Thursday, October 23, 2008

နှုတ်ဆက် ကြေငြာချက်....



မဗေဒါ...
ယနေ့မှစ၍ ဂျပန်ပြည်သို့ စွန့်စားခန်းသွားမည်ဖြစ်ပါသောကြောင့်..
ဤဘလော့လေးအား ၂ပတ်မျှ စွန့်ခွာသွားရပါမည်...
ထို ၂ပတ်အတွင်း မဗေဒါ၏ ဘလော့လေး ဆက်လက်ရှင်သန်နေရေးအတွက် ဘလော့ဂါ အပေါင်းအသင်း ရောင်းရင်းများကိုသာ အားကိုးတကြီး အပ်နှင်းအပ်ပါသည်..
မဗေဒါဘလော့လေးအား.. ဆီပုံးတွင်နှုတ်ဆက်ချင်းဖြင့် အစာကြွေးနိုင်သလို.. ပိုစ့်အဟောင်းလေးများအား ကွန်မန့်ပေးခြင်းဖြင့်လဲ အားဆေးတိုက်၍ စောင့်ရှောက်နိုင်ပါသည်..
မဗေဒါပြန်လာလျှင် ဘလော့လေးကို စောင့်ရှောက်ကြည့်ရှု အားဆေးတိုက်ပေးထားသော ဘော်ဘော်များကို စာရင်းနှင့်တကွ ဂျပန်ပြန်လက်ဆောင်ပေးပါမည်..
မဗေဒါမရှိသော်ညား. လာလည်မြဲ... အားပေးမြဲ စာဖတ်သူများ.... အားလုံးကို အားလုံးကို ကျေးဇူးတင်ပါသည်....

ပုံ/
ပရော်ဖက်ဆာ မဗေဒါ
ခေတ္တဂျပန်... ငှဲ.. ငှဲ

Tuesday, October 21, 2008

မဗေဒါနှင့် စကာင်္ပူရောက်အလွဲများ (၃) (သို့) ဗရုတ်သုတ်ခနေ့

အဟမ်း... အဟမ်း.. ကျန်းမာတော်မူကြပါစရှင်... အလွဲများနှင့်အမြဲတစေမိတ်ဖွဲ့နေခဲ့သူ မဗေဒါကိုမှ.. ကိုပုလုကွေးက ဗရုတ်သုတ်ခနဲ့ပါ မိတ်ဆက်ပေးလိုက်ပြန်ပါပြီ... တကယ်တမ်းစဉ်းစားကြည့်တော့လဲ ဗရုတ်သုတ်ခတွေကျနေလို့.. အလွဲတွေဖြစ်နေရတာပါ... ဗရုတ်သုတ်ခတွေဖြစ်နေကျမို့ ဘယ်ဗရုတ်သုတ်ခကိုပြောပြရမလဲလို့ စဉ်းစားနေတာနဲ့ tag ကြွေးတောင်တော်တော်ကြာသွားတယ်.. အတိုးတွေတက်နေပြီလားသိဘူး.. ဘော်ဒါအချင်းချင်းမို့လား.. မဗေဒါရဲ့ဘလော့ကိုပဲ လာမလည်လို့လားတော့မသိဘူး.. ဘာမှလာအော်သံတော့မကြားဘူး.. ကိုင်း...ကိုင်း... (ခါးမဟုတ်ဘူး.. ဘုရင်ကြီးလေသံနဲ့ပြောတာ).. မဗေဒါလဲ နောက်ရက်အနည်းငယ်ဆိုရင် ဂျပန်ပြည်တော်ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာစားဖို့သွားရအုံးမယ်ဆိုတော့.. ဒီ အကြွေးတွေကိုရှင်းလိုက်အုံးမှ.. (စကာင်္ပူမှာဖြစ်တဲ့ ဗရုတ်သုတ်ခမို့ မဗေဒါရဲ့ စကာင်္ပူရောက်အလွဲများ အောက်မှာလဲ အကြုံးဝင်မယ်ထင်ပါတယ်) ဖြစ်ပုံကဒီလို...................... 

~~~~~~~~~~~~~~~~~~~~~~~~။~~~~~~~~~~~~~~~~~~~~~~~~~~~~ 

ဗရုတ်သုတ်ခနေ့ 

တီ...တီ.. တီ.. တီ... သံပတ်သံမြည်ပြီဆိုရင် ပြန်ပိတ်ပြီး ၅မိနစ်လောက် ထပ်နှပ်တပ်တဲ့အထဲမှာ ကျမလဲအပါအဝင်ပါ.. အဲဒါကြောင့်လဲ သံပတ်ကို တကယ်ထရမဲ့အချိန်ထက် ၁ဝမိနစ်လောက်စောပြီးပေးထားတတ်ပါတယ်.. (အလုပ်မဟုတ်တာအဲလိုလုပ်တာ.. ဟတ်..) ခုလဲ.. မဗေဒါ အတန်း ၈နာရီရှိလို့.. ရနာရီ၄ဝမိနစ်လောက်သံပတ်က ထမြည်နေတာပေါ့... အဲဒါကို ထုံးစံအတိုင်း ပြန်ပိတ်ပြီးအိပ်လိုက်တာပေါ့... ဒီလိုနဲ့ ပြန်နိုးလာတော့ နာရီကြည့်လိုက်တာပေါ့.. မိနစ်လက်တံက ၁၂ကိုရောက်နေပြီ.. မိနစ်၂ဝလောက်ပိုအိပ်လိုက်ရတာ ခါတိုင်း၅မိနစ်လောက်အိပ်ရတာနဲ့များကွာပါ့.. တော်တော်လေးလန်းလန်းဆန်းဆန်းရှိနေတာပေါ့.. ဒါပေမဲ့... အတန်းတက်ဖို့ ခေါင်းထဲရောက်လာတော့........ 

  "သေပြီ... ငါအတန်းနောက်ကျပြန်ပြီ".. အင်္ကျီကမန်းကတန်းလဲ.. ကျောင်းသွားတဲ့လွယ်အိတ်ကောက်ဆွဲပြီး.. ပြေးလာလိုက်တာပေါ့.. ကျောင်းနဲ့အိမ်က မျက်နှာချင်းဆိုင်ပဲလေ.. နောက်တော့ အတန်းက ၇ထပ်မှာဆိုတော့ ဓာတ်လှေကားစောင့်ပြီး.. ဓာတ်လှေကားနဲ့တတ်လာလိုက်တာပေါ့.. နာရီမိနစ်လက်တံကိုလှမ်းကြည့်လိုက်တော့.. ၁ဝမိနစ်.. 


"ဟူး.. တော်ပါသေးရဲ့.. ပျက်ကွက်မဖြစ်သေးဘူး..." (၁ဝမိနစ်ထက်ကျော်ရင် ပျက်ကွက်လို့သတ်မှတ်ပြီး.. အတန်းစပြီး ၁ဝမိနစ်အတွင်းရောက်ရင် နောက်ကျလို့ပဲမှတ်ပါတယ်.. ၃ခါနောက်ကျက ၁ခါပျက်ကွက်နဲ့ညီမျှပါတယ်.. မှတ်ချက်.. မဗေဒါက ၃ခါနောက်ကျမိရင် ဆရာမကို အတင်းလိုက်တောင်းပန်ပြီ ညီးပြလိုက်ရင် ရပါတယ်) ဒါနဲ့ ဓာတ်လှေကား တံခါးလဲဖွင့်ရော.. ထွက်မယ်ကြည့်လိုက်တော့.. ဓာတ်လှေကားကို ဝင်ဖို့လုပ်နေတာက ကျမခုလာတက်တဲ့ အချိန်ကို သင်ရမဲ့ ဆရာမပါ... ဒါနဲ့ ဆရာမကိုတွေ့တော့.. ကျမတော်တော်စိတ်အေးသွားရတာပေါ့.. တီချယ်လဲ နောက်ကျတယ်ပေါ့.. နောက်စဉ်းစားမိတာက.. ဆရာမက အတန်းဘက်မသွားပဲ.. ဘာလို့ အောက်ပြန်ဆင်းသွားတာလဲမသိဘူးပေါ့.. သူပစ္စည်းတစ်ခုခုကျန်ခဲ့လို့သွားယူမလို့ဖြစ်မယ်ဆိုပြီးတွေးလိုက်တယ်.. ငါတော့ ဒီနေ့အေးဆေးပဲလို့ ကျိတ်ပြီး ဟင်းလုံးချနေတာပေါ့.. ဆရာမကိုတောင် နှုတ်ဆက်တဲ့အနေနဲ့.. 

"Teacher, Where are you going?" လို့လှမ်းမေးလိုက်တော့.. 
ဆရာမက... "Class is over, Why don't u come today?" လို့ ပြုံးပြီးလှမ်းမေးလိုက်ပါတယ်... 
သူက ပြုံးနေတော့ ကျမလဲ.. ဆရာမဒီနေ စိတ်ကြည်နေတယ်ပေါ့.. ငါ့ကိုတောင်လာနောက်နေတယ်ဆိုပြီး.. ပြုံးပြီး.. 
" I'm sorry i'm late, I am going to class now" လို့ပြောအပြီးမှာပဲ ဓာတ်လှေကားတံခါးက ပိတ်သွားပါတော့တယ်.. ဒါနဲ့ ကျမလဲ.. ဆရာမဒီနေ့ တော်တော်ပျော်နေပုံရတယ်.. ငါ့ကိုလဲ ရီကျဲရီကျဲနဲ့.. ပြီးတော့ အတန်းပြီးသွားပြီလေးဘာလေးနဲ့ နောက်နေတယ်ဆိုပြီး... အတန်းဘက်လျှောက်လာခဲ့ပါတယ်.. အတန်းရှေ့လဲရောက်ရော.. အတန်းတံခါးကြီးကပိတ်.. မီးတွေလဲမှောင်လို့.. ဘယ်လိုဖြစ်တာလဲဟ... ဒီနေ့အတန်းနေရာများပြောင်းသင်လားမသိဘူး ဆိုပြီး... သူငယ်ချင်းတရုတ်မဆီကို ဖုန်းလှမ်းဆက်ပြီးမေးတော့..

 ငါတို့ ____ ဘာသာအတန်းကိုရောက်နေပြီ.. မနက်ကနင်ဘာလို့မလာတာလဲ.. ခုဒီအတန်းကိုရောလာမှာလားတဲ့.. ကျမစဉ်းစားရတော်တော်ကျပ်သွားတယ်.. ဘာလို့လူတိုင်းက ငါ့ကို အတန်းလာမတက်ဘူးပဲပြောနေကျတာလဲ.. ငါ၁ဝမိနစ်လောက်လေးနောက်ကျတာနဲ့ဘာတွေဖြစ်ကုန်ကြပြီလဲ.. ဆရာမနဲ့သူငယ်ချင်းပေါင်းနောက်နေရအောင်လဲ.. ငါဒီလောက်အရေးပါဘူး.. ငါနာရီသေချာကြည့်ခဲ့တာ ၈နာရီ ထိုးပဲရှိသေးတာပါ... ရုပ်ရှင်တွေထဲကလို့... ကျမတစ်ယောက်ထဲကိုပဲ အလင်းတန်းရိုက်ပြီး အချိန် ၁နာရီနောက်ကျသွားသလိုခံစားနေရပြီး ခေါင်းတွေလဲတော်တော်ရှုပ်လာပါတယ်.. ဘာပဲဖြစ်ဖြစ် နောက်အတန်းကို ကျမသွားတက်ခဲ့ပါတယ်.. ပြီးတော့ သူငယ်ချင်းကို ဘာတွေဖြစ်နေတာလဲ.. မနက်ကအတန်းအစား ဒီအတန်းဘာလို့ဖြစ်သွားတာလဲ ဘာညာမေးတော့.. အားလုံးကနားမလည်သလိုလို ကျမကိုပြန်ကြည့်ပါတယ်.. နောက်ဆုံး ကျမက.. နာရီကိုထုတ်.. ဒီမှာ ၈နာရီ၁၅မိနစ်.. ဘာလို့ ဒီအတန်းကိုလာတက်နေတာလဲလို့ပြောတော့မှ... သူတို့က နင်နေကောင်းရဲ့လား.. ခု ကိုးနာရီ ၁၅မိနစ်လေလို့ပြောလိုက်တော့... ကျမနာရီကိုပြန်ကြည့်လိုက်တော့လဲ.. ၉နာရီ ၁၅မိနစ်ဟုတ်နေပါတယ်....

 အဲဒိတော့မှ ကျမ အိမ်မှာ ၁၅မိနစ်ပိုအိပ်လိုက်တာမဟုတ်ပဲ ၁နာရီ ၁၅မိနစ်ပိုအိပ်လိုက်မိတယ်ဆိုတာ သဘောပေါက်သွားပါတော့တယ်.. 

နိုးလာတော့လဲ ခါတိုင်းလိုပဲ မိနစ်လက်တံကိုပဲ ကြည့်ပြီး နာရီလက်တံကိုမကြည့်ပဲ ထွက်လာခဲ့လို့.. ခုလို အလင်းတန်းရိုက်ခံရတဲ့ ဘဝရောက်သွားခဲ့ရတာပါပဲ.. ခုတော့လဲ သတိမေ့နေတဲ့သူကို ရေနဲ့ပတ်ပြီး နှိုးလိုက်သလို ကောင်းကောင်းကြီး ဇာတ်ရည်လည်သွားပါတော့တယ်.. ဆရာမက ကျမအချိန်မှားကြည့်မှန်း အစထဲကသိလို့ ပြုံးတုန်းတုန်းလုပ်သွားတယ်ဆိုတာလဲ သဘောပေါက်သွားပါတော့တယ်... ဒီလိုနဲ့ သက်ဆိုင်ရာအတန်းတက်ပြီး ကျောင်းဆင်းချိန်ရောက်တော့ မဗေဒါက ပိုက်ဆံချွေတာတာရော.. အိမ်ထမင်းအိမ်ဟင်းပိုကြိုက်တာရော.. အိမ်နီးတာရောကြောင့်.. အိမ်မှာပဲထမင်းပြန်ချက်စားတတ်ပါတယ်.. 

ရန်ကုန်မှာနေတုန်းက ဟင်းမချက်ဖူးတဲ့ ကျမ စကာင်္ပူရောက်တော့ အနည်းအကျဉ်းစမ်းချက်ရင်း သာမန် ဆီပြန်ဟင်းတချို့နဲ့ သာမန် အကြော်အလှော်လောက်တော့ ချက်တက်ပါတယ်.. အဲဒိနေ့မတိုင်ခင်က အစ်မက နောက်နေ့ ပဲကြီးနှပ်ချက်စားမယ်လို့ပြောထားတာကြားတော့.. စေတနာနဲ့.. ငါချက်ထားလိုက်မယ်ပေါ့ဆိုပြီး.. ဒါနဲ့ သူ့ဆီကို ဖုန်းဆက်ပြီး ပဲကြီးနှပ်ဟင်းဘယ်လိုချက်ရလဲလို့မေးလိုက်တာပေါ့.. ဒီတော့ သူက ဖုန်းထဲကနေ ပဲကြီးနှပ်နည်းကိုပြောပြပါတယ်.... ပြောတဲ့အထဲမှာပါတာကတော့ ဒီလိုပါ... ".... ထည့်စရာရှိတာတွေ ထည့်ပြီးရင်.. ပဲကြီးမျက်နှာပြင်ကို ရေမြုပ်ရုံထည့်ပြီး မီးဖိုပေါ်တင်ထားလိုက် ........ " လို့ဆိုပါတယ်.. 

