Monday, March 30, 2009

ကြည့်ဖြစ်သမျှ... သဲထိတ်ရင်ဖို ကားများ..


ခုတလော သူငယ်ချင်းတွေနဲ့ အပြင်ထွက်တိုင်း ရုပ်ရှင်ပဲ ကြည့်ဖြစ်တယ်... တခြားလဲ ဘယ်မှသွားစရာမရှိ.. ကိုယ်ကိုတိုင်ကလဲ ရုပ်ရှင်ပဲကြိုက်တော့ ဒါပဲလုပ်ဖြစ်တယ်... ဒါပေမဲ့ ကြည့်မယ်စိတ်ကူးပြီးသွားတာက တစ်ကား.. တစ်ကယ်တမ်း ဟိုရောက်ရင်လက်မှတ်မရတာနဲ့ နေရာမကြိုက်တာနဲ့ တကယ်တမ်းကြည့်ဖြစ်လိုက်တာက တစ်ကားဖြစ်ဖြစ်နေတယ်.. နောက်နေ့ မကျေပွဲနွှဲပြီး ထပ်သွားပြန်လဲ.. အဲလိုပဲ.. ရည်ရွယ်တဲ့ကားကို မကြည့်ဖြစ်ဘူး...

လွန်ခဲ့တဲ့ ၂ပတ်လောက်ကလဲ... တွန်ခရုရဲ့ ဟစ်တလာကို လုပ်ကြံတဲ့ကား Valkyrie ဆိုလား အဲကား..ကြည့်မယ်ဆိုပြီးသွားပါတယ်... ပြီးတော့ Midnight show ထိလူပြည့်နေတာနဲ့ပဲ My Bloody Valentine ဆိုတဲ့ကားကို ဘာမှန်းမသိပဲ ၀င်ကြည့်ဖြစ်လိုက်ပါတယ်.. (နောက်တစ်နေ့မှ Valkyrie ထပ်သွားကြည့်မယ်ဆိုတော့.. အဲကားကို စကာင်္ပူအစိုးရက ပိတ်လိုက်ပြီဆိုလားပဲ.. ဟုတ်မဟုတ်တော့မသိ)

အစက ဘာဇာတ်လမ်းမှန်းမသိပဲနဲ့ကို ၀င်ကြည့်ပြီးတော့မှ လူသတ်ကားဖြစ်နေပါရော.. အရင်ကလဲ လူသတ်ကားတွေကို ကျမကြည့်ဖူးပါတယ်.. I know What you did last summer, scream စသည်ဖြင့်ပေါ့လေ.. တော်တော်များများက ကားစစခြင်းမှာ ကြမ်းကြမ်းတမ်းတမ်းသတ်တာ မရှိပါဘူး.. ဇာတ်လမ်းလေးအရင် ပျိုးပြီးမှ နောက်ပိုင်းသတ်တာပါ.. အမယ်လေး.. အဲဒိ My Bloody Valentine ကတော့ စလာကတည်းက သတ်တာ သတ်တာ.. ရိုးရိုးတောင်မဟုတ်ဘူး.. ရက်ရက်စက်စက်ကိုသတ်တာ... ကိုယ်တွေ ၂ပိုင်းပြတ်. ဆေးရုံတစ်ရုံလုံးသွေးတွေနဲ့ သေနေတာ... နှလုံးတွေ ထုတ်ထားတာ.. အားပါးပါး.. စိတ်ကို ကုန်ရော... နောက်ပိုင်းလဲ မင်းသမီး မင်းသားတွေလာတော့လဲ ဒီတိုင်းပဲ... မိုင်းထဲမှာ သတ်တာ.. ကျောက်တူးတဲ့ ပေါက်တူးကြီးနဲ့ နောက်စိကနေ ထိုးလိုက်တာ.. မင်းသမီးမျက်စိရှေ့ကလူ မျက်လုံးကြီးထွက်ကျလာတာ... ပြောရင်းနဲ့ ကျက်သီးတွေထလာပြီ.. တော်ပြီ ပြောတော့ဘူး.. ကြည့်သာ ကြည့်လိုက်တော့..

အဲ.. အဲကားရဲ့ ကောင်းကွက်ကတော့ မင်းသား ၂ယောက်လုံး ချောတယ်.. မင်းသမီးလဲ ချောတယ်... မင်းသားတစ်ယောက်က Heroes ကားထဲက မင်းသားပဲ.. နောက်တစ်ချက်က ကားဆုံးခံနီးအထိ လူသတ်သမားက အဲဒိမင်းသား၂ယောက်ထဲက ဘယ်သူဖြစ်နိုင်လဲဆိုတာကို ပရိတ်သတ်ကို ဒွိဟပွားစရာလုပ်ပြထားတယ်.. ဟိုလူဖြစ်မှာပါလေ.... အဲ... ဒီလူဖြစ်နိုင်တယ်.. နဲ့ နောက်ဆုံးထိဆွဲသွားတာပါ.. လူသတ်ကားပါဆိုမှတော့ လူသတ် ပတ်စက်တာကို complain တက်မိတဲ့ ကျမအပြစ်ပဲဖြစ်မှာပါ... ကဲ.. Horror ကားတွေကြိုက်တဲ့သူတွေ ကြည့်ရဲတယ်ဆိုရင်တော့ ကြည့်ကြည့်ကြပေါ့ကွယ်...

မဗေဒါတော့ အဲကားကြည့်ပြီး တိုက်စီနဲ့ ပြန်တော့ အတွေးက စူးရောက်ပြီးတော့ တိုက်စီသမားကြီးများ စိတ္တဇ လူသတ်သမားကြီးဖြစ်နေရင်ဒုက္ခဆိုပြီး ကြောက်လို့.. သူငယ်ချင်းနဲ့ အိမ်ပြန်မရောက်မချင်း ပြောစရာမရှိ ပြောစရာရှာပြီး ဖုန်းပြောနေရတယ်...

အဲ.. ခု ရုံတင်နေတဲ့ သရဲကားတွေထဲမှာ အရမ်းလဲ ကြည့်ချင်တယ်.. ဒါပေမဲ့ အရမ်းလဲ ကြောက်တဲ့ ၁ကားရှိတယ်.. ခုထက်ထိ မကြည့်ရသေးဘူး.. အဲဒါကတော့ Coming Soon ဆိုတဲ့ ယိုးဒယားသရဲကား... မဗေဒါအကြောက်ဆုံး သရဲကားတွေကို ပြပါဆိုရင် ယိုးဒယားသရဲကားတွေပဲဖြစ်မယ်.. သရဲကားရိုက်တဲ့နေရာမှာတော့ မဗေဒါအထင် ယိုးဒယားကို ဘယ်သူမှ မမှီဘူး... ဟောလိဝုဒ်တောင် မမှီဘူး.. အဲလောက် ကျက်သရေတုံးတုံး.. အဲလောက် creepy ဖြစ်ဖြစ် ရိုက်နိုင်တာ သူတို့ပဲ.. ပြီးတော့ သူတို့ သရဲကားတွေက ဇာတ်လမ်းဇာတ်ကွက်ကောင်းတယ်.. သရဲဘာကြောင့်ဖြစ်လာရတာလဲ.. သရဲကဘာလို့ အဲဒိလူတွေကို လိုက်သတ်တာလဲ.. သေသေချာချာ ပရိတ်သတ်နားလည်အောင် ရှင်းပြတယ်.. ဇာတ်ရည်လည်တယ်ပေါ့.. နောက်တစ်ခုကြိုက်တာက မြန်မာနဲ့ နီးစပ်လို့လဲ ဖြစ်နိုင်တယ်..

ဘုန်းကြီးတွေ ပရိတ်ရွတ်တာ ဘာညာက မြန်မာနဲ့ တူတူပဲ.. ပြီးတော့ ဘုန်းကြီးဝတ်ပုံ ဘုရားစာအကုန်လုံးက မြန်မာနဲ့တူတယ်.. ဒီတော့ မြန်မာကားကြည့်နေရသလိုပဲ.. မှတ်မှတ်ရရပြောရရင် Nang Nak ဆိုတဲ့ သရဲကားမှာ သရဲမကို မနိုင်တော့ ရွာဦးကျောင်းက ဘုန်းကြီးကျောင်းမှာ ပရိတ်တွေရွက်ကျတာ.. အတော်ကြည့်ကောင်းတယ်.. ယောကျာင်္းတွေကလဲ ပုဆိုးလိုလိုဘာလိုလို နံငယ်ပိုင်းလေးတွေဝတ်တယ်.. မိန်းမတွေကလဲ ထမိန်ရေလျားလိုမျိုးဝတ်တယ်.. အဲကားက ယိုးဒယားကို မြန်မာမင်းတွေ သိမ်းတဲ့ခေတ်လောက်ကို ပြန်ရိုက်ထားတာ.. အရမ်းကြောက်ဖို့ကောင်းပြီး.. အရမ်းကြည့်လို့ကောင်းတဲ့ သရဲကားတစ်ကားပဲ.. ယိုးဒယားသရဲကားကို စစွဲတာ အဲကားက စတာ...

ကြည့်ပြီး အကြောက်မပြေပဲ သရဲကားတွေကို ၁နှစ်တိတိဖြတ်ထားခဲ့ရတဲ့ကားက ယိုးဒယားသရဲကား Shutter ပဲ.. အဲကားကြည့်ပြီး ညအိပ်ရင် ကုတင်ခြေရင်းကနေ စောင်လာဆွဲမှာ ကြောက်ပြီး တစ်ကိုယ်လုံးကို စောင်ထုတ်ပြီး အိပ်ရတယ်.. ကိုယ့်ဟာကိုယ် ကွန်ပြူတာကြည့်တာများပြီး ဇာတ်ကြောတက်လဲ.. သရဲမများ ဂုတ်ပေါ်ခွစီးနေလို့ ဇာတ်နာတာလားဆိုပြီးတွေးမိတယ်.. အလုပ်မှာ အိမ်သာတက်လို့ ၁ယောက်ထဲဖြစ်လဲကြောက်တယ်.. ဒါပေမဲ့ ဘေးခန်းမှာ လူသံကြားလဲကြောက်တယ်.. လူမဟုတ်ပဲ သရဲဖြစ်နေမှာစိုးလို့.. နေစရာကို မရှိဘူး... အဲဒိကားကို ဟောလိဝုဒ်က ပြန်ရိုက်တာ လုံးဝကြည့်မကောင်းဘူး.. ကိုယ်ပဲ ဇာတ်လမ်းသိနေလို့လားတော့သိဘူး.. ဒါပေမဲ့ မဆိုင်ပါဘူး.. ယိုးဒယားကား ဘယ်အချိန်ပြန်ကြည့်ကြည့်ကြောက်တယ်...

Shutter ကြည့်ပြီး တော်တော်နဲ့ သရဲကား မကြည့်ဖြစ်တော့ဘူး.. ၁နှစ်ကျော်လောက်ကြာမှ The return of Nang Nak တို့ Alone တို့ ရုံမှာ သွားကြည့်ဖြစ်တယ်... သရဲကားကို ကြောက်လဲကြောက်တယ်.. ဒါပေမဲ့ ကြည့်ရင်လဲ ရုံမှာကြည့်ဖြစ်တာများတယ်.. ဘာလို့လဲဆိုတော့ အဲလို ကြည့်မှ ပိုကြောက်ဖို့ကောင်းပြီး တန်တယ်လို့ခံစားရတယ်.. အချစ်ကားရိုးရိုးတွေ ရုံမှာကြည့်ရတာ မတန်ဘူးလို့ ခံယူတယ်... ရုံမှာ ကြည့်ရတာ တန်တဲ့ကားတွေက.. Action, Horror, fighting, music, Good Graphic and Animation ပါတဲ့ကားမျိုးတွေဆိုတန်တယ် လို့ ခံစားရတယ်.. comedy နဲ့ romance တွေကို ရုံမှာကြည့်ရတာ ဒီလောက်မကြိုက်ဘူး..

ပြီခဲ့တဲ့ အပတ်လောက်တုန်းက လဲ ကြည့်မယ်ဆိုပြီးသွားတာက ၂၀၀၈ခုနှစ်အတွက် Oscar ၈ ဆုတောင်ရထားတဲ့ Slumdog Millionaire ဆိုတဲ့ Bollywood ကရိုက်တဲ့ကား.. ဒါပေမဲ့ ပြသချိန် ကျော်သွားတာနဲ့ တခြားကား 12 Rounds ဆိုတဲ့ Action ကားကို ကြည့်ဖြစ်လိုက်တယ်.. ဆိုးပါဘူး.. သူက Speed တို့လို ကားမျိုးကို ဆန်ဆန်ရိုက်ထားတာ..

ဒါနဲ့ တနေ့ကတော့ ရုပ်ရှင်ကြည့်နေကျ သူငယ်ချင်းက The Unborn ကြည့်မလားဆိုတော့.. ကြည့်မယ်ပေါ့.. အဲဒါလက်မှတ်မရရင်တော့ ကိုယ်ကြည့်ချင်နေတဲ့ Slumdog millionaire ကြည့်မယ်ပေါ့.. ခုလောက်ဆို ရုံတင်တာလဲ ကြာလို့ တချို့ရုံတွေမှာတောင် မရှိတော့ဘူး.. ဒါပေမဲ့လဲ.. ဖြစ်ချင်တော့ ၂ကားလုံးက ရှေ့ဆုံး ၂လိုင်းပဲ ကျန်တော့တယ်တဲ့.. စကာင်္ပူမှာလဲ စီးပွားမကောင်းလို့ အလုပ်တွေပိတ်တိုင်းလူတွေ ရုပ်ရှင်ပဲကြည့်နေကြလားမသိဘူး.. ဘယ်ရုံသွားသွား အရင်လို ချောချောချူချူကိုယ်ကြိုက်တဲ့နေရာမရဘူး..

