောက ဆီဘောက်စ်မှာ ဘာမှ မသိရင်လဲ မရေးနဲ့ပေါ့လို့ မှတ်ချက်ပေးသွားတုံးကလဲ မဗေဒါရဲ့ သဘောထားကို ပြန်လည်ရှင်းပြခဲ့ပါတယ်...

ဒါပေမဲ့ စိတ်ထဲမှာ အမှန်တကယ်သိချင်စိတ်ဖြစ်နေမိပါတယ်... သိခဲ့တဲ့ သတင်းအချက်အလက်လေးကို လဲ မျှချင်ပါတယ်...

ဒီလိုနဲ့ပဲ ကြိုးစားရင်း ခိုင်လုံတဲ့ သတင်းရပ်ကွက်ကနေ သိခဲ့ရပါတယ်...

အဲဒါကတော့ သူ့မြန်မာနာမည်က ကျော်ထိုက်စံ မဟုတ်ပါဘူးတဲ့... သူ့ တရုတ်နာမည်ကသာ ကျောက်ထိုက်ရှန် ပါတဲ့... မြန်မာနာမည်က ဘာလဲဆိုတော့ အက်ဂါ (Edgar) လို့ပဲ သိရပါတယ်... နာမည်အရင်းကတော့ မသိပါဘူး... သိဖို့လဲ မလိုအပ်ဖူးထင်ပါတယ်... သူက ရှမ်းပြည် ကျိုင်းတုံ အလွန်က ကွမ်းလုံ ဆိုတဲ့ မြို့ကပါ... သူ့ မွေးနေ့က August 9, 1981 ပါ... မြန်မာပြည်မှာ စီးရီး ၂ခွေ ထုတ်ဖူးပင်မဲ့ သိပ်ရောင်းအား မကောင်းခဲ့ပါဘူး... ဒုတိယ စီးရီးကတောင် လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက ထုတ်ခဲ့တာဆိုတော့ ပြန်လိုက်ရှာဖို့ကတော့ ခက်မယ်ထင်ပါတယ်... ထိုင်ဝမ်ကို ရောက်တာ မကြာသေးခင်မှာပဲ super Idol ရှိတယ်ဆိုတာ ကြားလို့ ၀ါသနာအရ သွားပြိုင်ခဲ့ပါတယ်... သူ မြန်မာပြည်မှာ မအောင်မြင်ပဲ ထိုင်ဝမ်မှာ လူသိများ အောင်မြင်ခဲ့တာကိုလဲ နားမလည်နိုင်ဖြစ်နေပါတယ်... ထိုင်ဝမ် စူပါ အိုင်ဒိုးက လူထောင်ပေါင်းများစွာမှာ အမြင့်ဆုံး ၉ယောက်အထိ ရောက်ရှိခဲ့ပါတယ်... မြန်မာပြည်နဲ့ မြန်မာလူမျိုးကို ချစ်လို့ သူမြန်မာဆိုတာကို အမြဲတမ်း ၀ံ့ကြွားစွာ ထည့်ထည့်ပြောလေ့ရှိပါတယ်တဲ့... သူဟာခုဆိုရင် ထိုင်ဝမ်က talent agency တစ်ခုနဲ့ စာချုပ်ချုပ်ထားပြီးပါပြီ... စီးရီးထွက်ဖို့တော့ လက်တလောမှာ မရှိသေးပါဘူးတဲ့... ခုလောလောဆယ်မှာတော့ talent Agency များရဲ့ လုပ်နည်းလုပ်ဟန်အတိုင်း သူ့ရဲ့ အနုပညာလမ်းကြောင်းကို သူတို့ကပဲ အားလုံး ထိန်းချုပ်ထားပါတယ်... သူ့ Agency က သူ့ကို အောင်မြင်တဲ့ အနုပညာသမားတစ်ယောက် အဖြစ် ကောင်းစွာ မြေထောင်မြှောက်ပေးဖို့ ဆုတောင်းမိပါတယ်...

ဒီနေ့ ညနေ ၃နာရီ ထိုင်ဝမ်မှာ သူ့ရဲ့ ပထမဆုံး fan Meeting ရှိပါတယ်... သူ့ ပရိတ်သတ်တွေအတွက် လက်ဆောင်တွေ ပြင်ဆင်ထားတယ်လို့လဲ သိရပါတယ်... လောလောဆယ်တော့ ကျွန်မသိတာ ဒီလောက်ပါပဲ... သူငယ်ချင်းတို့ရော ဘာသိချင်သေးလဲ... အတတ်နိုင်ဆုံး မဗေဒါ ရှာဖွေ မေးမြန်းကြည့်ပေးမယ်... ထိုင်ဝမ်မှာ တောက်ပနေတဲ့ မြန်မာပြည်က ကြယ်ပွင့်လေး ဆက်လက်တောက်ပ နိုင်ပါစေလို့ ကျွန်မ စကာင်္ပူက ပရိတ်သတ် မဗေဒါက ဆုတောင်းနေပါတယ်... အစဉ်အမြဲလဲ အားပေးလျက်ပါ...


Ugly Truth : ကြည့်ရတာ သူ့ ကွန်ပြူတာမှာ မြန်မာ ဖောင့်မရှိပါဘူး... သူ့ ဖေ့ဘွတ်မှာ မြန်မာလိုသွားရေးပြီး ပြောရင် သူမြင်ရတယ် မထင်ပါဘူး... သူ့အနီးနားက တစ်ယောက်ယောက် သူ့ကွန်ပြူတာကို မြန်မာဖောင့်လေး Install လုပ်ပေးရင် သိပ်ကို ကျေးဇူးတင်မိမှာပါပဲ...

Saturday, June 19, 2010

ဖူးစာစုံလို့ ရင်ခုန်ခဲ့ပါလျှင် (၄)

ကဲ... လာလေရော့ဟဲ နောက်အပိုင်း တစ်ပိုင်း...

"အမလေး တစ်ပိုင်းတစ်ပိုင်းထွက်ဖို့ မဗေဒါတို့များ အတော်စောင့်ရတယ်"ဆိုပြီးများ စိတ်ပျက်နေကြပြီလားဟင်... မဗေဒါလဲ ကိုယ့်ကိုကိုယ်အတော်လေး အားမရဖြစ်ရပါတယ်... အမှန်တော့ ရေးမယ်လုပ်လိုက်... ကိုယ်ရေးထားတာကို စိတ်တိုင်းမကျဖြစ်လိုက်... ပြန်ဖျက်လိုက်... ပြီး ပြန်စရေးလိုက်... ပြန်ဖတ်ကြည့်တော့ စိတ်တိုင်းမကျလိုက်ဖြစ်နေတာပါ... ကိုယ့်ကိုကိုယ်ပဲ ယုံကြည်မှုမရှိတာလားတော့ မသိဘူး... ကိုယ့်စာကိုယ်တောင် ပြန်ဖတ်ချင်စိတ်မရှိရင် ပရိတ်သတ်ကိုလဲ ဘယ်ဆွဲဆောင်နိုင်ပါ့မလဲနော်... ခုတော့ ပရိတ်သတ်ကလဲ အရမ်းတောင်းဆိုနေကြတယ်... စောင့်ရတာလဲ အတော်ကြာနေပြီဆိုတော့ ရှိသမျှအကုန်ထုတ်ပြီး ဒီအပိုင်းကို ရေးလိုက်ပါတယ်... မနေ့ကတင်မယ်လို့ ဖေ့ဘွတ်မှာ အော်ထားပြီးမှ... ညနေက ရေးနေရင်း ခါးတွေနာပြီး မျက်လုံးတွေ ကိုက်... ခေါင်းတွေမူးလာလို့ ခဏလှဲလိုက်တာ အိပ်ပျော်သွားတယ် (ကိုယ့်ဘာကိုယ် ပျင်းတာကို... ဆင်ခြေပေးတာ)... ခု မနက် ၄နာရီကြီး ပြန်နိုးပြီး အမြန် လက်စသတ်ပြီး ဒီအပိုင်းကို တင်လိုက်ပါပြီ... ဆက်ပြီး ရှည်ရှည်ရေးပြီးမှ တင်ချင်ပါတယ်... ဒါပေမဲ့ ဆက်ရေးနေရင် ဆက်ကြာနေအုံးမယ်... ဘယ်လောက်ကြာနေအုံးမယ်ဆိုတာ မသိဘူးလေ... ဒီတော့ ရှိသလောက်လေး အရင်တင်လိုက်ပါတယ်... ဒီဝတ္တုကို မျှော်နေကြမှန်းသိလို့... ကိုယ်ကလဲ မရေးနိုင်လို့ အားနာပြီး ကိုယ်ရေးချင်တာတွေရှိတာတောင် တမင် ကိုယ့်ကိုကိုယ် အပြစ်ပေးပြီး မရေးဘူး...

ကျွန်မရဲ့ ၀တ္တုအပိုင်းလေးတွေက တိုတယ်ဆိုပြီး အားမလိုအားမရနဲ့ Feedback ပေးကြတဲ့ စာဖတ်သူတွေကိုလဲ အားနာလှပါတယ်... ခုလို Feedback ပေးလို့လဲ ကျေးဇူးတင်ပါတယ်... နောက် အတတ်နိုင်ဆုံး ရှည်အောင်ရေးပါ့မယ်... ကိုယ့်ကိုကိုယ်လဲ သိပါတယ်... ခု ကျွန်မရေးထားသလောက်အထိတောင်မှ ဇာတ်လမ်းတွဲသာရိုက်မယ်ဆိုရင် episode ၁ခုစာတောင် မရှိသေးပါဘူး... စိတ်ထဲပေါ်သမျှ ကို ဇာတ်လမ်းဆင်ပြီး ရေးထားတာကို ခုလို စောင့်ဖတ်နေတဲ့ ပရိတ်သတ်ရှိနေတယ်ဆိုတာ သိရတော့ အများကြီး ၀မ်းသာပါတယ်... ဖေ့ဘွတ်ကနေ မတ်ဆေ့တွေပို့ပြီး အားပေးတဲ့ စာဖတ်သူများကြောင့်လဲ မဗေဒါ စာဆက်ရေးဖို့ အားရှိခဲ့ပါတယ်... အားလုံးကို ကျေးဇူးတင်ပါတယ်...

မဗေဒါ ၀တ္တုကိုဖတ်ပြီး ဘယ်လိုခံစားရလဲဆိုတာလေးကို ပြန်ပြောပြကြရင် ကောင်းမယ်ထင်တယ်... ဒါမှ မဗေဒါလဲ ကိုယ့်ဝတ္တုက စာဖတ်သူအပေါ်ဘယ်လောက်သက်ရောက်လဲဆိုတာ သိနိုင်မှာပါ... ဘာလို့လဲဆိုတော့ ကိုယ့်ကိုကိုယ်ကျတော့ ဘယ်လိုထင်ရမှန်းမသိဘူးလေ... ကိုယ့်ကိုကိုယ် အထင်မကြီးဘူးပေါ့... အိမ်သားတွေပြောရင်လဲ အချင်ချင်းကျတော့ အမှန်ထွက်မှာမဟုတ်ဘူး... အမှန်ပြောလဲ လက်မခံချင်ဘူး... စာဖတ်သူ ပြောတာက အမှန်ဆုံးပဲလေ... ဟောဒီမှာတော့ အရင် အပိုင်းလင်ခ့်တွေကို ပေးလိုက်ပါတယ်... sidebar က အခန်းဆက်ဝတ္တုဆိုတာကို နှိပ်ပြီးတော့လဲ ရေးထားသမျှတွေကို သွားနိုင်ပါတယ်... ဒါမှမဟုတ် ဒီလင်ခ့်တွေကနေလဲ သွားနိုင်ပါတယ်... ရှေ့အပိုင်း မဖတ်ရသေးသူတွေအတွက်...


ဖူးစာစုံလို့ ရင်ခုန်ခဲ့ပါလျှင် အပိုင်း (၁)
ဖူးစာစုံလို့ ရင်ခုန်ခဲ့ပါလျှင် အပိုင်း (၂)
ဖူးစာစုံလို့ ရင်ခုန်ခဲ့ပါလျှင် အပိုင်း (၃)


နောက်ပြီး... နောက်ဆုံး အပိုဒ်ကို ရေးတုန်းက မဗေဒါ ၀ိုင်းစုခိုင်သိန်းရဲ့ ချစ်ခဲ့တာလား ရူးခဲ့တာလား သီချင်းလေးကို နားထောင်ပြီး ရေးဖြစ်ပါတယ်... ဖတ်တဲ့သူများလဲ အာရုံ ၂ခုလုပ်လေ့ရှိတယ်ဆိုရင် ဒီသီချင်းလေး နားထောင်ရင်း ဖတ်နိုင်ပါတယ်... Play tagger နဲ့ တင်မလို့ပါပဲ... လုပ်လို့မရတာနဲ့ Youtube ကပဲတင်လိုက်ပါတယ်... ရုပ်ရှင်ထဲမှာဆိုရင်တော့ မင်းသမီး ဆွေးတဲ့အခန်းကို ဒီသီချင်းနဲ့ ဇာတ်ဝင်ခန်းသုံးပြီး ပြဖြစ်မယ်ထင်တယ်... ဟဲ... ဟဲ...












"စိုးရိမ်စရာမရှိပါဘူး... အားနည်းပြီး... စိတ်ဖိစီးမှု တစ်ခုခုကြောင့်ခုလိုဖြစ်သွားတာပါ... သူ့ကို ခုခဏအိပ်ဆေးပေးထားတယ်... သူအိပ်နေတာပါ... ခဏနေ နိုးလာပါလိမ့်မယ်... လူရော စိတ်ရော ကောင်းကောင်းအနားယူဖို့တော့ လိုအပ်ပါတယ်..."


တာဝန်ကျဆရာဝန်က လိုအပ်သည်များကို စမ်းသပ်ပြီးသောအခါ.. သီရိဖြူနှင့် မင်းထက်ပိုင်ဘက်သို့ လှည့်ကာ ပြောလိုက်မှ အားလုံး စိတ်အေးသွားရသည်...


"အင်း... သူငယ်ချင်းရယ် ဖြစ်ရလေ... ဒါတွေအားလုံး ဟိုကောင့်ကြောင့်... မတန်လိုက်တာ နော်..." သီရိဖြူ သူငယ်ချင်းအကြောင်းကို ဂရုဏာဒေါသဖြင့် ပြောလိုက်ပြီးမှ သူစိမ်းရှိမှန်း သတိထားမိသွားကာ စကားကို မဆက်တော့...