ဒါနဲ့ မဗေဒါလဲ... ဒီလောက်ကတော့ လွယ်လွယ်လေးပါ.. ဆီပြန်ဟင်းလောက်တောင်မခက်ပါဘူးဆိုပြီး.. သူပြောတဲ့အတိုင်း စိတ်ရှည်လက်ရှည်လိုက်လုပ်ပါတယ်.. ပြင်ဆင်စရာရှိတာပြင်ဆင်.. ထည့်စရာရှိတဲ့တန်ဆာပလာတွေ ထည့်.. ပြီးတော့ ရေထည့်ပါတယ်.. အဲဒိမှာ.. ရေက တော်တော်ကြာကြာလေးထည့်တဲ့ အထိတောင် ပဲကြီးမျက်နှာပြင်ကို မမြုပ်သေးပါဘူး.. ကျမလဲ ပဲမနူးမှာစိုးလို့ နဲနဲ... နဲနဲ ဆိုပြီး ထည့်လိုက်မိတာ.. နောက်ဆုံး မသင်ကာလို့.. ပဲကြီးကို လက်နဲ့ထိုးပြီးကြည့်လိုက်တော့မှ.. ရေပေါ်မှာပေါလောပေါ်နေတာသိပါတော့တယ်.. ရေပြန်သွန်ဖို့ကလဲ.. ဆီတွေ ဆားတွေ အားလုံးထည့်ပြီးသားဖြစ်နေလို့.. သွန်လိုက်ရင် အရသာအားလုံးပျောက်သွားမှာပါ.. ဒီတိုင်းချက်ရင်လဲ ပဲကြီးနှပ်ကနေ ပဲကြီးဟင်းခါးဖြစ်သွားမှာပါ.. ကျမလဲဘာလုပ်ရမှန်းမသိတော့ပါဘူး.. ဒါနဲ့ အကြံလေးဘာလေးရမလားဆိုပြီး.. ရန်ကုန်ကနေ ကျောင်းလျှောက်ဖို့ရောက်နေတဲ့ သူငယ်ချင်းကို ဖုန်းဆက်မေးပါတယ်.. သူလဲ နဲနဲပါးပါးချက်တတ်ပါတယ်.. 

သူကဟိုလိုလုပ်ကြည့် ဒီလိုလုပ်ကြည့်.. ဘယ်လိုပြောပြော ဒီပဲကြီးအိုးကို ကယ်လို့မရတော့ပါဘူး.. ဒါနဲ့ နောက်ဆုံးသူက.. အရသာမပျက်အောင်တော့ ငံပြာရည်.. အချိုမှုန့်.. ဆား.. ဘာညာသာရကာပေါ့နော်.. ထပ်ထည့်ပြိး ပုံမှန်အတိုင်းချက်လိုက်.. ကျက်တော့မှ ပဲကြီးရည်တွေကို တက်နိုင်သလောက်ပြန်သောက်ထားလိုက်တဲ့.. ကျမက ကပ်စေးနဲတော့ သွန်လဲမပြစ်ချင်ဘူးလေ.. ဒီတော့ သောက်မှရမှာပဲ.. ဒီလိုလုပ်မယ်ဆို အဆူခံရတာနဲနဲသက်သာမယ်ပေါ့.. သူ့ကိုလဲ လာကူသောက်ပေးဖို့ပြောတော့.. သောက်ပေးမယ်တဲ့.. သူ့အိမ်ကနီးတော့ လာလို့ရပါတယ်.. ဒီလိုနဲ့ ၂ယောက်သား ထမင်းကိုလဲ ပဲကြီးဟင်းခါးပေါလောနဲ့ လွေးလိုက်ကြပါတယ်.. ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ပဲကြီးဟင်းခါး က ဘယ်လိုမှ ပဲကြီးနှပ်အရသာတော့ ပြန်မရနိုင်ပါဘူး.. ဒီလောက်သောက်တာတောင်.. အိုးတစ်ဝက်လောက်ထိရေတွေကျန်နေပါသေးတယ်.. 

ညနေ အစ်မပြန်ရောက်လာတော့.. ဒီလိုပဲလို့ပြောတော့.. သူသေချာပြောရဲ့သားနဲ့ ကျမက တမင်းများရွဲ့ ပြီးလုပ်သလားဆိုပြီးတောင်ပြောခံရပါတယ်.. ကျမလဲ.. သူပြောတဲ့အတိုင်း ပဲကြီးမျက်နှာပြင်ရေအမြုပ်ကိုစောင့်နေမိခဲ့တာကိုး... သူက မှတ်ချက်.. ပဲကြီးသည် ရေပေါ်တွင်ဘောလောပေါ်တတ်သည် ဆိုရင်တော့ ကျမက သတိထားမှာပေါ့.. ဒီတော့ ကျမလဲ သူက သေချာမှမပြောတာဆိုတဲ့ အချက်လေးနဲ့ပဲကိုင်ပေါက်တာပေါ့နော်.. ရန်ကုန်မှာ ကိုယ့်ညီမဟင်းမချက်ဖူးတာလဲ သိသားနဲ့ သေချာပြောပါလားနော်... ဟီး.. ဟီး.. သူကတော့ ဒီလို အခြေခံအချက်က လူတိုင်းသိထားတာပဲတဲ့.. ပြောစရာကို မလိုဘူးတဲ့.. ကဲ ခုပဲ ကျမ မသိလို့.. သူပဲကြီး ဟင်းခါးနဲ့ ၂ပါးသွားရပြီ.. ဟတ်.. ဟတ်... တစ်ခါမှားတိုင်း တစ်ခါအသိဉာဏ်တိုးတယ်.. တစ်ခါမှတ်တယ်ဆိုတဲ့အတိုင်း.. ကျမလဲ အမှားတွေကနေပဲ အတွေ့အကြုံတွေ.. ရီစရာ memory လေးတွေရခဲ့ပါတယ်.. ကဲ... ဒီလိုနဲ့ပဲ.. ကိုယ်ပေါင်းကိုယ်လှန်ထောင်းရင်း ဗရုတ်သုတ်ခနေ့ကို မချွင်းမချန် ရေးလိုက်ပါပြီ.. ကိုပုလုကွေးရေ... ပဲကြီးဟင်းခါးစားချင်ကြရင်တော့.. ပြောနော်.. ဟဲ.. ဟဲ...

Wednesday, October 15, 2008

မဗေဒါရဲ့ ပထမဆုံးများ....

ဘိုဘိုက မရေးရင် ဘာဖြစ်မယ် ညာဖြစ်မယ်ပြောနေပင်မဲ့.. ရေးပြီဆိုရင်လဲ ကိုယ့်ကိုကိုယ်သိတယ်.. ကိုယ့်အကြောင်းတွေကို အားမနာလျှာမကျိုး ရေးမိတော့မယ်ဆိုတာ... ဒါပေမဲ့လဲ Friendship ကပိုအရေးကြီးလေတော့... လာလေရော့ဟဲ့....

ပထမဆုံး နေခဲ့တဲ့မြို့ — ရန်ကုန်သူ စစ်စစ်..

ပထမဆုံး တက်ခဲ့ရတဲ့ကျောင်း — အူဝဲဆိုတာနဲ့ ဘ၀ကျောင်းမှာစတက်ခဲ့ရတယ်.. ဘယ်လိုထမင်းစားတယ်. ဘယ်လိုလမ်းလျှောက်ရတယ်.. ဘယ်လိုစကားပြောတတ်လာတယ်ဆိုတဲ့ ဘ၀သင်ခန်းစာတွေ တစ်ပုံကြီးပဲပေါ့.

ပထမဆုံး အတန်း — အတန်းအနေနဲ့ဆိုရင်တော့ မူကြိုပေါ့.. "ရောင်စုံဘောလုံး.. ရောင်စုံဘောလုံး.. တစ်လုံးငါးပြား" အဲဒါတွေဆိုခဲ့ရတယ်..

ပထမဆုံး သူငယ်ချင်း၊ ပထမဆုံး ရတဲ့ ကျောင်းသူငယ်ချင်း — ငယ်ငယ်မူကြိုထဲကနေ ၈တန်းထိတူတဲ့သူငယ်ချင်းကောင်လေးတစ်ယောက်တော့ရှိတယ်.. သူကတော့ ပထမဆုံးသူငယ်ချင်းလို့ပြောလို့ရတယ်ဆိုပေမဲ့.. နီးနီးကပ်ကပ်နဲ့ အမြဲတွဲအမြဲသွား သူငယ်ချင်းကတော့ သူငယ်တန်းမှာ ရှေ့နောက်ထိုင်ဖြစ်တဲ့ကောင်မလေး.. ခုတော့ သူက US မှာ.. ခုထိ အဆက်အသွယ်လဲရှိတယ်.. အခင်ဆုံးသူငယ်ချင်းစာရင်းထဲလဲပါတယ်.. စိတ်ထဲ အသဲထဲကနေ အရမ်းခင်တဲ့သူငယ်ချင်း.. သူကိုယ့်ကိုခင်မခင်တော့ သေချာမသိဘူး.. သိလဲမသိချင်ဘူး.. ကိုယ်ခင်နေရရင်ပြီးတာပဲ ဆိုတဲ့ သူငယ်ချင်းလဲရှိတယ်.. သူက ခုဂျပန်ကိုသွားလည်နေတယ်.. မဗေဒါလဲ သူ့ကိုတွေ့ချင်လို့ ဂျပန်လိုက်သွားလည်မလို့ စီစဉ်ဖြစ်သွားတာ.. စကာင်္ပူရောက်နေပင်မဲ့ တစ်နှစ်တစ်ခါ မြန်မာပြည်ပြန်တိုင်းသူနဲ့တွေ့ဖြစ်တယ်.. ဒီနှစ်တော့ ရည်းစားနဲ့ပြတ်လို့ ရန်ကုန်မပြန်ချင်တာနဲ့ သူနဲ့မတွေ့ရဘူး.. ခုတော့ တွေ့ရတော့မယ်.. သူနဲ့က အဲလိုကို ကံပါတာ. ငယ်ငယ်ထဲက..

ပထမဆုံး ဖတ်ဖူးတဲ့စာအုပ် — သူငယ်တန်း သင်ပုန်းကြီး... အဲဒါအရင်မဖတ်ပဲ တခြားဘယ်စာအုပ်ကိုဖတ်တတ်အုံးမှာလဲ..

ပထမဆုံး အလွတ်ရတဲ့ ကျောင်းစာ"ဘုံဘေဘားမား ကုမ္ဗဏီမှ သစ်ခိုးသည်ကို မြန်မာမင်းက ဒဏ်ရိုက်သည်တွင် မကျေမနပ်ဖြစ်ကာ အင်္ဂလိပ်မြန်မာ တတိယစစ်ပွဲ ဖြစ်ပွားခဲ့ပါသည်.." (က၊ခ တောင် တော်တော်အလွတ်ကျက်ခဲ့ရတယ်.. အဲဒိအပေါ်ကစာကြောင်းလေးက မဗေဒါငယ်ငယ်က အစ်မတွေ သမိုင်းကျက်ထဲက လိုက်ဆိုလို့လဲကောင်းတယ်.. လိုက်ကလို့လဲကောင်းလို့ အလွတ်ကိုရနေတော့တဲ့ ကျောင်းစာပဲ)

ပထမဆုံး အရိုက်ခံရခြင်း — သိပ်အရိုက်မခံရဘူးဘူး.. တစ်တန်းလုံးကို ခုံပေါ်တက်ပြီးရိုက်ရင်တော့ ရိုက်ခံရတာပေါ့နော်... မှတ်မှတ်ရရတော့မရှိဘူး..

ပထမဆုံး ရတဲ့ဆု — ငယ်ငယ်ထဲက လွတ်လပ်ရေးပြိုင်ပွဲတွေမှာ ပထမ ဒါမှမဟုတ် ဒုတိယ အမြဲရတယ်.. တချို့အမေတွေဆိုရင် မဗေဒါကိုမြင်တာနဲ့ သူတို့သမီးတွေကို မပါခိုင်းတော့ဘူး.. မရမှာ သေချာလို့.. ဒါတော့မတတ်နိုင်ဘူးလေ.. သမုဒ္ဒရာရေပဲ နော်... မှတ်မှတ်ရရ.. ရဖူးတာလေးကတော့ လွတ်လပ်ရေးပြိုင်ပွဲမှာ ထုတ်ဆီးတိုးတမ်းကစားတော့ တစ်ဖက်အုပ်စုထဲမှာ ဒိုင်လူကြီးရဲ့ တူမတွေ ညီမတွေပါတော့.. မဗေဒါတို့နိုင်တာသေချာရက်နဲ့ ၅မှတ်ဖျောက်ပြီး သူတို့ ပထမရသွားတယ်.. ထုတ်ဆီးတိုးက ပထမဆုတစ်ခုပဲပေးတာလေ.. ဒီတော့ မဗေဒါမေမေက ထုတ်ဆီးတိုးဒုတိယဆုကို စပွန်ဆာပေးပြီး စလင်းဘက်အိတ်အကောင်းစားတွေကို ပေးလိုက်တာ.. ပထမဆုထက်တောင်ပြန်လန်နေတာပဲ.. အဓိကက ကျမဘက်က အမြဲရက်တည်ပေးတဲ့ ကျမမိသားစုကို ကျမအရမ်းကျေးဇူးတင်တယ်...

ပထမဆုံး သွားဖူးတဲ့ခရီး — ဘ၀ခရီး... အူဝဲဆိုထဲက ခုထိပဲ...

ပထမဆုံး စီးဖူးတဲ့ကား — ဖေဖေမောင်းတဲ့ကားနေမှာပေါ့.. မှတ်မိတော့ဘူး...

ပထမဆုံး ဆိုတဲ့သီချင်း — ငယ်ငယ်တုန်းကတော့ လူကြီးတွေဆိုရင် ပုခက်ထဲက ၀ူးဝူးဝါးဝါးလိုက်အော်ဖူးမှာပေါ့... စင်ပေါ်မှာတီးဝိုင်းနဲ့ပထမဆုံးဆိုဖူးတဲ့သီချင်းကတော့ သျှီရဲ့ "ဂန္ဓာရီ" ဘယ်မှာဆိုဘူးလဲတော့မမေးနဲ့နော်.. အသေသာသတ်လိုက်..

ပထမဆုံးရေးတဲ့ ကဗျာ — ဘန်နာမှာရေးထားတယ်.. "လှိုင်းတန်ပိုးထန် လေကိုဆန်လဲ အပြုံးမပျက် ပန်းပန်လျက်" ဆိုတာ.. ကဗျာလို့ ခေါ်လို့ရလားတော့ မသိ...