ဒါနဲ့ ယှဉ်ကြည့်လိုက်တော့.. The Unborn ကရိုးရိုးရုံဆိုတော့ ဈေးက ပုံမှန်ဈေး ၉ကျပ်ခွဲ.. Slumdog Millionaire က Gold Class တန်းမှာ ပြတာဆိုတော့ တစ်ယောက်ကို ၃၆ကျပ်.. ဒါပေမဲ့ ရုံက အပြန်စား.. ထိုင်ခုံတွေက အကြီးကြီးတွေ.. အအေးတွေ မုန့်တွေလဲ ပါသေးလားသိဘူး.. ထင်တာပြောတာ.. ဒါပေမဲ့လဲ ရှေ့တန်းကြီးထိုင်ရမဲ့တူတူ ၃၆ကျပ်တန်းတော့ မကြည့်တော့ဘူးဆိုပြီး The Unborn ဆိုတဲ့ အင်္ဂလိပ်သရဲကားပဲ ကြည့်ဖြစ်တော့တယ်...


အစက ယိုးဒယားသရဲကား Unborn ကိုပြန်ရိုက်တယ်ထင်နေတာ.. တကယ်တော့မဟုတ်ဘူး.. သူက ဇာတ်လမ်းသက်သက်.. အမွှာမှာ တစ်ယောက်ကမွေးပြီး နောက်တစ်ယောက်ကသေတယ်.. သေတဲ့တစ်ယောက်က ရှင်တဲ့တစ်ယောက်ကို လိုက်ခြောက်တာ.. ဇာတ်လမ်းကကောင်းကောင်းတော့နားမလည်ဘူး.. လန့်နေတာနဲ့ စကားပြောတာတွေလဲ သေချာနားမထောင်ဖြစ်ဘူး.. အထူးသဖြင့်.. အင်္ဂလိပ်သရဲကားတွေက ယိုးဒယားသရဲကားတွေကို လူကို ကြောက်အောင် မခြောက်ပဲ .. လန့်အောင် လှန့်တာဆိုတော့.. အသံကို အာရုံအရမ်းထားနေတုန်း.. အုံး ဒိုင်း ဆိုရင် လန့်လန့်သွားတယ်...

ပြောရရင်တော့ဖြင့် လန့်တာနဲ့ ကြောက်တာမတူဘူးရှင့်.. လန့်တာက အဲဒိ တစ်ခဏမှာ မထင်မှတ်တုံး အသံနဲ့ လှန့်လိုက်တာ.. ကြောက်တာက ကြည့်ပြီးသွားလဲ တစိမ့်စိမ့်တွေးပြီး ကြောက်အောင် ခြောက်တာ..
ပြောရမယ်ဆိုရင်တော့ အင်္ဂလိပ်သရဲကားတော်တော်များများက လှန့်တယ်.. ယိုးဒယားသရဲကားတွေက ခြောက်တယ်.. ပြီးတော့ နောက်တစ်ခု မကြိုက်တာက.. အင်္ဂလိပ်သရဲကားတွေက effect တွေ မိတ်ကပ်တွေသုံးနိုင်တိုင်း.. ဘာတွေမှန်းမသိဘူး.. ညစ်ပတ်တယ်.. The Unborn ထဲမှာဆိုရင် အိမ်သာထဲမှာ ချောက်တဲ့ အခန်းဆို.. ပိုးဟပ်တွေရော.. နံရံထဲကနေ ဘာကောင်ကြီးမှန်းမသိတာက ထွက်လာသေးတယ်.. ညစ်ပတ်တယ်.. အဲ.. မင်းသမီး မျက်နှာသစ်နေကျ ဘေစင်က မှန်ကို ဖွင့်လိုက်တော့ ဘွားကနဲ သရဲလေးထွက်လာတဲ့ အခန်းတော့ တော်တော်ကြောက်တယ်.. မဗေဒါတောင် ရုံထဲမှာ အော်လိုက်မိသေးတယ်...

ဒါပေမဲ့လဲ အနည်းနဲ့ အများတော့ ကြောက်တာပါပဲလေ... အဲကားကြည့်ပြီး အိမ်ပြန်ပြီး နောက်နေ့ အလုပ်သွားဖို့ မနက်ထတော့ ကိုယ့်အလုပ်က အစောဆုံးဆိုတော့ ဘယ်သူမှ မနိုးသေးဘူး.. နောက်ဖေးဝင်ပြီး တစ်ယောက်ထဲမျက်နှာသစ်ရမှာကြောက်တာနဲ့.. အဖေနဲ့ အမေကြားဝင်အိပ်ပြီး ရှုပ်လိုက်သေးတယ်.. မေမေက အိုက်လို့ နိုးသွားတော့မှ သူ နောက်ဖေးဝင်တုန်း အမြန်လိုက်ဝင်ပြီး မျက်နှာသစ်ရတယ်.. ဟီး.. ဟီး.. ဒါပေမဲ့လဲ မကြောက်ဖူးလို့ စိတ်ကမှတ်လိုက်ရင်လဲ မကြောက်တော့ပါဘူး.. အားကိုးရှိလို့ အားကိုးချင်နေတာလေ.. ဒါပေမဲ့ ယိုးဒယားသရဲကားကြည့်ပြီးရင်တော့ မကြောက်ဖူးမှတ်လဲ တော်တော်ကြောက်သေးတာပဲ.. အဲဒါကြောင့် Coming Soon ကိုတောင်သွားမကြည့်ဘူး.. သိနေတယ်.. နာမည်ကြားကတည်းကရော.. ဇာတ်လမ်းသူများပြောပြလို့ သိတာနဲ့တင် ကြောက်နေပြီ..

မနက်ဖြန်တော့ မကြည့်လိုက်ရမရှိရလေအောင် Slumdog Millionaire သွားကြည့်မယ်.. ကြည့်ပြီးတဲ့သူတွေကတော့ တော်တော်ငိုရတယ်ပြောတာပဲ.. သနားစရာကောင်းလို့တဲ့.. ဘာပဲပြောပြော အော်စကာ ဆိုတာ မြန်မာပြည်က အကယ်ဒမီလိုပေးချင်တဲ့လူပေးနေတာမှ မဟုတ်ပဲ.. တကယ်ကောင်းလို့ပေးတာပဲ ဖြစ်မယ်.. ပြီးတော့ ၈ခုတောင်ရထားတာဆိုတော့. ရုံမှာ ကြည့်ဖြစ်အောင်ကို သွားကြည့်အုံးမယ်.. မနက်ဖြန်သေချာပေါက်သွားကြည့်မယ်.. ရုံအားလုံးနီးပါးတော့မရှိတော့ဘူး.. Vivo city မှာတော့ ညနေပိုင်းအချိန်ရှိသေးတယ်.. တွားအုံးမှာ.. ဘိုင်.... ဘိုင်...

Thursday, March 26, 2009

ငိုက်မရှက် (သို့) စကာင်္ပူရောက် အလွဲများ (၇)

ကြိုက်မရှက် ငိုက်မရှက်တဲ့... အားလုံးကြားဖူးကြမှာပါ.. မဗေဒါအတွက်တော့ ငိုက်မိတာ ရှက်စရာတစ်ခုဖြစ်ခဲ့လို့ ပြန်တွေးတိုင်းကိုယ့်ဘာသာကိုယ်မျက်နှာပူနေရပါတယ်..

စကာင်္ပူက အများသုံး ဘတ်စ်ကားတွေ ရထားတွေပေါ်မှာ ခါးပိုက်နှိုက်သတိပြုစရာ.. မိန်းကလေးမို့ အသားယူခံရမှာကို သိပ်စိတ်ပူစရာမလိုပါဘူး.. နောက်ပြီး အမြဲရုန်းကန်လှုပ်ရှားသွားလာနေရတဲ့ အတွက် လူတွေဟာ ဘတ်စ်ကားစီး ရထားစီးအချိန်လေးတွေမှာ.. နေရာရရင် လေအေးစက်အေးအေးနဲ့ မှေးတက်တဲ့ အကျင့်လေးတွေရှိပါတယ်...

အထူသဖြင့်တော့ မဗေဒါလို အလုပ်နဲ့ အိမ်နဲ့ ဝေးတဲ့သူအဖို့ အဲဒိ လမ်းသွားရင်း ဘတ်စ်ကားပေါ် ရထားပေါ်မှာ ရတဲ့အချိန်လေး မှေးတတ်တာလဲ အကျင့်လေးကို ပါနေပါပြီ... ဒီလိုမှပဲ အိပ်ရေးက ၀ သလိုရှိတာကိုး..

အဲဒိအချိန်တုန်းက မဗေဒါအလုပ်က Night shift လုပ်ရတာပါ.. ညဘက်အလုပ်ဆင်းရတော့.. အိပ်ချိန်ကပိုနည်းပါတယ်.. နေ့ဘက်မှာ အိပ်မပျော်တာနဲ့.. နေ့ဘက် လင်းနေတော့ အိပ်ပစ်လိုက်ရမှာက နှမြောတာနဲ့.. သွားစရာရှိတဲ့ ရုံးကနားတွေ လူမှုရေးကိစ္စတွေကို မအိပ်တော့ပဲ သွားတာနဲ့... ဟုတ်နေတာပါပဲ..

အဲဒိနေ့ကတော့ သောင်္ကြာနေ့ညအလုပ်ဆင်းပြီး စနေနေ့ မနက်ဖက် သူငယ်ချင်းတစ်ယောက်က မွေးနေ့ဖိတ်တာနဲ့ ကိုယ်လဲ အလုပ်ကပြန်ရောက်တာနဲ့ အိပ်လိုက်ရင် ပြန်မနိုးမှာ စိုးတာနဲ့ ရေမိုးချိုး အလှပြင်.. သူငယ်ချင်းတွေနဲ့လဲ အလုပ်ရပြီးထဲက မတွေ့ဖြစ်သေးဘူးဆိုတော့ အပျံစားဝတ်ပြီး ထွက်လာခဲ့ပါတယ်..

သူတို့က စားသောက်ပြီးရင် ဆန်တိုဆာ ဆက်သွားမယ်လို့ ကျမကို ပြောထားပါတယ်.. ဒါပေမဲ့ ကျမစိတ်ကူးထဲမှာတော့ ငါခဏသွားပြီး စားသောက်ဆိုင်မှာ စားသောက်ပြီးတာနဲ့ ပြန်မယ်ပေါ့.. ပြီးရင် အိပ်ရအုံးမယ်ပေါ့.. အဲဒါကြောင့် ပိုပြီး အကြောင်းပြလို့ကောင်းအောင် စကပ်အတိုတောင် ရွေးဝတ်သွားပါသေးတယ်.. ဒါမှ အဲဒိသွားရင် မလွတ်မလပ်နဲ့ မလိုက်တော့ပါဘူးဟယ်လို့ ငြင်းကောင်းအောင်လေ.. နောက်သူငယ်ချင်းတစ်ယောက်နဲ့တောင် တိုင်ပင်ပြီး ဆန်တိုဆာမလိုက်ဘူး.. ငါတော့ တမင်စကပ်အတိုဝတ်လာမယ်ဆိုတော့ အဲဒိသူငယ်ချင်းကလဲ သူလဲ ဝတ်လာမယ်တဲ့..

ဒီလိုနဲ့ ရှိုးစမိုးအပြည့်နဲ့ ထွက်လာလိုက်တာ.. အင်းလေးမှာ အားလုံးစုံပြီး ထမင်းစားကြ စကားတွေပြောကြရင်း သူ့သူငယ်ချင်းတွေနဲ့လဲ အတန်အသင့် ရင်းနှီးသွားပါတယ်.. နောက်တော့ သူတို့က ဆန်တိုဆာကို လိုက်ခဲ့ဖို့ခေါ်ပါလေရော.. ဘယ်လိုပဲ ငြင်းငြင်း အတင်းကိုခေါ်ကြတာ..
အားလုံးကဝိုင်းခေါ်ကြတယ်.. ပြီးတော့ သူငယ်ချင်းအရင်းခေါက်ခက်လဲဖြစ်.. မွေးနေ့ရှင်လဲဖြစ်.. စနေနေ့ညလဲ အလုပ်မရှိတော့.. သူတို့က ညကျမှအိပ်ပေါ့တဲ့.. ကိုယ်ကိုတိုင်ကလဲ နေ့ဘက်ကြီးကို အိပ်အိပ်ပြစ်လိုက်ရတာကို နှမြောတဲ့သူ.. အပေါင်းအသင်းကလဲ မက်... ပြီးတော့ အဲဒိအချိန်ကတော့ အပေါင်းအသင်းဇောကြောင့်ထင်တယ်.. လုံးဝကို မအိပ်ချင်ဘူး.. ပြီးတော့ ကိုယ်နဲ့ တိုင်ပင်လာတဲ့သူငယ်ချင်းကလဲ လိုက်မယ်ပြောလိုက်တော့.. မငြင်းသာတော့တာရောကြောင့် လိုက်ဖြစ်ခဲ့ပါတယ်..

သိတဲ့အတိုင်း.. ဆန်တိုဆာဆိုတော့လမ်းကလဲ လျှောက်ရတယ်.. နောက် ပါလာဝမ်ကမ်းခြေမှာ စတည်းချမိတော့ ... မဗေဒါတို့က ဆော့ရမယ်ဆို ၂ခါအဖော်စပ်စရာမလိုတဲ့သူကလဲဖြစ် ဆိုတော့.. ဆော့လိုက်တာ လက်လက်ကို စင်နေတာပေါ့.. စိတ်များစွမ်းတာ ဘော်ဒါတွေနဲ့ဆိုတော့ လုံးဝကို မအိပ်ချင်ဘူး..

ဒီလိုနဲ့ ညဘက် ရေပန်းရှိုးကြည့်ပြီးမှ ပြန်ဖြစ်ကြတာပေါ့.. အဲဒိအချိန်မှာ မဗေဒါ မအိပ်တာ ၂၄နာရီ ကျော်သွားပြီ.. လူကလဲ တနေ့လုံးသောင်းကျန်းထားတာ နုံးချိနေတာပဲ.. အိမ်ပြန်ချိန် အလျှိုလျှိုပြန်ကြတော့.. ကိုယ်နေတဲ့ စကာင်္ပူ အရှေ့ပိုင်းမှာ နေတဲ့အဖော်က တစ်ယောက်မှ မပါတော့ ကိုယ်တစ်ယောက်ထဲ ပြန်ရမယ်.. လူက စိတ်နဲနဲလျှော့လိုက်တော့ ခေါင်းကလဲ မူးနောက်နောက်နဲ့ ဖြစ်နေပြီ..