မင်းထက်ပိုင်လဲ အခြေအနေ စိတ်အေးရပြီဆိုသောကြောင့် အရေးကြီး မီတင်ကို သွားဖို့ဟန်ပြင်လိုက်သည်... ရာဇာ သုတ်သုတ်ပြာပြာဖြင့် ဆေးရုံကို ၀င်လာတာတွေ့လိုက်သဖြင့် မင်းထက်ပိုင် လက်လှမ်းပြကာ ရာဇာအနားသို့ လျှောက်သွားလိုက်သည်... ထို့နောက်...

"မင်းလာတာကို စောင့်နေတာ... ငါ ရစ်ချက်နဲ့ တွေ့ဖို့ မီတင်း အမှီပြေးရအုံးမယ်... လူနာအခြေအနေလဲ မစိုးရိမ်ရဘူးလို့ပြောတယ်... ကားကြောင့် ဖြစ်တာ မဟုတ်ပင်မဲ့ ခုကျတဲ့ Bill ကိုတော့ ရှင်းပေးလိုက်ကွာ... သူ သတိရလာတဲ့ အထိတော့ မင်းစောင့်ကြည့်လိုက်... ဘာပဲပြောပြော လူမှုရေးအရတော့ ငါတို့မှာ တာဝန်ရှိတယ်... ပြီးတော့ မိန်းကလေး ၂ယောက်တည်း... သူ့မိသားစုဝင်တွေတော့ ဖုန်းဆက်ထားတယ်ပြောတယ်... မကြာခင်လာလိမ့်မယ်..."

" အေးပါကွာ... အေးပါ... ငါ ဒါတွေ သိပါတယ်... အေးဆေး... မီတင်းသာ မင်း စိတ်အေးအေးသွား" ကိစ္စတစ်ခုကို စေ့စပ်သေချာအောင် လုပ်တတ်သော မင်းထက်ပိုင်၏ အမှာကို ရာဇာ ဖြတ်ပြောလိုက်သည်... လူမှုရေးကိစ္စတွင် ရာဇာသည် မင်းထက်ပိုင်ထက် ပို၍ အကင်းပါးသူဖြစ်သည်... ယခင်ကလဲ ယခုလို ကိစ္စမျိုးဆို ရာဇာ အဆင်ပြေစွာ ဖြေရှင်းပေးနေကျပင်... ယခုမှ မင်းထက်ပိုင် ခါတိုင်းထက်ပို မှာကြားနေတာကို ရာဇာ နားမလည်နိုင်ဖြစ်ရသည်...


ထိုအခါမှ မင်းထက်ပိုင်တစ်ယောက် " အင်း... အင်း... ဒါဆိုလဲ သွားပြီ" ဆိုပြီ ထွက်သွားခဲ့သည်... ရာဇာ လူနာရှိရာ ကုတင်ကို ကြည့်လိုက်တော့....


"ဟင်... မနက်က မိန်းကလေးပဲ"... မိန်းကလေးများကို တစ်ခါမြင်ပြီး မှတ်မိတတ်သော ရာဇာ၏ ညင်လေးအတိုင်းပင် သီရိဖြူကို မြင်မြင်ချင်းမှတ်မိလိုက်ပါသည်...


သီရိဖြူအနားသို့ လျှောက်သွားပြီး... "ကျွန်တော့်နာမည် ရာဇာပါ... သူဋ္ဌေးက အရေးကြီး ကိစ္စရှိလို့... ကျွန်တော် သူဋ္ဌေးကိုယ်စားလာတာပါ... ဆေးရုံစားရိတ်ကို ကျွန်တော်တို့ဘက်ကပဲ ပေးလိုက်ပါ့မယ်..." မိမိကိုယ်ကို အချိုသာဆုံးမိတ်ဆက်ပြီး ကိုယ့်ဘက်က လုပ်ပေးနိုင်သလောက်ကို ကမ်းလှမ်းလိုက်သည်..


သီရိဖြူက... "အော်.. ရပါတယ်... ကျွန်မသူငယ်ချင်းက ကားကြောင့်ဖြစ်တာမဟုတ်ပါဘူး... ကိစ္စမရှိပါဘူး... ကျွန်မတို့ပဲ ပေးလိုက်ပါ့မယ်..." လို့ အားနာစွာ သုတ်သုတ်ပြာပြာ ပြန်ပြောရှာသည်...


ရာဇာက လက်ကာလိုက်ကာ.. " မဟုတ်ဘူး... ကျွန်တော်ရှင်းပြီးသွားပြီ ခင်ဗျ..."


"ဟောဒီက အစ်မ....." ဆိုကာ လူနာကို လက်ညှိုးထိုးပြလိုက်တော့.. သီရိဖြူက... "သူက နွေနှင်းပါ... " ..


"ဒါဆို ဒီကရော..." ရာဇာက သီရိဖြူ မျက်လုံးကို အကြည့်နက်နက်များဖြင့် စိုက်ကြည့်ကာ ပြုံး၍ မေးလိုက်သည်... မိန်းကလေးတွေ့လျှင် ရှိရင်းစွဲ ဇ က သူ့အလိုလိုကို ပြချင်နေသည်...

"အော်.. ကျွန်မက သီရိဖြူပါ"... စိုက်ကြည့်နေသော မျက်လုံးများကို သီရိဖြူ ရှက်ရှက်နှင့် မျက်နှာလေး လွှဲကာ ဖြေလိုက်သည်...


"အော်... ဟုတ်ကဲ့... သူဋ္ဌေးက မနွေနှင်း သတိမရမချင်း စောင့်ပေးဖို့ မှာခဲ့ပါတယ်... ဆေးရုံမှာ မသီရိဖြူ မိန်းကလေးတစ်ယောက်တည်း မထားခဲ့သင့်ဘူးလို့လဲ ထင်တယ်လေ.. ကျွန်တော်စောင့်ပေးပါ့မယ်.. ကိစ္စမရှိပါဘူး... အားမနာပါနဲ့" မင်းထက်ပိုင် မှာခဲ့သမျှကို ရာဇာတစ်ယောက် မိန်းကလေးတွေမို့ လိုတာထက်ပိုပြီး တာဝန်ကျေချင်နေသည်...






---------------------------- ။ ------------------------------------



ရာဇာ၏ စမပ်ကျကျ ၀တ်စားဆင်ယင်တတ်မှု ကျော့ကော့နေအောင် Gel တင်ထားသော ဆံပင်ပုံဆံ... အရပ်အမောင်းကောင်းကောင်း အသားညိုညိုနှင့် ဆွဲဆောင်မှုရှိသော ယောကျာင်္းတစ်ယောက်မို့ မိန်းကလေးတိုင်းက သတိထားမိတတ်ကြ မျက်စပြစ်တတ်စမြဲဖြစ်သည်...


ဟိုဘက်လူနာကုတင်ကို ဒရစ်လာသွင်းပေးသော သူနာပြုဆရာမလေးနှင့် မျက်လုံးချင်းဆုံကာ သူနာပြုဆရာမလေးက ပြုံးပြ အထာပေးသွားသောကြောင့် ရာဇာတစ်ယောက် ခပ်တည်တည်ထိုင်နေသော်လည်း မျက်လုံးချင်းစကားပြောလိုက်သည်ကို သူငယ်ချင်းအတွက် အစိုးရိမ်ပိုနေသော သီရိဖြူကတော့ သတိမထားမိလိုက်ပါ...


တခဏကြာတော့ "အော်... ကျွန်တော် လူနာနိုးလာရင် သောက်ဖို့ မသီရိဖြူအတွက်ပါ အအေးလေး ဘာလေး သွားဝယ်လိုက်မယ်နော်... မသီရိဖြူ ဒီမှာတစ်ယောက်တည်း ဖြစ်တယ်မှတ်လား..."


"အော်.. ကိုရာဇာရယ်... အားနာစရာကြီး... ဒါပေမဲ့ သူနိုးလာရင် ရေတော့ တောင်းမယ်ထင်တယ်... ကျေးဇူးအများကြီးတင်ပါတယ်နော်..." သီရိဖြူ အားနာ ကျေးဇူးတင်စကားပြောလိုက်သည်... သူမစိတ်ထဲမှာတော့... "အော်... ကံကောင်းလိုက်တာ.. ဒီလို လူကောင်းတွေနဲ့ တွေ့လို့... တော်တော် စိတ်ထားပြည့်ဝတဲ့ သူပဲ..." လို့ ကြိတ်၍ ချီးကျူးမိလိုက်ရင်း စောစောက အကြည့်နက်နက်များကို သတိရကာ သူမ မျက်နှာပေါ်တွင် ရှက်ယောင်လေးသန်းသွားခဲ့သည်...


ရာဇာတစ်ယောက် ဆေးရုံဟောခန်းအတိုင်းလျှောက်လာရင်း စောစောက မျက်စပြစ်သွားသော သူနာပြုဆရာမနောက်ကို ခပ်သုတ်သုတ်လေး လိုက်သွားလေတော့သည်...


အချိန်အနည်းငယ်ကြာသည်အထိ ရာဇာကပြန်မလာ... ဖြူအပေါ့အပါးသွားချင်သောကြောင့် တလှည့် စောင့်ပေးဖို့ သူ့ကို မျှော်နေခြင်းဖြစ်သည်... သို့သော် မလာ မလာမို့... နောက်ဆုံး ဆရာမတစ်ယောက်ကို ခဏလေး အပ်ကာ အမြန်ပြန်လာပါ့မည်ဟုဆိုပြီး ဖြူ ပြေးထွက်လာခဲ့သည်... အပေါ့သွားပြီး ပြန်ထွက်အလာ သူနာပြုဆရာမနားနေခန်းက အဖြတ် ရယ်သံလွင့်လွင့်တွေကြားတော့ မတော်တဆ မျက်လုံးက ထိုနေရာရောက်သွားတော့မှ... အကြည်ဆိုက်သလိုလို ရိုးရိုးစကားပြောသလိုလို... ၂ယောက်သား လိုတာထက်ပိုမိုနီးကပ်စွာရပ်ပြီး ရယ်မောနေသော ရာဇာနှင့် သူနာပြုဆရာမလေးတစ်ယောက်ကို တွေ့လိုက်သည်...
"ဟင်... ဘယ်လိုလူပါလိမ့်........... ပုံစံကြည့်တော့ မထင်ရဘူး... လူရှုပ်လူပွေပဲ... " ဆိုပြီး ဖြူ့ စိတ်ထဲတွင် ကောက်ချက်ချမိသည်... သို့သော် ဘာအတွက် ဖြူ ဒေါသစိတ်ကလေးဖြစ်သွားမိသည်တော့ မသိ... "အော်.. ငါဘာဖြစ်နေတာပါလိမ့်... ငါနဲ့မှ မဆိုင်တာ..."....






------------------------------------- ။ ----------------------------------------




ဖြူပြန်ရောက်ပြီး မကြာမီပင် ရာဇာ အအေးများ စားစရာများဖြင့် ရောက်လာပြီး... "ဆော်ရီးဗျာ... အနီးနားကဆိုင်မှာ ပစ္စည်းမစုံလို့ အတော်လေး ဝေးဝေးသွားလိုက်ရတယ်.. ဟဲ.. ဟဲ.."


ဖြူမဲ့ပြုံးလေး တစ်ချက်ပြုံးကာ... "အော်... တော်တော်ပင်ပန်းသွားမှာပဲနော်..." ဟု စောင်းပြောလိုက်သည်...


"ရပါတယ်ဗျာ... ဒါက ကျွန်တော့်စေတနာပါ..."


ဖြူဟိုဘက်လှည့်ကာ ပစ္စည်းတွေကို ခုံပေါ်တင်ရင် မျက်နှာလေးကို မဲ့ကာရွဲ့ကာ ရာဇာ မမြင်အောင် မျက်စောင်းထိုးလိုက်သည်...


ထိုအချိန်မှာပင် ... " သမီး!!!!!!!!!!!!.... နွေနှင်း... သမီးဘာဖြစ်တာလဲ... ဘယ်လိုနေသေးလဲ..." ဆိုကာ နွေနှင်း၏ ဖေဖေနဲ့ မေမေ ထိပ်ထိပ်ပြာပြာရောက်လာကြသည်...

"ဆရာဝန်ကတော့ စိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်... သူစိတ်ကြောင့် ခုလိုဖြစ်သွားတာပါ... ခဏနေနိုးလာပြီးရင် သူ့ကို အနားယူဖို့ပဲ ပြောသွားပါတယ်..." ဟု ဖြူက စိတ်မပူစေရန် ပြောပြလိုက်သည်...


"စိတ်ကြောင့်?... ငါ့သမီးမှာ ငါမသိတာ ဘာများ ဒီလောက်စိတ်ညစ်စရာရှိလို့လဲ... ပြောပါအုံး ဖြူရယ်... " နွေနှင်းဖေဖေ ဦးမြမောင် ခုမှနောက်ထပ် စိုးရိမ်စရာအတွေးတစ်ခုနှင့် မေးလိုက်သည်...


သီရိဖြူလဲ ရာဇာရှိနေတာကိုပင် သတိမထားမိတော့... လူကြီးတွေကိုလဲ သိထားသင့်တယ်ထင်တဲ့အတွက်... အောင်ခန့်နှင့် ပတ်သတ်သမျှ ဖြစ်ကြောင်းကုန်စင်များကို ပြောပြလိုက်သည်...


"ဘာပဲဖြစ်ဖြစ်ပါ အန်ကယ်နဲ့ အန်တီရယ်... လောလောဆယ် နွေနှင်းကို သိပ်တော့ စိတ်ညစ်အောင် အတင်းမေးလား မြန်းလားတော့ မလုပ်ကြပါနဲ့... ဆူလဲ မဆူကြပါနဲ့နော်..."


"တောက်......... ခွေးမသား.... ဒင်းတို့ကများကွာ... ငါ့သမီးနဲ့တောင် တန်လို့လား... ဟွန်း... ဒီလောက် နှစ်တွေကြာတွဲလာပြီးမှ... ဒီလိုကောင်မျိုးကို စောစောသိရတာ ၀မ်းတောင် သာသေးတယ်... ဘာမှ ခံစားဖို့ မတန်တဲ့ကောင်အတွက် ခံစားနေသေးတယ်" ဟု ဒေါသတကြီး ပြောပြီးမှ တစ်စုံတစ်ခုကို စိုးရိမ်ဟန်ဖြင့်...