ပထမဆုံး ရေးခဲ့သော ရည်းစားစာ — ရည်းစားစာတော့ တစ်ခါမှမရေးဘူးပါ.. ရဘူးတာတော့ ရှိတယ်.. ၁၀တန်းအောင်ပြီးခါစ သင်တန်းတွေတက်တုန်းက ၁သက်လုံးမှာမှ တစ်ဆောင်ပဲရဘူးတယ်.. .. ကျန်တဲ့သူတွေက ပါးစပ်ကပဲပြောကြတယ်.. နောက်ကလိုက်ကြတယ်.. ဒါတောင် မယူဘူးနော်.. အတင်းလိုက်ပေးနေလို့.. မဖတ်ဖူး တာရော.. ပြီးတော့ ဒီစာယူပြီးရင် နောက်ကမလိုက်လာနဲ့တော့ဆိုပြီး ယူလိုက်တာ.. စာလေးရှားရှားပါးပါးတစ်စောင်ရလို့ သူငယ်ချင်းတွေကိုသွားကြွားတာ.. နင်ကကြိုက်လို့လားလို့မေးတော့.. မကြိုက်ပါဘူး.. စာရလို့ကြွားတာဆိုတော့.. နင်မကြိုက်ရင် အဲဒိစာသိမ်းမထားနဲ့ပေါ့တဲ့ ဆိုပြီး လွှတ်ပြစ်လိုက်တယ်... မဗေဒါလဲ သိမ်းထားရင် ကြိုက်လို့သိမ်းတယ်ပြောခံရမှာစိုးလို့ မတားလိုက်ဘူး.. လွှတ်ပြစ်ပေါ့လို့ပဲပြောလိုက်တယ်.. ဒါပေမဲ့ နှမြောသား... ကိုယ့်အကြောင်းတွေကို မင်းသမီးလေးတစ်ပါးလို ညွှန်းရေးထားတာလေ.. ဟိ.. ဟိ... (မှတ်ချက် ခုတော့ ရင့်ကျက်သွားပြီဖြစ်လို့ ရည်းစားစာပေးပြီး မရင့်ကျက်သောအလုပ်မျိုးကို ရင်မခုန်တော့ပါ.. ငှဲ ငှဲ..)

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ် — ဘယ်ပြောမလဲ... အသေသတ်...

ပထမဆုံး ချစ်သူ — ဂျန်းဒေါင်ဂန်းပေါ့... သူ့ကိုကိုယ်ထားခဲ့လို့ ခုထက်ထိလူပျိုကြီးလုပ်နေတာ.. ကြည့်ပါလား.. ဟတ်.. ဟတ်...

ပထမဆုံး ၀ယ်ဖူးတဲ့ စာအုပ် — စဉ်းစားစရာပဲ.... သေချာစဉ်းစားကြည့်လိုက်တော့ မဗေဒါဝယ်ဖူးတဲ့စာအုပ်ရှားသား.. အလကားရတာပဲလိုက်ဖတ်တယ်.. ဒါတောင် ဖတ်လို့မကုန်ဘူး.. ငယ်ငယ်က ပုံပြင်စာအုပ်တွေတော့ ၀ယ်ဖူးတယ်..

ပထမဆုံး ၀ယ်တဲ့သီချင်းခွေ — ငယ်ငယ်က ကျောင်းသူဘ၀တုန်းကတော့ အစ်မအကြီးက သီချင်းခွေဝယ်တာဝါသနာပါတယ်.. သူ့မုန့်ဖိုးနဲ့လဲ မလောက်တော့ မဗေဒါတို့ အငယ်၂ယောက်ကို မြူဆွယ်ပြီး ရှယ်ဝယ်ဖူးတဲ့ အခွေတွေတော့ရှိတယ်.. နောက်ပိုင်းတော့ သူကဒိုင်ခံဝယ်နေတော့ ကိုယ်က ဒိုင်ခံ အလကားနားထောင်ပေးတယ်.. ၁၀တန်းအောင်တော့ တရုတ်ဘန်း F4ကို ရူးရူးမူးမူး အိပ်မက်ထဲထိကြိုက်တုန်းက သူတို့ VCD ခွေတွေတော့ ၀ယ်ဖြစ်တယ်.. မဗေဒါက သီချင်းခွေထက် ဗွီဒီယိုခွေ.. ပုံပါမြင်ရတဲ့ခွေကိုပိုကြိုက်တယ်.. VCD ပဲဖြစ်ဖြစ်.. ရုပ်ရှင်ပဲဖြစ်ဖြစ်..

ပထမဆုံး တက္ကသိုလ်ရောက်တဲ့နေ့ — နေ့မမှတ်မိတော့ဘူး.. မိုးဖွဲဖွဲလေးတွေရွာနေတဲ့နေ့တနေ့ပဲ.. ၂၀၀၁ ရဲ့မိုးရာသီနေ့လေးတစ်နေ့ဖြစ်မယ်ထင်တယ်.. မမေ့နိုင်စရာ အပျော်ဆုံးနေ့တွေရဲ့ နိဒါန်းနေ့တစ်နေ့ပေါ့..

ပထမဆုံး ရဖူးတဲ့လက်ဆောင် — ဒီမိသားစုမှာ လူဖြစ်ခွင့်ရခဲ့တဲ့ ကံကပေးတဲ့လက်ဆောင်

ပထမဆုံး အလုပ် — ဆယ်တန်းအောင်ပြီးတော့ ကလေးတွေ စာလိုက်ပြတယ်.. ကျူရှင်ဆရာမပေါ့နော်..

ပထမဆုံး တစ်ယောက်ထဲခရီးသွားခြင်း — ၂၀၀၆ခုနှစ်ရန်ကုန်ကို တစ်ယောက်ထဲပြန်တုန်းက သူငယ်ချင်းတွေကို မဗေဒါဆရာကြီးလုပ်ဦးဆောင်ပြီး ကျိုက်ထီးရိုးသွားဖူးတယ်.. ပထမဆုံးလူကြီးမပါပဲ.. ကိုယ်ဦးဆောင်ပြီးသွားဖူးခြင်းပဲ.. တစ်ကယ်တစ်ယောက်ထဲ သွားရမဲ့ခရီးက နောက်တစ်ပတ်ကျရင် ဂျပန်ကို ဒိုးမယ်.. ခုအရမ်းရင်တွေခုန်ပြီး ပျော်သလိုလို ကြောက်သလိုလို ဖြစ်နေတယ်.. (လေယာဉ်ပေါ်မှာ RAIN နဲ့ ဘေးချင်းကပ်ကျရင် ဒုက္ခ.. ဟတ်.. ဟတ်)

ပထမဆုံး သောက်ဖူးတဲ့ဆေးလိပ်၊ ပထမဆုံး သောက်ဖူးတဲ့အရက် — ဆေးလိပ်.. အရက်လုံးဝမသောက်ဖူးပါ.. ထန်းရည်တောင်မသောက်ဖူးပါ.. အဲ.. ဒါပေမဲ့ မဗေဒါ ဟိုးငယ်ငယ်တုန်းကတော့ .. ဖေဖေစားပွဲပေါ်မှာ တင်ထားတဲ့ ရေလေးတွေသီးပြီးအေးခဲနေတဲ့ အရက်ဖြူခွက်လေးကို.. ရေမှတ်ပြီး တစ်ခြိုက်ထဲမော့သောက်လိုက်မိဘူးတယ်.. ပြီးတော့ ကိုယ့်ကိုကိုယ်သေတော့မယ်ထင်ပြီး ငိုပါလေရော.. ပြီးတော့ မူးပြီးချက်ချင်းအိပ်ပျော်သွားတယ်ထင်တယ်..

ပထမဆုံး တက်ဖူးသော ဆေးရုံ — ဗဟိုအမျိုးသမီးဆေးရုံ... တစ်မျိုးမထင်လိုက်နဲ့... မဗေဒါကို အဲဒိမှာမွေးတာ..

ပထမဆုံး ဘလော့ပို့စ် — သိချင်ရင် Archive ထဲမှာ ရှာလိုက်လို့ရတာကို မေးနေသေးတယ်..

ပထမဆုံး ခင်တဲ့ ဘလောဂ့်မိတ်ဆွေ — မြန်မာဘလော့ စလုပ်တော့ မလုပ်တက်တော့ ကိုရန်အောင်ဆီမှာသွားသွားမေးတယ်.. ဒီတော့ ကိုရန်အောင်ကလဲ အရင်ကတော့ လာလာလည်တယ်.. ဒါပေမဲ့ မိတ်ဆွေဆိုတာထက် ဆရာလိုဖြစ်နေတာပေါ့နော်... သူငယ်ချင်းလိုစပြီး ခင်ခင်မင်မင်ရှိလာတာကတော့.. ဒူရှိရမလဲ.. အိပ်မက်နက် BlackDream ပေါ့... မဗေဒါဖို့ သူငယ်ချင်းအတွက် ဆိုတဲ့ မွေးနေ့ပိုစ့်လေးတင်ပေးခဲ့လို့.. ခုထိကြည်နူးမိပါ၏

ပထမဆုံး ကိုယ်ရှာတဲ့ပိုက်ဆံကိုယ်သုံးခြင်း — ဆရာမလုပ်တုန်းက ရတဲ့ပိုက်ဆံပဲ.. ဘယ်လိုသုံးလိုက်မိလဲတော့ သိဘူး...

ပထမဆုံး အကြိမ် ရန်ဖြစ်ခြင်း — ရန်ကတော့ ခဏခဏကိုဖြစ်တာ.. မဗေဒါကိုဆို လူတိုင်းက ခပ်စွာစွာကောင်မလေးလို့ပြောလိုက်ရင်သိတယ်.. အိမ်မှာ စည်ကနဲဆို မဗေဒါပဲမှတ်... မှတ်မှတ်ရရ ရန်ပွဲကတော့ ၇တန်းတုန်းက လမ်းထဲက ခပ်နွဲ့နွဲ့နေတတ်တဲ့ ကောင်တစ်ကောင်က(အဲဒိကောင်က ၉တန်း) မဗေဒါရဲ့သူငယ်ချင်းကို သူ့သူငယ်ချင်းကောင်နဲ့လာအောင်သွယ်နေလို့ ကိုယ့်သူငယ်ချင်းကို ဆုံးမရင်းနဲ့.. အဲဒိအခြောက်ပြောတဲ့ စကားမယုံနဲ့လို့ပြောလိုက်မိတာ.. သူငယ်ချင်းက ရည်းစားထားချင်နေတဲ့ သူဆိုတော့ သူ့ကိုပြန်ပြောလိုက်တော့.. ဟိုက ကိုယ့်ကို မိုက်မိုက်ရိုင်းရိုင်းပြန်ပြောတော့ အိမ်က အစ်မတွေကပါမခံနိုင်ပဲ ရန်ဖြစ်ကြတာ.. (အဲမတိုင်ခင် လမ်းထဲမှာ အေးတယ်.. တခါမှလဲရန်မဖြစ်ဘူးတဲ့ ကိုယ့်အစ်မတွေလဲ ကိုယ့်ကြောင့်ရန်ဖြစ်ရတယ်.. အဲလိုအားကိုးရတာ.. အစ်ကိုရှိမှ အားကိုးရတာမဟုတ်ဘူးနော်) ရပ်ကွက်ရုံးရောက်တော့မလို့... ညကျတော့ လမ်းထဲမှာရန်ဖြစ်ထားတာ ဖေဖေဆူမှာကြောက်လို့ အစောကြီးဝင်ပြီးအိပ်ချင်ယောင်ဆောင်နေရင်း.. မေမေကအေးဆေး ဖေ့ဖေ့ကို ကိုယ့်သမီးဘက်က ကာပြီး ဟိုအခြောက်ဖက်ကို သာသာထိုးထိုးလေးတိုင်လိုက်တော့.. ဖေဖေပါဒေါသတွေထွက်ပြီး အမျိုးသမီးရေးရာတွေ ဘာတွေတိုင်မယ်လုပ်နေတာ.. နောက်ဆုံးတော့ အဲဒိအခြောက်အဖေကိုပဲ တိုင်လိုက်တယ်.. ရိုက်လိုက်တယ်လို့တော့ပြောတာပဲ.. မထင်ပါဘူး.. မှတ်မှတ်ရရ အဲဒိနေ့က ကျမအစ်မအလတ် ၁၀တန်း အင်္ဂလိပ်စာမဖြေခင်ညပေါ့.. သူ့ကို စာပဲကျက် အကြီးဆုံးနဲ့ အငယ်ဆုံးပဲ သွားချဲမယ်ဆိုပြီးထားခဲ့တာ.. နောက်တော့ သူလဲ ကိုယ့် ညီအစ်မတွေခံရမှာစိုးလို့ မနေနိုင်ပဲလိုက်လာတယ်.. အိမ်အောက်မှာရန်ဖြစ်တာ.. ဟီး.. ဟီး......... အဲဒိအကြောင်းပြန်တွေးကြည့်တော့လဲ ကိုယ့်အစ်မတွေက အားကိုးရသားပဲနော့်......

ပထမဆုံး အကြိမ် ထီပေါက်ခြင်း (ချဲထီ) — မဗေဒါဘ၀မှာ ကိုယ်တိုင်မလုပ်ပဲ ကံစမ်းရတဲ့အရာတွေက အကျိုးမပေးဆုံးပဲ.. ထီထိုးခြင်းနဲ့ အချစ်ရေးပဲ.. ဘာမှကို ကံမကောင်းဘူး..

ပထမဆုံး ရင်ခုန်ဖူးခြင်း — ရုပ်ရှင်ကြည့်တိုင်း ကိုယ်ကြိုက်တဲ့ မင်းသား မင်းသမီးခန်းလာရင် ရင်ခုန်တာပဲ..

ပထမဆုံး တီးဖူးတဲ့ဂစ်တာ — တီးတော့ မတီးဘူးဘူး.. တတ်မှမတတ်တာ.. ဆော့တော့ ဆော့ဖူးတယ်.. ငယ်ငယ်တုန်းက ဦးလေးဂစ်တာ.. နောက်တော့ အစ်မဂစ်တာ..

ပထမဆုံး ရောက်ခဲ့သော နိုင်ငံရပ်ခြား — စကာင်္ပူပဲပြောရမှာပေါ့.. အိပ်မက်ထဲမှာတော့ အစုံပဲ..

ကဲ.. ဒါပဲမှတ်လား.. မေးထားတာတွေကလဲ အစုံပဲ.. မဗေဒါရဲ့ အပုတ်တွေလဲ ပေါ်ကုန်ပြီး.. ရှက်လိုက်တာ...

အဲဒါကြောင့်မရေးပဲ ရှောင်နေတာ.. နောက်အပတ် ဂျပန်ခရီးထွက်ရမှာမို့... အကြွေးတွေရှင်းရင်း မရှောင်နိုင်တော့လို့ရေလိုက်တာ... ဘိုဘိုရေ.. ကျေနပ်တော့နော်....... နင်ရေးဆိုလို့ရေးလိုက်ပြီ...