သူငယ်ချင်းတွေက ဖြစ်ရဲ့လားဆိုပေမဲ့လဲ ဘယ်သူမှကို အပူမကပ်ချင်.. တိုက်စီငှားဖို့ဆိုပြန်တော့လဲ အလုပ်စလုပ်ခါစ စုမိဆောင်းမိထားတဲ့ အပိုငွေကလဲ မရှိတာရော.. တစ်ယောက်ထဲလဲ ညဘက်ကြီး တိုက်စီမစီးချင်တာကြောင့်ရော.. အရိုးခံ ကပ်စီးနဲစိတ်ကြောင့်ရော.. ညဘက်ဆိုတော့ ရထားတွေလဲ ချောင်တယ်.. ခါတိုင်းလိုပဲ ရထားပေါ်မှာ မှေးလိုက်သွားမယ်ဆိုတဲ့ အကြံနဲ့ရော ရထားနဲ့ပဲ တစ်ယောက်ထဲပြန်လာမိလိုက်တယ်..

ရထားပေါ်ရောက်တော့ ထောင့်ခုံမရဘူး.. ထောင့်ခုံလေးရရင် အေးဆေး မှီအိပ်လို့ရတယ်လေ.. ထောင့်ခုံမှာ အကျင်္ီအဖြူနဲ့ တရုတ်ခပ်ချောချောတစ်ကောင်ထိုင်နေတယ်.. ဒီလို့နဲ့ သူ့ဘေးက လွတ်နေတဲ့ခုံမှာထိုင်လိုက်တယ်.. တကယ်လို့ ဒီကောင်ဆင်းရင်း ဟိုဘက်တိုးလိုက်ရုံပဲပေါ့... ဒီလိုတွေးတာ.. အကြံက ပိုင်ပါ့..

ဒါပေမဲ့ သိပ်မကြာလိုက်ပါဘူး.. မျက်လုံးက တဖြည်းဖြည်းစဉ်းလာပြီ မှေးရုံတင်မကဘူး.. အိပ်ပျော်သွားလိုက်တာ.. လောကကြီးနဲ့ အဆက်အသွယ်ကို ပျက်ရော... ကိုယ့်ကိုကိုယ်လဲ ဘယ်မှာ အိပ်နေမှန်းမသိတော့ဘူး.. ဘယ်လိုပုံသဏ္ဍန်နဲ့ ငုတ်တုတ်အိပ်နေလဲတော့မသိ.. တော်တော်လေးကို အသိမရှိတော့တာ... ဒီလိုနဲ့ ဘယ်လောက်ကြာ လိုက်လဲတော့မသိဘူး..

ခဏနေတော့ ကျမအတွေ့တစ်ခုကို ခံစားရတယ်.. ကောင်းလိုက်တာ... ကျမရဲ့ ငိုက်ကျပြီး နေစရာမရှိတဲ့ ဦးခေါင်း မှီတွယ်စရာ နေရာတစ်ခုရသွားတယ်.. အိစက်ညက်ညောနေတာပဲ.. ဒီလောက် အိပ်ကောင်းတဲ့ အရာဘာအရာလဲမသိဘူး.. ငါ တစ်ချက်လောက် မျက်လုံးလေးဖွင့်ကြည့်လိုက်မှပဲ..

ဒီလိုနဲ့ အိပ်ချင်မူတူးဖြစ်နေတဲ့ ရီဝေဝေမျက်လုံးလေးနဲ့ မပွင့်တပွင့်ဖွင့်ကြည့်လိုက်တော့ အဝါရောင် အကျီင်္လက်ရှည်ဝတ်ထားတဲ့ လက်မောင်းတစ်ခု.... ဦးနှောက်က ချက်ချင်းအလုပ်မလုပ်သေးဘူး.. ခဏနေမှ ဒီထက်ပိုပြီး ကြည်ကြည်လင်လင်ဖြစ်လာတော့မှ.. ငါဘယ်ရောက်နေတာလဲပေါ့... အဲ.. Flash back လုပ်ပြီး နောက်ထပ် ၅ စက္ကန့်လောက် အကြာကျမှ ဦးနှောက်က အသိပေးလိုက်တာက....

"ဟာ.... ငါရထားပေါ်မှာတစ်ယောက်ထဲပဲ.. ဒါဆို အဲဒိ၀ါ၀ါကြီးကဘယ်သူလဲ.. စစချင်းငါထိုင်တုန်းက တရုတ်ပါ.. ခုမြင်နေရတဲ့လက်က မဲမဲကြီး... ... ဟာ... ဒါဆို ခု ငါ့ခေါင်းက.... ငါ့ခေါင်းက.. အဲဒိ၀ါ၀ါကြီး.. ပုခုံးပေါ်မှာ..... !!!!!!!!!"

စက္ကန့်ပိုင်းအတွင်း ကျမအတွေးတွေ အလုပ်လုပ်သွားပုံက အဲဒိလို တစ်ဆင့်ချင်း မြန်ဆန်လွန်းလှတယ်.. အသိဝင်ပြီးတပြိုင်နက်.. ကျမ ခေါင်းကို ဆက်ခနဲပြန်မတ်လိုက်ပြီး တချက် ကြည့်လိုက်တော့.. လက်ရှည်အကျီင်္အဝါဝတ်ထားတဲ့ အိန္ဒိယလူမျိုးကုလားတစ်ယောက်.. တော်သေးတာက နဲနဲတော့ သားသားနားနားကုလားပါပဲ.. မျက်လုံးကို တစ်ချက်ဝေ့ကြည့်လိုက်တော့ အရှေ့ကလူတွေက ရီကျဲရီကျဲနဲ့ လုပ်နေကြတယ်.. ညဘက် ရထားချောင်တော့ လူတွေကြည့်စရာမရှိ ကိုယ့်ရှေ့ကလူထိုင်ကြည့်နေမှာပေါ့.. ဘယ်အချိန်ထဲက ရထားပေါ်ကလူတွေရဲ့ entertainer ဖြစ်နေလဲမသိဘူး..

ကျမလဲ ရှက်လိုက်တာ ဘာဆက်လုပ်ရမှန်းကို မသိဘူး... ခေါင်းထဲမှာလဲ အတွေးပေါင်းစုံနဲ့ အိပ်ချင်စိတ်ကို ပျောက်ရော.. သေချာတာကတော့ အဲဒိလူတွေနဲ့ မျက်နှာချင်းတောင် မဆိုင်ချင်တော့ဘူး.. ကိုယ်ဆင်းရမဲ့ ဂိတ်မရောက်မချင်းဘယ်မျက်နှာနဲ့ နေရမလဲ.. အို....... ရှက်နေမှန်းသိရင် ပိုအရှက်ကွဲတယ်.. ဒီလူတွေ နောက်တွေ့ရမှာလဲ မဟုတ်ဘူး.. လောလောဆယ် အိပ်ချင်ယောင်ပဲ ပြန်ဆောင်နေလိုက်တော့မယ်.. အဲဒါအကောင်းဆုံးပဲ.. ရှက်ရှက်နဲ့ မရှက်ချင်ယောင်ဆောင်ပြီး မျက်လုံးဆက်မှိတ်ထားလိုက်တာ ငါ့အတွက် အသက်သာဆုံးပဲ....

ဒါပေမဲ့ လူကသာ ဆက်ပြီး အိပ်ချင်ယောင်ဆောင်နေရတာ.. ခေါင်းထဲမှာတော့ အတွေးက ပေါင်းစုံ... ငါစကပ်အတိုကြီးဝတ်ပြီး အိပ်ပျော်နေတာ အောက်စများလွတ်သွားသလား.. ဘယ်အချိန်တုန်းက တရုတ်ဆင်းသွားပြီး ကုလားကြီးဖြစ်နေတာလဲသိလိုက်ဘူး... အံမယ်လေးတော်ပါသေးတယ်.. တရုတ်ကောင်သာဆို သူချောလို့ ငါကဇာတ်လမ်းလုပ်တယ်ထင်နေအုံးမယ်.. ကုလားကြီးဖြစ်နေတာပဲ ကံကောင်းလို့.. ငါတကယ်အိပ်ငိုက်တယ်ဆိုတာ လူတိုင်းသိမှာပါ.. အို.. စဉ်းစားရင်းမှ... ဟိုတရုတ်က ငါငိုက်နေလို့ သူပုခုံးပေါ်မှီမှာစိုးလို့ဆင်းသွားတာလား.. အမယ်လေး လေးနော်... ဘယ်တုန်းထဲက စပြီး အရှက်ကွဲနေလဲမသိ... ကုလားကိုပဲ သူ့ပုခုံးပေါ်ကြည်ကြည်ဖြူဖြူပေးအိပ်လို့ ကျေးဇူးကြံဖန်တင်ရမလိုလို.. မှတ်တိုင်ကလဲ မရောက်နိုင်သေးဘူး.. စိတ်ညစ်လိုက်တာနော်...

နောက်ဆုံးတော့ ဘယ်လိုမှ ဆက်မနေချင်တော့တဲ့အဆုံး.. ကျမဆင်းရမဲ့မှတ်တိုင်မရောက်ခင် ၃ဂိတ်လောက်အလိုက မှတ်တိုင်မှာဆင်းပြီး ကားပြောင်းစီးရင်လဲ ကျမအိမ်ကိုရောက်ပါတယ်.. ဘတ်စ်ကားဂိတ်နဲ့ အိမ်နဲ့ လမ်းနဲနဲပြန်လျှောက်ရတာပဲ ရှိပါတယ်.. အဲဒိဂိတ်ရောက်ပြီး.. တံခါးကပွင့်တော့မှပဲ.. ချက်ချင်းနိုးတဲ့ပုံစံမျိုးနဲ့.. ဘေးလူတွေလဲ မကြည့်ရဲတော့ပဲ တချိုးထဲလစ်ပြေးပါတော့တယ်..

အော်.. ကြိုက်မရှက်.. ငိုက်မရှက်.. သေချာတာတော့... ငိုက်တုန်းမရှက်ပေမဲ့.. ငိုက်ပြီးသွားတော့ တော်တော် ရှက်ရတာပါလားနော်....

Tuesday, March 24, 2009

PUSH (MOVIE 2009)



မနေ့ကပဲ ဒီကားကို ရုံမှာ သွားကြည့်ဖြစ်ပါတယ်.. ရုံစတင်ကတည်းက ကြည့်မလို့ပါပဲ.. ဒါပေမဲ့ မအားတာနဲ့ ခုမှပဲ ကြည့်ဖြစ်တော့တာပါ.. တင်တာကြာတာရော ကြားရက်ကြည့်တာရောကြောင့်ထင်တယ်.. လူတော့ ပါးနေတယ်.. ရုပ်ရှင်ချိန်က ၇နာရီ၂၀မိနစ် ပြမှာကို အချိန်မှားပြီး.. ၇နာရီခွဲမှ ၀င်လိုက်မိလို့.. အရှေ့ပိုင်းနဲနဲလေးလွတ်သွားသေးလို့ .. စိတ်ထဲ ကသိကအောက်ဖြစ်မိတယ်..

အဲဒိရုပ်ရှင် အကြောင်းကို အွန်လိုင်းမှာ ရှာကြည့်တုန်းက တော်တော်များများက Jumper, Heros, X-man စသည်ဖြင့်ပေါ့.. အဲဒိကားတွေနဲ့ နှိုင်းယှဉ်ပြီး ပြောကြတယ်.. အပေါ်က သုံးကားလုံးကို သိပေမဲ့ တစ်ကားမှ ကောင်းကောင်းမကြည့်ဘူးပါဘူး..
Jumper ကို အွန်လိုင်းကနေ quality ခပ်ညံ့ညံ့ အသံတိုးတိုးနဲ့ အလုပ်မှာတုန်းက ခဏကြည့်ပြီး ဘာမှမကြားရတော့ ဘာမှနားမလည်ပဲ ဟိုခုန်ဒီခုန်နဲ့ နေရာမျိုးစုံရောက်နေလို့ စိတ်မပါတော့တာနဲ့ ဆက်မကြည့်ဖြစ်ခဲ့ပါဘူး..

Heros ကတော့ တီဗွီကနေ ဇာတ်လမ်းရှည်အနေနဲ့ ပြနေတာ အတော်ကြာပါပြီ... စစပြချင်းကတော့ အဆက်ဆက်ရှိပြီး ကြည့်ဖြစ်ပင်မဲ့.. နောက်ပိုင်း အလုပ်ရှိတဲ့ရက်တွေမှာ အဆက်ပြတ်သွားတော့ ဆက်နားမလည်တော့တာရော.. သူရဲကောင်းတွေများပြီး ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ လိုက်မမှီတော့တာကြောင့်ရော.. ကြည့်ဖို့ စိတ်မပါခဲ့ပြန်ပါဘူး...

X-man ကတော့ အဲဒိထဲက ပုံစံတွေကြည့်တာနဲ့ ကြည့်ချင်စိတ်ကုန်ခဲ့တာပါ.. အရမ်းခေတ်လွန်ကားတွေကို မကြိုက်ပါဘူး...