ဦးမြမောင် ဖြူ့ဘက်ကိုလှည့်ကာ..."ဒါနဲ့သမီး... ဒီဇာတ်လမ်းက ဒီမှာတင်ရပ်တယ်မဟုတ်လား... သမီးလေးက ဒီလောက်စိတ်ထိခိုက်ရလောက်အောင် တစ်ခုခုများ............" စိုးရိမ်လွန်းနေသော အတွေးများဖြင့် မေးမိသည်...

"အို ဘုရား... ဘုရား..." ဟုပြောကာ နွေနှင်းမေမေကတော့ သူ့သမီးအတွက် စိတ်မကောင်းဖြစ်ကာ တရှုံ့ရှုံ့ ငိုသာနေတော့သည်...


"အို.... မဟုတ်ပါဘူး.. အန်ကယ်နဲ့ အန်တီရယ်... နွေနှင်းက ဒီလိုလူစားမျိုးမဟုတ်တာလဲ သိသားနဲ့... ခုဟာက ကားနဲ့ တိုက်မိမလိုဖြစ်သွားလို့ လန့်သွားတာလဲ ပါပါတယ်...." ဒီတော့မှ ရာဇာကို သတိရကာ.... "ဒီမှာလေ.. သူတို့ကားနဲ့ တိုက်မိမလိုဖြစ်တာ.." ဆိုပြီး ရာဇာ့ကို လက်ညိုးထိုးပြလိုက်သည်...


ရာဇာလဲ မိသားစုရေးရာများကိုပြောနေသည်မို့ အပြင်လူအနေနဲ့ အနေရခက်နေသော်လည်း တိတ်တိတ်လေး ငြိမ်ထိုင်နေရာမှ လူကြီး ၂ယောက်ကို ခေါင်းလေးညွတ်ပြီး နှုတ်ဆက်လိုက်သည်...

"ကျွန်တော်တို့ကားနဲ့ တိုက်မိမလိုဖြစ်သွားတဲ့အတွက် ကျွန်တော်တို့မှာလဲ တာဝန်မကင်းလို့ ဆေးဖိုးကုန်ကျစရိတ်ကို ကျွန်တော်တို့ပဲ တာဝန်ယူပါတယ်... စိုးရိမ်စရာမရှိပါဘူး... သူ အိပ်ဆေးပေးထားလို့ အိပ်နေတာပါ... မေ့လဲတဲ့ ဒဏ်ကြောင့် အပေါ်ယံနည်းနည်းပွန်းယုံပါ... သတိရရင် ဆေးရုံဆင်းလို့ရပါပြီတဲ့..."


ရာဇာ့စကားအဆုံးမှာပင်.... နွေနှင်း ဆီမှ ရှိုက်သံတစ်ခုထွက်လာသည်... မျက်လုံးများပိတ်ထားသော်လည်း မျက်ရည်များကစည်းကျနေသည်... "သမီး... သမီးလေး.... နွေနှင်း... ဖေဖေတို့ မေမေတို့ရှိတယ်လေ..."


ခေါ်သံများကြား၍ နွေနှင်း မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်တော့ အမြင်တွေက မျက်ရည်တွေကြားမှာ မှုန်ဝါးဝါး.... ဘာကြောင့်မှန်းအသိမ၀င်သေးခင်ကပင် ရင်ဘတ်ထဲက မောဟိုက် ဆို့နစ်နေသည်.... တဖြည်းဖြည်း အမြင်တွေကြည်လာတော့ နွေနှင်းလက်ကို ကိုင်ထားသော မေမေ့ကို ဘေးမှာတွေလိုက်ရသည်... ဖေဖေကလဲ စိုးရိမ်တကြီးကြည့်နေသည်... နွေနှင်းဘာလို့မှန်းမသိ အားငယ်စိတ်... သိမ်ငယ်စိတ်များက ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းမိုးနေသည်... မေမေနဲ့ဖေဖေကို တွေ့လိုက်ရတော့ အားကိုးရသွားသကဲ့သို့ ထိမ်းထားသမျှ စိတ်တွေကို လွှတ်ထုတ်ပြစ်ချင်လာသည်... နွေနှင်း အိပ်ရာမှ ဖြည်းဖြည်းထကာ မိခင် ဒေါ် ဝေနှင်းကိုဖက်ကာ ကလေးတစ်ယောက်ပမာ ငိုချလိုက်တော့သည်...


"အမေ့...... ဟင့်.. ဟင့်.... "


မိခင်ကတော့ စာနာသော အကြည့်များဖြင့် နွေနှင်းကို ဖက်ကာ ကျောပြင်ကို ပုတ်ခတ်အားပေးနေသည်... ကိုယ့်သမီး ခံစားနေရတာကိုမကြည့်ရက်တဲ့ ဦးမြမောင်ကတော့ မျက်နှာကို တစ်ဖက်လွှဲကာ လူမသိအောင် မျက်ရည်စတစ်ချို့ကို သုတ်ထုတ်ပစ်လိုက်သည်....


ထိုအခြေအနေကြား ဆားညက်နေသော ရာဇာကတော့ ဘာလုပ်ရမှန်းမသိ... နွေနှင်း သတိရပြီဖြစ်၍ ဆရာဝန်နှင့် စစ်ဆေးခိုင်းကာ ပြန်လို့ရလျှင်အကောင်းဆုံးဖြစ်မည်ဟု အကြံရပြီး... ဖြူ့အနားသို့ကပ်ကာ...


"ကျွန်တော်ဆရာဝန်သွားခေါ်လိုက်အုံးမယ်..."

"အော်.. ဟုတ်.. ဟုတ်... ကိုရာဇာပြန်ချင်လဲ ပြန်လိုက်ပါတော့... ဒီမှာ သူ့မိဘတွေလဲရောက်ပြီ... သူလဲသတိရပြီဆိုတော့..." သီရိဖြူ၏ အလိုက်သိစွာပြောလိုက်သော စကားကြောင့် ရာဇာ့စိတ်ထဲ အလွန်ဝမ်းသာသွားသည်...


"အော်.. ရပါတယ်ဗျာ.. ဒါပေမဲ့ ကျွန်တော်လဲ အလုပ်ကိစ္စလေးက ရှိနေသေးလို့ပါ... ဒါဆို ကျွန်တော် အထွက်မှာ ဆရာဝန်ကို တစ်ခါတည်းပြောရင်းလွှတ်လိုက်မယ်နော်... သွားလိုက်ပါအုံးမယ်နော်..."


မှုန်ကုတ်ကုတ်ဖြင့် စိတ်မကြည်သာစွာရပ်နေသော ဦးမြမောင်ကိုလဲ ခေါင်းလေးညွတ်ကာ... 


"သွားလိုက်ပါအုံးမယ်... အန်ကယ်" တိုးတိုးညင်သာစွာ နှုတ်ဆက်လိုက်တော့ ဦးမြမောင်က သေချာပင် ပြန်မကြည့် ခေါင်းတစ်ချက်ညိတ်ပြကာ လက်ပြလိုက်သည်... ဒေါ်ဝေနှင်းကတော့ ရှိုက်ကြီးတငင်ငိုနေသော သူ့သမီးကို ဖတ်၍ အားပေးနေသဖြင့် အခြေအနေကို ကြည့်ကာ မနှုတ်ဆက်တော့...


------------------------------------------------------ ။ -----------------------------------




ပြတင်းပေါက်မှ တဆင့် မြင်နေရသော သစ်ပင်အိုက ကျွန်မလိုပင် ခြောက်သွေ့တဲ့ဘ၀တူတွေပဲလို့ ပြောနေသယောင်... ဒါပေမဲ့လဲ မိုးလေး တစ်ပေါက် နှစ်ပေါက်ရွာလိုက်ရင် သစ်ပင်အိုမှာ အညှာလေးတွေထွက်ပြီး ရွက်သစ်ဝေဖို့ အခွင့်ရှိသေးတယ်... ကျွန်မအတွက်ကတော့ တစ်ယောက်တည်းပါပဲ... ကောင်းကင်ကိုမော့်ကြည့်လိုက်တော့ လမင်းကြီးကတော့ ထိန်ထိန်သာပြီး ကျွန်မကိုလဲ သနားတဲ့အကြည့်တွေနဲ့ ပြန်ငုံ့ကြည့်နေသယောင်... ခေါင်းထဲကို မဆီမဆိုင်ရောက်လာတဲ့ သီချင်းတစ်ပုဒ်ထဲကလို မိုးကောင်းကင်က လမင်းကြီးကတော့ တစ်ယောက်တည်းမို့ မပျော်နိုင်ဘူး မမော်နိုင်ဘူးတဲ့... ဒါပေမဲ့လဲ ခု ဒီလမင်းကြီးလိုပဲ တစ်ကိုယ်တည်းဖြစ်နေတဲ့ ကျွန်မအတွက်တော့ သူ အဖော်ပြုပေးနေနိုင်တယ်လေ... သစ်ကိုင်းပေါ်က ငှက်ကလေးတွေ အဖော်နဲ့ မြူးနေတာကိုကြည့်ရတာလဲ ကျွန်မအတွက် ကြည်နူးဖို့မကောင်းဘူး...

တစ်ပင်တည်းမှာ ပွင့်နေတဲ့ ပန်းကလေးတွေကလဲ မလှပနိုင်ဘူး... ကောင်းကင်ပေါ်က များပြားလှတဲ့ ကြယ်တွေကလဲ ကျွန်မအတွက် မတောက်ပနိုင်ဘူး... အရာရာတိုင်းဟာ ကျွန်မကို စိတ်အားငယ်နေစေတယ်... လှောင်ပြောင်နေကြသလိုခံစားရတယ်... ခုချိန်မှာ ကျွန်မကို နားလည်မှု အပေးနိုင်ဆုံးကတော့ သီချင်းထဲမှာ လှောင်ပြောင်ခံခဲ့ရတဲ့ လမင်းကြီးပဲ ရှိတော့တယ်.... တစ်သက်နဲ့ တစ်ကိုယ် လမင်းကြီးကို တစ်ခါမှ မသနားဖူးပင်မဲ့ ဒီညတော့ ပြတင်းပေါက်က မြင်နေရတဲ့ ဘ၀တူ လမင်းကြီးကို ကြည့်ရင်း ကျွန်မ အိပ်ယာပေါ်မှာ ကြိတ် ငိုမိပြန်တယ်...


တစ်လောကလုံးမှာ ဘာကြောင့် ကျွန်မဒီလောက် ချစ်ကံခေရတာလဲ... ဘာလို့ ကျွန်မဒီလောက် ကံဆိုးရတာလဲ... မောင်နဲ့ ချစ်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ကျွန်မ ဘာအမှားများလုပ်ခဲ့မိလို့လဲ... တစ်ခါတစ်လေ မောင့်ကို သ၀န်တိုတတ်တာ... မောင့်ကို ဆရာလုပ်တတ်တာ... ဒါတွေအားလုံးက မောင့်ကို ချစ်လို့ဆိုတာ မောင်မသိတာလား... ဒါမှမဟုတ်ဒါတွေက မောင့်အချစ်ကို လျော့စေခဲ့တာလား... ဒါပေမဲ့ မောင်နဲ့ ချစ်ခဲ့တဲ့ ဒီအချိန်ကာလအတောအတွင်းမှာ ကျွန်မတို့ တူတူ ပျော်စရာတွေ ဝေမျှရင်း ကြည်နူးခဲ့ရတာတွေဟာ ခဏလေးမဟုတ်ပါဘူး... ကျွန်မခေါင်းထဲမှာ အတွေးပေါင်းစုံနဲ့ ပြည့်နှက်နေခဲ့တဲ့ ညတွေမှာ မျက်ရည်တွေနဲ့ နစ်နေတဲ့ ကျွန်မခေါင်းအုံးလေးသာ အသက်ရှိမယ်ဆိုရင် သူလဲ မောင့်လိုပဲ ကျွန်မကို ထားသွားလောက်ပြီ... အတွေးတွေနဲ့ အိပ်မပျော်နိုင်ပေမဲ့ အငိုဝပြီး မျက်လုံးတွေ ပင်ပန်းလာရင်တော့ သူ့အလိုလိုအိပ်ပျော်သွားရတဲ့ ညတွေတိုင်း မနက်နိုးထလာရင် အိပ်မက်တွေသာဖြစ်ပါစေတော့လို့ မသိစိတ်က မျှော်လင့်မိတယ်.... 


မောင်နဲ့ အတူ လျှောက်ခဲ့ဖူးတဲ့လမ်းဟောင်းတွေ... တစ်ခါတစ်လေ မပြောမဆို ကျွန်မအလုပ်ကို လာကြိုရင် မောင်ထိုင်နေတတ်တဲ့ လက်ဘက်ရည်ဆိုင်က ခုံလေး... မောင်သောက်နေကျ လက်ဘက်ရည် ချိုချို... ငရုတ်သီးစပ်စပ် စားတိုင်း သီးတတ်တဲ့ ကျွန်မအတွက် ရေဗူးနဲ့ စောင့်နေပေးတတ်တဲ့ မောင့်ပုံရိပ်တွေ... အပူမစားနိုင်တဲ့ ကျွန်မအတွက် တစ်ခုခုစားတိုင်း မွှေပေး မှုတ်ပေးတတ်တဲ့ မောင့်ရဲ့ ဂရုစိုက်တတ်တဲ့ အကျင့်... ကျွန်မပတ်ဝန်းကျင်ရဲ့ နေရာတိုင်းမှာ မောင့်ပုံရိပ်တွေချည်းပါပဲ... အရင်ကတည်းကလဲ ရုပ်ရှင်တွေထဲကလို Romantic ဆန်ဆန်တွေ ကျွန်မ မတောင့်တခဲ့ဖူးပါဘူး... မမျှော်လင့်ခဲ့ပါဘူး... သာမာန် မောင်နဲ့ ရှိနေတဲ့ အချိန်လေးတွေ တစ်ဘ၀လုံး ပုံမှန်ရှိသွားပါစေလို့ပဲ ကျွန်မ မျှော်လင့်ခဲ့မိတာ သိပ်များ လောဘကြီးသွားသလား... အဖြစ်အပျက်တွေက မနေ့တနေ့ကအတိုင်း ကျွန်မရဲ့ မှတ်ဥာဏ်တွေထဲမှာ ထင်ထင်ရှားရှားရှိနေဆဲ... မောင့်ကို တမ်းတမိတိုင်း ဘာကြောင့် ကျွန်မတို့ ဝေးရတယ်ဆိုတာကို အကြိမ်ကြိမ်စဉ်းစားမိပင်မဲ့ အဖြေမရခဲ့ဘူး... ရှိနေတဲ့ အဖြေကိုပဲ ကျွန်မ သိစိတ်က လက်မခံချင်ခဲ့တာလား...