Tuesday, October 14, 2008

Mamma Mia - The Movie Review

မနေ့ညက အလုပ်ကအပြန် အိမ်ကမိသားစုနဲ့ Mamma Mia (The Movie) ဆိုတဲ့ကားလေးကို ၉နာရီ ၄၀မိနစ်ပွဲ သွားကြည့်ဖြစ်ပါတယ်..
အဲဒိကားရုံတင်တာ ၁လလောက်တောင်ရှိနေပါပြီ.. မဗေဒါလဲ ခုတလောရုပ်ရှင်ကြည့်ခြင်ပင်မဲ့ ဘာကားမှလဲ မယ်မယ်ရရကောင်းတယ်လို့ မကြားတာကတစ်ကြောင်း.. အဖော်လိုက်ပေးမဲ့သူမရှိတာကတစ်ကြောင်းဆိုတော့ မကြည့်ဖြစ်ဘူးလေ.. ဒါပေမဲ့ ကြည့်ဖြစ်သွားပုံကတော့.. အလုပ်က လုပ်ဖော်ကိုင်ဖက် အစ်မတစ်ယောက်က သူ့မိသားစုနဲ့ ဟိုတစ်လောကသွားကြည့်တာ အရမ်းကောင်းကြောင်း.. ကြည့်ပြီးရင်စိတ်ထဲမှာ ပျော်ပြီးကျန်ခဲ့ကြောင်း.. ကြည်နူးဖို့ကောင်းပြီး သီချင်းတွေကလဲ အရင်ခေတ်က နာမည်ကြီးဘန်း ABBA ရဲ့သီချင်းတွေဖြစ်ကြောင်း အရမ်းညွှန်းပါတယ်.. မိသားစုလိုက်သွားကြည့်ဖို့တောင် တိုက်တွန်းခဲ့ပါတယ်..
ပြီးတော့ ကျမစိတ်မပါပါအောင် youtube ကနေ သီချင်းတွေဖွင့်ပြပါတယ်.. သူတင်မကဘူး နောက်အစ်မကြီးတစ်ယောက်ကလဲ ထောက်ခံတိုက်တွန်းပါတယ်.. Mamma Mia ပိုးကိုကျမထဲကိုသွင်းပေးလိုက်ကြပါတယ်...

သိတဲ့အတိုင်း မဗေဒါတို့ကလဲ ဒီလို ရုပ်ရှင်ကြည့်ဖို့ဆို ၂ခါမခေါ်ရဘူးလေ.. သီချင်းတွေကလဲ ကိုယ်ငယ်ငယ်တုန်းထဲက သိနေတဲ့ ခပ်မြူးမြူးသီချင်းလေးတွေဆိုတော့ ကြည့်မယ်ဆုံးဖြတ်လိုက်တာပေါ့.. ပြီးတော့ သီတင်းကျွတ်လပြည့်နေ့လေး မိသားစု စုစုစည်းစည်းအပြင်ထွက်ဖို့ ဖုန်းဆက်ပြီးအားလုံးကိုမေးတော့.. (သိတဲ့အတိုင်း အိမ်မှာက သူ မအား ကိုယ် မအားနဲ့ မျက်နှာချင်းဆိုင်မေးဖို့အချိန်မရဘူး..) အားလုံးက သဘောတူကြတယ်..

ဖေဖေကတော့ ကျမတို့ ငယ်ငယ်ထဲကရုံမှာ ရုပ်ရှင်သွားကြည့်ရင် အရမ်းဆူတတ်တယ်.. အိမ်မှာလဲ တီဗွီရှိနေတာ ပိုက်ဆံအပိုကုန်ခံပြီး သွားကြည့်တယ်ဆိုပြီး သူကတော့ ဘယ်တော့မှမလိုက်ဘူး.. ပိုဆိုးတာက အိမ်မှာ ဟိုတစ်လောက IT Show ကနေ Home Theater system ရော Plasma TV ရော ၀ယ်ထားမိတာရော.. SVC Cable TV ရှိတာရောဆိုတော့.. (ဟဲ..ဟဲ.. ကြုံတုန်းလေး.. ကြွားတာ..) ဖေဖေက ဘယ်လိုမှတိုက်တွန်းလို့မရတော့.. အိမ်မှာရှိတဲ့ မိန်းမသားတွေပဲ အလုပ်ဆင်းတော့ သွားကြည့်ဖြစ်ပါတယ်..
ဒီကားလေးဟာ DVD ထွက်တဲ့အထိ ကျမစောင့်ဝယ်ဖြစ်မဲ့ကားလေးတစ်ကားဖြစ်ခဲ့ပါတယ်..


ဇာတ်လမ်းအကျည်း


ဂရိကျွှန်းလေးတစ်ကျွန်းပေါ်မှာ ကိုယ်ပိုင်ဟော်တယ် အသေးစားလေးပိုင်တဲ့ Single Mother Donna (Meryl Streep) ဟာ သူမသမီးလေး Sophie (Amanda Seyfried)ကို လက်ထက်ပေးဖို့ အချိန်ရောက်လာပါပြီ.. အဲဒိမင်္ဂလာပွဲအတွက် သူ့ငယ်သူငယ်ချင်း (ငယ်ငယ်က ကဲဖော်ကဲဖက်တွေပေါ့နော်) Rosie (Julie Walters) Tanya (Christine Baranski) တို့ကိုဖိတ်ခေါ်ခဲ့ပါတယ်.. ဒါပေမဲ့ သူ့သမီး Shopie ကတော့ သူ့အမေ မသိအောင် အထူးဧည့်သည် ၃ယောက်ကိုဖိတ်ခေါ်ထားခဲ့ပါတယ်...

သူမ မင်္ဂလာဆောင်မှာ သူမရဲ့အဖေကို သူမနဲ့တူတူ လမ်းတွဲလျှောက်စေချင်ခဲ့လို့ပါ.. ဒါပေမဲ့ သူမ အမေက အဖေဘယ်သူလဲမပြောပြတဲ့အတွက် သူမ အမေ ဒိုင်ယာရီထဲက ဖြစ်နိုင်ဖွယ်ရှိတဲ့ ယောင်္ကျားသုံးယောက်ကို ဖိတ်လိုက်ခြင်းဖြစ်ပါတယ်.. ဤသို့ဖြင့် ထိုကျွန်းငယ်လေးပေါ်တွင် အချစ်ဟောင်းများပြန်လည်ဖူးပွင့်ပြီး.. အချစ်သစ်များလည်းမွေးဖွားခဲ့ကြပါတယ်.. အဖေအရင်း ဘယ်သူဖြစ်မလဲဆိုတာတော့ ဖန်သားပြင်ပေါ်မှာ ကြည့်ရှူဖော်ထုတ်ကြပါလို့....


ရုပ်ရှင် review..


ဒီကားလေးဟာ အမေနဲ့သမီးချစ်.. သူငယ်ချင်းတွေရဲ့နွေးထွေးမှု.. မိသာစုရဲ့ပြည့်စုံမှုကို သီချင်းလေးတွေနဲ့ ကောင်းကောင်းဖော်ပြသွာနိုင်ပါတယ်..

အစက အသက် ၅၉နှစ်ရှိပြီဖြစ်တဲ့ Meryl Streep ကို ဒီလောက်သွက်သွက်လက်လက် ကခုံပြီး ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်လိမ့်မယ်လို့တောင် မထင်မိပါဘူး..
သူမရဲ့ အချစ်ဟောင်းကို တွေ့တဲ့အချိန်မှာ သူမကိုပြစ်သွားပြီး တစ်ခြားမိန်းမတစ်ယောက်ကိုလက်ထက်သွားတဲ့အတွက် စိတ်လဲနာတယ်.. ငယ်ကချစ် နှစ်၁၀၀ မမေ့သာဆိုသလို ရင်တွေလဲခုန်တယ်.. တွေ့လဲတွေ့ချင်တယ်.. မတွေ့လဲမတွေ့ရဲတဲ့ အချိန်မှာ Mamma Mia သီချင်းကို ဆိုပြီး သွက်သွက်လက်လက်လေး သရုပ်ဆောင်သွားတာဖြင့် သူမအသက် ၅၉ နှစ်ဆိုတာကိုမေ့ပြီး .. ကောင်မလေးတစ်ယောက်သရုပ်ဆောင်နေတဲ့အတိုင်းပါပဲ.. အချစ်က သူမကိုနုပျိုစေခဲ့တာပါ.. သီချင်းလဲဆိုရင်း မျက်နှာအမူအယာကလဲ emotion အပြည့်နဲ့သရုပ်ဆောင်နိုင်တဲ့အတွက် ကျမတကယ်ကို လေးစားအားကျခဲ့ရပါတယ်... ရုပ်ရှင်ထဲ စီးမျောသွားတဲ့ အချိန်မှာတော့ သူမနဲ့အတူလိုက်ဆိုလိုက်က ချင်စိတ်တောင်ပေါက်ပါတယ်.. ကျမအနေနဲ့ သူဟာသရုပ်ဆောင်နေတာပါလားလို့ တွေးမိတိုင်း အရမ်းကို ချီးကျူးမိပါတယ်.. ဘာလို့လဲဆိုတော့ သူသရုပ်ဆောင်နေတာကို ကျမသိနေရက်နဲ့ သူမကို အသက်ကြီးကြီးအဖွားကြီးတစ်ယောက်လို့ပြောင်းမြင်ပေးလို့မရဘူး... ဇာတ်လမ်းအရ အချစ်ကြောင့်နုပျိုသွားပင်မဲ့.. သူမဟာ သူမအနုပညာကြောင့် ပရိတ်သတ်မျက်လုံးထဲမှာ နုပျိုခဲ့ပါတယ်... စုစုပေါင်း သီချင်း ၂၄ ပုဒ်ပါတဲ့ အထဲမှာ အဲဒိသီချင်းလေးဟာ ကျမအကြိုက်ဆုံးထဲမှာပါဝင်ခဲ့ပါတယ်..
ခံစားကြည့်ကြပါ..

Mamma Mia


နောက်တစ်ခုက ဂျိမ်းစဘွန်း မင်းသားအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Pierce Brosnan ကို အရင်က ကျွန်မဒီလိုပဲ ကြည့်ခဲ့ပါတယ်. ကြိုက်တယ်မကြိုက်ဘူး မရှိခဲ့ပါဘူး.. ဒီကားမှာ ကျမသူ့ကို ကြိုက်သွားအောင် ဆွဲဆောင်နိုင်ခဲ့တာကတော့.. သူ့ငယ်ချစ်ကို လိုက်ရှင်းပြရင်း ဆိုတဲ့ SOS ဆိုတဲ့ သီချင်းမှာပါ.. သူ့ကို action မင်းသားကြီးတစ်ယောက်အနေနဲ့ပဲ ကြည့်ဖူးခဲ့ပြီး.. မျက်လုံးထဲမှာ အဖိုးကြီးလို့ပဲ သတ်မှတ်ခဲ့မိပင်မဲ့ ခုတော့ မဗေဒါ ရူးသွပ်ရတဲ့ မင်းသားစာရင်းထဲ မင်းသားငယ်တွေနဲ့ ယှဉ်ပြီးနေရာယူနိုင်ခဲ့ပါတယ်..

အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ Pierce Brosnan ဟာ action တင်မက romance ရော Musical ရောကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ခဲ့ပုံကလဲ လူငယ်လေး လူပျိုလှည့်နေတဲ့အတိုင်းပါပဲ.. ဟော.. သူ့ရဲ့ မင်းသားတစ်ယောက်အနေနဲ့ အရည်အချင်းကိုပြောရမယ်ဆိုရင်လဲ.. သူ့ ခန္ဓာကိုယ် အချိုးအစားက မြန်မာပြည်က ပရိတ်သတ်ထမင်းစားပြီး ကြီးကျယ်ပြနေတဲ့ ဗိုက်တရွှဲရွှဲမင်းသားငယ်တွေထက် အများကြီးသာပါတယ်.. ပရိတ်သတ်ကျွေးတဲ့ ထမင်းစားပြီး show bussiness အလုပ်ကိုလုပ်တဲ့သူတစ်ယောက် ဟာ သူ့ရဲ့ figure ကိုထိမ်းခြင်းသည်လဲ ပရိတ်သတ်ကို လေးစားခြင်းတစ်ခုပဲလို့ ကျမမြင်ပါတယ်... ဒါတွေထားပါတော့.. အဲဒိကိစ္စ နောက်မှပဲ ပိုစ့်သက်သက်တင်တော့မယ်.. ခုတော့ အောက်က SOS သီချင်းလေးကို ခံစားသွားကြပါအုံး...

SOS


သီချင်းအားလုံကြိုက်တယ်ဆိုပေမဲ့ ကျမအကြိုက်ဆုံးတွေထဲမှာပါတာကတော့... Donna (Meryl Streep) ဟာ.. သူ့ကို ပြစ်သွားတဲ့ သူ့ချစ်သူကို ရုတ်တရက်ပြန်တွေ့လိုက်ရတော့.. စိတ်မကောင်းဖြစ်ပြီးငိုတဲ့အခန်းမှာ သူ့သူငယ်ချင်း ၂ယောက်က သူ့ကို စိတ်ပျော်အောင်လုပ်ပြီးချော့တဲ့အခန်းပါ.. အဲဒိမှာ ၂ပုဒ်ပါပါတယ်.. ၁ပုဒ်က
"Chiquitita" လို့ခေါ်ပြီး နောက်တစ်ပုဒ်ကတော့ "Dancing Queen" ပါ.. ၂ပုဒ်လုံးဖော်ပြချင်ပေမဲ့ ပိုစ့်အရမ်းရှည်သွားမှာစိုးလို့ Dancing Queen ကိုပဲ ဖော်ပြလိုက်ပါတယ်.. အဲဒိ ကားမှာ Donna ရဲ့ သူငယ်ချင်းအဖြစ်သရုပ်ဆောင်တဲ့ အဖွားကြီး ၂ယောက်က အရမ်းရီရပါတယ်.. လူဆိုတာ ဘယ်လောက် အသက်ကြီးကြီး သူငယ်ချင်းတွေနဲ့ပြန်တွေ့ရင် အားလုံးနုပျို ပျော်ရွှင်သွားကြတာပါပဲ...

Dancing Queen


မဗေဒါကို မျက်ရည်တရွှဲရွှဲ ဖြစ်အောင်လုပ်တဲ့ သီချင်းတစ်ပုဒ်ရှိပါသေးတယ်.. ကျမအကြိုက်ဆုံးသီချင်းလို့ပြောလို့ရပါတယ်... သီချင်းနားထောင်ရင် စာသားရော တီးလုံးပါ သေချာခံစားပြီးနားထောင်တတ်တဲ့ ကျမရဲ့ အကျင့်ကို သရုပ်ဆောင်နဲ့ ကောင်းကောင်းဖမ်းစားသွားတော့ မျက်ရည်လည်ရွဲခဲ့ရပါတယ်.. အဲဒါကတော့ သူမသမီးမင်္ဂလာဆောင်နေ့မှာ သူမချစ်သူက သတို့သမီးအဖေ အဖြစ်တွဲလျှောက်ပေးခွင့်ကိုလာပြောတဲ့အခါမှာ.. သူမ တစ်သက်လုံး နာကျည်းခဲ့ရတာတွေ.. သူမချစ်သူကို ပြောချင်ခဲ့တာတွေ.. သူမရဲ့မာန်.. သူမရဲ့အချစ်နဲ့အမုန်းကို သီချင်းစာသားထိထိမိမိနဲ့သရုပ်ဆောင်နိုင်ခဲ့ပါတယ်..