ခုဒီကားကိုလဲ ကြည့်တဲ့အချိန်နားမလည်မှာစိုးလို့ အင်တာနက်မှာတော့ ဇာတ်လမ်းအကျဉ်းချုပ်ကို ဖတ်တော့. ကျမအထင်တော့ Heros နဲ့ ခပ်ဆင်ဆင်တူပါတယ်..
အဓိက စွမ်းအားရှင်တွေကတော့... Watcher အနာဂတ်ကို ဟိုနဲနဲဒီနဲနဲ ကြိုမြင်နိုင်တဲ့သူရယ်..
Mover - ပစ္စည်းတွေကို စိတ်စွမ်းအင်နဲ့ ရွေ့နိုင်တဲ့သူရယ်..
Pusher - သူများရဲ့စိတ်ကို munipulate လုပ်နိုင်တဲ့သူရယ်.. က အဓိကဖြစ်မယ်ထင်ပါတယ်..
Mover က မင်းသား.. Pusher က မင်းသမီး.. Watcher လဲ ကလေးမင်းသမီး... အားလုံးချောပါတယ်..
သူတို့မှာသာ အစွမ်းရှိတာမဟုတ်ပါဘူး.. တကားလုံးမှာ ပါတဲ့ လူအားလုံးလိုလိုမှာ အဲလို ထူးထူးဆန်းဆန်းအစွမ်းတွေရှိကြပါတယ်.. စွမ်းရည်တူနေတာတွေလဲ ရှိပါတယ်.. ရုပ်ရှင်ကိုတော့ ဟောင်ကောင်မှာ အခြေခံပြီးရိုက်ထားတာပါ. ဇာတ်လမ်းလဲ အကြမ်းပြင်းလောက်နားလည်ရင်တော့.. အုံးအုံးဒိုင်းဒိုင်းချတာတွေ effect တွေ မင်းသား မင်းသမီးချောချောလေးတွေကြည့်ရတော့ တန်တယ်ထင်ပါတယ်.. အဲလို ဇာတ်ကားမျိုးကို ကြိုက်တဲ့သူတွေအတွက်တော့ ကားကောင်းလေးတစ်ကားပါ..

MOVER
PUSHER

WATCHER

Sunday, March 08, 2009

On Air Vs World Within (The World They live in)

ခုတစ်ခေါက်မှာတော့ ပုံစံတူ ကိုရီးယား ဇာတ်လမ်းတွဲလေး ၂ကားအကြောင်းပြောပြချင်ပါတယ်..
သူတို့ ၂ကားလုံးရဲ့ အခြေခံ ဇာတ်လမ်းနောက်ကျောကတော့ ရုပ်ရှင်ရိုက်ကူးရေးအကြောင်းပါ... ရုပ်ရှင် အနုပညာလောကမှာ ဖြစ်တတ်ကြတဲ့ လူမှုရေး ပက္တိပက္ခတွ.. ရုပ်ရှင်ရိုက်ရင် ဖြစ်တတ်တဲ့ ပြဿနာတွေ.. တစ်ဦးချင်းစီရဲ့တာဝန်တွေ.. ရိုက်ကွင်းရိုက်ကွက်ဘယ်လိုရိုက်လဲဆိုတာတွေ.. မဗေဒါအတွက်တော့ အတော်စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတွဲလေးတွေပါ...

ဒီဇာတ်လမ်းတွဲတွေကို ကြည့်ရင်းနဲ့ သူတို့ ကိုရီးယားရဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲ စီမံခန့်ခွဲမှု စနစ်တွေကိုလဲ လေ့လာသိရှိနိုင်ပါတယ်.. ဒီကားကိုကြည့်ရင်းနဲ့ ရုပ်ရှင်တစ်ကားဖြစ်လာဖို့အတွက် ၁ဦးတစ်ယောက်ထဲကောင်းလို့မရသလို.. မာန်တက်နေလို့လဲမရပါဘူး.. အဓိကကတော့ ဒါရိုက်တာ စကားကို နားထောင်ရတာပါ... ဘယ်လောက်ပဲ နာမည်ကြီးတဲ့ သရုပ်ဆောင်ဖြစ်ပါစေ.. ရုပ်ရှင်တစ်ကားကို လက်ခံပြီး ဇာတ်လမ်းစရိုက်ပြီ ဆိုတာနဲ့ ဒါရိုက်တာစကားကို နာခံရပါတယ်... ဒါရိုက်တာကလဲ စာရေးစရာ နဲ့ ညှိညှိနှိုင်းနှိုင်းလုပ်ရပါတယ်... ဒါမျိုးလေးတွေကို မြင်ရသလို...

ရိုက်ကူးရေးပိုင်းဖြစ်တဲ့ အခန်းမျိုးတွေ.. ဥပမာ.. ကားမောင်းနေတဲ့အခန်းဆိုရင်.. ရုပ်ရှင်ထဲမှာ သရုပ်ဆောင်မောင်းနေတယ်ထင်ရပေမဲ့.. တကယ်တန်းကျတော့ အဲဒိ ကားသေးလေးကို.. Truck ကားအမိုးပွင့် အကြီးကြီးပေါ်တင်ပြီး.. ရိုက်ကူးရေးတစ်ဖွဲ့လုံးကလဲ အဲဒိ ကားအကြီးကြီးပေါ်ကနေရိုက်တာပါ.. တကယ်တမ်းမောင်းနေတာက ကားအကြီးကြီးပါ... ကျမအစက အမျိုးမျိုးတွေးဖူးတယ်.. သူတို့ဘယ်လိုရိုက်လဲလို့.. အရှေ့ကားကနေရိုက်တာလား. အဲလိုဆိုရင် အသံတွေ ဘယ်ပါမလဲ.. အသံနောက်မှထည့်တာလား.. အသံနောက်မှထည့်တော့ ဘယ်ဈာန်ဝင်မလဲ.. အမျိုးမျိုးပေါ့နော်.. ခုမှ အဖြေပေါ်သွားပါတယ်.. ကျမပဲ တုံးတာလားတော့မသိပါဘူး.. ဒါက ကားမောင်းရင်းစကားပြောခန်းကိုရိုက်တာပါ.. ကားကို အဝေးကနေ မောင်နေတဲ့ပုံကို ရိုက်ဖို့ကျတော့.. နောက်ကားတစ်စီးနဲ့ ကျမထင်သလို.. ရှေ့ကကားတစ်စီးနဲ့ဖြစ်စေ.. ဘေးက ဖြစ်စေ လိုက်ရိုက်တာပါ...
အတော်စိတ်ဝင်စားဖို့ကောင်းပါတယ်..



ရုပ်ရှင် ဇာတ်လမ်း ၂ခုကို ယှဉ်ကြည့်မယ်ဆိုရင်တော့.. personally ကျမအတွက် ON AIR ကို ပိုသဘောကျပါတယ်... စုစုပေါင်း အပိုင်း ၂၁ ပိုင်းရှိပါတယ်...


ဘာလို့လဲဆိုတော့.. သူတင်ဆက်ပုံက.. ပရိတ်သတ်ကို မရိုးအီသွားစေပါဘူး.. အဓိက သရုပ်ဆောင် လေးဦးကြားမှာ ရှိတဲ့ Chemistry ကို သဘောကျတာပါ... ပြီးတော့ ခေါင်းဆောင်မင်းသမီးက စာရေးဆရာမ.. မင်းသားက ဒါရိုက်တာ.. ဒုတိယမင်းသမီးက ရုပ်ရှင်မင်းသမီး.. ဒုတိယမင်းသားက ရုပ်ရှင်မင်းသမီးရဲ့ မန်နေဂျာနေရာ ဇာတ်ကောင် အသီးသီးနဲ့.. တစ်ဦးချင်းစီရဲ့ တာဝန်.. စိတ်ခံစားမှု... အတတ်ပညာ.. အစစအရာရာကို ထောင့်စုံအောင် တင်ပြနိုင်တဲ့ အပြင်... သူတို့ကြားမှာရှိတဲ့ အချစ်ဇာတ်လမ်းကလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်.. အထူးသဖြင့် စာရေးဆရာမနဲ့ ဒါရိုက်တာရဲ့ ဇာတ်လမ်းလေးကို ကျမ သဘောကျတာပါ.. မင်းသမီးမင်းသားကို ကြိုက်လို့လားတော့မသိပါဘူး..
မင်းသမီးက မြန်မာပြည်မှာ ပြသွားတဲ့ ဟိုတယ် (Hotelier) ကားထဲက မင်းသမီးပါ..
မင်းသားကတော့ မြန်မာပြည်မှာ ပြသွားပြီတဲ့ ရေသူမလေး ချစ်ပုံပြင် (Loving You) ထဲက မင်းသားပါ.. ၂ယောက်လုံး မဗေဒါအကြိုက်တွေမို့လဲ သူတို့ အတွဲကို ပိုကြိုက်တာဖြစ်မယ်ထင်ပါတယ်..
တစ်ခုပဲ ရှိပါတယ်.. ဒုတိယမင်းသားမန်နေဂျာလုပ်တဲ့သူက မချောပါဘူး.. အရပ်ကလဲ ပုပါတယ်.. အဲဒိလူကြီးကို ပြောင်းလိုက်ရင် အားလုံးကောင်းသွားမှာပါ...


နောက်တစ်ကား.. World Within ခေါ် The world they live in ကတော့ စုစုပေါင်းအပိုင်း ၁၆ပိုင်းရှိပါတယ်... မင်းသား မင်းသမီးက အရမ်းကို ကောင်းပါတယ်..
မင်းသားက (Snow Queen, MY lovely Sam Soon) တို့ထဲက မင်းသားချော.. Hyun Bin ပါ.. အရမ်းချောပါတယ်.. ရီလိုက်ရင် ပါးချိုင့်လေးတွေကအသဲယားစရာ (အော်.. ကြော်ငြာဝင်သလိုဖြစ်သွားတဲ့အတွက် သည်းခံပါရှင်.. လိုရင်းကို ဆက်ပါမယ်)...
မင်းသမီးကလဲ အားလုံးအကြိုက်ဖြစ်တဲ့.. အွန်စောလို့ လူသိများတဲ့ မင်းသမီးချော ဆောင်းဟေကို ပါ..
သူတို့ ၂ယောက်တွဲတဲ့ကားဖြစ်တဲ့အပြင်.. အဲဒိကားကို ရိုက်တုန်းက ၂၀၀၈ ခုနှစ် သြဂုတ်လမှာ စကာင်္ပူကို လာရိုက်သွားတဲ့အတွက် မှတ်မှတ်ရရ သိပ်ကို ကြည့်ချင်နေခဲ့တာပါ...
ဒါပေမဲ့ ဇာတ်လမ်းကတော့ ထင်သလောက်မကောင်းခဲ့ပါဘူး.. အဲဒိ မင်းသား မင်းသမီးသားမဟုတ်ရင် သိပ်တောင် သည်းခံနိုင်ပါ့မလားမသိပါဘူး..

အဲဒိကားမှာတော့ သူတို့ ၂ယောက်လုံးက ဒါရိုက်တာတွေပါ.. မင်းသားက နာမည် အသင့်အတင့်ရှိ ဒါရိုက်တာဖြစ်ပြီး.. မင်းသမီးက ဒါရိုက်တာ အသစ်ပါ.... ဒီတော့ ဒါရိုက်တာအကြောင်းကို ပို အသားပေးထားပါတယ်.. မဗေဒါအတွက်ကတော့ ရုပ်ရှင်ရိုက်ပုံ ရိုက်နည်းတွေ လေ့လာလို့ရလို့တော့ စိတ်ဝင်စားစရာကောင်းသေးတဲ့အတွက် တခါတည်း အပြီးကြည့်ဖြစ်လိုက်ပါတယ်... ရုပ်ရှင်တစ်ကားရိုက်ရင် ဒါရိုက်တာတွေ ဘယ်လောက် အပင်ပန်းခံရပုံကိုလဲ အပြင်မှာ ဟုတ်လားမဟုတ်လားတော့မသိပါ.. အဲဒိထဲမှာတော့ Drip pipe တောင် သွန်းရပါတယ်...

ဇာတ်လမ်းကို လူစိတ်ဝင်စားမှုနည်းအောင် အားနည်းစေတာကတော့ မင်းသားနဲ့ မင်းသမီးကြားမှာ ရှိတဲ့ အချစ်ဇာတ်လမ်းလို့ ပြောရမယ်ထင်ပါတယ်... သိပ်ပြီး သဘာဝကျကျ ဖြစ်အောင်ပဲ ရိုက်ထားလို့လားတော့ မသိပါ... မင်းသားနဲ့ မင်းသမီးကလဲ ပြတ်လိုက် ဆက်လိုက်ပါပဲ.. အပြင်ကသာမာန် ချစ်သူရည်းစားတွေလဲ ရုပ်ရှင်တွေထဲကလောက် Romantic မဆန်ကြဘူးဆိုပေမဲ့.. ရုပ်ရှင် သဘောအရတော့ ပရိတ်သတ်စိတ်ဝင်စားအောင် ရိုက်ပြသင့်ပါတယ်.. ဇာတ်လမ်းက ရိုးအေးပြီး အေးစက်စက်ကြီးနိုင်တော့ ဇာတ်လမ်းကို ကြည့်တဲ့သူအတွက်တော့ ပျင်းဖို့နဲနဲကောင်းပါတယ်...

စာကြွင်း။ ။ဒီဇာတ်လမ်း ၂ကားကို ဝေဖန်ရာမှာတော့ မဗေဒါ တစ်ဦးတစ်ယောက်ထဲရဲ့ အကြိုက် အယူအဆနဲ့ ဝေဖန်ထားခြင်းဖြစ်သဖြင့် ကြိုက်သလို သဘောထားကွဲလွဲနိုင်ပါတယ်....

Saturday, March 07, 2009

ကျမနဲ့ ဖုန်းသရဲ

ဒီအကြောင်းကို အရင်က ပိုစ့်တစ်ပုဒ် (မိန်းကလေးတွေကို ချဉ်းကပ်နည်(ရှောင်ကျဉ်ရန်)) ဆိုတဲ့ ပိုစ့်မှာ တစ်ခါရေးဖူးပါတယ်... ကျမဟာ personally ဒီဖုန်းနဲ့ လာလာ ဇာတ်လမ်းစတာကို မကြိုက်တတ်ပါဘူး... ဖုန်းနဲ့ ဇာတ်လမ်းလုပ်တယ်ဆိုရာမှာ.. ကျမ လုံးလုံးမသိတဲ့လူတစ်ယောက်က ကျမကို mysteriously လာပြီး ဇာတ်လမ်းစတာကိုပြောတာပါ... တခြားတနည်းနည်းနဲ့သိပြီးမှ ဖုန်းစကားပြောတာကို မဆိုလိုပါဘူး..