မောင်ရော... ခုချိန်မှာ ကျွန်မကို သတိရနေမလား... ကျွန်မလိုပဲ ခံစားနေရမလား... ကျွန်မကို တစ်ခါတစ်လေများ တမ်းတနေမလား... ဘယ်လိုပဲဖြစ်ဖြစ် မောင့်ကိုတော့ ကျွန်မနဲ့ တူတူ သွားလာခဲ့ဖူးတဲ့ နေရာတွေမှာ မတွေ့ရတော့... ဒီနေရာတွေလာရင် မောင်လဲ ကျွန်မလိုပဲ ခံစားရမှာမို့ သူမလာတာများလား... တစ်နေရာရာ အကွယ်ကနေများ မောင် ကျွန်မကို ကြည့်နေမလားလို့ ရှာကြည့်မိတယ်... အတ္တကြီးတယ်ပဲ ဆိုဆို... အမှန်အတိုင်း ၀န်ခံရရင် မောင့်ကိုလဲ ကျွန်မခံစားရသလို ခံစားနေရပါစေလို့ မျှော်လင့်မိတယ်...




ကျွန်မရဲ့ မို့မောက်နေတဲ့ မျက်ဝန်းတွေကို မြင်တိုင်း... အစားအသောက် အရင်လို မစားနိုင်တာကို သိတိုင်း မျက်နှာမကောင်းတဲ့ ဖေဖေနဲ့ မေမေအတွက်လဲ ကျွန်မ ၀မ်းနည်းရပြန်တယ်...


တစ်ခါတစ်လေတော့ ဖေဖေ မခံနိုင်လွန်းလို့...

"သမီးရယ်... ဒီလို အသိုင်းအ၀ိုင်းမျိုး ဒီလိုကောင်စားမျိုးကို မေ့ပြစ်လိုက်စမ်းပါ... ဖေဖေတို့ကလဲ အစကတည်းက သိပ်ပျော့ညံ့လွန်းတဲ့ ဒီလိုကောင်မျိုးကို သဘောကျလှတယ်မဟုတ်ပါဘူး... ငါ့သမီးစုံမက်လို့သာ ခွင့်ပြုခဲ့တာပါ... ရိုင်းရိုင်းနှိုင်းရရင် သူ့ကိုကိုယ်စွန့်ပစ်လိုက်တဲ့ မစင်လိုပဲ သဘောထားစမ်းပါ... မစင်ဆိုတာ ကိုယ်ခုံမင်လို့ စားခဲ့တဲ့ အစာကနေ ဖြစ်တာဆိုပင်မဲ့ ကိုယ့်ဝမ်းထဲကထွက်သွားပြီးတဲ့အချိန်ဆို ဘယ်သူမှ ပြန်လှည့်ကြည့်ချင်တာမဟုတ်ဘူး... မစင်နဲ့ ထိတွေ့ရမှာတောင် ရွံရှာကြတယ်.... ခု ဒီကောင်နဲ့ သူ့အသိုင်းအ၀ိုင်းကလဲ မစင်လိုပဲ... သူတို့နဲ့ မပတ်သတ်ရတာ သမီးအတွက် အများကြီးကောင်းတယ်... ဒီတော့ မတန်ဘူး... ငိုမနေနဲ့တော့... " ကျွန်မကြောင့် စိတ်ထိခိုက်နေတဲ့ ဖေဖေ့မျက်နှာနဲ့ တုန်ရီတဲ့ ဖေဖေ့ရဲ့ ဒေါသနှောတဲ့အသံ... မေမေ့ရဲ့ အရိပ်တကြည့်ကြည့်နဲ့ စိုးရိမ်တဲ့ အကြည့်တွေ... ကျွန်မအတွက် ၀မ်းနည်းစွာ ကြိတ်ငိုထားတဲ့ မေမေ့ရဲ့ နီမြန်းနေတဲ့ မျက်လုံးတွေ... သူငယ်ချင်းဖြူရဲ့ အားပေးမှုတွေ...

"တလောကလုံးမှာ နင်မှ ကံအဆိုးဆုံးလို့ ထင်နေတယ်မှတ်လား... နင်မှ သနားစရာအကောင်းဆုံးလို့ ခံစားနေရတယ်မှတ်လား... ဒီမှာ အဲဒါ နင်တစ်ယောက်ထည်းမဟုတ်ဘူး... နင်ခုခံစားနေရတာတွေက အသည်းကွဲတဲ့သူတွေရဲ့ဖြစ်စဉ်တွေပဲ... လောကမှာ ဒီထက်ဆိုးတာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ သူတွေအများကြီး... ငါကိုယ်တိုင် အသည်းမ့ကွဲဖူးပဲနဲ့ နင့်ကို ဆရာလုပ်နေလို့ ငါနင့်ကို နားမလည်ပါဘူးလို့မထင်နဲ့... ဒါပေမဲ့ အချိန်က အားလုံးကို ကုစားသွားမယ်... ဒါပေမဲ့ နင့်ရဲ့ ကြိုးစားအားထုတ်မှုပေါ်လဲ မူတည်တယ်... ဘာမှ အားငယ်စရာလဲ မလိုဘူး.. နင့်ဘေးမှာ နင့်ကို ချစ်တဲ့ ဂရုစိုက်တဲ့ ငါတို့တွေရှိနေတယ်ဆိုတာကိုပဲ စိတ်ထဲမှာ ထည့်ထား... " ဟု ဖြူ မချိတင်ကဲ ကျွန်မကို ပြောခဲ့သည်...


ကျွန်မကြောင့် ကျွန်မ ပတ်ဝန်းကျင်က ကျွန်မကို ချစ်တဲ့ ခင်တဲ့ မိသားစုနဲ့ သူငယ်ချင်းတွေ စိတ်ညစ်နေရတော့ ကျွန်မစိတ်မကောင်းပါ... တဖြည်းဖြည်းနှင့် ကျွန်မတတ်နိုင်သလောက် သူတို့ရှေ့မှာ ကြိုးစားပြီး ပုံမှန်နေသည်... ပုံမှန်စားသည်... ပုံမှန် လှုပ်ရှားသည်... အတတ်နိုင်ဆုံး သူတို့ မရိပ်မိအောင် ပုံမှန်နေသည်... အရီအပြုံးနည်းသွားတဲ့ ကျွန်မကိုတော့ သူတို့ဘက်ကလဲ နားလည်ပေးတယ်ထင်သည်... အားလုံးလဲ မသိချင်ယောင်ဆောင်ကာ မောင့်အကြောင်းကို မစတော့... ကျွန်မစိတ်ပျော်အောင်သာ ထားကြသည်... သိစိတ်က မေ့ပြစ်လိုက်ဖို့ နာကျဉ်းပြစ်လိုက်ဖို့ ပြောနေပင်မဲ့ မသိစိတ်ထဲမှာတော့ မောင်တစ်နေရာရာကနေ ပေါ်လာမှာကို မျှော်နေမိတယ်... မောင်မရှိတော့တဲ့ ကျွန်မရဲ့ ခြောက်သွေ့တဲ့ ဘ၀ကို ဘယ်သူမှတော့ နားလည်နိုင်မှာမဟုတ်ပါဘူး...






Thursday, June 10, 2010

Will You Be There For Them??

ပြီးခဲ့တဲ့နှစ် (2009) ဒီဇင်ဘာ ၃၁ရက်နေ့က မင်္ဂလာဒုံ ပုလဲမြို့သစ်နားမှာရှိတဲ့ မြသိင်္ဂီသီလရှင်စာသင်တိုက်မှာ မိဘမဲ့ကလေးတွေနဲ့ အဲဒိ အနီးအနားက ချို့တဲ့တဲ့ ကလေးတွေကို နေ့လည်စာကျွေး... လက်ဆောင်ပစ္စည်းလေးတွေ ပေးဖြစ်ခဲ့တယ်...

မဗေဒါရဲ့ ပိုက်ဆံအခြေအနေကြောင်း ကလေးတွေအတွက်ပဲ ဖိနပ် လှူနိုင်ပြီး... ကျန်တဲ့ ကိုရင်ကြီးတွေနဲ့ အတန်းကြီး အတွေအတွက်ကတော့ ငွေသားမုန့်ဖိုးပဲ ပေးလှူဖြစ်ခဲ့တယ်... မိန်းကလေးတွေအတွက်တော့ တစ်ခုပိုတာက ခေါင်းစည်းကြိုးလေးတွေလဲ လက်ဆောင်ပေးခဲ့တယ်... ကလေးတွေအားလုံး ကစားဖို့လဲ ဘက်မင်တန်တို့ ဘောလုံး ခြင်းလုံးတို့လဲ လှူခဲ့တယ်... အဲဒိကျောင်းမှာစာပြပေးတဲ့ စေတနာရှင်ဆရာ ဆရာမတွေအတွက်လဲ ကျောင်းစိမ်းလုံးချည်နဲ့ ငွေသားတွေလှူခဲ့တယ်...

မဗေဒါရဲ့ အလှူအပြင် youtube ပေါ်မှာ သိခဲ့တဲ့ Gersing ကလဲ ပညာရေးထောက်ပံ့စားရိတ်ကို လှူခဲ့တယ်... ကိုယ်လဲ လှူခွင့်ရတဲ့ အပြင် သူများအလှူကိုလဲ ကူညီခွင့်ရတဲ့အတွက် ၀မ်းလဲသာမိတယ်... ပြီးတော့ Gersing ကိုလဲ ဒီနေရာကနေ ကျေးဇူးတင်ကြောင်းပြောချင်တယ်... နောက်ပြီး သာဓုလဲ ခေါ်ပါတယ်... သာဓု.. သာဓု.. သာဓု... နောက်လဲ များများလှူနိုင်ပါစေနော်...

နောက်ပြီး မဗေဒါ မြန်မာပြည်ပြန်ပြီးအလှူလုပ်မယ်ဆိုတုန်းက အနီးနားက သူငယ်ချင်းတွေထဲကလဲ သူတို့ စေတနာရှိသလောက် မဗေဒါ အလှူထဲမှာ ထည့်ဝင်ကြတဲ့အတွက်လဲ ကျေးဇူးအများကြီးတင်ပါတယ်...

အလှူအကြောင်းအသေးစိတ်ကို နောက်ဗွီဒီယိုတွေ ထပ်တင်ဖြစ်ရင် ပြောပြချင်ပါသေးတယ်... ခုတော့ ခဏနေရင် ပြမဲ့ ဗွီဒီယိုလေးနဲ့ပတ်သတ်ပြီး ပြောချင်တယ်.. ဒီဗွီဒီယိုလေးမှာ မိုက်ကယ်ဂျပ်ဆင်ရဲ့ Will you be there သီချင်းကို သုံးထားတယ်... ဘာလို့လဲဆိုတော့ အဲဒိသီချင်းလေးရဲ့ အဓိပ္ပါယ်လေးက မိဘမဲ့ ကလေးတစ်ယောက်ဘက်ကနေ ခံစားပြီး ဆိုပေးထားတာဖြစ်တယ်... အဲဒိသီချင်း စာသားအဓိပ္ပါယ်လေးကို နားထောင်မိတိုင်း ရင်ထဲမှာ မိဘမဲ့ ကလေးတွေကို ကိုယ်ချင်းစာစိတ်ဖြစ်မိတယ်...

ဘာလို့ရှင်းပြတာလဲဆိုတော့ ဗွီဒီယိုထဲမှာ ကိုရင်တွေ သီလရှင်လေးတွေလဲ ပါတယ်လေ... အင်္ဂလိပ်သီချင်းကြီးနဲ့ မလိုက်ဖက်ဘူးလို့ တချို့က ထင်ချင်ထင်မယ်... ဒါပေမဲ့ အဲဒိ ကိုရင်တွေ သီလရှင်တွေထဲမှာလဲ တစ်ချို့က အကျီင်္ဖိုးမတတ်နိုင်လို့ သီလရှင်စည်းပေးခံထားရတဲ့ မိဘမဲ့လေးတွေလဲ ရှိတယ်လို့ သိရတယ်... ဒီသီချင်းလေးက charity သီချင်းလေး ဖြစ်တဲ့ အတွက် Youtube တို့ facebook တို့ကလဲ ဒီသီချင်း အသုံးချမှုကို ခွင့်ပြုမယ်လို့ မျှော်လင့်ပါတယ်... ဗွီဒီယိုလေးကိုလဲ ခံစားရင် ကုသိုလ်တွေကို မျှဝေလိုက်ပါတယ်...

မြန်မာပြည်မှာ သင်တို့ကို လိုအပ်နေတဲ့ ကလေးငယ်တွေ အများကြီးရှိပါတယ်... သူတို့အတွက် တတ်နိုင်သလောက် သင်တို့ ရှိပေးနေနိုင်မလား... သင်တို့ရဲ့ ပိုက်ဆံ ပြားလေးကအစ သူတို့ ဆီမှာ တန်ဖိုးထားခံရပါတယ်...




ဗွီဒီယိုအောက်က ပိုစ့်လေးကတော့ Facebook ပေါ်မှာ Gersing Aung ရေးထားတဲ့ မြန်မာပညာရေးနဲ့ အနာဂတ်ဆိုင်ရာ ပိုစ့်လေးပါ... အဓိပ္ပါယ်ရှိပြီး ထိမိတဲ့အတွက် ဖတ်သွားစေချင်ပါတယ်... သူကတော့ အပေါ်မှာ ပြောသွားတဲ့အတိုင်း ကျွန်မကနေ တဆင့် ပညာရေးအထွေထွေစားရိတ်ရော ပညာထူးချွန်တဲ့ မိဘမဲ့ ကလေးတစ်ယောက်အတွက် ပညာသင်စားရိတ်ရောကိုပါ ပေးလှူခဲ့တဲ့သူပါ...