The winner Takes It All လို့ အမည်ရပါတယ်... ခံစားသွားကြပါအုံး...

The Winner Takes It All


ကျမကြိုက်တဲ့သီချင်းတွေအများကြီးပါပဲ.. စိတ်ဝင်စားရင်သွားကြည့်ကြပါ.. အားလုံးဖော်ပြဖို့အဆင်မပြေလို့ သိသလောက် လင်ခ့်လေးတွေ အောက်မှာပေးလိုက်ပါတယ်...

ဇာတ်ဝင်တေးများ

Honey Honey
(Reading Her mom diary)

Super Truper (Before the wedding Night)

Does Your Mother Know (Very Funny)

Money Money Money
(Nice Acting and Amusing)

Chiquitita
(When Her friends comfort her, Heartwarming)

Take A Chance On Me (Funny, old and fat but sexy, Sing when nearly Movie ending)

Lay All Your Love For Me
(Young and Energetic)

Our Last Summer (Three Dads and their Daughter)

Slipping Through My Fingers
( Mother's love for her daughter [Sop.. Sop.. i cried] )

When All is Said And Done
(Oldies love but sweet )

I Do I Do I Do I Do I Do ( Charming [my heart pound and i would say I DO too] )

Gimme! Gimme! Gimme!
(Music Video)

ကျနော့် စက်ကထရီမလေးကို အလုပ်ဖြုတ်ရတဲ့ အကြောင်းရင်း

သူငယ်ချင်းတစ်ယောက် ပို့လိုက်တဲ့ အီးမေးလ်ထဲကရတဲ့ အင်္ဂလိပ်ဟာသလေးပါ.. ဖတ်ပြီးရီရလွန်းလို့ ဝေမျှလိုက်ပါတယ်..
အစကတော့ မြန်မာဘာသာပြန်ပေးမလို့ပါပဲ.. ဒါပေမဲ့ အင်္ဂလိပ်လိုဖတ်ရတာ ပိုအဆင်ပြေပြီး ပိုရီရတယ်ထင်လို့ ဒီအတိုင်းပဲမျှဝေလိုက်ပါတယ်...
တစ်ချက်ပြုံးရင် တစ်ရက်အသက်ရှည်ပါတယ်တဲ့ ဂျောက်ဂျက်ကာတွန်းမှာကြားဖူးတာပါ..
ဒီပိုစ့်လေးဖတ်ပြီး အသက်ရှည်နိုင်ကြပါစေ...

ခေါင်းစဉ်လေးကတော့ .. ကျနော့် စက်ကထရီမလေးကို အလုပ်ဖြုတ်ရတဲ့ အကြောင်းရင်း တဲ့....

Last week was my Birthday and I didn't feel very well waking up on that
morning.
I went downstairs for breakfast hoping my wife would be pleasant and say…

Happy Birthday!
and possibly have a small present for me.

As it turned out, she barely even said good morning,
Let alone, 'Happy Birthday'

I thought....
Well, that's marriage, but the kids… they will remember.

My kids came bouncing downstairs for breakfast and didn't say a word.

So when I left for the office, I felt pretty low.

As I walked into my office, my secretary Jane said,

'Good Morning Boss,
by the way “Happy Birthday!'

It felt a little better that at least someone had remembered.

I worked until one o'clock, when Jane knocked on my door and said, 'You
know, it’s such a beautiful day outside, and it is your Birthday…
What do you say we go out to lunch, just you and me.'

I said, 'Thanks, Jane, that's the greatest thing I've heard all day. Let's
go!'

We went to lunch but we didn't go where we normally would go.
She chose at a quiet bistro with a private table.
We had two martinis each and I enjoyed the meal tremendously.

On the way back to the office,
Jane said, 'You know, it’s such a beautiful day. We don't need to go
straight back to the office, Do we?'

I responded, 'I guess not.
What do you have in mind?'

She said,
'Let's drop by my apartment; it's just around the corner.'

After arriving at her apartment, Jane turned to me and said,
'Boss, if you don't mind, I'm going to step into the bedroom for just a
moment, I'll be right back.'

'Ok.' I nervously replied her.
She went into the bedroom and, after a couple of minutes, she came out
carrying a huge Birthday cake ...
Followed by my wife, my kids, and dozens of my friends and co-workers…all
singing a birthday song.
And I just sat there...

On the couch...
Naked.

Sunday, October 12, 2008

Yishun မှာမြန်မာဆိုင်ဖွင့်ပြီ...

အဟဲ.. သိတာတော့ ကြာပါပြီ ကြော်ငြာမယ်.. ကြော်ငြာမယ်နဲ့ မကြော်ငြာပေးရသေးတာပါ.. ကြော်ငြာနောက်ကျနေလိုက်တာ.. တော်တော်များများတောင် အဲဒိဆိုင်လေးမှာ စားဖူးပြီးလောက်ရောပေါ့...
ခုပြောချင်တာက ရှမ်းစာတွေကြိုက်ပြီး woodland နဲ့ Yishun မှာနေတဲ့ သူများအတွက် ပန်နီဆူလားထိသွားစရာမလိုပဲ နီးနီးနားနား လွယ်လွယ်ကူကူနဲ့ အရသာရှိရှိစားနိုင်တဲ့ ဆိုင်လေးပါ.. Loi Nine လို့ခေါ်တဲ့ မြန်မာဆိုင်လေးကို Chong Pang က Food court မှာဖွင့်လှစ်ထားကြောင်းသတင်းကောင်းပါးပရစေ...

Food stall Review

မဗေဒါ အဲဒိဆိုင်ကို ဟိုတစ်လောကသွားစားဖြစ်ပါတယ်.. တော်တော် စုံစုံလင်လင်ရပါတယ်... အဲဒိနေ့က ရှမ်းခေါက်ဆွဲစားဖြစ်ပါတယ်..
သူငယ်ချင်း ၂ယောက်မှာ တစ်ယောက်က တို့ဟူးနွေး နောက်တစ်ယောက်က ခေါက်ဆွဲကြာဇံအရောအသုတ်စားပါတယ်... အားလုံးကို မဗေဒါစုံအောင်မြည်းခဲ့ပါတယ်...
အားလုံးအရသာကောင်းပါတယ်... ၁ပွဲကို ၃ကျပ်ခွဲပါ.. သဘောလဲကောင်းပါတယ်... တော်တော်များများကတော့ တို့ဟူးနွေးကိုကြိုက်ကြပါတယ်.. မဗေဒါလဲ ကြိုက်ပါတယ်.. ဒါပေမဲ့ ရှမ်းခေါက်ဆွဲကိုပိုကြိုက်တယ်..

ဒါပေမဲ့.. အကောင်းတွေပြောပြီးနောက်ပိုင်းမှာ မဗေဒါက ပိုကောင်းစေချင်တဲ့စေတနာနဲ့ အားနည်းချက်လေးကို အကြံပေးချင်တာကတော့... စောင့်ရချိန်ကြာတာပါ... အလုပ်လုပ်တာ အလွန်မှ နှေးတယ်လို့ထင်မိပါတယ်... သူတို့ဘေးက တရုတ်ဆိုင်တွေနဲ့ ယှဉ်ပြီးကြည့်ကြည့်တာ တော်တော်လေးမှ အသည်းယားမိပါတယ်.. အထူးသဖြင့် မဗေဒါတို့လို အနီးနား ကုမ္ဗဏီမှာအလုပ်လုပ်ရင်း အားလပ်ချိန်လေးမုန့်လာစားတုန်း ဒီလိုကြာပုံမျိုးနဲ့ အလုပ်ထဲမှာ အားလပ်ချိန်ပိုယူသလိုအထင်ခံရပါတယ်.. မြန်မာဆိုင်ဖွင့်လို့အားပေးချင်လွန်းလို့ ဘတ်စ်ကားတစ်တန် ကုန်းကြောင်းတစ်တန်နဲ့လာအားပေးတာပါ..
ဒါပေမဲ့ ခုလိုကြာပုံမျိုးနဲ့ မဗေဒါ အလုပ်အားလပ်ချိန်မှာ လာရောက်အားပေးဖို့ အခက်ခဲဖြစ်ရပါတယ်... တကယ်ကိုအားပေးချင်လွန်းလို့ ခုလို FeedBack ပေးရတာပါ..
အစားအသောက်အတွက်တော့ recommend ပေးပါတယ်.. အချိန်ရမယ်ဆိုရင် သွားအားပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်...



လူသားဂေဟ

ရှင်တော်မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော ဒုလ္လဘတရားငါးပါးတွင် မနုဿတဘာဝဒုလ္လဘဟုဆိုသော ရခဲကြီးငါးခုထဲမှ မနုဿလူသားအဖြစ်ကိုတော့ ရရှိခဲ့ကြပါပြီ..ထိုရခဲလှသော လူ့ဘဝကို လူရယ်လို့ထိုက်တန်အောင် နေထိုင်ပြုမူဖို့ရန်မှာ သမ္မာဒိဋ္ဌိ(အမြင်မှန်အသိမှန်) ဖြစ်ဖို့ရာ အလွန်အရေးကြီးလှပါ၏.. မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆဖြင့် နေထိုင်မည်ဆိုပါက လူ့ဘဝဆိုသည်မှာ မပြည့်စုံခြင်းများ မကျေနပ်ခြင်းများ မျှော်လင့်နေရခြင်းများ စသည်ဖြင့် ပျော်ရွှင်တခဏ သောကအပြဲ နေထိုင်ဆဲဟုပင်ဆိုရပါလိမ့်မည်...

ခြေထောက်နှစ်ချောင်းပေါ်တွင် ရပ်၍ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်ရုံဖြင့် လူဟူ၍ပီပီသသမဆိုထိုက်ပါ..လူဟူ၍ခေါ်ဆိုထိုက်ရန်မှာ လူသည်လူသားဆန်မှုရှိရပါမည်.. အဘယ့်ကြောင့်ဟူမူ သတ္တဝါထဲတွင် လူသားသည် အသိဥာဏ်အမြင့်ဆုံးဖြစ်သောကြောင့်တည်း..ထိုအသိဥာဏ်အမြင့်ဆုံးပါဆိုသော လူသားသည် တိရိစ္ဆာန်တို့ကဲ့သို့ ကြီးနိုင်ငယ်ညှင်းခွန်အားကြီးသူက နိုင်စတန်းဆိုသော တောတွင်းအလေ့အထများအတိုင်း ပြုမူလုပ်ကိုင်ပါက လူသားဆန်မှုမှ လျော့ကျပြီး အသွင်သဏ္ဍန်အားဖြင့်သာ ကျန်ရှိ၍လူပီသမှု မရှိတော့ပါ...

သတ္တဝါတိုင်းတွင် အတ္တဆိုသည်ရှိ၏ ထို့ကြောင့် လူသားတွင်လည်း အတ္တရှိသည်.. ထိုအတ္တသည် မိမိ၏အကျိုစီးပွားကို ရှေ့တန်းတင်သည်.. အပြစ်မဆိုလိုပါ.. နိယာမတရားတစ်ခုသာဖြစ်ပါသည်.. သို့ရာတွင် မိမိ၏အတ္တကို သတိတရားဖြင့် ဆင်ခြင်ပြုလုပ်သင့်ပါသည်.. တပါးသူများအား မထိခိုက်သင့်ပါ. ပုထုဇဉ် ပုဂ္ဂိုလ်တိုင်း လောဘ၊ ဒေါသ၊ မောဟ မကင်းကြပါ ဘာသာရေး အဆုံးအမနှင့် ယဉ်ကျေးမှုရှိသော သူတို့တွင်လည်း မကင်းကြပါ.. သို့ပါသော်လည်း ထိုသူများသည် လောဘဖြစ်လျှင်လည်း အတောမသတ်မဖြစ်ပါ။ သင့်တင့်လျှောက်ပတ်မှုရလျှင် ကျေနပ်သွားကြသည်။ ဒေါသဖြစ်လျှင်လည်း အသိနှင့် သတိတရားဝင်လာလျှင် ထိုဒေါသကိုလျော့ချပြစ်ကြသည်..ပြုလုပ်ဖွယ်ကိစ္စများတွင်လည်း တွေဝေမှုမရှိဘဲ အကြောင်းနှင့် အကျိုးတရားကို ဆင်ခြင်၍ပြုလုပ်တတ်ကြသည်.. ထိုသို့သော စိတ်နေစိတ်ထားရှိသူတွေများလာပါက လောကကြီး ဒိထက်ပို၍သာယာလာလိမ့်မည်ဟု ယူဆမိပါသည်..

သို့ပါသော်လည်း သေမြေကြီး အပြီးဘဲဆိုသူများနှင့် နောင်ဘဝ နောက်ကိုယ်နဲ့ ဘာဖြစ်ဖြစ်ဆိုသူများလည်းရှိကြပါသေးသည်.. ထိုသူတို့၏ ယုံကြည်မှုကို မည်သို့မျှဝေဖန်ရေးသားခြင်းမပြုလိုသော်လည်း လူနှင့်လူ့ပတ်ဝန်းကျင်တွင် သင့်တင့်မျှတစွာနေထိုင်မှု ပြုရန်လိုအပ်ပါသည်.. ကိုယ့်ကြောင့် သူတပါး၏ ရှင်သန်ခြင်းကိစ္စ၌ အနှောင့်အယှက်ဖြစ်လျှင်သော်လည်းကောင်း ရှင်သန်ခြင်းကိုရပ်တန့်သွားစေလျှင်သော် လည်းကောင်းဖြစ်ခဲ့လျှင် နှစ်ဦးစလုံးမကောင်းပါ.. အဘယ်နည်းဟူမူ တဘက်သူများသည်လည်း တုံ့ပြန်တတ်သော၊ တုံ့ပြန်နိုင်သော ပုထုဇဉ်များဖြစ်သောကြောင့် ဖြစ်သည်... ထိုသို့ဖြစ်ခဲ့လျှင် ငြိမ်းအေးစွာအတူယှဉ်တွဲ နေထိုင်ရေးမှု ပျက်သုန်းသွားပြီး ဘဝတလျှောက် ပူလောင်မှု စိတ်သောကဖိစီးမှုများဖြင့် အချိန်အတိုင်းအတာ တစ်ခုအထိဖြစ်စေ သေဆုံးသည့်အချိန်ထိဖြစ်စေ ခံစားသွားရနိုင်ပါသည်..မလုပ်ခဲ့ဘူးလို့ သဘောထားလိုက်ပါ၊ မပြောဆိုခဲ့ဘူးလို့ သဘောထားလိုက်ပါဟုဆို၍မရတော့ပါ..