ကျမမှာသူငယ်ချင်းတစ်ယောက်ရှိပါတယ်.. အဲဒိကောင်လေးဆိုရင် ရုပ်သိပ်မချောပါဘူး.. ဒါပေမဲ့ ဖုန်းပြောတဲ့အသံကတော့ တော်တော်နားထောင်ကောင်းပါတယ်... သူလိုလူမျိုးတောင်မှ ဘယ်တော့မှ ဘလိုင်းကြီးသက်သက် ဖုန်းစဆက်ပြီး ဇာတ်လမ်းမလုပ်တတ်ပါဘူး.. ကျမသိသလောက်တော့.. ကောင်မလေးနဲ့ အွန်လိုင်းကဖြစ်စေ.. တနည်းနည်းနဲ့ ရင်းနှီးပြီးမှ ဖုန်းဆက် ကျူ (အဲလေ) လိုက်လေ့ရှိပါတယ်.. အနည်းဆုံး သူက အသံလေးနဲ့ စကားပြောလေးတော့ ကောင်းသေးတယ်..

ကျမအနေနဲ့ကတော့ ဖုန်းနဲ့ ဇာတ်လမ်းလုပ်တဲ့သူဟာ..
၁) အချက် ဒီလူဟာ ရုပ်ရည်မရှိလောက်ဘူးဆိုတဲ့ Impression ၀င်ပါတယ်..
၂) အချက် သူဘယ်သူဘယ်ဝါဆိုတာ မပြောနိုင်တဲ့အတွက် ဒီလူရဲ့ Background ဟာ သိပ်မကောင်းလောက်ဘူးလို့ ယူဆပါတယ်.. သူ့အကြောင်းတောင် ခိုးကြောင်ခိုးဝှက်လုပ်နေတဲ့သူတစ်ယောက်ကို ကျမက အထင်ကြီးစရာမရှိပါ..
၃)အချက် ဒီလူဟာ ကျမကို တန်ဖိုးမထား မလေးစားတာသေချာပါတယ်... (ကျမကသာ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ ယောကျာင်္းတစ်ယောက်ကို လက်ခံစကားပြောတဲ့ မိန်းကလေးတစ်ယောက်ဆိုရင် အဲဒိလူကိုယ်တိုင်ကရော ကျမကို တန်ဖိုးထားပါ့မလား... သူ့ကို စကားမပြောတော့လဲ ဒီလူက မကြိုက်.. ၂ ဦး ၂ဘက်လုံးအတွက် Impression မကောင်းစေတဲ့ နည်းလမ်းမို့.. ယောကျာင်္းလေးများ မသုံးမိစေရန် သတိပြုသင့်ပါတယ်)
၎)အချက် ဒီလူဟာ အတွေးအမြင် အောက်လွန်းပြီး အလွန်တရာမှ အားအားယားယား နိုင်လွန်းတဲ့ အတွက် မိန်းမတစ်ယောက်အားမကိုးသင့်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်...

အပေါ်ကအချက်တွေကတော့ ကျမ စိတ်ထဲယူဆတဲ့ အချက်တွေပေါ့နော်...
အရင်ပိုစ့်ရေးတုံးက ကွန်မန့်တွေမှာ အကြံပြုသွားကြတဲ့ အတွက် အကြံပြုသွားတဲ့ သူငယ်ချင်းတွေ စာဖတ်သူတွေကို ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ တစ်ချို့ အကြံပြုချက်လေးတွေကို မဗေဒါလိုက်မလုပ်နိုင်ခဲ့ပါဘူး.. အဲဒိအကြောင်းလေးကို ခုတခါတည်း ပြောပြချင်ပါတယ်...

တော်တော်များများကတော့ အလွယ်ကူဆုံးဖြစ်တဲ့ ဖုန်းနံပါတ်ပြောင်းဖို့တိုက်တွန်းကြပါတယ်..

ကျမဒီဖုန်းနံပါတ်ကိုသုံးတာ စကာင်္ပူမှာနေလာတဲ့ သက်တမ်းနီးပါးရှိပါပြီ.. ဒီလို မလောက်လေး မလောက်စား လက်ယားတဲ့ အကောင်တွေအတွက် ကျမဖုန်းနံပါတ်ကို မပြောင်းပြစ်ရက်ပါဘူး..
နောက်ပြီး ကျမဖုန်းနံပါတ်ကို မပြောင်းချင်တဲ့ အဓိကအကြောင်းအရာကတော့.. အဆက်အသွယ်ပြတ်နေတာ ကြာတဲ့ သူငယ်ချင်းတွေအတွက် သူတို့ ဆက်သွယ်ချင်တဲ့အချိန်တိုင်းမှာ လွယ်ကူနေအောင်လို့ အဆက်သွယ် ပြတ်မသွားချင်လို့ ဒီနံပါတ်လေးကိုပဲ ထားထားချင်တာပါ....

နောက်ပြီး ဖုန်းရုံးကို ပြောပြီး သူ့နံပါတ်ကို ဘလောက်လိုက်ဖို့ကို စုံစမ်းကြည့်တော့ ရဲစခန်းထောက်ခံစာပါမှဆိုတော့ အတော် အလုပ်ရှုတ်လှပါတယ်...

အဲ... ပထမပိုစ့်မှာ ကိုပီကေ ပြောခဲ့သလို ကျမဖုန်းထဲမှာပဲ black list သွင်းဖို့ကတော့.. ကျမဖုန်းမှာ အဲဒိ function ရှိမရှိ သေချာမသိပါဘူး... ကျမခုသုံးနေတဲ့ ဖုန်းက Nokia N78 ပါ.. သိတဲ့ သူရှိရင် ပြောပြပေးပါ.. ဒါပေမဲ့ အဲဒိလိုလုပ်ဖို့ကလဲ... ခု ကျမကို နှောင့်ယှက်တဲ့သူက ဖုန်းနံပါတ် ၃လုံးလောက်နဲ့ကို သုံးပြီး နှောင့်ယှက်တာပါ... သူတို့ပြောပုံ အရ သူတို့က လူ၃ယောက်ပါ.. မတူပါဘူး...

အင်း.. အားလုံးကို နားရှင်းအောင်.. ဒင်းတို့လုပ်ပုံကို ပြောပြပါ့မယ်...

ပထမ ၁၉ရက် ၂လ ၂၀၀၉ မှာ - ဖုန်းနံပါတ် တစ်ခုနဲ့ "How r u?" ဆိုပြီး ပို့ပါတယ်..
ကျမကလဲ ကျမ ဖုန်းနံပါတ်မသိမ်းထားမိတဲ့ သူငယ်ချင်းတစ်ယောက်ယောက်ဖြစ်မှာစိုးလို့.. "Fine. May I know who u r?" လို့ ပြန်မေးတော့..
ဒင်းက... " Min Htwe.. " တဲ့.. ကျမလဲ ကျမမသိတဲ့သူဆိုတော့ ဘာမှ ပြန်မပြောတော့ပါဘူး.. ဒီတော့ ဒင်းက ကျမနာမည်နဲ့ " ______ lar?" တဲ့...
ကျမနာမည်ကို သိနေတော့ ကျမက ဘယ်သူလဲထပ်မေးတော့လဲ.. သူ့နာမည်ကြီးပဲ လာလာပြောနေပါတယ်...
ကျမဖုန်းနံပါတ်ကို ဘယ်လိုရလဲလို့မေးတော့.. သူ့သူငယ်ချင်းရဲ့ သူငယ်ချင်း ရန်ကုန်ပြန်သွားတဲ့ ကောင်က ဖုန်းထားခဲ့လို့ အဲဒိထဲက ရတယ်လို့ပြောပါတယ်.. ဖုန်းပိုင်ရှင်ကိုတော့ သူလဲ မသိဘူးလို့ပြောပါတယ်..
နောက်ပိုင်းတော့ ကျမလဲ သောက်မြင်ကပ်ကပ်နဲ့ ဘာမှ မပြန်တော့ပါဘူး.. ဒီကြားထဲမှာ သူကချည်းပဲ.. Picture msg တွေပို့ "khin chin dal ya ma lar?" ဘာညာပေါ့.. အရည်မရ အဖတ်မရ.. သူတို့မို့ စကာင်္ပူမှာ အားအားယားယားပေါ့ရှင်.. ကျမလဲ ဘာမှ မပြန်ပါဘူး... ကျမနာမည်ကို သိနေတော့ စိတ်ထဲတော့ ကသိကအောင့် ဖြစ်မိပါတယ်.. အဲဒိလူဘယ်သူလဲ ဆိုတာကို တော့ စိတ်ဝင်စားလို့ မထင်လိုက်ပါနဲ့...

၂၂ရက် ၂လ ၂၀၀၉ မှာ ဒုတိယဖုန်း နံပါတ်နဲ့ ကျမနာမည်ပဲ ရေးထားတဲ့ မတ်စေ့ရှ်လာပါတယ်.. ဒါပေမဲ့ ဒီတစ်ခါတော့ ကျမနာမည်ကို အင်္ဂလိပ်လို စာလုံးပေါင်းထားတာကလဲ မှားနေပါသေးတယ်.. ဟိုပထမဖုန်းနံပါတ်နဲ့လဲ Forward msg တွေ လာနေတုန်းပါပဲ... ကျမ call history ပြန်စစ်ကြည့်တော့... အဲဒိ ဒုတိယဖုန်းနဲ့ မတ်စေ့ရှ် မပို့ခင် ၁ရက် ၂ရက်မတိုင်ခင်မှာ ဖုန်းခေါ်ပြီး ကျမကိုင်တော့.. တခြားနာမည်တစ်မျိုးမေးပြီး.. ဖုန်းမှားသွားလို့ပါလို့ပြောပါတယ်.. အဲဒိတုန်းက ကျမကတောင်.. ဖုန်းကလဲ မှားစရာရှားလို့ မြန်မာ- မြန်မာချင်းမှားစရာလားလို့တောင် ထင်မိလိုက်ပါသေးတယ်... ဒီတော့ ကျမ မှတ်မှတ်ရရရှိနေတာပါ...

ပထမ မတ်စေ့ရှ် ပို့ပြီး နောက်၂ရက်နေတော့ မတ်စေ့ရှ်တွေလာပါလေရော.. "R u sleeping. If u sleeping Have a good night" ဆိုပြီး... ဒင်းမသိလိုက်တာလား.. ဥာဏ်ပဲ မမှီတာလားတော့ မသိဘူး.. ကျမက Call history နဲ့ ဒင်း အရင်က ကျမနာမည် ပို့ထားတဲ့ မတ်စေ့ရှ်ကို ပြန်စစ်ကြည့်တော့ သိနေပါပြီ... ဒီပြဿနာက ကျမညိမ်နေရင် ပြီးမှာ မဟုတ်တော့ပါဘူး.. ဒါနဲ့ မသိချင်ယောင်ဆောင်ပြီး "who are u?" လို့ ပြန်ပြောတော့..

ဒင်းက "My name is Maw Con" တဲ့... နာမည်ကတော့ လန်ထွက်နေတာပဲ.. သူတို့တောက ဗွီဒီယိုရုံမှာ ၁ကား ၁ကျပ်လောက်နဲ့ တိုးကြည့်ခဲ့တုန်းက စိတ်ကူးယဉ်ခဲ့ဖူးတဲ့ နာမည်လားတော့မသိ...

ကျမလဲ ဘာမှ ပြန်မပြောသေးပဲ နေနေတုံး.. "What are u thinking?" တဲ့.. ဒင်းက..
ဒါနဲ့.. ကျမလဲ "Where did u get my no.? Do u know me? Do not pass around my no. among ur friends" လို့ပြောတော့..
ဒင်းက.. သူရေးတဲ့အတိုင်းရေးပြတာနော်.. " Sorry! I have got ur number 2months ready but I never ever pass ur no amoung my friend" တဲ့...
ဒါနဲ့ အရင်လို မဖြစ်ရအောင် ဒေါသစိတ်လေးကို ထိမ်းပြီး ကျမဖုန်းနံပါတ်ဘယ်လိုရလဲလို့မေးတော့..
အခြေအမြစ်မရှိရှင်းပြပါတယ်... အဲဒါကတော့ သူ့ဖုန်း ရေထဲကျသွားလို့ Jurong East service center မှာ ဖုန်းသွားပြင်ပြီး ပြန်ရလာတော့.. ကျမဖုန်းနံပါတ်က သူ့ဖုန်းထဲ အလိုလိုရောက်နေတာပါတဲ့.. ကဲ... ကြည့်..
Nokia နဲ့ starhub က Match making service အလကားပေးနေတယ်လို့ မကြားလိုက်မိပါလားနော်....
ဘယ်လောက် အခြေအမြစ်မရှိလဲဆိုရင်.. ဟား.. ဟား.. ပြီတော့ပြောသေးတယ်.. သူစကာင်္ပူရောက်တာ ၇လပဲရှိသေးလို့ သူငယ်ချင်းလိုချင်လို့ပါတဲ့..

ကျမလဲ နောက်ပိုင်း ဘာမှ မပြန်ဖြစ်တော့ပါဘူး... ကျမနံပါတ်ကို ဖွတဲ့သူကိုသာ တော်တော်လေး ဒေါသဖြစ်မိနေပါတော့တယ်.. ဒီပြဿနာကိုလဲ ဘယ်လိုဖြေရှင်းရင် ကောင်းမလဲ ဆိုတာကို ကျမစဉ်းစားနေမိပါတယ်.. နောက်ရက် အနည်းငယ်ကြာတော့.. မော်ကွန်းဆိုတဲ့ ကောင်က ကျမနာမည်ကို မတ်စေ့ရှ်နဲ့ ထပ်မေးပါတယ်.. ဒင်းတို့ပို့တဲ့ မတ်စေ့ရှ်တွေ တော်တော်များများ ကျမဆီမှာ ရှိပါတယ်.. ဒင်း ကျမနာမည်ကို စာလုံးပေါင်းမှားပြီးတောင် ပို့ထားလို့ ကျမ ပိုပြီး မှတ်မှတ်ရရရှိပါတယ်.. အဲဒိမှာ ကျမ သေချာတာ တစ်ခုသိသွားပါတယ်.. ဒီကောင်တွေဟာ.. ကျမကို နာမည်ပဲ သိတာပါ... ကျမကို မြင်လဲ မမြင်ဖူးပါဘူး.. ကျမဘယ်သူဆိုတာလဲ မသိပါဘူးဆိုတာပါပဲ.. မိန်းကလေးနာမည်မို့ ငမ်းငမ်းတက် လက်ကမြင်းကျောဆွဲရုံသက်သက်ပါ...