Mal-education, mis-education or de-education - all are recipes for slavery

When education is discouraged in a country, it must be earned through struggles, diligence and hard work. In Burma, a majority of students suffer from mal-education (and worst, DeEducation). Educational crisis in Burma is not a surprising blow. Social outcome of this crisis is best understood in the interest of Burmese ruling generals – which is to put the society in the mindset of slavery. While forced labor and physical slavery are not uncommon across Burma, feeding systematic brainwash and mis-education to innocent children is no excuse to humanity.

The mindset of slavery equals that of the powerless – a recipe for a f*-up life.

So, how do we overcome this crisis in Burma?

I do not have a good answer but I know that I cannot do it alone.

One of my teachers once said, “Brain drain is better than brain waste”. Although it would not be the best solution, I still thank her for the light she showed me.

Being on a brighter side now, I have had a desiring dream of helping children in Burma with their education. I want them to seek out education beyond their classrooms, and realize that education is what will liberate them.

Since I was in Burma, my targeted group of children for help has been the orphans throughout Burma (though my sister has a different idea of supporting primary school teachers). And I want to set up the fund and distribute it for the orphans’ educational benefits. I also have an ultimate dream of building a school-home where they are educated while raised and nurtured. It is a million dollars journey and every journey begins with one step.

I am glad I was able to make the first step towards my goal with a selfless and sincere help from a friend who went and visited Burma. Through that friend, I was able to reach out to Burmese orphans and abandoned children cared for by a Buddhist nun. That orphanage solely depends on private donations and the outlook of the orphanage is poor because it is suited in a rugged location and donors are not willing not make a trip to the orphanage. I am thankful that my friend and hers voluntarily made several trips to that orphanage while they were in Burma.

I requested the nun to use half of my donation on general educational expenses and the other half on a scholarship award to an outstanding student. The idea of scholarship is not yet popular in Burma and probably unheard of in the orphanages. But, I hope that the concept of reward will motivate the kids, and give them a sense of hope and a purpose of life.

Like everything in Burma, nothing can be confirmed. I cannot confirm that money will be used as per my request not because of the credibility of the orphanage, but because of the inaccessibility nature of our country. I have my faith in the nun, and I will leave it as it is.

With a permission of the photographer, I am sharing some of the images from the orphanage. I hope these pictures bring you joy, sympathy, compassion and creative ideas.

And…MOST IMPORTANTLY, I HOPE ONE DAY, YOU CAN PERSONALLY CREATE A MUTUAL HAPPINESS WITH THEM!!!



Saturday, June 05, 2010

မြန်မာပြည်မှာ အက်ဂါ၊ ထိုင်ဝမ်မှာ Zhoug Tai-Shan (趙太祥 )

ဒီနေ့တော့ ကျွန်မကို facebook ပေါ်က လူတစ်ယောက်က လင့်ခ်တစ်ခု message ပို့တယ်... ဒါနဲ့ သွားကြည့်ဖြစ်တော့... Zhoug Tai-Shan ရဲ့ မြန်မာ ဗွီစီဒီတစ်ခုဖြစ်နေတယ်... နီလာအောင်အောင်နဲ့ သရုပ်ဆောင်ထားတာ... အဲဒိသီချင်းကိုတွေ့တော့ နဲနဲတော့ မှတ်မိသလိုလိုရှိတယ်... သူ့ပိုစတာကြီးတွေ ဘားလမ်းထဲက တေးသံသွင်းတွေမှာ ချိတ်ထားတာမှတ်မိသလိုလိုဖြစ်လာတယ်... အဟိ... အော်... ဘာလို့များ အဲဒိတုန်းက သတိတောင်မထားမိတာပါလိမ့်လို့... သတိမထားမိဆိုလဲ အိမ်မှာ မဗေဒါက အရင်က ကတ်ဆက်ခွေဝယ် စီဒီဝယ် သိပ်လုပ်တာမဟုတ်ဘူး... သီချင်းကြိုက်တဲ့ မဗေဒါ အစ်မနဲ့ အဖေကပဲ သီချင်းခွေ ဒိုင်ခံဝယ်တာ... မဗေဒါက ရုပ်ရှင် ဇာတ်လမ်းတွဲတွေပဲ ၀ယ်တာ... ဟဲ... ဟဲ...

အော် သူ အဲဒိထဲက နာမည်တော်တော်လေး ကြီးခဲ့ရင်လဲ ကောင်းမှာလို့... ဒါပေမဲ့ တစ်ဖက်ကတွေးမိတော့လဲ အဲဒိထဲကသာ မြန်မာပြည်မှာ နာမည်ကြီးခဲ့ရင် သူခုလို ထိုင်ဝမ်မှာ အိုင်ဒိုးသွားပြိုင်ဖြစ်ချင်မှ ပြိုင်ဖြစ်မှာ... တခြားနိုင်ငံကလူတွေ သူ့ကို သိချင်မှတောင် သိလိုက်မှာ... မြန်မာပြည်က အနုပညာ စီးကြောင်းအတိုင်းပဲ ဝေေ၀၀ါးဝါး ပါသွားချင်လဲ ပါသွားမှာ... ဒီတော့ ခုလို ဖြစ်တာပဲ အကောင်းဆုံးပဲ...

အမှန်အတိုင်း ၀န်ခံရရင် သူ့ပိုစတာကို အဲဒိတုန်းက သတိထားမိပါတယ်... ခုပြန်တွေ့တော့ အဲဒိတုန်းက ဒီဇိုင်းနဲ့ မတူတော့ မမှတ်မိတာ...(စိတ်တော့မဆိုးနဲ့နော်... အမှန်အတိုင်းပြောမလို့...) သူက နဖူးကျယ်ရတဲ့ အထဲ ဆံပင် လိမ်ကောက်ကောက်လေးတွေကို ရှေ့တစ်ဖက်မှာချထားတော့ အဲဒိအချိန်က ကလေးအတွေးနဲ့ "ဟင်... ဘယ်လိုကြီးလဲ မသိဘူး... ဇာတ်မင်းသားကနေ စီးရီးထုတ်တာလား မသိဘူး" တွေးခဲ့မိတယ်... ဒီလိုဆိုတော့လဲ လူတစ်ယောက်မှာ လိုက်ဖက်တဲ့ အပြင်အဆင်နဲ့ စတိုင်က အရေးကြီးပါလားလို့ မှတ်ယူမိတယ်... ကဲပါလေ... ဒါတွေထားလိုက်ပါတော့... ဘာပဲဖြစ်ဖြစ် ခုချိန်က စပြီး အားပေးလဲ နောက်မကျသေးပါဘူး... ဟောဒီမှာ သူ့ မြန်မာ ဗွီစီဒီ....

P.S သူ့နာမည် အရင်းက ကျော်ထိုက်စံ ဟုတ်မဟုတ် ကျွန်မလဲ သေချာမသိပါ.. youtube ပေါ်မှာ သူ့ပြိုင်ပွဲ ဗွီဒီယိုတင်ထားတဲ့သူက အဲလိုရေးထားလို့ အဲလိုထင်တာပါ... သေချာသိသောသူများ အမှားပါလျှင် ပြင်ပေးနိုင်ပါတယ်...


Thursday, June 03, 2010

Taiwan ရောက် မြန်မာပြည်က ကြယ်တစ်ပွင့်

လွန်ခဲ့တဲ့ ၂ရက်လောက်ကမှ ဂျန်ဂမ်ဆပ်ရဲ့နောက်ဆုံးဗွီဒီယိုကို Youtube မှာ upload လုပ်ရင်း မတော်တဆတွေ့လိုက်တဲ့ ထိုင်ဝမ် စူပါအိုင်ဒိုးပြိုင်ပွဲက မြန်မာ အဆိုတော်ကို အတော်လေး ကျွန်မသဘောကျနေပါတယ်... အစကတော့ ဒီအကြောင်းကို ဘလော့ပေါ်မရေးတော့ပါဘူးလို့ စိတ်ကူးမိပင်မဲ့... တခြားနိုင်ငံက မင်းသားတွေကို ကိုယ်ကြိုက်ရင် ဝေငှနေသေးတာ... ခုလို ကိုယ့်လူမျိုး အရည်အချင်းရှိ talent ရှိတဲ့သူကိုလဲ လူသိအောင် ဝေမျှ အသိပေးသင့်တယ်လို့ထင်တယ်လေ... တွေ့တွေ့ချင်းကတော့ facebook မှာ လင့်ခ်တင်လိုက်သေးတယ်... ကျွန်မ facebook ထဲမှာ ရှိတဲ့သူတွေတော့ သိပြီးဖြစ်မှာပါ...

သူက ထိုင်ဝမ် စူပါအိုင်ဒိုးကို ၀င်ပြိုင်တာမှာ ထိပ်ဆုံး အဆင့် ၉ယောက်အထိ အောင်မြင်ခဲ့ပါတယ်... ပထမဆုံး audition ၀င်တဲ့ နေ့ကတည်းကလဲ သူဟာ မြန်မာပြည်ကလာတဲ့ မြန်မာလူမျိုးဖြစ်ကြောင်းကို ပြောခဲ့တာ တွေ့ရပါတယ်... မြန်မာသီချင်း "မင်းနဲ့မှ ချစ်တတ်ပြီပေါ့" ကိုတောင် ပထမဆုံး Audition မှာ ဆိုပြခဲ့တာ တွေ့ရပါတယ်... သူတို့ ထိုင်ဝမ် အိုင်ဒိုးက အမေရိကန်အိုင်ဒိုးလို နောက်ပိုင်းမှာ ပရိတ်သတ်မဲနဲ့သွားလား ဒိုင်ဆုံးဖြတ်ချက်နဲ့ပဲ သွားလားတော့ ကျွန်မလဲ သေချာမသိပါဘူး... ဒါပေမဲ့ မြန်မာလူမျိုးဆိုတာနဲ့တင် ထိုင်ဝမ်အိုင်ဒိုး နံပါတ်တစ်ဖြစ်ဖို့ကတော့ သိပ်မဖြစ်နိုင်ဘူးဆိုတာ သိပါတယ်... ဒါက ကျွန်မရဲ့ အထင်ကို အရိုးသားဆုံး ပြောကြည့်တာပါ... ဒါတောင် သူက Top 9 အထိပါခဲ့တယ်ဆိုတာ သူ့ရဲ့ အရည်အချင်းက အတော်လေး မသေးလို့ပါ...

ကဲဒါဆို သူ့ performance တွေကို ကျွန်မ စိတ်ဝင်စားလာတာနဲ့ ကြည့်လိုက်ပါတယ်... နံပါတ်၉ အထိရောက်တာလဲ ရောက်လောက်ပါတယ်... အတော်လေး အသံကောင်းပါတယ်... ဒါတောင် ကျွန်မနားမလည်တဲ့ တရုတ်သီချင်းဆိုနေတာနော်... သီချင်းဆိုနေတုန်းလုပ်တဲ့ ဟန်ပန် အမူအရာနဲ့ ၀တ်ပုံစားပုံ အပြင်အဆင်လဲ ဘာမှ သိပ်ပြောစရာမရှိပါဘူး... ရုပ်ရည်လဲ မဆိုးပါဘူး ခန္ဓာကိုယ် အရပ်အမောင်းကအစတော့ အာရှက တခြားနိုင်ငံက Celeb တွေနဲ့ အတန်းမှီပါတယ်... ဒါတင်မကပါဘူး သူက တစ်ချို့သီချင်းတွေမှာ က တာလဲ တွေ့ရပါတယ်... က တာလဲ မဆိုးပါဘူး... Moon Walk လျှောက်တာဆိုရင် နောက်က Dancers တွေထက်တောင် သူလျှောက်တာက ပိုလှပါသေးတယ်... ဒါတော့ တကယ်ချီးကျူးပါတယ်...





ကျွန်မရဲ့ Personal Taste အရတော့ တစ်ချို့သီချင်းတွေမှာလုပ်ထားတဲ့ သူ့ ဆံပင်ပုံစံကို သိပ်မကြိုက်ပါဘူး... သူ့ကိုကြည့်ရတာ ဆံပင်ပါးပုံရပါတယ်... သူပထမဆုံး Audit ၀င်တုန်းကပုံမှာ တွေ့နိုင်ပါတယ်... ဒီတော့ ဆံပင်ပုံက ရွေးမှာပါ... အောက်က ဗွီဒီယိုထဲက 0:53 ဂျာ့ကင်အဖြူလေးနဲ့ ဆံပင်အလန်လေးလဲ မဆိုးပါဘူး... အဲဒိဆံပင်နဲ့ သဘောကျတယ်... ငယ်တယ်လဲထင်ရတယ်... (အသက်တော့ ဘယ်လောက်ရှိပြီလဲ မသိပါ)... ဒါကလဲ ဒီလို အနုပညာလိုင်းထဲဝင်ရင် စတိုင်တစ်မျိုးတည်းနေတာထကစာရင် အမျိုးမျိုးပြောင်းနေနိုင်ရမယ်ဆိုတော့ လက်ခံလို့ရပါတယ်... အောက်က ဗွီဒီယိုကတော့ သူ eliminate လုပ်ခံရတဲ့ နေ့မှာ ပြတဲ့ ဗွီဒီယို ဖြစ်မယ်ထင်ပါတယ်...