အချို့သူများလည်းရှိပါသေးသည်.. မိမိနေထိုင်ရာ ပတ်ဝန်းကျင်၊ အလုပ်ဋ္ဌာန စသည်တို့တွင် မလိုမုန်းထား၍ ချေထိုးခြင်း၊ ဂုံးချောခြင်း၊ တိုက်တွန်းခြင်းတို့ကို ပြုမူတတ်ကြပါသည်.. ထိုသူများကို အဘယ့်ကြောင့် ဤသို့ဖြစ်ရသည်ကိုမေးကြည့်ပါက များသောအားဖြင့် ကြည့်မရ၍ဟုဖြေဆိုတတ်ကြပါသည်.. ကြည့်မရတိုင်း ဤသို့ပြုမူနေပါက မိမိ၌လူမုန်းများလာခြင်းသာ ဖြစ်လာပါလိမ့်မည်...
အချုပ်အားဖြင့်ဆိုရသော် လူရယ်လို့ဖြစ်တည်ခိုက်မှာ လူပီသရန်နှင့် အဓိပ္ပါယ်ရှိသော လူသားဘဝကိုရယူရန်ဖြစ်ပါသည်.. လူ့ဘဝတွင် ငွေရှာရန်တစ်ခုထဲအတွက် မဟုတ်ပါ.. စီးစိမ်းခံစားရန်တစ်ခုထဲအတွက်လည်း မဟုတ်ပါ.. သို့ဆိုလျှင် ရှင်တော်မြတ်ဗုဒ္ဓသည် လူ့ဘဝကို ဒုလ္လဘတရားတစ်ခုအဖြစ် ထည့်သွင်းဟောကြားခဲ့မည် မဟုတ်ပါ.. လူတိုင်းလူတိုင်းသည် ဘယ်အရာသည်ကောင်းမှု ဘယ်အရာသည် မကောင်းမှုဟု သိကြသည်သာဖြစ်၏.. မကောင်းမှုကို ရှောင်၍ ကောင်းမှုကို ဆောင်ကာ ဤသတ္တလောကကြီးတွင် ငြိမ်းအေးချမ်းသာစွာ အတူယှဉ်တွဲနေထိုင်ကြပြီး အဓိပ္ပါယ်ရှိ၍ လူပီသသောသူများဖြစ်နိုင်ကြစေရန် စေတနာရှေ့ထားရေးသားပေးလိုက်ရပေသည်..

Wednesday, October 08, 2008

မဗေဒါရဲ့ ဖြစ်သလိုစားသောက်စရာ...

အဟဲ... မယ်ဂုမိရဲ့ ပြောရင်းနဲ့ ကိုယ့်ကိုကိုယ်တောင် သနားလာပြီ။ ပိုစ့်လေးကိုသွားပြီး ကွန်မန့်ပေးမိတော့ အကြိုက်ချင်းတူနေလို့ဆိုပြီး TAG တာခံလိုက်ရပြီ.. အိန်း... ဒီတော့လဲရေးရတော့မပေါ့...

ဒီနေရာမှာတစ်ခုပြောချင်တာက.. မဗေဒါက ထမင်းပဲကြိုက်တယ်.. ၁နေ့မှာ ထမင်းမစားရရင် ရင်တွေပူပြီးစိတ်တွေတိုနေတတ်တယ်.. ခေါင်းကလဲမူးသလိုလိုနဲ့ပေါ့.. အိမ်မှာ မုန့်ဟင်းခါး.. အုန့်နို့ခေါက်ဆွဲပဲချက်တဲ့နေ့ဆိုသူများတွေက ထမင်းလွတ်နေနိုင်ပေမဲ့.. မဗေဒါအတွက်တော့ ထမင်းချက်ပေးရတာပဲ.. ထမင်းစားရင်လဲ များသောအားဖြင့် ပုံမှန် ၂ပန်းကန်စားတယ်.. (ဟီး..ရှက်).. စားမကောင်းတဲ့နေ့ဆို ၁ပန်းကန်.. ဘယ်လောက်စိတ်ညစ်ညစ်. ဘယ်လောက်ဟင်းမကောင်းကောင်း ထမင်းတော့ဝင်တယ်.. ငယ်ငယ်တုန်းကတော့ ငါးကို အနံ့တောင်မခံနိုင်ဘူး.. ငါးနဲ့လုပ်တဲ့ မုန့်တော်တော်များများမကြိုက်ဘူး.. ဥပမာ.. ငါးမုန့်ကြော်.. မုန့်ဟင်းခါး..ရခိုင်မုန့်တီ.. နဲနဲကြီးလာတော့ အဲဒါတွေတော့စားလို့ရလာတယ်.. ငါးဟင်းတော့မကြိုက်သေးဘူး..ငါးနံ့ပျောက်တဲ့အထိ ကြွတ်နေအောင်ကျော်ထားတဲ့ငါးကြော်တော့စားလာတယ်.. အဲ..စကာင်္ပူလဲရောက်ရော ဂျီးများလို့မရဘူး..ရှိတာအကုန် ဓာတ်လေးပါးပဲဆိုပြီးတွယ်တာပဲ.. ဒီမှာ ငါးဈေးကြီးတော့ ငါးစားစရာတော့သိပ်မလိုဘူးပေါ့...မစားမနေရစားရမယ်ဆိုလဲ ၁ပန်းကန်ဝင်အောင်တော့တီးမှာပဲ..
မြန်မာပြည်မှာမဗေဒါရဲ့ ဖြစ်သလိုဆိုရင်တော့.. လမ်းထိပ်က ကုလားပဲဟင်းရယ်(နာမည်ကြီးတယ် အဲဒိချစ်တီးပဲဟင်းဆိုင်က)တိုးတိုးအာလူကြော်ရယ်နဲ့ဆိုရပြီ.. ထမင်းမိန်ပါ့.. ဒါမျိုးကျတော့ ဖြစ်သလိုဆိုပေမဲ့ ၂ပန်းကန်ဝင်တာပဲ..
စကာင်္ပူလဲရောက်ရော.. ပဲဟင်းနဲ့လဲဝေး.. အိမ်ထမင်းဟင်းနဲ့ဝေး.. သူတို့က ခေါက်ဆွဲတွေကို lunch လိုလဲစားတာပဲ.. မဗေဒါက နေ့လည်စာတို့ ညစာတို့ကို ထမင်းစားရမှာတင်းတိမ်တယ်.. ခေါက်ဆွဲက သားရေစာလို့ပဲသတ်မှတ်တယ်.. ဒီတော့ မဗေဒါအတွက် ဒီတရုတ်ထမင်းဆိုင်နဲ့ပဲ ၂ပါးသွားနေရတာပေါ့.. တနေ့လာလဲ ဒီဟင်း.. ဒီဟင်း.. အရည်သောက်မပါ..ဘာမပါ.. ကြာတော့ဝမ်းပါချုပ်လာရော..(ဘွာတေး.. ပြောပြတာ..စားတာရေးတာ ၀မ်းချုပ်တာပါပါလာပြီ).. မဗေဒါမှာ အကျင့်တစ်မျိုးရှိတယ်.. ကြိုက်တဲ့ဟာကို ဘယ်လောက်စားရစားရ..စားနိုင်တယ်.. မကြိုက်တဲ့ဟာကို အကြောင်းကြောင်းကြောင့်စားရရင်တောင်များများမစားနိုင်ဘူး.. တခါတလေလုံးဝမစားပဲနေတယ်..
အဲဒီတရုတ်ထမင်းဆိုင်က ဟင်းတွေကို ကြာတော့ စားရင်းနဲ့အန်တောင်အန်ချင်လာတယ်.. ထမင်းဆိုင်သွားရမယ်ဆိုရင်တောင် ဘာစားရမှန်းမသိလို့စိတ်ဖိစီးရတယ်...

စကာင်္ပူရောက်စ အချိန်ပိုင်းအလုပ်လုပ်တဲ့အချိန်ကဆိုရင်တော့.. ပိုက်ဆံကလဲ အပိုမသုံးနိုင်ဆိုတော့.. ၃လုံး ၂ကျပ်ဆိုတဲ့ ပေါင်မုန့်နဲ့ပဲနေ့တိုင်း ၂ပါးသွားပြီး ညစာကို ဖြစ်သလိုစားတယ်.. ဗိုက်လဲပြည့်တယ်.. ဈေးလဲပေါတယ်.. တင်းတော့မတင်းတိမ်ဘူးပေါ့.. ထမင်းမှမဟုတ်တာ.. ကပ်စေးကနဲတာ ကိုယ့်ကိုကိုယ်တောင်မသဓာဘူး..
ခုတော့ ကျောင်းလဲပြီး အလုပ်လုပ်နေပြိဆိုတော့.. တစ်ခါတစ်လေတော့ အပြင်မှာပဲ ကောင်းကောင်းဝယ်စားတယ်.. အမြဲတော့ မပြင်မှာမစားနိုင်ဘူး.. ဖေဖေမေမေ ဒီရောက်နေတဲ့အချိန်ဆိုရင်တော့ နေ့တိုင်း အလုပ်ကိုထမင်းဘူးယူတယ်.. အိမ်ထမင်းအိမ်ဟင်းနေ့တိုင်းစားရတော့ ဗိုက်ခွေးနမ်းတာပဲ... သူတို့ပြန်သွားတဲ့အချိန်တွေဆိုရင်တော့ အပျင်းပိုးက၀င်.. ၃လုံး ၂ကျပ်တန်ပေါင်မုန့်လဲ မစားနိုင်တော့ဘူး..သွေးကြီးသွားပြီဆိုတော့ (ချမ်းသာတာလူတွေမခံနိုင်ဘူးဆိုတာ ဒါကိုပြောတာ)..
အိမ်မှာ သူတို့မပြန်ခင်ချက်ပေးသွားတဲ့ ချဉ်ပေါင်တွေ..ငါးပိဆီကြော်တွေ မကုန်သေးရင်... အဲဒါတွေပဲ နေ့တိုင်းနွေးစားတယ်..
ချဉ်ပေါင်ဟင်းက မဗေဒါအကြိုက်လေ.. ဘယ်တော့မှမရိုးဘူး..
အဲဒါတွေမရှိရင်.. ဈေးကနေ မုန့်ညှင်းရွက်ဖြစ်ဖြစ်.. ကန်စွန်းရွက်ဖြစ်ဖြစ်.. ကြော်ရလွယ်တဲ့အရွက်တစ်မျိုးမျိုးကိုစားခါနီးမှ ဖြစ်သလိုကြော်စားလိုက်တယ်.. ကုန်သွားလို့ဗိုက်မ၀သေးလဲ ရေနဲ့ပဲဖြည့်လိုက်တော့တယ်.. ဖြစ်သလို ထမင်းစားရင် ကွန်ပြူတာရှေ့ထိုင်.. ရုပ်ရှင်ကြည့်ရင်းစားတယ်.. ဘာအရသာမှန်းမသိလိုက်ဘူး.. ပါးစပ်ထဲရောက်တာ ၀ါးပြီးမျိုချလိုက်တာပဲ.. ရုပ်ရှင်ထဲစိတ်ရောက်နေတော့လဲ သိပ်တော့ အခက်ခဲမရှိဘူး.. ဖေဖေမေမေရှိရင်တော့.. စားပြီး အချိုတည်းဖို့ အသီးကအဆင်သင့်.. ၁ယောက်ထဲကျန်ခဲ့ရင်တော့.. စားပြီး ပါးစပ်ကဟိုယောင်ယောင် ဒီယောင်ယောင်.. ဈေးသွားလဲ ဘာသီးဝယ်ရမှန်းကိုမသိဘူး.. စဉ်းစားရတာခေါင်းရှုပ်လို့.. မစားဖြစ်တာများတယ်.. ထမင်းစားချိန်လဲမမှန်ဘူး..
အလုပ်မရှိတဲ့ရက်ဆို နေ့လည်လောက်မှနိုးတယ်.. ဗိုက်မဆာမချင်း ဈေးဆင်းရမှာပျင်းလို့ မသွားဘူး.. ဗိုက်ဆာမှဆင်းဝယ်ပြီး.. ချက်တယ်.. အရမ်း အရမ်း double ပျင်းတဲ့နေ့ဆိုရင်တော့ ကြက်ဥ၂လုံးလောက်ကြော်ပြီး ရှိတဲ့ ငါးပိဆီကြော်နဲ့လွေးတယ်..
အိမ်မှာက ချဉ်ပေါင်ကြော်.. ငါးပိဆီကြော်က အမြဲရှိတယ်... မေမေဖေဖေတို့က မပြန်ခင်အားလုံးစီစဉ်ပေးသွားတတ်တယ်လေ..
အဲဒါတွေကုန်ခါနီးပြီဆိုရင်တော့.. ဖုန်းဖိုးကုန်ပြီမှတ်.. နေ့တိုင်းရန်ကုန်ဖုန်းဆက်ပြီး ဘယ်တော့ ပြန်လာမှာလဲမေးတတ်တယ်..
အိမ်မှာ မဗေဒါပဲအဲလိုလုပ်တာ.. အပျင်းကျတော့ကြီးတယ်.. ဟင်းကျတော့ ဂျီးများတယ်လေ.. အစ်မ၂ယောက်လုံးကအဲလိုမရှိဘူး.. သူတို့ဘယ်မှာ ဘယ်လိုစားမှန်းတောင်မသိဘူး.. သူတို့ကအပြင်မှာနေ့တိုင်းစားလဲ ကိစ္စရှိပုံမရဘူး.. အစ်မအကြီးကဟင်းချက်ကောင်းတော့..တစ်ခါတစ်လေလေးများ သူစိတ်ကောင်းဝင်တဲ့နေ့ဆို ချက်နေရင်တော့ ပွတာပဲပေါ့.. ဒါမျိုးဆို အပြင်ကစားလာပြီးရင်တောင် ထပ်စားချင်စားအုံးမှာ.. ဟဲ..ဟဲ..

မဗေဒါက ခေါက်ဆွဲခြောက်ထုပ်လဲမကြိုက်တော့ အခက်တွေ့တာပေါ့.. အဲဒါတော့ လုံးဝမစားနိုင်ဘူး.. တစ်ခါတစ်လေသူများစားတာ စားချင်စရာကောင်းရင်တော့ ၁လုပ်၂လုပ်ဝင်ဝင်ရှုပ်တတ်တယ်.. ၁ယောက်ထဲစားဆိုရင် မကုန်ဘူး.. အဲ... မဗေဒါစိတ်ရှိလက်ရှိစိတ်ကောင်းဝင်တဲ့နေ့ဆိုရင်တော့.. လက်ဘက်သုတ်နဲ့စားတယ်.. လက်ဘက်သုတ်ကို အဆင်သင့်ရောပြီး ထောင်းပြီးသားဆိုလုံးဝမကြိုက်ဘူး.. လက်ဘက်အသားအခါးကို ကိုယ့်ဘာကိုယ်ထောင်းပြီး အကြော်သက်သက်နဲ့သုတ်တာပဲကြိုက်တယ်.. အကြော်မှာလဲ ပဲခြမ်းကြော်တွေဘာတွေအများကြီးနဲမကြိုက်ဘူး.. ကြက်သွန်ကြော်..နှမ်း..ပုဇွန်ခြောက်ပဲ.. အဲဒီ၃ခုထဲက တစ်ခုခုလိုနေရင် မစားတော့ဘူး.. အထူးသဖြင့် ပုဇွန်ခြောက်.. မဗေဒါသုတ်တာနဲ့ မေမေသုတ်တာဘာကွာလဲတော့မသိဘူး..ကိုယ်သုတ်ပြီးရင် ဟာတာတာနဲ့တစ်ခုလိုအပ်နေတတ်တယ်.. ဟဲ.. နောက်တော့လဲသုတ်ပါများရင်တိုးတက်လာမှာပါ.. စိုးရိမ်နဲ့..