သူတို့ကိုလေ ကျမ မေးလိုက်ချင်တယ်.. ဒီလိုနည်းနဲ့ စကာင်္ပူမှာ ဘယ်နှယောက်နဲ့များ အဆင်ပြေဖူးပါသလဲလို့လေ... ဖုန်းနဲ့ ဘယ်သူဘယ်ဝါမှန်းမသိတဲ့သူကို ရင်ခုန်နေရလောက်အောင်.. ကျမရဲ့ အသက်ကလဲ သစ်ရွက်လေးတွေ လေတိုက်ရင်တောင် ရီချင်နေတဲ့ အရွယ်လဲမဟုတ်တော့ပါဘူး.. ဒင်းတို့လဲ အဲဒိ အရွယ် ကောင်လေးတွေမဟုတ်ဘူးဆိုတာသေချာပါတယ်.. ဘာလို့လဲဆိုတော့.. အဲဒိ အရွယ်ကလေးတွေက သူ့ဟာနဲ့ သူ လူငယ်မာနဆိုတာရှိတယ်.. ရှက်တတ်သေးတယ်..
ကျမအရွယ်က "၂၀ကျော် အစိတ်ပိုင်း.. အရွယ်တော် တစ်စိတ်ဟိုင်း" ဖို့ ၁နှစ်မျှသာလိုတော့တာပါ..

၂၆ ရက် ၂လ ၂၀၀၉ မှာတော့ တတိယ ဖုန်းနံပါတ်နဲ့ မတ်စေ့ရှ်တွေလာပြန်ပါရော... ဘာလုပ်နေလဲတို့.. နာမည်လေး သိပါရစေ... သူငယ်ချင်းတော်ပါရစေပေါ့.. ကျမဘာဆိုဘာမှ မလုပ်တော့ပဲ.. ဒီတိုင်းပဲနေလိုက်ပါတယ်... ဒီကိစ္စတွေရပ်သွားအောင် ဘယ်လိုလုပ်ရပါ့ဆိုတာကိုပဲစဉ်းစားနေပါတယ်..

ဖေဖေက ၂၀၀၇ က ကိစ္စဖြစ်တုန်းက ကိုယ့်ကို ဖုန်းနောက်တဲ့သူကို မအော်ဖို့.. အော်ရင် အမြင်ကပ်ပုဒ်မနဲ့ ပိုဆိုးမယ်ဆိုပြီး ဆုံးမပါတယ်.. ပြီးတော့ ဒီလောက်ခင်ချင်နေရင် လူကြီးလူကောင်းပီပီ အပြင်မှာတွေ့ပြီး အဆင့်ရှိရှိ ခင်ဖို့ ပြောပါတယ်.. အဲလိုမှ အဲဒိကောင်တွေရပ်မှာပါ.. ကျမဖေဖေက သူကိုယ်တိုင် ကျမကို လိုက်စောင့်ပေးမယ်ပြောပါတယ်..

ဒါပေမဲ့ ဒီလို ကိစ္စ အသေးအဖွဲအတွက်နဲ့ ကျမ မိဘတွေကို စိတ်လဲ မပူစေချင်ပါဘူး.. ဒါကြောင့် ခုတစ်ခေါက် ဖုန်းလက်ဆော့တဲ့ ကိစ္စကို ဘာမှမပြောခဲ့ပါဘူး.. ကျမအတွက်လဲ အရေးပါလှတဲ့ ပြဿနာတော့ မဟုတ်ပါဘူး... အရည်အချင်းမရှိတဲ့ လူတစ်စု အောက်တန်းကျတဲ့နည်းလမ်းနဲ့ သူတို့ အချိန်တွေဖြုန်းနေကြတယ်ပဲ မြင်ပါတယ်...

ဒါပေမဲ့ အခုတော့ လူတွေ့စရာ မလိုပဲ ဒီကောင်တွေ ရပ်သွားမဲ့နည်းကို ကျမအကြံရသွားပါပြီ... နဲနဲလေး မုသားသုံးလိုက်ရုံပါပဲ... ဒါပေမဲ့ ကျမကို ထပ်မနှောင့်ယှက်မချင်း ကျမဘာမှ ပြောမှာ မဟုတ်ပါဘူး..
ကျမဖုန်းထဲမှာလဲ.. Disturbance 1, 2, 3 ဆိုပြီး သေသေချာချာ သိမ်းထားလိုက်ပါတယ်...

ဒီနေ့တော့ လူက စိတ်ကလဲ သိပ်မကြည်ဖြစ်နေပါတယ်.. အဲဒိ အချိန်ကျမှ ကံဆိုးသူ လဒ Disturbance 2 က.. မတ်စေ့ရှ်ပို့ပါတယ်... ဒါနဲ့ ကျမလဲ... အဲဒိလူကို ဖုန်းကောက်ဆက်လိုက်ပါတယ်...
အသံကလဲ ကလီညောင်နာနေပြီး.. တောသားလိုလိုအသံပါ... တိုးချိနေလိုက်တာလဲ မနည်းနားထောင်ရတယ်.. ပီပီသသကလဲ မရှိ.. လုံးဝ လုံးဝ ခံစားလို့မရတဲ့ အသံရှင်ပါ..

ကျမ။ ။ ရှင် ကျမနဲ့ သိပ်ခင်ချင်နေလား...

မော်ကွန်း(Disturbance2)။ ။ ခင်ချင်လို့ပါ... ကျွန်တော့်မှာ သူငယ်ချင်းမရှိလို့ပါ..

ကျမ။ ။ ကောင်းပြီ ဒါဆို ကျမတို့ အပြင်မှာတွေ့ကြမယ်လေ..

Disturbance 2။ ။ ကောင်းပြီလေ.. တွေ့တာပေါ့...
ခပ်တိုးတိုး မရဲတရဲ အသံဖြင့်ပြန်ပြောခြင်းဖြစ်သည်.. ဘာပဲပြောပြော တွေ့ရဲတဲ့ သတ္တိတော့ ဒင်းက ရှိသား..

ဒါနဲ့ ကျမလဲ ကျမစဉ်းစားထားတဲ့အတိုင်း....
ကျမ။ ။ ဟုတ်ပြီလေ.. ကျမ ခင်ပွန်းပါခေါ်လာခဲ့မယ်... (ဟတ်.. ဟတ်.. ဟိုဘက်က လဒ ဟတ်ကော့ကြီးဖြစ်ပြီး.. ရင်ခံသွားမှာသေချာတယ်)...

Disturbance 2။ ။ ဗျာ.. !@#$%% (သူဘာတွေပြောနေလဲ ကျမ သေချာပြန်မကြားရပါ.. စကားပြောသံကိုက ဗလုံးဗထွေးနဲ့.. ဘာအဓိပ္ပါယ်မှန်းကို သေချာမသိပါ.. ဟိုလိုလို ဒီလိုလိုနဲ့ ရဲစကားပြောသွားခြင်းဖြစ်သည်..)

သေချာတာတစ်ခုကတော့ ဒင်း အောင့်သီး အောင့်သက်အတော်ဖြစ်သွားသည်...
ကျမ။ ။ ရှင်.. ပြောတော့ ရှင့်မှာ သူငယ်ချင်းမရှိဘူးဆို..... သူငယ်ချင်းလိုချင်လို့ဆို...

Disturbance 2။ ။ ဟုတ်ပါတယ်..

ကျမ။ ။ ဒါဆို ကျမနဲ့ သူငယ်ချင်းဖြစ်တာထက် ကျမခင်ပွန်းနဲ့ သူငယ်ချင်းဖြစ်တော့ ပိုကောင်းတာပေါ့.. ၁ယောက်ထက် ၂ယောက်က ပိုမကောင်းဘူးလား...
ဒင်း ဝေခွဲရ ခက်နေပုံတော့ ရတယ်... စကားက ၂ခွပြန်ပြောပါတယ်...

Disturbance 2။ ။ ဟုတ်ကဲ့.. တွေ့ပါမယ်.. နှောင့်ယှက်သလိုဖြစ်သွားရင် တောင်းပန်ပါတယ်...

ဟတ်... ဟတ်.. ရီချင်လိုက်တာ.. ဒင်းကို ရီချင်တာဟုတ်ဘူး.. ကိုယ့်အကြံကိုယ်သဘောကျလို့ ရီချင်တာ.. ပိုင်လိုက်တာ.. ငါကွ...
ဒါတောင် ဒင်းက တွေ့မယ်က ပါးစပ်ကထွက်နေတုံး.. တော်တော်တော့ အကြောမာတဲ့ လဒပါ... သူက မယုံတ၀က် ယုံတ၀က်ဖြစ်နေတဲ့ပုံစံမျိုးလဲဖြစ်နိုင်သလို.. သူ မှန်းချက်နဲ့ နှမ်းထွက် မကိုက်လို့ အယောင်ယောင်မှားမှားဖြစ်နေတာလဲ ဖြစ်နိုင်ပါတယ်.. ဒါနဲ့ပဲ..

ကျမ။ ။ ကောင်းပြီလေ.. ဒါဆိုရင် ကျမခင်ပွန်းရော.. ကလေးတွေပါ ခေါ်လာခဲ့မယ်.. တစ်မိသားစုလုံးလာခဲ့မယ်.. စနေနေ့ ပင်နီဆူလားမှာတွေ့မယ်လေ.. ခင်ခင်မင်မင်ပေါ့...

ပြောသာပြောနေရသည်.. ဒင်းကတွေ့မယ်ဆိုလျှင် ဘာလုပ်ရမလဲ မသိ.. သူငယ်ချင်းတစ်ယောက်ယောက်ကိုပဲ ဟန်ဆောင်ခိုင်းရကောင်းမလား.. ဘယ်သူ့ ကလေးငှားရင်ကောင်းမလဲ.. စဉ်းစားနေရပြီ... ဒါမှ မဟုတ်.. ဖေဖေနဲ့ မေမေကိုပဲ ကန်တော့ပြီး ကျမအစားသွားခိုင်းရကောင်းမလား... ဟတ်... ဟတ်...

ဒါပေမဲ့.. ကလေးတွေဆိုတဲ့ အသံကြားတော့.. ဒင်းတော်တော်လန့်သွားပုံရတယ်...

Disturbance 2။ ။ ဒါဆိုလဲ နေပါစေတော့... အလုပ်ရှုတ်နေပါ့မယ်.. နှောင့်ယှက်သလိုဖြစ်သွားရင် တောင်းပန်ပါတယ်...

ကျမကလဲ ဘယ်ရမလဲ.. ကြောက်မှန်းသိတော့ ပို ဖြဲခြောက်တာပေါ့..

ကျမ။ ။ အင်း .. အခုလို မတ်စေ့ရှ်တွေပို့ပို့နေတော့ နှောင့်ယှက်သလိုဖြစ်တာပေါ့ရှင်.. ကျမခင်ပွန်းလဲ အထင်လွဲစရာဖြစ်တယ်.. အဖြစ်မခံနိုင်ဘူးလေ.. ရှင်ခင်ချင်ရင်.. အားလုံးခေါ်လာခဲ့မယ်.. ခင်ပေါ့... ကျမခင်ပွန်း အထင်လွဲတာကို မခံနိုင်ဆုံးပဲ...

(ကျမခင်ပွန်း... ကျမခင်ပွန်းနဲ့ ပြောရတာလဲ.. ပါးစပ်ထဲမှာ ကလောနေတယ်.. နားထဲမှာလဲ ကလန့်နေတယ်.. ဒါပေမဲ့ တတ်နိုင်ဘူး.. ဆက်ပြောရမှာပဲ... ဒင်းကို မှတ်လောက်အောင်ကို... ဘယ့်နဲ့ မိန်းကလေးတစ်ယောက်အကြောင်းလေးတောင် သိမထားပဲ မိန်းမဖြစ်ပြီးရော လိုက် မတ်စေ့ရှ်ပို့နေတဲ့သူ နည်းတောင်နည်းသေးတယ်.. )

ဒီတင်ပဲ ဒင်းလဲ ဆုံးဖြတ်ချက်တော်တော် ခိုင်ခိုင်မာမာချလိုက်ပုံရတယ်....

Disturbance 2။ ။ နေပါစေတော့... ဒါဆိုလဲ မတွေ့တော့ပါဘူး.. နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်..

ကျမ။ ။ အေးကွယ်... ဒါဆိုလဲပြီးရောလေ.. ဒါဆို နောက် မတ်စေ့ရှ်လဲ မပို့နဲ့တော့.. ဖုန်းလဲ မဆက်ပါနဲ့တော့နော်.. ကျမ ခင်ပွန်း အထင်လွဲမှာ စိုးလို့ပါ...

Disturbance 2။ ။ ဟုတ်ကဲ့ပါ.. ဟုတ်ကဲ့ပါ..

ဒါပါပဲ.. တစ်ရန်တော့ ရှင်းလိုက်ပြီလို့ထင်ပါတယ်... တကယ်လို့ ကျန်တဲ့ကောင်တွေက သူတို့ အပေါင်းအပါတွေဆိုရင်တော့ ၃ရန်လုံး တစ်ခါတည်းရှင်းသွားမှာပါ..