ဒီမှာ မိတ်ကပ်ဟာ ခုလို show bis က လူတွေအတွက် ဘယ်လောက်အရေးကြီးသလဲဆိုတာကိုလဲ တွေ့နိုင်ပါတယ်... သူ ပထမဆုံး Audit ၀င်တဲ့ ပုံနဲ့ နောက်ပိုင်း စင်ပေါ်မှာ ဆိုတဲ့ ပုံက အကွာကြီးပါ... စင်ပေါ်မှာ သူ့ပုံက တကယ့်ကို star တစ်ယောက်နဲ့ တူပါတယ်... အသားအရေ ဆံပင် မျက်နှာ အနေအထား အားလုံးက နာမည်ကျော်တစ်ယောက်ရဲ့ လက္ခဏာတွေဖြစ်နေပါတယ်... သူ့ကို ကြည့်လိုက်တာနဲ့ Smart ကျပြီး Cool ဖြစ်နေတယ်လို့ ခံစားရပါတယ်... အဲဒါဟာ မိတ်ကပ် ၀တ်စားပြင်ဆင်ပုံ အားကောင်းလာလို့ပါ... ယောင်္ကျားမို့ မိတ်ကပ်လိမ်းစရာမလိုပါဘူး အခြောက်မှ မဟုတ်တာ ဆိုတဲ့ ခေတ်က ကျန်ခဲ့ပါပြီ... ကျွန်မပြောတာ Show Bis ကို ပြောတာနော်.. အပြင်က သာမာန်လူတွေကို ပြောတာမဟုတ်ဘူး... show bis ထဲ ၀င်ချင်တဲ့ ယောကျာင်္းကိုပြောတာ... ခုအခါမှာ မိတ်ကပ်နည်းပညာတွေ အဆင့်အတန်း အရမ်းမြင့်မားလာတဲ့အတွက်အကြောင့် ယောကျာင်္းလဲ ယောကျာင်္းအလျောက် သင့်တော်တဲ့ မိတ်ကပ်တွေရှိနေပါပြီ....




သူ့ကို တစ်ချို့တွေက မြန်မာသီချင်းဆိုတာ ကြားချင်တယ်... မြန်မာစကားရော ပြောတတ်ရဲ့လားလို့ မေးသူတွေအတွက်ကတော့ ၂၀၁၀ ထိုင်ဝမ်မှာ ကျင်းပတဲ့ မြန်မာ သင်္ကြန်မှာ နွေမ သီချင်းနဲ့ ပါဝင်ဖျော်ဖြေခဲ့တာကို တွေ့ရပါတယ်...




ကျွန်မအနေနဲ့ ပြောရရင်တော့ သူ့အသံက နဂိုကောင်းပါ... ဘာဆိုဆိုကောင်းတယ်ဆိုပေမဲ့ မြန်မာသီချင်းထက် တရုတ်သီချင်းဆိုတာ ပိုကောင်းတယ်လို့ ထင်ပါတယ်... သူ့အသံနဲ့လဲ ပိုလိုက်တယ်လို့ထင်ပါတယ်... သူ့အသံနဲ့လိုက်တဲ့ မြန်မာသီချင်းတွေလဲ ရှိမှာပါ... မြန်မာပြည်မှာ စီးရီး ၂ခွေထုတ်ပြီးပြီလို့ အဲဒိဗွီဒီယိုကို Youtube မှာတင်ထားတဲ့သူက ပြောပါတယ်... ဒါဆိုရင် ဘာနာမည်နဲ့လဲ စီးရီးနာမည်ကရောဘာလဲ... ကျွန်မ မူရင်းကို တန်ရာတန်ကြေးပေးပြီး ၀ယ်ယူအားပေးချင်ပါတယ်...

တကယ်လို့များ ကျွန်မဘလော့ကို ထိုင်ဝမ်က သူနဲ့ သိတဲ့သူတစ်ယောက်ယောက်ပဲ လာဖတ်သည်ဖြစ်စေ... သူကိုယ်တိုင်ပဲ မျက်စိလည်လမ်းမှားပြီးဖတ်မိသည်ဖြစ်စေ ဖတ်ခဲ့မယ်ဆိုရင်တော့ သူ့ကို အကြံပေးလိုတာလေး တစ်ခုရှိပါတယ်... မြန်မာပြည်ရဲ့ ယခုလို အနုပညာ အဆင့်အတန်း တစ်ဖြည်းဖြည်းယုတ်လျော့လာနေတဲ့ နိုင်ငံမှာ အရင်ခြေလှမ်းစမဲ့အစား... ခု ထိုင်ဝမ်မှာ အဆင့်အတန်းနေရာ တစ်နေရာရနေပြီဖြစ်တဲ့အတွက် အဲဒိမှာပဲ တေးရေးကောင်းကောင်းနဲ့ ကိုယ်ပိုင်တရုတ်သီချင်းခွေထုတ်ပြီး အဲဒိက ဈေးကွက်ကို အရင်တိုးစေချင်တယ်... အဲဒိမှာ နာမည်ကြီးရင် အလိုလိုနေရင်း Asia က တရုတ်စကားပြောနိုင်ငံတော်တော်များများမှာ နာမည်ကြီးတာနဲ့ အတူတူပဲဖြစ်မှာပါ... ဥပမာ စကာင်္ပူက Stephine Sun တို့ဘာတို့ဆို စကာင်္ပူလို အနုပညာ သိပ်မထွန်းပေါက်တဲ့ နိုင်ငံကမတိုးပဲ ထိုင်ဝမ်တို့ ဟောင်ကောင်တို့ ဈေးကွက်ကို တိုးပေါက်သွားတဲ့အတွက် စကာင်္ပူရဲ့ ဖူးဖူးမှုတ် celebrities တစ်ယောက်ဖြစ်နေတာပါပဲ... နောက်တစ်ယောက်က မလေးရှားက Michelle Yeoh (Crouching Tiger hidden dragon, Geisha) ဆိုရင်လဲ သူ့နိုင်ငံ မလေးရှားကနေ စမဖောက်ပဲ ဟောင်ကောင်ဈေးကွက်မှာ နာမည်ကျော်ပြီး ခုဆို ကမ္ဘာကျော် အက်ရှင် အမျိုးသမီး သရုပ်ဆောင် တစ်ယောက်တောင် ဖြစ်နေပါပြီ... ကျွန်မအခုလို အကြံပေးတာတောင် နောက်ကျရင် နောက်ကျနေမှာပါ... ခုလောက်ဆိုရင်တောင် လုပ်ရင်လုပ်နေလောက်ပါပြီ... တကယ်လို့ ခွေထွက်လာခဲ့မယ်ဆိုရင်လဲ အားပေးဖို့အဆင်သင့်ပါပဲ... အင်ဖိုလေးသာ သိရဖို့ မျှော်လင့်ပါတယ်... လောလောဆယ်ထိတော့ ဂူဂဲလ်မှာ Tai-Shan Zhoug လို့ ရှာရှာ ကျော်ထိုက်စံလိုရှာရှာ ဘာ အင်ဖိုမှ ဖြစ်ဖြစ်မြောက်မြောက် မတွေ့သေးပါဘူး... facebook မှာလဲ မတွေ့ပါဘူး... အဲဒိအတွက် စိတ်မကောင်းဖြစ်ရပါတယ်... အဲဒါကြောင့်လဲ ဒီပိုစ့်ကို ရေးဖို့ ဆုံးဖြတ်လိုက်တာပါ...

မြန်မာလို့ပြောလိုက်ရင် တချို့က သနားတဲ့ အကြည့်တွေနဲ့ တချို့က ကြောက်တဲ့ အကြည့်တွေနဲ့ တချို့က နှိမ်ချင်တဲ့ လေသံတွေနဲ့ ပြန်လည်တုန့်ပြန်တတ်ကြတဲ့ တခြားနိုင်ငံသားတွေ အလယ်မှာ သူမြန်မာပြည်ကလာတယ်ဆိုတာကို ဂုဏ်ယူစွာပြောခဲ့တဲ့ ကျော်ထိုက်စံဆိုတဲ့ ကြယ်တစ်ပွင့်ကတော့ ထိုင်ဝမ်မှာ လင်းလက်ခဲ့ပါပြီ... ဒီတော့ ကျွန်မတို့ အနေနဲ့ကလဲ အရည်အချင်းရှိတဲ့ မြန်မာပြည်က ဒီကြယ်ပွင့်လေး ဆက်လက် တောက်ပနိုင်အောင် ၀ိုင်းဝန်းကူလို့ အားပေးသင့်တယ်လို့ထင်ပါတယ်... ဘယ်သူ အားပေးပေး မပေးပေး ကျွန်မကတော့ သူ့ကို စတွေ့တဲ့နေကစပြီး အားပေးဖို့ဆုံးဖြတ်ထားပါတယ်...

(တကယ်လို့များ သူသိနိုင်မယ်ဆိုရင် သူ့ ဓာတ်ပုံနဲ့ သူ့ Autograph ကိုယ်တိုင်ထိုးထားတဲ့ သူ့ CD ကို သူ့ဆီကနေ တိုက်ရိုက် Purchase လုပ်ချင်ပါတယ်)

P.S ကျွန်မရဲ့ ဘာမှ မရှိတဲ့ အတွေ့အကြုံနဲ့ ထင်ရာများကိုသာ သုံးသပ်အကြံပေးထားတဲ့အတွက် ကြိုက်သလို သဘောထားကွဲလွဲနိုင်ကြပါတယ်....

Wednesday, June 02, 2010

Jang Keun Suk fan meeting Ending (7 & 8)

အပိုင်း (၇)

အရှေ့မှာ သူ့ Photo Shoot Video တွေပြသွားတုန်းက ဗွီဒီယို ထစ်တာကို ခု မင်းသားထွက်လာတော့ ပရိတ်သတ်ကို တောင်းပန်ပါတယ်... ခုလိုဖြစ်တဲ့အတွက်လဲ သူ ပရိတ်သတ်ကို အားနာပုံရတယ်... သူ့အမှားမဟုတ်ဘူးဆိုပင်မဲ့ ဒီပွဲက သူ့ပွဲလေ... သူတောင်းပန်ဖို့ တာဝန်ရှိတယ်လို့ သူထင်ပုံရတယ်...

"ပထမဆုံး ကျွန်တော် အားလုံးကို တောင်းပန်ချင်တာကတော့ ဗွီဒီယို ထစ်နေတာကိုပါ... "

ပရိတ်သတ်က ရပါတယ်ဆိုတဲ့ လေသံလေးတွေနဲ့ ပြန်အော်ကြတော့... သူက...

"ဟေ့.. ပရိုဂျူဆာ... ငါတော့ မင်းကို သတ်တော့မယ်" လို့ ရီကျဲကျဲလေး ပြောလိုက်တော့ ပရိတ်သတ်တွေက သဘောကျသွားပြန်ပါရော... အဲဒိ လေသံထဲမှာ သူပရိတ်သတ်ကို အားနာတာရော... ပရိတ်သတ်ကျေနပ်အောင် သူတောင်းပန်ချင်တယ်ဆိုတာ ပေါ်လွင်နေပါတယ်... ကျွန်မလဲ အစတုန်းကတော့ ပွဲစီစဉ်တဲ့သူတွေကို အဲလိုထစ်တာရယ် ဗွီဒီယိုကို အင်္ဂလိပ်စာတမ်းမထိုးပေးတာရယ်ကြောင့် အတော်လေးတော့ စိတ်ထဲ မကျေနပ်ဖြစ်နေတာပါ... ဒါပေမဲ့ မင်းသားက ကိုယ်တိုင်တောင်းပန်နေတယ်ဆိုတော့ ကြာကြာ တောင့်မခံနိုင်ပါဘူး... သူသိသိ မသိသိ ခွင့်လွှတ်ခြင်းတွေ ရေစီးကန်ပြိုမိလေရဲ့..... အဟိ...

မင်းသားက ဆက်ပြောပါတယ်...
"ခုချိန်ထိ စကာင်္ပူနဲ့ မင်းတို့တွေကို ကျွန်တော် ယုံတောင် မယုံနိုင်သေးပါဘူး... ကျွန်တော် ဒီအချိန်လေးကို အမြဲအမှတ်ရနေမှာပါ... "

ကောင်မလေးတွေလဲ မင်းသားက ဒီလိုပြောရင် စိတ်ထဲမှာ ကလိကလိနဲ့ ပိုအားပေးချင်လာပုံရတယ်... အော်ကြပြန်တာပေါ့... မင်းသားလဲ သူတို့အော်တာလေးကို ခဏစောင့်ပြီးမှ ဆက်ပြောပါတယ်...

"ကျွန်တော် ကိုရီးယားကို ပြန်သွားရင်လဲ မင်းတို့တွေအကြောင်းကို စဉ်းစားမိနေမှာပါ... မင်းတို့တွေ ကျွန်တော့ကို ခုလို အားပေးကြတာတွေ... ဒါဟာ တကယ်ပျော်ဖို့ကောင်းပါတယ်.... တကယ်တော့ မနက်ဖြန်... မနက်ဖြန် တနင်္ဂနွေနေ့ ဟုတ်တယ်ဟုတ်? ကျွန်တော် ကိုရီးယားကို ပြန်ရတော့မယ်"

ပရိတ်သတ်လဲ စိတ်မကောင်းတဲ့ လေသံတွေနဲ့...
"NO......" ဆိုပြီး အော်ပြန်ရော...

ဒီတော့ သူက "အင်း... ဟုတ်တယ်... ကျွန်တော်လဲ မပြန်ချင်သေးဘူး... ဒီမှာ ခဏတဖြုတ်နေပြီး ရှော့ပင်းထွက်... ရည်းစားသစ်လေး ဘာလေးထား...( ဒီအချက်ကတော့ သူဖောတာပါ... သူ့အတွက် ကိုရီးယားသူကိုပဲ ရည်းစားထားဖို့က ၉၀%နှုန်းလောက်ရှိတယ်လို့ ကျွန်မကတော့ ထင်တာပဲ)... ဟား.. ဟား... ဒါတွေက ကျွန်တော်လုပ်ဖို့ မျှော်လင့်တာတွေပါ... ဒါပေမဲ့... ကျွန်တော့ ရုပ်ရှင်အသစ်ကို မင်းတို့ကို ပြချင်သေးတယ်လေ... အဲဒါကြောင့်... ကျွန်တော်ပြန်မှ ဖြစ်မယ်... ဒါပေမဲ့ မင်းတို့အားလုံးက ကျွန်တော့ရဲ့ ဒီထဲမှာ ရှိနေပါတယ်" ဆိုပြီး သူ့ရင်ဘက်လေးကို ပုတ်ပြပါတယ်...

ကောင်မလေးတွေကလဲ အားမလို အားမရလေးတွေ ဖြစ်နေကြမယ်ထင်ပါတယ်... ကျွန်မတောင် စိတ်မကောင်းသလိုလို ဘာလိုလိုနဲ့ အီလည်လည်ကြီးပါ... ဗွီဒီယိုရိုက်နေတော့ လိုက်တော့ မအော်မိပါဘူး...

မင်းသားက ဆက်ပြောပါတယ်...