ခုတော့ အသက်ကလေးကလဲ ရလာပြီဆိုတော့.. ငယ်ငယ်ကထက်စာရင်တော့ တော်တော်များများစားလာတယ်.. ငယ်ငယ်ကမစားတဲ့..ရှမ်းခေါက်ဆွဲ.. ကြာဇံဟင်းခါး.. ကပ်ကြေးကိုက်..အဲလိုမျိုးတွေပေါ့..ခုတော့ကြိုက်လာတယ်.. ထူးစမ်းတယ်နော်.. ရှမ်းခေါက်ဆွဲကတော့ စကာင်္ပူရောက်စက အစ်မချက်တာကိုပဲကပ်စားနေရတော့ သူကရှမ်းခေါက်ဆွဲချက်ရင် ထမင်းထပ်ချက်ခိုင်းလို့မရဘူးလေ.. သူကဖေဖေမေမေလိုမဟုတ်တော့ ပြောလို့မရဘူး..(အဲလိုအနိုင်ကျင့်တာ..အဟင့်)..ဒီတော့ မဗေဒါကလဲ စိတ်ဘယ်လောက်ညစ်ညစ် အစားမပျက်တတ်ဘူးဆိုတော့.. စမ်းစားကြည့်ရင်နဲ့ ကြိုက်သွားတာ..သူချက်တာကလဲ ရှယ်နော်.. my sis က အချက်ကောင်းဗျ... ကြက်သားက နမ်းချင်းပါတယ်.. အမိုက်စား..ပြောရင်းစားချင်လာပြီ.. အဲဒိအကျင့်က ခုဆို ဆိုင်မှာရှမ်းခေါက်ဆွဲစားလို့ ကြက်သားကုန်တာနဲ့ ကျန်တာဆက်မစားတော့ဘူး..ထားခဲ့တာပဲ.. ဟီး....

my sis ချက်တဲ့ ဖြစ်သလိုဟင်းတွေထဲမှာ.. recommend ပေးချင်တာကတော့ ကန်စွန်းရွက်သုတ်တော့.. မဗေဒါလဲ တစ်ခါမှမကြားဘူးဘူး.. အရင်က အတူနေတဲ့အစ်မကြီးတွေသင်ပေးတာပဲ.. မဗေဒါ အစ်မက ကိုယ့်အကြိုက်နဲ့လိုက်ပြီး စပ်စပ်လေးသုတ်လေ့ရှိတော့.. အာသွက်လျှာသွက်ပဲ.. ကောင်းပါ့.. ခုမဗေဒါအစ်မက အသက်ကြီးတဲ့သူတွေလို ပင်စင်ယူသွားပြီ.. ဟင်းမချက်တော့ဘူး.. ဘာလို့လဲသိလား.. ဖေဖေမေမေရောက်လာတော့ သူလဲချက်တော့ဘူး.. ညာခိုင်းချော့ခိုင်း..ချောက်ခိုင်း..ယောင်အောင် ကလိထိုးခိုင်းလဲချက်တော့ဘူး.. ဟီး..ဟီး... (ဘာမှမဟုတ်ဘူး..သူဒီပိုစ့်ကိုဖတ်မယ်မှန်းသိလို့ ပိုစ့်နဲ့လှမ်းပူဆာတာ.. ပိုင်တယ်ဟုတ်.. မချက်ကြွေးရင် ဘလော့မှာပြန်ပြောပြမယ်... ကွိကွိ).. မဗေဒါသူငယ်ချင်းတွေဆိုချစ်ဖို့အရမ်းကောင်းတာ.. မဗေဒါထက် မဗေဒါအစ်မကိုဖားနေကြတာလေ.. ပြောပြောချင်ဘူး.. ဟီး.. ဟီး.. (ပြီးရင် ကွန်မန့်မှာအဆော်ခံရတော့မယ်ထင်တယ်)..
(ဒါတွေသိလို့.. မဗေဒါရဲ့လျှို့ဝှက်ချက်ဆိုပြီး ဘယ်သူ့ကိုမှမပြောပဲ ဘလော့လုပ်ထားတာ.. ခုတော့ သူတို့အားလုံးသိကုန်ကြတော့ သူတို့အတင်း ဒီလောက်ပဲခုတ်တော့မယ်.. ဟဲ.ဟဲ.. peace !!)..

အော်.. အရည်ဆိုရင်တော့ မဗေဒါ မကြိုက်တာတော်တော်များတယ်. အထူးသဖြင့်မဗေဒါက gas ပါတဲ့ အအေးတွေမကြိုက်ဘူး.. coke, 7up, sprite စသည်ဖြင့်ပေါ့.. ပြီးတော့ Tea တွေလဲမကြိုက်ဘူး.. green tea, Jasmine Tea အဲလိုမျိုးတွေပေါ့.. ဒီတော့ များသောအားဖြင့် can drink တွေမသောက်ဘူး.. အသီးဖျော်ရည်တော့သောက်တယ်.. မဗေဒါ အသောက်များဆုံးကတော့ ကျွဲရိုင်း.. ဟဲ..ဟဲ (ရွှေမြန်မာပီသတာလေ)..
ကော်ဖီ လက်ဘက်ရည် mood ပေါ်မူတည်ပြီးသောက်တယ်.. အစာမစားပဲတော့မသောက်ဘူး.. ရင်တုန်လို့..
ခုပြောသွားတဲ့ သောက်တဲ့ အရည်တွေထဲမှာတောင်.. ကုန်အောင်မသောက်နိုင်တာကများတယ်.. ကျွဲရိုင်းဆိုလဲမကုန်ဘူး.. အရည်ကို ရေငတ်ပြေရုံ တစ်ငုံ၂ငုံလောက်သောက်ပြီးရင် ဆက်မသောက်ချင်တော့ဘူး.. ရေတောင် မလွှဲသာလို့သောက်နေရတာ.. ရေသောက်ပြီး ရှူးရှူးပေါက်ရတာ အလုပ်ရှုပ်လို့.. ခရီးသွားရင် ကားပေါ်မှာ ဘာမှမစား..ဘာမှမသောက်ဘူး.. emergency က ဖြစ်တတ်လွန်းလို့..
တစ်ခါတစ်လေ.. ရေကငတ်နေပေမဲ့ လူက ရေမသောက်ချင်တဲ့ အခါမျိုးတောင်ရှိသေးတယ်... ကျန်းမာရေးထိခိုက်မှာစိုးလို့.. ခုတော့ သတိထားပြီးသောက်ပေးနေရတယ်..

ကဲ.. ဖြစ်သလိုစားသောက်ခြင်းကို ပြောလိုက်တာ.. မဆိုင်တာတွေပါ.. အကုန်အစုံပါသွားပြီ... ဆော်ရီးနော်... ဘာရေးရမှန်းမသိလို့.. ရေးရင်း စိတ်ထဲအာရုံလာတာတွေ ရေးချလိုက်တာ...

အစ်မတွေ သူငယ်ချင်းတွေအဆူမခံရအောင် ဒီပိုစ့်ရေးပြီးရင် ဘုရားရှေ့သွားပြီး မေတ္တာပို့ထားမှ.... ဘိုင်ဘိုင်..

Thursday, October 02, 2008

ဘလောဂါနေ့ တို့မမေ့

နောက်ကျနေပေမဲ့ ဗွီဒီယိုပြီးမှ အဲဒိနေ့အကြောင်းကိုရေးမယ်ဆိုပြီး ကိုယ့်ကိုကိုယ် ချုပ်တီးပြီး ဖိစီးထားလိုက်တာ.. ဒီနေ့တော့ အားလုံးစောင့်စားနေတဲ့ မဗေဒါရဲ့ စကာင်္ပူမှမြန်မာဘလော့ဂါများ စုံဆည်းပွဲမှတ်တမ်းတင် ဗွီဒီယိုလေးကို အဖျက်အစီး အခက်အခဲပေါင်းများစွာထဲက အောင်မြင်စွာပြီးဆုံးသွားလို့ ဒီနေ့မှ gatheringနေ့(06/09/08) လေးက မဗေဒါတွေ့ကြုံခဲ့ရတဲ့ အမှတ်တရအကြောင်းလေးတွေကို စားမြုပ်ပြန် (အဲလေ...) အရသာခံပြန်ပြောင်းအောင့်မေ့ပြီးပြောပြခွင့်ရပါပြီ...

အဲဒိနေ့မတိုင်ခင်အထိ မဗေဒါကိုယ်တိုင်လဲ BBQ pit ကို အွန်လိုင်းကနေ book လိုက်တာဆိုတော့ လိပ်စာကိုသာသိပြီး ဘယ်လိုသွားရမယ်.. ဘာကားစီးရမယ်သေချာမသိခဲ့ပါဘူး.. ခါတိုင်း သွားနေကျ fisherman village နားထင်လို့ ဘတ်စ်ကားနံပါတ် ၄၀၃စီးလို့အားလုံးကိုပြောထားမိပါတယ်.. တကယ့်နေ့ကျတော့ မဗေဒါလဲအရင်သွားပြီးနေရာရှာမယ်ဆိုပြီးရည်ရွယ်ထားပေမဲ့ အကြောင်းကြောင်းကြောင့် နောက်ကျပြီးနောက်ဆုံးတော့ တိုက်စီနဲ့ပဲဒိုးခဲ့ရပါတော့တယ်.. တိုက်စီသမားကို area A လို့ပြောတာ မသိလို့.. ဟိုမောင်းဒီမောင်းနဲ့တောင် နဲနဲကြာသွားပါသေးတယ်.. နောက်ဆုံးရှာတွေ့တော့ အဲဒိနေရာက ဘတ်စ်ကားဂိတ်နဲ့လဲ နဲနဲလှမ်းပါတယ်.. မဗေဒါပြောတဲ့ ၄၀၃ ကတော့ ရောက်ကိုမရောက်တာပါ.. ၄၀၃က beach ရဲ့ fisherman village ဘက်ကိုပဲရောက်တာပါ.. ကမ်းရိုးတန်းတစ်လျှောက် လျှောက်လာလို့တော့ရပါတယ်.. နဲနဲတော့ဝေးတာပေါ့နော်..
ဒါနဲ့ ဖုန်းနံပါတ်သိတဲ့ မမယ်လိုဒီမောင်ရော.. ဘိုဘိုရော.. TommyGirlရောကို.. msg လှမ်းပို့လိုက်ပါတယ်.. ၄၀၃မရောက်ကြောင်း.. ဖြစ်နိုင်ရင် တိုက်စီကိုစုပြီးငှားလာပါက တစ်ယောက်ကို ၁ကျပ်နှုန်းလောက်သာကျနိုင်ကြောင်း ပြောပြလိုက်ပါတယ်..

နာရီဝက်လောက်စောင့်ပြီးတော့ အရင်ဆုံးရောက်လာတာ ဘိုဘိုနဲ့တော်မီ.. နောက်တော့ မ(စ်)သွန်းသွန်း.. စက်တင်ဘာဒရင်းမ်.. StevenWang.. မမယ်လိုဒီမောင်.. ဖြိုးမင်းထွန်းတို့နဲ့အတူ Catering service ကပစ္စည်းတွေပါရောက်လာကြတယ်.. ခဏနေတော့ Mr.DBAတို့ ကိုဂျွန်မိုးတို့မိသားစုတို့နဲ့ ပုလုကွေး တောင်ပေါ်သား ကိုနေ နဲ့ကိုမိုးကြယ် တော်တော်များများရောက်လာကြတယ်.. သူတို့က မဗေဒါပြောထားတဲ့ ၄၀၃ ကိုစီးသွားလို့ လမ်းလျှောက်လိုက်ရတယ်ဆိုတာသိတော့.. မဗေဒါကျိတ်ပြီး အားနာခဲ့မိတယ်.. ခုထိလဲအားနာမိပါတယ်..
နောက် မြတ်မင်းဟန်တို့.. ဝေယံလင်းတို့.. မောင်သန့်ဇင်တို့ အားလုံးပါပဲ..ရောက်လာကြတယ်.
နောက်ကျတဲ့သူတွေကတော့ ကိုကျော်ဇေယျာတို့ ကိုဇင်ကိုလတ်တို့ဖြစ်မယ်ထင်တယ်..ဟဲဟဲ..
အားလုံးနီးပါးစုံတော့ အကင်ဆရာက ကိုဇေယျာနဲ့ ကိုစိုးမင်းထိုက်(တောင်ပေါ်သား)... ဘလော့ကိုတစ်ထိုင်တည်း update လုပ်နေတာက မောင်သန့်ဇင်... မဗေဒါကတော့ တစ်ခါတစ်လေ ကင်မရာရိုက်လိုက်..တစ်ခါတစ်လေတော့ ဖေဖေကရိုက်ပေးလိုက်နဲ့ ဗျာများနေတာပေါ့..

ကိုနေနဲ့ကိုမိုးကြယ်က bookmarkလေးတွေလိုက်ဝေတယ်.. မမယ်လိုဒီမောင်က စပွန်စာ ၇၅% ပြီးကျန်ရှိတဲ့ ၂၅%ကို စက္ကူအိတ်လေးနဲ့ လိုက်ကောက်တော့ မဗေဒါက BBQ Pit ဖိုးကို Sponsor ပေးခဲ့တယ်... အလှူငွေတွေကများနေပြီး စပွန်ဆာတွေကလဲပြန်မယူတော့ မမယ်လိုဒီမောင်က အလှူလုပ်ပေးမယ်တဲ့.. ဖြစ်နိုင်ရင် ဘုန်းကြီးကျောင်းတစ်ခုခုမှာပဲဖြစ်ဖြစ် စတုဒီသာကျွေးရင်း ဘလော့ဂါတွေထပ်ဆုံချင်သေးတယ်.. လိုအပ်ရင် အလှူငွေထပ်ထည့်ပေးအုံးမယ်.. လုပ်ဖြစ်မယ့်နေ့လေးကို စောင့်မျှော်နေတယ်နော်..