*သတိ*...
ဒီပိုစ့်ကို ရေးလိုက်တာဟာ.. ကျမရဲ့ အိုင်ဒီယာလေးကို ကိုယ့်ဘာကိုယ်သဘောကျလို့ ရေးလိုက်ခြင်းဖြစ်သလို..
ယောကျာင်္းလေးများလဲ မိန်းကလေးတွေကို နည်းမှားပြီး မလိုက်မိစေဖို့ပါ.. (at least.. ဒီနည်းကို မကြိုက်တဲ့ ကျမကိုပေါ့နော်.. )
ယောကျာင်္းလေးတိုင်းကို မျက်စပစ်နေတဲ့ မိန်းကလေးကို ယောကျာင်္းတွေ တန်ဖိုးမထားတတ်သလို.. မိန်းကလေးဖြစ်ပြီးရော လိုက်နေတတ်တဲ့ ယောကျာင်္းတွေကိုလဲ ကျမတို့ မိန်းမတွေ အထင်မကြီးတတ်ပါဘူး..

Friday, March 06, 2009

ကျမနဲ့ Natas ပွဲ (၂) (သို့) ကိုရီးယား-ရှန်ဟိုင်းခရီးစဉ် စတင်ခြင်း...

ဒုတိယနေ့ကတော့ သိပ်ထွေထွေထူးထူးမရှိပါဘူး... စောစောသွားဖြစ်တယ်.. ဘာလို့လဲ ဆိုတော့ အဲဒိ Natas ပွဲ မ၀င်ခင် အပြင် ဟောခန်းတစ်ခုမှာ ဓာတ်ပုံ ကင်မရာတွေ ဈေးချနေတာမနေ့ထဲကတွေ့ခဲ့တယ်လေ.. ကိုယ်ကလဲ ကင်မရာ ကောင်းကောင်းတစ်လုံးလိုချင်နေတော့ မနေ့က ဈေးဝင်မေးခဲ့သေးတယ်.. အဲဒါ မနေ့က ညက ကင်မရာ မော်ဒယ်ရယ် (Canon EOS 400D)ဈေးရယ် (S$749)ကိုမှတ်ပြီး ကင်မရာ အကြောင်းသိတဲ့ သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်မေးတော့ သက်သာတယ်ဆိုတာ သိရတယ်.. ဒါပေမဲ့ မနေ့က မေးတုန်းက ၂လုံးပဲ ကျန်တော့တယ်လို့ ရောင်းတဲ့သူကပြောလိုက်တယ်.. ပြီးတော့ လက်ကမ်း စာစောင်ထဲမှာလဲ limited edition ဆိုပြီးရေးထားတော့ မရလိုက်မှာ စိတ်ပူနေတာ အိပ်တောင်မပျော်ဘူး..

ဒီလိုနဲ့ ထမင်းတောင် မစားတော့ပဲ နေ့လည် ၁၁နာရီလောက်အိမ်ကထွက်တယ်.. အိမ်နဲ့ Expo က နီးတော့ နာရီဝက်အတွင်းရောက်သွားတယ်.. ရောက်တော့ က
င်မရာ ၀င်ဝယ်လိုက်တယ်.. မနေ့က မေးတော့ ဘာလက်ဆောင်ပစ္စည်းမှ မပါဘူးဆိုပြီး.. ဒုတိယနေ့မေးတော့ 2GB memory card ရယ်.. Canon original ကင်မရာအိတ်ရယ် လက်ဆောင်ပေးမယ်တဲ့.. နောက်ပြီး Lens cover က ဒေါ်လာ ၄၀ နဲ့ ထပ်ဝယ်လိုက်ရတယ်... ရောင်းတဲ့သူကပြောတယ်.. Lens ပျက်ရင် ၄၀၀ တဲ့ cover က ၄၀နဲ့ ဘယ်ဟာလဲမလဲ ဆိုတော့.. ဆင်ဝယ်မှတော့ ချွန်းဖိုးလဲဆိုက်ရတော့မှာပေါ့ဆိုပြီး ၀ယ်ခဲ့လိုက်တာ.. ကင်မရာကို ကိုင်တောင်မကြည့်ခဲ့ပါဘူး.. ကိုယ်လဲဘာမှတတ်တာမှမဟုတ်တာလေ.. သူတို့ Canon က ကင်မရာအတွက် Free Training ရှိတယ်တဲ့.. အဲဒိ သင်တန်းကို သွားတက်မှပဲ သိတော့မှာပဲ.. ခုထိတော့ မအားသေးလို့ မတက်ဖြစ်သေးဘူး.. လောလောဆယ်တော့ ကင်မရာကို အလှထိုင်ကြည့်ရမလိုဖြစ်နေတယ်.. ဘာမှကို မလုပ်တတ်လို့...

နောက်ပြီးမှ Natas show ပွဲရှိတဲ့ Hall 5 and 6
ကိုသွားပြီး JP International travel အေ့ဂျင့်ကို တန်းသွားပြီးဝယ်လိုက်တယ်.. အစက ပတ်ကေ့စ်က S$၇၈၈ ဆိုပြီးတော့ Airport tax S$၃၇၀ ထပ်ပေါင်းလိုက်တော့ တစ်ယောက်ကို S$1158 ကျတယ်.. ဒါတောင် ကိုယ်က မြန်မာပတ်စပို့ဆိုတော့ ဗီဇာဖိုးထည့်ပေါင်းရအုံးမယ်လေ.. အေးဂျင့်က မေတ္တာလက်ဆောင် ရှန်ဟိုင်း ၂ညအိပ်ပေးမယ်ဆိုတော့ တရုတ်ဗီဇာရော.. ကိုရီးယားဗီဇာပါ လျှောက်ရမယ်လေ.. အစကတော့ ဖေဖေနဲ့ မေမေ၂ယောက်လုံးကို မဗေဒါက စပွန်ဆာပေးပြီး ခေါ်ပါတယ်.. ဒါပေမဲ့ ဖေဖေက ခြေထောက်နာနေတော့ Tour နဲ့ အုပ်စုလိုက် မြန်မြန်မသွားနိုင်တော့ မလိုက်တော့ဘူးဆိုလို့.. မဗေဒါနဲ့ မေမေနဲ့ ၂ယောက်ပဲသွားလိုက်တယ်... အစကတော့ မဗေဒါအဲဒိပတ်ကေ့ရှ် ၀ယ်မယ်ဆိုတုံးက အိမ်မှာ နဲနဲတော့ အဆူခံလိုက်ရသေးတယ်.. ခုတစ်လော စီးပွားရေးတွေက မကောင်းဘူးမှတ်လား.. ဒါပေမဲ့လဲ အခြေအနေ အချိန်အခါလေးပေးတုန်း ကျန်းမာရေးလေးလဲကောင်းတုန်း မဗေဒါကတော့ သွားသင့်တယ်ထင်တာပဲလေ.. မဗေဒါက ဆုံးဖြတ်ထားတယ်.. ဘယ်သူမှ မလိုက်လဲ တစ်ယောက်ထဲသွားမှာလို့.. နဲနဲတော့ ကြောက်တာပေါ့နော်.. ဟိုတယ်ထဲမှာ ၁ယောက်ထဲတော့ အိပ်ရဲဘူး.. (သရဲကြောက်လို့.. ရှူး..တိုး.တိုး)

ပြီးတော့ ဘယ်ကတ်နဲ့ပေးရင် လျှော့ဈေးရမလဲ.. က်ဆောင်ပစ္စည်းရမလဲဆိုတော့.. Master Card အားလုံးနီးပါးက လက်ဆောင်ပစ္စည်းပေးကြတယ်.. ဒီလိုနဲ့ပဲ DBS ကဒ်နဲ့ပဲပေးလိုက်တယ်.. DBS က ၂၀၀၀ ကျော်ဖိုးဝယ်ရင် ၂၀လက်မ ခရီးသွား ဘီးတပ်အိတ်အမာတစ်လုံးလက်ဆောင်ပေးတယ်လေ.. ဒီလိုနဲ့ အဲဒိမှာ သွားထုတ်တော့.. နောက်ထပ် Game အစီအစဉ်တစ်ခုလဲရှိတယ်.. အဲဒါက လေထဲမှာ စက္ကူလေးတွေလိုက်ဖမ်းရတာ.. မဗေဒါဖမ်းတာ ၁၁ခုရတယ်.. အဲဒါက ရေဒီယိုလေးလက်ဆောင်ရတယ်.. နောက်ပြီး Master Card ကလဲ ဗလာမပါ ကံစမ်းမဲ ပေးသေးတယ်.. အဲဒိသွားပြီး ကံစမ်းမဲ နှိပ်တာ.. အိတ်ခပ်သေးသေးလေးတစ်လုံးရတယ်..

ရခဲ့တဲ့ Free Gift တွေ

နောင်တစ်ချိန် သွားဖို့ ကိုယ်စိတ်ဝင်စားတဲ့ နေရာတွေအကြောင်းရေးထားတဲ့ လက်ကမ်းစာအုပ်တွေကိုတော့ သိမ်ထားလိုက်တယ်..

မေမေကတော့ အစကသာ ကျမ ပိုက်ဆံကုန်မှာဆိုးလို့ ဆူပေမဲ့.. ခုတော့ ပျော်နေပုံရပါတယ်.. အမှန်တော့ ဖေဖေရော မေမေရော ၂ယောက်လုံးကို လိုက်စေချင်တာပါ.. ဒါပေမဲ့လဲ အခြေအနေက မပေးတော့လဲ တတ်နိုင်ဘူးပေါ့..
မေမေ့ကိုတော့ ကြိုမှာထားရတယ်.. ဟိုရောက်လို့ မဗေဒါ ဓာတ်ပုံရိုက် ဗွီဒီယိုရိုက်ရင် အလုပ်ရှုတ်တယ်ဆိုပြီး မဆူရဘူးနော်လို့.. ဟဲဟဲ.. မင်းသမီးတလက်တော့ရပြီ..

နောက်ပြီး ဖြစ်ချင်တော့.. ဘယ်သွားသွား လက်တို့ဖို့ ပြောထားတဲ့ ဘော်ဘော်တစ်ယောက်ရှိတယ်.. သူက မဗေဒါ အစ်မအကြီးဆုံးနဲ့ ပိုရင်းနှီးပင်မဲ့ မဗေဒါနဲ့လဲ ခင်တယ်.. ဒါနဲ့ သူ့ကို msg ပို့ပြီး လိုက်မလားမေးလိုက်တယ်.. သူက တစ်ညစဉ်းစားပြီး နောက်နေ့ကျမှ လိုက်မယ်ဆိုပြီးပြောတယ်.. ဒါနဲ့ သူ့ကို ဘယ်နေရာဘယ်မှာ သွားဝယ်ပြောလိုက်တော့မှ.. ကံကောင်းလို့.. ရှိုးပွဲ နောက်ဆုံးနေ့ညနေကျမှ သူသွားဝယ်လိုက်တာ ရလို့.. ခုတော့ ခရီးစဉ်က ၃ယောက်ဖြစ်သွားပြီ..

ဒီလိုနဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ မတ်လ ၄ရက်နေ့က တရုတ်သံရုံးမှာ ဗီဇာသွားလျှောက်ဖြစ်တယ်.. ဗီဇာအကြောင်းစုံတော့ နောက်ပို့မှာမျှော်ပေါ့နော်...

camera pic credits : http://www.letsgodigital.org/en/11433/canon_eos400d_review/

Sunday, March 01, 2009

ကျမနဲ့ Natas ပွဲ (၁)

သောင်္ကြာနေ့ညနေ ၄နာရီလောက်က မဗေဒါပြောခဲ့တဲ့အတိုင်း NaTas Travel Fair ကို ရောက်ဖြစ်ခဲ့ပါတယ်.. လူကတော့ ပထမရက်ဖြစ်တာရော... ရုံးချိန်ပဲ ဖြစ်သေးတာကြောင့်ရောထင်ပါတယ်.. သိပ်မများလှပါဘူး.. အ၀င်ပေါက်မှာ ၀င်ကြေးပေးဖို့ တန်းစီရာမှာတော့... Payment by Master card ဒါမှမဟုတ်.. Payment By Cash ဆိုပြီး ၂မျိုးရှိပါတယ်.. ဒါနဲ့ ဘာကွာလဲဆိုတော့မှ.. Master Card နဲ့ ပေးရင် ၁ကျပ်သက်သာပါတယ်.. ဒါနဲ့ပဲ Master card နဲ့ ပေးပြီး ကျမရယ်.. မေမေရယ်.. သူငယ်ချင်းတစ်ယောက်ရယ် ၀င်ဖြစ်ခဲ့ပါတယ်... လက်ပတ်လေးတွေနဲ့ Spinelli coffee shop ၁ ဒေါ်လာ လျှော့ဈေး ကူပွန်လေးတွေ တစ်ယောက် တစ်စောင်စီရပါတယ်.. ဒီလိုနဲ့ ဟောခန်းထဲဝင်လာခဲ့ပါတယ်...

ဟောခန်းထဲက မြင်ကွင်းကိုတော့ ဒီနေရာက ကူးယူဖော်ပြထားပါတယ်.... ကိုယ့်ဘာသာကိုယ် ရိုက်ဖို့ အချိန်မရလို့ပါ... ၀င်လိုက်တာနဲ့ လက်ကမ်းစာစောင်တွေ လက်ထဲရောက်လာတာ ချက်ချင်း လက်ထဲမှာ ပြည့်နှက်သွားပါတယ်.. လက်ကမ်းစာစောင်တွေလဲဖတ်... agent တွေလဲ လိုက်ကြည့်ရနဲ့ တော်တော်လေးကို အလုပ်ရှုတ်သွားပါတယ်.. သွားချင်တဲ့ နေရာနဲ့ နိုင်ငံတူရင်တောင်.. agent နဲ့ service ပေါ်မူတည်ပြီး ဈေးက ကွာပါတယ်... အဲဒိအတွက်ကြောင့် လက်ကမ်းစာစောင်ပေါ်မှာ ရေးထားတာထဲကမှ ကိုယ်စိတ်ဝင်စားတဲ့ ဈေးနှုန်းနဲ့ နေရာကိုတွေ့ရင်.. ၀င်မေးရပါတယ်.. မေးရာမှ ကျမ သတိပြုမေးတဲ့အချက်တွေကတော့ သွားချင်တဲ့ နိုင်ငံပေါ်မူတည်ပါတယ်.. ... မလေးရှားတို့.. ယိုးဒယားတို့လို စကာင်္ပူကသွားနေကျ နေရာတွေကတော့.. Free and easy တွေရှိသလို.. Package တွေလဲ ရှိပါတယ်... ဒါပေမဲ့ ကျမကတော့ အဲလိုနိုင်ငံမျိုးတွေအတွက် Free and easy ကိုပဲ သဘောကျပါတယ်...