"မင်းတို့တွေအားလုံးက ကျွန်တော့် နှလုံးသားထဲမှာ ရှိပါတယ်... အဲဒါကြောင့် ကျွန်တော့်ကိုလဲ မမေ့ကြပါနဲ့..."
အင်္ဂလိပ်လိုပြောရတာ သူ့အတွက် စိတ်ထဲရှိသလောက် ပြောလို့မတတ်ပဲဖြစ်နေလို့ထင်တယ်... နောက်ပိုင်းတော့ သူ ကိုရီးယားလို ပြောပါတယ်... သူပြောပြီးတော့ စကားပြန်က ဘယ်နားသွားအိပ်နေလဲ မသိပါဘူး... တော်တော်နဲ့ မပြန်တာနဲ့ မင်းသားခမျာ စောင့်နေရသေးတယ်... ပရိတ်သတ်ကလဲ ဘာဖြစ်ဖြစ် မင်းသားဆို ဇွတ်ကို နားလည်ပေးနေတော့တာ.. ကျွန်မဘေးက ကောင်မလေးဆို... ရပါတယ် ကိစ္စမရှိပါဘူး.. ဘာသာမပြန်လဲ ဖြစ်တယ်တွေ ဘာတွေ အော်နေတာ... ဟား... ဟား... Fan girl တွေများ ကြောက်ဖို့ကောင်းတယ်.. ကိုယ်ကြိုက်တဲ့ မင်းသားဆို ဘာလုပ်လုပ်အကုန်နားလည်တယ်... မင်းသားကို လာထိတဲ့သူ မီးပွင့်သွားမယ်... ဟား.. ဟား...

နောက်မှ စကားပြန်က အထဲကနေ အသံက တိုးချိနေပြီး ဘာသာပြန်တယ်...
ရှေ့က ဘာပြောလဲတော့ သေချာမကြားဘူး... နောက်ဆုံးစာကြောင်းကတော့ "စကာင်္ပူကို မကြာမီ နောက်တစ်ခေါက် ပြန်လာချင်ပါသေးတယ်" တဲ့...

ပြီးတော့ မင်းသားက ကိုရီးယားလို ထပ်ပြောပါတယ်... စကားပြန်က ဘာသာပြန်တာကတော့...

"နောက်တစ်ခေါက် ပြန်မလာခင် ကျွန်တော် အင်္ဂလိပ်စာကို ပိုလေ့ကျင့်ပြီး လာပါ့မယ်... ဒီလိုမှ ကျွန်တော့်စိတ်ကြိုက် အားလုံးနဲ့ တိုက်ရိုက်ဆက်သွယ် စကားပြောလို့ရမှာပါ"...

ပရိတ်သတ်ကလဲ စကားပြန် စကားဆုံးတောင် နားမထောင်ဘူး ၀မ်းသားအားရ အော်ကြတော့တာပါပဲ...

ဒီတော့မှ သူက... "ကျွန်တော့်ကို စောင့်နေကြမှာလား?" လို့ အင်္ဂလိပ်လို မေးလိုက်တော့... အားလုံးက "YES!!!!" ဆိုပြီ ပြန်ဖြေကြပါတယ်...
ဒီတော့မှ "Thank you so much" ဆိုပြီး ပရိတ်သတ်ကို ဦညွန့်နှုတ်ဆက်ပါတယ်...

"ဟုတ်ပါပြီ... ခု ကျွန်တော် နောက်ဆုံးသီချင်းတစ်ပုဒ်ဆိုပါမယ်..."

ဒီတော့ ပရိတ်သတ်ဘက်က ဂျီကျတဲ့ လေသံမျိုးလေးတွေ ထွက်လာပါတယ်... ဟုတ်ပါတယ်.. ကျွန်မဆို ပွဲက ခုမှ စကောင်းတုန်းထင်သေးတာ သူက နောက်ဆုံးသီချင်းတဲ့.. ဖြစ်နိုင်ရင် မိုးလင်းပေါက်တောင် ဘာမှ မလုပ်ရင်နေ သူ့ထိုင်ကြည့်နေချင်တာ... (ဂယ်ပြောတာ... အဟိ)...

သူက ဆက်ပြောပါတယ်... "ခုဆိုမဲ့ သီချင်းကတော့ You are beautiful ကားထဲက ဇာတ်ဝင်တေးဖြစ်တဲ့ Goodbye ပါ" တဲ့...

သီချင်း အေးအေးလေးတွေပဲ ဆိုပါတယ်... သူ့အသံက အောအောနဲ့ ယောကျာင်္းပီသတဲ့ အသံပိုင်ရှင်ပင်မဲ့... သီချင်း Peak အရမ်းမြင့်သွားရင် မလိုက်နိုင်တော့ပါဘူး... သူအဲလို အမြင့်တွေ ဆိုရင် အရမ်းပင်ပန်းနေသလိုပါပဲ... အသံကိုလဲ မထိမ်းနိုင်ပါဘူး... ဘယ်လိုပဲဖြစ်ဖြစ်ပါ... သူက အဆိုတော်မှ မဟုတ်သေးတာ... မင်းသားပဲဟာ... ဒီလောက်အသံကောင်းတာပဲ တော်ပါပြီ... နည်းနည်းလေး လေ့ကျင့်လိုက်ရင် ဒါက ဆိုတတ်သွားမှာပါ... သူခုလို ကြိုးစားပမ်းစားဆိုနေတာကိုတင် သနားနေတာ... အော် သူ့ခမျာ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်စားနေရရှာတာ... ဟိဟိ... (ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်ထက် အစပေါင်းများစွာ အောင်မြင်ပြီး ရှာနိုင်နေတဲ့သူကို အဲလို သနားတတ်သေးတာ... ဟဲ.. ဟဲ) ဟုတ်တယ်လေ... သူမဆိုနိုင်တာကို သူ့ခမျာ ဇွတ်ဆိုနေရရှာတယ်... သူ မဆိုလဲ ဒီက သူ့ကို မမုန်းပါဘူး... ဒါပေမဲ့ သူ့အခြေအနေအရ သူ့မှာ ဆိုပြရမဲ့ တာဝန်ရှိနေတယ်လေ... ဒီတော့ သူ့ကို ဒီက သနားမိတာပေါ့... တခြားလူတော့မသိဘူး... မဗေဒါရဲ့စိတ်ထဲမှာရှိတဲ့ ခံစားချက်တွေအများကြီးထဲမှာ သူ့ကို သနားတဲ့ စိတ်လေးလဲ နည်းနည်းတော့ပါမယ်...

ဒီသီချင်းကိုတော့ ကျွန်မ အပြည့်ရိုက်မလာတာရော.. ယူကျုမှာ weierSG ဆိုသူရဲ့ ရိုက်ချက်ကောင်းကောင်း နီးနီးတွေ့တာရောကြောင့် ဗွီဒီယို ပိုင်ရှင် ခွင့်ပြုချက်ကို ယူပြီး ကျွန်မရိုက်လာတာနဲ့ ပေါင်းလိုက်တော့ ပြည့်စုံသွားပါတယ်... ပရိတ်သတ်ကလဲ ဂျန်ဂမ်ဆပ်.. ဂျန်ဂမ်ဆပ်ဆိုပြီး စည်းချက်မှန်မှန် အားပေးနေပါတယ်... နောက်ဆုံးသီချင်းလို့ပြောထားတော့ အားလုံးကတော့ အားမရကြပါဘူး... သီချင်းဆုံးတော့ မင်းသားက တာ့တာလေးပြပြီး မခွဲနိုင်ရက် ခွဲရတယ်ဆိုတဲ့ပုံစံမျိုးလေးနဲ့... နှာတံလေးကို လက်နဲ့ကိုင်ပြီး ငိုတဲ့ ပုံစံမျိုးလေးနဲ့ မျက်နှာလွှဲသွားတာလေးကလဲ သူ့ရဲ့ စင်နောက်ဝင်ခါနီးတိုင်း လုပ်တတ်လေ့ရှိတဲ့ ချစ်စရာကောင်းတဲ့ အမူအယာတွေထဲက တစ်ခုပါပဲ...


Video Credit
to weierSG for the song Goodbye

အပိုင်း (၈)

သူဝင်သွားပင်မဲ့ ကျွန်မတို့ fan တွေကလဲ အတော် ဆိုးတာပါပဲ... တစ်ယောက်မှ မပြန်ကြပါဘူး... ကျွန်မအတွက်ကတော့ ပြီးသွားပြီဆိုတာတောင် မသိတာပါ... အဟိ... တခြားသူတွေလဲ ပြန်မှ မပြန်တာပေါ့... မပြီးလောက်သေးဘူးထင်လို့ နေနေတာ... ဒါပေမဲ့ ကျန်တဲ့ သူတွေအားလုံးက fan meeting ပါးဝနေတယ်ပဲ ပြောရမလားမသိဘူး... Encore!... Encore! ဆိုပြီး အားလုံးက မပြန်ပဲ မင်းသားကို ထပ်ထွက်လာဖို့ ဂျီကျနေတော့တာပါပဲ... မင်းသားကြည့်ရတာလဲ သူ့ ပရိတ်သတ်ကို သံယောဇဉ် အမျှင်ပြတ်ပုံမပေါ်ဘူး... ကျွန်မတို့ သိထားတဲ့ ပရိတ်သတ်ကို အလေးထားတဲ့ မင်းသားပဲ သူ့ရဲ့ fan sign နေ့တုန်းက ရောင်းတဲ့ Memorial Goods တွေထဲက အကျီင်္အဖြူလေးကို ၀တ်.. JKS ဆိုတဲ့ Cheering set ထဲက ပုဝါလေးကို လည်မှာပတ်ပြီး... You are beautiful ဇာတ်ဝင်တေးဖြစ်တဲ့ Promise ကို ဆိုပြီး ထွက်လာပါတယ်....

ဒီတစ်ခါတော့ သီချင်းလေးက မြူးမြူးကြွကြွလေးဆိုတော့ အားလုံးကလဲ မြူးသလို မင်းသားကလဲ act cute လေးတွေ မျိုးစုံလုပ်ပြီး မြူးမြူးလေး ဆိုပါတယ်... သူတော်တော်ပင်ပန်းနေတယ်ဆိုတာတော့ သူ့ အသံကို နားထောင်တာနဲ့ သိနိုင်ပါတယ်... တစ်ချက်တစ်ချက်ဆိုရင် ရပ်တောင် ရပ်ရပ်သွားပါတယ်... ကျွန်မတို့ ကာရာအိုကေကို အာသီးနာတဲ့ အထိ အော်ပြီး လုံးဝဆက်မဆိုနိုင်တော့တဲ့ အခြေအနေမျိုးအထိ သူ့အသံကရောက်နေပါပြီ... ဒါပေမဲ့ သူ့စိတ်က ပျော်နေတယ်ဆိုတာကိုလဲ သူ့မျက်လုံး၊ မျက်နှာနဲ့ သူ့ အမူအယာတွေကို ကြည့်ရင် သိနိုင်ပါတယ်...

ကျွန်မအမုန်းဆုံး ဆိုင်းဘုတ်တွေကလဲ ထကြွသောင်းကျန်းလာပါတယ်... ဆိုင်းဘုတ်တွေကို အရှက်မရှိ မြောက်ပြကြတော့ ကျွန်မတို့ နောက်ကလူတွေက မင်းသားကို မမြင်ရတော့ပါဘူး... သူ့ဆိုင်းဘုတ်ကို ဟိုကဖြင့် ကြည့်တောင် မကြည့်တာကိုများ မေတ္တာပို့ခံပြီး မြှောက်နေသေးတယ်... ကျွန်မလဲ ဗွီဒီယိုရိုက်နေရင်းနဲ့ မင်းသားကို မမြင်ရတော့ပါဘူး... လူက သူနဲ့ ခွဲရတော့မှာမို့ ရသလောက်လေး ကြည့်ချင်နေတာကို ဒင်းတို့က အတ္တတွေနဲ့ ချစ်ချင်းကို ခွဲတယ်... သူတို့ မင်းသားကို ကြိုက်တာကိုလဲ ကျွန်မက ဘာမှ မပြောလိုပါဘူး... ကျွန်မ မင်းသားကို ကြိုက်တာ သူတို့ကို ဘာမှ မထိခိုက်ပင်မဲ့... သူတို့ မင်းသားကို ကြိုက်တာတော့ ကျွန်မကို လာထိခိုက်နေတယ်လေ... ကျွန်မကလဲ ထိုင်နေတဲ့ နောက်ဆုံးကနေ ရှေ့ထိတက်ပြီးလဲ သူတို့နဲ့ ရန်မဖြစ်ချင်ဘူး... အစထဲက ဒါမျိုး မလုပ်သင့်ဘူး... အများနဲ့ သက်ဆိုင်တဲ့ နေရာမှာ ဒါမျိုးမလုပ်သင့်ဘူး... အဲလိုလုပ်လို့ သူတို့ကို မင်းသားက သတိထားမိပြီး မင်းသားနဲ့ သူတို့နဲ့ ဇာတ်လမ်းတွေဖြစ်သွားတယ်ဆိုရင်လဲ နားလည်ပေးလိုက်အုံးမယ်... အရှက်လဲ မရှိကြဘူးထင်ပါရဲ့... ဒါပေမဲ့လဲ ကျွန်မက နောက်တန်းကလူဖြစ်နေမှတော့ ဘာတတ်နိုင်မှာလဲ... လောကမှာ ဒီလိုအခြေအနေတွေမှာတော့ အရှက်မရှိ တစ်ကိုယ်ကောင်းသမားတွေ အသာရတတ်တာပါပဲ... ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတာတွေက နေရာတိုင်းမှာရှိနေတာပဲ...