လူစုံတော့ တစ်ယောက်ချင်းစီမိတ်ဆက်ကြတယ်... ပြီးတော့ ကိုနေဖုန်းလတ်အတွက် ၃၀စက္ကန့်ညိမ်ပြီးစုတောင်းပေးကြတယ်.. နောက်ပြီး ပါလာတဲ့လက်ဆောင်လေးတွေကို နာမည်စာရင်း ထိပ်နဲ့ဘိတ်နဲ့ စပြီး အစဉ်တိုင်းလဲကြတယ်.. အလယ်မှာကိုနေနဲ့မိုးကြယ်နဲ့အတူတူပြန်ကျနေပြီး လဲမဲ့သူမရှိတော့လို့ ကိုဂျွန်မိုးကိုပဲလက်ဆောင်ပေးလိုက်တယ်.. ဘာကြီးလဲတော့မသိဘူး.. ရှည်ရှည်ကြီး.. ကျန်ကျောင်းဓားကြီးထင်တယ်.. ကလေးတွေကစားလို့ရတာပေါ့.. ဟီး..ဟီး...(စတာ)ခဏနေတော့ ကျက်နေတာလေးတွေနဲနဲပါးစားကြရင်း မမယ်လိုဒီမောင်ဆွေးနွေးတင်ပြတဲ့ Socialization on Net ဆိုတာကိုနားထောင်ကြတယ်.. ကိုဂျွန်မိုးက ထပ်စောင်းဆွေးနွေးတယ်.. ပြီးတော့ ဗိုက်လဲစာစာနဲ့စားကြတယ်.. အားလုံးကအပျော်လွန်နေတော့ စကားတွေပြောပြီး ဘယ်သူမှလဲ မယ်မယ်ရရစားလိုက်ရမယ်မထင်ဘူး.. (နောက်ဆုံး မိုးက အများဆုံးစားသွားတယ်ထင်တယ်)..
ပြီးတော့ အချိန်ရှိခိုက်လုံ့လစိုက်ပြီး အားရပါးရ မျောက်ရှုံးအောင်ဆော့ကြတာပေါ့.. ကိုဇင်ကိုလတ်က ကလေးဗိုလ်ပေါ့နော်.. ဆော့နေတဲ့အချိန်မှာ အသက်အရွယ် အဆင့်အတန်း အပိုင်းအခြားလုံးဝမရှိပဲ ပျော်ပျော်ရွှင်ရွှင်ဆော့ခဲ့ကြတာ မမေ့နိုင်စရာပါပဲ.. ဆော့တဲ့ကစားနည်လေးကတော့ Pit pat bone တဲ့ ၃ယောက်တစ်ဖွဲ့.. အရင်ဆုံးဈေးဦးပေါက်ပြီး "ခါးလေးလှုပ်ကာ"သီချင်းနဲ့ လမ်းလျှောက်လိုက်ရတာက bone 1 ကိုဂျွန်မိုး.. ကိုငယ်(မန္တလေး)နဲ့ အိဝေဖြိုးတို့အဖွဲ့ပေါ့..
နောက်အပြိုင်အဆိုင် အုပ်စုတိုင်းက ဒူးတွေထောက်ကြ.. လက်တွေမြှောက်ကြပေါ့.. ခေတ်မီသွားအောင် နောက်ထပ် ဒုတိယလိုက်ပြီးထွက်သွားရတဲ့အဖွဲ့က ဘိုဘို.. မ(စ်)သွန်းသွန်းနဲ့ စက်တင်ဘာဒရင်းမ်တို့အဖွဲ့.. ပထမတော့ "အိုးလေးလှုပ်ပါအုံး"နဲ့ပေါ့.. စက်တင်ဘာဒရင်းမ်ကတော့ အပီလှုပ်လိုက်ပေမဲ့ ကျန်၂ယောက်မလှုပ်တလှုပ်ဖြစ်နေလို့.. ထပ်ခိုင်းခံလိုက်ရတယ်.. ကိုဘိုဘိုကြီးကို ကောင်မလေး၂ယောက်ချစ်ရေးဆိုပြီး ဘယ်တစ်ယောက်ကိုဘာကြောင့်ရွေးတယ်ဆိုတာပြောခိုင်းခဲ့တယ်.. သူ့အချစ်က ပန်းသီးဖြစ်ရင် ခွဲခြမ်းပြီးပေးလိုက်ချင်တယ်ဆိုတဲ့ အချစ်မျိုးကို.. ၂ယောက်လုံးပဲတဲ့.. (ကြောက်စရာ).. :P

ပြီးလဲပြီးရော.. ပွဲဖျက်တဲ့ မိုးကရွာပါလေရော... မြန်မာဘလော့ဂါတွေကို ဒီလိုလာစမ်းလို့ဘယ်ရမလဲနော်.. အမိုးအောက်သွားပြီး ရွံ့ထဲလေထဲမှာ ဆက်ဆော့ကြတာပေါ့..စုံလို့ပဲ.. ပုံပြောတမ်း.. တီတီတူတူ.. နာမည်ခေါ်တဲ့ကစားနည်း.. ကိုပွတ်မှားသွားလို့ "ပဲပြုတ်သည် မထား" သီချင်းနဲ့ ကိုငယ်ကကူညီပြီး ကပြရတယ်.. ကျန်တဲ့သူတွေလဲမှားသေးတယ်.. မဗေဒါမှားတော့ "ငယ်ကျွမ်းဆွေ"သီချင်းနဲ့ ကိုဇင်ကိုလတ်နဲ့တွဲကရသေးတယ်.. လတ်စသတ်တော့ ကိုဇင်ကိုလတ်..ကိုငယ်တို့က မဗေဒါ..တော်မီတို့ရဲ့ကျောင်းက senior ကြီးတွေကိုး..ီဘလော့ရေးမှန်းမသိတာပဲရှိတယ်.. အရင်ထဲက အပြင်မှာမျက်မှန်းတန်းသိပြီးသားတွေ..

မိုးလဲစဲ.. ည ၁၀နာရီခွဲတော့ အားလုံးအိမ်ပြန်သင့်ပြီပေါ့.. နောက်နေ့တွေမှာ လည်ပတ်နေကျ ဘ၀စက်ဝန်းကြီးထဲမှာ.. လုပ်နေကျ.. လုပ်ချင်တာထက် လုပ်သင့်တာတွေကိုဦးစားပေးရတဲ့ ဘ၀ကိုပြန်ရောက်ရတော့မယ်လေ.. ဘယ်လိုပဲဖြစ်ဖြစ်.. အဲဒိနေ့..အဲဒိလူ..အဲဒိအဖြစ်အပျက်လေးကတော့ ကျွန်မတို့အားလုံးရဲ့ ဘ၀နဂ္ဂတစ်တွေထဲမှာ ပျော်စရာ memory လေးအနေနဲ့ တည်ရှိသွားမှာပါလေ....


စားကြွင်း။ ။ အကြောင်းကြောင်းကြောင့် ဗွီဒီယိုထွက်ရှိရေး နှောင့်နှေးခဲ့ရတဲ့အတွက် အနူးအညွတ်တောင်းပန်ပါတယ်..
အောက်ကဗွီဒီယိုရဲ့ high quality file နဲ့ ပထမပိုင်းရော ဒုတိယပိုင်းရော ၂ခုပေါင်းကို file hosting တစ်ခုခုမှာတင်ပြီး ပါဝင်သူများကို လင်ခ့်ပို့ပေးပါမယ်..
Youtube ရဲ့ ကန့်သတ်ချက်ကြောင့် ဗွီဒီယိုကို နောက်ဆုံးအချိန်မှ ၂ခြမ်းထပ်ခွဲနေရလို့ ၂ရက်ပိုနောက်ကျသွားတာပါ..


Myanmar Blogger Gathering in SG EP 1



Myanmar Blogger Gathering in SG EP 2


Wednesday, October 01, 2008

လက်ငင်း

ဘ၀တစ်လျှောက် အသက်ရှင်ရပ်တည်လာရာဝယ် လူတစ်ယောက်အနေဖြင့် မိမိအတွက် ဘာတွေ ဘယ်လောက်လုပ်ကိုင်ပြီးသလဲ... အများအကျိုးစီးပွားအတွက် ဘယ်လောက်လုပ်ဖူးပြီလဲလို့ ပြန်စဉ်းစားကြည့်ဖူးကြပါသလား.. စဉ်းစားဖူးကြသူများလဲ ရှိမယ်.. မစဉ်းစားမိသေးသူများလဲ ရှိမယ်ထင်ပါတယ်.. ဒီနေရာမှာ မိမိအကျိုးဆိုကတော့ရှင်းပါတယ်... ပညာရေး စီးပွားရေး ကုသိုလ်ရေးတွေ ရနိုင်သလောက်လုပ်ကြတာပါ... အများအကျိုးဆိုတာကတော့ လူမှုရေး အသင်းအဖွဲ့တွေမှာ ၀င်ရောက်လုပ်ကိုင်မှု ရပ်ရွာအရေးတွေမှာ ပြုမူဆောင်ရွက်မှု လူသားမျိုးနွယ်အတွက် တီထွင်ဖန်တီးမှု စသည်တို့ဖြစ်ပါတယ်...

အများအကျိုးစီးပွားအတွက် လုပ်ဆောင်ရာမှာ ကြီးကြီးကျယ်ကျယ်မြို့ရွာသိ နိုင်ငံသိ ကမ္ဘာသိလုပ်နိုင်ကြသူများရှိကြသလို တစ်နိုင်တပိုင်အများသိစရာမလိုဘဲ လုပ်ကြသူများလဲရှိကြပါတယ်...
ဥပမာ ရထား ကားပေါ်မှာ သက်ကြီးရွယ်အိုများ ကိုယ်ဝန်ဆောင်မိခင်များအတွက်နေရာ ဖယ်ပေးတာတို့၊ မနိုင်မနင်းဖြစ်လာသူကို ၀ိုင်းကူသယ်ပေးတာတို့ ငွေကြေး အဆင်အပြေ၍ အကူအညီတောင်းလာသူကို ကိုယ်နိုင်သလောက်ပေးကမ်းကူညီတာတို့ ပြုလုပ်ခြင်း စသည်ဖြင့်ပါ....

ဤသို့ပြုလုပ်ရာဝယ် ထိုသူများ၏ ကျေးဇူးတုံ့ပြန်မှုကို မျှော်လင့်လို့မရပါဘူး... အဘယ်ကြောင့်ဆိုသော် ထိုသူများထဲတွင် ကျေးဇူးပြန်ဆပ်သူများရှိသလို မဆပ်သူများလဲရှိပါတယ်.. မိမိအခက်အခဲရှိ၍ ပြန်လည်အကူအညီ တောင်းခံရာတွင် ပြန်ပေးနိုင်သော အခြေအနေရှိနေပါရက်နှင့် အဆင်မပြေသေးလို့ပါ.. မလွယ်သေးလို့ပါဆိုသော စကားများဖြင့် ကျေးဆွတ်မှုများလဲရှိတတ်ပါတယ်.. ပြန်ရရန် မသေချာပါ.. ထို့ကြောင့် အများအကျိုး အတွက် ဒုက္ခရောက်နေသူများအတွက် ကူညီလုပ်ဆောင်ရာတွင် ပြန်လည်တုံ့ပြန်မှုကို မမျှော်လင့်အပ်ပါ.. နောင်တစ်ချိန်မှပြန်ရမည့် အကျိုးကို မျှော်လင့်တာထက် ယခုချက်ခြင်းလက်ငင်းအကျိုးရမှုကိုသာ လက်မလွတ်အောင် ယူထိုက်ပါသည်... ရခဲ့ရင်တော့ မိမိအတွက်ပေါ့..

လက်ငင်းအကျိုး ဆိုရာဝယ်.. ဘယ်လိုရမှာလဲ၊ ဘယ်လိုယူရမှာလဲ..... ဒီနေရာမှာ ကျွန်တော်ကြုံခဲ့ဖူးတဲ့ အကြောင်းလေးတစ်ခုကို ဥပမာပေးတင်ပြချင်ပါတယ်..
ကျွန်တော့်အိမ်နီးချင်း အရက်သမားတစ်ယောက်နှင့် စကားပြောခဲ့ကြစဉ်ကပါ....
ထိုသူမှာ တိရိစ္ဆာန်ဆေးကုဆရာဝန် ဖြစ်ပြီး ဘာသာမဲ့တစ်ယောက်လဲဖြစ်ပါတယ်.. ၎င်း၏ဇနီးသည်က ဘုရားစင်တွင် ပန်းကပ်လှူခြင်း ဆွမ်းတော်တင်ခြင်းပြုလုပ်သည်ကို ကုန်တယ်.. ခမ်းတယ်.. အလကား အလုပ်ရှုပ်တယ်ဆိုပြီး အိမ်ဘုရားစင်တွင် ဘုရားဆင်းတုတော်ထီးထီးကြီးသားလျှင်ရှိပါတယ်.. တစ်နေ့ ၎င်းနှင့်စကားပြောဆိုနေစဉ် ....

ထိုသူမှ ကျွန်တော့်အား " ဒီမှာဗျ.. ခင်ဗျားတို့ဘုရားရှိခိုးနေတာ ကုသိုလ်ရဖို့ မဟုတ်လား.. တကယ်လို့ ကုသိုလ်ရတယ်ဆိုရင် ကုသိုလ် ဘယ်လိုရသလဲ" ဟု ကျွန်တော့်ကို မေးပါတယ်...

ထိုသူမျိုးကဲ့သို့ အမေးကို ဖြေဖို့ရာလက်ငင်းအကျိုးပြနိုင်မှလက်ခံလိမ့်မယ်လို့ယူဆမိသည့် အတွက် လက်ငင်း အကျိုးတရားကိုသာလျှင်ပြန်လည်ဖြေကြားခဲ့ပါသည်...

" ဦး...... အနေနှင့် ဒေါသဖြစ်နေလျှင် ဘုရားရှိခိုးနိုင်ပါသလား.. သောကဗျားပါဒတောက်လောင်နေချိန်မှာ ဘုရားရှိခိုးနိုင်ပါသလား... " ဟုမေးသောအခါ.. မည်သို့မျှပြန်မဖြေပါ...
ကျွန်တော်က ဆက်၍ " အေးအေးချမ်းချမ်းဖြင့် ဘုရားရှိခိုးနေသူ၏ နှလုံးစိတ်ဝမ်းသည် ငြိမ်းအေးချမ်းသာမှုကိုဆောင်သော အကျိုးကို လက်ငင်းခံစားရမည်.. ကိလေသာမီး လောင်မြိုက်၍ လောဘ၊ ဒေါသဖြစ်နေသူသည် ပူလောင်မှုကိုသာခံစားရမည်.. ကုသိုလ်ရသည် မရသည်မှာ မိမိ အလုပ်မဟုတ်.. ကုသိုလ်အလုပ်သာဖြစ်ပါတယ်.. " ဟု ဖြေဆိုခဲ့ပါသည်..

ထိုကဲ့သို့ပင် မည်သည့်အလုပ်ကိုပြုသည်ဖြစ်စေ နောင်အကျိုးကို မျှော်လင့်ခြင်းထက် ယခုချက်ခြင်းရမည့်အကျိုးကို လက်မလွှတ်မိစေဖို့လိုပါသည်.. သူတပါးကို ကူညီလိုက်၍ စိတ်၏ပျော်ရွှင်မှု၊ ပီတိ၊ အေးငြိမ်းချမ်းသာမှုတို့ကို လက်ငင်းခံစား၍ မိမိအကျိုးကို အရယူနိုင်ကြပါစေ....