Free and easy ဆိုတာကတော့ သွားဖို့နဲ့ ဟိုတယ်ကိုသာ စီစဉ်ပေးပြီး.. ဟိုမှာ စားဖို့နဲ့ လျှောက်သွားဖို့ ဘာညာကတော့ မိမိဘာသာ အစီအစဉ်နဲ့ပါ... ဈေးတွေက အတော်သက်သာပါတယ်.. အင်ဒိုနီးရှားနိုင်ငံ Bitan resort အတွက် အထူး လျှော့ဈေးတွေလဲ တွေ့ခဲ့ပါတယ်...

ကျမကတော့ အိမ်ကိုရောက်နေတဲ့ ကြော်ငြာစာရွက်ထဲက ကိုရီးယားနိုင်ငံ ဆိုးလ်နဲ့ ဂျဲ့ဂျူး ကျွန်း ကို သွားတဲ့ Package ကို သဘောကျလို့ အဲဒါကို အဓိကထားပြီးလိုက်ကြည့်မိပါတယ်.. ဒါပေမဲ့ agent တော်တော်များများဈေးတွေက အားလုံး ၁၀၀၀ ကျော်တွေချည်းပါပဲ.. ကျမရတဲ့ လက်ကမ်းစာစောင်ထဲမှာက ၈၀၀ ၀န်းကျင်ပဲရှိပါတယ်... မသွားခင်က အဲလောက်ဆိုင်တွေ များမယ်မှန်းမသိလို့ ကြော်ငြာကို ယူမလာမိတော့ ဘယ်ဆိုင်မှန်းမသိတာနဲ့ အိမ်ကို ဖုန်းဆက်ပြီး မေးတော့မှ.. JP International travel agent ဆိုတာသိရပါတယ်..


ဒါနဲ့ လိုက်ရှာရင်းတွေ့တော့.. ဟုတ်ပါတယ်.. ကိုရီးယားကို ၅ရက်အိပ် အပြင်.. တရုတ်ပြည် ရှန်ဟိုင်းမှာ Transit ၀င်မှာဖြစ်တဲ့အတွက်.. အပြန်မှာ တရုတ်ပြည် ရှန်ဟိုင်းကို ၂ညအိပ် ဟိုတယ် လက်ဆောင်အဖြစ် ပေးမှာဖြစ်ပါတယ်.. ဒီဈေးနဲ့.. ဒီလိုဆိုတော့ ကျမယုံတောင် မယုံနိုင်ပါဘူး.. ကျမသိသလောက် ဂျဲဂျူး ကျွန်းက ဈေးကြီးပါတယ်.. ကျမသိပ်ကြိုက်တဲ့ MY GIRL ဇာတ်လမ်းတွဲထဲမှာပါတဲ့ ကျွန်းပါ.. ရှူခင်းရှူကွက်တော်တော်လှပါတယ်... ရုပ်ရှင်တော်တော်များများမှာလဲ ပါပါတယ်...

ဂျဲ့ဂျူးကျွန်းပေါ်က ဟိုတယ် မြင်ကွင်းတစ်ခုပါ.. (Photo credit to flickr)


ခက်တာက မြန်မာ ပတ်စပို့ဖြစ်တဲ့အတွက် ၂နိုင်ငံသွားရင် ဗီဇာ ၂ခုလိုပါတယ်.. အဲဒါတော့ စိတ်ထဲမှာ တော်တော်လေး အောင့်လှပါတယ်.. တခြားနိုင်ငံသားတွေက ဂရုစိုက်စရာမလိုပေမဲ့.. ကျမအတွက်ကတော့.. ဗီဇာ ၁နိုင်ငံယူရင် ပတ်စပို့ ၁မျက်နှာကုန်ပါတယ်.. ၂နိုင်ငံဆိုရင် ၂မျက်နှာပါ.. နိုင်ငံ အ၀င်အထွက် တုံးထုရင် ၂နိုင်ငံဆိုတော့ ၂မျက်နှာ.. အင်မီဂရေးရှင်းက သဘောကောင်းပြီးနားလည်ရင်တော့ ချွေချွေတာတာ ထုပေးရင်တော့ ၂နိုင်ငံ ၁မျက်နှာပေါ့.. မြန်မာ ပတ်စပို့က တခြားနိုင်ငံ ပတ်စပို့ထက် တန်ဖိုးကြီးတယ်ဆိုတာ.. မြန်မာပြည်သားတိုင်းသိပါတယ်... စကာင်္ပူမှာ စာအုပ်ကုန်ရင် ဒေါ်လာ ၅၀၀ ပါ... ၄မျက်နှာဆိုရင် အနည်းဆုံး ဒေါ်လာ ၂၀ ၊ ၃၀လောက်တော့ တန်မယ်ထင်ပါတယ်... အော်.. ခရီးသွားအေးဂျင့်က ၂ညအိပ် ရှန်ဟိုင်း လက်ဆောင်ပေးတာတောင် အောင့်သက်သက်နဲ့ လက်ခံရတဲ့ ဘ၀ပါလားနော်...

ဗီဇာလျှောက်ပေးတဲ့ service ကိုမေးတော့.. ကိုရီးယားသံရုံးက လူကိုယ်တိုင်မှ လာလျှောက်လို့ရတယ်ဆိုတော့.. ကိုယ်တိုင်ပဲသွားလျှောက်ရမှာပါ.. တော်တော်တော့ အလုပ်ရှုပ်အုံးမှာပါ... မြန်မာနိုင်ငံသားဆို အထင်သေးလို့လားသိပါဘူး.. ဘဏ်အကောင့်ကလဲပြရအုံးမှာပါ... ဒါနဲ့.. တကယ်လို့ ဗီဇာမရရင် ပြန်အမ်းမှာလားဆိုတော့.. ဒေါ်လာ ၅၀ နှုတ်ပြီး ပြန်အမ်းမယ်ပြောပါတယ်.. ဘာလို့လဲဆိုတော့ သူတို့ဘက်ကလဲ ဟိုတယ် book လုပ်တာနဲ့ဘာနဲ့ ဆိုတော့ ဖြတ်ရင် လျှောရတယ်လို့ ဆိုပါတယ်.. ဒါကနားလည်ပါတယ်.. ဒါပေမဲ့ ငါဗီဇာလျှောက်ပြီးမှ လာဝယ်လို့မရဘူးလားလို့ မေးတော့.. ဒီဈေးနဲ့က ဒီ ပွဲ ၃ရက်အတွင်းပဲ ရတာပါတဲ့... ပွဲပြီးသွားရင် တခြားဈေးဖြစ်သွားမှာပါတဲ့.. သောင်္ကြာ စနေ တနင်္ဂနွေ နဲ့ဆိုတော့ ရုံးပိတ်ရက်ခံတော့.. ကျမလဲ ဒီကြားထဲ သွားလျှောက်ဖို့က မဖြစ်နိုင်ပြန်ပါဘူး.. ကိုယ်တိုင်လဲ ကိုရီးယားသွားဖို့နဲ့ ပတ်သတ်ပြီး ဘာမှ မသိသေးတဲ့အတွက် စဉ်းစားအုံးမယ်ဆိုပြီးပြန်လာလိုက်ပါတယ်..

ကျမအစ်မနဲ့ ယခင်က စီစဉ်ထားတဲ့ မိသားစုခရီး malaysia redang resort ကိုသွားဖို့ သေသေချာချာလိုက်စုံစမ်းချိန်တောင်မရလိုက်ပါဘူး... ကြုံတဲ့နေရာ တစ်ခုကို ၀င်မေးတော့.. Berjaya Hotel မှာ နေရမယ်.. လေယာဉ်နဲ့ အသွားအပြန်ကို ၃၆၅ ဒေါ်လာလို့ပြောပါတယ်... Breakfast ပဲကျွေးပါမယ်တဲ့.. Berjaya Hotel က အဲဒိမှာ အကောင်းဆုံးဟိုတယ်ဆိုတာသိပါတယ်.. ဒါပေမဲ့ ၃၆၅ဒေါ်လာကတော့ များတယ်ထင်ပါတယ်.. ကျမ မနှစ်ကသွားတုန်းက ဒေါ်လာ ၂၅၀ပါ.. ဒါပေမဲ့ ကားနဲ့သွားပြီး.. နေတဲ့ဟိုတယ်က သိပ်နာမည်မကြီးပါဘူး... ဒါပေမဲ့ Breakfast, lunch, dinner အကုန်ကျွေးပါတယ်.. မဆိုးပါဘူး.. ပြီးတော့ ကျမအတွက်တော့ ကားနဲ့ သွားရတာကို ပိုကြိုက်ပါတယ်.. ကားနဲ့ သွားရင် ၁၀နာရီလောက်စီးရပါတယ်.. ဘာပဲဖြစ်ဖြစ်ကျမကတော့ ကားစီးရတာ ပိုကြိုက်တော့အဲဒိ package ကို စိတ်မ၀င်စားပါဘူး.. 5 Stars agent မှာတော့ မလေးရှားနဲ့ ပတ်သတ်ပြီး မြိုင်မြိုင်ဆိုင်ဆိုင် ရွေးချယ်စရာတွေ ရှိပေမဲ့.. အချိန်မရှိတာနဲ့ပဲ ပြန်လာဖြစ်ခဲ့ပါတယ်..

နောက်ပြီး Austrilia and New Zeland ကိုလဲ တော်တော်လေး သက်သာတဲ့ package တွေရှိပါတယ်.. သွားချင်လိုက်တာပြောမနေပါနဲ့.. ခု ပိုက်ပိုက်ပေးပြီးသွားနိုင်ရင်တောင်မှ.. ကျမမှ အလုပ်က ခွင့်ရက်က သိပ်မကျန်တော့တာကြောင့် မနည်းစိတ်ကို လျော့ခဲ့ရပါတယ်... ဆက်ပတ်နေရင် သွားချင်တာတွေများပြီး ဝေခွဲမရပဲ ငိုမိတော့မှာမို့ သူငယ်ချင်းနဲ့ ရုပ်ရှင်ကြည့်ဖို့ ချိန်းထားတာလဲ နောက်ကျနေပြီဖြစ်တဲ့အတွက် အမြန်ပဲပြန်လာခဲ့ပါတယ်.. နောက်နေ့ထပ်လာအုံးမှာပဲဆုံးဖြတ်ပြီး.. ပေးသမျှ လက်ကမ်းစာစောင်တွေကိုပဲ ယူလာခဲ့လိုက်ပါတယ်.. နောက်နေ့ထပ်လာမဲ့အတူတူ.. အိမ်မှာ တစ်ခုချင်း အေးဆေးဖတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ...



ထွက်ပေါက်ကိုလျှောက်တဲ့ လမ်းတစ်လျှောက်တော့.. သွားချင်တဲ့နိုင်ငံတော်တော်များပါတယ်.. ကျမ ရောက်ဖူးချင်တဲ့ အီဂျစ်နိုင်ငံက ပစ်ရမစ်ကြီးတွေနဲ့ ကုလားအုပ်စီးတဲ့ package တွေလဲရှိပါတယ်.. အဲဒိဟာကို ၀ယ်ဖို့တောင် စိတ်ကူးမိပါသေးတယ်.. အမေဆူတာနဲ့ပဲ ညိမ်နေလိုက်ရပါတယ်... နောက်သွားချင်တာကတော့.. ဂရိက Aegean မြို့ကိုလဲ သွားချင်ပါတယ်.. အဲဒိမှာလဲ ရှိပါတယ်.. ၂၀၀၀ ကျော်ပါပဲ.. Paris နဲ့ အဲဒိမြို့နဲ့ အီတလီ Package ထင်ပါတယ်.. ပြောရင် အသဲတွေယားလာပြီနော်... ကြာကြာဆက်ကြည့်နေရင် ရူးသွားနိုင်ပါတယ်.. ဒါနဲ့ပဲ မျက်လုံးလေး မကစားရဲတော့ပဲ.. ထွက်ပေါက်သို့သာ ဦးတည်ခဲ့ပါတော့တယ်... ဘာရယ်မဟုတ်ပါဘူး.. အီးမေးလ်ထဲရောက်လာတဲ့ Aegean မြို့ရဲ့ ပုံလေးတွေမျှလိုက်ပါတယ်.. Love at Aegean Sea ဆိုတဲ့ ရုပ်ရှင်မှာလဲ ပါပါတယ်.. မြန်မာပြည်မှာတောင် ပြပြီးပါပြီး အဲဒိကားက..






P.S.. မင်းယွန်း ပထမ ပိုစ့်မှာ ကွန်မန့်ထားတဲ့ အာဖရိကနဲ့ တိဘက် ခရီးစဉ်တွေလဲရှိပါတယ်..
(စာကြွင်း - ရေးမယ်ဆိုပြီး ဒီနှစ်ရက်အတွင်း ကိုယ့် ဇောနဲ့ကိုယ်ရှုပ်နေတာနဲ့ ဒီနေ့မှ တင်လိုက်ပါတယ်.. ဒီနေ့နောက်ဆုံးရက်ဖြစ်တဲ့အတွက်.. ခရီးသွားဖို့ စီစဉ်ထားတဲ့သူတွေလဲ ကြိုတင်ဝယ်ထားဖို့ တိုက်တွန်းပါတယ်.. August လအထိ plan လုပ်ပြီး ကြိုဝယ်ထားလို့ရပါတယ်)