ကျွန်မလဲ ဗွီဒီယို ရိုက်နေရင်းနဲ့ ဒေါသထွက်လွန်းလို့ ငယ်သံပါအောင်ကို အော်တော့တာ... "Put the board down !@#$%*" စုံလို့ပေါ့... ကျွန်မ ဒေါသထွက်နေတာကို ကျွန်မဘေးက လူကြီးကြည့်ပြီးတော့တောင်လန့်နေပုံရတယ်... အဟီး... ပြီးတော့မှ ကျွန်မရှေ့တန်းက ကောင်မလေးတွေကစပြီးတော့ "Security... Do sth about the board" ဆိုပြီး အော်တော့မှ.. ကျွန်မလဲ.. "Security.... pls asked them to put the board down" ဆိုပြီး ထပ်ကုန်းအော်ကြပါလေရော... ကျွန်မတို့ ၁၆၈ ကျပ် နောက်ဘက်တန်းက တော်တော်များများ အော်တော့ အသံကြားပုံရတယ်.. ပြီးတော့ Security တွေလဲ လျှောက်သွားတာတွေ့တယ် ခဏနေတော့မှ နည်းနည်းအောက်ချသွားတယ်.. သူချသွားတော့ သီချင်းက ပြီးတောင် ပြီးတော့မယ်... ဒါပေမဲ့ လောလောဆယ်အဲဒါကို ဆက် စိတ်မဆိုးနိုင်သေးဘူး... ဂမ်ဆပ်လေးက အဓိကဆိုတော့ ဆက်ရိုက်စရာရှိတာရိုက်... ကြည့်စရာရှိတာကြည့်ပေါ့နော်... မဗေဒါရဲ့ ဒေါသနဲ့ ငယ်သံပါအောင် ကုန်းအော်ထားတဲ့ အသံ ဗွီဒီယိုထဲမှာ ပါတယ်... ဒါပေမဲ့ မင်းသားပုံလဲ မပါတာရော... ပြီးတော့ ရှက်လို့ ထည့်စရာမလိုဘူးထင်လို့ ထည့်တော့ဘူး... (ကျွန်မ ကမ္ဘာကျော်ဖြစ်လို့ကတော့ အဲဒိ ထောင်တဲ့ ဆိုင်းဘုတ်တွေကို အရင် သိမ်းပြစ်မယ် (ကမ္ဘာကျော် ငွေလှိုင်ကို ပြောတာမဟုတ်ဘူး))...

စဉ်းစားကြည့်လေ သူတို့က ၂၅၀တန်းလဲ ထိုင်သေးတယ်... ရှေ့မှာ မင်းသားနဲ့လဲ နီးတယ်... မင်းသားကလဲ ခဏခဏ အဲဒိ အတန်းထဲကို ဆင်းတယ်... ဒါတောင် ဘာလို့ ဒီလောက် လောဘကြီးချင်ရတာလဲ... မကြာပါဘူး... မင်းသားက ရှေ့တန်းတွေကို ဆင်းပြီး ပရိတ်သတ်တွေကို နှုတ်ဆက်... သီချင်းတွေ တူတူဆိုခိုင်းနဲ့ တော်တော်လေးတော့ အုံးအုံးကြွက်ကြွက်ဖြစ်တယ်...

သီချင်းဆုံးသွားတော့မှ "Thank you Singapore... See you next time... Thank YOU.." ဆိုပြီး မင်းသားက ပြန်ဝင်သွားပါတယ်... ပွဲပြီးပြီဆိုပြီး မင်းသားကားနောက်ကို လိုက်ကြမဲ့ တစ်ချို့ Fan တွေကလဲ အမြန်ရုံပြင်ထွက်ကုန်ကြပါပြီ... ကျွန်မတို့လဲ ပြီးပြီထင်ပြီး ရင်ထဲမှာ အောင့်သက်သက်နဲ့... ၀မ်းနည်းသလိုလို... အီလည်လည်ဖြစ်ပြီး ထွက်တော့မလို့လုပ်နေတုန်း DJ Ken က ဒီတစ်ခါတော့ ချစ်ဖို့ကောင်းစွာပဲ... နောက်တစ်ခါ Encore လိုချင်သေးလားဆိုပြီး မေးပါတယ်... ရုံထဲမှာ ကျန်နေသေးတဲ့ ပရိတ်သတ် ကျွန်မအပါအ၀င်က လိုချင်တယ်လို ဖြေကြတာပေါ့... ဒါပေမဲ့ မင်းသားပြန်မထွက်လာလောက်တော့ဘူးပဲ ထင်နေတာပါ.... တကယ်မထင်ထားပါဘူး... မင်းသားက ဒီတစ်ခါတော့ လူတွေ ထွက်နေတဲ့ ညာဘက် အပေါက်ဖက်ကနေ As Ever သီချင်းနဲ့ ထပ်ထွက်လာပါတယ်... ကျွန်မလဲ ဒီတစ်ခါတော့ ဟို အလိုက်ကမ်းဆိုး မသိတဲ့ ဘုတ်မတွေအနှောင့် အယှက်လဲ မခံနိုင်တော့တာ တစ်ကြောင်း... ပြီးတော့ မင်းသားထွက်လာတဲ့ နေရာနဲ့ ကျွန်မရပ်နေတဲ့ နေရာကြားမှာ လူတွေ ပြန်ကုန်တော့ မရှိတော့ လွတ်လွတ်လပ်လပ်ပြေးသွားလို့ ရတာကတစ်ကြောင်းကြောင့် ကျွန်မလဲ မင်းသားရှိရာကို ပြေးသွားလိုက်ပါတယ်...

အဲဒိအချိန်မှာတော့ တစ်ခြားနေရာက ကောင်မလေးတွေကလဲ မင်းသားနားအုံလာကြပါတယ်... ဒါပေမဲ့ Security တွေကတော့ မင်းသားကို ကာထားပါတယ်... ကျွန်မလဲ မင်းသားနားရောက်ပြီး ပြန်လဲ ထွက်လို့မရတော့ပါဘူး.. နောက်မှာ မိန်းကလေးတွေ အများကြီးက ထပ်ထပ် ထပ်ထပ် အုံလာကြတော့ ဒီ မင်းသားသွားရာ လူစီးကြောင်းနောက်ကို လိုက်ရုံပဲ ရှိပါတော့တယ်... Security ပြီးရင် နောက် ကောင်မလေး တစ်တန်း ပြီးရင် ကျွန်မပါပဲ.. အတော်လေးတော့ နီးပါတယ်.. အဟိ... ကျွန်မသာ မြန်မာပြည်က ဘတ်စ်ကားစီးသလို တိုးထည့်လိုက်ရင် ရှေ့ရောက်စရာ အကြောင်းရှိပါတယ်... ဒါပေမဲ့ မလုပ်ချင်ပါဘူး... ကျွန်မ အဲလို အရှက်မရှိ တစ်ကိုယ်ကောင်းဆန်လိုက်ရင် ဟို ဆိုင်းဘုတ်မတွေနဲ့ အဆင့်အတန်းတူသွားမှာ စိုးလို့ပါ... ပြီးတော့ မင်းသားနဲ့ မနီးရရင်နေပါ.. ကျွန်မဇွတ်တိုးလိုက်လို့ Security က တစ်ခုခု အော်လိုက်လို့... ကျွန်မ မင်းသားအရှေ့မှာ အရှက်ကွဲမှာလဲ စိုးလို့ပါ... bad impression ထက် ဆာရင် ကိုယ့်ကိုလုံးလုံး လှည့်မကြည့်တာကမှ ကောင်းပါသေးတယ်...

အဲဒိအချိန်မှာတော့ Security တွေက ၀ိဥာဉ်တွေ လုံးလုံးဖြစ်နေတာပါ.. သူတို့ဘာပြောပြော.. ဘယ်လောက် အော်အော် Fan ကောင်မလေးတွေက လုံးဝလဲ ဂရုမစိုက်ပါဘူး... ဂရုမစိုက်တာထက် သူတို့ရှိမှန်းတောင် သိရဲ့လားမသိပါဘူး... ကိုယ့်ဇောနဲ့ ကိုယ်လေ... ကျွန်မတောင် လူတွေ ဒီလောက်အများကြီးထဲမှာ မင်းသားတစ်ယောက်ထည်း မြင်တာ... ကိုယ့်ဘေးက ရပ်နေတဲ့ မိန်းကလေးက ဘယ်လိုပုံမျိုးမှန်းတောင်မသိဘူး... ကျွန်မလဲ မင်းသားနောက်ကနေ လူစီးကြောင်းအတိုင်းလိုက်သွားတာ စင်အောက်အထိကို ရောက်ရော... မင်းသားကတော့ စင်ပေါ်တတ်သွားပါတယ်... စင်ရှေ့မှာလဲ ၂၅၀ သမားတွေလား ၁၆၈ တွေပဲ ရှေ့ရောက်လာသလားတော့မသိဘူး... ထိုင်ခုံမှာမရှိတော့ဘူး စင်ခြေရင်းတည့်တည့်ကို ကပ်နေကြတာပါပဲ...fan တွေကလဲ အတင့်ရဲ မင်းသားကလဲ fan တွေကို အလိုလိုက်နဲ့ ကြားက Security တွေခမျာ အရူးမီးဝိုင်းဖြစ်နေကြတော့တာပါပဲ.... မင်းသားကတော့ အပြုံးမပျက် သီချင်းဆိုနေတာပါပဲ...

ဆိုရင်းလဲ စကားပြောသေးတယ်... "You know... You guys are really... really... beautiful to me" တဲ့... ချစ်ချာကောင်းတာ...ကျွန်မလဲ စင်နားမှာနေပြီး Security ညူစူခံတာထက်စာရင် နောက်ပြန်သွားပြီး လူချောင်တဲ့နေရာကနေ အေးဆေးကြည့်တာမှ ကောင်းအုံးမယ်ဆိုပြီး ပြန်လာလိုက်ပါတယ်... သီချင်းဆုံးခါနီးကျတော့ မင်းသားက သူ့ မန်နေဂျာ ၃ယောက်ထဲမှာမှ သူနဲ့ အရင်းနှီးဆုံးထင်ရတဲ့ မန်နေဂျာကို ဆွဲခေါ်ပြီး သီချင်းဆိုခိုင်းပါတယ်... ဟိုလူက ဘာသံမှ ထွက်မလာပါဘူး... မင်းသားဆိုတာ သူနောက်ပြီးတော့ သူ သဘောတွေကျပြီး ရီလိုက်တာဆိုတာ ပြောမနေပါနဲ့... သူခုလိုမျိုး သဘောကျပြီး ဟက်ဟက်ပက်ပက်ရီနေတာ တွေ့တော့ သူ့ကို အဝေးတစ်နေရာက ကြည့်နေတဲ့ ကျွန်မရဲ့ နှုတ်ခမ်းတွေကလဲ အလိုလို လိုက်ရီနေမိပါတယ်... (ဘယ်သူမှ မသိလိုက်ပင်မဲ့ ကျွန်မတစ်ယောက်တည်း အယ်လ်လွန်းဝါရဲ့ ချစ်သူ သီချင်းကို ပြောင်းပြန်လုပ်ပြီး သရုပ်ဆောင်နေမိပါတယ်... ဟတ် ဟတ်... "သူပျော်ရင် ကိုယ်လဲပျော်တယ်... သူငိုရင် ကိုယ်လဲငိုမယ် (သူ့ကားတွေကြည့်တိုင်း သူငိုရင် လိုက်လိုက် ငိုရတာ အမော)".... ဟဲ.. ဟဲ... ဤကား မဗေဒါ၏ ပေါချက်ဖြစ်၏... မခံစားနိုင်သူများ ကျော်ဖတ်ပါလေ... ခုလောက်ဆိုရင်တော့ ဖတ်ပြီးလောက်ရောပေါ့... ထူးတော့ပါဘူး ဆက်ဖက်ပါလေ...)

ဘာပဲပြောပြော စောစောက Goodbye ဆိုတဲ့ သီချင်းဆွေးဆွေးကြီးနဲ့ အီလည်လည်ကြီး ခွဲခွာခဲ့ရတာတက်စာရင်... ခုလို ပျော်ပျော်ရွှင်ရွှင် အုံးအုံးကြွကြွနဲ့ သူ့အပြုံး ကိုယ့်အပြုံးနဲ့ ပျော်ပျော်ပါးပါး ခွဲခွာရတာ အများကြီး ပိုကောင်းပါတယ်... ဂျန်ဂမ်ဆပ်.... ဂျန်ဂမ်ဆပ်... မင်းလေးကတော့ မသိလိုက်ပါဘူး... ဒါပေမဲ့ အဲဒိလကတော့ အကြွေးတင် ခဲတဲ့ငါ... OT တွေ ဖြတ်... Leave တွေယူ... တိုက်စီတွေနဲ့ သွား... မင်းကြောင့် အကြွေးတင်သွားတယ်... ဒါတောင် fan meeting အပြီး အီလည်လည်နဲ့ စိတ်မကောင်းဖြစ်နေတာနဲ့ မင်းရဲ့ စကာင်္ပူနောက်ဆုံးနေ့မှာ ငါ စိတ်လိုက်မာန်ပါပဲ အလုပ်သွားလိုက်တယ်... မင်းကို လေယာဉ်ကွင်းလိုက်မပို့နိုင်တာ စိတ်မဆိုးပါနဲ့ကွာ....
~လေယာဉ်ကြီး စီးလို့သွားမယ်ဆိုရင်... လေယာဉ်ကွင်းလဲ မလိုက်ချင်ဘူး .... နင် ဝေးသွားတော့ ငါ့မှာ ၀မ်းနည်းရလိမ့်မယ်... အို.. နှုတ်ဆက်မသွားပါနဲ့....~

ဤတွင် ရင်တွင်းသတင်းအစီအစဉ် ဒီတင်ပြီးဆုံးပါပြီ... ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာနိုင်ကြပါစေ...
ဒီပိုစ့်ကို ဖတ်သော ယောကျာင်္းသားများ ဂျန်ဂမ်ဆပ်ကို မနာလိုမှု ကင်းဝေးကြပါစေ...
ဂျန်ဂမ်ဆပ်နဲ့ ကိုယ့်ကိုကိုယ် နှိုင်းယှဉ်ပြောမှုများ ကင်းဝေးကြပါစေ...
မဗေဒါကို အမြင်ကပ်မှု ကင်းရှင်းကြပါစေ... ဒူ... ဝေ... ဝေ...



It's ending!!!!... My feeling are confusing. At that time i was sad that it's ended. but now i come to think of it as i am lucky to have met him in person and sometime so near to him. Thinking that i have been in the same building with him same atmosphere with him and breathing same air with him, I am glad i went there. It's just my agony and greed that i want more.

Dear Keun Suk,
Pls don't be discourage by the hardship and anti. There are a lot of people who love you and wanting u more success. I hope u will make more dramas and stay happy in ur personal life. I wish you can get a life you want. Keep the way you are now and move forward. Come to Singapore again. K? :)


Video Credit to youtube fan cam
MaBayDar
weierSG
shortiZzZ (dweji tokki)
Cherrypiink
Hyunica